【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန်ကို သတိပေးခဲ့တဲ့ တရုတ်ရဲ့ DF-21

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန်ကို သတိပေးခဲ့တဲ့ တရုတ်ရဲ့ DF-21

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ စစ်ရေးသတင်းတွေရှိခဲ့သလို ကမ္ဘာကိုပတ်ပြီး ဒုက္ခပေးနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာတစ်ဝန်းမှာ အရှိန်လျော့ကျလာတဲ့သတင်းတွေ၊ ဘီလာရုစ်နဲ့ ထိုင်းမှာဖြစ်နေတဲ့ ဆန္ဒပြလှုပ်ရှားမှုသတင်းတွေလည်း နိုင်ငံတကာအရေး စိတ်ဝင်စားတဲ့သူတွေကို သတိပြုမိစေခဲ့ပါတယ်။ဒါ့အပြင် ကမ္ဘာတစ်ဝန်း သဘာ၀ဘေးသတင်းတွေကလည်း တောက်လျှောက်ဖြစ်ခဲ့တဲ့အတွက် သတိထားစရာပါ။

ဒီလိုသတင်းတွေအပြင် ဂရိနဲ့ တူရကီအကြား အငြင်းပွားနေကြတဲ့ အက်ဂျီယန်ပင်လယ်မှာ တူရကီက သဘာ၀ဓာတ်ငွေ့သိုက်တွေ့အပြီး နောက်တစ်ရက်အကြာမှာ ရေတပ်နဲ့ လေတပ်ပေါင်းပြီး စစ်ရေးလေ့ကျင့်ခဲ့ကြတဲ့သတင်း၊ လက်ဘနွန်တောင်ပိုင်းမှာ  အစ္စရေးဒရုန်းတစ်စင်းကို ဟဇ်ဘိုလာတပ်ဖွဲ့တွေက ပစ်ချလိုက်တဲ့သတင်း၊ ရုရှားမှာတော့ အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ နာဗယ်နီ ကို အဆိပ်ခတ်လုပ်ကြံခဲ့လို့ ဂျာမနီကိုရွှေ့ပြောင်းကုသနေရသလို ဂျာမန်ဝန်ကြီးချုပ် အန်ဂျယ်လာ မာကယ် က ကျူးလွန်သူများကို အရေးယူရန် တောင်းဆိုခဲ့တဲ့သတင်း၊ ဖိလစ်ပိုင် စစ်ဖက်အကြီးအကဲတွေက နိုင်ငံရဲ့ ဂျိုလိုကျွန်းမှာဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနှစ်ခုကြောင့် နိုင်ငံတောင်ပိုင်းမှာ စစ်အုပ်ချုပ်ရေးပြန်လည်ချမှတ်ရနိုင်တယ်လို့ ပြောခဲ့တဲ့သတင်း၊ ခရစ္စချ်ဗလီကို ဝင်ရောက်ပစ်ခတ်ခဲ့သူကို ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့တဲ့သတင်း၊ ကိုရိုနာဗိုင်းရပ်စ် ကုသမှုအတွက် သွေးရည်ကြည်ထုတ်ယူကုသမှုကို အမေရိကန်က ထောက်ခံအတည်ပြုခဲ့တဲ့ သတင်းတွေလည်း စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

မုန်တိုင်းနှင့် ရေကြီးရေလွှမ်းမှု

ယခုရက်သတ္တပတ်ထဲ နောက်ထပ်သတိပြုစရာ ဖြစ်ခဲ့ရတာတော့ အမေရိကန်နိုင်ငံ လူဝီစီယားနားကို ဝင်ရောက်တိုက်ခတ်တော့မယ် လော်ရာ ဟာရီကိန်းမုန်တိုင်း သတင်းပါပဲ။ဒီမုန်တိုင်းက လူဝီစီယားနားကို မဝင်ခင်ကတည်းက ကျုးဘား၊ ဟေတီနဲ့ ဒိုမီနီကန် နိုင်ငံတွေကို ဖြတ်ကျော်လာတာဖြစ်ပြီး အဲဒီနိုင်ငံတွေမှာ လူ ၂၃ ဦးကို သေဆုံးစေခဲ့ပြီးဖြစ်သလို ကမ်းရိုးတန်းနားကပ်လာချိန်မှာ ဟာရီကိန်းအဆင့် ၃ အထိ ပြောင်းလဲလာနိုင်တဲ့အတွက် ဒေသခံတွေအထိနာမှာကို အာဏာပိုင်တွေက ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။ကျွမ်းကျင်သူများက Laura မုန်တိုင်းမှာ ကမ်းရိုးတန်းသို့ကပ်လာစဉ် အဆင့် ၃ ဟာရီကိန်းမုန်တိုင်းအဖြစ် တစ်နာရီကို ၁၈၅ ကီလိုနူန်းအထိ ပြောင်းလဲလာနိုင်ပြီး မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း (သို့မဟုတ်) မြေပြိုခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း ခန့်မှန်းထားပါတယ်။အာဏာပိုင်တွေက လူဝီစီယားနားကမ်းခြေသို့တိုက်ခတ်သည့် အပြင်းထန်ဆုံးမုန်တိုင်းဖြစ်နိုင်တဲ့ လော်ရာ ဟာရီကိန်းမုန်တိုင်းက ဆက်လက်ရှင်သန်ရန်မဖြစ်နိုင်သည့် မုန်တိုင်းဒီရေဖြစ်စေတဲ့အတွက် တက္ကဆတ်နှင့် လူဝီစီယားနားမှ လူ ၅ သိန်းကျော်ကို ပြည်နယ်အာဏာပိုင်တွေက အရေးပေါ်နေရာပြောင်းရွှေ့ကြဖို့ ညွှန်ကြားချက်ထုတ်ခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့မှာ လေတိုက်နူန်းက တစ်နာရီ မိုင် ၉၀ မှ ၁၂၀ မိုင်အထိ တက်လာနိုင်တယ်ဆိုတာကနေ တစ်နာရီကို ၁၈၅ ကီလိုနူန်းအထိ ပြောင်းလဲလာနိုင်လို့ မုန်တိုင်းဒီရေကလည်း ၁၃ ပေအထိ မြင့်တက်လာနိုင်တဲ့ အခြေအနေထိ ရောက်လာနိုင်ပါတယ်။အမျိုးသားဟာရီကိန်းစင်တာက ခန့်မှန်းခဲ့တာကတော့  ော်ရာမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့ည (သို့မဟုတ်) ကြာသပတေးနေ့ မနက်အစောပိုင်းမှာ ကမ်းခြေကိုဝင်ရောက်လာနိုင်တယ်ဆိုပေမယ့် ကြာသပတေးနေ့အစောပိုင်းမှာ လူဝီစီယားနားကမ်းခြေကို ဝင်ရောက်လာတဲ့အခါ ထင်တားတဲ့အတိုင်း မုန်တိုင်းက အမေရိကန်သမိုင်းမှာ အားအပြင်းဆုံးမုန်တိုင်းတွေထဲ ပါဝင်လာခဲ့ပါတယ်။ကမ်းခြေကိုဝင်ချိန်မှာ ဟာရီကိန်း အဆင့် ၄ အထိရှိခဲ့ပြီး သစ်ပင်တွေ အမြစ်ကနေကျွတ်ထွက်ခဲ့သလို ဝက်စလိန်က ဓာတုစက်ရုံဆိုရင် ပျက်စီးပြီး မီးလောင်တာတွေမျိုးလည်း ဖြစ်ခဲ့ပါတယ်။မွန်းလွဲပိုင်းမှာ မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ်မှာ လူသိန်းချီ လျှပ်စစ်မီးပြတ်တောက်ကာ အစောပိုင်းရတဲ့သတင်းတွေအရ လူ‌ ၆ ဦးသေဆုံးခဲ့ပါတယ်။မုန်တိုင်းဖြတ်ကျော်ချိန်မှာ မျှော်လင့်ထားသည်ထက် ထိခိုက်မှုနည်းပေမယ့်  အပျက်အစီးများခဲ့ပါတယ်။လော်ရာမုန်တိုင်း၏ လေတိုက်နှုန်းက ဖြတ်ကျော်ချိန်မှာ တစ်နာရီ မိုင် ၁၅၀ ရှိတာကြောင့် ၂၀၀၅ ခုနှစ်က နယူးအော်လင်းမှာ တစ်နာရီ မိုင် ၁၅၀ နှုန်း တိုက်ခတ်ခဲ့တဲ့ ကက်ထရီနာမုန်တိုင်းထက် များစွာပိုမိုပြင်းထန်ခဲ့ပါတယ်။ထိုမုန်တိုင်းကြောင့် အာကင်းဆပ်အစိတ်အပိုင်းတချို့တွင် မိုးရေချိန် ၇ လက်မအထိရှိကာ ရုတ်တရက်ရေလွှမ်းမိုးမှုများဖြစ်ခဲ့ကာ ပြင်းထန်သောလေတိုက်အားကြောင့် ကျယ်ပြန့်သော မြေပြင်ဒေသတွေမှာ အဆောက်အအုံတွေ ပြားပြားဝပ်ခဲ့ပါတယ်။

