【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အာဏာရှင် နိဂုံး

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အာဏာရှင် နိဂုံး

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲ စိတ်ဝင်စားစရာ သတင်းအများအပြား ရှိခဲ့ပါတယ်။ဒီထဲမှာ အာဖရိကမှ နာမည်ကျော် အာဏာရှင်တစ်ဦးဖြစ်တဲ့ ရောဘတ်မူဂါဘီ စင်ကာပူမှာ ကွယ်လွန်သွားတဲ့သတင်း၊ အီရန် ရေနံတင်သင်္ဘောသတင်း၊ အရှိန်တက်လိုက်ကျလိုက်ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်နဲ့ ဟောင်ကောင်ပြဿနာနဲ့ ထုံးစံအတိုင်း ကမ္ဘာတစ်ဝန်း အကြမ်းဖက်ခံရမှု သတင်းတွေက ယခုတစ်ပတ်ရဲ့ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

အဆိုပါ သတင်းတွေက ယခုတစ်ပတ်မှာဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မူလတန်းကျောင်းတစ်ခုကို ဓားကိုင်ထားသည့် လူတစ်ဦးက ဝင်ရောက်တိုက်ခိုက်သဖြင့် မူလတန်းကျောင်းသားရှစ်ဦး သေဆုံးပြီး  အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆက်သွယ်ရေးအာဏာပိုင်တွေက ကော့ဘဇားဒုက္ခသည်စခန်းရှိ ဒုက္ခသည်များအား ဆက်သွယ်ရေးဝန်ဆောင်မှု ဖြတ်တောက်လိုက်တဲ့သတင်း၊ ရုရှားနှင့် ဂျပန်အကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် သမ္မတ ပူတင် တို့ ဆွေးနွေးခဲ့တဲ့သတင်း၊ စက်တင် ဘာ  ၅  ရက်က ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့မှာ ရထားတစ်စင်းနှင့် ထရပ်ကားတစ်စီး တိုက်မိလို့ လူအများအပြား ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ လပေါ်သို့ ဆင်းသက်ရန် ကြိုးစားစဉ် အိန္ဒိယမှ လွှတ်တင်ခဲ့သည့် လဆင်းယာဉ် ဗီကရမ် မြေပြင်အခြေစိုက်စခန်းနဲ့ ဆက်သွယ်မှုများ ပြတ်တောက်ခဲ့တဲ့သတင်း၊ အကျည်းသားပေါင်း ၇၀ ခန့် ပါဝင်တဲ့  အကျဉ်းသားလဲလှယ်ရေး အစီအစဉ် ရုရှားနှင့် ယူကရိန်းကြား ပြုလုပ်ခဲ့တဲ့သတင်း၊ ဥရောပသမဂ္ဂမှ  ဗြိတိန်နုတ်ထွက်မည့်အချိန်ကို ဇန်နဝါရီလကုန် မတိုင်မီအထိ  အချိန်စောင့်ဆိုင်းသွားရမည့် ဥပဒေကြမ်းတစ်ရပ်ကို ဗြိတိန်အထက်လွှတ်တော်မှ အတည်ပြုခဲ့တဲ့သတင်း၊ အင်ဒိုနီးရှားနိုင်ငံက နိုင်ငံအတွင်း ဝင်ရောက်လာတဲ့ စွန့်ပစ်အမှိုက်ကုန်သေတ္တာ ၂၅၀ ခန့်ကို မူရင်းနိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်ခဲ့တဲ့ သတင်းတွေကလည်း ယခုရက်သတ္တပတ်ရဲ့ စိတ်ဝင်တစား စောင့်ကြည့်စရာသတင်းတွေ ဖြစ်ခဲ့ပါတယ်။

အသေမလှတဲ့ အာဏာရှင်တွေ နိဂုံး

စက်တင်ဘာ ၅ ရက်က သတင်းတွေထဲမှာ ဇင်ဘာဘွေနိုင်ငံကို နှစ်ပေါင်း ၃၇ နှစ်ကြာ အုပ်စိုးခဲ့သော သမ္မတဟောင်း ရောဘတ်မူဂါဘီ စင်ကာပူမှာ ကွယ်လွန်ခဲ့တဲ့ သတင်းတွေ နိုင်ငံတကာမီဒီယာတွေမှာ တက်လာခဲ့ပါတယ်။သေဆုံးချိန်မှာ အသက် ၉၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရောဘတ်မူဂါဘီ ဟာ အာဖရိကမှာတော့ သက်တမ်းအရှည်ဆုံး အာဏာရှင်အဖြစ် အများကသိကြပါတယ်။ဇင်ဘာဘွေကို ၁၉၈၀ က စတင်အုပ်ချုပ်ခဲ့ပြီး ၂၀၁၇ စစ်ဘက်အာဏာသိမ်းမှုမှ ဖယ်ရှားမခံရချိန်အထိ ကမ္ဘာ့အသက်အကြီးဆုံး ခေါင်းဆောင်ဖြစ်ခဲ့တဲ့သူ သက်တမ်းအစောပိုင်းမှာ ဇင်ဘာဘွေကို ဦးဆောင်နိုင်သူအဖြစ် ချီကျူးခံခဲ့ရပေမယ့် နောက်ပိုင်းကာလတွေမှာ ထုံးစံအတိုင်း တိုင်းပြည်အတွက် သူ့ကို ပြည်သူတွေက ပြန်ကျေးဇူးတင်ရမယ်ဆိုတဲ့ အာဏာရှင်ဓလေ့စရိုက်တွေနဲ့ လာဘ်စားမှုတွေ၊ သူ့ကို ပြန်လှန်နိုင်တဲ့ တက်ကြွသူတွေကို ဖိနှိပ်ခဲ့တဲ့အတွက် အာဖရိကမှာ ဇင်ဘာဘွေကို ဆင်းရဲတဲ့ နိုင်ငံတစ်ခုအဖြစ် ဖြစ်စေခဲ့ပါတယ်။

