【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန်-ရုရှား စစ်ရေးအားပြိုင်မှု စပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အမေရိကန်-ရုရှား စစ်ရေးအားပြိုင်မှု စပြီလား

ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းစာမျက်နှာတွေမှာ ရှေ့ဆုံးရောက်ခဲ့တဲ့ သတင်းတွေက တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ သတင်းတွေ၊ အာရှက နိုင်ငံရေးပဋိပက္ခဖြစ်နေတဲ့ ဟောင်ကောင်၊ အင်ဒိုသတင်းတွေနဲ့ အမေရိကန်-ရုရှားကြား စစ်လက်နက်သစ်တွေ အပြိုင်အဆိုင်စမ်းသပ်နေမှု သတင်းတွေပါဘဲ။

ဒီသတင်းတွေက ယခုတစ်ပတ်မှာဖြစ်ခဲ့တဲ့ သတင်းတွေထဲက ဆူဒန်သမ္မတဟောင်း အိုမာအယ်ဘတ်ရှာ ကို အကျင့်ပျက်ခြစားမှုများနဲ့ တရားစွဲဆိုနေတဲ့သတင်း၊ ရုရှားနိုင်ငံ တောင်ပိုင်းရှိ အယ်ဘရက်တောင်ထိပ်ကို အသက် ၁၀ နှစ်အရွယ် အိန္ဒိယကလေးငယ်တစ်ဦး တက်ရောက်ခဲ့တဲ့သတင်း၊ အဖိုးတန်  သယံဇာတအရင်းအမြစ်တွေ ကြွယ်ဝတဲ့ ဂရင်းလန်ကျွန်းကိုဝယ်ဖို့ ထရမ့်အစိုးရက စဉ်းစားနေတဲ့သတင်း၊ ဥရောပသမဂ္ဂရဲ့ ဥပဒေတွေ အဆုံးသတ်မယ့် အမိန့်ကို ဗြိတိန်ဝန်ကြီးတစ်ဦး လက်မှတ်ရေးထိုးလိုက်တဲ့သတင်း၊ အပြည်ပြည်ဆိုင်ရာ အပျင်းထူမှုနေ့ ပွဲတော်ကို ကိုလံဘီယာနိုင်ငံမှာ ဩဂုတ် ၁၈ ရက်က ကျင်းပခဲ့တဲ့သတင်း၊ စပိန်နိုင်ငံ ဂရင်းကနေရီယာကျွန်းမှာ တောမီးတွေ အကြီးအကျယ် လောင်ကျွမ်းနေတဲ့သတင်း၊ ပိုလန်နိုင်ငံ တောင်ပိုင်း တာထရာတောင်ပေါ်မှာ မိုးကြိုးပစ်ခတ်ခံရလို့ ကလေးတစ်ဦး အပါအဝင် လူသုံးဦးသေဆုံးခဲ့တဲ့ သတင်း၊ ဘရားဇီးရှိ အမေဇုန်သစ်တော မီးလောင်မှုကြောင့် ဆာအိုပိုလိုမြို့ကောင်းကင် သုံးနာရီကြာ မီးခိုးတိမ်များ ဖုံးအုပ်ခဲ့တဲ့သတင်း၊ သြစတြေးလျှ ဘာဘီကျွန်း အနောက်မြောက်ပိုင်း ကမ်းခြေမှာ တောမီးလောင်မှုကြောင့် သားပိုက်ကောင် ၄၀ ခန့် ကမ်းခြေတွင် သေဆုံးနေတဲ့သတင်း၊ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဆန်းဝှစ်ချ်ပြင်ပေးတာ အချိန်ကြာလို့ စားပွဲထိုးကို ပစ်သတ်မှုဖြစ်ပွားခဲ့တဲ့ သတင်း၊ စတဲ့ သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

ပြင်းထန်လာတဲ့ ကုန်သွယ်ရေးစစ်ပွဲ

တရုတ်နှင့် အမေရိကန်ကြား လက်ရှိဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်က ယခုအခါမှာ ပိုပြီးဆိုးလာခဲ့ပါတယ်။မကြာခင်က အမေရိကန်ဘက်ကနေ တရုတ်ဘက်က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် ဘီလျံ ၃၀ဝ အပေါ် ထပ်တိုးအခွန်ကောက်ဖို့ ပြီးခဲ့တဲ့လအတွင်းက ကြေညာခဲ့ပါတယ်။ဒီနောက်မှာ တရုတ်ဘက်က ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဘက်ကထုတ်တဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်တိုးကောက်ဖို့ လုပ်ပါတယ်။

ဒါဟာ အမေရိကန်အတွက် စပ်ဖျင်းဖျင်းဖြစ်စေတဲ့ တုံ့ပြန်ချက်ပါ။ဒီမတိုင်ခင်က အမေရိကန်ဘက်က ရောင်းပြီးသား Huawei ဖုန်းတွေအတွက် ဆော့ဖ်ဝဲအသစ် ထပ်ထုတ်ပေးဖို့နဲ့ လက်ရှိ ဆက်သွယ်ရေးကွန်ရက် ထိန်းသိမ်းဖို့အတွက် ရက် ၉၀ ယာယီ လိုင်စင် ပြန်ထုတ်ပေးခဲ့ပေမယ့် ခွင့်ပြုရက်က ကုန်ဆုံးတော့မှာ ဖြစ်တဲ့ အတွက် ထပ်ပြီး ရက် ၉၀ ထုတ်ပေးဖို့ က မသေချာသေးပါဘူး။ဒီအချိန်မှာ အမေရိကန်ဘက်က ဟွာဝေးရဲ့ လုပ်ငန်းခွဲ ၄၆ ခုကို အမည်ပျက်စာရင်းထဲ ထပ်မံထည့်သွင်းလိုက်တဲ့အပေါ် ဒါဟာ နိုင်ငံရေးနောက်ခံတွေ ပါတယ်ဆိုပြီး တရုတ်ဘက်က ပြောခဲ့ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေနဲ့ ကိုယ့်ကတိကိုယ်ထိန်းပြီး အမေရိကန်ကုမ္ပဏီတွေကို ဟွာဝေးနဲ့ စီးပွားရေး တွဲဖက်လုပ်ကိုင်ခွင့်ကို ခွင့်ပြုရမှာဖြစ်တယ်လို့ ယခုတစ်ပတ်မှာ ပြုလုပ်ခဲ့တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ  ပြောခဲ့ပါတယ်။

ဒီနောက်မှာ တရုတ်ဘက်ကနေ သြဂုတ်လ ၂၃ ရက်မှာ အမေရိကန်ဒေါ်လာ ၇၅ ဘီလျံခန့် တန်ဖိုးရှိ အမေရိကန်ထုတ် မော်တော်ယာဉ်နှင့် စက်ကိရိယာ အစိတ်အပိုင်း ပစ္စည်းများအပေါ် ၂၅ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်း ၂ ကြိမ်ခွဲကာ အခွန်တိုးကောက်သွားဖို့ ကြေညာခဲ့ပါတယ်။ဒီလို တရုတ်ဘက်က ကြေညာပြီး နာရီပိုင်းအကြာမှာ တရုတ်ကုန်စည် ၅၅၀ ဘီလျံ တန်ဖိုးအပေါ် အခွန် ၅ ရာခိုင်နှုန်း ထပ်တိုးကောက်မယ်လို့ ပြောခဲ့ပါတယ်။

ဒီနောက်မှာ ဒီပြဿနာက တင်းမာမှုအမြင့်ဆုံး ရောက်လာခဲ့ပါတယ်။အမေရိကန်သမ္မတက ဂျီ ၇ ဆွေးနွေးပွဲသို့ ထွက်ခွာခါနီးမှာ အမေရိကန်ကုမ္ပဏီများအနေဖြင့် တရုတ်မှလွဲ၍ အခြားနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံရေးအတွက် အမြန်ဆုံးရှာဖွေကြရန်နှင့် ယင်းကုမ္ပဏီများ တရုတ်တွင် ဆက်လက်အလုပ်မလုပ်ရန် ၁၉၇၇ ခုနှစ် ဥပဒေအရ အမိန့်ထုတ်ပြန်နိုင်တယ်ဆိုပြီး တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။သြဂုတ် ၂၅ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က တရုတ်နိုင်ငံအပေါ် အခွန်တိုးမြှင့်မှုနှင့် ပတ်သက်၍ အခြားစဉ်းစားထားသည့် အကြောင်းအရာများ ရှိသေးတယ်လို့ မီဒီယာတွေကို ပြောခဲ့သလို အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီးက ထရမ့် အနေဖြင့် အခွန်ပိုမိုမသတ်မှတ်ခဲ့ခြင်းအပေါ် ထရမ့် က နောင်တရနေတယ်ဆိုတာကို ထုတ်ဖော်ပြောခဲ့ပါတယ်။

