【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အစ္စရေးစီးနင်းမှု

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အစ္စရေးစီးနင်းမှု

ယခုရက်သတ္တပတ် သတင်းတွေထဲ သတိထားရလောက်အောင် ဖြစ်ခဲ့ရတဲ့သတင်း‌တွေ ရှိခဲ့ပါတယ်။ဂါဇာကမ်းမြှောင်ကနေ အစ္စရေးမြို့ကြီးတွေကို ဂါရတ်ဒုံးကျည်တွေနဲ့ ဂျီဟဒ်စစ်သွေးကြွတွေက တိုက်ခိုက်တဲ့အတွက် အစ္စရေးက ဂါဇာကို ပြန်စီးနင်းတိုက်ခိုက်ခဲ့တဲ့ သတင်းတွေ၊ ရာသီဥတုနဲ့ ပတ်သက်ရင်လည်း ဗင်းနစ်မြို့သမိုင်းမှာ နှစ် ၅၀  အတွင်း ပင်လယ်ဒီရေကြောင့် မြို့ကိုရေလွှမ်းခဲ့တဲ့ သတင်းတွေ၊ အာရှနဲ့ ကမ္ဘာတစ်ဝန်းမှာ အကြမ်းဖက်တိုက်ခိုက်မှု သတင်းတွေက ယခုရက်သတ္တပတ် သတင်းမီဒီယာတွေရဲ့ မျက်နှာဖုံးသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ရေကြီးမှုတွေက သတိပေးချက်လား

ယခုရက်သတ္တပတ်ထဲ သဘာဝဘးဆိုင်ရာ သတင်းတွေထဲမှာ ထိပ်ဆုံးကရှိခဲ့တာက ဗင်းနစ်မြို့ ရေဘေးသတင်းပါဘဲ။ပုံမှန်အားဖြင့်ဆိုရင် ဗင်းနစ်ဆိုတာ တူးမြောင်းတွေနဲ့ ဥရောပရဲ့တစ်ခုတည်းသော ရေလမ်းကိုအားထားရတဲ့ မြိုကြီးတစ်ခုပါဘဲ။ဒီတစ်ခါမှာတော့ ဗင်းနစ်မြို့ရဲ့ ရေမဖုံးခဲ့တဲ့နေရာတွေ အပါအဝင် ဗင်းနစ်မြို့တစ်ခုလုံး ရေအောက်ကိုရောက်ခဲ့ပါတယ်။ဒါက စံချိန်တင် ပင်လယ်ဒီရေ မြင့်တက်မှုကြောင့်ပါ။

ယခုရက်ပိုင်းထဲ ပင်လယ်ဒီရေ မြင့်တက်မှုကြောင့် ဗင်းနစ်မြို့ရှိ အဆောက်အအုံ၊ နေအိမ်များပါ ရေကြီးရေလွှမ်းခဲ့တာပါ။ဗင်းနစ်မြို့ ပင်လယ်ဒီရေ စောင့်ကြည့်ရေးစင်တာက ထုတ်ပြန်ချက်မှာတော့ ပင်လယ်ဒီရေဟာ ရေမျက်နှာပြင်အနိမ့်အမြင့် ၁ ဒသမ ၉၀ မီတာ (ခြောက်ပေ) ခန့်ကို ရောက်ရှိ သို့မဟုတ် ကျော်လွန်သွားဖွယ် ရှိနေတယ်ဆိုပြီး သတိပေးရတဲ့အထိ ရေကမြင့်တက်ခဲ့ပါတယ်။

ဒီလိုရေကြီးမှုက မြို့ရဲ့ နှစ်ငါးဆယ်သမိုင်းမှာ အဆိုးဝါးဆုံး ရေကြီးရေလျှံမှုပါဘဲ။ဒီအတွက် သက်ဆိုင်ရာ အီတလီအစိုးရက အရေးပေါ်အခြေအနေတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ရပါတယ်။ထူးကဲဒီရေ မြင့်တက်မှုကြောင့် မြို့တွင်းရှိ ဘုရားရှိခိုးကျောင်းများ၊ ဈေးဆိုင်များ၊ နေအိမ်များတွင် ရေလွှမ်းမိုးမှုနှင့် ကြုံတွေ့နေရကာ ဆုံးရှုံးရမှုက ယူရို သန်းရာနဲ့ချီ ဆုံးရှုံးဖွယ်ရှိတယ် ဆိုပါတယ်။ဒါဟာ မကြာခင်က ထုတ်ပြန်ခဲ့တဲ့  ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲပြင်တွေ အရည်ပျော်တာနဲ့ ပင်လယ်ရေအောက်ရောက်မယ်ဆိုတဲ့ မြိုကြီးတွေထဲပါတဲ့ မြို့တွေ လျှပ်တပြက် ရင်ဆိုင်ရမယ့် အခြေအနေကို မျက်ဝါးထင်ထင် မြင်လိုက်ရတာဖြစ်သလို ပညာရှင်တွေရဲ့ ခန့်မှန်းချက်ကို အရေးတယူလုပ် ပြင်ဆင်သင့်ပြီ ဆိုတာကိုလည်း ထပ်ပြီးအတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလို ဗင်းနစ်မြို့တစ်ခုလုံး ရေကြီးနေချိန်မှာ အင်ဒိုနီးရှားမှာတော့ အင်အားပြင်းငလျင် လှုပ်နေပါတယ်။အာရှမှာ လှုပ်ခဲ့တဲ့ ဒီငလျင်က အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၁ မဂ္ဂနီကျုဒ် ရှိပြီး အင်ဒိုနီးရှားနိုင်ငံ တာနိတ်မြို့ အနောက်မြောက်ဘက် ၁၃၉ ကီလိုမီတာအကွာ ပင်လယ်ပြင်ကို ဗဟိုပြုခဲ့ပါတယ်။အားပြင်းတဲ့ ကနဦးငလျင် လှုပ်ပြီးတဲ့နောက်မှာ ဆူနာမီသတိပေးချက် ထုတ်ခဲ့ရသလို နောက်ဆက်တွဲငလျင် ၉၀ ကျော် လှုပ်ခတ်ခဲ့လို့  လူအထိအခိုက်လည်း ရှိခဲ့ပါတယ်။ငလျင်ကြောင့် အနည်းဆုံး လူနှစ်ဦးဒဏ်ရာရကာ ဘုရားရှိခိုးကျောင်းများနှင့် နေအိမ်များ ပျက်စီးခဲ့ပါတယ်။အာရှမှာ  အင်ဒိုငလျင်ကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရသလို တောမီးတွေနဲ့ စခန်းသွားနေတဲ့ ဩစတြေးလျှမှာတော့ တောမီးကို ထိန်းမရတော့တဲ့အတွက် အရေးပေါ်အခြေအနေ ကြေညာရတဲ့အထိ တောမီးအန္တရာယ်က ပိုပြင်းထန်လာနေပါတယ်။

ဩစတြေးလျှမှာ တောမီးလောင်လေ့လောင်ထရှိပေမယ့် ထုံးစံအတိုင်းဆိုရင် ယင်းနိုင်ငံ၏ အပူပြင်းဆုံး၊ အခြောက်သွေ့ဆုံး နွေရာသီတွေကျမှ လောင်တာဖြစ်တဲ့အတွက် ယခုလို အချိန်မကျခင် လောင်တာက ထူးဆန်းတဲ့အတွက် အံ့အားသင့်စရာပါဘဲ။သြစတြေးလျနိုင်ငံ အရှေ့ကမ်းရိုးတန်းတစ်လျှောက် ဒါဇင်နှင့်ချီသော တောမီးများလောင်ကျွမ်းခဲ့လို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အိမ်ခြေ ၃၀၀ ခန့် ပျက်စီးကာ လူတချို့ အသက်ဆုံးရှုံးခဲ့ပါတယ်။ဒီလိုအခြေအနေတွေကြောင့် နိုဝင်ဘာ ၁၁ ရက်ကတည်းက အာဏာပိုင်တွေက အရေးပေါ်အခြေအနေကို ကြေညာထားရတာပါ။အာရှနိုင်ငံတစ်ခုဖြစ်တဲ့ အီရန်နဲ့ အိန္ဒိယမှာတော့ လေထုညစ်ညမ်းမှုတွေကြောင့် ကျောင်းတွေပိတ်ထားရသလို ကျန်းမာရေးသတိပေးချက်တွေ ထုတ်ထားရပါတယ်။

