【 တစ်ပတ်အတွင်း ပြည်တွင်းသတင်းများ 】 အလန့်တကြားတုံ့ပြန်မှု

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်းများ 】  အလန့်တကြားတုံ့ပြန်မှု

ယခုရက်သတ္တပတ်အတွင်း သတင်းတွေထဲမှာ အများဆုံးစောင့်နေကြတဲ့သတင်းကတော့ ညဘက်တိုင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သူ့ရဲ့ facebook စာမျက်နှာမှာ ဖော်ပြတဲ့ မြန်မာနိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် (ကိုဗက် - ၁၉) ကူးစက်ခံရသူစာရင်းပါဘဲ။ဒီလိုစာရင်းနဲ့အတူ နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းတွေက မှားတာရော မှန်တာရော ကာကွယ်မှုသတင်းတွေရောက သတင်းဖတ်သူတွေရဲ့ စိတ်ဝင်စားမှုကို အမြင့်ဆုံးရရှိခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ ရခိုင်လက်နက်ကိုင် အေအေကို မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာပြီးနောက်ဖြစ်လာတဲ့ သတင်းမီဒီယာအချို့ကို မတရားအသင်းနဲ့ဆက်သွယ်တဲ့ ပုဒ်မနဲ့ ဖမ်းဆီးမှုတွေလုပ်လာခဲ့တဲ့ သတင်းတွေကလည်း ယခုရက်ထဲ ဆက်တိုက်ဖြစ်ခဲ့တဲ့အတွက် စောင့်ကြည့်စရာ သတင်းဖြစ်ခဲ့ပါတယ်။ဒီလိုသတင်းတွေအပြင် မြန်မာနိုင်ငံထဲပြန်ဝင်ဖို့ရှိတဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို သင်္ကြန်ကာလအပြီးမှ ပြန်ဝင်ကြဖို့ အစိုးရက မေတ္တာရပ်ခံခဲ့တဲ့သတင်း၊ နေပြည်တော်လေဆိပ်မှာ မူးယစ်ဆေးဝါး၊ လက်နက်များနဲ့ ဖမ်းဆီးရမိခဲ့တဲ့ ဖြိုးကိုကိုတင့်ဆန်း ကို ထောင်ဒဏ် နှစ်သုံးဆယ်နှင့် ခုနစ်လ ဒက္ခိဏခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့တဲ့သတင်း၊ ကိုဗက် - ၁၉ ကူးစက်ရောဂါကို ထိန်းချုပ်ဖို့ ဒုသမ္မတ ၁ ဦးဆောင်တဲ့ အဖွဲ့ကို ဖွဲ့လိုက်တဲ့သတင်းတွေကလည်း ယခုရက်ထဲ သတိထားမိတဲ့ သတင်းတွေဖြစ်ခဲ့ပါတယ်။

ပြည်တွင်းကူးစက်မှုနဲ့ ပထမဆုံးသေဆုံးသူ

မတ် ၃၁ ရက် နံနက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် အတည်ပြုလူနာ အမှတ် ၅ ဖြစ်သူ သေဆုံးခဲ့ပါတယ်။ဒါဟာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ နှီးနွယ်ပြီး ပထမဆုံးလူသေဆုံးမှုလည်းဖြစ်ပါတယ်။ထုတ်ပြန်ချက်ထဲမှာ အသက် ၆၉ နှစ်အရွယ် ကင်ဆာဝေဒနာရှင်ဖြစ်တဲ့အတွက် ဓာတ်ရောင်ခြည်ကုသမှုတွေ၊ အသက်အရွယ်ကြီးရင့်မှုတွေကြောင့် ကိုဗက် - ၁၉ ဗိုင်းရပ်စ်ကူးစက်ခံရပြီး နောက်ဆက်တွဲရောဂါတွေကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါလူနာကနေ ကူးစက်ခဲ့တဲ့  သားဖြစ်သူ အသက် ၄၅ နှစ်အရွယ် အတည်ပြုလူနာ အမှတ် ၁၀ အမျိုးသားကတော့ ကုသမှုခံယူနေရတုန်းပါဘဲ။

ပြီးခဲ့တဲ့ ရက်သတ္တပတ် မတ် ၂၃ ရက်က စတွေ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးလူနာရှင်ဖြစ်တဲ့ အမေရိကန်ကနေ ပြန်လာတဲ့ ချင်းပြည်နယ် ကပ်တဲလ်ကျေးရွာက အတည်ပြုလူနာ အမှတ် ၁ ချင်းအမျိုးသားကနေ ယနေ့ ဧပြီ ၃ ရက်အထိမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်က ၂၀ ဦးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ဒီထဲမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူနဲ့ တစ်နေရာမဟုတ် တစ်နေရာမှာ ထိတွေ့ပတ်သက်လို့ စောင့်ကြည့်ခံရတဲ့ (Quarantine) လုပ်ခံရသူ သောင်းဂဏန်းနား ကပ်လာခဲ့ပါတယ်။

ဒီလိုကြပ်ကြပ်မတ်မတ်လုပ်ခဲ့ရပေမယ့် ထိုင်းမှပြန်ဝင်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သောင်းကျော်မှာ ကိုဗက် - ၁၉ ရောဂါကူးစက်ခံရသူများတဲ့အတွက် အဆိုပါနိုင်ငံအနှံ့ပြန်ကြမယ့် ရွှေ့ပြောင်းလုပ်သားတွေကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံမှုက ကပ်ရောဂါအသွင်ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မတ် ၃၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ဒီလိုထုတ်ပြန်ရတာလည်း ခိုင်လုံတဲ့အကြောင်းအရင်းရှိပါတယ်။မတ် ၂၉ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအဖြစ် အတည်ပြုခဲ့တဲ့ လူနာနှစ်ဦးထဲမှာ အတည်ပြုလူနာ အမှတ် ၉ က ထိုင်းကနေပြန်လာပြီး မတ် ၂၆ ရက်မှာ ရန်ကုန် မင်္ဂလာဒုံက ပုလဲဆေးရုံမှာ ဆေးရုံစတက်ခဲ့တာပါ။မတ် ၃၀ ရက်မှာ အတည်ပြုလူနာ အမှတ် ၁၄ ဖြစ်တဲ့ ထိုင်းပြန် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိလို့ ကျောက်မဲဆေးရုံမှာ တင်ပို့ကုသပေးနေရပါတယ်။
ဒီလိုတွေ့ရှိမှုတွေက အများပြည်သူ သတိထားမိစေတဲ့ မြ၀တီ - ထိုင်း နယ်စပ်ကနေ မြန်မာနိုင်ငံထဲ အစုလိုက်အပြုံလိုက်ဝင်ဖို့ ကြိုးစားကြတဲ့ မတ် ၂၄ ရက်ကို ပြန်သတိရစရာပါ။ဒီလိုလူတွေထဲမှာ ယခုတွေ့ထားတဲ့ အတည်ပြုလူနာ အမှတ် ၉ နဲ့ အမှတ် ၁၄ ပါနေခဲ့ရင် မြန်မာနိုင်ငံတစ်ဝန်း ပျံ့နှံ့ရောက်သွားပြီဖြစ်တဲ့ ထိုင်းပြန် မြန်မာရွှေ့ပြောင်းလုပ်သားတွေကြောင့် ကူးစပ်ရောဂါပျံ့နှံ့မှုက ထိန်းလို့ရပါမလားဆိုတာ  စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။အထူးသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားအများစုက ကိုယ်ကာယခွန်အားအသုံးချရတဲ့ ကာယလုပ်သားတွေများတဲ့အတွက် ကျန်းမာရေးအသိက နည်းပါးတဲ့အတွက် အဲဒီရက်တွေမှာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ကို ပြန်ရောက်သွားတဲ့ ထိုင်းပြန်အပါအဝင် နိုင်ငံခြားကနေ ပြန်လာတဲ့လူတွေနဲ့ (Quarantine) လုပ်ဖို့၊ စောင့်ကြည့်ဖို့ လုပ်ဆောင်တဲ့အခါ မလိုက်နာတဲ့အတွက် ပြဿနာပေါင်းစုံဖြစ်ကြတာ တွေ့ရပါတယ်။

