【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ရုရှား ဘက်တော်သား ထရမ့် ဖြစ်/မဖြစ် FBI က စစစ်ပြီ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ရုရှား ဘက်တော်သား ထရမ့် ဖြစ်/မဖြစ် FBI က စစစ်ပြီ

ယခုတစ်ပတ် သတင်းတွေထဲမှာ စိတ်ဝင်စားဖွယ်ရာ သတင်းတွေ ရှိခဲ့ပါတယ်။အထူးသဖြင့် ကျင့်ဝတ်နဲ့ဆိုင်တဲ့ သတင်းဖြစ်တဲ့ ဦးနှောက်သေနေတဲ့ အသိမဲ့နေတဲ့ အမျိုးသမီးတစ်ဦးကနေ ကလေးမွေးခဲ့လို့ သူ့ကို စောင့်ရှောက်ထားတဲ့  အရီဇိုးနားပြည်နယ် စောင့်ရှောက်ရေးဂေဟာက တာဝန်ခံအမှုဆောင် အရာရှိချုပ်တစ်ဦး ရာထူးကနေ နုတ်ထွက်ခဲ့တဲ့ သတင်းက သတိထားစရာဖြစ်ခဲ့သလို သေဆုံးနေသော ဖခင်နဲ့ သတိလစ်နေတဲ့ မိထွေးရဲ့ ဓာတ်ပုံများကို ဖေ့စ်ဘွတ်ခ်မှာ အသက် (၆) နှစ်အရွယ် မိန်းကလေးက တင်ခဲ့လို့ ကလေးကို ကယ်တင်နိုင်ခဲ့တဲ့ သတင်း၊ ဆွစ်ဇာလန်နိုင်ငံ ဆွစ်စ်တောင်တန်းမှာရှိတဲ့ Schwägalp တောင်ပေါ်က နှင်းထုကြီး ပြိုကျကာ Säntis ဟိုတယ်စားသောက်ဆိုင်ကို ဝင်တိုက်လို့ သုံးဦးဒဏ်ရာရခဲ့တဲ့ သတင်း၊ သြစတြီးယား တစ်နိုင်ငံလုံး ဆီးနှင်းတွေ သည်းထန်စွာ ကျဆင်းနေတဲ့ သတင်း၊ ပထမကမ္ဘာစစ်အတွင်းက ပြင်သစ်ကမ်းရိုးတန်း တစ်နေရာမှာ ကမ်းတင်ပြီး ပျောက်ဆုံးခဲ့တဲ့  ဂျာမနီ ရေငုပ်သင်္ဘောတစ်စင်း ပြင်သစ်ကမ်းခြေတစ်ခုမှာ သဲသောင်ခုံအောက်က ပြန်ပေါ်ထွက်လာခဲ့တဲ့ သတင်း၊ အာဖဂန်နစ္စတန် မြို့တော် ကဘူးလ်မှာ ရေရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ သတင်း စတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေထဲ ဆီးရီးယား ပြည်တွင်းစစ်ထဲ အီရန်ကို အစ္စရေးကတိုက်ရင်း တဖြည်းဖြည်းကျွံဝင်လာတဲ့ စစ်ရေးသတင်း၊ စစ်တပ်က အရာရှိငယ်တွေ ဦးဆောင်ပြီး အာဏာသိမ်းခဲ့တဲ့ သတင်း၊ ရုရှား ကိုယ်စားလှယ်အဖြစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က လုပ်ပေးခဲ့ခြင်း ရှိ၊ မရှိ အက်ဖ်ဘီအိုင်က စစ်ဆေးနေတဲ့ သတင်းတွေက ဒီတစ်ပတ် ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။

ရှုပ်ထွေးဆဲ အာရပ်-အစ္စရေး

ယခုတစ်ပတ် သတင်းတွေထဲ ဆက်ပြီး စိတ်ဝင်စားစရာ ကောင်းနေခဲ့တာက အစ္စရေးနဲ့ အာရပ်ကြား အထူးသဖြင့် ပါလက်စတိုင်း အခြေစိုက် ဟားမတ်စ်ကြား ဖြစ်နေတဲ့ ပြဿနာက ယခုထိမပြီးသေးတာပါဘဲ။ကြာရှည်နေတဲ့ ဆီးရီးယား ပြည်တွင်းစစ်ထဲ အီရန်ကို အစ္စရေးက တိုက်ရင်း တဖြည်းဖြည်းကျွံဝင်လာတာတွေကြောင့် အရှေ့အလယ်ပိုင်းဒေသဟာ တဖြေးဖြေး စစ်မက်ဇုံ ဖြစ်လာပါတယ်။

ဇန်နဝါရီ ၁၁ ရက်က ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ပေါ်သို့ အစ္စရေး စစ်လေယာဉ်တွေက ဒုံးကျည်အမြောက်အမြား ပစ်လွှတ်ခဲ့ရာမှာ အဓိကအားဖြင့် ဒမတ်စကတ် လေဆိပ်မှာရှိတဲ့ ကုန်သိုလှောင်ရေးရုံတွေကို ပစ်မှတ်ထားတယ်လို့ဆိုပြီး ဆီးရီးယား လေကြောင်းတပ်ဖွဲ့က ပစ်ချနိုင်ခဲ့တယ်လို့ ဆီးရီးယား နိုင်ငံပိုင် သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။အီရန် ကျောထောက်နောက်ခံ ပြုထားတဲ့ အဖွဲ့တွေက ဆီးရီးယား အစိုးရတပ်တွေနဲ့အတူ  ဆီးရီးယားမှာ နေရာယူထားခဲ့တဲ့အတွက် အစ္စရေးက ဒေသတွင်းမှာ အီရန် သြဇာအာဏာ ကျယ်ပြန့်လာတာကို တန့်ပြန်ဖို့ ဆီးရီးယားကို မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ နောက်ဆုံး ၂ နှစ်အတွင်း ဆီးရီးယားရှိ အီရန်ပစ်မှတ်တွေကို တိုက်ခိုက်မှု နှစ်ရာကျော် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကြားထဲ ဂျော်ဒန်ကိုလာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို က အီရန်နဲ့ ဂျီဟတ်ဝါဒီတွေရဲ့ သိသိသာသာ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ အရှေ့အလယ်ပိုင်း မဟာမိတ်တွေအနေနဲ့ စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။သူဆိုလိုတာက အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ အစ္စရေးတို့ရဲ့ ပင်မရန်ဖက်ဖြစ်တဲ့ အီရန်ကို ဆန့်ကျင်တန်ပြန်ရေးအတွက် ဒေသတွင်း မဟာမိတ်ညွန့်ပေါင်း ခိုင်မာစေရေးအတွက် ပြောတာပါ။အဆိုပါ ရက်အတွင်းမှာဘဲ တူရကီ နိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူ နဲ့ ဖုန်းပြောခဲ့ရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆီးရီးယားမှာ ရှိတဲ့ အမေရိကန် ထောက်ခံတဲ့ ကဒ်လူမျိုး တပ်တွေနဲ့ ပတ်သက်ပြီး ရလဒ်ကောင်းနဲ့ သဘောတူညီမှုရမယ်လို့ ဆိုပါတယ်။ဇန်နဝါရီ ၁၁ ရက်မှာတော့ ဂါဇာ နယ်စပ်တစ်လျှောက် ဆန္ဒပြမှုကို အစ္စရေးရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာမှာ ပါလက်စတိုင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဒေသက တခြားပြည်တွင်းစစ်တစ်ခုဖြစ်တဲ့ ယီမင်မှာလည်း အစိုးရရဲ့ အကြီးမားဆုံး လေတပ်စခန်းမှာ ကျင်းပနေတဲ့ စစ်ရေးပြ ချီတက်အခမ်းအနားကို သူပုန်တွေက ဒရုန်းသုံးပြီး တိုက်ခိုက်ခဲ့လို့ အစိုးရသစ္စာခံ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။