ဗြိတိန်ကနေ လွတ်လပ်ရေးရရှိခဲ့တဲ့ ၁၉၈၀ ခုနှစ်မှာ ကျင်းပတဲ့ ဇင်ဘာဘွေရဲ့ ပထမဆုံးရွေးကောက်ပွဲကနေ ဇင်ဘာဘွေကို အုပ်ချုပ်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်း ဖယ်ရှားခဲ့ရပါတယ်။ဒီနောက်မှာ မူဂါဘီ ရဲ့ အစောပိုင်းသမိုင်းကာလဖြစ်တဲ့ ဇင်ဘာဘွေ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့မှုဟာ မှေးမှိန်ခဲ့ပါတယ်။သူ့ရဲ့ နောက်ဆုံးအချိန်မှာ သူသက်တမ်းတစ်လျှောက်နေခဲ့တဲ့ မိခင်တိုင်းပြည်မှာ မဟုတ်ဘဲ ကျန်းမာရေးအတွက် စင်ကာပူမှာ လပေါင်းများစွာ ဆေးကုသခံနေရင်း စင်ကာပူမှာ သေဆုံးခဲ့ရတာပါ။ဒါဟာ အာဏာရှင်တိုင်းအတွက် သေဆုံးချိန်မှာ ဖြစ်မြဲဖြစ်လေ့ရှိတဲ့ ထုံးစံလိုဖြစ်နေပါပြီ။

လက်ရှိသမ္မတ အီမာဆွန်မနန်ဂါဂွာ ကိုယ်တိုင် သမ္မတဟောင်း ရောဘတ်မူဂါဘီ ကွယ်လွန်ခဲ့တာကို ကြေညာခဲ့ပါတယ်။အာဏာရှင်တွေ ထွန်းကားတဲ့ အာဖရိကနဲ့ အာရှမှာ အာဏာရှင်စရိုက်ရှိသူတွေအတွက် ဒီအဖြစ်ဟာ သင်ခန်းစာယူစရာပါ။ဒီလို အာဏာဇောင်းထခဲ့တဲ့ အာဏာရှင်တွေရဲ့ နောက်ဆုံးအချိန်ကာလတွေဟာ သူချစ်ခင်တဲ့ မိသားစုတွေ၊ အသိုင်းအဝိုင်းတွေ၊ မိခင်တိုင်းပြည်နဲ့ ဝေးရာ တိုင်းတပါးမှာ ဘဝအဆုံးသတ်ရတာ၊ လူမသိသူမသိ သေဆုံးရတာတွေက သင်ခန်းစာယူစရာပါ။လောကဓံဆိုပေမယ့် ဒါဟာ ဆက်ဒမ်ဟူစိန်၊ ကဒါဖီ၊ မားကို့စ် နဲ့ အခြားသော အာရှက အာဏာရှင်ခေါင်းဆောင်လောင်းတွေအတွက် ဆင်ခြင်စရာပါဘဲ။    

ဟောင်ကောင်လှိုင်း အတက်အကျနှင့် ကျယ်ပြန့်လာတဲ့ ကုန်သွယ်ရေးစစ်

တရုတ်ဘက်က တင်သွင်းလာမယ့် ကုန်ပစ္စည်း ဘီလျံ ၅၀၀ နဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က ကုန်သွယ်ရေးခွန် ကောက်မယ့်အပေါ် တရုတ်ဘက်ကနေ တုံ့ပြန်ရာမှာ ထင်တာထက် ပိုပြင်းလာတဲ့အတွက် ကုန်သွယ်ရေးစစ်က အပြင်းထန်ဆုံးအပိုင်းကို ရောက်လာပြီလားဆိုတာ နိုင်ငံတကာက စောင့်ကြည့်ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ဒီလိုဖြစ်နေချိန်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို တရုတ်ဘက်က အမေရိကန်နှင့် ကုန်သွယ်ရေးပဋိပက္ခတွင် ကြားဝင်ဖြေရှင်းပေးဖို့ စက်တင်ဘာ ၃ ရက်မှာ တောင်းဆိုခဲ့ပါတယ်။ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို တရုတ်ဘက်က တိုင်ကြားချက်မှာတော့ အမေရိကန်ဘက်က အိုဆာကာ ညီလာခံမှာ ပေးခဲ့တဲ့ ကတိကဝတ်တွေကို အမေရိကန်ဘက်က ဆန့်ကျင်တယ်ဆိုပြီး တိုင်ကြားခဲ့ပါတယ်။ဒီကြားထဲမှာ အမေရိကန်ဘက်ကတော့ ဒီကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်ဘက်က ဦးဆောင်နေတယ်လို့် ထရမ့် ဘက်က ပြောနေတာရှိပါတယ်။ဒီကုန်သွယ်ရေးစစ်ပွဲမှာ အထူးသဖြင့် လူဦးရေများတဲ့ တရုတ်အတွက် စီးပွားရေးတောက်လျှောက်တက်နေဖို့က အရမ်းအရေးကြီးနေပါတယ်။

ဒီလို WTO ကို တိုင်ကြားမှုတွေရှိပေမယ့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေနဲ့ အမေရိကန်ကို ပိုင်ပိုင်နိုင်နိုင် အရေးယူနိုင်စွမ်းမရှိပါဘူး။ဒီနောက်မှာ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးပွဲတွေ ပြန်စမယ်လို့ စက်တင်ဘာ ၅ ရက်မှာ တရုတ်နိုင်ငံဘက်က သတင်းထွက်လာခဲ့ပါတယ်။ဆွေးနွေးမှုတွေကို အောက်တိုဘာလအစောပိုင်း ဝါရှင်တန်မှာ ပြန်လည်စတင် ပြုလုပ်မည်ဖြစ်တယ်လို့ ပြောခဲ့တဲ့အတွက် စက်တင် ဘာ ၁ ရက်က တင်းမာမှုအမြင့်ဆုံးရောက်ခဲ့တဲ့  ဒေါ်လာဘီလျံရာပေါင်းများစွာရှိတဲ့ ကုန်ပစ္စည်းများအပေါ် နှစ်ဘက်လုံးက အခွန်ကောက်ခံ စည်းကြပ်မှုအသစ်များ အပြန်အလှန် ချမှတ်ခဲ့ကြမှုအတွက် ပြေလျော့ဖို့ မျှော်လင့်ချက်ရောင်ခြည် သမ်းလာခဲ့တာပါ။ထုတ်ပြန်တဲ့ သတင်းတွေထဲမှာတော့ တရုတ်ဒုတိယဝန်ကြီးချုပ် လျူဖေး နဲ့ အမေရိကန်ကုန်သွယ်ရေးအဖွဲ့ ကိုယ်စားလှယ် ရောဘတ်လိုက်သီဇာ၊ ဘဏ္ဍာရေးဝန်ကြီး  စတီဖင်မနူချင် တို့ကြား တယ်လီဖုန်းနဲ့ ဆက်သွယ်ကာ အောက်တိုဘာလအတွင်း ဆွေးနွေးမှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြတာ ဆိုပါတယ်။