ဒီအတွက် သာစည်လိုနေရာမှာ  ၁၄ ရက် ခြေချုပ်ပြီး ကျန်းမာရေးစောင့်ကြည့်တဲ့ အစီအစဉ်ကို  မလိုက်နာတဲ့သူတွေကို အချုပ်ခန်းထဲထည့်ဖို့အထိ ခပ်ကြမ်းကြမ်းကိုင်တွယ်ရတဲ့ အစီအစဉ်လုပ်ရတဲ့အထိတောင် ဖြစ်ခဲ့ပါ တယ်။မတ် ၃၁ ရက်ကစပြီး ထိုင်းကပြန်လာတဲ့သူတွေကို ပြန်မလွှတ်ဘဲ ၁၄ ရက်ထား စောင့်ကြည့်ပြီးမှ ပြန်လွှတ်ဖို့ စတင်လုပ်ဆောင်ခဲ့ပါတယ်။အစိုးရအနေနဲ့ ဒီလိုဝင်လာတဲ့သူတွေကို စောင့်ကြည့်ဖို့နေရာကို စီစဉ်ရတဲ့အတွက် မလုံလောက်သေးလို့ နောက်ပြန်ဝင်လာမယ့်သူတွေကို သင်္ကြန်အပြီးမှဝင်လာဖို့ ပြောရတဲ့အထိတောင်ပါဘဲ။ဒါက ပြည်တော်ပြန်တွေထဲက ထိုင်းဘဲရှိပါသေးတယ်။

အစောပိုင်းတွေ့ရှိခဲ့တဲ့ အမေရိကန်ပြန် အတည်ပြုလူနာ အမှတ် ၄၊ အတည်ပြုလူနာ ၈၊ အတည်ပြု လူနာ ၉၊ အတည်ပြုလူနာ ၁၄ နဲ့ အတည်ပြုလူနာ ၁၅ တို့ သွားခဲ့နေခဲ့ရာက ပတ်သက်ခဲ့တဲ့သူတွေကို လိုက်ထိန်းချုပ်ဖို့ အရေးတကြီးလုပ်ဆောင်ခဲ့ရပါတယ်။အထူးသဖြင့် အတည်ပြုလူနာ ၈ ဖြစ်တဲ့ အသက် ၆၀ အရွယ် ဧည့်လမ်းညွှန်နဲ့အတူ ပါလာတဲ့ ပြင်သစ်ခရီးသွား ၃ ဦးမှာပါ ဗိုင်းရပ်စ်တွေ့ခဲ့ရပြီး မြန်မာနိုင်ငံ နေရာအတော်များများကို သွားခဲ့တဲ့အတွက် အတော်လေးကို စိုးရိမ်စရာအခြေအနေပါဘဲ။

ဧပြီ ၁ ရက်မှာတော့ ဒူဘိုင်းကနေပြန်လာတဲ့ သားဖြစ်သူကို သွားရောက်ကြိုဆိုခဲ့တဲ့ ရေကြည်ကနေ လာရောက်ခဲ့တဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။အဆိုပါအတည်ပြုလူနာအမှတ် ၁၆ ပြဿနာဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်မရတဲ့ဖြစ်စဉ်တွေရဲ့ အဓိကပြဿနာမျိုးဘဲ ဖြစ်ပါတယ်။ဒါဟာ လူနာရှင်နဲ့အတူနေ သားဖြစ်သူတို့ကို ခရီးသွားရာဇဝင်ကို ဖွင့်မပြောခဲ့တဲ့အတွက် မြောက်ဥက္ကလာဆေးရုံရှိ တာ၀န်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေအပါအဝင် တခြားသူတွေပါ Quarantine ထိကုန်ပါတယ်။ဒါ့အပြင် သိတာနောက်ကျခဲ့တဲ့အတွက် ၁၅ ရက်ခန့်ကာလအတွင်း အတည်ပြုလူနာ ၁၆ သွားလာခဲ့တဲ့ နေရာတွေမှာ စည်ကားတဲ့နေရာတွေ ပါဝင်ခဲ့တဲ့အတွက် အတော်လေးစိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ရောဂါပိုးဖြန့်ဝေသူ ဟုတ်၊ မဟုတ်ဆိုတာ ရက်ပိုင်းအတွင်း အဆိုပါလူနာ နေထိုင်တည်းခိုခဲ့ရာ မြောက်ဥက္ကလာ နီလာ ၁ လမ်းနဲ့ အဆိုပါနေရာတစ်ဝိုက်၊ ရန်ကုန်တစ်ဝိုက်မှာ ပြည်ပခရီးသွားရာဇဝင်မရှိဘဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူကို တွေ့လာရပြီဆို ဒါဟာ ပြည်တွင်းပြန့်နှံကူးစက်မှု စပြီဆိုတဲ့ အချက်ပေးလက္ခဏာဘဲဖြစ်ပါတယ်။
အထူးသဖြင့် ဒူဘိုင်းကနေပြန်လာတဲ့ သားဖြစ်သူနဲ့ အတူနေထိုင်စဉ် ကူးစက်ခံရတာကို ဖုံးကွယ်ခဲ့တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ရှေ့ဆုံးကနေတာဝန်ယူနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ Quarantine ထိကုန်တာ အတော်လေးအားလျော့စရာပါဘဲ။

