【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အရှေ့အလယ်ပိုင်းမှာ အမေရိကန် စစ်ပြင်နေပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အရှေ့အလယ်ပိုင်းမှာ အမေရိကန် စစ်ပြင်နေပြီလား

ယခုရက်သတ္တပတ် သတင်းတွေထဲမှာ ထိပ်တန်းဖြစ်ခဲ့တဲ့ သတင်းတွေက ဆော်ဒီ ရေနံအဆောက်အဦးတွေ တိုက်ခိုက်ခံရလို့ တင်းမာနေတဲ့ အရှေ့အလယ်ပိုင်း နောက်ဆက်တွဲသတင်းတွေနဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ရှင်းကြမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ သတင်းတွေက ယခုတစ်ပတ်မှာ အများစောင့်ကြည့်ရတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

အဆိုပါသတင်းတွေက ယခုတစ်ပတ် ထိပ်တန်းသတင်းတွေဖြစ်တဲ့ ဥရောပသမဂ္ဂကနေ သဘောတူညီချက်မယူဘဲ နုတ်ထွက်ရင် ဥရောပစီးပွားရေးမှာ အကြပ်အတည်းတွေ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့စီးပွားရေးအင်အားကြီးအုပ်စုတွေက ဗြိတိန်ကို သတိပေးလိုက်တဲ့သတင်း၊ ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန် အလုပ်သမားများအပေါ် တန်ပြန်သက်ရောက်စေတယ်လို့ အဲဘတ်စ် လေယာဉ်ကုမ္ပဏီ အကြီးအကဲက သမ္မတ ဒေါ်နယ်ထရမ့် ကို သတိပေးလိုက်တဲ့သတင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြုံယမ်းကို လာရောက်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် က ဖိတ်ခေါ်ခဲ့တဲ့သတင်း၊ အိန္ဒိယစစ်တပ်က “Astra” အမည်ရ ဝေဟင်မှ ဝေဟင်ပစ် ဒုံးခွင်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့တဲ့သတင်း၊ ကျန်းမာရေးအန္တရာယ် ဖြစ်စေနိုင်လို့ အီးစီးကရက် ထုတ်လုပ်တင်သွင်း ရောင်းချတာကို အိန္ဒိယအစိုးရက တားမြစ်လိုက်တဲ့သတင်း၊ အမေရိကန်သမ္မတ ထရမ့် နဲ့ အိန္ဒိယ-ပါကစ္စတန် ခေါင်းဆောင်တို့ တွေ့ဆုံမယ်သတင်း၊ မြောက်ကိုရီးယား သင်္ဘောနှစ်စီးနှင့် သင်္ဘောအမှုထမ်း ၈၀ ကျော်ကို ရုရှား ကမ်းခြေစောင့်တပ်က ဖမ်းဆီးထားတဲ့ သတင်းတွေလည်း  ဖြစ်ပွားခဲ့ပါတယ်။

ရာသီဥတုအပြောင်းအလဲနှင့် ကမ္ဘာတစ်ဝန်းတုံ့ပြန်မှု

တစ်ရက်ထက် တစ်ရက် ပိုဆိုးလာတဲ့ ကမ္ဘာ့ရာသီဥတုက ကမ္ဘာတစ်ဝန်း သတိထားမိတဲ့ကိစ္စ ဖြစ်လာပါတယ်။အမေရိကန်မှာ ယခုရက်သတ္တပတ်ထဲ ထုတ်ပြန်တဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ CBS သတင်းဌာနက ကောက်ယူတဲ့ Voting တစ်ခုမှာ အမေရိကန်လူမျိုး သုံးပုံနှစ်ပုံက ရာသီဥတုပြောင်းလဲခြင်းသည် ပဋိပက္ခတစ်ခု သို့မဟုတ် ဆိုးရွားသည့် ပြဿနာတစ်ရပ် ဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေ ရှိလာပါတယ်။

မကြာမီက ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ ကုလအစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်တစ်ဦးက ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု အကျိုးဆက်တွေက ပိုမိုမြန်ဆန်စွာ ဆိုးဝါးပြင်းထန်လာနေတယ်လို့ ထောက်ပြခဲ့သလို အဆိုပါအစီရင်ခံစာမှ အချက်အလက်တွေအရ ၂၀၁၄ နဲ့ ၂၀၁၉ ကြား ငါးနှစ်ကာလဟာ စံချိန်တင် အပူနွေးဆုံးကာလဖြစ်ခဲ့သလို ပင်လယ်ရေမျက်နှာပြင် သိသိသာသာမြင့်တက်ခဲ့ပြီး CO2 ထုတ်လွှတ်မှုတွေက စံချိန်တင် မြင့်တက်ခဲ့တယ် ဆိုပါတယ်။

ဒီမတိုင်ခင် သဘာဝသိပ္ပံဂျာနယ်ဖြစ်တဲ့ Science ဂျာနယ်မှာ မြောက်အမေရိကရှိ ငှက်ကောင်ရေဟာ ၁၉၇၀ ခုနှစ်ကထက်  ၃ ဘီလျံ သို့မဟုတ် ၂၉ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ထောက်ပြခဲ့ပါတယ်။နိုင်ငံတကာကျွမ်းကျင်ပညာရှင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ကမ္ဘာ့ဘဏ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပူးပေါင်းဖွဲ့စည်းထားတဲ့ တစ်ကမ္ဘာလုံး ပြင်ဆင်ထားမှု စောင့်ကြည့်လေ့လာရေး ဘုတ်အဖွဲ့ (GPMB) က အီဘိုလာ၊ တုပ်ကွေးနှင့် SARS ကဲ့သို့ ကူးစက်မြန် ကပ်ရောဂါများက တစ်နေ့တခြား ထိန်းချုပ်ရန် ပိုမိုခက်ခဲလာနေလို့ နောက်လာမယ့် ကာလတွေမှာ လူသန်းနှင့်ချီ သေဆုံးနိုင်သော ကပ်ရောဂါအန္တရာယ်များနှင့် ပိုမိုရင်ဆိုင်ရမယ်လို့ သတိပေးခဲ့ပါတယ်။

လက်ရှိကာလမှာလည်း ကမ္ဘာတစ်ဝန်း မုန်တိုင်းတိုက်တာတွေ ငလျင်လှုပ်တာတွေ တောမီးလောင်တာတွေက အဆင်မပြတ်ပါဘဲ။တောင်ကိုရီးယားနဲ့ ဂျပန်ဘက်ကို တိုင်ဖွန်းမုန်တိုင်း တာဖက် ဝင်နေသလို အမေရိကန်နိုင်ငံ တက္ကဆတ်မှာ အပူပိုင်းမုန်တိုင်း အီမယ်ဒါကြောင့် ရေကြီးရေလွှမ်းမှုတွေ ဖြစ်နေပါတယ်။အင်ဒိုနီးရှားမှာ လောင်နေတဲ့ တောမီးကြောင့် မလေးရှားနဲ့ စင်ကာပူမှာ ကျောင်းတွေပိတ်ထားရတဲ့အထိ မီးခိုးမြူတွေ ပြဿနာက ကြီးမားနေပါတယ်။

အယ်လ်ဘေးနီးယားမှာ ယခုရက်သတ္တပတ်ထဲမှာဘဲ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။မဂ္ဂနီကျု ၅ဒသမ ၆ အဆင့်သာရှိလို့ မပြင်းဘူးဆိုပေမယ့် ဇောက်တိမ်လို့ အပျက်အဆီးတွေ ရှိခဲ့ပါတယ်။ကမ္ဘာတစ်ဝန်း ရာသီဥတုဖောက်ပြန်လာမှုကို ရင်ဆိုင်ဖို့ တစ်ပိုင်တစ်နိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေ၊ စောင့်ထိန်းမှုတွေ လုပ်လာကြပေမယ့် စီးပွားရေးကုမ္ပဏီတွေကတော့ ဆက်လက်ကျူးလွန်နေဆဲပါ။ဘယ်လောက်ထိ သဘာဝဘေးကို ဆက်ကြုံရမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

