【 တစ်ပတ်အတွင်း နိုင်ငံတကာ သတင်းသုံးသပ်ချက် 】 ကိုလံဘိုမှာ ကမ္ဘာပျက်တဲ့နေ့

【 တစ်ပတ်အတွင်း နိုင်ငံတကာ သတင်းသုံးသပ်ချက် 】 ကိုလံဘိုမှာ ကမ္ဘာပျက်တဲ့နေ့

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေထဲ သတိထားမိစရာဖြစ်ခဲ့တာက သီရိလင်္ကာမှာဖြစ်တဲ့ ဗုံးဆက်တိုက်ပေါက်ကွဲမှု သတင်းနဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့က နော်တာဒိန်း ဘုရားရှိခိုးကျောင်း မီးလောင်တဲ့ သတင်းတွေပါဘဲ။သတင်းကောင်းတွေ မဟုတ်တဲ့ ဒီသတင်းတွေနဲ့အပြိုင် ဘင်္ဂလားဒေ့ရှ့်မှာ ကျောင်းသူတစ်ဦး မီးရှို့သတ်ဖြတ်ခံရတဲ့ သတင်းကလည်း သတင်းဖတ်သူအများစုစိတ်ကို ထိခိုက်စေခဲ့ပါတယ်။

ဒီသတင်းတွေက ယခုရက်သတ္တပတ်အတွင်း ထိပ်တန်းသတင်းတွေဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်ရှိ အာဂွန်းမီးတောင် ဧပြီ ၂၁ ရက်က ပေါက်ကွဲခဲ့တဲ့ သတင်း၊ နှစ်သန်းပေါင်း ၂၂၀ ခန့်ရှိပြီဟု ယူဆရသည့် ဒိုင်နိုဆောရုပ်ကြွင်းများကို သိပ္ပံပညာရှင်များက အာဂျင်တီးနားနိုင်ငံ အနောက်ပိုင်းမှာ တူးဖော်တွေ့ရှိခဲ့တဲ့ သတင်း၊ ထိုင်ဝမ်မှာ အင်အား ၆ ဒသမ ၁ ရှိသော ငလျင်တစ်ခု လှုပ်ခတ်လို့ လူ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ စွမ်းအားပြင်း ထိပ်ဖူးတပ်ဆင်ထားတဲ့ မဟာဗျူဟာမြောက် လက်နက်သစ် စမ်းသပ်ပစ်ခတ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း ကြီးကြပ်ကွပ်ကဲခဲ့တဲ့ သတင်း၊ ကိုရီးယားကျွန်းဆွယ် ဒေသတွင်း နျူကလီးယားလက်နက် ကင်းစင်ပပျောက်ရေးအတွက် ရုရှားအစိုးရက ကြိုးပမ်းလုပ်ဆောင်မယ်လို့ ပြောလိုက်တဲ့ သတင်းတွေထဲ ထူးခြားစွာအာရုံစိုက်ခံရတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

မီးသင့်သွားတဲ့ နော်တာဒိန်း

ကမ္ဘာ့ရာဇဝင်ထဲမှာပါ ထင်ရှားတဲ့ ပြင်သစ်နိုင်ငံ နော်တာဒိန်း ဘုရားရှိခိုးကျောင်းကို ပြန်လည်ပြင်ဆင်မှုများ လုပ်နေစဉ်မှာ မီးလောင်ခဲ့တဲ့အတွက် သက်တမ်း နှစ် ၈၅၀ ရှိတဲ့ ဘုရားကျောင်း ပျက်စီးခဲ့ပါတယ်။ဧပြီ ၁၅ ရက်မှာ လောင်ခဲ့တဲ့မီးကြောင့် ကမ္ဘာအနှံ့ ရှေးဟောင်းလက်ရာ မြတ်နိုးတဲ့သူတွေကြား အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။

တစ်နာရီကြာ လောင်ကျွမ်းတဲ့ ဒီမီးလောင်မှုကြီးမှာ ဘုရားကျောင်းရဲ့ ခေါင်ချွန်းဟာ မြေပေါ်ပြိုကျ ပျက်စီးခဲ့ပြီး မီးသတ်သမား ၄၀ဝ နီးပါးနဲ့ မီးကို ကြိုးစားငြှိမ်းသတ်လို့ သမိုင်းဝင်ဘုရားကျောင်းကြီးတစ်ခုလုံး မဆုံးရှုံးရအောင် ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။

အီစတာပွဲတော် ကျင်းပဖို့ ဘုရားကျောင်းကြီး ပြန်လည်မွမ်းမံပြင်ဆင်ရေးကို တက်သုတ်ရိုက် ဆောင်ရွက်နေချိန် ယခုလို မီးလောင်တာဖြစ်ပြီး ဒီလိုဆောင်ရွက်ရာကနေ မီးလောင်တာဖြစ်နိုင်တယ်လို့ မီးသတ်ဌာနက ပြောခဲ့ပါတယ်။ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်မျိုးစုံ ထွက်ခဲ့သလို ဝေဖန်မှုများစွာလည်း ရှိခဲ့ပါတယ်။နော်တာဒိန်း ဘုရားရှိခိုးကျောင်းကို ပြန်လည်ပြုပြင်နေတဲ့ ကုမ္ပဏီငါးခုက ဝန်ထမ်းတွေကိုလည်း စတင်မီးလောင်ရတဲ့ အကြောင်းအရင်းကိုသိဖို့ စုံစမ်းစစ်ဆေးသူ ၅၀ ခန့်က မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပြီး နာရီပိုင်းမှာပဲ အလယ်ခေတ် နော်တာဒမ် ဘုရားရှိခိုးကျောင်းအတွက် ရုပ်ရှင်မင်းသမီး ဆာမာဟဲလ် ရဲ့ ခင်ပွန်း ဘီလျံနာသူဌေးကြီးက ယူရို သန်း ၁၀ဝ လှူဒါန်းဖို့ ကတိပြုခဲ့ပါတယ်။ပြင်သစ်သမ္မတ မက်ခရွန် က ဘုရားကျောင်းကြီး ပြန်လည်ပြုပြင်ဖို့အတွက် နိုင်ငံတော်အဆင့် ရန်ပုံငွေကောက်ယူမှု လုပ်ဆောင်မယ်လို့ ပြောဆိုပြီး ပျက်စီးသွားသော သက်တမ်း နှစ် ၈၅၀ ရှိသည့် အဆိုပါဘုရားကျောင်းကြီးကို ယခင်ကထက် လှပအောင် ငါးနှစ်အတွင်း အပြီးတည်ဆောက်မည်လို့ ပြောခဲ့ပါတယ်။အဆိုပါဘုရားရှိခိုးကျောင်း ပြင်ဆင်ဖို့ အလှူခံရာမှာ ရက်သတ္တပတ် တစ်ပတ်မပြည့်မီမှာဘဲ ယူရိုတစ်ဘီလျံထိ ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။