နံနက် ၁ နာရီမှာ မုန်တိုင်းက ကုန်းတွင်းကိုဝင်ခဲ့တဲ့အခါ လေတိုက်နှုန်းမှာ တစ်နာရီ ၁၂၈ မိုင်ရှိခဲ့ပြီး  ၁၅ ပေမြင့်သော မုန်တိုင်းဒီရေကြောင့် လူဝီစီယားနားရှိ ကင်မရွန်းမြို့ကို ဆိုးဆိုးရွားရွားပျက်စီးစေခဲ့ပါတယ်။အာဏာပိုင်တွေကတော့ မုန်တိုင်းကို လူဝီစီယားနားရှိ ဒေသတိုင်းတွင် ခံစားခဲ့ရလို့ ထိခိုက်သေဆုံးမှု ပိုမိုမြင့်မားလာနိုင်မှာကို စိုးရိမ်နေကြပါတယ်။

အမေရိကန်မှာ သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးမုန်တိုင်းဝင်နေသလို အာရှဘက်မှာလည်း ဆိုးရွားတဲ့ရေကြီးမှုတွေကြောင့် အသေအပျောက်မြင့်တက်နေပါတယ်။အာဖဂန်နဲ့ ပါကစ္စတန်မှာ ညလုံးပေါက် သည်းထန်စွာရွာသွန်းခဲ့တဲ့မိုးကြောင့် အာဖဂန်နစ္စတန် မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှာ ရေကြီးမှုဖြစ်ပေါ်ကာ လူ ၇၀ ခန့်သေဆုံးခဲ့ပြီး အိမ်နီးချင်း ပါကစ္စတန်မှာလည်း အလားတူ ဆိုးရွားသောရာသီဥတုကြောင့် သေဆုံးသူ ၉၀ ခန့် ရှိခဲ့ပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြေနိမ့်ပိုင်းဒေသများမှာတော့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပြီး နေအိမ်တွေ၊ တံတားတွေ၊ အဆောက်အဦးတွေ ပြိုပျက်ကျခဲ့ပါတယ်။တရုတ်အရှေ့မြောက်ပိုင်းနဲ့ မြောက်ကိုရီးယားကို ဦးတည်လာတဲ့မုန်တိုင်း ဘာဒီကြောင့်လည်း မြောက်ကိုရီးယားနဲ့ တရုတ်မှာ ရေကြီးမှုတွေ ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။သဘာ၀ဘေးမှာ မုန်တိုင်းဘေးကကြိုသိပြီး ပြင်ဆင်နိုင်ခဲ့ရင် အသက်ပေါင်းများစွာကို ကယ်ဆယ်နိုင်တယ်ဆိုတာ အမေရိကန်က လော်ရာမုန်တိုင်းဖြစ်စဉ်က ပြသနေခဲ့ပါတယ်။ဒီအတွက် စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့နိုင်ငံတွေမှာ  အသေအပျောက်များတဲ့မုန်တိုင်းတွေ မဝင်ပါစေနဲ့လို့သာ ဆုတောင်းနေရမယ့်အဖြစ်ကို ကမ္ဘာ့ပြည်သူတွေ ကြုံတွေ့နေရပါတယ်။

ကမ္ဘာတစ်ဝန်း မငြိမ်သက်မှုများ

အမေရိကန်နိုင်ငံ လူဝီစီယားနားက လာဖာယက်တီအရပ်မှာ သောကြာနေ့ ည ၈ နာရီက ရှဲလ်ဓာတ်ငွေ့ ဆိုင်ဝန်းကျင်မှာ ဓားကိုင်ထားပြီး စတိုးဆိုင်ထဲဝင်ဖို့ကြိုးစားတဲ့ လူမည်းအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တွေကတားဆီးပြီး အကြိမ်ကြိမ်လက်နက်ချခိုင်းပေမယ့် ရှေ့တိုးခဲ့တဲ့အတွက် ပစ်ခတ်ခဲ့ရာမှာ သေဆုံးခဲ့ရပါတယ်။ဗီဒီယိုဖိုင်မှာ တွေ့ရတဲ့မြင်ကွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက ၀ိုင်းပစ်သလိုဖြစ်ခဲ့တဲ့အတွက် မကြာသေးခင်က လူမည်းအမျိုးသားတစ်ဦးကို ထိန်းချုပ်ဖမ်းဆီးစဉ် သေဆုံးခဲ့ရမှုနဲ့ပတ်သက်ပြီး နိုင်ငံတစ်ဝန်းအုံကြွမှုဖြစ်စဉ် မအေးသေးချိန်မှာ ထပ်ဖြစ်ခဲ့တာပါ။ဩဂုတ် ၂၃ ရက်မှာ နောက်ထပ်ဖြစ်ရပ်တူတစ်ခုထပ်ဖြစ်ခဲ့ကာ ကားတစ်စီးအတွင်း ဝင်ဖို့ကြိုးစားတဲ့ လူမည်းအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်နဲ့ အချက်ပေါင်းများစွာပစ်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ ဆန္ဒပြမှုတွေပေါ်ပေါက်ခဲ့ပါတယ်။သေနတ်နဲ့အပစ်ခံရသူ မသေခဲ့ပေမယ့် ဆန္ဒပြသူတွေက အကြမ်းဖက်မယ့်အလားအလာကို မြင်ရတဲ့အတွက် ရဲတပ်ဖွဲ့ကိုကူညီဖို့ အမျိုးသားအစောင့်တပ်ဖွဲ့ကို ခေါ်ယူခဲ့ရပါတယ်။

ဒီလို နိုင်ငံရေးဆက်နွယ်တဲ့ လှုပ်ရှားမှုတွေက အမေရိကန်မှာတင်မကပါဘူး။အာရှက ထိုင်းမှာလည်း အားကောင်းကောင်းနဲ့ဖြစ်နေပါတယ်။ထိုင်းမှာ ဘုရင်စနစ်ကိုဝေဖန်တဲ့ ပြုပြင်လိုတဲ့လှုပ်ရှားမှုကို ကျောင်းသားတွေကဦးဆောင်လာပြီးနောက်ပိုင်း လူမှုကွန်ရက်မှာ ဂရုတွေဖွဲ့ပြီး ဝေဖန်ကြတဲ့အတွက် ထိုင်းအာဏာပိုင်တွေနဲ့ လူမှုကွန်ရက်ဖြစ်တဲ့ facebook တို့ကြား ပြဿနာဖြစ်လာခဲ့ပါတယ်။အဖွဲ့ဝင် ၁ သန်းရှိတဲ့ ထိုင်းဘုရင်စနစ်အကြောင်းဆွေးနွေးတဲ့ အုပ်စုတစ်ခုကို ထိုင်းနိုင်ငံအတွင်း ကြည့်ရှုနိုင်ခြင်းမရှိအောင် အတင်းအကျပ်ပြုလုပ်ခံရလို့ facebook က ထိုင်းအစိုးရနှင့် ဥပဒေကြောင်းအရရင်ဆိုင်ရန် ပြင်ဆင်ခဲ့ပါတယ်။ထိုင်းအာဏာပိုင်တွေက ဘုရင်စနစ်ကို အသရေဖျက်သည့် အကြောင်းအရာများကို ဖြုတ်မချပါက တရားစွဲမည်ဆိုတဲ့အတွက် facebook က ထို စာမျက်နှာကို ပိတ်ပေးခဲ့ရပါတယ်။ဒီအတွက် ထိုင်းမှာ လူမှုကွန်ရက်အထိ ထိုင်းအာဏာပိုင်တွေက စွက်ဖက်လာမှုကို ဝေဖန်မှုတွေပြင်းပြင်းထန်ထန်ဖြစ်လာသလို လူမှုကွန်ရက်မှာ ဝေဖန်မှုတွေပိုပြင်းထန်လာခဲ့ပါတယ်။

