【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန်ကြံနေတဲ့ အာရှစစ်တလင်း

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန်ကြံနေတဲ့ အာရှစစ်တလင်း

ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ လက်နက်ရောင်းချမှုတွေ စစ်ပွဲသတင်းတွေနဲ့ ကုန်သွယ်ရေးစစ်ပွဲ သတင်းတွေကိုကျော်ပြီး သဘာဝဘေးသတင်းတွေက စာဖတ်သူတွေကို သတိထားမိစေခဲ့ပါတယ်။အထူးသဖြင့် ထရမ့် လက်ထက်မှာ အာရှဒေသက ပိုပြီး ပဋိပက္ခပြင်းထန်လာခဲ့သလို စစ်လက်နက် အပြိုင်အဆိုင် တပ်ဆင်မှုတွေ ရှိလာခဲ့ပါတယ်။ဒီထဲ ရုရှားက ပါဝင်လာသလို ဘာသာရေး လူမျိုးရေး ပြဿနာတွေကလည်း အာရှမှာ အတောမသတ်နိုင်အောင် ဖြစ်နေတဲ့အတွက် အာရှဒေသဟာ အချိန်မရွေး ပေါက်ကွဲလွယ်တဲ့ ဒေသတစ်ခု ဖြစ်လာပါတယ်။ဒီထဲမှာ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့၊ ကိုရီးယားကျွန်းဆွယ်မှာ မြောက်ကိုရီးယားနဲ့၊ ဟော်မုဇ်ရေလက်ကြားမှာ အီရန်နဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန်အဖို့ ဘယ်နေရာကနေ စစ်ပွဲတစ်ခုကို အစပျိုးမလဲဆိုတာ ရင်ထိတ်စရာပါ။

ဒီအခြေအနေကို ဖော်ပြတဲ့ သတင်းတွေထဲကနေ ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ အဲချိုင်းနားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တင်စင်း ဘေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်အတင်အချပြုလုပ်စဉ်  မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့တဲ့သတင်း၊ အိန္ဒိယအတွက် လေပိုင်နက်ကို လုံးဝပိတ်သိမ်းဖို့ ပါကစ္စတန်က စဉ်းစားနေတဲ့သတင်း၊ တရုတ်ဆိပ်ကမ်း ကင်ဒေါင်းသို့ အမေရိကန် ရေတပ်သင်္ဘောတစ်စီး ဆိုက်ကပ်ရန် တောင်းဆိုမှုကို တရုတ်ဘက်က ပယ်ချခဲ့တဲ့သတင်း၊ ဒုတိယကမ္ဘာစစ် စတင်ချိန် နာဇီ ညှဉ်းပန်းနှိပ်စက်မှုများကို ခွင့်လွှတ်ပေးရန် ဂျာမနီသမ္မတ ဖရန့် ဝေါ်လ်တာစတိန်းမီယာ က ပိုလန်နိုင်ငံထံ မေတ္တာရပ်ခံခဲ့တဲ့သတင်း၊ တာလီဘန်သူပုန် တိုက်ခိုက်ရေးသမားများက အာဖဂန်နစ္စတန် မြောက်ပိုင်း မဟာဗျူဟာမြောက်မြို့ ကန်ဒုဇ်ကို တိုက်ခိုက်စီးနင်းတဲ့သတင်း၊ ပါလီမန်ကို ဆိုင်းငံ့ရေး ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ဆုံးဖြတ်ချက်ကို ဗြိတိန်နိုင်ငံတစ်ဝန်း ဆန္ဒပြခဲ့ကြတဲ့ သတင်းတွေကလည်း ယခုတစ်ပတ်ရဲ့ ထိပ်တန်း စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

အမေဇုံတောမီးနဲ့ ဟာရီကိန်း ဘယ်အထိဒုက္ခပေးမလဲ

ကမ္ဘာရဲ့ အဆုတ်လို့တောင် တင်စားထားရတဲ့ အမေဇုံမိုးသစ်တော လပေါင်းများစွာ ကြာရှည်ခဲ့တဲ့ မီးလောင်မှုက ကမ္ဘာကို ထိတ်လန့်စေခဲ့ပါတယ်။အမေဇုန်သစ်တောနှင့် ထိစပ်နေတဲ့  တောင်အမေရိကန်နိုင်ငံ ကိုးနိုင်ငံမှာ အဓိကအားဖြင့် ဘရာဇီးမှာ တောမီးတွေက မေလကစပြီး  စတုရန်းမိုင် ၄,၀၀၀ ရှိ သစ်တောများနှင့် စားကျက်မြေများကို ဝါးမျိုခဲ့ပြီး ဖြစ်ပါတယ်။

တောမီးက လောင်ကျွမ်းမှုအားကောင်းပြီး မီးလောင်ကျွမ်းနေတဲ့ နေရာ ၂,၅၀၀ ကျော် ရှိနေသလို ဘရာဇီး အာကာသ သုတေသနဆိုင်ရာ အမျိုးသားအဖွဲ့အစည်းက ထုတ်ပြန်ချက်မှာ ယခုနှစ်ထဲ အမေဇုံသစ်တောထဲ မီးလောင်ကျွမ်းမှု ၇၂,၀၀၀ ကျော် ရှိခဲ့လို့ ဒီပမာဏက ပြီးခဲ့တဲ့နှစ် ကာလတူမီးလောင်ကျွမ်းမှုထက် သိသိသာသာတိုးလာလို့ သတိပေးခဲ့ပါတယ်။

ဒီအတွက် ကမ္ဘာ့နိုင်ငံတွေက အာရုံစိုက်လာခဲ့ပါတယ်။ပြင်သစ်မှာ ကျင်းပတဲ့ G-7 ထိပ်သီးဆွေးနွေးပွဲမှာ ပြင်သစ်သမ္မတက ဒီဖြစ်ရပ်ကို အလေးထားတဲ့အနေနဲ့ ကျွန်တော်တို့အိမ် မီးလောင်နေတယ်ဆိုပြီး တင်စားပြောခဲ့ပါတယ်။ဒီမီးလောင်မှုကို ထိန်းနိုင်ဖို့အတွက် G-7 နိုင်ငံတွေက ဘရာဇီးနိုင်ငံကို ကန်ဒေါ်လာ သန်း ၂၀ ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမယ့် ဒါဟာ ဘရာဇီးအတွက် ဒေါသထွက်စေပုံရပါတယ်။သူတို့ကူညီတာကို လက်မခံဘူးလို့ ပြောခဲ့ပြီး ဥရောပသစ်တောတွေ ပြန်လည်ပျိုးထောင်တဲ့နေရာမှာ သုံးဖို့ပြောခဲ့ပါတယ်။ဒါပေမယ့် နောက်ပိုင်းမှာ ပြန်လက်ခံခဲ့ပါတယ်။ဒါ့အပြင် တောမီးကို ပူးပေါင်းတုံ့ပြန် ဆောင်ရွက်ရေးအတွက် ဘရာဇီးခေါင်းဆောင်တွေနဲ့ တောင်အမေရိကနိုင်ငံတွေနဲ့ လာမည့်သီတင်းပတ်အတွင်း တွေ့ဆုံကြဖို့လည်း ရှိပါတယ်။အမေဇုံတောနဲ့ ဆက်စပ်နေတဲ့ ဘိုလီးဗီးယားနိုင်ငံကတော့ အမေဇုံတောမီး ငြှိမ်းသတ်ရေးအတွက် G-7 နိုင်ငံတွေပေးတဲ့ ၂၂ သန်း ကတိကဝတ်ကို သေးငယ်တဲ့ အကူအညီအဖြစ် ပြောခဲ့ပါတယ်။

ဒီမီးအတွက် တစ်ပိုင်တစ်နိုင် လှူဒါန်းတဲ့သူတွေလည်း ရှိခဲ့သလို နာမည်ကြီးကျော်မင်းသား လီယိုနာဒို ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်း Earth Alliance က ဒေါ်လာငါးသန်း ကူညီထောက်ပံ့ခဲ့ပါတယ်။ဒီတောမီးအတွက် အဓိကဖြစ်နေတဲ့ ပြဿနာက သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးမြေလုပ်တဲ့ ဒေသခံတွေနဲ့ သတ္တုတူးဖော်သူတွေကို မထိန်းသိမ်းနိုင်တဲ့ ပြဿနာတွေပါဘဲ။

