【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန် ဖော်ဆောင်တဲ့ ကမ္ဘာ့စစ်ပွဲသစ်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】  အမေရိကန် ဖော်ဆောင်တဲ့ ကမ္ဘာ့စစ်ပွဲသစ်

ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေက စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။အထူးသဖြင့် အမေရိကန်နဲ့ တရုတ်ကြား တစ်ကျော့ပြန် ကုန်သွယ်ရေးစစ်ပွဲ သတင်းက သတင်းတွေအားလုံးထဲ ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။ဒါ့အပြင် အီရန်ကို စစ်ရေးအရ ခြိမ်းခြောက်တဲ့အနေနဲ့ ပင်လယ်ကွေ့ကို အမေရိကန် စစ်သင်္ဘောတွေ လာရောက်တဲ့ သတင်းကလည်း ယခုတစ်ပတ်ရဲ့ စောင့်ကြည့်ရမယ့် သတင်းဖြစ်ခဲ့ပါတယ်။

အဆိုပါသတင်းတွေက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ် က ဗင်နီဇွဲလား ပြည်သူတွေ လွတ်လပ်ရေးပြန်လည်ရရှိသည်အထိ အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလား ပြည်သူများနှင့် တစ်သားတည်း ရပ်တည်သွားမည်လို့ ပြောလိုက်တဲ့ သတင်း၊ အိန္ဒိယနဲ့ ပြင်သစ် နှစ်နိုင်ငံရေတပ်တွေကြား စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တဲ့ သတင်း၊ မက္ကဆီကို မြောက်ပိုင်း တောင်တန်းဒေသမှာ လေယာဉ်ပျက်ကျလို့ လေယာဉ်ပေါ် ပါလာသူ ၁၃ ဦးစလုံး သေဆုံးသွားတဲ့ သတင်း၊ဘန်ကောက်မြို့ရှိ ဘမ်ရွန်ဂရက် နိုင်ငံတကာဆေးရုံမှာ ကင်ဆာလူနာတစ်ဦးကို သွေးသွင်းရာကနေ HIV ပိုး ကူးစက်ခံရတဲ့ သတင်း၊ ထိုင်းဘုရင်ကို ရိုင်းပျစော်ကားမှုနဲ့ ထောင်ချခံထားရသူကို တော်ဝင်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ သတင်း၊ လူမှောင်ခို ကူးမှုနဲ့ တရုတ်နိုင်ငံသား ရှစ်ဦးကို ပါကစ္စတန် အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ သတင်းနဲ့ ပြည်ပထွက်ပြေးသွားတဲ့ ဗင်နီဇွဲလား လျှို့ဝှက်ထောက်လှမ်းရေး အကြီးအကဲဟောင်းကို CIAမွေးထားတဲ့ အေးဂျင့်လို့ ဗင်နီဇွဲလား သမ္မတက စွပ်စွဲလိုက်တဲ့ သတင်းတွေကြားထဲ စောင့်ကြည့်စရာ သတင်းထူးတွေ ဖြစ်ခဲ့ပါတယ်။

အလဲအကွဲထိုးဖို့ တရုတ်နဲ့ အမေရိကန် ပြင်ဆင်နေပြီလား

အမေရိကန်ပြည်ထောင်စုကို တရုတ်ပြည်က တင်ပို့နေတဲ့ ကန်ဒေါ်လာ ဘီလီယံ ၂ဝဝ ဖိုး တန်ဖိုးရှိ တရုတ်ကုန်စည်ပစ္စည်း သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း အမေရိကန်ဘက်က ထပ်တိုးကောက်သွားမယ်လို့  သမ္မတ ဒေါ်နယ်ထရမ့် က မေလ ၅ ရက်မှာ ကြေညာခဲ့ပါတယ်။ဒီလို ယခုလို ဆိုင်းမဆင့်ဗုံမဆင့် ထုတ်ပြန်လိုက်ရတာဟာ ထရမ့် က နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးမှုတွေ တိုးတက်မှု အရမ်းနှေးနေလို့ဆိုတဲ့ အကြောင်းပြချက် ပေးခဲ့ပါတယ်။

ဒါဟာ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲ တစ်ဖန်ပြန်စလာခြင်းပါဘဲ။ထရမ့် ဘက်က ရုတ်တရက် ဒီလိုအခွန်တိုးကောက်လိုက်တဲ့အတွက် မေ ၆ ရက်မှာ နိုင်ငံတကာ အစုရှယ်ယာဈေးနှုန်းတွေ ငါးရာခိုင်နူန်းကျော်အထိ ကျဆင်းသွားခဲ့ပါတယ်။

စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်အငြင်းပွားမှုကို ပြေငြိမ်းစေဖို့  အကြိတ်အနယ် ဆွေးနွေးနေစဉ်မှာ အမေရိကန်ရဲ့ လုပ်ဆောင်ချက်က တရုတ်အပေါ် ဖိအားပိုစေပါတယ်။လက်ရှိမှာဘဲ တရုတ်ဘက်မှာ ကုန်သွယ်ရေးစစ်ပွဲကြောင့် ဘဏ္ဍာရေးရည်မှန်းချက်တွေကို ပြင်ဆင်ခဲ့ရသလို ပြည်တွင်းလုပ်ငန်းရှင်တွေကို အမေရိကန်ဘက်က အခွန်တိုးကောက်မှုတွေကနေ သက်သာအောင် အခွန်လျှော့ပေါ့ သတ်မှတ်မှုတွေကို မကြာခင်ကမှ လုပ်ဆောင်ထားရတာပါ။

တရုတ်ဘက်ကတော့  ဒီလိုချမှတ်မှုကို လက်တုံ့ပြန်မယ်လို့ ဆိုပါတယ်။ဒီလိုလက်တုံ့ပြန်မယ်လို့ တရုတ်ဘက်က ထုတ်ပြန်ပြီးနောက် အမေရိကန်သမ္မတ ထရမ့် က ဒီလိုလုပ်ရတာဟာ တရုတ်ဘက်က ကုန်သွယ်ရေးဆွေးနွေးပွဲတွေမှာ ရရှိထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်လို့ လုပ်ရတာလို့ စွပ်စွဲခဲ့ပါတယ်။ဒါကို တရုတ်ဘက်ကငြင်းခဲ့ပြီး သဘောတူညီထားတဲ့ ကတိကဝတ်တွေကို ဆက်လက်တည်ထားဆဲဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ဒီအကျိုးဆက်ကနေ အမေရိကန်နဲ့ ဥရောပကနေ တင်သွင်းတဲ့ နေအိမ်များတွင် အသုံးပြုတဲ့ စတီးသထ္ထုစပ် ပိုက်များတွင် အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ ပါဝင်ခြင်း ရှိ၊ မရှိ နောက်ဆုံးအဆင့် စစ်ဆေးခြင်းကို မေ ၁၀ ရက်မှာ စတင်လုပ်ဆောင်ကာ ၂၀၂၀ ပြည့်နှစ် မေ ၉ ရက်မှာ ပြီးစီးလိမ့်မယ်လို့ တရုတ်ဘက်က ကြေညာခဲ့ပါတယ်။

အမေရိကန်ဘက်က ခုလို ဖိအားတွေ ပေးလာခဲ့ပေမယ့် တရုတ်ဘက်ကတော့ ကုန်သွယ်ရေးဆွေးနွေးမှု လုပ်ဖို့အတွက် ဝါရှင်တန်ကို တရုတ်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲဟာ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်ခဲ့ပြီး စီးပွားရေးအဖွဲ့အစည်းတွေနဲ့ စားသုံးသူတွေအကြား မရေရာမှုတွေ ကြုံတွေ့ရမှာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ စီးပွားရေးအပေါ် သက်ရောက်မှု မများနိုင်ဘူးလို့  ဆိုပေမယ့် အမေရိကန်ကုမ္ပဏီတွေအနေနဲ့  ကုန်ကျစရိတ်တွေ ပိုကျလာမှာ ဖြစ်ပါတယ်။တရုတ်ဘက်ကလည်း ခန့်မှန်းရခက်တဲ့ ထရမ့် ဗျူဟာတွေအတွက် ကြိုပြင်ဆင်ထားတဲ့အတွက် ဒီပြဿနာဟာ ကမ္ဘာ့စီးပွားရေးမှာ အဆိုးဆုံးထိခိုက်လာဖွယ် ရှိနေပါတယ်။

တစ်ဖက်မှာ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး တရုတ်အပေါ် အမေရိကန်ဘက်က ဖိအားတွေပေးနေသလို စစ်ရေးမှာလည်း ဖိအားပေးနေတာတွေ ရှိနေပါတယ်။မေ ၆ ရက်က တောင်တရုတ်ပင်လယ်ပြင်တွင်းက အငြင်းပွား ကျွန်းစုတွေအနီးကို အမေရိကန် စစ်သင်္ဘောနှစ်စင်း တရုတ်ဘက်ကို ခွင့်မတောင်းဘဲ ဝင်ရောက်ဖြတ်သန်းခဲ့လို့ တရုတ်ရေတပ်က မောင်းထုတ်ခဲ့ရပါတယ်။ဒါဟာ အမေရိကန်က တရုတ်စစ်အင်အားကို သွေးတိုးစမ်းတာဖြစ်သလို  တရုတ်ဘက်ကလည်း နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာလို့ ယူဆထားပါတယ်။

အမေရိကန်အနေနဲ့ စီးပွားရေးနဲ့ စစ်အင်အားမှာပါ အင်အားကြီးလာတဲ့ တရုတ်ကို ဟန့်တားဖို့အတွက် တရုတ်စီးပွားရေးကို ကမောက်ကမဖြစ်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားပုံရပါတယ်။ကမ္ဘာ့ဖြစ်စဉ်တွေမှာ စီးပွားရေးတိုးတက်မှု ရပ်တန့်သွားရင်၊ စီးပွားရေးမတည်ငြိမ်ရင် နိုင်ငံတည်ငြိမ်ဖို့ပါ ခက်ခဲတတ်တဲ့ အစဉ်အလာရှိတဲ့အတွက် အမေရိကန်ရဲ့ လုပ်ဆောင်ချက်က အလုပ် ဖြစ်၊ မဖြစ် စောင့်ကြည့်ရဦးမှာပါ။

