【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အစွန်းရောက်တွေ ထိုးလိုက်တဲ့ မရဏခေါင်းလောင်းသံ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အစွန်းရောက်တွေ ထိုးလိုက်တဲ့ မရဏခေါင်းလောင်းသံ

ယခုတစ်ပတ် သတင်းတွေထဲ အများဆုံးသတိထားမိတဲ့ သတင်းကတော့ နယူးဇီလန် ခရစ္စချော့ချ် ပစ်ခတ်မှု သတင်းပါဘဲ။လူအသေပျောက်များခဲ့တဲ့ ဒီအစွန်းရောက် အကြမ်းဖက်မှု သတင်းက တစ်ကမ္ဘာလုံးက ရှုံချခဲ့သလို အခြားဘာသာဝင်တွေကလဲ သေဆုံးသူ အစ္စလာမ်တွေနဲ့ တစ်သားတည်း ရပ်တည်ပြခဲ့ကြပါတယ်။ရက်စက်ကြမ်းကြုတ်တဲ့ ယခုဖြစ်ရပ်သတင်းက စိတ်မကောင်းစရာ ယခုတစ်ပတ်သတင်းများစွာကို လွှမ်းခြုံပြီး ထိပ်တန်းသတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်မှာဖြစ်ခဲ့တဲ့  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မက္ကဆီကို နယ်ခြားတံတိုင်း ကာရံရေးအတွက် သမ္မတရဲ့ ဗီတိုအာဏာကို ပထမဆုံး သုံးစွဲလိုက်တဲ့ သတင်း၊ ဗြိတိန်အမတ်တွေက ဥရောပသမဂ္ဂ အီးယူကနေ ဗြိတိန်နုတ်ထွက်ခြင်း ဘရစ်ဇစ် အစီအစဉ် အကောင်အထည်ဖော်ဖို့ နုတ်ထွက်ရမယ့်ရက်ကို အချိန်တိုးပေးခဲ့တဲ့ သတင်း၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ က မတ် ၂၄ ရက် ကျင်းပမယ့် ထိုင်းရွေးကောက်ပွဲရဲ့ ရလဒ်ကို လေးစားမယ်လို့ ပြောလိုက်တဲ့ သတင်း၊ အစိုးရဆန့်ကျင်လှုပ်ရှားမှုများအတွင်း ပါဝင်ခဲ့သော အကျဉ်းသား ၅၀ ခန့်ကို နီကာရာဂွါ အစိုးရက ပြန်လွှတ်ပေးလိုက်တဲ့ သတင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို က မြောက်ကိုရီးယားနဲ့ ဆက်ဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့ ပြောလိုက်တဲ့ သတင်း၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) စုံစမ်းစစ်ဆေးသူတွေကို အမေရိကန်ပြည်တွင်းသို့ ဝင်ရောက်ခွင့် အမေရိကန်အစိုးရက ပိတ်ပင်လိုက်တဲ့ သတင်း၊ ဂျာမန် သတင်းထောက်တစ်ဦးအား လေးလကြာ ဖမ်းဆီးခဲ့ပြီးနောက် ဗင်နီဇွဲလားအာဏာပိုင်များက ပြန်လွှတ်ပေးလိုက်တဲ့ သတင်းတွေကို ဖုံးလွှမ်းခဲ့ပါတယ်။

ခေါင်းထောင်လာတဲ့ အစွန်းရောက်အစွဲတွေ

လက်ရှိဆယ်စုနှစ်အတွင်း သတိထားမိစရာကောင်းလာတာက ဘာသာရေး၊ လူမျိုးရေး အစွဲစိတ်တွေ ကြီးထွားလာပြီး ပဋိပက္ခတွေ ပိုပြင်းထန်လာတာပါ။မကြာသေးမီကဖြစ်ခဲ့တဲ့ ဖြစ်ရပ်က တုန်လှုပ်စရာကောင်းလောက်အောင်ပါဘဲ။ဒီဖြစ်ရပ်က မတ် ၁၅ ရက်က နယူးဇီလန်မှာ ဖြစ်ခဲ့တာပါ။

နယူးဇီလန်နိုင်ငံ ခရစ္စချော့ချ်မြို့ ဗလီတစ်ခုထဲက လူဖြူအမျိုးသားရေးဝါဒီတစ်ဦးက လက်နက်အပြည့်အစုံ တင်ထားတဲ့ ကားနဲ့လာပြီး ဗလီထဲရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ပစ်ခတ်ခဲ့တာပါ။အဲဒီနေ့က သောကြာနေ့ဖြစ်တဲ့အတွက် ဗလီထဲမှာ နယူးဇီလန်မှာ လာအခြေချတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ အဲဒီမြို့မှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုဆုတောင်းသူတွေနဲ့ ပြည့်နေချိန်မှာ ဝင်ပစ်ခတ်ခဲ့လို့ သေကြေဒဏ်ရာရမှုက ကြောက်စရာကောင်းလောက်အောင် များပြားခဲ့ပါတယ်။

ခရစ္စချော့ချ်မြို့ ဗလီနှစ်လုံးကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့သူက နယူးဇီလန်နိုင်ငံသား အသက် (၂၈) နှစ်အရွယ် ဘရန်တန်တာရန့်တ် ဆိုသူဖြစ်ပါတယ်။ထိုသူက သူဗလီထဲဝင်ရောက် သတ်ဖြတ်ပစ်ခတ်တာကို Facebook ကနေ တိုက်ရိုက်လွှင့်ခဲ့တဲ့အတွက် လူမှုကွန်ရက်သုံးနေသူတွေအတွက် ထိတ်လန့်စရာဖြစ်ခဲ့သလို နာမည်ပျက်တွေရှိနေတဲ့ facebook အတွက်လည်း ထပ်မံပြစ်တင်စရာ ဖြစ်လာခဲ့ပါတယ်။ဘရန်တန်တာရန့်တ် က ကားပေါ်မှာ လက်နက်တွေ အပြည့်တင်လာပြီး ဗလီကို ဝင်ပစ်ခတ်ခဲ့တာပါ။ကားပေါ်မှာ လက်လုပ်ဖောက်ခွဲေ ရးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တဲ့အတွက် ဗလီနှစ်လုံးအပြင် အခြားပစ်မှတ်တွေပါ ဆက်လက်တိုက်ခိုက်ဖို့ ရည်ရွယ်ဟန်တူပါတယ်။

သာမန်ပြစ်မှုကင်းရှင်းတဲ့ နိုင်ငံသားဘယ်သူမဆို လက်နက်ကို ကြိုက်သလောက်ဝယ်လို့ရတဲ့ နယူးဇီလန် လက်နက်ကိုင်ဆောင်ခွင့် ဥပဒေက ဘရန်တန်တာရန့်တ် လို အစ္စလာမ်မုန်းတီးရေး အစွန်းရောက်တစ်ဦးအတွက် ယခုဖြစ်ရပ်ကို ကျူးလွန်ဖို့ အခွင့်အရေးပေးသလို ဖြစ်ခဲ့တဲ့အတွက် နယူးဇီလန်အတွက် ပြန်ဆင်ခြင်စရာ ဖြစ်လာခဲ့ပါတယ်။

