【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အင်ဒိုငလျင်နဲ့ အားပြိုင်မှုတွေ ပြင်းထန်တဲ့ ကုလညီလာခံ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အင်ဒိုငလျင်နဲ့ အားပြိုင်မှုတွေ ပြင်းထန်တဲ့ ကုလညီလာခံ

ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့တဲ့ နိုင်ငံတကာ သတင်းတွေထဲမှာ  သတိပြုစရာ သတင်းတွေ ရှိခဲ့ပါတယ်။အထူးသဖြင့် သဘာဝဘေး သတင်းတွေက ဒီတစ်ပတ် ထိပ်တန်းသတင်းတွေဖြစ်ခဲ့ပြီး ဒီသတင်းတွေနဲ့အပြိုင် ယခုရက်သတ္တပတ်အတွင်း ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ သတင်းတွေက လူတွေကို စိတ်ဝင်စားအောင် စွဲဆောင်နိုင်ခဲ့ပါတယ်။
    

ဒီသတင်းတွေက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ ဘာသာရေးဆိုင်ရာ ထူးထူးဆန်းဆန်း သတင်းတွေဖြစ်တဲ့ ဟိန္ဒူဘုရားကျောင်းထဲ အသက် (၁၀) နှစ်ကနေ (၅၀) ကြား အမျိုးသမီးတွေ ဝင်ခွင့်တားမြစ်ထားတဲ့ ဝင်ခွင့်ကို အိန္ဒိယတရားရုံးက ရုတ်သိမ်းခဲ့တဲ့ သတင်း၊သိရီလင်္ကာက ဆီဂီရီယာ ကျောက်သားခံတပ်နှင့် ပီဒူရန်ဂါလာ ကျောက်တုံးကြီးရှေ့မှာ ဘောင်းဘီချွတ်ပြခဲ့တဲ့ သူတွေကို သိရီလင်္ကာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ သတင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ချက်ကို  အိန္ဒိယ အဆင့်မြင့်တရားရုံးတစ်ခုက ပယ်ဖျက်လိုက်တဲ့ သတင်းတွေလို သတင်းတွေအပြင် ကမ္ဘာ့အကြီးဆုံး ငါးဈေးဖြစ်တဲ့ ဂျပန်နိုင်ငံက တဆူကီဂျီ ငါးဈေးကြီးကို ပိတ်သိမ်းလိုက်တဲ့ သတင်းတွေလို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အဆောက်အအုံတစ်လုံး ပြိုကျလို့ လူငါးဦး သေဆုံးပြီး အပျက်အစီးတွေအောက် လူတွေ ပိတ်မိနေတဲ့ သတင်းတွေလို စိတ်ဝင်စားဖွယ်ရာ သတင်းတွေနဲ့အပြိုင် လူတွေအာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

အသေအပျောက်များတဲ့  အင်ဒိုငလျင်နှင့် ဂျပန်ကိုဝင်တဲ့ ထရာမီမုန်တိုင်း။
    

ယခုတစ်ပတ် ကမ္ဘာတစ်လွှားမှာ ဝမ်းနည်းစိတ်မကောင်းစရာ၊  စိတ်လှုပ်ရှားစရာကောင်းတဲ့ သဘာဝဘေး သတင်းတွေ ဖြစ်ခဲ့ပါတယ်။အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းကို ဗဟိုပြုပြီး အင်အား ၇ ဒသ မ ၅ မဂ္ဂနီကျုဒ်ရှိ ငလျင်လှုပ်ခတ်ခဲ့လို့  ဆူလာဝေစီကျွန်းပေါ် ပေ ၂၀ အမြင့်ရှိတဲ့ ဆူနာမီလှိုင်းလုံးတွေ ဝင်လာခဲ့လို့ လူအသေအပျောက်များတဲ့ သတင်းနဲ့ အင်အားပြင်းမုန်တိုင်း ထရာမီ ဂျပန်ကို ဝင်ရောက်လို့ လူအသေအပျောက်ရှိတဲ့ သတင်းတွေက ဒီတစ်ပတ် သဘာဝဘေးဒဏ် သတင်းတွေထဲ သတိထားစရာ သတင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။   
    

စက်တင်ဘာ ၂၈ ရက်က ဆူလာဝေစီကျွန်းကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၅ မဂ္ဂနီကျုဒ်ရှိ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။ငလျင်လှုပ်ခတ်ပြီးနောက် အင်ဒိုနီးရှား မိုးလေဝသနှင့် ဘူမိဗေဒ အေဂျင်စီက ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ခဲ့ပေမယ့် ၃၄ မိနစ်အကြာမှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။အဲဒီလိုရုပ်သိမ်းပြီးနောက်မှာ ဆူနာမီရေလှိုင်းတွေ ဝင်လာလို့ လူအသေအပျောက် များခဲ့ရပါတယ်။  

ဒေသတွင်း သတင်းထုတ်ပြန်ချက်တွေမှာတော့ ဆူလာဝေစီကျွန်းက ပါလူကမ်းခြေမှာ  ပွဲတော်တစ်ခု ကျင်းပရန် လူရာချီစုဝေးနေစဉ် ပေ ၂၀ အမြင့်ရှိတဲ့ ဆူနာမီရေလှိုင်း ဝင်ရောက်လာလို့ လှိုင်းလုံးတွေအောက် လူတွေပါသွားခဲ့တာလဲ များတယ်ဆိုပါတယ်။
ခန့်မှန်းတွက်ချက်မှုတွေမှာတော့ ဆူလာဝေစီကျွန်း အလယ်ပိုင်း မြေအောက်အနက် ၆ ဒသမ ၂ မိုင် (၁၀ ကီလိုမီတာ) ကို ဗဟိုပြုပြီး ဇောက်တိမ်တဲ့ ငလျင်လှုပ်ခဲ့လို့ ဆူနာမီဖြစ်ပေါ်တာ မြန်လွန်းပြီး  ဆူနာမီရေလှိုင်းဟာ ကမ်းရိုးတန်းသို့ မရောက်မီ တစ်နာရီ အများဆုံး မိုင် ၅၀၀ အရှိန်နဲ့ ပင်လယ်ပြင်ကနေ တစ်ရှိန်ထိုး ရွေ့လျှားလာတာလို့ ဆိုပါတယ်။ဒီအရှိန်နဲ့ ပေ ၂၀ အမြင့်ရှိတဲ့ လှိုင်းလုံးတွေကြောင့် ဆူလာဝေစီကျွန်းတစ်ခုလုံး အပျက်အစီးတွေ များခဲ့သလို နေအိမ်၊ အဆောက်အအုံတွေ ရေနဲ့မျောပါပြီး ဒေသခံတွေ ကုန်းမြင့်ပိုင်းကို ပြေးနေရတဲ့ ဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

မကြာခင်ကပဲ ငလျင်ဒဏ်ကို ခံခဲ့ရတဲ့ အင်ဒိုအတွက် ယခုငလျင်က ၂၀၀၄ ခုနှစ်က လူတစ်သိန်းခွဲကျော် သေဆုံးခဲ့တဲ့  အင်ဒိုငလျင်ကြီးကို သတိရစရာ ဖြစ်ခဲ့ပါတယ်။အထူးသဖြင့် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ပြီးမှ ပြန်ရုပ်သိမ်းခဲ့တဲ့ အင်ဒိုနီးရှား မိုးလေဝသနှင့် ဘူမိဗေဒ အေဂျင်စီအနေနဲ့ ယခုသဘာဝဘေးမှာ အဝေဖန်ခံရဆုံးဖြစ်နေသလို အရေးယူမှုတွေပါ ဖြစ်လာနိုင်စရာ ရှိနေပါတယ်။

လက်ရှိမှာ ငလျင်ကြောင့် သေဆုံးသူ အရေအတွက်က ၈၃၂ ဦးအထိ ရှိလာပြီးလို့ အင်ဒိုနီးရှား အမျိုးသားသဘာဝဘေးဆိုင်ရာ အေဂျင်စီက စက်တင်ဘာ ၃၀ ရက်က ပြောကြားခဲ့ပြီး လက်ရှိမှာ အင်ဒိုနီးရှားစစ်တပ်ကို အဆိုပါဆူနာမီဘေးဒဏ်ခံရတဲ့ ဆူလာဝေစီကျွန်းကို လွှတ်ထားပါတယ်။
ဒေသအာဏာပိုင်တွေကတော့ အပျက်အစီးတွေကြား ပိတ်မိနေနိုင်တဲ့သူတွေ၊ ဒဏ်ရာရသူတွေကို ကယ်တင်ဖို့ ကြိုးစားနေပြီး နောက်ဆက်တွဲငလျင်တွေ ထပ်လှုပ်ခတ်နိုင်လို့ အဆောက်အအုံထဲ မနေဖို့ သတိပေးခဲ့တာတွေလည်း ရှိပါတယ်။