စစ်ရေးတင်းမာမှုနဲ့ ကုလညီလာခံ

ယခုရက်သတ္တပတ်ထဲ ကျင်းပမယ့် ကုလညီလာခံက စိတ်ဝင်စားစရာတွေ များပါတယ်။အထူးသဖြင့် တရုတ်နဲ့ အမေရိကန်ကြား ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်၊ အီရန်နဲ့ အမေရိကန်ကြား တင်းမာမှု၊ မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား နျူကလီးယားပြဿနာ၊ အိန္ဒိယ-ပါကစ္စတန် ပြဿနာ စတာတွေကြောင့် ယခုကျင်းပနေတဲ့ ကုလညီလာခံအပေါ် အများစုက စိတ်ဝင်တစားစောင့်ကြည့်မှုတွေ ရှိနေခဲ့ပါတယ်။

စက်တင်ဘာ ၁၇ ရက်က စတင်ကျင်းပတဲ့ (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထုံစံအတိုင်း  ဆင်းရဲမွဲတေမှုပပျောက်ရေး အပါအဝင် အဆင့်မြင့်ပညာရေးနဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး စတဲ့ အခန်းကဏ္ဍတွေ ဆွေးနွေးမယ်ဆိုပေမယ့် အသံထွက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေ၊ အကျိုးစီးပွားတွေရှိနေတဲ့ အာဖဂန်၊ အီရတ်၊ ဆီးရီးယားက လုံခြုံရေးဆိုင်ရာ ကိစ္စတွေလည်း ဆွေးနွေးတဲ့အထဲ ပါခဲ့ပါတယ်။ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ကို အာဖဂန်နစ္စတန်မှာ ဆက်ထားဖို့ကိစ္စလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။

အမေရိကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားတဲ့ တာလီဘန်တွေကတော့ အာဖဂန်မှာ ဗုံးတွေ ဆက်တိုက်ခွဲကာ အကြမ်းဖက်သတ်ဖြတ်နေသလို တစ်ဖက်ကလည်း အမေရိကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ ပြောခဲ့ပါတယ်။အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ စက်တင်ဘာ ၁၇ ရက်က တစ်ရက်တည်း ဗုံးနှစ်ကြိမ်ခွဲခဲ့လို့ လူ ၄၈ ဦး သေဆုံးကာ ၄၂ ဦးဒဏ်ရာရခဲ့ပါတယ်။ဗုံးနှစ်လုံးကို သမ္မတ အက်ရှာရပ်ဖ်ဂါနီ တက်ရောက်တဲ့ ရွေးကောက်ပွဲ လူထုစုရုံးပွဲနဲ့ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနရုံးကို ပစ်မှတ်ထားခဲ့တာပါ။

စက်တင်ဘာ ၁၉ ရက်မှာ အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ဆေးရုံတစ်ခုအနီးနားကို တာလီဘန်တို့က ကားဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူနှစ်ဆယ် သေဆုံးပြီး ၉၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။လုံခြုံရေးအခြေအနေ ဆိုးလာသလို ရွေးကောက်ပွဲ ကျင်းပရန် ကပ်လာတဲ့ အာဖဂန်အခြေအနေက တစ်ကျော့ပြန်စစ်ကို ဦးတည်နေပါတယ်။

အာရပ်တွေရဲ့ ကမ္ဘာ့ရန် အစ္စရေးမှာ အရှုံးအနိုင်မပြတ်သားလို့ ထပ်ကျော့ရွေးကောက်ပွဲ ကျင်းပခဲ့ရာမှာ ဝန်ကြီးချုပ် နေတန်ယာဟု နဲ့ အပြိုင် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဘန်နီဂန့်ဇ် ရခဲ့လို့ ယခင်ရွေးကောက်ပွဲတွေထက် ပိုမဲရလာတဲ့ အာရပ်ပါတီဖြစ်တဲ့ Joint List ပါတီရဲ့ ရပ်တည်ချက်က အရေးပါလာခဲ့ပါတယ်။ဒါဟာ အစ္စရေးလူဦးရေရဲ့ ၂၁ ရာခိုင်နှုန်းရှိသော အာရပ်လူမျိုးတွေအတွက် အရေးပါတဲ့ အနေအထားကို ရလာသလို စစ်လိုလားတဲ့ နေတန်ယာဟု ကို ဖြုတ်ချဖို့အတွက် အခွင့်အရေးပါဘဲ။

ရွေးကောက်ပွဲမှာ မဲရဖို့အတွက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ရွေးကောက်ပွဲမကျင်းပခင်မှာ ကပ်ပြီး အနောက်ဘက်ကမ်းတွင် အစ္စရေးများအတွက် အိမ်ရာများတည်ဆောက်ခြင်းနှင့် ပြန်လည်နေရာချထားမှုများ ပြုလုပ်ရန် အတည်ပြုခဲ့တဲ့အတွက် အာရပ်ကမ္ဘာနဲ့ ပြင်းပြင်းထန်ထန် တင်းမာမှုဖြစ်ခဲ့သလို ပြည်တွင်းမှာလဲ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဒီအတွက် ရွေးကောက်ပွဲရလဒ်မှာ အားကောင်းတဲ့ အစ္စရေးအစိုးရဖွဲ့ဖို့ မဲကိုရဖို့ လိုနေတဲ့အချိန်မှာ ယခုလို အာရပ်ပါတီက အရေးပါတဲ့နေရာကို ရနေတဲ့အတွက် အစ္စရေးမှာ ဘာအပြောင်းအလဲတွေ ဖြစ်လာမလဲ၊ စစ်လိုလားတဲ့ နေတန်ယာဟု အဖို့ အစိုးရဖွဲ့နိုင်ဖို့ ဘာတွေလုပ်ဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ဒီသတင်းက ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ခရီးသည်တင် ထရပ်ကားတစ်စီး ချောက်ထဲထိုးကျလို့ ကလေးငယ်တွေ အပါအဝင် လူ ၂၀ သေဆုံးခဲ့တဲ့သတင်း၊ ထိုင်းနိုင်ငံမှာ ဗုဒ္ဓဘုရားကျောင်းတစ်ခုကနေ  ကယ်ဆယ်ရွှေ့ပြောင်းခဲ့တဲ့ ကျားကောင်ရေ ၁၄၇ ကောင်အနက် ထက်ဝက်ကျော် သေဆုံးသွားတဲ့သတင်း၊ ပါရီမြို့မှာရှိတဲ့ လူအိုရုံတစ်ခုမှာ မီးလောင်မှုဖြစ်ခဲ့လို့ အသက် ၁၀ဝ နှစ်ရှိ အဘိုးအိုတစ်ဦး သေဆုံးခဲ့တဲ့သတင်း၊ မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း ဂွါဒါလာဂျာရာ မြို့ပြင်က ရေတွင်းအောက်ခြေမှာ ပလတ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ ရုပ်အလောင်းပေါင်း ၂၉ လောင်း တွေ့ရှိခဲ့တဲ့သတင်း၊ ဝါရှင်တန်မှာ သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရှိခဲ့တဲ့သတင်း၊ ကုန်သွယ်ဖက်နိုင်ငံများစာရင်းမှ ဂျပန်ကို တောင်ကိုရီးယားက ဖယ်ရှားလိုက်တဲ့သတင်း၊ အမေရိကန် လေကြောင်းအာဏာပိုင် (FAA) အကြီးအကဲသည် ဘိုးရင်း 737 Max လေယာဉ်အမျိုးအစား သဏ္ဍာန်တူ ကွန်ပြူတာပျံသန်းမှုစနစ်ကို စမ်းသပ်ခဲ့တဲ့သတင်း၊ ဂြိုဟ်သားတွေ ရှိနိုင်တယ်ဆိုတဲ့အထင်နဲ့ နီဗားဒါးပြည်နယ်က Area 51 ကို UFO အကြောင်း စိတ်အားထက်သန်သူတွေ စတင်ရောက်ရှိလာတဲ့ သတင်းတွေထဲ သတိထားစရာ ဖြစ်ခဲ့ပါတယ်။

စစ်ဖြစ်ဖို့ အီရန်-အမေရိကန် ဦးတည်နေပြီလား

အမေရိကန်ရဲ့ အာရပ်ကမ္ဘာမဟာမိတ် ဆော်ဒီကို တိုက်ခိုက်မှုကြောင့် တင်းမာမှုအမြင့်ဆုံးရောက်လာတဲ့ အီရန်-အမေရိကန် ပြဿနာဟာ ယခုရက်သတ္တပတ်ထဲ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံထိ ဂယက်ရိုက်ခတ်ခဲ့ပါတယ်။