အမေဇုံသစ်တောမီးက ကမ္ဘာမြေက ထုတ်လွှင့်တဲ့ နှစ်စဉ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု တန်ပေါင်း သန်းနဲ့ချီ စုပ်ယူတဲ့ ဂေဟဗေဒစနစ် ပျက်စီးစေသလို ရာသီဥတုအကျပ်အတည်းကို ပိုဆိုးစေပါတယ်။ဒီအတွက် ကမ္ဘာ့နိုင်ငံပေါင်းများစွာက ဖိအားပေးနေပေမယ့် ကာယကံရှင် ဘရာဇီးအတွက် ဒါဟာ အကျပ်အတည်းတစ်ခုပါဘဲ။
ဒီအကျပ်အတည်းက တစ်ကမ္ဘာလုံးနဲ့ ဆိုင်သလို ကမ္ဘာမြေသက်ရှိ တည်ရှိရေးအတွက်လည်း အရေးပါလာနိုင်တဲ့အတွက် ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

တောင်အမေရိကဘက်မှာ တောမီးတွေ လောင်ကျွမ်းနေပေမယ့် မြောက်အမေရိကဘက်မှာတော့ ဖျက်အားပြင်းမုန်တိုင်း ဝင်နေတဲ့အတွက် တစ်ကယ်ကို ကမောက်ကမ ဖြစ်စဉ်တွေပါဘဲ။အပူပိုင်းမုန်တိုင်းကနေ ဟာရီကိန်းအဆင့်ထိ တက်လာတဲ့ မုန်တိုင်းကြောင့် အမေရိက အလယ်ပိုင်းနိုင်ငံတွေလည်း သတိထားနေရသလို အမေရိကန်မှာတော့ သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။ယခုဖြစ်နေတဲ့ မုန်တိုင်းက အဆင့် ၄ ဟာရီကိန်းပါ။ဒီအဆင့်မှာ လေတိုက်ခတ်နူန်းက တစ်နာရီ ၁၄၅ မိုင် (၂၂၅ ကီလို မီတာ) နှုန်းအထိ အမြင့်ဆုံးရှိပြီး ဖျက်အားလည်းကြီးပါတယ်။ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ တောင်နှင့် မြောက် ကယ်ရိုလိုင်းနား ပြည်နယ်တွေမှာ အမေရိကန်အာဏာပိုင်တွေက အရေးပေါ်အခြေအနေ ကြေညာထားကာ အနည်းဆုံး သီတင်းတစ်ပတ်စာ စားနပ်ရိက္ခာများ စုဆောင်းထားကြရန် ဒေသခံများကို တိုက်တွန်းထားတဲ့အတွက် ဒီမုန်တိုင်းကို အတော်လေး သတိထားနေတဲ့ပုံပါဘဲ။ကုန်းတွင်းကို မဝင်သေးတဲ့အတွက် ပျက်စီးမှုမကြားရသေးပေမယ့် မကြာခင် ဘဟားမားစ်နိုင်ငံနှင့် အမေရိကန် အရှေ့တောင်ပိုင်း ကမ်းရိုးတန်းကို ဝင်မှာမို့  သဘာဝကပေးတဲ့ သတင်းဆိုးတွေ ဘယ်လိုကြားရဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

အာရှဘက်မှာတော့ ယခုတစ်ပတ် သည်းထန်စွာရွာတဲ့မိုးကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မြေပြိုမှု၊ ရေကြီးရေလျှံမှုတွေဖြစ်ပြီး လူနှစ်ဦး သေဆုံးကာ ဒေသခံ ၆၇၀,၀၀၀ ကို နေအိမ်ကနေ စွန့်ခွာဖို့ တိုက်တွန်းထားရတဲ့ အထိပါဘဲ။

ဒီလိုသဘာဝဘေးဒဏ်တွေက ကမ္ဘာတစ်ဝန်းမှာ ဒုနဲ့ဒေးပါ။လူတွေ မဆင်မခြင်နေထိုင်ကြ၊ ထိန်းသိမ်းရမှန်းမသိဘဲ လိုသလို ထုတ်သုံးခဲ့တဲ့ သယံဇာတတွေ သုံးစွဲမှုကြောင့် သဘာဝပျက်စီးယိုယွင်းမှု တိုးလာသလို ရောဂါကပ်ဘေးသစ်တွေက အဖြစ်များလာပါတယ်။ဒီထဲမှာ ယခုရက်သတ္တပတ်ထဲ  ၂၀၀၀ ခုနှစ်နောက်ပိုင်း မှာ ကမ္ဘာကို အထိတ်တလန့်ဖြစ်စေခဲ့တဲ့ အီဘိုလာရောဂါက ကွန်ဂိုမှာ ထိတ်လန့်စရာ ကောင်းလောက်အောင် တကျော့ပြန်ဖြစ်ခဲ့ပါတယ်။တကျော့ပြန် ဖြစ်ပေါ်လာခဲ့တဲ့ အီဘိုလာကြောင့် ကွန်ဂိုမှာ သေဆုံးသူအရေအတွက်က နှစ်ထောင်ကျော်လာပါပြီ။ဒါ့အပြင် သံသယရှိပေမယ့် မစစ်ဆေးရသေးတဲ့ အရေအတွက်က သုံးထောင်ကျော်ရှိနေလို့ ယခုကျန်းမာရေးကပ်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုယ်တိုင် သတိထားနေရပါတယ်။၂၀၁၃ ကနေ ၂၀၁၆ အထိ အနောက်အာဖရိကမှာ အီဘိုလာ ပျံ့နှံ့စဉ်က ၁၁,၃၀၀ ကျော် သေဆုံးခဲ့လို့ ယခုကပ်ရောဂါ အသွင်က ကမ္ဘာကို ခြိမ်းခြောက်နေပါပြီ။

ဒီသဘာဝဘေးသတင်းက ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ အာဖရိက ဆင်သားပေါက်များကို ယူဆောင်ပြီး တိရစ္ဆာန်ရုံများသို့ ရောင်းချတာကို မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နေသော မျိုးစိတ်များ နိုင်ငံတကာရောင်းဝယ်မှုဆိုင်ရာ အဖွဲ့အစည်းဝင် နိုင်ငံများက တားမြစ်လိုက်တဲ့သတင်း၊ ဖိလစ်ပိုင် တောင်ပိုင်းမှာ ကူးတို့သင်္ဘောတစ်စီး မီးလောင်လို့ လူသုံးဦးသေဆုံးပြီး ၂၄၀ ကျော်ကို ကယ်တင်ခဲ့ရတဲ့သတင်း၊ မက္ကဆီကိုမှာ အရက်ဘားတစ်ခုကို မီးရှို့တိုက်ခိုက်လို့် အနည်းဆုံး လူ ၂၅ ဦးသေဆုံးခဲ့တဲ့ သတင်းတွေထဲ သတိထားစရာ ဖြစ်ခဲ့ပါတယ်။

အမေရိကန်နဲ့ ပတ်ချာလည် ရန်သူများ    

ယခုရက်သတ္တပတ်ထဲ လုံးထွေးရှုပ်နေတဲ့ သတင်းတွေများစွာ ဖြစ်ခဲ့ပါတယ်။အထူးသဖြင့် အမေရိကန်က တစ်ဘက်၊ တူရကီ-ရုရှားက တစ်ဘက်ဖြစ်နေတဲ့ လက်နက်ဝယ်ယူရေးနဲ့ ဆီးရီးယားပြဿနာ၊ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲပြဿနာ၊ အမေရိကန်-ဂျပန်-တောင်ကိုရီးယားက တစ်ဘက် မြောက်ကိုရီးယားက တစ်ဘက်ဖြစ်တဲ့ ကိုရီးယားကျွန်းဆွယ် လက်နက်အားပြိုင်မှု ပြဿနာတွေပါဘဲ။

ဒီတစ်ပတ်ထဲမှာဘဲ တူရကီနဲ့ အမေရိကန်ကြား အငြင်းပွားနေတဲ့ လက်နက်ဝယ်ယူမှု ပြဿနာက ပိုစိတ်ဝင်စားဖို့ ကောင်းခဲ့သလို အာရှမှာ အမေရိကန်နဲ့ ရုရှား လက်နက်အပြိုင်အဆိုင် ရောင်းချနေတာကလည်း စိတ်လေးစရာပါ။

