【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အသွင်သစ် ကမ္ဘာစစ်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အသွင်သစ် ကမ္ဘာစစ်

ယခုတစ်ပတ်ထဲ နိုင်ငံတကာသတင်း အများစုကို ဖုံးလွှမ်းထားခဲ့တာက တရုတ်စမတ်ဖုန်းကုမ္ပဏီကြီးဖြစ်တဲ့  ဟွာဝေးဖုန်းကုမ္ပဏီကို အမေရိကန်က ပစ်မှတ်ထားပြီး ကန့်သတ်မှုတွေ လုပ်ခဲ့တာကိုပဲ ဖြစ်ပါတယ်။သတင်းမီဒီယာ အတော်များများမှာ ဒီသတင်းနဲ့ ဆက်နွယ်နေတဲ့ သတင်းတွေကသာ ယခုတစ်ပတ်လုံး နေရာယူထားခဲ့ပါတယ်။

အဆိုပါ ဟွာဝေးသတင်းတွေက ယခုတစ်ပတ်ထဲမှာဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေဖြစ်တဲ့ ရုရှားက ဖမ်းဆီးထားတဲ့ ယူကရိန်းသင်္ဘောတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာတရားရုံးက စီရင်ချက်ချတဲ့ သတင်း၊ အမေရိကန်သမ္မတ ထရမ့် ဂျပန်သို့ လေးရက်ကြာခရီးစဉ် သွားရောက်တဲ့ သတင်း၊ ထိုင်းဝန်ကြီးချုပ် ပရမ်တင်ဆူလာ နွန်ဒါ ကွယ်လွန်တဲ့ သတင်း၊ ပီရူးမှာ ရစ်ချ်တာစကေး ၈ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်တဲ့ သတင်း၊ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့မှာ ပါဆယ်ဗုံးပေါက်ကွဲလို့ လူ ၈ ဦး ဒဏ်ရာရတဲ့ သတင်း၊ အိန္ဒိယမှာ အဆောက်အအုံတစ်ခု မီးလောင်လို့ ကျောင်းသား ၁၅ ဦး သေဆုံးခဲ့တဲ့ သတင်း၊ မက္ကဆီကိုမှာ ရာဇဝတ်သားတွေထံက သိမ်းထားတဲ့ ဇိမ်ခံကားတွေကို ရောင်းချပြီး ဆင်းရဲသားတွေကို ဝေငှပေးမယ့် သတင်း၊ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်က သုံးလအတွင်း အကောင့်တုပေါင်း ၂ .၂ ဘီလျံခန့်ကို ဖယ်ရှားခဲ့တယ်ဆိုတဲ့ သတင်းတွေကိုကျော်ပြီး လူအများ စိတ်ဝင်စားမှုရှိတဲ့ သတင်းဖြစ်လာခဲ့ပါတယ်။

ပိုပြင်းထန်လာတဲ့ အသွင်သစ် ကမ္ဘာစစ်

အမေရိကန်ဘက်က တရုတ်နိုင်ငံနဲ့ ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို အရှိန်မြှင့်လာတဲ့အနေနဲ့ တရုတ်ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ ဟွာဝေးအပေါ် ပစ်မှတ်ထားကာ ကန့်သတ်ခဲ့ပါတယ်။အမေရိကန်သမ္မတက အမေရိကန်ကုမ္ပဏီများအနေဖြင့်  အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ရာရောက်နေသည့် ပြည်ပကုမ္ပဏီများနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ကို တားမြစ်ပိတ်ပင်ခဲ့တဲ့ တားမြစ်ချက်ကို လက်မှတ်ထိုးခဲ့ပြီးတဲ့နောက်မှာ 5G နည်းပညာမှာ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ဟွာဝေးအဖို့ အမေရိကန်မှာရှိတဲ့ အကျိုးစီးပွားတွေ ထိခိုက်ခဲ့ပါတယ်။

အထူးသဖြင့် အမေရိကန်ဘက်က တားမြစ်ကန့်သတ်ချက် ထွက်လာပြီးနောက်မှာ ဟွာဝေး အပါအဝင် ကမ္ဘာ့ထိပ်သီး စမတ်ဖုန်းတွေကို ထောက်ပံ့ပေးနေတဲ့ Android စနစ်အတွက် Google ဘက်က ဟွာဝေးအပေါ် ရပ်ဆိုင်းခဲ့ပါတယ်။ဒီလိုရပ်ဆိုင်းတာဟာ ကုန်သွယ်ရေးစစ်ပွဲမှာ တစ်ဘက်နဲ့ တစ်ဘက်ကြား အားနည်းချက်တွေကို ရှာကြံတိုက်ခိုက်တာဖြစ်သလို Google ဘက်ကတော့ အမေရိကန်အခြေစိုက် ကုမ္ပဏီကြီးဖြစ်တဲ့အတွက် အစိုးရရဲ့ ပိတ်ပင်ချက်အတိုင်း လိုက်နာခဲ့ပါတယ်။ဒီလိုလိုက်နာခဲ့တဲ့အတွက် ဟွာဝေးအတွက် ထိုးနှက်ချက်ဖြစ်လာသလို ဈေးကွက်အတွင်းမှာရှိတဲ့ ဟွာဝေးစမတ်ဖုန်းတွေအတွက်လည်း ထိခိုက်ခဲ့ပါတယ်။အထူးသဖြင့် Google ဘက်က ထောက်ပံ့ပေးတဲ့ update လုပ်ခွင့် မရှိသလို ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲနှင့် နည်းပညာဝန်ဆောင်မှုတွေကိုပါ ရပ်နားလိုက်တဲ့အတွက် ဂျီမေးလ်လို၊ ယူကျူ့လို၊ ပလေးစတိုးလို နာမည်ကြီးဝန်ဆောင်မှုတွေ မရတော့သလို Huawei ထုတ်ကုန်သစ်တွေမှာလည်း YouTube နဲ့ Google Maps တို့လို apps တွေကို ပါရှိလာဖို့ မရှိတော့ပါဘူး။ Android operating system ကို ဟွာဝေးအနေနဲ့ လွတ်လပ်စွာ သုံးနိုင်တဲ့ ဗားရှင်းတစ်ခုအနေနဲ့ ဆက်သုံးနိုင်မှာတော့ ဖြစ်ပါတယ်။Google ရဲ့ Android စနစ်အပေါ် နောက်ထပ်ပေါ်တဲ့ နည်းပညာအသစ်တွေကိုလည်း မရတော့မှာဖြစ်တဲ့အတွက် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကို ဆမ်ဆောင်းပြီးရင် ဒုတိယဈေးကွက်ဝေစု အကြီးမားဆုံးဖြစ်တဲ့ ဟွာဝေးအတွက် ဒါဟာ အထိနာစရာပါ။

ဟွာဝေးဘက်ကနေ Android စနစ်အစား ကိုယ်ပိုင် OS ကို ကျင့်သုံးမယ်လို့ ပြောခဲ့သလို ဂရုစိုက်စရာမလိုဘဲ ကြိုတင်ပြင်ဆင်ထားတယ် ဆိုခဲ့ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက "တရုတ်လုပ်ငန်းကုမ္ပဏီတွေရဲ့ တရားဝင်အခွင့်အရေး ကာကွယ်ပိုင်ခွင့်တွေအပေါ် တရုတ်အစိုးရက ထောက်ခံပံ့ပိုးပေးသွားမယ်" လို့ ပြောခဲ့ပါတယ်။