ဒီလိုသတင်းတွေက သားသမီး ၁၂ ဦးကို သော့ခတ်ဖမ်းဆီးကာ နှိပ်စက်ညှင်းပန်းသည့် မိဘနှစ်ဦးကို လော့စ်အိန်ဂျယ်လိ့စ် တရားရုံးက ထောင်ဒဏ်၂၅ နှစ် ချမှတ်ခဲ့တဲ့ သတင်း၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီရှိ အိုင်ဂစ်တီနာဂူရာရိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မီးလောင်မှုဖြစ်ပွားလို့ ခရီးသည်တွေကို ဘေးလွတ်ရာ အလျင်အမြန် ရွှေ့ပြောင်းခဲ့ရတဲ့ သတင်း၊ မက္ကဆီကိုနိုင်ငံ အနောက်မြောက်ပိုင်း ဆီနာလိုအာပြည်နယ်မှာ ဆေးခြောက် ၄၂၉ ကီလိုဂရမ် တင်ဆောင်ထားတဲ့ စွန့်ပစ်လေယာဉ်ငယ်တစ်စင်းကို မက္ကဆီကို အာဏာပိုင်များက သိမ်းဆည်းရမိခဲ့တဲ့ သတင်း၊ ထိုင်းကမ်းရိုးတန်းမှ ကီလိုမီတာ ၂၂၀ အကွာ ပင်လယ်ထဲ မျောပါရင်း ခြေကုန်လက်ပန်းကျနေတဲ့ ခွေးလေးကို ရေနံတူးစင်က အလုပ်သမားတစ်ဦးက ကယ်တင်ခဲ့တဲ့ သတင်း၊ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဆေးခြောက်ပွဲတော်ကို လေးရက်ကြာ ကျင်းပခဲ့တဲ့ သတင်း၊ မြောက်အိုင်ယာလန်က လန်ဒန်ဒါရီမြို့မှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းတစ်ရပ်အတွင်း အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရတဲ့ သတင်း၊ ပေါ်တူဂီနိုင်ငံ မာဒီရာကျွန်းရှိ တောင်ကုန်းထူထပ်သော မော်တော်ကားလမ်း တစ်နေရာမှာ ကမ္ဘာလှည့် ခရီးသည်တင်ဘတ်စ်ကားတစ်စီး လမ်းချော်တိမ်းမှောက်လို့ ဂျာမန်ခရီးသည် ၂၉ ဦး သေဆုံးခဲ့တဲ့ သတင်းတွေထဲ ပြင်သစ်က ဘုရားကျောင်း မီးလောင်တဲ့ သတင်းက ထူးထူးခြားခြား စောင့်ကြည့်ရတဲ့ သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

လူရာကျော်သေကာ ကိုလံဘိုသားတွေ ကမ္ဘာပျက်တဲ့နေ့

ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ယေရှုခရစ် ပြန်လည်ရှင်သန်ထမြောက်တဲ့ အီစတာပွဲတော်ကာလဖြစ်တဲ့ ဧပြီ ၂၁ ရက်မှာ တစ်ကမ္ဘာလုံးက ခရစ်ယာန်ဘာသာဝင်တွေ ဆင်နွှဲနေချိန်မှာ သီရိလင်္ကာက ခရစ်ယာန်ဘာသာဝင်တွေကတော့ သွေးချောင်းစီးခဲ့လို့ ကမ္ဘာပျက်မတတ် ဖြစ်ခဲ့ပါတယ်။

အာဖရိကမှာရှိတဲ့ တောင်အာဖရိကမှာ ဘုရားကျောင်းမျက်နှာစာ ပြိုကျလို့ လူအသေအပျောက်ရှိနေချိန်မှာ သီရိလင်္ကာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၃ ခုကို ပစ်မှတ်ထားဗုံးခွဲခဲ့လို့ လူရာချီသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ရာနဲ့ချီပြီး ရှိခဲ့ပါတယ်။ဒါဟာ ၂၀ဝ၉ ခုနှစ် ပြည်တွင်းစစ်ပြီးနောက်ပိုင်း နိုင်ငံမှာ ပေါ်ပေါက်လာခဲ့တဲ့ လူအသေအပျောက် အများဆုံးသော အကြမ်းဖက်မှုလည်း ဖြစ်လာခဲ့ပါတယ်။

ဆက်တိုက်ဖြစ်ခဲ့တဲ့ ဗုံးကွဲမှုတွေထဲမှာ မြို့တော် ကိုလံဘိုရှိ ShangriLa, Cinnamon Grand နှင့် Kingsbury ဟိုတယ်များနဲ့ ကော့ချ် ချီကာဒီ၊ နီဂွမ်ဘိုနှင့် ဘတ်တီကာလိုအာ ဧရိယာရှိ ဘုရားရှိခိုးကျောင်း သုံးကျောင်းတို့ ပါဝင်ခဲ့ပါတယ်။သေဆုံးမှု အများဆုံးက ဘုရားရှိခိုးကျောင်းတွေပါ။နီဂွမ်ဘိုရှိ စိန့်ဆီဘက်ရှန် ဘုရားရှိခိုးကျောင်း ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၆၇ ဦး သေဆုံးပြီး ဘတ်တီကာလိုအာမှာ အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့ပါတယ်။

ဘာသာရေးပဋိပက္ခ ပြင်းထန်ခဲ့ဘူးတဲ့ သီရိလင်္ကာမှာ အစောပိုင်းကတည်းက အရှေ့အလယ်ပိုင်းက ပြန်လာသော အိုင်အက်စ်အဖွဲ့ တိုက်ခိုက်ရေးသမားတွေက တိုက်ခိုက်ဖို့ရှိတယ်ဆိုပြီး အသံတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ယင်းပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် သီရိလင်္ကာအစိုးရက ချက်ချင်း အကျုံးဝင်သက်ရောက်မယ့် နေဝင်မီးငြိမ်းအမိန့်ကို ထုတ်ပြန်ခဲ့ပြီး သတင်းတုများနှင့် ကောလာဟလများကို ကာကွယ်ရန် ဖေ့စ်ဘွတ်ခ်နှင့် Whats APP အပါအဝင် အဓိကလူမှုမီဒီယာ ကွန်ရက်များနှင့် မက်ဆေ့ချ်ပေးပို့သည့် အပလီကေးရှင်းများကို ပိတ်ပင်ခဲ့ပါတယ်။

နောက်ဆုံးသတင်းတွေအရ ဗုံးရှစ်လုံး ပေါက်ကွဲခဲ့ကာ လူ ၂၉၀ အထိ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေကြောင့် ဒဏ်ရာရရှိသူ ၅၀ဝ ကျော်အထိ ရှိနေပြီး သေဆုံးသွားသူတွေထဲမှာ နိုင်ငံခြားသား ၃၅ ခန့် ပါဝင်နေခဲ့ပါတယ်။အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူ ၂၄ ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။အဆိုပါ သီရိလင်္ကာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီး အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက ရှုတ်ချပြစ်တင်ခဲ့ကြပါတယ်။

ဒီပေါက်ကွဲမှုလက်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသလို ဘယ်အဖွဲ့အစည်းမှလည်း သူတို့လက်ချက်ပါဆိုပြီး ဝန်မခံထားပါဘူး။ပြီးခဲ့တဲ့ ဆယ်ရက်လောက်တုန်းက နိုင်ငံမှာ လူသိများတဲ့ ဘုရားကျောင်းတွေကို NTJ (National Thowheeth Jama’ath) အဖွဲ့က ပစ်မှတ်ထားပြီး အသေခံဗုံးခွဲ တိုက်ခိုက်လာနိုင်တယ်လို့ သီရိလင်္ကာ ရဲမှူးချုပ်က သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားခဲ့တာရှိပါတယ်။NTJ (National Thowheeth Jama’ath) အဖွဲ့မှာ ၂၀၁၈ ခုနှစ်က ဗုဒ္ဓဆင်းတုတော်တွေ ဖျက်စီးခံရမှုနဲ့ ဆက်နွယ်နေတဲ့ သီရိလင်္ကာမှာ အခြေစိုက်တဲ့ အစွန်းရောက် မွတ်ဆလင်အုပ်စုတစ်ခု ဖြစ်ပါတယ်။