ငလျင်ဖြစ်ပြီဆိုတာနဲ့ ဆူနာမီကို သတိထားရမှာဖြစ်ပြီး ယခုဖြစ်ရပ်က ပေါ့လျော့မှုကြောင့် ဒေသခံတွေ ပြင်ဆင်မှုလျော့ချလိုက်ချိန်မှာ ရေလှိုင်းတွေဝင်လာတာ ဖြစ်တဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှု နည်းတဲ့ အာရှဒေသက လူတွေအတွက် ဒါက သတိထားစရာ ကိစ္စတစ်ခုပါဘဲ။

ဒီလို ငလျင်ကြောင့် ရှော့ခ်မိနေတဲ့ အာရှအတွက် ယခုနှစ် တိုင်ဖွန်းရာသီရဲ့ နောက်ဆုံးလာတဲ့ တိုင်ဖွန်းမုန်တိုင်းလို့ ပြောလို့ရမယ့် တိုင်ဖွန်းမုန်တိုင်း ထရာမီဟာ စက်တင်ဘာ ၂၉ က ကြိုတင်တွက်ချက်ထားတဲ့အတိုင်း ဂျပန်နိုင်ငံရဲ့ တောင်ပိုင်း အိုကီနာဝါကျွန်းကို  ဝင်ရောက်ခဲ့ပါတယ်။

အာဏာပိုင်တွေက မုန်တိုင်းဘေးကနေလွတ်ဖို့ ဒေသခံတွေကို ကြိုတင်ရွှေ့ပြောင်းပြီး ပြင်ဆင်ခဲ့ပေမယ့် မုန်တိုင်းဝင်ချိန်မှာ ဒေသခံ ၁၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တစ်နာရီလျှင် လေတိုက်နှုန်း ၁၃၄ မိုင်အထိရှိတဲ့ အလွန်အားပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ထရာမီဟာ မိုးလေဝသပညာရှင်တွေ ခန့်မှန်းချက်မှာတော့ စက်တင်ဘာ ၂၉ မှာ အိုကီနာဝါကျွန်း၊ စက်တင်ဘာ ၃၀ မှာ ဂျပန်ပြည်မကြီးကို တည့်တည့်ဝင်တိုး တိုက်ခတ်ကာ ဂျပန်နိုင်ငံတစ်ဝန်း ဆိုးရွားတဲ့ ရာသီဥတုကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ခန့်မှန်းထားကြတာပါ။လောလောဆယ်မှာတော့ မုန်တိုင်း ထရာမီက ဂျပန်နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်း ကျွန်းတွေကို ဝင်ရောက်တိုက်ခတ်ခဲ့လို့ ၆၆ ဦး ဒဏ်ရာရပြီး တစ်ဦးပျောက်ဆုံးနေပါတယ်။အားပြင်းတဲ့ မုန်တိုင်းက ဂျပန်နိုင်ငံရဲ့ အဓိကကျွန်းတွေကို ဆက်တိုးဝင်နေတဲ့အတွက် ဂျပန် အနောက်ပိုင်းနှင့် တောင်ပိုင်းက ကျည်ဆန်ရထားခရီးစဉ်များနှင့် လေကြောင်းခရီးစဉ် ၁,၁၀၀ ကျော် ဖျက်သိမ်းခဲ့ရပါတယ်။

ဂျပန် မိုးလေဝသအေဂျင်စီကတော့ မုန်တိုင်း ထရာမီ တိုက်ခတ်တဲ့ လမ်းကြောင်းတစ်လျှောက်ဖြစ်တဲ့ ဂျပန်နိုင်ငံတစ်ဝန်း လေပြင်းများ၊ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် မိုးကြိုးများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။

စက်တင်ဘာလထဲမှာ ငလျင်တွေ မုန်တိုင်းတွေကြောင့် အထိနာနေတဲ့ ဂျပန်နိုင်ငံအတွက် ပြန်လည်နလံထူဖို့ လုပ်ဆောင်နေချိန်မှာ ယခုလို မုန်တိုင်း ထရာမီ ဝင်လာလို့ အခက်တွေ့ပေမယ့် သဘာဝဘေးဒဏ်တွေနဲ့ ယဉ်ပါးနေတဲ့ ဂျပန်အတွက် ဒီဘေးဒဏ်တွေကနေ ဘယ်လိုရုန်းထလာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်သလို ကြိုတင်ပြင်ဆင်မှု အားကောင်းလို့ လူအသေအပျောက်နည်းတဲ့ ဂျပန်အာဏာပိုင်တွေရဲ့ စနစ်ကလည်း အာရှဒေသအတွက် အတုယူစရာ ဖြစ်လာခဲ့ပါတယ်။

ဒီသတင်းနှစ်ပုဒ်က ဒီတစ်ပတ်မှာ သဘာဝဘေးကြောင့်ဖြစ်တဲ့ သတင်းတွေထဲ သတိထား စောင့်ဖတ်ရတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။
 

စစ်အေးခေတ်နောက်ပိုင်း အမြင့်ဆုံးတင်းမာမှုဖြစ်လာတဲ့ ကုလအထွေထွေညီလာခံ။
    

စက်တင်ဘာ စတုတ္ထပတ် စတင်ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံဟာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး စစ်အေးခတ်ကာလ အဆုံးသတ်ပြီးနောက်မှာ အသံအကျယ်ဆုံးထွက်ကာ တင်းမာမှုများစွာ ဖြစ်ပေါ်ခဲ့တဲ့ ညီလာခံ ဖြစ်ခဲ့ပါတယ်။ဒီညီလာခံမှာ အညီညွတ်ဆုံးက OIC အဖွဲ့ဝင်တွေဖြစ်တဲ့ အစ္စလာမ်မစ်နိုင်ငံတွေနဲ့ ထိပ်တိုက်တွေ့တဲ့ အမေရိကန်၊ နောက် ရုရှား ဦးဆောင်တဲ့ အုပ်စုပါဘဲ။တစ်ကယ်တမ်းပြောရရင် အုပ်စု ၄ စုလောက် ကွဲပေမယ့် ကုန်သွယ်ရေးကိစ္စမှာ အမေရိကန်က တစ်ဖက်၊ တရုတ် - ရုရှား - အီးယူက တစ်ဖက်၊ လူ့အခွင့်အရေးကိစ္စတွေမှာ အမေရိကန်က တစ်ဖက်၊ တူရကီ ဦးဆောင်တဲ့ အစ္စလာမ်မစ်နိုင်ငံတွေက တစ်ဖက်၊ ဒုက္ခသည်အရေးမှာ အမေရိကန်က တစ်ဖက် ဂျာမနီ ဦးဆောင်တဲ့ ဥရောပက တစ်ဖက် အမြင်မတူကြတာတွေကို ဒီညီလာခံမှာ အထင်အရှား တွေ့ခဲ့ရပါတယ်။
    

အဲဒီအစည်းအဝေးမှာ အစ္စလာမစ်နိုင်ငံတွေ ကြီးစိုးတဲ့ OIC နဲ့ တူရကီတို့ ဦးဆောင်တင်လာတဲ့ အမေရိကန် စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ကို တင်ပြီး အရေးယူဖို့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရန့် က ICC မှာ နိုင်ငံတွေကို တရားစီရင်ဖို့ အခွင့်အာဏာမရှိဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။
    

ဒေါ်နယ်လ်ထရန့် က ICC အပေါ်မှာ ထားတဲ့ အမေရိကန်ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ကတော့ အမေရိကန်ရဲ့ အချုပ်အချာအာဏာကို ရွေးကောက်ခံ မဟုတ်တဲ့၊ တာဝန်ခံမှု မရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ ဗျူရိုကရေစီ ယန္တရားတစ်ခုအောက်မှာ အညံ့ခံသွားဖို့ မရှိပါဘူး” လို့ ပြောခဲ့ပါတယ်။ထရန့် ရဲ့ မိန့်ခွန်းက ICC ရဲ့ ရပ်တည်မှုကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သလို အရေးပါမှုကိုလည်း ယုတ်လျော့လာစေခဲ့ပါတယ်။ဒီညီလာခံမှာ ခိုးဝင်အခြေချ ဘင်္ဂါလီတွေ ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာစစ်ဘက် တာဝန်ရှိသူတွေကို ICC တင်ဖို့ OIC နဲ့ ဘင်္ဂလားဒေရှ့်တို့ ကြိုးစားလာမှုက တစ်စုံတစ်ခုထိ ထိရောက်ခဲ့ပေမယ့် အမေရိကန် သမ္မတကိုယ်တိုင်က ICC ကို တရားမဝင်ဘူးလို့ ပြောခဲ့တဲ့အတွက် ကမ္ဘာ့အင်အားကြီး နိုင်ငံက အသိအမှတ်မပြုတဲ့ ICC ရဲ့ အခန်းကဏ္ဍက အရေးပါမှု ယုတ်လျော့ခဲ့ပါတယ်။
    