သြဂုတ်လ ၂၆ ရက်မှာ တရုတ်ဘက်က အဆင့်မြင့် ကုန်သွယ်ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ ဒု-ဝန်ကြီးချုပ်က အမေရိကန်နဲ့ ဖြစ်နေတဲ့ ကုန်သွယ်ရေးအငြင်းပွားမှု ပြဿနာကို ဆွေးနွေးမှုတွေကတဆင့် အဖြေရှာလိုတယ်လို့ ပြောခဲ့ပါတယ်။ယခုတစ်ပတ် စတင်ကျင်းပတဲ့ ဂျီဆဲဗင်း ထိပ်သီးဆွေးနွေးပွဲမှာ ကုန်သွယ်ရေးစစ်ပွဲက ထိပ်တန်းကိစ္စဖြစ်လာသလို တစ်ကမ္ဘာလုံးနဲ့ ဒေသတွင်းတွေမှာ ထိခိုက်မှုတွေ ရှိလာနေတဲ့အတွက် ပြဿနာကို ဆွေးနွေးအဖြေရှာဖို့ ဂျီဆဲဗင်း ထိပ်သီးခေါင်းဆောင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ဘက်ရော အမေရိကန်ဘက်ကပါ ကုန်သွယ်ရေးစစ်ပွဲ အဆုံးသတ်မည့် အလားအလာများ ရှိလာပေမယ့် နိုင်ငံရေးပိုင်းမှာ တရုတ်နဲ့ အမေရိကန်ကြား ပြဿနာက ကြီးထွားနေပါတယ်။ကုန်သွယ်ရေးစစ်အတွက် အမေရိကန်ဘက်က အရှိန်မြှင့်လာသလို ဒီဘက်အပိုင်းမှာလဲ ထိုင်ဝမ်ကို လက်နက်ရောင်းချတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်ကြား တင်းမာမှုက ပိုမြင့်မားလာပါတယ်။ဒါဟာ ဩဂုတ် ၂၀ ရက်မှာ အမေရိကန် အခြေစိုက် Lockheed Martin ကုမ္ပဏီက ထုတ်လုပ်တဲ့ အက်ဖ်-၁၆ နောက်ဆုံးပုံစံဖြစ်သော F-16C/D Block 70 လေယာဉ် ၆၆ စင်းကို ဒေါ်လာ ၈ ဘီလျံဖိုး ဝယ်ယူခွင့်ပြုမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာကနေ စတာပါ။ဒီအတွက် တရုတ်ဘက်က ထိုင်ဝမ်ကို လက်နက်ရောင်းချတာဟာ  တရုတ်ပြည်တွင်းရေးကို ဆိုးရွားစွာ နှောက်ယှက်တာလို့ ပြောခဲ့သလို တရုတ်စစ်သိပ္ပံကျောင်းရဲ့ စစ်ဘက်ဆိုင်ရာ လေ့လာရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ချန်ရောင်ဒီ က ယင်းအရောင်းအဝယ်တွင် ပါဝင်သည့် ပြည်ပကုမ္ပဏီများကို ပြစ်ဒဏ်ချမှတ်မည့်အပြင် တန်ပြန်အရေးယူမှုများ လုပ်ဆောင်သွားမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

ယခုနောက်ပိုင်း ကမ္ဘာမှာ စစ်ရေးအင်အားရော စီးပွားရေးအင်အားပါ ထိပ်တန်းရောက်လာတဲ့ တရုတ်ကို ကန့်သတ်ပိတ်ဆို့ဖို့ အမေရိကန်က ဘက်ပေါင်းစုံကနေ ကြိုးစားနေရာမှာ တရုတ်ဘက်က တုံ့ပြန်မှုတွေကလည်း ပိုပြင်းထန်လာတာကို တွေ့ရပါတယ်။ရေရှည်မှာ တရုတ်ဘက်က ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ၊ ကမ္ဘာပတ်ပြီး အတိုက်အခံလုပ်နေတဲ့ အမေရိကန် ဘယ်လောက်ထိ တရုတ်ကို ထိန်းချုပ်ပိတ်ဆို့နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။     

စစ်အေးခေတ် တကျော့ပြန်

ယခုရက်သတ္တပတ်ထဲမှာ ကမ္ဘာက အာရုံစိုက်ခဲ့ရတဲ့ သတင်းနှစ်ပုဒ်ရှိပါတယ်။ဒါက အမေရိကန်နဲ့ ရုရှား စစ်ရေးသတင်းတွေပါဘဲ။ကာလရှည် စစ်ရေးလက်နက် စမ်းသပ်မှုမရှိခဲ့တဲ့ အမေရိကန်ဘက်က သြဂုတ် ၁၈ ရက်က ကယ်လီဖိုးနီးယား ကမ်းရိုးတန်းအနီး တာလတ်ပစ် ခရု(စ်)ဒုံးကျည်တစ်မျိုးကို စမ်းသပ်ခဲ့ပါတယ်။ဒါဟာ ရုရှားနဲ့ ချုပ်ဆိုထားခဲ့တဲ့ INF ခေါ် တာလတ်ပစ် နျူကလီးယားစာချုပ်ကနေ ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်က အမေရိကန် တရားဝင်နုတ်ထွက်သွားပြီးနောက် ပထမဆုံးစမ်းသပ်မှုပါ။

ဒီလိုစမ်းသပ်တဲ့အတွက် ရုရှားနှင့် တရုတ်နိုင်ငံဘက်က ကမ္ဘာ့နိုင်ငံများအကြား တင်းမာမှုများကို ပိုမိုမြင့်တက်စေတဲ့အပြင် ကာကွယ်ရေးလက်နက်များ အပြိုင်အဆိုင် တီထွင်ဆန်းသစ်မှုများကို တွန်းအားပေးရာရောက်စေတယ်လို့ ပြောခဲ့ပါတယ်။ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးကတော့ ငွေအကုန်အကျများသော ကာကွယ်ရေးလက်နက်များ ပြိုင်ဆိုင်တီထွင်ဆန်းသစ်မှုကို လက်တုံ့ပြန်မှု မလုပ်ဆောင်ဘူးလို့ ပြောခဲ့ပါတယ်။

တရုတ်ဘက်ကတော့ အမေရိကန်၏ ဒုံးကျည်စမ်းသပ်ခြင်းသည် ကာကွယ်ရေးကဏ္ဍ အင်အားပြိုင်ဆိုင်မှုများနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့မှုများကို ပိုမိုအားပေးရာရောက်တယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ရုရှား လျှို့ဝှက်မြို့  ဆာရော့ဗ်မှာ လက်နက်စမ်းသပ်ရင်း ပေါက်ကွဲမှုဖြစ်လို့ နျူကလီးယား ကျွမ်းကျင်ပညာရှင် ၅ ဦး သေဆုံးခဲ့ရအပြီး နှစ်ပတ်အကြာ အမေရိကန် ဒုံးကျည်စမ်းသပ်ပြီး ၆ ရက်အကြာ သြဂုတ် ၂၄ ရက်မှာ အာတိတ်နဲ့ ဘာရင်းပင်လယ်ထဲ ရုရှားဘက်က နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တူလာနဲ့ ယူရီဒူဂေါ့ယကီးပေါ်ကနေ ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပြပါတယ်။ဩဂုတ် ၂၃ ရက်မှာတော့ ရုရှားဘက်ကနေ ကမ္ဘာ့ပထမဆုံး ရေပေါ် နျူကလီးယားဓာတ်ပေါင်းဖို ရေယာဉ်ကို ရေချခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံတွေကတော့ လက်နက်စွမ်းရည် အားကောင်းလာတဲ့ ရုရှားနဲ့ တစ်ပတ်အတွင်း အပြိုင်အဆိုင် လက်နက်စမ်းသပ်ပြတဲ့ အမေရိကန်နဲ့ ရုရှားကြောင့် လက်နက်အင်အား ပြိုင်ပွဲသစ်တစ်ခု အမေရိကန်နဲ့ ရုရှားကြား ပေါ်ပေါက်လာမှာကို စိုးရိမ်နေကြပါတယ်။ဒီလက်နက်ပြိုင်ပွဲထဲ အာရှက တရုတ်၊ အိန္ဒိယနဲ့ ဂျပန်၊ မြောက်ကိုရီးယားတို့ ပါဝင်လာခဲ့ရင် စစ်မက်ထူပြောတဲ့ ယနေ့ကမ္ဘာ အခြေအနေက သတိထားစရာ အခြေအနေမို့ ဆက်စောင့်ကြည့်ရမှာပါ။