ဒီသတင်းတွေအပြင် ယခုတစ်ပတ်မှာ အာဖဂန်နစ္စတန်မှာ သေနတ်သမားတွေက ရဲစခန်းတစ်ခုကို တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့တွေနဲ့ အပြန်အလှန်တိုက်ခိုက်မှုဖြစ်လို့ လူငါးဦးသေဆုံးခဲ့တဲ့ သတင်း၊ အီကွေဒေါနိုင်ငံ ဂွာယာကွေးလ်မြို့က မူးယစ်ဆေးစွဲ ပြန်လည်ထူထောင်ရေးစခန်း မီးလောင်လို့ ၁၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ တရုတ်နိုင်ငံ ရှန်းဇီပြည်နယ်ရှိ ကျောက်မီးသွေးတွင်း အမိုးပြိုကျလို့ မိုင်းလုပ်သား ၂၁ ဦး သေဆုံးခဲ့တဲ့ သတင်း၊ ပြင်သစ်နိုင်ငံ ပါရီမြို့လယ်ရှိ မုန့်ဖုတ်ရုံမှာ ဓာတ်ငွေ့ပေါက်ကွဲမှုကြီးဖြစ်လို့ လူအချို့ ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ တောင်ကိုရီးယားမှာ ကားခမျှပေးဝန်ဆောင်မှု (mobile chat app) ကို ဆန့်ကျင်တဲ့အနေနဲ့ တက္ကစီယာဉ်မောင်းတစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့တဲ့ သတင်း၊ ဟောင်ကောင် ကမ်းလွန်ပင်လယ်ပြင်မှာ ဗီယက်နမ်မှတ်ပုံတင် ဆီတင်သင်္ဘော Aulac Fortune မီးလောင်လို့ လူတစ်ဦး သေဆုံးကာ ၂၁ ဦးကို ကယ်ဆယ်နိုင်ခဲ့တဲ့ သတင်း၊ တရုတ်နိုင်ငံ ပေကျင်းမြို့ မူလတန်းကျောင်း တစ်ကျောင်းမှာ လူတစ်ဦး တူနဲ့ ဝင်ရောက်တိုက်ခိုက်လို့ ကလေး ၂၀ ဒဏ်ရာရခဲ့တဲ့ သတင်း စတဲ့ သတင်းတွေလဲ ဖြစ်ခဲ့ပါတယ်။

ဒီမိုကရေစီခေါင်းစဉ်နဲ့ ဂါဘွန် စစ်အာဏာသိမ်းမှု

အာရှ၊ အာဖရိက အပါအဝင် နိုင်ငံတကာမှာ ယခုတစ်ပတ်အတွင်း နိုင်ငံရေးလှုပ်ရှားမှု သတင်းပေါင်းများစွာ ဖြစ်နေသလို တချို့သတင်းတွေက သတိထားစရာ သတင်းတွေလည်း ရှိခဲ့ပါတယ်။ရေနံကြွယ်ဝတဲ့ အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဂါဘွန်မှာ ဇန်နဝါရီ ၇ ရက်က စစ်တပ်က အရာရှိငယ်တွေ ဦးဆောင်ပြီး အာဏာသိမ်းခဲ့ပါတယ်။အာဏာသိမ်းရတာနဲ့ ပတ်သက်ပြီး ဂါဘွန်စစ်တပ်က  ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးဖို့ လုပ်တာလို့ ပြောခဲ့ပါတယ်။နှစ်ပေါင်း ၅၀ အစဉ်အဆက် အာဏာရှင်မိသားစု အုပ်ချုပ်နေတဲ့ ဂါဘွန်နိုင်ငံမှာ ဖအေကနေ သားဆီ ဆင်းသက်ခဲ့တဲ့ အာဏာကို ဆက်မကိုင်စွဲနိုင်ဖို့ ဆိုပါတယ်။

ဂါဘွန် သမ္မတရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ မကျန်းမမာဖြစ်နေတဲ့ သမ္မတက အခြေမအနေမှန်ကို ငြင်းဆန်ပြီး ကျန်းမာရေးကောင်းတယ်လို့ ပြောခဲ့တာကနေ သူ့ကို သစ္စာခံတဲ့ စစ်တပ်အတွင်း သမ္မတအပေါ် မယုံကြည်မှုတွေကနေ တပ်ဘက်က အရာရှိငယ်တွေက အာဏာတက်သိမ်းခဲ့တာပါ။ဂါဘွန်လိုဘဲ နိုင်ငံရေးရှုပ်ထွေးနေတဲ့ နိုင်ငံတစ်ခုက ကွန်ဂိုပါဘဲ။မကြာခင်က ကျင်းပခဲ့တဲ့ ကွန်ဂိုရွေးကောက်ပွဲမှာ ယခင်သမ္မတ ဂျိုး ဆက်ကာဘီလာ နဲ့ သဘောတူညီချက် ရယူထားတဲ့  ဖီးလစ်ရှိဆီကီဒီ က အနိုင်ရတယ်ဆိုပြီး ကွန်ဂို ရွေးကောက်ပွဲကော်မရှင်က အနိုင်ပေးခဲ့တာပါ။

ဒါပေမယ့် ရွေးကောက်ပွဲမတိုင်မီ ရေပန်းစားခဲ့တဲ့ ကွန်ဂို အတိုက်အခံသမ္မတ ကိုယ်စားလှယ်လောင်း မာ တင် ဖာယူလူ က ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးသို့ ပန်ကြားခဲ့ပါတယ်။ရွေးကောက်ပွဲကော်မရှင်က ပြိုင်ဘက် ဖီးလစ်ရှိဆီကီဒီ ကို ရွေးကောက်ပွဲ အောင်နိုင်သူအဖြစ် ကြေညာခဲ့သော်လည်း ဖာယူလူ က ရွေးကောက်ပွဲမှာ မိမိအနိုင်ရကြောင်း အခိုင်အမာပြောဆိုကာ မဲရလဒ်များကို လက်နဲ့ ပြန်လည်ရေတွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ရှုပ်ထွေးတဲ့ ကွန်ဂိုနိုင်ငံရေးမှာ ယခုကျင်းပတဲ့ ရွေးကောက်ပွဲကနေ တက်လာမယ့် သမ္မတကို အာဏာလွှဲပေးရမယ့် လက်ရှိသမ္မတက ရွေးချယ်ခဲ့တာဟာ မဖွံ့ဖြိုးသေးတဲ့ အာရှနဲ့ အာဖရိကမှာ မထူးဆန်းတဲ့ ကိစ္စတစ်ခုဖြစ်နေပါပြီ။ကွန်ဂို ရွေးကောက်ပွဲကနေ ဘယ်သူတက်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