ဒီညီလာခံမှာဘဲ မလေးရှားက သက်ကြားအို ဝန်ကြီးချုပ် မဟာသီယာ က အစ္စရေး-ပါလက်စတိုင်း ကိစ္စတွေမှာ ပါလက်စတိုင်းတွေဘက်ကနေ လိုက်ပြီးပြောဆိုခဲ့သလို ပါလက်စတိုင်းတွေရဲ့ လွတ်မြောက်မှုအတွက် ကြိုးစားမှုကို ကမ္ဘာကြီးက လျစ်လျူရှုနေခဲ့တယ်လို့ ပြစ်တင်ခဲ့ပါတယ်။ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးကတော့ ဆီးရီးယားနိုင်ငံထဲ စစ်ရေးလှုပ်ရှားနေတဲ့ အမေရိကန်၊ ပြင်သစ်နှင့် တူရကီ တပ်ဖွဲ့တွေ  နိုင်ငံထဲကနေ ချက်ချင်းထွက်ခွာပေးဖို့ ကုလညီလာခံမှာ ပြောခဲ့ပါတယ်။ဒါ့အပြင် ပြည်ပတပ်ဖွဲ့များသည် အကြမ်းဖက်ဝါဒ ကူညီတိုက်ဖျက်ရေး ခေါင်းစဉ်တပ်ပြီး ဆီးရီးယားမြေပေါ်မှာ တပ်စွဲထားတဲ့ အဆိုပါတပ်ဖွဲ့တွေကို တရားမဝင်ကြောင်း ပြောကြားခဲ့ပါတယ်။
    

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ် ကတော့ ညီလာခံမှာ လတ်တလောဖြစ်နေတဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးပိတ်ဆို့မှု၊ ဗြိတိန်နဲ့ ဓာတုလက်နက်ကိစ္စတွေနဲ့ ပတ်သက်ပြီး ဖိအားပေးနေတဲ့အပေါ် အနောက်အုပ်စု နိုင်ငံတွေဟာ ကမ္ဘာမှာ ယှဉ်ပြိုင်ဖက် အင်အားကြီးနိုင်ငံ ထွက်ပေါ်မလာအောင် နိုင်ငံရေးဖိအားပေးတာ၊ စီးပွားရေးဖိအားပေးတာတွေနဲ့ ကျင်သုံးနေတယ်လို့ ပြောခဲ့ပါတယ်။
    

အမေရိကန်နဲ့ ကာလရှည်ရန်ဘက်ဖြစ်ခဲ့တဲ့ မြောက်ကိုရီးယားကတော့ ကုလညီလာခံမှာ နိုင်ငံစဉ်အလိုက် မိန့်ခွန်းပြောကြားရာမှာ ကိုရီးယားကျွန်းဆွယ် နျူလက်နက်ကင်းစင်ရေး ဆွေးနွေးပွဲအခြေအနေ ရပ်ဆိုင်းနေရတာ  ဝါရှင်တန်အစိုးရ စွပ်စွဲခဲ့သလို မြောက်ကိုရီးယားအနေနဲ့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုရှိနေသရွေ့ နျူလက်နက် စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
    

စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့တဲ့ ညီလာခံအစည်းဝေးမှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က အီရန်မှာ လျှို့ဝှက် အဏုမြူသိုလှောင်တစ်ခု ရှိနေတယ်လို့ပြောခဲ့ပြီး  အီရန်ဟာ သူ့ရဲ့ နျူကလီးယားအိပ်မက်ကို မစွန့်လွှတ်သေးဘူးလို့ ပြောခဲ့ပါတယ်။
ဒီအချက်က အမေရိကန်အနေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ခေါင်းထောင်ထလာတဲ့ အီရန်အပေါ် နိုင်ငံရေးနဲ့  ကုန်သွယ်ရေး ဖိအားပေးရာမှာ ပိုအသုံးဝင်စေတဲ့ အကြောင်းပြချက်တစ်ခု ဖြစ်လာတာ အမှန်ပါဘဲ။
    

ညီလာခံအစောပိုင်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရန့် က ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုဖြစ်လာဖို့ တာစူနေတဲ့ တရုတ်နဲ့ ပတ်သက်ပြီး  တရုတ်နိုင်ငံဟာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ မိမိကိုယ်စားပြုသည့် ရီပတ်ဘလစ်ကန်ပါတီ အထိနာအောင် တရုတ်အစိုးရက ကြံစည်နေကြောင်းကို ပြောခဲ့ပါတယ်။ဒါပေမယ့် ဒီလို စွပ်စွဲချက်အတွက် ထရန့် မှာ သေချာတဲ့ သက်သေတွေ မရှိပါဘူး။
    

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တက်ရောက်လာသည့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ထရန့် ၏ စွပ်စွဲချက်များကို ငြင်းဆိုသွားခဲ့သလို တရုတ်အနေဖြင့် အခြားနိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ပါဝင်စွက်ဖက်ရန် အခြေခံမူဝါဒ လုံးဝမရှိကြောင်း ပြောခဲ့ပါတယ်။တစ်ဆက်တည်းမှာဘဲ အဲဒီညီလာခံမှာ ဝမ်ယိ က လက်ရှိဖြစ်နေတဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကို အဆုံးစွန်ထိ ဆွဲခေါ်သွားဖို့မရှိဘူးလို့ ပြောခဲ့ပါတယ်။
    

ဒီလို ပတ်ချာလည် အပြစ်တင်စွပ်စွဲမှုတွေ၊ အုပ်စုဖွဲ့ရပ်တည်ကြတဲ့ ကုလအဖွဲ့ရဲ့ ရပ်တည်မှုဟာ ဒီညီလာခံမှာ နဂိုမူလ ရည်ရွယ်ချက်ကနေ သွေဖယ်ပြီး အင်အားကြီးတဲ့ နိုင်ငံတွေ အဖွဲ့တွေက ထင်သလို လုပ်ခွင့်ရတဲ့ အဖွဲ့တစ်ခုပုံစံ ဖြစ်လာခဲ့ပါတယ်။

    
ကုလညီလာခံ သတင်းတွေက ဒီတစ်ပတ်ဖြစ်ခဲ့တဲ့ ဖိလစ်ပိုင် သမ္မတ ဒူတာတေး က မူးယစ်နှိမ်နင်းရေး စစ်ပွဲမှာ တရားလက်လွန် သတ်ဖြတ်မှုတွေ ရှိခဲ့ကြောင်း ဝန်ခံခဲ့လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI က ရှုတ်ချလိုက်တဲ့ သတင်း၊ တူရကီသမ္မတ အာဒို ဂန် က ဂျာမနီနိုင်ငံ ကိုလုံးမြို့မှာ ဗလီတစ်ခုကို ဖွင့်လှစ်ပေးလို့ ဂျာမနီအစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တဲ့ သတင်း၊ အကြွေးထောင်ချောက်နှင့် ပတ်သက်သော စိုးရိမ်မှုများကြောင့် တရုတ်ပိုးလမ်းမ စီမံကိန်းများကို ပါကစ္စတန်က ပြန်လည်စဉ်းစားမည်ဆိုတဲ့ သတင်း၊ Facebook ကုမ္ပဏီက View As ဆိုတဲ့ Feature ကနေ သန်း ၅၀ နီးပါးရဲ့ အကောင့်တွေ တိုက်ခိုက်ခံရတယ်လို့ ကြေညာလိုက်တဲ့ သတင်း၊ ပါပူဝါနယူးဂီနီ နိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စင်း ဆင်းသက်စဉ် ပြေးလမ်းကနေ အရှိန်လွန်ထွက်သွားပြီး ရေကန်တစ်ခုထဲ ထိုးကျဆင်းသက်ခဲ့တဲ့ သတင်း၊ အိန္ဒိယ မြောက်ပိုင်း ကက်ရှ်မီးယားမှာ အကြမ်းဖက်ဆူပူ တိုက်ခိုက်မှုတွေကြောင့် အိန္ဒိယစစ်သား တစ်ဦးနဲ့ သောင်းကျန်းသူ သူပုန်သုံးဦး သေဆုံးခဲ့တဲ့ သတင်း စတဲ့သတင်းတွေထဲ အများစုစိတ်ဝင်စားစရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