ရှေ့ရက်သတ္တပတ်က ရှုပ်ထွေးခဲ့တဲ့ ဘီလာရပ်စ်အရေးက ယခုအထိ မအေးဆေးသေးပါဘူး။ယခုရက်သတ္တပတ်ထဲမှာ ဘီလာရပ်စ်အရေးအတွက် ရုရှားနဲ့ လစ်သူရေးနီးယားကို သွားရောက်ဖို့ရှိတဲ့ အမေရိကန် ဒုတိယထိပ်တန်းသံတမန်ခရီးစဉ်  ရှိနေပါတယ်။လစ်သူရေးနီးယားမှာ ဘီလာရပ်စ် အတိုက်အခံခေါင်းဆောင်အမျိုးသမီး ရှိနေခဲ့သလို ဘီလာရပ်စ် လက်ရှိသမ္မတ လူကာရှင်ကို ကို အဓိကထောက်ခံသူ ရုရှားက သမ္မတပူတင်ဆီကိုလည်း သွားဖို့ရှိတယ်ဆိုပါတယ်။ဘီလာရပ်စ် လက်ရှိသမ္မတ လူကာရှင်ကိုကလည်း ဆန္ဒပြပွဲတွေအနီး သေနတ်နဲ့လမ်းသလားပြခဲ့တဲ့အတွက် ဆန္ဒပြမှုတွေက ပိုအားကောင်းလာခဲ့ပါတယ်။သမ္မတ လူကာရှင်ကို က သြဂုတ်လ ၉ ရက်က ကျင်းပတဲ့ ဘီလာရပ်စ်ရွေးကောက်ပွဲမှာ ၎င်းအပြတ်အသတ်အနိုင်ရရှိတာကို လက်မခံသည့် ဆန္ဒပြသူများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းနေတာပါ။ထိုဖြိုခွဲမှုများအတွင်း ဘီလာရပ်စ်ပြည်သူ ထောင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က ရိုက်နှက်၊ မျက်ရည်ယိုဗုံးဖြင့်ပစ်ခတ် ညှင်းပမ်းနှိပ်စက်ခဲ့လို့ လေးဦးထက်မနည်း သေဆုံးခဲ့ရသလို ဒါဇင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပါတယ်။အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က ဘီလာရပ်စ်သမ္မတရွေးကောက်ပွဲမှာ မဲလိမ်မှုများရှိသည်ဟု စွပ်စွဲခဲ့သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယို က အိမ်နီးချင်း ရုရှားနိုင်ငံအနေဖြင့် ထိုကိစ္စမှာ ဝင်ရောက်မစွက်ဖက်ဖို့ တိုက်တွန်းခဲ့တာပါ။လူကာရှင်ကို က ရုရှားသမ္မတ ပူတင်အနေဖြင့် သူ၏ ၂၆ နှစ်ကြာအုပ်ချုပ်ရေးကို ကူညီရန် မေတ္တာရပ်ခံထားပါတယ်။ဘီလာရပ်စ် အတိုက်အခံခေါင်းဆောင်ကတော့ ဘီလာရပ်စ်အာဏာပိုင်များနှင့် ဆွေးနွေးမှုများ မကြာမီစတင်နိုင်ရန် မျှော်လင့်ထားပါတယ်။ဒီရက်ပိုင်းမှာ လူကာရှင်ကို ကို အားထောက်ခံသူတွေက တန်ပြန်ဆန္ဒပြတဲ့အတွက် ဘီလာရပ်စ်အခြေအနေက ရင်မအေးစရာပါ။ဒီအတွက် နိုင်ငံတကာကစောင့်ကြည့်နေသလို ရုရှားဘက်က ဘယ်လိုခြေလှမ်းတွေ လှမ်းလာမလဲ၊ အီးယူနဲ့ အမေရိကန်ဘက်က ဘယ်လိုတွေ အတိုက်အခံအတွက် ဆောင်ရွက်မှုတွေပေးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ထဲ ကျလာတဲ့ လေယာဉ်တင်သင်္ဘောဖျက် တရုတ်ဒုံးကျည်

မကြာခင်ရက်သတ္တပတ်က တရုတ်ဘက်ကနေ တောင်တရုတ်ပင်လယ်အတွင်း ခရီးသွားလာခွင့်ကန့်သတ်ဇုံကို ကြေငြာလာခဲ့ပါတယ်။ဒါဟာ ဒီဒေသအတွင်း တရုတ်ဘက်က ဒုံးကျည်တွေပစ်လွှတ်မယ်ဆိုတဲ့ သတင်းစကားပါဘဲ။အမေရိကန်ဘက်ကတော့‌ တရုတ်ဘက်က ပစ်လွှတ်ရင်လဲ ၄ စင်းထက်မပိုဘူးလို့ ဆိုခဲ့ပါတယ်။ဒါပေမယ့် သြဂုတ်လ ၂၆ ရက်မှာ တရုတ်နိုင်ငံသည် တာလတ်ပစ်ဒုံးကျည် DF-26B တစင်းကို ချင်ဟိုင်ပြည်နယ်မှပစ်ပြီး အခြားတာလတ်ပစ်ဒုံးကျည် DF-21D တစ်စင်းကို ကျိုကျင်ပြည်နယ်ကနေ တောင်တရုတ်ပင်လယ်အတွင်းသို့ ပစ်ခတ်ခဲ့ပါတယ်။ထိုဒုံးကျည်နှစ်စင်းကို ဟိုင်နန်ပြည်နယ်နှင့် အငြင်းပွားနေသော ပါရာဆယ်ကျွန်းများအကြားသို့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဒါဟာ တရုတ်အနေနဲ့ အမေရိကန်ပြည်ထောင်စုအား သတိပေးသည့်အနေဖြင့် ပစ်ခတ်တာလို့ နိုင်ငံတကာနဲ့ အမေရိကန်ဘက်က ယူဆပေမယ့် တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးဝူကျန်းမှ မည်သည့်နိုင်ငံကိုမျှ ရည်ရွယ်ချင်းမရှိဘဲ မိမိတို့ကာလကြာမြင့်စွာ စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှု တစိတ်တပိုင်းအဖြစ် တရုတ်၏ အရှေ့မြောက်ပြည်နယ် ကွင်ဒေါင်းမှ တောင်တရုတ်ပင်လယ်အတွင်းရှိ စပရက်လီကျွန်းအကြား ပြုလုပ်ခဲ့တာဖြစ်တယ်လို့ပဲ ဆိုပါတယ်။

တရုတ်နိုင်ငံပိုင်သတင်းစာ ဂလိုဘယ်တိုင်းမ်သတင်းစာမှာတော့ ယခုလအစောပိုင်းက စတင်အသုံးပြုသော DF-26B များသည် ပင်လယ်ပြင်တွင်လှုပ်ရှားနေသည့် ပစ်မှတ်များကို ပစ်ခတ်နိုင်သောကြောင့် လေယာဉ်တင်သင်္ဘောဖျက် ဒုံးကျည်ဖြစ်တယ်လို့ ပြောခဲ့ပေမယ့် အမေရိကန်အရာရှိများကတော့ အဆိုပါဒုံးကျည်များသည် ပင်လယ်အတွင်း ရွေ့လျှားနေတဲ့ပစ်မှတ်များကို ထိမှန်အောင်ပစ်ခတ်နိုင်စွမ်းရှိနေတဲ့ DF-26 နဲ့ DF-21 တာလတ်ပစ်ဒုံးကျည် အမျိုးအစားများဖြစ်ပြီး DF-21 ဟာ လေယာဉ်ပစ်သင်္ဘောကို ဖျက်စီးနိုင်စွမ်းရှိနေတယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ဒါဟာ တစ်နည်းအားဖြင့် ၎င်းတို့အချုပ်အခြာပိုင်တယ်လို့  ကြေငြာထားတဲ့နယ်မြေများကို မဟာဗျူဟာအရ လွှမ်းမိုးထားနိုင်စွမ်းရှိကြောင်း သက်သေထူပြလိုက်ခြင်းဖြစ်သလို တောင်တရုတ်ပင်လယ်အတွင်း အကွာအဝေးအတော်လှမ်းလှမ်းထိ ကျရောက်လာခဲ့တဲ့အတွက် တိုင်ဝမ်ကို ၎င်းတို့ပိုင်သောနယ်မြေတစ်ခုသာ ဖြစ်တယ်ဆိုတဲ့ ခံယူချက်ကိုလည်း ထပ်မံထင်ဟပ်အောင် ပြုလုပ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ဒီထဲမှာပါတဲ့ DF-26 ဟာ ကီလိုမီတာ ၄၅၀၀ အထိ ပစ်ခတ်နိုင်တဲ့အတွက် အနောက်ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာကိုသာမက ဂူအန်ရှိ အမေရိကန် စစ်စခန်းများ၊ ဗြိတိန်ပိုင်ကျွန်းဖြစ် ဆေသာ ဒိုင်ဂို ဂါစီယာနှင့် သြစတြေးလျှနိုင်ငံ ဒါဝင်မြို့များအထိ ပစ်ခတ်နိုင်ပြီး DF-21 ကတော့ ပင်လယ်ပြင်တွင် ရွေ့လျှားနေသော သင်္ဘောများကိုပစ်ခတ်ရန် ရည်ရွယ်ထုတ်လုပ်ထားတဲ့ သင်္ဘောပစ်ဒုံးကျည်စနစ် ဖြစ်တယ်ဆိုပါတယ်။