ဒီသတင်းတွေကြောင့် နာရီပိုင်းအတွင်း အာရှရှိ စတော့ဈေးကွက်တွေ တက်လာခဲ့သလို တခြားဈေးကွက်တွေမှာလည်း နာရီပိုင်းအတွင်း စတော့ဈေးကွက် တက်ခဲ့ပါတယ်။ဒီလို ကုန်သွယ်ရေးစစ်ပွဲ အရှိန်ကျလာဖို့ မြင်နေရစဉ်မှာ တရုတ်အစိုးရအတွက် နောက်ထပ်ခေါင်းခဲစရာ ဖြစ်လာစေမယ့် ဟောင်ကောင်ပြဿနာကလည်း အာဏာပိုင်တွေဘက်က အလျှော့ပေးခဲ့ပေမယ့် ဆန္ဒပြမှုတွေက မပြီးခဲ့ဘဲ ပိုတိုးလာခဲ့ပါတယ်။

ဟောင်ကောင် အုပ်ချုပ်ရေးအကြီးအကဲ ကာရီလမ် က စက်တင်ဘာ ၄  ရက်မှာ ဟောင်ကောင် အဓိကရုဏ်းဖြစ်စဉ်များကို စတင်ဖြစ်ပေါ်စေတဲ့ ဟောင်ကောင် ရာဇဝတ်မှုကျူးလွန်သူများအား တရုတ်နိုင်ငံမှာ တရားစီရင်စေမယ့် ဥပဒေကြမ်းကို အပြီးတိုင်ပယ်ဖျက်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ဒါဟာ ဆန္ဒထုတ်ဖော်သူများ တောင်းဆိုတဲ့ အဓိကအချက် ငါးချက်ထဲက အချက်တစ်ချက်ပါ။ကျန်တဲ့ အဓိကရုဏ်းမှာ  ဆန္ဒထုတ်ဖော်သူတွေကို အာဏာပိုင်တွေ ကိုင်တွယ်မှု၊ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ပေးရန်နဲ့ ဟောင်ကောင် အုပ်ချုပ်ရေးအကြီးအကဲ ကာရီလမ် ရာထူးကနေ နုတ်ထွက်ပေးဖို့၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ဆိုတာတွေကို တောင်းဆိုထားပါတယ်။ဟောင်ကောင် အကြီးအကဲက ဆန္ဒပြမှုတွေ အပြီးသတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဆန္ဒပြသူတွေဘက်က မရပ်ခဲ့ဘဲ နောက်ရက်တွေမှာ ဆန္ဒပြသူတွေက ဆက်လက်စုရုံးခဲ့ပါတယ်။စက်တင်ဘာ ၈ ရက်မှာတော့ ဟောင်ကောင် ဆန္ဒပြသူတွေက အမေရိကန် ကောင်စစ်ဝန်ရုံးအထိ ချီတက်ကာ အမေရိကန်သမ္မတ ထရမ့် ထံ အကူအညီပေးဖို့ တောင်းဆိုတာတွေထိ အရှိန်တက်လာခဲ့ပါတယ်။ဒါဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ် ဆင်နွှဲနေရတဲ့ တရုတ်နိုင်ငံအတွက် ကြီးမားတဲ့ ပြဿနာတစ်ခုပါဘဲ။အမေရိကန်နဲ့ အနောက်အုပ်စု ပါဝင်ပတ်သက်နေတဲ့ ဟောင်ကောင် ပြဿနာအပေါ် တရုတ်ဘက်က ထင်ထင်ရှားရှား ကိုင်တွယ်မှုမရှိသေးပေမယ့် ဒီလိုတောင်းဆိုမှု ပေါ်လာတဲ့အတွက် တရုတ်ဘက်က ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာ စောင့်ကြည့်ချင်စရာပါ။    

အမေရိကန်ကို ခေါင်းခဲစေတဲ့ တာလီဘန်နဲ့ အီရန်

ရှည်ကြာတဲ့ ပြည်ပစစ်ကနေ ထွက်ခွာဖို့ လုပ်နေတဲ့ အမေရိကန်အတွက် ကြာလေ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုက ပိုပြင်းထန်လာနေ ဖြစ်နေပါတယ်။

မကြာမီလတွေက သမ္မတ ထရမ့် အနေနဲ့  အာဖဂန်ရောက် အမေရိကန်တပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ပြန်လည်ခေါ်ယူဖို့ စီစဉ်နေကြောင်း ပြောခဲ့သလို ကြားခံနိုင်ငံတွေမှာ တာလီဘန်ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်လာခဲ့ရာမှာ တာလီဘန်ခေါင်းဆောင်တွေကို အမေရိကန်နိုင်ငံထဲ ဖိတ်ခေါ်ပြီး ဆွေးနွေးဖို့အထိ ဖြစ်လာခဲ့တာပါ။ဒါပေမယ့် တာလီဘန်တို့ဘက်ကတော့ စစ်ရေးအရ အသာယူပြီး အမေရိကန်ကို ဖိအားပေးဖို့ ကြိုးစားခဲ့ပြီး ဆက်တိုက်ဆိုသလို ဗုံးခွဲမှုတွေ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

တာလီဘန်တွေက အမေရိကန်နဲ့ ဆွေးနွေးနေစဉ် ယခုရက်သတ္တပတ်ထဲမှာဘဲ  အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ အမေရိကန်သံရုံးနှင့် နေတိုးညွန့်ပေါင်းအဖွဲ့က ဦးဆောင်သည့် စစ်ရေးမစ်ရှင်အဖွဲ့ တည်ရှိရာ အမျိုးသားလုံခြုံရေးဦးစီးဌာနရုံးကို ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်ခဲ့ရာမှာ အမေရိကန်စစ်သားတစ်ဦး အပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၄၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေအတွက် တာလီဘန်တွေက သူတို့လက်ချက်လို့ တင်းတင်းမာမာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီမတိုင်ခင် စက်တင်ဘာ ၂ ရက်ကလည်း နိုင်ငံခြားသားတွေ နေထိုင်တဲ့အရပ်က ဂက်စ်ဆိုင်တစ်ခုအနီးမှာ လောင်စာဆီတင်ကားကို ဗုံးခွဲခဲ့လို့ လူ ၁၆ ဦး အနည်းဆုံးသေဆုံးပြီး ၁၂၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။စက်တင်ဘာ ၁ ရက်ကလည်း တာလီဘန် သူပုန်တိုက်ခိုက်ရေးသမားများက အာဖဂန်နစ္စတန် မြောက်ပိုင်း မဟာဗျူဟာမြောက်မြို့ ကန်ဒုဇ်ကို တိုက်ခိုက်ခဲ့ပါသေးတယ်။ဒီလို တာလီဘန်တွေ လုပ်နေတာနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာသူတွေက တာလီဘန်များအနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်နိုင်သည့် စွမ်းပကားများရှိကြောင်းနှင့် လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေကို ပိုမိုပီပြင်လာစေရန် တွန်းအားပေးသည့်အနေဖြင့် ကျူးလွန်တာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိပေမယ့် အမေရိကန်အတွက်ကတော့ သည်းမခံနိုင်စရာပါ။