ဒီမတိုင်ခင်က အီရန်ဘက်က ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေ လုပ်ခဲ့ပါတယ်။ဒီအတွက် အမေရိကန်ဘက်က နျူကလီးယားအစီအစဉ်နှင့် ဆက်စပ်နေသည့် လုပ်ငန်းနှင့် လူပုဂ္ဂိုလ် ၁၁ ဦးတို့ကို အမေရိကန် ဘဏ်စနစ်အသုံးပြုခြင်းကို တားမြစ်ခဲ့ပါတယ်။ဒီအတွက် ထုံးစံအတိုင်း အီရန်ဘက်က တုံ့ပြန်နိုင်တဲ့ နည်းလမ်းမှန်သမျှနဲ့ တုံ့ပြန်မယ်လို့ ပြောခဲ့ပါတယ်။

ဒီကြားထဲမှာ အမေရိကန်ဘက်က ဆော်ဒီ ရေနံအဆောက်အဦးတွေ တိုက်ခိုက်မှုမှာ အီရန်လက်ချက်ဆိုတာ ပြနိုင်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဆော်ဒီအာရေဗျက ရေနံစက်ရုံတွေ တိုက်ခိုက်ခံရမှု နောက်ကွယ်မှာ အီရန် ပါဝင်တာ သေချာတယ်လို့ ပြောထားပါတယ်။အီရန်ကလည်း ဒါဟာ အမေရိကန်ဘက်က အီရန်ကို တိုက်ဖို့အတွက် ခိုင်မာတဲ့ အကြောင်းပြချက်ပြဖို့ ရှာနေတာလို့ ပြောခဲ့ပါတယ်။ဆော်ဒီ အိမ်ရှေ့မင်းသားကလည်း ဒီလို သူ့နိုင်ငံရဲ့ရေနံထုတ်လုပ်တင်ပို့မှုကို ထက်ဝက်လောက် လျော့ကျစေခဲ့တဲ့ အီရန် ကျောထောက်နောက်ခံ ရေနံအဆောက်အဦးတွေ တိုက်ခိုက်ခံရမှုမှာ ဘယ်သူရှိလဲဆိုတာကို ပြသနိုင်ဖို့အတွက် ပြင်သစ်သမ္မတကို ကျွမ်းကျင်စစ်ဆေးရေးအရာရှိတွေ စေလွှတ်စုံစမ်းပေးဖို့ တောင်းဆိုခဲ့တာရှိပါတယ်။

ဒီ ဆော်ဒီ ရေနံအဆောက်အဦးတွေ တိုက်ခိုက်မှုထဲ ဝင်အမြတ်ထုတ်တာက ရုရှားပါ။သူက သူ့နိုင်ငံကနေထုတ်တဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ဆော်ဒီကို ရောင်းချမယ်ဆိုပြီး ကမ်းလှမ်းလိုက်တာပါ။ရုရှားသမ္မတ ပူတင် ကိုယ်တိုင် ဆော်ဒီကို S-300၊ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ကူညီတဲ့အနေနဲ့ ရောင်းချပေးမယ်ဆိုပြီး အန်ကာရာမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့တာပါ။ဒါ့အပြင် အမေရိကန်ရဲ့ ပက်ထရီယော့ ဒုံးကျည်စနစ်ကိုပါ ပုတ်ချပြောခဲ့ပါတယ်။

အီရန်ဘက်က အဆိုပါရှင်းလင်းပွဲမှာ ဆော်ဒီကိုတိုက်တဲ့ ယီမင် ဟူသီသူပုန်တွေဘက်ကနေ “ကိုယ့်ကိုယ်ကိုကာကွယ်မှု” တစ်ခုအနေနဲ့ ပြောခဲ့တာရှိပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့နှစ်တွေက အီရန်ထဲ ဝင်လာတဲ့  အမေရိကန်ဘက်က သူလျှိုလေယာဉ်တွေ ပစ်ချခဲ့တာကို ထုတ်ပြဖို့ရှိတယ်လို့ အီရန်စစ်တပ်ဘက်က ပြောခဲ့သလို့ အီရန်နိုင်ငံတစ်ဝန်းမှာ အမေရိကန်ဘက်က ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ ကြည်း၊ ရေ၊ လေ စစ်ရေးပြပွဲတွေ ပြဖို့စီစဉ်ထားတာပါ ထုတ်ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်ကြား ညှပ်သလိုဖြစ်မယ် ဆော်ဒီကတော့ ကြားကနေ ခံနေရသလိုဖြစ်နေပေမယ့် ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က လေကြောင်းကနေ ယီမင်ကို တိုက်ခိုက်ခဲ့ပါတယ်။ဒီကြားထဲမှာ ယီမင်သူပုန်တွေ လက်ချက်နဲ့ ပျက်ဆီးခဲ့တဲ့ ရေနံအဆောက်အအုံတွေကို တက်သုတ်ရိုက်ပြင်နေပါတယ်။ယီမင်သူပုန်တွေ လက်ချက်နဲ့ အဓိကရေနံတွင်း ၂ တွင်း ပျက်စီးခဲ့တာကို စက်တင်ဘာလကုန်တွင် ပုံမှန်ပြန်လည် ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။

အီရန်နောက်ခံ ယီမင်သူပုန်တွေ လက်ချက်ကြောင့် ကမ္ဘာ့ရေနံဈေးလည်း တက်ခဲ့ပါတယ်။အီရန်အနေနဲ့ ဆော်ဒီ အပါအဝင် ပင်လယ်ကွေ့ အမေရိကန် အကျိုးစီးပွားရှိတဲ့ နိုင်ငံတွေကို တိုက်ခိုက်ပြနေတာ မနည်းတော့ပါဘူး။ဒီအတွက် အမေရိကန်အတွက် အခံရခက်စေတဲ့ ပြဿနာပါ။ဒီအတွက် တုံ့ပြန်မှုတွေ လုပ်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။
အီရန်အနေနဲ့ ရုရှားလို နိုင်ငံကြီးတွေ ရှိနေတဲ့အတွက် အမေရိကန်ကို မာမာထန်ထန် ရင်ဆိုင်နေတာဟာ စစ်တစ်ခုကို လက်ယပ်ခေါ်နေသလိုပါဘဲ။အီရန်အနေနဲ့ ယခုရက်သတ္တပတ်ထဲမှာ အမေရိကန်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံထိတက်ပြီး နျူကလီးယားပြန်လည်သန့်စင်မှုကြောင့် ကုလနဲ့ အမေရိကန်က ချမှတ်ခဲ့တဲ့ အရေးယူကန့်သတ်မှုတွေအပေါ် တုံ့ပြန်ဖို့နဲ့ ပင်လယ်ကွေ့ လုံခြုံရေးအစီအစဉ်တွေ တင်ပြဖို့ အီရန်သမ္မတကိုယ်တိုင် တက်ရောက်ရှင်းလင်းဖို့ထိ စီစဉ်ခဲ့တာပါ။ဒါပေမယ့် အမေရိကန်ဘက်က ဒီလောက်ထိ ခွင့်မပြုခဲ့ပါဘူး။

ဒီမတိုင်ခင်ကတည်းက ဆော်ဒီနဲ့ ယူအေအီးကို အမေရိကန်ဘက်က စစ်တပ်စေလွှတ်ဖို့ ရှိတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက စက်တင်ဘာ ၂၁ ရက်က ပြောခဲ့ပါတယ်။ဒီအတွက် အီရန်တော်လှန်ရေး အစောင့်တပ် စစ်ဦးစီးချုပ်က စက်တင်ဘာ ၂၂ ရက်မှာ အီရန်ကိုတိုက်တဲ့ ဘယ်နိုင်ငံမဆို စစ်မြေပြင်ဖြစ်သွားမယ်လို့ ကြိမ်းဝါးခဲ့ပါတယ်။အရှေ့အလယ်ပိုင်းမှာ အီရန်၊ တူရကီတို့ စစ်အင်အားက ယခုအခြေအနေမှာ တခြားအာရပ်နိုင်ငံတွေက သတိထားနေရတဲ့ အချိန်ပါ။အမေရိကန်နဲ့ အနောက်အုပ်စုအနေနဲ့ ဒီမျှခြေထိန်းဖို့  မနည်းကြိုးစားနေရတဲ့ ကာလကို ရောက်နေပါတယ်။     