ဘရန်တန်တာရန့်တ် နဲ့အတူ အခြားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကျူးလွန်သူနဲ့ သံသယရှိသူတွေဆီက မွတ်ဆလင်ဆန့်ကျင်ရေး ကြေညာစာတမ်းတစ်ခုကိုလည်း တွေ့ရသလို လူမှုကွန်ရက် အကောင့်မှာလည်း  စာမျက်နှာ ၈၇ မျက်နှာပါ မွတ်ဆလင်ဆန့်ကျင်ရေး ကြေညာစာတမ်း လင့်တစ်ခုတင်ထားသလို တိုက်ခိုက်မှုမတိုင်ခင် ရွှေ့ပြောင်းနေထိုင်သူတွေ ဆန့်ကျင်ရေး၊ မွတ်ဆလင်ဆန့်ကျင်ရေး အိုင်ဒီယာတွေ၊ ရှင်းလင်းချက်တွေကို ဖော်ပြထားတာကို တွေ့ရတယ်ဆိုပါတယ်။အကြမ်းဖက်သမားနှင့် နာမည်ချင်းတူညီသော လူမှုကွန်ရက်အကောင့်အချို့မှာ အခင်းဖြစ်ပွားခဲ့တဲ့ မွတ်စလင်ဘာသာရေးကျောင်းများနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ပို့စ်တင်ထားတာ တွေ့ရပါတယ်။ဒီလိုကျူးလွန်ဖို့ နှစ်နှစ်တိုင်တိုင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ရတယ်လို့လည်း အကောင့်တစ်ခုမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဗလီတက် ဝတ်ပြုနေချိန် လူပြည့်နေတဲ့ ဗလီထဲ ဝင်ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသူက ကနဦးမှာ အမျိုးမျိုးအရေအတွက် ထွက်နေပေမယ့် စာရင်းအတိအကျမှာ ၅၀ ဦးထိ ရှိခဲ့သလို  ပြင်းထန်စွာဒဏ်ရာရတဲ့သူ ၂၀ ကျော် အပါအဝင် ၄၂ ဦးထိ ရှိခဲ့ပါတယ်။နယူးဇီလန် ဝန်ကြီးချုပ်ကတော့  ဒီဖြစ်ရပ် ဖြစ်တဲ့နေ့ကို နယူးဇီလန်ရဲ့ အမှောင်ဆုံးနေ့အဖြစ် ပြောခဲ့သလို နောက်ရက်တွေမှာ နယူးဇီလန်နိုင်ငံရဲ့ လက်နက်ကိုင်ဆောင်ခွင့်ပြုတဲ့ ဥပဒေကို ပြန်ပြင်ဆင်ရမယ်လို့ ပြောခဲ့ပါတယ်။

နယူးဇီလန်က ဗလီတွေအားလုံးကို အဆိုပါဖြစ်တဲ့နေ့မှာ ပိတ်ခိုင်းခဲ့ပြီး ကျောင်းတွေကိုပါ ပိတ်ခိုင်းခဲ့ပါတယ်။သတ်ဖြတ်ခံရတဲ့သူတွေအတွက် အလံကို တိုင်တစ်ဝက်လျော့ချကာ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။  

ဒီရက်စက်ကြမ်းကြုတ်တဲ့ ဖြစ်ရပ်ကို ကျူးလွန်ခဲ့တဲ့ ကိုယ်ကာယကြံ့ခိုင်ရေးဆရာဟောင်းနဲ့ လူမျိုးရေးခွဲခြားသူ တစ်ဦးဖြစ်တဲ့ ဘရန်တန်တာရန့်တ် ကို မတ်လ ၁၆ ရက်က လူသတ်မှုစွဲချက်တစ်ခုတည်းဖြင့် တရားရုံးထုတ်ခဲ့ရာမှာ ချုပ်ရက်ရမန်သာ ယူခဲ့ပါတယ်။ဒီဗလီတိုက်ခိုက်မှုမှာ မွတ်စလင်တွေကို တိုက်ရိုက်တိုက်ခိုက် သတ်ဖြတ်မှုမှာ လတ်တလောကာလမှာ အနောက်နိုင်ငံတွေထဲ အသေအဆုံး အများဆုံးလည်းဖြစ်လို့ တရားရုံးအပြင်ဖက်မှာတော့ အထူးလုံခြုံရေးယူထားပြီး ရုံးထုတ်ခဲ့တာပါ။ဧပြီ ၅ ရက်မှာ ထပ်မံရုံးတင် စစ်ဆေးမှာပါ။

ပြစ်မှုကျူးလွန်သူက လူသတ်သမားက အမေရိကန်သမ္မတ ထရမ့် ကို ထောက်ခံသူလို့ ပြောတဲ့အတွက် လူဖြူကြီးစိုးရေးဝါဒီ တံဆိပ်တပ်ခံရမယ့် အရေးအတွက် ထရမ့် ကိုယ်တိုင် ရှင်းချက်ထုတ်ခဲ့ရပါတယ်။ဒီဖြစ်ရပ်က ကမ္ဘာအနှံ့မှာ စစ်တပ်ချင်းတိုက်တဲ့ စစ်ပွဲတွေကနေ လူမျိုးချင်း၊ ဘာသာချင်း တိုက်ကြတဲ့ မြို့ပြစစ်ပွဲတွေအသွင် ဆောင်လာတာကို တွေ့ရသလိုပါဘဲ။အားနည်းတဲ့ ပစ်မှတ်တွေကို ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တွေက ပစ်မှတ်အဖြစ် ရွေးချယ်သတ်ဖြတ်တာဟာ လက်မခံနိုင်စရာ အကြမ်းဖက်မှုဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးက ဘာသာကွဲ လူမျိုးကွဲတွေက နယူးဇီလန်က သတ်ဖြတ်ခံရသူ အစ္စလာမ်ဘာသာဝင်တွေနဲ့အတူ ရပ်တည်ပေးခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကျူးလွန်သူရဲ့ စိတ်အခြေအနေ၊ နောက်ခံအကြောင်း၊ ဒီလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်လာရတဲ့ လှုံ့ဆော်မှုတွေကို တရားခံကို စစ်ဆေးတဲ့အခါ ပေါ်ပေါက်လာဖွယ်ရှိတဲ့အတွက် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေဖွယ် ရှိနေပါတယ်။

ယခုသတ်ဖြတ်မှု သတင်းက ယခုတစ်ပတ်ရဲ့ ထိပ်တန်းသတင်းဖြစ်ခဲ့ပြီး သတင်းဌာနတွေမှာ နေ့စဉ် နောက်ဆက်တွဲဖြစ်နေတာကို ဖော်ပြခဲ့ရတဲ့ သတင်းကြီး ဖြစ်ခဲ့ပါတယ်။ဒီသတင်းက ယခုတစ်ပတ်ထဲ နောက်ထပ်ဖြစ်ခဲ့တဲ့ အကြမ်းဖက်သတင်းတွေ၊ မတော်တဆသတင်းတွေ ဖြစ်တဲ့ အင်ဒိုနီးရှား ဆူမတြားကျွန်းရှိ အစ္စလာမ်မစ် စစ်သွေးကြွတစ်ဦးရဲ့ အိမ်ကို ရဲတပ်ဖွဲ့က ဝိုင်းရံထားစဉ် နေအိမ်ထဲမှာ ဇနီးနဲ့သားက  ဖောက်ခွဲသတ်သေခဲ့တဲ့ သတင်း၊ နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် လာဂို့စ်မှာ  မတ် ၁၃ ရက်က အဆောက်အအုံ ပြိုကျမှုတစ်ရပ် ဖြစ်ပွားလို့ လူ ၂ဝ သေဆုံးခဲ့တဲ့ သတင်း၊ အာဖဂန်နစ္စတန် မြောက်ပိုင်းက ပြည်နယ်တစ်ခုရှိ စစ်ဆေးရေးစခန်းကို တာလီဘန်တွေ ဝင်တိုက်လို့ အစိုးရတပ်သား ၂၀ ကျော် ကျဆုံးခဲ့တဲ့ သတင်း၊ အီရတ်နိုင်ငံ အရှေ့ပိုင်း ဝါဆစ်ပြည်နယ် ကတ်မြို့တွင် ကလိုရင်းဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားခဲ့ရာ လူ ၉၀ အသက်ရှုကျပ်သည့်ဝေဒနာ ခံစားခဲ့ရတဲ့ သတင်းတွေထဲ ကမ္ဘာတလွှား သတိထားရတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