ဘာသာရေးပွဲတော်မှာ အကာအကွယ်မဲ့နေတဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်က အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်သလို မလုပ်သင့်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ဘာသာရေးပဋိပက္ခ ပြင်းထန်တဲ့ သီရိလင်္ကာမှာ ယခုလိုဖြစ်ရပ်တွေကြောင့် တစ်ဖန်ပြန်ပြီး ဘာသာရေးပဋိပက္ခ ဖြစ်လာနိုင်တာတွေ၊ လက်စားချေတာတွေ ဖြစ်လာနိုင်ခြေ များနေပါတယ်။ဒါကို အဏာပိုင်တွေအနေနဲ့ ဘယ်လိုထိန်းချုပ်မလဲဆိုတာ၊ ဒီဆက်တိုက်ဗုံးခွဲမှုကို ဘယ်အဖွဲ့က ဘယ်သူက စီစဉ်တာလည်း ဆိုတာကို ဖော်ထုတ်နိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ် စိတ်ဝင်စားစရာဖြစ်ခဲ့တဲ့ ဆော်ဒီ ဦးဆောင်ပြီး ယီမင်ကို တိုက်ခိုက်ရာမှာ အမေရိကန်ရဲ့ ကူညီပေးမှုကို အဆုံးသတ်ဖို့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို သမ္မတ ထရမ့် က ဗီတိုအာဏာဖြင့် ပယ်ချခဲ့တဲ့ သတင်း၊ ဘာကီနာဖာဆို နယ်စပ်အနီးရှိ မာလီမြို့လယ်မှာ ဧပြီ ၂၀ ရက် နံနက်ပိုင်းက ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေး ယာဉ်တန်းတစ်ခု ဗုံးခွဲတိုက်ခိုက်ခံရလို့ တပ်သားတစ်ဦး သေဆုံးခဲ့တဲ့ သတင်း၊ ဆူဒန် အာဏာသိမ်း စစ်ကောင်စီနှင့် ဆန္ဒပြခေါင်းဆောင်တွေ ဆူဒန် အာဏာလွှဲပြောင်းရေးအတွက် ဧပြီ ၂၀ ရက်က ဆွေးနွေးခဲ့တဲ့ သတင်း၊ အာဖဂန်မြို့တော် ကဘူးလ်ရှိ ဆက်သွယ်ရေးဝန်ကြီးဌာနရုံးကို တာလီဘန်တွေ ဝင်တိုက်လို့ အာဖဂန်ရဲတပ်ဖွဲ့ အပါအဝင် ဆယ်နှစ်ဦး သေဆုံးခဲ့တဲ့ သတင်း၊ မက္ကဆီကိုမှာ ပါတီပွဲတစ်ခုကို အကြမ်းဖက်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ ကလေးငယ်တစ်ဦး အပါအဝင် ၁၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရှိခဲ့တဲ့ သတင်း၊ လစ်ဗျားစစ်ခေါင်းဆောင် ဟက်ဖ်တာထံ သမ္မတ ဒေါ်နယ်လ်ထရမ့် ဖုန်းဆက်ကာ လစ်ဗျားထိုးစစ်တွေအကြောင်း ဆွေးနွေးခဲ့တဲ့ သတင်း၊ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေက ဂါဇာနီပြည်နယ်အတွင်း ထိုးစစ်ဆင်နွှဲရာမှာ တာလီဘန်စစ်သွေးကြွ ၂၁ ဦးကို သုတ်သင်နိုင်ခဲ့တဲ့ သတင်း၊ အိုင်အက်စ် အကြမ်းဖက်သမားများကို နှိမ်နင်းခဲ့သည့် ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ဝင် ကိုယ်စားလှယ်များကို ပြင်သစ်သမ္မတက လက်ခံတွေ့ဆုံခဲ့တဲ့ သတင်း၊ အီဂျစ်မှာ သမ္မတနဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့တဲ့ သတင်းတွေထဲ အများစုစောင့်ကြည့်ခဲ့ရတဲ့ သတင်းဖြစ်ခဲ့ပါတယ်။

လိင်ခွဲခြားမှုပြင်းထန်လာတဲ့ အစ္စလာမ်ကမ္ဘာ

ဒီတစ်ပတ် နိုင်ငံတကာသတင်းတွေထဲ စိတ်မကောင်းအဖြစ်ရဆုံး သတင်းက ဘင်္ဂလားဒေ့ရှ်မှာဖြစ်ခဲ့တဲ့ သတင်းတစ်ပုဒ်ပါဘဲ။ဒါက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရလို့ ရဲစခန်းကိုတိုင်တဲ့ ကျောင်းသူကို မသေမချင်း မီးရှို့သတ်ခဲ့တဲ့ အဖြစ်ပါ။

ဒီဖြစ်ရပ်က ဧပြီလဆန်းပိုင်းက ဖြစ်ခဲ့တာပါ။အသက် ၁၉ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်ကျောင်းသူ နူဆရတ် ဂျဟန်ရာဖီ ကို ဆရာဖြစ်သူက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်လို့ ရဲစခန်းမှာ ရာဖီ က မတ်လနှောင်းပိုင်းမှာ သွားရောက်တိုင်တန်းခဲ့တာပါ။တိုင်တန်းခံရသူကို စစ်ဆေးဖို့ ရဲတပ်ဖွဲ့တွေက နှောင့်နှေးခဲ့တာကြောင့် ဒီလိုတိုင်တန်းခံရသူက သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့တာပါ။ဒီနောက် ရာဖီ ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သူက ကျောင်း၏ခေါင်မိုးပေါ်သို့ ခေါ်ဆောင်ပြီး ရဲစခန်းတွင် အမှုဖွင့်ထားတာကို ပိတ်ပေးဖို့ တောင်းဆိုခဲ့ရာမှာ ရာဖီ က ငြင်းဆိုခဲ့တဲ့အတွက် ရာဖီ၏ အတန်းဖော်သုံးဦး အပါအဝင် လူ ၁၇ ဦးက ရာဖီ ကို ရေနံဆီလောင်းကာ မီးရှို့သတ်ခဲ့တာပါ။ဒီလိုမီးရှို့သတ်ဖြတ်မှုကြောင့် ရာဖီ ခန္ဓာကိုယ် ၈၀ ရာခိုင်နူန်း မီးလောင်ကာ ဧပြီ ၁၀ ရက်မှာ ဆေးရုံပေါ် သေဆုံးခဲ့ပါတယ်။
၎င်းမသေဆုံးမီ ဗီဒီယိုဖြင့် မှတ်တမ်းတင်ခဲ့ပြီး ယင်းဗီဒီယိုထဲမှာ ၎င်းကို တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့သူတွေရဲ့ အမည်ကို ထုတ်ပြောခဲ့ပြီး ဒီထဲမှာ ကျောင်းအုပ်ဆရာကို အကြိမ်ကြိမ်စွပ်စွဲခဲ့ပါတယ်။

ဒီဖြစ်ရပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း မခံမရပ်နိုင်ဖြစ်ကာ တောင်အာရှတစ်လွှား ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်လာပြီးနောက်မှာ အရေးယူဖမ်းဆီးမှုတွေ ဖြစ်လာခဲ့ပါတယ်။ဧပြီ ၁၉ ရက်မှာ မီးရှို့သတ်ရန် အမိန့်ပေးခဲ့တဲ့ ကျောင်းအုပ်ဆရာကြီး အပါအဝင် ရာဖီ အသတ်ခံရမှုနဲ့ ပတ်သက်တဲ့ လူ ၁၇ ဦးကို ရဲများက ဖမ်းဆီးခဲ့ပါတယ်။ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း ဒီကိစ္စမှာ ပါဝင်ခဲ့သူ အားလုံးကို တရားစွဲဆိုသွားမယ်လို့ ကတိပေး အာရုံစိုက်ခဲ့တဲ့အတွက် ဒီဖြစ်ရပ်က နိုင်ငံတကာထိ အာရုံစိုက်စရာ သတင်းဖြစ်ခဲ့ပါတယ်။ဒါဟာ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုမှုကို ပညာတတ်အလွှာမှာတောင် နိုင်ထက်စီးနင်းဖြစ်နေတာကို မကာကွယ်နိုင်တဲ့ တောင်အာရှက အဖြစ်အပျက်လေး တစ်ခုပါဘဲ။ဒီဖြစ်ရပ်ကနေ ဘင်္ဂလားဒေ့ရှ့်မှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး အနာဂတ်မှာ ပိုကောင်းလာဖွယ် ရှိ၊ မရှိ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ရှုံးသွားတဲ့ အင်ဒိုရွေးကောက်ပွဲ

အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရာဘိုဝူ ဆူဘီရန်တို နဲ့ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို တို့ အဓိကယှဉ်ပြိုင်ကြတဲ့ အင်ဒိုနီးရှားရွေးကောက်ပွဲက ဧပြီ ၁၇ ရက်က ပြီးခဲ့ပါပြီ။ရွေးကောက်ပွဲအဖြေကို လာမယ့် မေ ၂၂ ရက်အထိ ထုြတ်ပန်နိုင်ဖို့ မရှိသေးပေမယ့် ကနဦးမဲရေတွက်မှုတွေကို အခြေခံပြီး မဲအသာရမှုကို တွက်ဆတဲ့အခါ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို ဘက်က အသာရနေခဲ့ပါတယ်။

ကမ္ဘာမှာ အစ္စလာမ်ဘာသာဝင် ကိုးကွယ်မှုအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားမှာ ယခုကျင်းပတဲ့ ရွေးကောက်ပွဲက တစ်ရက်တည်းနဲ့ မဲပေးတဲ့ ပြည်သူတွေက ကိုယ်စားလှယ် ၅ နေရာကို ရွေးချယ်ရတဲ့အတွက် ကမ္ဘာက စိတ်ဝင်စားမှု ပိုခဲ့ပါတယ်။သမ္မတနေရာအတွက် ယှဉ်ပြိုင်ရာမှာ ပြီးခဲ့တဲ့ ၂၀၁၄ ရွေးကောက်ပွဲတုန်းက ပြိုင်ဘက်ဖြစ်သူ အင်ဒိုစစ်တပ် ကျောထောက်နောက်ခံရှိတဲ့ အာဏာရှင်ဟောင်း ဆူဟာတို ရဲ့ သမက် အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရာဘိုဝူ ဆူဘီရန်တို ကို အရပ်သားဘဝကနေ သမ္မတဖြစ်လာတဲ့ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပါတယ်။

အောက်တိုဘာလမှာ ကျမ်းသစ္စာကျိန်ဆိုပြီး လာမည့် ၂၀၂၄ ခုနှစ်အထိ ငါးနှစ်တာဝန် ထမ်းဆောင်ရမယ့် သမ္မတနေရာအတွက် ယှဉ်ပြိုင်ရာမှာ တရားဝင်မဟုတ်သော ကနဦးရလဒ် ထွက်ပေါ်မှုတွေမှာ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို က ထောက်ခံမဲအသာစီးရရှိခဲ့လို မဲဆွယ်စဉ် ဘာသာရေးနဲ့ယှဉ်ကာ မဲဆွယ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီရန်တို ကတော့ မဲစစ်တမ်းကောက်ယူသူတွေကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။သမ္မတနေရာအတွက် ရလဒ်တွေမထွက်ပေါ်ခင် ဆူဘီရန်တို ဟာ သူသာ အရှေ့တောင်အာရှ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့တာပါ။

နိုင်ငံတကာကတော့ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို ဆီကို အနိုင်ရတဲ့အတွက် ဝမ်းမြောက်ကြောင်း ဖုန်းဆက်ခဲ့ကြပါတယ်။ရှုပ်ထွေးဖွယ်ရှိတဲ့ အင်ဒိုရွေးကောက်ပွဲ ကျင်းပပြီးစီးနေပေမယ့် အာရှထုံးစံအတိုင်း လက်နက်ကိုင်တွေဘက်က ထောက်ခံမှုရထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝူ ဆူဘီရန်တို ဘက်က ထွက်လာတဲ့ အဖြေကို လက်ခံဖွယ်မမြင်ပါဘူး။တစ်ကယ်လို့ မဲရလဒ်ကြေညာတဲ့အခါ ဘာတွေဖြစ်လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ အမေရိကန်နယ်စပ်ရှိ ရွှေ့ပြောင်းနေထိုင်သူများအပေါ် ပြည်သူ့စစ်တွေရဲ့ ကြမ်းတမ်းတဲ့ အပြုအမူကြောင့် စိုးရိမ်မိတယ်လို့ မက္ကဆီကိုက ထုတ်ဖော်ပြောဆိုလိုက်တဲ့ သတင်း၊ ဗြိတိန်မှာ တံတားတစ်စင်းနှင့် အဓိကလမ်းဆုံတစ်ခုကို ပိတ်ဆို့ကာ ရာသီဥတုပြောင်းလဲမှုအပေါ် ဆန္ဒဖော်ထုတ်သူ ၃၀၀ နီးပါးကို ဖမ်းဆီးခဲ့တဲ့ သတင်း၊ အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ လာဖမ်းချိန်မှာ ပီရူးသမ္မတဟောင်း ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ သတင်း စတဲ့ သတင်းတွေနည်းတူ အင်ဒိုရွေးကောက်ပွဲ သတင်းက စိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
ဧပြီ - ၂၂

( Zawgyi )

ယခုတစ္ပတ္ ႏိုင္ငံတကာသတင္းေတြထဲ သတိထားမိစရာျဖစ္ခဲ့တာက သီရိလကၤာမွာျဖစ္တဲ့ ဗုံးဆက္တိုက္ေပါက္ကြဲမႈ သတင္းနဲ႔ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕က ေနာ္တာဒိန္း ဘုရားရွိခိုးေက်ာင္း မီးေလာင္တဲ့ သတင္းေတြပါဘဲ။သတင္းေကာင္းေတြ မဟုတ္တဲ့ ဒီသတင္းေတြနဲ႔အၿပိဳင္ ဘဂၤလားေဒ့ရွ႕္မွာ ေက်ာင္းသူတစ္ဦး မီးရႈိ႕သတ္ျဖတ္ခံရတဲ့ သတင္းကလည္း သတင္းဖတ္သူအမ်ားစုစိတ္ကို ထိခိုက္ေစခဲ့ပါတယ္။

ဒီသတင္းေတြက ယခုရက္သတၱပတ္အတြင္း ထိပ္တန္းသတင္းေတြျဖစ္တဲ့ အင္ဒိုနီးရွားႏိုင္ငံ ဘာလီကြၽန္းေပၚရွိ အာဂြန္းမီးေတာင္ ဧၿပီ ၂၁ ရက္က ေပါက္ကြဲခဲ့တဲ့ သတင္း၊ ႏွစ္သန္းေပါင္း ၂၂၀ ခန႔္ရွိၿပီဟု ယူဆရသည့္ ဒိုင္ႏိုေဆာ႐ုပ္ႂကြင္းမ်ားကို သိပၸံပညာရွင္မ်ားက အာဂ်င္တီးနားႏိုင္ငံ အေနာက္ပိုင္းမွာ တူးေဖာ္ေတြ႕ရွိခဲ့တဲ့ သတင္း၊ ထိုင္ဝမ္မွာ အင္အား ၆ ဒသမ ၁ ရွိေသာ ငလ်င္တစ္ခု လႈပ္ခတ္လို႔ လူ ၁၇ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ စြမ္းအားျပင္း ထိပ္ဖူးတပ္ဆင္ထားတဲ့ မဟာဗ်ဴဟာေျမာက္ လက္နက္သစ္ စမ္းသပ္ပစ္ခတ္မႈကို ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္း ႀကီးၾကပ္ကြပ္ကဲခဲ့တဲ့ သတင္း၊ ကိုရီးယားကြၽန္းဆြယ္ ေဒသတြင္း န်ဴကလီးယားလက္နက္ ကင္းစင္ပေပ်ာက္ေရးအတြက္ ႐ုရွားအစိုးရက ႀကိဳးပမ္းလုပ္ေဆာင္မယ္လို႔ ေျပာလိုက္တဲ့ သတင္းေတြထဲ ထူးျခားစြာအာ႐ုံစိုက္ခံရတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