စစ်ရှိန်မြင့်လာတဲ့ အာရပ်ကမ္ဘာ စစ်ပွဲများ

ယခုရက်သတ္တပတ် ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှာ ကုန်ဆုံးဖို့ရှိတဲ့ အီရန်နိုင်ငံ၏ လက်နက်ရောင်းဝယ်ခွင့်ကို ကုလက အဆုံးသတ်မယ်ဆိုရင် ဒေသတွင်းမှာ ပြဿနာအသစ်တွေ ဖြစ်လာနိုင်တယ်လို့ အမေရိကန်ဘက်က ပြောခဲ့ပါတယ်။

အဆိုပါ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးက အရှေ့အလယ်ပိုင်းဒေသ၏ ငြိမ်းချမ်းရေးနှင့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့တာဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို က အီရန်က၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူစာချုပ်အရ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ခြင်း၊ ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်ခတ်ခြင်းနှင့် ဟော့မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများကို ဖမ်းဆီးခြင်းတို့ လုပ်ဆောင်ခဲ့တဲ့အတွက် ဒီလိုပယ်ဖျက်ပေးခဲ့ရင် ပင်လယ်ကွေ့ဒေသမှာ စစ်ရှိန်က မြင့်တက်လာနိုင်တဲ့ သဘောကို ပြောခဲ့တာပါ။အဆိုပါ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ဖို့ အမေရိကန်က အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းနေတာပါ။ဒီထဲ ပင်လယ်ကွေ့ထဲက ဘာရိန်းနိုင်ငံတောင် ပါဝင်လာနေပါပြီ။

လက်ရှိမှာ အီရန်နဲ့ အမေရိကန်ကြား ဆက်ဆံရေးအခြေအနေက ပင်လယ်ကွေ့စစ်ပွဲ မတိုင်ခင် အီရန်-အီရတ် စစ်ပွဲကာလနောက်ပိုင်း အဆိုးဆုံးအခြေအနေကိုရောက်နေပါတယ်။အီရန်ဘက်ကတော့ အမေရိကန်ဘက်က အရှေ့အလယ်ပိုင်းဒေသသို့ စစ်အင်အားများ တည်ဆောက်ခြင်း၊ အထိန်းအကွပ်မရှိဘဲ လက်နက်အင်အား ထည့်သွင်းခြင်းတို့ကြောင့် ဒေသတွင်း လုံခြုံမှုနှင့် တည်ငြိမ်မှုမရှိအောင် လုပ်ဆောင်နေကြောင်း စွပ်စွဲထားပါတယ်။

အီရန်ဘက်က စွပ်စွဲသလိုပါဘဲ ဒီဒေသမှာ အမေရိကန်ဘက်က တိုက်ခိုက်မှုတွေ ယခုရက်သတ္တပတ်ထဲ ခပ်စိပ်စိပ်ဖြစ်ခဲ့ပါတယ်။သြဂုတ် ၂၀ ရက်မှာ ယီမင်နိုင်ငံထဲ ပစ်မှတ်တွေကို အမေရိကန်က MQ-9 ဒရုန်းသုံးပြီး ဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။ဆိုမာလီယာနိုင်ငံထဲက အယ်လ်ရှာဘတ် စစ်သွေးကြွတွေကိုတော့ လေကြောင်းကနေ အမေရိကန်က တိုက်ခိုက်ခဲ့ပါတယ်။

အစ္စလာမ်နိုင်ငံတွေမှာ သတ်ဖြတ်မှုတွေ၊ ဘာသာရေးအစွန်းရောက်မှုတွေက ယခုရက်သတ္တပတ်အထိ အားကောင်းမောင်းသန် ဖွံ့ဖြိုးနေဆဲပါ။ဂါဇာမှာတော့ ထုံးစံအတိုင်း နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ ပါလက်စတိုင်း လက်နက်ကိုင် အမျိုးသားအဖွဲ့တစ်ဖွဲ့ကို အစ္စရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့လို့ ယခုတစ်ပတ်မှာ သုံးဦးသေဆုံးခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်က မင်္ဂလာဆောင် ဗုံးပေါက်ကွဲမှုကြောင့် ကမ္ဘာတစ်ဝန်း ထိတ်လန့်ခဲ့ရတဲ့ အာဖဂန်မှာ ယခုတစ်ပတ်မှာလည်း လွတ်လပ်ရေးနေ့ ကျင်းပစဉ် နိုင်ငံအရှေ့ပိုင်း ဂျလာလာဘတ်မြို့မှာ ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့လို့ အနည်းဆုံး လူ ၄၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ပွဲတွေ အတောမသတ်နိုင်သေးတဲ့ ဆီးရီးယား မြောက်ပိုင်းမှာတော့  သူပုန်တွေ ထိန်းချုပ်ထားတဲ့မြို့ကို စစ်ကူသွားတဲ့ တူရကီယာဉ်တန်းတစ်ခုကို ဆီးရီးယားအစိုးရက လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦး သေဆုံးခဲ့ရာကနေ တူရကီနဲ့ ဆီးရီးယားကြား အငြင်းပွားမှုတွေ စလာနေပါတယ်။ဒီအတွက် တူရကီဘက်က လက်တုံ့ပြန်ဖို့တွေ မြင်လာရဖွယ်ရှိနေပါတယ်။
လစ်ဗျားမှာတော့ အရှေ့ပိုင်းတပ်ဖွဲ့တွေက နိုင်ငံအနောက်ပိုင်းကို တိုက်ခိုက်နေရာမှာ ထရီပိုလီမြို့တော် အနောက်ဘက်ရှိ ဇူဝါရာမြို့ လေဆိပ်ကို လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။တူရကီနိုင်ငံ အနောက်မြောက်ပိုင်းမှာတော့ ဘတ်စ်ကား မတော်တဆတိုက်မုှုကြောင့် လူ ၃၇ ဦး သေဆုံးခဲ့သလို ဆီးရီးယား အရှေ့မြောက်ပိုင်း အယ်ဟဆခါမြို့က ပုဂ္ဂလိကဆေးရုံတစ်ခုကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်လို့ လူအသေအပျောက်မရှိပေမယ့် ဆေးရုံပြိုကျခဲ့ပါတယ်။စစ်မက်အားသန်တဲ့ ဒီဒေသတစ်ခွင်မှာ အမေရိကန်ဘက်က ပြောသလို အီရန်ကို လက်နက်ရောင်းချခွင့် ပြန်ပေးလိုက်ရင် စစ်ပွဲတွေ ပိုအားကောင်းလာမလား၊ အီရန် ကျောထောက်နောက်ခံအဖွဲ့တွေ ပိုအင်အားကောင်းလာမလားဆိုတာ စဉ်းစားတွက်ဆချင်စရာပါ။

အာရှ မတည်မငြိမ်မှု

အာရပ်ကမ္ဘာကနေစပြီး အာရှအရှေ့ဖျားထိ စစ်ရေးဆိုင်ရာ သတင်းတွေ ယခုရက်သတ္တပတ်အတွင်း ဖြစ်ခဲ့တာတွေ ရှိပါတယ်။ဒီထဲမှာ ကတ်ရှ်မီးယားပြဿနာက ထိပ်ဆုံးကပါ။ဩဂုတ် ၆ ရက် ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားမှုကို အိန္ဒိယက ရုပ်သိမ်းပြီးနောက်မှာ ပါကစ္စတန်နဲ့ တင်းမာမှုတွေ မြင့်တက်လာခဲ့ရာမှာ ကမ္ဘာကပါ စောင့်ကြည့်လာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒီလိုတင်းမာမှုတွေ မြင့်တက်လာခဲ့တဲ့အတွက် ဩဂုတ် ၁၉ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အိန္ဒိယနဲ့  ပါကစ္စတန် ခေါင်းဆောင်တွေကို သီးခြားစီ ဖုန်းနဲ့ဆွေးနွေးခဲ့ပြီး ကက်ရှ်မီးယား ပဋိပက္ခတွင် စိတ်ရှည်သည်းခံမှု ကျင့်သုံးကြဖို့ တိုက်တွန်းခဲ့ပါတယ်။နှစ်ဘက်စလုံးကို တင်းမာရန်လိုမှု လျှော့ချပြီး ဒေသတွင်း ငြိမ်းချမ်းမှုထိန်းသိမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။ဒီလိုတင်းမာမှုလျှော့ချဖို့ တိုက်တွန်းတဲ့ ဩဂုတ် ၁၉ ရက်မှာဘဲ နယ်စပ်ထိန်းချုပ်မျည်း ရှေ့ဘက် ပွန်းနစ်ချ်ခရိုင် ရှေ့တန်းစခန်းနဲ့ ရွာမှာ ပါကစ္စတန်တပ်သားတွေ ပစ်ခတ်ခဲ့လို့ အိန္ဒိယစစ်သားတစ်ဦး သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။ဩဂုတ် ၂၁ ရက်မှာ အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကတ်ရှ်မီးယားဘက်အခြမ်းဖြစ်တဲ့ ဘာရာမူလာဒေသမှာ စစ်သွေးကြွလို့ သံသယရှိတဲ့သူနှစ်ဦးကို အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ပါတယ်။ကက်ရှ်မီးယားဒေသမှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ပေးခဲ့သလို ဆက်သွယ်ရေးတွေ၊ ဘာသာရေးကျောင်းတွေ ပြန်ဖွင့်ပေးခဲ့ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖျက်သိမ်းခဲ့တဲ့အတွက် ဆန္ဒပြမှုတွေက ဆက်တိုက်ဖြစ်နေဆဲပါ။နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နှစ်နိုင်ငံကြား ဘယ်အချိန်မှာ စစ်ထဖြစ်မလဲဆိုတာ ကမ္ဘာက ရင်တမမစောင့်ကြည့်နေရတဲ့ အခြေအနေပါ။