လိင်အကြမ်းဖက်မှုနဲ့ ကမ္ဘာ့ကေပေါ့ပ် အရှုပ်တော်ပုံ

လတ်တလောသတင်းတွေထဲမှာ ထူးခြားတဲ့ သတင်းကတော့ တောင်ကိုရီးယား ရုပ်သံစတားတွေနဲ့ အဆိုတော်တွေဖြစ်တဲ့ လိင်မှုကိစ္စအရှုပ်တော်ပုံက ယခုအခါ တားမရဆီးမနိုင် ဆိုသလိုဖြစ်ကာ ကိုယ့်ကိုယ်ကို သေကြောင်းကြံတာတွေ၊ အနုပညာလောကကနေ နုတ်ထွက်အနားယူတာတွေထိ ဖြစ်လာခဲ့ပါတယ်။

တောင်ကိုရီးယား၏ ဂီတလောကတစ်ဝန်းမှာ လိင်မှုကိစ္စ ဗီဒီယိုတွေ ထွက်ပေါ်လာပြီးနောက်မှာ ကိုရီးယား ဂီတလောကကြယ်ပွင့်တွေ ဂီတလောကကနေ အရှက်တကွဲ နုတ်ထွက်ရတာတွေ ဖြစ်လာခဲ့ပါတယ်။အဆိုတော် ဂျွန်ဂျောင်ယွန်း က အမျိုးသမီးများနှင့် လိင်ဆက်ဆံနေပုံတွေ ထွက်ပေါ်လာသလို  အမျိုးသားအဆိုရှင်အဖွဲ့ Highlight က ယောင်ဂျန်ဟွန်း (၂၉) နှစ်က ဒီဗီ်ဒီယိုဖိုင်ကို ကြည့်ခဲ့လို့ဆိုကာ ဂီတလောကကနေ နုတ်ထွက်ခဲ့ရပါတယ်။  

ဖြစ်စဉ်က ကိုရီးယားအဆိုရှင်ပြိုင်ပွဲတွေ သရုပ်ဆောင်အေဂျင်စီကို ယုံကြည်ပြီး သရုပ်ဆောင်ဖြစ်ချင်တဲ့၊ အဆိုတော်ဖြစ်ချင်တဲ့ အမျိုးသမီးတွေကို ကိုရီးယားကြယ်ပွင့်တွေ၊ အေဂျင်စီကလူတွေနဲ့ တခြားပါဝင်ပတ်သက်တဲ့သူတွေက ဖိအားပေးပြီး လိင်ပိုင်းဆိုင်ရာ မတော်မတရားကျင့်တာကို ဗီဒီယိုရိုက်ကာ အုပ်စုဖွဲ့ပြီး မျှဝေကြည့်ရှုတဲ့ လူမဆန်တဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာရတာပါ။
ဒီထဲမှာ တောင်ကိုရီးယား လူ့အဖွဲအစည်းက တန်ဖိုးထားဂုဏ်ယူရတဲ့ ကေပေါ့ပ်လို ဂီတကြယ်ပွင့်တွေရဲ့ ယုတ်မာမှုက ကမ်းကုန်အောင်ပါဘဲ။သူတို့ ထောင်ချောက်မှာမိတဲ့ တောင်ကိုရီးယား အမျိုးသမီးအနုပညာရှင်တွေကို ရုန်းမထွက်နိုင်အောင် ချုပ်ကိုင်ထားတဲ့အတွက် ကိုယ့်ကိုယ်ကို အဆုံးစီရင်တာတွေထိ ဖြစ်ခဲ့တာပါ။

ဒီဖြစ်ရပ်မှာ အမျိုးသားအဆိုရှင်အဖွဲ့ Highlight မှ ယောင်ဂျန်ဟွန်း (၂၉) နှစ်၊ အဆိုတော် ဂျွန်ဂျောင်ယွန်း၊ FT Island အဖွဲ့ဝင် ချိုဂျောင်ဟွန်း (၂၉) နှစ်၊ အမျိုးသားအဆိုရှင်အဖွဲ့ BIGBANG အဖွဲ့ဝင် ဆန်းရီ တို့ ပါလာခဲ့တာ ဖြစ်ပါတယ်။ဒီဖြစ်ရပ်က ကမ္ဘာတစ်ဝန်းမှာ ဖြစ်နေကြ မယ်ပြိုင်ပွဲတွေ၊ သရုပ်ဆောင်ပြိုင်ပွဲတွေနဲ့ အခြားအနုပညာအမည်ခံပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအတွက် ပြည့်တန်ဆာမွေးမြူရတဲ့ ရှာဖွေဖန်တီးပေးရတဲ့ ခေတ်သစ် ကာမကုန်ကူးမှုကို သတိထားမိစေခဲ့ပါတယ်။ကိုရီးယားအာဏာပိုင်တွေအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်နေသလို ပရိသတ်တွေရဲ့ အော့နှလုံးနာစရာလည်း ဖြစ်ခဲ့တဲ့အတွက် သက်ရောက်မှုက ကြီးမားလာဖို့ များပါတယ်။

ဒီလိုဖြစ်ရပ်တွေက ကိုရီးယားသာမကပါဘူး။မြန်မာ အပါအဝင် အာရှနဲ့ နိုင်ငံတကာမှာပါ ဒီလို အနိုင်ကျင့် အကျပ်ကိုင်ပြီး လိင်မှုအမြတ်ထုတ်တာတွေ ရှိနေတဲ့အတွက် ဖော်သူရှိမှ၊ အဆိုးဝါးဆုံးအဖြစ်တွေ ပေါ်ပေါက်မှ အရေးယူနေတာထက် အဆိုပြိုင်ပွဲ၊ ခေါင်းစဉ်အမျိုးမျိုးနဲ့ မယ်ပြိုင်ပွဲတွေ၊ သရုပ်ဆောင်သစ်ပြိုင်ပွဲတွေကို စောင့်ကြည့်ဖို့လိုနေပြီ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ ထူးခြားတဲ့ သတင်းတွေဖြစ်တဲ့ အစ္စလာမ်ဘာသာရေး ပြင်းထန်တဲ့ အီရန်မှာ လူငယ်စုံတွဲတစ်တွဲ ဈေးတစ်ခုထဲမှာ လက်ထပ်ခွင့်ကို ရိုမန်တစ်ဆန်ဆန် တောင်းခဲ့လို့  အစ္စလာမ်မစ် ဥပဒေကို ဆန့်ကျင်တယ်ဆိုပြီး အီရန်ရဲတွေက ဖမ်းဆီးလိုက်တဲ့ သတင်း၊ အမျိုးသမီးတွေက အမျိုးသားတွေကို တုတ်တွေနဲ့ ရိုက်ရတဲ့ လက်ရှ်မားဟိုလီ Lathmar Holi ပွဲတော် အိန္ဒိယနိုင်ငံ ဘာစာနာမြို့မှာ ကျင်းပနေတဲ့ သတင်းတွေထဲ အများစုစောင့်ကြည့်စရာ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ဆိုင်ကလုံး အူဒိုင်းနဲ့ သတိပြုစရာ ရာသီဥတု

ယခုတစ်ပတ် သတင်းတွေထဲမှာ မိုဇမ်ဘစ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်တဲ့ ဆိုင်ကလုံးမုန်တိုင်း အူဒိုင်းနဲ့ အာရှမှာ အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်နေလို့ ရေရှားပါးနေတာ၊ ပူပြင်းနေတာ စတဲ့ သတင်းတွေက သတင်းအများစုမှာ ဖော်ပြနေရတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