နောက်ထပ် အာဖရိက သတင်းတစ်ပုဒ်ကတော့ တောင်အာဖရိကနိုင်ငံကပါ။တရားဝင် ကိန်းဂဏန်းတွေအရ တစ်နှစ်ကို မုဒိမ်းမှု ၄၀,၀၀၀ ခန့် ဖြစ်ပေါ်နေတဲ့  တောင်အာဖရိကမှာ လိင်ပေါ်အခြေခံတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်အာဖရိက သမ္မတ ရာမာဖိုဆာ က အမျိုးသားများကို တိုက်တွန်းခဲ့ပါတယ်။ဥရောပမှာတော့ ဆားဘီးယားနိုင်ငံထဲ သမ္မတ အလက်ဇန်းဒါးဗူဆစ် ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်နေတယ်။အတိုက်အခံပါတီ ၃၀ နှင့် အဖွဲ့အစည်းများ စုပေါင်းထားတဲ့  ‘ဆားဘီးယားအတွက် မဟာမိတ်’ အဖွဲ့က ဒီပွဲကို ဦးဆောင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၇ ရက်တွင် လာရောက်မယ့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် ရဲ့ ခရီးစဉ်မတိုင်မီ ကိုဆိုဗိုဒေသနှင့် မည်သည့် လျှို့ဝှက်စေ့စပ်မှုမျှ မလုပ်ရန်၊ အတိုက်အခံပုဂ္ဂိုလ်များနှင့် ဂျာနယ်လစ်များကို တိုက်ခိုက်မှု အဆုံးသတ်ရန်နှင့် မီဒီယာ လွတ်လပ်ခွင့်ပေးရန် ဆားဘီးယား ပြည်သူတွေက တောင်းဆိုဆန္ဒပြနေခဲ့တာပါ။အာရှဒေသဖြစ်တဲ့ ထိုင်းမှာတော့ စစ်တပ်က အာဏာသိမ်းတာ ၄ နှစ်မြောက်ရှိလာတဲ့ အချိ်န်မှာ စစ်အစိုးရဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူများစွာ ဘန်ကောက်မြို့လယ်မှာ စုရုံးပြီး ဖေဖော်ဝါရီ ၂၄ မှာ ကျင်းပပေးမယ့် ရွေးကောက်ပွဲ သတ်မှတ်ရက်ကို ကတိတည်ဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။

ဒီလို စိတ်ဝင်စားဖွယ်ရာ သတင်းက  ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေဖြစ်တဲ့ ဘင်္ဂလားဒေရှ့်မှာ ဖြစ်တဲ့ အနိမ့်ဆုံးလစာ တိုးပေးဖို့ တောင်းဆိုဆန္ဒပြမှုမှာ အလုပ်သမားတစ်ဦး သေဆုံးခဲ့တဲ့ သတင်း၊ ကနေဒါနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးမှုနှင့် ပတ်သက်၍ တရုတ်ကို ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒူး က ဝေဖန်ခဲ့တဲ့ သတင်း၊ ဆော်ဒီနိုင်ငံကနေ ထွက်ပြေးခဲတဲ့ အသက် (၁၈) နှစ်အရွယ် ဆော်ဒီအမျိုးသမီးငယ်ကို ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ခရစ်တီယာ ဖရီးလန်း က ရဲရင့်သော ကနေဒါ နိုင်ငံသားသစ်အဖြစ် ကြိုဆိုခဲ့တဲ့ သတင်း၊ ၂၀၂၁ ဒီဇင်ဘာမှာ ပထမဆုံး လူလိုက်ပါတဲ့ အာကာသခရီးစဉ်ကို လွှတ်တင်မယ်လို့ အိန္ဒိယက ထုတ်ပြန်လိုက်တဲ့ သတင်း၊ တရုတ်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျူံအမ် ရဲ့ ခရီးစဉ် သတင်းတွေထဲ ဂါဘွန် သတင်းက ကွဲပြားခြားနားစွာ သတိထားရမယ့် သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ရုရှား ကိုယ်စားလှယ် ထရမ့် ဖြစ်/မဖြစ် FBI က စစစ်ပြီ

ဇန်နဝါရီ ၈ ရက်မှာ  အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က နှစ်သစ်အတွက် နိုင်ငံတော်မိန့်ခွန်း ပြောကြားရာမှာ မက္ကဆီကိုနယ်စပ် အခြေအနေဟာ ပြဿနာ ပိုမိုကြီးထွားလာနေတယ်လို့ သူတောင်းထားတဲ့ နယ်စပ်ခြံစည်းရိုး ကာရံရေးအတွက် ဘတ်ဂျက်ကိစ္စကို အထောက်အကူဖြစ်အောင် ပြောခဲ့ပါတယ်။ဒါ့အပြင် လွှတ်တော်က ဘတ်ဂျက်ကို ခွင့်မပြုရင် နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာပြီး နယ်ခြားတံတိုင်း ရန်ပုံငွေပါ အစိုးရအသုံးစရိတ်ကို ကွန်ဂရက်က အတည်ပြုစေမယ်လို့လည်း ထရမ့် က ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ နယ်ခြားတံတိုင်း အရေးကြောင့်ပဲ လွှတ်တော်မှာ အစိုးရအသုံးစရိတ်ကို အတည်မပြုနိုင်တာကြောင့် အစိုးရလုပ်ငန်းဌာနအချို့ ရပ်ထားရတဲ့အချိန်မှာ ဒီလိုပြောခဲ့တဲ့အတွက် ဒါဟာ ထရမ့် ရဲ့ ဗြောင်ကျကျ ခြိမ်းခြောက်မှု ဖြစ်လာခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စု နိုင်ငံသမိုင်းမှာတော့ ယခုလို အစိုးရလုပ်ငန်းဌာနတစ်ချို့ ရပ်ဆိုင်းထားရမှု ရက်ပေါင်း ၂၄ ရက်ထိ ရှိလာလို့  သမိုင်းဝင် အရှည်ကြာဆုံး အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။

အဆိုပါ မိန့်ခွန်းမှာ အများပြောဆို ထောက်ပြစရာတွေဖြစ်တဲ့ အမေရိကန်ဘက်ကပဲ နယ်စပ်တံတိုင်း ကာရံမှုကို ကျခံနေရတယ်ဆိုတဲ့ အမြင်ကို ချေဖျက်တဲ့အနေနဲ့ ထရမ့် က  ဒီတံတိုင်းအတွက် ကုန်ကျစရိတ်ကို မက္ကဆီကိုနိုင်ငံဟာ သွယ်ဝိုက်တဲ့နည်းနဲ့ ပေးနေရတယ်လို့ ခုခံကာကွယ် ပြောဆိုခဲ့ပါတယ်။အခုလို တံတိုင်းကိစ္စကြောင့် အစိုးရယန္တရား ရပ်ဆိုင်းမှုဖြစ်တာနဲ့ ပတ်သက်ပြီး ထရမ့် ဘက်က  ဒီမိုကရက်တစ်ပါတီကို အပြစ်ဆိုထားသလို ဒီမိုကရက်တစ်ပါတီကလည်း ထရမ့် ကို အပြန်အလှန် အပြစ်ပြောဆိုထားခဲ့ပါတယ်။