ဧပြီ ၂ ရက်မှာတော့ အတည်ပြုလူနာ အမှတ် ၁၅ ဖြစ်တဲ့ အင်းလျားလိတ် ဟိုတယ်ဝန်းထဲရှိ ပုဂ္ဂုလိကပိုင်ဆေးခန်းက ဆေးဝန်ထမ်းနဲ့ပတ်သက်တဲ့ ခင်ပွန်းဖြစ်သူ၊ သားဖြစ်သူ အသက် (၁၀) နှစ်၊ သမီးဖြစ်သူ အသက် (၈) နှစ်နဲ့ တူမဖြစ်သူ အသက် (၁၈) နှစ်အရွယ်တို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ထပ်မံတွေ့ရှိခဲ့ရတဲ့အတွက် ဒါဟာပြည်တွင်းမှာ တစ်ဆင့်ခံကူးစက်မှုတွေ စလာနေပြီဆိုတာကို ပြသနေခဲ့ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်မှု ရှိ/မရှိကို ဧပြီဒုတိယအပတ်လောက်မှ သိမယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောခဲ့တာပါ။ဘာကြောင့်ဆို ထိုင်းပြန်နဲ့ လက်ရှိဗိုင်းရပ်စ်ကူးစက်ခံရကြောင်း တွေ့ထားသူတွေရဲ့ သွားခဲ့တဲ့နေရာတွေက အတော်လေးများနေသလို တစ်နိုင်ငံလုံးလဲ ပြန့်နှံနေတဲ့အတွက်လဲဖြစ်ပါတယ်။လက်ရှိမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ နေထိုင်ရာလမ်းတွေ၊ ရွာတွေကို Lock Down ချပြီး ကန့်သန့်ခွဲထုတ်ကာ စောင့်ကြည့်မှုတွေလုပ်နေတာကို တွေ့ရပါတယ်။ဒါတွေ ဘယ်လောက်အလုပ်ဖြစ်၊ မဖြစ်ဆိုတာ မကြာခင်သိရမယ်ထင်ပါတယ်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ သတင်းသမားကျင့်ဝတ်

မကြာခင်က အစိုးရကနေ ရခိုင့်တပ်ဖွဲ့ (AA) ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာခဲ့ ပါတယ်။ဒီလိုကြေညာခဲ့တဲ့အတွက် တိုက်ပွဲသတင်းတွေမှာ နှစ်ဘက်အသံမျှအောင် ဖော်ပြရတဲ့ သတင်းသမားတွေ လိုက်နာရတဲ့ကျင့်ဝတ်ဟာ အန္တရာယ်ရှိလာနိုင်တယ်လို့ အဆိုပါထုတ်ပြန်ကြေညာချက် ထုတ်လိုက်စဉ်ကတည်းက ဝါရင့်သတင်းစာဆရာတွေက ပြောဆိုမှုရှိခဲ့ပါတယ်။

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့ အေအေဘက်ကလည်း ယခုလတ်တလောမှာ အများပြည်သူ သွားလာသုံးစွဲနေတဲ့ ယာဉ်တွေ၊ တံတားတွေနဲ့ ယခုနောက်ဆုံး မကြာခင်ကာလကလေးကဘဲ ဆန်ပြတ်လပ်နေတဲ့ ချင်းပြည်နယ် ပလက်၀က စစ်ဘေးရှောင်တွေအတွက် ချင်းအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်နယ်အစိုးရ ပူးပေါင်းပြီး ဝယ်ယူခဲ့တဲ့ ဆန်အိတ် ၁၂၀ ကို လုယူခဲ့တာတွေလည်းရှိပါတယ်။ဒီအတွက် အိတ် ၁၀၀ ကိုသာ ပြန်ပေးခဲ့တာတွေလည်း ရှိပါတယ်။ဘဏ်တွေကိုဝင်လုတာ၊ ရပ်ထဲရွာထဲ နေထိုင်သူတွေကို ခေါ်ယူသတ်ဖြတ်တာတွေလည်း ရှိခဲ့တဲ့အတွက် ၂၀၀၉ နောက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေအထဲ တအာင်းလက်နက်ကိုင်ထက် ပိုပြီးသတ်ဖြတ်လုယက်တာ ပိုသန်တဲ့အဖွဲ့ဖြစ်လာပါတယ်။

ဒီအတွက်လည်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာခံရပြီးနောက်မှာ အေအေလက်နက်ကိုင်တပ်ဖွဲ့ ပေါက်ဖွားရာ ကေအိုင်အေနယ်မြေဖြစ်တဲ့ လိုင်ဇာဟာ ပြဿနာဖြစ်လာပါတယ်။သတင်းတွေဖော်ပြချက်မှာတော့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တွေ့ဆုံခဲ့တဲ့နှစ်ကြိမ်မှာ  ကေအိုင်အေနယ်မြေမှာ အေအေကိုလက်ခံထားရင် ကေအိုင်အေနယ်မြေ တိုက်ခိုက်ခံရမယ်ဆိုပြီး သတိပေးခဲ့တာပါဘဲ။ဒီအတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးဘက်ကလည်း ဒီလိုကိစ္စဖြစ်လာနိုင်ခြေ ရှိ/မရှိအပေါ် မေးမြန်းချက်ကို ပြန်ဖြေခဲ့ရာမှာ ဥပဒေကိုလိုက်နာဆောင်ရွက်သည့်အပေါ် မူတည်တယ်လို့ ဖြေခဲ့တာတွေ့ရပါတယ်။သတင်းတွေထဲမှာ လိုင်ဇာမှာရှိတဲ့ အေအေကို တပ်မတော်ကိုတိုက်ရင် လိုင်ဇာကိုထိနိုင်တဲ့အတွက် လိုင်ဇာကနေ အေအေကို ထွက်ခိုင်းတာဆိုတဲ့သဘောကို ဖော်ပြခဲ့တာတွေလည်းရှိပါတယ်။

အစိုးရနဲ့ တပ်မတော်အနေနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ လုပ်ရပ်တွေကို သည်းမခံနိုင်တော့တဲ့အနေအထား ရောက်နေပုံရသလို ပြတ်ပြတ်သားသားကိုင်တွယ်ဖို့ ပိုင်းဖြတ်လိုက်ပုံလည်းရပါတယ်။