ဒါကြောင့်လည်း ယခုသီတင်းပတ်ကုန်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် တာလီဘန်ခေါင်းဆောင်တွေကို အမေရိကန်ကို လာရောက်ပြီး ထရမ့် နဲ့ သီးခြားတွေ့ဆုံရန် စီစဉ်တွေ့ဆုံမယ့် အစီအစဉ်ကို အမေရိကန်ဘက်က အားချင်းဖျက်သိမ်းခဲ့ပါတယ်။ဒီဖျက်သိမ်းမှုထဲမှာ အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းမယ့် အစီအစဉ် ပါ၊ မပါ မသေချာပေမယ့် တကျော့ပြန် အာဖဂန်စစ်ပွဲ ပြန်ဖြစ်လာဦးမလားဆိုတာ စိုးရိမ်စရာပါ။အလျှော့ပေးနေတဲ့အချိန် လိုတာထက် ပိုအခွင့်အရေးယူပြီး ထိုးစစ်တွေ ဆင်နွှဲခဲ့တဲ့ တာလီဘန်တွေကို အမေရိကန်ဘက်က ဘာတုံ့ပြန်မလဲဆိုတာ  ထပ်စောင့်ကြည့်ရဦးမယ် ထင်ပါတယ်။

အမေရိကန်အနေနဲ့ တာလီဘန်အပြင် အီရန်နဲ့ တင်းမာမှုကလည်း အရှိန်တက်နေဆဲပါ။အီရန်ကတော့ ဇူလိုင်လအတွင်းက ဖမ်းဆီးထားတဲ့ ဆွီဒင်ပိုင် ရေနံတင်သင်္ဘောက သင်္ဘောသားခုနစ်ဦးကို ပြန်လွှတ်ပေးဖို့ ကမ်းလှမ်းမှုတွေ ရှိနေပါတယ်။ဒါ့အပြင် အီရန် ရေနံတင်သင်္ဘော ကပ္ပတိန်ကို ဒေါ်လာသန်းချီပေး ကမ်းလှမ်းကာ ဖမ်းစေခဲ့တာကလည်း မီဒီယာတွေကနေ ပေါ်ထွက်လာလို့ အရှက်ရစရာဖြစ်လာခဲ့ပါတယ်။

အမေရိကန်အနေနဲ့ ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးတွေမှာ စစ်မျက်နှာများစွာ ဖွင့်လှစ်နေမှုက ဘာတွေဖြစ်လာဦးမလဲ။လိုအပ်သလို အသာရမလား၊ ဒါမှမဟုတ် အမေရိကန်ရဲ့ သြဇာအာဏာ ယခုထက် ပိုကျလာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ယခုသတင်းတွေက ဒီတစ်ပတ်ဖြစ်ခဲ့တဲ့ တူရကီနိုင်ငံက ကိုယ်ပိုင်အစီအမံနဲ့ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ လုံခြုံရေးဧရိယာ တည်ဆောက်ဖို့ စီစဉ်နေတဲ့သတင်း၊ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ လူခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ တရုတ်နှင့် ရုရှားအကြား စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့သတင်း၊ မြောက်ကိုရီးယားအရှေ့ပိုင်း ဂန်ဝန်ပြည်နယ် ကန်ချွမ်နီတွင် နျူကလီးယားထုတ်လုပ်ရေးစခန်းတွေ အမေရိကန် ပညာရှင်အဖွဲ့က ထပ်မံတွေ့ရှိတဲ့ သတင်းတွေထဲ သတိပြုမိစရာ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်တန့်လိုက်ချင်ပါတယ်။

မင်းထက်
စက်တင်ဘာ - ၉

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲ စိတ္ဝင္စားစရာ သတင္းအမ်ားအျပား ရွိခဲ့ပါတယ္။ဒီထဲမွာ အာဖရိကမွ နာမည္ေက်ာ္ အာဏာရွင္တစ္ဦးျဖစ္တဲ့ ေရာဘတ္မူဂါဘီ စင္ကာပူမွာ ကြယ္လြန္သြားတဲ့သတင္း၊ အီရန္ ေရနံတင္သေဘၤာသတင္း၊ အရွိန္တက္လိုက္က်လိုက္ျဖစ္ေနတဲ့ ကုန္သြယ္ေရးစစ္နဲ႔ ေဟာင္ေကာင္ျပႆနာနဲ႔ ထုံးစံအတိုင္း ကမာၻတစ္ဝန္း အၾကမ္းဖက္ခံရမႈ သတင္းေတြက ယခုတစ္ပတ္ရဲ႕ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