အမေရိကန် အစိုးရဝန်ထမ်းအချို့က အိမ်ဖြူတော်ရှေ့မှာ အစိုးရလုပ်ငန်းဌာနအချို့ ရပ်ဆိုင်းထားရတဲ့အတွက် ဆန္ဒပြခဲ့ကြတာတွေလည်း ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ထရမ့် အတွက် ဘတ်ဂျက်ကိစ္စအတွက် ရှုပ်ထွေးမှုတွေ ရှိနေသလို လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ မက္ကဆီကို နယ်စပ်တံတိုင်း ကိစ္စကို အားထည့်လုပ်နေချိန်မှာ ၂၀၁၆ ရွေးကောက်ပွဲအတွင်း ရုရှား ကြားဝင်စွက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ဖြေရှင်းနေရပါတယ်။အထူးသဖြင့်  အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် သည် ရုရှားကိုယ်စား လုပ်ပေးခဲ့ခြင်း ရှိ၊ မရှိ အပိုင်းကိုဖြစ်ပြီး အက်ဖ်ဘီအိုင်က မကြာမီရက်ပိုင်းက အတွင်းစုံစမ်းစစ်ဆေးမှုကို စလုပ်ခဲ့ပါတယ်။ယင်း တန်ပြန်ထောက်လှမ်းရေး စစ်ဆေးမှုမှာ ထရမ့် အနေနဲ့ ရုရှားအတွက် သိသိကြီး (သို့မဟုတ်) မသိဘဲနှင့် လုပ်ခဲ့ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် စစ်ဆေးမှု ပါဝင်သလို ဒီလုပ်ရပ်ထဲ ထရမ့် ကြောင့်  နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ကျရောက်စေခဲ့ခြင်း ရှိ၊ မရှိ စစ်ဆေးမှုလည်း ပါဝင်ခဲ့ပါတယ်။ဒေါ်နယ်ထရနမ့် ကတော့ ၎င်းကို ရုရှားအစိုးရ ကိုယ်စားပြု ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှု စတင်ခဲ့လို့ အက်ဖ်ဘီအိုင်အဖွဲ့က အကြောင်းပြချက်မရှိ၊ သက်သေ အထောက်အထားမရှိဘဲ စုံစမ်းစစ်ဆေးခဲ့တယ်လို့ ရှုတ်ချခဲ့ပါတယ်။

လာမယ့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်တွေဘက်ကတော့ ဝင်ရောက်ယှဉ်ပြိုင်မည့် လူတွေ ထွက်လာပါပြီ။လက်တင်မျိုးနွယ် ဂျူလီယန်ကက် စထရို က ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ဇန်နဝါရီ ၁၂ ရက်မှာ တရားဝင် မဲဆွယ်ပွဲကို စတင်ခဲ့ပြီး လွှတ်တော်၏ ပထမဆုံး ဟိန္ဒူအမတ် တူလ်စီဂက်ဘတ် ကလည်း အဲဒီရက်မှာ စတင်မဲဆွယ်ခဲ့ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ် အမေရိကန်ဆိုင်ရာ သတင်းတွေဖြစ်တဲ့ သိပ္ပံပညာရှင်တွေက ကျူးဘားနိုင်ငံရှိ အမေရိကန်သံရုံး ဝန်ထမ်းများအပေါ် အသံလှိုင်းနဲ့ မသင်္ကာဖွယ် တိုက်ခိုက်မှုမှာ ပုရစ်တွေအော်သံလို့ ပြောလိုက်တဲ့ သတင်း၊ ကင်ဘာရာမြို့နှင့် မဲလ်ဘုန်းမြို့ရှိ အမေရိကန်၊ ဗြိတိန်၊ ဆွစ်ဇာလန်နှင့် ပါကစ္စတန် အပါအဝင် နိုင်ငံခြားကောင်စစ်ဝန်ရုံးများမှာ သံသယဖြစ်ဖွယ် အထုပ်များ တွေ့ရှိခဲ့တဲ့ သတင်း၊ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ် တို့ကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွက် စင်ကာပူနှင့် ဗီယက်နမ်တို့ကို လျာထားတဲ့ သတင်း စတဲ့ သတင်းတွေ ယခုတစ်ပတ် ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
ဇန်နဝါရီ - ၁၄

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲမွာ စိတ္ဝင္စားဖြယ္ရာ သတင္းေတြ ရွိခဲ့ပါတယ္။အထူးသျဖင့္ က်င့္ဝတ္နဲ႔ဆိုင္တဲ့ သတင္းျဖစ္တဲ့ ဦးေႏွာက္ေသေနတဲ့ အသိမဲ့ေနတဲ့ အမ်ိဳးသမီးတစ္ဦးကေန ကေလးေမြးခဲ့လို႔ သူ႔ကို ေစာင့္ေရွာက္ထားတဲ့  အရီဇိုးနားျပည္နယ္ ေစာင့္ေရွာက္ေရးေဂဟာက တာဝန္ခံအမႈေဆာင္ အရာရွိခ်ဳပ္တစ္ဦး ရာထူးကေန ႏုတ္ထြက္ခဲ့တဲ့ သတင္းက သတိထားစရာျဖစ္ခဲ့သလို ေသဆုံးေနေသာ ဖခင္နဲ႔ သတိလစ္ေနတဲ့ မိေထြးရဲ႕ ဓာတ္ပုံမ်ားကို ေဖ့စ္ဘြတ္ခ္မွာ အသက္ (၆) ႏွစ္အ႐ြယ္ မိန္းကေလးက တင္ခဲ့လို႔ ကေလးကို ကယ္တင္ႏိုင္ခဲ့တဲ့ သတင္း၊ ဆြစ္ဇာလန္ႏိုင္ငံ ဆြစ္စ္ေတာင္တန္းမွာရွိတဲ့ Schwägalp ေတာင္ေပၚက ႏွင္းထုႀကီး ၿပိဳက်ကာ Säntis ဟိုတယ္စားေသာက္ဆိုင္ကို ဝင္တိုက္လို႔ သုံးဦးဒဏ္ရာရခဲ့တဲ့ သတင္း၊ ၾသစႀတီးယား တစ္ႏိုင္ငံလုံး ဆီးႏွင္းေတြ သည္းထန္စြာ က်ဆင္းေနတဲ့ သတင္း၊ ပထမကမာၻစစ္အတြင္းက ျပင္သစ္ကမ္း႐ိုးတန္း တစ္ေနရာမွာ ကမ္းတင္ၿပီး ေပ်ာက္ဆုံးခဲ့တဲ့  ဂ်ာမနီ ေရငုပ္သေဘၤာတစ္စင္း ျပင္သစ္ကမ္းေျခတစ္ခုမွာ သဲေသာင္ခုံေအာက္က ျပန္ေပၚထြက္လာခဲ့တဲ့ သတင္း၊ အာဖဂန္နစၥတန္ ၿမိဳ႕ေတာ္ ကဘူးလ္မွာ ေရရွားပါးမႈ ျပႆနာနဲ႔ ရင္ဆိုင္ေနရတဲ့ သတင္း စတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြထဲ ဆီးရီးယား ျပည္တြင္းစစ္ထဲ အီရန္ကို အစၥေရးကတိုက္ရင္း တျဖည္းျဖည္းကြၽံဝင္လာတဲ့ စစ္ေရးသတင္း၊ စစ္တပ္က အရာရွိငယ္ေတြ ဦးေဆာင္ၿပီး အာဏာသိမ္းခဲ့တဲ့ သတင္း၊ ႐ုရွား ကိုယ္စားလွယ္အျဖစ္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ က လုပ္ေပးခဲ့ျခင္း ရွိ၊ မရွိ အက္ဖ္ဘီအိုင္က စစ္ေဆးေနတဲ့ သတင္းေတြက ဒီတစ္ပတ္ ထိပ္တန္းသတင္း ျဖစ္ခဲ့ပါတယ္။