ဒီနောက်မှာ Google နောက်ကနေ ပင်နာဆိုးနစ်တို့၊ ချစ်ဆက်ထုတ်လုပ်တဲ့ AMD လို ဗြိတိန်အခြေစိုက် ကုမ္ပဏီကြီးတွေလည်း ဟွာဝေးနဲ့ အဆက်အသွယ်ဖြတ်ခဲ့တဲ့အတွက်  တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲက ပိုကျယ်ပြန့်လာပါတယ်။တရုတ်ဘက်လည်း ဒီလိုတိုက်ခိုက်မှုတွေအတွက် ကမ္ဘာ့သုံးစွဲမှုရဲ့ ရာခိုင်နူန်း ၉၀ အထိ ထွက်ရှိနေတဲ့ Rare earths ကို အမေရိကန်တင်ပို့မှု ပိတ်ပင်မှုလုပ်ဖို့ စဉ်းစားလာပါတယ်။မေလ ၂၀ ရက်မှာတော့ Huawei အပေါ် ချထားတဲ့ ကန့်သတ်ပိတ်ဆို့ချက် တစ်ချို့ကို ဖြေလျှော့ပေးခဲ့ပါတယ်။ဒါက ရက် ၉၀ အတွင်း ရှိရင်းစွဲ Huawei ဟန်းဆက်များအတွက် software update များ ထောက်ပံ့ပေးနိုင်ရန်အလို့ငှာ Huawei Techonogies ကုမ္ပဏီကို အမေရိကန်ထုတ် ပစ္စည်းများ ဝယ်ယူရန် အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနက ခွင့်ပြုလျှော့ပေါ့ပေးခဲ့ပါတယ်။ဒါပေမယ့် HIK Vision လို လုံခြုံရေးပစ္စည်းတွေထုတ်တဲ့ တရုတ်ကုမ္ပဏီတစ်ခုကိုလည်း ကန့်သတ်ဖို့ အမေရိကန်ဘက်က အရိပ်အယောင်ပြခဲ့သလို ကုန်သွယ်ရေးဆွေးနွေးပွဲမှာ ဟွာဝေးကိစ္စ ထည့်ဆွေးနွေးနိုင်တယ်လို့ ထရမ့် က ဆိုတဲ့အတွက် တရုတ်-အမေရိကန် စစ်ပွဲက ပိုပြင်းထန်လာဖွယ် ရှိနေပါတယ်။

တရုတ်ဘက်ကတော့ OBOR အသက်ဝင်လာဖို့ အချိန်အနည်းငယ်သာ လိုတဲ့အချိန်မှာ ဖြစ်လာတဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲရဲ့ အဓိကရည်ရွယ်ရင်းကို မေ့ထားဖွယ်မရှိပါဘူး။အထူးသဖြင့် အမေရိကန် သတိထား စောင့်ကြည့်နေတဲ့ ပိုးလမ်းသစ်စီမံကိန်းကို ထိခိုက်ခံဖွယ် မရှိပါဘူး။ဒီစီမံကိန်းနဲ့ အကျူံးဝင်တဲ့ နိုင်ငံတွေကို ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့တွေအပြင် ပိုးလမ်းမသစ်အတွက် အရေးကြီးတဲ့ မိုးလေဝသ အချက်အလက်တွေကိုပါ ထောက်ပံ့ဖို့ တရုတ်ဘက်က ယခုတစ်ပတ်ထဲမှာ ကမ်းလှမ်းထားပါတယ်။BRI လို့ ခေါ်တဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာ ပါဝင်တဲ့ နိုင်ငံတွေဘက်ကလည်း ငွေကြေးဘီလျံနဲ့ချီပြီး ရင်းနှီးမြုပ်နှံရတဲ့ ဒီစီမံကိန်းအပေါ် အများကြီးမျှော်လင့်ထားတဲ့အတွက် ကာကွယ်မှုတွေကို တွေ့ရပါတယ်။

ဒီစီမံကိန်း တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဘီလျံ ၅၀ တန်ဖိုးရှိ တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကန် (CPEC) စီမံကိန်းမှာဆိုရင် အကြမ်းဖက် ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ပါကစ္စတန်ဘက်က တပ်မတစ်ခုကို ဖြန့်ကြက်ခဲ့သလို နောက်ထပ် တပ်မတစ်ခုကို ဖြန့်ကျက်ဖို့ စီစဉ်နေတဲ့အထိပါဘဲ။

ဒီလိုတွေ ဖြစ်နေတဲ့အတွက် တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲက OBOR ကို ထိခိုက်လာမလား၊ ဖွံ့ဖြိုးတိုးတက်နေတဲ့ တရုတ်ကို အရှိန်တန့်အောင် အမေရိကန်လုပ်နိုင်မလား၊ အမေရိကန်ဘဲ ဒရွတ်ဆွဲပါသွားမလားဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ဗျူဟာ လက်လွန်ခြေလွန် ဖြစ်လာပြီလား

ဒီတစ်ပတ် သတင်းတွေထဲက ထူးခြားတာက ရုရှားနဲ့ အမေရိကန် ခေါင်းဆောင်နှစ်ဦးတွေ့ဖို့ စီစဉ်နေတဲ့ သတင်းပါဘဲ။အရင်ကဆိုရင် ဒါဟာ တစ်ကမ္ဘာလုံးအတွက် စိတ်ဝင်စားစရာ သတင်းထူးတစ်ပုဒ် ဖြစ်နိုင်ပေမယ့် ယခုအချိန်မှာတော့ တရုတ်၊ အီရန်၊ မြောက်ကိုရီးယားတို့နဲ့ ပတ်ဖြစ်နေရတဲ့ အမေရိကန်အတွက် ရုရှားခေါင်းဆောင်နဲ့တွေ့တာ သိပ်ပြီး စိတ်ဝင်စားစရာကောင်းမှာ မဟုတ်ဘူးလို့ နိုင်ငံတကာက တွက်ဆထားပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ရုရှားကို ဆိုင်းမဆင့်ဗုံမဆင့် သွားပြီးနောက်မှာ မေ ၁၉ ရက်က ကရင်မလင်နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူက ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကျင်းပမည့် G20 ထိပ်သီးဆွေးနွေးပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ တွေ့ဆုံဖွယ်ရှိမယ်ဆိုပြီး ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ ရုရှားကြားမှာ ဒီကိစ္စအပြင် အခြားကိစ္စတွေလည်း  ရှိနေပါသေးတယ်။ဒါကတော့ တူရကီကမွှေတဲ့ S-400 ဝေဟင်ကာကွယ်ရေးစနစ် ဝယ်ယူမှု ပြဿနာပါ။ဒေါ်လာ ဘီလျံချီတန်တဲ့ ဝေဟင်ကာကွယ်ရေးစနစ်ကို ရုရှားဆီကနေ တူရကီက ဝယ်ယူဖို့ကြိုးစားနေစဉ်မှာ အမေရိကန်က ဝင်နှောင့်နေတာပါ။နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ တူရကီအတွက် အသုံးကြတဲ့ ဝေဟင်ကာကွယ်ရေးစနစ်ကို အရေးတကြီးလိုနေတာက ဆီးရီးယား ပြည်တွင်းစစ်ထဲ ဝင်ပြီးနောက်မှာ ဖြစ်လာတဲ့ အစ္စရေး၊ အီရန်နဲ့ ကာဒ့်ရန်တွေကြောင့်ပါဘဲ။ဒီလို ဝယ်ဖို့ကြိုးစားတဲ့အတွက် အမေရိကန်က တူရကီကို F-35 တိုက်လေယာဉ် ရောင်းချမှုကို ပြန်ပယ်ဖျက်မယ်လို့ ဆိုထားတဲ့အတွက် တူရကီအတွက် ဒီလို ရုရှားဆီက ဝယ်ယူမှုက အမေရိကန်ကို ခေါင်းပုတ်လိုက်သလိုပါဘဲ။အစ္စလာမ်ကမ္ဘာမှာ ခေါင်းထောင်ထပြီး ထိပ်ပိုင်းနေရာ ယူဖွယ်ရှိတဲ့ တူရကီအတွက် အမေရိကန် သြဇာအာဏာကို အာခံပြီး အမေရိကန်ရဲ့ မဟာရန်သူ ရုရှားဆီကနေ ဝေဟင်ကာကွယ်ရေးစနစ်ကို ဝယ်ယူတာကို မရပ်ခဲ့ပါဘူး။

တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန် ကတော့ ဇူလိုင်လမှ စတင်ပြီး ရုရှားနိုင်ငံထုတ် S-400 ဒုံးကျည်ကာကွယ်ရေးစနစ် ရောက်လာမယ်ဆိုပြီး ထိုဒုံးကျည်ကာကွယ်ရေးစနစ် လက်ခံမယ့် အစီအစဉ်ကို ခေတ္တဆိုင်းငံ့ဖို့ အမေရိကန်အစိုးရ၏ တောင်းဆိုမှုကို လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ဒါ့အပြင် S-500 ဒုံးကျည်ကာကွယ်ရေးစနစ်များကို ရုရှား-တူရကီ ပူးပေါင်းထုတ်လုပ်ရန် စဉ်းစားနေတယ်လို့ပါ ပြောခဲ့တဲ့အတွက် အမေရိကန် ဦးဆောင်သော NATO တပ်ဖွဲ့ဝင် နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာလာဖွယ် ရှိနေပါတယ်။တူရကီအနေဖြင့် အမေရိကန်၏ အရေးယူပိတ်ဆို့မှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေသလို အာရှအလယ်ပိုင်းမှာ အမေရိကန်ရဲ့ သြဇာအာဏာကို ကျဆင်းစေသလို ဖြစ်တဲ့အတွက် ထရမ့် အနေနဲ့ ဘာတွေလုပ်လာနိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

အမေရိကန်အတွက် တူရကီပြဿနာကြောင့် သြဇာအာဏာ ကျဆင်းချိန်မှာဘဲ နောက်ထပ်အရှက်ရစရာက အီရန်ကို ကန်သတ်ပိတ်ဆို့မှုတွေလုပ်၊ လေယာဉ်တင်သင်္ဘောတွေလွှတ်နဲ့ ခြိမ်းခြောက်နေစဉ်မှာဘဲ ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံး  တည်ရှိရာ အစိမ်းရောင်ဇုန်ထဲ ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရမှုနှင့် ကြီးမားသောပျက်စီးမှု မရှိပေမယ့် အမေရိကန်အတွက်တော့ အရှက်ရစရာပါ။ဒီဖြစ်စဉ်အတွက် အီရန် ကျောထောက်နောက်ခံ အဖွဲ့တွေအပေါ်  သံသယရှိတဲ့အတွက် ဒီအဖွဲ့တွေ လက်ချက်သာဆိုရင် အီရန်နိုင်ငံမှာ တာဝန်ရှိမယ်လို့ သတိပေးခဲ့တာတွေ ရှိပါတယ်။လက်ရှိမှာ အမေရိကန်ဘက်က စစ်ပြင်တဲ့အနေနဲ့ အီရတ်က အမေရိကန်နိုင်ငံသားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်ခံရပြီးနောက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်နှင့် အီရန် နှစ်နိုင်ငံအကြား ပဋိပက္ခစစ်ပွဲတစ်ခု ဖြစ်လာမည်ဆိုပါက အီရန်ကို အမှုန့်ချေ ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး အီရန်ရဲ့ တရားဝင်နိဂုံး ဖြစ်သွားမယ်လို့ ပြောခဲ့ပါတယ်။ဒီဒေသမှာ မကြာမီက ဆော်ဒီရေနံတင်သင်္ဘောတွေ ရေနံပိုက်လိုင်းတွေကို အီရန် ကျောထောက်နောက်ခံ ဟူသီသူပုန်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလည်း ရှိခဲ့တဲ့အတွက် ဘယ်အချိန် စစ်မီးထတောက်မလဲဆိုတာ စိုးရိမ်စရာပါ။

ဒီလိုသတင်းက ယခုတစ်ပတ်ထဲ စိတ်ဝင်စားစရာဖြစ်တဲ့ အမေရိကန်စစ်တပ်က ရန်သူ့နယ်မြေထဲက စစ်သည်တွေကို ကယ်ထုတ်ရာမှာ မောင်းသူမဲ့လေယာဉ်တွေ အသုံးပြုဖို့ စဉ်းစားနေတဲ့ သတင်း၊ တာဂျီကစ္စတန်မှာ ထောင်ဆူပူလို့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ဝင် ၂၄ ဦးနှင့် အကျဉ်းထောင် အစောင့်သုံးဦး သေဆုံးခဲ့တဲ့ သတင်း၊ ဘရာဇီးနိုင်ငံ မြောက်ပိုင်းမှာ အရက်ဘားထဲ ဝင်ပစ်ခတ်လို့ ဘားပိုင်ရှင် အပါအဝင် အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားငါးဦး သေဆုံးခဲ့တဲ့ သတင်း၊ စရိတ်တွေလျှော့ချဖို့ ကမ္ဘာတစ်ဝန်းက တောင်ဆူဒန်နိုင်ငံဆိုင်ရာ သံရုံးတချို့ကို ပိတ်သိမ်းတော့မယ့် သတင်း၊ မာလီနိုင်ငံ နယ်ခြားစခန်းတစ်ခု ဝင်တိုက်ခံရလို့ ခုနှစ်ဦးသေဆုံးခဲ့တဲ့ သတင်း၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုဖြင့် အင်ဒိုနီးရှား တရားရုံးတစ်ခုက ပြင်သစ်နိုင်ငံသားတစ်ဦးကို သေဒဏ်ချမှတ်ခဲ့တဲ့ သတင်းတွေထက် အများပြည်သူ သတင်းဖတ်သူတွေကို စစ်သတင်းတွေနဲ့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ပဋိပက္ခများနဲ့ အာရှရွေးကောက်ပွဲများ

ယခုရက်သတ္တပတ်ထဲ အာရှမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေရှိသလို ကျင်းပပြီး ရွေးကောက်ပွဲရလဒ်တွေကို ကြေညာခဲ့တာလည်း ရှိပါတယ်။ရွေးကောက်ပွဲတွေမှာ မထင်မှတ်ဘဲ ကမောက်ကမရလဒ်တွေ ထွက်ခဲ့တာရှိသလို စစ်တပ်လွှမ်းမိုးမှုှရှိခဲ့တဲ့ နိုင်ငံတွေမှာ ရွေးကောက်ပွဲရလဒ်ကို ပြင်လိုတဲ့အတွက် လမ်းပေါ်ထွက် ဆန္ဒပြခိုင်းခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဩစတြေးလျမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာဆိုရင် အကြိုစစ်တမ်းတွေမှာ လူကြိုက်နှုန်းနည်းတဲ့ လက်ရှိဝန်ကြီးချုပ် စကော့မောရစ်ဆင်၏ ညွန့်ပေါင်းအစိုးရက မမျှော်လင့်ဘဲ အနိုင်ရသွားခဲ့တာ ဖြစ်ခဲ့ပါတယ်။အစ္စရေးမှာလည်း လက်ရှိဝန်ကြီးချုပ်ဘဲ ဆက်အရွေးခံရလို့ ပြဿနာတွေ တက်ခဲ့တာရှိပါတယ်။အာရှနဲ့ကပ်နေတဲ့ ယူကရိန်းမှာတော့ လူရွှင်တော်က သမ္မတအဖြစ် အနိုင်ရခဲ့ပြီး ထိုင်းမှာတော့ အတိုက်အခံတွေဘက်က အနိုင်ရခဲ့ပေမယ့် မဲက အပြတ်အသတ်မဟုတ်တဲ့အတွက် လက်ရှိဝန်ကြီးချုပ် စစ်အာဏာသိမ်း ခေါင်းဆောင်ကသာ ဆက်ပြီး အစိုးရဖွဲ့ဖို့ ရှိနေတာတွေလည်း ရှိခဲ့ပါတယ်။

