【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန်-တရုတ် အခင်းအကျင်းသစ်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန်-တရုတ် အခင်းအကျင်းသစ်

ယခုရက်သတ္တပတ် သတင်းတွေထဲမှာ သတိထားမိတဲ့ သတင်းတွေ အတော်လေးများပါတယ်။ဒီထဲမှာ အားလုံးကိုခြုံကြည့်ရင် သမ္မတဘိုင်ဒင်ရဲ့ ပထမရက်သတ္တပတ် အခင်းအကျင်း သတင်းတွေရယ်၊ ကိုဗစ်နဲ့ဆက်နွယ်ပြီး ကမ္ဘာ့နိုင်ငံတွေမှာ မတည်မငြိမ်မှုဖြစ်တာတွေ စတဲ့ သတင်းတွေက ယခုတစ်ပတ်မှာ အများဆုံး စိတ်ဝင်စားစရာသတင်းတွေ ဖြစ်ခဲ့ပါတယ်။  

ဒီလိုသတင်းတွေထဲကနေ တခြားသတိထားမိစရာ သတင်းရှိပါတယ်။အမေရိကန် ဒုသမ္မတအဖြစ် မကြာခင်ကထမ်းဆောင်ခဲ့တဲ့ မိုက်ပန့်စ် တာဝန်ကုန်ဆုံးချိန်မှာ နေစရာ နေရာမရှိတဲ့သတင်း၊ တရုတ်နိုင်ငံ ရွှေမိုင်းတွင်းပေါက်ကွဲမှုမှာ မိုင်းလုပ်သားကိုးဦး၏ ရုပ်အလောင်းကို ထပ်တွေ့ခဲ့တဲ့အတွက် သေဆုံးသူစုစုပေါင်း ၁၀ ဦးထိရှိလာတဲ့သတင်း၊ ပါကစ္စတန် ပန်ဂျပ်ပြည်နယ် ဂူဂျရန်ဝါလာမြို့မှာ အမျိုးသားတစ်ဦးက ဂုဏ်သိက္ခာအတွက် ဇနီးနှင့် ကလေးငယ်လေးဦးကို သတ်ဖြတ်ခဲ့တဲ့သတင်း၊ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့အလှုပ်ရှားဆုံးမီးတောင်ဖြစ်တဲ့ မောင်မာရာပီမီးတောင် ပေါက်ကွဲမှုဖြစ်ခဲ့တဲ့သတင်း၊ ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်းပေါင်းများစွာကနေ ဒေါ်လာဘီလျံပေါင်းများစွာ ခိုးယူခဲ့တဲ့ Emotet ဆောဖ့်ဝဲလ် အသုံးချ ဟက်ကာအဖွဲ့ကို နိုင်ငံတကာပူးတွဲစစ်ဆင်ရေးအဖွဲ့က ဖြိုခွင်းနိုင်ခဲ့တဲ့သတင်း၊ တူရကီရဲ့ စိန်ခေါ်မှုတွေကို တန်ပြန်ဖို့ ယူရို ၂.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဘီလီယံ) တန်ဖိုးရှိ စစ်လေယာဉ်ရောင်းဝယ်မှုဆိုင်ရာ သဘောတူညီချက်ကို ဂရိနဲ့ ပြင်သစ်တို့ လက်မှတ်ရေးထိုးခဲ့တဲ့သတင်း၊ ပါကစ္စတန်သည် နျူကလီးယားဒုံးကျည် နည်းပညာများကို တူရကီသို့ လွှဲပြောင်းပေးခဲ့တဲ့ အစီရင်ခံစာ ထွက်ပေါ်လာတဲ့သတင်း၊ အီတလီမှာ ဝန်ကြီးချုပ် ကွန်တီ နုတ်ထွက်သွားတဲ့သတင်း စတဲ့ သတင်းတွေလို သတင်းအချို့လည်း ယခုသီတင်းပတ်မှာဖြစ်ခဲ့ပါတယ်။

တရုတ်-အမေရိကန် စစ်ပွဲသစ် လာတော့မလား

ဇန်နဝါရီ ၂၀ ရက် မှာ အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူလာခဲ့တဲ့ ဘိုင်ဒင်အနေနဲ့ ပထမဆုံးတွေ့ကြုံခဲ့တာက တရုတ်နဲ့ နိုင်ငံရေးပြဿနာပါဘဲ။တရုတ်ဘက်က ထရမ့်အဆင်း ဘိုင်ဒင်အတက်မှာ ရုတ်တရက် ယခင်အမေရိကန်သမ္မတ ထရမ့်လက်ထက်မှာ တာဝန်ယူခဲ့တဲ့ အမေရိကန် ထိပ်တန်းတာဝန်ရှိပုဂ္ဂိုလ်တွေကို အရေးယူပိတ်ဆို့ကြောင်း ကြေညာခဲ့ပါတယ်။ဒါဟာ သမ္မတအဖြစ် ဘိုင်ဒင် က တာဝန်ယူပြီး မိနစ်အနည်းငယ်အကြာမှာပါ။

စစချင်း ပြဿနာနဲ့စခဲ့ရတဲ့ ဘိုင်ဒင်အတွက် ဒါဟာ တာထွက်တော့မလှခဲ့ပါဘူး။ဘေကျင်းကနေ အမေရိကန်အရာရှိများအပေါ် ပိတ်ဆို့အရေးယူမှု ကြေညာခဲ့တဲ့အတွက် ဒါဟာ တန်ပြန်လို့ဆိုရပမယ့်နောက်ကွယ်မှာ ဒီထက်ပိုပြီးလေးနက်တဲ့ ထိရောက်မှုရှိနေပါတယ်။အမေရိကန်မှာ အစိုးရတာဝန်ကြီးကြီးမားမားယူတဲ့သူတွေမှာ လုပ်ခလစာနည်းပါတယ်။ရာထူးတာဝန်ကနေ အနားယူပြီးမှသာ ကုမ္ပဏီကြီးတွေက အကြံပေး၊ ဒါရိုက်တာအဖြစ် ခန့်အပ်လို့ လုပ်ခလစာကောင်းကြတာဖြစ်လို့ တရုတ်နိုင်ငံဘက်က ထရမ့်အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေကို ရည်ရွယ်ပြီး ကုမ္ပဏီကြီးတွေက အလုပ်မခန့်နိုင်အောင် ရည်ရွယ်ကာ ပိတ်ဆို့ခဲ့တာပါ။သာမန်အားဖြင့်ကြည့်ရင် အမေရိကန် အစိုးရတာဝန်ယူခဲ့တဲ့သူတွေကို တရုတ်နိုင်ငံကပိတ်ဆို့တာ ဘာမှသိပ်မထူးဆန်းပေမယ့် သေသေချာချာကြည့်မယ်ဆိုရင် တရုတ်ဘက်က ပိတ်ဆို့မှုက အမေရိကန်အာဏာပိုင်တွေ အထူးသဖြင့် အမေရိကန်နိုင်ငံရေးသမားတွေကို အထိနာစေပါတယ်။ဒါကြောင့်လည်း ထိပ်တန်း ရီပတ်ဘလစ်ကန်အမတ်တွေက ဂျိုးဘိုင်ဒင် ကို သမ္မတတာဝန်ယူယူပြီးချင်း ပိတ်ဆို့အရေးယူမှု ကြေညာခဲ့သော တရုတ်ကို ပိုမိုပြင်းထန်စွာအရေးယူဖို့ တိုက်တွန်းခဲ့ပါတယ်။

တရုတ်ဘက်က ပိတ်ဆို့အရေးယူမယ့် ၂၅ ဦးစာရင်းမှာ ထရမ့်အုပ်ချုပ်ရေးမှ အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီအို၊ ကုန်သွယ်ရေးအကြံပေး ပီတာနာဗာရို၊ အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ်အိုဘရိုင်ရန်၊ ကျန်းမာရေးဝန်ကြီး အဲလက်စ်အေဇာနှင့် ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး မက်သရူးပေါ်တင်ဂျာတို့ ပါဝင်ပါတယ်။ဒီလို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ရာမှာ ဒီလူတွေကို “တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြင်းထန်စွာချိုးဖောက်ခြင်း” နဲ့ တရုတ်အပေါ် အမေရိကန်၏မူဝါဒမှာ “လွန်ကဲတဲ့လုပ်ဆောင်မှု” မှာ အကြီးအကျယ်တာဝန်ရှိတယ်ဆိုပြီး ပြောခဲ့တာပါ။

ဒါဟာ တရုတ်ဘက်က ထရမ့်လက်ထက် ရှန်ကျန်း၊ ဟောင်ကောင်ကိစ္စတွေနဲ့ တရုတ်အရာရှိတွေကို အရေးယူမှုကို လက်တုံ့ပြန်တာဖြစ်ပေမယ် နိုင်ငံတကာကတော့ အသစ်တက်လာတဲ့ ဘိုင်ဒင်အစိုးရကို ဘေကျင်းက  နိုင်ငံရေးအရ စမ်းသပ်နေတာအဖြစ် ရှုမြင်ကျပါတယ်။ဒီမိုကရက်တစ်အစိုးရဖြစ်တဲ့ ဘိုင်ဒင်အစိုးရ ရဲ့ “တရုတ်နိုင်ငံကို ပိုမိုတင်းကျပ်ပြင်းထန်တဲ့ ချည်းကပ်မှုကို ဆက်လက်ကျင့်သုံးမယ်” ဆိုတဲ့ မူဝါဒကြောင့် တရုတ်အနေနဲ့ ဘိုင်ဒင်အစိုးရရဲ့ တုံ့ပြန်မှုအနေအထားက ယခင်ဒီမိုကရက်တစ်ဖြစ်တဲ့ အိုဘားမားအစိုးရလက်ထက်နဲ့ ဘာတွေကွာဟချက်ရှိနေမလဲဆိုတာ  သိလိုနေတဲ့ အနေအထားပါ။