အိန္ဒိယနဲ့ ပါကစ္စတန်မှာ ဒီလိုဖြစ်နေသလို အရှေ့တောင်အာရှမှာလည်း ပြဿနာတွေက ဆက်တိုက်ဖြစ်ပျက်နေပါတယ်။ဩဂုတ် ၁၇ ရက် အင်ဒိုနီးရှား လွတ်လပ်ရေးနေ့မှာ အရှေ့ဂျာဗားရှိ ဆူရာဘရားမြို့မှ ပူပါအာကျောင်းသား ၄၀ ကျော်ဟာ အဆောင်ရှေ့မှာ နိုင်ငံတော်အလံအား မီးရှို့ဖျက်ဆီးခဲ့လို့ ဖမ်းဆီးခံခဲ့ရပါတယ်။ဒီလိုဖမ်းဆီးထိန်းသိမ်းခဲ့လို့ သြဂုတ် ၁၉ ရက်မှာ ဆန္ဒပြသူ ထောင်ချီပါဝင်သည့် အဓိကရုဏ်း ပါပူအာမှာဖြစ်ပွားခဲ့ပြီး ဒေသပါလီမန် အဆောက်အအုံတစ်ခု မီးရှို့ခံခဲ့ရပါတယ်။ဆန္ဒပြသူအချို့က ဈေးဆိုင်တွေ မော်တော်ယာဉ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အစိုးရအဆောက်အအုံတွေကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ကာ ပါလီမန်အဆောက်အုံကို မီးရှို့ခဲ့ကြပါတယ်။အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ကတော့ အနောက်ပါပူအာ တိုင်းရင်းသားဒေသခံများကို ဆူပူဆန္ဒပြမှုများကို ရပ်တန့်ကြရန်၊ အမျက်ဒေါသများမထွက်ဘဲ နိုင်ငံသားများအချင်းချင်း ခွင့်လွှတ်ကြရန်နဲ့ ပါပူအာနှင့် အနောက်ပါပူအာဒေသ ပြည်သူအားလုံးကို အကျိုးစီးပွားအတွက် စောင့်ရှောက်ပေးမယ်လို့ ကတိပေးခဲ့ရပါတယ်။ခွဲခြားဆက်ဆံခံရမှုကနေ ဖြစ်လာတဲ့ ဒီပြဿနာကို အင်ဒိုအနေနဲ့ ဘယ်လောက်ထိ ကိုင်တွယ်ထိန်းသိမ်းနိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ဒီသတင်းတွေက ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ ထိုင်းတောင်ပိုင်း မွတ်ဆလင်သူပုန်တွေ တောင်းဆိုချက်ကို ထိုင်းအစိုးရ ပယ်ချခဲ့တဲ့ သတင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပြုဖို့ ထိုင်း ဒုဝန်ကြီးချုပ်က ဆန့်ကျင်ငြင်းဆိုခဲ့တဲ့သတင်း၊ လသွားမည့်  ချန်ဒရာယန်-၂ အာကာသလွန်းပြန်ယာဉ် ဂြိုဟ်တုပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့တဲ့သတင်း၊ ဖိလစ်ပိုင်နိုင်ငံမှာ ရှစ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါ ၁၈၈၀ဝ၀ ဖြစ်ပွားပြီး ၈၀၇ ဦး သေဆုံးခဲ့တဲ့သတင်း၊ ဖိလစ်ပိုင်မှာ ဝက်သေဆုံးမှု မြင့်တက်လာလို့ နိုင်ငံထဲ အာဖရိက ဝက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်နေခြင်း ရှိ/မရှိ စစ်ဆေးဖို့ အဖွဲ့ ဖွဲ့လိုက်တဲ့သတင်း၊ လာအိုနိုင်ငံ မြောက်ပိုင်းမှာ ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်လို့ တရုတ်ကမ္ဘာလှည့်ခရီးသည် ၁၃ ဦးသေဆုံးပြီး ၃၁ ဦးဒဏ်ရာရရှိခဲ့တဲ့ သတင်းတွေထဲ စောင့်ကြည့်ရဦးမယ့် သတင်းတွေဖြစ်ခဲ့တယ်ဆိုတာ ဖော်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
သြဂုတ် - ၂၆

( Zawgyi )

ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္းစာမ်က္ႏွာေတြမွာ ေရွ႕ဆုံးေရာက္ခဲ့တဲ့ သတင္းေတြက တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲ သတင္းေတြ၊ အာရွက ႏိုင္ငံေရးပဋိပကၡျဖစ္ေနတဲ့ ေဟာင္ေကာင္၊ အင္ဒိုသတင္းေတြနဲ႔ အေမရိကန္-႐ုရွားၾကား စစ္လက္နက္သစ္ေတြ အၿပိဳင္အဆိုင္စမ္းသပ္ေနမႈ သတင္းေတြပါဘဲ။

ဒီသတင္းေတြက ယခုတစ္ပတ္မွာျဖစ္ခဲ့တဲ့ သတင္းေတြထဲက ဆူဒန္သမၼတေဟာင္း အိုမာအယ္ဘတ္ရွာ ကို အက်င့္ပ်က္ျခစားမႈမ်ားနဲ႔ တရားစြဲဆိုေနတဲ့သတင္း၊ ႐ုရွားႏိုင္ငံ ေတာင္ပိုင္းရွိ အယ္ဘရက္ေတာင္ထိပ္ကို အသက္ ၁၀ ႏွစ္အ႐ြယ္ အိႏၵိယကေလးငယ္တစ္ဦး တက္ေရာက္ခဲ့တဲ့သတင္း၊ အဖိုးတန္  သယံဇာတအရင္းအျမစ္ေတြ ႂကြယ္ဝတဲ့ ဂရင္းလန္ကြၽန္းကိုဝယ္ဖို႔ ထရမ့္အစိုးရက စဥ္းစားေနတဲ့သတင္း၊ ဥေရာပသမဂၢရဲ႕ ဥပေဒေတြ အဆုံးသတ္မယ့္ အမိန႔္ကို ၿဗိတိန္ဝန္ႀကီးတစ္ဦး လက္မွတ္ေရးထိုးလိုက္တဲ့သတင္း၊ အျပည္ျပည္ဆိုင္ရာ အပ်င္းထူမႈေန႔ ပြဲေတာ္ကို ကိုလံဘီယာႏိုင္ငံမွာ ဩဂုတ္ ၁၈ ရက္က က်င္းပခဲ့တဲ့သတင္း၊ စပိန္ႏိုင္ငံ ဂရင္းကေနရီယာကြၽန္းမွာ ေတာမီးေတြ အႀကီးအက်ယ္ ေလာင္ကြၽမ္းေနတဲ့သတင္း၊ ပိုလန္ႏိုင္ငံ ေတာင္ပိုင္း တာထရာေတာင္ေပၚမွာ မိုးႀကိဳးပစ္ခတ္ခံရလို႔ ကေလးတစ္ဦး အပါအဝင္ လူသုံးဦးေသဆုံးခဲ့တဲ့ သတင္း၊ ဘရားဇီးရွိ အေမဇုန္သစ္ေတာ မီးေလာင္မႈေၾကာင့္ ဆာအိုပိုလိုၿမိဳ႕ေကာင္းကင္ သုံးနာရီၾကာ မီးခိုးတိမ္မ်ား ဖုံးအုပ္ခဲ့တဲ့သတင္း၊ ၾသစေၾတးလွ် ဘာဘီကြၽန္း အေနာက္ေျမာက္ပိုင္း ကမ္းေျခမွာ ေတာမီးေလာင္မႈေၾကာင့္ သားပိုက္ေကာင္ ၄၀ ခန႔္ ကမ္းေျခတြင္ ေသဆုံးေနတဲ့သတင္း၊ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕မွာ ဆန္းဝွစ္ခ်္ျပင္ေပးတာ အခ်ိန္ၾကာလို႔ စားပြဲထိုးကို ပစ္သတ္မႈျဖစ္ပြားခဲ့တဲ့ သတင္း၊ စတဲ့ သတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