အီရန် သမ္မတရုံးကနေ စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ဒါက အီရန် ကိုယ်စားလှယ်အဖွဲ့အား အမေရိကန်အစိုးရက ဗီဇာထုတ်ပေးရန် ငြင်းဆိုထားတယ်ဆိုတဲ့ သတင်းပါဘဲ။အီရန် ကိုယ်စားလှယ်အဖွဲ့မှာ သမ္မတ ဟက်ဆန်ရိုဟန်နီ ပါလာမှာဖြစ်သလို ဒီညီလာခံကို လာတက်ရင်း အီရန်သမ္မတက ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၊ ပြင်သစ်သမ္မတ အီမန်နျူမက်ကရွန် တို့နှင့် တွေ့ဆုံရန် စီစဉ်ထားတာဖြစ်ပါတယ်။ယခင်အစီအစဉ်မှာတော့ ဆော်ဒီ ရေနံအဆောက်အအုံကို တိုက်ခိုက်မှုနောက်ကွယ်မှာ အီရန် ပါဝင်ပတ်သက်နေတာကို လက်ဆုပ်လက်ကိုင်ပြဖို့ ဆော်ဒီရော၊ အနောက်အုပ်စုကပါ ကြိုးစားနေသလို ဒီစုံစမ်းစစ်ဆေးမှုမှာ ကုလနဲ့ ပြင်သစ်ကပါ တတိယအဖွဲ့က စစ်ဆေးနိုင်ဖို့ ကြိုးစားနေကြတာပါ။ဒါဟာ အမေရိကန်အနေနဲ့ အီရန်ကို ပိတ်ဆို့ကန့်သတ်ခဲ့တာဖြစ်သလို ဒီလိုဆုံးဖြတ်ပြီးနောက်ကွယ်မှာ တစ်ခုခုကိုဆောင်ရွက်ဖို့ ပိုင်းဖြတ်ပြီးသားဆိုတဲ့ ယူဆချက် ထွက်ပေါ်လာခဲ့ပါတယ်။

ရုရှားနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ အီရန်ကို အမေရိကန်အနေနဲ့ ထရမ့် သက်တမ်း လက်ထက်မှာ စစ်ခင်းဖို့ ဖြစ်လာနိုင်ခြေက ပိုများများလာပါတယ်။အမေရိကန်အနေနဲ့ သေချာတဲ့ အကြောင်းပြချက်ရှိနေတဲ့အတွက် လိုချင်တဲ့ အခြေအနေရလာခဲ့ရင် နှစ်ခါတိတိ ရပ်ဆိုင်းခဲ့ရတဲ့ ဝင်တိုက်ဖို့ အခြေအနေဟာ ဖြစ်လာဖို့ နီးနေပါပြီ။ဒီကနေ ဘာတွေဖြစ်လာမလဲ။ အမေရိကန်တက္ကသိုလ်တစ်ခုကတော့ အီရန်ပြဿနာနဲ့ နှီးနွယ်ပြီး အမေရိကန်နဲ့ ရုရှား စစ်ဖြစ်လာနိုင်တဲ့ အခြေအနေအတွက်  ပုံသဏ္ဍာန်တူ စစ်ပွဲလုပ်ကြည့်တာတွေအထိ ဖြစ်နေပါပြီ။ဒီစမ်းသပ်မှုမှာ နျူကလီးယားစစ်ပွဲ စတင်ပြီး ၅ နာရီအတွင်း နှစ်ဘက်ပစ်ခတ်မှုကြောင့် လူပေါင်း ၃၄ သန်းထိ သေဆုံးမယ်ဆိုတဲ့ရလဒ် ထွက်လာခဲ့ပါတယ်။

ရမ်းကားတဲ့ အမေရိကန်သမ္မတနဲ့ ခေါင်းမာပြီး မိုက်ရူးရဲ အီရန်ခေါင်းဆောင်တွေကြောင့် စစ်ပွဲကြီးတစ်ခု မြင်ရတော့မလားဆိုတာ စိုးရိမ်သောကရောက်စရာပါ။

ဒီသတင်းက ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ အာရပ်ကမ္ဘာ သတင်းတွေဖြစ်တဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယား ပြည်တွင်းစစ် အဆုံးသတ်ဖို့အတွက် တူရကီ၊ ရုရှားနှင့် အီရန် ခေါင်းဆောင်တွေ အင်ကာရာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့သတင်း၊ လိုင်ဘေးရီးယားနိုင်ငံ မြို့တော် မိုနာရိုဗီရာမြို့မှာ စာသင်ကျောင်းတစ်ခု မီးလောင်လို့ ကလေးငယ် ၂၆ ဦးနှင့် ဆရာနှစ်ဦး သေဆုံးခဲ့တဲ့သတင်း၊ ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှုးမှာ ကားဗုံးပေါက်ကွဲလို့ အနည်းဆုံး နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ ပါကစ္စတန် တက်ကြွလှုပ်ရှားသူ ဂူလာလိုင် အစ္စမေးလ် အမေရိကန်သို့ ထွက်ပြေးသွားတဲ့ သတင်းတွေထဲ စောင့်ကြည့်ရမယ့် သတင်းဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
စက်တင်ဘာ - ၂၃

( Zawgyi )

ယခုရက္သတၱပတ္ သတင္းေတြထဲမွာ ထိပ္တန္းျဖစ္ခဲ့တဲ့ သတင္းေတြက ေဆာ္ဒီ ေရနံအေဆာက္အဦးေတြ တိုက္ခိုက္ခံရလို႔ တင္းမာေနတဲ့ အေရွ႕အလယ္ပိုင္း ေနာက္ဆက္တြဲသတင္းေတြနဲ႔ ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္ရွင္းၾကမယ့္ ကုလသမဂၢ အေထြေထြညီလာခံ သတင္းေတြက ယခုတစ္ပတ္မွာ အမ်ားေစာင့္ၾကည့္ရတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

အဆိုပါသတင္းေတြက ယခုတစ္ပတ္ ထိပ္တန္းသတင္းေတြျဖစ္တဲ့ ဥေရာပသမဂၢကေန သေဘာတူညီခ်က္မယူဘဲ ႏုတ္ထြက္ရင္ ဥေရာပစီးပြားေရးမွာ အၾကပ္အတည္းေတြ ျဖစ္လာႏိုင္တယ္လို႔ ကမာၻ႔စီးပြားေရးအင္အားႀကီးအုပ္စုေတြက ၿဗိတိန္ကို သတိေပးလိုက္တဲ့သတင္း၊ ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ အေမရိကန္ အလုပ္သမားမ်ားအေပၚ တန္ျပန္သက္ေရာက္ေစတယ္လို႔ အဲဘတ္စ္ ေလယာဥ္ကုမၸဏီ အႀကီးအကဲက သမၼတ ေဒၚနယ္ထရမ့္ ကို သတိေပးလိုက္တဲ့သတင္း၊ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ၿပဳံယမ္းကို လာေရာက္ဖို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္ က ဖိတ္ေခၚခဲ့တဲ့သတင္း၊ အိႏၵိယစစ္တပ္က “Astra” အမည္ရ ေဝဟင္မွ ေဝဟင္ပစ္ ဒုံးခြင္းဒုံးက်ည္ကို စမ္းသပ္ပစ္လႊတ္ခဲ့တဲ့သတင္း၊ က်န္းမာေရးအႏၲရာယ္ ျဖစ္ေစႏိုင္လို႔ အီးစီးကရက္ ထုတ္လုပ္တင္သြင္း ေရာင္းခ်တာကို အိႏၵိယအစိုးရက တားျမစ္လိုက္တဲ့သတင္း၊ အေမရိကန္သမၼတ ထရမ့္ နဲ႔ အိႏၵိယ-ပါကစၥတန္ ေခါင္းေဆာင္တို႔ ေတြ႕ဆုံမယ္သတင္း၊ ေျမာက္ကိုရီးယား သေဘၤာႏွစ္စီးႏွင့္ သေဘၤာအမႈထမ္း ၈၀ ေက်ာ္ကို ႐ုရွား ကမ္းေျခေစာင့္တပ္က ဖမ္းဆီးထားတဲ့ သတင္းေတြလည္း  ျဖစ္ပြားခဲ့ပါတယ္။