ဒီနောက်မှာတော့ အမေရိကန်နဲ့ တရုတ်အကြား အခြေအနေက လျင်လျင်မြန်မြန် ကစားကွက်တွေရွှေ့လာပါတယ်။တရုတ်ဘက်က ထိုင်ဝမ်လေကြောင်းထဲ ဝင်ရောက်ခဲ့တယ်ဆိုတဲ့အသံတွေ ထွက်လာပြီးနောက်မှာ တရုတ်အစိုးရဘက်က တရုတ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုများကို နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံရဲ့ဆုံးဖြတ်ထားချက်ကို ပြခဲ့တာလို့ တုံ့ပြန်ခဲ့ပါတယ်။ထိုင်ဝမ် လေကြောင်းကာကွယ်ရေးဇုန်ထဲ တရုတ်က ဗုံးကြဲလေယာဉ် ၈ စင်းနှင့် ဂျက်တိုက်လေယာဉ် ၄ စင်းကို စေလွှတ်ခဲ့တဲ့အတွက် ဒါဟာ အမေရိကန်အတွက် သွေးတိုးစမ်းခံရသလို ဖြစ်ခဲ့ပါတယ်။ဇန်နဝါရီ ၂၃ ရက်ကဖြစ်ခဲ့တဲ့ အဲဒီအင်အားပြသမှုအပြီးမှာ အမေရိကန်ဘက်က အားချင်းဆိုသလို ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး ထိုင်ဝမ်အပေါ် စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေးဖိအားပေးမှုများ ရပ်ဆိုင်းဖို့ ပြောခဲ့ပါတယ်။ဇန်နဝါရီ ၂၄ ရက်မှာလည်း တရုတ်က နောက်ထပ် စစ်လေယာဉ် ၁၆ စင်းကို စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ်ဘက်က စွပ်စွဲခဲ့ပါတယ်။

ဒီနောက်မှာ အမေရိကန် လေယာဉ်တင်စစ်သင်္ဘော USS Theodore Roosevelt  တောင်တရုတ်ပင်လယ်ထဲ ဝင်ရောက်လာခဲ့ပါတယ်။ဒီလိုဝင်လာတဲ့အတွက် တရုတ်အာဏာပိုင်တွေက တရုတ်ပိုင်နက်လို့ ကြေညာထားတဲ့ ဘယ်နေရာကိုမဆို ဝင်ရောက်လာတဲ့ ပြည်ပသင်္ဘောမှန်သမျှကို  ပစ်ခတ်တာအပါအဝင် လိုအပ်သလိုလုပ်ဖို့ ခွင့်ပြုခဲ့ပါတယ်။ခွင့်ပြုချက်ပေးခဲ့တာက တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး ဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့  တရုတ်နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီကပါ။ဒီလိုခွင့်ပြုတာနဲ့ပတ်သက်ပြီးလည်း ဒါဟာ နိုင်ငံတကာထုံးတမ်းစဉ်လာလို့ တရုတ်ဘက်က ကာကွယ်ပြောခဲ့ပါတယ်။ဝင်လာတဲ့ အမေရိကန် တိုက်ခိုက်ရေးအုပ်စုမှာ Roosevelt လေယာဉ်တင်သင်္ဘော၊ ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာစစ်သင်္ဘော USS Bunker Hill နှင့် ပဲ့ထိန်းဒုံးကျည်တပ်ဖျက်သင်္ဘော USS Russell နှင့် USS John Finn တို့ ပါဝင်ခဲ့ပါတယ်။တောင်တရုတ်ပင်လယ်ထဲမှာ ဒီလေယာဉ်တင်စစ်သင်္ဘောအုပ်စု ရှိနေစဉ်အတွင်း  လေယာဉ်စစ်ဆင်ရေးများ၊ ရေကြောင်းတိုက်ခိုက်မှုလေ့ကျင့်ရေးများ ဆောင်ရွက်မယ်ဆိုတဲ့အတွက် ဒါဟာ အတော်လေးကိုအန္တရာယ်ကြီးတဲ့အနေအထားထိ ရောက်ခဲ့ပါတယ်။

အွန်လိုင်းစနစ်ဖြင့်ကျင်းပသော ဒါးဗို့စ်ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ တရုတ်သမ္မတ ရှီကျင့်ဖိန် က စစ်အေးတိုက်ပွဲသစ် မစတင်ဖို့ ပြောခဲ့ပါတယ်။ဒါဟာ ထရမ့်လက်ထက် ဆုံးရှုံးခဲ့တဲ့ မဟာမိတ်တွေကို ပြန်လည်စုစည်းနေတဲ့ ဘိုင်ဒင်ရဲ့ အစီအစဉ်တွေကို သွယ်၀ိုက်သတိပေးခဲ့တာပါ။ရှီ က "တခြားသူတွေကိုပစ်ပယ်ဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့အတွက် အုပ်စုငယ်တွေဖွဲ့တာ ဒါမှမဟုတ် စစ်အေးတိုက်ပွဲသစ် စတင်တာဟာ ကမ္ဘာကြီးကို အစိတ်စိတ်အမွှာမွှာဖြစ်စေဖို့ တွန်းပို့နေတာပါပဲ" လို့ပဲ ပြောခဲ့ပါတယ်။ဘိုင်ဒင် အနိုင်ရပြီးကတည်းက တရုတ်ဘက်ကနေ ဒေါ်နယ်ထရမ့်လက်ထက်မှာ ယိုယွင်းခဲ့ရတဲ့ သံတမန်ရေးကို သမ္မတသစ် ဂျိုးဘိုင်ဒင် အစိုးရလက်ထက်မှာ ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ တိုက်တွန်းထားတာပါ။

ဒီလို ထိုင်ဝမ်ကျွန်းကြောင့် လတ်တလော တရုတ်နဲ့ အမေရိကန် တင်းမာမှုပြဿနာက ဘိုင်ဒင်အတွက် အထူးအလေးထားရမယ့် ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ်။ဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူတဲ့ ဘလင်ကန် ကို ဇန်န၀ါရီ ၂၆ ရက်မှာ ဆီးနိတ်က အတည်ပြုပြီးနောက် ဘလင်ကန် က တရုတ်နဲ့တင်းမာမှုကို ဦးဆုံးကိုင်တွယ်လာရဖို့ ဖြစ်လာခဲ့ပါတယ်။နိုင်ငံခြားရေးဝန်ကြီး တာဝန်မယူခင် ရုရှား၊ တရုတ်နှင့် အီရန်တို့ထံမှ စိန်ခေါ်မှုများကို တန်ပြန်ရန် စုစည်းညီညွတ်သော တပ်ဦးတစ်ခု တည်ဆောက်သွားမည်ဆိုပြီးပြောခဲ့တဲ့ ဘလင်ကန် က ဇန်နဝါရီ ၂၇ ရက်မှာ တရုတ်နဲ့ပူးပေါင်းဆောင်ရွက်တာ အမေရိကန်အတွက် အကျိုးစီးပွားဖြစ်တယ်ဆိုပြီး သူ့ရဲ့ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး ထမ်းဆောင်တဲ့ရက်မှာ ပြောခဲ့ပါတယ်။

အဲဒီရက်မှာဘဲ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက တရုတ်ပြည်သူ့ငြိမ်းချမ်းရေးနှင့် လက်နက်ဖျက်သိမ်းရေးအသင်းနှင့် ကာတာစင်တာတို့ပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ မှားယွင်းအကဲဖြတ်မှုဖြစ်မည်ဟု တရုတ်နိုင်ငံကို သေနင်္ဂဗျူဟာရန်ဖက်နှင့် စိတ်ကူးယဉ်ရန်သူအဖြစ် သတ်မှတ်ပါက ကြီးမားသော သေနင်္ဂဗျူဟာ မှားယွင်းအကဲဖြတ်မှုဖြစ်လိမ့်မယ်ဆိုပြီး သတိပေးခဲ့ပါတယ်။ဒီပွဲမှာ တရုတ်သံအမတ်ကြီးက "ကျနော်တို့မှာ ပြိုင်ဆိုင်မှုရှိကောင်းရှိမယ် ဒါပေမယ့် ကျနော်တို့က ရန်ဖက်တွေမဟုတ်ဘူး။ပူးပေါင်းဆောင်ရွက်သူတွေဖြစ်အောင် ကျနော်တို့ကြိုးစားသင့်တယ်" ဆိုပြီး ပြောခဲ့ပါတယ်။ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ပြည်သူများပျော်ရွှင်ရေးနှင့် နိုင်ငံပြန်လည်အားအင်ပြည့်ဖြိုးရေး တာဝန်ကိုသာ ဆုပ်ကိုင်ထားတယ်ဆိုပြီး ပြောခဲ့ပါတယ်။