ရႈပ္ေထြးဆဲ အာရပ္-အစၥေရး

ယခုတစ္ပတ္ သတင္းေတြထဲ ဆက္ၿပီး စိတ္ဝင္စားစရာ ေကာင္းေနခဲ့တာက အစၥေရးနဲ႔ အာရပ္ၾကား အထူးသျဖင့္ ပါလက္စတိုင္း အေျခစိုက္ ဟားမတ္စ္ၾကား ျဖစ္ေနတဲ့ ျပႆနာက ယခုထိမၿပီးေသးတာပါဘဲ။ၾကာရွည္ေနတဲ့ ဆီးရီးယား ျပည္တြင္းစစ္ထဲ အီရန္ကို အစၥေရးက တိုက္ရင္း တျဖည္းျဖည္းကြၽံဝင္လာတာေတြေၾကာင့္ အေရွ႕အလယ္ပိုင္းေဒသဟာ တေျဖးေျဖး စစ္မက္ဇုံ ျဖစ္လာပါတယ္။

ဇန္နဝါရီ ၁၁ ရက္က ဆီးရီးယားႏိုင္ငံ ဒမတ္စကတ္ၿမိဳ႕ေပၚသို႔ အစၥေရး စစ္ေလယာဥ္ေတြက ဒုံးက်ည္အေျမာက္အျမား ပစ္လႊတ္ခဲ့ရာမွာ အဓိကအားျဖင့္ ဒမတ္စကတ္ ေလဆိပ္မွာရွိတဲ့ ကုန္သိုေလွာင္ေရး႐ုံေတြကို ပစ္မွတ္ထားတယ္လို႔ဆိုၿပီး ဆီးရီးယား ေလေၾကာင္းတပ္ဖြဲ႕က ပစ္ခ်ႏိုင္ခဲ့တယ္လို႔ ဆီးရီးယား ႏိုင္ငံပိုင္ သတင္းေအဂ်င္စီက ထုတ္ျပန္ခဲ့ပါတယ္။အီရန္ ေက်ာေထာက္ေနာက္ခံ ျပဳထားတဲ့ အဖြဲ႕ေတြက ဆီးရီးယား အစိုးရတပ္ေတြနဲ႔အတူ  ဆီးရီးယားမွာ ေနရာယူထားခဲ့တဲ့အတြက္ အစၥေရးက ေဒသတြင္းမွာ အီရန္ ၾသဇာအာဏာ က်ယ္ျပန႔္လာတာကို တန႔္ျပန္ဖို႔ ဆီးရီးယားကို မၾကာခဏ ဗုံးႀကဲတိုက္ခိုက္မႈေတြ ျပဳလုပ္ရာမွာ ေနာက္ဆုံး ၂ ႏွစ္အတြင္း ဆီးရီးယားရွိ အီရန္ပစ္မွတ္ေတြကို တိုက္ခိုက္မႈ ႏွစ္ရာေက်ာ္ ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒီၾကားထဲ ေဂ်ာ္ဒန္ကိုလာတဲ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ပီယို က အီရန္နဲ႔ ဂ်ီဟတ္ဝါဒီေတြရဲ႕ သိသိသာသာ ၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ဖို႔ အေရွ႕အလယ္ပိုင္း မဟာမိတ္ေတြအေနနဲ႔ စည္းလုံးညီၫြတ္ၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။သူဆိုလိုတာက အေမရိကန္ရဲ႕ မဟာမိတ္ေတြျဖစ္တဲ့ ေဆာ္ဒီအာေရဗ်နဲ႔ အစၥေရးတို႔ရဲ႕ ပင္မရန္ဖက္ျဖစ္တဲ့ အီရန္ကို ဆန႔္က်င္တန္ျပန္ေရးအတြက္ ေဒသတြင္း မဟာမိတ္ၫြန႔္ေပါင္း ခိုင္မာေစေရးအတြက္ ေျပာတာပါ။အဆိုပါ ရက္အတြင္းမွာဘဲ တူရကီ ႏိုင္ငံျခားေရးဝန္ႀကီး ကာဗူဆိုဂလူ နဲ႔ ဖုန္းေျပာခဲ့ရာမွာ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးက ဆီးရီးယားမွာ ရွိတဲ့ အေမရိကန္ ေထာက္ခံတဲ့ ကဒ္လူမ်ိဳး တပ္ေတြနဲ႔ ပတ္သက္ၿပီး ရလဒ္ေကာင္းနဲ႔ သေဘာတူညီမႈရမယ္လို႔ ဆိုပါတယ္။ဇန္နဝါရီ ၁၁ ရက္မွာေတာ့ ဂါဇာ နယ္စပ္တစ္ေလွ်ာက္ ဆႏၵျပမႈကို အစၥေရးရဲတပ္ဖြဲ႕က ပစ္ခတ္ခဲ့ရာမွာ ပါလက္စတိုင္း အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ပါတယ္။

အေရွ႕အလယ္ပိုင္းေဒသက တျခားျပည္တြင္းစစ္တစ္ခုျဖစ္တဲ့ ယီမင္မွာလည္း အစိုးရရဲ႕ အႀကီးမားဆုံး ေလတပ္စခန္းမွာ က်င္းပေနတဲ့ စစ္ေရးျပ ခ်ီတက္အခမ္းအနားကို သူပုန္ေတြက ဒ႐ုန္းသုံးၿပီး တိုက္ခိုက္ခဲ့လို႔ အစိုးရသစၥာခံ တပ္ဖြဲ႕ဝင္ ၆ ဦး ေသဆုံးခဲ့ပါတယ္။