ဒီထဲမှာ စိတ်ဝင်စားစရာကောင်းခဲ့တာက အင်ဒိုနီးရှားပါ။ဧပြီ ၁၇ ရက်က ကျင်းပခဲ့တဲ့ အင်ဒိုရွေးကောက်ပွဲတွေရဲ့ ရလဒ်ကို တစ်ရက်စောပြီး မေ ၂၁ ရက်က ထုတ်ပြန်ခဲ့ရာမှာ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို က ၅၅ ဒသမ ၅ ရာခိုင်နှုန်း ရရှိကာ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရပါတယ်။

ဒီရွေးကောက်ပွဲမှာ ရှုံးနိမ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝိုဆူဘီယန်တို က လက်ရှိရလဒ်ကို မကျေနပ်ခဲ့ပါဘူး။
ပရာဘို ဆိုတာ အင်ဒိုအာဏာရှင် ဆူဟာတို ရဲ့ သမက်ပါ။ပြီးခဲ့တဲ့ ၂၀၁၄ ရွေးကောက်ပွဲတုန်းကလည်း ဝီဒိုဒို ကို ရှုံးနိမ့်ခဲ့တဲ့အတွက် မကျေနပ်စရာပါ။လက်ရှိမဲရလဒ်တွေနဲ့ ပတ်သက်ပြီး ပရာဘို က ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်လို့ စွပ်စွဲပြီး လမ်းပေါ်တက် အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ဒီလိုအချက်တွေကြောင့် အင်ဒိုအာဏာပိုင်တွေဘက်က ကြိုတင်ပြီး လုံခြုံရေးချခဲ့ပေမယ့် မဲရလဒ်ကြေညာပြီး နှစ်ရက်ကြာမှာ ပရာဘို ကို ထောက်ခံသူတွေက အကြမ်းဖက်ဆန္ဒပြလို့ လူ ၆ ဦး သေဆုံးခဲ့ရပါတယ်။ပရာဘို က ဒီရွေးကောက်ပွဲရလဒ်ကို မကျေနပ်လို့ ခုံရုံးထိ တက်တိုင်ပြီး အဆုံးအဖြတ်ကိုခံယူဖို့ မေ ၂၄ ရက်မှာ ခုံရုံးကို လျှောက်ထားခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကလဲ ယခုလိုဘဲ ခုံရုံးတက်တိုင်ပေမယ့် ရှုံးခဲ့ဘူးတဲ့အတွက် လက်နက်အားကိုးတဲ့ ပရာဘိုအနေနဲ့ ထင်သလို ဖြစ်မလာရင် သတိထားစရာ ဖြစ်လာပါတယ်။

ဝီဒိုဒို ကတော့ အကြမ်းဖက်ဆန္ဒပြမှုတွေကို ပြတ်ပြတ်သားသား နှိမ်နှင်းမယ်ဆိုထားတဲ့အတွက် ဘာတွေဖြစ်လာဦးမလဲ၊ အင်ဒိုမှာ ထိုင်းလိုဘဲ စစ်တပ်ဘက်က ပါဝင်လာနိုင်ခြေ ရှိမလားဆိုတာ စောင့်ကြည့်ချင်စရာပါ။

ဒီလိုသတင်းတွေက ယခုတစ်ပတ်ထဲ သတင်းတွေဖြစ်တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဆေးရုံတက်နေရတယ်ဆိုတဲ့ ကောလာဟလ ထွက်ပေါ်လာတဲ့ သတင်း၊ ဆွစ်ဇာလန်မှာ ပိုမိုတင်းကျပ်တဲ့ သေနတ်ထိန်းချုပ်ရေး ဥပဒေကို ပြည်သူတွေက ထောက်ခံအတည်ပြုခဲ့တဲ့ သတင်း၊ ယူကရိန်းသမ္မတသစ်က ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပါလီမန်ကို ဖျက်သိမ်းကာ ရှောင်တခင်ရွေးကောက်ပွဲ ခေါ်ယူခဲ့တဲ့ သတင်း၊ လူမည်း ဘီလျံနာသူဌေးကြီး ရောဘတ်အက်ဖ်စမစ် က အတ္တလန်တာရှိ ဘွဲ့ရကျောင်းသားတွေရဲ့ အကြွေးအားလုံးကို ပေးချေမယ်လို့ ကြေညာခဲ့တဲ့ သတင်း၊ သီရိလင်္ကာသမ္မတက ကမ္ဘာ့နိုင်ငံတွေကို အကြမ်းဖက်မှု လက်တွဲချေမှုန်းဖို့ ဆော်သြလိုက်တဲ့ သတင်းတွေထဲ စောင့်ကြည့်ရဦးမယ့် သတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
မေ - ၂၇

( Zawgyi )

ယခုတစ္ပတ္ထဲ ႏိုင္ငံတကာသတင္း အမ်ားစုကို ဖုံးလႊမ္းထားခဲ့တာက တ႐ုတ္စမတ္ဖုန္းကုမၸဏီႀကီးျဖစ္တဲ့  ဟြာေဝးဖုန္းကုမၸဏီကို အေမရိကန္က ပစ္မွတ္ထားၿပီး ကန႔္သတ္မႈေတြ လုပ္ခဲ့တာကိုပဲ ျဖစ္ပါတယ္။သတင္းမီဒီယာ အေတာ္မ်ားမ်ားမွာ ဒီသတင္းနဲ႔ ဆက္ႏြယ္ေနတဲ့ သတင္းေတြကသာ ယခုတစ္ပတ္လုံး ေနရာယူထားခဲ့ပါတယ္။

အဆိုပါ ဟြာေဝးသတင္းေတြက ယခုတစ္ပတ္ထဲမွာျဖစ္ခဲ့တဲ့ ႏိုင္ငံတကာသတင္းေတြျဖစ္တဲ့ ႐ုရွားက ဖမ္းဆီးထားတဲ့ ယူကရိန္းသေဘၤာေတြနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာတရား႐ုံးက စီရင္ခ်က္ခ်တဲ့ သတင္း၊ အေမရိကန္သမၼတ ထရမ့္ ဂ်ပန္သို႔ ေလးရက္ၾကာခရီးစဥ္ သြားေရာက္တဲ့ သတင္း၊ ထိုင္းဝန္ႀကီးခ်ဳပ္ ပရမ္တင္ဆူလာ ႏြန္ဒါ ကြယ္လြန္တဲ့ သတင္း၊ ပီ႐ူးမွာ ရစ္ခ်္တာစေကး ၈ အဆင့္ရွိ ငလ်င္ႀကီးတစ္ခု လႈပ္ခတ္တဲ့ သတင္း၊ ျပင္သစ္ႏိုင္ငံ လိုင္ယြန္ၿမိဳ႕မွာ ပါဆယ္ဗုံးေပါက္ကြဲလို႔ လူ ၈ ဦး ဒဏ္ရာရတဲ့ သတင္း၊ အိႏၵိယမွာ အေဆာက္အအုံတစ္ခု မီးေလာင္လို႔ ေက်ာင္းသား ၁၅ ဦး ေသဆုံးခဲ့တဲ့ သတင္း၊ မကၠဆီကိုမွာ ရာဇဝတ္သားေတြထံက သိမ္းထားတဲ့ ဇိမ္ခံကားေတြကို ေရာင္းခ်ၿပီး ဆင္းရဲသားေတြကို ေဝငွေပးမယ့္ သတင္း၊ လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ ေဖ့စ္ဘြတ္က သုံးလအတြင္း အေကာင့္တုေပါင္း ၂ .၂ ဘီလ်ံခန႔္ကို ဖယ္ရွားခဲ့တယ္ဆိုတဲ့ သတင္းေတြကိုေက်ာ္ၿပီး လူအမ်ား စိတ္ဝင္စားမႈရွိတဲ့ သတင္းျဖစ္လာခဲ့ပါတယ္။