ျပင္းထန္လာတဲ့ ကုန္သြယ္ေရးစစ္ပြဲ

တ႐ုတ္ႏွင့္ အေမရိကန္ၾကား လက္ရွိျဖစ္ေနတဲ့ ကုန္သြယ္ေရးစစ္က ယခုအခါမွာ ပိုၿပီးဆိုးလာခဲ့ပါတယ္။မၾကာခင္က အေမရိကန္ဘက္ကေန တ႐ုတ္ဘက္က တင္သြင္းတဲ့ ကုန္ပစၥည္းေတြအေပၚ ဘီလ်ံ ၃၀ဝ အေပၚ ထပ္တိုးအခြန္ေကာက္ဖို႔ ၿပီးခဲ့တဲ့လအတြင္းက ေၾကညာခဲ့ပါတယ္။ဒီေနာက္မွာ တ႐ုတ္ဘက္က ျပန္လည္တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္ဘက္ကထုတ္တဲ့ ကုန္ပစၥည္းေတြအေပၚ အခြန္တိုးေကာက္ဖို႔ လုပ္ပါတယ္။

ဒါဟာ အေမရိကန္အတြက္ စပ္ဖ်င္းဖ်င္းျဖစ္ေစတဲ့ တုံ႔ျပန္ခ်က္ပါ။ဒီမတိုင္ခင္က အေမရိကန္ဘက္က ေရာင္းၿပီးသား Huawei ဖုန္းေတြအတြက္ ေဆာ့ဖ္ဝဲအသစ္ ထပ္ထုတ္ေပးဖို႔နဲ႔ လက္ရွိ ဆက္သြယ္ေရးကြန္ရက္ ထိန္းသိမ္းဖို႔အတြက္ ရက္ ၉၀ ယာယီ လိုင္စင္ ျပန္ထုတ္ေပးခဲ့ေပမယ့္ ခြင့္ျပဳရက္က ကုန္ဆုံးေတာ့မွာ ျဖစ္တဲ့ အတြက္ ထပ္ၿပီး ရက္ ၉၀ ထုတ္ေပးဖို႔ က မေသခ်ာေသးပါဘူး။ဒီအခ်ိန္မွာ အေမရိကန္ဘက္က ဟြာေဝးရဲ႕ လုပ္ငန္းခြဲ ၄၆ ခုကို အမည္ပ်က္စာရင္းထဲ ထပ္မံထည့္သြင္းလိုက္တဲ့အေပၚ ဒါဟာ ႏိုင္ငံေရးေနာက္ခံေတြ ပါတယ္ဆိုၿပီး တ႐ုတ္ဘက္က ေျပာခဲ့ပါတယ္။တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူကေတာ့  အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ အေနနဲ႔ ကိုယ့္ကတိကိုယ္ထိန္းၿပီး အေမရိကန္ကုမၸဏီေတြကို ဟြာေဝးနဲ႔ စီးပြားေရး တြဲဖက္လုပ္ကိုင္ခြင့္ကို ခြင့္ျပဳရမွာျဖစ္တယ္လို႔ ယခုတစ္ပတ္မွာ ျပဳလုပ္ခဲ့တဲ့ ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ  ေျပာခဲ့ပါတယ္။

ဒီေနာက္မွာ တ႐ုတ္ဘက္ကေန ၾသဂုတ္လ ၂၃ ရက္မွာ အေမရိကန္ေဒၚလာ ၇၅ ဘီလ်ံခန႔္ တန္ဖိုးရွိ အေမရိကန္ထုတ္ ေမာ္ေတာ္ယာဥ္ႏွင့္ စက္ကိရိယာ အစိတ္အပိုင္း ပစၥည္းမ်ားအေပၚ ၂၅ ရာခိုင္ႏႈန္းႏွင့္ ၅ ရာခိုင္ႏႈန္း ၂ ႀကိမ္ခြဲကာ အခြန္တိုးေကာက္သြားဖို႔ ေၾကညာခဲ့ပါတယ္။ဒီလို တ႐ုတ္ဘက္က ေၾကညာၿပီး နာရီပိုင္းအၾကာမွာ တ႐ုတ္ကုန္စည္ ၅၅၀ ဘီလ်ံ တန္ဖိုးအေပၚ အခြန္ ၅ ရာခိုင္ႏႈန္း ထပ္တိုးေကာက္မယ္လို႔ ေျပာခဲ့ပါတယ္။

ဒီေနာက္မွာ ဒီျပႆနာက တင္းမာမႈအျမင့္ဆုံး ေရာက္လာခဲ့ပါတယ္။အေမရိကန္သမၼတက ဂ်ီ ၇ ေဆြးေႏြးပြဲသို႔ ထြက္ခြာခါနီးမွာ အေမရိကန္ကုမၸဏီမ်ားအေနျဖင့္ တ႐ုတ္မွလြဲ၍ အျခားႏိုင္ငံမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံေရးအတြက္ အျမန္ဆုံးရွာေဖြၾကရန္ႏွင့္ ယင္းကုမၸဏီမ်ား တ႐ုတ္တြင္ ဆက္လက္အလုပ္မလုပ္ရန္ ၁၉၇၇ ခုႏွစ္ ဥပေဒအရ အမိန႔္ထုတ္ျပန္ႏိုင္တယ္ဆိုၿပီး တြစ္တာမွာ ေဖာ္ျပခဲ့ပါတယ္။ၾသဂုတ္ ၂၅ ရက္မွာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က တ႐ုတ္ႏိုင္ငံအေပၚ အခြန္တိုးျမႇင့္မႈႏွင့္ ပတ္သက္၍ အျခားစဥ္းစားထားသည့္ အေၾကာင္းအရာမ်ား ရွိေသးတယ္လို႔ မီဒီယာေတြကို ေျပာခဲ့သလို အိမ္ျဖဴေတာ္ ေျပာခြင့္ရအမ်ိဳးသမီးက ထရမ့္ အေနျဖင့္ အခြန္ပိုမိုမသတ္မွတ္ခဲ့ျခင္းအေပၚ ထရမ့္ က ေနာင္တရေနတယ္ဆိုတာကို ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

ၾသဂုတ္လ ၂၆ ရက္မွာ တ႐ုတ္ဘက္က အဆင့္ျမင့္ ကုန္သြယ္ညႇိႏႈိင္းေရးမႉးလည္းျဖစ္တဲ့ ဒု-ဝန္ႀကီးခ်ဳပ္က အေမရိကန္နဲ႔ ျဖစ္ေနတဲ့ ကုန္သြယ္ေရးအျငင္းပြားမႈ ျပႆနာကို ေဆြးေႏြးမႈေတြကတဆင့္ အေျဖရွာလိုတယ္လို႔ ေျပာခဲ့ပါတယ္။ယခုတစ္ပတ္ စတင္က်င္းပတဲ့ ဂ်ီဆဲဗင္း ထိပ္သီးေဆြးေႏြးပြဲမွာ ကုန္သြယ္ေရးစစ္ပြဲက ထိပ္တန္းကိစၥျဖစ္လာသလို တစ္ကမာၻလုံးနဲ႔ ေဒသတြင္းေတြမွာ ထိခိုက္မႈေတြ ရွိလာေနတဲ့အတြက္ ျပႆနာကို ေဆြးေႏြးအေျဖရွာဖို႔ ဂ်ီဆဲဗင္း ထိပ္သီးေခါင္းေဆာင္ေတြက ထုတ္ျပန္ခဲ့ပါတယ္။