ဒီသတင္းေတြအျပင္ ယခုတစ္ပတ္မွာ အာဖဂန္နစၥတန္မွာ ေသနတ္သမားေတြက ရဲစခန္းတစ္ခုကို တိုက္ခိုက္ခဲ့ရာမွာ ရဲတပ္ဖြဲ႕ေတြနဲ႔ အျပန္အလွန္တိုက္ခိုက္မႈျဖစ္လို႔ လူငါးဦးေသဆုံးခဲ့တဲ့ သတင္း၊ အီေကြေဒါႏိုင္ငံ ဂြာယာေကြးလ္ၿမိဳ႕က မူးယစ္ေဆးစြဲ ျပန္လည္ထူေထာင္ေရးစခန္း မီးေလာင္လို႔ ၁၇ ဦး ေသဆုံးကာ ၁၂ ဦး ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ တ႐ုတ္ႏိုင္ငံ ရွန္းဇီျပည္နယ္ရွိ ေက်ာက္မီးေသြးတြင္း အမိုးၿပိဳက်လို႔ မိုင္းလုပ္သား ၂၁ ဦး ေသဆုံးခဲ့တဲ့ သတင္း၊ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕လယ္ရွိ မုန႔္ဖုတ္႐ုံမွာ ဓာတ္ေငြ႕ေပါက္ကြဲမႈႀကီးျဖစ္လို႔ လူအခ်ိဳ႕ ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ ေတာင္ကိုရီးယားမွာ ကားခမွ်ေပးဝန္ေဆာင္မႈ (mobile chat app) ကို ဆန႔္က်င္တဲ့အေနနဲ႔ တကၠစီယာဥ္ေမာင္းတစ္ဦး ကိုယ့္ကိုယ္ကို မီးရႈိ႕သတ္ေသခဲ့တဲ့ သတင္း၊ ေဟာင္ေကာင္ ကမ္းလြန္ပင္လယ္ျပင္မွာ ဗီယက္နမ္မွတ္ပုံတင္ ဆီတင္သေဘၤာ Aulac Fortune မီးေလာင္လို႔ လူတစ္ဦး ေသဆုံးကာ ၂၁ ဦးကို ကယ္ဆယ္ႏိုင္ခဲ့တဲ့ သတင္း၊ တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳ႕ မူလတန္းေက်ာင္း တစ္ေက်ာင္းမွာ လူတစ္ဦး တူနဲ႔ ဝင္ေရာက္တိုက္ခိုက္လို႔ ကေလး ၂၀ ဒဏ္ရာရခဲ့တဲ့ သတင္း စတဲ့ သတင္းေတြလဲ ျဖစ္ခဲ့ပါတယ္။

ဒီမိုကေရစီေခါင္းစဥ္နဲ႔ ဂါဘြန္ စစ္အာဏာသိမ္းမႈ

အာရွ၊ အာဖရိက အပါအဝင္ ႏိုင္ငံတကာမွာ ယခုတစ္ပတ္အတြင္း ႏိုင္ငံေရးလႈပ္ရွားမႈ သတင္းေပါင္းမ်ားစြာ ျဖစ္ေနသလို တခ်ိဳ႕သတင္းေတြက သတိထားစရာ သတင္းေတြလည္း ရွိခဲ့ပါတယ္။ေရနံႂကြယ္ဝတဲ့ အာဖရိကႏိုင္ငံတစ္ခုျဖစ္တဲ့ ဂါဘြန္မွာ ဇန္နဝါရီ ၇ ရက္က စစ္တပ္က အရာရွိငယ္ေတြ ဦးေဆာင္ၿပီး အာဏာသိမ္းခဲ့ပါတယ္။အာဏာသိမ္းရတာနဲ႔ ပတ္သက္ၿပီး ဂါဘြန္စစ္တပ္က  ဒီမိုကေရစီစနစ္ ျပန္လည္က်င့္သုံးဖို႔ လုပ္တာလို႔ ေျပာခဲ့ပါတယ္။ႏွစ္ေပါင္း ၅၀ အစဥ္အဆက္ အာဏာရွင္မိသားစု အုပ္ခ်ဳပ္ေနတဲ့ ဂါဘြန္ႏိုင္ငံမွာ ဖေအကေန သားဆီ ဆင္းသက္ခဲ့တဲ့ အာဏာကို ဆက္မကိုင္စြဲႏိုင္ဖို႔ ဆိုပါတယ္။

ဂါဘြန္ သမၼတရဲ႕ ႏွစ္သစ္ကူးမိန႔္ခြန္းမွာ မက်န္းမမာျဖစ္ေနတဲ့ သမၼတက အေျခမအေနမွန္ကို ျငင္းဆန္ၿပီး က်န္းမာေရးေကာင္းတယ္လို႔ ေျပာခဲ့တာကေန သူ႔ကို သစၥာခံတဲ့ စစ္တပ္အတြင္း သမၼတအေပၚ မယုံၾကည္မႈေတြကေန တပ္ဘက္က အရာရွိငယ္ေတြက အာဏာတက္သိမ္းခဲ့တာပါ။ဂါဘြန္လိုဘဲ ႏိုင္ငံေရးရႈပ္ေထြးေနတဲ့ ႏိုင္ငံတစ္ခုက ကြန္ဂိုပါဘဲ။မၾကာခင္က က်င္းပခဲ့တဲ့ ကြန္ဂိုေ႐ြးေကာက္ပြဲမွာ ယခင္သမၼတ ဂ်ိဳး ဆက္ကာဘီလာ နဲ႔ သေဘာတူညီခ်က္ ရယူထားတဲ့  ဖီးလစ္ရွိဆီကီဒီ က အႏိုင္ရတယ္ဆိုၿပီး ကြန္ဂို ေ႐ြးေကာက္ပြဲေကာ္မရွင္က အႏိုင္ေပးခဲ့တာပါ။

ဒါေပမယ့္ ေ႐ြးေကာက္ပြဲမတိုင္မီ ေရပန္းစားခဲ့တဲ့ ကြန္ဂို အတိုက္အခံသမၼတ ကိုယ္စားလွယ္ေလာင္း မာ တင္ ဖာယူလူ က ေ႐ြးေကာက္ပြဲရလဒ္ကို ပယ္ဖ်က္ေပးဖို႔ ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာ တရား႐ုံးသို႔ ပန္ၾကားခဲ့ပါတယ္။ေ႐ြးေကာက္ပြဲေကာ္မရွင္က ၿပိဳင္ဘက္ ဖီးလစ္ရွိဆီကီဒီ ကို ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္သူအျဖစ္ ေၾကညာခဲ့ေသာ္လည္း ဖာယူလူ က ေ႐ြးေကာက္ပြဲမွာ မိမိအႏိုင္ရေၾကာင္း အခိုင္အမာေျပာဆိုကာ မဲရလဒ္မ်ားကို လက္နဲ႔ ျပန္လည္ေရတြက္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ရႈပ္ေထြးတဲ့ ကြန္ဂိုႏိုင္ငံေရးမွာ ယခုက်င္းပတဲ့ ေ႐ြးေကာက္ပြဲကေန တက္လာမယ့္ သမၼတကို အာဏာလႊဲေပးရမယ့္ လက္ရွိသမၼတက ေ႐ြးခ်ယ္ခဲ့တာဟာ မဖြံ႕ၿဖိဳးေသးတဲ့ အာရွနဲ႔ အာဖရိကမွာ မထူးဆန္းတဲ့ ကိစၥတစ္ခုျဖစ္ေနပါၿပီ။ကြန္ဂို ေ႐ြးေကာက္ပြဲကေန ဘယ္သူတက္လာမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