အဆိုပါ ဇန်နဝါရီ ၂၇ ရက်မှာဘဲ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်ပြီး လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ရာသီဥတုရေးရာ သံတမန်ဖြစ်တဲ့ ဂျွန်ကယ်ရီ က နှစ်နိုင်ငံရဲ့ဆက်ဆံရေးအပေါ် သက်ရောက်မှုတွေရှိနေတဲ့ အခြားသဘောထားမတိုက်ဆိုင်တာတွေကနေ ခွဲထွက်ပြီး အမေရိကန်အနေနဲ့ တရုတ်နဲ့ ရာသီဥတုပြောင်းလဲမှုအရေး ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပသွားဖို့ ကြိုးစားသွားမှာဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။လက်ရှိမှာ အမေရိကန်နဲ့ တရုတ်အကြား မပြီးပြတ်သေးတဲ့ ကုန်သွယ်ရေးစစ်ပွဲ၊ ပြင်းထန်နေဆဲ ကိုရိုနာဗိုင်းရပ်စ်ဘေးတွေကြောင့် အားလုံးအတွက် စောင့်ကြည့်ရမယ် နိုင်ငံတကာအကျပ်အတည်း ဖြစ်နေခဲ့ပါတယ်။

အမေရိကန်အနေနဲ့ တရုတ်ဩဇာအာဏာကြီးထွားလာတာကို ထိန်းချုပ်ဖို့ ထရမ့်လက်ထက်မှာ လုပ်ဆောင်ခဲ့သလို ဘိုင်ဒင်လက်ထက်မှာလည်း ဆက်လက်ကြိုးစားမယ့်အနေအထား သေချာပေါက်ရှိခဲ့ပါတယ်။အဓိက ကာလကြာရှည်ရန်သူဖြစ်ခဲ့တဲ့ ရုရှားနဲ့ ကြန့်ကြာနေတဲ့ New Start နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူညီချက်ကို ဘိုင်ဒင်နဲ့ ပူတင်အကြား ဖုန်းနဲ့ဆက်သွယ်ဆွေးနွေးမှုအတွင်း ရယူနိုင်ခဲ့လို့ တရုတ်ပတ်လည်နိုင်ငံတွေနဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေကို ပထမ ရက် ၁၀၀ အတွင်း ရယူနိုင်ဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။

ဇန်နဝါရီ ၂၄ ရက်မှာဆိုရင် ဂျပန်ကာကွယ်ရေး၀န်ကြီး နိုဘူရို ကီရှီနဲ့ အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်တို့အကြား ဂျပန်-အမေရိကန် လုံခြုံရေးသဘောတူညီချက် အပိုဒ် ၅ ဖြစ်တဲ့ တိုက်ခိုက်မှုဖြစ်ရင် အမေရိကန်က ဂျပန်နိုင်ငံကို အကာအကွယ်ပေးမယ့် သဘောတူညီချက်ကို ထပ်မံအတည်ပြုနိုင်ခဲ့ပါတယ်။ဒါဟာ ဂျပန်နဲ့ တရုတ်အကြား အငြင်းပွားနေတဲ့ ဆန်ကာကုကျွန်းစုနဲ့ သက်ဆိုင်ပါတယ်။ဒါ့အပြင် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒီဆူဂါနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဖုန်းခေါ်ဆိုမှုအတွင်းမှာလည်း အမေရိကန် နဲ့ ဂျပန် နှစ်နိုင်ငံ မဟာမိတ်ပေါင်းစည်းမှုကို ပိုမိုတောင့်တင်းခိုင်မာအောင်လုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ် ဆိုပါတယ်။ဇူလိုင် ၂၈ ရက်က ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဖုန်းဆက်ပြောဆိုမှုမှာလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ရဲ့ ပြောဆိုမှုမှာလည်း တရုတ်ရဲ့ဖိအားကို တွန်းလှန်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့အတူ ရပ်တည်မယ်ဆိုပြီး ပြောခဲ့တာကို တွေ့ရတဲ့အတွက် ဘိုင်ဒင်လက်ထက် တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးက ပိုကောင်းလာမယ်ဆိုတဲ့ ယူဆချက်က ပိုမှေးမှိန်လာခဲ့ပါတယ်။

ဘိုင်ဒင်လက်ထက် တရုတ်ကိုထိန်းချုပ်မယ့် အစီအစဉ်မှာ တရုတ်နိုင်ငံပတ်လည်ရှိ နိုင်ငံတွေက ဒီကစားပွဲမှာ အရေးပါလာနိုင်တဲ့အပြင် ဒီအင်အားကြီးနှစ်နိုင်ငံ မတည်ငြိမ်မှုနဲ့ နိုင်ငံရေးကစားမှုကို ခံရဖို့များနေပါတယ်။ဒီအတွက် ဘိုင်ဒင်ရဲ့ မူဝါဒနဲ့ ရှီကျင့်ဖိန်ရဲ့ မူဝါဒအကြား မညှပ်မိအောင် ဘယ်လိုစီမံနိုင်မလဲဆိုတာ နောင်လာမယ့် ဘိုင်ဒင်ရဲ့ ပထမရက် ၁၀၀ အတွင်း စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဗိုင်းရပ်စ်နှင့် မတည်မငြိမ်နိုင်ငံရေး

တစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်း သေဆုံးသူ ၂ သန်းကျော်၊ ကူးစက်ခံရသူ သန်း ၁၀၀ ကျော်လာတဲ့အချိန်မှာ ကာကွယ်ဆေးထိုးမှုတွေကို ကမ္ဘာ့နိုင်ငံအချို့မှာ စတင်နိုင်ခဲ့ပေမယ့် ကူးစက်မှုက အရှိန်ရနေဆဲဖြစ်ပါတယ်။ဗိုင်းရပ်စ်ရဲ့ သဘောသဘာ၀ကို ပိုမိုသိလာရချိန်မှာ ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့တဲ့အတွက် အခြေအနေကထွက်ပေါ်လာတဲ့ ကာကွယ်ဆေးတွေနဲ့ ထိန်းလို့ရပါမလားဆိုတာ သံသယရှိတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ထပ်မံလေ့လာချက်တွေအရ လေ့လာချက်အသစ်တစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်က ကူးစက်ခံရသူများ၏ ဦးနှောက်ထဲမှာ  ခိုအောင်းနေပြီး နေပြန်ကောင်းသွားပြီးမှ ပြန်ဖြစ်လေ့ရှိတာကို တွေ့ရပါတယ်။လက်ရှိမှာ တောင်အာဖရိကနဲ့ ဗြိတိန်တို့က ဗိုင်းရပ်စ်မျိုးကွဲတွေက ကမ္ဘာ့နိုင်ငံပေါင်း တစ်ဒါဇင်ကျော်မှာ ကူးစက်နေသလို ဒီမျိုးကွဲဗီဇပြောင်းဗိုင်းရပ်စ်ကလည်း ကူးစက်တာမြန်နေသလို သေဆုံးမှုနူန်းကလည်းများတဲ့အတွက် နိုင်ငံတိုင်းက ထိန်းချုပ်နေရတဲ့ အနေအထားပါ။အစ္စရေးဆိုရင် တောင်အာဖရိကနဲ့ ဗြိတိန်တို့က ဗိုင်းရပ်စ်မျိုးကွဲတွေအပြင် လော့စ်အိန်ဂျလိစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကိုလည်း တွေ့နေရလို့ တတိယမြောက် ကိုရိုနာဗိုင်းရပ်စ် လော့ခ်ဒေါင်းချမှတ်မှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက စတင်ခဲ့ပြီး လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုတွေမြင့်တက်နေတာကြောင့် အဆိုပါလော့ခ်ဒေါင်းချမှတ်မှုကို လကုန်အထိ သက်တမ်းတိုးထားခဲ့ရပါတယ်။ဒါ့အပြင် တစ်ပတ်ကြာ ခရီးသည်တင်လေကြောင်းခရီးစဉ် အ၀င်၊ အထွက် ပြေးဆွဲပျံသန်းမှုတွေကို ပိတ်ခဲ့ရပါတယ်။

အာရှမှာ ကူးစက်မှုမြင့်မားတဲ့‌ နိုင်ငံထဲပါဝင်တဲ့ ဖိလစ်ပိုင်ဆိုရင် ကူးစက်ပျံ့နှံ့မှုမြင့်တက်နေလို့ အသက် ၁၀ နှစ်ကနေ ၁၄ နှစ်ကြား ကလေးငယ်တွေ အိမ်ပြင်ထွက်တာကို ယခုရက်သတ္တပတ်အတွင်း ပြန်လည်တားမြစ်ခဲ့ရပါတယ်။အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း မာဒီအွန်မြို့မှာတော့ သတင်းတွေအရ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေတဲ့အတွက် ရထားတွဲဆိုင်း ၂၄ ဆိုင်းကို ကိုဗစ်-၁၉ လူနာတွေအတွက် အရေးပေါ်ဆေးကုသဆောင်တွေအဖြစ် ပြောင်းလဲအသုံးပြုနေရတဲ့ အခြေအနေပါ။တရုတ်ဆိုရင် နိုင်ငံမြောက်ပိုင်း ဟူပေပြည်နယ်မှာ ယခုဆောင်းရာသီအတွင်း ရောဂါဖြစ်ပွားမှုများနေလို့  ပြန်လည်ထိန်းချုပ်ဖို့ လုပ်နေရပါတယ်။ဥရောပဆိုရင်လည်း ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နဲ့ နိုင်ငံအတော်များများမှာ လောခ့်ဒေါင်းတွေ ကန့်သတ်ပိတ်ဆို့မှုတွေ ချထားလို့ လူမှုရေးအရ ပြဿနာတွေရှိခဲ့သလို ဆန္ဒတွေပြခဲ့ပါတယ်။

