【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အီရန်သို့ ဘက်ပြန်ချိန်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အီရန်သို့ ဘက်ပြန်ချိန်

ယခုရက်သတ္တပတ် သတင်းတွေထဲမှာ သတိထားမိစရာဖြစ်ခဲ့တဲ့ သတင်းတွေကတော့ အီရန်နဲ့ အမေရိကန် ပဋိပက္ခအမြင့်ဆုံးရောက်ချိန်မှာဖြစ်ခဲ့တဲ့ ယူကရိန်း ခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချမိတာကို အီရန်ဘက်က နောက်ဆုံးမှာ ဝန်ခံလိုက်ရတဲ့ သတင်းတွေပါဘဲ။ဒါ့အပြင် တခြားသတင်းတစ်ခုကတော့ ဖိလစ်ပိုင်မှာ ဒုတိယအကြီးမားဆုံး မီးတောင်ကြီး လှုပ်ရှားလာတဲ့အတွက် သတိပေးချက်တွေထုတ်၊ ဒေသခံတွေကို နေရာရွှေ့ပြောင်းမှုတွေ  အရေးတကြီးလုပ်ဆောင်နေရတဲ့ သတင်းတွေ အပါအဝင် ရာသီဥတုနဲ့ သဘာ၀ဘေး သတင်းတွေပါဘဲ။

ဒီလိုသတင်းတွေအပြင် ယခုရက်ထဲဖြစ်ခဲ့တဲ့ ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ကွက်တာမြို့တွင် ဇန်နဝါရီ ၁၀ ရက်က ဗလီတစ်ခုကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲခဲ့မှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးပြီး ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်ထံ  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မွေးနေ့ဆုတောင်းလွှာ ပေးပို့ခဲ့တဲ့ သတင်း၊  မက္ကဆီကိုနိုင်ငံမြောက်ပိုင်းမှာ  အသက် ၁၁ နှစ်အရွယ်ရှိကျောင်း သားတစ်ဦးမှ လက်နက်ကိုင်ပစ်ခတ်မှုကြောင့် အဆိုပါကျောင်းသားနှင့် ဆရာမတစ်ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာ ရရှိခဲ့တဲ့ သတင်းတွေကလည်း အများပြည်သူစောင့်ကြည့်စရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ယူကရိန်းလေယာဉ် အီရန်ပစ်ချလို့ ဘာတွေဖြစ်လာသလဲ

အီရန်နဲ့ အမေရိကန်ကြားအတင်းမာဆုံးလို့ ဆိုနိုင်တဲ့ အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို အီရန်ဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်တဲ့ နေ့မှာဘဲ အီရန်နိုင်ံ တီဟီရန်လေဆိပ်ကနေ ယူကရိန်းနိုင်ငံ ကိရက်ဗ်ကို သွားတဲ့ ယူကရိန်းလေယာဉ်တစ်စင်း ပျက်ကျခဲ့ပါတယ်။ဒီလေယာဉ်ပေါ်မှာ အများဆုံးပါတဲ့ ခရီးသည်တွေကတော့ အီရန်နိုင်ငံသားတွေပါဘဲ။ နောက်ပိုင်းထွက်လာတဲ့ စာရင်းအရ အီရန်နိုင်ငံသား ၈၂ ဦး၊ ကနေဒါ ၆၃ ဦး၊ ယူကရိန်း ၁၁ ဦး၊ ဆွီဒင် ၁၀ ၊  အာဖဂန် ၄ ၊ ဂျာမန် ၃ ဦးနှင့် ဗြိတိန်နိုင်ငံသား သုံးဦးပါလာပြီး အားလုံးသေဆုံးခဲ့ပါတယ်။

ဒါဟာ သက်ဆိုင်ရာနိုင်ငံတွေအတွက် တော့ ခံပြင်းစရာပါ။ အစောပိုင်းက ဒီလေယာဉ်ပျက်ကျမှုအတွက် သာမန်စက်ပိုင်းဆိုင်ရာ ဖြစ်ရပ်ကြောင့် ပျက်ကျတယ်ဆိုပြီး အီရန်အာဏာပိုင်တွေက အကြောင်းပြခဲ့ပါတယ်။ ဖြစ်တဲ့ အချိန်က အလွန်သံသယဝင်စရာ အချိန်လည်းဖြစ်နေတဲ့ အတွက် အီရန်ပေးတဲ့ အကြောင်းပြချက်ကို လက်ခံဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ တစ်ကယ်လည်း သံသယဝင်စရာပါ။ ပျက်ကျတဲ့ အချိန်က အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာ ဖြစ်ပြီး   တီဟီရန်လေဆိပ်မှနေ ယူကရိန်းကို အသွား ပျံတက်အပြီး မိနစ်ပိုင်းအကြာဖြစ်လို့ ဘာကြောင့်လည်းဆိုတာ နိုင်ငံတကာက စောင့်ကြည့်ခဲ့ပါတယ်။ နိုင်ငံတကာ ထောက်လှမ်းရေးအရင်းအမြစ်တွေအရ ယူကရိန်းခရီးသည်တင်လေယာဉ်ကို အီရန်ဒုံးကျည်က ပစ်ချခဲ့ခြင်းဖြစ် တယ်ဆိုတာကို ကနေဒါဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ကနေဒါဝန်ကြီးချုပ်ပြောတာကို  ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အပါအဝင် အနောက်ခေါင်းဆောင်များကလည်း ထောက်ခံခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်က ရရှိထားတဲ့ သက်သေအချက်အလက်များအရ ယင်းလေယာဉ်ကို မှားယွင်းပြီး မတော်တဆ ဒုံးကျည် ထိမှန် ခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အီရန်ဘက်က အာဏာပိုင်တွေက ယခုလိုလေယာဉ်ပျက်ကျတဲ့ အပေါ်  လေယာဉ်ဟာ မပျက်ကျမီ တီဟီရန်လေဆိပ်ကို ပြန်ဦးလှည့်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ဒါဟာ လေယာဉ်ပျက်ကျတာ စက်ပိုင်းဆိုင်ရာကြောင့် ဆိုပြီး လှီးလွဲဖို့ ကြိုးစားခဲ့တာပါ။ မျက်မြင်သက်သေတွေကတော့ လေယာဉ်ဟာပေါက်ကွဲပြီးပျက်ကျခဲ့တယ်လို့ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။အီရန်အနေနဲ့ အမေရိကန်ကို တိုက်ခိုက်ရာမှာ နောက်ဆက်တွဲဖြစ်လာတဲ့ ယူကရိန်းလေယာဉ်ပျက်ကျမှုအတွက် ဖြေရှင်းနေရချိန်မှာ  နယူးယောက်တိုင်းနဲ့ CNN သတင်းဌာနတွေက လေယာဉ်ပျက်ကျတဲ့ ဗီဒီယိုဖိုင်တွေကို ပြခဲ့ပါတယ်။ဒါပေမယ့် အီရန်ဘက်က ဆက်ငြင်းနေပြီး ဒီလိုယူဆပြော ဆိုနေမှု များက  မှန်ကန်ခြင်း မရှိဘူးဆိုပြီး အားချင်းသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောခဲ့ပါတယ်။

ဒီနောက်မှာတော့ အမေရိကန်တာဝန်ရှိသူများက ယူကရိန်းအစိုးရအဖွဲ့ဆီကို လေယာဉ်နှင့် ပတ်သက် သည့် အရေးကြီးသည့် အချက်အလက်တွေ ပေးခဲ့ပါတယ်။ အမေရိကန်က ခိုင်မာတဲ့ အထောက်အထားတွေ ဇန်နဝါရီ ၁၀ ရက်က ပေးပြီး နောက် ဇန်နဝါရီ ၁၁ ရက်မှာ အီရန်အစိုးရက အစိုးရရုပ်သံဌာနကနေ ယူကရိန်း လေယာဉ်ကို အီရန်စစ်တပ်မှ မတော်တဆမှားယွင်း၍  ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ကြောညာချက်ထုတ်ပြန်ခဲ့ ရပါတယ်။အစောပိုင်းက ငြင်းဆန်မှုတွေဟာ အီရန်အစိုးရအတွက်မရိုးမသားလုပ်တဲ့ အကျင့်ကို ပေါ်လွင်ခဲ့တဲ့ အတွက် အီရန်အတွက် အရှက်ရစရာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်ခဲ့ပါတယ်။