ယခုတစ်ပတ်ထဲမှာဘဲ အမေရိကန်ကို အတိုက်အခံလုပ်ပြီး ရုရှားဆီကနေ ဝယ်ယူထားတဲ့ အက်စ်-၄၀၀ အမျိုးအစား ဒုံးကျည်စနစ်မှာ ကျန်ရှိတဲ့ အစိတ်အပိုင်းတွေ တူရကီနိုင်ငံကို ဒုတိယအသုတ် ရောက်ခဲ့ပါတယ်။ဒါဟာ တူရကီအတွက် အနောက်အုပ်စုကနေ အရှေ့ဘက်ကို ပိုယိုင်လာတာကို သေချာစေတဲ့ အဖြစ်ပါဘဲ။ရုရှားအနေနဲ့ ယခုနှစ်ထဲမှာ သူ့ရဲ့ လေကြောင်းကာကွယ်ရေးစနစ်က နာမည်ထွက်ကာ လူကြိုက်များနေသလို လေကြောင်းမှာ နာမည်ကြီး MiG -35 တိုက်လေယာဉ်တွေကိုလည်း ပွဲထုတ်ရောင်းချဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က အမေရိကန်ထုတ် သတင်းဂျာနယ်တစ်ခုကနေ အီဂျစ်ကို ဘီလျံနဲ့ချီ တန်ဖိုးရှိတဲ့ MiG -35 တိုက်လေယာဉ်တွေ ရောင်းချတဲ့အစီအစဉ် ပေါ်ထွက်လာခဲ့ပါတယ်။ဒါဟာ အရှေ့အလယ်ပိုင်းက အစ္စရေးသာမက ဆော်ဒီအတွက်ပါ သတိထားစရာပါ။ဒီတစ်ပတ်မှာလည်း ရုရှားကို သွားရောက်ဖို့ရှိတဲ့ ရုရှားရဲ့ လက်နက်ဖောက်သည် အိန္ဒိယဝန်ကြီးချုပ် ခရီးစဉ်အတွင်း MiG -35 တိုက်လေယာဉ်တွေ ရောင်းချဖို့ ကမ်းလှမ်းမှုတွေ ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ဂျပန်မှာလည်း စစ်ရေးဆိုင်ရာ ပြုပြင်ဆောင်ရွက်မှုတွေ ယခုနှစ်ထဲ တိုးတက်များပြားလာခဲ့ပါတယ်။ယခုနှစ်ထဲ  ဂျပန်ပါလီမန်မှာတောင်းတဲ့ ဂျပန်ကာကွယ်ရေးဘတ်ဂျက်က ရှစ်နှစ်ဆက်တိုက် မြင့်တက်လာဖို့ရှိနေတယ် ဆိုပါတယ်။ဒီမတိုင်ခင်က မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများအပြီး ဂျပန်သို့ ပဲ့ထိန်းဒုံးကျည်ဖျက်ဒုံး ကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလျံတန် ရောင်းချဖို့ ဝါရှင်တန်က ခွင့်ပြုထားခဲ့တာရှိပါတယ်။မြောက်ကိုရီးယားဘက်က ၎င်းရဲ့ တိုက်ခိုက်ရေးဒုံးကျည် စွမ်းရည်ကို တိုးချဲ့နေသလို ဂျပန်နိုင်ငံအထိ ရောက်ရှိနိုင်သောဒုံးကျည် အနည်းဆုံး တစ်လုံးပါဝင်သော တာတိုပစ် ပဲ့ထိန်းဒုံးကျည်အသစ် ခုနစ်လုံးကို စမ်းသပ်ပစ်လွှတ်ခဲ့ပြခဲ့တဲ့အတွက် ကိုရီးယားကျွန်းဆွယ်မှာ လက်နက်တပ်ဆင်မှုက ပိုပြင်းထန်လာဖွယ် ရှိနေတာပါ။မကြာမီက အမေရိကန်ဘက်ကနေ ဟန်ဂေရီ၊ တောင်ကိုရီးယား၊ လစ်သူယေးနီးယားနှင့် ဒိန်းမတ်နိုင်ငံတွေကို ကန်ဒေါ်လာ ၉၄၃ သန်း တန်ဖိုးရှိတဲ့ လက်နက်တွေ ထပ်ရောင်းချဖို့ ခွင့်ပြုထားခဲ့တာ ရှိပါတယ်။

ဒီလိုတွေအပြင် အီရန်ရှိရာ အရှေ့အလယ်ပိုင်းမှာလည်း ပင်လယ်ကွေ့ အကျပ်အတည်းက ယခုထိ လိပ်ခဲတည်းလည်းပါ။ပြင်သစ်နိုင်ငံ ပဲရစ်မှာ ကျင်းပတဲ့ G-7 ထိပ်သီးအစည်းအဝေးမှာ မမျှော်လင့်ထားဘဲ အီရန်နိုင်ငံခြားရေးဝန်ကြီး ရောက်လာခဲ့သလို အမေရိကန်သမ္မတ ထရမ့် ကလည်း အီရန်ခေါင်းဆောင်နဲ့ တွေ့နိုင်တယ်ဆိုတဲ့ စကားတွေ ပြောခဲ့တဲ့အတွက် ကမ္ဘာ့နိုင်ငံတွေအတွက် အီရန်နဲ့ အမေရိကန် ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံမှုြုဖစ်လာနိုင်သလားဆိုတဲ့ သုံးသပ်ခန့်မှန်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပါတယ်။

အဲဒီအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ထရမ့် က အီရန်ဟာ အင်အားကြီးနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ဒါပေမယ့် နျူကလီးယားလက်နက်တော့ ရှိလို့မရဘူးလို့ ပြောခဲ့ပါတယ်။အီရန်သမ္မတဘက်ကလည်း အီရန်နိုင်ငံရဲ့ ကောင်းကျိုးအတွက်ဆိုရင် မည်သူနဲ့မဆို တွေ့နိုင်ဖို့ အဆင်သင့်ပဲလို့ ပြောခဲ့ပါတယ်။ဒါပေမယ့် နောက်ပိုင်းမှာ အီရန်ဘက်က ဈေးစကားဆိုလာခဲ့သလို အမေရိကန်ဘက်ကလည်း သိသာတဲ့ရွေ့လျှားမှု မလုပ်ခဲ့ပါဘူး။ဒီမတိုင်ခင်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးက ဂျပန်ကိုဝင်ပြီး ပင်လယ်ကွေ့ ပိတ်ဆို့မှုတွေ ပြေလည်ဖို့ ဆွေးနွေးခဲ့တာရှိပါတယ်။ဒီကြားထဲ အမေရိကန်ဘက်က ဂျီဘရော်လ်တာကနေ လွှတ်လိုက်တဲ့ အီရန် ရေနံတင်သင်္ဘောဝန်ထမ်းတွေကို တားမြစ်ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့တဲ့အတွက် အမေရိကန်ရဲ့ အီရန်အပေါ် ချခဲ့တဲ့ တားမြစ်ပိတ်ပင်မှုက အီရန်အပေါ် အလုပ်ဖြစ်နေပုံပါဘဲ။

ဒါပေမယ့် ပိတ်ဆို့မှုကို ရင်ဆိုင်ဖူးတဲ့ အီရန်ဘက်ကတော့ ထရမ့် လိုတဲ့ အလျှော့ပးမှုကို လွယ်လွယ်နဲ့ ပေးဖွယ်မမြင်ပါဘူး။အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗတ်ဇာရစ် ကတော့ အီရန် သာမန်ပြည်သူများကို ထိခိုက်စေတဲ့ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှု မရပ်တန့်ရင် အီရန်နိုင်ငံ ဦးသျှောင်ဖြစ်သူက ထရမ့် နဲ့ တွေ့မှာမဟုတ်ဘူးဆိုပြီး ယခုရက်သတ္တပတ်ထဲမှာဘဲ အမေရိကန် ဦးဆောင်တဲ့ ဟော်မုဇ်ရေလက်ကြား ကာကွယ်ရေးကို ကာပြန်တဲ့အနေနဲ့ အီရန် ဖျက်သင်္ဘောတစ်စင်းကို အေဒရီရန်ပင်လယ်ပြင်ထဲ စေလွှတ်ခဲ့ပါတယ်။အကြောင်းပြချက်ကတော့ အီရန် ရေနံတင်သင်္ဘောတွေကို ကာကွယ်ဖို့ပါဘဲ။လောလောဆယ် ဘာမှထိပ်တိုက်ရင်ဆိုင်မှု မဖြစ်ပေမယ့် မကြာခင် အမေရိကန်ရဲ့ စစ်မြူမှုထဲ အီရန် ဝင်သွားနိုင်တဲ့ အခြေအနေရှိနေပါတယ်။ဒီကနေ ဘယ်လိုထိ အခြေအနေတွေ ဆိုးရွားလာနိုင်သလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။    