အမေရိကန်ရဲ့ သတိထားစရာ သွေးတိုးစမ်းမှု။
    

နိုင်ငံတကာမှာ နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်နေသလို အာရှဘက်မှာလည်း အမေရိကန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဗြိတိန်နဲ့ တရုတ်တို့ အငြင်းပွားတောင်တရုတ်ပင်လယ်မှာ စစ်ရေးတင်းမှုမှုတွေ၊ ရန်စမှုတွေ စစ်လက်နက်ဖြည့်တင်းမှုတွေ ရှိလာခဲ့ပါတယ်။
    

ရုရှား၏ စစ်လက်နက်များ ဝယ်ယူမှုအတွက် တရုတ်စစ်တပ်ကို အမေရိကန်က ပိတ်ဆို့အရေးယူခဲ့တဲ့ နောက်ပိုင်းမှာ တရုတ်-အမေရိကန် နှစ်နိုင်ငံ တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ဒီရက်သတ္တပတ်အတွင်းမှာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ဘက်က တိုက်လေယာဉ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ကျည်အစစ်တွေသုံးပြီး လုပ်ခဲ့ပါတယ်။
    

ဒီမတိုင်ခင်က အမေရိကန် လေယာဉ်တင်သင်္ဘော အသေးစားဖြစ်တဲ့ USS Wasp ကို ရေတပ်သား တစ်ထောင်ကျော်နှင့်အတူ ဟောင်ကောင်ဆိပ်ကမ်းမှာ ကပ်ဖို့ အမေရိကန်က စီစဉ်ခဲ့ပေမယ့် တရုတ်အစိုးရဘက်က ကန်ကွက်ခဲ့ပါတယ်။ဒါဟာ မကြာခင်က ရုရှား စစ်လက်နက်တွေဝယ်လို့ အမေရိကန်က တရုတ်စစ်လက်နက်ဝယ်တဲ့ အေဂျင်စီတစ်ခုကို အရေးယူခဲ့တာကို တန်ပြန်တာ ဖြစ်သလို ဆိုးရွားနေတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးကိုလည်း ပိုပြီးဆိုးရွားလာဖို့ များနေပါတယ်။
    

ဒီအတောအတွင်းမှာ အမေရိကန်စစ်တပ်က အာဖဂန်စစ်ပွဲမှာ စစ်လက်နက်အသစ်တွေကို အောင်မြင်စွာ ထုတ်သုံးခဲ့ပါတယ်။အာဖဂန်နစ္စတန်မှာ စစ်သွေးကြွတွေကိုတိုက်တဲ့ စစ်ဆင်ရေးတစ်ခုမှာ ဒေါင်လိုက်တက်ဆင်းနိုင်တဲ့ တိုက်လေယာဉ် F-35 B ကို အသုံးပြုနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပြီး USS Essex သင်္ဘောပေါ်တွင် အခြေစိုက်ရာမှ ပျံတက်လာပြီးနောက် လေကြောင်းတိုက်ခိုက်မှု တစ်ခုကို အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း အမေရိကန် စစ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။ဒီတိုက်လေယာဉ်အမျိုးအစားက Lockheed Martin ကုမ္ပဏီကထုတ်လုပ်တဲ့ ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်တွေဖြစ်ပြီး ကမ္ဘာ့ခေတ်အမီဆုံး တိုက်လေယာဉ်တွေအဖြစ် အသိအမှတ်ပြုခံထားရတာ ဖြစ်ပါတယ်။
    

ဒီလို စစ်လက်နက်တွေ ထုတ်သုံးနေသလို အမေရိကန်စစ်တပ်က သုံးစွဲနေတဲ့ နျူကလီးယားဒုံးကျည်တွေကို ကာကွယ်စောင့်ရှောက်တဲ့ UH-1N Huey ရဟတ်ယာဉ်တွေ နေရာမှာ Boeing ကုမ္ပဏီထုတ် MH-139 အမျိုးအစား ရဟတ်ယာဉ်သစ် ၈၄ စီး ဝယ်ယူရန်အတွက် ဒေါ်လာ ၂ ဒသမ ၃၈ ဘီလျံ အသုံးပြုသွားမယ်လို့ ကြေညာခဲ့ပါတယ်။
    

ဆီးရီးယားစစ်၊ ယီမင် ပြည်တွင်းစစ်၊ အီရတ်၊ အာဖဂန် စတဲ့ ဒေသတွင်းစစ်ပွဲတွေကို ဖော်ဆောင်ပြီး စစ်ပွဲတွေကနေ စီးပွားရှာနေတဲ့ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စီးပွားရေးက သတိထားစရာ ဖြစ်လာသလို တောင်တရုတ်ပင်လယ်ဘက် အာရုံစိုက်လာတဲ့ အမေရိကန်ရဲ့ နောက်မွှေးမဲ့ စစ်မီးထဲ ဘယ်အာရှနိုင်ငံတွေ ပါလာရဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

မင်းထက်
အောက်တိုဘာ - ၁

( Zawgyi )

ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့တဲ့ ႏိုင္ငံတကာ သတင္းေတြထဲမွာ  သတိျပဳစရာ သတင္းေတြ ရွိခဲ့ပါတယ္။အထူးသျဖင့္ သဘာဝေဘး သတင္းေတြက ဒီတစ္ပတ္ ထိပ္တန္းသတင္းေတြျဖစ္ခဲ့ၿပီး ဒီသတင္းေတြနဲ႔အၿပိဳင္ ယခုရက္သတၱပတ္အတြင္း က်င္းပတဲ့ ကုလသမဂၢ အေထြေထြညီလာခံ သတင္းေတြက လူေတြကို စိတ္ဝင္စားေအာင္ စြဲေဆာင္ႏိုင္ခဲ့ပါတယ္။
    

ဒီသတင္းေတြက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ ဘာသာေရးဆိုင္ရာ ထူးထူးဆန္းဆန္း သတင္းေတြျဖစ္တဲ့ ဟိႏၵဴဘုရားေက်ာင္းထဲ အသက္ (၁၀) ႏွစ္ကေန (၅၀) ၾကား အမ်ိဳးသမီးေတြ ဝင္ခြင့္တားျမစ္ထားတဲ့ ဝင္ခြင့္ကို အိႏၵိယတရား႐ုံးက ႐ုတ္သိမ္းခဲ့တဲ့ သတင္း၊သိရီလကၤာက ဆီဂီရီယာ ေက်ာက္သားခံတပ္ႏွင့္ ပီဒူရန္ဂါလာ ေက်ာက္တုံးႀကီးေရွ႕မွာ ေဘာင္းဘီခြၽတ္ျပခဲ့တဲ့ သူေတြကို သိရီလကၤာ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တဲ့ သတင္း၊ အိမ္ေထာင္ေရးေဖာက္ျပန္မႈကို ရာဇဝတ္မႈအျဖစ္ သတ္မွတ္ခ်က္ကို  အိႏၵိယ အဆင့္ျမင့္တရား႐ုံးတစ္ခုက ပယ္ဖ်က္လိုက္တဲ့ သတင္းေတြလို သတင္းေတြအျပင္ ကမာၻ႔အႀကီးဆုံး ငါးေဈးျဖစ္တဲ့ ဂ်ပန္ႏိုင္ငံက တဆူကီဂ်ီ ငါးေဈးႀကီးကို ပိတ္သိမ္းလိုက္တဲ့ သတင္းေတြလို အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕မွာ အေဆာက္အအုံတစ္လုံး ၿပိဳက်လို႔ လူငါးဦး ေသဆုံးၿပီး အပ်က္အစီးေတြေအာက္ လူေတြ ပိတ္မိေနတဲ့ သတင္းေတြလို စိတ္ဝင္စားဖြယ္ရာ သတင္းေတြနဲ႔အၿပိဳင္ လူေတြအာ႐ုံကို ဖမ္းစားႏိုင္ခဲ့ပါတယ္။