ဒါတွေက လတ်တလော ကမ္ဘာ့ကျန်းမာရေးအခြေအနေပါ။သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတု အခြေအနေက ကမ္ဘာမြေအတွက် အရေးပေါ်အခြေအနေတစ်ရပ် အနေအထားကို ရောက်နေပြီလို့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပညာရှင်တွေ ထုတ်ပြန်ထားခဲ့ပါတယ်။ကမ္ဘာတစ်ဝန်း နိုင်ငံကြီးငယ်မှန်သမျှ ရာသီဥတုဖောက်ပြန်မှုကို အလေးမထားသေးတဲ့အတွက်  ကမ္ဘာ့ရာသီဥတု အခြေအနေ ဘယ်လောက်ထိ ဆိုးရွားမလဲဆိုတာ ဆက်စောင့်ကြည့်‌နေရုံကလွဲပြီး ဘာမှမရှိတော့ပါဘူး။

သေနတ်တွေနဲ့ ယနေ့ကမ္ဘာ

ဒီတစ်ပတ်သတင်းတွေထဲ စောင့်ကြည့်ဖတ်ရှုစရာ သတင်းတွေများပါတယ်။အထူးသဖြင့် ထိုင်းမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုသတင်းတွေက သတင်းဖတ်သူတွေကို အံ့အားသင့်စေခဲ့ပါတယ်။နိုဝင်ဘာ ၁၂ ရက်က ထိုင်းနိုင်ငံ ချန်သာဘူရီပြည်နယ် တရားရုံးမှာ အမွေဆိုင်ရာ တရားမမှုတစ်ခုကို စစ်ဆေးနေစဉ် တစ်ဘက်နဲ့ တစ်ဘက် ပစ်ခတ်လို့  ရှေ့နေနှစ်ဦး အပါအဝင် လူသုံးဦး သေဆုံးခဲ့ပါတယ်။

ဒါဟာ ထိုင်းမှာတော့ တရားရေးဆိုင်ရာ မကျေနပ်မှုကို သေနတ်နဲ့ ဖြေရှင်းကြတာ ပထမအကြိမ်တော့ မဟုတ်ပါဘူး။ထိုင်းလို တရားရုံးထဲ ရှေ့နေတွေကို ပစ်သတ်တာ မဟုတ်ပေမယ့် အင်ဒိုနီးရှားမှာတော့ ရဲစခန်းတစ်ခု ပြင်ပမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ဆူမားတြားကျွန်း မီဒန်မြို့ရှိ ရဲစခန်းတစ်ခုရဲ့ အပြင်ဘက်မှာဖြစ်တဲ့ ဒီပေါက်ကွဲမှုမှာ အသေခံဗုံးခွဲတိုက်ခိုက်သူ သေဆုံးပြီး ရဲလေးဦး၊ အရပ်သားနှစ်ဦး အပါအဝင် လူခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အာရှမှာ ဒီလိုဖြစ်နေလို့  ဥရာပနဲ့ အမေရိကန်မှာ သာယာနေတယ်လို့ မထင်ပါနဲ့။ယခုတစ်ပတ်ထဲ အမေရိကန်နိုင်ငံထဲက ကယ်လီဖိုးနီးယားပြည်နယ်မှာ  အလယ်တန်းကျောင်းတစ်ကျောင်းထဲ ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ကျောင်းတက်ခေါင်းလောင်းထိုးဖို့ မိနစ်ပိုင်းအလိုမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာ အသက် ၁၆ နှစ် ကျောင်းသားက သူ့ရဲ့ ၁၆ နှစ်ပြည့်အဖြစ် ပစ်ခတ်ရာမှာ ကျောင်းသားနှစ်ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ပါတယ်။ပစ်ခတ်မှု၊ အသေခံဗုံးခွဲမှုဆိုတဲ့အတွက် ဒါတွေနဲ့ပတ်သက်လာရင် အာဖဂန်နစ္စတန်ကို မေ့ထားလို့ မရပါဘူး။ယခုတစ်ပတ်ထဲမှာလည်း အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မှာ ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့လို့ လူအသေအပျောက် များခဲ့ပါတယ်။ရုံးတက်ရုံးဆင်းချိန်ကို စောင့်ပြီး ခွဲခဲ့တဲ့ ဒီအသေခံကားဗုံးခွဲ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူခုနစ်ဦးသေဆုံးပြီး နိုင်ငံခြားသားများ အပါအဝင် အခြား ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ပါတယ်။

နောက်တစ်ပတ် ကမ္ဘာကြီးရဲ့ ဘယ်နေရာ ဘယ်‌ဒေသတွေမှာ ဘယ်လိုဆိုးရွားတဲ့ အကြမ်းဖက်မှုသတင်းတွေ စောင့်ဖတ်နေရဦးမလဲဆိုတာ တွေးမိတိုင်း စိတ်ရှုပ်စရာတစ်ခုပါဘဲ။

ဂါဇာ စီးနင်းမှု

ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့  သတင်းတွေထဲမှာ သတိထားစရာသတင်းအချို့ ရှိခဲ့ပါတယ်။ဒီသတင်းတွေက ဂါဇာကို အစ္စရေးက ဝင်တိုက်ခဲ့တဲ့ သတင်းတွေပါဘဲ။ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့တစ်ခုဖြစ်သော Islamic Jihad အဖွဲ့ ကို အစ္စရေးတပ်ဖွဲ့တွေက ဝင်တိုက်ခဲ့ရာမှာ အဆိုပါအဖွဲ့ရဲ့ ထပ်တန်းတပ်မှူးကို သုတ်သင်ခဲ့ပါတယ်။ဒီတပ်မှူးက ဂါဇာကနေ အစ္စရေးကို ဒုံးကျည်တွေပစ်လွှတ်ရာမှာ အဓိကတာဝန်ရှိတဲ့သူပါ။နိုဝင်ဘာ ၁၂ ရက်က ဂါဇာကမ်းမြောင်က အစ္စလာမ္မစ်ဂျီဟတ် တည်နေရာများနှင့် ဒုံးကျည်ပစ်လွှတ်ရာ နေရာများကို အစ္စရေးက လေကြောင်းစီးနင်းမှု ပြုလုပ်ခဲ့အပြီးမှာ ဂါဇာကနေ အစ္စရေးဘက်ကို ပြန်တုံ့ပြန်တဲ့အနေနဲ့ ဒုံးကျည်တွေ ဆက်တိုက်ပစ်လွှတ် တိုက်ခိုက်ခဲ့ပါတယ်။