တရုတ်နဲ့ ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်ဘက်ကနေ တန်ပြန်တုံ့ုပြန်မှုတွေ ထွက်လာခဲ့ပြီးနောက်မှာ အားချင်းဆိုသလို အမေရိကန်ဘက်က နောက်ထပ်ဝှက်ဖဲကို ချခင်းခဲ့ပါတယ်။ဒါက ကုန်သွယ်ရေးနဲ့မဆိုင်တဲ့ ဟောင်ကောင်အရေး ပြဿနာကို ကုန်သွယ်ရေးစစ်ပွဲနဲ့ ချိတ်ဆက်လိုက်တာပါဘဲ။ဒီအတွက် ဟောင်ကောင်ပြဿနာဟာ တရုတ်အတွက် ကိုင်တွယ်ဖို့ ခက်ခဲလာခဲ့ပါတယ်။အနောက်အုပ်စုအတွက် ထောင်တက်လာတဲ့ တရုတ်ကို ဟန့်တားဖို့ဆိုရင် ကုန်သွယ်ရေးတစ်ခုတည်းနဲ့ မရဘူဆိုတာ သိထားတဲ့အတွက် စစ်ရေးအရကော နိုင်ငံရေးပြဿနာထဲကိုပါ တရုတ်ကို ထည့်ပေးချင်တယ်ဆိုတာ ယခုရက်သတ္တပတ်ထဲ ကုန်သွယ်ရေးစစ်အတွက် ညှိနိုင်းစကားတွေ ပြောကြဆိုကြတဲ့အခါ ထွက်လာတဲ့ အမေရိကန်ဘက်က အသံတွေကို နားထောင်ကြည့်ရင် တွေ့ရမှာပါ။

တရုတ်ဘက်ကတော့ ကုန်သွယ်ရေးပြဿနာ ဖြေရှင်းဖို့ ဟောင်ကောင်ပြဿနာနဲ့ ချိတ်ဆက်တာကို လက်မခံပါဘူူး။အမေရိကန်ဘက်ကတော့ တရုတ်မှာ လုပ်ကိုင်နေတဲ့ အမေရိကန်လုပ်ငန်းရှင်တွေကို အမေရိကန်ကို ပြန်လာစေမယ်ဆိုပြီး ခြိမ်းခြောက်ထားတာရှိပါတယ်။ဒီအတွက် ဟောင်ကောင်ပြဿနာနဲ့ ကုန်သွယ်ရေးပြဿနာကို တစ်လှည့်စီကိုင်ပြီး အရှိန်မြှင့်ကစားနေတဲ့ အမေရိကန်ကို တရုတ်ဘက်က ဘယ်လိုပြန်ကစားမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ သတင်းတွေထဲက မြောက်ကိုရီးယား လွှတ်တော်ကနေ ကင်မ်ဂျုံအန် ကို  မြောက်ကိုရီးယားနိုင်ငံရဲ့ ပြိုင်ဘက်ကင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်မည့် အချက်ကို အတည်ပြုလိုက်တဲ့သတင်း၊ လက်ဘနွန်နိုင်ငံ ဘေရွတ်ဆင်ခြေဖုံးအရပ်မှာ ပျက်ကျခဲ့တဲ့ အစ္စရေး ဒရုန်းထဲကနေ ပေါက်ကွဲပစ္စည်းများ ရှာဖွေတွေ့ရှိခဲ့တဲ့သတင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ဂျီ-၇ ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတ ပူတင် ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဖိတ်ကြားမည့်သတင်း၊ လူသားပုံတူစက်ရုပ်ကို တင်ဆောင်လာတဲ့ ရုရှား အာကာသယာဉ် အောင်မြင်စွာလွှတ်တင်ခဲ့တဲ့သတင်း၊ အီရန်နိုင်ငံက ဧဒင်ပင်လယ်ကွေ့မှာ ဖျက်သင်္ဘောတစ်စင်းကို ဖြန့်ကြက်ထားတဲ့သတင်း၊ အမေရိကန်နှင့် ထိစပ်သည့် မက္ကဆီကိုနိုင်ငံ နယ်စပ်ဒေသမှာ ရွှေ့ပြောင်းအခြေချသူတွေနဲ့ မက္ကဆီကိုရဲတပ်ဖွဲ့ ပဋိပက္ခများ ဖြစ်ပွားခဲ့တဲ့သတင်း၊ ပြင်သစ်မိသားစုတစ်စုရဲ့ ဖိနပ်ဘူးဟောင်းတစ်ခုထဲမှ အမေရိကန်ဒေါ်လာ ခြောက်သိန်းခန့် တန်ဖိုးရှိ တရုတ်နိုင်ငံ ချင်မင်းဆက်ခေတ် ပန်းအိုးတစ်လုံးကို တွေ့ရှိခဲ့တဲ့သတင်း၊ လာမည့် G-7 ထိပ်သီးစည်းဝေးပွဲကို Trump National Doral Miami Golf Resort ဂေါက်ကလပ်အပန်းဖြေစခန်းတွင် လက်ခံကျင်းပသွားဖွယ်ရှိတဲ့သတင်း၊ ပါပူအာနယူးဂီနီ ဒေသတွင် ဆန္ဒပြသူများနှင့် လုံခြုံရေးအဖွဲ့ဝင်များကြားတွင် ထိပ်တိုက်တွေ့မှုများ တိုးပွားလာတဲ့ သတင်းတွေထဲ စောင့်ကြည့်စရာသတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်တန့်လိုက်ချင်ပါတယ်။

မင်းထက်
စက်တင်ဘာ - ၂

( Zawgyi )

ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ လက္နက္ေရာင္းခ်မႈေတြ စစ္ပြဲသတင္းေတြနဲ႔ ကုန္သြယ္ေရးစစ္ပြဲ သတင္းေတြကိုေက်ာ္ၿပီး သဘာဝေဘးသတင္းေတြက စာဖတ္သူေတြကို သတိထားမိေစခဲ့ပါတယ္။အထူးသျဖင့္ ထရမ့္ လက္ထက္မွာ အာရွေဒသက ပိုၿပီး ပဋိပကၡျပင္းထန္လာခဲ့သလို စစ္လက္နက္ အၿပိဳင္အဆိုင္ တပ္ဆင္မႈေတြ ရွိလာခဲ့ပါတယ္။ဒီထဲ ႐ုရွားက ပါဝင္လာသလို ဘာသာေရး လူမ်ိဳးေရး ျပႆနာေတြကလည္း အာရွမွာ အေတာမသတ္ႏိုင္ေအာင္ ျဖစ္ေနတဲ့အတြက္ အာရွေဒသဟာ အခ်ိန္မေ႐ြး ေပါက္ကြဲလြယ္တဲ့ ေဒသတစ္ခု ျဖစ္လာပါတယ္။ဒီထဲမွာ ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္နဲ႔၊ ကိုရီးယားကြၽန္းဆြယ္မွာ ေျမာက္ကိုရီးယားနဲ႔၊ ေဟာ္မုဇ္ေရလက္ၾကားမွာ အီရန္နဲ႔ ရင္ဆိုင္ေနရတဲ့ အေမရိကန္အဖို႔ ဘယ္ေနရာကေန စစ္ပြဲတစ္ခုကို အစပ်ိဳးမလဲဆိုတာ ရင္ထိတ္စရာပါ။