ပိုျပင္းထန္လာတဲ့ အသြင္သစ္ ကမာၻစစ္

အေမရိကန္ဘက္က တ႐ုတ္ႏိုင္ငံနဲ႔ ျဖစ္ေနတဲ့ ကုန္သြယ္ေရးစစ္ပြဲကို အရွိန္ျမႇင့္လာတဲ့အေနနဲ႔ တ႐ုတ္ဆက္သြယ္ေရးကုမၸဏီျဖစ္တဲ့ ဟြာေဝးအေပၚ ပစ္မွတ္ထားကာ ကန႔္သတ္ခဲ့ပါတယ္။အေမရိကန္သမၼတက အေမရိကန္ကုမၸဏီမ်ားအေနျဖင့္  အေမရိကန္၏ အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္ရာေရာက္ေနသည့္ ျပည္ပကုမၸဏီမ်ားႏွင့္ လုပ္ငန္းလုပ္ကိုင္ခြင့္ကို တားျမစ္ပိတ္ပင္ခဲ့တဲ့ တားျမစ္ခ်က္ကို လက္မွတ္ထိုးခဲ့ၿပီးတဲ့ေနာက္မွာ 5G နည္းပညာမွာ ေရွ႕ဆုံးက ဦးေဆာင္ေနတဲ့ ဟြာေဝးအဖို႔ အေမရိကန္မွာရွိတဲ့ အက်ိဳးစီးပြားေတြ ထိခိုက္ခဲ့ပါတယ္။

အထူးသျဖင့္ အေမရိကန္ဘက္က တားျမစ္ကန႔္သတ္ခ်က္ ထြက္လာၿပီးေနာက္မွာ ဟြာေဝး အပါအဝင္ ကမာၻ႔ထိပ္သီး စမတ္ဖုန္းေတြကို ေထာက္ပံ့ေပးေနတဲ့ Android စနစ္အတြက္ Google ဘက္က ဟြာေဝးအေပၚ ရပ္ဆိုင္းခဲ့ပါတယ္။ဒီလိုရပ္ဆိုင္းတာဟာ ကုန္သြယ္ေရးစစ္ပြဲမွာ တစ္ဘက္နဲ႔ တစ္ဘက္ၾကား အားနည္းခ်က္ေတြကို ရွာႀကံတိုက္ခိုက္တာျဖစ္သလို Google ဘက္ကေတာ့ အေမရိကန္အေျခစိုက္ ကုမၸဏီႀကီးျဖစ္တဲ့အတြက္ အစိုးရရဲ႕ ပိတ္ပင္ခ်က္အတိုင္း လိုက္နာခဲ့ပါတယ္။ဒီလိုလိုက္နာခဲ့တဲ့အတြက္ ဟြာေဝးအတြက္ ထိုးႏွက္ခ်က္ျဖစ္လာသလို ေဈးကြက္အတြင္းမွာရွိတဲ့ ဟြာေဝးစမတ္ဖုန္းေတြအတြက္လည္း ထိခိုက္ခဲ့ပါတယ္။အထူးသျဖင့္ Google ဘက္က ေထာက္ပံ့ေပးတဲ့ update လုပ္ခြင့္ မရွိသလို ဟာ့ဒ္ဝဲ၊ ေဆာ့ဖ္ဝဲႏွင့္ နည္းပညာဝန္ေဆာင္မႈေတြကိုပါ ရပ္နားလိုက္တဲ့အတြက္ ဂ်ီေမးလ္လို၊ ယူက်ဴ႕လို၊ ပေလးစတိုးလို နာမည္ႀကီးဝန္ေဆာင္မႈေတြ မရေတာ့သလို Huawei ထုတ္ကုန္သစ္ေတြမွာလည္း YouTube နဲ႔ Google Maps တို႔လို apps ေတြကို ပါရွိလာဖို႔ မရွိေတာ့ပါဘူး။ Android operating system ကို ဟြာေဝးအေနနဲ႔ လြတ္လပ္စြာ သုံးႏိုင္တဲ့ ဗားရွင္းတစ္ခုအေနနဲ႔ ဆက္သုံးႏိုင္မွာေတာ့ ျဖစ္ပါတယ္။Google ရဲ႕ Android စနစ္အေပၚ ေနာက္ထပ္ေပၚတဲ့ နည္းပညာအသစ္ေတြကိုလည္း မရေတာ့မွာျဖစ္တဲ့အတြက္ ကမာၻ႔စမတ္ဖုန္းေဈးကြက္ကို ဆမ္ေဆာင္းၿပီးရင္ ဒုတိယေဈးကြက္ေဝစု အႀကီးမားဆုံးျဖစ္တဲ့ ဟြာေဝးအတြက္ ဒါဟာ အထိနာစရာပါ။

ဟြာေဝးဘက္ကေန Android စနစ္အစား ကိုယ္ပိုင္ OS ကို က်င့္သုံးမယ္လို႔ ေျပာခဲ့သလို ဂ႐ုစိုက္စရာမလိုဘဲ ႀကိဳတင္ျပင္ဆင္ထားတယ္ ဆိုခဲ့ပါတယ္။တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက "တ႐ုတ္လုပ္ငန္းကုမၸဏီေတြရဲ႕ တရားဝင္အခြင့္အေရး ကာကြယ္ပိုင္ခြင့္ေတြအေပၚ တ႐ုတ္အစိုးရက ေထာက္ခံပံ့ပိုးေပးသြားမယ္" လို႔ ေျပာခဲ့ပါတယ္။

ဒီေနာက္မွာ Google ေနာက္ကေန ပင္နာဆိုးနစ္တို႔၊ ခ်စ္ဆက္ထုတ္လုပ္တဲ့ AMD လို ၿဗိတိန္အေျခစိုက္ ကုမၸဏီႀကီးေတြလည္း ဟြာေဝးနဲ႔ အဆက္အသြယ္ျဖတ္ခဲ့တဲ့အတြက္  တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲက ပိုက်ယ္ျပန႔္လာပါတယ္။တ႐ုတ္ဘက္လည္း ဒီလိုတိုက္ခိုက္မႈေတြအတြက္ ကမာၻ႔သုံးစြဲမႈရဲ႕ ရာခိုင္ႏူန္း ၉၀ အထိ ထြက္ရွိေနတဲ့ Rare earths ကို အေမရိကန္တင္ပို႔မႈ ပိတ္ပင္မႈလုပ္ဖို႔ စဥ္းစားလာပါတယ္။ေမလ ၂၀ ရက္မွာေတာ့ Huawei အေပၚ ခ်ထားတဲ့ ကန႔္သတ္ပိတ္ဆို႔ခ်က္ တစ္ခ်ိဳ႕ကို ေျဖေလွ်ာ့ေပးခဲ့ပါတယ္။ဒါက ရက္ ၉၀ အတြင္း ရွိရင္းစြဲ Huawei ဟန္းဆက္မ်ားအတြက္ software update မ်ား ေထာက္ပံ့ေပးႏိုင္ရန္အလို႔ငွာ Huawei Techonogies ကုမၸဏီကို အေမရိကန္ထုတ္ ပစၥည္းမ်ား ဝယ္ယူရန္ အေမရိကန္ ကုန္သြယ္ေရး ဝန္ႀကီးဌာနက ခြင့္ျပဳေလွ်ာ့ေပါ့ေပးခဲ့ပါတယ္။ဒါေပမယ့္ HIK Vision လို လုံၿခဳံေရးပစၥည္းေတြထုတ္တဲ့ တ႐ုတ္ကုမၸဏီတစ္ခုကိုလည္း ကန႔္သတ္ဖို႔ အေမရိကန္ဘက္က အရိပ္အေယာင္ျပခဲ့သလို ကုန္သြယ္ေရးေဆြးေႏြးပြဲမွာ ဟြာေဝးကိစၥ ထည့္ေဆြးေႏြးႏိုင္တယ္လို႔ ထရမ့္ က ဆိုတဲ့အတြက္ တ႐ုတ္-အေမရိကန္ စစ္ပြဲက ပိုျပင္းထန္လာဖြယ္ ရွိေနပါတယ္။