အဆိုပါ သတင္းေတြက ယခုတစ္ပတ္မွာျဖစ္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံ အလယ္ပိုင္းရွိ မူလတန္းေက်ာင္းတစ္ခုကို ဓားကိုင္ထားသည့္ လူတစ္ဦးက ဝင္ေရာက္တိုက္ခိုက္သျဖင့္ မူလတန္းေက်ာင္းသားရွစ္ဦး ေသဆုံးၿပီး  အျခားႏွစ္ဦး ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဆက္သြယ္ေရးအာဏာပိုင္ေတြက ေကာ့ဘဇားဒုကၡသည္စခန္းရွိ ဒုကၡသည္မ်ားအား ဆက္သြယ္ေရးဝန္ေဆာင္မႈ ျဖတ္ေတာက္လိုက္တဲ့သတင္း၊ ႐ုရွားႏွင့္ ဂ်ပန္အၾကား ၿငိမ္းခ်မ္းေရးစာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး ႏွင့္ သမၼတ ပူတင္ တို႔ ေဆြးေႏြးခဲ့တဲ့သတင္း၊ စက္တင္ ဘာ  ၅  ရက္က ဂ်ပန္ႏိုင္ငံ ယိုကိုဟားမားၿမိဳ႕မွာ ရထားတစ္စင္းႏွင့္ ထရပ္ကားတစ္စီး တိုက္မိလို႔ လူအမ်ားအျပား ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ လေပၚသို႔ ဆင္းသက္ရန္ ႀကိဳးစားစဥ္ အိႏၵိယမွ လႊတ္တင္ခဲ့သည့္ လဆင္းယာဥ္ ဗီကရမ္ ေျမျပင္အေျခစိုက္စခန္းနဲ႔ ဆက္သြယ္မႈမ်ား ျပတ္ေတာက္ခဲ့တဲ့သတင္း၊ အက်ည္းသားေပါင္း ၇၀ ခန႔္ ပါဝင္တဲ့  အက်ဥ္းသားလဲလွယ္ေရး အစီအစဥ္ ႐ုရွားႏွင့္ ယူကရိန္းၾကား ျပဳလုပ္ခဲ့တဲ့သတင္း၊ ဥေရာပသမဂၢမွ  ၿဗိတိန္ႏုတ္ထြက္မည့္အခ်ိန္ကို ဇန္နဝါရီလကုန္ မတိုင္မီအထိ  အခ်ိန္ေစာင့္ဆိုင္းသြားရမည့္ ဥပေဒၾကမ္းတစ္ရပ္ကို ၿဗိတိန္အထက္လႊတ္ေတာ္မွ အတည္ျပဳခဲ့တဲ့သတင္း၊ အင္ဒိုနီးရွားႏိုင္ငံက ႏိုင္ငံအတြင္း ဝင္ေရာက္လာတဲ့ စြန႔္ပစ္အမႈိက္ကုန္ေသတၱာ ၂၅၀ ခန႔္ကို မူရင္းႏိုင္ငံေတြဆီ ျပန္လည္ပို႔ေဆာင္ခဲ့တဲ့ သတင္းေတြကလည္း ယခုရက္သတၱပတ္ရဲ႕ စိတ္ဝင္တစား ေစာင့္ၾကည့္စရာသတင္းေတြ ျဖစ္ခဲ့ပါတယ္။

အေသမလွတဲ့ အာဏာရွင္ေတြ နိဂုံး

စက္တင္ဘာ ၅ ရက္က သတင္းေတြထဲမွာ ဇင္ဘာေဘြႏိုင္ငံကို ႏွစ္ေပါင္း ၃၇ ႏွစ္ၾကာ အုပ္စိုးခဲ့ေသာ သမၼတေဟာင္း ေရာဘတ္မူဂါဘီ စင္ကာပူမွာ ကြယ္လြန္ခဲ့တဲ့ သတင္းေတြ ႏိုင္ငံတကာမီဒီယာေတြမွာ တက္လာခဲ့ပါတယ္။ေသဆုံးခ်ိန္မွာ အသက္ ၉၅ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ ေရာဘတ္မူဂါဘီ ဟာ အာဖရိကမွာေတာ့ သက္တမ္းအရွည္ဆုံး အာဏာရွင္အျဖစ္ အမ်ားကသိၾကပါတယ္။ဇင္ဘာေဘြကို ၁၉၈၀ က စတင္အုပ္ခ်ဳပ္ခဲ့ၿပီး ၂၀၁၇ စစ္ဘက္အာဏာသိမ္းမႈမွ ဖယ္ရွားမခံရခ်ိန္အထိ ကမာၻ႔အသက္အႀကီးဆုံး ေခါင္းေဆာင္ျဖစ္ခဲ့တဲ့သူ သက္တမ္းအေစာပိုင္းမွာ ဇင္ဘာေဘြကို ဦးေဆာင္ႏိုင္သူအျဖစ္ ခ်ီက်ဴးခံခဲ့ရေပမယ့္ ေနာက္ပိုင္းကာလေတြမွာ ထုံးစံအတိုင္း တိုင္းျပည္အတြက္ သူ႔ကို ျပည္သူေတြက ျပန္ေက်းဇူးတင္ရမယ္ဆိုတဲ့ အာဏာရွင္ဓေလ့စ႐ိုက္ေတြနဲ႔ လာဘ္စားမႈေတြ၊ သူ႔ကို ျပန္လွန္ႏိုင္တဲ့ တက္ႂကြသူေတြကို ဖိႏွိပ္ခဲ့တဲ့အတြက္ အာဖရိကမွာ ဇင္ဘာေဘြကို ဆင္းရဲတဲ့ ႏိုင္ငံတစ္ခုအျဖစ္ ျဖစ္ေစခဲ့ပါတယ္။

ၿဗိတိန္ကေန လြတ္လပ္ေရးရရွိခဲ့တဲ့ ၁၉၈၀ ခုႏွစ္မွာ က်င္းပတဲ့ ဇင္ဘာေဘြရဲ႕ ပထမဆုံးေ႐ြးေကာက္ပြဲကေန ဇင္ဘာေဘြကို အုပ္ခ်ဳပ္ခဲ့တာျဖစ္ၿပီး ၂၀၁၇ ခုႏွစ္မွာ စစ္တပ္က အာဏာသိမ္း ဖယ္ရွားခဲ့ရပါတယ္။ဒီေနာက္မွာ မူဂါဘီ ရဲ႕ အေစာပိုင္းသမိုင္းကာလျဖစ္တဲ့ ဇင္ဘာေဘြ လြတ္လပ္ေရးအတြက္ ႀကိဳးပမ္းခဲ့မႈဟာ ေမွးမွိန္ခဲ့ပါတယ္။သူ႔ရဲ႕ ေနာက္ဆုံးအခ်ိန္မွာ သူသက္တမ္းတစ္ေလွ်ာက္ေနခဲ့တဲ့ မိခင္တိုင္းျပည္မွာ မဟုတ္ဘဲ က်န္းမာေရးအတြက္ စင္ကာပူမွာ လေပါင္းမ်ားစြာ ေဆးကုသခံေနရင္း စင္ကာပူမွာ ေသဆုံးခဲ့ရတာပါ။ဒါဟာ အာဏာရွင္တိုင္းအတြက္ ေသဆုံးခ်ိန္မွာ ျဖစ္ၿမဲျဖစ္ေလ့ရွိတဲ့ ထုံးစံလိုျဖစ္ေနပါၿပီ။

လက္ရွိသမၼတ အီမာဆြန္မနန္ဂါဂြာ ကိုယ္တိုင္ သမၼတေဟာင္း ေရာဘတ္မူဂါဘီ ကြယ္လြန္ခဲ့တာကို ေၾကညာခဲ့ပါတယ္။အာဏာရွင္ေတြ ထြန္းကားတဲ့ အာဖရိကနဲ႔ အာရွမွာ အာဏာရွင္စ႐ိုက္ရွိသူေတြအတြက္ ဒီအျဖစ္ဟာ သင္ခန္းစာယူစရာပါ။ဒီလို အာဏာေဇာင္းထခဲ့တဲ့ အာဏာရွင္ေတြရဲ႕ ေနာက္ဆုံးအခ်ိန္ကာလေတြဟာ သူခ်စ္ခင္တဲ့ မိသားစုေတြ၊ အသိုင္းအဝိုင္းေတြ၊ မိခင္တိုင္းျပည္နဲ႔ ေဝးရာ တိုင္းတပါးမွာ ဘဝအဆုံးသတ္ရတာ၊ လူမသိသူမသိ ေသဆုံးရတာေတြက သင္ခန္းစာယူစရာပါ။ေလာကဓံဆိုေပမယ့္ ဒါဟာ ဆက္ဒမ္ဟူစိန္၊ ကဒါဖီ၊ မားကို႔စ္ နဲ႔ အျခားေသာ အာရွက အာဏာရွင္ေခါင္းေဆာင္ေလာင္းေတြအတြက္ ဆင္ျခင္စရာပါဘဲ။    

ေဟာင္ေကာင္လႈိင္း အတက္အက်ႏွင့္ က်ယ္ျပန႔္လာတဲ့ ကုန္သြယ္ေရးစစ္

တ႐ုတ္ဘက္က တင္သြင္းလာမယ့္ ကုန္ပစၥည္း ဘီလ်ံ ၅၀၀ နဲ႔ ပတ္သက္ၿပီး အေမရိကန္ဘက္က ကုန္သြယ္ေရးခြန္ ေကာက္မယ့္အေပၚ တ႐ုတ္ဘက္ကေန တုံ႔ျပန္ရာမွာ ထင္တာထက္ ပိုျပင္းလာတဲ့အတြက္ ကုန္သြယ္ေရးစစ္က အျပင္းထန္ဆုံးအပိုင္းကို ေရာက္လာၿပီလားဆိုတာ ႏိုင္ငံတကာက ေစာင့္ၾကည့္ရတဲ့အထိ ျဖစ္လာခဲ့ပါတယ္။

ဒီလိုျဖစ္ေနခ်ိန္မွာ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ကို တ႐ုတ္ဘက္က အေမရိကန္ႏွင့္ ကုန္သြယ္ေရးပဋိပကၡတြင္ ၾကားဝင္ေျဖရွင္းေပးဖို႔ စက္တင္ဘာ ၃ ရက္မွာ ေတာင္းဆိုခဲ့ပါတယ္။ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ကို တ႐ုတ္ဘက္က တိုင္ၾကားခ်က္မွာေတာ့ အေမရိကန္ဘက္က အိုဆာကာ ညီလာခံမွာ ေပးခဲ့တဲ့ ကတိကဝတ္ေတြကို အေမရိကန္ဘက္က ဆန႔္က်င္တယ္ဆိုၿပီး တိုင္ၾကားခဲ့ပါတယ္။ဒီၾကားထဲမွာ အေမရိကန္ဘက္ကေတာ့ ဒီကုန္သြယ္ေရးစစ္ပြဲမွာ အေမရိကန္ဘက္က ဦးေဆာင္ေနတယ္လို႔္ ထရမ့္ ဘက္က ေျပာေနတာရွိပါတယ္။ဒီကုန္သြယ္ေရးစစ္ပြဲမွာ အထူးသျဖင့္ လူဦးေရမ်ားတဲ့ တ႐ုတ္အတြက္ စီးပြားေရးေတာက္ေလွ်ာက္တက္ေနဖို႔က အရမ္းအေရးႀကီးေနပါတယ္။

ဒီလို WTO ကို တိုင္ၾကားမႈေတြရွိေပမယ့္ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕အေနနဲ႔ အေမရိကန္ကို ပိုင္ပိုင္ႏိုင္ႏိုင္ အေရးယူႏိုင္စြမ္းမရွိပါဘူး။ဒီေနာက္မွာ တ႐ုတ္ႏွင့္ အေမရိကန္ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရးေဆြးေႏြးပြဲေတြ ျပန္စမယ္လို႔ စက္တင္ဘာ ၅ ရက္မွာ တ႐ုတ္ႏိုင္ငံဘက္က သတင္းထြက္လာခဲ့ပါတယ္။ေဆြးေႏြးမႈေတြကို ေအာက္တိုဘာလအေစာပိုင္း ဝါရွင္တန္မွာ ျပန္လည္စတင္ ျပဳလုပ္မည္ျဖစ္တယ္လို႔ ေျပာခဲ့တဲ့အတြက္ စက္တင္ ဘာ ၁ ရက္က တင္းမာမႈအျမင့္ဆုံးေရာက္ခဲ့တဲ့  ေဒၚလာဘီလ်ံရာေပါင္းမ်ားစြာရွိတဲ့ ကုန္ပစၥည္းမ်ားအေပၚ ႏွစ္ဘက္လုံးက အခြန္ေကာက္ခံ စည္းၾကပ္မႈအသစ္မ်ား အျပန္အလွန္ ခ်မွတ္ခဲ့ၾကမႈအတြက္ ေျပေလ်ာ့ဖို႔ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ သမ္းလာခဲ့တာပါ။ထုတ္ျပန္တဲ့ သတင္းေတြထဲမွာေတာ့ တ႐ုတ္ဒုတိယဝန္ႀကီးခ်ဳပ္ လ်ဴေဖး နဲ႔ အေမရိကန္ကုန္သြယ္ေရးအဖြဲ႕ ကိုယ္စားလွယ္ ေရာဘတ္လိုက္သီဇာ၊ ဘ႑ာေရးဝန္ႀကီး  စတီဖင္မႏူခ်င္ တို႔ၾကား တယ္လီဖုန္းနဲ႔ ဆက္သြယ္ကာ ေအာက္တိုဘာလအတြင္း ေဆြးေႏြးမႈမ်ား ျပန္လည္စတင္ရန္ သေဘာတူညီခဲ့ၾကတာ ဆိုပါတယ္။

ဒီသတင္းေတြေၾကာင့္ နာရီပိုင္းအတြင္း အာရွရွိ စေတာ့ေဈးကြက္ေတြ တက္လာခဲ့သလို တျခားေဈးကြက္ေတြမွာလည္း နာရီပိုင္းအတြင္း စေတာ့ေဈးကြက္ တက္ခဲ့ပါတယ္။ဒီလို ကုန္သြယ္ေရးစစ္ပြဲ အရွိန္က်လာဖို႔ ျမင္ေနရစဥ္မွာ တ႐ုတ္အစိုးရအတြက္ ေနာက္ထပ္ေခါင္းခဲစရာ ျဖစ္လာေစမယ့္ ေဟာင္ေကာင္ျပႆနာကလည္း အာဏာပိုင္ေတြဘက္က အေလွ်ာ့ေပးခဲ့ေပမယ့္ ဆႏၵျပမႈေတြက မၿပီးခဲ့ဘဲ ပိုတိုးလာခဲ့ပါတယ္။

ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးအႀကီးအကဲ ကာရီလမ္ က စက္တင္ဘာ ၄  ရက္မွာ ေဟာင္ေကာင္ အဓိက႐ုဏ္းျဖစ္စဥ္မ်ားကို စတင္ျဖစ္ေပၚေစတဲ့ ေဟာင္ေကာင္ ရာဇဝတ္မႈက်ဴးလြန္သူမ်ားအား တ႐ုတ္ႏိုင္ငံမွာ တရားစီရင္ေစမယ့္ ဥပေဒၾကမ္းကို အၿပီးတိုင္ပယ္ဖ်က္ေၾကာင္း တရားဝင္ေၾကညာခဲ့ပါတယ္။ဒါဟာ ဆႏၵထုတ္ေဖာ္သူမ်ား ေတာင္းဆိုတဲ့ အဓိကအခ်က္ ငါးခ်က္ထဲက အခ်က္တစ္ခ်က္ပါ။က်န္တဲ့ အဓိက႐ုဏ္းမွာ  ဆႏၵထုတ္ေဖာ္သူေတြကို အာဏာပိုင္ေတြ ကိုင္တြယ္မႈ၊ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈတစ္ရပ္ လုပ္ေဆာင္ေပးရန္နဲ႔ ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးအႀကီးအကဲ ကာရီလမ္ ရာထူးကေန ႏုတ္ထြက္ေပးဖို႔၊ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ က်င္းပေပးဖို႔ ဆိုတာေတြကို ေတာင္းဆိုထားပါတယ္။ေဟာင္ေကာင္ အႀကီးအကဲက ဆႏၵျပမႈေတြ အၿပီးသတ္ေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ဆႏၵျပသူေတြဘက္က မရပ္ခဲ့ဘဲ ေနာက္ရက္ေတြမွာ ဆႏၵျပသူေတြက ဆက္လက္စု႐ုံးခဲ့ပါတယ္။စက္တင္ဘာ ၈ ရက္မွာေတာ့ ေဟာင္ေကာင္ ဆႏၵျပသူေတြက အေမရိကန္ ေကာင္စစ္ဝန္႐ုံးအထိ ခ်ီတက္ကာ အေမရိကန္သမၼတ ထရမ့္ ထံ အကူအညီေပးဖို႔ ေတာင္းဆိုတာေတြထိ အရွိန္တက္လာခဲ့ပါတယ္။ဒါဟာ အေမရိကန္နဲ႔ ကုန္သြယ္ေရးစစ္ ဆင္ႏႊဲေနရတဲ့ တ႐ုတ္ႏိုင္ငံအတြက္ ႀကီးမားတဲ့ ျပႆနာတစ္ခုပါဘဲ။အေမရိကန္နဲ႔ အေနာက္အုပ္စု ပါဝင္ပတ္သက္ေနတဲ့ ေဟာင္ေကာင္ ျပႆနာအေပၚ တ႐ုတ္ဘက္က ထင္ထင္ရွားရွား ကိုင္တြယ္မႈမရွိေသးေပမယ့္ ဒီလိုေတာင္းဆိုမႈ ေပၚလာတဲ့အတြက္ တ႐ုတ္ဘက္က ဘယ္လိုကိုင္တြယ္ေျဖရွင္းမလဲ ဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။    

အေမရိကန္ကို ေခါင္းခဲေစတဲ့ တာလီဘန္နဲ႔ အီရန္

ရွည္ၾကာတဲ့ ျပည္ပစစ္ကေန ထြက္ခြာဖို႔ လုပ္ေနတဲ့ အေမရိကန္အတြက္ ၾကာေလ တာလီဘန္ေတြရဲ႕ တိုက္ခိုက္မႈက ပိုျပင္းထန္လာေန ျဖစ္ေနပါတယ္။

မၾကာမီလေတြက သမၼတ ထရမ့္ အေနနဲ႔  အာဖဂန္ေရာက္ အေမရိကန္တပ္ဖြဲ႕ဝင္ ေထာင္နဲ႔ခ်ီၿပီး ျပန္လည္ေခၚယူဖို႔ စီစဥ္ေနေၾကာင္း ေျပာခဲ့သလို ၾကားခံႏိုင္ငံေတြမွာ တာလီဘန္ေခါင္းေဆာင္ေတြနဲ႔ ႏိုင္ငံေရးအရ ေဆြးေႏြးမႈေတြ ဆက္တိုက္လုပ္လာခဲ့ရာမွာ တာလီဘန္ေခါင္းေဆာင္ေတြကို အေမရိကန္ႏိုင္ငံထဲ ဖိတ္ေခၚၿပီး ေဆြးေႏြးဖို႔အထိ ျဖစ္လာခဲ့တာပါ။ဒါေပမယ့္ တာလီဘန္တို႔ဘက္ကေတာ့ စစ္ေရးအရ အသာယူၿပီး အေမရိကန္ကို ဖိအားေပးဖို႔ ႀကိဳးစားခဲ့ၿပီး ဆက္တိုက္ဆိုသလို ဗုံးခြဲမႈေတြ တိုက္ခိုက္မႈေတြ လုပ္ခဲ့ပါတယ္။

တာလီဘန္ေတြက အေမရိကန္နဲ႔ ေဆြးေႏြးေနစဥ္ ယခုရက္သတၱပတ္ထဲမွာဘဲ  အာဖဂန္နစၥတန္ႏိုင္ငံ ၿမိဳ႕ေတာ္ ကဘူးလ္ရွိ အေမရိကန္သံ႐ုံးႏွင့္ ေနတိုးၫြန႔္ေပါင္းအဖြဲ႕က ဦးေဆာင္သည့္ စစ္ေရးမစ္ရွင္အဖြဲ႕ တည္ရွိရာ အမ်ိဳးသားလုံၿခဳံေရးဦးစီးဌာန႐ုံးကို ပစ္မွတ္ထားၿပီး ဗုံးခြဲတိုက္ခိုက္ခဲ့ရာမွာ အေမရိကန္စစ္သားတစ္ဦး အပါအဝင္ လူ ၁၀ ဦးထက္မနည္း ေသဆုံးၿပီး ၄၂ ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ဒီတိုက္ခိုက္မႈေတြအတြက္ တာလီဘန္ေတြက သူတို႔လက္ခ်က္လို႔ တင္းတင္းမာမာ ထုတ္ျပန္ခဲ့ပါတယ္။

ဒီမတိုင္ခင္ စက္တင္ဘာ ၂ ရက္ကလည္း ႏိုင္ငံျခားသားေတြ ေနထိုင္တဲ့အရပ္က ဂက္စ္ဆိုင္တစ္ခုအနီးမွာ ေလာင္စာဆီတင္ကားကို ဗုံးခြဲခဲ့လို႔ လူ ၁၆ ဦး အနည္းဆုံးေသဆုံးၿပီး ၁၂၀ နီးပါး ထိခိုက္ဒဏ္ရာ ရရွိခဲ့ပါေသးတယ္။စက္တင္ဘာ ၁ ရက္ကလည္း တာလီဘန္ သူပုန္တိုက္ခိုက္ေရးသမားမ်ားက အာဖဂန္နစၥတန္ ေျမာက္ပိုင္း မဟာဗ်ဴဟာေျမာက္ၿမိဳ႕ ကန္ဒုဇ္ကို တိုက္ခိုက္ခဲ့ပါေသးတယ္။ဒီလို တာလီဘန္ေတြ လုပ္ေနတာနဲ႔ ပတ္သက္ၿပီး ေစာင့္ၾကည့္ေလ့လာသူေတြက တာလီဘန္မ်ားအေနျဖင့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို လုပ္ႏိုင္သည့္ စြမ္းပကားမ်ားရွိေၾကာင္းႏွင့္ လက္ရွိ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ အေျခအေနကို ပိုမိုပီျပင္လာေစရန္ တြန္းအားေပးသည့္အေနျဖင့္ က်ဴးလြန္တာျဖစ္ႏိုင္တယ္လို႔ သုံးသပ္မႈေတြရွိေပမယ့္ အေမရိကန္အတြက္ကေတာ့ သည္းမခံႏိုင္စရာပါ။

ဒါေၾကာင့္လည္း ယခုသီတင္းပတ္ကုန္အတြင္း ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈအတြက္ တာလီဘန္ေခါင္းေဆာင္ေတြကို အေမရိကန္ကို လာေရာက္ၿပီး ထရမ့္ နဲ႔ သီးျခားေတြ႕ဆုံရန္ စီစဥ္ေတြ႕ဆုံမယ့္ အစီအစဥ္ကို အေမရိကန္ဘက္က အားခ်င္းဖ်က္သိမ္းခဲ့ပါတယ္။ဒီဖ်က္သိမ္းမႈထဲမွာ အာဖဂန္ကေန အေမရိကန္တပ္ေတြ ႐ုပ္သိမ္းမယ့္ အစီအစဥ္ ပါ၊ မပါ မေသခ်ာေပမယ့္ တေက်ာ့ျပန္ အာဖဂန္စစ္ပြဲ ျပန္ျဖစ္လာဦးမလားဆိုတာ စိုးရိမ္စရာပါ။အေလွ်ာ့ေပးေနတဲ့အခ်ိန္ လိုတာထက္ ပိုအခြင့္အေရးယူၿပီး ထိုးစစ္ေတြ ဆင္ႏႊဲခဲ့တဲ့ တာလီဘန္ေတြကို အေမရိကန္ဘက္က ဘာတုံ႔ျပန္မလဲဆိုတာ  ထပ္ေစာင့္ၾကည့္ရဦးမယ္ ထင္ပါတယ္။

အေမရိကန္အေနနဲ႔ တာလီဘန္အျပင္ အီရန္နဲ႔ တင္းမာမႈကလည္း အရွိန္တက္ေနဆဲပါ။အီရန္ကေတာ့ ဇူလိုင္လအတြင္းက ဖမ္းဆီးထားတဲ့ ဆြီဒင္ပိုင္ ေရနံတင္သေဘၤာက သေဘၤာသားခုနစ္ဦးကို ျပန္လႊတ္ေပးဖို႔ ကမ္းလွမ္းမႈေတြ ရွိေနပါတယ္။ဒါ့အျပင္ အီရန္ ေရနံတင္သေဘၤာ ကပၸတိန္ကို ေဒၚလာသန္းခ်ီေပး ကမ္းလွမ္းကာ ဖမ္းေစခဲ့တာကလည္း မီဒီယာေတြကေန ေပၚထြက္လာလို႔ အရွက္ရစရာျဖစ္လာခဲ့ပါတယ္။

အေမရိကန္အေနနဲ႔ ကမာၻ႔ႏိုင္ငံေရး၊ စစ္ေရးနဲ႔ စီးပြားေရးေတြမွာ စစ္မ်က္ႏွာမ်ားစြာ ဖြင့္လွစ္ေနမႈက ဘာေတြျဖစ္လာဦးမလဲ။လိုအပ္သလို အသာရမလား၊ ဒါမွမဟုတ္ အေမရိကန္ရဲ႕ ၾသဇာအာဏာ ယခုထက္ ပိုက်လာမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ယခုသတင္းေတြက ဒီတစ္ပတ္ျဖစ္ခဲ့တဲ့ တူရကီႏိုင္ငံက ကိုယ္ပိုင္အစီအမံနဲ႔ ဆီးရီးယားႏိုင္ငံ အေရွ႕ေျမာက္ပိုင္းေဒသမွာ လုံၿခဳံေရးဧရိယာ တည္ေဆာက္ဖို႔ စီစဥ္ေနတဲ့သတင္း၊ ဖိလစ္ပိုင္ႏိုင္ငံ ေတာင္ပိုင္းမွာ လက္လုပ္ဗုံးတစ္လုံး ေပါက္ကြဲခဲ့ရာ လူခုနစ္ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ တ႐ုတ္ႏွင့္ ႐ုရွားအၾကား စစ္ဘက္နည္းပညာ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာစာခ်ဳပ္ လက္မွတ္ေရးထိုးခဲ့တဲ့သတင္း၊ ေျမာက္ကိုရီးယားအေရွ႕ပိုင္း ဂန္ဝန္ျပည္နယ္ ကန္ခြၽမ္နီတြင္ န်ဴကလီးယားထုတ္လုပ္ေရးစခန္းေတြ အေမရိကန္ ပညာရွင္အဖြဲ႕က ထပ္မံေတြ႕ရွိတဲ့ သတင္းေတြထဲ သတိျပဳမိစရာ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ႏိုင္ငံတကာသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္တန႔္လိုက္ခ်င္ပါတယ္။

မင္းထက္
စက္တင္ဘာ - ၉