ဒီသတင်းက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ စိတ်ဝင်စားစရာ သတင်းတွေဖြစ်တဲ့ ပါကစ္စတန် အနောက်တောင်ပိုင်းက ဘလူချီစ္စတန်ပြည်နယ်မှာ သေနတ်သမားတွေက တရုတ်အလုပ်သမားတွေ အများစုနေထိုင်တဲ့ ဟိုတယ်ထဲ ဝင်ရောက်သတိပေး သတ်ဖြတ်ခဲ့တဲ့ သတင်း။သိရီလင်္ကာ အီစတာဗုံးကွဲမှု ဖြစ်စဉ်မှာ ကျူးလွန်သူနေတဲ့ ပြည်နယ်ထဲမှာ ၁၀ ဧကရှိတဲ့ အစ္စလာမ်မစ် စစ်သွေးကြွစခန်းတစ်ခုကို ရဲတပ်ဖွဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ သတင်း၊ အင်ဒိုနီးရှား ရေပိုင်နက်ထဲ ဖမ်းမိတဲ့  ပြည်ပငါးဖမ်းလှေတွေကို ဖျက်ဆီးလိုက်တဲ့ သတင်း၊ ဘရူနိုင်းမှာ လိင်တူစုံမက်သူတွေကို သေဒဏ်ပေးတဲ့ အစ္စလာမ် ဥပဒေသစ်ကို အပြီးဖျက်ပေးဖို့ တောင်းဆိုရန် လူ့အခွင့်အရေးအဖွဲ့တွေက နိုင်ငံတကာကို တိုက်တွန်းလိုက်တဲ့ သတင်း၊ ဧပြီ  ၃၀ ရက် အာဏာသိမ်းဖြစ်စဉ်မှာ အနည်းဆုံး ငါးဦးသေဆုံးခဲ့ပြီး ၂၃၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဗင်နီဇွဲလား ရှေ့နေချုပ်က ပြောဆိုခဲ့တဲ့ သတင်း၊   ဖိလစ်ပိုင်ရေတပ်က Augusta Westland AW 159 ရေငုပ်သင်္ဘောဖျက် ရဟတ်ယာဉ် အသစ်နှစ်စင်းကို ဝယ်ယူလိုက်တဲ့ သတင်း၊ ဗင်နီဇွဲလားထောက်လှမ်းရေးတွေ ဖမ်းဆီးထားတဲ့  အတိုက်အခံခေါင်းဆောင် ဂျူအန်ဂိုဒို၏ လက်ထောက်ဖြစ်သူကို လွှတ်မပေးရင် နောက်ဆက်တွဲရလဒ်တွေ ကြုံတွေ့ရလိမ့်မယ်လို့ အမေရိကန်အစိုးရက သတိပေးလိုက်တဲ့ သတင်းတွေထဲ စောင့်ကြည့်ရမယ့် သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ပျက်သုန်းတော့မည့် မျိုးစိတ်တစ်သန်းနဲ့ ဆိုးဝါးတဲ့ လေယာဉ်မီးလောင်မှု

မေ ၅ ရက်က ရုရှားနိုင်ငံ မော်စကိုက Sheremetyevo အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ပျံတက်သွားတဲ့ ခရီးသည်တင် လေယာဉ်တစ်စင်းဟာ ပျံတက်ပြီး မကြာခင်မှာ အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရပါတယ်။လေဆိပ်ပြေးလမ်းကို ဆင်းသက်လာစဉ် လေယာဉ်နောက်ပိုင်းမှာ မီးထလောင်ပြီး မီးခိုးတွေနဲ့ ပေါက်ကွဲလောင်နေတာကို အွန်လိုင်းပေါ် တက်လာတဲ့ ဗီဒီယိုဖိုင်တွေမှာ မြင်တွေ့ရပါတယ်။ဒီဖြစ်စဉ်ဟာ မကြာသေးခင်က အီသီယိုပီးယားက လေယာဉ်ပျက်ကျလို့ ကမ္ဘာတလွှားက ဘိုရင်းထုတ် လေယာဉ်တွေအပေါ် ကြောင့်ကြမှုတွေ ရှိခဲ့ပါတယ်။ယခုဖြစ်တဲ့ လေယာဉ်က ရုရှားထုတ် Sukhoi Superjet 100 ဖြစ်ပြီး Aeroflot လေကြောင်းလိုင်းမှာ ပြေးဆွဲနေတာပါ။လေယာဉ်ပေါ်ပါတဲ့ ၇၈ ဦးအနက် ၄၁ ဦး မီးလောင်ပြီး သေဆုံးခဲ့ပါတယ်။ဒီထဲ ကလေးနှစ်ဦး ပါခဲ့ပါတယ်။

လေကြောင်းလိုင်း ထုတ်ပြန်မှုထဲမှာ လေယာဉ်အင်ဂျင် မီးလောင်မှုဖြစ်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ လေယာဉ်ဆီကို လိုတာထက် ပိုဖြည့်ခဲ့တဲ့အတွက် လေယာဉ်က ဗုံးတစ်လုံးလိုဖြစ်နေလို့ ပြန်လှည့်ဆင်းရာကနေ ယခုလိုကြုံရတာလို့ ဆိုပါတယ်။ဒါပေမယ့် နောက်ပိုင်းမှာ လေယာဉ်မီးလောင်တဲ့ ဖြစ်စဉ်က လွတ်လာတဲ့ ခရီးသည်တစ်ဦးက ယခုလိုဖြစ်ရတာ လေယာဉ်ကို မိုးကြိုးပစ်လို့ဆိုတဲ့ သတင်းတွေလဲ ထွက်ပေါ်ခဲ့ပါတယ်။ရုရှားအာဏာပိုင်တွေဘက်က ဒီဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးဖို့နဲ့ ဘာကြောင့် လေယာဉ်အရေးပေါ် ဆင်းသက်ရလဲ ဆိုတာကို စုံစမ်းစစ်ဆေးဖို့ ရုရှားသမ္မတနဲ့ ဝန်ကြီးချုပ်ကိုယ်တိုင် ညွှန်ကြားခဲ့ပါတယ်။

ရုရှားမှာ လေယာဉ်ပေါက်ကွဲ မီးလောင်တဲ့ သတင်းလိုဘဲ နောက်ထပ် လူအသေအပျောက်များတဲ့ သတင်းတစ်ခုက အာဖရိကတိုက်က နိုင်ဂျာနိုင်ငံမှာ ဖြစ်ခဲ့တာပါ။အနောက်အာဖရိက ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နိုင်ဂျာနိုင်ငံဟာ အိမ်နီးချင်း နိုင်ဂျီးရီးယားကနေ ဆီမှောင်ခိုကုန်ကူးတဲ့ ဆီတင်ကားတစ်စီး မေ ၅ ရက်က တိမ်းမှောက်ခဲ့ပါတယ်။မြို့တော် နီယာမေးမှာဖြစ်တဲ့ ဆီတင်ကား တိမ်းမှောက်မှုမှာ အနီးနားရှိ ဒေသခံတွေက ဆီလာယူခပ်ကြတဲ့ အချိန်ပေါက်ကွဲမှုဖြစ်ခဲ့ရာမှာ ၅၅ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရခဲ့ပါတယ်။အနီးနားက အိမ်တွေလည်း မီးကူးစက်လောင်ကျွမ်းကာ ပျက်စီးခဲ့ပါတယ်။ဒီမတော်တဆမှုဟာ ပြီးခဲ့တဲ့နှစ်က နိုင်ဂျီးရီးယားမှာ ဖြစ်ခဲ့တဲ့ လူအသေအပျောက်များတဲ့ ဆီတင်ကား တိမ်းမှောက်မှု သတင်းလိုပါဘဲ။ဆင်းရဲမွဲတေမှုကြောင့် ဖြစ်ရတဲ့ သေဆုံးမှုတွေက တားဆီးဖို့ ခက်ခဲနေတာကို ယခုဖြစ်ရပ်က သိသာနိုင်ပါတယ်။

ဒီလိုအသေအပျောက်များတဲ့ မတော်တဆမှုတွေနဲ့ လုံးထွေးနေဆဲမှာပဲ ကမ္ဘာပေါ်က သက်ရှိမျိုးစိတ်တွေ ကွယ်ပျောက်တာ ကြောက်စရာ လန့်စရာကောင်းတဲ့ အခြေအနေကို ရောက်နေပါတယ်။ဒီတစ်ပတ်ထဲ ထုတ်ပြန်ခဲ့တဲ့ ဇီဝမျိုးကွဲနှင့် ဂေဟစနစ်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုရဲ့ ထုတ်ပြန်ချက်မှာ သတ္တဝါနှင့် အပင်မျိုးစိတ်ပေါင်း တစ်သန်းခန့်ဟာ ယခင်ထက် ၁ဝ ဆ သို့မဟုတ် အဆ ၁ဝဝ ကျော် မြန်တဲ့နှုန်းနဲ့ ပျက်သုဉ်းနေပြီလို့ ထုြတ်ပန်ခဲ့ပါတယ်။ဒီအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်မှာ မြေပြင်ပေါ်ရှိ သန်းဝက်ကျော်သော မျိုးစိတ်များအတွက် ရှင်သန်ကျက်စားစရာ နေရာမရှိတော့ဘဲ အချို့မှာ လာမည့် ဆယ်စုနှစ်အတွင်း ကမ္ဘာမြေပေါ်မှ လုံးဝပျောက်ကွယ် သွားရတော့မှာလို့ ဆိုပါတယ်။ဒီအခြေအနေကနေ ကျော်ဖြတ်ဖို့ လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံကို စွမ်းအင်သုံးစွဲမှု ပုံစံကို ပြောင်းရမယ့်လို့ ဆိုခဲ့ပါတယ်။ဒါဟာ သတိထားစရာဖြစ်သလို အပူချိန်တိုးလာတဲ့ ကမ္ဘာရဲ့တိုးလာတဲ့ အပူချိန်ဟာ လက်ရှိဂေဟစနစ် ဘယ်လောက်ပျက်စီးနေပြီလဲဆိုတာကို ပြနေခဲ့ပါတယ်။မဖြစ်မနေလုပ်ရမယ့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရမယ့် သတင်းတွေနဲ့ လူသားတွေ နေထိုင်မှုအတွက် အထောက်အကူပြုနေတဲ့ မျိုးစိတ်တွေ ကွယ်ပျောက်နိုင်ဘေးက လူသားတွေ ရပ်တည်မှုအတွက်ပါ ထိခို်က်နိုင်တဲ့ အခြေအနေပါ။