အေသအေပ်ာက္မ်ားတဲ့  အင္ဒိုငလ်င္ႏွင့္ ဂ်ပန္ကိုဝင္တဲ့ ထရာမီမုန္တိုင္း။
    

ယခုတစ္ပတ္ ကမာၻတစ္လႊားမွာ ဝမ္းနည္းစိတ္မေကာင္းစရာ၊  စိတ္လႈပ္ရွားစရာေကာင္းတဲ့ သဘာဝေဘး သတင္းေတြ ျဖစ္ခဲ့ပါတယ္။အထူးသျဖင့္ အင္ဒိုနီးရွားႏိုင္ငံ ဆူလာေဝစီကြၽန္းကို ဗဟိုျပဳၿပီး အင္အား ၇ ဒသ မ ၅ မဂၢနီက်ဳဒ္ရွိ ငလ်င္လႈပ္ခတ္ခဲ့လို႔  ဆူလာေဝစီကြၽန္းေပၚ ေပ ၂၀ အျမင့္ရွိတဲ့ ဆူနာမီလႈိင္းလုံးေတြ ဝင္လာခဲ့လို႔ လူအေသအေပ်ာက္မ်ားတဲ့ သတင္းနဲ႔ အင္အားျပင္းမုန္တိုင္း ထရာမီ ဂ်ပန္ကို ဝင္ေရာက္လို႔ လူအေသအေပ်ာက္ရွိတဲ့ သတင္းေတြက ဒီတစ္ပတ္ သဘာဝေဘးဒဏ္ သတင္းေတြထဲ သတိထားစရာ သတင္းတစ္ခု ျဖစ္လာခဲ့ပါတယ္။   
    

စက္တင္ဘာ ၂၈ ရက္က ဆူလာေဝစီကြၽန္းကို ဗဟိုျပဳၿပီး အင္အား ၇ ဒသမ ၅ မဂၢနီက်ဳဒ္ရွိ ငလ်င္လႈပ္ခတ္ခဲ့ပါတယ္။ငလ်င္လႈပ္ခတ္ၿပီးေနာက္ အင္ဒိုနီးရွား မိုးေလဝသႏွင့္ ဘူမိေဗဒ ေအဂ်င္စီက ဆူနာမီသတိေပးခ်က္ကို ထုတ္ျပန္ခဲ့ေပမယ့္ ၃၄ မိနစ္အၾကာမွာ ျပန္႐ုပ္သိမ္းခဲ့ပါတယ္။အဲဒီလို႐ုပ္သိမ္းၿပီးေနာက္မွာ ဆူနာမီေရလႈိင္းေတြ ဝင္လာလို႔ လူအေသအေပ်ာက္ မ်ားခဲ့ရပါတယ္။  

ေဒသတြင္း သတင္းထုတ္ျပန္ခ်က္ေတြမွာေတာ့ ဆူလာေဝစီကြၽန္းက ပါလူကမ္းေျခမွာ  ပြဲေတာ္တစ္ခု က်င္းပရန္ လူရာခ်ီစုေဝးေနစဥ္ ေပ ၂၀ အျမင့္ရွိတဲ့ ဆူနာမီေရလႈိင္း ဝင္ေရာက္လာလို႔ လႈိင္းလုံးေတြေအာက္ လူေတြပါသြားခဲ့တာလဲ မ်ားတယ္ဆိုပါတယ္။
ခန႔္မွန္းတြက္ခ်က္မႈေတြမွာေတာ့ ဆူလာေဝစီကြၽန္း အလယ္ပိုင္း ေျမေအာက္အနက္ ၆ ဒသမ ၂ မိုင္ (၁၀ ကီလိုမီတာ) ကို ဗဟိုျပဳၿပီး ေဇာက္တိမ္တဲ့ ငလ်င္လႈပ္ခဲ့လို႔ ဆူနာမီျဖစ္ေပၚတာ ျမန္လြန္းၿပီး  ဆူနာမီေရလႈိင္းဟာ ကမ္း႐ိုးတန္းသို႔ မေရာက္မီ တစ္နာရီ အမ်ားဆုံး မိုင္ ၅၀၀ အရွိန္နဲ႔ ပင္လယ္ျပင္ကေန တစ္ရွိန္ထိုး ေ႐ြ႕လွ်ားလာတာလို႔ ဆိုပါတယ္။ဒီအရွိန္နဲ႔ ေပ ၂၀ အျမင့္ရွိတဲ့ လႈိင္းလုံးေတြေၾကာင့္ ဆူလာေဝစီကြၽန္းတစ္ခုလုံး အပ်က္အစီးေတြ မ်ားခဲ့သလို ေနအိမ္၊ အေဆာက္အအုံေတြ ေရနဲ႔ေမ်ာပါၿပီး ေဒသခံေတြ ကုန္းျမင့္ပိုင္းကို ေျပးေနရတဲ့ ဗီဒီယိုဖိုင္ေတြ ထြက္ေပၚလာခဲ့ပါတယ္။

မၾကာခင္ကပဲ ငလ်င္ဒဏ္ကို ခံခဲ့ရတဲ့ အင္ဒိုအတြက္ ယခုငလ်င္က ၂၀၀၄ ခုႏွစ္က လူတစ္သိန္းခြဲေက်ာ္ ေသဆုံးခဲ့တဲ့  အင္ဒိုငလ်င္ႀကီးကို သတိရစရာ ျဖစ္ခဲ့ပါတယ္။အထူးသျဖင့္ ဆူနာမီသတိေပးခ်က္ကို ထုတ္ျပန္ၿပီးမွ ျပန္႐ုပ္သိမ္းခဲ့တဲ့ အင္ဒိုနီးရွား မိုးေလဝသႏွင့္ ဘူမိေဗဒ ေအဂ်င္စီအေနနဲ႔ ယခုသဘာဝေဘးမွာ အေဝဖန္ခံရဆုံးျဖစ္ေနသလို အေရးယူမႈေတြပါ ျဖစ္လာႏိုင္စရာ ရွိေနပါတယ္။

လက္ရွိမွာ ငလ်င္ေၾကာင့္ ေသဆုံးသူ အေရအတြက္က ၈၃၂ ဦးအထိ ရွိလာၿပီးလို႔ အင္ဒိုနီးရွား အမ်ိဳးသားသဘာဝေဘးဆိုင္ရာ ေအဂ်င္စီက စက္တင္ဘာ ၃၀ ရက္က ေျပာၾကားခဲ့ၿပီး လက္ရွိမွာ အင္ဒိုနီးရွားစစ္တပ္ကို အဆိုပါဆူနာမီေဘးဒဏ္ခံရတဲ့ ဆူလာေဝစီကြၽန္းကို လႊတ္ထားပါတယ္။
ေဒသအာဏာပိုင္ေတြကေတာ့ အပ်က္အစီးေတြၾကား ပိတ္မိေနႏိုင္တဲ့သူေတြ၊ ဒဏ္ရာရသူေတြကို ကယ္တင္ဖို႔ ႀကိဳးစားေနၿပီး ေနာက္ဆက္တြဲငလ်င္ေတြ ထပ္လႈပ္ခတ္ႏိုင္လို႔ အေဆာက္အအုံထဲ မေနဖို႔ သတိေပးခဲ့တာေတြလည္း ရွိပါတယ္။

ငလ်င္ျဖစ္ၿပီဆိုတာနဲ႔ ဆူနာမီကို သတိထားရမွာျဖစ္ၿပီး ယခုျဖစ္ရပ္က ေပါ့ေလ်ာ့မႈေၾကာင့္ ေဒသခံေတြ ျပင္ဆင္မႈေလ်ာ့ခ်လိုက္ခ်ိန္မွာ ေရလႈိင္းေတြဝင္လာတာ ျဖစ္တဲ့အတြက္ တာဝန္ယူမႈ တာဝန္ခံမႈ နည္းတဲ့ အာရွေဒသက လူေတြအတြက္ ဒါက သတိထားစရာ ကိစၥတစ္ခုပါဘဲ။

ဒီလို ငလ်င္ေၾကာင့္ ေရွာ့ခ္မိေနတဲ့ အာရွအတြက္ ယခုႏွစ္ တိုင္ဖြန္းရာသီရဲ႕ ေနာက္ဆုံးလာတဲ့ တိုင္ဖြန္းမုန္တိုင္းလို႔ ေျပာလို႔ရမယ့္ တိုင္ဖြန္းမုန္တိုင္း ထရာမီဟာ စက္တင္ဘာ ၂၉ က ႀကိဳတင္တြက္ခ်က္ထားတဲ့အတိုင္း ဂ်ပန္ႏိုင္ငံရဲ႕ ေတာင္ပိုင္း အိုကီနာဝါကြၽန္းကို  ဝင္ေရာက္ခဲ့ပါတယ္။