ဒီလိုပစ်လွှတ်တဲ့ နေရာမှာ ပုံမှန်ပစ်လွှတ်တိုက်ခိုက်တဲ့ ဒုံးကျည်အမျိုးအစားကနေ အတော်ကိုကြီးမားတဲ့ ဒုံးကျည်တွေ ပါဝင်ခဲ့ပါတယ်။ဒီလို ပစ်လွှတ်တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်မှုတွေရှိခဲ့သလို ကြီးမားတဲ့ကျင်းတွေ ဖြစ်ခဲ့လို့ အစ္စရေးအာဏာပိုင်တွေဘက်က အံ့အားသင့်ခဲ့ရပါတယ်။နိုဝင်ဘာ ၁၃ ရက် အစောပိုင်းမှာ ဂါဇာဒေသသို့ အစ္စရေး၏ လေကြောင်းနှင့် ဒုံးကျည် တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းနှစ်ဦး ထပ်မံသေဆုံးခဲ့သလို နှစ်ရက်တာတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၂ ဦး ရှိလာခဲ့ပါတယ်။နှစ်ဖက် အပြန်အလှန် ဒုံးကျည်၊ ရော့ကတ် ပစ်ခတ်မှုများရှိခဲ့လို့ သုံးရက်အတွင်းမှာ ဂါဇာမှ အစ္စရေးသို့ ရော့ကတ် ၂၂၀ ပစ်ခတ်ပြီး အများစုကို အစ္စရေးစစ်ဘက်က ကြားဖြတ်တားဆီးနိုင်ခဲ့ကာ လူအသေအပျောက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပါလက်စတိုင်းဘက်မှာတော့ သေဆုံးသူဦးရေက သုံးရက်မြောက်ဖြစ်တဲ့ နိုဝင်ဘာ ၁၄ ရက် မှာ ၃၂ ဦးအထိ ရှိခဲ့ပါတယ်။ထိပ်တန်းတပ်မှူးတစ်ဦး သေဆုံးခဲ့တဲ့ ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ PIJ ကတော့ အစ္စရေးအား အကန့်အသတ်မရှိ တုံ့ပြန်သွားမယ်လို့ ကျုံးဝါးခဲ့ပါတယ်။အစ္စရေးဘက်ကလည်း လျှော့ဖို့မရှိသလို ဂါဇာဘက်ကလည်း တုံ့ပြန်မှုတွေ ပြင်းထန်လာတဲ့အတွက် ကုလသံတမန်ကိုယ်တိုင် ကြားဝင်ပြီး ဆွေးနွေးပွဲတွေကျင်းပဖို့ ဖြစ်လာပါတယ်။

လက်ရှိအချိန်ထိ တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်လို့ ဘာတွေဆက်ဖြစ်လာဦးမလဲ၊ ဘယ်လောက်သေကြမှုတွေ ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ဒီပြဿနာဟာ ဘယ်တော့မှငြိမ်းဖွယ်မမြင်တဲ့ ပြဿနာဖြစ်ပြီး စစ်ပွဲရပ်လည်း ခဏတာသာမို့ နောက်ထပ်တိုက်ပွဲတွေ ထပ်ကြားရဦးမှာ သေချာနေပါတယ်။

ဘိုလီးဗီးယားက အာဏာရှင်ဖြုတ်ချပွဲ

ယခုနောက်ပိုင်း ရက်သတ္တပတ်တွေထဲမှာ ကမ္ဘာအနှံ့ ဆန့်ကျင်ပွဲတွေဖြစ်ခဲ့ရာမှာ အရှိန်အဟုန်မလျော့ဘဲ ပိုတိုးလာခဲ့ပါတယ်။ကာလရှည်ဖြစ်နေတဲ့ တောင်အမေရိကနိုင်ငံက ဗင်နီဇွဲလားမှာ သမ္မတ မဒူရို မပြုတ်ကျပေမယ့် ဘိုလစ်ဗီးယားမှာတော့ တော်လှန်ရေးအင်အားစုတွေဘက်က အနိုင်ရခဲ့ပါတယ်။

သက်တော်ရှည်သမ္မတက နောက်ထပ် သမ္မတသက်တမ်း ထပ်တိုးဖို့ သမ္မတရွေးကောက်ပွဲ ကျင်းပရာကနေ သီတင်းပတ်များစွာကြာ ဆန္ဒပြပွဲများနှင့် ရင်ဆိုင်ရပြီးနောက် လက်ရှိသမ္မတ မိုရာလက်စ်ဟာ မက္ကဆီကိုနိုင်ငံဘက်က နိုင်ငံရေးခိုလှုံခွင့် ပေးခဲ့တဲ့အတွက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။စစ်တပ်ကလည်း ဆန္ဒပြသူတွေနဲ့ ပေါင်းခဲ့တဲ့အတွက်  အသက်အန္တရာယ်ရှိခြင်းကြောင့်ဟုဆိုကာ မက္ကဆီကိုသို့ ထွက်ပြေးပြီး ခိုလှုံခွင့်တောင်းခံခဲ့တာပါ။

ဒီလို ရာထူးကနေ နုတ်ထွက်တဲ့အတွက် အတိုက်အခံ အထက်လွှတ်တော်အမတ် ဂျန်နင်း အန်နက်ဇ် က ၎င်းကိုယ်၎င်း ယာယီသမ္မတအဖြစ် ကြေညာခဲ့ပါတယ်။ဘိုလစ်ဗီးယား၏ အမြင့်ဆုံး ဖွဲ့စည်းပုံတရားရုံးက မစ္စစ်အန်နက်ဇ်၏ အာဏာရယူမှုကို ထောက်ခံခဲ့ပေမယ့် လွှတ်တော်အစည်းအဝေးကို မိုရာလက်စ်၏ ပါတီမှ လွှတ်တော်အမတ်များက သပိတ်မှောက်လို့ ယာယီသမ္မတအဖြစ် ခန့်အပ်ရေး လိုအပ်သော ထောက်ခံသူအရေအတွက် မပြည့်ခဲ့ပါဘူး။ဒီအတွက် မကြာမီမှာ ရွေးကောက်ပွဲကျင်းပဖို့ လုပ်တော့မယ်လို့ ဆိုပါတယ်။

အမေရိကန်ကတော့ ကြားဖြတ်သမ္မတအဖြစ် တာဝန်ယူသည့် ဂျန်နင်း အန်နက်ဇ်အား အမေရိကန်က အသိအမှတ်ပြုခဲ့ပါတယ်။ဘိုလစ်ဗီးယားမှာ အလွဲအ‌ပြောင်းတွေက အေးဆေးတယ်လို့ ပြောရမယ့်အခြေအနေနဲ့ ပြီးခဲ့ပေမယ့် တောင်အမေရိကနိုင်ငံတစ်ခုဖြစ်တဲ့ ချီလီမှာတော့ လူတန်းစားမညီမျှမှုတွေကနေ စတဲ့ ဆန္ဒပြမှုတွေက အစတဖန်ပြန်ဖြစ်ခဲ့လို့ ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား ထိပ်တိုက်တွေ့မှုတွေဖြစ်တဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ယခုတစ်ခါဖြစ်တာမှာတော့ ပီဆိုငွေကြေး သမိုင်းစံချိန်တင် ကျဆင်းလို့ ဆန်တီယာဂိုတွင် ဆူပူဆန္ဒပြမှုများ ဖြစ်ခဲ့တာပါ။အုပ်စုနှင့် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က အထွေထွေသပိတ်ဆင်နွှဲရေး ဆော်သြလျက်ရှိစဉ် ဆန်တီယာဂို လမ်းများတွင် လူပေါင်း ရှစ်သောင်းနီးပါးက သမ္မတ ပီနီရာ နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြခဲ့တာပါ။

အာရှမှာ ကြာရှည်ဖြစ်ခဲ့တဲ့ ဟောင်ကောင်မှာတော့ ဆန္ဒပြသူတစ်ဦးက ရဲအရာရှိတစ်ဦးလက်ထဲက သေနတ်ကိုလုခဲ့တဲ့အတွက် ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ဟောင်ကောင် ဆန္ဒပြသူတွေဘက်က ဆန္ဒပြပွဲများ လျော့ပါးမည့် လက္ခဏာမရှိဘဲ တက္ကသိုလ်ဝင်းအတွင်း ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကာ ကျောင်းသားများက အရံအတားများကို မီးရှို့ခဲ့ပါတယ်။
ဆန္ဒပြသူများက  စီးပွားရေးအချက်အချာကျသည့် လမ်းမများထက်သို့ အုတ်ကျိုးအုတ်ပဲ့များဖြင့်ပစ်ခြင်း၊ လမ်းဆုံများတွင် အမှိုက်များပုံထားခြင်း၊ ဝါးငြမ်းအတားအဆီးများ လုပ်ထားကြပါတယ်။အာဏာပိုင်တွေကတော့ အဓိကရုဏ်းဖန်တီးသူတွေဟာ လူနေရပ်ကွက်များနှင့် တက္ကသိုလ်ဝင်းများအတွင်း ရမ်းကားဖျက်ဆီးတယ်လို့ အာဏာပိုင်တွေဘက်က ပြောခဲ့ပါတယ်။အကြမ်းဖက်ဆန္ဒပြမှုတွေကို တားဆီးတဲ့အနေနဲ့ ကျောင်းသား ၁၈၇ ဦးအပါအဝင် လူ ၂၈၇ ဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အမေရိကန်အစိုးရက လပေါင်းများစွာကြာလာတဲ့ ဒီဟောင်ကောင်ဆန္ဒပြပွဲအပေါ်  စိုးရိမ်ပူပန်တယ်ဆိုပြီး နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ဟောင်ကောင်ဆန္ဒပြမှုက ဆက်ပြီးဖြစ်ပွားရာမှာ ဟောင်ကောင်စီးပွားရေးက လုံး၀ပျက်စီးသွားသလောက်ပါဘဲ။ဟောင်ကောင်မှာ ဖြစ်နေသလို မဟုတ်ဘဲ တောင်အာဖရိကမှာတော့ နိုင်ငံရေးခိုလှုံခွင့် တောင်းသူတွေကြောင့် ဆန္ဒပြပွဲတွေဖြစ်နေပါတယ်။တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယား မြို့တော်မှာ ရက်သတ္တပတ် ၅ ပတ်ကြာ ဆန္ဒပြနေတဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းသူတွေဟာ မြို့ဆင်ခြေဖုံးရှိ UNHCR ရုံး၏ နံရံများကို ကုတ်ကပ်တက်ပြီး ကားရပ်နားရာနေရာတွင် ရွက်ဖျင်တဲများ ဆောက်ခဲ့ကြပါတယ်။ဆန္ဒပြသူတွေက နိုင်ငံခြားသား မနှစ်သက်သူများ၏ တိုက်ခိုက်မှုကို ခံနေရသည့်အတွက် UNHCR ရုံးမှ ကာကွယ်ပေးစေလိုကြောင်း၊ အိမ်ကိုပြန်လာလျှင် သတ်မည်ဟု ခြိမ်းခြောက်ခံနေရကြောင်း ဒါကြောင့် ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် အန္တရာယ်ကင်းသည့်နိုင်ငံတွင် နေရာချထားပေးရန် တောင်းဆိုခဲ့ကြတာပါ။ပြဿနာက မပြေလည်သေးပါဘူး။ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အဆိုပါသတင်းတွေနည်းတူ ယခုရက်အတွင်းမှာဖြစ်ခဲ့တဲ့ သတင်းတွေထဲက သတင်းမှားတွေတင်တာ ကာကွယ်တားဆီးဖို့ facebook က ယခုနှစ်အတွင်း အကောင့်အတု ၅ ဒသမ ၄ ဘီလျံကို ဖြုတ်ချခဲ့တဲ့သတင်း၊ ထိုင်းနိုင်ငံ ကော့စမွီကျွန်းရှိ  ရေတံခွန်တစ်ခုမှာ ဆယ်လ်ဖီရိုက်ရင်း ပြင်သစ်ခရီးသည်တစ်ဦး ပြုတ်ကျသေဆုံးခဲ့တဲ့သတင်း၊ ၂၀၁၄ ခုနှစ်က ပစ်ချခံခဲ့ရတဲ့ MH 17 လေယာဉ်ပစ်ချခံရမှုမှာ ကြားဖြတ်ဖုန်းနားထောင်ချက်များအရ ရုရှားထိပ်တန်းအရာရှိများနှင့် ယူကရိန်းသူပုန်များအကြား ဆက်သွယ်မှုရှိနေတာကို ဖော်ထုတ်ရရှိတဲ့သတင်း၊ ပြင်သစ်သမ္မတ အမ်မန်နျူရယ် မက်ခရွန် ရဲ့ နေတိုးအဖွဲ့နဲ့ ပတ်သက်ပြီး မှတ်ချက်ကို တူရကီသမ္မတက ပြစ်တင်ဝေဖန်ခဲ့တဲ့သတင်း၊ ဆလိုဗက်ကီးယားနိုင်ငံ အနောက်ပိုင်း ပြည်နယ်တစ်ခုမှာ ကျောင်းဘတ်စ်ကားနဲ့ ကျောက်တင်လာတဲ့ ထရပ်ကား ခေါင်းချင်းဆိုင်တိုက်လို့ ကလေးငယ်များ အပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့တဲ့သတင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူအပြည့်အသိပ် လိုက်ပါလာသော ရထားနှစ်စင်းတိုက်မိလို့  ၁၆ ဦး သေဆုံးပြီး အခြား လူ ၆၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်းတွေကလည်း ယခုရက်သတ္တပတ်မှာ လှုပ်ခတ်ခဲ့တဲ့သတင်းတွေ ဖြစ်ခဲ့ပါတယ်။

မင်းထက်
နို၀င်ဘာ - ၁၈

( Zawgyi )

ယခုရက္သတၱပတ္ သတင္းေတြထဲ သတိထားရေလာက္ေအာင္ ျဖစ္ခဲ့ရတဲ့သတင္း‌ေတြ ရွိခဲ့ပါတယ္။ဂါဇာကမ္းေျမႇာင္ကေန အစၥေရးၿမိဳ႕ႀကီးေတြကို ဂါရတ္ဒုံးက်ည္ေတြနဲ႔ ဂ်ီဟဒ္စစ္ေသြးႂကြေတြက တိုက္ခိုက္တဲ့အတြက္ အစၥေရးက ဂါဇာကို ျပန္စီးနင္းတိုက္ခိုက္ခဲ့တဲ့ သတင္းေတြ၊ ရာသီဥတုနဲ႔ ပတ္သက္ရင္လည္း ဗင္းနစ္ၿမိဳ႕သမိုင္းမွာ ႏွစ္ ၅၀  အတြင္း ပင္လယ္ဒီေရေၾကာင့္ ၿမိဳ႕ကိုေရလႊမ္းခဲ့တဲ့ သတင္းေတြ၊ အာရွနဲ႔ ကမာၻတစ္ဝန္းမွာ အၾကမ္းဖက္တိုက္ခိုက္မႈ သတင္းေတြက ယခုရက္သတၱပတ္ သတင္းမီဒီယာေတြရဲ႕ မ်က္ႏွာဖုံးသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ေရႀကီးမႈေတြက သတိေပးခ်က္လား

ယခုရက္သတၱပတ္ထဲ သဘာဝဘးဆိုင္ရာ သတင္းေတြထဲမွာ ထိပ္ဆုံးကရွိခဲ့တာက ဗင္းနစ္ၿမိဳ႕ ေရေဘးသတင္းပါဘဲ။ပုံမွန္အားျဖင့္ဆိုရင္ ဗင္းနစ္ဆိုတာ တူးေျမာင္းေတြနဲ႔ ဥေရာပရဲ႕တစ္ခုတည္းေသာ ေရလမ္းကိုအားထားရတဲ့ ၿမိဳႀကီးတစ္ခုပါဘဲ။ဒီတစ္ခါမွာေတာ့ ဗင္းနစ္ၿမိဳ႕ရဲ႕ ေရမဖုံးခဲ့တဲ့ေနရာေတြ အပါအဝင္ ဗင္းနစ္ၿမိဳ႕တစ္ခုလုံး ေရေအာက္ကိုေရာက္ခဲ့ပါတယ္။ဒါက စံခ်ိန္တင္ ပင္လယ္ဒီေရ ျမင့္တက္မႈေၾကာင့္ပါ။

ယခုရက္ပိုင္းထဲ ပင္လယ္ဒီေရ ျမင့္တက္မႈေၾကာင့္ ဗင္းနစ္ၿမိဳ႕ရွိ အေဆာက္အအုံ၊ ေနအိမ္မ်ားပါ ေရႀကီးေရလႊမ္းခဲ့တာပါ။ဗင္းနစ္ၿမိဳ႕ ပင္လယ္ဒီေရ ေစာင့္ၾကည့္ေရးစင္တာက ထုတ္ျပန္ခ်က္မွာေတာ့ ပင္လယ္ဒီေရဟာ ေရမ်က္ႏွာျပင္အနိမ့္အျမင့္ ၁ ဒသမ ၉၀ မီတာ (ေျခာက္ေပ) ခန႔္ကို ေရာက္ရွိ သို႔မဟုတ္ ေက်ာ္လြန္သြားဖြယ္ ရွိေနတယ္ဆိုၿပီး သတိေပးရတဲ့အထိ ေရကျမင့္တက္ခဲ့ပါတယ္။

ဒီလိုေရႀကီးမႈက ၿမိဳ႕ရဲ႕ ႏွစ္ငါးဆယ္သမိုင္းမွာ အဆိုးဝါးဆုံး ေရႀကီးေရလွ်ံမႈပါဘဲ။ဒီအတြက္ သက္ဆိုင္ရာ အီတလီအစိုးရက အေရးေပၚအေျခအေနတစ္ရပ္ကို ထုတ္ျပန္ေၾကညာခဲ့ရပါတယ္။ထူးကဲဒီေရ ျမင့္တက္မႈေၾကာင့္ ၿမိဳ႕တြင္းရွိ ဘုရားရွိခိုးေက်ာင္းမ်ား၊ ေဈးဆိုင္မ်ား၊ ေနအိမ္မ်ားတြင္ ေရလႊမ္းမိုးမႈႏွင့္ ႀကဳံေတြ႕ေနရကာ ဆုံးရႈံးရမႈက ယူ႐ို သန္းရာနဲ႔ခ်ီ ဆုံးရႈံးဖြယ္ရွိတယ္ ဆိုပါတယ္။ဒါဟာ မၾကာခင္က ထုတ္ျပန္ခဲ့တဲ့  ကမာၻႀကီးပူေႏြးလာမႈေၾကာင့္ ေရခဲျပင္ေတြ အရည္ေပ်ာ္တာနဲ႔ ပင္လယ္ေရေအာက္ေရာက္မယ္ဆိုတဲ့ ၿမိဳႀကီးေတြထဲပါတဲ့ ၿမိဳ႕ေတြ လွ်ပ္တျပက္ ရင္ဆိုင္ရမယ့္ အေျခအေနကို မ်က္ဝါးထင္ထင္ ျမင္လိုက္ရတာျဖစ္သလို ပညာရွင္ေတြရဲ႕ ခန႔္မွန္းခ်က္ကို အေရးတယူလုပ္ ျပင္ဆင္သင့္ၿပီ ဆိုတာကိုလည္း ထပ္ၿပီးအတည္ျပဳလိုက္တာလည္း ျဖစ္ပါတယ္။

ဒီလို ဗင္းနစ္ၿမိဳ႕တစ္ခုလုံး ေရႀကီးေနခ်ိန္မွာ အင္ဒိုနီးရွားမွာေတာ့ အင္အားျပင္းငလ်င္ လႈပ္ေနပါတယ္။အာရွမွာ လႈပ္ခဲ့တဲ့ ဒီငလ်င္က အင္အား ရစ္ခ်္တာစေကး ၇ ဒသမ ၁ မဂၢနီက်ဳဒ္ ရွိၿပီး အင္ဒိုနီးရွားႏိုင္ငံ တာနိတ္ၿမိဳ႕ အေနာက္ေျမာက္ဘက္ ၁၃၉ ကီလိုမီတာအကြာ ပင္လယ္ျပင္ကို ဗဟိုျပဳခဲ့ပါတယ္။အားျပင္းတဲ့ ကနဦးငလ်င္ လႈပ္ၿပီးတဲ့ေနာက္မွာ ဆူနာမီသတိေပးခ်က္ ထုတ္ခဲ့ရသလို ေနာက္ဆက္တြဲငလ်င္ ၉၀ ေက်ာ္ လႈပ္ခတ္ခဲ့လို႔  လူအထိအခိုက္လည္း ရွိခဲ့ပါတယ္။ငလ်င္ေၾကာင့္ အနည္းဆုံး လူႏွစ္ဦးဒဏ္ရာရကာ ဘုရားရွိခိုးေက်ာင္းမ်ားႏွင့္ ေနအိမ္မ်ား ပ်က္စီးခဲ့ပါတယ္။အာရွမွာ  အင္ဒိုငလ်င္ေၾကာင့္ အထိတ္တလန႔္ျဖစ္ခဲ့ရသလို ေတာမီးေတြနဲ႔ စခန္းသြားေနတဲ့ ဩစေၾတးလွ်မွာေတာ့ ေတာမီးကို ထိန္းမရေတာ့တဲ့အတြက္ အေရးေပၚအေျခအေန ေၾကညာရတဲ့အထိ ေတာမီးအႏၲရာယ္က ပိုျပင္းထန္လာေနပါတယ္။

ဩစေၾတးလွ်မွာ ေတာမီးေလာင္ေလ့ေလာင္ထရွိေပမယ့္ ထုံးစံအတိုင္းဆိုရင္ ယင္းႏိုင္ငံ၏ အပူျပင္းဆုံး၊ အေျခာက္ေသြ႕ဆုံး ေႏြရာသီေတြက်မွ ေလာင္တာျဖစ္တဲ့အတြက္ ယခုလို အခ်ိန္မက်ခင္ ေလာင္တာက ထူးဆန္းတဲ့အတြက္ အံ့အားသင့္စရာပါဘဲ။ၾသစေၾတးလ်ႏိုင္ငံ အေရွ႕ကမ္း႐ိုးတန္းတစ္ေလွ်ာက္ ဒါဇင္ႏွင့္ခ်ီေသာ ေတာမီးမ်ားေလာင္ကြၽမ္းခဲ့လို႔ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း အိမ္ေျခ ၃၀၀ ခန႔္ ပ်က္စီးကာ လူတခ်ိဳ႕ အသက္ဆုံးရႈံးခဲ့ပါတယ္။ဒီလိုအေျခအေနေတြေၾကာင့္ ႏိုဝင္ဘာ ၁၁ ရက္ကတည္းက အာဏာပိုင္ေတြက အေရးေပၚအေျခအေနကို ေၾကညာထားရတာပါ။အာရွႏိုင္ငံတစ္ခုျဖစ္တဲ့ အီရန္နဲ႔ အိႏၵိယမွာေတာ့ ေလထုညစ္ညမ္းမႈေတြေၾကာင့္ ေက်ာင္းေတြပိတ္ထားရသလို က်န္းမာေရးသတိေပးခ်က္ေတြ ထုတ္ထားရပါတယ္။

ဒါေတြက လတ္တေလာ ကမာၻ႔က်န္းမာေရးအေျခအေနပါ။သဘာဝပတ္ဝန္းက်င္နဲ႔ ရာသီဥတု အေျခအေနက ကမာၻေျမအတြက္ အေရးေပၚအေျခအေနတစ္ရပ္ အေနအထားကို ေရာက္ေနၿပီလို႔ ၿပီးခဲ့တဲ့ရက္သတၱပတ္က ပညာရွင္ေတြ ထုတ္ျပန္ထားခဲ့ပါတယ္။ကမာၻတစ္ဝန္း ႏိုင္ငံႀကီးငယ္မွန္သမွ် ရာသီဥတုေဖာက္ျပန္မႈကို အေလးမထားေသးတဲ့အတြက္  ကမာၻ႔ရာသီဥတု အေျခအေန ဘယ္ေလာက္ထိ ဆိုး႐ြားမလဲဆိုတာ ဆက္ေစာင့္ၾကည့္‌ေန႐ုံကလြဲၿပီး ဘာမွမရွိေတာ့ပါဘူး။

ေသနတ္ေတြနဲ႔ ယေန႔ကမာၻ

ဒီတစ္ပတ္သတင္းေတြထဲ ေစာင့္ၾကည့္ဖတ္ရႈစရာ သတင္းေတြမ်ားပါတယ္။အထူးသျဖင့္ ထိုင္းမွာျဖစ္ခဲ့တဲ့ ပစ္ခတ္မႈသတင္းေတြက သတင္းဖတ္သူေတြကို အံ့အားသင့္ေစခဲ့ပါတယ္။ႏိုဝင္ဘာ ၁၂ ရက္က ထိုင္းႏိုင္ငံ ခ်န္သာဘူရီျပည္နယ္ တရား႐ုံးမွာ အေမြဆိုင္ရာ တရားမမႈတစ္ခုကို စစ္ေဆးေနစဥ္ တစ္ဘက္နဲ႔ တစ္ဘက္ ပစ္ခတ္လို႔  ေရွ႕ေနႏွစ္ဦး အပါအဝင္ လူသုံးဦး ေသဆုံးခဲ့ပါတယ္။

ဒါဟာ ထိုင္းမွာေတာ့ တရားေရးဆိုင္ရာ မေက်နပ္မႈကို ေသနတ္နဲ႔ ေျဖရွင္းၾကတာ ပထမအႀကိမ္ေတာ့ မဟုတ္ပါဘူး။ထိုင္းလို တရား႐ုံးထဲ ေရွ႕ေနေတြကို ပစ္သတ္တာ မဟုတ္ေပမယ့္ အင္ဒိုနီးရွားမွာေတာ့ ရဲစခန္းတစ္ခု ျပင္ပမွာ အေသခံဗုံးခြဲတိုက္ခိုက္မႈတစ္ခု ျဖစ္ခဲ့ပါတယ္။ဆူမားၾတားကြၽန္း မီဒန္ၿမိဳ႕ရွိ ရဲစခန္းတစ္ခုရဲ႕ အျပင္ဘက္မွာျဖစ္တဲ့ ဒီေပါက္ကြဲမႈမွာ အေသခံဗုံးခြဲတိုက္ခိုက္သူ ေသဆုံးၿပီး ရဲေလးဦး၊ အရပ္သားႏွစ္ဦး အပါအဝင္ လူေျခာက္ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

အာရွမွာ ဒီလိုျဖစ္ေနလို႔  ဥရာပနဲ႔ အေမရိကန္မွာ သာယာေနတယ္လို႔ မထင္ပါနဲ႔။ယခုတစ္ပတ္ထဲ အေမရိကန္ႏိုင္ငံထဲက ကယ္လီဖိုးနီးယားျပည္နယ္မွာ  အလယ္တန္းေက်ာင္းတစ္ေက်ာင္းထဲ ပစ္ခတ္မႈျဖစ္ခဲ့ပါတယ္။ေက်ာင္းတက္ေခါင္းေလာင္းထိုးဖို႔ မိနစ္ပိုင္းအလိုမွာျဖစ္ခဲ့တဲ့ ပစ္ခတ္မႈမွာ အသက္ ၁၆ ႏွစ္ ေက်ာင္းသားက သူ႔ရဲ႕ ၁၆ ႏွစ္ျပည့္အျဖစ္ ပစ္ခတ္ရာမွာ ေက်ာင္းသားႏွစ္ဦး ေသဆုံးၿပီး ၆ ဦးဒဏ္ရာရခဲ့ပါတယ္။ပစ္ခတ္မႈ၊ အေသခံဗုံးခြဲမႈဆိုတဲ့အတြက္ ဒါေတြနဲ႔ပတ္သက္လာရင္ အာဖဂန္နစၥတန္ကို ေမ့ထားလို႔ မရပါဘူး။ယခုတစ္ပတ္ထဲမွာလည္း အာဖဂန္နစၥတန္ႏိုင္ငံ ကဘူးလ္မွာ ကားဗုံးခြဲတိုက္ခိုက္မႈတစ္ခု ျဖစ္ပြားခဲ့လို႔ လူအေသအေပ်ာက္ မ်ားခဲ့ပါတယ္။႐ုံးတက္႐ုံးဆင္းခ်ိန္ကို ေစာင့္ၿပီး ခြဲခဲ့တဲ့ ဒီအေသခံကားဗုံးခြဲ တိုက္ခိုက္မႈအတြင္း အနည္းဆုံး လူခုနစ္ဦးေသဆုံးၿပီး ႏိုင္ငံျခားသားမ်ား အပါအဝင္ အျခား ၁၄ ဦး ထိခိုက္ဒဏ္ရာမ်ား ရရွိသြားခဲ့ပါတယ္။

ေနာက္တစ္ပတ္ ကမာၻႀကီးရဲ႕ ဘယ္ေနရာ ဘယ္‌ေဒသေတြမွာ ဘယ္လိုဆိုး႐ြားတဲ့ အၾကမ္းဖက္မႈသတင္းေတြ ေစာင့္ဖတ္ေနရဦးမလဲဆိုတာ ေတြးမိတိုင္း စိတ္ရႈပ္စရာတစ္ခုပါဘဲ။

ဂါဇာ စီးနင္းမႈ

ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့  သတင္းေတြထဲမွာ သတိထားစရာသတင္းအခ်ိဳ႕ ရွိခဲ့ပါတယ္။ဒီသတင္းေတြက ဂါဇာကို အစၥေရးက ဝင္တိုက္ခဲ့တဲ့ သတင္းေတြပါဘဲ။ပါလက္စတိုင္း စစ္ေသြးႂကြအဖြဲ႕တစ္ခုျဖစ္ေသာ Islamic Jihad အဖြဲ႕ ကို အစၥေရးတပ္ဖြဲ႕ေတြက ဝင္တိုက္ခဲ့ရာမွာ အဆိုပါအဖြဲ႕ရဲ႕ ထပ္တန္းတပ္မႉးကို သုတ္သင္ခဲ့ပါတယ္။ဒီတပ္မႉးက ဂါဇာကေန အစၥေရးကို ဒုံးက်ည္ေတြပစ္လႊတ္ရာမွာ အဓိကတာဝန္ရွိတဲ့သူပါ။ႏိုဝင္ဘာ ၁၂ ရက္က ဂါဇာကမ္းေျမာင္က အစၥလာမၼစ္ဂ်ီဟတ္ တည္ေနရာမ်ားႏွင့္ ဒုံးက်ည္ပစ္လႊတ္ရာ ေနရာမ်ားကို အစၥေရးက ေလေၾကာင္းစီးနင္းမႈ ျပဳလုပ္ခဲ့အၿပီးမွာ ဂါဇာကေန အစၥေရးဘက္ကို ျပန္တုံ႔ျပန္တဲ့အေနနဲ႔ ဒုံးက်ည္ေတြ ဆက္တိုက္ပစ္လႊတ္ တိုက္ခိုက္ခဲ့ပါတယ္။

ဒီလိုပစ္လႊတ္တဲ့ ေနရာမွာ ပုံမွန္ပစ္လႊတ္တိုက္ခိုက္တဲ့ ဒုံးက်ည္အမ်ိဳးအစားကေန အေတာ္ကိုႀကီးမားတဲ့ ဒုံးက်ည္ေတြ ပါဝင္ခဲ့ပါတယ္။ဒီလို ပစ္လႊတ္တိုက္ခိုက္ခဲ့တဲ့အတြက္ ထိခိုက္မႈေတြရွိခဲ့သလို ႀကီးမားတဲ့က်င္းေတြ ျဖစ္ခဲ့လို႔ အစၥေရးအာဏာပိုင္ေတြဘက္က အံ့အားသင့္ခဲ့ရပါတယ္။ႏိုဝင္ဘာ ၁၃ ရက္ အေစာပိုင္းမွာ ဂါဇာေဒသသို႔ အစၥေရး၏ ေလေၾကာင္းႏွင့္ ဒုံးက်ည္ တိုက္ခိုက္မႈမ်ားေၾကာင့္ ပါလက္စတိုင္းႏွစ္ဦး ထပ္မံေသဆုံးခဲ့သလို ႏွစ္ရက္တာတိုက္ခိုက္မႈေၾကာင့္ ေသဆုံးသူ ၁၂ ဦး ရွိလာခဲ့ပါတယ္။ႏွစ္ဖက္ အျပန္အလွန္ ဒုံးက်ည္၊ ေရာ့ကတ္ ပစ္ခတ္မႈမ်ားရွိခဲ့လို႔ သုံးရက္အတြင္းမွာ ဂါဇာမွ အစၥေရးသို႔ ေရာ့ကတ္ ၂၂၀ ပစ္ခတ္ၿပီး အမ်ားစုကို အစၥေရးစစ္ဘက္က ၾကားျဖတ္တားဆီးႏိုင္ခဲ့ကာ လူအေသအေပ်ာက္ မရွိခဲ့ဘူးလို႔ ဆိုပါတယ္။

ပါလက္စတိုင္းဘက္မွာေတာ့ ေသဆုံးသူဦးေရက သုံးရက္ေျမာက္ျဖစ္တဲ့ ႏိုဝင္ဘာ ၁၄ ရက္ မွာ ၃၂ ဦးအထိ ရွိခဲ့ပါတယ္။ထိပ္တန္းတပ္မႉးတစ္ဦး ေသဆုံးခဲ့တဲ့ ပါလက္စတိုင္း အစၥလာမၼစ္ဂ်ီဟတ္အဖြဲ႕ PIJ ကေတာ့ အစၥေရးအား အကန႔္အသတ္မရွိ တုံ႔ျပန္သြားမယ္လို႔ က်ဳံးဝါးခဲ့ပါတယ္။အစၥေရးဘက္ကလည္း ေလွ်ာ့ဖို႔မရွိသလို ဂါဇာဘက္ကလည္း တုံ႔ျပန္မႈေတြ ျပင္းထန္လာတဲ့အတြက္ ကုလသံတမန္ကိုယ္တိုင္ ၾကားဝင္ၿပီး ေဆြးေႏြးပြဲေတြက်င္းပဖို႔ ျဖစ္လာပါတယ္။

လက္ရွိအခ်ိန္ထိ တိုက္ခိုက္မႈေတြ ရွိေနဆဲျဖစ္လို႔ ဘာေတြဆက္ျဖစ္လာဦးမလဲ၊ ဘယ္ေလာက္ေသၾကမႈေတြ ျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။ဒီျပႆနာဟာ ဘယ္ေတာ့မွၿငိမ္းဖြယ္မျမင္တဲ့ ျပႆနာျဖစ္ၿပီး စစ္ပြဲရပ္လည္း ခဏတာသာမို႔ ေနာက္ထပ္တိုက္ပြဲေတြ ထပ္ၾကားရဦးမွာ ေသခ်ာေနပါတယ္။

ဘိုလီးဗီးယားက အာဏာရွင္ျဖဳတ္ခ်ပြဲ

ယခုေနာက္ပိုင္း ရက္သတၱပတ္ေတြထဲမွာ ကမာၻအႏွံ႔ ဆန႔္က်င္ပြဲေတြျဖစ္ခဲ့ရာမွာ အရွိန္အဟုန္မေလ်ာ့ဘဲ ပိုတိုးလာခဲ့ပါတယ္။ကာလရွည္ျဖစ္ေနတဲ့ ေတာင္အေမရိကႏိုင္ငံက ဗင္နီဇြဲလားမွာ သမၼတ မဒူ႐ို မျပဳတ္က်ေပမယ့္ ဘိုလစ္ဗီးယားမွာေတာ့ ေတာ္လွန္ေရးအင္အားစုေတြဘက္က အႏိုင္ရခဲ့ပါတယ္။

သက္ေတာ္ရွည္သမၼတက ေနာက္ထပ္ သမၼတသက္တမ္း ထပ္တိုးဖို႔ သမၼတေ႐ြးေကာက္ပြဲ က်င္းပရာကေန သီတင္းပတ္မ်ားစြာၾကာ ဆႏၵျပပြဲမ်ားႏွင့္ ရင္ဆိုင္ရၿပီးေနာက္ လက္ရွိသမၼတ မိုရာလက္စ္ဟာ မကၠဆီကိုႏိုင္ငံဘက္က ႏိုင္ငံေရးခိုလႈံခြင့္ ေပးခဲ့တဲ့အတြက္ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ရာထူးကေန ႏုတ္ထြက္ခဲ့ပါတယ္။စစ္တပ္ကလည္း ဆႏၵျပသူေတြနဲ႔ ေပါင္းခဲ့တဲ့အတြက္  အသက္အႏၲရာယ္ရွိျခင္းေၾကာင့္ဟုဆိုကာ မကၠဆီကိုသို႔ ထြက္ေျပးၿပီး ခိုလႈံခြင့္ေတာင္းခံခဲ့တာပါ။

ဒီလို ရာထူးကေန ႏုတ္ထြက္တဲ့အတြက္ အတိုက္အခံ အထက္လႊတ္ေတာ္အမတ္ ဂ်န္နင္း အန္နက္ဇ္ က ၎ကိုယ္၎ ယာယီသမၼတအျဖစ္ ေၾကညာခဲ့ပါတယ္။ဘိုလစ္ဗီးယား၏ အျမင့္ဆုံး ဖြဲ႕စည္းပုံတရား႐ုံးက မစၥစ္အန္နက္ဇ္၏ အာဏာရယူမႈကို ေထာက္ခံခဲ့ေပမယ့္ လႊတ္ေတာ္အစည္းအေဝးကို မိုရာလက္စ္၏ ပါတီမွ လႊတ္ေတာ္အမတ္မ်ားက သပိတ္ေမွာက္လို႔ ယာယီသမၼတအျဖစ္ ခန႔္အပ္ေရး လိုအပ္ေသာ ေထာက္ခံသူအေရအတြက္ မျပည့္ခဲ့ပါဘူး။ဒီအတြက္ မၾကာမီမွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ လုပ္ေတာ့မယ္လို႔ ဆိုပါတယ္။

အေမရိကန္ကေတာ့ ၾကားျဖတ္သမၼတအျဖစ္ တာဝန္ယူသည့္ ဂ်န္နင္း အန္နက္ဇ္အား အေမရိကန္က အသိအမွတ္ျပဳခဲ့ပါတယ္။ဘိုလစ္ဗီးယားမွာ အလြဲအ‌ေျပာင္းေတြက ေအးေဆးတယ္လို႔ ေျပာရမယ့္အေျခအေနနဲ႔ ၿပီးခဲ့ေပမယ့္ ေတာင္အေမရိကႏိုင္ငံတစ္ခုျဖစ္တဲ့ ခ်ီလီမွာေတာ့ လူတန္းစားမညီမွ်မႈေတြကေန စတဲ့ ဆႏၵျပမႈေတြက အစတဖန္ျပန္ျဖစ္ခဲ့လို႔ ဆႏၵျပသူမ်ားႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားၾကား ထိပ္တိုက္ေတြ႕မႈေတြျဖစ္တဲ့အထိ ျပင္းထန္ခဲ့ပါတယ္။ယခုတစ္ခါျဖစ္တာမွာေတာ့ ပီဆိုေငြေၾကး သမိုင္းစံခ်ိန္တင္ က်ဆင္းလို႔ ဆန္တီယာဂိုတြင္ ဆူပူဆႏၵျပမႈမ်ား ျဖစ္ခဲ့တာပါ။အုပ္စုႏွင့္ အဖြဲ႕အစည္းေပါင္း ၁၀၀ ေက်ာ္က အေထြေထြသပိတ္ဆင္ႏႊဲေရး ေဆာ္ၾသလ်က္ရွိစဥ္ ဆန္တီယာဂို လမ္းမ်ားတြင္ လူေပါင္း ရွစ္ေသာင္းနီးပါးက သမၼတ ပီနီရာ ႏုတ္ထြက္ေရး ေတာင္းဆိုဆႏၵျပခဲ့တာပါ။