မီးသင့္သြားတဲ့ ေနာ္တာဒိန္း

ကမာၻ႔ရာဇဝင္ထဲမွာပါ ထင္ရွားတဲ့ ျပင္သစ္ႏိုင္ငံ ေနာ္တာဒိန္း ဘုရားရွိခိုးေက်ာင္းကို ျပန္လည္ျပင္ဆင္မႈမ်ား လုပ္ေနစဥ္မွာ မီးေလာင္ခဲ့တဲ့အတြက္ သက္တမ္း ႏွစ္ ၈၅၀ ရွိတဲ့ ဘုရားေက်ာင္း ပ်က္စီးခဲ့ပါတယ္။ဧၿပီ ၁၅ ရက္မွာ ေလာင္ခဲ့တဲ့မီးေၾကာင့္ ကမာၻအႏွံ႔ ေရွးေဟာင္းလက္ရာ ျမတ္ႏိုးတဲ့သူေတြၾကား အစားထိုးလို႔မရတဲ့ ဆုံးရႈံးမႈျဖစ္ခဲ့ပါတယ္။

တစ္နာရီၾကာ ေလာင္ကြၽမ္းတဲ့ ဒီမီးေလာင္မႈႀကီးမွာ ဘုရားေက်ာင္းရဲ႕ ေခါင္ခြၽန္းဟာ ေျမေပၚၿပိဳက် ပ်က္စီးခဲ့ၿပီး မီးသတ္သမား ၄၀ဝ နီးပါးနဲ႔ မီးကို ႀကိဳးစားျငႇိမ္းသတ္လို႔ သမိုင္းဝင္ဘုရားေက်ာင္းႀကီးတစ္ခုလုံး မဆုံးရႈံးရေအာင္ ကယ္တင္လိုက္ႏိုင္ခဲ့ပါတယ္။

အီစတာပြဲေတာ္ က်င္းပဖို႔ ဘုရားေက်ာင္းႀကီး ျပန္လည္မြမ္းမံျပင္ဆင္ေရးကို တက္သုတ္႐ိုက္ ေဆာင္႐ြက္ေနခ်ိန္ ယခုလို မီးေလာင္တာျဖစ္ၿပီး ဒီလိုေဆာင္႐ြက္ရာကေန မီးေလာင္တာျဖစ္ႏိုင္တယ္လို႔ မီးသတ္ဌာနက ေျပာခဲ့ပါတယ္။ဒီမီးေလာင္မႈနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္မ်ိဳးစုံ ထြက္ခဲ့သလို ေဝဖန္မႈမ်ားစြာလည္း ရွိခဲ့ပါတယ္။ေနာ္တာဒိန္း ဘုရားရွိခိုးေက်ာင္းကို ျပန္လည္ျပဳျပင္ေနတဲ့ ကုမၸဏီငါးခုက ဝန္ထမ္းေတြကိုလည္း စတင္မီးေလာင္ရတဲ့ အေၾကာင္းအရင္းကိုသိဖို႔ စုံစမ္းစစ္ေဆးသူ ၅၀ ခန႔္က ေမးျမန္းမႈေတြ လုပ္ခဲ့ပါတယ္။

မီးေလာင္မႈျဖစ္ၿပီး နာရီပိုင္းမွာပဲ အလယ္ေခတ္ ေနာ္တာဒမ္ ဘုရားရွိခိုးေက်ာင္းအတြက္ ႐ုပ္ရွင္မင္းသမီး ဆာမာဟဲလ္ ရဲ႕ ခင္ပြန္း ဘီလ်ံနာသူေဌးႀကီးက ယူ႐ို သန္း ၁၀ဝ လႉဒါန္းဖို႔ ကတိျပဳခဲ့ပါတယ္။ျပင္သစ္သမၼတ မက္ခ႐ြန္ က ဘုရားေက်ာင္းႀကီး ျပန္လည္ျပဳျပင္ဖို႔အတြက္ ႏိုင္ငံေတာ္အဆင့္ ရန္ပုံေငြေကာက္ယူမႈ လုပ္ေဆာင္မယ္လို႔ ေျပာဆိုၿပီး ပ်က္စီးသြားေသာ သက္တမ္း ႏွစ္ ၈၅၀ ရွိသည့္ အဆိုပါဘုရားေက်ာင္းႀကီးကို ယခင္ကထက္ လွပေအာင္ ငါးႏွစ္အတြင္း အၿပီးတည္ေဆာက္မည္လို႔ ေျပာခဲ့ပါတယ္။အဆိုပါဘုရားရွိခိုးေက်ာင္း ျပင္ဆင္ဖို႔ အလႉခံရာမွာ ရက္သတၱပတ္ တစ္ပတ္မျပည့္မီမွာဘဲ ယူ႐ိုတစ္ဘီလ်ံထိ ထည့္ဝင္လႉဒါန္းခဲ့ၾကပါတယ္။

ဒီလိုသတင္းေတြက သားသမီး ၁၂ ဦးကို ေသာ့ခတ္ဖမ္းဆီးကာ ႏွိပ္စက္ညႇင္းပန္းသည့္ မိဘႏွစ္ဦးကို ေလာ့စ္အိန္ဂ်ယ္လိ့စ္ တရား႐ုံးက ေထာင္ဒဏ္၂၅ ႏွစ္ ခ်မွတ္ခဲ့တဲ့ သတင္း၊ အင္ဒိုနီးရွားႏိုင္ငံ ဘာလီရွိ အိုင္ဂစ္တီနာဂူရာ႐ိုင္ အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ မီးေလာင္မႈျဖစ္ပြားလို႔ ခရီးသည္ေတြကို ေဘးလြတ္ရာ အလ်င္အျမန္ ေ႐ႊ႕ေျပာင္းခဲ့ရတဲ့ သတင္း၊ မကၠဆီကိုႏိုင္ငံ အေနာက္ေျမာက္ပိုင္း ဆီနာလိုအာျပည္နယ္မွာ ေဆးေျခာက္ ၄၂၉ ကီလိုဂရမ္ တင္ေဆာင္ထားတဲ့ စြန႔္ပစ္ေလယာဥ္ငယ္တစ္စင္းကို မကၠဆီကို အာဏာပိုင္မ်ားက သိမ္းဆည္းရမိခဲ့တဲ့ သတင္း၊ ထိုင္းကမ္း႐ိုးတန္းမွ ကီလိုမီတာ ၂၂၀ အကြာ ပင္လယ္ထဲ ေမ်ာပါရင္း ေျခကုန္လက္ပန္းက်ေနတဲ့ ေခြးေလးကို ေရနံတူးစင္က အလုပ္သမားတစ္ဦးက ကယ္တင္ခဲ့တဲ့ သတင္း၊ ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွာ ေဆးေျခာက္ပြဲေတာ္ကို ေလးရက္ၾကာ က်င္းပခဲ့တဲ့ သတင္း၊ ေျမာက္အိုင္ယာလန္က လန္ဒန္ဒါရီၿမိဳ႕မွာ ျဖစ္ပြားတဲ့ အဓိက႐ုဏ္းတစ္ရပ္အတြင္း အမ်ိဳးသမီးတစ္ဦး ပစ္ခတ္ခံရတဲ့ သတင္း၊ ေပၚတူဂီႏိုင္ငံ မာဒီရာကြၽန္းရွိ ေတာင္ကုန္းထူထပ္ေသာ ေမာ္ေတာ္ကားလမ္း တစ္ေနရာမွာ ကမာၻလွည့္ ခရီးသည္တင္ဘတ္စ္ကားတစ္စီး လမ္းေခ်ာ္တိမ္းေမွာက္လို႔ ဂ်ာမန္ခရီးသည္ ၂၉ ဦး ေသဆုံးခဲ့တဲ့ သတင္းေတြထဲ ျပင္သစ္က ဘုရားေက်ာင္း မီးေလာင္တဲ့ သတင္းက ထူးထူးျခားျခား ေစာင့္ၾကည့္ရတဲ့ သတင္းတစ္ခု ျဖစ္ခဲ့ပါတယ္။