အာဏာပိုင္ေတြက မုန္တိုင္းေဘးကေနလြတ္ဖို႔ ေဒသခံေတြကို ႀကိဳတင္ေ႐ႊ႕ေျပာင္းၿပီး ျပင္ဆင္ခဲ့ေပမယ့္ မုန္တိုင္းဝင္ခ်ိန္မွာ ေဒသခံ ၁၇ ေယာက္ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

တစ္နာရီလွ်င္ ေလတိုက္ႏႈန္း ၁၃၄ မိုင္အထိရွိတဲ့ အလြန္အားျပင္းတဲ့ တိုင္ဖြန္းမုန္တိုင္း ထရာမီဟာ မိုးေလဝသပညာရွင္ေတြ ခန႔္မွန္းခ်က္မွာေတာ့ စက္တင္ဘာ ၂၉ မွာ အိုကီနာဝါကြၽန္း၊ စက္တင္ဘာ ၃၀ မွာ ဂ်ပန္ျပည္မႀကီးကို တည့္တည့္ဝင္တိုး တိုက္ခတ္ကာ ဂ်ပန္ႏိုင္ငံတစ္ဝန္း ဆိုး႐ြားတဲ့ ရာသီဥတုကို ျဖစ္ေပၚေစလိမ့္မယ္လို႔ ခန႔္မွန္းထားၾကတာပါ။ေလာေလာဆယ္မွာေတာ့ မုန္တိုင္း ထရာမီက ဂ်ပန္ႏိုင္ငံ ေတာင္ပိုင္းနဲ႔ အေနာက္ပိုင္း ကြၽန္းေတြကို ဝင္ေရာက္တိုက္ခတ္ခဲ့လို႔ ၆၆ ဦး ဒဏ္ရာရၿပီး တစ္ဦးေပ်ာက္ဆုံးေနပါတယ္။အားျပင္းတဲ့ မုန္တိုင္းက ဂ်ပန္ႏိုင္ငံရဲ႕ အဓိကကြၽန္းေတြကို ဆက္တိုးဝင္ေနတဲ့အတြက္ ဂ်ပန္ အေနာက္ပိုင္းႏွင့္ ေတာင္ပိုင္းက က်ည္ဆန္ရထားခရီးစဥ္မ်ားႏွင့္ ေလေၾကာင္းခရီးစဥ္ ၁,၁၀၀ ေက်ာ္ ဖ်က္သိမ္းခဲ့ရပါတယ္။

ဂ်ပန္ မိုးေလဝသေအဂ်င္စီကေတာ့ မုန္တိုင္း ထရာမီ တိုက္ခတ္တဲ့ လမ္းေၾကာင္းတစ္ေလွ်ာက္ျဖစ္တဲ့ ဂ်ပန္ႏိုင္ငံတစ္ဝန္း ေလျပင္းမ်ား၊ မိုးသည္းထန္စြာ ႐ြာသြန္းမႈတို႔ေၾကာင့္ ေရႀကီးေရလွ်ံမႈ၊ ေျမၿပိဳမႈႏွင့္ မိုးႀကိဳးမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း သတိေပးထားပါတယ္။

စက္တင္ဘာလထဲမွာ ငလ်င္ေတြ မုန္တိုင္းေတြေၾကာင့္ အထိနာေနတဲ့ ဂ်ပန္ႏိုင္ငံအတြက္ ျပန္လည္နလံထူဖို႔ လုပ္ေဆာင္ေနခ်ိန္မွာ ယခုလို မုန္တိုင္း ထရာမီ ဝင္လာလို႔ အခက္ေတြ႕ေပမယ့္ သဘာဝေဘးဒဏ္ေတြနဲ႔ ယဥ္ပါးေနတဲ့ ဂ်ပန္အတြက္ ဒီေဘးဒဏ္ေတြကေန ဘယ္လို႐ုန္းထလာမလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္သလို ႀကိဳတင္ျပင္ဆင္မႈ အားေကာင္းလို႔ လူအေသအေပ်ာက္နည္းတဲ့ ဂ်ပန္အာဏာပိုင္ေတြရဲ႕ စနစ္ကလည္း အာရွေဒသအတြက္ အတုယူစရာ ျဖစ္လာခဲ့ပါတယ္။

ဒီသတင္းႏွစ္ပုဒ္က ဒီတစ္ပတ္မွာ သဘာဝေဘးေၾကာင့္ျဖစ္တဲ့ သတင္းေတြထဲ သတိထား ေစာင့္ဖတ္ရတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။
 

စစ္ေအးေခတ္ေနာက္ပိုင္း အျမင့္ဆုံးတင္းမာမႈျဖစ္လာတဲ့ ကုလအေထြေထြညီလာခံ။
    

စက္တင္ဘာ စတုတၳပတ္ စတင္က်င္းပခဲ့တဲ့ ကုလသမဂၢ အေထြေထြညီလာခံဟာ ဆိုဗီယက္ျပည္ေထာင္စု ၿပိဳကြဲၿပီး စစ္ေအးခတ္ကာလ အဆုံးသတ္ၿပီးေနာက္မွာ အသံအက်ယ္ဆုံးထြက္ကာ တင္းမာမႈမ်ားစြာ ျဖစ္ေပၚခဲ့တဲ့ ညီလာခံ ျဖစ္ခဲ့ပါတယ္။ဒီညီလာခံမွာ အညီၫြတ္ဆုံးက OIC အဖြဲ႕ဝင္ေတြျဖစ္တဲ့ အစၥလာမ္မစ္ႏိုင္ငံေတြနဲ႔ ထိပ္တိုက္ေတြ႕တဲ့ အေမရိကန္၊ ေနာက္ ႐ုရွား ဦးေဆာင္တဲ့ အုပ္စုပါဘဲ။တစ္ကယ္တမ္းေျပာရရင္ အုပ္စု ၄ စုေလာက္ ကြဲေပမယ့္ ကုန္သြယ္ေရးကိစၥမွာ အေမရိကန္က တစ္ဖက္၊ တ႐ုတ္ - ႐ုရွား - အီးယူက တစ္ဖက္၊ လူ႔အခြင့္အေရးကိစၥေတြမွာ အေမရိကန္က တစ္ဖက္၊ တူရကီ ဦးေဆာင္တဲ့ အစၥလာမ္မစ္ႏိုင္ငံေတြက တစ္ဖက္၊ ဒုကၡသည္အေရးမွာ အေမရိကန္က တစ္ဖက္ ဂ်ာမနီ ဦးေဆာင္တဲ့ ဥေရာပက တစ္ဖက္ အျမင္မတူၾကတာေတြကို ဒီညီလာခံမွာ အထင္အရွား ေတြ႕ခဲ့ရပါတယ္။
    

အဲဒီအစည္းအေဝးမွာ အစၥလာမစ္ႏိုင္ငံေတြ ႀကီးစိုးတဲ့ OIC နဲ႔ တူရကီတို႔ ဦးေဆာင္တင္လာတဲ့ အေမရိကန္ စစ္ဖက္ဆိုင္ရာ တာဝန္ရွိသူေတြကို အျပည္ျပည္ဆိုင္ရာ ရာဇဝတ္ခုံ႐ုံး (ICC) ကို တင္ၿပီး အေရးယူဖို႔ လုပ္ေဆာင္မႈေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္ သမၼတ ေဒၚနယ္လ္ထရန႔္ က ICC မွာ ႏိုင္ငံေတြကို တရားစီရင္ဖို႔ အခြင့္အာဏာမရွိဘူးလို႔ ျပတ္ျပတ္သားသား ေျပာဆိုခဲ့ပါတယ္။
    