အာဖရိကတိုက်နိုင်ငံတစ်ခုဖြစ်တဲ့ မိုဇမ်ဘစ်နိုင်ငံ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဘာရီရာမြို့ကို မတ် ၁၅ ရက်က မာဒါဂတ်စကာကျွန်းနားမှာ ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းဆိုင်ကလုံးမုန်တိုင်း အူဒိုင်း ဖြတ်ကျော်ဝင်ရောက်ခဲ့လို့ မြို့ပျက်လုနီးပါး ဖြစ်ခဲ့ပါတယ်။လမ်းတွေ၊ ဓာတ်တိုင်တွေ၊ တယ်လီဖုန်းလို ဆက်သွယ်ရေးတွေပါ ပြတ်တောက်ခဲ့ကာ မြို့ရဲ့လေဆိပ်ပါ ပျက်စီးလို့ အကူအညီတွေပေးဖို့ ခက်ခဲခဲ့ပါတယ်။
ဘာရီရာကို ဖြတ်ကျော်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းအူဒိုင်းရဲ့ ပြင်းအားက ဟာရီကိန်း အဆင့် ၃ အထိရှိခဲ့လို့ ဖျက်အားကြီးကာ လူအသေအပျောက်လဲ များခဲ့ပါတယ်။မိုဇမ်ဘစ်ကနေ မာလာဝီ၊ မာလာဝီကနေ ဇင်ဘာဘွေအထိ တိုက်ခတ်ကာ အာဖရိကအလယ်ပိုင်းထိ ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်လာတဲ့ မုန်တိုင်းကြောင့် နိုင်ငံ ၃ ခုလုံးမှာ ပြည်သူ ၁ ဒသမ ၅ သန်း ထိခိုက်ခဲ့ကာ လူ ၁၅၀ ကျော် သေဆုံးခဲ့ရတယ် ဆိုပါတယ်။

အာဖရိကမှာ မုန်တိုင်းတိုက်နေသလို အာရှက အင်ဒိုနီးရှားမှာတော့ မိုးသည်းထန်စွာ ရွာသွန်းတာကနေ မြေပြိုပြီး ရုတ်တရက်ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံးလူ ၅၀ ခန့် သေဆုံးခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူအာပြည်နယ်မှာဖြစ်တဲ့ အဆိုပါရုတ်တရက်ရေကြီးမှုမှာ နေအိမ်ဒါဇင်ပေါင်းများစွာ အချိန်တိုအတွင်း ရေဖုံးလွှမ်းသွားခဲ့ပြီး လူလွတ်ပြေးခဲ့ရတာ ဖြစ်ပါတယ်။စစ်တပ်က ကယ်ထုတ်ဖို့ ကြိုးစားနေရသလို ညပိုင်းကတည်းက ရွာတဲ့မိုးကြောင့် မြေပြိုကျမှုတွေဖြစ်ကာ ရေဆောင့်တက်သလိုဖြစ်ပြီး အသေအပျောက်များခဲ့တာပါ။

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာတော့ မတ်လ ၁၀ ရက် ညနေမှ မတ်လ ၁၁ ရက် ညနေအထိ မိုးရေချိန် ၄ လက်မကျော် ရွာသွန်းခဲ့လို့ ရေအကြီးအကျယ် လွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ရာ လူအနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ပါတယ်။ရေကြီးမှုကြောင့် မြေပြိုမှုတွေ ဖြစ်ခဲ့ပြီး သေဆုံးသူတွေက ရေနစ်မြုပ်သေဆုံးခဲ့ရတာတွေပါ။အာရှက ဖိလစ်ပိုင်မှာတော့ ရာသီဥတု ပူပြင်းခြောက်သွေ့မှုကြောင့် မနီလာမြို့တော် ဒေသအချို့မှာ ရေပြတ်လပ်နေလို့ ပြန်လည်ထိန်းညှိနေရတဲ့အဖြစ် ရောက်နေပါတယ်။

ကမ္ဘာ့ရာသီဥတုအခြေအနေက အကောင်းဘက်မှာမရှိဘဲ အဆိုးဘက်ကိုရောက်နေတဲ့အတွက် သတိထားမိသူတွေက ကမ္ဘာ့ခေါင်းဆောင်တွေကို တွန်းအားပေးဖို့ ရာသီဥတုပြောင်းလဲရေးအပေါ် ဖြေရှင်းပေးရေးအတွက် ဘန်ကောက်ကနေ ဘာလင်အထိ၊ လာဂိုကနေ လန်ဒန်အထိ ကမ္ဘာ့မြို့ကြီးတွေက ကျောင်းသားတွေက  မတ် ၁၅ ရက်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲစီစဉ်သူတွေက နိုင်ငံပေါင်း ၁၀ဝ ကျော်မှာ ဆန္ဒပြပွဲပေါင်း ၁၀ဝ၀ ကျော် ပြသခဲ့ကြတာပါ။

ဒါပေမယ့် အကျိုးအမြတ်များစွာရှိနေတဲ့  သဘာဝသယံဇာတ ထုတ်ယူတာ၊ ဂေဟစနစ်ကို ဖျက်ဆီးစေတဲ့ သစ်တောခုတ်ယူတာတွေ ဒုနဲ့ဒေးဖြစ်နေတဲ့ အချိန်အခါမှာ ရပ်တန့်ဖို့ ပြောတဲ့သူတိုင်း တားတဲ့သူတိုင်း အန္တရာယ်ဖြစ်နေတဲ့အခါ ကမ္ဘာမြေအတွက် နေ့စဉ် ကျိန်စာသင့်နေသလိုပါဘဲဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်နားလိုက်ချင်ပါတယ်။

မင်းထက်
မတ် - ၁၈

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲ အမ်ားဆုံးသတိထားမိတဲ့ သတင္းကေတာ့ နယူးဇီလန္ ခရစၥေခ်ာ့ခ်္ ပစ္ခတ္မႈ သတင္းပါဘဲ။လူအေသေပ်ာက္မ်ားခဲ့တဲ့ ဒီအစြန္းေရာက္ အၾကမ္းဖက္မႈ သတင္းက တစ္ကမာၻလုံးက ရႈံခ်ခဲ့သလို အျခားဘာသာဝင္ေတြကလဲ ေသဆုံးသူ အစၥလာမ္ေတြနဲ႔ တစ္သားတည္း ရပ္တည္ျပခဲ့ၾကပါတယ္။ရက္စက္ၾကမ္းၾကဳတ္တဲ့ ယခုျဖစ္ရပ္သတင္းက စိတ္မေကာင္းစရာ ယခုတစ္ပတ္သတင္းမ်ားစြာကို လႊမ္းၿခဳံၿပီး ထိပ္တန္းသတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္မွာျဖစ္ခဲ့တဲ့  အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က မကၠဆီကို နယ္ျခားတံတိုင္း ကာရံေရးအတြက္ သမၼတရဲ႕ ဗီတိုအာဏာကို ပထမဆုံး သုံးစြဲလိုက္တဲ့ သတင္း၊ ၿဗိတိန္အမတ္ေတြက ဥေရာပသမဂၢ အီးယူကေန ၿဗိတိန္ႏုတ္ထြက္ျခင္း ဘရစ္ဇစ္ အစီအစဥ္ အေကာင္အထည္ေဖာ္ဖို႔ ႏုတ္ထြက္ရမယ့္ရက္ကို အခ်ိန္တိုးေပးခဲ့တဲ့ သတင္း၊ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာ က မတ္ ၂၄ ရက္ က်င္းပမယ့္ ထိုင္းေ႐ြးေကာက္ပြဲရဲ႕ ရလဒ္ကို ေလးစားမယ္လို႔ ေျပာလိုက္တဲ့ သတင္း၊ အစိုးရဆန႔္က်င္လႈပ္ရွားမႈမ်ားအတြင္း ပါဝင္ခဲ့ေသာ အက်ဥ္းသား ၅၀ ခန႔္ကို နီကာရာဂြါ အစိုးရက ျပန္လႊတ္ေပးလိုက္တဲ့ သတင္း၊ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပီအို က ေျမာက္ကိုရီးယားနဲ႔ ဆက္ေဆြးေႏြးဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ေျပာလိုက္တဲ့ သတင္း၊ အျပည္ျပည္ဆိုင္ရာ ရာဇဝတ္တရား႐ုံး (ICC) စုံစမ္းစစ္ေဆးသူေတြကို အေမရိကန္ျပည္တြင္းသို႔ ဝင္ေရာက္ခြင့္ အေမရိကန္အစိုးရက ပိတ္ပင္လိုက္တဲ့ သတင္း၊ ဂ်ာမန္ သတင္းေထာက္တစ္ဦးအား ေလးလၾကာ ဖမ္းဆီးခဲ့ၿပီးေနာက္ ဗင္နီဇြဲလားအာဏာပိုင္မ်ားက ျပန္လႊတ္ေပးလိုက္တဲ့ သတင္းေတြကို ဖုံးလႊမ္းခဲ့ပါတယ္။