ဒီအေျခအေနကို ေဖာ္ျပတဲ့ သတင္းေတြထဲကေန ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ အဲခ်ိဳင္းနားေလေၾကာင္းလိုင္းမွ ခရီးသည္တင္ ေလယာဥ္တင္စင္း ေဘက်င္းအျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ခရီးသည္အတင္အခ်ျပဳလုပ္စဥ္  မီးေလာင္ကြၽမ္းမႈတစ္ခု ျဖစ္ပြားခဲ့တဲ့သတင္း၊ အိႏၵိယအတြက္ ေလပိုင္နက္ကို လုံးဝပိတ္သိမ္းဖို႔ ပါကစၥတန္က စဥ္းစားေနတဲ့သတင္း၊ တ႐ုတ္ဆိပ္ကမ္း ကင္ေဒါင္းသို႔ အေမရိကန္ ေရတပ္သေဘၤာတစ္စီး ဆိုက္ကပ္ရန္ ေတာင္းဆိုမႈကို တ႐ုတ္ဘက္က ပယ္ခ်ခဲ့တဲ့သတင္း၊ ဒုတိယကမာၻစစ္ စတင္ခ်ိန္ နာဇီ ညႇဥ္းပန္းႏွိပ္စက္မႈမ်ားကို ခြင့္လႊတ္ေပးရန္ ဂ်ာမနီသမၼတ ဖရန႔္ ေဝၚလ္တာစတိန္းမီယာ က ပိုလန္ႏိုင္ငံထံ ေမတၱာရပ္ခံခဲ့တဲ့သတင္း၊ တာလီဘန္သူပုန္ တိုက္ခိုက္ေရးသမားမ်ားက အာဖဂန္နစၥတန္ ေျမာက္ပိုင္း မဟာဗ်ဴဟာေျမာက္ၿမိဳ႕ ကန္ဒုဇ္ကို တိုက္ခိုက္စီးနင္းတဲ့သတင္း၊ ပါလီမန္ကို ဆိုင္းငံ့ေရး ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္၏ ဆုံးျဖတ္ခ်က္ကို ၿဗိတိန္ႏိုင္ငံတစ္ဝန္း ဆႏၵျပခဲ့ၾကတဲ့ သတင္းေတြကလည္း ယခုတစ္ပတ္ရဲ႕ ထိပ္တန္း စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

အေမဇုံေတာမီးနဲ႔ ဟာရီကိန္း ဘယ္အထိဒုကၡေပးမလဲ

ကမာၻရဲ႕ အဆုတ္လို႔ေတာင္ တင္စားထားရတဲ့ အေမဇုံမိုးသစ္ေတာ လေပါင္းမ်ားစြာ ၾကာရွည္ခဲ့တဲ့ မီးေလာင္မႈက ကမာၻကို ထိတ္လန႔္ေစခဲ့ပါတယ္။အေမဇုန္သစ္ေတာႏွင့္ ထိစပ္ေနတဲ့  ေတာင္အေမရိကန္ႏိုင္ငံ ကိုးႏိုင္ငံမွာ အဓိကအားျဖင့္ ဘရာဇီးမွာ ေတာမီးေတြက ေမလကစၿပီး  စတုရန္းမိုင္ ၄,၀၀၀ ရွိ သစ္ေတာမ်ားႏွင့္ စားက်က္ေျမမ်ားကို ဝါးမ်ိဳခဲ့ၿပီး ျဖစ္ပါတယ္။

ေတာမီးက ေလာင္ကြၽမ္းမႈအားေကာင္းၿပီး မီးေလာင္ကြၽမ္းေနတဲ့ ေနရာ ၂,၅၀၀ ေက်ာ္ ရွိေနသလို ဘရာဇီး အာကာသ သုေတသနဆိုင္ရာ အမ်ိဳးသားအဖြဲ႕အစည္းက ထုတ္ျပန္ခ်က္မွာ ယခုႏွစ္ထဲ အေမဇုံသစ္ေတာထဲ မီးေလာင္ကြၽမ္းမႈ ၇၂,၀၀၀ ေက်ာ္ ရွိခဲ့လို႔ ဒီပမာဏက ၿပီးခဲ့တဲ့ႏွစ္ ကာလတူမီးေလာင္ကြၽမ္းမႈထက္ သိသိသာသာတိုးလာလို႔ သတိေပးခဲ့ပါတယ္။

ဒီအတြက္ ကမာၻ႔ႏိုင္ငံေတြက အာ႐ုံစိုက္လာခဲ့ပါတယ္။ျပင္သစ္မွာ က်င္းပတဲ့ G-7 ထိပ္သီးေဆြးေႏြးပြဲမွာ ျပင္သစ္သမၼတက ဒီျဖစ္ရပ္ကို အေလးထားတဲ့အေနနဲ႔ ကြၽန္ေတာ္တို႔အိမ္ မီးေလာင္ေနတယ္ဆိုၿပီး တင္စားေျပာခဲ့ပါတယ္။ဒီမီးေလာင္မႈကို ထိန္းႏိုင္ဖို႔အတြက္ G-7 ႏိုင္ငံေတြက ဘရာဇီးႏိုင္ငံကို ကန္ေဒၚလာ သန္း ၂၀ ေပးဖို႔ ကမ္းလွမ္းခဲ့ပါတယ္။

ဒါေပမယ့္ ဒါဟာ ဘရာဇီးအတြက္ ေဒါသထြက္ေစပုံရပါတယ္။သူတို႔ကူညီတာကို လက္မခံဘူးလို႔ ေျပာခဲ့ၿပီး ဥေရာပသစ္ေတာေတြ ျပန္လည္ပ်ိဳးေထာင္တဲ့ေနရာမွာ သုံးဖို႔ေျပာခဲ့ပါတယ္။ဒါေပမယ့္ ေနာက္ပိုင္းမွာ ျပန္လက္ခံခဲ့ပါတယ္။ဒါ့အျပင္ ေတာမီးကို ပူးေပါင္းတုံ႔ျပန္ ေဆာင္႐ြက္ေရးအတြက္ ဘရာဇီးေခါင္းေဆာင္ေတြနဲ႔ ေတာင္အေမရိကႏိုင္ငံေတြနဲ႔ လာမည့္သီတင္းပတ္အတြင္း ေတြ႕ဆုံၾကဖို႔လည္း ရွိပါတယ္။အေမဇုံေတာနဲ႔ ဆက္စပ္ေနတဲ့ ဘိုလီးဗီးယားႏိုင္ငံကေတာ့ အေမဇုံေတာမီး ျငႇိမ္းသတ္ေရးအတြက္ G-7 ႏိုင္ငံေတြေပးတဲ့ ၂၂ သန္း ကတိကဝတ္ကို ေသးငယ္တဲ့ အကူအညီအျဖစ္ ေျပာခဲ့ပါတယ္။

ဒီမီးအတြက္ တစ္ပိုင္တစ္ႏိုင္ လႉဒါန္းတဲ့သူေတြလည္း ရွိခဲ့သလို နာမည္ႀကီးေက်ာ္မင္းသား လီယိုနာဒို ရဲ႕ သဘာဝပတ္ဝန္းက်င္ဆိုင္ရာအဖြဲ႕အစည္း Earth Alliance က ေဒၚလာငါးသန္း ကူညီေထာက္ပံ့ခဲ့ပါတယ္။ဒီေတာမီးအတြက္ အဓိကျဖစ္ေနတဲ့ ျပႆနာက သစ္ေတာေတြကို ခုတ္ထြင္ရွင္းလင္းၿပီး စိုက္ပ်ိဳးေျမလုပ္တဲ့ ေဒသခံေတြနဲ႔ သတၱဳတူးေဖာ္သူေတြကို မထိန္းသိမ္းႏိုင္တဲ့ ျပႆနာေတြပါဘဲ။

အေမဇုံသစ္ေတာမီးက ကမာၻေျမက ထုတ္လႊင့္တဲ့ ႏွစ္စဥ္ ကာဗြန္ဓာတ္ေငြ႕ ထုတ္လႊတ္မႈ တန္ေပါင္း သန္းနဲ႔ခ်ီ စုပ္ယူတဲ့ ေဂဟေဗဒစနစ္ ပ်က္စီးေစသလို ရာသီဥတုအက်ပ္အတည္းကို ပိုဆိုးေစပါတယ္။ဒီအတြက္ ကမာၻ႔ႏိုင္ငံေပါင္းမ်ားစြာက ဖိအားေပးေနေပမယ့္ ကာယကံရွင္ ဘရာဇီးအတြက္ ဒါဟာ အက်ပ္အတည္းတစ္ခုပါဘဲ။
ဒီအက်ပ္အတည္းက တစ္ကမာၻလုံးနဲ႔ ဆိုင္သလို ကမာၻေျမသက္ရွိ တည္ရွိေရးအတြက္လည္း အေရးပါလာႏိုင္တဲ့အတြက္ ဘာေတြဆက္ျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