အမေရိကန်က တရုတ်ပိုင်လို့ ကြေငြာထားတဲ့ ရေပြင်များအတွင်း အမေရိကန်လေယာဉ်တင်သင်္ဘောနှစ်စီးဖြစ်တဲ့ ရော်နယ် ရီဂင်နဲ့ နီမစ်ဇ်တို့ကို ဇူလိုင်လကတည်းက စေလွှတ်ထားခဲ့သလို အမေရိကန်လေယာဉ်တင်သင်္ဘောနှစ်စင်းက မဟာမိတ်များနှင့်အတူ တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာရေကြောင်းသွားလာမှု စစ်ဆင်ရေးပြုလုပ်ခဲ့တဲ့အတွက် တရုတ်ဘက်က ဒေါသတကြီးတုံ့ပြန်ခဲ့ပါတယ်။တရုတ်နိုင်ငံက မြောက်ပိုင်းကမ်းလွန်ရှိ ဘိုဟိုင်းပင်လယ်မှာ ဩဂုတ် ၂၅ ရက်က လက်နက်ပြည့် စစ်ရေးလေ့ကျင့်မှုပြုလုပ်စဉ် အမေရိကန်၏ U-2 သူလျှိုလေယာဉ်တစင်းက တရုတ်နိုင်ငံကသတ်မှတ်ထားသည့် မပျံသန်းရဇုန်အတွင်းသို့ ဝင်ရောက်ခဲ့ပါတယ်။ဒါဟာ တရုတ်စစ်ရေးလေ့ကျင့်မှုအပေါ်ကနေ အမေရိကန် U-2 သူလျှိုလေယာဉ် ဖြတ်ပျံခဲ့တဲ့အတွက် ဗြောင်ကျကျရန်စမှုအဖြစ် တရုတ်ဘက်က စွပ်စွဲခဲ့ပါတယ်။ဒီနောက်မှာ တရုတ်ဘက်က တောင်တရုတ်ပင်လယ်ထဲကို DF-21 နဲ့ DF-26 ပစ်ခတ်မှုတွေ ပေါ်လာခဲ့တာပါ။  

အမေရိကန်ကတော့ တရုတ်နိုင်ငံရဲ့ ယခုလုပ်ရပ်ကြောင့် နောက်တွန့်သွားမှာမဟုတ်ပဲ တောင်တရုတ်ပင်လယ်အပါအဝင် အင်ဒို-ပစိဖိတ်ဒေသထဲကို စစ်သင်္ဘော ၃၈ စီး ဦးတည်ခုတ်မောင်းလာနေပြီလို့ ပြောခဲ့သလို တောင်တရုတ်ပင်လယ်မှာ ကျွန်းအတုများတည်ဆောက်ပြီး စစ်ရေးပြင်ဆင်ရာတွင်ကူညီခဲ့တဲ့ တရုတ်လုပ်ငန်း ၂ ဒါဇင်ကို ပထမဆုံးအရေးယူမှုအဖြစ် Black List စာရင်းထဲ ထည့်ခဲ့ပါတယ်။ဒါ့အပြင် ဩဂုတ် ၂၆ ရက်က တရုတ်ဘက်ကပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေကို အမျိုးအစားသိဖို့ ပင်တဂွန်က ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။တစ်ဘက်မှာလည်း အမေရိကန်မှာ ရွေးကောက်ပွဲနီးနေသလို အမေရိကန်မှာ တရုတ်မုန်းတီးရေးအားကောင်းလာ‌အောင် နိုင်ငံရေးသမားအချို့က လုပ်ဆောင်လာတဲ့အတွက်  သမ္မတထရမ့်အနေနဲ့ ရွေးကောက်ပွဲမှာ ပြန်အရွေးခံရဖို့ တရုတ်နဲ့ စစ်ရေးပဋိပက္ခဖြစ်အောင်လုပ်ပြီးက န့်သတ်စစ်တစ်ခုဆင်နွှဲဖို့ ကြံဆောင်မလားဆိုတာ စဉ်းစားချင်စရာပါ။
ဒီလိုကန့်သတ်စစ်ဆိုရင် တိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်ထဲက နေရာဒေသတစ်ခုခုဖြစ်ပေမယ့် နှစ်နိုင်ငံစလုံးက အကျိုးစီးပွားဖြစ်အောင်ဆင်နွှဲမယ့် စစ်ဖြစ်တဲ့အတွက် သူတို့အမာခံနယ်မြေတွေနဲ့ဝေးရာ အာရှဒေသထဲက ကြားခံနယ်မြေတစ်ခုခုမှာလည်း ကန့်သတ်စစ်တစ်ခုကို ရွေးချယ်ဆင်နွှဲလာနိုင်တဲ့အတွက် သတိထားစရာပါ။ဒီအတွက် ကပ်ဘေးကြောင့်အခက်တွေ့နေတဲ့  အာရှဒေသအဖို့ အမေရိကန်-တရုတ် စစ်ရေးတင်းမာမှုက ကုန်သွယ်ရေးစစ်ပွဲထက်ပိုပြီး ဒေသတွင်းမှာထိခိုက်လာနိုင်တဲ့အတွက်  မျက်ခြေမပြတ်စောင့်ကြည့်ရတော့မယ့်အခြေအနေကို ရောက်နေပြီဖြစ်ကြောင်း တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
သြဂုတ် - ၂၈

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ ပိုၿပီးစိတ္ဝင္စားစရာေကာင္းတဲ့ စစ္ေရးသတင္းေတြရွိခဲ့သလို ကမာၻကိုပတ္ၿပီး ဒုကၡေပးေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ကမာၻတစ္ဝန္းမွာ အရွိန္ေလ်ာ့က်လာတဲ့သတင္းေတြ၊ ဘီလာ႐ုစ္နဲ႔ ထိုင္းမွာျဖစ္ေနတဲ့ ဆႏၵျပလႈပ္ရွားမႈသတင္းေတြလည္း ႏိုင္ငံတကာအေရး စိတ္ဝင္စားတဲ့သူေတြကို သတိျပဳမိေစခဲ့ပါတယ္။ဒါ့အျပင္ ကမာၻတစ္ဝန္း သဘာ၀ေဘးသတင္းေတြကလည္း ေတာက္ေလွ်ာက္ျဖစ္ခဲ့တဲ့အတြက္ သတိထားစရာပါ။

ဒီလိုသတင္းေတြအျပင္ ဂရိနဲ႔ တူရကီအၾကား အျငင္းပြားေနၾကတဲ့ အက္ဂ်ီယန္ပင္လယ္မွာ တူရကီက သဘာ၀ဓာတ္ေငြ႕သိုက္ေတြ႕အၿပီး ေနာက္တစ္ရက္အၾကာမွာ ေရတပ္နဲ႔ ေလတပ္ေပါင္းၿပီး စစ္ေရးေလ့က်င့္ခဲ့ၾကတဲ့သတင္း၊ လက္ဘႏြန္ေတာင္ပိုင္းမွာ  အစၥေရးဒ႐ုန္းတစ္စင္းကို ဟဇ္ဘိုလာတပ္ဖြဲ႕ေတြက ပစ္ခ်လိုက္တဲ့သတင္း၊ ႐ုရွားမွာေတာ့ အတိုက္အခံေခါင္းေဆာင္ျဖစ္တဲ့ နာဗယ္နီ ကို အဆိပ္ခတ္လုပ္ႀကံခဲ့လို႔ ဂ်ာမနီကိုေ႐ႊ႕ေျပာင္းကုသေနရသလို ဂ်ာမန္ဝန္ႀကီးခ်ဳပ္ အန္ဂ်ယ္လာ မာကယ္ က က်ဴးလြန္သူမ်ားကို အေရးယူရန္ ေတာင္းဆိုခဲ့တဲ့သတင္း၊ ဖိလစ္ပိုင္ စစ္ဖက္အႀကီးအကဲေတြက ႏိုင္ငံရဲ႕ ဂ်ိဳလိုကြၽန္းမွာျဖစ္ခဲ့တဲ့ ေပါက္ကြဲမႈႏွစ္ခုေၾကာင့္ ႏိုင္ငံေတာင္ပိုင္းမွာ စစ္အုပ္ခ်ဳပ္ေရးျပန္လည္ခ်မွတ္ရႏိုင္တယ္လို႔ ေျပာခဲ့တဲ့သတင္း၊ ခရစၥခ်္ဗလီကို ဝင္ေရာက္ပစ္ခတ္ခဲ့သူကို ေထာင္ဒဏ္တစ္သက္ခ်မွတ္ခဲ့တဲ့သတင္း၊ ကို႐ိုနာဗိုင္းရပ္စ္ ကုသမႈအတြက္ ေသြးရည္ၾကည္ထုတ္ယူကုသမႈကို အေမရိကန္က ေထာက္ခံအတည္ျပဳခဲ့တဲ့ သတင္းေတြလည္း စိတ္ဝင္စားစရာေကာင္းခဲ့ပါတယ္။