တ႐ုတ္ဘက္ေရာ အေမရိကန္ဘက္ကပါ ကုန္သြယ္ေရးစစ္ပြဲ အဆုံးသတ္မည့္ အလားအလာမ်ား ရွိလာေပမယ့္ ႏိုင္ငံေရးပိုင္းမွာ တ႐ုတ္နဲ႔ အေမရိကန္ၾကား ျပႆနာက ႀကီးထြားေနပါတယ္။ကုန္သြယ္ေရးစစ္အတြက္ အေမရိကန္ဘက္က အရွိန္ျမႇင့္လာသလို ဒီဘက္အပိုင္းမွာလဲ ထိုင္ဝမ္ကို လက္နက္ေရာင္းခ်တဲ့ကိစၥနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ တ႐ုတ္ၾကား တင္းမာမႈက ပိုျမင့္မားလာပါတယ္။ဒါဟာ ဩဂုတ္ ၂၀ ရက္မွာ အေမရိကန္ အေျခစိုက္ Lockheed Martin ကုမၸဏီက ထုတ္လုပ္တဲ့ အက္ဖ္-၁၆ ေနာက္ဆုံးပုံစံျဖစ္ေသာ F-16C/D Block 70 ေလယာဥ္ ၆၆ စင္းကို ေဒၚလာ ၈ ဘီလ်ံဖိုး ဝယ္ယူခြင့္ျပဳမယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္တာကေန စတာပါ။ဒီအတြက္ တ႐ုတ္ဘက္က ထိုင္ဝမ္ကို လက္နက္ေရာင္းခ်တာဟာ  တ႐ုတ္ျပည္တြင္းေရးကို ဆိုး႐ြားစြာ ေႏွာက္ယွက္တာလို႔ ေျပာခဲ့သလို တ႐ုတ္စစ္သိပၸံေက်ာင္းရဲ႕ စစ္ဘက္ဆိုင္ရာ ေလ့လာေရးဌာန အႀကီးအကဲ ဗိုလ္ခ်ဳပ္ခ်န္ေရာင္ဒီ က ယင္းအေရာင္းအဝယ္တြင္ ပါဝင္သည့္ ျပည္ပကုမၸဏီမ်ားကို ျပစ္ဒဏ္ခ်မွတ္မည့္အျပင္ တန္ျပန္အေရးယူမႈမ်ား လုပ္ေဆာင္သြားမယ္ဆိုၿပီး ၿခိမ္းေျခာက္ခဲ့ပါတယ္။

ယခုေနာက္ပိုင္း ကမာၻမွာ စစ္ေရးအင္အားေရာ စီးပြားေရးအင္အားပါ ထိပ္တန္းေရာက္လာတဲ့ တ႐ုတ္ကို ကန႔္သတ္ပိတ္ဆို႔ဖို႔ အေမရိကန္က ဘက္ေပါင္းစုံကေန ႀကိဳးစားေနရာမွာ တ႐ုတ္ဘက္က တုံ႔ျပန္မႈေတြကလည္း ပိုျပင္းထန္လာတာကို ေတြ႕ရပါတယ္။ေရရွည္မွာ တ႐ုတ္ဘက္က ဘယ္ေလာက္ထိ ေတာင့္ခံႏိုင္မလဲ၊ ကမာၻပတ္ၿပီး အတိုက္အခံလုပ္ေနတဲ့ အေမရိကန္ ဘယ္ေလာက္ထိ တ႐ုတ္ကို ထိန္းခ်ဳပ္ပိတ္ဆို႔ႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။     

စစ္ေအးေခတ္ တေက်ာ့ျပန္

ယခုရက္သတၱပတ္ထဲမွာ ကမာၻက အာ႐ုံစိုက္ခဲ့ရတဲ့ သတင္းႏွစ္ပုဒ္ရွိပါတယ္။ဒါက အေမရိကန္နဲ႔ ႐ုရွား စစ္ေရးသတင္းေတြပါဘဲ။ကာလရွည္ စစ္ေရးလက္နက္ စမ္းသပ္မႈမရွိခဲ့တဲ့ အေမရိကန္ဘက္က ၾသဂုတ္ ၁၈ ရက္က ကယ္လီဖိုးနီးယား ကမ္း႐ိုးတန္းအနီး တာလတ္ပစ္ ခ႐ု(စ္)ဒုံးက်ည္တစ္မ်ိဳးကို စမ္းသပ္ခဲ့ပါတယ္။ဒါဟာ ႐ုရွားနဲ႔ ခ်ဳပ္ဆိုထားခဲ့တဲ့ INF ေခၚ တာလတ္ပစ္ န်ဴကလီးယားစာခ်ဳပ္ကေန ၿပီးခဲ့တဲ့ ၾသဂုတ္ ၂ ရက္က အေမရိကန္ တရားဝင္ႏုတ္ထြက္သြားၿပီးေနာက္ ပထမဆုံးစမ္းသပ္မႈပါ။

ဒီလိုစမ္းသပ္တဲ့အတြက္ ႐ုရွားႏွင့္ တ႐ုတ္ႏိုင္ငံဘက္က ကမာၻ႔ႏိုင္ငံမ်ားအၾကား တင္းမာမႈမ်ားကို ပိုမိုျမင့္တက္ေစတဲ့အျပင္ ကာကြယ္ေရးလက္နက္မ်ား အၿပိဳင္အဆိုင္ တီထြင္ဆန္းသစ္မႈမ်ားကို တြန္းအားေပးရာေရာက္ေစတယ္လို႔ ေျပာခဲ့ပါတယ္။႐ုရွား ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ ေငြအကုန္အက်မ်ားေသာ ကာကြယ္ေရးလက္နက္မ်ား ၿပိဳင္ဆိုင္တီထြင္ဆန္းသစ္မႈကို လက္တုံ႔ျပန္မႈ မလုပ္ေဆာင္ဘူးလို႔ ေျပာခဲ့ပါတယ္။

တ႐ုတ္ဘက္ကေတာ့ အေမရိကန္၏ ဒုံးက်ည္စမ္းသပ္ျခင္းသည္ ကာကြယ္ေရးက႑ အင္အားၿပိဳင္ဆိုင္မႈမ်ားနဲ႔ ထိပ္တိုက္ရင္ဆိုင္ေတြ႕မႈမ်ားကို ပိုမိုအားေပးရာေရာက္တယ္ဆိုၿပီး ေဝဖန္ခဲ့ပါတယ္။႐ုရွား လွ်ိဳ႕ဝွက္ၿမိဳ႕  ဆာေရာ့ဗ္မွာ လက္နက္စမ္းသပ္ရင္း ေပါက္ကြဲမႈျဖစ္လို႔ န်ဴကလီးယား ကြၽမ္းက်င္ပညာရွင္ ၅ ဦး ေသဆုံးခဲ့ရအၿပီး ႏွစ္ပတ္အၾကာ အေမရိကန္ ဒုံးက်ည္စမ္းသပ္ၿပီး ၆ ရက္အၾကာ ၾသဂုတ္ ၂၄ ရက္မွာ အာတိတ္နဲ႔ ဘာရင္းပင္လယ္ထဲ ႐ုရွားဘက္က န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာ တူလာနဲ႔ ယူရီဒူေဂါ့ယကီးေပၚကေန ဒုံးက်ည္ႏွစ္စင္း စမ္းသပ္ပစ္လႊတ္ခဲ့ျပပါတယ္။ဩဂုတ္ ၂၃ ရက္မွာေတာ့ ႐ုရွားဘက္ကေန ကမာၻ႔ပထမဆုံး ေရေပၚ န်ဴကလီးယားဓာတ္ေပါင္းဖို ေရယာဥ္ကို ေရခ်ခဲ့ပါတယ္။

ကမာၻ႔ႏိုင္ငံေတြကေတာ့ လက္နက္စြမ္းရည္ အားေကာင္းလာတဲ့ ႐ုရွားနဲ႔ တစ္ပတ္အတြင္း အၿပိဳင္အဆိုင္ လက္နက္စမ္းသပ္ျပတဲ့ အေမရိကန္နဲ႔ ႐ုရွားေၾကာင့္ လက္နက္အင္အား ၿပိဳင္ပြဲသစ္တစ္ခု အေမရိကန္နဲ႔ ႐ုရွားၾကား ေပၚေပါက္လာမွာကို စိုးရိမ္ေနၾကပါတယ္။ဒီလက္နက္ၿပိဳင္ပြဲထဲ အာရွက တ႐ုတ္၊ အိႏၵိယနဲ႔ ဂ်ပန္၊ ေျမာက္ကိုရီးယားတို႔ ပါဝင္လာခဲ့ရင္ စစ္မက္ထူေျပာတဲ့ ယေန႔ကမာၻ အေျခအေနက သတိထားစရာ အေျခအေနမို႔ ဆက္ေစာင့္ၾကည့္ရမွာပါ။

စစ္ရွိန္ျမင့္လာတဲ့ အာရပ္ကမာၻ စစ္ပြဲမ်ား

ယခုရက္သတၱပတ္ ကုလလုံၿခဳံေရးေကာင္စီ အစည္းအေဝးမွာ ၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလမွာ ကုန္ဆုံးဖို႔ရွိတဲ့ အီရန္ႏိုင္ငံ၏ လက္နက္ေရာင္းဝယ္ခြင့္ကို ကုလက အဆုံးသတ္မယ္ဆိုရင္ ေဒသတြင္းမွာ ျပႆနာအသစ္ေတြ ျဖစ္လာႏိုင္တယ္လို႔ အေမရိကန္ဘက္က ေျပာခဲ့ပါတယ္။