နယ်သာလန်နိုင်ငံမှာဆိုရင် စနေနေ့က စတင်ခဲ့တဲ့ ကာဖျူးအမိန့်နဲ့ပတ်သက်လို့ အမ်စတာဒမ်မြို့လယ်က ရင်ပြင်တစ်ခုမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ စု‌ဝေးခဲ့ကြချိန် အာဏာပိုင်တွေဘက်က မီးသတ်ပိုက်တွေ၊ ခွေးတွေ အသုံးပြုပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့ရတဲ့အထိပါဘဲ။ သြစတြေးလျမှာဆိုရင် နိုင်ငံသားထောင်နဲ့ချီပြီး ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းတွေကိုဖီဆန်ကာ အမျိုးသားနေ့ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။နိုင်ငံတစ်၀န်း အဓိကမြို့ကြီးတွေက ဆန္ဒပြပွဲတွေမှာ လူထောင်ချီတက်ခဲ့ကြလို့ နှစ်ပေါက်လာတဲ့ ကူးစက်ရောဂါထိန်းချုပ်ဖို့ ကန့်သတ်ချက်တွေက အာဏာပိုင်တွေအတွက် မလွယ်ကူတဲ့အနေအထားဖြစ်လာခဲ့ပါတယ်။  

ဒီလို ဗိုင်းရပ်စ်ကို မနိုင်မနင်းကိုင်တွယ်နေဆဲမှာ တခြားနိုင်ငံရေးပြဿနာတွေပါဖြစ်လို့ အခက်တွေ့နေတာက ရုရှားနဲ့ အိန္ဒိယပါ။အိန္ဒိယဆိုရင် အစိုးရရဲ့ စိုက်ပျိုးရေးဥပဒေ ပြုပြင်ပြောင်းလဲမှုကြောင့် တောင်သူလယ်သမားတွေ ဆန္ဒပြနေတာ အတော်ကြာနေပြီဖြစ်ရာမှာ အတော်လေးဆိုးလာပြီး အကြမ်းဖက်မှုတွေအထိ ဖြစ်လာခဲ့ပါတယ်။နှစ်စဉ် ဇန်နဝါရီ ၂၆ ရက်မှာ ကျင်းပနေကျ အိန္ဒိယသမ္မတ နိုင်ငံတော်နေ့အခမ်းအနားကို နယူးဒေလီမှာ တင့်ကားတွေ၊ တပ်ဖွဲ့တွေ ပါဝင်တဲ့ စစ်ရေးပြပွဲနဲ့ ကျင်းပလေ့ရှိရာမှာ တောင်သူလယ်သမားတွေက ဒီပွဲကို အပြိုင်ဆင်နွှဲဖို့ အိန္ဒိယအလံတွေနဲ့ အလှဆင်ထားတဲ့ ထွန်စက်အစီးရေ ထောင်ပေါင်းများစွာ ရောက်ရှိလာခဲ့ပါတယ်။

အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားတစ်ခု ကျင်းပနေစဉ်အတွင်း ထွန်စက်တွေနဲ့ လယ်သမားယာဉ်တန်းတွေဟာ မြို့လယ်ခေါင်မှာ စု‌ဝေးဖို့အတွက် အတားအဆီးအရံအတားတွေကို တိုက်ဖျက်ချိုးဖောက်ခဲ့ကြရာမှာ နံပါတ်တုတ်ကိုင်ရဲတွေက တားဆီးနှိမ်နင်းပြီး မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ပစ်ခတ်ခဲ့ရပြီး လူတစ်ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာတွေရခဲ့ပါတယ်။မွမ်ဘိုင်းမှာလည်း တောင်သူလယ်သမား အင်အား ၁၀၀၀၀ ခန့်က ဆန္ဒပြခဲ့လို့ မြို့ရဲ့အခြားနေရာတွေမှာလည်း လုံခြုံ‌ရေးတပ်တွေနဲ့ ဆန္ဒပြတောင်သူတွေ ထိပ်တိုက်တွေ့  ပဋိပက္ခတွေဖြစ်ခဲ့ပါတယ်။သမိုင်းဝင်ခံတပ်နီလို အထင်ကရနေရာမှာတော့ လယ်သမားတွေက ရဲအတားအဆီးတွေကို ချိုးဖျက်ဝင်ကာ အလံစိုက်ထူခဲ့ပါတယ်။  

နောက်ပိုင်းမှာ ဆန္ဒပြတောင်သူလယ်သမားတွေက ဆူပူရမ်းကားပြီး ဖျက်ဆီးတာတွေလုပ်ခဲ့ပါတယ်။အာဏာပိုင်တွေက နယူးဒေလီတစ်ခွင်ရှိ အဓိကလမ်းမကြီးတစ်ချို့ကို ပိတ်ထားခဲ့ပြီး လုံခြုံရေးကို တိုးမြှင့်တင်းကျပ်ထားခဲ့ရပါတယ်။ရုရှားဆိုရင်လည်း ဖမ်းဆီးခံ အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်ညီ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲတွေကြောင့် ဆန္ဒပြသူပေါင်း ၃,၇၀၀ ကျော်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ရပါတယ်။

ကပ်ဘေးတွေကြောင့် ဆိုင်းငံ့ထားရတဲ့ ဆန္ဒပြပွဲတွေဟာ ယခုရက်သတင်းပတ်အတွင်း ပြန်တွေ့လာရသလို နောက်ထပ်လည်းဖြစ်လာနိုင်နေတာကို နိုင်ငံအတော်များများမှာ တွေ့နေရပါတယ်။ကူးစက်ကပ်ဘေးက မပြီးသေးသလို ကာကွယ်ဆေးကလည်း အလျင်မမီသေးတဲ့အတွက် ဒီလိုဆန္ဒပြတာတွေက ကူးစက်မှုကို ပိုအားကောင်းစေပေမယ့် အာဏာပိုင်တွေအနေနဲ့ ထိန်းချုပ်ဖို့ခက်ခဲနေတာကို တွေ့ရပါတယ်။ဒီအတွက် နောက်ရက်တွေမှာ ဘယ်လောက်ထိကူးစက်မှုမြင့်ဦးမလဲဆိုတာ စောင့်ကြည့်ရဦးမယ်ဆိုတာ ……. ။

မင်းထက်
ဇန်နဝါရီ - ၂၉

( Zawgyi )

ယခုရက္သတၱပတ္ သတင္းေတြထဲမွာ သတိထားမိတဲ့ သတင္းေတြ အေတာ္ေလးမ်ားပါတယ္။ဒီထဲမွာ အားလုံးကိုၿခဳံၾကည့္ရင္ သမၼတဘိုင္ဒင္ရဲ႕ ပထမရက္သတၱပတ္ အခင္းအက်င္း သတင္းေတြရယ္၊ ကိုဗစ္နဲ႔ဆက္ႏြယ္ၿပီး ကမာၻ႔ႏိုင္ငံေတြမွာ မတည္မၿငိမ္မႈျဖစ္တာေတြ စတဲ့ သတင္းေတြက ယခုတစ္ပတ္မွာ အမ်ားဆုံး စိတ္ဝင္စားစရာသတင္းေတြ ျဖစ္ခဲ့ပါတယ္။  

ဒီလိုသတင္းေတြထဲကေန တျခားသတိထားမိစရာ သတင္းရွိပါတယ္။အေမရိကန္ ဒုသမၼတအျဖစ္ မၾကာခင္ကထမ္းေဆာင္ခဲ့တဲ့ မိုက္ပန႔္စ္ တာဝန္ကုန္ဆုံးခ်ိန္မွာ ေနစရာ ေနရာမရွိတဲ့သတင္း၊ တ႐ုတ္ႏိုင္ငံ ေ႐ႊမိုင္းတြင္းေပါက္ကြဲမႈမွာ မိုင္းလုပ္သားကိုးဦး၏ ႐ုပ္အေလာင္းကို ထပ္ေတြ႕ခဲ့တဲ့အတြက္ ေသဆုံးသူစုစုေပါင္း ၁၀ ဦးထိရွိလာတဲ့သတင္း၊ ပါကစၥတန္ ပန္ဂ်ပ္ျပည္နယ္ ဂူဂ်ရန္ဝါလာၿမိဳ႕မွာ အမ်ိဳးသားတစ္ဦးက ဂုဏ္သိကၡာအတြက္ ဇနီးႏွင့္ ကေလးငယ္ေလးဦးကို သတ္ျဖတ္ခဲ့တဲ့သတင္း၊ အင္ဒိုနီးရွားႏိုင္ငံက ကမာၻ႔အလႈပ္ရွားဆုံးမီးေတာင္ျဖစ္တဲ့ ေမာင္မာရာပီမီးေတာင္ ေပါက္ကြဲမႈျဖစ္ခဲ့တဲ့သတင္း၊ ကမာၻတစ္ဝန္း စီးပြားေရးလုပ္ငန္းေပါင္းမ်ားစြာကေန ေဒၚလာဘီလ်ံေပါင္းမ်ားစြာ ခိုးယူခဲ့တဲ့ Emotet ေဆာဖ့္ဝဲလ္ အသုံးခ် ဟက္ကာအဖြဲ႕ကို ႏိုင္ငံတကာပူးတြဲစစ္ဆင္ေရးအဖြဲ႕က ၿဖိဳခြင္းႏိုင္ခဲ့တဲ့သတင္း၊ တူရကီရဲ႕ စိန္ေခၚမႈေတြကို တန္ျပန္ဖို႔ ယူ႐ို ၂.၅ ဘီလီယံ (အေမရိကန္ေဒၚလာ ၃ ဘီလီယံ) တန္ဖိုးရွိ စစ္ေလယာဥ္ေရာင္းဝယ္မႈဆိုင္ရာ သေဘာတူညီခ်က္ကို ဂရိနဲ႔ ျပင္သစ္တို႔ လက္မွတ္ေရးထိုးခဲ့တဲ့သတင္း၊ ပါကစၥတန္သည္ န်ဴကလီးယားဒုံးက်ည္ နည္းပညာမ်ားကို တူရကီသို႔ လႊဲေျပာင္းေပးခဲ့တဲ့ အစီရင္ခံစာ ထြက္ေပၚလာတဲ့သတင္း၊ အီတလီမွာ ဝန္ႀကီးခ်ဳပ္ ကြန္တီ ႏုတ္ထြက္သြားတဲ့သတင္း စတဲ့ သတင္းေတြလို သတင္းအခ်ိဳ႕လည္း ယခုသီတင္းပတ္မွာျဖစ္ခဲ့ပါတယ္။

တ႐ုတ္-အေမရိကန္ စစ္ပြဲသစ္ လာေတာ့မလား

ဇန္နဝါရီ ၂၀ ရက္ မွာ အေမရိကန္သမၼတအျဖစ္ စတင္တာဝန္ယူလာခဲ့တဲ့ ဘိုင္ဒင္အေနနဲ႔ ပထမဆုံးေတြ႕ႀကဳံခဲ့တာက တ႐ုတ္နဲ႔ ႏိုင္ငံေရးျပႆနာပါဘဲ။တ႐ုတ္ဘက္က ထရမ့္အဆင္း ဘိုင္ဒင္အတက္မွာ ႐ုတ္တရက္ ယခင္အေမရိကန္သမၼတ ထရမ့္လက္ထက္မွာ တာဝန္ယူခဲ့တဲ့ အေမရိကန္ ထိပ္တန္းတာဝန္ရွိပုဂၢိဳလ္ေတြကို အေရးယူပိတ္ဆို႔ေၾကာင္း ေၾကညာခဲ့ပါတယ္။ဒါဟာ သမၼတအျဖစ္ ဘိုင္ဒင္ က တာဝန္ယူၿပီး မိနစ္အနည္းငယ္အၾကာမွာပါ။

စစခ်င္း ျပႆနာနဲ႔စခဲ့ရတဲ့ ဘိုင္ဒင္အတြက္ ဒါဟာ တာထြက္ေတာ့မလွခဲ့ပါဘူး။ေဘက်င္းကေန အေမရိကန္အရာရွိမ်ားအေပၚ ပိတ္ဆို႔အေရးယူမႈ ေၾကညာခဲ့တဲ့အတြက္ ဒါဟာ တန္ျပန္လို႔ဆိုရပမယ့္ေနာက္ကြယ္မွာ ဒီထက္ပိုၿပီးေလးနက္တဲ့ ထိေရာက္မႈရွိေနပါတယ္။အေမရိကန္မွာ အစိုးရတာဝန္ႀကီးႀကီးမားမားယူတဲ့သူေတြမွာ လုပ္ခလစာနည္းပါတယ္။ရာထူးတာဝန္ကေန အနားယူၿပီးမွသာ ကုမၸဏီႀကီးေတြက အႀကံေပး၊ ဒါ႐ိုက္တာအျဖစ္ ခန႔္အပ္လို႔ လုပ္ခလစာေကာင္းၾကတာျဖစ္လို႔ တ႐ုတ္ႏိုင္ငံဘက္က ထရမ့္အစိုးရလက္ထက္မွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့သူေတြကို ရည္႐ြယ္ၿပီး ကုမၸဏီႀကီးေတြက အလုပ္မခန႔္ႏိုင္ေအာင္ ရည္႐ြယ္ကာ ပိတ္ဆို႔ခဲ့တာပါ။သာမန္အားျဖင့္ၾကည့္ရင္ အေမရိကန္ အစိုးရတာဝန္ယူခဲ့တဲ့သူေတြကို တ႐ုတ္ႏိုင္ငံကပိတ္ဆို႔တာ ဘာမွသိပ္မထူးဆန္းေပမယ့္ ေသေသခ်ာခ်ာၾကည့္မယ္ဆိုရင္ တ႐ုတ္ဘက္က ပိတ္ဆို႔မႈက အေမရိကန္အာဏာပိုင္ေတြ အထူးသျဖင့္ အေမရိကန္ႏိုင္ငံေရးသမားေတြကို အထိနာေစပါတယ္။ဒါေၾကာင့္လည္း ထိပ္တန္း ရီပတ္ဘလစ္ကန္အမတ္ေတြက ဂ်ိဳးဘိုင္ဒင္ ကို သမၼတတာဝန္ယူယူၿပီးခ်င္း ပိတ္ဆို႔အေရးယူမႈ ေၾကညာခဲ့ေသာ တ႐ုတ္ကို ပိုမိုျပင္းထန္စြာအေရးယူဖို႔ တိုက္တြန္းခဲ့ပါတယ္။

တ႐ုတ္ဘက္က ပိတ္ဆို႔အေရးယူမယ့္ ၂၅ ဦးစာရင္းမွာ ထရမ့္အုပ္ခ်ဳပ္ေရးမွ အဖြဲ႕ဝင္ေဟာင္းေတြျဖစ္တဲ့ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြမ္ပီအို၊ ကုန္သြယ္ေရးအႀကံေပး ပီတာနာဗာ႐ို၊ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး ေရာဘတ္အိုဘ႐ိုင္ရန္၊ က်န္းမာေရးဝန္ႀကီး အဲလက္စ္ေအဇာႏွင့္ ဒုတိယအမ်ိဳးသားလုံၿခဳံေရးအႀကံေပး မက္သ႐ူးေပၚတင္ဂ်ာတို႔ ပါဝင္ပါတယ္။ဒီလို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ရာမွာ ဒီလူေတြကို “တ႐ုတ္ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို ျပင္းထန္စြာခ်ိဳးေဖာက္ျခင္း” နဲ႔ တ႐ုတ္အေပၚ အေမရိကန္၏မူဝါဒမွာ “လြန္ကဲတဲ့လုပ္ေဆာင္မႈ” မွာ အႀကီးအက်ယ္တာဝန္ရွိတယ္ဆိုၿပီး ေျပာခဲ့တာပါ။

ဒါဟာ တ႐ုတ္ဘက္က ထရမ့္လက္ထက္ ရွန္က်န္း၊ ေဟာင္ေကာင္ကိစၥေတြနဲ႔ တ႐ုတ္အရာရွိေတြကို အေရးယူမႈကို လက္တုံ႔ျပန္တာျဖစ္ေပမယ္ ႏိုင္ငံတကာကေတာ့ အသစ္တက္လာတဲ့ ဘိုင္ဒင္အစိုးရကို ေဘက်င္းက  ႏိုင္ငံေရးအရ စမ္းသပ္ေနတာအျဖစ္ ရႈျမင္က်ပါတယ္။ဒီမိုကရက္တစ္အစိုးရျဖစ္တဲ့ ဘိုင္ဒင္အစိုးရ ရဲ႕ “တ႐ုတ္ႏိုင္ငံကို ပိုမိုတင္းက်ပ္ျပင္းထန္တဲ့ ခ်ည္းကပ္မႈကို ဆက္လက္က်င့္သုံးမယ္” ဆိုတဲ့ မူဝါဒေၾကာင့္ တ႐ုတ္အေနနဲ႔ ဘိုင္ဒင္အစိုးရရဲ႕ တုံ႔ျပန္မႈအေနအထားက ယခင္ဒီမိုကရက္တစ္ျဖစ္တဲ့ အိုဘားမားအစိုးရလက္ထက္နဲ႔ ဘာေတြကြာဟခ်က္ရွိေနမလဲဆိုတာ  သိလိုေနတဲ့ အေနအထားပါ။

ဒီေနာက္မွာေတာ့ အေမရိကန္နဲ႔ တ႐ုတ္အၾကား အေျခအေနက လ်င္လ်င္ျမန္ျမန္ ကစားကြက္ေတြေ႐ႊ႕လာပါတယ္။တ႐ုတ္ဘက္က ထိုင္ဝမ္ေလေၾကာင္းထဲ ဝင္ေရာက္ခဲ့တယ္ဆိုတဲ့အသံေတြ ထြက္လာၿပီးေနာက္မွာ တ႐ုတ္အစိုးရဘက္က တ႐ုတ္ႏိုင္ငံ၏ စစ္ေရးေလ့က်င့္မႈမ်ားကို ႏိုင္ငံအခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမတည္တံ့ခိုင္ၿမဲေရးအတြက္ ႏိုင္ငံရဲ႕ဆုံးျဖတ္ထားခ်က္ကို ျပခဲ့တာလို႔ တုံ႔ျပန္ခဲ့ပါတယ္။ထိုင္ဝမ္ ေလေၾကာင္းကာကြယ္ေရးဇုန္ထဲ တ႐ုတ္က ဗုံးႀကဲေလယာဥ္ ၈ စင္းႏွင့္ ဂ်က္တိုက္ေလယာဥ္ ၄ စင္းကို ေစလႊတ္ခဲ့တဲ့အတြက္ ဒါဟာ အေမရိကန္အတြက္ ေသြးတိုးစမ္းခံရသလို ျဖစ္ခဲ့ပါတယ္။ဇန္နဝါရီ ၂၃ ရက္ကျဖစ္ခဲ့တဲ့ အဲဒီအင္အားျပသမႈအၿပီးမွာ အေမရိကန္ဘက္က အားခ်င္းဆိုသလို ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ၿပီး ထိုင္ဝမ္အေပၚ စစ္ေရး၊ သံတမန္ေရးႏွင့္ စီးပြားေရးဖိအားေပးမႈမ်ား ရပ္ဆိုင္းဖို႔ ေျပာခဲ့ပါတယ္။ဇန္နဝါရီ ၂၄ ရက္မွာလည္း တ႐ုတ္က ေနာက္ထပ္ စစ္ေလယာဥ္ ၁၆ စင္းကို ေစလႊတ္ခဲ့တယ္လို႔ ထိုင္ဝမ္ဘက္က စြပ္စြဲခဲ့ပါတယ္။

ဒီေနာက္မွာ အေမရိကန္ ေလယာဥ္တင္စစ္သေဘၤာ USS Theodore Roosevelt  ေတာင္တ႐ုတ္ပင္လယ္ထဲ ဝင္ေရာက္လာခဲ့ပါတယ္။ဒီလိုဝင္လာတဲ့အတြက္ တ႐ုတ္အာဏာပိုင္ေတြက တ႐ုတ္ပိုင္နက္လို႔ ေၾကညာထားတဲ့ ဘယ္ေနရာကိုမဆို ဝင္ေရာက္လာတဲ့ ျပည္ပသေဘၤာမွန္သမွ်ကို  ပစ္ခတ္တာအပါအဝင္ လိုအပ္သလိုလုပ္ဖို႔ ခြင့္ျပဳခဲ့ပါတယ္။ခြင့္ျပဳခ်က္ေပးခဲ့တာက တ႐ုတ္ႏိုင္ငံရဲ႕ အျမင့္ဆုံး ဥပေဒျပဳအဖြဲ႕အစည္းျဖစ္တဲ့  တ႐ုတ္ႏိုင္ငံလုံးဆိုင္ရာ ျပည္သူ႔ကြန္ဂရက္အၿမဲတမ္းေကာ္မတီကပါ။ဒီလိုခြင့္ျပဳတာနဲ႔ပတ္သက္ၿပီးလည္း ဒါဟာ ႏိုင္ငံတကာထုံးတမ္းစဥ္လာလို႔ တ႐ုတ္ဘက္က ကာကြယ္ေျပာခဲ့ပါတယ္။ဝင္လာတဲ့ အေမရိကန္ တိုက္ခိုက္ေရးအုပ္စုမွာ Roosevelt ေလယာဥ္တင္သေဘၤာ၊ ပဲ့ထိန္းဒုံးက်ည္တပ္ ခ႐ူဇာစစ္သေဘၤာ USS Bunker Hill ႏွင့္ ပဲ့ထိန္းဒုံးက်ည္တပ္ဖ်က္သေဘၤာ USS Russell ႏွင့္ USS John Finn တို႔ ပါဝင္ခဲ့ပါတယ္။ေတာင္တ႐ုတ္ပင္လယ္ထဲမွာ ဒီေလယာဥ္တင္စစ္သေဘၤာအုပ္စု ရွိေနစဥ္အတြင္း  ေလယာဥ္စစ္ဆင္ေရးမ်ား၊ ေရေၾကာင္းတိုက္ခိုက္မႈေလ့က်င့္ေရးမ်ား ေဆာင္႐ြက္မယ္ဆိုတဲ့အတြက္ ဒါဟာ အေတာ္ေလးကိုအႏၲရာယ္ႀကီးတဲ့အေနအထားထိ ေရာက္ခဲ့ပါတယ္။

အြန္လိုင္းစနစ္ျဖင့္က်င္းပေသာ ဒါးဗို႔စ္ကမာၻ႔စီးပြားေရးဖိုရမ္မွာ တ႐ုတ္သမၼတ ရွီက်င့္ဖိန္ က စစ္ေအးတိုက္ပြဲသစ္ မစတင္ဖို႔ ေျပာခဲ့ပါတယ္။ဒါဟာ ထရမ့္လက္ထက္ ဆုံးရႈံးခဲ့တဲ့ မဟာမိတ္ေတြကို ျပန္လည္စုစည္းေနတဲ့ ဘိုင္ဒင္ရဲ႕ အစီအစဥ္ေတြကို သြယ္၀ိုက္သတိေပးခဲ့တာပါ။ရွီ က "တျခားသူေတြကိုပစ္ပယ္ဖို႔ ဒါမွမဟုတ္ ၿခိမ္းေျခာက္ဖို႔အတြက္ အုပ္စုငယ္ေတြဖြဲ႕တာ ဒါမွမဟုတ္ စစ္ေအးတိုက္ပြဲသစ္ စတင္တာဟာ ကမာၻႀကီးကို အစိတ္စိတ္အမႊာမႊာျဖစ္ေစဖို႔ တြန္းပို႔ေနတာပါပဲ" လို႔ပဲ ေျပာခဲ့ပါတယ္။ဘိုင္ဒင္ အႏိုင္ရၿပီးကတည္းက တ႐ုတ္ဘက္ကေန ေဒၚနယ္ထရမ့္လက္ထက္မွာ ယိုယြင္းခဲ့ရတဲ့ သံတမန္ေရးကို သမၼတသစ္ ဂ်ိဳးဘိုင္ဒင္ အစိုးရလက္ထက္မွာ ဆက္ဆံေရးျပန္လည္ထူေထာင္ဖို႔ တိုက္တြန္းထားတာပါ။

ဒီလို ထိုင္ဝမ္ကြၽန္းေၾကာင့္ လတ္တေလာ တ႐ုတ္နဲ႔ အေမရိကန္ တင္းမာမႈျပႆနာက ဘိုင္ဒင္အတြက္ အထူးအေလးထားရမယ့္ ျပႆနာတစ္ခုျဖစ္လာခဲ့ပါတယ္။ဘိုင္ဒင္ရဲ႕ အစိုးရအဖြဲ႕မွာ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ယူတဲ့ ဘလင္ကန္ ကို ဇန္န၀ါရီ ၂၆ ရက္မွာ ဆီးနိတ္က အတည္ျပဳၿပီးေနာက္ ဘလင္ကန္ က တ႐ုတ္နဲ႔တင္းမာမႈကို ဦးဆုံးကိုင္တြယ္လာရဖို႔ ျဖစ္လာခဲ့ပါတယ္။ႏိုင္ငံျခားေရးဝန္ႀကီး တာဝန္မယူခင္ ႐ုရွား၊ တ႐ုတ္ႏွင့္ အီရန္တို႔ထံမွ စိန္ေခၚမႈမ်ားကို တန္ျပန္ရန္ စုစည္းညီၫြတ္ေသာ တပ္ဦးတစ္ခု တည္ေဆာက္သြားမည္ဆိုၿပီးေျပာခဲ့တဲ့ ဘလင္ကန္ က ဇန္နဝါရီ ၂၇ ရက္မွာ တ႐ုတ္နဲ႔ပူးေပါင္းေဆာင္႐ြက္တာ အေမရိကန္အတြက္ အက်ိဳးစီးပြားျဖစ္တယ္ဆိုၿပီး သူ႔ရဲ႕ ပထမဆုံး ႏိုင္ငံျခားေရးဝန္ႀကီး ထမ္းေဆာင္တဲ့ရက္မွာ ေျပာခဲ့ပါတယ္။

အဲဒီရက္မွာဘဲ အေမရိကန္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးက တ႐ုတ္ျပည္သူ႔ၿငိမ္းခ်မ္းေရးႏွင့္ လက္နက္ဖ်က္သိမ္းေရးအသင္းႏွင့္ ကာတာစင္တာတို႔ျပဳလုပ္တဲ့ အြန္လိုင္းေဆြးေႏြးပြဲမွာ မွားယြင္းအကဲျဖတ္မႈျဖစ္မည္ဟု တ႐ုတ္ႏိုင္ငံကို ေသနဂၤဗ်ဴဟာရန္ဖက္ႏွင့္ စိတ္ကူးယဥ္ရန္သူအျဖစ္ သတ္မွတ္ပါက ႀကီးမားေသာ ေသနဂၤဗ်ဴဟာ မွားယြင္းအကဲျဖတ္မႈျဖစ္လိမ့္မယ္ဆိုၿပီး သတိေပးခဲ့ပါတယ္။ဒီပြဲမွာ တ႐ုတ္သံအမတ္ႀကီးက "က်ေနာ္တို႔မွာ ၿပိဳင္ဆိုင္မႈရွိေကာင္းရွိမယ္ ဒါေပမယ့္ က်ေနာ္တို႔က ရန္ဖက္ေတြမဟုတ္ဘူး။ပူးေပါင္းေဆာင္႐ြက္သူေတြျဖစ္ေအာင္ က်ေနာ္တို႔ႀကိဳးစားသင့္တယ္" ဆိုၿပီး ေျပာခဲ့ပါတယ္။ဒါ့အျပင္ တ႐ုတ္ကြန္ျမဴနစ္ပါတီအေနနဲ႔ ျပည္သူမ်ားေပ်ာ္႐ႊင္ေရးႏွင့္ ႏိုင္ငံျပန္လည္အားအင္ျပည့္ၿဖိဳးေရး တာဝန္ကိုသာ ဆုပ္ကိုင္ထားတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

အဆိုပါ ဇန္နဝါရီ ၂၇ ရက္မွာဘဲ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္းျဖစ္ၿပီး လက္ရွိသမၼတ ဂ်ိဳးဘိုင္ဒင္ရဲ႕ ရာသီဥတုေရးရာ သံတမန္ျဖစ္တဲ့ ဂြၽန္ကယ္ရီ က ႏွစ္ႏိုင္ငံရဲ႕ဆက္ဆံေရးအေပၚ သက္ေရာက္မႈေတြရွိေနတဲ့ အျခားသေဘာထားမတိုက္ဆိုင္တာေတြကေန ခြဲထြက္ၿပီး အေမရိကန္အေနနဲ႔ တ႐ုတ္နဲ႔ ရာသီဥတုေျပာင္းလဲမႈအေရး ေဆြးေႏြးပြဲေတြ ဆက္လက္က်င္းပသြားဖို႔ ႀကိဳးစားသြားမွာျဖစ္တယ္ဆိုၿပီး ေျပာခဲ့ပါတယ္။လက္ရွိမွာ အေမရိကန္နဲ႔ တ႐ုတ္အၾကား မၿပီးျပတ္ေသးတဲ့ ကုန္သြယ္ေရးစစ္ပြဲ၊ ျပင္းထန္ေနဆဲ ကို႐ိုနာဗိုင္းရပ္စ္ေဘးေတြေၾကာင့္ အားလုံးအတြက္ ေစာင့္ၾကည့္ရမယ္ ႏိုင္ငံတကာအက်ပ္အတည္း ျဖစ္ေနခဲ့ပါတယ္။

အေမရိကန္အေနနဲ႔ တ႐ုတ္ဩဇာအာဏာႀကီးထြားလာတာကို ထိန္းခ်ဳပ္ဖို႔ ထရမ့္လက္ထက္မွာ လုပ္ေဆာင္ခဲ့သလို ဘိုင္ဒင္လက္ထက္မွာလည္း ဆက္လက္ႀကိဳးစားမယ့္အေနအထား ေသခ်ာေပါက္ရွိခဲ့ပါတယ္။အဓိက ကာလၾကာရွည္ရန္သူျဖစ္ခဲ့တဲ့ ႐ုရွားနဲ႔ ၾကန႔္ၾကာေနတဲ့ New Start န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရး သေဘာတူညီခ်က္ကို ဘိုင္ဒင္နဲ႔ ပူတင္အၾကား ဖုန္းနဲ႔ဆက္သြယ္ေဆြးေႏြးမႈအတြင္း ရယူႏိုင္ခဲ့လို႔ တ႐ုတ္ပတ္လည္ႏိုင္ငံေတြနဲ႔ ကာကြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္ေတြကို ပထမ ရက္ ၁၀၀ အတြင္း ရယူႏိုင္ဖို႔ ျပင္ဆင္ေနတာကို ေတြ႕ရပါတယ္။

ဇန္နဝါရီ ၂၄ ရက္မွာဆိုရင္ ဂ်ပန္ကာကြယ္ေရး၀န္ႀကီး ႏိုဘူ႐ို ကီရွီနဲ႔ အေမရိကန္ကာကြယ္ေရး၀န္ႀကီး လြိဳက္ေအာ္စတင္တို႔အၾကား ဂ်ပန္-အေမရိကန္ လုံၿခဳံေရးသေဘာတူညီခ်က္ အပိုဒ္ ၅ ျဖစ္တဲ့ တိုက္ခိုက္မႈျဖစ္ရင္ အေမရိကန္က ဂ်ပန္ႏိုင္ငံကို အကာအကြယ္ေပးမယ့္ သေဘာတူညီခ်က္ကို ထပ္မံအတည္ျပဳႏိုင္ခဲ့ပါတယ္။ဒါဟာ ဂ်ပန္နဲ႔ တ႐ုတ္အၾကား အျငင္းပြားေနတဲ့ ဆန္ကာကုကြၽန္းစုနဲ႔ သက္ဆိုင္ပါတယ္။ဒါ့အျပင္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ယိုရွီဟီဒီဆူဂါနဲ႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္ႏွင့္ ဖုန္းေခၚဆိုမႈအတြင္းမွာလည္း အေမရိကန္ နဲ႔ ဂ်ပန္ ႏွစ္ႏိုင္ငံ မဟာမိတ္ေပါင္းစည္းမႈကို ပိုမိုေတာင့္တင္းခိုင္မာေအာင္လုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့တယ္ ဆိုပါတယ္။ဇူလိုင္ ၂၈ ရက္က ဖိလစ္ပိုင္ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ဖုန္းဆက္ေျပာဆိုမႈမွာလည္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကင္ရဲ႕ ေျပာဆိုမႈမွာလည္း တ႐ုတ္ရဲ႕ဖိအားကို တြန္းလွန္ဖို႔ အေရွ႕ေတာင္အာရွႏိုင္ငံေတြနဲ႔အတူ ရပ္တည္မယ္ဆိုၿပီး ေျပာခဲ့တာကို ေတြ႕ရတဲ့အတြက္ ဘိုင္ဒင္လက္ထက္ တ႐ုတ္နဲ႔ အေမရိကန္ ဆက္ဆံေရးက ပိုေကာင္းလာမယ္ဆိုတဲ့ ယူဆခ်က္က ပိုေမွးမွိန္လာခဲ့ပါတယ္။

ဘိုင္ဒင္လက္ထက္ တ႐ုတ္ကိုထိန္းခ်ဳပ္မယ့္ အစီအစဥ္မွာ တ႐ုတ္ႏိုင္ငံပတ္လည္ရွိ ႏိုင္ငံေတြက ဒီကစားပြဲမွာ အေရးပါလာႏိုင္တဲ့အျပင္ ဒီအင္အားႀကီးႏွစ္ႏိုင္ငံ မတည္ၿငိမ္မႈနဲ႔ ႏိုင္ငံေရးကစားမႈကို ခံရဖို႔မ်ားေနပါတယ္။ဒီအတြက္ ဘိုင္ဒင္ရဲ႕ မူဝါဒနဲ႔ ရွီက်င့္ဖိန္ရဲ႕ မူဝါဒအၾကား မညႇပ္မိေအာင္ ဘယ္လိုစီမံႏိုင္မလဲဆိုတာ ေနာင္လာမယ့္ ဘိုင္ဒင္ရဲ႕ ပထမရက္ ၁၀၀ အတြင္း ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဗိုင္းရပ္စ္ႏွင့္ မတည္မၿငိမ္ႏိုင္ငံေရး

တစ္ႏွစ္ေက်ာ္ၾကာလာၿပီျဖစ္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေဘးအတြင္း ေသဆုံးသူ ၂ သန္းေက်ာ္၊ ကူးစက္ခံရသူ သန္း ၁၀၀ ေက်ာ္လာတဲ့အခ်ိန္မွာ ကာကြယ္ေဆးထိုးမႈေတြကို ကမာၻ႔ႏိုင္ငံအခ်ိဳ႕မွာ စတင္ႏိုင္ခဲ့ေပမယ့္ ကူးစက္မႈက အရွိန္ရေနဆဲျဖစ္ပါတယ္။ဗိုင္းရပ္စ္ရဲ႕ သေဘာသဘာ၀ကို ပိုမိုသိလာရခ်ိန္မွာ ဗိုင္းရပ္စ္မ်ိဳးဗီဇကြဲေတြ ဆက္တိုက္ထြက္ေပၚလာခဲ့တဲ့အတြက္ အေျခအေနကထြက္ေပၚလာတဲ့ ကာကြယ္ေဆးေတြနဲ႔ ထိန္းလို႔ရပါမလားဆိုတာ သံသယရွိတဲ့အထိ ျဖစ္လာခဲ့ပါတယ္။

ထပ္မံေလ့လာခ်က္ေတြအရ ေလ့လာခ်က္အသစ္တစ္ခုမွာ ကို႐ိုနာဗိုင္းရပ္စ္က ကူးစက္ခံရသူမ်ား၏ ဦးေႏွာက္ထဲမွာ  ခိုေအာင္းေနၿပီး ေနျပန္ေကာင္းသြားၿပီးမွ ျပန္ျဖစ္ေလ့ရွိတာကို ေတြ႕ရပါတယ္။လက္ရွိမွာ ေတာင္အာဖရိကနဲ႔ ၿဗိတိန္တို႔က ဗိုင္းရပ္စ္မ်ိဳးကြဲေတြက ကမာၻ႔ႏိုင္ငံေပါင္း တစ္ဒါဇင္ေက်ာ္မွာ ကူးစက္ေနသလို ဒီမ်ိဳးကြဲဗီဇေျပာင္းဗိုင္းရပ္စ္ကလည္း ကူးစက္တာျမန္ေနသလို ေသဆုံးမႈႏူန္းကလည္းမ်ားတဲ့အတြက္ ႏိုင္ငံတိုင္းက ထိန္းခ်ဳပ္ေနရတဲ့ အေနအထားပါ။အစၥေရးဆိုရင္ ေတာင္အာဖရိကနဲ႔ ၿဗိတိန္တို႔က ဗိုင္းရပ္စ္မ်ိဳးကြဲေတြအျပင္ ေလာ့စ္အိန္ဂ်လိစ္မွာ ေပၚေပါက္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲသစ္ကိုလည္း ေတြ႕ေနရလို႔ တတိယေျမာက္ ကို႐ိုနာဗိုင္းရပ္စ္ ေလာ့ခ္ေဒါင္းခ်မွတ္မႈကိုေတာ့ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကုန္ပိုင္းက စတင္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးမႈေတြျမင့္တက္ေနတာေၾကာင့္ အဆိုပါေလာ့ခ္ေဒါင္းခ်မွတ္မႈကို လကုန္အထိ သက္တမ္းတိုးထားခဲ့ရပါတယ္။ဒါ့အျပင္ တစ္ပတ္ၾကာ ခရီးသည္တင္ေလေၾကာင္းခရီးစဥ္ အ၀င္၊ အထြက္ ေျပးဆြဲပ်ံသန္းမႈေတြကို ပိတ္ခဲ့ရပါတယ္။

အာရွမွာ ကူးစက္မႈျမင့္မားတဲ့‌ ႏိုင္ငံထဲပါဝင္တဲ့ ဖိလစ္ပိုင္ဆိုရင္ ကူးစက္ပ်ံ႕ႏွံ႔မႈျမင့္တက္ေနလို႔ အသက္ ၁၀ ႏွစ္ကေန ၁၄ ႏွစ္ၾကား ကေလးငယ္ေတြ အိမ္ျပင္ထြက္တာကို ယခုရက္သတၱပတ္အတြင္း ျပန္လည္တားျမစ္ခဲ့ရပါတယ္။အင္ဒိုနီးရွားႏိုင္ငံ ဂ်ာဗားကြၽန္း မာဒီအြန္ၿမိဳ႕မွာေတာ့ သတင္းေတြအရ ကိုဗစ္-၁၉ ကူးစက္မႈ ျမင့္တက္ေနတဲ့အတြက္ ရထားတြဲဆိုင္း ၂၄ ဆိုင္းကို ကိုဗစ္-၁၉ လူနာေတြအတြက္ အေရးေပၚေဆးကုသေဆာင္ေတြအျဖစ္ ေျပာင္းလဲအသုံးျပဳေနရတဲ့ အေျခအေနပါ။တ႐ုတ္ဆိုရင္ ႏိုင္ငံေျမာက္ပိုင္း ဟူေပျပည္နယ္မွာ ယခုေဆာင္းရာသီအတြင္း ေရာဂါျဖစ္ပြားမႈမ်ားေနလို႔  ျပန္လည္ထိန္းခ်ဳပ္ဖို႔ လုပ္ေနရပါတယ္။ဥေရာပဆိုရင္လည္း ျပင္သစ္၊ ဂ်ာမနီ၊ ၿဗိတိန္နဲ႔ ႏိုင္ငံအေတာ္မ်ားမ်ားမွာ ေလာခ့္ေဒါင္းေတြ ကန႔္သတ္ပိတ္ဆို႔မႈေတြ ခ်ထားလို႔ လူမႈေရးအရ ျပႆနာေတြရွိခဲ့သလို ဆႏၵေတြျပခဲ့ပါတယ္။

နယ္သာလန္ႏိုင္ငံမွာဆိုရင္ စေနေန႔က စတင္ခဲ့တဲ့ ကာဖ်ဴးအမိန႔္နဲ႔ပတ္သက္လို႔ အမ္စတာဒမ္ၿမိဳ႕လယ္က ရင္ျပင္တစ္ခုမွာ ရာနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြ စု‌ေဝးခဲ့ၾကခ်ိန္ အာဏာပိုင္ေတြဘက္က မီးသတ္ပိုက္ေတြ၊ ေခြးေတြ အသုံးျပဳၿပီး ဆႏၵျပသူေတြကို လူစုခြဲခဲ့ရတဲ့အထိပါဘဲ။ ၾသစေၾတးလ်မွာဆိုရင္ ႏိုင္ငံသားေထာင္နဲ႔ခ်ီၿပီး ကို႐ိုနာဗိုင္းရပ္စ္ စည္းမ်ဥ္းေတြကိုဖီဆန္ကာ အမ်ိဳးသားေန႔ကို ဆန႔္က်င္ဆႏၵျပခဲ့ၾကပါတယ္။ႏိုင္ငံတစ္၀န္း အဓိကၿမိဳ႕ႀကီးေတြက ဆႏၵျပပြဲေတြမွာ လူေထာင္ခ်ီတက္ခဲ့ၾကလို႔ ႏွစ္ေပါက္လာတဲ့ ကူးစက္ေရာဂါထိန္းခ်ဳပ္ဖို႔ ကန႔္သတ္ခ်က္ေတြက အာဏာပိုင္ေတြအတြက္ မလြယ္ကူတဲ့အေနအထားျဖစ္လာခဲ့ပါတယ္။  

ဒီလို ဗိုင္းရပ္စ္ကို မႏိုင္မနင္းကိုင္တြယ္ေနဆဲမွာ တျခားႏိုင္ငံေရးျပႆနာေတြပါျဖစ္လို႔ အခက္ေတြ႕ေနတာက ႐ုရွားနဲ႔ အိႏၵိယပါ။အိႏၵိယဆိုရင္ အစိုးရရဲ႕ စိုက္ပ်ိဳးေရးဥပေဒ ျပဳျပင္ေျပာင္းလဲမႈေၾကာင့္ ေတာင္သူလယ္သမားေတြ ဆႏၵျပေနတာ အေတာ္ၾကာေနၿပီျဖစ္ရာမွာ အေတာ္ေလးဆိုးလာၿပီး အၾကမ္းဖက္မႈေတြအထိ ျဖစ္လာခဲ့ပါတယ္။ႏွစ္စဥ္ ဇန္နဝါရီ ၂၆ ရက္မွာ က်င္းပေနက် အိႏၵိယသမၼတ ႏိုင္ငံေတာ္ေန႔အခမ္းအနားကို နယူးေဒလီမွာ တင့္ကားေတြ၊ တပ္ဖြဲ႕ေတြ ပါဝင္တဲ့ စစ္ေရးျပပြဲနဲ႔ က်င္းပေလ့ရွိရာမွာ ေတာင္သူလယ္သမားေတြက ဒီပြဲကို အၿပိဳင္ဆင္ႏႊဲဖို႔ အိႏၵိယအလံေတြနဲ႔ အလွဆင္ထားတဲ့ ထြန္စက္အစီးေရ ေထာင္ေပါင္းမ်ားစြာ ေရာက္ရွိလာခဲ့ပါတယ္။

အမ်ိဳးသားေန႔ စစ္ေရးျပအခမ္းအနားတစ္ခု က်င္းပေနစဥ္အတြင္း ထြန္စက္ေတြနဲ႔ လယ္သမားယာဥ္တန္းေတြဟာ ၿမိဳ႕လယ္ေခါင္မွာ စု‌ေဝးဖို႔အတြက္ အတားအဆီးအရံအတားေတြကို တိုက္ဖ်က္ခ်ိဳးေဖာက္ခဲ့ၾကရာမွာ နံပါတ္တုတ္ကိုင္ရဲေတြက တားဆီးႏွိမ္နင္းၿပီး မ်က္ရည္ယိုဓာတ္ေငြ႕ေတြနဲ႔ပစ္ခတ္ခဲ့ရၿပီး လူတစ္ဦးေသဆုံးၿပီး ဒါဇင္နဲ႔ခ်ီ ဒဏ္ရာေတြရခဲ့ပါတယ္။မြမ္ဘိုင္းမွာလည္း ေတာင္သူလယ္သမား အင္အား ၁၀၀၀၀ ခန႔္က ဆႏၵျပခဲ့လို႔ ၿမိဳ႕ရဲ႕အျခားေနရာေတြမွာလည္း လုံၿခဳံ‌ေရးတပ္ေတြနဲ႔ ဆႏၵျပေတာင္သူေတြ ထိပ္တိုက္ေတြ႕  ပဋိပကၡေတြျဖစ္ခဲ့ပါတယ္။သမိုင္းဝင္ခံတပ္နီလို အထင္ကရေနရာမွာေတာ့ လယ္သမားေတြက ရဲအတားအဆီးေတြကို ခ်ိဳးဖ်က္ဝင္ကာ အလံစိုက္ထူခဲ့ပါတယ္။  

ေနာက္ပိုင္းမွာ ဆႏၵျပေတာင္သူလယ္သမားေတြက ဆူပူရမ္းကားၿပီး ဖ်က္ဆီးတာေတြလုပ္ခဲ့ပါတယ္။အာဏာပိုင္ေတြက နယူးေဒလီတစ္ခြင္ရွိ အဓိကလမ္းမႀကီးတစ္ခ်ိဳ႕ကို ပိတ္ထားခဲ့ၿပီး လုံၿခဳံေရးကို တိုးျမႇင့္တင္းက်ပ္ထားခဲ့ရပါတယ္။႐ုရွားဆိုရင္လည္း ဖမ္းဆီးခံ အတိုက္အခံေခါင္းေဆာင္ အလက္ဇီ နာဗယ္ညီ လြတ္ေျမာက္ေရး ေတာင္းဆိုဆႏၵျပပြဲေတြေၾကာင့္ ဆႏၵျပသူေပါင္း ၃,၇၀၀ ေက်ာ္ကို ရဲတပ္ဖြဲ႕က ထိန္းသိမ္းခဲ့ရပါတယ္။

ကပ္ေဘးေတြေၾကာင့္ ဆိုင္းငံ့ထားရတဲ့ ဆႏၵျပပြဲေတြဟာ ယခုရက္သတင္းပတ္အတြင္း ျပန္ေတြ႕လာရသလို ေနာက္ထပ္လည္းျဖစ္လာႏိုင္ေနတာကို ႏိုင္ငံအေတာ္မ်ားမ်ားမွာ ေတြ႕ေနရပါတယ္။ကူးစက္ကပ္ေဘးက မၿပီးေသးသလို ကာကြယ္ေဆးကလည္း အလ်င္မမီေသးတဲ့အတြက္ ဒီလိုဆႏၵျပတာေတြက ကူးစက္မႈကို ပိုအားေကာင္းေစေပမယ့္ အာဏာပိုင္ေတြအေနနဲ႔ ထိန္းခ်ဳပ္ဖို႔ခက္ခဲေနတာကို ေတြ႕ရပါတယ္။ဒီအတြက္ ေနာက္ရက္ေတြမွာ ဘယ္ေလာက္ထိကူးစက္မႈျမင့္ဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမယ္ဆိုတာ ……. ။

မင္းထက္
ဇန္နဝါရီ - ၂၉