ရာသီဥတုအေျပာင္းအလဲႏွင့္ ကမာၻတစ္ဝန္းတုံ႔ျပန္မႈ

တစ္ရက္ထက္ တစ္ရက္ ပိုဆိုးလာတဲ့ ကမာၻ႔ရာသီဥတုက ကမာၻတစ္ဝန္း သတိထားမိတဲ့ကိစၥ ျဖစ္လာပါတယ္။အေမရိကန္မွာ ယခုရက္သတၱပတ္ထဲ ထုတ္ျပန္တဲ့ သတင္းဌာနတစ္ခုျဖစ္တဲ့ CBS သတင္းဌာနက ေကာက္ယူတဲ့ Voting တစ္ခုမွာ အေမရိကန္လူမ်ိဳး သုံးပုံႏွစ္ပုံက ရာသီဥတုေျပာင္းလဲျခင္းသည္ ပဋိပကၡတစ္ခု သို႔မဟုတ္ ဆိုး႐ြားသည့္ ျပႆနာတစ္ရပ္ ျဖစ္တယ္ဆိုတဲ့ ယူဆခ်က္ေတြ ရွိလာပါတယ္။

မၾကာမီက ကုလသမဂၢမွာ ျပဳလုပ္တဲ့ ရာသီဥတုေျပာင္းလဲမႈနဲ႔ ပတ္သက္တဲ့ ကုလအစီရင္ခံစာ ထုတ္ျပန္တဲ့ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ကုလသမဂၢ ကြၽမ္းက်င္ပညာရွင္တစ္ဦးက ကမာၻ႔ရာသီဥတု ေျပာင္းလဲမႈ အက်ိဳးဆက္ေတြက ပိုမိုျမန္ဆန္စြာ ဆိုးဝါးျပင္းထန္လာေနတယ္လို႔ ေထာက္ျပခဲ့သလို အဆိုပါအစီရင္ခံစာမွ အခ်က္အလက္ေတြအရ ၂၀၁၄ နဲ႔ ၂၀၁၉ ၾကား ငါးႏွစ္ကာလဟာ စံခ်ိန္တင္ အပူေႏြးဆုံးကာလျဖစ္ခဲ့သလို ပင္လယ္ေရမ်က္ႏွာျပင္ သိသိသာသာျမင့္တက္ခဲ့ၿပီး CO2 ထုတ္လႊတ္မႈေတြက စံခ်ိန္တင္ ျမင့္တက္ခဲ့တယ္ ဆိုပါတယ္။

ဒီမတိုင္ခင္ သဘာဝသိပၸံဂ်ာနယ္ျဖစ္တဲ့ Science ဂ်ာနယ္မွာ ေျမာက္အေမရိကရွိ ငွက္ေကာင္ေရဟာ ၁၉၇၀ ခုႏွစ္ကထက္  ၃ ဘီလ်ံ သို႔မဟုတ္ ၂၉ ရာခိုင္ႏႈန္း က်ဆင္းသြားတယ္လို႔ ေထာက္ျပခဲ့ပါတယ္။ႏိုင္ငံတကာကြၽမ္းက်င္ပညာရွင္အဖြဲ႕ တစ္ဖြဲ႕ျဖစ္တဲ့ ကမာၻ႔ဘဏ္ႏွင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ပူးေပါင္းဖြဲ႕စည္းထားတဲ့ တစ္ကမာၻလုံး ျပင္ဆင္ထားမႈ ေစာင့္ၾကည့္ေလ့လာေရး ဘုတ္အဖြဲ႕ (GPMB) က အီဘိုလာ၊ တုပ္ေကြးႏွင့္ SARS ကဲ့သို႔ ကူးစက္ျမန္ ကပ္ေရာဂါမ်ားက တစ္ေန႔တျခား ထိန္းခ်ဳပ္ရန္ ပိုမိုခက္ခဲလာေနလို႔ ေနာက္လာမယ့္ ကာလေတြမွာ လူသန္းႏွင့္ခ်ီ ေသဆုံးႏိုင္ေသာ ကပ္ေရာဂါအႏၲရာယ္မ်ားႏွင့္ ပိုမိုရင္ဆိုင္ရမယ္လို႔ သတိေပးခဲ့ပါတယ္။

လက္ရွိကာလမွာလည္း ကမာၻတစ္ဝန္း မုန္တိုင္းတိုက္တာေတြ ငလ်င္လႈပ္တာေတြ ေတာမီးေလာင္တာေတြက အဆင္မျပတ္ပါဘဲ။ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ဘက္ကို တိုင္ဖြန္းမုန္တိုင္း တာဖက္ ဝင္ေနသလို အေမရိကန္ႏိုင္ငံ တကၠဆတ္မွာ အပူပိုင္းမုန္တိုင္း အီမယ္ဒါေၾကာင့္ ေရႀကီးေရလႊမ္းမႈေတြ ျဖစ္ေနပါတယ္။အင္ဒိုနီးရွားမွာ ေလာင္ေနတဲ့ ေတာမီးေၾကာင့္ မေလးရွားနဲ႔ စင္ကာပူမွာ ေက်ာင္းေတြပိတ္ထားရတဲ့အထိ မီးခိုးျမဴေတြ ျပႆနာက ႀကီးမားေနပါတယ္။

အယ္လ္ေဘးနီးယားမွာ ယခုရက္သတၱပတ္ထဲမွာဘဲ ငလ်င္လႈပ္ခတ္ခဲ့ပါတယ္။မဂၢနီက်ဳ ၅ဒသမ ၆ အဆင့္သာရွိလို႔ မျပင္းဘူးဆိုေပမယ့္ ေဇာက္တိမ္လို႔ အပ်က္အဆီးေတြ ရွိခဲ့ပါတယ္။ကမာၻတစ္ဝန္း ရာသီဥတုေဖာက္ျပန္လာမႈကို ရင္ဆိုင္ဖို႔ တစ္ပိုင္တစ္ႏိုင္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းမႈေတြ၊ ေစာင့္ထိန္းမႈေတြ လုပ္လာၾကေပမယ့္ စီးပြားေရးကုမၸဏီေတြကေတာ့ ဆက္လက္က်ဴးလြန္ေနဆဲပါ။ဘယ္ေလာက္ထိ သဘာဝေဘးကို ဆက္ႀကဳံရမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

စစ္ေရးတင္းမာမႈနဲ႔ ကုလညီလာခံ

ယခုရက္သတၱပတ္ထဲ က်င္းပမယ့္ ကုလညီလာခံက စိတ္ဝင္စားစရာေတြ မ်ားပါတယ္။အထူးသျဖင့္ တ႐ုတ္နဲ႔ အေမရိကန္ၾကား ျဖစ္ေနတဲ့ ကုန္သြယ္ေရးစစ္၊ အီရန္နဲ႔ အေမရိကန္ၾကား တင္းမာမႈ၊ ေျမာက္ကိုရီးယားနဲ႔ အေမရိကန္ၾကား န်ဴကလီးယားျပႆနာ၊ အိႏၵိယ-ပါကစၥတန္ ျပႆနာ စတာေတြေၾကာင့္ ယခုက်င္းပေနတဲ့ ကုလညီလာခံအေပၚ အမ်ားစုက စိတ္ဝင္တစားေစာင့္ၾကည့္မႈေတြ ရွိေနခဲ့ပါတယ္။

စက္တင္ဘာ ၁၇ ရက္က စတင္က်င္းပတဲ့ (၇၄) ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ထုံစံအတိုင္း  ဆင္းရဲမြဲေတမႈပေပ်ာက္ေရး အပါအဝင္ အဆင့္ျမင့္ပညာေရးနဲ႔ ရာသီဥတုေျပာင္းလဲမႈ တိုက္ဖ်က္ေရး စတဲ့ အခန္းက႑ေတြ ေဆြးေႏြးမယ္ဆိုေပမယ့္ အသံထြက္တဲ့ လူ႔အခြင့္အေရးဆိုင္ရာ ျပႆနာေတြ၊ အက်ိဳးစီးပြားေတြရွိေနတဲ့ အာဖဂန္၊ အီရတ္၊ ဆီးရီးယားက လုံၿခဳံေရးဆိုင္ရာ ကိစၥေတြလည္း ေဆြးေႏြးတဲ့အထဲ ပါခဲ့ပါတယ္။ဒီေဆြးေႏြးပြဲမွာ ကုလသမဂၢ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ကို အာဖဂန္နစၥတန္မွာ ဆက္ထားဖို႔ကိစၥလည္း ေဆြးေႏြးဆုံးျဖတ္ခဲ့ပါတယ္။