ေနာက္ထပ္ အာဖရိက သတင္းတစ္ပုဒ္ကေတာ့ ေတာင္အာဖရိကႏိုင္ငံကပါ။တရားဝင္ ကိန္းဂဏန္းေတြအရ တစ္ႏွစ္ကို မုဒိမ္းမႈ ၄၀,၀၀၀ ခန႔္ ျဖစ္ေပၚေနတဲ့  ေတာင္အာဖရိကမွာ လိင္ေပၚအေျခခံတဲ့ အၾကမ္းဖက္မႈေတြ အဆုံးသတ္ဖို႔ ေတာင္အာဖရိက သမၼတ ရာမာဖိုဆာ က အမ်ိဳးသားမ်ားကို တိုက္တြန္းခဲ့ပါတယ္။ဥေရာပမွာေတာ့ ဆားဘီးယားႏိုင္ငံထဲ သမၼတ အလက္ဇန္းဒါးဗူဆစ္ ကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲေတြ ျဖစ္ေနတယ္။အတိုက္အခံပါတီ ၃၀ ႏွင့္ အဖြဲ႕အစည္းမ်ား စုေပါင္းထားတဲ့  ‘ဆားဘီးယားအတြက္ မဟာမိတ္’ အဖြဲ႕က ဒီပြဲကို ဦးေဆာင္ခဲ့တာျဖစ္ၿပီး ဇန္နဝါရီ ၁၇ ရက္တြင္ လာေရာက္မယ့္ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္ ရဲ႕ ခရီးစဥ္မတိုင္မီ ကိုဆိုဗိုေဒသႏွင့္ မည္သည့္ လွ်ိဳ႕ဝွက္ေစ့စပ္မႈမွ် မလုပ္ရန္၊ အတိုက္အခံပုဂၢိဳလ္မ်ားႏွင့္ ဂ်ာနယ္လစ္မ်ားကို တိုက္ခိုက္မႈ အဆုံးသတ္ရန္ႏွင့္ မီဒီယာ လြတ္လပ္ခြင့္ေပးရန္ ဆားဘီးယား ျပည္သူေတြက ေတာင္းဆိုဆႏၵျပေနခဲ့တာပါ။အာရွေဒသျဖစ္တဲ့ ထိုင္းမွာေတာ့ စစ္တပ္က အာဏာသိမ္းတာ ၄ ႏွစ္ေျမာက္ရွိလာတဲ့ အခ်ိ္န္မွာ စစ္အစိုးရဆန႔္က်င္တဲ့ တက္ႂကြလႈပ္ရွားသူမ်ားစြာ ဘန္ေကာက္ၿမိဳ႕လယ္မွာ စု႐ုံးၿပီး ေဖေဖာ္ဝါရီ ၂၄ မွာ က်င္းပေပးမယ့္ ေ႐ြးေကာက္ပြဲ သတ္မွတ္ရက္ကို ကတိတည္ဖို႔ တိုက္တြန္းေတာင္းဆိုခဲ့ၾကပါတယ္။

ဒီလို စိတ္ဝင္စားဖြယ္ရာ သတင္းက  ယခုတစ္ပတ္ ႏိုင္ငံတကာသတင္းေတြျဖစ္တဲ့ ဘဂၤလားေဒရွ႕္မွာ ျဖစ္တဲ့ အနိမ့္ဆုံးလစာ တိုးေပးဖို႔ ေတာင္းဆိုဆႏၵျပမႈမွာ အလုပ္သမားတစ္ဦး ေသဆုံးခဲ့တဲ့ သတင္း၊ ကေနဒါႏိုင္ငံသားႏွစ္ဦးကို ဖမ္းဆီးမႈႏွင့္ ပတ္သက္၍ တ႐ုတ္ကို ကေနဒါဝန္ႀကီးခ်ဳပ္ ဂ်ပ္စတင္ထ႐ူးဒူး က ေဝဖန္ခဲ့တဲ့ သတင္း၊ ေဆာ္ဒီႏိုင္ငံကေန ထြက္ေျပးခဲတဲ့ အသက္ (၁၈) ႏွစ္အ႐ြယ္ ေဆာ္ဒီအမ်ိဳးသမီးငယ္ကို ကေနဒါ ႏိုင္ငံျခားေရးဝန္ႀကီး ခရစ္တီယာ ဖရီးလန္း က ရဲရင့္ေသာ ကေနဒါ ႏိုင္ငံသားသစ္အျဖစ္ ႀကိဳဆိုခဲ့တဲ့ သတင္း၊ ၂၀၂၁ ဒီဇင္ဘာမွာ ပထမဆုံး လူလိုက္ပါတဲ့ အာကာသခရီးစဥ္ကို လႊတ္တင္မယ္လို႔ အိႏၵိယက ထုတ္ျပန္လိုက္တဲ့ သတင္း၊ တ႐ုတ္ႏိုင္ငံကို အလည္အပတ္ေရာက္ေနတဲ့ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဴံအမ္ ရဲ႕ ခရီးစဥ္ သတင္းေတြထဲ ဂါဘြန္ သတင္းက ကြဲျပားျခားနားစြာ သတိထားရမယ့္ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

႐ုရွား ကိုယ္စားလွယ္ ထရမ့္ ျဖစ္/မျဖစ္ FBI က စစစ္ၿပီ

ဇန္နဝါရီ ၈ ရက္မွာ  အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ က ႏွစ္သစ္အတြက္ ႏိုင္ငံေတာ္မိန႔္ခြန္း ေျပာၾကားရာမွာ မကၠဆီကိုနယ္စပ္ အေျခအေနဟာ ျပႆနာ ပိုမိုႀကီးထြားလာေနတယ္လို႔ သူေတာင္းထားတဲ့ နယ္စပ္ၿခံစည္း႐ိုး ကာရံေရးအတြက္ ဘတ္ဂ်က္ကိစၥကို အေထာက္အကူျဖစ္ေအာင္ ေျပာခဲ့ပါတယ္။ဒါ့အျပင္ လႊတ္ေတာ္က ဘတ္ဂ်က္ကို ခြင့္မျပဳရင္ ႏိုင္ငံေတာ္ အေရးေပၚအေျခအေန ေၾကညာၿပီး နယ္ျခားတံတိုင္း ရန္ပုံေငြပါ အစိုးရအသုံးစရိတ္ကို ကြန္ဂရက္က အတည္ျပဳေစမယ္လို႔လည္း ထရမ့္ က ၿခိမ္းေျခာက္ ေျပာဆိုခဲ့ပါတယ္။

လက္ရွိမွာ နယ္ျခားတံတိုင္း အေရးေၾကာင့္ပဲ လႊတ္ေတာ္မွာ အစိုးရအသုံးစရိတ္ကို အတည္မျပဳႏိုင္တာေၾကာင့္ အစိုးရလုပ္ငန္းဌာနအခ်ိဳ႕ ရပ္ထားရတဲ့အခ်ိန္မွာ ဒီလိုေျပာခဲ့တဲ့အတြက္ ဒါဟာ ထရမ့္ ရဲ႕ ေျဗာင္က်က် ၿခိမ္းေျခာက္မႈ ျဖစ္လာခဲ့ပါတယ္။အေမရိကန္ျပည္ေထာင္စု ႏိုင္ငံသမိုင္းမွာေတာ့ ယခုလို အစိုးရလုပ္ငန္းဌာနတစ္ခ်ိဳ႕ ရပ္ဆိုင္းထားရမႈ ရက္ေပါင္း ၂၄ ရက္ထိ ရွိလာလို႔  သမိုင္းဝင္ အရွည္ၾကာဆုံး အေျခအေနကို ေရာက္ရွိလာခဲ့ပါတယ္။