တ႐ုတ္ဘက္ကေတာ့ OBOR အသက္ဝင္လာဖို႔ အခ်ိန္အနည္းငယ္သာ လိုတဲ့အခ်ိန္မွာ ျဖစ္လာတဲ့ အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲရဲ႕ အဓိကရည္႐ြယ္ရင္းကို ေမ့ထားဖြယ္မရွိပါဘူး။အထူးသျဖင့္ အေမရိကန္ သတိထား ေစာင့္ၾကည့္ေနတဲ့ ပိုးလမ္းသစ္စီမံကိန္းကို ထိခိုက္ခံဖြယ္ မရွိပါဘူး။ဒီစီမံကိန္းနဲ႔ အက်ဴံးဝင္တဲ့ ႏိုင္ငံေတြကို ဘ႑ာေရးဆိုင္ရာ အေထာက္အပံ့ေတြအျပင္ ပိုးလမ္းမသစ္အတြက္ အေရးႀကီးတဲ့ မိုးေလဝသ အခ်က္အလက္ေတြကိုပါ ေထာက္ပံ့ဖို႔ တ႐ုတ္ဘက္က ယခုတစ္ပတ္ထဲမွာ ကမ္းလွမ္းထားပါတယ္။BRI လို႔ ေခၚတဲ့ ေခတ္သစ္ပိုးလမ္းမစီမံကိန္းမွာ ပါဝင္တဲ့ ႏိုင္ငံေတြဘက္ကလည္း ေငြေၾကးဘီလ်ံနဲ႔ခ်ီၿပီး ရင္းႏွီးျမဳပ္ႏွံရတဲ့ ဒီစီမံကိန္းအေပၚ အမ်ားႀကီးေမွ်ာ္လင့္ထားတဲ့အတြက္ ကာကြယ္မႈေတြကို ေတြ႕ရပါတယ္။

ဒီစီမံကိန္း တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ ဘီလ်ံ ၅၀ တန္ဖိုးရွိ တ႐ုတ္-ပါကစၥတန္ စီးပြားေရးျစကၤန္ (CPEC) စီမံကိန္းမွာဆိုရင္ အၾကမ္းဖက္ ၿခိမ္းေျခာက္မႈေတြကို ကာကြယ္ဖို႔ ပါကစၥတန္ဘက္က တပ္မတစ္ခုကို ျဖန႔္ၾကက္ခဲ့သလို ေနာက္ထပ္ တပ္မတစ္ခုကို ျဖန႔္က်က္ဖို႔ စီစဥ္ေနတဲ့အထိပါဘဲ။

ဒီလိုေတြ ျဖစ္ေနတဲ့အတြက္ တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲက OBOR ကို ထိခိုက္လာမလား၊ ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ တ႐ုတ္ကို အရွိန္တန႔္ေအာင္ အေမရိကန္လုပ္ႏိုင္မလား၊ အေမရိကန္ဘဲ ဒ႐ြတ္ဆြဲပါသြားမလားဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ထရမ့္ရဲ႕ဗ်ဴဟာ လက္လြန္ေျခလြန္ ျဖစ္လာၿပီလား

ဒီတစ္ပတ္ သတင္းေတြထဲက ထူးျခားတာက ႐ုရွားနဲ႔ အေမရိကန္ ေခါင္းေဆာင္ႏွစ္ဦးေတြ႕ဖို႔ စီစဥ္ေနတဲ့ သတင္းပါဘဲ။အရင္ကဆိုရင္ ဒါဟာ တစ္ကမာၻလုံးအတြက္ စိတ္ဝင္စားစရာ သတင္းထူးတစ္ပုဒ္ ျဖစ္ႏိုင္ေပမယ့္ ယခုအခ်ိန္မွာေတာ့ တ႐ုတ္၊ အီရန္၊ ေျမာက္ကိုရီးယားတို႔နဲ႔ ပတ္ျဖစ္ေနရတဲ့ အေမရိကန္အတြက္ ႐ုရွားေခါင္းေဆာင္နဲ႔ေတြ႕တာ သိပ္ၿပီး စိတ္ဝင္စားစရာေကာင္းမွာ မဟုတ္ဘူးလို႔ ႏိုင္ငံတကာက တြက္ဆထားပါတယ္။

ေျမာက္ကိုရီးယား ေခါင္းေဆာင္ ႐ုရွားကို ဆိုင္းမဆင့္ဗုံမဆင့္ သြားၿပီးေနာက္မွာ ေမ ၁၉ ရက္က ကရင္မလင္နန္းေတာ္မွ ေျပာေရးဆိုခြင့္ရွိသူက ဂ်ပန္ႏိုင္ငံ အိုဆာကာၿမိဳ႕မွာ က်င္းပမည့္ G20 ထိပ္သီးေဆြးေႏြးပြဲမွာ ႐ုရွားသမၼတ ဗလာဒီမာပူတင္ ႏွင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ တို႔ ေတြ႕ဆုံဖြယ္ရွိမယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

အေမရိကန္နဲ႔ ႐ုရွားၾကားမွာ ဒီကိစၥအျပင္ အျခားကိစၥေတြလည္း  ရွိေနပါေသးတယ္။ဒါကေတာ့ တူရကီကေမႊတဲ့ S-400 ေဝဟင္ကာကြယ္ေရးစနစ္ ဝယ္ယူမႈ ျပႆနာပါ။ေဒၚလာ ဘီလ်ံခ်ီတန္တဲ့ ေဝဟင္ကာကြယ္ေရးစနစ္ကို ႐ုရွားဆီကေန တူရကီက ဝယ္ယူဖို႔ႀကိဳးစားေနစဥ္မွာ အေမရိကန္က ဝင္ေႏွာင့္ေနတာပါ။ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံတစ္ခုျဖစ္တဲ့ တူရကီအတြက္ အသုံးၾကတဲ့ ေဝဟင္ကာကြယ္ေရးစနစ္ကို အေရးတႀကီးလိုေနတာက ဆီးရီးယား ျပည္တြင္းစစ္ထဲ ဝင္ၿပီးေနာက္မွာ ျဖစ္လာတဲ့ အစၥေရး၊ အီရန္နဲ႔ ကာဒ့္ရန္ေတြေၾကာင့္ပါဘဲ။ဒီလို ဝယ္ဖို႔ႀကိဳးစားတဲ့အတြက္ အေမရိကန္က တူရကီကို F-35 တိုက္ေလယာဥ္ ေရာင္းခ်မႈကို ျပန္ပယ္ဖ်က္မယ္လို႔ ဆိုထားတဲ့အတြက္ တူရကီအတြက္ ဒီလို ႐ုရွားဆီက ဝယ္ယူမႈက အေမရိကန္ကို ေခါင္းပုတ္လိုက္သလိုပါဘဲ။အစၥလာမ္ကမာၻမွာ ေခါင္းေထာင္ထၿပီး ထိပ္ပိုင္းေနရာ ယူဖြယ္ရွိတဲ့ တူရကီအတြက္ အေမရိကန္ ၾသဇာအာဏာကို အာခံၿပီး အေမရိကန္ရဲ႕ မဟာရန္သူ ႐ုရွားဆီကေန ေဝဟင္ကာကြယ္ေရးစနစ္ကို ဝယ္ယူတာကို မရပ္ခဲ့ပါဘူး။