အေမရိကန္နဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ပ်က္သြားတဲ့ တာလီဘန္ေတြကေတာ့ အာဖဂန္မွာ ဗုံးေတြ ဆက္တိုက္ခြဲကာ အၾကမ္းဖက္သတ္ျဖတ္ေနသလို တစ္ဖက္ကလည္း အေမရိကန္နဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ တံခါးဖြင့္ထားတယ္လို႔ ေျပာခဲ့ပါတယ္။အာဖဂန္နစၥတန္ႏိုင္ငံ ကဘူးလ္ၿမိဳ႕မွာ စက္တင္ဘာ ၁၇ ရက္က တစ္ရက္တည္း ဗုံးႏွစ္ႀကိမ္ခြဲခဲ့လို႔ လူ ၄၈ ဦး ေသဆုံးကာ ၄၂ ဦးဒဏ္ရာရခဲ့ပါတယ္။ဗုံးႏွစ္လုံးကို သမၼတ အက္ရွာရပ္ဖ္ဂါနီ တက္ေရာက္တဲ့ ေ႐ြးေကာက္ပြဲ လူထုစု႐ုံးပြဲနဲ႔ အာဖဂန္ကာကြယ္ေရးဝန္ႀကီးဌာန႐ုံးကို ပစ္မွတ္ထားခဲ့တာပါ။

စက္တင္ဘာ ၁၉ ရက္မွာ အာဖဂန္နစၥတန္ႏိုင္ငံ ေတာင္ပိုင္း ေဆး႐ုံတစ္ခုအနီးနားကို တာလီဘန္တို႔က ကားဗုံးေဖာက္ခြဲ တိုက္ခိုက္ခဲ့လို႔ အနည္းဆုံး လူႏွစ္ဆယ္ ေသဆုံးၿပီး ၉၅ ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။လုံၿခဳံေရးအေျခအေန ဆိုးလာသလို ေ႐ြးေကာက္ပြဲ က်င္းပရန္ ကပ္လာတဲ့ အာဖဂန္အေျခအေနက တစ္ေက်ာ့ျပန္စစ္ကို ဦးတည္ေနပါတယ္။

အာရပ္ေတြရဲ႕ ကမာၻ႔ရန္ အစၥေရးမွာ အရႈံးအႏိုင္မျပတ္သားလို႔ ထပ္ေက်ာ့ေ႐ြးေကာက္ပြဲ က်င္းပခဲ့ရာမွာ ဝန္ႀကီးခ်ဳပ္ ေနတန္ယာဟု နဲ႔ အၿပိဳင္ ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္း ဘန္နီဂန႔္ဇ္ ရခဲ့လို႔ ယခင္ေ႐ြးေကာက္ပြဲေတြထက္ ပိုမဲရလာတဲ့ အာရပ္ပါတီျဖစ္တဲ့ Joint List ပါတီရဲ႕ ရပ္တည္ခ်က္က အေရးပါလာခဲ့ပါတယ္။ဒါဟာ အစၥေရးလူဦးေရရဲ႕ ၂၁ ရာခိုင္ႏႈန္းရွိေသာ အာရပ္လူမ်ိဳးေတြအတြက္ အေရးပါတဲ့ အေနအထားကို ရလာသလို စစ္လိုလားတဲ့ ေနတန္ယာဟု ကို ျဖဳတ္ခ်ဖို႔အတြက္ အခြင့္အေရးပါဘဲ။

ေ႐ြးေကာက္ပြဲမွာ မဲရဖို႔အတြက္ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟု က ေ႐ြးေကာက္ပြဲမက်င္းပခင္မွာ ကပ္ၿပီး အေနာက္ဘက္ကမ္းတြင္ အစၥေရးမ်ားအတြက္ အိမ္ရာမ်ားတည္ေဆာက္ျခင္းႏွင့္ ျပန္လည္ေနရာခ်ထားမႈမ်ား ျပဳလုပ္ရန္ အတည္ျပဳခဲ့တဲ့အတြက္ အာရပ္ကမာၻနဲ႔ ျပင္းျပင္းထန္ထန္ တင္းမာမႈျဖစ္ခဲ့သလို ျပည္တြင္းမွာလဲ ေဝဖန္မႈေတြရွိခဲ့ပါတယ္။

ဒီအတြက္ ေ႐ြးေကာက္ပြဲရလဒ္မွာ အားေကာင္းတဲ့ အစၥေရးအစိုးရဖြဲ႕ဖို႔ မဲကိုရဖို႔ လိုေနတဲ့အခ်ိန္မွာ ယခုလို အာရပ္ပါတီက အေရးပါတဲ့ေနရာကို ရေနတဲ့အတြက္ အစၥေရးမွာ ဘာအေျပာင္းအလဲေတြ ျဖစ္လာမလဲ၊ စစ္လိုလားတဲ့ ေနတန္ယာဟု အဖို႔ အစိုးရဖြဲ႕ႏိုင္ဖို႔ ဘာေတြလုပ္ဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

ဒီသတင္းက ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ ဖိလစ္ပိုင္ႏိုင္ငံ ေတာင္ပိုင္းမွာ ခရီးသည္တင္ ထရပ္ကားတစ္စီး ေခ်ာက္ထဲထိုးက်လို႔ ကေလးငယ္ေတြ အပါအဝင္ လူ ၂၀ ေသဆုံးခဲ့တဲ့သတင္း၊ ထိုင္းႏိုင္ငံမွာ ဗုဒၶဘုရားေက်ာင္းတစ္ခုကေန  ကယ္ဆယ္ေ႐ႊ႕ေျပာင္းခဲ့တဲ့ က်ားေကာင္ေရ ၁၄၇ ေကာင္အနက္ ထက္ဝက္ေက်ာ္ ေသဆုံးသြားတဲ့သတင္း၊ ပါရီၿမိဳ႕မွာရွိတဲ့ လူအို႐ုံတစ္ခုမွာ မီးေလာင္မႈျဖစ္ခဲ့လို႔ အသက္ ၁၀ဝ ႏွစ္ရွိ အဘိုးအိုတစ္ဦး ေသဆုံးခဲ့တဲ့သတင္း၊ မကၠဆီကိုႏိုင္ငံ အေနာက္ပိုင္း ဂြါဒါလာဂ်ာရာ ၿမိဳ႕ျပင္က ေရတြင္းေအာက္ေျခမွာ ပလတ္စတစ္အိတ္နဲ႔ ထည့္ထားတဲ့ ႐ုပ္အေလာင္းေပါင္း ၂၉ ေလာင္း ေတြ႕ရွိခဲ့တဲ့သတင္း၊ ဝါရွင္တန္မွာ ေသနတ္ပစ္ခတ္မႈေၾကာင့္ တစ္ဦးေသဆုံးကာ ၅ ဦး ဒဏ္ရာရွိခဲ့တဲ့သတင္း၊ ကုန္သြယ္ဖက္ႏိုင္ငံမ်ားစာရင္းမွ ဂ်ပန္ကို ေတာင္ကိုရီးယားက ဖယ္ရွားလိုက္တဲ့သတင္း၊ အေမရိကန္ ေလေၾကာင္းအာဏာပိုင္ (FAA) အႀကီးအကဲသည္ ဘိုးရင္း 737 Max ေလယာဥ္အမ်ိဳးအစား သ႑ာန္တူ ကြန္ျပဴတာပ်ံသန္းမႈစနစ္ကို စမ္းသပ္ခဲ့တဲ့သတင္း၊ ၿဂိဳဟ္သားေတြ ရွိႏိုင္တယ္ဆိုတဲ့အထင္နဲ႔ နီဗားဒါးျပည္နယ္က Area 51 ကို UFO အေၾကာင္း စိတ္အားထက္သန္သူေတြ စတင္ေရာက္ရွိလာတဲ့ သတင္းေတြထဲ သတိထားစရာ ျဖစ္ခဲ့ပါတယ္။