ေတာင္အေမရိကဘက္မွာ ေတာမီးေတြ ေလာင္ကြၽမ္းေနေပမယ့္ ေျမာက္အေမရိကဘက္မွာေတာ့ ဖ်က္အားျပင္းမုန္တိုင္း ဝင္ေနတဲ့အတြက္ တစ္ကယ္ကို ကေမာက္ကမ ျဖစ္စဥ္ေတြပါဘဲ။အပူပိုင္းမုန္တိုင္းကေန ဟာရီကိန္းအဆင့္ထိ တက္လာတဲ့ မုန္တိုင္းေၾကာင့္ အေမရိက အလယ္ပိုင္းႏိုင္ငံေတြလည္း သတိထားေနရသလို အေမရိကန္မွာေတာ့ သတိေပးခ်က္ေတြ ထုတ္ျပန္ထားရပါတယ္။ယခုျဖစ္ေနတဲ့ မုန္တိုင္းက အဆင့္ ၄ ဟာရီကိန္းပါ။ဒီအဆင့္မွာ ေလတိုက္ခတ္ႏူန္းက တစ္နာရီ ၁၄၅ မိုင္ (၂၂၅ ကီလို မီတာ) ႏႈန္းအထိ အျမင့္ဆုံးရွိၿပီး ဖ်က္အားလည္းႀကီးပါတယ္။ဖေလာ္ရီဒါ၊ ေဂ်ာ္ဂ်ီယာ၊ ေတာင္ႏွင့္ ေျမာက္ ကယ္႐ိုလိုင္းနား ျပည္နယ္ေတြမွာ အေမရိကန္အာဏာပိုင္ေတြက အေရးေပၚအေျခအေန ေၾကညာထားကာ အနည္းဆုံး သီတင္းတစ္ပတ္စာ စားနပ္ရိကၡာမ်ား စုေဆာင္းထားၾကရန္ ေဒသခံမ်ားကို တိုက္တြန္းထားတဲ့အတြက္ ဒီမုန္တိုင္းကို အေတာ္ေလး သတိထားေနတဲ့ပုံပါဘဲ။ကုန္းတြင္းကို မဝင္ေသးတဲ့အတြက္ ပ်က္စီးမႈမၾကားရေသးေပမယ့္ မၾကာခင္ ဘဟားမားစ္ႏိုင္ငံႏွင့္ အေမရိကန္ အေရွ႕ေတာင္ပိုင္း ကမ္း႐ိုးတန္းကို ဝင္မွာမို႔  သဘာဝကေပးတဲ့ သတင္းဆိုးေတြ ဘယ္လိုၾကားရဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

အာရွဘက္မွာေတာ့ ယခုတစ္ပတ္ သည္းထန္စြာ႐ြာတဲ့မိုးေၾကာင့္ ဂ်ပန္ႏိုင္ငံ အေနာက္ေတာင္ပိုင္းမွာ ေျမၿပိဳမႈ၊ ေရႀကီးေရလွ်ံမႈေတြျဖစ္ၿပီး လူႏွစ္ဦး ေသဆုံးကာ ေဒသခံ ၆၇၀,၀၀၀ ကို ေနအိမ္ကေန စြန႔္ခြာဖို႔ တိုက္တြန္းထားရတဲ့ အထိပါဘဲ။

ဒီလိုသဘာဝေဘးဒဏ္ေတြက ကမာၻတစ္ဝန္းမွာ ဒုနဲ႔ေဒးပါ။လူေတြ မဆင္မျခင္ေနထိုင္ၾက၊ ထိန္းသိမ္းရမွန္းမသိဘဲ လိုသလို ထုတ္သုံးခဲ့တဲ့ သယံဇာတေတြ သုံးစြဲမႈေၾကာင့္ သဘာဝပ်က္စီးယိုယြင္းမႈ တိုးလာသလို ေရာဂါကပ္ေဘးသစ္ေတြက အျဖစ္မ်ားလာပါတယ္။ဒီထဲမွာ ယခုရက္သတၱပတ္ထဲ  ၂၀၀၀ ခုႏွစ္ေနာက္ပိုင္း မွာ ကမာၻကို အထိတ္တလန႔္ျဖစ္ေစခဲ့တဲ့ အီဘိုလာေရာဂါက ကြန္ဂိုမွာ ထိတ္လန႔္စရာ ေကာင္းေလာက္ေအာင္ တေက်ာ့ျပန္ျဖစ္ခဲ့ပါတယ္။တေက်ာ့ျပန္ ျဖစ္ေပၚလာခဲ့တဲ့ အီဘိုလာေၾကာင့္ ကြန္ဂိုမွာ ေသဆုံးသူအေရအတြက္က ႏွစ္ေထာင္ေက်ာ္လာပါၿပီ။ဒါ့အျပင္ သံသယရွိေပမယ့္ မစစ္ေဆးရေသးတဲ့ အေရအတြက္က သုံးေထာင္ေက်ာ္ရွိေနလို႔ ယခုက်န္းမာေရးကပ္အတြက္ ကမာၻ႔က်န္းမာေရးအဖြဲ႕ကိုယ္တိုင္ သတိထားေနရပါတယ္။၂၀၁၃ ကေန ၂၀၁၆ အထိ အေနာက္အာဖရိကမွာ အီဘိုလာ ပ်ံ႕ႏွံ႔စဥ္က ၁၁,၃၀၀ ေက်ာ္ ေသဆုံးခဲ့လို႔ ယခုကပ္ေရာဂါ အသြင္က ကမာၻကို ၿခိမ္းေျခာက္ေနပါၿပီ။

ဒီသဘာဝေဘးသတင္းက ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ အာဖရိက ဆင္သားေပါက္မ်ားကို ယူေဆာင္ၿပီး တိရစာၦန္႐ုံမ်ားသို႔ ေရာင္းခ်တာကို မ်ိဳးသုဥ္းရန္ အႏၲရာယ္က်ေရာက္ေနေသာ မ်ိဳးစိတ္မ်ား ႏိုင္ငံတကာေရာင္းဝယ္မႈဆိုင္ရာ အဖြဲ႕အစည္းဝင္ ႏိုင္ငံမ်ားက တားျမစ္လိုက္တဲ့သတင္း၊ ဖိလစ္ပိုင္ ေတာင္ပိုင္းမွာ ကူးတို႔သေဘၤာတစ္စီး မီးေလာင္လို႔ လူသုံးဦးေသဆုံးၿပီး ၂၄၀ ေက်ာ္ကို ကယ္တင္ခဲ့ရတဲ့သတင္း၊ မကၠဆီကိုမွာ အရက္ဘားတစ္ခုကို မီးရႈိ႕တိုက္ခိုက္လို႔္ အနည္းဆုံး လူ ၂၅ ဦးေသဆုံးခဲ့တဲ့ သတင္းေတြထဲ သတိထားစရာ ျဖစ္ခဲ့ပါတယ္။

အေမရိကန္နဲ႔ ပတ္ခ်ာလည္ ရန္သူမ်ား    

ယခုရက္သတၱပတ္ထဲ လုံးေထြးရႈပ္ေနတဲ့ သတင္းေတြမ်ားစြာ ျဖစ္ခဲ့ပါတယ္။အထူးသျဖင့္ အေမရိကန္က တစ္ဘက္၊ တူရကီ-႐ုရွားက တစ္ဘက္ျဖစ္ေနတဲ့ လက္နက္ဝယ္ယူေရးနဲ႔ ဆီးရီးယားျပႆနာ၊ အေမရိကန္နဲ႔ တ႐ုတ္ၾကား ကုန္သြယ္ေရးစစ္ပြဲျပႆနာ၊ အေမရိကန္-ဂ်ပန္-ေတာင္ကိုရီးယားက တစ္ဘက္ ေျမာက္ကိုရီးယားက တစ္ဘက္ျဖစ္တဲ့ ကိုရီးယားကြၽန္းဆြယ္ လက္နက္အားၿပိဳင္မႈ ျပႆနာေတြပါဘဲ။

ဒီတစ္ပတ္ထဲမွာဘဲ တူရကီနဲ႔ အေမရိကန္ၾကား အျငင္းပြားေနတဲ့ လက္နက္ဝယ္ယူမႈ ျပႆနာက ပိုစိတ္ဝင္စားဖို႔ ေကာင္းခဲ့သလို အာရွမွာ အေမရိကန္နဲ႔ ႐ုရွား လက္နက္အၿပိဳင္အဆိုင္ ေရာင္းခ်ေနတာကလည္း စိတ္ေလးစရာပါ။