မတ် ၂၃ ရက်က အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာအပြီးမှာ ရခိုင့်တပ်ဖွဲ့ (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခဆိုသူထံကို ဆက်သွယ်မေးမြန်းခဲ့သည့် "ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကတော့ ရပ်တန့်သွားပြီ"  သတင်းကို မတ် ၂၇ ရက်မှာ ရေးသားသတင်းဖော်ပြခဲ့သဖြင့် VOM (Voice of Myanmar) သတင်းဌာန၏ အယ်ဒီတာချုပ် ကိုနေမျိုးလင်းဆိုသူကို မတ်လ ၃၀ ရက်ညမှာ ၎င်း၏နေအိမ်အတွင်းသို့ CID က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံခဲ့ရတဲ့ ကိုနေမျိုးလင်း ကို မန္တလေးတိုင်းဒေသကြီး သတင်းတပ်ဖွဲ့ ဒုရဲမှူးကြီးခင်မောင်ဝင်း က တရားလိုပြုလုပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀ (က)၊ ၅၂ (က) တို့ဖြင့် အမှုဖွင့်ကာ မတ် ၃၁ ရက်မှာ ချမ်းမြသာစည်တရားရုံးတွင် ချုပ်ရက်ရမာန်ယူခဲ့ပါတယ်။

ဒီလို ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ အေအေနဲ့ ဆက်သွယ်မေးမြန်းဖော်ပြခဲ့တဲ့အတွက် တရားစွဲခံရတဲ့သူတွေနဲ့ မေးမြန်းဖို့ စုံစမ်းခံရတဲ့သူတွေက Voice of Myanmar သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်း တစ်ယောက်ထဲ မဟုတ်ပါဘူး။မတ်လ ၃၁ ရက်တည်းမှာ ကိုနေမျိုးလင်းအပြင် ရခိုင်ပြည်နယ်အခြေစိုက် နေရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ကိုခိုင်မြတ်ကျော်လည်း ပါဝင်ပါတယ်။၎င်းကိုလည်း သတင်းရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၅၀ (က)၊ ၅၂ (က) နဲ့ အမှုဖွင့်ခဲ့တာပါ။အဲဒီရက်ညမှာ ရခိုင်လက်နက်ကိုင် အေအေတပ်ဖွဲ့ သတင်းတွေကို ဖော်ပြလေ့ရှိတဲ့ ရန်ကုန်အခြေစိုက် Khit Thit Media အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက် နေအိမ်ကိုလည်း ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ မိသားစုဝင်တွေက အစိုးရအသိအမှတ်ပြုဖွဲ့စည်းထားတဲ့ မီဒီယာကောင်စီကို တိုင်ခဲ့တာတွေ့ရပါတယ်။ဒီနောက်မှာ ကိုသာလွန်ဇောင်းထက်ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စမ်းချောင်းရဲစခန်းက တရားစွဲဆိုခဲ့ပါတယ်။ယခုတရားစွဲဆိုခဲ့တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) ဆိုတာ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်ပြီး ၅၂ (က) ဆိုတာက အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေပါ။

မီဒီယာကောင်စီက အဲဒီရက်မှာဘဲ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြီး Voice of Myanmar သတင်းဌာန၏ အယ်ဒီတာချုပ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြည်ထဲရေးက အမှုဖွင့်လိုက်ခြင်းမှာ "ယနေ့ကဲ့သို့ ကပ်ရောဂါဖြစ်ပွားနေချိန်တွင် သတင်းတု သတင်းမှားများကို တရားဝင်သတင်းဌာနများနှင့် ပူးပေါင်းတိုက်ဖျက်ရမည့်အစား ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် မသင့်လျော်သကဲ့သို့ ဒီမိုကရေစီအသွင်ကူးပြောင်းကာလမျိုးနှင့် မဆီလျော်မအပ်စပ်သော တုန့်ပြန်မှုဟု ကောင်စီကရှုမြင်ပါသည်" ဟု တု့န်ပြန်အပြစ်တင်ခဲ့ပါတယ်။

ဒီလိုဖမ်းဆီးမှုတွေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဘက်ကတော့ ရခိုင့်တပ်ဖွဲ့ (AA) ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရကြေညာထားတဲ့အတွက် AA နှင့် ပတ်သက်ဆက်နွယ်သည့် မည်သူကိုမဆို အကြမ်းဖက်ဥပဒေနှင့် အရေးယူနိုင်တယ်လို့ ပြည်တွင်းသတင်းမီဒီယာတစ်ခုကို မှတ်ချက်ပေးခဲ့ပါတယ်။တရားစွဲဖမ်းဆီးခံထားရတဲ့ ကိုနေမျိုးလင်း ကို ဧပြီ ၉ ရက်မှာ ချမ်းမြသာစည်တရားရုံးမှာ စတင်ရုံးချိန်းစထုတ်မှာ ဖြစ်ပါတယ်။  

ခေတ်အဆက်ဆက် သတင်းသမားတွေကို ဒုက္ခပေးတဲ့ပုဒ်မတွေမှာ မတရားအသင်းပုဒ်မက နာမည်ကြီးပါဘဲ။ယခုနောက်ထပ်တိုးလာတာက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေ ဖြစ်လာခဲ့တဲ့အတွက် ဒီပြဿနာမှာ ဘယ်သူကကြားဝင်ညှိနိူင်းပေးမလဲ၊ မီဒီယာကောင်စီရဲ့ အခန်းကဏ္ဍက တကယ်ကော သတင်းသမားတွေအတွက် အားကိုးစရာဖြစ်လာမလား၊ ဒီမိုကရေစီရဲ့ တံတိုင်းဖြစ်တဲ့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကို အရပ်သားဒီမိုကရေစီအစိုးရလက်ထက်မှာ ဒီမိုကရေစီကို တည်ဆောက်နေတယ်ဆိုတဲ့ အဖွဲ့အစည်းနဲ့ အစိုးရဘက်က ဘယ်လောက်ထိကာကွယ် တန်ဖိုးထားမလဲဆိုတာ စောင့်ကြည့်ရတော့မယ်ထင်ပါတယ်။

ကြိုတင်ကာကွယ်မှုက အသက်

တစ်ရက်ထက် တစ်ရက် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူက ဆယ်ဂဏန်းကပ်လာချိန်မှာ အစိုးရနဲ့ သက်ဆိုင်ရာကျန်းမာရေးအာဏာပိုင်တွေ၊ အုပ်ချုပ်ရေးအပိုင်းကသူတွေအဖို့ ယခင်ကအေးစက်နေခဲ့တဲ့ ကြိုတင်ကာကွယ်မှုတွေကို ပြင်းပြင်းထန်လုပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒီကြားထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့နဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ သတင်းမှားတွေ ဆက်တိုက်တက်ခဲ့တဲ့အတွက် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဘက်က ထွက်ပြီးပြောခဲ့ရတာတွေ ရှိခဲ့ပါတယ်။ဒါ့အပြင် လူမစုရုံးဖို့ ဒေသန္တရအာဏာပိုင်တွေက တားမြစ်တာကိုလက်မခံဘဲ လုပ်ခဲ့ကြတဲ့အတွက် အမှုဖွင့်တရားစွဲဆိုခဲ့ရတာတွေကလည်း  ဒီရက်သတ္တပတ်ရဲ့ ထူးဆန်းတဲ့သတင်းတွေပါဘဲ။