မုန္တိုင္းႏွင့္ ေရႀကီးေရလႊမ္းမႈ

ယခုရက္သတၱပတ္ထဲ ေနာက္ထပ္သတိျပဳစရာ ျဖစ္ခဲ့ရတာေတာ့ အေမရိကန္ႏိုင္ငံ လူဝီစီယားနားကို ဝင္ေရာက္တိုက္ခတ္ေတာ့မယ္ ေလာ္ရာ ဟာရီကိန္းမုန္တိုင္း သတင္းပါပဲ။ဒီမုန္တိုင္းက လူဝီစီယားနားကို မဝင္ခင္ကတည္းက က်ဳးဘား၊ ေဟတီနဲ႔ ဒိုမီနီကန္ ႏိုင္ငံေတြကို ျဖတ္ေက်ာ္လာတာျဖစ္ၿပီး အဲဒီႏိုင္ငံေတြမွာ လူ ၂၃ ဦးကို ေသဆုံးေစခဲ့ၿပီးျဖစ္သလို ကမ္း႐ိုးတန္းနားကပ္လာခ်ိန္မွာ ဟာရီကိန္းအဆင့္ ၃ အထိ ေျပာင္းလဲလာႏိုင္တဲ့အတြက္ ေဒသခံေတြအထိနာမွာကို အာဏာပိုင္ေတြက ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ခဲ့ပါတယ္။ကြၽမ္းက်င္သူမ်ားက Laura မုန္တိုင္းမွာ ကမ္း႐ိုးတန္းသို႔ကပ္လာစဥ္ အဆင့္ ၃ ဟာရီကိန္းမုန္တိုင္းအျဖစ္ တစ္နာရီကို ၁၈၅ ကီလိုႏူန္းအထိ ေျပာင္းလဲလာႏိုင္ၿပီး မုန္တိုင္းအရွိန္ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းျခင္း (သို႔မဟုတ္) ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚ ႏိုင္ေၾကာင္း ခန႔္မွန္းထားပါတယ္။အာဏာပိုင္ေတြက လူဝီစီယားနားကမ္းေျခသို႔တိုက္ခတ္သည့္ အျပင္းထန္ဆုံးမုန္တိုင္းျဖစ္ႏိုင္တဲ့ ေလာ္ရာ ဟာရီကိန္းမုန္တိုင္းက ဆက္လက္ရွင္သန္ရန္မျဖစ္ႏိုင္သည့္ မုန္တိုင္းဒီေရျဖစ္ေစတဲ့အတြက္ တကၠဆတ္ႏွင့္ လူဝီစီယားနားမွ လူ ၅ သိန္းေက်ာ္ကို ျပည္နယ္အာဏာပိုင္ေတြက အေရးေပၚေနရာေျပာင္းေ႐ႊ႕ၾကဖို႔ ၫႊန္ၾကားခ်က္ထုတ္ခဲ့ရပါတယ္။

ဗုဒၶဟူးေန႔မွာ ေလတိုက္ႏူန္းက တစ္နာရီ မိုင္ ၉၀ မွ ၁၂၀ မိုင္အထိ တက္လာႏိုင္တယ္ဆိုတာကေန တစ္နာရီကို ၁၈၅ ကီလိုႏူန္းအထိ ေျပာင္းလဲလာႏိုင္လို႔ မုန္တိုင္းဒီေရကလည္း ၁၃ ေပအထိ ျမင့္တက္လာႏိုင္တဲ့ အေျခအေနထိ ေရာက္လာႏိုင္ပါတယ္။အမ်ိဳးသားဟာရီကိန္းစင္တာက ခန႔္မွန္းခဲ့တာကေတာ့  ော္ရာမုန္တိုင္းဟာ ဗုဒၶဟူးေန႔ည (သို႔မဟုတ္) ၾကာသပေတးေန႔ မနက္အေစာပိုင္းမွာ ကမ္းေျခကိုဝင္ေရာက္လာႏိုင္တယ္ဆိုေပမယ့္ ၾကာသပေတးေန႔အေစာပိုင္းမွာ လူဝီစီယားနားကမ္းေျခကို ဝင္ေရာက္လာတဲ့အခါ ထင္တားတဲ့အတိုင္း မုန္တိုင္းက အေမရိကန္သမိုင္းမွာ အားအျပင္းဆုံးမုန္တိုင္းေတြထဲ ပါဝင္လာခဲ့ပါတယ္။ကမ္းေျခကိုဝင္ခ်ိန္မွာ ဟာရီကိန္း အဆင့္ ၄ အထိရွိခဲ့ၿပီး သစ္ပင္ေတြ အျမစ္ကေနကြၽတ္ထြက္ခဲ့သလို ဝက္စလိန္က ဓာတုစက္႐ုံဆိုရင္ ပ်က္စီးၿပီး မီးေလာင္တာေတြမ်ိဳးလည္း ျဖစ္ခဲ့ပါတယ္။မြန္းလြဲပိုင္းမွာ မုန္တိုင္းဝင္ေရာက္တိုက္ခတ္ခဲ့တဲ့အတြက္ အေမရိကန္ျပည္ေထာင္စု လူဝီစီယားနားျပည္နယ္မွာ လူသိန္းခ်ီ လွ်ပ္စစ္မီးျပတ္ေတာက္ကာ အေစာပိုင္းရတဲ့သတင္းေတြအရ လူ‌ ၆ ဦးေသဆုံးခဲ့ပါတယ္။မုန္တိုင္းျဖတ္ေက်ာ္ခ်ိန္မွာ ေမွ်ာ္လင့္ထားသည္ထက္ ထိခိုက္မႈနည္းေပမယ့္  အပ်က္အစီးမ်ားခဲ့ပါတယ္။ေလာ္ရာမုန္တိုင္း၏ ေလတိုက္ႏႈန္းက ျဖတ္ေက်ာ္ခ်ိန္မွာ တစ္နာရီ မိုင္ ၁၅၀ ရွိတာေၾကာင့္ ၂၀၀၅ ခုႏွစ္က နယူးေအာ္လင္းမွာ တစ္နာရီ မိုင္ ၁၅၀ ႏႈန္း တိုက္ခတ္ခဲ့တဲ့ ကက္ထရီနာမုန္တိုင္းထက္ မ်ားစြာပိုမိုျပင္းထန္ခဲ့ပါတယ္။ထိုမုန္တိုင္းေၾကာင့္ အာကင္းဆပ္အစိတ္အပိုင္းတခ်ိဳ႕တြင္ မိုးေရခ်ိန္ ၇ လက္မအထိရွိကာ ႐ုတ္တရက္ေရလႊမ္းမိုးမႈမ်ားျဖစ္ခဲ့ကာ ျပင္းထန္ေသာေလတိုက္အားေၾကာင့္ က်ယ္ျပန႔္ေသာ ေျမျပင္ေဒသေတြမွာ အေဆာက္အအုံေတြ ျပားျပားဝပ္ခဲ့ပါတယ္။

နံနက္ ၁ နာရီမွာ မုန္တိုင္းက ကုန္းတြင္းကိုဝင္ခဲ့တဲ့အခါ ေလတိုက္ႏႈန္းမွာ တစ္နာရီ ၁၂၈ မိုင္ရွိခဲ့ၿပီး  ၁၅ ေပျမင့္ေသာ မုန္တိုင္းဒီေရေၾကာင့္ လူဝီစီယားနားရွိ ကင္မ႐ြန္းၿမိဳ႕ကို ဆိုးဆိုး႐ြား႐ြားပ်က္စီးေစခဲ့ပါတယ္။အာဏာပိုင္ေတြကေတာ့ မုန္တိုင္းကို လူဝီစီယားနားရွိ ေဒသတိုင္းတြင္ ခံစားခဲ့ရလို႔ ထိခိုက္ေသဆုံးမႈ ပိုမိုျမင့္မားလာႏိုင္မွာကို စိုးရိမ္ေနၾကပါတယ္။