ေခါင္းေထာင္လာတဲ့ အစြန္းေရာက္အစြဲေတြ

လက္ရွိဆယ္စုႏွစ္အတြင္း သတိထားမိစရာေကာင္းလာတာက ဘာသာေရး၊ လူမ်ိဳးေရး အစြဲစိတ္ေတြ ႀကီးထြားလာၿပီး ပဋိပကၡေတြ ပိုျပင္းထန္လာတာပါ။မၾကာေသးမီကျဖစ္ခဲ့တဲ့ ျဖစ္ရပ္က တုန္လႈပ္စရာေကာင္းေလာက္ေအာင္ပါဘဲ။ဒီျဖစ္ရပ္က မတ္ ၁၅ ရက္က နယူးဇီလန္မွာ ျဖစ္ခဲ့တာပါ။

နယူးဇီလန္ႏိုင္ငံ ခရစၥေခ်ာ့ခ်္ၿမိဳ႕ ဗလီတစ္ခုထဲက လူျဖဴအမ်ိဳးသားေရးဝါဒီတစ္ဦးက လက္နက္အျပည့္အစုံ တင္ထားတဲ့ ကားနဲ႔လာၿပီး ဗလီထဲရွိေနတဲ့ အစၥလာမ္ဘာသာဝင္ေတြကို ပစ္ခတ္ခဲ့တာပါ။အဲဒီေန႔က ေသာၾကာေန႔ျဖစ္တဲ့အတြက္ ဗလီထဲမွာ နယူးဇီလန္မွာ လာအေျခခ်တဲ့ အစၥလာမ္ဘာသာဝင္ေတြနဲ႔ အဲဒီၿမိဳ႕မွာ ေနထိုင္တဲ့ အစၥလာမ္ဘာသာဝင္ေတြ ဝတ္ျပဳဆုေတာင္းသူေတြနဲ႔ ျပည့္ေနခ်ိန္မွာ ဝင္ပစ္ခတ္ခဲ့လို႔ ေသေၾကဒဏ္ရာရမႈက ေၾကာက္စရာေကာင္းေလာက္ေအာင္ မ်ားျပားခဲ့ပါတယ္။

ခရစၥေခ်ာ့ခ်္ၿမိဳ႕ ဗလီႏွစ္လုံးကို ဝင္ေရာက္ပစ္ခတ္ခဲ့တဲ့သူက နယူးဇီလန္ႏိုင္ငံသား အသက္ (၂၈) ႏွစ္အ႐ြယ္ ဘရန္တန္တာရန႔္တ္ ဆိုသူျဖစ္ပါတယ္။ထိုသူက သူဗလီထဲဝင္ေရာက္ သတ္ျဖတ္ပစ္ခတ္တာကို Facebook ကေန တိုက္႐ိုက္လႊင့္ခဲ့တဲ့အတြက္ လူမႈကြန္ရက္သုံးေနသူေတြအတြက္ ထိတ္လန႔္စရာျဖစ္ခဲ့သလို နာမည္ပ်က္ေတြရွိေနတဲ့ facebook အတြက္လည္း ထပ္မံျပစ္တင္စရာ ျဖစ္လာခဲ့ပါတယ္။ဘရန္တန္တာရန႔္တ္ က ကားေပၚမွာ လက္နက္ေတြ အျပည့္တင္လာၿပီး ဗလီကို ဝင္ပစ္ခတ္ခဲ့တာပါ။ကားေပၚမွာ လက္လုပ္ေဖာက္ခြဲေ ရးပစၥည္းေတြကိုလည္း သိမ္းဆည္းရမိခဲ့တဲ့အတြက္ ဗလီႏွစ္လုံးအျပင္ အျခားပစ္မွတ္ေတြပါ ဆက္လက္တိုက္ခိုက္ဖို႔ ရည္႐ြယ္ဟန္တူပါတယ္။

သာမန္ျပစ္မႈကင္းရွင္းတဲ့ ႏိုင္ငံသားဘယ္သူမဆို လက္နက္ကို ႀကိဳက္သေလာက္ဝယ္လို႔ရတဲ့ နယူးဇီလန္ လက္နက္ကိုင္ေဆာင္ခြင့္ ဥပေဒက ဘရန္တန္တာရန႔္တ္ လို အစၥလာမ္မုန္းတီးေရး အစြန္းေရာက္တစ္ဦးအတြက္ ယခုျဖစ္ရပ္ကို က်ဴးလြန္ဖို႔ အခြင့္အေရးေပးသလို ျဖစ္ခဲ့တဲ့အတြက္ နယူးဇီလန္အတြက္ ျပန္ဆင္ျခင္စရာ ျဖစ္လာခဲ့ပါတယ္။

ဘရန္တန္တာရန႔္တ္ နဲ႔အတူ အျခားႏွစ္ဦးကို ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီး က်ဴးလြန္သူနဲ႔ သံသယရွိသူေတြဆီက မြတ္ဆလင္ဆန႔္က်င္ေရး ေၾကညာစာတမ္းတစ္ခုကိုလည္း ေတြ႕ရသလို လူမႈကြန္ရက္ အေကာင့္မွာလည္း  စာမ်က္ႏွာ ၈၇ မ်က္ႏွာပါ မြတ္ဆလင္ဆန႔္က်င္ေရး ေၾကညာစာတမ္း လင့္တစ္ခုတင္ထားသလို တိုက္ခိုက္မႈမတိုင္ခင္ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြ ဆန႔္က်င္ေရး၊ မြတ္ဆလင္ဆန႔္က်င္ေရး အိုင္ဒီယာေတြ၊ ရွင္းလင္းခ်က္ေတြကို ေဖာ္ျပထားတာကို ေတြ႕ရတယ္ဆိုပါတယ္။အၾကမ္းဖက္သမားႏွင့္ နာမည္ခ်င္းတူညီေသာ လူမႈကြန္ရက္အေကာင့္အခ်ိဳ႕မွာ အခင္းျဖစ္ပြားခဲ့တဲ့ မြတ္စလင္ဘာသာေရးေက်ာင္းမ်ားနဲ႔ သက္ဆိုင္တဲ့ အခ်က္အလက္ေတြကို ပို႔စ္တင္ထားတာ ေတြ႕ရပါတယ္။ဒီလိုက်ဴးလြန္ဖို႔ ႏွစ္ႏွစ္တိုင္တိုင္ ႀကိဳတင္ျပင္ဆင္မႈမ်ား လုပ္ေဆာင္ခဲ့ရတယ္လို႔လည္း အေကာင့္တစ္ခုမွာ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။