မတ် ၃၀ ရက်က ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမားများ ကိုဗက် (၁၉) ကြောင့် စက်ရုံကို ယာယီပိတ်သိမ်းပေးရန် ကမ်ပိန်းပြုလုပ်ခဲ့ပြီး တောင်းဆိုခဲ့တာတွေ၊ အလုပ်တွေ ယာယီပိတ်သိမ်းပေးဖို့ ရန်ကုန်မြို့လယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှေ့မှာ တောင်းဆိုတာတွေ၊ သက်ဆိုင်ရာရပ်ကွက်နဲ့ တိုင်းနဲ့ ပြည်နယ် ဒေသတွေမှာ ဒေသအစီအစဉ်နဲ့ ထိုင်းနဲ့ နိုင်ငံခြားကပြန်လာသူတွေကို စောင့်ကြည့်တာတွေ လုပ်ခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။ဒီထဲမှာ ထူးထူးဆန်းဆန်း ကျန်းမာရေးလိုအပ်ချက်အရ တားမြစ်တာကိုလက်မခံလို့ အရေးယူရတာတွေလည်း ရှိခဲ့ပါတယ်။

တားမြစ်ထားတဲ့ကြားက တမူးမှာ လူစုလူဝေးဖြစ်စေမည့် မင်္ဂလာဆောင်ကျင်းပခဲ့တဲ့ အမေရိကန်နိုင်ငံမှပြန်လာသူ မြန်မာနိုင်ငံသားတစ်ဦးကို သဘာ၀ဘေးအန္တရာယ်ဥပဒေအရ တရားစွဲခဲ့သလို နွားထိုးကြီးမှာလည်း ရှင်ပြုအလှူလုပ်ခဲ့တဲ့ အလှူရှင်ကို အလားတူဥပဒေနဲ့ တရားစွဲခဲ့ပါတယ်။
အလားတူ တားမြစ်တဲ့ကြားက မွန်ပြည်နယ် ကျိုက်မရောမှာ လူစုလူဝေးနဲ့ ဘုရားထီးတော် ဦးဆောင်တင်ခဲ့သူကိုလည်း ဒီပုဒ်မနဲ့ဘဲ တရားစွဲဆိုခဲ့ပါတယ်။ယခုရက်ထဲမှာ ကိုဗက် ၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့လို့ Quarantine ထိနေတဲ့သူတွေထဲက အချို့က သတ်မှတ်ရက်ကာလအတွင်း မနေဘဲထွက်ပြေးတာတွေ၊ စည်းကမ်းဖောက်ဖျက်တာတွေ လုပ်တဲ့အတွက် တရားစွဲဆိုပြစ်ဒဏ်ချရာတာတွေရှိရာမှာ လေးမျက်နှာမြို့နယ်မှာ Quarantine လုပ်ရာကနေ ထွက်ပြေးတဲ့ တရုတ်နိုင်ငံကပြန်လာတဲ့ အမျိုးသားတစ်ဦးကို အလုပ်ကြမ်းနဲ့ ထောင်ခြောက်လ၊ Quarantine ကာလအတွင်း စည်းကမ်းဖောက်ဖျက်ခဲ့တဲ့ ပုလဲမြို့နယ်ထဲက အမျိုးသားတစ်ဦးကို ထောင်ခြောက်လ၊ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနေတဲ့သူတွေကို ရန်လုပ်ခဲ့တဲ့ မိုးကုတ်က အမျိုးသားနဲ့ အမျိုးသမီးကို ၀တ္တရားနှောင့်ယှက်မှုတွေနဲ့ တရားစွဲဆို အမိန့်ချတာတွေလည်းရှိခဲ့ပါတယ်။

လူတွေမှာ တခြားအသိတွေနည်းတာထက် ကျန်းမာရေးအသိနည်းတာက ဘယ်လောက်လူတွေကိုထိခိုက်စေသလဲ၊ တစ်ယောက်ပေါ့ဆတာနဲ့ မဆိုင်တဲ့သူတွေ ဘယ်လောက်ထိ ထိခိုက်စေသလဲဆိုတာ ယခုဖြစ်ရပ်တွေကိုကြည့်ရင် သိနိုင်ပါတယ်။ကိုဗက် - ၁၉ ကူးစက်မြန်ရောဂါဆိုတာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့အတွက် ဒီကပ်ဘေးကနေလွတ်ဖို့ အားလုံးကျန်းမာရေးသတိပေးချက်တွေကို တိတိကျကျလိုက်နာဖို့ကလွဲပြီး ဘာမှမရှိဘူးဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဧပြီ - ၃

( Zawgyi )

ယခုရက္သတၱပတ္အတြင္း သတင္းေတြထဲမွာ အမ်ားဆုံးေစာင့္ေနၾကတဲ့သတင္းကေတာ့ ညဘက္တိုင္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက သူ႔ရဲ႕ facebook စာမ်က္ႏွာမွာ ေဖာ္ျပတဲ့ ျမန္မာႏိုင္ငံတစ္ဝန္း ကို႐ိုနာဗိုင္းရပ္စ္ (ကိုဗက္ - ၁၉) ကူးစက္ခံရသူစာရင္းပါဘဲ။ဒီလိုစာရင္းနဲ႔အတူ ႏိုင္ငံတစ္ဝန္း ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ သတင္းေတြက မွားတာေရာ မွန္တာေရာ ကာကြယ္မႈသတင္းေတြေရာက သတင္းဖတ္သူေတြရဲ႕ စိတ္ဝင္စားမႈကို အျမင့္ဆုံးရရွိခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ ၿပီးခဲ့တဲ့ရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ ရခိုင္လက္နက္ကိုင္ ေအေအကို မတရားအသင္းနဲ႔ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ေၾကညာၿပီးေနာက္ျဖစ္လာတဲ့ သတင္းမီဒီယာအခ်ိဳ႕ကို မတရားအသင္းနဲ႔ဆက္သြယ္တဲ့ ပုဒ္မနဲ႔ ဖမ္းဆီးမႈေတြလုပ္လာခဲ့တဲ့ သတင္းေတြကလည္း ယခုရက္ထဲ ဆက္တိုက္ျဖစ္ခဲ့တဲ့အတြက္ ေစာင့္ၾကည့္စရာ သတင္းျဖစ္ခဲ့ပါတယ္။ဒီလိုသတင္းေတြအျပင္ ျမန္မာႏိုင္ငံထဲျပန္ဝင္ဖို႔ရွိတဲ့ ထိုင္းေရာက္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို သၾကၤန္ကာလအၿပီးမွ ျပန္ဝင္ၾကဖို႔ အစိုးရက ေမတၱာရပ္ခံခဲ့တဲ့သတင္း၊ ေနျပည္ေတာ္ေလဆိပ္မွာ မူးယစ္ေဆးဝါး၊ လက္နက္မ်ားနဲ႔ ဖမ္းဆီးရမိခဲ့တဲ့ ၿဖိဳးကိုကိုတင့္ဆန္း ကို ေထာင္ဒဏ္ ႏွစ္သုံးဆယ္ႏွင့္ ခုနစ္လ ဒကၡိဏခ႐ိုင္တရား႐ုံးက အမိန႔္ခ်မွတ္ခဲ့တဲ့သတင္း၊ ကိုဗက္ - ၁၉ ကူးစက္ေရာဂါကို ထိန္းခ်ဳပ္ဖို႔ ဒုသမၼတ ၁ ဦးေဆာင္တဲ့ အဖြဲ႕ကို ဖြဲ႕လိုက္တဲ့သတင္းေတြကလည္း ယခုရက္ထဲ သတိထားမိတဲ့ သတင္းေတြျဖစ္ခဲ့ပါတယ္။