အေမရိကန္မွာ သမိုင္းတစ္ေလွ်ာက္ အျပင္းထန္ဆုံးမုန္တိုင္းဝင္ေနသလို အာရွဘက္မွာလည္း ဆိုး႐ြားတဲ့ေရႀကီးမႈေတြေၾကာင့္ အေသအေပ်ာက္ျမင့္တက္ေနပါတယ္။အာဖဂန္နဲ႔ ပါကစၥတန္မွာ ညလုံးေပါက္ သည္းထန္စြာ႐ြာသြန္းခဲ့တဲ့မိုးေၾကာင့္ အာဖဂန္နစၥတန္ ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္းမွာ ေရႀကီးမႈျဖစ္ေပၚကာ လူ ၇၀ ခန႔္ေသဆုံးခဲ့ၿပီး အိမ္နီးခ်င္း ပါကစၥတန္မွာလည္း အလားတူ ဆိုး႐ြားေသာရာသီဥတုေၾကာင့္ ေသဆုံးသူ ၉၀ ခန႔္ ရွိခဲ့ပါတယ္။ထိုင္းႏိုင္ငံေျမာက္ပိုင္းရွိ ေျမနိမ့္ပိုင္းေဒသမ်ားမွာေတာ့ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေရလႊမ္းမိုးမႈမ်ားျဖစ္ၿပီး ေနအိမ္ေတြ၊ တံတားေတြ၊ အေဆာက္အဦးေတြ ၿပိဳပ်က္က်ခဲ့ပါတယ္။တ႐ုတ္အေရွ႕ေျမာက္ပိုင္းနဲ႔ ေျမာက္ကိုရီးယားကို ဦးတည္လာတဲ့မုန္တိုင္း ဘာဒီေၾကာင့္လည္း ေျမာက္ကိုရီးယားနဲ႔ တ႐ုတ္မွာ ေရႀကီးမႈေတြ ပ်က္စီးမႈေတြ ျဖစ္ခဲ့ပါတယ္။သဘာ၀ေဘးမွာ မုန္တိုင္းေဘးကႀကိဳသိၿပီး ျပင္ဆင္ႏိုင္ခဲ့ရင္ အသက္ေပါင္းမ်ားစြာကို ကယ္ဆယ္ႏိုင္တယ္ဆိုတာ အေမရိကန္က ေလာ္ရာမုန္တိုင္းျဖစ္စဥ္က ျပသေနခဲ့ပါတယ္။ဒီအတြက္ စီမံခန႔္ခြဲမႈညံ့ဖ်င္းတဲ့ႏိုင္ငံေတြမွာ  အေသအေပ်ာက္မ်ားတဲ့မုန္တိုင္းေတြ မဝင္ပါေစနဲ႔လို႔သာ ဆုေတာင္းေနရမယ့္အျဖစ္ကို ကမာၻ႔ျပည္သူေတြ ႀကဳံေတြ႕ေနရပါတယ္။

ကမာၻတစ္ဝန္း မၿငိမ္သက္မႈမ်ား

အေမရိကန္ႏိုင္ငံ လူဝီစီယားနားက လာဖာယက္တီအရပ္မွာ ေသာၾကာေန႔ ည ၈ နာရီက ရွဲလ္ဓာတ္ေငြ႕ ဆိုင္ဝန္းက်င္မွာ ဓားကိုင္ထားၿပီး စတိုးဆိုင္ထဲဝင္ဖို႔ႀကိဳးစားတဲ့ လူမည္းအမ်ိဳးသားတစ္ဦးကို ရဲတပ္ဖြဲ႕ဝင္ေတြကတားဆီးၿပီး အႀကိမ္ႀကိမ္လက္နက္ခ်ခိုင္းေပမယ့္ ေရွ႕တိုးခဲ့တဲ့အတြက္ ပစ္ခတ္ခဲ့ရာမွာ ေသဆုံးခဲ့ရပါတယ္။ဗီဒီယိုဖိုင္မွာ ေတြ႕ရတဲ့ျမင္ကြင္းမွာ ရဲတပ္ဖြဲ႕ဝင္ေတြက ၀ိုင္းပစ္သလိုျဖစ္ခဲ့တဲ့အတြက္ မၾကာေသးခင္က လူမည္းအမ်ိဳးသားတစ္ဦးကို ထိန္းခ်ဳပ္ဖမ္းဆီးစဥ္ ေသဆုံးခဲ့ရမႈနဲ႔ပတ္သက္ၿပီး ႏိုင္ငံတစ္ဝန္းအုံႂကြမႈျဖစ္စဥ္ မေအးေသးခ်ိန္မွာ ထပ္ျဖစ္ခဲ့တာပါ။ဩဂုတ္ ၂၃ ရက္မွာ ေနာက္ထပ္ျဖစ္ရပ္တူတစ္ခုထပ္ျဖစ္ခဲ့ကာ ကားတစ္စီးအတြင္း ဝင္ဖို႔ႀကိဳးစားတဲ့ လူမည္းအမ်ိဳးသားတစ္ဦးကို ရဲတပ္ဖြဲ႕က ေသနတ္နဲ႔ အခ်က္ေပါင္းမ်ားစြာပစ္ခဲ့တဲ့အတြက္ ေနာက္ပိုင္းမွာ ဆႏၵျပမႈေတြေပၚေပါက္ခဲ့ပါတယ္။ေသနတ္နဲ႔အပစ္ခံရသူ မေသခဲ့ေပမယ့္ ဆႏၵျပသူေတြက အၾကမ္းဖက္မယ့္အလားအလာကို ျမင္ရတဲ့အတြက္ ရဲတပ္ဖြဲ႕ကိုကူညီဖို႔ အမ်ိဳးသားအေစာင့္တပ္ဖြဲ႕ကို ေခၚယူခဲ့ရပါတယ္။

ဒီလို ႏိုင္ငံေရးဆက္ႏြယ္တဲ့ လႈပ္ရွားမႈေတြက အေမရိကန္မွာတင္မကပါဘူး။အာရွက ထိုင္းမွာလည္း အားေကာင္းေကာင္းနဲ႔ျဖစ္ေနပါတယ္။ထိုင္းမွာ ဘုရင္စနစ္ကိုေဝဖန္တဲ့ ျပဳျပင္လိုတဲ့လႈပ္ရွားမႈကို ေက်ာင္းသားေတြကဦးေဆာင္လာၿပီးေနာက္ပိုင္း လူမႈကြန္ရက္မွာ ဂ႐ုေတြဖြဲ႕ၿပီး ေဝဖန္ၾကတဲ့အတြက္ ထိုင္းအာဏာပိုင္ေတြနဲ႔ လူမႈကြန္ရက္ျဖစ္တဲ့ facebook တို႔ၾကား ျပႆနာျဖစ္လာခဲ့ပါတယ္။အဖြဲ႕ဝင္ ၁ သန္းရွိတဲ့ ထိုင္းဘုရင္စနစ္အေၾကာင္းေဆြးေႏြးတဲ့ အုပ္စုတစ္ခုကို ထိုင္းႏိုင္ငံအတြင္း ၾကည့္ရႈႏိုင္ျခင္းမရွိေအာင္ အတင္းအက်ပ္ျပဳလုပ္ခံရလို႔ facebook က ထိုင္းအစိုးရႏွင့္ ဥပေဒေၾကာင္းအရရင္ဆိုင္ရန္ ျပင္ဆင္ခဲ့ပါတယ္။ထိုင္းအာဏာပိုင္ေတြက ဘုရင္စနစ္ကို အသေရဖ်က္သည့္ အေၾကာင္းအရာမ်ားကို ျဖဳတ္မခ်ပါက တရားစြဲမည္ဆိုတဲ့အတြက္ facebook က ထို စာမ်က္ႏွာကို ပိတ္ေပးခဲ့ရပါတယ္။ဒီအတြက္ ထိုင္းမွာ လူမႈကြန္ရက္အထိ ထိုင္းအာဏာပိုင္ေတြက စြက္ဖက္လာမႈကို ေဝဖန္မႈေတြျပင္းျပင္းထန္ထန္ျဖစ္လာသလို လူမႈကြန္ရက္မွာ ေဝဖန္မႈေတြပိုျပင္းထန္လာခဲ့ပါတယ္။