ဒီသဘာဝဘေးသတင်းက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်က ဆီနာဘောင် မီးတောင် မေ ၇ ရက်က ပေါက်ကွဲခဲ့တဲ့ သတင်း၊ အာဖရိက အနောက်မြောက်ပိုင်းမှာ အီဘိုလာရောဂါ ဖြစ်ပွားမှုကြောင့် လေးနှစ်အတွင်း လူတစ်သောင်းကျော် သေဆုံးခဲ့တဲ့ သတင်း၊ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ယန်ဘိုင်ပြည်နယ်မှာ အာဖရိက ဝက်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားနေလို့ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ကြီးက သတိပေးချက် ထုတ်ပြန်ထားရတဲ့ သတင်း၊ စင်ကာပူနိုင်ငံကို ရောက်လာတဲ့  နိုင်ဂျီးရီးယား နိုင်ငံသားတစ်ဦးထံကနေ ရှားပါး မျောက်ကျောက်ရောဂါပိုး ကူးစက်ခံရတာ တွေ့ရှိခဲ့တဲ့ သတင်း၊ ၃၈ နှစ်အတွင်း ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားနူန်း ဦးရေ ကျဆင်းလာတဲ့ သတင်း၊ ထိုင်းပင်လယ်အော်တွင် သန္တာကျောက်တန်းများနှင့် ရေနေသတ္တဝါများ အပြည့်အဝ ပြန်လည်ရှင်သန်လာစေရေးအတွက် ၂၀၂၁ နှစ်အထိ နောက်ထပ် ၂ နှစ် ထပ်မံတိုးမြှင့် ပိတ်ပင်ထားမယ့် သတင်းတွေနဲ့လည်း ဆက်စပ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အမေရိကန်မွှေးတဲ့  အီရန်မီး

ထရမ့် အမေရိကန်သမ္မတအဖြစ် တက်လာကတည်းက အမေရိကန်ရဲ့ ပြည်ပရေးရာပေါ်လစီက မငြိမ်သက်ခဲ့ဘူးလို့ ထင်စရာပါ။ဒါပေမယ့် နိုင်ငံတကာသုံးသပ်သူတွေကတော့ ထရမ့် အနေနဲ့ အမေရိကန်ကို ကလန်ကဆန်လုပ်နေတဲ့ အာရှက မြောက်ကိုရီးယား၊ အီရန်နဲ့ တရုတ်၊ ဥရောပက တူရကီ စတဲ့ နိုင်ငံတွေကို အမြစ်ဖြတ်ဖို့ လုပ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကျောင်းတော်ကရန်စ ရှိခဲ့တဲ့ အီရန်အပေါ်မှာ အမေရိကန်အနေနဲ့ ကာလရှည် သံတမန်စစ်ပွဲ၊ စီးပွားရေးစစ်ပွဲ၊ မြေပြင်စစ်ပွဲတွေကို အသွင်အမျိုးမျိုးနဲ့ ၁၉၇၉ အီရန် ရှားဘုရင်ြ ဖြုတ်ချခံခဲ့ရပြီးကတည်းက ဆင်နွှဲနေခဲ့တာပါ။ပြီးခဲ့တဲ့ မေလအစောပိုင်းက အီရန်စစ်တပ်ဖြစ်တဲ့ တော်လှန်ရေး အစောင့်တပ်ကို အမေရိကန်ဘက်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကာ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို အရေးယူဖို့ပြင်ခဲ့သလို အဆိုပါတော်လှန်ရေးတပ်က ထိပ်ပိုင်းတာဝန်ယူသူတွေကို ပစ်မှတ်ထား ကန့်သတ်မှုတွေ ပြုခဲ့ပါတယ်။

ယခုနှစ်ပိုင်းများထဲ အာရှအလယ်ပိုင်းမှာ အီရန်၏ သြဇာအာဏာ လွှမ်းမိုးမှုက တက်လာသလို ဒေသတွင်းရှိ ဆီးရီးယား၊ ယီမင်နဲ့ လက်ဘနွန် စတဲ့ နိုင်ငံများရှိ စစ်သွေးကြွ အစ္စလာမ်အဖွဲ့တွေကို ကျောထောက်နောက်ခံ ပေးနေတဲ့အတွက် အီရန်ကို ထိန်းဖို့ဆိုတာ အမေရိကန်အနေနဲ့ အရှေ့အလယ်ပိုင်းမှာ ထိပ်တန်းဦးစားပေးကိစ္စ ဖြစ်လာပုံရပါတယ်။အီရန်၏ လွှမ်းမိုးမှုကို လျှော့ချရန် ကြိုးပမ်းနေကြတဲ့ အရှေ့အလယ်ပိုင်းဒေသက  အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဆော်ဒီအာရေဗျနှင့် အစ္စရေးတို့ကလည်း မဟာရန်သူ အီရန်အပေါ် ဖိအားပေးဖို့ ကတိပြုထားကြပါတယ်။

ဒီအခြေအနေမှာ အမေရိကန်က အီရန်ရဲ့ အသက်သွေးကြော ရေနံထုတ်လုပ်မှုကို ထိန်းချုပ်ဖို့ ရေနံတင်သွင်းတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို ကန့်သတ်အရေးယူမယ် ကြေညာခဲ့တဲ့အတွက် အီရန်အဖို့ ပြန်လည်တုံ့ပြန်မှုတွေ လုပ်လာခဲ့ပါတယ်။အီရန်က ယူရေနီယံ သန့်စင်မှုတွေကို ပြန်လုပ်မယ်လို့ ကြေညာသလို အမေရိကန်ဘက်က ပိတ်ဆို့မှုကို မကာကွယ်ပေးရင် နူကလီးယားလက်နက် လုပ်နိုင်တဲ့ အဆင့်မြင့် ယူရေနီယံ သန့်စင်မှုတွေလုပ်မယ်လို့ အီရန်သမ္မတက ပြောခဲ့ပါတယ်။ဒီနောက်မှာ အမေရိကန်က အီရန်ရဲ့ တိုက်ခိုက်နိုင်ခြေ နီးလာတဲ့အတွက် အီရန် အနီးနား ပင်လယ်ကွေ့အထိ အမေရိကန် လေယာဉ်တင် တိုက်ခိုက်ရေးသင်္ဘောအုပ်စုနဲ့ ဗုံးကြဲလေယာဉ်တွေကို ရွှေ့ပြောင်းနေရာချထားခဲ့ပါတယ်။ဒါ့အပြင် အီရန်နိုင်ငံက တင်ပို့လေ့ရှိတဲ့ သတ္တုပစ္စည်းတွေကိုလည်း ပိတ်ဆို့မှု အသစ်ပြုလုပ်ခဲ့ပါတယ်။

ယခုပိတ်ဆို့မှုအသစ်တွေကို အမေရိကန်က မကြေညာခင်မှာပဲ အီရန်က သူတို့ နျူကလီးယား စီမံကိန်းအတွက် ဆောင်ရွက်ချက်တွေကို ရပ်ထားပေမယ့်လည်း အကယ်၍ အမေရိကန်က ပိတ်ဆို့မှုတွေကို မရပ်ပေးဘူးဆိုရင် မမျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာမယ်လို့ ခြိမ်းခြောက်ထားပါတယ်။အီရန်ရှိ ဟော်မုခ်ဇ် ရေလက်ကြားထဲ အမေရိကန် လေယာဉ်တင်သင်္ဘောတွေ တိုးကပ်လာပါပြီ။အမေရိကန် USS Abraham Lincoln လေယာဉ်တင်သင်္ဘောဟာ စူးအက်တူးမြောင်းကို မေ ၉ ရက်မှာ ဖြတ်သန်းသွားခဲ့ပါတယ်။အီရန်ဘက်က တစ်ချက်မှားတာနဲ့ ရီပတ်ဘလီကန်သမ္မတ အုပ်စိုးတဲ့ အမေရိကန်အတွက် လက်သွက်ခြေသွက် စစ်ပွဲတစ်ခုကို ဖန်တီးဖို့ အသင့်ဖြစ်နေပါပြီ။
အီရန်နိုင်ငံထဲမှာလည်း စီးပွားရေပိတ်ဆို့မှုကြောင့် ကုန်ဈေးနူန်းတက်လာမှုဖြစ်တဲ့ ဆန္ဒပြမှုတွေက တစ်ဖန်ပြန်ပေါ်လာစရာ ရှိနေပါတယ်။

တရွေ့ရွေ့ အနားကပ်လာတဲ့ အမေရိကန်တပ်တွေနဲ့ စီးပွားရေးပိတ်ဆို့မှု ဖိအားတွေကြောင့်  အီရန် ဘယ်လို ဒီအခက်အခဲ အကြပ်အတည်းကနေ ဘယ်လိုရုန်းထွက်မလဲ၊ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ နိုင်ငံတကာက သတိထားစောင့်ကြည့်နေရပါပြီ။အီရန်နောက်မှာ ရုရှား ရှိနေတဲ့အတွက် ဒီစစ်ပွဲသာဖြစ်လာရင် ဘယ်လောက်ထိ ကြီးမားလာနိုင်သလဲဆိုတာ မတွေးဝံ့စရာပါ။

ဒီသတင်းက ယခုတစ်ပတ် သတင်းတွေထဲက ဂါဇာကမ်းမြောင်ဒေသမှာ အစ္စလာမ္မစ် စစ်သွေးကြွအုပ်စုဖြစ်တဲ့ ဟားမားစ်နှင့် အစ္စရေးတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရသွားတဲ့ သတင်း၊ အမေရိကန်နှင့် တာလီဘန် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ  နိုင်ငံခြားတပ်တွေ ရုပ်သိမ်းမည့်အချိန် မသတ်မှတ်နိုင်သေးတဲ့ သတင်း၊ ဘာသာရေး စော်ကားမှုနဲ့ သေဒဏ်ကျခံနေရတဲ့ ခရစ်ယာန်အမျိုးသမီး ပါကစ္စတန်နိုင်ငံကနေ ထွက်ခွာခွင့်ရခဲ့တဲ့ သတင်း၊ ပါကစ္စတန်ရဲ့ သက်တမ်းအရှည်ဆုံးနဲ့ အထင်ရှားဆုံး ဆူဖီဗိမာန်တွေမှာ ပေါက်ကွဲမှုဖြစ်လို့  သုံးဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရတဲ့ သတင်း၊ ဆိုမာလီယာမှာ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ISIL တိုက်ခိုက်ရေးသမား ၁၃ ဦး သေဆုံးတဲ့ သတင်း၊ ပြင်သစ်လေကြောင်းလိုင်း Air France ရဲ့ လေယာဉ်တစ်စင်း ပါရီသို့ ပျံသန်းစဉ် လမ်းမှာ စက်ချို့ယွင်းမှုဖြစ်လို့ အီရန်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ သတင်းတွေထဲမှာ  အထူးစောင့်ကြည့်ရမယ့် သတင်းဖြစ်ခဲ့ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယား

ထရမ့် လက်ထက်မှာ မြောက်ကိုရီးယားနဲ့ဆ က်ဆံရေးက နီးစပ်လာမယောင်နဲ့ ပိုပြီးတင်းမာလာခဲ့ပါတယ်။မေ ၉ ရက်ကတော့ မြောက်ကိုရီးယားဘက်ကနေ ဒုတိယမြောက် တာတိုပစ်ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့ပါတယ်။ပထမအကြိမ်အဖြစ် မေ ၄ ရက်နေ့က တာတိုပစ် ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပါသေးတယ်။တစ်ပတ်အတွင်း ဒုတိယအကြိမ် ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ နိုင်ငံအနောက်ပိုင်း ကူဆောင်ဒေသမှ အရှေ့ဘက်သို့ ပစ်လွှတ်ခြင်းဖြစ်ကာ အမြင့် ကီလို ၅၀ ကနေ အကွာအဝေး ၄၂၀ ကီလိုမီတာနဲ့ ၂၇၀ ကီလိုမီတာ အသီးသီးရောက်ပြီး ပင်လယ်ထဲကို ကျဆင်းသွားပါတယ်။

စမ်းသပ်ပစ်လွှတ်တာဖြစ်ပေမယ့် မြောက်ကိုရီးယားရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း သူလိုချင်တာရဖို့ ခြိမ်းခြောက်တာပဲ ဖြစ်ပါတယ်။ဒီလို မြောက်ကိုရီးယားဘက်က  ဒုံးကျည်တွေ ပစ်လွှတ်တဲ့အပေါ် တောင်ကိုရီးယား သမ္မတကတော့ ဒါဟာ ဖေဖော်ဝါရီလအတွင်းက ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ ဖြေလျှော့ပေးဖို့ မြောက်ကိုရီးယားက တောင်းဆိုတာကို သမ္မတ ထရမ့် က ငြင်းဆိုခဲ့တာကို မကျေနပ်လို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန်ဘက်ကတော့ ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ပေးဖို့ အရိပ်အယောင်မပြသေးသလို ကျောက်မီးသွေးတွေ တရားမဝင်တင်လာတဲ့ မြောက်ကိုရီးယား ကုန်တင်သင်္ဘော တစ်စင်းကိုတောင် ဖမ်းဆီးခဲ့ပါတယ်။မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ကတော့ အမရေိကန်ဘက်ကနေ မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစ်စီးကို သိမ်းယူကြောင်း ကြေညာချက် ထွက်ပြီးနောက် ၎င်း၏စစ်တပ်ကို တိုက်ခိုက်ရေးစွမ်းပကား တိုးမြှင့်ရန် ညွှန်ကြားခဲ့ပါတယ်။ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားတို့အတွက်ကတော့ ဒါဟာ စိတ်ပျက်စရာ အခြေအနေပါ။မြောက်ကိုရီးယားအနေနဲ့ စားနပ်ရိက္ခာ အခက်အခဲနဲ့ လောင်စာအခက်အခဲလည်း ကြုံနေရတဲ့အတွက် အမေရိကန် ပိတ်ဆို့မှုက အထိနာစေပါတယ်။ဒီအတွက် ပြေလျော့မှုရဖို့ ထရမ့် နဲ့ တွေ့ဖို့က လိုအပ်နေပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်အစဉ်အဆက် လက်နက်ပြပြီး လိုချင်တာ ယူခဲ့ကြတဲ့အတွက် ဒီပြဿနာကို ဖြေရှင်းဖို့ မြောက်ကိုရီးယားဘက်ကနေ နောက်ထပ် ဒုံးကျည်ပစ်လွှတ်တာတွေ၊ နျူကလီးယား စမ်းသပ်တာတွေ ထပ်မြင်တွေ့ရဖို့ အလားအလာ များနေပါတယ်။ဒီအတွက် မြောက်ကိုရီးယားဘက်က ဘာတွေလုပ်လာမလဲ၊ အီရန်-တရုတ်နဲ့ စစ်မျက်နှာဖွင့်နေရတဲ့ အမေရိကန်အတွက် မြောက်ကိုရီးယား ပြဿနာကို ခဏတာ ချွေးသိပ်မလားဆိုတာ စောင့်ကြည့်စရာပါ။

ဒီသတင်းက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ ထိုင်းအထွေထွေရွေးကောက်ပွဲမှာ Pheu Thai ပါတီက အနိုင်ရရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာလိုက်တဲ့ သတင်း၊ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် နဲ့ မိသားစုဆီက သိမ်းဆည်းထားတဲ့ ငွေကြေးပစ္စည်းတွေကို နိုင်ငံအတွက် နစ်နာကြေးအဖြစ် ရယူလိုကြောင်း ဗဟိုတရားရုံးမှာ လျှောက်ထားတဲ့ သတင်း၊ သတင်းမှား ဖြန့်ချီမှုကို အရေးယူမယ့် ဥပဒေအသစ်ကို အတည်ပြုလိုက်တဲ့ သတင်း၊ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်က အထက်တန်းကျောင်း တစ်ကျောင်းမှာ ပစ်ခတ်မှုဖြစ်လို့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦး သေဆုံးခဲ့တဲ့ သတင်း၊ အာရှနှင့် အာဖရိက ကမ္ဘာတစ်လွှားတွင် ပဋိပက္ခနဲ့ အခြားသော အငြင်းပွားမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် နေရပ်စွန့်ခွာ ဒုက္ခသည်ပေါင်း ၄၁ သန်းခန့်ရှိတဲ့ သတင်း၊ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် သည် အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ် ပက်ထရစ်ရှာနာဟန် ကို အမည်စာရင်း တင်သွင်းခဲ့တဲ့ သတင်းတွေနဲ့အတူ စိတ်ဝင်တစား စောင့်ကြည့်စရာ သတင်းတစ်ပုဒ် ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်နားလိုက်ချင်ပါတယ်။

မင်းထက်
မေ - ၁၃

( Zawgyi )

ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ ႏိုင္ငံတကာသတင္းေတြက စိတ္ဝင္စားစရာေကာင္းခဲ့ပါတယ္။အထူးသျဖင့္ အေမရိကန္နဲ႔ တ႐ုတ္ၾကား တစ္ေက်ာ့ျပန္ ကုန္သြယ္ေရးစစ္ပြဲ သတင္းက သတင္းေတြအားလုံးထဲ ထိပ္တန္းသတင္း ျဖစ္ခဲ့ပါတယ္။ဒါ့အျပင္ အီရန္ကို စစ္ေရးအရ ၿခိမ္းေျခာက္တဲ့အေနနဲ႔ ပင္လယ္ေကြ႕ကို အေမရိကန္ စစ္သေဘၤာေတြ လာေရာက္တဲ့ သတင္းကလည္း ယခုတစ္ပတ္ရဲ႕ ေစာင့္ၾကည့္ရမယ့္ သတင္းျဖစ္ခဲ့ပါတယ္။

အဆိုပါသတင္းေတြက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ အေမရိကန္ ဒုတိယသမၼတ မိုက္ပန႔္စ္ က ဗင္နီဇြဲလား ျပည္သူေတြ လြတ္လပ္ေရးျပန္လည္ရရွိသည္အထိ အေမရိကန္ျပည္ေထာင္စုသည္ ဗင္နီဇြဲလား ျပည္သူမ်ားႏွင့္ တစ္သားတည္း ရပ္တည္သြားမည္လို႔ ေျပာလိုက္တဲ့ သတင္း၊ အိႏၵိယနဲ႔ ျပင္သစ္ ႏွစ္ႏိုင္ငံေရတပ္ေတြၾကား စစ္ေရးေလ့က်င့္မႈ ျပဳလုပ္ခဲ့တဲ့ သတင္း၊ မကၠဆီကို ေျမာက္ပိုင္း ေတာင္တန္းေဒသမွာ ေလယာဥ္ပ်က္က်လို႔ ေလယာဥ္ေပၚ ပါလာသူ ၁၃ ဦးစလုံး ေသဆုံးသြားတဲ့ သတင္း၊ဘန္ေကာက္ၿမိဳ႕ရွိ ဘမ္႐ြန္ဂရက္ ႏိုင္ငံတကာေဆး႐ုံမွာ ကင္ဆာလူနာတစ္ဦးကို ေသြးသြင္းရာကေန HIV ပိုး ကူးစက္ခံရတဲ့ သတင္း၊ ထိုင္းဘုရင္ကို ႐ိုင္းပ်ေစာ္ကားမႈနဲ႔ ေထာင္ခ်ခံထားရသူကို ေတာ္ဝင္လြတ္ၿငိမ္းခြင့္နဲ႔ ျပန္လႊတ္ေပးလိုက္တဲ့ သတင္း၊ လူေမွာင္ခို ကူးမႈနဲ႔ တ႐ုတ္ႏိုင္ငံသား ရွစ္ဦးကို ပါကစၥတန္ အာဏာပိုင္ေတြက ဖမ္းဆီးထားတဲ့ သတင္းနဲ႔ ျပည္ပထြက္ေျပးသြားတဲ့ ဗင္နီဇြဲလား လွ်ိဳ႕ဝွက္ေထာက္လွမ္းေရး အႀကီးအကဲေဟာင္းကို CIAေမြးထားတဲ့ ေအးဂ်င့္လို႔ ဗင္နီဇြဲလား သမၼတက စြပ္စြဲလိုက္တဲ့ သတင္းေတြၾကားထဲ ေစာင့္ၾကည့္စရာ သတင္းထူးေတြ ျဖစ္ခဲ့ပါတယ္။

အလဲအကြဲထိုးဖို႔ တ႐ုတ္နဲ႔ အေမရိကန္ ျပင္ဆင္ေနၿပီလား

အေမရိကန္ျပည္ေထာင္စုကို တ႐ုတ္ျပည္က တင္ပို႔ေနတဲ့ ကန္ေဒၚလာ ဘီလီယံ ၂ဝဝ ဖိုး တန္ဖိုးရွိ တ႐ုတ္ကုန္စည္ပစၥည္း သြင္းကုန္ေတြအေပၚ အခြန္ ၂၅ ရာခိုင္ႏႈန္း အေမရိကန္ဘက္က ထပ္တိုးေကာက္သြားမယ္လို႔  သမၼတ ေဒၚနယ္ထရမ့္ က ေမလ ၅ ရက္မွာ ေၾကညာခဲ့ပါတယ္။ဒီလို ယခုလို ဆိုင္းမဆင့္ဗုံမဆင့္ ထုတ္ျပန္လိုက္ရတာဟာ ထရမ့္ က ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရးေဆြးေႏြးမႈေတြ တိုးတက္မႈ အရမ္းေႏွးေနလို႔ဆိုတဲ့ အေၾကာင္းျပခ်က္ ေပးခဲ့ပါတယ္။

ဒါဟာ အေမရိကန္နဲ႔ တ႐ုတ္ၾကား ကုန္သြယ္ေရးစစ္ပြဲ တစ္ဖန္ျပန္စလာျခင္းပါဘဲ။ထရမ့္ ဘက္က ႐ုတ္တရက္ ဒီလိုအခြန္တိုးေကာက္လိုက္တဲ့အတြက္ ေမ ၆ ရက္မွာ ႏိုင္ငံတကာ အစုရွယ္ယာေဈးႏႈန္းေတြ ငါးရာခိုင္ႏူန္းေက်ာ္အထိ က်ဆင္းသြားခဲ့ပါတယ္။

စီးပြားေရးအင္အားႀကီး ႏွစ္ႏိုင္ငံအၾကား ျဖစ္ပြားေနတဲ့ ကုန္သြယ္အျငင္းပြားမႈကို ေျပၿငိမ္းေစဖို႔  အႀကိတ္အနယ္ ေဆြးေႏြးေနစဥ္မွာ အေမရိကန္ရဲ႕ လုပ္ေဆာင္ခ်က္က တ႐ုတ္အေပၚ ဖိအားပိုေစပါတယ္။လက္ရွိမွာဘဲ တ႐ုတ္ဘက္မွာ ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ ဘ႑ာေရးရည္မွန္းခ်က္ေတြကို ျပင္ဆင္ခဲ့ရသလို ျပည္တြင္းလုပ္ငန္းရွင္ေတြကို အေမရိကန္ဘက္က အခြန္တိုးေကာက္မႈေတြကေန သက္သာေအာင္ အခြန္ေလွ်ာ့ေပါ့ သတ္မွတ္မႈေတြကို မၾကာခင္ကမွ လုပ္ေဆာင္ထားရတာပါ။

တ႐ုတ္ဘက္ကေတာ့  ဒီလိုခ်မွတ္မႈကို လက္တုံ႔ျပန္မယ္လို႔ ဆိုပါတယ္။ဒီလိုလက္တုံ႔ျပန္မယ္လို႔ တ႐ုတ္ဘက္က ထုတ္ျပန္ၿပီးေနာက္ အေမရိကန္သမၼတ ထရမ့္ က ဒီလိုလုပ္ရတာဟာ တ႐ုတ္ဘက္က ကုန္သြယ္ေရးေဆြးေႏြးပြဲေတြမွာ ရရွိထားတဲ့ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္လို႔ လုပ္ရတာလို႔ စြပ္စြဲခဲ့ပါတယ္။ဒါကို တ႐ုတ္ဘက္ကျငင္းခဲ့ၿပီး သေဘာတူညီထားတဲ့ ကတိကဝတ္ေတြကို ဆက္လက္တည္ထားဆဲျဖစ္တယ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။ဒီအက်ိဳးဆက္ကေန အေမရိကန္နဲ႔ ဥေရာပကေန တင္သြင္းတဲ့ ေနအိမ္မ်ားတြင္ အသုံးျပဳတဲ့ စတီးသထၳဳစပ္ ပိုက္မ်ားတြင္ အႏၲရာယ္ရွိ စြန႔္ပစ္ပစၥည္းမ်ား ပါဝင္ျခင္း ရွိ၊ မရွိ ေနာက္ဆုံးအဆင့္ စစ္ေဆးျခင္းကို ေမ ၁၀ ရက္မွာ စတင္လုပ္ေဆာင္ကာ ၂၀၂၀ ျပည့္ႏွစ္ ေမ ၉ ရက္မွာ ၿပီးစီးလိမ့္မယ္လို႔ တ႐ုတ္ဘက္က ေၾကညာခဲ့ပါတယ္။

အေမရိကန္ဘက္က ခုလို ဖိအားေတြ ေပးလာခဲ့ေပမယ့္ တ႐ုတ္ဘက္ကေတာ့ ကုန္သြယ္ေရးေဆြးေႏြးမႈ လုပ္ဖို႔အတြက္ ဝါရွင္တန္ကို တ႐ုတ္အဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕ ေစလႊတ္ဖို႔ ျပင္ဆင္ေနတယ္လို႔ ဆိုပါတယ္။

အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးစစ္ပြဲဟာ ကမာၻ႔စီးပြားေရးအေပၚ သက္ေရာက္ခဲ့ၿပီး စီးပြားေရးအဖြဲ႕အစည္းေတြနဲ႔ စားသုံးသူေတြအၾကား မေရရာမႈေတြ ႀကဳံေတြ႕ရမွာျဖစ္ၿပီး အေမရိကန္ႏိုင္ငံရဲ႕ စီးပြားေရးအေပၚ သက္ေရာက္မႈ မမ်ားႏိုင္ဘူးလို႔  ဆိုေပမယ့္ အေမရိကန္ကုမၸဏီေတြအေနနဲ႔  ကုန္က်စရိတ္ေတြ ပိုက်လာမွာ ျဖစ္ပါတယ္။တ႐ုတ္ဘက္ကလည္း ခန႔္မွန္းရခက္တဲ့ ထရမ့္ ဗ်ဴဟာေတြအတြက္ ႀကိဳျပင္ဆင္ထားတဲ့အတြက္ ဒီျပႆနာဟာ ကမာၻ႔စီးပြားေရးမွာ အဆိုးဆုံးထိခိုက္လာဖြယ္ ရွိေနပါတယ္။

တစ္ဖက္မွာ ကုန္သြယ္ေရးနဲ႔ ပတ္သက္ၿပီး တ႐ုတ္အေပၚ အေမရိကန္ဘက္က ဖိအားေတြေပးေနသလို စစ္ေရးမွာလည္း ဖိအားေပးေနတာေတြ ရွိေနပါတယ္။ေမ ၆ ရက္က ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္းက အျငင္းပြား ကြၽန္းစုေတြအနီးကို အေမရိကန္ စစ္သေဘၤာႏွစ္စင္း တ႐ုတ္ဘက္ကို ခြင့္မေတာင္းဘဲ ဝင္ေရာက္ျဖတ္သန္းခဲ့လို႔ တ႐ုတ္ေရတပ္က ေမာင္းထုတ္ခဲ့ရပါတယ္။ဒါဟာ အေမရိကန္က တ႐ုတ္စစ္အင္အားကို ေသြးတိုးစမ္းတာျဖစ္သလို  တ႐ုတ္ဘက္ကလည္း ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို ထိပါးတာလို႔ ယူဆထားပါတယ္။

အေမရိကန္အေနနဲ႔ စီးပြားေရးနဲ႔ စစ္အင္အားမွာပါ အင္အားႀကီးလာတဲ့ တ႐ုတ္ကို ဟန႔္တားဖို႔အတြက္ တ႐ုတ္စီးပြားေရးကို ကေမာက္ကမျဖစ္ေအာင္ လုပ္ေဆာင္ဖို႔ ရည္႐ြယ္ထားပုံရပါတယ္။ကမာၻ႔ျဖစ္စဥ္ေတြမွာ စီးပြားေရးတိုးတက္မႈ ရပ္တန႔္သြားရင္၊ စီးပြားေရးမတည္ၿငိမ္ရင္ ႏိုင္ငံတည္ၿငိမ္ဖို႔ပါ ခက္ခဲတတ္တဲ့ အစဥ္အလာရွိတဲ့အတြက္ အေမရိကန္ရဲ႕ လုပ္ေဆာင္ခ်က္က အလုပ္ ျဖစ္၊ မျဖစ္ ေစာင့္ၾကည့္ရဦးမွာပါ။

ဒီသတင္းက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ စိတ္ဝင္စားစရာ သတင္းေတြျဖစ္တဲ့ ပါကစၥတန္ အေနာက္ေတာင္ပိုင္းက ဘလူခ်ီစၥတန္ျပည္နယ္မွာ ေသနတ္သမားေတြက တ႐ုတ္အလုပ္သမားေတြ အမ်ားစုေနထိုင္တဲ့ ဟိုတယ္ထဲ ဝင္ေရာက္သတိေပး သတ္ျဖတ္ခဲ့တဲ့ သတင္း။သိရီလကၤာ အီစတာဗုံးကြဲမႈ ျဖစ္စဥ္မွာ က်ဴးလြန္သူေနတဲ့ ျပည္နယ္ထဲမွာ ၁၀ ဧကရွိတဲ့ အစၥလာမ္မစ္ စစ္ေသြးႂကြစခန္းတစ္ခုကို ရဲတပ္ဖြဲ႕ ရွာေဖြေတြ႕ရွိခဲ့တဲ့ သတင္း၊ အင္ဒိုနီးရွား ေရပိုင္နက္ထဲ ဖမ္းမိတဲ့  ျပည္ပငါးဖမ္းေလွေတြကို ဖ်က္ဆီးလိုက္တဲ့ သတင္း၊ ဘ႐ူႏိုင္းမွာ လိင္တူစုံမက္သူေတြကို ေသဒဏ္ေပးတဲ့ အစၥလာမ္ ဥပေဒသစ္ကို အၿပီးဖ်က္ေပးဖို႔ ေတာင္းဆိုရန္ လူ႔အခြင့္အေရးအဖြဲ႕ေတြက ႏိုင္ငံတကာကို တိုက္တြန္းလိုက္တဲ့ သတင္း၊ ဧၿပီ  ၃၀ ရက္ အာဏာသိမ္းျဖစ္စဥ္မွာ အနည္းဆုံး ငါးဦးေသဆုံးခဲ့ၿပီး ၂၃၃ ဦးကို ဖမ္းဆီးခဲ့တယ္လို႔ ဗင္နီဇြဲလား ေရွ႕ေနခ်ဳပ္က ေျပာဆိုခဲ့တဲ့ သတင္း၊   ဖိလစ္ပိုင္ေရတပ္က Augusta Westland AW 159 ေရငုပ္သေဘၤာဖ်က္ ရဟတ္ယာဥ္ အသစ္ႏွစ္စင္းကို ဝယ္ယူလိုက္တဲ့ သတင္း၊ ဗင္နီဇြဲလားေထာက္လွမ္းေရးေတြ ဖမ္းဆီးထားတဲ့  အတိုက္အခံေခါင္းေဆာင္ ဂ်ဴအန္ဂိုဒို၏ လက္ေထာက္ျဖစ္သူကို လႊတ္မေပးရင္ ေနာက္ဆက္တြဲရလဒ္ေတြ ႀကဳံေတြ႕ရလိမ့္မယ္လို႔ အေမရိကန္အစိုးရက သတိေပးလိုက္တဲ့ သတင္းေတြထဲ ေစာင့္ၾကည့္ရမယ့္ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ပ်က္သုန္းေတာ့မည့္ မ်ိဳးစိတ္တစ္သန္းနဲ႔ ဆိုးဝါးတဲ့ ေလယာဥ္မီးေလာင္မႈ

ေမ ၅ ရက္က ႐ုရွားႏိုင္ငံ ေမာ္စကိုက Sheremetyevo အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကေန ပ်ံတက္သြားတဲ့ ခရီးသည္တင္ ေလယာဥ္တစ္စင္းဟာ ပ်ံတက္ၿပီး မၾကာခင္မွာ အေရးေပၚျပန္လည္ဆင္းသက္ခဲ့ရပါတယ္။ေလဆိပ္ေျပးလမ္းကို ဆင္းသက္လာစဥ္ ေလယာဥ္ေနာက္ပိုင္းမွာ မီးထေလာင္ၿပီး မီးခိုးေတြနဲ႔ ေပါက္ကြဲေလာင္ေနတာကို အြန္လိုင္းေပၚ တက္လာတဲ့ ဗီဒီယိုဖိုင္ေတြမွာ ျမင္ေတြ႕ရပါတယ္။ဒီျဖစ္စဥ္ဟာ မၾကာေသးခင္က အီသီယိုပီးယားက ေလယာဥ္ပ်က္က်လို႔ ကမာၻတလႊားက ဘိုရင္းထုတ္ ေလယာဥ္ေတြအေပၚ ေၾကာင့္ၾကမႈေတြ ရွိခဲ့ပါတယ္။ယခုျဖစ္တဲ့ ေလယာဥ္က ႐ုရွားထုတ္ Sukhoi Superjet 100 ျဖစ္ၿပီး Aeroflot ေလေၾကာင္းလိုင္းမွာ ေျပးဆြဲေနတာပါ။ေလယာဥ္ေပၚပါတဲ့ ၇၈ ဦးအနက္ ၄၁ ဦး မီးေလာင္ၿပီး ေသဆုံးခဲ့ပါတယ္။ဒီထဲ ကေလးႏွစ္ဦး ပါခဲ့ပါတယ္။

ေလေၾကာင္းလိုင္း ထုတ္ျပန္မႈထဲမွာ ေလယာဥ္အင္ဂ်င္ မီးေလာင္မႈျဖစ္ခဲ့တာလို႔ ထုတ္ျပန္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ေလယာဥ္ဆီကို လိုတာထက္ ပိုျဖည့္ခဲ့တဲ့အတြက္ ေလယာဥ္က ဗုံးတစ္လုံးလိုျဖစ္ေနလို႔ ျပန္လွည့္ဆင္းရာကေန ယခုလိုႀကဳံရတာလို႔ ဆိုပါတယ္။ဒါေပမယ့္ ေနာက္ပိုင္းမွာ ေလယာဥ္မီးေလာင္တဲ့ ျဖစ္စဥ္က လြတ္လာတဲ့ ခရီးသည္တစ္ဦးက ယခုလိုျဖစ္ရတာ ေလယာဥ္ကို မိုးႀကိဳးပစ္လို႔ဆိုတဲ့ သတင္းေတြလဲ ထြက္ေပၚခဲ့ပါတယ္။႐ုရွားအာဏာပိုင္ေတြဘက္က ဒီျဖစ္စဥ္အေပၚ စုံစမ္းစစ္ေဆးဖို႔နဲ႔ ဘာေၾကာင့္ ေလယာဥ္အေရးေပၚ ဆင္းသက္ရလဲ ဆိုတာကို စုံစမ္းစစ္ေဆးဖို႔ ႐ုရွားသမၼတနဲ႔ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ၫႊန္ၾကားခဲ့ပါတယ္။

႐ုရွားမွာ ေလယာဥ္ေပါက္ကြဲ မီးေလာင္တဲ့ သတင္းလိုဘဲ ေနာက္ထပ္ လူအေသအေပ်ာက္မ်ားတဲ့ သတင္းတစ္ခုက အာဖရိကတိုက္က ႏိုင္ဂ်ာႏိုင္ငံမွာ ျဖစ္ခဲ့တာပါ။အေနာက္အာဖရိက ဆင္းရဲတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ ႏိုင္ဂ်ာႏိုင္ငံဟာ အိမ္နီးခ်င္း ႏိုင္ဂ်ီးရီးယားကေန ဆီေမွာင္ခိုကုန္ကူးတဲ့ ဆီတင္ကားတစ္စီး ေမ ၅ ရက္က တိမ္းေမွာက္ခဲ့ပါတယ္။ၿမိဳ႕ေတာ္ နီယာေမးမွာျဖစ္တဲ့ ဆီတင္ကား တိမ္းေမွာက္မႈမွာ အနီးနားရွိ ေဒသခံေတြက ဆီလာယူခပ္ၾကတဲ့ အခ်ိန္ေပါက္ကြဲမႈျဖစ္ခဲ့ရာမွာ ၅၅ ဦး ေသဆုံးၿပီး ၃၆ ဦး ဒဏ္ရာရခဲ့ပါတယ္။အနီးနားက အိမ္ေတြလည္း မီးကူးစက္ေလာင္ကြၽမ္းကာ ပ်က္စီးခဲ့ပါတယ္။ဒီမေတာ္တဆမႈဟာ ၿပီးခဲ့တဲ့ႏွစ္က ႏိုင္ဂ်ီးရီးယားမွာ ျဖစ္ခဲ့တဲ့ လူအေသအေပ်ာက္မ်ားတဲ့ ဆီတင္ကား တိမ္းေမွာက္မႈ သတင္းလိုပါဘဲ။ဆင္းရဲမြဲေတမႈေၾကာင့္ ျဖစ္ရတဲ့ ေသဆုံးမႈေတြက တားဆီးဖို႔ ခက္ခဲေနတာကို ယခုျဖစ္ရပ္က သိသာႏိုင္ပါတယ္။

ဒီလိုအေသအေပ်ာက္မ်ားတဲ့ မေတာ္တဆမႈေတြနဲ႔ လုံးေထြးေနဆဲမွာပဲ ကမာၻေပၚက သက္ရွိမ်ိဳးစိတ္ေတြ ကြယ္ေပ်ာက္တာ ေၾကာက္စရာ လန႔္စရာေကာင္းတဲ့ အေျခအေနကို ေရာက္ေနပါတယ္။ဒီတစ္ပတ္ထဲ ထုတ္ျပန္ခဲ့တဲ့ ဇီဝမ်ိဳးကြဲႏွင့္ ေဂဟစနစ္ဆိုင္ရာ ႏိုင္ငံတကာ အဖြဲ႕အစည္းတစ္ခုရဲ႕ ထုတ္ျပန္ခ်က္မွာ သတၱဝါႏွင့္ အပင္မ်ိဳးစိတ္ေပါင္း တစ္သန္းခန႔္ဟာ ယခင္ထက္ ၁ဝ ဆ သို႔မဟုတ္ အဆ ၁ဝဝ ေက်ာ္ ျမန္တဲ့ႏႈန္းနဲ႔ ပ်က္သုဥ္းေနၿပီလို႔ ထုၾတ္ပန္ခဲ့ပါတယ္။ဒီအဖြဲ႕အစည္းရဲ႕ ထုတ္ျပန္ခ်က္မွာ ေျမျပင္ေပၚရွိ သန္းဝက္ေက်ာ္ေသာ မ်ိဳးစိတ္မ်ားအတြက္ ရွင္သန္က်က္စားစရာ ေနရာမရွိေတာ့ဘဲ အခ်ိဳ႕မွာ လာမည့္ ဆယ္စုႏွစ္အတြင္း ကမာၻေျမေပၚမွ လုံးဝေပ်ာက္ကြယ္ သြားရေတာ့မွာလို႔ ဆိုပါတယ္။ဒီအေျခအေနကေန ေက်ာ္ျဖတ္ဖို႔ လူေတြရဲ႕ ေနထိုင္စားေသာက္မႈပုံစံကို စြမ္းအင္သုံးစြဲမႈ ပုံစံကို ေျပာင္းရမယ့္လို႔ ဆိုခဲ့ပါတယ္။ဒါဟာ သတိထားစရာျဖစ္သလို အပူခ်ိန္တိုးလာတဲ့ ကမာၻရဲ႕တိုးလာတဲ့ အပူခ်ိန္ဟာ လက္ရွိေဂဟစနစ္ ဘယ္ေလာက္ပ်က္စီးေနၿပီလဲဆိုတာကို ျပေနခဲ့ပါတယ္။မျဖစ္မေနလုပ္ရမယ့္ သဘာဝပတ္ဝန္းက်င္ ထိမ္းသိမ္းရမယ့္ သတင္းေတြနဲ႔ လူသားေတြ ေနထိုင္မႈအတြက္ အေထာက္အကူျပဳေနတဲ့ မ်ိဳးစိတ္ေတြ ကြယ္ေပ်ာက္ႏိုင္ေဘးက လူသားေတြ ရပ္တည္မႈအတြက္ပါ ထိခို္က္ႏိုင္တဲ့ အေျခအေနပါ။

ဒီသဘာဝေဘးသတင္းက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ အင္ဒိုနီးရွားႏိုင္ငံ ဆူမားၾတားကြၽန္းေပၚက ဆီနာေဘာင္ မီးေတာင္ ေမ ၇ ရက္က ေပါက္ကြဲခဲ့တဲ့ သတင္း၊ အာဖရိက အေနာက္ေျမာက္ပိုင္းမွာ အီဘိုလာေရာဂါ ျဖစ္ပြားမႈေၾကာင့္ ေလးႏွစ္အတြင္း လူတစ္ေသာင္းေက်ာ္ ေသဆုံးခဲ့တဲ့ သတင္း၊ ဗီယက္နမ္ႏိုင္ငံ ေျမာက္ပိုင္း ယန္ဘိုင္ျပည္နယ္မွာ အာဖရိက ဝက္တုပ္ေကြးေရာဂါ ကူးစက္ျပန႔္ပြားေနလို႔ ကမာၻ႔တိရစာၦန္ က်န္းမာေရးအဖြဲ႕ႀကီးက သတိေပးခ်က္ ထုတ္ျပန္ထားရတဲ့ သတင္း၊ စင္ကာပူႏိုင္ငံကို ေရာက္လာတဲ့  ႏိုင္ဂ်ီးရီးယား ႏိုင္ငံသားတစ္ဦးထံကေန ရွားပါး ေမ်ာက္ေက်ာက္ေရာဂါပိုး ကူးစက္ခံရတာ ေတြ႕ရွိခဲ့တဲ့ သတင္း၊ ၃၈ ႏွစ္အတြင္း ဂ်ပန္ႏိုင္ငံရဲ႕ ကေလးေမြးဖြားႏူန္း ဦးေရ က်ဆင္းလာတဲ့ သတင္း၊ ထိုင္းပင္လယ္ေအာ္တြင္ သႏၲာေက်ာက္တန္းမ်ားႏွင့္ ေရေနသတၱဝါမ်ား အျပည့္အဝ ျပန္လည္ရွင္သန္လာေစေရးအတြက္ ၂၀၂၁ ႏွစ္အထိ ေနာက္ထပ္ ၂ ႏွစ္ ထပ္မံတိုးျမႇင့္ ပိတ္ပင္ထားမယ့္ သတင္းေတြနဲ႔လည္း ဆက္စပ္ေနတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

အေမရိကန္ေမႊးတဲ့  အီရန္မီး

ထရမ့္ အေမရိကန္သမၼတအျဖစ္ တက္လာကတည္းက အေမရိကန္ရဲ႕ ျပည္ပေရးရာေပၚလစီက မၿငိမ္သက္ခဲ့ဘူးလို႔ ထင္စရာပါ။ဒါေပမယ့္ ႏိုင္ငံတကာသုံးသပ္သူေတြကေတာ့ ထရမ့္ အေနနဲ႔ အေမရိကန္ကို ကလန္ကဆန္လုပ္ေနတဲ့ အာရွက ေျမာက္ကိုရီးယား၊ အီရန္နဲ႔ တ႐ုတ္၊ ဥေရာပက တူရကီ စတဲ့ ႏိုင္ငံေတြကို အျမစ္ျဖတ္ဖို႔ လုပ္ေနတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။

အထူးသျဖင့္ ေက်ာင္းေတာ္ကရန္စ ရွိခဲ့တဲ့ အီရန္အေပၚမွာ အေမရိကန္အေနနဲ႔ ကာလရွည္ သံတမန္စစ္ပြဲ၊ စီးပြားေရးစစ္ပြဲ၊ ေျမျပင္စစ္ပြဲေတြကို အသြင္အမ်ိဳးမ်ိဳးနဲ႔ ၁၉၇၉ အီရန္ ရွားဘုရင္ျ ျဖဳတ္ခ်ခံခဲ့ရၿပီးကတည္းက ဆင္ႏႊဲေနခဲ့တာပါ။ၿပီးခဲ့တဲ့ ေမလအေစာပိုင္းက အီရန္စစ္တပ္ျဖစ္တဲ့ ေတာ္လွန္ေရး အေစာင့္တပ္ကို အေမရိကန္ဘက္က အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ကာ ပတ္သက္တဲ့ အဖြဲ႕အစည္းေတြကို အေရးယူဖို႔ျပင္ခဲ့သလို အဆိုပါေတာ္လွန္ေရးတပ္က ထိပ္ပိုင္းတာဝန္ယူသူေတြကို ပစ္မွတ္ထား ကန႔္သတ္မႈေတြ ျပဳခဲ့ပါတယ္။

ယခုႏွစ္ပိုင္းမ်ားထဲ အာရွအလယ္ပိုင္းမွာ အီရန္၏ ၾသဇာအာဏာ လႊမ္းမိုးမႈက တက္လာသလို ေဒသတြင္းရွိ ဆီးရီးယား၊ ယီမင္နဲ႔ လက္ဘႏြန္ စတဲ့ ႏိုင္ငံမ်ားရွိ စစ္ေသြးႂကြ အစၥလာမ္အဖြဲ႕ေတြကို ေက်ာေထာက္ေနာက္ခံ ေပးေနတဲ့အတြက္ အီရန္ကို ထိန္းဖို႔ဆိုတာ အေမရိကန္အေနနဲ႔ အေရွ႕အလယ္ပိုင္းမွာ ထိပ္တန္းဦးစားေပးကိစၥ ျဖစ္လာပုံရပါတယ္။အီရန္၏ လႊမ္းမိုးမႈကို ေလွ်ာ့ခ်ရန္ ႀကိဳးပမ္းေနၾကတဲ့ အေရွ႕အလယ္ပိုင္းေဒသက  အေမရိကန္ရဲ႕ မဟာမိတ္ေတြျဖစ္တဲ့ ေဆာ္ဒီအာေရဗ်ႏွင့္ အစၥေရးတို႔ကလည္း မဟာရန္သူ အီရန္အေပၚ ဖိအားေပးဖို႔ ကတိျပဳထားၾကပါတယ္။

ဒီအေျခအေနမွာ အေမရိကန္က အီရန္ရဲ႕ အသက္ေသြးေၾကာ ေရနံထုတ္လုပ္မႈကို ထိန္းခ်ဳပ္ဖို႔ ေရနံတင္သြင္းတဲ့ ႏိုင္ငံေတြနဲ႔ အဖြဲ႕အစည္းေတြကို ကန႔္သတ္အေရးယူမယ္ ေၾကညာခဲ့တဲ့အတြက္ အီရန္အဖို႔ ျပန္လည္တုံ႔ျပန္မႈေတြ လုပ္လာခဲ့ပါတယ္။အီရန္က ယူေရနီယံ သန႔္စင္မႈေတြကို ျပန္လုပ္မယ္လို႔ ေၾကညာသလို အေမရိကန္ဘက္က ပိတ္ဆို႔မႈကို မကာကြယ္ေပးရင္ ႏူကလီးယားလက္နက္ လုပ္ႏိုင္တဲ့ အဆင့္ျမင့္ ယူေရနီယံ သန႔္စင္မႈေတြလုပ္မယ္လို႔ အီရန္သမၼတက ေျပာခဲ့ပါတယ္။ဒီေနာက္မွာ အေမရိကန္က အီရန္ရဲ႕ တိုက္ခိုက္ႏိုင္ေျခ နီးလာတဲ့အတြက္ အီရန္ အနီးနား ပင္လယ္ေကြ႕အထိ အေမရိကန္ ေလယာဥ္တင္ တိုက္ခိုက္ေရးသေဘၤာအုပ္စုနဲ႔ ဗုံးႀကဲေလယာဥ္ေတြကို ေ႐ႊ႕ေျပာင္းေနရာခ်ထားခဲ့ပါတယ္။ဒါ့အျပင္ အီရန္ႏိုင္ငံက တင္ပို႔ေလ့ရွိတဲ့ သတၱဳပစၥည္းေတြကိုလည္း ပိတ္ဆို႔မႈ အသစ္ျပဳလုပ္ခဲ့ပါတယ္။

ယခုပိတ္ဆို႔မႈအသစ္ေတြကို အေမရိကန္က မေၾကညာခင္မွာပဲ အီရန္က သူတို႔ န်ဴကလီးယား စီမံကိန္းအတြက္ ေဆာင္႐ြက္ခ်က္ေတြကို ရပ္ထားေပမယ့္လည္း အကယ္၍ အေမရိကန္က ပိတ္ဆို႔မႈေတြကို မရပ္ေပးဘူးဆိုရင္ မေမွ်ာ္လင့္ထားတဲ့ အရာေတြ ျဖစ္လာမယ္လို႔ ၿခိမ္းေျခာက္ထားပါတယ္။အီရန္ရွိ ေဟာ္မုခ္ဇ္ ေရလက္ၾကားထဲ အေမရိကန္ ေလယာဥ္တင္သေဘၤာေတြ တိုးကပ္လာပါၿပီ။အေမရိကန္ USS Abraham Lincoln ေလယာဥ္တင္သေဘၤာဟာ စူးအက္တူးေျမာင္းကို ေမ ၉ ရက္မွာ ျဖတ္သန္းသြားခဲ့ပါတယ္။အီရန္ဘက္က တစ္ခ်က္မွားတာနဲ႔ ရီပတ္ဘလီကန္သမၼတ အုပ္စိုးတဲ့ အေမရိကန္အတြက္ လက္သြက္ေျခသြက္ စစ္ပြဲတစ္ခုကို ဖန္တီးဖို႔ အသင့္ျဖစ္ေနပါၿပီ။
အီရန္ႏိုင္ငံထဲမွာလည္း စီးပြားေရပိတ္ဆို႔မႈေၾကာင့္ ကုန္ေဈးႏူန္းတက္လာမႈျဖစ္တဲ့ ဆႏၵျပမႈေတြက တစ္ဖန္ျပန္ေပၚလာစရာ ရွိေနပါတယ္။

တေ႐ြ႕ေ႐ြ႕ အနားကပ္လာတဲ့ အေမရိကန္တပ္ေတြနဲ႔ စီးပြားေရးပိတ္ဆို႔မႈ ဖိအားေတြေၾကာင့္  အီရန္ ဘယ္လို ဒီအခက္အခဲ အၾကပ္အတည္းကေန ဘယ္လို႐ုန္းထြက္မလဲ၊ ဘယ္လိုတုံ႔ျပန္မလဲ ဆိုတာ ႏိုင္ငံတကာက သတိထားေစာင့္ၾကည့္ေနရပါၿပီ။အီရန္ေနာက္မွာ ႐ုရွား ရွိေနတဲ့အတြက္ ဒီစစ္ပြဲသာျဖစ္လာရင္ ဘယ္ေလာက္ထိ ႀကီးမားလာႏိုင္သလဲဆိုတာ မေတြးဝံ့စရာပါ။

ဒီသတင္းက ယခုတစ္ပတ္ သတင္းေတြထဲက ဂါဇာကမ္းေျမာင္ေဒသမွာ အစၥလာမၼစ္ စစ္ေသြးႂကြအုပ္စုျဖစ္တဲ့ ဟားမားစ္ႏွင့္ အစၥေရးတို႔ အပစ္အခတ္ ရပ္စဲေရး သေဘာတူညီမႈ ရသြားတဲ့ သတင္း၊ အေမရိကန္ႏွင့္ တာလီဘန္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ  ႏိုင္ငံျခားတပ္ေတြ ႐ုပ္သိမ္းမည့္အခ်ိန္ မသတ္မွတ္ႏိုင္ေသးတဲ့ သတင္း၊ ဘာသာေရး ေစာ္ကားမႈနဲ႔ ေသဒဏ္က်ခံေနရတဲ့ ခရစ္ယာန္အမ်ိဳးသမီး ပါကစၥတန္ႏိုင္ငံကေန ထြက္ခြာခြင့္ရခဲ့တဲ့ သတင္း၊ ပါကစၥတန္ရဲ႕ သက္တမ္းအရွည္ဆုံးနဲ႔ အထင္ရွားဆုံး ဆူဖီဗိမာန္ေတြမွာ ေပါက္ကြဲမႈျဖစ္လို႔  သုံးဦးေသဆုံးကာ ၁၅ ဦး ဒဏ္ရာရတဲ့ သတင္း၊ ဆိုမာလီယာမွာ အေမရိကန္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ISIL တိုက္ခိုက္ေရးသမား ၁၃ ဦး ေသဆုံးတဲ့ သတင္း၊ ျပင္သစ္ေလေၾကာင္းလိုင္း Air France ရဲ႕ ေလယာဥ္တစ္စင္း ပါရီသို႔ ပ်ံသန္းစဥ္ လမ္းမွာ စက္ခ်ိဳ႕ယြင္းမႈျဖစ္လို႔ အီရန္မွာ အေရးေပၚ ဆင္းသက္ခဲ့ရတဲ့ သတင္းေတြထဲမွာ  အထူးေစာင့္ၾကည့္ရမယ့္ သတင္းျဖစ္ခဲ့ပါတယ္။

အေမရိကန္နဲ႔ ေျမာက္ကိုရီးယား

ထရမ့္ လက္ထက္မွာ ေျမာက္ကိုရီးယားနဲ႔ဆ က္ဆံေရးက နီးစပ္လာမေယာင္နဲ႔ ပိုၿပီးတင္းမာလာခဲ့ပါတယ္။ေမ ၉ ရက္ကေတာ့ ေျမာက္ကိုရီးယားဘက္ကေန ဒုတိယေျမာက္ တာတိုပစ္ဒုံးက်ည္ႏွစ္စင္းကို ပစ္လႊတ္ခဲ့ပါတယ္။ပထမအႀကိမ္အျဖစ္ ေမ ၄ ရက္ေန႔က တာတိုပစ္ ဒုံးက်ည္တစ္စင္း ပစ္လႊတ္ခဲ့ပါေသးတယ္။တစ္ပတ္အတြင္း ဒုတိယအႀကိမ္ ပစ္လႊတ္ခဲ့တဲ့ ဒုံးက်ည္ေတြဟာ ႏိုင္ငံအေနာက္ပိုင္း ကူေဆာင္ေဒသမွ အေရွ႕ဘက္သို႔ ပစ္လႊတ္ျခင္းျဖစ္ကာ အျမင့္ ကီလို ၅၀ ကေန အကြာအေဝး ၄၂၀ ကီလိုမီတာနဲ႔ ၂၇၀ ကီလိုမီတာ အသီးသီးေရာက္ၿပီး ပင္လယ္ထဲကို က်ဆင္းသြားပါတယ္။

စမ္းသပ္ပစ္လႊတ္တာျဖစ္ေပမယ့္ ေျမာက္ကိုရီးယားရဲ႕ လုပ္႐ိုးလုပ္စဥ္အတိုင္း သူလိုခ်င္တာရဖို႔ ၿခိမ္းေျခာက္တာပဲ ျဖစ္ပါတယ္။ဒီလို ေျမာက္ကိုရီးယားဘက္က  ဒုံးက်ည္ေတြ ပစ္လႊတ္တဲ့အေပၚ ေတာင္ကိုရီးယား သမၼတကေတာ့ ဒါဟာ ေဖေဖာ္ဝါရီလအတြင္းက ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ ေဆြးေႏြးပြဲမွာ စီးပြားေရးပိတ္ဆို႔ အေရးယူမႈေတြ ေျဖေလွ်ာ့ေပးဖို႔ ေျမာက္ကိုရီးယားက ေတာင္းဆိုတာကို သမၼတ ထရမ့္ က ျငင္းဆိုခဲ့တာကို မေက်နပ္လို႔ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ႏိုင္တယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

အေမရိကန္ဘက္ကေတာ့ ပိတ္ဆို႔အေရးယူမႈေတြ ေျဖေလွ်ာ့ေပးဖို႔ အရိပ္အေယာင္မျပေသးသလို ေက်ာက္မီးေသြးေတြ တရားမဝင္တင္လာတဲ့ ေျမာက္ကိုရီးယား ကုန္တင္သေဘၤာ တစ္စင္းကိုေတာင္ ဖမ္းဆီးခဲ့ပါတယ္။ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္ ကေတာ့ အမေရိကန္ဘက္ကေန ေျမာက္ကိုရီးယား ကုန္တင္သေဘၤာတစ္စီးကို သိမ္းယူေၾကာင္း ေၾကညာခ်က္ ထြက္ၿပီးေနာက္ ၎၏စစ္တပ္ကို တိုက္ခိုက္ေရးစြမ္းပကား တိုးျမႇင့္ရန္ ၫႊန္ၾကားခဲ့ပါတယ္။ေဒသတြင္းႏိုင္ငံေတြျဖစ္တဲ့ ဂ်ပန္၊ ေတာင္ကိုရီးယားတို႔အတြက္ကေတာ့ ဒါဟာ စိတ္ပ်က္စရာ အေျခအေနပါ။ေျမာက္ကိုရီးယားအေနနဲ႔ စားနပ္ရိကၡာ အခက္အခဲနဲ႔ ေလာင္စာအခက္အခဲလည္း ႀကဳံေနရတဲ့အတြက္ အေမရိကန္ ပိတ္ဆို႔မႈက အထိနာေစပါတယ္။ဒီအတြက္ ေျပေလ်ာ့မႈရဖို႔ ထရမ့္ နဲ႔ ေတြ႕ဖို႔က လိုအပ္ေနပါတယ္။

ေျမာက္ကိုရီးယား ေခါင္းေဆာင္အစဥ္အဆက္ လက္နက္ျပၿပီး လိုခ်င္တာ ယူခဲ့ၾကတဲ့အတြက္ ဒီျပႆနာကို ေျဖရွင္းဖို႔ ေျမာက္ကိုရီးယားဘက္ကေန ေနာက္ထပ္ ဒုံးက်ည္ပစ္လႊတ္တာေတြ၊ န်ဴကလီးယား စမ္းသပ္တာေတြ ထပ္ျမင္ေတြ႕ရဖို႔ အလားအလာ မ်ားေနပါတယ္။ဒီအတြက္ ေျမာက္ကိုရီးယားဘက္က ဘာေတြလုပ္လာမလဲ၊ အီရန္-တ႐ုတ္နဲ႔ စစ္မ်က္ႏွာဖြင့္ေနရတဲ့ အေမရိကန္အတြက္ ေျမာက္ကိုရီးယား ျပႆနာကို ခဏတာ ေခြၽးသိပ္မလားဆိုတာ ေစာင့္ၾကည့္စရာပါ။

ဒီသတင္းက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ ထိုင္းအေထြေထြေ႐ြးေကာက္ပြဲမွာ Pheu Thai ပါတီက အႏိုင္ရရွိတယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္က တရားဝင္ေၾကညာလိုက္တဲ့ သတင္း၊ မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ရာဇတ္ နဲ႔ မိသားစုဆီက သိမ္းဆည္းထားတဲ့ ေငြေၾကးပစၥည္းေတြကို ႏိုင္ငံအတြက္ နစ္နာေၾကးအျဖစ္ ရယူလိုေၾကာင္း ဗဟိုတရား႐ုံးမွာ ေလွ်ာက္ထားတဲ့ သတင္း၊ သတင္းမွား ျဖန႔္ခ်ီမႈကို အေရးယူမယ့္ ဥပေဒအသစ္ကို အတည္ျပဳလိုက္တဲ့ သတင္း၊ အေမရိကန္ႏိုင္ငံ ေကာ္လိုရာဒိုျပည္နယ္က အထက္တန္းေက်ာင္း တစ္ေက်ာင္းမွာ ပစ္ခတ္မႈျဖစ္လို႔ ဆယ္ေက်ာ္သက္ ေက်ာင္းသားတစ္ဦး ေသဆုံးခဲ့တဲ့ သတင္း၊ အာရွႏွင့္ အာဖရိက ကမာၻတစ္လႊားတြင္ ပဋိပကၡနဲ႔ အျခားေသာ အျငင္းပြားမႈေတြေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရသည့္ ေနရပ္စြန႔္ခြာ ဒုကၡသည္ေပါင္း ၄၁ သန္းခန႔္ရွိတဲ့ သတင္း၊ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ သည္ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးအျဖစ္ ပက္ထရစ္ရွာနာဟန္ ကို အမည္စာရင္း တင္သြင္းခဲ့တဲ့ သတင္းေတြနဲ႔အတူ စိတ္ဝင္တစား ေစာင့္ၾကည့္စရာ သတင္းတစ္ပုဒ္ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ႏိုင္ငံတကာသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္နားလိုက္ခ်င္ပါတယ္။

မင္းထက္
ေမ - ၁၃