ယခုတစ္ပတ္ထဲမွာဘဲ အေမရိကန္ကို အတိုက္အခံလုပ္ၿပီး ႐ုရွားဆီကေန ဝယ္ယူထားတဲ့ အက္စ္-၄၀၀ အမ်ိဳးအစား ဒုံးက်ည္စနစ္မွာ က်န္ရွိတဲ့ အစိတ္အပိုင္းေတြ တူရကီႏိုင္ငံကို ဒုတိယအသုတ္ ေရာက္ခဲ့ပါတယ္။ဒါဟာ တူရကီအတြက္ အေနာက္အုပ္စုကေန အေရွ႕ဘက္ကို ပိုယိုင္လာတာကို ေသခ်ာေစတဲ့ အျဖစ္ပါဘဲ။႐ုရွားအေနနဲ႔ ယခုႏွစ္ထဲမွာ သူ႔ရဲ႕ ေလေၾကာင္းကာကြယ္ေရးစနစ္က နာမည္ထြက္ကာ လူႀကိဳက္မ်ားေနသလို ေလေၾကာင္းမွာ နာမည္ႀကီး MiG -35 တိုက္ေလယာဥ္ေတြကိုလည္း ပြဲထုတ္ေရာင္းခ်ဖို႔ ႀကိဳးစားေနတာကို ေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္က အေမရိကန္ထုတ္ သတင္းဂ်ာနယ္တစ္ခုကေန အီဂ်စ္ကို ဘီလ်ံနဲ႔ခ်ီ တန္ဖိုးရွိတဲ့ MiG -35 တိုက္ေလယာဥ္ေတြ ေရာင္းခ်တဲ့အစီအစဥ္ ေပၚထြက္လာခဲ့ပါတယ္။ဒါဟာ အေရွ႕အလယ္ပိုင္းက အစၥေရးသာမက ေဆာ္ဒီအတြက္ပါ သတိထားစရာပါ။ဒီတစ္ပတ္မွာလည္း ႐ုရွားကို သြားေရာက္ဖို႔ရွိတဲ့ ႐ုရွားရဲ႕ လက္နက္ေဖာက္သည္ အိႏၵိယဝန္ႀကီးခ်ဳပ္ ခရီးစဥ္အတြင္း MiG -35 တိုက္ေလယာဥ္ေတြ ေရာင္းခ်ဖို႔ ကမ္းလွမ္းမႈေတြ ရွိႏိုင္တယ္ဆိုတဲ့ သတင္းေတြ ထြက္ခဲ့ပါတယ္။

ဂ်ပန္မွာလည္း စစ္ေရးဆိုင္ရာ ျပဳျပင္ေဆာင္႐ြက္မႈေတြ ယခုႏွစ္ထဲ တိုးတက္မ်ားျပားလာခဲ့ပါတယ္။ယခုႏွစ္ထဲ  ဂ်ပန္ပါလီမန္မွာေတာင္းတဲ့ ဂ်ပန္ကာကြယ္ေရးဘတ္ဂ်က္က ရွစ္ႏွစ္ဆက္တိုက္ ျမင့္တက္လာဖို႔ရွိေနတယ္ ဆိုပါတယ္။ဒီမတိုင္ခင္က ေျမာက္ကိုရီးယား၏ ပဲ့ထိန္းဒုံးက်ည္ စမ္းသပ္မႈမ်ားအၿပီး ဂ်ပန္သို႔ ပဲ့ထိန္းဒုံးက်ည္ဖ်က္ဒုံး ကန္ေဒၚလာ ၃ ဒသမ ၃ ဘီလ်ံတန္ ေရာင္းခ်ဖို႔ ဝါရွင္တန္က ခြင့္ျပဳထားခဲ့တာရွိပါတယ္။ေျမာက္ကိုရီးယားဘက္က ၎ရဲ႕ တိုက္ခိုက္ေရးဒုံးက်ည္ စြမ္းရည္ကို တိုးခ်ဲ႕ေနသလို ဂ်ပန္ႏိုင္ငံအထိ ေရာက္ရွိႏိုင္ေသာဒုံးက်ည္ အနည္းဆုံး တစ္လုံးပါဝင္ေသာ တာတိုပစ္ ပဲ့ထိန္းဒုံးက်ည္အသစ္ ခုနစ္လုံးကို စမ္းသပ္ပစ္လႊတ္ခဲ့ျပခဲ့တဲ့အတြက္ ကိုရီးယားကြၽန္းဆြယ္မွာ လက္နက္တပ္ဆင္မႈက ပိုျပင္းထန္လာဖြယ္ ရွိေနတာပါ။မၾကာမီက အေမရိကန္ဘက္ကေန ဟန္ေဂရီ၊ ေတာင္ကိုရီးယား၊ လစ္သူေယးနီးယားႏွင့္ ဒိန္းမတ္ႏိုင္ငံေတြကို ကန္ေဒၚလာ ၉၄၃ သန္း တန္ဖိုးရွိတဲ့ လက္နက္ေတြ ထပ္ေရာင္းခ်ဖို႔ ခြင့္ျပဳထားခဲ့တာ ရွိပါတယ္။

ဒီလိုေတြအျပင္ အီရန္ရွိရာ အေရွ႕အလယ္ပိုင္းမွာလည္း ပင္လယ္ေကြ႕ အက်ပ္အတည္းက ယခုထိ လိပ္ခဲတည္းလည္းပါ။ျပင္သစ္ႏိုင္ငံ ပဲရစ္မွာ က်င္းပတဲ့ G-7 ထိပ္သီးအစည္းအေဝးမွာ မေမွ်ာ္လင့္ထားဘဲ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး ေရာက္လာခဲ့သလို အေမရိကန္သမၼတ ထရမ့္ ကလည္း အီရန္ေခါင္းေဆာင္နဲ႔ ေတြ႕ႏိုင္တယ္ဆိုတဲ့ စကားေတြ ေျပာခဲ့တဲ့အတြက္ ကမာၻ႔ႏိုင္ငံေတြအတြက္ အီရန္နဲ႔ အေမရိကန္ ထိပ္သီးေခါင္းေဆာင္ေတြ ေတြ႕ဆုံမႈျုဖစ္လာႏိုင္သလားဆိုတဲ့ သုံးသပ္ခန႔္မွန္းမႈေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္လာခဲ့ပါတယ္။

အဲဒီအစည္းအေဝးအၿပီး သတင္းစာရွင္းလင္းပြဲမွာ ထရမ့္ က အီရန္ဟာ အင္အားႀကီးႏိုင္ငံ ျဖစ္လာႏိုင္ပါတယ္။ဒါေပမယ့္ န်ဴကလီးယားလက္နက္ေတာ့ ရွိလို႔မရဘူးလို႔ ေျပာခဲ့ပါတယ္။အီရန္သမၼတဘက္ကလည္း အီရန္ႏိုင္ငံရဲ႕ ေကာင္းက်ိဳးအတြက္ဆိုရင္ မည္သူနဲ႔မဆို ေတြ႕ႏိုင္ဖို႔ အဆင္သင့္ပဲလို႔ ေျပာခဲ့ပါတယ္။ဒါေပမယ့္ ေနာက္ပိုင္းမွာ အီရန္ဘက္က ေဈးစကားဆိုလာခဲ့သလို အေမရိကန္ဘက္ကလည္း သိသာတဲ့ေ႐ြ႕လွ်ားမႈ မလုပ္ခဲ့ပါဘူး။ဒီမတိုင္ခင္မွာ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးက ဂ်ပန္ကိုဝင္ၿပီး ပင္လယ္ေကြ႕ ပိတ္ဆို႔မႈေတြ ေျပလည္ဖို႔ ေဆြးေႏြးခဲ့တာရွိပါတယ္။ဒီၾကားထဲ အေမရိကန္ဘက္က ဂ်ီဘေရာ္လ္တာကေန လႊတ္လိုက္တဲ့ အီရန္ ေရနံတင္သေဘၤာဝန္ထမ္းေတြကို တားျမစ္ကန႔္သတ္ပိတ္ဆို႔မႈေတြ လုပ္ခဲ့တဲ့အတြက္ အေမရိကန္ရဲ႕ အီရန္အေပၚ ခ်ခဲ့တဲ့ တားျမစ္ပိတ္ပင္မႈက အီရန္အေပၚ အလုပ္ျဖစ္ေနပုံပါဘဲ။