တူရကီသမၼတ ရီဆပ္ေတယစ္အာဒိုဂန္ ကေတာ့ ဇူလိုင္လမွ စတင္ၿပီး ႐ုရွားႏိုင္ငံထုတ္ S-400 ဒုံးက်ည္ကာကြယ္ေရးစနစ္ ေရာက္လာမယ္ဆိုၿပီး ထိုဒုံးက်ည္ကာကြယ္ေရးစနစ္ လက္ခံမယ့္ အစီအစဥ္ကို ေခတၱဆိုင္းငံ့ဖို႔ အေမရိကန္အစိုးရ၏ ေတာင္းဆိုမႈကို လက္မခံဘဲ ပယ္ခ်ခဲ့ပါတယ္။ဒါ့အျပင္ S-500 ဒုံးက်ည္ကာကြယ္ေရးစနစ္မ်ားကို ႐ုရွား-တူရကီ ပူးေပါင္းထုတ္လုပ္ရန္ စဥ္းစားေနတယ္လို႔ပါ ေျပာခဲ့တဲ့အတြက္ အေမရိကန္ ဦးေဆာင္ေသာ NATO တပ္ဖြဲ႕ဝင္ ႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရး တင္းမာလာဖြယ္ ရွိေနပါတယ္။တူရကီအေနျဖင့္ အေမရိကန္၏ အေရးယူပိတ္ဆို႔မႈႏွင့္ ရင္ဆိုင္ရဖြယ္ရွိေနသလို အာရွအလယ္ပိုင္းမွာ အေမရိကန္ရဲ႕ ၾသဇာအာဏာကို က်ဆင္းေစသလို ျဖစ္တဲ့အတြက္ ထရမ့္ အေနနဲ႔ ဘာေတြလုပ္လာႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

အေမရိကန္အတြက္ တူရကီျပႆနာေၾကာင့္ ၾသဇာအာဏာ က်ဆင္းခ်ိန္မွာဘဲ ေနာက္ထပ္အရွက္ရစရာက အီရန္ကို ကန္သတ္ပိတ္ဆို႔မႈေတြလုပ္၊ ေလယာဥ္တင္သေဘၤာေတြလႊတ္နဲ႔ ၿခိမ္းေျခာက္ေနစဥ္မွာဘဲ ဘဂၢဒက္ရွိ အေမရိကန္သံ႐ုံး  တည္ရွိရာ အစိမ္းေရာင္ဇုန္ထဲ ဒုံးက်ည္တစ္စင္းျဖင့္ ပစ္ခတ္ခဲ့မႈ ျဖစ္ပြားခဲ့ပါတယ္။ထိခိုက္ဒဏ္ရာရမႈႏွင့္ ႀကီးမားေသာပ်က္စီးမႈ မရွိေပမယ့္ အေမရိကန္အတြက္ေတာ့ အရွက္ရစရာပါ။ဒီျဖစ္စဥ္အတြက္ အီရန္ ေက်ာေထာက္ေနာက္ခံ အဖြဲ႕ေတြအေပၚ  သံသယရွိတဲ့အတြက္ ဒီအဖြဲ႕ေတြ လက္ခ်က္သာဆိုရင္ အီရန္ႏိုင္ငံမွာ တာဝန္ရွိမယ္လို႔ သတိေပးခဲ့တာေတြ ရွိပါတယ္။လက္ရွိမွာ အေမရိကန္ဘက္က စစ္ျပင္တဲ့အေနနဲ႔ အီရတ္က အေမရိကန္ႏိုင္ငံသားေတြကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းေစခဲ့ပါတယ္။

ဒီလိုတိုက္ခိုက္ခံရၿပီးေနာက္မွာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က အေမရိကန္ႏွင့္ အီရန္ ႏွစ္ႏိုင္ငံအၾကား ပဋိပကၡစစ္ပြဲတစ္ခု ျဖစ္လာမည္ဆိုပါက အီရန္ကို အမႈန႔္ေခ် ဖ်က္ဆီးပစ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ၿပီး အီရန္ရဲ႕ တရားဝင္နိဂုံး ျဖစ္သြားမယ္လို႔ ေျပာခဲ့ပါတယ္။ဒီေဒသမွာ မၾကာမီက ေဆာ္ဒီေရနံတင္သေဘၤာေတြ ေရနံပိုက္လိုင္းေတြကို အီရန္ ေက်ာေထာက္ေနာက္ခံ ဟူသီသူပုန္ေတြက ဒ႐ုန္းနဲ႔ တိုက္ခိုက္ခဲ့တာလည္း ရွိခဲ့တဲ့အတြက္ ဘယ္အခ်ိန္ စစ္မီးထေတာက္မလဲဆိုတာ စိုးရိမ္စရာပါ။

ဒီလိုသတင္းက ယခုတစ္ပတ္ထဲ စိတ္ဝင္စားစရာျဖစ္တဲ့ အေမရိကန္စစ္တပ္က ရန္သူ႔နယ္ေျမထဲက စစ္သည္ေတြကို ကယ္ထုတ္ရာမွာ ေမာင္းသူမဲ့ေလယာဥ္ေတြ အသုံးျပဳဖို႔ စဥ္းစားေနတဲ့ သတင္း၊ တာဂ်ီကစၥတန္မွာ ေထာင္ဆူပူလို႔ အိုင္အက္စ္ စစ္ေသြးႂကြအဖြဲ႕ဝင္ ၂၄ ဦးႏွင့္ အက်ဥ္းေထာင္ အေစာင့္သုံးဦး ေသဆုံးခဲ့တဲ့ သတင္း၊ ဘရာဇီးႏိုင္ငံ ေျမာက္ပိုင္းမွာ အရက္ဘားထဲ ဝင္ပစ္ခတ္လို႔ ဘားပိုင္ရွင္ အပါအဝင္ အမ်ိဳးသမီးေျခာက္ဦးႏွင့္ အမ်ိဳးသားငါးဦး ေသဆုံးခဲ့တဲ့ သတင္း၊ စရိတ္ေတြေလွ်ာ့ခ်ဖို႔ ကမာၻတစ္ဝန္းက ေတာင္ဆူဒန္ႏိုင္ငံဆိုင္ရာ သံ႐ုံးတခ်ိဳ႕ကို ပိတ္သိမ္းေတာ့မယ့္ သတင္း၊ မာလီႏိုင္ငံ နယ္ျခားစခန္းတစ္ခု ဝင္တိုက္ခံရလို႔ ခုႏွစ္ဦးေသဆုံးခဲ့တဲ့ သတင္း၊ မူးယစ္ေဆးဝါး ေမွာင္ခိုကူးမႈျဖင့္ အင္ဒိုနီးရွား တရား႐ုံးတစ္ခုက ျပင္သစ္ႏိုင္ငံသားတစ္ဦးကို ေသဒဏ္ခ်မွတ္ခဲ့တဲ့ သတင္းေတြထက္ အမ်ားျပည္သူ သတင္းဖတ္သူေတြကို စစ္သတင္းေတြနဲ႔ ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။