အဆိုပါ ကုလလုံၿခဳံေရးေကာင္စီ အစည္းအေဝးက အေရွ႕အလယ္ပိုင္းေဒသ၏ ၿငိမ္းခ်မ္းေရးႏွင့္ စိန္ေခၚမႈမ်ားကို ေဆြးေႏြးခဲ့တာျဖစ္ၿပီး အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ပီယို က အီရန္က၂၀၁၅ ခုႏွစ္ န်ဴကလီးယား သေဘာတူစာခ်ဳပ္အရ ပိတ္ဆို႔အေရးယူမႈမ်ားကို ခ်ိဳးေဖာက္ျခင္း၊ ပဲ့ထိန္းဒုံးက်ည္မ်ား စမ္းသပ္ပစ္ခတ္ျခင္းႏွင့္ ေဟာ့မုဇ္ေရလက္ၾကားတြင္ ေရနံတင္သေဘၤာမ်ားကို ဖမ္းဆီးျခင္းတို႔ လုပ္ေဆာင္ခဲ့တဲ့အတြက္ ဒီလိုပယ္ဖ်က္ေပးခဲ့ရင္ ပင္လယ္ေကြ႕ေဒသမွာ စစ္ရွိန္က ျမင့္တက္လာႏိုင္တဲ့ သေဘာကို ေျပာခဲ့တာပါ။အဆိုပါ ေဟာ္မုဇ္ေရလက္ၾကားကို ထိန္းခ်ဳပ္ဖို႔ အေမရိကန္က အျပည္ျပည္ဆိုင္ရာ မဟာမိတ္အဖြဲ႕ကို ဖြဲ႕စည္းေနတာပါ။ဒီထဲ ပင္လယ္ေကြ႕ထဲက ဘာရိန္းႏိုင္ငံေတာင္ ပါဝင္လာေနပါၿပီ။

လက္ရွိမွာ အီရန္နဲ႔ အေမရိကန္ၾကား ဆက္ဆံေရးအေျခအေနက ပင္လယ္ေကြ႕စစ္ပြဲ မတိုင္ခင္ အီရန္-အီရတ္ စစ္ပြဲကာလေနာက္ပိုင္း အဆိုးဆုံးအေျခအေနကိုေရာက္ေနပါတယ္။အီရန္ဘက္ကေတာ့ အေမရိကန္ဘက္က အေရွ႕အလယ္ပိုင္းေဒသသို႔ စစ္အင္အားမ်ား တည္ေဆာက္ျခင္း၊ အထိန္းအကြပ္မရွိဘဲ လက္နက္အင္အား ထည့္သြင္းျခင္းတို႔ေၾကာင့္ ေဒသတြင္း လုံၿခဳံမႈႏွင့္ တည္ၿငိမ္မႈမရွိေအာင္ လုပ္ေဆာင္ေနေၾကာင္း စြပ္စြဲထားပါတယ္။

အီရန္ဘက္က စြပ္စြဲသလိုပါဘဲ ဒီေဒသမွာ အေမရိကန္ဘက္က တိုက္ခိုက္မႈေတြ ယခုရက္သတၱပတ္ထဲ ခပ္စိပ္စိပ္ျဖစ္ခဲ့ပါတယ္။ၾသဂုတ္ ၂၀ ရက္မွာ ယီမင္ႏိုင္ငံထဲ ပစ္မွတ္ေတြကို အေမရိကန္က MQ-9 ဒ႐ုန္းသုံးၿပီး ဒုံးက်ည္ေတြ ပစ္လႊတ္တိုက္ခိုက္ခဲ့ပါတယ္။ဆိုမာလီယာႏိုင္ငံထဲက အယ္လ္ရွာဘတ္ စစ္ေသြးႂကြေတြကိုေတာ့ ေလေၾကာင္းကေန အေမရိကန္က တိုက္ခိုက္ခဲ့ပါတယ္။

အစၥလာမ္ႏိုင္ငံေတြမွာ သတ္ျဖတ္မႈေတြ၊ ဘာသာေရးအစြန္းေရာက္မႈေတြက ယခုရက္သတၱပတ္အထိ အားေကာင္းေမာင္းသန္ ဖြံ႕ၿဖိဳးေနဆဲပါ။ဂါဇာမွာေတာ့ ထုံးစံအတိုင္း နယ္စပ္ျဖတ္ေက်ာ္ဖို႔ ႀကိဳးစားတဲ့ ပါလက္စတိုင္း လက္နက္ကိုင္ အမ်ိဳးသားအဖြဲ႕တစ္ဖြဲ႕ကို အစၥေရးတပ္ဖြဲ႕ဝင္မ်ားက ပစ္ခတ္ခဲ့လို႔ ယခုတစ္ပတ္မွာ သုံးဦးေသဆုံးခဲ့ပါတယ္။ၿပီးခဲ့တဲ့အပတ္က မဂၤလာေဆာင္ ဗုံးေပါက္ကြဲမႈေၾကာင့္ ကမာၻတစ္ဝန္း ထိတ္လန႔္ခဲ့ရတဲ့ အာဖဂန္မွာ ယခုတစ္ပတ္မွာလည္း လြတ္လပ္ေရးေန႔ က်င္းပစဥ္ ႏိုင္ငံအေရွ႕ပိုင္း ဂ်လာလာဘတ္ၿမိဳ႕မွာ ဗုံးေတြ ဆက္တိုက္ေပါက္ကြဲခဲ့လို႔ အနည္းဆုံး လူ ၄၃ ဦး ဒဏ္ရာရခဲ့ပါတယ္။

စစ္ပြဲေတြ အေတာမသတ္ႏိုင္ေသးတဲ့ ဆီးရီးယား ေျမာက္ပိုင္းမွာေတာ့  သူပုန္ေတြ ထိန္းခ်ဳပ္ထားတဲ့ၿမိဳ႕ကို စစ္ကူသြားတဲ့ တူရကီယာဥ္တန္းတစ္ခုကို ဆီးရီးယားအစိုးရက ေလေၾကာင္းတိုက္ခိုက္လို႔ အရပ္သားသုံးဦး ေသဆုံးခဲ့ရာကေန တူရကီနဲ႔ ဆီးရီးယားၾကား အျငင္းပြားမႈေတြ စလာေနပါတယ္။ဒီအတြက္ တူရကီဘက္က လက္တုံ႔ျပန္ဖို႔ေတြ ျမင္လာရဖြယ္ရွိေနပါတယ္။
လစ္ဗ်ားမွာေတာ့ အေရွ႕ပိုင္းတပ္ဖြဲ႕ေတြက ႏိုင္ငံအေနာက္ပိုင္းကို တိုက္ခိုက္ေနရာမွာ ထရီပိုလီၿမိဳ႕ေတာ္ အေနာက္ဘက္ရွိ ဇူဝါရာၿမိဳ႕ ေလဆိပ္ကို ေလေၾကာင္းကေန တိုက္ခိုက္ဖ်က္ဆီးခဲ့ပါတယ္။တူရကီႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာေတာ့ ဘတ္စ္ကား မေတာ္တဆတိုက္မုႈေၾကာင့္ လူ ၃၇ ဦး ေသဆုံးခဲ့သလို ဆီးရီးယား အေရွ႕ေျမာက္ပိုင္း အယ္ဟဆခါၿမိဳ႕က ပုဂၢလိကေဆး႐ုံတစ္ခုကို လက္ပစ္ဗုံးေတြနဲ႔ တိုက္ခိုက္လို႔ လူအေသအေပ်ာက္မရွိေပမယ့္ ေဆး႐ုံၿပိဳက်ခဲ့ပါတယ္။စစ္မက္အားသန္တဲ့ ဒီေဒသတစ္ခြင္မွာ အေမရိကန္ဘက္က ေျပာသလို အီရန္ကို လက္နက္ေရာင္းခ်ခြင့္ ျပန္ေပးလိုက္ရင္ စစ္ပြဲေတြ ပိုအားေကာင္းလာမလား၊ အီရန္ ေက်ာေထာက္ေနာက္ခံအဖြဲ႕ေတြ ပိုအင္အားေကာင္းလာမလားဆိုတာ စဥ္းစားတြက္ဆခ်င္စရာပါ။