အဆိုပါ မိန႔္ခြန္းမွာ အမ်ားေျပာဆို ေထာက္ျပစရာေတြျဖစ္တဲ့ အေမရိကန္ဘက္ကပဲ နယ္စပ္တံတိုင္း ကာရံမႈကို က်ခံေနရတယ္ဆိုတဲ့ အျမင္ကို ေခ်ဖ်က္တဲ့အေနနဲ႔ ထရမ့္ က  ဒီတံတိုင္းအတြက္ ကုန္က်စရိတ္ကို မကၠဆီကိုႏိုင္ငံဟာ သြယ္ဝိုက္တဲ့နည္းနဲ႔ ေပးေနရတယ္လို႔ ခုခံကာကြယ္ ေျပာဆိုခဲ့ပါတယ္။အခုလို တံတိုင္းကိစၥေၾကာင့္ အစိုးရယႏၲရား ရပ္ဆိုင္းမႈျဖစ္တာနဲ႔ ပတ္သက္ၿပီး ထရမ့္ ဘက္က  ဒီမိုကရက္တစ္ပါတီကို အျပစ္ဆိုထားသလို ဒီမိုကရက္တစ္ပါတီကလည္း ထရမ့္ ကို အျပန္အလွန္ အျပစ္ေျပာဆိုထားခဲ့ပါတယ္။

အေမရိကန္ အစိုးရဝန္ထမ္းအခ်ိဳ႕က အိမ္ျဖဴေတာ္ေရွ႕မွာ အစိုးရလုပ္ငန္းဌာနအခ်ိဳ႕ ရပ္ဆိုင္းထားရတဲ့အတြက္ ဆႏၵျပခဲ့ၾကတာေတြလည္း ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့တာေတြလည္း ရွိခဲ့ပါတယ္။ထရမ့္ အတြက္ ဘတ္ဂ်က္ကိစၥအတြက္ ရႈပ္ေထြးမႈေတြ ရွိေနသလို လာမယ့္ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္တဲ့အေနနဲ႔ မကၠဆီကို နယ္စပ္တံတိုင္း ကိစၥကို အားထည့္လုပ္ေနခ်ိန္မွာ ၂၀၁၆ ေ႐ြးေကာက္ပြဲအတြင္း ႐ုရွား ၾကားဝင္စြက္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကိုလည္း ေျဖရွင္းေနရပါတယ္။အထူးသျဖင့္  အေမရိကန္ သမၼတ ေဒၚနယ္ထရန႔္ သည္ ႐ုရွားကိုယ္စား လုပ္ေပးခဲ့ျခင္း ရွိ၊ မရွိ အပိုင္းကိုျဖစ္ၿပီး အက္ဖ္ဘီအိုင္က မၾကာမီရက္ပိုင္းက အတြင္းစုံစမ္းစစ္ေဆးမႈကို စလုပ္ခဲ့ပါတယ္။ယင္း တန္ျပန္ေထာက္လွမ္းေရး စစ္ေဆးမႈမွာ ထရမ့္ အေနနဲ႔ ႐ုရွားအတြက္ သိသိႀကီး (သို႔မဟုတ္) မသိဘဲႏွင့္ လုပ္ခဲ့ျခင္း ရွိ၊ မရွိ ဆုံးျဖတ္ရန္ စစ္ေဆးမႈ ပါဝင္သလို ဒီလုပ္ရပ္ထဲ ထရမ့္ ေၾကာင့္  ႏိုင္ငံေတာ္လုံၿခဳံေရးကို အႏၲရာယ္က်ေရာက္ေစခဲ့ျခင္း ရွိ၊ မရွိ စစ္ေဆးမႈလည္း ပါဝင္ခဲ့ပါတယ္။ေဒၚနယ္ထရနမ့္ ကေတာ့ ၎ကို ႐ုရွားအစိုးရ ကိုယ္စားျပဳ ရွိ၊ မရွိ စုံစမ္းစစ္ေဆးမႈ စတင္ခဲ့လို႔ အက္ဖ္ဘီအိုင္အဖြဲ႕က အေၾကာင္းျပခ်က္မရွိ၊ သက္ေသ အေထာက္အထားမရွိဘဲ စုံစမ္းစစ္ေဆးခဲ့တယ္လို႔ ရႈတ္ခ်ခဲ့ပါတယ္။

လာမယ့္ ၂၀၂၀ ျပည့္ႏွစ္တြင္ က်င္းပမည့္ အေမရိကန္ သမၼတ ေ႐ြးေကာက္ပြဲအတြက္ ဒီမိုကရက္တစ္ေတြဘက္ကေတာ့ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ လူေတြ ထြက္လာပါၿပီ။လက္တင္မ်ိဳးႏြယ္ ဂ်ဴလီယန္ကက္ စထ႐ို က ဒီမိုကရက္တစ္ သမၼတေလာင္းအျဖစ္ ဇန္နဝါရီ ၁၂ ရက္မွာ တရားဝင္ မဲဆြယ္ပြဲကို စတင္ခဲ့ၿပီး လႊတ္ေတာ္၏ ပထမဆုံး ဟိႏၵဴအမတ္ တူလ္စီဂက္ဘတ္ ကလည္း အဲဒီရက္မွာ စတင္မဲဆြယ္ခဲ့ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္ အေမရိကန္ဆိုင္ရာ သတင္းေတြျဖစ္တဲ့ သိပၸံပညာရွင္ေတြက က်ဴးဘားႏိုင္ငံရွိ အေမရိကန္သံ႐ုံး ဝန္ထမ္းမ်ားအေပၚ အသံလႈိင္းနဲ႔ မသကၤာဖြယ္ တိုက္ခိုက္မႈမွာ ပုရစ္ေတြေအာ္သံလို႔ ေျပာလိုက္တဲ့ သတင္း၊ ကင္ဘာရာၿမိဳ႕ႏွင့္ မဲလ္ဘုန္းၿမိဳ႕ရွိ အေမရိကန္၊ ၿဗိတိန္၊ ဆြစ္ဇာလန္ႏွင့္ ပါကစၥတန္ အပါအဝင္ ႏိုင္ငံျခားေကာင္စစ္ဝန္႐ုံးမ်ားမွာ သံသယျဖစ္ဖြယ္ အထုပ္မ်ား ေတြ႕ရွိခဲ့တဲ့ သတင္း၊ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ ႏွင့္ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအမ္ တို႔ၾကား ဒုတိယအႀကိမ္ ထိပ္သီးေဆြးေႏြးပြဲအတြက္ စင္ကာပူႏွင့္ ဗီယက္နမ္တို႔ကို လ်ာထားတဲ့ သတင္း စတဲ့ သတင္းေတြ ယခုတစ္ပတ္ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ဇန္နဝါရီ - ၁၄