ေဒၚနယ္လ္ထရန႔္ က ICC အေပၚမွာ ထားတဲ့ အေမရိကန္ရဲ႕ သေဘာထားနဲ႔ ပတ္သက္ၿပီး “ကြၽန္ေတာ္တို႔ကေတာ့ အေမရိကန္ရဲ႕ အခ်ဳပ္အခ်ာအာဏာကို ေ႐ြးေကာက္ခံ မဟုတ္တဲ့၊ တာဝန္ခံမႈ မရွိတဲ့ ကမာၻလုံးဆိုင္ရာ ဗ်ဴ႐ိုကေရစီ ယႏၲရားတစ္ခုေအာက္မွာ အညံ့ခံသြားဖို႔ မရွိပါဘူး” လို႔ ေျပာခဲ့ပါတယ္။ထရန႔္ ရဲ႕ မိန႔္ခြန္းက ICC ရဲ႕ ရပ္တည္မႈကို ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့သလို အေရးပါမႈကိုလည္း ယုတ္ေလ်ာ့လာေစခဲ့ပါတယ္။ဒီညီလာခံမွာ ခိုးဝင္အေျခခ် ဘဂၤါလီေတြ ျပႆနာနဲ႔ ပတ္သက္ၿပီး ျမန္မာစစ္ဘက္ တာဝန္ရွိသူေတြကို ICC တင္ဖို႔ OIC နဲ႔ ဘဂၤလားေဒရွ႕္တို႔ ႀကိဳးစားလာမႈက တစ္စုံတစ္ခုထိ ထိေရာက္ခဲ့ေပမယ့္ အေမရိကန္ သမၼတကိုယ္တိုင္က ICC ကို တရားမဝင္ဘူးလို႔ ေျပာခဲ့တဲ့အတြက္ ကမာၻ႔အင္အားႀကီး ႏိုင္ငံက အသိအမွတ္မျပဳတဲ့ ICC ရဲ႕ အခန္းက႑က အေရးပါမႈ ယုတ္ေလ်ာ့ခဲ့ပါတယ္။
    

ဒီညီလာခံမွာဘဲ မေလးရွားက သက္ၾကားအို ဝန္ႀကီးခ်ဳပ္ မဟာသီယာ က အစၥေရး-ပါလက္စတိုင္း ကိစၥေတြမွာ ပါလက္စတိုင္းေတြဘက္ကေန လိုက္ၿပီးေျပာဆိုခဲ့သလို ပါလက္စတိုင္းေတြရဲ႕ လြတ္ေျမာက္မႈအတြက္ ႀကိဳးစားမႈကို ကမာၻႀကီးက လ်စ္လ်ဴရႈေနခဲ့တယ္လို႔ ျပစ္တင္ခဲ့ပါတယ္။ဆီးရီးယား ႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ ဆီးရီးယားႏိုင္ငံထဲ စစ္ေရးလႈပ္ရွားေနတဲ့ အေမရိကန္၊ ျပင္သစ္ႏွင့္ တူရကီ တပ္ဖြဲ႕ေတြ  ႏိုင္ငံထဲကေန ခ်က္ခ်င္းထြက္ခြာေပးဖို႔ ကုလညီလာခံမွာ ေျပာခဲ့ပါတယ္။ဒါ့အျပင္ ျပည္ပတပ္ဖြဲ႕မ်ားသည္ အၾကမ္းဖက္ဝါဒ ကူညီတိုက္ဖ်က္ေရး ေခါင္းစဥ္တပ္ၿပီး ဆီးရီးယားေျမေပၚမွာ တပ္စြဲထားတဲ့ အဆိုပါတပ္ဖြဲ႕ေတြကို တရားမဝင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
    

႐ုရွား ႏိုင္ငံျခားေရးဝန္ႀကီး ဆာဂ်ီလက္ေရာ့ဗ္ ကေတာ့ ညီလာခံမွာ လတ္တေလာျဖစ္ေနတဲ့ အေမရိကန္နဲ႔ ကုန္သြယ္ေရးပိတ္ဆို႔မႈ၊ ၿဗိတိန္နဲ႔ ဓာတုလက္နက္ကိစၥေတြနဲ႔ ပတ္သက္ၿပီး ဖိအားေပးေနတဲ့အေပၚ အေနာက္အုပ္စု ႏိုင္ငံေတြဟာ ကမာၻမွာ ယွဥ္ၿပိဳင္ဖက္ အင္အားႀကီးႏိုင္ငံ ထြက္ေပၚမလာေအာင္ ႏိုင္ငံေရးဖိအားေပးတာ၊ စီးပြားေရးဖိအားေပးတာေတြနဲ႔ က်င္သုံးေနတယ္လို႔ ေျပာခဲ့ပါတယ္။
    

အေမရိကန္နဲ႔ ကာလရွည္ရန္ဘက္ျဖစ္ခဲ့တဲ့ ေျမာက္ကိုရီးယားကေတာ့ ကုလညီလာခံမွာ ႏိုင္ငံစဥ္အလိုက္ မိန႔္ခြန္းေျပာၾကားရာမွာ ကိုရီးယားကြၽန္းဆြယ္ န်ဴလက္နက္ကင္းစင္ေရး ေဆြးေႏြးပြဲအေျခအေန ရပ္ဆိုင္းေနရတာ  ဝါရွင္တန္အစိုးရ စြပ္စြဲခဲ့သလို ေျမာက္ကိုရီးယားအေနနဲ႔ အေမရိကန္ရဲ႕ အေရးယူပိတ္ဆို႔မႈရွိေနသေ႐ြ႕ န်ဴလက္နက္ စြန႔္လႊတ္မွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။
    

စက္တင္ဘာ ၂၇ ရက္က က်င္းပခဲ့တဲ့ ညီလာခံအစည္းေဝးမွာ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟု က အီရန္မွာ လွ်ိဳ႕ဝွက္ အဏုျမဴသိုေလွာင္တစ္ခု ရွိေနတယ္လို႔ေျပာခဲ့ၿပီး  အီရန္ဟာ သူ႔ရဲ႕ န်ဴကလီးယားအိပ္မက္ကို မစြန႔္လႊတ္ေသးဘူးလို႔ ေျပာခဲ့ပါတယ္။
ဒီအခ်က္က အေမရိကန္အေနနဲ႔ အေရွ႕အလယ္ပိုင္းေဒသမွာ ေခါင္းေထာင္ထလာတဲ့ အီရန္အေပၚ ႏိုင္ငံေရးနဲ႔  ကုန္သြယ္ေရး ဖိအားေပးရာမွာ ပိုအသုံးဝင္ေစတဲ့ အေၾကာင္းျပခ်က္တစ္ခု ျဖစ္လာတာ အမွန္ပါဘဲ။
    

ညီလာခံအေစာပိုင္းက အေမရိကန္ သမၼတ ေဒၚနယ္လ္ထရန႔္ က ကမာၻ႔အင္အားႀကီး ႏိုင္ငံတစ္ခုျဖစ္လာဖို႔ တာစူေနတဲ့ တ႐ုတ္နဲ႔ ပတ္သက္ၿပီး  တ႐ုတ္ႏိုင္ငံဟာ ႏိုဝင္ဘာလအတြင္း က်င္းပမယ့္ အေမရိကန္ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ မိမိကိုယ္စားျပဳသည့္ ရီပတ္ဘလစ္ကန္ပါတီ အထိနာေအာင္ တ႐ုတ္အစိုးရက ႀကံစည္ေနေၾကာင္းကို ေျပာခဲ့ပါတယ္။ဒါေပမယ့္ ဒီလို စြပ္စြဲခ်က္အတြက္ ထရန႔္ မွာ ေသခ်ာတဲ့ သက္ေသေတြ မရွိပါဘူး။
    

ကုလသမဂၢ လုံၿခဳံေရးေကာင္စီသို႔ တက္ေရာက္လာသည့္ တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိ က ထရန႔္ ၏ စြပ္စြဲခ်က္မ်ားကို ျငင္းဆိုသြားခဲ့သလို တ႐ုတ္အေနျဖင့္ အျခားႏိုင္ငံတစ္ခု၏ ျပည္တြင္းေရးကို ပါဝင္စြက္ဖက္ရန္ အေျခခံမူဝါဒ လုံးဝမရွိေၾကာင္း ေျပာခဲ့ပါတယ္။တစ္ဆက္တည္းမွာဘဲ အဲဒီညီလာခံမွာ ဝမ္ယိ က လက္ရွိျဖစ္ေနတဲ့ အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးစစ္ပြဲကို အဆုံးစြန္ထိ ဆြဲေခၚသြားဖို႔မရွိဘူးလို႔ ေျပာခဲ့ပါတယ္။
    

ဒီလို ပတ္ခ်ာလည္ အျပစ္တင္စြပ္စြဲမႈေတြ၊ အုပ္စုဖြဲ႕ရပ္တည္ၾကတဲ့ ကုလအဖြဲ႕ရဲ႕ ရပ္တည္မႈဟာ ဒီညီလာခံမွာ နဂိုမူလ ရည္႐ြယ္ခ်က္ကေန ေသြဖယ္ၿပီး အင္အားႀကီးတဲ့ ႏိုင္ငံေတြ အဖြဲ႕ေတြက ထင္သလို လုပ္ခြင့္ရတဲ့ အဖြဲ႕တစ္ခုပုံစံ ျဖစ္လာခဲ့ပါတယ္။