လူရာေက်ာ္ေသကာ ကိုလံဘိုသားေတြ ကမာၻပ်က္တဲ့ေန႔

ခရစ္ယာန္ဘာသာဝင္ေတြ အထြဋ္အျမတ္ထားတဲ့ ေယရႈခရစ္ ျပန္လည္ရွင္သန္ထေျမာက္တဲ့ အီစတာပြဲေတာ္ကာလျဖစ္တဲ့ ဧၿပီ ၂၁ ရက္မွာ တစ္ကမာၻလုံးက ခရစ္ယာန္ဘာသာဝင္ေတြ ဆင္ႏႊဲေနခ်ိန္မွာ သီရိလကၤာက ခရစ္ယာန္ဘာသာဝင္ေတြကေတာ့ ေသြးေခ်ာင္းစီးခဲ့လို႔ ကမာၻပ်က္မတတ္ ျဖစ္ခဲ့ပါတယ္။

အာဖရိကမွာရွိတဲ့ ေတာင္အာဖရိကမွာ ဘုရားေက်ာင္းမ်က္ႏွာစာ ၿပိဳက်လို႔ လူအေသအေပ်ာက္ရွိေနခ်ိန္မွာ သီရိလကၤာရွိ ခရစ္ယာန္ဘုရားရွိခိုးေက်ာင္း ၃ ခုကို ပစ္မွတ္ထားဗုံးခြဲခဲ့လို႔ လူရာခ်ီေသဆုံးကာ ထိခိုက္ဒဏ္ရာရသူ ရာနဲ႔ခ်ီၿပီး ရွိခဲ့ပါတယ္။ဒါဟာ ၂၀ဝ၉ ခုႏွစ္ ျပည္တြင္းစစ္ၿပီးေနာက္ပိုင္း ႏိုင္ငံမွာ ေပၚေပါက္လာခဲ့တဲ့ လူအေသအေပ်ာက္ အမ်ားဆုံးေသာ အၾကမ္းဖက္မႈလည္း ျဖစ္လာခဲ့ပါတယ္။

ဆက္တိုက္ျဖစ္ခဲ့တဲ့ ဗုံးကြဲမႈေတြထဲမွာ ၿမိဳ႕ေတာ္ ကိုလံဘိုရွိ ShangriLa, Cinnamon Grand ႏွင့္ Kingsbury ဟိုတယ္မ်ားနဲ႔ ေကာ့ခ်္ ခ်ီကာဒီ၊ နီဂြမ္ဘိုႏွင့္ ဘတ္တီကာလိုအာ ဧရိယာရွိ ဘုရားရွိခိုးေက်ာင္း သုံးေက်ာင္းတို႔ ပါဝင္ခဲ့ပါတယ္။ေသဆုံးမႈ အမ်ားဆုံးက ဘုရားရွိခိုးေက်ာင္းေတြပါ။နီဂြမ္ဘိုရွိ စိန႔္ဆီဘက္ရွန္ ဘုရားရွိခိုးေက်ာင္း ဆိုး႐ြားစြာ ထိခိုက္ပ်က္စီးခဲ့ၿပီး အနည္းဆုံး လူ ၆၇ ဦး ေသဆုံးၿပီး ဘတ္တီကာလိုအာမွာ အနည္းဆုံး လူ ၂၇ ဦး ေသဆုံးခဲ့ပါတယ္။

ဘာသာေရးပဋိပကၡ ျပင္းထန္ခဲ့ဘူးတဲ့ သီရိလကၤာမွာ အေစာပိုင္းကတည္းက အေရွ႕အလယ္ပိုင္းက ျပန္လာေသာ အိုင္အက္စ္အဖြဲ႕ တိုက္ခိုက္ေရးသမားေတြက တိုက္ခိုက္ဖို႔ရွိတယ္ဆိုၿပီး အသံေတြ ထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။ယင္းေပါက္ကြဲမႈမ်ား ျဖစ္ပြားၿပီးေနာက္ သီရိလကၤာအစိုးရက ခ်က္ခ်င္း အက်ဳံးဝင္သက္ေရာက္မယ့္ ေနဝင္မီးၿငိမ္းအမိန႔္ကို ထုတ္ျပန္ခဲ့ၿပီး သတင္းတုမ်ားႏွင့္ ေကာလာဟလမ်ားကို ကာကြယ္ရန္ ေဖ့စ္ဘြတ္ခ္ႏွင့္ Whats APP အပါအဝင္ အဓိကလူမႈမီဒီယာ ကြန္ရက္မ်ားႏွင့္ မက္ေဆ့ခ်္ေပးပို႔သည့္ အပလီေကးရွင္းမ်ားကို ပိတ္ပင္ခဲ့ပါတယ္။

ေနာက္ဆုံးသတင္းေတြအရ ဗုံးရွစ္လုံး ေပါက္ကြဲခဲ့ကာ လူ ၂၉၀ အထိ ေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ခဲ့ပါတယ္။ဗုံးေပါက္ကြဲမႈ ျဖစ္စဥ္ေတြေၾကာင့္ ဒဏ္ရာရရွိသူ ၅၀ဝ ေက်ာ္အထိ ရွိေနၿပီး ေသဆုံးသြားသူေတြထဲမွာ ႏိုင္ငံျခားသား ၃၅ ခန႔္ ပါဝင္ေနခဲ့ပါတယ္။အဆိုပါ ဗုံးခြဲတိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး လူ ၂၄ ဦးကို ရဲက ဖမ္းဆီးထိန္းသိမ္းခဲ့ကာ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ ထုတ္ျပန္ျခင္း မရွိခဲ့ပါဘူး။အဆိုပါ သီရိလကၤာ ဗုံးေပါက္ကြဲမႈနဲ႔ ပတ္သက္လို႔ ပုပ္ရဟန္းမင္းႀကီး အပါအဝင္ ကမာၻ႔ေခါင္းေဆာင္ေတြက ရႈတ္ခ်ျပစ္တင္ခဲ့ၾကပါတယ္။

ဒီေပါက္ကြဲမႈလက္သည္ကို ရွင္းရွင္းလင္းလင္း မသိရေသးသလို ဘယ္အဖြဲ႕အစည္းမွလည္း သူတို႔လက္ခ်က္ပါဆိုၿပီး ဝန္မခံထားပါဘူး။ၿပီးခဲ့တဲ့ ဆယ္ရက္ေလာက္တုန္းက ႏိုင္ငံမွာ လူသိမ်ားတဲ့ ဘုရားေက်ာင္းေတြကို NTJ (National Thowheeth Jama’ath) အဖြဲ႕က ပစ္မွတ္ထားၿပီး အေသခံဗုံးခြဲ တိုက္ခိုက္လာႏိုင္တယ္လို႔ သီရိလကၤာ ရဲမႉးခ်ဳပ္က သတိေပးခ်က္တစ္ရပ္ ထုတ္ျပန္ထားခဲ့တာရွိပါတယ္။NTJ (National Thowheeth Jama’ath) အဖြဲ႕မွာ ၂၀၁၈ ခုႏွစ္က ဗုဒၶဆင္းတုေတာ္ေတြ ဖ်က္စီးခံရမႈနဲ႔ ဆက္ႏြယ္ေနတဲ့ သီရိလကၤာမွာ အေျခစိုက္တဲ့ အစြန္းေရာက္ မြတ္ဆလင္အုပ္စုတစ္ခု ျဖစ္ပါတယ္။