ေရွ႕ရက္သတၱပတ္က ရႈပ္ေထြးခဲ့တဲ့ ဘီလာရပ္စ္အေရးက ယခုအထိ မေအးေဆးေသးပါဘူး။ယခုရက္သတၱပတ္ထဲမွာ ဘီလာရပ္စ္အေရးအတြက္ ႐ုရွားနဲ႔ လစ္သူေရးနီးယားကို သြားေရာက္ဖို႔ရွိတဲ့ အေမရိကန္ ဒုတိယထိပ္တန္းသံတမန္ခရီးစဥ္  ရွိေနပါတယ္။လစ္သူေရးနီးယားမွာ ဘီလာရပ္စ္ အတိုက္အခံေခါင္းေဆာင္အမ်ိဳးသမီး ရွိေနခဲ့သလို ဘီလာရပ္စ္ လက္ရွိသမၼတ လူကာရွင္ကို ကို အဓိကေထာက္ခံသူ ႐ုရွားက သမၼတပူတင္ဆီကိုလည္း သြားဖို႔ရွိတယ္ဆိုပါတယ္။ဘီလာရပ္စ္ လက္ရွိသမၼတ လူကာရွင္ကိုကလည္း ဆႏၵျပပြဲေတြအနီး ေသနတ္နဲ႔လမ္းသလားျပခဲ့တဲ့အတြက္ ဆႏၵျပမႈေတြက ပိုအားေကာင္းလာခဲ့ပါတယ္။သမၼတ လူကာရွင္ကို က ၾသဂုတ္လ ၉ ရက္က က်င္းပတဲ့ ဘီလာရပ္စ္ေ႐ြးေကာက္ပြဲမွာ ၎အျပတ္အသတ္အႏိုင္ရရွိတာကို လက္မခံသည့္ ဆႏၵျပသူမ်ားကို ရက္စက္ၾကမ္းၾကဳတ္စြာ ႏွိမ္နင္းေနတာပါ။ထိုၿဖိဳခြဲမႈမ်ားအတြင္း ဘီလာရပ္စ္ျပည္သူ ေထာင္ေပါင္းမ်ားစြာကို ရဲတပ္ဖြဲ႕က ႐ိုက္ႏွက္၊ မ်က္ရည္ယိုဗုံးျဖင့္ပစ္ခတ္ ညႇင္းပမ္းႏွိပ္စက္ခဲ့လို႔ ေလးဦးထက္မနည္း ေသဆုံးခဲ့ရသလို ဒါဇင္ေပါင္းမ်ားစြာ ဖမ္းဆီးခံခဲ့ရပါတယ္။အေမရိကန္ျပည္ေထာင္စုႏွင့္ ဥေရာပသမဂၢတို႔က ဘီလာရပ္စ္သမၼတေ႐ြးေကာက္ပြဲမွာ မဲလိမ္မႈမ်ားရွိသည္ဟု စြပ္စြဲခဲ့သလို အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး ပြမ္ပီယို က အိမ္နီးခ်င္း ႐ုရွားႏိုင္ငံအေနျဖင့္ ထိုကိစၥမွာ ဝင္ေရာက္မစြက္ဖက္ဖို႔ တိုက္တြန္းခဲ့တာပါ။လူကာရွင္ကို က ႐ုရွားသမၼတ ပူတင္အေနျဖင့္ သူ၏ ၂၆ ႏွစ္ၾကာအုပ္ခ်ဳပ္ေရးကို ကူညီရန္ ေမတၱာရပ္ခံထားပါတယ္။ဘီလာရပ္စ္ အတိုက္အခံေခါင္းေဆာင္ကေတာ့ ဘီလာရပ္စ္အာဏာပိုင္မ်ားႏွင့္ ေဆြးေႏြးမႈမ်ား မၾကာမီစတင္ႏိုင္ရန္ ေမွ်ာ္လင့္ထားပါတယ္။ဒီရက္ပိုင္းမွာ လူကာရွင္ကို ကို အားေထာက္ခံသူေတြက တန္ျပန္ဆႏၵျပတဲ့အတြက္ ဘီလာရပ္စ္အေျခအေနက ရင္မေအးစရာပါ။ဒီအတြက္ ႏိုင္ငံတကာကေစာင့္ၾကည့္ေနသလို ႐ုရွားဘက္က ဘယ္လိုေျခလွမ္းေတြ လွမ္းလာမလဲ၊ အီးယူနဲ႔ အေမရိကန္ဘက္က ဘယ္လိုေတြ အတိုက္အခံအတြက္ ေဆာင္႐ြက္မႈေတြေပးမလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ထဲ က်လာတဲ့ ေလယာဥ္တင္သေဘၤာဖ်က္ တ႐ုတ္ဒုံးက်ည္

မၾကာခင္ရက္သတၱပတ္က တ႐ုတ္ဘက္ကေန ေတာင္တ႐ုတ္ပင္လယ္အတြင္း ခရီးသြားလာခြင့္ကန႔္သတ္ဇုံကို ေၾကျငာလာခဲ့ပါတယ္။ဒါဟာ ဒီေဒသအတြင္း တ႐ုတ္ဘက္က ဒုံးက်ည္ေတြပစ္လႊတ္မယ္ဆိုတဲ့ သတင္းစကားပါဘဲ။အေမရိကန္ဘက္ကေတာ့‌ တ႐ုတ္ဘက္က ပစ္လႊတ္ရင္လဲ ၄ စင္းထက္မပိုဘူးလို႔ ဆိုခဲ့ပါတယ္။ဒါေပမယ့္ ၾသဂုတ္လ ၂၆ ရက္မွာ တ႐ုတ္ႏိုင္ငံသည္ တာလတ္ပစ္ဒုံးက်ည္ DF-26B တစင္းကို ခ်င္ဟိုင္ျပည္နယ္မွပစ္ၿပီး အျခားတာလတ္ပစ္ဒုံးက်ည္ DF-21D တစ္စင္းကို က်ိဳက်င္ျပည္နယ္ကေန ေတာင္တ႐ုတ္ပင္လယ္အတြင္းသို႔ ပစ္ခတ္ခဲ့ပါတယ္။ထိုဒုံးက်ည္ႏွစ္စင္းကို ဟိုင္နန္ျပည္နယ္ႏွင့္ အျငင္းပြားေနေသာ ပါရာဆယ္ကြၽန္းမ်ားအၾကားသို႔ ပစ္ခတ္ခဲ့တာျဖစ္ပါတယ္။ဒါဟာ တ႐ုတ္အေနနဲ႔ အေမရိကန္ျပည္ေထာင္စုအား သတိေပးသည့္အေနျဖင့္ ပစ္ခတ္တာလို႔ ႏိုင္ငံတကာနဲ႔ အေမရိကန္ဘက္က ယူဆေပမယ့္ တ႐ုတ္အမ်ိဳးသားကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ေျပာခြင့္ရ ဗိုလ္မႉးႀကီးဝူက်န္းမွ မည္သည့္ႏိုင္ငံကိုမွ် ရည္႐ြယ္ခ်င္းမရွိဘဲ မိမိတို႔ကာလၾကာျမင့္စြာ စီစဥ္ထားတဲ့ စစ္ေရးေလ့က်င့္မႈ တစိတ္တပိုင္းအျဖစ္ တ႐ုတ္၏ အေရွ႕ေျမာက္ျပည္နယ္ ကြင္ေဒါင္းမွ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ စပရက္လီကြၽန္းအၾကား ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ပဲ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံပိုင္သတင္းစာ ဂလိုဘယ္တိုင္းမ္သတင္းစာမွာေတာ့ ယခုလအေစာပိုင္းက စတင္အသုံးျပဳေသာ DF-26B မ်ားသည္ ပင္လယ္ျပင္တြင္လႈပ္ရွားေနသည့္ ပစ္မွတ္မ်ားကို ပစ္ခတ္ႏိုင္ေသာေၾကာင့္ ေလယာဥ္တင္သေဘၤာဖ်က္ ဒုံးက်ည္ျဖစ္တယ္လို႔ ေျပာခဲ့ေပမယ့္ အေမရိကန္အရာရွိမ်ားကေတာ့ အဆိုပါဒုံးက်ည္မ်ားသည္ ပင္လယ္အတြင္း ေ႐ြ႕လွ်ားေနတဲ့ပစ္မွတ္မ်ားကို ထိမွန္ေအာင္ပစ္ခတ္ႏိုင္စြမ္းရွိေနတဲ့ DF-26 နဲ႔ DF-21 တာလတ္ပစ္ဒုံးက်ည္ အမ်ိဳးအစားမ်ားျဖစ္ၿပီး DF-21 ဟာ ေလယာဥ္ပစ္သေဘၤာကို ဖ်က္စီးႏိုင္စြမ္းရွိေနတယ္ဆိုတာကို အတည္ျပဳခဲ့ပါတယ္။ဒါဟာ တစ္နည္းအားျဖင့္ ၎တို႔အခ်ဳပ္အျခာပိုင္တယ္လို႔  ေၾကျငာထားတဲ့နယ္ေျမမ်ားကို မဟာဗ်ဴဟာအရ လႊမ္းမိုးထားႏိုင္စြမ္းရွိေၾကာင္း သက္ေသထူျပလိုက္ျခင္းျဖစ္သလို ေတာင္တ႐ုတ္ပင္လယ္အတြင္း အကြာအေဝးအေတာ္လွမ္းလွမ္းထိ က်ေရာက္လာခဲ့တဲ့အတြက္ တိုင္ဝမ္ကို ၎တို႔ပိုင္ေသာနယ္ေျမတစ္ခုသာ ျဖစ္တယ္ဆိုတဲ့ ခံယူခ်က္ကိုလည္း ထပ္မံထင္ဟပ္ေအာင္ ျပဳလုပ္လိုက္တာျဖစ္တယ္လို႔ ဆိုပါတယ္။ဒီထဲမွာပါတဲ့ DF-26 ဟာ ကီလိုမီတာ ၄၅၀၀ အထိ ပစ္ခတ္ႏိုင္တဲ့အတြက္ အေနာက္ပစိဖိတ္ႏွင့္ အိႏၵိယသမုဒၵရာကိုသာမက ဂူအန္ရွိ အေမရိကန္ စစ္စခန္းမ်ား၊ ၿဗိတိန္ပိုင္ကြၽန္းျဖစ္ ေဆသာ ဒိုင္ဂို ဂါစီယာႏွင့္ ၾသစေၾတးလွ်ႏိုင္ငံ ဒါဝင္ၿမိဳ႕မ်ားအထိ ပစ္ခတ္ႏိုင္ၿပီး DF-21 ကေတာ့ ပင္လယ္ျပင္တြင္ ေ႐ြ႕လွ်ားေနေသာ သေဘၤာမ်ားကိုပစ္ခတ္ရန္ ရည္႐ြယ္ထုတ္လုပ္ထားတဲ့ သေဘၤာပစ္ဒုံးက်ည္စနစ္ ျဖစ္တယ္ဆိုပါတယ္။