ဗလီတက္ ဝတ္ျပဳေနခ်ိန္ လူျပည့္ေနတဲ့ ဗလီထဲ ဝင္ပစ္ခတ္ခဲ့တဲ့အတြက္ ေသဆုံးသူက ကနဦးမွာ အမ်ိဳးမ်ိဳးအေရအတြက္ ထြက္ေနေပမယ့္ စာရင္းအတိအက်မွာ ၅၀ ဦးထိ ရွိခဲ့သလို  ျပင္းထန္စြာဒဏ္ရာရတဲ့သူ ၂၀ ေက်ာ္ အပါအဝင္ ၄၂ ဦးထိ ရွိခဲ့ပါတယ္။နယူးဇီလန္ ဝန္ႀကီးခ်ဳပ္ကေတာ့  ဒီျဖစ္ရပ္ ျဖစ္တဲ့ေန႔ကို နယူးဇီလန္ရဲ႕ အေမွာင္ဆုံးေန႔အျဖစ္ ေျပာခဲ့သလို ေနာက္ရက္ေတြမွာ နယူးဇီလန္ႏိုင္ငံရဲ႕ လက္နက္ကိုင္ေဆာင္ခြင့္ျပဳတဲ့ ဥပေဒကို ျပန္ျပင္ဆင္ရမယ္လို႔ ေျပာခဲ့ပါတယ္။

နယူးဇီလန္က ဗလီေတြအားလုံးကို အဆိုပါျဖစ္တဲ့ေန႔မွာ ပိတ္ခိုင္းခဲ့ၿပီး ေက်ာင္းေတြကိုပါ ပိတ္ခိုင္းခဲ့ပါတယ္။သတ္ျဖတ္ခံရတဲ့သူေတြအတြက္ အလံကို တိုင္တစ္ဝက္ေလ်ာ့ခ်ကာ ဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့ပါတယ္။  

ဒီရက္စက္ၾကမ္းၾကဳတ္တဲ့ ျဖစ္ရပ္ကို က်ဴးလြန္ခဲ့တဲ့ ကိုယ္ကာယႀကံ့ခိုင္ေရးဆရာေဟာင္းနဲ႔ လူမ်ိဳးေရးခြဲျခားသူ တစ္ဦးျဖစ္တဲ့ ဘရန္တန္တာရန႔္တ္ ကို မတ္လ ၁၆ ရက္က လူသတ္မႈစြဲခ်က္တစ္ခုတည္းျဖင့္ တရား႐ုံးထုတ္ခဲ့ရာမွာ ခ်ဳပ္ရက္ရမန္သာ ယူခဲ့ပါတယ္။ဒီဗလီတိုက္ခိုက္မႈမွာ မြတ္စလင္ေတြကို တိုက္႐ိုက္တိုက္ခိုက္ သတ္ျဖတ္မႈမွာ လတ္တေလာကာလမွာ အေနာက္ႏိုင္ငံေတြထဲ အေသအဆုံး အမ်ားဆုံးလည္းျဖစ္လို႔ တရား႐ုံးအျပင္ဖက္မွာေတာ့ အထူးလုံၿခဳံေရးယူထားၿပီး ႐ုံးထုတ္ခဲ့တာပါ။ဧၿပီ ၅ ရက္မွာ ထပ္မံ႐ုံးတင္ စစ္ေဆးမွာပါ။

ျပစ္မႈက်ဴးလြန္သူက လူသတ္သမားက အေမရိကန္သမၼတ ထရမ့္ ကို ေထာက္ခံသူလို႔ ေျပာတဲ့အတြက္ လူျဖဴႀကီးစိုးေရးဝါဒီ တံဆိပ္တပ္ခံရမယ့္ အေရးအတြက္ ထရမ့္ ကိုယ္တိုင္ ရွင္းခ်က္ထုတ္ခဲ့ရပါတယ္။ဒီျဖစ္ရပ္က ကမာၻအႏွံ႔မွာ စစ္တပ္ခ်င္းတိုက္တဲ့ စစ္ပြဲေတြကေန လူမ်ိဳးခ်င္း၊ ဘာသာခ်င္း တိုက္ၾကတဲ့ ၿမိဳ႕ျပစစ္ပြဲေတြအသြင္ ေဆာင္လာတာကို ေတြ႕ရသလိုပါဘဲ။အားနည္းတဲ့ ပစ္မွတ္ေတြကို ဘာသာေရး၊ လူမ်ိဳးေရး အစြန္းေရာက္ေတြက ပစ္မွတ္အျဖစ္ ေ႐ြးခ်ယ္သတ္ျဖတ္တာဟာ လက္မခံႏိုင္စရာ အၾကမ္းဖက္မႈျဖစ္တဲ့အတြက္ တစ္ကမာၻလုံးက ဘာသာကြဲ လူမ်ိဳးကြဲေတြက နယူးဇီလန္က သတ္ျဖတ္ခံရသူ အစၥလာမ္ဘာသာဝင္ေတြနဲ႔အတူ ရပ္တည္ေပးခဲ့ၾကပါတယ္။

ဒီျဖစ္ရပ္က်ဴးလြန္သူရဲ႕ စိတ္အေျခအေန၊ ေနာက္ခံအေၾကာင္း၊ ဒီလိုအစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈ ျဖစ္လာရတဲ့ လႈံ႕ေဆာ္မႈေတြကို တရားခံကို စစ္ေဆးတဲ့အခါ ေပၚေပါက္လာဖြယ္ရွိတဲ့အတြက္ တစ္ကမာၻလုံးက ေစာင့္ၾကည့္ေနဖြယ္ ရွိေနပါတယ္။

ယခုသတ္ျဖတ္မႈ သတင္းက ယခုတစ္ပတ္ရဲ႕ ထိပ္တန္းသတင္းျဖစ္ခဲ့ၿပီး သတင္းဌာနေတြမွာ ေန႔စဥ္ ေနာက္ဆက္တြဲျဖစ္ေနတာကို ေဖာ္ျပခဲ့ရတဲ့ သတင္းႀကီး ျဖစ္ခဲ့ပါတယ္။ဒီသတင္းက ယခုတစ္ပတ္ထဲ ေနာက္ထပ္ျဖစ္ခဲ့တဲ့ အၾကမ္းဖက္သတင္းေတြ၊ မေတာ္တဆသတင္းေတြ ျဖစ္တဲ့ အင္ဒိုနီးရွား ဆူမၾတားကြၽန္းရွိ အစၥလာမ္မစ္ စစ္ေသြးႂကြတစ္ဦးရဲ႕ အိမ္ကို ရဲတပ္ဖြဲ႕က ဝိုင္းရံထားစဥ္ ေနအိမ္ထဲမွာ ဇနီးနဲ႔သားက  ေဖာက္ခြဲသတ္ေသခဲ့တဲ့ သတင္း၊ ႏိုင္ဂ်ီးရီးယားႏိုင္ငံ ၿမိဳ႕ေတာ္ လာဂို႔စ္မွာ  မတ္ ၁၃ ရက္က အေဆာက္အအုံ ၿပိဳက်မႈတစ္ရပ္ ျဖစ္ပြားလို႔ လူ ၂ဝ ေသဆုံးခဲ့တဲ့ သတင္း၊ အာဖဂန္နစၥတန္ ေျမာက္ပိုင္းက ျပည္နယ္တစ္ခုရွိ စစ္ေဆးေရးစခန္းကို တာလီဘန္ေတြ ဝင္တိုက္လို႔ အစိုးရတပ္သား ၂၀ ေက်ာ္ က်ဆုံးခဲ့တဲ့ သတင္း၊ အီရတ္ႏိုင္ငံ အေရွ႕ပိုင္း ဝါဆစ္ျပည္နယ္ ကတ္ၿမိဳ႕တြင္ ကလိုရင္းဓာတ္ေငြ႕ ယိုစိမ့္မႈျဖစ္ပြားခဲ့ရာ လူ ၉၀ အသက္ရႈက်ပ္သည့္ေဝဒနာ ခံစားခဲ့ရတဲ့ သတင္းေတြထဲ ကမာၻတလႊား သတိထားရတဲ့ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