စစ္ျဖစ္ဖို႔ အီရန္-အေမရိကန္ ဦးတည္ေနၿပီလား

အေမရိကန္ရဲ႕ အာရပ္ကမာၻမဟာမိတ္ ေဆာ္ဒီကို တိုက္ခိုက္မႈေၾကာင့္ တင္းမာမႈအျမင့္ဆုံးေရာက္လာတဲ့ အီရန္-အေမရိကန္ ျပႆနာဟာ ယခုရက္သတၱပတ္ထဲ က်င္းပခဲ့တဲ့ ကုလသမဂၢ အေထြေထြညီလာခံထိ ဂယက္႐ိုက္ခတ္ခဲ့ပါတယ္။

ဒီမတိုင္ခင္က အီရန္ဘက္က ဒုံးက်ည္စမ္းသပ္ ပစ္လႊတ္မႈေတြ လုပ္ခဲ့ပါတယ္။ဒီအတြက္ အေမရိကန္ဘက္က န်ဴကလီးယားအစီအစဥ္ႏွင့္ ဆက္စပ္ေနသည့္ လုပ္ငန္းႏွင့္ လူပုဂၢိဳလ္ ၁၁ ဦးတို႔ကို အေမရိကန္ ဘဏ္စနစ္အသုံးျပဳျခင္းကို တားျမစ္ခဲ့ပါတယ္။ဒီအတြက္ ထုံးစံအတိုင္း အီရန္ဘက္က တုံ႔ျပန္ႏိုင္တဲ့ နည္းလမ္းမွန္သမွ်နဲ႔ တုံ႔ျပန္မယ္လို႔ ေျပာခဲ့ပါတယ္။

ဒီၾကားထဲမွာ အေမရိကန္ဘက္က ေဆာ္ဒီ ေရနံအေဆာက္အဦးေတြ တိုက္ခိုက္မႈမွာ အီရန္လက္ခ်က္ဆိုတာ ျပႏိုင္ဖို႔ ႀကိဳးစားေနတာကို ေတြ႕ရပါတယ္။အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က ေဆာ္ဒီအာေရဗ်က ေရနံစက္႐ုံေတြ တိုက္ခိုက္ခံရမႈ ေနာက္ကြယ္မွာ အီရန္ ပါဝင္တာ ေသခ်ာတယ္လို႔ ေျပာထားပါတယ္။အီရန္ကလည္း ဒါဟာ အေမရိကန္ဘက္က အီရန္ကို တိုက္ဖို႔အတြက္ ခိုင္မာတဲ့ အေၾကာင္းျပခ်က္ျပဖို႔ ရွာေနတာလို႔ ေျပာခဲ့ပါတယ္။ေဆာ္ဒီ အိမ္ေရွ႕မင္းသားကလည္း ဒီလို သူ႔ႏိုင္ငံရဲ႕ေရနံထုတ္လုပ္တင္ပို႔မႈကို ထက္ဝက္ေလာက္ ေလ်ာ့က်ေစခဲ့တဲ့ အီရန္ ေက်ာေထာက္ေနာက္ခံ ေရနံအေဆာက္အဦးေတြ တိုက္ခိုက္ခံရမႈမွာ ဘယ္သူရွိလဲဆိုတာကို ျပသႏိုင္ဖို႔အတြက္ ျပင္သစ္သမၼတကို ကြၽမ္းက်င္စစ္ေဆးေရးအရာရွိေတြ ေစလႊတ္စုံစမ္းေပးဖို႔ ေတာင္းဆိုခဲ့တာရွိပါတယ္။

ဒီ ေဆာ္ဒီ ေရနံအေဆာက္အဦးေတြ တိုက္ခိုက္မႈထဲ ဝင္အျမတ္ထုတ္တာက ႐ုရွားပါ။သူက သူ႔ႏိုင္ငံကေနထုတ္တဲ့ ဒုံးက်ည္ကာကြယ္ေရးစနစ္ေတြကို ေဆာ္ဒီကို ေရာင္းခ်မယ္ဆိုၿပီး ကမ္းလွမ္းလိုက္တာပါ။႐ုရွားသမၼတ ပူတင္ ကိုယ္တိုင္ ေဆာ္ဒီကို S-300၊ S-400 ဒုံးက်ည္ကာကြယ္ေရးစနစ္ေတြကို ကူညီတဲ့အေနနဲ႔ ေရာင္းခ်ေပးမယ္ဆိုၿပီး အန္ကာရာမွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ေျပာခဲ့တာပါ။ဒါ့အျပင္ အေမရိကန္ရဲ႕ ပက္ထရီေယာ့ ဒုံးက်ည္စနစ္ကိုပါ ပုတ္ခ်ေျပာခဲ့ပါတယ္။

အီရန္ဘက္က အဆိုပါရွင္းလင္းပြဲမွာ ေဆာ္ဒီကိုတိုက္တဲ့ ယီမင္ ဟူသီသူပုန္ေတြဘက္ကေန “ကိုယ့္ကိုယ္ကိုကာကြယ္မႈ” တစ္ခုအေနနဲ႔ ေျပာခဲ့တာရွိပါတယ္။ဒါ့အျပင္ ၿပီးခဲ့တဲ့ႏွစ္ေတြက အီရန္ထဲ ဝင္လာတဲ့  အေမရိကန္ဘက္က သူလွ်ိဳေလယာဥ္ေတြ ပစ္ခ်ခဲ့တာကို ထုတ္ျပဖို႔ရွိတယ္လို႔ အီရန္စစ္တပ္ဘက္က ေျပာခဲ့သလို႔ အီရန္ႏိုင္ငံတစ္ဝန္းမွာ အေမရိကန္ဘက္က ၿခိမ္းေျခာက္မႈကို တန္ျပန္ဖို႔ ၾကည္း၊ ေရ၊ ေလ စစ္ေရးျပပြဲေတြ ျပဖို႔စီစဥ္ထားတာပါ ထုတ္ေျပာခဲ့ပါတယ္။

အေမရိကန္နဲ႔ အီရန္ၾကား ညႇပ္သလိုျဖစ္မယ္ ေဆာ္ဒီကေတာ့ ၾကားကေန ခံေနရသလိုျဖစ္ေနေပမယ့္ ေဆာ္ဒီ ဦးေဆာင္တဲ့ မဟာမိတ္အဖြဲ႕က ေလေၾကာင္းကေန ယီမင္ကို တိုက္ခိုက္ခဲ့ပါတယ္။ဒီၾကားထဲမွာ ယီမင္သူပုန္ေတြ လက္ခ်က္နဲ႔ ပ်က္ဆီးခဲ့တဲ့ ေရနံအေဆာက္အအုံေတြကို တက္သုတ္႐ိုက္ျပင္ေနပါတယ္။ယီမင္သူပုန္ေတြ လက္ခ်က္နဲ႔ အဓိကေရနံတြင္း ၂ တြင္း ပ်က္စီးခဲ့တာကို စက္တင္ဘာလကုန္တြင္ ပုံမွန္ျပန္လည္ ထုတ္လုပ္ဖို႔ ျပင္ဆင္ေနပါတယ္။

အီရန္ေနာက္ခံ ယီမင္သူပုန္ေတြ လက္ခ်က္ေၾကာင့္ ကမာၻ႔ေရနံေဈးလည္း တက္ခဲ့ပါတယ္။အီရန္အေနနဲ႔ ေဆာ္ဒီ အပါအဝင္ ပင္လယ္ေကြ႕ အေမရိကန္ အက်ိဳးစီးပြားရွိတဲ့ ႏိုင္ငံေတြကို တိုက္ခိုက္ျပေနတာ မနည္းေတာ့ပါဘူး။ဒီအတြက္ အေမရိကန္အတြက္ အခံရခက္ေစတဲ့ ျပႆနာပါ။ဒီအတြက္ တုံ႔ျပန္မႈေတြ လုပ္ေဆာင္မယ္လို႔ ေျပာခဲ့ပါတယ္။
အီရန္အေနနဲ႔ ႐ုရွားလို ႏိုင္ငံႀကီးေတြ ရွိေနတဲ့အတြက္ အေမရိကန္ကို မာမာထန္ထန္ ရင္ဆိုင္ေနတာဟာ စစ္တစ္ခုကို လက္ယပ္ေခၚေနသလိုပါဘဲ။အီရန္အေနနဲ႔ ယခုရက္သတၱပတ္ထဲမွာ အေမရိကန္မွာ က်င္းပတဲ့ ကုလသမဂၢ အေထြေထြညီလာခံထိတက္ၿပီး န်ဴကလီးယားျပန္လည္သန႔္စင္မႈေၾကာင့္ ကုလနဲ႔ အေမရိကန္က ခ်မွတ္ခဲ့တဲ့ အေရးယူကန႔္သတ္မႈေတြအေပၚ တုံ႔ျပန္ဖို႔နဲ႔ ပင္လယ္ေကြ႕ လုံၿခဳံေရးအစီအစဥ္ေတြ တင္ျပဖို႔ အီရန္သမၼတကိုယ္တိုင္ တက္ေရာက္ရွင္းလင္းဖို႔ထိ စီစဥ္ခဲ့တာပါ။ဒါေပမယ့္ အေမရိကန္ဘက္က ဒီေလာက္ထိ ခြင့္မျပဳခဲ့ပါဘူး။