အီရန်အစိုးရက ကြေညာချက်ထဲမှာ ပစ်ချခဲ့သူများကို တာဝန်ခံတာဝန်ယူမှု လုပ်ဆောင်ခိုင်းသွားမယ်လို့ ပြောခဲ့ပါတယ်။ဒါအပြင် ယူကရိန်းလေယာဉ်ကို မှားယွင်းပစ်ချတဲ့ တာဝန်ရှိသူတွေကို  တရားရုံးတင် မယ်ဆိုပြီး ပြောခဲ့ပါတယ်။ မီဒီယာတွေကတော့ ဒီလိုမှားယွင်းပစ်ချမှုဖြစ်တာ  အမေရိကန်ကို လက်စားချေရန်ပြင်ဆင် နေချိန် မှာ ဒီယူကရိန်း လေယာဉ်ကို ရန်သူလေယာဉ်ထင်ပြီး ပစ်ချခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိခဲ့ပါ တယ်။ အီရန်သမ္မတ ရိုဟာနီကတော့  ဒီလိုမှားယွင်းပစ်ချမှုဟာ ခွင့်မလွှတ်နိုင်သည့် မှားယွင်းမှုအဖြစ် ဝန်ခံပြောဆိုပြီး အလွန်ဝမ်းနည်းရကြောင်းပြောခဲ့ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမယ်လို့ပြောခဲ့ပါတယ်။

ယူကရိန်းဘက်ကတော့ ခရီးသည်တင်လေယာဉ်အား ဒုံးကျည်ဖြင့် ပစ်ချခဲ့မှု၌ တာဝန်ရှိသူများကို အပြစ် ပေးရန်နှင့် လျော်ကြေးပေးရန်တောင်းဆိုခဲ့သလို အီရန်ဘက်ကလည်း လျော်ကြေးပေးဖို့ သဘောတူခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်နေသလို အမေရိကန်ကလည်း အီရန်ကို ဆက်တိုက်ဆိုသလို အီရန်ကိုပိတ်ဆို့မှု တွေ လုပ်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၁ ရက်ထုတ်ပြန်မှုမှာ သံမဏိလုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်း အများ အပြား နှင့် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် အီရန်ထိပ်တန်းခေါင်းဆောင်တွေကို ပိတ်ဆို့မှုတွေ ထပ်လုပ်မယ်လို့ ပြောခဲ့ပါတယ်။အမေရိကန်ရည်ရွယ်ချက်ကတော့ အီရန်နိုင်ငံ၏ စီးပွားရေးချွတ်ခြုံကျသွားစေဖို့ဖြစ်ပြီး ဒီကနေ အပြောင်းအလဲတွေ ဖြစ်လာဖို့ ရည်ရွယ်ပုံရပါတယ်။

ပိတ်ဆို့မှုတွေအတွက် အမေရိကန်ရဲ့ အကြောင်းပြချက်ကတော့ ကမ္ဘာတစ်ဝန်းအီရန်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဟန့်တားဖို့ ဆိုပါတယ်။ ဒီတစ်ခါပိတ်ဆို့မှုမှာ လူပုဂ္ဂိုလ်အနေနဲ့ အီရန်အဆင့်မြင့် လုံခြုံရေး ကောင် စီဝန်ကြီး Ali Shamkhani၊  အီရန်တပ်ဖွဲ့၏ ဒု-တပ်မှူးကြီး Mohammed Reza Ashtiani ၊ ဘာဆစ်ဂ်ျ ပြည် သူ့စစ် အကြီးအကဲ Gholamreza Soleimani တို့ပါဝင်သလို စီးပွားရေးလုပ်ငန်းအနေနဲ့ သံမဏိလုပ်ငန်းနှင့် သတ္တုတွင်း ကုမ္ပဏီ ၁၇ ခု၊ တရုတ်နှင့် ဆေးရှဲနိုင်ငံတို့တွင်အခြေစိုက်သည့်  လုပ်ငန်းသုံးခုနဲ့  အီရန်ထွက်သတ္တု ထုတ်ကုန်များ ကို ရောင်းဝယ်ပို့ဆောင်ပေးသည့် ရေယာဉ်လိုင်းတို့ ပါဝင်လာပါတယ်။

အမေရိကန်အနေနဲ့ အီရန်အပေါ် အဘက်ဘက်က ဖိအားပေးနေရာကနေ ဖြစ်လာတဲ့ စစ်ဖြစ်ပွားလုနီးပါး အခြေအနေကြောင့် ကိုယ်နိုင်ငံထဲကနေ ပျံတက်သွားတဲ့ နိုင်ငံတကာလေကြောင်းလိုင်းက လေယာဉ်ကို ပစ်ချခဲ့တဲ့ အထိ ဖိအားဝင်ခဲ့ရတဲ့ အတွက်အီရန်အခြေအနေက ပိုဆိုးလာဖို့ သာရှိပါတယ်။ ယူကရိန်းလေကြောင်းလိုင်း က တော့ အီရန်ဝေဟင်ပိုင်နက်ကနေ ဘယ်တော့မှ လေယာဉ်မပြေးဆွဲဘူးလို့ ကြေညာချက်ထုတ်ခဲ့တဲ့ အတွက် တခြားလေကြောင်းလိုင်းတွေအနေနဲ့လည်း ဒီလို မလုံမခြုံမှုကို ထည့်သွင်းစဉ်းစားလာနိုင်တဲ့ အတွက် လေကြောင်းခရီးစဉ်မှာ အီရန်အတွက် ထိခိုက်လာနိုင်ပါတယ်။

ဒီလိုမှားယွင်းပစ်ချခံရမှုကြောင့် အီရန်နိုင်ငံသားတွေ အများစုသေဆုံးခဲ့ရတဲ့ အတွက် ပြည်တွင်းမှာလဲ ဆန္ဒပြမှုတေါ ဖြစ်လာခဲ့ပါတယ်။ အီရန်မှာ လေယာဉ်ပျက်ကျမှုကြောင့် ဖြစ်ရတဲ့ ဆန္ဒပြမှုမှာ ပြည်သူတွေက အီရန် ခေါင်းဆောင် ခိုမေနီကို ရာထူးကနေ နူတ်ထွက်ဖို့ အထိတောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။ဒါဟာ အီရန်မှာ ကြုံ တောင် ကြု့ခဲပြဿနာပါဘဲ။ အီရန်အတွက် အမေရိကန်ကို ဖက်ပြိုင်တာကနေ နိုင်ငံရေးအရဒေသတွင်းမှာ ဂုဏ် သိက္ခာတက်စရာလို့ ယူဆလို့ရပေမယ့် ရေရှည်မှာ ပေးဆပ်မှုတွေ ဘယ်လောက်များမလဲ ၊အခန့်မသင့်ရင် ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

အမေရိကန် အောက်လွှတ်တော်ကတော့ အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်သည့် ထရမ့်၏ အခွင့် အာဏာကို ကန့်သတ်မယ့် ဆုံးဖြတ်ချက်ကို ကန့်သတ်လိုက်ပေမယ့် အီရန်အပေါ် အမေရိကန်ဘက်က အားသာ မှုတွေ ရနေပါပြီ။ အီရန်အနေနဲ့ သံတမန်ရေးရာ မှားယွင်းမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ရာမှာ လေယာဉ်ပေါ်ပါတဲ့ သူတွေအတွက် အောက်မေ့ပွဲကို တက်ရောက်တဲ့ ဗြိတိန်သံအမတ်ကို ယာယီဖမ်းဆီးမှုတွေ လုပ်မိတဲ့အထိပါဘဲ။ ဒီအတွက် ဘာတွေ ဆက်ဖြစ်လာမလဲ၊ အီရန်ခေါင်းဆောင် ခါမေနီရဲ့ နေဝင်ချိန်ကို မြင်တွေ့တော့ရမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

သဘာ၀ဘေးနှင့် ကပ်ရောဂါ လာပြီလား

ဩစတြေးလျမှာ လောင်နေတဲ့ တောမီးက လေးလကျော်ကြာတဲ့ အထိ မငြှိမ်းသတ်နိုင်သေးဘဲ ထိန်းချုပ် နိုင်ဖို့အတွက် နိုင်ငံတကာကို အကူအညီတောင်နေရတဲ့ အထိဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီ ၉ ရက်က တောမီးများ ပြန်လည် အားကောင်းလာသည့်အတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများ လုပ်ဆောင်ကြရန် အာဏာပိုင်တို့က တိုက်တွန်းထုတ်ပြန်ခဲ့ရသလို မြို့၊ ဒေသပေါင်း အများအပြားကို ခြိမ်းခြောက်ခံနေရလို့ နိုင်ငံအတွက် ဆိုးဝါးတဲ့ ပြဿနာ ဖြစ်လာပါတယ်။ဩစတြေးလျှဝန်ကြီးချုပ်ကတော့ ဒီတောမီးလောင်ကျွမ်းမှုမှာ သူရဲ့စီမံခန့်ခွဲမှု ညံဖျင်း တာကို ဝန်ခံခဲ့ပါတယ်။ဒီလိုညံဖျင်းတဲ့ အတွက်လည်း ဩစတြေးလျမှာ ဇန်နဝါရီ ၁၀ ရက်မှာ ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။

ဒီလိုဖြစ်ရတဲ့ အထိတောမီးလောင်ကျွမ်းမှုက ကမ္ဘာကို ကပ်သင့်စေဖို့ ဖြစ်လာနေပါတယ်။ ကမ္ဘာကြီးပူနွေး လာချိန်မှာ ဖြစ်တဲ့ ဒီတောမီးကြောင့် ဩစတြေးလျှ တစ်နိုင်ငံလုံး အပူရှိန်တိုးမြှင့်လာနေပါတယ်။ ဒီအတွက်လောင် နေတဲ့ တောမီးကို ထိန်းချုပ်ဖို့ ခက်ခဲစေပါတယ်။ ဩစတြေးလျ မိုးလေဝသဌာနကတော့ လာမည့်သီတင်းပတ် အတွင်း နိုင်ငံအရှေ့ဖက် ကမ်းရိုးတန်းတွင် မိုးရေချိန် ၁၀၀ မီလီမီတာ (၄ လက်မ) အထိ ရွာသွန်းနိုင်တယ် ခန့်မှန်း ထားသလို တခြားနေရာတွေလည်း မိုးရွာသွန်းနိုင်တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ တောမီးကြောင့် အတိ ဒုက္ခရောက်နေသူတွေအတွက် ဝမ်းသာစရာဖြစ်ပေမယ့် တခြားဘက်မှာတော့ အန္တရာယ်ကရှိပါသေးတယ်။ဒါက မြေပြိုမှုပါ။ မီးလောင်မှုကြောင့် ပျက်စီးထားတဲ့ နေရာတွေမှာ သစ်ပင်ဝါးပင်တွေ မရှိတော့လို့ မိုးသည်းထန်စွာ ရွာတဲ့အခါမြေပြိုတာတွေလည်း ဖြစ်လာနိုင်တဲ့ ဘေးပါ။ သဘာ၀ဘေးက လာရင်တစ်ခုတည်းမလာပါဘူးဆိုတာ ဩစတြေးလျှတောမီးကပြနေပါတယ်။

ဩစတြေးလျှမှာ တောမီးကြောင့် ပြဿနာတက်နေချိန်မှာ အာဖရိကတိုက်က အင်ဂိုလာနိုင်ငံမှာ မိုးသည်း ထန်ပြီး ရေကြီးရေလွှမ်းမှုများကြောင့် ပြည်နယ် ၁၈ ပြည်နယ်အနက် ၁၂ ပြည်နယ်မှာ ရေကြီးရေလွှမ်းမှုတွေ ဖြစ် ခဲ့ပါတယ်။ ရေကြီးမှုကြောင့် အင်ဂိုလာနိုင်ငံနိုင်ငံတစ်ဝန်းသေဆုံးသူ ၄၁ ဦးထိ ရှိလာခဲ့ပါတယ်။ ဒီနိုင်ငံမှာလည်း မိုးခေါင်နေရာကနေ မိုးသည်းထန်စွာရွာပြီး ရေကြီးမှုတွေဖြစ်ခဲ့တာပါ။

ဖိလစ်ပိုင်မှာတော့ ၁၉၇၇ ခုနှစ်က နောက်ဆုံးပေါက်ကွဲခဲ့တဲ့ တာလ်မီးတောင် ဇန်နဝါရီ ၁၂ ရက်က စပြီး ပြန်လှုပ်ရှားလာတဲ့ အတွက် သတိထားနေကြပါတယ်။ ပင်နာဘူတိုလို့ ဆိုးဝါးတဲ့ ပေါက်ကွဲမှုတွေ ဖြစ်တတ်တဲ့ ဖိလစ်ပိုင်နိုင်ငံအဖို့ တာလ်မီးတောင် စတင်ပြီးလှုပ်ရှားလာကတည်းက ဒေသခံတွေကို ရွေ့ပြောင်းပေးနေသလို မီးတောင်ပေါက်ကွဲရင် ဆူနာမီဖြစ်လာနိုင်ခြေတေါကြောင့် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်နေရပါတယ်။ဒါဟာ မလာသေးတဲ့ သဘာ၀ဘေးကို ကြိုတင်ပြင်ဆင်မှုနဲ့ အနိုင်ယူဖို့ ကြိုးစာနေတာဖြစ်လို့ တစ်ကယ်ဖြစ်လာရင် ဘယ်လောက်ထိ ထိရောက်စွာကာကွယ်နိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

တောမီးတွေ၊ ရေကြီးတာတွေနဲ့ ကမ္ဘာတစ်ဝန်း ဖြစ်နေချိန်မှာတော့ အိမ်နီးချင်းထိုင်းမှာ သောက်သုံးရေ ဒုက္ခစတွေ့နေပါတယ်။ထိုင်း ပြည်နယ် ၁၄ ခုမှာ မိုးခေါင်ရေရှားမှု ကြုံတွေ့နေလို့ ချောင်ဖရား မြစ်အလယ်ပိုင်း ဒေသတစ်လျှောက် ရေမျက်နှာပြင်နိမ့်ကျကာ ပင်လယ်ရေမျက်နှာပြင်မြင့် တက်လာတာတွေကြောင့်  ဘန် ကောက် ရှိ ချောင်ဖရား မြစ်ထဲ ပင်လယ်ရေတွေ ဝင်လာတဲ့ ဝင်ရောက်လာတာကို ကြုံနေရပါတယ်။ ဘယ်လောက် ထိ အခြေအနေဖြစ်နေလဲဆိုရင် ဘန်ကောက်မြို့ကို ရေပေး၀နေတဲ့ ပိုက်ထဲကရေမှာတောင် ဆားဓာတ်များ လာတာ ကို ကြုံနေရပါတယ်။ ဒီအတွက် ထိုင်းအာဏာပိုင်တွေ ရေရှည်အတွက် ခေါင်းခဲနေကြပါပြီ။

ရာသီဥတုက ဒီလို ကပြောင်းကပြန်တွေ ဖြစ်သလို ဖြစ်နေတဲ့ အတွက်လည်း ကမ္ဘာမြေက ပျောက်ကွယ် လောက်ပြီလို့ ထင်ရတဲ့ ရောဂါတွေက မျိုးကွဲတွေနဲ့ ပြန်လည် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဘက်နှစ်ပိုင်းမှာ အာဖရိ က မှာ အီဘိုလာနဲ့ အာရှမှာ ဆားစ်ရောဂါတွေက ထင်ရှားပါတယ်။ယခုလည်း တရုတ်နိုင်ငံအလယ်ပိုင်းမှာ ဖြစ်နေ တဲ့ အဖျားရောဂါဖြစ်နေပြန်ပါပြီ။ လူရာပေါင်းများစွာ သေဆုံးစေခဲ့သည့် SARS ရောဂါ ဖြစ်စေခဲ့တဲ့ ဗိုင်းရပ်စ်ပိုး မျိုး စိတ်ဝင် ပိုးသစ်တစ်မျိုးကြောင့် လူဦးရေ ၁၁ သန်းခန့်နေထိုင်တဲ့ ဝူဟန်မြို့တွင် ပြင်းထန်အဆုတ်ရောင် ရောဂါကူး စက်မှုများ ဖြစ်ပွားနေလို့ တာဝန်ရှိသူတွေက ထိန်းချုပ်ဖို့ ကြိုးစားနေရပါတယ်။ဒီအတွက် ဒေသတွင်းနိုင်ငံတွေ ကလည်း တရုတ်ကဝင်လာတဲ့ ခရီးသွားတိုင်းကို သေချာစစ်ဆေးနေရပါတယ်။

အာရှရဲ့ကမ္ဘာ့တစ်ဖက်ခြမ်း အမေရိကတိုက်ရှိ အမေရိကန်ပြည်ထောင်စုမှာတော့  ယခုရက်သတ္တပတ် အ တွင်း အားပြင်းတဲ့လေပြင်းမုန်တိုင်းများ ဝင်ရောက်တိုက်ခတ်ခဲ့လို့  အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။ ပူအာ တိုရီကိုမှာ  မြေငလျင်များ လှုပ်ခတ်မှုကြောင့် လူ အနည်းဆုံး တစ်ဦးသေဆုံးကာ အဆောက်အအုံများ ပြိုကျခဲ့ပါ တဲ့အတွက် သဘာ၀ဘေးက ပိုပြီးအားကောင်းနေတာကို ဆက်မြင်ရဖို့ရှိနေလားဆိုတာ စောင့်ကြည့်ရဦး မှာဖြစ်ပါတယ်။

အာရှစစ်ရေးနှင့် ပဋိပက္ခများ

အရှေ့အလယ်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ ဖြစ်နေသလို အာရှတစ်ဝန်း စစ်ရေးတည်ဆောက်မှုတွေကို မြင်လာရပါတယ်။ အမေရိကန်အစိုးရက ယခုရက်သတ္တပတ်ထဲမှာဘဲ ကန်ဒေါ်လာ ၂ ဒသမ ၇၅ ဘီလျံဖိုးရှိတဲ့ နောက်ဆုံးပေါ် အဆင်မြင့်ဆုံး F-35 တိုက်လေယာဉ် ၁၂ စင်းကို စင်ကာပူထံ ရောင်းချဖို့ အတည်ပြုခဲ့ပါတယ်။

စင်ကာပူကို အမေရိကန်က နောက်ဆုံးပေါ် တိုက်လေယာဉ်ကို ရောင်းချနေစဉ်မှာဘဲ တောင်တရုတ်ပင် လယ် အတွင်းမှာ တရုတ်နှင့် အင်ဒိုနီးရှားအကြား ပြဿနာတက်နေပါတယ်။တောင်တရုတ်ပင်လယ်မှာ  အငြင်း ပွားနေတဲ့ ပိုင်နက်ထဲ တရုတ်ပိုင်ရေယာဉ်တွေဝင်လာလို့ တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံအကြား သံတမန်ဆက်ဆံ ရေး ကတောက်ကဆတ်ဖြစ်လာပြီးနောက်ပိုင်း အဆိုပါရေပိုက်နက်အနီး အင်ဒိုနီးရှားက တိုက်လေယာဉ်များနှင့် စစ်သင်္ဘောတွေကို ကင်းလှည့်ရန် တပ်ဖြန့်ချထားခဲ့ပါတယ်။

ထိုင်းမှာတော့ မာရသွန်အပြေးပွဲကို အတိုက်အခံတွေက အသုံးချပြီး လက်ရှိဝန်ကြီးချုပ်ကို နူတ်ထွက်ပေး ဖို့ ဆန္ဒပြခဲ့ကြပါတယ်။ အပြေးပွဲပါဝင်သူတွေက  အာဏာရှင်အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ အော် ဟစ်ခြင်း၊ Hunger Games ရုပ်ရှင်ထဲက  လက်ချောင်းသုံးချောင်ထောင် အလေးပြုခြင်း တို့ပြုလုပ်ကာ ဆန္ဒပြခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ကိစ္စကတော့ အခုထိ ရှင်းလို့မပြီးသေးပါဘူး။ ဒီလိုစစ်မက်ဖြစ်နိုင်တဲ့ အခြေအနေ တွေကြောင့်  တင်းမာမှုတွေ  ရှိနေတဲ့ အတွက် ဘယ်လိုပြေလည်အောင် ညှိုနိုင်းမလဲဆိုတာ ဆက်စောင်ကြည့်ရဦး မှာ ပါ။ အာဖရိကမှာတော့ နိုင်ဂျာနိုင်ငံက စစ်တပ်အခြေစိုက်စခန်းတစ်ခုကို ဇန်နဝါရီ ၉ ရက်လက်နက်ကိုင် အဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့မှုကြောင့် စစ်သား ၂၅ ဦး ကျဆုံးခဲ့ပါတယ်။အပြန်အလှန်ပစ်ခတ်မှုမှာ အကြမ်းဖက် သမား ၆၃ ဦးကိုပါ ရှင်းလင်းခဲ့ကြပါတယ်။ တူရကီတပ်တွေ ဝင်နေတဲ့ လစ်ဗျားမှာတော့ တူရကီ သမ္မတနှင့် ရုရှားသမ္မတ၏ တိုက် တွန်းချက်ကြောင့် တပ်မှူး ခါလီဖာဟာဖ တာအပေါ် သစ္စာခံ သော လစ်ဗျားတပ်ဖွဲ့တွေက အပစ်ရပ်စဲကြောင်းကြေညာခဲ့ပါတယ်။

ယခုရက်သတ္တပတ်ဖြစ်ခဲ့တာတွေက အများကြီးပါဘဲ။ ဘာတွေဆက်ဖြစ်ဦးမလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

မင်းထက်
ဇန်န၀ါရီ - ၁၃

( Zawgyi )

ယခုရက္သတၱပတ္ သတင္းေတြထဲမွာ သတိထားမိစရာျဖစ္ခဲ့တဲ့ သတင္းေတြကေတာ့ အီရန္နဲ႔ အေမရိကန္ ပဋိပကၡအျမင့္ဆုံးေရာက္ခ်ိန္မွာျဖစ္ခဲ့တဲ့ ယူကရိန္း ခရီးသည္တင္ေလယာဥ္ကို မွားယြင္းပစ္ခ်မိတာကို အီရန္ဘက္က ေနာက္ဆုံးမွာ ဝန္ခံလိုက္ရတဲ့ သတင္းေတြပါဘဲ။ဒါ့အျပင္ တျခားသတင္းတစ္ခုကေတာ့ ဖိလစ္ပိုင္မွာ ဒုတိယအႀကီးမားဆုံး မီးေတာင္ႀကီး လႈပ္ရွားလာတဲ့အတြက္ သတိေပးခ်က္ေတြထုတ္၊ ေဒသခံေတြကို ေနရာေ႐ႊ႕ေျပာင္းမႈေတြ  အေရးတႀကီးလုပ္ေဆာင္ေနရတဲ့ သတင္းေတြ အပါအဝင္ ရာသီဥတုနဲ႔ သဘာ၀ေဘး သတင္းေတြပါဘဲ။

ဒီလိုသတင္းေတြအျပင္ ယခုရက္ထဲျဖစ္ခဲ့တဲ့ ပါကစၥတန္ႏိုင္ငံအေနာက္ေတာင္ပိုင္း ကြက္တာၿမိဳ႕တြင္ ဇန္နဝါရီ ၁၀ ရက္က ဗလီတစ္ခုကို ပစ္မွတ္ထားၿပီး အေသခံဗုံးခြဲခဲ့မႈေၾကာင့္ အနည္းဆုံး လူ ၁၅ ဦးေသဆုံးၿပီး ၁၉ ဦးထက္မနည္း ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံးအန္ထံ  အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေမြးေန႔ဆုေတာင္းလႊာ ေပးပို႔ခဲ့တဲ့ သတင္း၊  မကၠဆီကိုႏိုင္ငံေျမာက္ပိုင္းမွာ  အသက္ ၁၁ ႏွစ္အ႐ြယ္ရွိေက်ာင္း သားတစ္ဦးမွ လက္နက္ကိုင္ပစ္ခတ္မႈေၾကာင့္ အဆိုပါေက်ာင္းသားႏွင့္ ဆရာမတစ္ဦး ေသဆုံးၿပီး ၆ ဦးဒဏ္ရာ ရရွိခဲ့တဲ့ သတင္းေတြကလည္း အမ်ားျပည္သူေစာင့္ၾကည့္စရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ယူကရိန္းေလယာဥ္ အီရန္ပစ္ခ်လို႔ ဘာေတြျဖစ္လာသလဲ

အီရန္နဲ႔ အေမရိကန္ၾကားအတင္းမာဆုံးလို႔ ဆိုႏိုင္တဲ့ အီရတ္ရွိ အေမရိကန္စစ္အေျခစိုက္စခန္းေတြကို အီရန္ဘက္က ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တဲ့ ေန႔မွာဘဲ အီရန္ႏိုင္ံ တီဟီရန္ေလဆိပ္ကေန ယူကရိန္းႏိုင္ငံ ကိရက္ဗ္ကို သြားတဲ့ ယူကရိန္းေလယာဥ္တစ္စင္း ပ်က္က်ခဲ့ပါတယ္။ဒီေလယာဥ္ေပၚမွာ အမ်ားဆုံးပါတဲ့ ခရီးသည္ေတြကေတာ့ အီရန္ႏိုင္ငံသားေတြပါဘဲ။ ေနာက္ပိုင္းထြက္လာတဲ့ စာရင္းအရ အီရန္ႏိုင္ငံသား ၈၂ ဦး၊ ကေနဒါ ၆၃ ဦး၊ ယူကရိန္း ၁၁ ဦး၊ ဆြီဒင္ ၁၀ ၊  အာဖဂန္ ၄ ၊ ဂ်ာမန္ ၃ ဦးႏွင့္ ၿဗိတိန္ႏိုင္ငံသား သုံးဦးပါလာၿပီး အားလုံးေသဆုံးခဲ့ပါတယ္။

ဒါဟာ သက္ဆိုင္ရာႏိုင္ငံေတြအတြက္ ေတာ့ ခံျပင္းစရာပါ။ အေစာပိုင္းက ဒီေလယာဥ္ပ်က္က်မႈအတြက္ သာမန္စက္ပိုင္းဆိုင္ရာ ျဖစ္ရပ္ေၾကာင့္ ပ်က္က်တယ္ဆိုၿပီး အီရန္အာဏာပိုင္ေတြက အေၾကာင္းျပခဲ့ပါတယ္။ ျဖစ္တဲ့ အခ်ိန္က အလြန္သံသယဝင္စရာ အခ်ိန္လည္းျဖစ္ေနတဲ့ အတြက္ အီရန္ေပးတဲ့ အေၾကာင္းျပခ်က္ကို လက္ခံဖို႔ ျငင္းဆန္ခဲ့ၾကပါတယ္။ တစ္ကယ္လည္း သံသယဝင္စရာပါ။ ပ်က္က်တဲ့ အခ်ိန္က အီရတ္ရွိ အေမရိကန္ စစ္အေျခစိုက္စခန္းမ်ားကို တိုက္ခိုက္ၿပီး နာရီပိုင္းအၾကာမွာ ျဖစ္ၿပီး   တီဟီရန္ေလဆိပ္မွေန ယူကရိန္းကို အသြား ပ်ံတက္အၿပီး မိနစ္ပိုင္းအၾကာျဖစ္လို႔ ဘာေၾကာင့္လည္းဆိုတာ ႏိုင္ငံတကာက ေစာင့္ၾကည့္ခဲ့ပါတယ္။ ႏိုင္ငံတကာ ေထာက္လွမ္းေရးအရင္းအျမစ္ေတြအရ ယူကရိန္းခရီးသည္တင္ေလယာဥ္ကို အီရန္ဒုံးက်ည္က ပစ္ခ်ခဲ့ျခင္းျဖစ္ တယ္ဆိုတာကို ကေနဒါဝန္ႀကီးခ်ဳပ္က ေျပာခဲ့ပါတယ္။ကေနဒါဝန္ႀကီးခ်ဳပ္ေျပာတာကို  ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္အပါအဝင္ အေနာက္ေခါင္းေဆာင္မ်ားကလည္း ေထာက္ခံခဲ့ပါတယ္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္က ရရွိထားတဲ့ သက္ေသအခ်က္အလက္မ်ားအရ ယင္းေလယာဥ္ကို မွားယြင္းၿပီး မေတာ္တဆ ဒုံးက်ည္ ထိမွန္ ျခင္းျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

အီရန္ဘက္က အာဏာပိုင္ေတြက ယခုလိုေလယာဥ္ပ်က္က်တဲ့ အေပၚ  ေလယာဥ္ဟာ မပ်က္က်မီ တီဟီရန္ေလဆိပ္ကို ျပန္ဦးလွည့္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ဒါဟာ ေလယာဥ္ပ်က္က်တာ စက္ပိုင္းဆိုင္ရာေၾကာင့္ ဆိုၿပီး လွီးလြဲဖို႔ ႀကိဳးစားခဲ့တာပါ။ မ်က္ျမင္သက္ေသေတြကေတာ့ ေလယာဥ္ဟာေပါက္ကြဲၿပီးပ်က္က်ခဲ့တယ္လို႔ သတင္းမီဒီယာေတြကို ေျပာခဲ့ပါတယ္။အီရန္အေနနဲ႔ အေမရိကန္ကို တိုက္ခိုက္ရာမွာ ေနာက္ဆက္တြဲျဖစ္လာတဲ့ ယူကရိန္းေလယာဥ္ပ်က္က်မႈအတြက္ ေျဖရွင္းေနရခ်ိန္မွာ  နယူးေယာက္တိုင္းနဲ႔ CNN သတင္းဌာနေတြက ေလယာဥ္ပ်က္က်တဲ့ ဗီဒီယိုဖိုင္ေတြကို ျပခဲ့ပါတယ္။ဒါေပမယ့္ အီရန္ဘက္က ဆက္ျငင္းေနၿပီး ဒီလိုယူဆေျပာ ဆိုေနမႈ မ်ားက  မွန္ကန္ျခင္း မရွိဘူးဆိုၿပီး အားခ်င္းသတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီး ေျပာခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ အေမရိကန္တာဝန္ရွိသူမ်ားက ယူကရိန္းအစိုးရအဖြဲ႕ဆီကို ေလယာဥ္ႏွင့္ ပတ္သက္ သည့္ အေရးႀကီးသည့္ အခ်က္အလက္ေတြ ေပးခဲ့ပါတယ္။ အေမရိကန္က ခိုင္မာတဲ့ အေထာက္အထားေတြ ဇန္နဝါရီ ၁၀ ရက္က ေပးၿပီး ေနာက္ ဇန္နဝါရီ ၁၁ ရက္မွာ အီရန္အစိုးရက အစိုးရ႐ုပ္သံဌာနကေန ယူကရိန္း ေလယာဥ္ကို အီရန္စစ္တပ္မွ မေတာ္တဆမွားယြင္း၍  ပစ္ခ်ခဲ့ျခင္းျဖစ္ေၾကာင္း ေၾကာညာခ်က္ထုတ္ျပန္ခဲ့ ရပါတယ္။အေစာပိုင္းက ျငင္းဆန္မႈေတြဟာ အီရန္အစိုးရအတြက္မ႐ိုးမသားလုပ္တဲ့ အက်င့္ကို ေပၚလြင္ခဲ့တဲ့ အတြက္ အီရန္အတြက္ အရွက္ရစရာ ဂုဏ္သိကၡာမဲ့တဲ့ လုပ္ရပ္ျဖစ္ခဲ့ပါတယ္။

အီရန္အစိုးရက ေၾကညာခ်က္ထဲမွာ ပစ္ခ်ခဲ့သူမ်ားကို တာဝန္ခံတာဝန္ယူမႈ လုပ္ေဆာင္ခိုင္းသြားမယ္လို႔ ေျပာခဲ့ပါတယ္။ဒါအျပင္ ယူကရိန္းေလယာဥ္ကို မွားယြင္းပစ္ခ်တဲ့ တာဝန္ရွိသူေတြကို  တရား႐ုံးတင္ မယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ မီဒီယာေတြကေတာ့ ဒီလိုမွားယြင္းပစ္ခ်မႈျဖစ္တာ  အေမရိကန္ကို လက္စားေခ်ရန္ျပင္ဆင္ ေနခ်ိန္ မွာ ဒီယူကရိန္း ေလယာဥ္ကို ရန္သူေလယာဥ္ထင္ၿပီး ပစ္ခ်ခဲ့တာ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းမႈေတြ ရွိခဲ့ပါ တယ္။ အီရန္သမၼတ ႐ိုဟာနီကေတာ့  ဒီလိုမွားယြင္းပစ္ခ်မႈဟာ ခြင့္မလႊတ္ႏိုင္သည့္ မွားယြင္းမႈအျဖစ္ ဝန္ခံေျပာဆိုၿပီး အလြန္ဝမ္းနည္းရေၾကာင္းေျပာခဲ့ကာ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္သြားမယ္လို႔ေျပာခဲ့ပါတယ္။

ယူကရိန္းဘက္ကေတာ့ ခရီးသည္တင္ေလယာဥ္အား ဒုံးက်ည္ျဖင့္ ပစ္ခ်ခဲ့မႈ၌ တာဝန္ရွိသူမ်ားကို အျပစ္ ေပးရန္ႏွင့္ ေလ်ာ္ေၾကးေပးရန္ေတာင္းဆိုခဲ့သလို အီရန္ဘက္ကလည္း ေလ်ာ္ေၾကးေပးဖို႔ သေဘာတူခဲ့ပါတယ္။ ဒီလိုျဖစ္ရပ္ေတြ ဆက္တိုက္ျဖစ္ေနသလို အေမရိကန္ကလည္း အီရန္ကို ဆက္တိုက္ဆိုသလို အီရန္ကိုပိတ္ဆို႔မႈ ေတြ လုပ္ခဲ့ပါတယ္။ ဇန္နဝါရီ ၁၁ ရက္ထုတ္ျပန္မႈမွာ သံမဏိလုပ္ငန္းအပါအဝင္ စီးပြားေရးလုပ္ငန္း အမ်ား အျပား ႏွင့္ တိုက္ခိုက္မႈတြင္ ပါဝင္ပတ္သက္ခဲ့သည့္ အီရန္ထိပ္တန္းေခါင္းေဆာင္ေတြကို ပိတ္ဆို႔မႈေတြ ထပ္လုပ္မယ္လို႔ ေျပာခဲ့ပါတယ္။အေမရိကန္ရည္႐ြယ္ခ်က္ကေတာ့ အီရန္ႏိုင္ငံ၏ စီးပြားေရးခြၽတ္ၿခဳံက်သြားေစဖို႔ျဖစ္ၿပီး ဒီကေန အေျပာင္းအလဲေတြ ျဖစ္လာဖို႔ ရည္႐ြယ္ပုံရပါတယ္။

ပိတ္ဆို႔မႈေတြအတြက္ အေမရိကန္ရဲ႕ အေၾကာင္းျပခ်က္ကေတာ့ ကမာၻတစ္ဝန္းအီရန္ရဲ႕ အၾကမ္းဖက္ လုပ္ရပ္ေတြကို ဟန႔္တားဖို႔ ဆိုပါတယ္။ ဒီတစ္ခါပိတ္ဆို႔မႈမွာ လူပုဂၢိဳလ္အေနနဲ႔ အီရန္အဆင့္ျမင့္ လုံၿခဳံေရး ေကာင္ စီဝန္ႀကီး Ali Shamkhani၊  အီရန္တပ္ဖြဲ႕၏ ဒု-တပ္မႉးႀကီး Mohammed Reza Ashtiani ၊ ဘာဆစ္ဂ္် ျပည္ သူ႔စစ္ အႀကီးအကဲ Gholamreza Soleimani တို႔ပါဝင္သလို စီးပြားေရးလုပ္ငန္းအေနနဲ႔ သံမဏိလုပ္ငန္းႏွင့္ သတၱဳတြင္း ကုမၸဏီ ၁၇ ခု၊ တ႐ုတ္ႏွင့္ ေဆးရွဲႏိုင္ငံတို႔တြင္အေျခစိုက္သည့္  လုပ္ငန္းသုံးခုနဲ႔  အီရန္ထြက္သတၱဳ ထုတ္ကုန္မ်ား ကို ေရာင္းဝယ္ပို႔ေဆာင္ေပးသည့္ ေရယာဥ္လိုင္းတို႔ ပါဝင္လာပါတယ္။

အေမရိကန္အေနနဲ႔ အီရန္အေပၚ အဘက္ဘက္က ဖိအားေပးေနရာကေန ျဖစ္လာတဲ့ စစ္ျဖစ္ပြားလုနီးပါး အေျခအေနေၾကာင့္ ကိုယ္ႏိုင္ငံထဲကေန ပ်ံတက္သြားတဲ့ ႏိုင္ငံတကာေလေၾကာင္းလိုင္းက ေလယာဥ္ကို ပစ္ခ်ခဲ့တဲ့ အထိ ဖိအားဝင္ခဲ့ရတဲ့ အတြက္အီရန္အေျခအေနက ပိုဆိုးလာဖို႔ သာရွိပါတယ္။ ယူကရိန္းေလေၾကာင္းလိုင္း က ေတာ့ အီရန္ေဝဟင္ပိုင္နက္ကေန ဘယ္ေတာ့မွ ေလယာဥ္မေျပးဆြဲဘူးလို႔ ေၾကညာခ်က္ထုတ္ခဲ့တဲ့ အတြက္ တျခားေလေၾကာင္းလိုင္းေတြအေနနဲ႔လည္း ဒီလို မလုံမၿခဳံမႈကို ထည့္သြင္းစဥ္းစားလာႏိုင္တဲ့ အတြက္ ေလေၾကာင္းခရီးစဥ္မွာ အီရန္အတြက္ ထိခိုက္လာႏိုင္ပါတယ္။

ဒီလိုမွားယြင္းပစ္ခ်ခံရမႈေၾကာင့္ အီရန္ႏိုင္ငံသားေတြ အမ်ားစုေသဆုံးခဲ့ရတဲ့ အတြက္ ျပည္တြင္းမွာလဲ ဆႏၵျပမႈေတါ ျဖစ္လာခဲ့ပါတယ္။ အီရန္မွာ ေလယာဥ္ပ်က္က်မႈေၾကာင့္ ျဖစ္ရတဲ့ ဆႏၵျပမႈမွာ ျပည္သူေတြက အီရန္ ေခါင္းေဆာင္ ခိုေမနီကို ရာထူးကေန ႏူတ္ထြက္ဖို႔ အထိေတာင္းဆိုမႈေတြ ရွိလာခဲ့ပါတယ္။ဒါဟာ အီရန္မွာ ႀကဳံ ေတာင္ ၾကဳ႕ခဲျပႆနာပါဘဲ။ အီရန္အတြက္ အေမရိကန္ကို ဖက္ၿပိဳင္တာကေန ႏိုင္ငံေရးအရေဒသတြင္းမွာ ဂုဏ္ သိကၡာတက္စရာလို႔ ယူဆလို႔ရေပမယ့္ ေရရွည္မွာ ေပးဆပ္မႈေတြ ဘယ္ေလာက္မ်ားမလဲ ၊အခန႔္မသင့္ရင္ ဘာေတြ ျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

အေမရိကန္ ေအာက္လႊတ္ေတာ္ကေတာ့ အီရန္အေပၚ စစ္ေရးအရ အေရးယူႏိုင္သည့္ ထရမ့္၏ အခြင့္ အာဏာကို ကန႔္သတ္မယ့္ ဆုံးျဖတ္ခ်က္ကို ကန႔္သတ္လိုက္ေပမယ့္ အီရန္အေပၚ အေမရိကန္ဘက္က အားသာ မႈေတြ ရေနပါၿပီ။ အီရန္အေနနဲ႔ သံတမန္ေရးရာ မွားယြင္းမႈေတြ ဆက္တိုက္ဆိုသလိုျဖစ္ရာမွာ ေလယာဥ္ေပၚပါတဲ့ သူေတြအတြက္ ေအာက္ေမ့ပြဲကို တက္ေရာက္တဲ့ ၿဗိတိန္သံအမတ္ကို ယာယီဖမ္းဆီးမႈေတြ လုပ္မိတဲ့အထိပါဘဲ။ ဒီအတြက္ ဘာေတြ ဆက္ျဖစ္လာမလဲ၊ အီရန္ေခါင္းေဆာင္ ခါေမနီရဲ႕ ေနဝင္ခ်ိန္ကို ျမင္ေတြ႕ေတာ့ရမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

သဘာ၀ေဘးႏွင့္ ကပ္ေရာဂါ လာၿပီလား

ဩစေၾတးလ်မွာ ေလာင္ေနတဲ့ ေတာမီးက ေလးလေက်ာ္ၾကာတဲ့ အထိ မျငႇိမ္းသတ္ႏိုင္ေသးဘဲ ထိန္းခ်ဳပ္ ႏိုင္ဖို႔အတြက္ ႏိုင္ငံတကာကို အကူအညီေတာင္ေနရတဲ့ အထိျဖစ္ခဲ့ပါတယ္။ ဇန္နဝါရီ ၉ ရက္က ေတာမီးမ်ား ျပန္လည္ အားေကာင္းလာသည့္အတြက္ ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းမႈမ်ား လုပ္ေဆာင္ၾကရန္ အာဏာပိုင္တို႔က တိုက္တြန္းထုတ္ျပန္ခဲ့ရသလို ၿမိဳ႕၊ ေဒသေပါင္း အမ်ားအျပားကို ၿခိမ္းေျခာက္ခံေနရလို႔ ႏိုင္ငံအတြက္ ဆိုးဝါးတဲ့ ျပႆနာ ျဖစ္လာပါတယ္။ဩစေၾတးလွ်ဝန္ႀကီးခ်ဳပ္ကေတာ့ ဒီေတာမီးေလာင္ကြၽမ္းမႈမွာ သူရဲ႕စီမံခန႔္ခြဲမႈ ညံဖ်င္း တာကို ဝန္ခံခဲ့ပါတယ္။ဒီလိုညံဖ်င္းတဲ့ အတြက္လည္း ဩစေၾတးလ်မွာ ဇန္နဝါရီ ၁၀ ရက္မွာ ဆႏၵျပမႈေတြ ျဖစ္လာခဲ့ပါတယ္။

ဒီလိုျဖစ္ရတဲ့ အထိေတာမီးေလာင္ကြၽမ္းမႈက ကမာၻကို ကပ္သင့္ေစဖို႔ ျဖစ္လာေနပါတယ္။ ကမာၻႀကီးပူေႏြး လာခ်ိန္မွာ ျဖစ္တဲ့ ဒီေတာမီးေၾကာင့္ ဩစေၾတးလွ် တစ္ႏိုင္ငံလုံး အပူရွိန္တိုးျမႇင့္လာေနပါတယ္။ ဒီအတြက္ေလာင္ ေနတဲ့ ေတာမီးကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲေစပါတယ္။ ဩစေၾတးလ် မိုးေလဝသဌာနကေတာ့ လာမည့္သီတင္းပတ္ အတြင္း ႏိုင္ငံအေရွ႕ဖက္ ကမ္း႐ိုးတန္းတြင္ မိုးေရခ်ိန္ ၁၀၀ မီလီမီတာ (၄ လက္မ) အထိ ႐ြာသြန္းႏိုင္တယ္ ခန႔္မွန္း ထားသလို တျခားေနရာေတြလည္း မိုး႐ြာသြန္းႏိုင္တယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။ ဒါဟာ ေတာမီးေၾကာင့္ အတိ ဒုကၡေရာက္ေနသူေတြအတြက္ ဝမ္းသာစရာျဖစ္ေပမယ့္ တျခားဘက္မွာေတာ့ အႏၲရာယ္ကရွိပါေသးတယ္။ဒါက ေျမၿပိဳမႈပါ။ မီးေလာင္မႈေၾကာင့္ ပ်က္စီးထားတဲ့ ေနရာေတြမွာ သစ္ပင္ဝါးပင္ေတြ မရွိေတာ့လို႔ မိုးသည္းထန္စြာ ႐ြာတဲ့အခါေျမၿပိဳတာေတြလည္း ျဖစ္လာႏိုင္တဲ့ ေဘးပါ။ သဘာ၀ေဘးက လာရင္တစ္ခုတည္းမလာပါဘူးဆိုတာ ဩစေၾတးလွ်ေတာမီးကျပေနပါတယ္။

ဩစေၾတးလွ်မွာ ေတာမီးေၾကာင့္ ျပႆနာတက္ေနခ်ိန္မွာ အာဖရိကတိုက္က အင္ဂိုလာႏိုင္ငံမွာ မိုးသည္း ထန္ၿပီး ေရႀကီးေရလႊမ္းမႈမ်ားေၾကာင့္ ျပည္နယ္ ၁၈ ျပည္နယ္အနက္ ၁၂ ျပည္နယ္မွာ ေရႀကီးေရလႊမ္းမႈေတြ ျဖစ္ ခဲ့ပါတယ္။ ေရႀကီးမႈေၾကာင့္ အင္ဂိုလာႏိုင္ငံႏိုင္ငံတစ္ဝန္းေသဆုံးသူ ၄၁ ဦးထိ ရွိလာခဲ့ပါတယ္။ ဒီႏိုင္ငံမွာလည္း မိုးေခါင္ေနရာကေန မိုးသည္းထန္စြာ႐ြာၿပီး ေရႀကီးမႈေတြျဖစ္ခဲ့တာပါ။

ဖိလစ္ပိုင္မွာေတာ့ ၁၉၇၇ ခုႏွစ္က ေနာက္ဆုံးေပါက္ကြဲခဲ့တဲ့ တာလ္မီးေတာင္ ဇန္နဝါရီ ၁၂ ရက္က စၿပီး ျပန္လႈပ္ရွားလာတဲ့ အတြက္ သတိထားေနၾကပါတယ္။ ပင္နာဘူတိုလို႔ ဆိုးဝါးတဲ့ ေပါက္ကြဲမႈေတြ ျဖစ္တတ္တဲ့ ဖိလစ္ပိုင္ႏိုင္ငံအဖို႔ တာလ္မီးေတာင္ စတင္ၿပီးလႈပ္ရွားလာကတည္းက ေဒသခံေတြကို ေ႐ြ႕ေျပာင္းေပးေနသလို မီးေတာင္ေပါက္ကြဲရင္ ဆူနာမီျဖစ္လာႏိုင္ေျခေတါေၾကာင့္ ႀကိဳတင္ျပင္ဆင္မႈေတြကို လုပ္ေနရပါတယ္။ဒါဟာ မလာေသးတဲ့ သဘာ၀ေဘးကို ႀကိဳတင္ျပင္ဆင္မႈနဲ႔ အႏိုင္ယူဖို႔ ႀကိဳးစာေနတာျဖစ္လို႔ တစ္ကယ္ျဖစ္လာရင္ ဘယ္ေလာက္ထိ ထိေရာက္စြာကာကြယ္ႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ေတာမီးေတြ၊ ေရႀကီးတာေတြနဲ႔ ကမာၻတစ္ဝန္း ျဖစ္ေနခ်ိန္မွာေတာ့ အိမ္နီးခ်င္းထိုင္းမွာ ေသာက္သုံးေရ ဒုကၡစေတြ႕ေနပါတယ္။ထိုင္း ျပည္နယ္ ၁၄ ခုမွာ မိုးေခါင္ေရရွားမႈ ႀကဳံေတြ႕ေနလို႔ ေခ်ာင္ဖရား ျမစ္အလယ္ပိုင္း ေဒသတစ္ေလွ်ာက္ ေရမ်က္ႏွာျပင္နိမ့္က်ကာ ပင္လယ္ေရမ်က္ႏွာျပင္ျမင့္ တက္လာတာေတြေၾကာင့္  ဘန္ ေကာက္ ရွိ ေခ်ာင္ဖရား ျမစ္ထဲ ပင္လယ္ေရေတြ ဝင္လာတဲ့ ဝင္ေရာက္လာတာကို ႀကဳံေနရပါတယ္။ ဘယ္ေလာက္ ထိ အေျခအေနျဖစ္ေနလဲဆိုရင္ ဘန္ေကာက္ၿမိဳ႕ကို ေရေပး၀ေနတဲ့ ပိုက္ထဲကေရမွာေတာင္ ဆားဓာတ္မ်ား လာတာ ကို ႀကဳံေနရပါတယ္။ ဒီအတြက္ ထိုင္းအာဏာပိုင္ေတြ ေရရွည္အတြက္ ေခါင္းခဲေနၾကပါၿပီ။

ရာသီဥတုက ဒီလို ကေျပာင္းကျပန္ေတြ ျဖစ္သလို ျဖစ္ေနတဲ့ အတြက္လည္း ကမာၻေျမက ေပ်ာက္ကြယ္ ေလာက္ၿပီလို႔ ထင္ရတဲ့ ေရာဂါေတြက မ်ိဳးကြဲေတြနဲ႔ ျပန္လည္ ေပၚထြက္လာခဲ့ပါတယ္။ ဒီဘက္ႏွစ္ပိုင္းမွာ အာဖရိ က မွာ အီဘိုလာနဲ႔ အာရွမွာ ဆားစ္ေရာဂါေတြက ထင္ရွားပါတယ္။ယခုလည္း တ႐ုတ္ႏိုင္ငံအလယ္ပိုင္းမွာ ျဖစ္ေန တဲ့ အဖ်ားေရာဂါျဖစ္ေနျပန္ပါၿပီ။ လူရာေပါင္းမ်ားစြာ ေသဆုံးေစခဲ့သည့္ SARS ေရာဂါ ျဖစ္ေစခဲ့တဲ့ ဗိုင္းရပ္စ္ပိုး မ်ိဳး စိတ္ဝင္ ပိုးသစ္တစ္မ်ိဳးေၾကာင့္ လူဦးေရ ၁၁ သန္းခန႔္ေနထိုင္တဲ့ ဝူဟန္ၿမိဳ႕တြင္ ျပင္းထန္အဆုတ္ေရာင္ ေရာဂါကူး စက္မႈမ်ား ျဖစ္ပြားေနလို႔ တာဝန္ရွိသူေတြက ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနရပါတယ္။ဒီအတြက္ ေဒသတြင္းႏိုင္ငံေတြ ကလည္း တ႐ုတ္ကဝင္လာတဲ့ ခရီးသြားတိုင္းကို ေသခ်ာစစ္ေဆးေနရပါတယ္။

အာရွရဲ႕ကမာၻ႔တစ္ဖက္ျခမ္း အေမရိကတိုက္ရွိ အေမရိကန္ျပည္ေထာင္စုမွာေတာ့  ယခုရက္သတၱပတ္ အ တြင္း အားျပင္းတဲ့ေလျပင္းမုန္တိုင္းမ်ား ဝင္ေရာက္တိုက္ခတ္ခဲ့လို႔  အနည္းဆုံး လူ ၁၁ ဦး ေသဆုံးခဲ့ပါတယ္။ ပူအာ တိုရီကိုမွာ  ေျမငလ်င္မ်ား လႈပ္ခတ္မႈေၾကာင့္ လူ အနည္းဆုံး တစ္ဦးေသဆုံးကာ အေဆာက္အအုံမ်ား ၿပိဳက်ခဲ့ပါ တဲ့အတြက္ သဘာ၀ေဘးက ပိုၿပီးအားေကာင္းေနတာကို ဆက္ျမင္ရဖို႔ရွိေနလားဆိုတာ ေစာင့္ၾကည့္ရဦး မွာျဖစ္ပါတယ္။

အာရွစစ္ေရးႏွင့္ ပဋိပကၡမ်ား

အေရွ႕အလယ္ပိုင္းမွာ စစ္ေရးတင္းမာမႈေတြ ျဖစ္ေနသလို အာရွတစ္ဝန္း စစ္ေရးတည္ေဆာက္မႈေတြကို ျမင္လာရပါတယ္။ အေမရိကန္အစိုးရက ယခုရက္သတၱပတ္ထဲမွာဘဲ ကန္ေဒၚလာ ၂ ဒသမ ၇၅ ဘီလ်ံဖိုးရွိတဲ့ ေနာက္ဆုံးေပၚ အဆင္ျမင့္ဆုံး F-35 တိုက္ေလယာဥ္ ၁၂ စင္းကို စင္ကာပူထံ ေရာင္းခ်ဖို႔ အတည္ျပဳခဲ့ပါတယ္။

စင္ကာပူကို အေမရိကန္က ေနာက္ဆုံးေပၚ တိုက္ေလယာဥ္ကို ေရာင္းခ်ေနစဥ္မွာဘဲ ေတာင္တ႐ုတ္ပင္ လယ္ အတြင္းမွာ တ႐ုတ္ႏွင့္ အင္ဒိုနီးရွားအၾကား ျပႆနာတက္ေနပါတယ္။ေတာင္တ႐ုတ္ပင္လယ္မွာ  အျငင္း ပြားေနတဲ့ ပိုင္နက္ထဲ တ႐ုတ္ပိုင္ေရယာဥ္ေတြဝင္လာလို႔ တ႐ုတ္ႏွင့္ အင္ဒိုနီးရွားႏိုင္ငံအၾကား သံတမန္ဆက္ဆံ ေရး ကေတာက္ကဆတ္ျဖစ္လာၿပီးေနာက္ပိုင္း အဆိုပါေရပိုက္နက္အနီး အင္ဒိုနီးရွားက တိုက္ေလယာဥ္မ်ားႏွင့္ စစ္သေဘၤာေတြကို ကင္းလွည့္ရန္ တပ္ျဖန႔္ခ်ထားခဲ့ပါတယ္။

ထိုင္းမွာေတာ့ မာရသြန္အေျပးပြဲကို အတိုက္အခံေတြက အသုံးခ်ၿပီး လက္ရွိဝန္ႀကီးခ်ဳပ္ကို ႏူတ္ထြက္ေပး ဖို႔ ဆႏၵျပခဲ့ၾကပါတယ္။ အေျပးပြဲပါဝင္သူေတြက  အာဏာရွင္အစိုးရဆန႔္က်င္ေရး ေႂကြးေၾကာ္သံမ်ား ေအာ္ ဟစ္ျခင္း၊ Hunger Games ႐ုပ္ရွင္ထဲက  လက္ေခ်ာင္းသုံးေခ်ာင္ေထာင္ အေလးျပဳျခင္း တို႔ျပဳလုပ္ကာ ဆႏၵျပခဲ့ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ကိစၥကေတာ့ အခုထိ ရွင္းလို႔မၿပီးေသးပါဘူး။ ဒီလိုစစ္မက္ျဖစ္ႏိုင္တဲ့ အေျခအေန ေတြေၾကာင့္  တင္းမာမႈေတြ  ရွိေနတဲ့ အတြက္ ဘယ္လိုေျပလည္ေအာင္ ညႇိဳႏိုင္းမလဲဆိုတာ ဆက္ေစာင္ၾကည့္ရဦး မွာ ပါ။ အာဖရိကမွာေတာ့ ႏိုင္ဂ်ာႏိုင္ငံက စစ္တပ္အေျခစိုက္စခန္းတစ္ခုကို ဇန္နဝါရီ ၉ ရက္လက္နက္ကိုင္ အဖြဲ႕တစ္ခုက တိုက္ခိုက္ခဲ့မႈေၾကာင့္ စစ္သား ၂၅ ဦး က်ဆုံးခဲ့ပါတယ္။အျပန္အလွန္ပစ္ခတ္မႈမွာ အၾကမ္းဖက္ သမား ၆၃ ဦးကိုပါ ရွင္းလင္းခဲ့ၾကပါတယ္။ တူရကီတပ္ေတြ ဝင္ေနတဲ့ လစ္ဗ်ားမွာေတာ့ တူရကီ သမၼတႏွင့္ ႐ုရွားသမၼတ၏ တိုက္ တြန္းခ်က္ေၾကာင့္ တပ္မႉး ခါလီဖာဟာဖ တာအေပၚ သစၥာခံ ေသာ လစ္ဗ်ားတပ္ဖြဲ႕ေတြက အပစ္ရပ္စဲေၾကာင္းေၾကညာခဲ့ပါတယ္။

ယခုရက္သတၱပတ္ျဖစ္ခဲ့တာေတြက အမ်ားႀကီးပါဘဲ။ ဘာေတြဆက္ျဖစ္ဦးမလဲ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

မင္းထက္
ဇန္န၀ါရီ - ၁၃