    
ကုလညီလာခံ သတင္းေတြက ဒီတစ္ပတ္ျဖစ္ခဲ့တဲ့ ဖိလစ္ပိုင္ သမၼတ ဒူတာေတး က မူးယစ္ႏွိမ္နင္းေရး စစ္ပြဲမွာ တရားလက္လြန္ သတ္ျဖတ္မႈေတြ ရွိခဲ့ေၾကာင္း ဝန္ခံခဲ့လို႔ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာေရးအဖြဲ႕ AI က ရႈတ္ခ်လိုက္တဲ့ သတင္း၊ တူရကီသမၼတ အာဒို ဂန္ က ဂ်ာမနီႏိုင္ငံ ကိုလုံးၿမိဳ႕မွာ ဗလီတစ္ခုကို ဖြင့္လွစ္ေပးလို႔ ဂ်ာမနီအစိုးရကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့တဲ့ သတင္း၊ အေႂကြးေထာင္ေခ်ာက္ႏွင့္ ပတ္သက္ေသာ စိုးရိမ္မႈမ်ားေၾကာင့္ တ႐ုတ္ပိုးလမ္းမ စီမံကိန္းမ်ားကို ပါကစၥတန္က ျပန္လည္စဥ္းစားမည္ဆိုတဲ့ သတင္း၊ Facebook ကုမၸဏီက View As ဆိုတဲ့ Feature ကေန သန္း ၅၀ နီးပါးရဲ႕ အေကာင့္ေတြ တိုက္ခိုက္ခံရတယ္လို႔ ေၾကညာလိုက္တဲ့ သတင္း၊ ပါပူဝါနယူးဂီနီ ႏိုင္ငံမွာ ခရီးသည္တင္ ေလယာဥ္တစ္စင္း ဆင္းသက္စဥ္ ေျပးလမ္းကေန အရွိန္လြန္ထြက္သြားၿပီး ေရကန္တစ္ခုထဲ ထိုးက်ဆင္းသက္ခဲ့တဲ့ သတင္း၊ အိႏၵိယ ေျမာက္ပိုင္း ကက္ရွ္မီးယားမွာ အၾကမ္းဖက္ဆူပူ တိုက္ခိုက္မႈေတြေၾကာင့္ အိႏၵိယစစ္သား တစ္ဦးနဲ႔ ေသာင္းက်န္းသူ သူပုန္သုံးဦး ေသဆုံးခဲ့တဲ့ သတင္း စတဲ့သတင္းေတြထဲ အမ်ားစုစိတ္ဝင္စားစရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

အေမရိကန္ရဲ႕ သတိထားစရာ ေသြးတိုးစမ္းမႈ။
    

ႏိုင္ငံတကာမွာ ႏိုင္ငံေရးဆိုင္ရာ အက်ပ္အတည္းေတြ ျဖစ္ေနသလို အာရွဘက္မွာလည္း အေမရိကန္နဲ႔ မဟာမိတ္ျဖစ္တဲ့ ၿဗိတိန္နဲ႔ တ႐ုတ္တို႔ အျငင္းပြားေတာင္တ႐ုတ္ပင္လယ္မွာ စစ္ေရးတင္းမႈမႈေတြ၊ ရန္စမႈေတြ စစ္လက္နက္ျဖည့္တင္းမႈေတြ ရွိလာခဲ့ပါတယ္။
    

႐ုရွား၏ စစ္လက္နက္မ်ား ဝယ္ယူမႈအတြက္ တ႐ုတ္စစ္တပ္ကို အေမရိကန္က ပိတ္ဆို႔အေရးယူခဲ့တဲ့ ေနာက္ပိုင္းမွာ တ႐ုတ္-အေမရိကန္ ႏွစ္ႏိုင္ငံ တင္းမာမႈမ်ား ပိုမိုျမင့္တက္လာခဲ့ပါတယ္။ ဒီရက္သတၱပတ္အတြင္းမွာ ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္ဘက္က တိုက္ေလယာဥ္ေတြနဲ႔ စစ္ေရးေလ့က်င့္မႈေတြကို က်ည္အစစ္ေတြသုံးၿပီး လုပ္ခဲ့ပါတယ္။
    

ဒီမတိုင္ခင္က အေမရိကန္ ေလယာဥ္တင္သေဘၤာ အေသးစားျဖစ္တဲ့ USS Wasp ကို ေရတပ္သား တစ္ေထာင္ေက်ာ္ႏွင့္အတူ ေဟာင္ေကာင္ဆိပ္ကမ္းမွာ ကပ္ဖို႔ အေမရိကန္က စီစဥ္ခဲ့ေပမယ့္ တ႐ုတ္အစိုးရဘက္က ကန္ကြက္ခဲ့ပါတယ္။ဒါဟာ မၾကာခင္က ႐ုရွား စစ္လက္နက္ေတြဝယ္လို႔ အေမရိကန္က တ႐ုတ္စစ္လက္နက္ဝယ္တဲ့ ေအဂ်င္စီတစ္ခုကို အေရးယူခဲ့တာကို တန္ျပန္တာ ျဖစ္သလို ဆိုး႐ြားေနတဲ့ တ႐ုတ္-အေမရိကန္ ဆက္ဆံေရးကိုလည္း ပိုၿပီးဆိုး႐ြားလာဖို႔ မ်ားေနပါတယ္။
    

ဒီအေတာအတြင္းမွာ အေမရိကန္စစ္တပ္က အာဖဂန္စစ္ပြဲမွာ စစ္လက္နက္အသစ္ေတြကို ေအာင္ျမင္စြာ ထုတ္သုံးခဲ့ပါတယ္။အာဖဂန္နစၥတန္မွာ စစ္ေသြးႂကြေတြကိုတိုက္တဲ့ စစ္ဆင္ေရးတစ္ခုမွာ ေဒါင္လိုက္တက္ဆင္းႏိုင္တဲ့ တိုက္ေလယာဥ္ F-35 B ကို အသုံးျပဳႏိုင္ခဲ့တယ္လို႔ ေၾကညာခဲ့ၿပီး USS Essex သေဘၤာေပၚတြင္ အေျခစိုက္ရာမွ ပ်ံတက္လာၿပီးေနာက္ ေလေၾကာင္းတိုက္ခိုက္မႈ တစ္ခုကို ေအာင္ျမင္စြာျပဳလုပ္ခဲ့ေၾကာင္း အေမရိကန္ စစ္ဘက္က ထုတ္ျပန္ခဲ့ပါတယ္။ဒီတိုက္ေလယာဥ္အမ်ိဳးအစားက Lockheed Martin ကုမၸဏီကထုတ္လုပ္တဲ့ ပၪၥမမ်ိဳးဆက္ ကိုယ္ေပ်ာက္ တိုက္ေလယာဥ္ေတြျဖစ္ၿပီး ကမာၻ႔ေခတ္အမီဆုံး တိုက္ေလယာဥ္ေတြအျဖစ္ အသိအမွတ္ျပဳခံထားရတာ ျဖစ္ပါတယ္။
    

ဒီလို စစ္လက္နက္ေတြ ထုတ္သုံးေနသလို အေမရိကန္စစ္တပ္က သုံးစြဲေနတဲ့ န်ဴကလီးယားဒုံးက်ည္ေတြကို ကာကြယ္ေစာင့္ေရွာက္တဲ့ UH-1N Huey ရဟတ္ယာဥ္ေတြ ေနရာမွာ Boeing ကုမၸဏီထုတ္ MH-139 အမ်ိဳးအစား ရဟတ္ယာဥ္သစ္ ၈၄ စီး ဝယ္ယူရန္အတြက္ ေဒၚလာ ၂ ဒသမ ၃၈ ဘီလ်ံ အသုံးျပဳသြားမယ္လို႔ ေၾကညာခဲ့ပါတယ္။
    

ဆီးရီးယားစစ္၊ ယီမင္ ျပည္တြင္းစစ္၊ အီရတ္၊ အာဖဂန္ စတဲ့ ေဒသတြင္းစစ္ပြဲေတြကို ေဖာ္ေဆာင္ၿပီး စစ္ပြဲေတြကေန စီးပြားရွာေနတဲ့ အေမရိကန္နဲ႔ မဟာမိတ္ေတြရဲ႕ စီးပြားေရးက သတိထားစရာ ျဖစ္လာသလို ေတာင္တ႐ုတ္ပင္လယ္ဘက္ အာ႐ုံစိုက္လာတဲ့ အေမရိကန္ရဲ႕ ေနာက္ေမႊးမဲ့ စစ္မီးထဲ ဘယ္အာရွႏိုင္ငံေတြ ပါလာရဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

မင္းထက္
ေအာက္တိုဘာ - ၁