ဘာသာေရးပြဲေတာ္မွာ အကာအကြယ္မဲ့ေနတဲ့ အရပ္သားေတြကို ပစ္မွတ္ထားတိုက္ခိုက္တဲ့ လုပ္ရပ္က ေအာက္တန္းက်တဲ့ လုပ္ရပ္ျဖစ္သလို မလုပ္သင့္တဲ့ ကိစၥလည္း ျဖစ္ပါတယ္။ဘာသာေရးပဋိပကၡ ျပင္းထန္တဲ့ သီရိလကၤာမွာ ယခုလိုျဖစ္ရပ္ေတြေၾကာင့္ တစ္ဖန္ျပန္ၿပီး ဘာသာေရးပဋိပကၡ ျဖစ္လာႏိုင္တာေတြ၊ လက္စားေခ်တာေတြ ျဖစ္လာႏိုင္ေျခ မ်ားေနပါတယ္။ဒါကို အဏာပိုင္ေတြအေနနဲ႔ ဘယ္လိုထိန္းခ်ဳပ္မလဲဆိုတာ၊ ဒီဆက္တိုက္ဗုံးခြဲမႈကို ဘယ္အဖြဲ႕က ဘယ္သူက စီစဥ္တာလည္း ဆိုတာကို ေဖာ္ထုတ္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ စိတ္ဝင္စားစရာျဖစ္ခဲ့တဲ့ ေဆာ္ဒီ ဦးေဆာင္ၿပီး ယီမင္ကို တိုက္ခိုက္ရာမွာ အေမရိကန္ရဲ႕ ကူညီေပးမႈကို အဆုံးသတ္ဖို႔ လႊတ္ေတာ္ရဲ႕ ဆုံးျဖတ္ခ်က္မူၾကမ္းကို သမၼတ ထရမ့္ က ဗီတိုအာဏာျဖင့္ ပယ္ခ်ခဲ့တဲ့ သတင္း၊ ဘာကီနာဖာဆို နယ္စပ္အနီးရွိ မာလီၿမိဳ႕လယ္မွာ ဧၿပီ ၂၀ ရက္ နံနက္ပိုင္းက ကုလသမဂၢ ၿငိမ္းခ်မ္းေရးထိန္းသိမ္းေရး ယာဥ္တန္းတစ္ခု ဗုံးခြဲတိုက္ခိုက္ခံရလို႔ တပ္သားတစ္ဦး ေသဆုံးခဲ့တဲ့ သတင္း၊ ဆူဒန္ အာဏာသိမ္း စစ္ေကာင္စီႏွင့္ ဆႏၵျပေခါင္းေဆာင္ေတြ ဆူဒန္ အာဏာလႊဲေျပာင္းေရးအတြက္ ဧၿပီ ၂၀ ရက္က ေဆြးေႏြးခဲ့တဲ့ သတင္း၊ အာဖဂန္ၿမိဳ႕ေတာ္ ကဘူးလ္ရွိ ဆက္သြယ္ေရးဝန္ႀကီးဌာန႐ုံးကို တာလီဘန္ေတြ ဝင္တိုက္လို႔ အာဖဂန္ရဲတပ္ဖြဲ႕ အပါအဝင္ ဆယ္ႏွစ္ဦး ေသဆုံးခဲ့တဲ့ သတင္း၊ မကၠဆီကိုမွာ ပါတီပြဲတစ္ခုကို အၾကမ္းဖက္သမားေတြက ဝင္ေရာက္ပစ္ခတ္ခဲ့လို႔ ကေလးငယ္တစ္ဦး အပါအဝင္ ၁၃ ဦး ေသဆုံးကာ အမ်ားအျပား ဒဏ္ရာရွိခဲ့တဲ့ သတင္း၊ လစ္ဗ်ားစစ္ေခါင္းေဆာင္ ဟက္ဖ္တာထံ သမၼတ ေဒၚနယ္လ္ထရမ့္ ဖုန္းဆက္ကာ လစ္ဗ်ားထိုးစစ္ေတြအေၾကာင္း ေဆြးေႏြးခဲ့တဲ့ သတင္း၊ အာဖဂန္လုံၿခဳံေရးတပ္ဖြဲ႕ေတြက ဂါဇာနီျပည္နယ္အတြင္း ထိုးစစ္ဆင္ႏႊဲရာမွာ တာလီဘန္စစ္ေသြးႂကြ ၂၁ ဦးကို သုတ္သင္ႏိုင္ခဲ့တဲ့ သတင္း၊ အိုင္အက္စ္ အၾကမ္းဖက္သမားမ်ားကို ႏွိမ္နင္းခဲ့သည့္ ဆီးရီးယားရွိ ကာ့ဒ္တပ္ဖြဲ႕ဝင္ ကိုယ္စားလွယ္မ်ားကို ျပင္သစ္သမၼတက လက္ခံေတြ႕ဆုံခဲ့တဲ့ သတင္း၊ အီဂ်စ္မွာ သမၼတနဲ႔ ပတ္သက္ၿပီး လူထုဆႏၵခံယူပြဲ က်င္းပခဲ့တဲ့ သတင္းေတြထဲ အမ်ားစုေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းျဖစ္ခဲ့ပါတယ္။

လိင္ခြဲျခားမႈျပင္းထန္လာတဲ့ အစၥလာမ္ကမာၻ

ဒီတစ္ပတ္ ႏိုင္ငံတကာသတင္းေတြထဲ စိတ္မေကာင္းအျဖစ္ရဆုံး သတင္းက ဘဂၤလားေဒ့ရွ္မွာျဖစ္ခဲ့တဲ့ သတင္းတစ္ပုဒ္ပါဘဲ။ဒါက လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္ခံရလို႔ ရဲစခန္းကိုတိုင္တဲ့ ေက်ာင္းသူကို မေသမခ်င္း မီးရႈိ႕သတ္ခဲ့တဲ့ အျဖစ္ပါ။

ဒီျဖစ္ရပ္က ဧၿပီလဆန္းပိုင္းက ျဖစ္ခဲ့တာပါ။အသက္ ၁၉ ႏွစ္အ႐ြယ္ ဘဂၤလားေဒ့ရွ္ေက်ာင္းသူ ႏူဆရတ္ ဂ်ဟန္ရာဖီ ကို ဆရာျဖစ္သူက လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္လို႔ ရဲစခန္းမွာ ရာဖီ က မတ္လေႏွာင္းပိုင္းမွာ သြားေရာက္တိုင္တန္းခဲ့တာပါ။တိုင္တန္းခံရသူကို စစ္ေဆးဖို႔ ရဲတပ္ဖြဲ႕ေတြက ေႏွာင့္ေႏွးခဲ့တာေၾကာင့္ ဒီလိုတိုင္တန္းခံရသူက သတ္ျဖတ္မႈ ေပၚေပါက္ခဲ့တာပါ။ဒီေနာက္ ရာဖီ ကို လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခဲ့သူက ေက်ာင္း၏ေခါင္မိုးေပၚသို႔ ေခၚေဆာင္ၿပီး ရဲစခန္းတြင္ အမႈဖြင့္ထားတာကို ပိတ္ေပးဖို႔ ေတာင္းဆိုခဲ့ရာမွာ ရာဖီ က ျငင္းဆိုခဲ့တဲ့အတြက္ ရာဖီ၏ အတန္းေဖာ္သုံးဦး အပါအဝင္ လူ ၁၇ ဦးက ရာဖီ ကို ေရနံဆီေလာင္းကာ မီးရႈိ႕သတ္ခဲ့တာပါ။ဒီလိုမီးရႈိ႕သတ္ျဖတ္မႈေၾကာင့္ ရာဖီ ခႏၶာကိုယ္ ၈၀ ရာခိုင္ႏူန္း မီးေလာင္ကာ ဧၿပီ ၁၀ ရက္မွာ ေဆး႐ုံေပၚ ေသဆုံးခဲ့ပါတယ္။
၎မေသဆုံးမီ ဗီဒီယိုျဖင့္ မွတ္တမ္းတင္ခဲ့ၿပီး ယင္းဗီဒီယိုထဲမွာ ၎ကို တိုက္ခိုက္သတ္ျဖတ္ခဲ့တဲ့သူေတြရဲ႕ အမည္ကို ထုတ္ေျပာခဲ့ၿပီး ဒီထဲမွာ ေက်ာင္းအုပ္ဆရာကို အႀကိမ္ႀကိမ္စြပ္စြဲခဲ့ပါတယ္။