ျပည္တြင္းကူးစက္မႈနဲ႔ ပထမဆုံးေသဆုံးသူ

မတ္ ၃၁ ရက္ နံနက္ပိုင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသည့္ အတည္ျပဳလူနာ အမွတ္ ၅ ျဖစ္သူ ေသဆုံးခဲ့ပါတယ္။ဒါဟာ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ႏွီးႏြယ္ၿပီး ပထမဆုံးလူေသဆုံးမႈလည္းျဖစ္ပါတယ္။ထုတ္ျပန္ခ်က္ထဲမွာ အသက္ ၆၉ ႏွစ္အ႐ြယ္ ကင္ဆာေဝဒနာရွင္ျဖစ္တဲ့အတြက္ ဓာတ္ေရာင္ျခည္ကုသမႈေတြ၊ အသက္အ႐ြယ္ႀကီးရင့္မႈေတြေၾကာင့္ ကိုဗက္ - ၁၉ ဗိုင္းရပ္စ္ကူးစက္ခံရၿပီး ေနာက္ဆက္တြဲေရာဂါေတြေၾကာင့္ ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။အဆိုပါလူနာကေန ကူးစက္ခဲ့တဲ့  သားျဖစ္သူ အသက္ ၄၅ ႏွစ္အ႐ြယ္ အတည္ျပဳလူနာ အမွတ္ ၁၀ အမ်ိဳးသားကေတာ့ ကုသမႈခံယူေနရတုန္းပါဘဲ။

ၿပီးခဲ့တဲ့ ရက္သတၱပတ္ မတ္ ၂၃ ရက္က စေတြ႕ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ပထမဆုံးလူနာရွင္ျဖစ္တဲ့ အေမရိကန္ကေန ျပန္လာတဲ့ ခ်င္းျပည္နယ္ ကပ္တဲလ္ေက်း႐ြာက အတည္ျပဳလူနာ အမွတ္ ၁ ခ်င္းအမ်ိဳးသားကေန ယေန႔ ဧၿပီ ၃ ရက္အထိမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအေရအတြက္က ၂၀ ဦးထိ ရွိလာခဲ့ၿပီျဖစ္ပါတယ္။ဒီထဲမွာ ဗိုင္းရပ္စ္ကူးစက္ခံရသူနဲ႔ တစ္ေနရာမဟုတ္ တစ္ေနရာမွာ ထိေတြ႕ပတ္သက္လို႔ ေစာင့္ၾကည့္ခံရတဲ့ (Quarantine) လုပ္ခံရသူ ေသာင္းဂဏန္းနား ကပ္လာခဲ့ပါတယ္။

ဒီလိုၾကပ္ၾကပ္မတ္မတ္လုပ္ခဲ့ရေပမယ့္ ထိုင္းမွျပန္ဝင္လာသည့္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ႏွစ္ေသာင္းေက်ာ္မွာ ကိုဗက္ - ၁၉ ေရာဂါကူးစက္ခံရသူမ်ားတဲ့အတြက္ အဆိုပါႏိုင္ငံအႏွံ႔ျပန္ၾကမယ့္ ေ႐ႊ႕ေျပာင္းလုပ္သားေတြေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ႏွံမႈက ကပ္ေရာဂါအသြင္ျဖစ္လာႏိုင္တယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက မတ္ ၃၀ ရက္က ထုတ္ျပန္ခဲ့ပါတယ္။ဒီလိုထုတ္ျပန္ရတာလည္း ခိုင္လုံတဲ့အေၾကာင္းအရင္းရွိပါတယ္။မတ္ ၂၉ ရက္က ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအျဖစ္ အတည္ျပဳခဲ့တဲ့ လူနာႏွစ္ဦးထဲမွာ အတည္ျပဳလူနာ အမွတ္ ၉ က ထိုင္းကေနျပန္လာၿပီး မတ္ ၂၆ ရက္မွာ ရန္ကုန္ မဂၤလာဒုံက ပုလဲေဆး႐ုံမွာ ေဆး႐ုံစတက္ခဲ့တာပါ။မတ္ ၃၀ ရက္မွာ အတည္ျပဳလူနာ အမွတ္ ၁၄ ျဖစ္တဲ့ ထိုင္းျပန္ အသက္ ၂၄ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိလို႔ ေက်ာက္မဲေဆး႐ုံမွာ တင္ပို႔ကုသေပးေနရပါတယ္။
ဒီလိုေတြ႕ရွိမႈေတြက အမ်ားျပည္သူ သတိထားမိေစတဲ့ ျမ၀တီ - ထိုင္း နယ္စပ္ကေန ျမန္မာႏိုင္ငံထဲ အစုလိုက္အၿပဳံလိုက္ဝင္ဖို႔ ႀကိဳးစားၾကတဲ့ မတ္ ၂၄ ရက္ကို ျပန္သတိရစရာပါ။ဒီလိုလူေတြထဲမွာ ယခုေတြ႕ထားတဲ့ အတည္ျပဳလူနာ အမွတ္ ၉ နဲ႔ အမွတ္ ၁၄ ပါေနခဲ့ရင္ ျမန္မာႏိုင္ငံတစ္ဝန္း ပ်ံ႕ႏွံ႔ေရာက္သြားၿပီျဖစ္တဲ့ ထိုင္းျပန္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြေၾကာင့္ ကူးစပ္ေရာဂါပ်ံ႕ႏွံ႔မႈက ထိန္းလို႔ရပါမလားဆိုတာ  စိုးရိမ္စရာျဖစ္လာခဲ့ပါတယ္။အထူးသျဖင့္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားအမ်ားစုက ကိုယ္ကာယခြန္အားအသုံးခ်ရတဲ့ ကာယလုပ္သားေတြမ်ားတဲ့အတြက္ က်န္းမာေရးအသိက နည္းပါးတဲ့အတြက္ အဲဒီရက္ေတြမွာ ျမန္မာႏိုင္ငံ အနယ္နယ္အရပ္ရပ္ကို ျပန္ေရာက္သြားတဲ့ ထိုင္းျပန္အပါအဝင္ ႏိုင္ငံျခားကေန ျပန္လာတဲ့လူေတြနဲ႔ (Quarantine) လုပ္ဖို႔၊ ေစာင့္ၾကည့္ဖို႔ လုပ္ေဆာင္တဲ့အခါ မလိုက္နာတဲ့အတြက္ ျပႆနာေပါင္းစုံျဖစ္ၾကတာ ေတြ႕ရပါတယ္။

ဒီအတြက္ သာစည္လိုေနရာမွာ  ၁၄ ရက္ ေျခခ်ဳပ္ၿပီး က်န္းမာေရးေစာင့္ၾကည့္တဲ့ အစီအစဥ္ကို  မလိုက္နာတဲ့သူေတြကို အခ်ဳပ္ခန္းထဲထည့္ဖို႔အထိ ခပ္ၾကမ္းၾကမ္းကိုင္တြယ္ရတဲ့ အစီအစဥ္လုပ္ရတဲ့အထိေတာင္ ျဖစ္ခဲ့ပါ တယ္။မတ္ ၃၁ ရက္ကစၿပီး ထိုင္းကျပန္လာတဲ့သူေတြကို ျပန္မလႊတ္ဘဲ ၁၄ ရက္ထား ေစာင့္ၾကည့္ၿပီးမွ ျပန္လႊတ္ဖို႔ စတင္လုပ္ေဆာင္ခဲ့ပါတယ္။အစိုးရအေနနဲ႔ ဒီလိုဝင္လာတဲ့သူေတြကို ေစာင့္ၾကည့္ဖို႔ေနရာကို စီစဥ္ရတဲ့အတြက္ မလုံေလာက္ေသးလို႔ ေနာက္ျပန္ဝင္လာမယ့္သူေတြကို သၾကၤန္အၿပီးမွဝင္လာဖို႔ ေျပာရတဲ့အထိေတာင္ပါဘဲ။ဒါက ျပည္ေတာ္ျပန္ေတြထဲက ထိုင္းဘဲရွိပါေသးတယ္။

အေစာပိုင္းေတြ႕ရွိခဲ့တဲ့ အေမရိကန္ျပန္ အတည္ျပဳလူနာ အမွတ္ ၄၊ အတည္ျပဳလူနာ ၈၊ အတည္ျပဳ လူနာ ၉၊ အတည္ျပဳလူနာ ၁၄ နဲ႔ အတည္ျပဳလူနာ ၁၅ တို႔ သြားခဲ့ေနခဲ့ရာက ပတ္သက္ခဲ့တဲ့သူေတြကို လိုက္ထိန္းခ်ဳပ္ဖို႔ အေရးတႀကီးလုပ္ေဆာင္ခဲ့ရပါတယ္။အထူးသျဖင့္ အတည္ျပဳလူနာ ၈ ျဖစ္တဲ့ အသက္ ၆၀ အ႐ြယ္ ဧည့္လမ္းၫႊန္နဲ႔အတူ ပါလာတဲ့ ျပင္သစ္ခရီးသြား ၃ ဦးမွာပါ ဗိုင္းရပ္စ္ေတြ႕ခဲ့ရၿပီး ျမန္မာႏိုင္ငံ ေနရာအေတာ္မ်ားမ်ားကို သြားခဲ့တဲ့အတြက္ အေတာ္ေလးကို စိုးရိမ္စရာအေျခအေနပါဘဲ။

ဧၿပီ ၁ ရက္မွာေတာ့ ဒူဘိုင္းကေနျပန္လာတဲ့ သားျဖစ္သူကို သြားေရာက္ႀကိဳဆိုခဲ့တဲ့ ေရၾကည္ကေန လာေရာက္ခဲ့တဲ့ အသက္ ၆၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီးမွာ ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။အဆိုပါအတည္ျပဳလူနာအမွတ္ ၁၆ ျပႆနာဟာ ျမန္မာႏိုင္ငံအပါအဝင္ ကမာၻ႔ႏိုင္ငံေတြမွာ ဗိုင္းရပ္စ္ကူးစက္ျပန႔္ပြားမႈကို ထိန္းခ်ဳပ္မရတဲ့ျဖစ္စဥ္ေတြရဲ႕ အဓိကျပႆနာမ်ိဳးဘဲ ျဖစ္ပါတယ္။ဒါဟာ လူနာရွင္နဲ႔အတူေန သားျဖစ္သူတို႔ကို ခရီးသြားရာဇဝင္ကို ဖြင့္မေျပာခဲ့တဲ့အတြက္ ေျမာက္ဥကၠလာေဆး႐ုံရွိ တာ၀န္ထမ္းေဆာင္ေနတဲ့ ဆရာဝန္ေတြအပါအဝင္ တျခားသူေတြပါ Quarantine ထိကုန္ပါတယ္။ဒါ့အျပင္ သိတာေနာက္က်ခဲ့တဲ့အတြက္ ၁၅ ရက္ခန႔္ကာလအတြင္း အတည္ျပဳလူနာ ၁၆ သြားလာခဲ့တဲ့ ေနရာေတြမွာ စည္ကားတဲ့ေနရာေတြ ပါဝင္ခဲ့တဲ့အတြက္ အေတာ္ေလးစိုးရိမ္စရာျဖစ္ခဲ့ပါတယ္။ေရာဂါပိုးျဖန႔္ေဝသူ ဟုတ္၊ မဟုတ္ဆိုတာ ရက္ပိုင္းအတြင္း အဆိုပါလူနာ ေနထိုင္တည္းခိုခဲ့ရာ ေျမာက္ဥကၠလာ နီလာ ၁ လမ္းနဲ႔ အဆိုပါေနရာတစ္ဝိုက္၊ ရန္ကုန္တစ္ဝိုက္မွာ ျပည္ပခရီးသြားရာဇဝင္မရွိဘဲ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူကို ေတြ႕လာရၿပီဆို ဒါဟာ ျပည္တြင္းျပန႔္ႏွံကူးစက္မႈ စၿပီဆိုတဲ့ အခ်က္ေပးလကၡဏာဘဲျဖစ္ပါတယ္။
အထူးသျဖင့္ ဒူဘိုင္းကေနျပန္လာတဲ့ သားျဖစ္သူနဲ႔ အတူေနထိုင္စဥ္ ကူးစက္ခံရတာကို ဖုံးကြယ္ခဲ့တဲ့အတြက္ ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးမွာ ေရွ႕ဆုံးကေနတာဝန္ယူေနတဲ့ က်န္းမာေရးဝန္ထမ္းေတြ Quarantine ထိကုန္တာ အေတာ္ေလးအားေလ်ာ့စရာပါဘဲ။

ဧၿပီ ၂ ရက္မွာေတာ့ အတည္ျပဳလူနာ အမွတ္ ၁၅ ျဖစ္တဲ့ အင္းလ်ားလိတ္ ဟိုတယ္ဝန္းထဲရွိ ပုဂၢဳလိကပိုင္ေဆးခန္းက ေဆးဝန္ထမ္းနဲ႔ပတ္သက္တဲ့ ခင္ပြန္းျဖစ္သူ၊ သားျဖစ္သူ အသက္ (၁၀) ႏွစ္၊ သမီးျဖစ္သူ အသက္ (၈) ႏွစ္နဲ႔ တူမျဖစ္သူ အသက္ (၁၈) ႏွစ္အ႐ြယ္တို႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း ထပ္မံေတြ႕ရွိခဲ့ရတဲ့အတြက္ ဒါဟာျပည္တြင္းမွာ တစ္ဆင့္ခံကူးစက္မႈေတြ စလာေနၿပီဆိုတာကို ျပသေနခဲ့ပါတယ္။

ဒါေၾကာင့္လည္း ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ႏိုင္မႈ ရွိ/မရွိကို ဧၿပီဒုတိယအပတ္ေလာက္မွ သိမယ္လို႔ က်န္းမာေရးတာဝန္ရွိသူေတြက ေျပာခဲ့တာပါ။ဘာေၾကာင့္ဆို ထိုင္းျပန္နဲ႔ လက္ရွိဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း ေတြ႕ထားသူေတြရဲ႕ သြားခဲ့တဲ့ေနရာေတြက အေတာ္ေလးမ်ားေနသလို တစ္ႏိုင္ငံလုံးလဲ ျပန႔္ႏွံေနတဲ့အတြက္လဲျဖစ္ပါတယ္။လက္ရွိမွာ ဗိုင္းရပ္စ္ကူးစက္ခံရသူေတြ ေနထိုင္ရာလမ္းေတြ၊ ႐ြာေတြကို Lock Down ခ်ၿပီး ကန႔္သန္႔ခြဲထုတ္ကာ ေစာင့္ၾကည့္မႈေတြလုပ္ေနတာကို ေတြ႕ရပါတယ္။ဒါေတြ ဘယ္ေလာက္အလုပ္ျဖစ္၊ မျဖစ္ဆိုတာ မၾကာခင္သိရမယ္ထင္ပါတယ္။

အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒနဲ႔ သတင္းသမားက်င့္ဝတ္

မၾကာခင္က အစိုးရကေန ရခိုင့္တပ္ဖြဲ႕ (AA) ကို အၾကမ္းဖက္အုပ္စုႏွင့္ မတရားအသင္းအျဖစ္ ေၾကညာခဲ့ ပါတယ္။ဒီလိုေၾကညာခဲ့တဲ့အတြက္ တိုက္ပြဲသတင္းေတြမွာ ႏွစ္ဘက္အသံမွ်ေအာင္ ေဖာ္ျပရတဲ့ သတင္းသမားေတြ လိုက္နာရတဲ့က်င့္ဝတ္ဟာ အႏၲရာယ္ရွိလာႏိုင္တယ္လို႔ အဆိုပါထုတ္ျပန္ေၾကညာခ်က္ ထုတ္လိုက္စဥ္ကတည္းက ဝါရင့္သတင္းစာဆရာေတြက ေျပာဆိုမႈရွိခဲ့ပါတယ္။

ရခိုင္လက္နက္ကိုင္တပ္ဖြဲ႕ ျဖစ္တဲ့ ေအေအဘက္ကလည္း ယခုလတ္တေလာမွာ အမ်ားျပည္သူ သြားလာသုံးစြဲေနတဲ့ ယာဥ္ေတြ၊ တံတားေတြနဲ႔ ယခုေနာက္ဆုံး မၾကာခင္ကာလကေလးကဘဲ ဆန္ျပတ္လပ္ေနတဲ့ ခ်င္းျပည္နယ္ ပလက္၀က စစ္ေဘးေရွာင္ေတြအတြက္ ခ်င္းအရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ ျပည္နယ္အစိုးရ ပူးေပါင္းၿပီး ဝယ္ယူခဲ့တဲ့ ဆန္အိတ္ ၁၂၀ ကို လုယူခဲ့တာေတြလည္းရွိပါတယ္။ဒီအတြက္ အိတ္ ၁၀၀ ကိုသာ ျပန္ေပးခဲ့တာေတြလည္း ရွိပါတယ္။ဘဏ္ေတြကိုဝင္လုတာ၊ ရပ္ထဲ႐ြာထဲ ေနထိုင္သူေတြကို ေခၚယူသတ္ျဖတ္တာေတြလည္း ရွိခဲ့တဲ့အတြက္ ၂၀၀၉ ေနာက္ပိုင္းမွာ ထြက္ေပၚလာတဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕ ေအေအဟာ တိုင္းရင္းသားလက္နက္ကိုင္ေတြအထဲ တအာင္းလက္နက္ကိုင္ထက္ ပိုၿပီးသတ္ျဖတ္လုယက္တာ ပိုသန္တဲ့အဖြဲ႕ျဖစ္လာပါတယ္။

ဒီအတြက္လည္း အၾကမ္းဖက္အုပ္စုႏွင့္ မတရားအသင္းအျဖစ္ ေၾကညာခံရၿပီးေနာက္မွာ ေအေအလက္နက္ကိုင္တပ္ဖြဲ႕ ေပါက္ဖြားရာ ေကအိုင္ေအနယ္ေျမျဖစ္တဲ့ လိုင္ဇာဟာ ျပႆနာျဖစ္လာပါတယ္။သတင္းေတြေဖာ္ျပခ်က္မွာေတာ့ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္အဖြဲ႕ (PCG) နဲ႔ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးတို႔ ေတြ႕ဆုံခဲ့တဲ့ႏွစ္ႀကိမ္မွာ  ေကအိုင္ေအနယ္ေျမမွာ ေအေအကိုလက္ခံထားရင္ ေကအိုင္ေအနယ္ေျမ တိုက္ခိုက္ခံရမယ္ဆိုၿပီး သတိေပးခဲ့တာပါဘဲ။ဒီအတြက္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးဘက္ကလည္း ဒီလိုကိစၥျဖစ္လာႏိုင္ေျခ ရွိ/မရွိအေပၚ ေမးျမန္းခ်က္ကို ျပန္ေျဖခဲ့ရာမွာ ