【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အစွန်းရောက်တွေကြောင့် ကမ္ဘာစစ်ဖြစ်ဖို့ နီးလာပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အစွန်းရောက်တွေကြောင့် ကမ္ဘာစစ်ဖြစ်ဖို့ နီးလာပြီလား

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေထဲမှာ အိန္ဒိယနဲ့ ပါကစ္စတန် အပြန်အလှန်တိုက်ခိုက်ကြတဲ့ သတင်းတွေက တစ်ကမ္ဘာလုံး စောင့်ကြည်ေ့နရတဲ့ သတင်းဖြစ်ခဲ့သလို ဒီနှစ်နိုင်ငံ ပိုင်ထားတဲ့ နျူကလီးယား လက်နက်တွေ ဘယ်တော့ထသုံးမလဲဆိုတာ ဘုရားတနေရတဲ့ ရက်သတ္တပတ်ပါဘဲ။အစ္စလာမ္မစ် အစွန်းရောက် စစ်သွေးကြွတွေ စလိုက်တဲ့ အသေခံတိုက်ခိုက်မှုကနေ စတဲ့ ဒေသတွင်းစစ်ပွဲက အခန့်မသင့်ရင် ကမ္ဘာစစ်ပွဲအသွင် ဆောင်လာနိုင်သလို တစါကမ္ဘာလုံး စိုးရိမ်နေတဲ့ နျူကလီးယားစစ်ပွဲတစ်ခု ဖြစ်လာဖို့လည်း များနေပါတယ်။

ဒီမဖြစ်သေးဘဲ ဖြစ်ဖို့တာဆူနေတဲ့ စစ်ပွဲသတင်းက ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းများစွာကို မှေးမှိန်စေခဲ့ပါတယ်။

အိန္ဒိယ-ပါကစ္စတန်က စမယ့် အာရှစစ်ပွဲ

ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ နိုင်ငံတကာ စစ်ရေးနောက်ခံ သတင်းတွေထဲမှာ အလှုပ်ခတ်ဆုံး သတင်းတွေက အိန္ဒိယနဲ့ ပါကစ္စတန်ကြား ဖြစ်နေတဲ့ စစ်ရေးသတင်းတွေဘဲ ဖြစ်ပါတယ်။အိန္ဒိယ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသမှာ ယခုလအစောပိုင်းက အိန္ဒိယ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အပါအဝင် လူ ၄၀ သေဆုံးခဲ့တဲ့ ပါကစ္စတန် အခြေစိုက် အစွန်းရောက် အစ္စလာမ္မစ် စစ်သွေးကြွအုပ်စုတစ်ခုဖြစ်တဲ့ ဂျာအစ်ရှ်အီမိုဟာမက်အဖွဲ့ရဲ့ အသေခံဗုံးခွဲမှုဖြစ်ရပ် နောက်ဆုံးမှာ အိန္ဒိယက လက်တုံ့ပြန်မှုတဲ့အနေနဲ့ ဖေဖော်ဝါရီ ၂၆ ရက်က ပါကစ္စတန် နယ်စပ်ကို ဖြတ်ကျော်ကာ အငြင်းပွား ကက်ရှ်မီးယားဒေသရှိ စစ်သွေးကြွစခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အိန္ဒိယ တိုက်ခိုက်ရေးဂျက်လေယာဉ် ၁၂ စင်းဟာ ပါကစ္စတန် ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ မူဇက်ဖ်ဖာရာဘတ်နယ်မြေမှ နယ်စပ်မျဉ်းကို ဖြတ်ကျော်ပျံသန်း ဝင်ရောက်လာပြီး စစ်သွေးကြွစခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ဒီလို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့တဲ့အတွက် ပါကစ္စတန် နိုင်ငံခြားရေးရုံးက အိန္ဒိယနိုင်ငံ ယာယီ မဟာမင်းကြီးကို ဆင့်ခေါ်ကာ ကန့်ကွက်လွှာပေးခဲ့ပါတယ်။

နယ်စပ်ထိန်းချုပ်ရေးမျဉ်း ဖြတ်ကျော်လာတဲ့  အိန္ဒိယတိုက်လေယာဉ် ၁၂ စင်းထဲက နှစ်စင်းကို ပါကစ္စတန် လေတပ်က ပစ်ချခဲ့ပြီး ပျက်ကျတဲ့ လေယာဉ်က အိန္ဒိယလေယာဉ်မှူး တစ်ဦးကို ပါကစ္စတန်ဘက်က ဖမ်းဆီးခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုအတွင်း ပါကစ္စတန်ဘက်က ထိခိုက်မှုမရှိဘူးလို့ ပြောခဲ့ပေမယ့် အိန္ဒိယဘက်ကတော့ တိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ခြောက်ရာကျော် သေဆုံးခဲ့ကြောင်း ပြောခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တွေမှာ တိုက်လေယာဉ်တွေက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေက စခန်းတွေထဲ ဝင်သွားကာ ပေါက်ကွဲအားကြီးမားခဲ့တာကို တွေ့ရပါတယ်။

ပါကစ္စတန်ဘက်က အိန္ဒိယရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ ပြောခဲ့တဲ့အတွက် အာရှဒေသမှာ စစ်မီးတောက်မယ့် အန္တရာယ်က လက်တစ်ကမ်းကို ရောက်လာခဲ့ပါတယ်။ဒီစစ်မီးက သာမန် သမာရိုးကျ လက်နက်ပိုင်ဆိုင်တဲ့ နှစ်နိုင်ငံကြား ဖြစ်မှာမဟုတ်ဘဲ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ကြား ဖြစ်နေတဲ့အတွက် ဒေသတွင်းတစ်ခုသာမဟုတ်ဘဲ ကမ္ဘာအတွက်ပါ အန္တရာယ်ရှိတဲ့ အခြေအနေပါ။

နှစ်ဘက်စလုံးက လေကြောင်းပိုင်နက်တွေ ပိတ်ပစ်လိုက်တဲ့အတွက် စင်ကာပူနဲ့ ထိုင်းကလို နိုင်ငံတကာလေကြောင်းလိုင်းတွေက ဥရောပကိုသွားတဲ့ ခရီးစဉ်တွေကို ပါကစ္စတန် လေပိုင်နက်ပေါ်က ဖြတ်ပျံသန်းတာမလုပ်ဘဲ တရုတ်နဲ့ ရုရှား လေကြောင်းပိုင်နက်တွေကို သုံးပြီးပြေးဆွဲရသလို တချို့ခရီးစဉ်တွေကို ဖျက်သိမ်းရတာတွေ ဒေသတွင်း လေကြောင်းခရီးစဉ်တွေမှာ ကမောက်ကမဖြစ်ရတာတွေ ဖြစ်ခဲ့ပါတယ်။

ဒီလိုဖြစ်နေတဲ့ ကာလအတွင်း နှစ်ဖက်စလုံးမှာ ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ သေကြေရတာတွေ ရှိခဲ့ပါတယ်။နှစ်နိုင်ငံကြား တင်းမာမှုမြင့်တက်လာစဉ် ကက်ရှ်မီးယားဒေသရှိ နှစ်ဘက်မြေပြင်တပ်များကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း ကလေးနှစ်ဦး အပါအဝင် လေးဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သလို မတ်လ ၂ ရက်က အငြင်းပွား ကက်ရှ်မီးယားနယ်စပ်မှာ အိန္ဒိယနှင့် ပါကစ္စတန်စစ်တပ်ကြား ၂၄ နာရီကြာ မော်တာတွေနဲ့ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်ပစ်ခတ်ခဲ့မှုမှာလည်း လူနေအိမ်တွေပေါ် မော်တာကျည်ကျပြီး အနည်းဆုံး လူခုနစ်ဦး သေဆုံးခဲ့ပါတယ်။

ပါကစ္စတန် စစ်တပ်ဘက်ကတော့ ဒီပစ်ခတ်မှုအတွင်း စစ်သားနှစ်ဦးနှင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ပြောခဲ့သလို ပါကစ္စတန်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်ခု အိန္ဒိယဘက်က လူနေအိမ်တစ်လုံးပေါ် ကျကွဲလို့ အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ကလေးနှစ်ဦး သေဆုံးခဲ့ပါတယ်။

တရုတ်က အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို ကလည်း အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သီးခြားစီ ဖုန်းဆက်စကားပြောပြီး နှစ်နိုင်ငံစလုံးကို နောက်ထပ်စစ်ရေးလှုပ်ရှားမှုတွေ မလုပ်ဘဲ ရှောင်ရှားဖို့ ဥရောပသမဂ္ဂနည်းတူ တိုက်တွန်းခဲ့ပြီး နောက်ပိုင်းမှာ ဆက်ဖြစ်ခဲ့တာပါ။

အသေအပျောက်တွေကြောင့် နှစ်နိုင်ငံပြည်သူများကြားမှာ စစ်ရေးသွေးကြွမှုတွေ ရှိနေပါတယ်။ပါကစ္စတန်ဘက်က ဖမ်းထားတဲ့ အိန္ဒိယလေယာဉ်မှူးတစ်ဦးကို မတ် ၁ ရက်က ပြန်လွှတ်ပေးသလို အိန္ဒိယထောင်ထဲ ကျောက်ခဲနဲ့ ထုသတ်ခံထားရတဲ့ ပါကစ္စတန်အကျဉ်းသား ရုပ်အလောင်းကိုလည်း အိန္ဒိယဘက်က  ပါကစ္စတန်ကို ပြန်လွှဲပေးခဲ့ပါတယ်။

ဒီလို အပြန်အလှန် လွှဲပေးမှုတွေရှိတဲ့အတွက် တင်းမာမှုတွေ လျော့ကျလာပြီလားဆိုတဲ့ အကောင်းဘက်မြင်မှုတွေဟာ မတ် ၂ ရက် တိုက်ခိုက်မှုမှာ လွှင့်ပြယ်သွားခဲ့ပြီ ဖြစ်ပါတယ်။ပါကစ္စတန်နဲ့ အိန္ဒိယ ခါးသီးတဲ့ ရန်ဘက်နှစ်နိုင်ငံကြား စစ်ပွဲက ပိုကျယ်ပြန့်လာမလား၊ ဘယ်သူတွေက ဝင်ထိန်းမလဲ ဘယ်သူက ဝင်အမြတ်ထုတ်ဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်ထဲ စစ်ရေးနဲ့ ပါဝါအားပြိုင်မှုတွေပါတဲ့ သတင်းတွေဖြစ်တဲ့ တောင်တရုတ်ပင်လယ်အတွင်း လက်နက်ကိုင် တိုက်ခိုက်မှုများဖြစ်ခဲ့ရင် ဖိလစ်ပိုင်ကို ကာကွယ်ပေးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို က ပြောလိုက်တဲ့ သတင်း၊ ထိုင်းနိုင်ငံ တောင်ပိုင်း နယ်စပ်ဒေသမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်နှစ်ဦးကို မွတ်စလင် စစ်သွေးကြွတွေ ပြန်ပေးဆွဲခံရပြီး ပစ်သတ်ခဲ့တဲ့ သတင်း၊ ဒါကာမှ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့သို့ ပြေးဆွဲပျံသန်းတဲ့ Birman Bangladash လေယာဉ်ကို ကလေးကစားစရာ ပစ္စတိုသေနတ်တစ်လက်နဲ့ ပြန်ပေးဆွဲခဲ့သူကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့၏ ပစ်သတ်ခဲ့တဲ့ သတင်းတွေထဲ သတိထားစရာ ဖြစ်ခဲ့ပါတယ်။

မပြီးသေးတဲ့ သြစတြေးလျှ တောမီး

အာရှတစ်လွှားမှာ အပူချိန်တွေ တရစပ်မြင့်တက်နေပါတယ်။အထူးသဖြင့် တောမီးလောင်တာတွေက အာရှနိုင်ငံတွေအပြင် ဒေသတွင်းတစ်ဝိုက်က နိုင်ငံတွေမှာပါ ဖြစ်နေတာပါ။အမေရိကန်က ကာလီဖိုနီးယား တောမီးနဲ့အပြိုင် လောင်နေခဲ့တဲ့ သြစတြေးလျှတိုက် တောင်ပိုင်းက တောမီးက ယခုထိ ထိန်းမရအောင် ဖြစ်နေပါတယ်။

ကန္တာရတစ်ပိုင်းလို ဖြစ်နေတဲ့ သြစတြေးလျှမှာ  စံချိန်တင် အပူလှိုင်းတွေကြောင့် အပူပြင်းဆုံးကာလတွေကို စကြုံနေရပါပြီ။ဩစတြေးလျနိုင်ငံ တောင်ပိုင်း ဗစ်တိုးရီးယားနှင့် တက်စ်မာနီးယား ပြည်နယ်တွေမှာ လောင်နေတဲ့ တောမီး ၂၅ ခုကို ငြိမ်းသတ်ဖို့ သြစတြေးလျှ အာဏာပိုင်တွေက မီးသတ်သမား ၂,၀၀၀၊ မီးသတ်လေယာဉ်နှင့် စေတနာ့ဝန်ထမ်းများ အသုံးပြုပြီး ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ဗစ်တိုးရီးယားပြည်နယ်တွင် တောမီးလောင်မှုက ကြောက်စရာကောင်းအောင် လူအသေအပျောက် ရှိခဲ့ပါတယ်။လွန်ခဲ့တဲ့ ဆယ်နှစ် ၂၀၀၉ က တောမီးလောင်ကျွမ်းမှုတွေကြောင့် လူ ၁၇၃ ဦး သေဆုံးပြီး ၄၁၄ ဦး ဒဏ်ရာရရှိခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။

သြစတြေးလျှနဲ့ ကပ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာတော့ တရားမဝင် ရွှေမိုင်းတွင်းတစ်ခု ပြိုကျလို့ လူသုံးဦး သေဆုံးပြီး ၆၀ ကျော် ပိတ်မိခဲ့ပါတယ်။ဒီဒေသမှာ ဒေသခံတွေက ရွှေတူးရာမှာ မိုင်းတွင်းတွေကို သစ်သားဒေါက်တိုင်များ၊ သစ်သားရက်မတွေသုံးပြီး တူးကျတာဖြစ်လို့ ရုတ်တရက် သစ်သားရက်မတွေကျိုးပြီး မိုင်းတွင်းပြိုကျလို့ အသေအပျောက်တွေ ရှိခဲ့တာပါ။ပြိုကျတဲ့ မိုင်းတွင်းတွေထဲ ပိတ်မိတဲ့ မိုင်းလုပ်သားေတွေကို ကယ်နေပေမယ့် ပြိုကျပြီး နောက်တစ်ရက်အထိ ၁၅ ဦးသာ ကယ်ဆယ်နိုင်ခဲ့သေးပါတယ်။မိုင်းထဲက ပိတ်မိနေတဲ့ အသံတွေကို ကြားရတဲ့အတွက် ကယ်ထုတ်ဖို့ ကြိုးစားနေဆဲဖြစ်သလို ဘယ်နှစ်ယောက် ထပ်ပြီးသေဆုံးဦးမလဲဆိုတာ စိတ်မသက်မသာနဲ့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

သဘာဝဘေး သတင်းတွေနဲ့အပြိုင် နောက်ထပ်သတိထားမိတဲ့ သတင်းတစ်ပုဒ်က တောင်ကိုရီးယား၊ ဘူဆန်ဆိပ်ကမ်းနားက တံတားကြီးတစ်စင်းကို ရုရှား Seagrand ကုန်တင်သင်္ဘောက ဝင်တိုက်ခဲ့တာပါ။ဒီ ကုန်တင်သင်္ဘောကို မူးနေတဲ့ ရုရှားကပ္ပတိန်က မောင်းခဲ့တာပါ။သတင်းတွေထဲမှာ သင်္ဘောက တံတားကို ဝင်တိုက်တဲ့အချိန်မှာ တံတားပေါ်သွားလာနေတဲ့ ကားတွေ လူတွေ ရှိခဲ့ပြီး အထိအခိုက်မရှိခဲ့ပေမယ့် တံတားလက်ရန်းတွေ ကျိုးပဲ့ခဲ့တယ်လို့ ဆိုပါတယ်။တိုက်ပြီးပြီးချင်း ရုရှားကပ္ပတိန် ငမူးက သင်္ဘောကို လှည့်မောင်းပြေးလို့ တောင်ကိုရီးယား ကင်းစောင့်တပ်က လိုက်ဖမ်းခဲ့ရတယ် ဆိုပါတယ်။ဒီဖြစ်ရပ်အတွက် ဘယ်လိုအရေးယူလဲဆိုတာ မသိရပေမယ့် ဒီလိုမူးရူးနေတဲ့သူကို ကပ္ပတိန်တာဝန်ပေးပြီး သင်္ဘောအဝင်အထွက် ရှုပ်ထွေးတဲ့ ဘူဆန်ဆိပ်ကမ်းထဲမှာ သင်္ဘော သင်္ဘောချင်း အတိုက်အခိုက်မရှိခဲ့တာ အံသြစရာပဲ ဖြစ်ပါတယ်။

ဒီသတင်းက ဒီတစ်ပတ်အတွင်း ထူးခြားတဲ့ သတင်းတွေဖြစ်တဲ့  ပင်လယ်သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံး အပိုင်းမှာ နေထိုင်တဲ့ ရေသတ္တဝါများ၏ အူထဲမှာ ပလတ်စတစ် အပိုင်းအစတွေကို သိပ္ပံပညာရှင်တွေက တွေ့ရှိ ခဲ့တဲ့ သတင်း၊ အလျား ၁၃ ပေ၊ ၄ လက်မခန့်ရှည်ပြီး ပေါင် ၇၀၀ ခန့်ရှိတဲ့ ဧရာမမိကျောင်း တစ်ကောင်ကို အမေရိကန် လယ်သမားတစ်ဦးက ဂျော်ဂျီယာပြည်နယ် အနောက်တောင်ပိုင်း ဆမ်တာခရိုင်ရှိ ရေကန်အနီး ဆည် မြောင်းအတွင်း တွေ့ရှိခဲ့တဲ့သတင်း၊ လူမှုကွန်ရက်ထိန်းချုပ်တဲ့အနေနဲ့ ယူဂန်ဒါ အာဏာပိုင်တွေက အင်တာနက်သုံးရင် တစ်နေ့ကို ယုဂန်ဒါသျှီလင် ၂၀ဝ (စတာလင်ပေါင် လေးပေါင်) ပေးဆောင်ရမယ့် လူမှုမီဒီယာအခွန်သစ် ပြဌာန်းလိုက်လို့ အင်တာနက် မဖွင့်ရဲတော့တဲ့ သတင်းတွေနဲ့ အပြိုင် သတင်း ဖတ်သူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

အိုင်အက်စ်တွေအတွက် ဆီးရီးယားနိဂုံး

ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေနဲ့  ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားထဲ ဝင်အခြေချကာ  အစ္စလာမ်မစ်နိုင်ငံတော်ကြီးတည်ဆောက်ဖို့ အိမ်မက်တွေ တည်ဆောက်ခဲ့တဲ့ အစွန်းရောက်အစ္စလာမ်မစ်အဖွဲ့ IS တွေရဲ့ ရပ်တည်မှုဟာ တဖြေးတဖြေး ေ၀ဝါးလာခဲ့တာကာနေ ယခုအခါ ဆီးရီးယားမှာ အမေရိကန်ကျော ထောက်နောက်ခံတဲ့ တပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ကာ ချေမှုန်းဖို့ စတင်နေပါပြီ။

အီရတ်နယ်စပ်နားက တစ်ကီလိုမီတာဝက်သာ ရှိတဲ့ အိုင်အက်စ်တွေရဲ့ နောက်ဆုံးနယ်မြေဖြစ်တဲ့  ဘတ်ဂ်ဟို့ဇ်နယ်မြေကို အမေရိကန်ကျော ထောက်နောက်ခံတဲ့ ကာ့တ်တပ်ဖွဲ့တွေက ထိုးစစ်မဆင်ခင်  အိုင်အက်စ်တွေနဲ့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ ထောင်နဲ့ချီကာ ချောင်ပိတ်မိနေခဲ့ပါတယ်။ စတင်ထိုး စစ်ဆင်မယ့် မတ် ၂ ရက်မတိုင်ခင် ဒီဒေသကနေ ဒေသခံတွေနဲ့ ထွက်ပြေးနေသလို တခြားနေရာတွေမှာလည်း အိုင်အက်စ်တပ်ဖွဲ့တွေကို ပြိုင်ဘက်အဖွဲကတွေက သတ်ဖြတ်ခဲ့ပါတယ်။

ဆီးရီးယားအနောက်မြောက်ပိုင်းက အီဒလစ်ပြည်နယ်ထဲမှာ အိုင်အက်စ်အ ဖွဲ့ဝင် ၁၀ ဦးကို ပြိုင်ဘက် ဂျီဟတ် ဝါဒီအဖွဲ့ တာဟရာအယ်လ်ရှမ်း အဖွဲ့က သတ်ပစ်ခဲ့ပါတယ်။

မတ်လ ၂ ရက်မှာ အိုင်အက်စ်တွေရဲ့ နောက်ဆုံးနယ်မြေဖြစ်တဲ့  ဘတ်ဂ်ဟို့ဇ်နယ်မြေကို ကာ့ဒ် ဦး ဆောင်တဲ့တပ်ဖွဲ့တွေက ထိုးစစ်ဆင်ခဲ့ပါတယ်။ကတ့်တပ်ဖွဲ့တွေကို အမေရိကန်ဦးဆောင်တဲ့ မဟာ မိတ်တပ် တွေက လေကြောင်းအပါအဝင် လိုအပ်တဲ့ ပစ်ကူတွေကို ပေးခဲ့ပါတယ်။အိုင်အက်စ်တွေအတွက် အပြင်အထန် ခုခံကာကွယ်ပေမယ့် ရေရှည်မှာ မလွယ်ပါဘူး။

ဘတ်ဂ်ဟို့ဇ်နယ်မြေကို ပိတ်ဆို ရှင်းလင်းဖွယ်ရှိတဲ့အတွက် လူသားတံတိုင်းအကာအကွယ်လုပ်တဲ့ အိုင်အက်စ်တွေ ဘယ်လိုဒီနယ်မြေကနေ ပျောက်ပြီး ဘယ်နေရာမှာ ထပ်ပေါ်လာဦးမလဲ ဆိုတာ ကြည့် ရဦးမှာပါ။ဒီပိတ်ဆို့ ချေမှုန်းရေးမအောင်မြင်ရင် အမေရိကန်ကျောထောက်နောက်ခံပေးထားတဲ့ ကာတ့်တပ်ဖွဲ့ တွေအတွက် အမေရိကန် ဆီးရီးယားကနေ ထွက်သွားရင် ပြဿနာတက်နိုင်ပါတယ်။ဒီအတွက် အသေ အကြေတိုက်ခိုက်မယ့် ဘတ်ဂ်ဟို့ဇ်နယ်မြေသိမ်းတိုက်ပွဲရဲ့ အသေအပျောက်က ကြောက်ခမန်း လိလိဖြစ်လာဖို့ များပါတယ်။

ဆီးရီးယားဘက်မှာ အစ္စလာမ်အစွန်းရောက်တွေကို ပွဲသိမ်းဖို့ အမေရိကန်ကျောထောက်နောက်ခံ တပ်တွေက အပြီးသတ်နေချိန်မှာ ကမ္ဘာကို 9/11 ကုန်သွယ်ရေးမျှော်စင်တိုက်ခိုက်မှုနဲ့ ကိုင်လှုပ်ခဲ့တဲ့ ဘင်လာ ဒင်ရဲ့ သားက တစ်စခန်းထလာနေပြီဖြစ်လို့ အမေရိကန်က ဆုကြေးထုတ်နေရပါပြီ။ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနက အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာ ဘင်လာဒင်ရဲ့ သားတစ်ဦးဖြစ်တဲ့ ဟမ်ဇာ ဘင်လာဒင် တည်ရှိမယ့် နေရာကို သတင်းပေးရင် ဆုငွေ ဒေါ်လာ ၁ သန်းပေးမယ်လို့ အမေရိကန်အစိုးရကိုယ်စား  ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအယ်လ်ကိုင်ဒါ ဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်လာတဲ့  ဟမ်ဇာ ဘင်လာဒင်ရှိနေတဲ့ နေရာနဲ့ကို ဘယ်သူမှ တိတိကျကျ မသိဘဲ ပါကစ္စတန်လိုလို အာဖဂန်နစ္စတန်နဲ့ ဆီးရီးယားမှာ လိုလို  အီရန်မှာပဲ နေအိမ်အကျယ်ချုပ်ဖမ်းခံထားရသလိုလိုနဲ့ ပျောက်နေခဲ့တာပါ။ ဘင်လာဒင်မျိုးဆက်က အမေရိကန်အတွက် ခြောက်အိမ်မက်ဖြစ်တဲ့အတွက် အမေရိကန်တပ်တွေ ဘယ်လိုရှာဖွေပြီး သုတ်သင်မလဲ ဆိုတာ မကြာခင် မြင်တွေ့ရဖို့ များနေပါတယ်။

ဆီးရီးယားက နိဂုံးချုပ်ခါနီး အိုင်အက်စ်အဖွဲ့ရဲ့ သတင်းတွေက  ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့တဲ့ အသက် (၈၁) နှစ်ရှိ သမ္မတဘော်တီဖလီကာ ငါးကြိမ်မြောက်ရွေးကောက်ပွဲဝင်ပြိုင်တာကို အယ်လ်ဂျီးရီးယားနိုင်ငံ တစ် ဝန်း ဆန္ဒြုပလို့  ၁၈၃ ဦး ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်မှာ အိုင်အက်စ်တွေက နိုင်ဂျီးရီးယားစစ်သား ၁၀ ဦးကို သတ်ဖြတ်ခဲ့တဲ့ သတင်း၊ရေနံပိုက်လိုင်းယိုစိမ့်၍ ပေါက်ကွဲလို့ နိုင်ဂျီးရီးယားနိုင်ငံ တောင် ပိုင်းမှာ လူ ၅၀ ကျော် သေကြေပျောက်ဆုံးခဲ့တဲ့သတင်း၊နူတ်ထွက်စာတင်တဲ့  အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်ဖ်၏ နုတ်ထွက်စာကို သမ္မတ ဟက်ဆန်ရိုဟာနီက ပယ်ချခဲ့တဲ့ သတင်း၊ အီရန်နိုင်ငံ၊ ကွမ်-တီဟီရန် အဝေးပြေးလမ်းမမှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်လို့ ခရီးသည်၈ ဦး သေဆုံးကာ ၃၆ ဦးဒဏ်ရာရခဲ့တဲ့ သတင်း၊ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အဓိကဘူတာမှာ ရထားတစ်စီး စြင်္က ံလမ်း နဲ့တိုက်မိပြီး မီးလောင်ကာ လူ ၂၀ သေဆုံးပြီး  ၄၀ ကျော် ဒဏ်ရာရခဲ့တဲ့ သတင်းတွေထဲ စောင့်ကြည့် စရာ ဖြစ်ခဲ့ပါတယ်။

ဘာမှမထူးတဲ့ ထရမ့် နဲ့ ကင်မ် တွေ့ဆုံမှု

အရှေ့တောင်အာရှဒေသကိုမျက်စိကျနေတဲ့ ပုံ ရတဲ့ ထရမ့်နဲ့ ကင်မ်တို့ဟာ ၎င်းတို့ရဲ့ တွေ့ဆုံမှု ဒုတိယ အကြိမ်ကို ပထမအကြိမ်ကလိုဘဲ အာဆီယံထဲက ဗီယက်နမ်နိုင်ငံကို ရွေးချယ်ခဲ့ပါတယ်။

ဗီယက်နမ်မှာ တွေခဲ့တဲ့ ဒီဒုတိယအကြိမ် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဒေသတွင်းနိုင်ငံတွေက အများကြီး မျှော်လင့်ထားကြပါတယ်။ အထူးသဖြင့် မြောက်ကိုရီးယားရဲ့ နုူကလီးယားတစ္ဆေခြောက်ခံနေရတဲ့ တောင်ကိုရီး ယား၊ဂျပန် စတဲ့ နိုင်ငံတွေအတွက် ဒီဆွေးနွေးပွဲမှာ  နုူလက်နက်တွေ ဖျက်သိမ်းတဲ့အထိ ဖြစ်လာမလားလို့ မျှော်လင့်ထားကြပါတယ်။

သမ္မတထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ မတွေ့ဆုံမီ သူရဲ့ တွစ်စ်တာကနေ မြောက်ကိုရီးယားအနေနဲ့  နျူကလီးယားလက်နက်ဖျက်သိမ်းမှုမပြုလုပ်ဘဲ ရှေ့တိုးလုပ်ဆောင်နေရင် မြောက် ကိုရီးယားရဲ့ ဆင်းရဲ တွင်းနက်မှုက တာရှည်ဖြစ်နိုင်တယ်လို့ ရေးခဲ့ပါတယ်။ ကင်မ်ဂျုံအန်းဘက်ကတော့ ဒီထိပ် သီးဆွေးနွေးပွဲအတွက် ယခင်လူတွေကို လူသစ်တွေနဲ့ အစားထိုးခေါ်ခဲ့တဲ့ အတွက် ဒီဆွေးနွေးပွဲမှာ  မြောက် ကိုရီး ယားဘက်ကနေ  ဘာတွေဆွေးနွေးမလဲဆိုတာ မှန်းဆဖို့ ခက်ခဲ့ပါတယ်။အိမ်ရှင်ဗီယက်နမ်ကတော့ ဧည့် ဝတ်ကျေပွန်ပြီး မြောက်ကိုရီးယားကနေ တရုတ်ကိုဖြတ်ပြီး ဗီယက်နမ်နယ်စပ်မြို့ ဒွန်ဒေါင်းဘူတာရုံကို ရောက် လာတဲ့ ကင်မ်ဂျုံအန်းကို ကောဇောနီခင်းကာကြိုဆိုခဲ့ပါတယ်။

ဗီယက်နမ်ထိပ်သီးဆွေးနွေးပွဲကို ဟနွိုင်းမှာ ဖေဖေါ်ဝါရီ ၂၇/၂၈ က  ကျင်းပပါတယ်။ အစည်းအဝေးမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဘက်ကနေ အမေရိကန်ကို  မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသော ဒဏ်ခတ် ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ပါတယ်။ အမေရိကန်ဘက်က အလုံးစုံ နျူကလီးယားကင်းစင်ရေးတောင်းခဲ့ပါတယ်။ဆွေးနွေးမှုမှာ နှစ်ဖက်သဘောတူညီချက်မရဘဲ မျှော်လင့်ထားသည့်အချိန်မတိုင်မီ အစည်းအဝေးပြီးဆုံးခဲ့ပြီး  အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ သမ္မတထရမ့်က “ ကျွန်တော်တို့ ဖြစ်ချင်သလောက် နျူကလီးယားအစီအစဉ်တစ်ခုကို သူတို့ ဘက်က ဖျက်သိမ်းပေးဖို့ ဆန္ဒရှိပေမယ့်လည်း ကျွန်တော်တို့ ဘက်က ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ မဖြစ်နိုင် သေးပါဘူး”လို့ ပြောခဲ့ပါတယ်။

အဲဒီခရီးစဉ်မှာ မြောက်ကိုရီးယားဘက်က နုူလက်နက်တွေဖျက်သိမ်းဖို့ အဆင်သင့်ရှိတယ် လို့ပြော ခဲ့သလို ပြုံးယမ်းမှာ အမေရိကန်ကိုယ်စားလှယ်ရုံးလာဖွင့်ရင် သူ့အနေနဲ့ ကြိုဆိုသွားမယ်လို့ ပြောခဲ့ပါ တယ်။ အမေရိကန်ဘက်ကတော့ သဘောတူညီချက် ကင်မ်၈ျူံအန်းနဲ့ သဘောတူညီချက်မရပေမယ့် နွေဦးမှည တောင် ကိုရီးယားနဲ့ ပူးတွဲ ပြုလုပ်ရန် စီစဉ်ထားတဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုကို အဆုံးသတ်ခဲ့ ပါတယ်။ထရမ့်က မြောက်ကိုရီးယား နှင့် ဆက်ဆံရေး  အလွန်ခိုင်မာလာမှာဖြစ်ကြောင်းပြောခဲ့သလို မြောက်ကိုရီးယား၌ နျူလက်နက်တွေ ရှိနေရင် ဘာစီးပွားရေးမှ ဖြစ်ထွန်းမှာ မဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ကင်မ်ဂျူံအန်းကိုမရည်ရွယ် ပေမယ့် အကျဉ်းကျနှိပ်စက်ခံပြီးသေဆုံးခဲ့ရတဲ့ အမေရိကန်ကျောင်းသား အော့တို ဝမ်ဘီးယား ကိစ္စမှာ မြောက်ကိုရီးယားဟာ အပြည့်အဝ တာဝန်ရှိတယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။

နောက်ထပ်တွေ့ဆုံမှုတွေအတွက် အစီအစဉ်ကို မပြောခဲ့သလို ‘လာ မောကြီး ’ဖြစ်ခဲ့ရတဲ့ နှစ်နိုင်ငံခေါင်း ဆောင်တွေက လက်ရှိအခြေအနေကို ထိန်းထားလိုတဲ့ ဆန္ဒရှိနေတဲ့ အတွက် စကားကိုထိန်းထိန်းသိမ်းသိမ်း ပြောခဲ့တာ ကို တွေ့ရပါတယ်။

ဒီသတင်းက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့   ရုရှားနဲ့ မြောက်ကိုရီးယားကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် မော်စကိုမှာ ဆွေးနွေး ပွဲပြုလုပ်မယ့်သတင်း၊  အမဲသားနှင့် ဝက်သားများ အပါအဝင် အမေရိကန်လယ်ယာ ထွက်ကုန်များအပေါ် ကောက်ခံသော အကောက်ခွန်များအားလုံးကို ချက်ချင်းဖယ်ရှားပေးရန် တရုတ်နိုင်ငံကို ထရမ့်က တိုက်တွန်းခဲ့တဲ့ သတင်း၊သမ္မတထရမ့်၏ နိုင်ငံတော်အရေးပေါ် အခြေအနေကြေညာမှုကို တားဆီးနိုင် မည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်၌ အတည်ပြုခဲ့တဲ့ သတင်း၊ပိုလန်ရွေးကောက်ပွဲ ဝင်ရန် ပိုလန်အတိုက်အခံပါတီငါးခု ညွန့်ပေါင်းဖွဲ့စည်းခဲ့တဲ့ သတင်း၊ မွန်တီနီဂရိုး သမ္မတနူတ်ထွက်ပေးရန် ထောင် နှင့်ချီသော ပြည်သူများ ဆန္ဒပြတောင်းဆိုနေတဲ့ သတင်း၊ ကျူးဘားရွေးကောက် ပွဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆွဲရေးအတွက် တွင် ကျူးဘားပြည်သူအများစုက မဲပေးခဲ့ကြတဲ့ သတင်း၊ နိုင်ငံရေး အကျပ် အတည်းအတွင်း အကျဉ်းထောင်များတွင် ယနေ့အထိဖမ်းဆီးထိန်းသိမ်းထားသည့် လူ ၅၆၆ ဦးကို ပြန်လွှတ် ပေးရန် လူ့အခွင့်အရေးအုပ်စုက နီကာရာဂွာသမ္မတကို တောင်းဆိုခဲ့တဲ့ သတင်းတွေထဲ စောင့်ကြည့်ရဦးမယ့် သတင်းတစ်ပုဒ်ဆိုတာ တင်ပြရင်း ယုခတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်နားလိုက်ချင်ပါတယ်။

မင်းထက်
မတ် - ၄

( Zawgyi )

ယခုတစ္ပတ္ ႏိုင္ငံတကာသတင္းေတြထဲမွာ အိႏၵိယနဲ႔ ပါကစၥတန္ အျပန္အလွန္တိုက္ခိုက္ၾကတဲ့ သတင္းေတြက တစ္ကမာၻလုံး ေစာင့္ၾကည္ေ့နရတဲ့ သတင္းျဖစ္ခဲ့သလို ဒီႏွစ္ႏိုင္ငံ ပိုင္ထားတဲ့ န်ဴကလီးယား လက္နက္ေတြ ဘယ္ေတာ့ထသုံးမလဲဆိုတာ ဘုရားတေနရတဲ့ ရက္သတၱပတ္ပါဘဲ။အစၥလာမၼစ္ အစြန္းေရာက္ စစ္ေသြးႂကြေတြ စလိုက္တဲ့ အေသခံတိုက္ခိုက္မႈကေန စတဲ့ ေဒသတြင္းစစ္ပြဲက အခန႔္မသင့္ရင္ ကမာၻစစ္ပြဲအသြင္ ေဆာင္လာႏိုင္သလို တစါကမာၻလုံး စိုးရိမ္ေနတဲ့ န်ဴကလီးယားစစ္ပြဲတစ္ခု ျဖစ္လာဖို႔လည္း မ်ားေနပါတယ္။

ဒီမျဖစ္ေသးဘဲ ျဖစ္ဖို႔တာဆူေနတဲ့ စစ္ပြဲသတင္းက ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းမ်ားစြာကို ေမွးမွိန္ေစခဲ့ပါတယ္။

အိႏၵိယ-ပါကစၥတန္က စမယ့္ အာရွစစ္ပြဲ

ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ ႏိုင္ငံတကာ စစ္ေရးေနာက္ခံ သတင္းေတြထဲမွာ အလႈပ္ခတ္ဆုံး သတင္းေတြက အိႏၵိယနဲ႔ ပါကစၥတန္ၾကား ျဖစ္ေနတဲ့ စစ္ေရးသတင္းေတြဘဲ ျဖစ္ပါတယ္။အိႏၵိယ ထိန္းခ်ဳပ္ထားသည့္ ကက္ရွ္မီးယားေဒသမွာ ယခုလအေစာပိုင္းက အိႏၵိယ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္မ်ား အပါအဝင္ လူ ၄၀ ေသဆုံးခဲ့တဲ့ ပါကစၥတန္ အေျခစိုက္ အစြန္းေရာက္ အစၥလာမၼစ္ စစ္ေသြးႂကြအုပ္စုတစ္ခုျဖစ္တဲ့ ဂ်ာအစ္ရွ္အီမိုဟာမက္အဖြဲ႕ရဲ႕ အေသခံဗုံးခြဲမႈျဖစ္ရပ္ ေနာက္ဆုံးမွာ အိႏၵိယက လက္တုံ႔ျပန္မႈတဲ့အေနနဲ႔ ေဖေဖာ္ဝါရီ ၂၆ ရက္က ပါကစၥတန္ နယ္စပ္ကို ျဖတ္ေက်ာ္ကာ အျငင္းပြား ကက္ရွ္မီးယားေဒသရွိ စစ္ေသြးႂကြစခန္းတစ္ခုကို ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။

အိႏၵိယ တိုက္ခိုက္ေရးဂ်က္ေလယာဥ္ ၁၂ စင္းဟာ ပါကစၥတန္ ထိန္းခ်ဳပ္ထားတဲ့ ကက္ရွ္မီးယားေဒသ မူဇက္ဖ္ဖာရာဘတ္နယ္ေျမမွ နယ္စပ္မ်ဥ္းကို ျဖတ္ေက်ာ္ပ်ံသန္း ဝင္ေရာက္လာၿပီး စစ္ေသြးႂကြစခန္းတစ္ခုကို ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။ဒီလို နယ္စပ္ျဖတ္ေက်ာ္ တိုက္ခိုက္ခဲ့တဲ့အတြက္ ပါကစၥတန္ ႏိုင္ငံျခားေရး႐ုံးက အိႏၵိယႏိုင္ငံ ယာယီ မဟာမင္းႀကီးကို ဆင့္ေခၚကာ ကန႔္ကြက္လႊာေပးခဲ့ပါတယ္။

နယ္စပ္ထိန္းခ်ဳပ္ေရးမ်ဥ္း ျဖတ္ေက်ာ္လာတဲ့  အိႏၵိယတိုက္ေလယာဥ္ ၁၂ စင္းထဲက ႏွစ္စင္းကို ပါကစၥတန္ ေလတပ္က ပစ္ခ်ခဲ့ၿပီး ပ်က္က်တဲ့ ေလယာဥ္က အိႏၵိယေလယာဥ္မႉး တစ္ဦးကို ပါကစၥတန္ဘက္က ဖမ္းဆီးခဲ့ပါတယ္။ေလေၾကာင္းတိုက္ခိုက္မႈအတြင္း ပါကစၥတန္ဘက္က ထိခိုက္မႈမရွိဘူးလို႔ ေျပာခဲ့ေပမယ့္ အိႏၵိယဘက္ကေတာ့ တိုက္ခိုက္မႈအတြင္း စစ္ေသြးႂကြ ေျခာက္ရာေက်ာ္ ေသဆုံးခဲ့ေၾကာင္း ေျပာခဲ့ပါတယ္။

ထြက္ေပၚလာတဲ့ ဗီဒီယိုဖိုင္ေတြမွာ တိုက္ေလယာဥ္ေတြက ပစ္လႊတ္လိုက္တဲ့ ဒုံးက်ည္ေတြက စခန္းေတြထဲ ဝင္သြားကာ ေပါက္ကြဲအားႀကီးမားခဲ့တာကို ေတြ႕ရပါတယ္။

ပါကစၥတန္ဘက္က အိႏၵိယရဲ႕ တိုက္ခိုက္မႈကို လက္တုံ႔ျပန္မယ္လို႔ ေျပာခဲ့တဲ့အတြက္ အာရွေဒသမွာ စစ္မီးေတာက္မယ့္ အႏၲရာယ္က လက္တစ္ကမ္းကို ေရာက္လာခဲ့ပါတယ္။ဒီစစ္မီးက သာမန္ သမာ႐ိုးက် လက္နက္ပိုင္ဆိုင္တဲ့ ႏွစ္ႏိုင္ငံၾကား ျဖစ္မွာမဟုတ္ဘဲ န်ဴကလီးယားလက္နက္ ပိုင္ဆိုင္တဲ့ အိႏၵိယနဲ႔ ပါကစၥတန္ၾကား ျဖစ္ေနတဲ့အတြက္ ေဒသတြင္းတစ္ခုသာမဟုတ္ဘဲ ကမာၻအတြက္ပါ အႏၲရာယ္ရွိတဲ့ အေျခအေနပါ။

ႏွစ္ဘက္စလုံးက ေလေၾကာင္းပိုင္နက္ေတြ ပိတ္ပစ္လိုက္တဲ့အတြက္ စင္ကာပူနဲ႔ ထိုင္းကလို ႏိုင္ငံတကာေလေၾကာင္းလိုင္းေတြက ဥေရာပကိုသြားတဲ့ ခရီးစဥ္ေတြကို ပါကစၥတန္ ေလပိုင္နက္ေပၚက ျဖတ္ပ်ံသန္းတာမလုပ္ဘဲ တ႐ုတ္နဲ႔ ႐ုရွား ေလေၾကာင္းပိုင္နက္ေတြကို သုံးၿပီးေျပးဆြဲရသလို တခ်ိဳ႕ခရီးစဥ္ေတြကို ဖ်က္သိမ္းရတာေတြ ေဒသတြင္း ေလေၾကာင္းခရီးစဥ္ေတြမွာ ကေမာက္ကမျဖစ္ရတာေတြ ျဖစ္ခဲ့ပါတယ္။

ဒီလိုျဖစ္ေနတဲ့ ကာလအတြင္း ႏွစ္ဖက္စလုံးမွာ ပစ္ခတ္မႈေတြေၾကာင့္ အရပ္သားေတြ ေသေၾကရတာေတြ ရွိခဲ့ပါတယ္။ႏွစ္ႏိုင္ငံၾကား တင္းမာမႈျမင့္တက္လာစဥ္ ကက္ရွ္မီးယားေဒသရွိ ႏွစ္ဘက္ေျမျပင္တပ္မ်ားၾကား အျပန္အလွန္ပစ္ခတ္မႈအတြင္း ကေလးႏွစ္ဦး အပါအဝင္ ေလးဦးေသဆုံးကာ ၁၀ ဦး ဒဏ္ရာရရွိခဲ့သလို မတ္လ ၂ ရက္က အျငင္းပြား ကက္ရွ္မီးယားနယ္စပ္မွာ အိႏၵိယႏွင့္ ပါကစၥတန္စစ္တပ္ၾကား ၂၄ နာရီၾကာ ေမာ္တာေတြနဲ႔ တစ္ဖက္နဲ႔ တစ္ဖက္ အျပန္အလွန္ပစ္ခတ္ခဲ့မႈမွာလည္း လူေနအိမ္ေတြေပၚ ေမာ္တာက်ည္က်ၿပီး အနည္းဆုံး လူခုနစ္ဦး ေသဆုံးခဲ့ပါတယ္။

ပါကစၥတန္ စစ္တပ္ဘက္ကေတာ့ ဒီပစ္ခတ္မႈအတြင္း စစ္သားႏွစ္ဦးႏွင့္ အရပ္သားႏွစ္ဦး ေသဆုံးခဲ့တယ္လို႔ ေျပာခဲ့သလို ပါကစၥတန္ဘက္က ပစ္လိုက္တဲ့ လက္နက္ႀကီးက်ည္တစ္ခု အိႏၵိယဘက္က လူေနအိမ္တစ္လုံးေပၚ က်ကြဲလို႔ အမ်ိဳးသမီးတစ္ဦးႏွင့္ ၎၏ ကေလးႏွစ္ဦး ေသဆုံးခဲ့ပါတယ္။

တ႐ုတ္က အိႏၵိယနဲ႔ ပါကစၥတန္ ႏွစ္ႏိုင္ငံစလုံးကို ထိန္းထိန္းသိမ္းသိမ္း ေဆာင္႐ြက္ဖို႔ တိုက္တြန္းခဲ့သလို အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ပီယို ကလည္း အိႏၵိယနဲ႔ ပါကစၥတန္ ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ သီးျခားစီ ဖုန္းဆက္စကားေျပာၿပီး ႏွစ္ႏိုင္ငံစလုံးကို ေနာက္ထပ္စစ္ေရးလႈပ္ရွားမႈေတြ မလုပ္ဘဲ ေရွာင္ရွားဖို႔ ဥေရာပသမဂၢနည္းတူ တိုက္တြန္းခဲ့ၿပီး ေနာက္ပိုင္းမွာ ဆက္ျဖစ္ခဲ့တာပါ။

အေသအေပ်ာက္ေတြေၾကာင့္ ႏွစ္ႏိုင္ငံျပည္သူမ်ားၾကားမွာ စစ္ေရးေသြးႂကြမႈေတြ ရွိေနပါတယ္။ပါကစၥတန္ဘက္က ဖမ္းထားတဲ့ အိႏၵိယေလယာဥ္မႉးတစ္ဦးကို မတ္ ၁ ရက္က ျပန္လႊတ္ေပးသလို အိႏၵိယေထာင္ထဲ ေက်ာက္ခဲနဲ႔ ထုသတ္ခံထားရတဲ့ ပါကစၥတန္အက်ဥ္းသား ႐ုပ္အေလာင္းကိုလည္း အိႏၵိယဘက္က  ပါကစၥတန္ကို ျပန္လႊဲေပးခဲ့ပါတယ္။

ဒီလို အျပန္အလွန္ လႊဲေပးမႈေတြရွိတဲ့အတြက္ တင္းမာမႈေတြ ေလ်ာ့က်လာၿပီလားဆိုတဲ့ အေကာင္းဘက္ျမင္မႈေတြဟာ မတ္ ၂ ရက္ တိုက္ခိုက္မႈမွာ လႊင့္ျပယ္သြားခဲ့ၿပီ ျဖစ္ပါတယ္။ပါကစၥတန္နဲ႔ အိႏၵိယ ခါးသီးတဲ့ ရန္ဘက္ႏွစ္ႏိုင္ငံၾကား စစ္ပြဲက ပိုက်ယ္ျပန႔္လာမလား၊ ဘယ္သူေတြက ဝင္ထိန္းမလဲ ဘယ္သူက ဝင္အျမတ္ထုတ္ဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ထဲ စစ္ေရးနဲ႔ ပါဝါအားၿပိဳင္မႈေတြပါတဲ့ သတင္းေတြျဖစ္တဲ့ ေတာင္တ႐ုတ္ပင္လယ္အတြင္း လက္နက္ကိုင္ တိုက္ခိုက္မႈမ်ားျဖစ္ခဲ့ရင္ ဖိလစ္ပိုင္ကို ကာကြယ္ေပးမယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ပီယို က ေျပာလိုက္တဲ့ သတင္း၊ ထိုင္းႏိုင္ငံ ေတာင္ပိုင္း နယ္စပ္ေဒသမွာ လက္ဖက္ရည္ဆိုင္ထိုင္ေနတဲ့ ထိုင္းရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးကို မြတ္စလင္ စစ္ေသြးႂကြေတြ ျပန္ေပးဆြဲခံရၿပီး ပစ္သတ္ခဲ့တဲ့ သတင္း၊ ဒါကာမွ ယူေအအီးႏိုင္ငံ ဒူဘိုင္းၿမိဳ႕သို႔ ေျပးဆြဲပ်ံသန္းတဲ့ Birman Bangladash ေလယာဥ္ကို ကေလးကစားစရာ ပစၥတိုေသနတ္တစ္လက္နဲ႔ ျပန္ေပးဆြဲခဲ့သူကို ဘဂၤလားေဒ့ရွ္ အထူးရဲတပ္ဖြဲ႕၏ ပစ္သတ္ခဲ့တဲ့ သတင္းေတြထဲ သတိထားစရာ ျဖစ္ခဲ့ပါတယ္။

မၿပီးေသးတဲ့ ၾသစေၾတးလွ် ေတာမီး

အာရွတစ္လႊားမွာ အပူခ်ိန္ေတြ တရစပ္ျမင့္တက္ေနပါတယ္။အထူးသျဖင့္ ေတာမီးေလာင္တာေတြက အာရွႏိုင္ငံေတြအျပင္ ေဒသတြင္းတစ္ဝိုက္က ႏိုင္ငံေတြမွာပါ ျဖစ္ေနတာပါ။အေမရိကန္က ကာလီဖိုနီးယား ေတာမီးနဲ႔အၿပိဳင္ ေလာင္ေနခဲ့တဲ့ ၾသစေၾတးလွ်တိုက္ ေတာင္ပိုင္းက ေတာမီးက ယခုထိ ထိန္းမရေအာင္ ျဖစ္ေနပါတယ္။

ကႏၲာရတစ္ပိုင္းလို ျဖစ္ေနတဲ့ ၾသစေၾတးလွ်မွာ  စံခ်ိန္တင္ အပူလႈိင္းေတြေၾကာင့္ အပူျပင္းဆုံးကာလေတြကို စႀကဳံေနရပါၿပီ။ဩစေၾတးလ်ႏိုင္ငံ ေတာင္ပိုင္း ဗစ္တိုးရီးယားႏွင့္ တက္စ္မာနီးယား ျပည္နယ္ေတြမွာ ေလာင္ေနတဲ့ ေတာမီး ၂၅ ခုကို ၿငိမ္းသတ္ဖို႔ ၾသစေၾတးလွ် အာဏာပိုင္ေတြက မီးသတ္သမား ၂,၀၀၀၊ မီးသတ္ေလယာဥ္ႏွင့္ ေစတနာ့ဝန္ထမ္းမ်ား အသုံးျပဳၿပီး ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနပါတယ္။ဗစ္တိုးရီးယားျပည္နယ္တြင္ ေတာမီးေလာင္မႈက ေၾကာက္စရာေကာင္းေအာင္ လူအေသအေပ်ာက္ ရွိခဲ့ပါတယ္။လြန္ခဲ့တဲ့ ဆယ္ႏွစ္ ၂၀၀၉ က ေတာမီးေလာင္ကြၽမ္းမႈေတြေၾကာင့္ လူ ၁၇၃ ဦး ေသဆုံးၿပီး ၄၁၄ ဦး ဒဏ္ရာရရွိခဲ့တာေတြ ျဖစ္ခဲ့ပါတယ္။

ၾသစေၾတးလွ်နဲ႔ ကပ္ေနတဲ့ အင္ဒိုနီးရွားႏိုင္ငံ ဆူလာေဝစီကြၽန္းမွာေတာ့ တရားမဝင္ ေ႐ႊမိုင္းတြင္းတစ္ခု ၿပိဳက်လို႔ လူသုံးဦး ေသဆုံးၿပီး ၆၀ ေက်ာ္ ပိတ္မိခဲ့ပါတယ္။ဒီေဒသမွာ ေဒသခံေတြက ေ႐ႊတူးရာမွာ မိုင္းတြင္းေတြကို သစ္သားေဒါက္တိုင္မ်ား၊ သစ္သားရက္မေတြသုံးၿပီး တူးက်တာျဖစ္လို႔ ႐ုတ္တရက္ သစ္သားရက္မေတြက်ိဳးၿပီး မိုင္းတြင္းၿပိဳက်လို႔ အေသအေပ်ာက္ေတြ ရွိခဲ့တာပါ။ၿပိဳက်တဲ့ မိုင္းတြင္းေတြထဲ ပိတ္မိတဲ့ မိုင္းလုပ္သားေေတြကို ကယ္ေနေပမယ့္ ၿပိဳက်ၿပီး ေနာက္တစ္ရက္အထိ ၁၅ ဦးသာ ကယ္ဆယ္ႏိုင္ခဲ့ေသးပါတယ္။မိုင္းထဲက ပိတ္မိေနတဲ့ အသံေတြကို ၾကားရတဲ့အတြက္ ကယ္ထုတ္ဖို႔ ႀကိဳးစားေနဆဲျဖစ္သလို ဘယ္ႏွစ္ေယာက္ ထပ္ၿပီးေသဆုံးဦးမလဲဆိုတာ စိတ္မသက္မသာနဲ႔ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

သဘာဝေဘး သတင္းေတြနဲ႔အၿပိဳင္ ေနာက္ထပ္သတိထားမိတဲ့ သတင္းတစ္ပုဒ္က ေတာင္ကိုရီးယား၊ ဘူဆန္ဆိပ္ကမ္းနားက တံတားႀကီးတစ္စင္းကို ႐ုရွား Seagrand ကုန္တင္သေဘၤာက ဝင္တိုက္ခဲ့တာပါ။ဒီ ကုန္တင္သေဘၤာကို မူးေနတဲ့ ႐ုရွားကပၸတိန္က ေမာင္းခဲ့တာပါ။သတင္းေတြထဲမွာ သေဘၤာက တံတားကို ဝင္တိုက္တဲ့အခ်ိန္မွာ တံတားေပၚသြားလာေနတဲ့ ကားေတြ လူေတြ ရွိခဲ့ၿပီး အထိအခိုက္မရွိခဲ့ေပမယ့္ တံတားလက္ရန္းေတြ က်ိဳးပဲ့ခဲ့တယ္လို႔ ဆိုပါတယ္။တိုက္ၿပီးၿပီးခ်င္း ႐ုရွားကပၸတိန္ ငမူးက သေဘၤာကို လွည့္ေမာင္းေျပးလို႔ ေတာင္ကိုရီးယား ကင္းေစာင့္တပ္က လိုက္ဖမ္းခဲ့ရတယ္ ဆိုပါတယ္။ဒီျဖစ္ရပ္အတြက္ ဘယ္လိုအေရးယူလဲဆိုတာ မသိရေပမယ့္ ဒီလိုမူး႐ူးေနတဲ့သူကို ကပၸတိန္တာဝန္ေပးၿပီး သေဘၤာအဝင္အထြက္ ရႈပ္ေထြးတဲ့ ဘူဆန္ဆိပ္ကမ္းထဲမွာ သေဘၤာ သေဘၤာခ်င္း အတိုက္အခိုက္မရွိခဲ့တာ အံၾသစရာပဲ ျဖစ္ပါတယ္။

ဒီသတင္းက ဒီတစ္ပတ္အတြင္း ထူးျခားတဲ့ သတင္းေတြျဖစ္တဲ့  ပင္လယ္သမုဒၵရာရဲ႕ အနက္ရႈိင္းဆုံး အပိုင္းမွာ ေနထိုင္တဲ့ ေရသတၱဝါမ်ား၏ အူထဲမွာ ပလတ္စတစ္ အပိုင္းအစေတြကို သိပၸံပညာရွင္ေတြက ေတြ႕ရွိ ခဲ့တဲ့ သတင္း၊ အလ်ား ၁၃ ေပ၊ ၄ လက္မခန႔္ရွည္ၿပီး ေပါင္ ၇၀၀ ခန႔္ရွိတဲ့ ဧရာမမိေက်ာင္း တစ္ေကာင္ကို အေမရိကန္ လယ္သမားတစ္ဦးက ေဂ်ာ္ဂ်ီယာျပည္နယ္ အေနာက္ေတာင္ပိုင္း ဆမ္တာခ႐ိုင္ရွိ ေရကန္အနီး ဆည္ ေျမာင္းအတြင္း ေတြ႕ရွိခဲ့တဲ့သတင္း၊ လူမႈကြန္ရက္ထိန္းခ်ဳပ္တဲ့အေနနဲ႔ ယူဂန္ဒါ အာဏာပိုင္ေတြက အင္တာနက္သုံးရင္ တစ္ေန႔ကို ယုဂန္ဒါသွ်ီလင္ ၂၀ဝ (စတာလင္ေပါင္ ေလးေပါင္) ေပးေဆာင္ရမယ့္ လူမႈမီဒီယာအခြန္သစ္ ျပဌာန္းလိုက္လို႔ အင္တာနက္ မဖြင့္ရဲေတာ့တဲ့ သတင္းေတြနဲ႔ အၿပိဳင္ သတင္း ဖတ္သူေတြကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။

အိုင္အက္စ္ေတြအတြက္ ဆီးရီးယားနိဂုံး

ရက္စက္ၾကမ္းၾကဳတ္တဲ့ သတ္ျဖတ္မႈေတြနဲ႔  ျပည္တြင္းစစ္ျဖစ္ေနတဲ့ ဆီးရီးယားထဲ ဝင္အေျခခ်ကာ  အစၥလာမ္မစ္ႏိုင္ငံေတာ္ႀကီးတည္ေဆာက္ဖို႔ အိမ္မက္ေတြ တည္ေဆာက္ခဲ့တဲ့ အစြန္းေရာက္အစၥလာမ္မစ္အဖြဲ႕ IS ေတြရဲ႕ ရပ္တည္မႈဟာ တေျဖးတေျဖး ေ၀ဝါးလာခဲ့တာကာေန ယခုအခါ ဆီးရီးယားမွာ အေမရိကန္ေက်ာ ေထာက္ေနာက္ခံတဲ့ တပ္ဖြဲ႕ေတြက ဝိုင္းဝန္းပိတ္ဆို႔ကာ ေခ်မႈန္းဖို႔ စတင္ေနပါၿပီ။

အီရတ္နယ္စပ္နားက တစ္ကီလိုမီတာဝက္သာ ရွိတဲ့ အိုင္အက္စ္ေတြရဲ႕ ေနာက္ဆုံးနယ္ေျမျဖစ္တဲ့  ဘတ္ဂ္ဟို႔ဇ္နယ္ေျမကို အေမရိကန္ေက်ာ ေထာက္ေနာက္ခံတဲ့ ကာ့တ္တပ္ဖြဲ႕ေတြက ထိုးစစ္မဆင္ခင္  အိုင္အက္စ္ေတြနဲ႔ သူတို႔ရဲ႕ ေဆြမ်ိဳးသားခ်င္းေတြ ေထာင္နဲ႔ခ်ီကာ ေခ်ာင္ပိတ္မိေနခဲ့ပါတယ္။ စတင္ထိုး စစ္ဆင္မယ့္ မတ္ ၂ ရက္မတိုင္ခင္ ဒီေဒသကေန ေဒသခံေတြနဲ႔ ထြက္ေျပးေနသလို တျခားေနရာေတြမွာလည္း အိုင္အက္စ္တပ္ဖြဲ႕ေတြကို ၿပိဳင္ဘက္အဖြဲကေတြက သတ္ျဖတ္ခဲ့ပါတယ္။

ဆီးရီးယားအေနာက္ေျမာက္ပိုင္းက အီဒလစ္ျပည္နယ္ထဲမွာ အိုင္အက္စ္အ ဖြဲ႕ဝင္ ၁၀ ဦးကို ၿပိဳင္ဘက္ ဂ်ီဟတ္ ဝါဒီအဖြဲ႕ တာဟရာအယ္လ္ရွမ္း အဖြဲ႕က သတ္ပစ္ခဲ့ပါတယ္။

မတ္လ ၂ ရက္မွာ အိုင္အက္စ္ေတြရဲ႕ ေနာက္ဆုံးနယ္ေျမျဖစ္တဲ့  ဘတ္ဂ္ဟို႔ဇ္နယ္ေျမကို ကာ့ဒ္ ဦး ေဆာင္တဲ့တပ္ဖြဲ႕ေတြက ထိုးစစ္ဆင္ခဲ့ပါတယ္။ကတ့္တပ္ဖြဲ႕ေတြကို အေမရိကန္ဦးေဆာင္တဲ့ မဟာ မိတ္တပ္ ေတြက ေလေၾကာင္းအပါအဝင္ လိုအပ္တဲ့ ပစ္ကူေတြကို ေပးခဲ့ပါတယ္။အိုင္အက္စ္ေတြအတြက္ အျပင္အထန္ ခုခံကာကြယ္ေပမယ့္ ေရရွည္မွာ မလြယ္ပါဘူး။

ဘတ္ဂ္ဟို႔ဇ္နယ္ေျမကို ပိတ္ဆို ရွင္းလင္းဖြယ္ရွိတဲ့အတြက္ လူသားတံတိုင္းအကာအကြယ္လုပ္တဲ့ အိုင္အက္စ္ေတြ ဘယ္လိုဒီနယ္ေျမကေန ေပ်ာက္ၿပီး ဘယ္ေနရာမွာ ထပ္ေပၚလာဦးမလဲ ဆိုတာ ၾကည့္ ရဦးမွာပါ။ဒီပိတ္ဆို႔ ေခ်မႈန္းေရးမေအာင္ျမင္ရင္ အေမရိကန္ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ကာတ့္တပ္ဖြဲ႕ ေတြအတြက္ အေမရိကန္ ဆီးရီးယားကေန ထြက္သြားရင္ ျပႆနာတက္ႏိုင္ပါတယ္။ဒီအတြက္ အေသ အေၾကတိုက္ခိုက္မယ့္ ဘတ္ဂ္ဟို႔ဇ္နယ္ေျမသိမ္းတိုက္ပြဲရဲ႕ အေသအေပ်ာက္က ေၾကာက္ခမန္း လိလိျဖစ္လာဖို႔ မ်ားပါတယ္။

ဆီးရီးယားဘက္မွာ အစၥလာမ္အစြန္းေရာက္ေတြကို ပြဲသိမ္းဖို႔ အေမရိကန္ေက်ာေထာက္ေနာက္ခံ တပ္ေတြက အၿပီးသတ္ေနခ်ိန္မွာ ကမာၻကို 9/11 ကုန္သြယ္ေရးေမွ်ာ္စင္တိုက္ခိုက္မႈနဲ႔ ကိုင္လႈပ္ခဲ့တဲ့ ဘင္လာ ဒင္ရဲ႕ သားက တစ္စခန္းထလာေနၿပီျဖစ္လို႔ အေမရိကန္က ဆုေၾကးထုတ္ေနရပါၿပီ။ အေမရိကန္ ႏိုင္ငံျခား ေရးဝန္ႀကီးဌာနက အယ္လ္ကိုင္ဒါ ေခါင္းေဆာင္ အိုစမာ ဘင္လာဒင္ရဲ႕ သားတစ္ဦးျဖစ္တဲ့ ဟမ္ဇာ ဘင္လာဒင္ တည္ရွိမယ့္ ေနရာကို သတင္းေပးရင္ ဆုေငြ ေဒၚလာ ၁ သန္းေပးမယ္လို႔ အေမရိကန္အစိုးရကိုယ္စား  ထုတ္ျပန္ခဲ့ပါတယ္။

လက္ရွိအယ္လ္ကိုင္ဒါ ဂိုဏ္းရဲ႕ ေခါင္းေဆာင္ျဖစ္လာတဲ့  ဟမ္ဇာ ဘင္လာဒင္ရွိေနတဲ့ ေနရာနဲ႔ကို ဘယ္သူမွ တိတိက်က် မသိဘဲ ပါကစၥတန္လိုလို အာဖဂန္နစၥတန္နဲ႔ ဆီးရီးယားမွာ လိုလို  အီရန္မွာပဲ ေနအိမ္အက်ယ္ခ်ဳပ္ဖမ္းခံထားရသလိုလိုနဲ႔ ေပ်ာက္ေနခဲ့တာပါ။ ဘင္လာဒင္မ်ိဳးဆက္က အေမရိကန္အတြက္ ေျခာက္အိမ္မက္ျဖစ္တဲ့အတြက္ အေမရိကန္တပ္ေတြ ဘယ္လိုရွာေဖြၿပီး သုတ္သင္မလဲ ဆိုတာ မၾကာခင္ ျမင္ေတြ႕ရဖို႔ မ်ားေနပါတယ္။

ဆီးရီးယားက နိဂုံးခ်ဳပ္ခါနီး အိုင္အက္စ္အဖြဲ႕ရဲ႕ သတင္းေတြက  ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့တဲ့ အသက္ (၈၁) ႏွစ္ရွိ သမၼတေဘာ္တီဖလီကာ ငါးႀကိမ္ေျမာက္ေ႐ြးေကာက္ပြဲဝင္ၿပိဳင္တာကို အယ္လ္ဂ်ီးရီးယားႏိုင္ငံ တစ္ ဝန္း ဆျႏၵုပလို႔  ၁၈၃ ဦး ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ ႏိုင္ဂ်ီးရီးယားႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ေဘာ္ႏိုျပည္နယ္မွာ အိုင္အက္စ္ေတြက ႏိုင္ဂ်ီးရီးယားစစ္သား ၁၀ ဦးကို သတ္ျဖတ္ခဲ့တဲ့ သတင္း၊ေရနံပိုက္လိုင္းယိုစိမ့္၍ ေပါက္ကြဲလို႔ ႏိုင္ဂ်ီးရီးယားႏိုင္ငံ ေတာင္ ပိုင္းမွာ လူ ၅၀ ေက်ာ္ ေသေၾကေပ်ာက္ဆုံးခဲ့တဲ့သတင္း၊ႏူတ္ထြက္စာတင္တဲ့  အီရန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုဟာမက္ဂ်ာဗက္ဇာရစ္ဖ္၏ ႏုတ္ထြက္စာကို သမၼတ ဟက္ဆန္႐ိုဟာနီက ပယ္ခ်ခဲ့တဲ့ သတင္း၊ အီရန္ႏိုင္ငံ၊ ကြမ္-တီဟီရန္ အေဝးေျပးလမ္းမမွာ ဘတ္စ္ကားတစ္စီးတိမ္းေမွာက္လို႔ ခရီးသည္၈ ဦး ေသဆုံးကာ ၃၆ ဦးဒဏ္ရာရခဲ့တဲ့ သတင္း၊ အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕အဓိကဘူတာမွာ ရထားတစ္စီး ျစကၤ ံလမ္း နဲ႔တိုက္မိၿပီး မီးေလာင္ကာ လူ ၂၀ ေသဆုံးၿပီး  ၄၀ ေက်ာ္ ဒဏ္ရာရခဲ့တဲ့ သတင္းေတြထဲ ေစာင့္ၾကည့္ စရာ ျဖစ္ခဲ့ပါတယ္။

ဘာမွမထူးတဲ့ ထရမ့္ နဲ႔ ကင္မ္ ေတြ႕ဆုံမႈ

အေရွ႕ေတာင္အာရွေဒသကိုမ်က္စိက်ေနတဲ့ ပုံ ရတဲ့ ထရမ့္နဲ႔ ကင္မ္တို႔ဟာ ၎တို႔ရဲ႕ ေတြ႕ဆုံမႈ ဒုတိယ အႀကိမ္ကို ပထမအႀကိမ္ကလိုဘဲ အာဆီယံထဲက ဗီယက္နမ္ႏိုင္ငံကို ေ႐ြးခ်ယ္ခဲ့ပါတယ္။

ဗီယက္နမ္မွာ ေတြခဲ့တဲ့ ဒီဒုတိယအႀကိမ္ ေတြ႕ဆုံမႈနဲ႔ ပတ္သက္ၿပီး ေဒသတြင္းႏိုင္ငံေတြက အမ်ားႀကီး ေမွ်ာ္လင့္ထားၾကပါတယ္။ အထူးသျဖင့္ ေျမာက္ကိုရီးယားရဲ႕ ႏုူကလီးယားတေစၦေျခာက္ခံေနရတဲ့ ေတာင္ကိုရီး ယား၊ဂ်ပန္ စတဲ့ ႏိုင္ငံေတြအတြက္ ဒီေဆြးေႏြးပြဲမွာ  ႏုူလက္နက္ေတြ ဖ်က္သိမ္းတဲ့အထိ ျဖစ္လာမလားလို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

သမၼတထရမ့္က ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္းနဲ႔ မေတြ႕ဆုံမီ သူရဲ႕ တြစ္စ္တာကေန ေျမာက္ကိုရီးယားအေနနဲ႔  န်ဴကလီးယားလက္နက္ဖ်က္သိမ္းမႈမျပဳလုပ္ဘဲ ေရွ႕တိုးလုပ္ေဆာင္ေနရင္ ေျမာက္ ကိုရီးယားရဲ႕ ဆင္းရဲ တြင္းနက္မႈက တာရွည္ျဖစ္ႏိုင္တယ္လို႔ ေရးခဲ့ပါတယ္။ ကင္မ္ဂ်ဳံအန္းဘက္ကေတာ့ ဒီထိပ္ သီးေဆြးေႏြးပြဲအတြက္ ယခင္လူေတြကို လူသစ္ေတြနဲ႔ အစားထိုးေခၚခဲ့တဲ့ အတြက္ ဒီေဆြးေႏြးပြဲမွာ  ေျမာက္ ကိုရီး ယားဘက္ကေန  ဘာေတြေဆြးေႏြးမလဲဆိုတာ မွန္းဆဖို႔ ခက္ခဲ့ပါတယ္။အိမ္ရွင္ဗီယက္နမ္ကေတာ့ ဧည့္ ဝတ္ေက်ပြန္ၿပီး ေျမာက္ကိုရီးယားကေန တ႐ုတ္ကိုျဖတ္ၿပီး ဗီယက္နမ္နယ္စပ္ၿမိဳ႕ ဒြန္ေဒါင္းဘူတာ႐ုံကို ေရာက္ လာတဲ့ ကင္မ္ဂ်ဳံအန္းကို ေကာေဇာနီခင္းကာႀကိဳဆိုခဲ့ပါတယ္။

ဗီယက္နမ္ထိပ္သီးေဆြးေႏြးပြဲကို ဟႏြိဳင္းမွာ ေဖေဖၚဝါရီ ၂၇/၂၈ က  က်င္းပပါတယ္။ အစည္းအေဝးမွာ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္းဘက္ကေန အေမရိကန္ကို  ေျမာက္ကိုရီးယားႏိုင္ငံအေပၚ ခ်မွတ္ထားေသာ ဒဏ္ခတ္ ပိတ္ဆို႔မႈမ်ားကို ႐ုပ္သိမ္းေပးရန္ ေတာင္းဆိုခဲ့ပါတယ္။ အေမရိကန္ဘက္က အလုံးစုံ န်ဴကလီးယားကင္းစင္ေရးေတာင္းခဲ့ပါတယ္။ေဆြးေႏြးမႈမွာ ႏွစ္ဖက္သေဘာတူညီခ်က္မရဘဲ ေမွ်ာ္လင့္ထားသည့္အခ်ိန္မတိုင္မီ အစည္းအေဝးၿပီးဆုံးခဲ့ၿပီး  အစည္းအေဝးအၿပီး သတင္းစာရွင္းလင္းပြဲမွာ သမၼတထရမ့္က “ ကြၽန္ေတာ္တို႔ ျဖစ္ခ်င္သေလာက္ န်ဴကလီးယားအစီအစဥ္တစ္ခုကို သူတို႔ ဘက္က ဖ်က္သိမ္းေပးဖို႔ ဆႏၵရွိေပမယ့္လည္း ကြၽန္ေတာ္တို႔ ဘက္က ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ဖယ္ရွားေပးဖို႔ မျဖစ္ႏိုင္ ေသးပါဘူး”လို႔ ေျပာခဲ့ပါတယ္။

အဲဒီခရီးစဥ္မွာ ေျမာက္ကိုရီးယားဘက္က ႏုူလက္နက္ေတြဖ်က္သိမ္းဖို႔ အဆင္သင့္ရွိတယ္ လို႔ေျပာ ခဲ့သလို ၿပဳံးယမ္းမွာ အေမရိကန္ကိုယ္စားလွယ္႐ုံးလာဖြင့္ရင္ သူ႔အေနနဲ႔ ႀကိဳဆိုသြားမယ္လို႔ ေျပာခဲ့ပါ တယ္။ အေမရိကန္ဘက္ကေတာ့ သေဘာတူညီခ်က္ ကင္မ္၈်ဴံအန္းနဲ႔ သေဘာတူညီခ်က္မရေပမယ့္ ေႏြဦးမွည ေတာင္ ကိုရီးယားနဲ႔ ပူးတြဲ ျပဳလုပ္ရန္ စီစဥ္ထားတဲ့ အႀကီးစားစစ္ေရးေလ့က်င့္မႈကို အဆုံးသတ္ခဲ့ ပါတယ္။ထရမ့္က ေျမာက္ကိုရီးယား ႏွင့္ ဆက္ဆံေရး  အလြန္ခိုင္မာလာမွာျဖစ္ေၾကာင္းေျပာခဲ့သလို ေျမာက္ကိုရီးယား၌ န်ဴလက္နက္ေတြ ရွိေနရင္ ဘာစီးပြားေရးမွ ျဖစ္ထြန္းမွာ မဟုတ္ဘူးလို႔ေျပာခဲ့ပါတယ္။ကင္မ္ဂ်ဴံအန္းကိုမရည္႐ြယ္ ေပမယ့္ အက်ဥ္းက်ႏွိပ္စက္ခံၿပီးေသဆုံးခဲ့ရတဲ့ အေမရိကန္ေက်ာင္းသား ေအာ့တို ဝမ္ဘီးယား ကိစၥမွာ ေျမာက္ကိုရီးယားဟာ အျပည့္အဝ တာဝန္ရွိတယ္ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။

ေနာက္ထပ္ေတြ႕ဆုံမႈေတြအတြက္ အစီအစဥ္ကို မေျပာခဲ့သလို ‘လာ ေမာႀကီး ’ျဖစ္ခဲ့ရတဲ့ ႏွစ္ႏိုင္ငံေခါင္း ေဆာင္ေတြက လက္ရွိအေျခအေနကို ထိန္းထားလိုတဲ့ ဆႏၵရွိေနတဲ့ အတြက္ စကားကိုထိန္းထိန္းသိမ္းသိမ္း ေျပာခဲ့တာ ကို ေတြ႕ရပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့   ႐ုရွားနဲ႔ ေျမာက္ကိုရီးယားၾကား ပူးေပါင္းေဆာင္႐ြက္ေရးအတြက္ ေမာ္စကိုမွာ ေဆြးေႏြး ပြဲျပဳလုပ္မယ့္သတင္း၊  အမဲသားႏွင့္ ဝက္သားမ်ား အပါအဝင္ အေမရိကန္လယ္ယာ ထြက္ကုန္မ်ားအေပၚ ေကာက္ခံေသာ အေကာက္ခြန္မ်ားအားလုံးကို ခ်က္ခ်င္းဖယ္ရွားေပးရန္ တ႐ုတ္ႏိုင္ငံကို ထရမ့္က တိုက္တြန္းခဲ့တဲ့ သတင္း၊သမၼတထရမ့္၏ ႏိုင္ငံေတာ္အေရးေပၚ အေျခအေနေၾကညာမႈကို တားဆီးႏိုင္ မည့္ ဆုံးျဖတ္ခ်က္တစ္ရပ္ကို အေမရိကန္ေအာက္လႊတ္ေတာ္၌ အတည္ျပဳခဲ့တဲ့ သတင္း၊ပိုလန္ေ႐ြးေကာက္ပြဲ ဝင္ရန္ ပိုလန္အတိုက္အခံပါတီငါးခု ၫြန႔္ေပါင္းဖြဲ႕စည္းခဲ့တဲ့ သတင္း၊ မြန္တီနီဂ႐ိုး သမၼတႏူတ္ထြက္ေပးရန္ ေထာင္ ႏွင့္ခ်ီေသာ ျပည္သူမ်ား ဆႏၵျပေတာင္းဆိုေနတဲ့ သတင္း၊ က်ဴးဘားေ႐ြးေကာက္ ပြဲမွာ ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ေရးဆြဲေရးအတြက္ တြင္ က်ဴးဘားျပည္သူအမ်ားစုက မဲေပးခဲ့ၾကတဲ့ သတင္း၊ ႏိုင္ငံေရး အက်ပ္ အတည္းအတြင္း အက်ဥ္းေထာင္မ်ားတြင္ ယေန႔အထိဖမ္းဆီးထိန္းသိမ္းထားသည့္ လူ ၅၆၆ ဦးကို ျပန္လႊတ္ ေပးရန္ လူ႔အခြင့္အေရးအုပ္စုက နီကာရာဂြာသမၼတကို ေတာင္းဆိုခဲ့တဲ့ သတင္းေတြထဲ ေစာင့္ၾကည့္ရဦးမယ့္ သတင္းတစ္ပုဒ္ဆိုတာ တင္ျပရင္း ယုခတစ္ပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္နားလိုက္ခ်င္ပါတယ္။

မင္းထက္
မတ္ - ၄