လိင္အၾကမ္းဖက္မႈနဲ႔ ကမာၻ႔ေကေပါ့ပ္ အရႈပ္ေတာ္ပုံ

လတ္တေလာသတင္းေတြထဲမွာ ထူးျခားတဲ့ သတင္းကေတာ့ ေတာင္ကိုရီးယား ႐ုပ္သံစတားေတြနဲ႔ အဆိုေတာ္ေတြျဖစ္တဲ့ လိင္မႈကိစၥအရႈပ္ေတာ္ပုံက ယခုအခါ တားမရဆီးမႏိုင္ ဆိုသလိုျဖစ္ကာ ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံတာေတြ၊ အႏုပညာေလာကကေန ႏုတ္ထြက္အနားယူတာေတြထိ ျဖစ္လာခဲ့ပါတယ္။

ေတာင္ကိုရီးယား၏ ဂီတေလာကတစ္ဝန္းမွာ လိင္မႈကိစၥ ဗီဒီယိုေတြ ထြက္ေပၚလာၿပီးေနာက္မွာ ကိုရီးယား ဂီတေလာကၾကယ္ပြင့္ေတြ ဂီတေလာကကေန အရွက္တကြဲ ႏုတ္ထြက္ရတာေတြ ျဖစ္လာခဲ့ပါတယ္။အဆိုေတာ္ ဂြၽန္ေဂ်ာင္ယြန္း က အမ်ိဳးသမီးမ်ားႏွင့္ လိင္ဆက္ဆံေနပုံေတြ ထြက္ေပၚလာသလို  အမ်ိဳးသားအဆိုရွင္အဖြဲ႕ Highlight က ေယာင္ဂ်န္ဟြန္း (၂၉) ႏွစ္က ဒီဗီ္ဒီယိုဖိုင္ကို ၾကည့္ခဲ့လို႔ဆိုကာ ဂီတေလာကကေန ႏုတ္ထြက္ခဲ့ရပါတယ္။  

ျဖစ္စဥ္က ကိုရီးယားအဆိုရွင္ၿပိဳင္ပြဲေတြ သ႐ုပ္ေဆာင္ေအဂ်င္စီကို ယုံၾကည္ၿပီး သ႐ုပ္ေဆာင္ျဖစ္ခ်င္တဲ့၊ အဆိုေတာ္ျဖစ္ခ်င္တဲ့ အမ်ိဳးသမီးေတြကို ကိုရီးယားၾကယ္ပြင့္ေတြ၊ ေအဂ်င္စီကလူေတြနဲ႔ တျခားပါဝင္ပတ္သက္တဲ့သူေတြက ဖိအားေပးၿပီး လိင္ပိုင္းဆိုင္ရာ မေတာ္မတရားက်င့္တာကို ဗီဒီယို႐ိုက္ကာ အုပ္စုဖြဲ႕ၿပီး မွ်ေဝၾကည့္ရႈတဲ့ လူမဆန္တဲ့ ျဖစ္ရပ္ေတြ ေပၚေပါက္လာရတာပါ။
ဒီထဲမွာ ေတာင္ကိုရီးယား လူ႔အဖြဲအစည္းက တန္ဖိုးထားဂုဏ္ယူရတဲ့ ေကေပါ့ပ္လို ဂီတၾကယ္ပြင့္ေတြရဲ႕ ယုတ္မာမႈက ကမ္းကုန္ေအာင္ပါဘဲ။သူတို႔ ေထာင္ေခ်ာက္မွာမိတဲ့ ေတာင္ကိုရီးယား အမ်ိဳးသမီးအႏုပညာရွင္ေတြကို ႐ုန္းမထြက္ႏိုင္ေအာင္ ခ်ဳပ္ကိုင္ထားတဲ့အတြက္ ကိုယ့္ကိုယ္ကို အဆုံးစီရင္တာေတြထိ ျဖစ္ခဲ့တာပါ။

ဒီျဖစ္ရပ္မွာ အမ်ိဳးသားအဆိုရွင္အဖြဲ႕ Highlight မွ ေယာင္ဂ်န္ဟြန္း (၂၉) ႏွစ္၊ အဆိုေတာ္ ဂြၽန္ေဂ်ာင္ယြန္း၊ FT Island အဖြဲ႕ဝင္ ခ်ိဳေဂ်ာင္ဟြန္း (၂၉) ႏွစ္၊ အမ်ိဳးသားအဆိုရွင္အဖြဲ႕ BIGBANG အဖြဲ႕ဝင္ ဆန္းရီ တို႔ ပါလာခဲ့တာ ျဖစ္ပါတယ္။ဒီျဖစ္ရပ္က ကမာၻတစ္ဝန္းမွာ ျဖစ္ေနၾက မယ္ၿပိဳင္ပြဲေတြ၊ သ႐ုပ္ေဆာင္ၿပိဳင္ပြဲေတြနဲ႔ အျခားအႏုပညာအမည္ခံၿပီး စီးပြားေရးလုပ္ငန္းရွင္ႀကီးေတြအတြက္ ျပည့္တန္ဆာေမြးျမဴရတဲ့ ရွာေဖြဖန္တီးေပးရတဲ့ ေခတ္သစ္ ကာမကုန္ကူးမႈကို သတိထားမိေစခဲ့ပါတယ္။ကိုရီးယားအာဏာပိုင္ေတြအေနနဲ႔ ျပင္းျပင္းထန္ထန္ အေရးယူမႈေတြလုပ္ဖို႔ ျပင္ဆင္ေနသလို ပရိသတ္ေတြရဲ႕ ေအာ့ႏွလုံးနာစရာလည္း ျဖစ္ခဲ့တဲ့အတြက္ သက္ေရာက္မႈက ႀကီးမားလာဖို႔ မ်ားပါတယ္။

ဒီလိုျဖစ္ရပ္ေတြက ကိုရီးယားသာမကပါဘူး။ျမန္မာ အပါအဝင္ အာရွနဲ႔ ႏိုင္ငံတကာမွာပါ ဒီလို အႏိုင္က်င့္ အက်ပ္ကိုင္ၿပီး လိင္မႈအျမတ္ထုတ္တာေတြ ရွိေနတဲ့အတြက္ ေဖာ္သူရွိမွ၊ အဆိုးဝါးဆုံးအျဖစ္ေတြ ေပၚေပါက္မွ အေရးယူေနတာထက္ အဆိုၿပိဳင္ပြဲ၊ ေခါင္းစဥ္အမ်ိဳးမ်ိဳးနဲ႔ မယ္ၿပိဳင္ပြဲေတြ၊ သ႐ုပ္ေဆာင္သစ္ၿပိဳင္ပြဲေတြကို ေစာင့္ၾကည့္ဖို႔လိုေနၿပီ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ ထူးျခားတဲ့ သတင္းေတြျဖစ္တဲ့ အစၥလာမ္ဘာသာေရး ျပင္းထန္တဲ့ အီရန္မွာ လူငယ္စုံတြဲတစ္တြဲ ေဈးတစ္ခုထဲမွာ လက္ထပ္ခြင့္ကို ႐ိုမန္တစ္ဆန္ဆန္ ေတာင္းခဲ့လို႔  အစၥလာမ္မစ္ ဥပေဒကို ဆန႔္က်င္တယ္ဆိုၿပီး အီရန္ရဲေတြက ဖမ္းဆီးလိုက္တဲ့ သတင္း၊ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြကို တုတ္ေတြနဲ႔ ႐ိုက္ရတဲ့ လက္ရွ္မားဟိုလီ Lathmar Holi ပြဲေတာ္ အိႏၵိယႏိုင္ငံ ဘာစာနာၿမိဳ႕မွာ က်င္းပေနတဲ့ သတင္းေတြထဲ အမ်ားစုေစာင့္ၾကည့္စရာ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ဆိုင္ကလုံး အူဒိုင္းနဲ႔ သတိျပဳစရာ ရာသီဥတု