အေမရိကန္က တ႐ုတ္ပိုင္လို႔ ေၾကျငာထားတဲ့ ေရျပင္မ်ားအတြင္း အေမရိကန္ေလယာဥ္တင္သေဘၤာႏွစ္စီးျဖစ္တဲ့ ေရာ္နယ္ ရီဂင္နဲ႔ နီမစ္ဇ္တို႔ကို ဇူလိုင္လကတည္းက ေစလႊတ္ထားခဲ့သလို အေမရိကန္ေလယာဥ္တင္သေဘၤာႏွစ္စင္းက မဟာမိတ္မ်ားႏွင့္အတူ ေတာင္တ႐ုတ္ပင္လယ္တြင္ လြတ္လပ္စြာေရေၾကာင္းသြားလာမႈ စစ္ဆင္ေရးျပဳလုပ္ခဲ့တဲ့အတြက္ တ႐ုတ္ဘက္က ေဒါသတႀကီးတုံ႔ျပန္ခဲ့ပါတယ္။တ႐ုတ္ႏိုင္ငံက ေျမာက္ပိုင္းကမ္းလြန္ရွိ ဘိုဟိုင္းပင္လယ္မွာ ဩဂုတ္ ၂၅ ရက္က လက္နက္ျပည့္ စစ္ေရးေလ့က်င့္မႈျပဳလုပ္စဥ္ အေမရိကန္၏ U-2 သူလွ်ိဳေလယာဥ္တစင္းက တ႐ုတ္ႏိုင္ငံကသတ္မွတ္ထားသည့္ မပ်ံသန္းရဇုန္အတြင္းသို႔ ဝင္ေရာက္ခဲ့ပါတယ္။ဒါဟာ တ႐ုတ္စစ္ေရးေလ့က်င့္မႈအေပၚကေန အေမရိကန္ U-2 သူလွ်ိဳေလယာဥ္ ျဖတ္ပ်ံခဲ့တဲ့အတြက္ ေျဗာင္က်က်ရန္စမႈအျဖစ္ တ႐ုတ္ဘက္က စြပ္စြဲခဲ့ပါတယ္။ဒီေနာက္မွာ တ႐ုတ္ဘက္က ေတာင္တ႐ုတ္ပင္လယ္ထဲကို DF-21 နဲ႔ DF-26 ပစ္ခတ္မႈေတြ ေပၚလာခဲ့တာပါ။  

အေမရိကန္ကေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ ယခုလုပ္ရပ္ေၾကာင့္ ေနာက္တြန႔္သြားမွာမဟုတ္ပဲ ေတာင္တ႐ုတ္ပင္လယ္အပါအဝင္ အင္ဒို-ပစိဖိတ္ေဒသထဲကို စစ္သေဘၤာ ၃၈ စီး ဦးတည္ခုတ္ေမာင္းလာေနၿပီလို႔ ေျပာခဲ့သလို ေတာင္တ႐ုတ္ပင္လယ္မွာ ကြၽန္းအတုမ်ားတည္ေဆာက္ၿပီး စစ္ေရးျပင္ဆင္ရာတြင္ကူညီခဲ့တဲ့ တ႐ုတ္လုပ္ငန္း ၂ ဒါဇင္ကို ပထမဆုံးအေရးယူမႈအျဖစ္ Black List စာရင္းထဲ ထည့္ခဲ့ပါတယ္။ဒါ့အျပင္ ဩဂုတ္ ၂၆ ရက္က တ႐ုတ္ဘက္ကပစ္ခတ္ခဲ့တဲ့ ဒုံးက်ည္ေတြကို အမ်ိဳးအစားသိဖို႔ ပင္တဂြန္က ျပဳလုပ္ေနတယ္လို႔လည္း ဆိုပါတယ္။တစ္ဘက္မွာလည္း အေမရိကန္မွာ ေ႐ြးေကာက္ပြဲနီးေနသလို အေမရိကန္မွာ တ႐ုတ္မုန္းတီးေရးအားေကာင္းလာ‌ေအာင္ ႏိုင္ငံေရးသမားအခ်ိဳ႕က လုပ္ေဆာင္လာတဲ့အတြက္  သမၼတထရမ့္အေနနဲ႔ ေ႐ြးေကာက္ပြဲမွာ ျပန္အေ႐ြးခံရဖို႔ တ႐ုတ္နဲ႔ စစ္ေရးပဋိပကၡျဖစ္ေအာင္လုပ္ၿပီးက န႔္သတ္စစ္တစ္ခုဆင္ႏႊဲဖို႔ ႀကံေဆာင္မလားဆိုတာ စဥ္းစားခ်င္စရာပါ။
ဒီလိုကန႔္သတ္စစ္ဆိုရင္ တိုင္ဝမ္နဲ႔ ေတာင္တ႐ုတ္ပင္လယ္ထဲက ေနရာေဒသတစ္ခုခုျဖစ္ေပမယ့္ ႏွစ္ႏိုင္ငံစလုံးက အက်ိဳးစီးပြားျဖစ္ေအာင္ဆင္ႏႊဲမယ့္ စစ္ျဖစ္တဲ့အတြက္ သူတို႔အမာခံနယ္ေျမေတြနဲ႔ေဝးရာ အာရွေဒသထဲက ၾကားခံနယ္ေျမတစ္ခုခုမွာလည္း ကန႔္သတ္စစ္တစ္ခုကို ေ႐ြးခ်ယ္ဆင္ႏႊဲလာႏိုင္တဲ့အတြက္ သတိထားစရာပါ။ဒီအတြက္ ကပ္ေဘးေၾကာင့္အခက္ေတြ႕ေနတဲ့  အာရွေဒသအဖို႔ အေမရိကန္-တ႐ုတ္ စစ္ေရးတင္းမာမႈက ကုန္သြယ္ေရးစစ္ပြဲထက္ပိုၿပီး ေဒသတြင္းမွာထိခိုက္လာႏိုင္တဲ့အတြက္  မ်က္ေျခမျပတ္ေစာင့္ၾကည့္ရေတာ့မယ့္အေျခအေနကို ေရာက္ေနၿပီျဖစ္ေၾကာင္း တင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ၾသဂုတ္ - ၂၈