ဒီျဖစ္ရပ္က ဘဂၤလားေဒ့ရွ္ႏိုင္ငံတစ္ဝန္း မခံမရပ္ႏိုင္ျဖစ္ကာ ေတာင္အာရွတစ္လႊား ကန႔္ကြက္ဆႏၵျပမႈေတြ ျဖစ္လာၿပီးေနာက္မွာ အေရးယူဖမ္းဆီးမႈေတြ ျဖစ္လာခဲ့ပါတယ္။ဧၿပီ ၁၉ ရက္မွာ မီးရႈိ႕သတ္ရန္ အမိန႔္ေပးခဲ့တဲ့ ေက်ာင္းအုပ္ဆရာႀကီး အပါအဝင္ ရာဖီ အသတ္ခံရမႈနဲ႔ ပတ္သက္တဲ့ လူ ၁၇ ဦးကို ရဲမ်ားက ဖမ္းဆီးခဲ့ပါတယ္။ဝန္ႀကီးခ်ဳပ္ ကိုယ္တိုင္ကလည္း ဒီကိစၥမွာ ပါဝင္ခဲ့သူ အားလုံးကို တရားစြဲဆိုသြားမယ္လို႔ ကတိေပး အာ႐ုံစိုက္ခဲ့တဲ့အတြက္ ဒီျဖစ္ရပ္က ႏိုင္ငံတကာထိ အာ႐ုံစိုက္စရာ သတင္းျဖစ္ခဲ့ပါတယ္။ဒါဟာ လိင္ပိုင္းဆိုင္ရာ အႏိုင္အထက္ျပဳမႈကို ပညာတတ္အလႊာမွာေတာင္ ႏိုင္ထက္စီးနင္းျဖစ္ေနတာကို မကာကြယ္ႏိုင္တဲ့ ေတာင္အာရွက အျဖစ္အပ်က္ေလး တစ္ခုပါဘဲ။ဒီျဖစ္ရပ္ကေန ဘဂၤလားေဒ့ရွ႕္မွာ အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရး အနာဂတ္မွာ ပိုေကာင္းလာဖြယ္ ရွိ၊ မရွိ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ရႈံးသြားတဲ့ အင္ဒိုေ႐ြးေကာက္ပြဲ

အၿငိမ္းစား ဗိုလ္ခ်ဳပ္ႀကီး ပရာဘိုဝူ ဆူဘီရန္တို နဲ႔ လက္ရွိသမၼတ ဂ်ိဳကိုဝီဒိုဒို တို႔ အဓိကယွဥ္ၿပိဳင္ၾကတဲ့ အင္ဒိုနီးရွားေ႐ြးေကာက္ပြဲက ဧၿပီ ၁၇ ရက္က ၿပီးခဲ့ပါၿပီ။ေ႐ြးေကာက္ပြဲအေျဖကို လာမယ့္ ေမ ၂၂ ရက္အထိ ထုၾတ္ပန္ႏိုင္ဖို႔ မရွိေသးေပမယ့္ ကနဦးမဲေရတြက္မႈေတြကို အေျခခံၿပီး မဲအသာရမႈကို တြက္ဆတဲ့အခါ လက္ရွိသမၼတ ဂ်ိဳကိုဝီဒိုဒို ဘက္က အသာရေနခဲ့ပါတယ္။

ကမာၻမွာ အစၥလာမ္ဘာသာဝင္ ကိုးကြယ္မႈအမ်ားဆုံးျဖစ္တဲ့ အင္ဒိုနီးရွားမွာ ယခုက်င္းပတဲ့ ေ႐ြးေကာက္ပြဲက တစ္ရက္တည္းနဲ႔ မဲေပးတဲ့ ျပည္သူေတြက ကိုယ္စားလွယ္ ၅ ေနရာကို ေ႐ြးခ်ယ္ရတဲ့အတြက္ ကမာၻက စိတ္ဝင္စားမႈ ပိုခဲ့ပါတယ္။သမၼတေနရာအတြက္ ယွဥ္ၿပိဳင္ရာမွာ ၿပီးခဲ့တဲ့ ၂၀၁၄ ေ႐ြးေကာက္ပြဲတုန္းက ၿပိဳင္ဘက္ျဖစ္သူ အင္ဒိုစစ္တပ္ ေက်ာေထာက္ေနာက္ခံရွိတဲ့ အာဏာရွင္ေဟာင္း ဆူဟာတို ရဲ႕ သမက္ အၿငိမ္းစား ဗိုလ္ခ်ဳပ္ႀကီး ပရာဘိုဝူ ဆူဘီရန္တို ကို အရပ္သားဘဝကေန သမၼတျဖစ္လာတဲ့ လက္ရွိသမၼတ ဂ်ိဳကိုဝီဒိုဒို က အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ရပါတယ္။

ေအာက္တိုဘာလမွာ က်မ္းသစၥာက်ိန္ဆိုၿပီး လာမည့္ ၂၀၂၄ ခုႏွစ္အထိ ငါးႏွစ္တာဝန္ ထမ္းေဆာင္ရမယ့္ သမၼတေနရာအတြက္ ယွဥ္ၿပိဳင္ရာမွာ တရားဝင္မဟုတ္ေသာ ကနဦးရလဒ္ ထြက္ေပၚမႈေတြမွာ လက္ရွိသမၼတ ဂ်ိဳကိုဝီဒိုဒို က ေထာက္ခံမဲအသာစီးရရွိခဲ့လို မဲဆြယ္စဥ္ ဘာသာေရးနဲ႔ယွဥ္ကာ မဲဆြယ္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ပရာဘိုဝို ဆူဘီရန္တို ကေတာ့ မဲစစ္တမ္းေကာက္ယူသူေတြကို ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။သမၼတေနရာအတြက္ ရလဒ္ေတြမထြက္ေပၚခင္ ဆူဘီရန္တို ဟာ သူသာ အေရွ႕ေတာင္အာရွ အင္ဒိုနီးရွားႏိုင္ငံရဲ႕ သမၼတျဖစ္ေၾကာင္း အတည္ျပဳေျပာဆိုခဲ့တာပါ။

ႏိုင္ငံတကာကေတာ့ လက္ရွိသမၼတ ဂ်ိဳကိုဝီဒိုဒို ဆီကို အႏိုင္ရတဲ့အတြက္ ဝမ္းေျမာက္ေၾကာင္း ဖုန္းဆက္ခဲ့ၾကပါတယ္။ရႈပ္ေထြးဖြယ္ရွိတဲ့ အင္ဒိုေ႐ြးေကာက္ပြဲ က်င္းပၿပီးစီးေနေပမယ့္ အာရွထုံးစံအတိုင္း လက္နက္ကိုင္ေတြဘက္က ေထာက္ခံမႈရထားတဲ့ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ပရာဘိုဝူ ဆူဘီရန္တို ဘက္က ထြက္လာတဲ့ အေျဖကို လက္ခံဖြယ္မျမင္ပါဘူး။တစ္ကယ္လို႔ မဲရလဒ္ေၾကညာတဲ့အခါ ဘာေတြျဖစ္လာဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ အေမရိကန္နယ္စပ္ရွိ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားအေပၚ ျပည္သူ႔စစ္ေတြရဲ႕ ၾကမ္းတမ္းတဲ့ အျပဳအမူေၾကာင့္ စိုးရိမ္မိတယ္လို႔ မကၠဆီကိုက ထုတ္ေဖာ္ေျပာဆိုလိုက္တဲ့ သတင္း၊ ၿဗိတိန္မွာ တံတားတစ္စင္းႏွင့္ အဓိကလမ္းဆုံတစ္ခုကို ပိတ္ဆို႔ကာ ရာသီဥတုေျပာင္းလဲမႈအေပၚ ဆႏၵေဖာ္ထုတ္သူ ၃၀၀ နီးပါးကို ဖမ္းဆီးခဲ့တဲ့ သတင္း၊ အဂတိလိုက္စားမႈနဲ႔ ဖမ္းဆီးဖို႔ ရဲတပ္ဖြဲ႕ လာဖမ္းခ်ိန္မွာ ပီ႐ူးသမၼတေဟာင္း ကိုယ့္ကိုကိုယ္ ေသနတ္နဲ႔ပစ္သတ္ခဲ့တဲ့ သတင္း စတဲ့ သတင္းေတြနည္းတူ အင္ဒိုေ႐ြးေကာက္ပြဲ သတင္းက စိတ္ဝင္စားဖို႔ ေကာင္းခဲ့ပါတယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ဧၿပီ - ၂၂