ယခုတစ္ပတ္ သတင္းေတြထဲမွာ မိုဇမ္ဘစ္ႏိုင္ငံကို ဝင္ေရာက္တိုက္ခတ္တဲ့ ဆိုင္ကလုံးမုန္တိုင္း အူဒိုင္းနဲ႔ အာရွမွာ အယ္လ္နီညိဳရာသီဥတု ျဖစ္ေပၚေနလို႔ ေရရွားပါးေနတာ၊ ပူျပင္းေနတာ စတဲ့ သတင္းေတြက သတင္းအမ်ားစုမွာ ေဖာ္ျပေနရတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

အာဖရိကတိုက္ႏိုင္ငံတစ္ခုျဖစ္တဲ့ မိုဇမ္ဘစ္ႏိုင္ငံ ကမ္း႐ိုးတန္းၿမိဳ႕ျဖစ္တဲ့ ဘာရီရာၿမိဳ႕ကို မတ္ ၁၅ ရက္က မာဒါဂတ္စကာကြၽန္းနားမွာ ျဖစ္ေပၚခဲ့တဲ့ အပူပိုင္းဆိုင္ကလုံးမုန္တိုင္း အူဒိုင္း ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့လို႔ ၿမိဳ႕ပ်က္လုနီးပါး ျဖစ္ခဲ့ပါတယ္။လမ္းေတြ၊ ဓာတ္တိုင္ေတြ၊ တယ္လီဖုန္းလို ဆက္သြယ္ေရးေတြပါ ျပတ္ေတာက္ခဲ့ကာ ၿမိဳ႕ရဲ႕ေလဆိပ္ပါ ပ်က္စီးလို႔ အကူအညီေတြေပးဖို႔ ခက္ခဲခဲ့ပါတယ္။
ဘာရီရာကို ျဖတ္ေက်ာ္တိုက္ခတ္ခဲ့တဲ့ မုန္တိုင္းအူဒိုင္းရဲ႕ ျပင္းအားက ဟာရီကိန္း အဆင့္ ၃ အထိရွိခဲ့လို႔ ဖ်က္အားႀကီးကာ လူအေသအေပ်ာက္လဲ မ်ားခဲ့ပါတယ္။မိုဇမ္ဘစ္ကေန မာလာဝီ၊ မာလာဝီကေန ဇင္ဘာေဘြအထိ တိုက္ခတ္ကာ အာဖရိကအလယ္ပိုင္းထိ ကုန္းတြင္းမုန္တိုင္းအျဖစ္ ဝင္လာတဲ့ မုန္တိုင္းေၾကာင့္ ႏိုင္ငံ ၃ ခုလုံးမွာ ျပည္သူ ၁ ဒသမ ၅ သန္း ထိခိုက္ခဲ့ကာ လူ ၁၅၀ ေက်ာ္ ေသဆုံးခဲ့ရတယ္ ဆိုပါတယ္။

အာဖရိကမွာ မုန္တိုင္းတိုက္ေနသလို အာရွက အင္ဒိုနီးရွားမွာေတာ့ မိုးသည္းထန္စြာ ႐ြာသြန္းတာကေန ေျမၿပိဳၿပီး ႐ုတ္တရက္ေရလႊမ္းမိုးမႈေၾကာင့္ အနည္းဆုံးလူ ၅၀ ခန႔္ ေသဆုံးခဲ့ပါတယ္။အင္ဒိုနီးရွားႏိုင္ငံ အေရွ႕ပိုင္း ပါပူအာျပည္နယ္မွာျဖစ္တဲ့ အဆိုပါ႐ုတ္တရက္ေရႀကီးမႈမွာ ေနအိမ္ဒါဇင္ေပါင္းမ်ားစြာ အခ်ိန္တိုအတြင္း ေရဖုံးလႊမ္းသြားခဲ့ၿပီး လူလြတ္ေျပးခဲ့ရတာ ျဖစ္ပါတယ္။စစ္တပ္က ကယ္ထုတ္ဖို႔ ႀကိဳးစားေနရသလို ညပိုင္းကတည္းက ႐ြာတဲ့မိုးေၾကာင့္ ေျမၿပိဳက်မႈေတြျဖစ္ကာ ေရေဆာင့္တက္သလိုျဖစ္ၿပီး အေသအေပ်ာက္မ်ားခဲ့တာပါ။

ဘရာဇီးႏိုင္ငံ ေဆာ္ေပၚလိုၿမိဳ႕မွာေတာ့ မတ္လ ၁၀ ရက္ ညေနမွ မတ္လ ၁၁ ရက္ ညေနအထိ မိုးေရခ်ိန္ ၄ လက္မေက်ာ္ ႐ြာသြန္းခဲ့လို႔ ေရအႀကီးအက်ယ္ လႊမ္းမိုးမႈျဖစ္ေပၚခဲ့ရာ လူအနည္းဆုံး ၁၁ ဦး ေသဆုံးခဲ့ပါတယ္။ေရႀကီးမႈေၾကာင့္ ေျမၿပိဳမႈေတြ ျဖစ္ခဲ့ၿပီး ေသဆုံးသူေတြက ေရနစ္ျမဳပ္ေသဆုံးခဲ့ရတာေတြပါ။အာရွက ဖိလစ္ပိုင္မွာေတာ့ ရာသီဥတု ပူျပင္းေျခာက္ေသြ႕မႈေၾကာင့္ မနီလာၿမိဳ႕ေတာ္ ေဒသအခ်ိဳ႕မွာ ေရျပတ္လပ္ေနလို႔ ျပန္လည္ထိန္းညႇိေနရတဲ့အျဖစ္ ေရာက္ေနပါတယ္။

ကမာၻ႔ရာသီဥတုအေျခအေနက အေကာင္းဘက္မွာမရွိဘဲ အဆိုးဘက္ကိုေရာက္ေနတဲ့အတြက္ သတိထားမိသူေတြက ကမာၻ႔ေခါင္းေဆာင္ေတြကို တြန္းအားေပးဖို႔ ရာသီဥတုေျပာင္းလဲေရးအေပၚ ေျဖရွင္းေပးေရးအတြက္ ဘန္ေကာက္ကေန ဘာလင္အထိ၊ လာဂိုကေန လန္ဒန္အထိ ကမာၻ႔ၿမိဳ႕ႀကီးေတြက ေက်ာင္းသားေတြက  မတ္ ၁၅ ရက္မွာ ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။
ဆႏၵျပပြဲစီစဥ္သူေတြက ႏိုင္ငံေပါင္း ၁၀ဝ ေက်ာ္မွာ ဆႏၵျပပြဲေပါင္း ၁၀ဝ၀ ေက်ာ္ ျပသခဲ့ၾကတာပါ။

ဒါေပမယ့္ အက်ိဳးအျမတ္မ်ားစြာရွိေနတဲ့  သဘာဝသယံဇာတ ထုတ္ယူတာ၊ ေဂဟစနစ္ကို ဖ်က္ဆီးေစတဲ့ သစ္ေတာခုတ္ယူတာေတြ ဒုနဲ႔ေဒးျဖစ္ေနတဲ့ အခ်ိန္အခါမွာ ရပ္တန႔္ဖို႔ ေျပာတဲ့သူတိုင္း တားတဲ့သူတိုင္း အႏၲရာယ္ျဖစ္ေနတဲ့အခါ ကမာၻေျမအတြက္ ေန႔စဥ္ က်ိန္စာသင့္ေနသလိုပါဘဲဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္နားလိုက္ခ်င္ပါတယ္။

မင္းထက္
မတ္ - ၁၈