ဒါေပမယ့္ ပိတ္ဆို႔မႈကို ရင္ဆိုင္ဖူးတဲ့ အီရန္ဘက္ကေတာ့ ထရမ့္ လိုတဲ့ အေလွ်ာ့ပးမႈကို လြယ္လြယ္နဲ႔ ေပးဖြယ္မျမင္ပါဘူး။အီရန္ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ာဗတ္ဇာရစ္ ကေတာ့ အီရန္ သာမန္ျပည္သူမ်ားကို ထိခိုက္ေစတဲ့ အေမရိကန္အစိုးရရဲ႕ စီးပြားေရးပိတ္ဆို႔မႈ မရပ္တန႔္ရင္ အီရန္ႏိုင္ငံ ဦးေသွ်ာင္ျဖစ္သူက ထရမ့္ နဲ႔ ေတြ႕မွာမဟုတ္ဘူးဆိုၿပီး ယခုရက္သတၱပတ္ထဲမွာဘဲ အေမရိကန္ ဦးေဆာင္တဲ့ ေဟာ္မုဇ္ေရလက္ၾကား ကာကြယ္ေရးကို ကာျပန္တဲ့အေနနဲ႔ အီရန္ ဖ်က္သေဘၤာတစ္စင္းကို ေအဒရီရန္ပင္လယ္ျပင္ထဲ ေစလႊတ္ခဲ့ပါတယ္။အေၾကာင္းျပခ်က္ကေတာ့ အီရန္ ေရနံတင္သေဘၤာေတြကို ကာကြယ္ဖို႔ပါဘဲ။ေလာေလာဆယ္ ဘာမွထိပ္တိုက္ရင္ဆိုင္မႈ မျဖစ္ေပမယ့္ မၾကာခင္ အေမရိကန္ရဲ႕ စစ္ျမဴမႈထဲ အီရန္ ဝင္သြားႏိုင္တဲ့ အေျခအေနရွိေနပါတယ္။ဒီကေန ဘယ္လိုထိ အေျခအေနေတြ ဆိုး႐ြားလာႏိုင္သလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။    

တ႐ုတ္နဲ႔ ျဖစ္ေနတဲ့ ကုန္သြယ္ေရးစစ္ပြဲမွာ တ႐ုတ္ဘက္ကေန တန္ျပန္တုံ႔ုျပန္မႈေတြ ထြက္လာခဲ့ၿပီးေနာက္မွာ အားခ်င္းဆိုသလို အေမရိကန္ဘက္က ေနာက္ထပ္ဝွက္ဖဲကို ခ်ခင္းခဲ့ပါတယ္။ဒါက ကုန္သြယ္ေရးနဲ႔မဆိုင္တဲ့ ေဟာင္ေကာင္အေရး ျပႆနာကို ကုန္သြယ္ေရးစစ္ပြဲနဲ႔ ခ်ိတ္ဆက္လိုက္တာပါဘဲ။ဒီအတြက္ ေဟာင္ေကာင္ျပႆနာဟာ တ႐ုတ္အတြက္ ကိုင္တြယ္ဖို႔ ခက္ခဲလာခဲ့ပါတယ္။အေနာက္အုပ္စုအတြက္ ေထာင္တက္လာတဲ့ တ႐ုတ္ကို ဟန႔္တားဖို႔ဆိုရင္ ကုန္သြယ္ေရးတစ္ခုတည္းနဲ႔ မရဘူဆိုတာ သိထားတဲ့အတြက္ စစ္ေရးအရေကာ ႏိုင္ငံေရးျပႆနာထဲကိုပါ တ႐ုတ္ကို ထည့္ေပးခ်င္တယ္ဆိုတာ ယခုရက္သတၱပတ္ထဲ ကုန္သြယ္ေရးစစ္အတြက္ ညႇိႏိုင္းစကားေတြ ေျပာၾကဆိုၾကတဲ့အခါ ထြက္လာတဲ့ အေမရိကန္ဘက္က အသံေတြကို နားေထာင္ၾကည့္ရင္ ေတြ႕ရမွာပါ။

တ႐ုတ္ဘက္ကေတာ့ ကုန္သြယ္ေရးျပႆနာ ေျဖရွင္းဖို႔ ေဟာင္ေကာင္ျပႆနာနဲ႔ ခ်ိတ္ဆက္တာကို လက္မခံပါဘူူး။အေမရိကန္ဘက္ကေတာ့ တ႐ုတ္မွာ လုပ္ကိုင္ေနတဲ့ အေမရိကန္လုပ္ငန္းရွင္ေတြကို အေမရိကန္ကို ျပန္လာေစမယ္ဆိုၿပီး ၿခိမ္းေျခာက္ထားတာရွိပါတယ္။ဒီအတြက္ ေဟာင္ေကာင္ျပႆနာနဲ႔ ကုန္သြယ္ေရးျပႆနာကို တစ္လွည့္စီကိုင္ၿပီး အရွိန္ျမႇင့္ကစားေနတဲ့ အေမရိကန္ကို တ႐ုတ္ဘက္က ဘယ္လိုျပန္ကစားမလဲဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ သတင္းေတြထဲက ေျမာက္ကိုရီးယား လႊတ္ေတာ္ကေန ကင္မ္ဂ်ဳံအန္ ကို  ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ၿပိဳင္ဘက္ကင္းေခါင္းေဆာင္အျဖစ္ တာဝန္ေပးအပ္မည့္ အခ်က္ကို အတည္ျပဳလိုက္တဲ့သတင္း၊ လက္ဘႏြန္ႏိုင္ငံ ေဘ႐ြတ္ဆင္ေျခဖုံးအရပ္မွာ ပ်က္က်ခဲ့တဲ့ အစၥေရး ဒ႐ုန္းထဲကေန ေပါက္ကြဲပစၥည္းမ်ား ရွာေဖြေတြ႕ရွိခဲ့တဲ့သတင္း၊ ၂၀၂၀ ျပည့္ႏွစ္တြင္ ဂ်ီ-၇ ထိပ္သီးအစည္းအေဝးကို ႐ုရွားသမၼတ ပူတင္ ကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ဖိတ္ၾကားမည့္သတင္း၊ လူသားပုံတူစက္႐ုပ္ကို တင္ေဆာင္လာတဲ့ ႐ုရွား အာကာသယာဥ္ ေအာင္ျမင္စြာလႊတ္တင္ခဲ့တဲ့သတင္း၊ အီရန္ႏိုင္ငံက ဧဒင္ပင္လယ္ေကြ႕မွာ ဖ်က္သေဘၤာတစ္စင္းကို ျဖန႔္ၾကက္ထားတဲ့သတင္း၊ အေမရိကန္ႏွင့္ ထိစပ္သည့္ မကၠဆီကိုႏိုင္ငံ နယ္စပ္ေဒသမွာ ေ႐ႊ႕ေျပာင္းအေျခခ်သူေတြနဲ႔ မကၠဆီကိုရဲတပ္ဖြဲ႕ ပဋိပကၡမ်ား ျဖစ္ပြားခဲ့တဲ့သတင္း၊ ျပင္သစ္မိသားစုတစ္စုရဲ႕ ဖိနပ္ဘူးေဟာင္းတစ္ခုထဲမွ အေမရိကန္ေဒၚလာ ေျခာက္သိန္းခန႔္ တန္ဖိုးရွိ တ႐ုတ္ႏိုင္ငံ ခ်င္မင္းဆက္ေခတ္ ပန္းအိုးတစ္လုံးကို ေတြ႕ရွိခဲ့တဲ့သတင္း၊ လာမည့္ G-7 ထိပ္သီးစည္းေဝးပြဲကို Trump National Doral Miami Golf Resort ေဂါက္ကလပ္အပန္းေျဖစခန္းတြင္ လက္ခံက်င္းပသြားဖြယ္ရွိတဲ့သတင္း၊ ပါပူအာနယူးဂီနီ ေဒသတြင္ ဆႏၵျပသူမ်ားႏွင့္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားၾကားတြင္ ထိပ္တိုက္ေတြ႕မႈမ်ား တိုးပြားလာတဲ့ သတင္းေတြထဲ ေစာင့္ၾကည့္စရာသတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ႏိုင္ငံတကာသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္တန႔္လိုက္ခ်င္ပါတယ္။

မင္းထက္
စက္တင္ဘာ - ၂