ဒီမတိုင္ခင္ကတည္းက ေဆာ္ဒီနဲ႔ ယူေအအီးကို အေမရိကန္ဘက္က စစ္တပ္ေစလႊတ္ဖို႔ ရွိတယ္လို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးက စက္တင္ဘာ ၂၁ ရက္က ေျပာခဲ့ပါတယ္။ဒီအတြက္ အီရန္ေတာ္လွန္ေရး အေစာင့္တပ္ စစ္ဦးစီးခ်ဳပ္က စက္တင္ဘာ ၂၂ ရက္မွာ အီရန္ကိုတိုက္တဲ့ ဘယ္ႏိုင္ငံမဆို စစ္ေျမျပင္ျဖစ္သြားမယ္လို႔ ႀကိမ္းဝါးခဲ့ပါတယ္။အေရွ႕အလယ္ပိုင္းမွာ အီရန္၊ တူရကီတို႔ စစ္အင္အားက ယခုအေျခအေနမွာ တျခားအာရပ္ႏိုင္ငံေတြက သတိထားေနရတဲ့ အခ်ိန္ပါ။အေမရိကန္နဲ႔ အေနာက္အုပ္စုအေနနဲ႔ ဒီမွ်ေျခထိန္းဖို႔  မနည္းႀကိဳးစားေနရတဲ့ ကာလကို ေရာက္ေနပါတယ္။     

အီရန္ သမၼတ႐ုံးကေန စက္တင္ဘာ ၂၂ ရက္မွာ ထုတ္ျပန္ခ်က္တစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။ဒါက အီရန္ ကိုယ္စားလွယ္အဖြဲ႕အား အေမရိကန္အစိုးရက ဗီဇာထုတ္ေပးရန္ ျငင္းဆိုထားတယ္ဆိုတဲ့ သတင္းပါဘဲ။အီရန္ ကိုယ္စားလွယ္အဖြဲ႕မွာ သမၼတ ဟက္ဆန္႐ိုဟန္နီ ပါလာမွာျဖစ္သလို ဒီညီလာခံကို လာတက္ရင္း အီရန္သမၼတက ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္၊ ျပင္သစ္သမၼတ အီမန္န်ဴမက္က႐ြန္ တို႔ႏွင့္ ေတြ႕ဆုံရန္ စီစဥ္ထားတာျဖစ္ပါတယ္။ယခင္အစီအစဥ္မွာေတာ့ ေဆာ္ဒီ ေရနံအေဆာက္အအုံကို တိုက္ခိုက္မႈေနာက္ကြယ္မွာ အီရန္ ပါဝင္ပတ္သက္ေနတာကို လက္ဆုပ္လက္ကိုင္ျပဖို႔ ေဆာ္ဒီေရာ၊ အေနာက္အုပ္စုကပါ ႀကိဳးစားေနသလို ဒီစုံစမ္းစစ္ေဆးမႈမွာ ကုလနဲ႔ ျပင္သစ္ကပါ တတိယအဖြဲ႕က စစ္ေဆးႏိုင္ဖို႔ ႀကိဳးစားေနၾကတာပါ။ဒါဟာ အေမရိကန္အေနနဲ႔ အီရန္ကို ပိတ္ဆို႔ကန႔္သတ္ခဲ့တာျဖစ္သလို ဒီလိုဆုံးျဖတ္ၿပီးေနာက္ကြယ္မွာ တစ္ခုခုကိုေဆာင္႐ြက္ဖို႔ ပိုင္းျဖတ္ၿပီးသားဆိုတဲ့ ယူဆခ်က္ ထြက္ေပၚလာခဲ့ပါတယ္။

႐ုရွားနဲ႔ နီးကပ္တဲ့ ဆက္ဆံေရးရွိတဲ့ အီရန္ကို အေမရိကန္အေနနဲ႔ ထရမ့္ သက္တမ္း လက္ထက္မွာ စစ္ခင္းဖို႔ ျဖစ္လာႏိုင္ေျခက ပိုမ်ားမ်ားလာပါတယ္။အေမရိကန္အေနနဲ႔ ေသခ်ာတဲ့ အေၾကာင္းျပခ်က္ရွိေနတဲ့အတြက္ လိုခ်င္တဲ့ အေျခအေနရလာခဲ့ရင္ ႏွစ္ခါတိတိ ရပ္ဆိုင္းခဲ့ရတဲ့ ဝင္တိုက္ဖို႔ အေျခအေနဟာ ျဖစ္လာဖို႔ နီးေနပါၿပီ။ဒီကေန ဘာေတြျဖစ္လာမလဲ။ အေမရိကန္တကၠသိုလ္တစ္ခုကေတာ့ အီရန္ျပႆနာနဲ႔ ႏွီးႏြယ္ၿပီး အေမရိကန္နဲ႔ ႐ုရွား စစ္ျဖစ္လာႏိုင္တဲ့ အေျခအေနအတြက္  ပုံသ႑ာန္တူ စစ္ပြဲလုပ္ၾကည့္တာေတြအထိ ျဖစ္ေနပါၿပီ။ဒီစမ္းသပ္မႈမွာ န်ဴကလီးယားစစ္ပြဲ စတင္ၿပီး ၅ နာရီအတြင္း ႏွစ္ဘက္ပစ္ခတ္မႈေၾကာင့္ လူေပါင္း ၃၄ သန္းထိ ေသဆုံးမယ္ဆိုတဲ့ရလဒ္ ထြက္လာခဲ့ပါတယ္။

ရမ္းကားတဲ့ အေမရိကန္သမၼတနဲ႔ ေခါင္းမာၿပီး မိုက္႐ူးရဲ အီရန္ေခါင္းေဆာင္ေတြေၾကာင့္ စစ္ပြဲႀကီးတစ္ခု ျမင္ရေတာ့မလားဆိုတာ စိုးရိမ္ေသာကေရာက္စရာပါ။

ဒီသတင္းက ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ အာရပ္ကမာၻ သတင္းေတြျဖစ္တဲ့ ျပည္တြင္းစစ္ျဖစ္ေနတဲ့ ဆီးရီးယား ျပည္တြင္းစစ္ အဆုံးသတ္ဖို႔အတြက္ တူရကီ၊ ႐ုရွားႏွင့္ အီရန္ ေခါင္းေဆာင္ေတြ အင္ကာရာမွာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတဲ့သတင္း၊ လိုင္ေဘးရီးယားႏိုင္ငံ ၿမိဳ႕ေတာ္ မိုနာ႐ိုဗီရာၿမိဳ႕မွာ စာသင္ေက်ာင္းတစ္ခု မီးေလာင္လို႔ ကေလးငယ္ ၂၆ ဦးႏွင့္ ဆရာႏွစ္ဦး ေသဆုံးခဲ့တဲ့သတင္း၊ ဆိုမာလီယာႏိုင္ငံ ၿမိဳ႕ေတာ္ မိုဂါဒစ္ရႈးမွာ ကားဗုံးေပါက္ကြဲလို႔ အနည္းဆုံး ႏွစ္ဦးေသဆုံးၿပီး ေလးဦးဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ ပါကစၥတန္ တက္ႂကြလႈပ္ရွားသူ ဂူလာလိုင္ အစၥေမးလ္ အေမရိကန္သို႔ ထြက္ေျပးသြားတဲ့ သတင္းေတြထဲ ေစာင့္ၾကည့္ရမယ့္ သတင္းျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
စက္တင္ဘာ - ၂၃