အာရွမွာ ၾကာရွည္ျဖစ္ခဲ့တဲ့ ေဟာင္ေကာင္မွာေတာ့ ဆႏၵျပသူတစ္ဦးက ရဲအရာရွိတစ္ဦးလက္ထဲက ေသနတ္ကိုလုခဲ့တဲ့အတြက္ ပစ္ခတ္မႈျဖစ္ခဲ့ပါတယ္။ေဟာင္ေကာင္ ဆႏၵျပသူေတြဘက္က ဆႏၵျပပြဲမ်ား ေလ်ာ့ပါးမည့္ လကၡဏာမရွိဘဲ တကၠသိုလ္ဝင္းအတြင္း ဆႏၵျပပြဲမ်ား ဆက္လက္ျဖစ္ပြားခဲ့ကာ ေက်ာင္းသားမ်ားက အရံအတားမ်ားကို မီးရႈိ႕ခဲ့ပါတယ္။
ဆႏၵျပသူမ်ားက  စီးပြားေရးအခ်က္အခ်ာက်သည့္ လမ္းမမ်ားထက္သို႔ အုတ္က်ိဳးအုတ္ပဲ့မ်ားျဖင့္ပစ္ျခင္း၊ လမ္းဆုံမ်ားတြင္ အမႈိက္မ်ားပုံထားျခင္း၊ ဝါးျငမ္းအတားအဆီးမ်ား လုပ္ထားၾကပါတယ္။အာဏာပိုင္ေတြကေတာ့ အဓိက႐ုဏ္းဖန္တီးသူေတြဟာ လူေနရပ္ကြက္မ်ားႏွင့္ တကၠသိုလ္ဝင္းမ်ားအတြင္း ရမ္းကားဖ်က္ဆီးတယ္လို႔ အာဏာပိုင္ေတြဘက္က ေျပာခဲ့ပါတယ္။အၾကမ္းဖက္ဆႏၵျပမႈေတြကို တားဆီးတဲ့အေနနဲ႔ ေက်ာင္းသား ၁၈၇ ဦးအပါအဝင္ လူ ၂၈၇ ဦးကို ေဟာင္ေကာင္ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ပါတယ္။

အေမရိကန္အစိုးရက လေပါင္းမ်ားစြာၾကာလာတဲ့ ဒီေဟာင္ေကာင္ဆႏၵျပပြဲအေပၚ  စိုးရိမ္ပူပန္တယ္ဆိုၿပီး ႏိုဝင္ဘာ ၁၁ ရက္က ထုတ္ျပန္ခဲ့ပါတယ္။ေဟာင္ေကာင္ဆႏၵျပမႈက ဆက္ၿပီးျဖစ္ပြားရာမွာ ေဟာင္ေကာင္စီးပြားေရးက လုံး၀ပ်က္စီးသြားသေလာက္ပါဘဲ။ေဟာင္ေကာင္မွာ ျဖစ္ေနသလို မဟုတ္ဘဲ ေတာင္အာဖရိကမွာေတာ့ ႏိုင္ငံေရးခိုလႈံခြင့္ ေတာင္းသူေတြေၾကာင့္ ဆႏၵျပပြဲေတြျဖစ္ေနပါတယ္။ေတာင္အာဖရိကႏိုင္ငံ ပရီတိုးရီးယား ၿမိဳ႕ေတာ္မွာ ရက္သတၱပတ္ ၅ ပတ္ၾကာ ဆႏၵျပေနတဲ့ ႏိုင္ငံေရးခိုလႈံခြင့္ေတာင္းသူေတြဟာ ၿမိဳ႕ဆင္ေျခဖုံးရွိ UNHCR ႐ုံး၏ နံရံမ်ားကို ကုတ္ကပ္တက္ၿပီး ကားရပ္နားရာေနရာတြင္ ႐ြက္ဖ်င္တဲမ်ား ေဆာက္ခဲ့ၾကပါတယ္။ဆႏၵျပသူေတြက ႏိုင္ငံျခားသား မႏွစ္သက္သူမ်ား၏ တိုက္ခိုက္မႈကို ခံေနရသည့္အတြက္ UNHCR ႐ုံးမွ ကာကြယ္ေပးေစလိုေၾကာင္း၊ အိမ္ကိုျပန္လာလွ်င္ သတ္မည္ဟု ၿခိမ္းေျခာက္ခံေနရေၾကာင္း ဒါေၾကာင့္ ၎တို႔ကို ကာကြယ္ေစာင့္ေရွာက္ေပးရန္ႏွင့္ အႏၲရာယ္ကင္းသည့္ႏိုင္ငံတြင္ ေနရာခ်ထားေပးရန္ ေတာင္းဆိုခဲ့ၾကတာပါ။ျပႆနာက မေျပလည္ေသးပါဘူး။ဘာေတြဆက္ျဖစ္ဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

အဆိုပါသတင္းေတြနည္းတူ ယခုရက္အတြင္းမွာျဖစ္ခဲ့တဲ့ သတင္းေတြထဲက သတင္းမွားေတြတင္တာ ကာကြယ္တားဆီးဖို႔ facebook က ယခုႏွစ္အတြင္း အေကာင့္အတု ၅ ဒသမ ၄ ဘီလ်ံကို ျဖဳတ္ခ်ခဲ့တဲ့သတင္း၊ ထိုင္းႏိုင္ငံ ေကာ့စမြီကြၽန္းရွိ  ေရတံခြန္တစ္ခုမွာ ဆယ္လ္ဖီ႐ိုက္ရင္း ျပင္သစ္ခရီးသည္တစ္ဦး ျပဳတ္က်ေသဆုံးခဲ့တဲ့သတင္း၊ ၂၀၁၄ ခုႏွစ္က ပစ္ခ်ခံခဲ့ရတဲ့ MH 17 ေလယာဥ္ပစ္ခ်ခံရမႈမွာ ၾကားျဖတ္ဖုန္းနားေထာင္ခ်က္မ်ားအရ ႐ုရွားထိပ္တန္းအရာရွိမ်ားႏွင့္ ယူကရိန္းသူပုန္မ်ားအၾကား ဆက္သြယ္မႈရွိေနတာကို ေဖာ္ထုတ္ရရွိတဲ့သတင္း၊ ျပင္သစ္သမၼတ အမ္မန္န်ဴရယ္ မက္ခ႐ြန္ ရဲ႕ ေနတိုးအဖြဲ႕နဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ကို တူရကီသမၼတက ျပစ္တင္ေဝဖန္ခဲ့တဲ့သတင္း၊ ဆလိုဗက္ကီးယားႏိုင္ငံ အေနာက္ပိုင္း ျပည္နယ္တစ္ခုမွာ ေက်ာင္းဘတ္စ္ကားနဲ႔ ေက်ာက္တင္လာတဲ့ ထရပ္ကား ေခါင္းခ်င္းဆိုင္တိုက္လို႔ ကေလးငယ္မ်ား အပါအဝင္ လူ ၁၂ ဦး ေသဆုံးခဲ့တဲ့သတင္း၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ လူအျပည့္အသိပ္ လိုက္ပါလာေသာ ရထားႏွစ္စင္းတိုက္မိလို႔  ၁၆ ဦး ေသဆုံးၿပီး အျခား လူ ၆၀ နီးပါး ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ သတင္းေတြကလည္း ယခုရက္သတၱပတ္မွာ လႈပ္ခတ္ခဲ့တဲ့သတင္းေတြ ျဖစ္ခဲ့ပါတယ္။

မင္းထက္
ႏို၀င္ဘာ - ၁၈