အာရွ မတည္မၿငိမ္မႈ

အာရပ္ကမာၻကေနစၿပီး အာရွအေရွ႕ဖ်ားထိ စစ္ေရးဆိုင္ရာ သတင္းေတြ ယခုရက္သတၱပတ္အတြင္း ျဖစ္ခဲ့တာေတြ ရွိပါတယ္။ဒီထဲမွာ ကတ္ရွ္မီးယားျပႆနာက ထိပ္ဆုံးကပါ။ဩဂုတ္ ၆ ရက္ ဂ်မူးႏွင့္ ကက္ရွ္မီးယားျပည္နယ္ေတြမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ေပးထားမႈကို အိႏၵိယက ႐ုပ္သိမ္းၿပီးေနာက္မွာ ပါကစၥတန္နဲ႔ တင္းမာမႈေတြ ျမင့္တက္လာခဲ့ရာမွာ ကမာၻကပါ ေစာင့္ၾကည့္လာရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ဒီလိုတင္းမာမႈေတြ ျမင့္တက္လာခဲ့တဲ့အတြက္ ဩဂုတ္ ၁၉ ရက္မွာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က အိႏၵိယနဲ႔  ပါကစၥတန္ ေခါင္းေဆာင္ေတြကို သီးျခားစီ ဖုန္းနဲ႔ေဆြးေႏြးခဲ့ၿပီး ကက္ရွ္မီးယား ပဋိပကၡတြင္ စိတ္ရွည္သည္းခံမႈ က်င့္သုံးၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။ႏွစ္ဘက္စလုံးကို တင္းမာရန္လိုမႈ ေလွ်ာ့ခ်ၿပီး ေဒသတြင္း ၿငိမ္းခ်မ္းမႈထိန္းသိမ္းဖို႔ တိုက္တြန္းခဲ့ပါတယ္။ဒီလိုတင္းမာမႈေလွ်ာ့ခ်ဖို႔ တိုက္တြန္းတဲ့ ဩဂုတ္ ၁၉ ရက္မွာဘဲ နယ္စပ္ထိန္းခ်ဳပ္မ်ည္း ေရွ႕ဘက္ ပြန္းနစ္ခ်္ခ႐ိုင္ ေရွ႕တန္းစခန္းနဲ႔ ႐ြာမွာ ပါကစၥတန္တပ္သားေတြ ပစ္ခတ္ခဲ့လို႔ အိႏၵိယစစ္သားတစ္ဦး ေသဆုံးခဲ့ၿပီး ေလးဦးဒဏ္ရာရခဲ့ပါတယ္။ဩဂုတ္ ၂၁ ရက္မွာ အိႏၵိယ ထိန္းခ်ဳပ္ထားတဲ့ ကတ္ရွ္မီးယားဘက္အျခမ္းျဖစ္တဲ့ ဘာရာမူလာေဒသမွာ စစ္ေသြးႂကြလို႔ သံသယရွိတဲ့သူႏွစ္ဦးကို အိႏၵိယ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ပစ္သတ္ခဲ့ပါတယ္။ကက္ရွ္မီးယားေဒသမွာ စာသင္ေက်ာင္းေတြ ျပန္ဖြင့္ေပးခဲ့သလို ဆက္သြယ္ေရးေတြ၊ ဘာသာေရးေက်ာင္းေတြ ျပန္ဖြင့္ေပးခဲ့ေပမယ့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးကို ဖ်က္သိမ္းခဲ့တဲ့အတြက္ ဆႏၵျပမႈေတြက ဆက္တိုက္ျဖစ္ေနဆဲပါ။န်ဴကလီးယားလက္နက္ ပိုင္ဆိုင္တဲ့ ႏွစ္ႏိုင္ငံၾကား ဘယ္အခ်ိန္မွာ စစ္ထျဖစ္မလဲဆိုတာ ကမာၻက ရင္တမမေစာင့္ၾကည့္ေနရတဲ့ အေျခအေနပါ။

အိႏၵိယနဲ႔ ပါကစၥတန္မွာ ဒီလိုျဖစ္ေနသလို အေရွ႕ေတာင္အာရွမွာလည္း ျပႆနာေတြက ဆက္တိုက္ျဖစ္ပ်က္ေနပါတယ္။ဩဂုတ္ ၁၇ ရက္ အင္ဒိုနီးရွား လြတ္လပ္ေရးေန႔မွာ အေရွ႕ဂ်ာဗားရွိ ဆူရာဘရားၿမိဳ႕မွ ပူပါအာေက်ာင္းသား ၄၀ ေက်ာ္ဟာ အေဆာင္ေရွ႕မွာ ႏိုင္ငံေတာ္အလံအား မီးရႈိ႕ဖ်က္ဆီးခဲ့လို႔ ဖမ္းဆီးခံခဲ့ရပါတယ္။ဒီလိုဖမ္းဆီးထိန္းသိမ္းခဲ့လို႔ ၾသဂုတ္ ၁၉ ရက္မွာ ဆႏၵျပသူ ေထာင္ခ်ီပါဝင္သည့္ အဓိက႐ုဏ္း ပါပူအာမွာျဖစ္ပြားခဲ့ၿပီး ေဒသပါလီမန္ အေဆာက္အအုံတစ္ခု မီးရႈိ႕ခံခဲ့ရပါတယ္။ဆႏၵျပသူအခ်ိဳ႕က ေဈးဆိုင္ေတြ ေမာ္ေတာ္ယာဥ္ေတြကို မီးရႈိ႕ဖ်က္ဆီးခဲ့ၿပီး အစိုးရအေဆာက္အအုံေတြကို ေက်ာက္တုံးေတြနဲ႔ ပစ္ေပါက္ကာ ပါလီမန္အေဆာက္အုံကို မီးရႈိ႕ခဲ့ၾကပါတယ္။အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒို ကေတာ့ အေနာက္ပါပူအာ တိုင္းရင္းသားေဒသခံမ်ားကို ဆူပူဆႏၵျပမႈမ်ားကို ရပ္တန႔္ၾကရန္၊ အမ်က္ေဒါသမ်ားမထြက္ဘဲ ႏိုင္ငံသားမ်ားအခ်င္းခ်င္း ခြင့္လႊတ္ၾကရန္နဲ႔ ပါပူအာႏွင့္ အေနာက္ပါပူအာေဒသ ျပည္သူအားလုံးကို အက်ိဳးစီးပြားအတြက္ ေစာင့္ေရွာက္ေပးမယ္လို႔ ကတိေပးခဲ့ရပါတယ္။ခြဲျခားဆက္ဆံခံရမႈကေန ျဖစ္လာတဲ့ ဒီျပႆနာကို အင္ဒိုအေနနဲ႔ ဘယ္ေလာက္ထိ ကိုင္တြယ္ထိန္းသိမ္းႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

ဒီသတင္းေတြက ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ ထိုင္းေတာင္ပိုင္း မြတ္ဆလင္သူပုန္ေတြ ေတာင္းဆိုခ်က္ကို ထိုင္းအစိုးရ ပယ္ခ်ခဲ့တဲ့ သတင္း၊ တ႐ုတ္နဲ႔ အိႏၵိယႏိုင္ငံသားေတြကို ဗီဇာကင္းလြတ္ခြင့္ျပဳဖို႔ ထိုင္း ဒုဝန္ႀကီးခ်ဳပ္က ဆန႔္က်င္ျငင္းဆိုခဲ့တဲ့သတင္း၊ လသြားမည့္  ခ်န္ဒရာယန္-၂ အာကာသလြန္းျပန္ယာဥ္ ၿဂိဳဟ္တုပတ္လမ္းအတြင္းသို႔ ေအာင္ျမင္စြာ ဝင္ေရာက္ႏိုင္ခဲ့တဲ့သတင္း၊ ဖိလစ္ပိုင္ႏိုင္ငံမွာ ရွစ္လအတြင္း ေသြးလြန္တုပ္ေကြးေရာဂါ ၁၈၈၀ဝ၀ ျဖစ္ပြားၿပီး ၈၀၇ ဦး ေသဆုံးခဲ့တဲ့သတင္း၊ ဖိလစ္ပိုင္မွာ ဝက္ေသဆုံးမႈ ျမင့္တက္လာလို႔ ႏိုင္ငံထဲ အာဖရိက ဝက္တုပ္ေကြးဗိုင္းရပ္စ္ ကူးစက္ေနျခင္း ရွိ/မရွိ စစ္ေဆးဖို႔ အဖြဲ႕ ဖြဲ႕လိုက္တဲ့သတင္း၊ လာအိုႏိုင္ငံ ေျမာက္ပိုင္းမွာ ကမာၻလွည့္ခရီးသည္တင္ ဘတ္စ္ကားတစ္စီး တိမ္းေမွာက္လို႔ တ႐ုတ္ကမာၻလွည့္ခရီးသည္ ၁၃ ဦးေသဆုံးၿပီး ၃၁ ဦးဒဏ္ရာရရွိခဲ့တဲ့ သတင္းေတြထဲ ေစာင့္ၾကည့္ရဦးမယ့္ သတင္းေတြျဖစ္ခဲ့တယ္ဆိုတာ ေဖာ္ျပရင္း ယခုတစ္ပတ္ ႏိုင္ငံတကာသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ၾသဂုတ္ - ၂၆