ပဋိပကၡမ်ားနဲ႔ အာရွေ႐ြးေကာက္ပြဲမ်ား

ယခုရက္သတၱပတ္ထဲ အာရွမွာ က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြရွိသလို က်င္းပၿပီး ေ႐ြးေကာက္ပြဲရလဒ္ေတြကို ေၾကညာခဲ့တာလည္း ရွိပါတယ္။ေ႐ြးေကာက္ပြဲေတြမွာ မထင္မွတ္ဘဲ ကေမာက္ကမရလဒ္ေတြ ထြက္ခဲ့တာရွိသလို စစ္တပ္လႊမ္းမိုးမႈွရွိခဲ့တဲ့ ႏိုင္ငံေတြမွာ ေ႐ြးေကာက္ပြဲရလဒ္ကို ျပင္လိုတဲ့အတြက္ လမ္းေပၚထြက္ ဆႏၵျပခိုင္းခဲ့တာေတြလည္း ရွိခဲ့ပါတယ္။

ဩစေၾတးလ်မွာ က်င္းပတဲ့ ေ႐ြးေကာက္ပြဲမွာဆိုရင္ အႀကိဳစစ္တမ္းေတြမွာ လူႀကိဳက္ႏႈန္းနည္းတဲ့ လက္ရွိဝန္ႀကီးခ်ဳပ္ စေကာ့ေမာရစ္ဆင္၏ ၫြန႔္ေပါင္းအစိုးရက မေမွ်ာ္လင့္ဘဲ အႏိုင္ရသြားခဲ့တာ ျဖစ္ခဲ့ပါတယ္။အစၥေရးမွာလည္း လက္ရွိဝန္ႀကီးခ်ဳပ္ဘဲ ဆက္အေ႐ြးခံရလို႔ ျပႆနာေတြ တက္ခဲ့တာရွိပါတယ္။အာရွနဲ႔ကပ္ေနတဲ့ ယူကရိန္းမွာေတာ့ လူ႐ႊင္ေတာ္က သမၼတအျဖစ္ အႏိုင္ရခဲ့ၿပီး ထိုင္းမွာေတာ့ အတိုက္အခံေတြဘက္က အႏိုင္ရခဲ့ေပမယ့္ မဲက အျပတ္အသတ္မဟုတ္တဲ့အတြက္ လက္ရွိဝန္ႀကီးခ်ဳပ္ စစ္အာဏာသိမ္း ေခါင္းေဆာင္ကသာ ဆက္ၿပီး အစိုးရဖြဲ႕ဖို႔ ရွိေနတာေတြလည္း ရွိခဲ့ပါတယ္။

ဒီထဲမွာ စိတ္ဝင္စားစရာေကာင္းခဲ့တာက အင္ဒိုနီးရွားပါ။ဧၿပီ ၁၇ ရက္က က်င္းပခဲ့တဲ့ အင္ဒိုေ႐ြးေကာက္ပြဲေတြရဲ႕ ရလဒ္ကို တစ္ရက္ေစာၿပီး ေမ ၂၁ ရက္က ထုတ္ျပန္ခဲ့ရာမွာ လက္ရွိသမၼတ ဂ်ိဳကိုဝီဒိုဒို က ၅၅ ဒသမ ၅ ရာခိုင္ႏႈန္း ရရွိကာ သမၼတအျဖစ္ ျပန္လည္ေ႐ြးေကာက္ခံခဲ့ရပါတယ္။

ဒီေ႐ြးေကာက္ပြဲမွာ ရႈံးနိမ္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ပရာဘိုဝိုဆူဘီယန္တို က လက္ရွိရလဒ္ကို မေက်နပ္ခဲ့ပါဘူး။
ပရာဘို ဆိုတာ အင္ဒိုအာဏာရွင္ ဆူဟာတို ရဲ႕ သမက္ပါ။ၿပီးခဲ့တဲ့ ၂၀၁၄ ေ႐ြးေကာက္ပြဲတုန္းကလည္း ဝီဒိုဒို ကို ရႈံးနိမ့္ခဲ့တဲ့အတြက္ မေက်နပ္စရာပါ။လက္ရွိမဲရလဒ္ေတြနဲ႔ ပတ္သက္ၿပီး ပရာဘို က ေ႐ြးေကာက္ပြဲမွာ မသမာမႈေတြရွိတယ္လို႔ စြပ္စြဲၿပီး လမ္းေပၚတက္ အၾကမ္းဖက္မႈေတြ ျဖစ္လာႏိုင္တယ္လို႔ သတိေပးခဲ့ပါတယ္။

ဒီလိုအခ်က္ေတြေၾကာင့္ အင္ဒိုအာဏာပိုင္ေတြဘက္က ႀကိဳတင္ၿပီး လုံၿခဳံေရးခ်ခဲ့ေပမယ့္ မဲရလဒ္ေၾကညာၿပီး ႏွစ္ရက္ၾကာမွာ ပရာဘို ကို ေထာက္ခံသူေတြက အၾကမ္းဖက္ဆႏၵျပလို႔ လူ ၆ ဦး ေသဆုံးခဲ့ရပါတယ္။ပရာဘို က ဒီေ႐ြးေကာက္ပြဲရလဒ္ကို မေက်နပ္လို႔ ခုံ႐ုံးထိ တက္တိုင္ၿပီး အဆုံးအျဖတ္ကိုခံယူဖို႔ ေမ ၂၄ ရက္မွာ ခုံ႐ုံးကို ေလွ်ာက္ထားခဲ့ပါတယ္။ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္တုန္းကလဲ ယခုလိုဘဲ ခုံ႐ုံးတက္တိုင္ေပမယ့္ ရႈံးခဲ့ဘူးတဲ့အတြက္ လက္နက္အားကိုးတဲ့ ပရာဘိုအေနနဲ႔ ထင္သလို ျဖစ္မလာရင္ သတိထားစရာ ျဖစ္လာပါတယ္။

ဝီဒိုဒို ကေတာ့ အၾကမ္းဖက္ဆႏၵျပမႈေတြကို ျပတ္ျပတ္သားသား ႏွိမ္ႏွင္းမယ္ဆိုထားတဲ့အတြက္ ဘာေတြျဖစ္လာဦးမလဲ၊ အင္ဒိုမွာ ထိုင္းလိုဘဲ စစ္တပ္ဘက္က ပါဝင္လာႏိုင္ေျခ ရွိမလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။

ဒီလိုသတင္းေတြက ယခုတစ္ပတ္ထဲ သတင္းေတြျဖစ္တဲ့ ဖိလစ္ပိုင္သမၼတ ဒူတာေတး ေဆး႐ုံတက္ေနရတယ္ဆိုတဲ့ ေကာလာဟလ ထြက္ေပၚလာတဲ့ သတင္း၊ ဆြစ္ဇာလန္မွာ ပိုမိုတင္းက်ပ္တဲ့ ေသနတ္ထိန္းခ်ဳပ္ေရး ဥပေဒကို ျပည္သူေတြက ေထာက္ခံအတည္ျပဳခဲ့တဲ့ သတင္း၊ ယူကရိန္းသမၼတသစ္က က်မ္းသစၥာက်ိန္ဆိုၿပီးေနာက္ ပါလီမန္ကို ဖ်က္သိမ္းကာ ေရွာင္တခင္ေ႐ြးေကာက္ပြဲ ေခၚယူခဲ့တဲ့ သတင္း၊ လူမည္း ဘီလ်ံနာသူေဌးႀကီး ေရာဘတ္အက္ဖ္စမစ္ က အတၱလန္တာရွိ ဘြဲ႕ရေက်ာင္းသားေတြရဲ႕ အေႂကြးအားလုံးကို ေပးေခ်မယ္လို႔ ေၾကညာခဲ့တဲ့ သတင္း၊ သီရိလကၤာသမၼတက ကမာၻ႔ႏိုင္ငံေတြကို အၾကမ္းဖက္မႈ လက္တြဲေခ်မႈန္းဖို႔ ေဆာ္ၾသလိုက္တဲ့ သတင္းေတြထဲ ေစာင့္ၾကည့္ရဦးမယ့္ သတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ႏိုင္ငံတကာသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ေမ - ၂၇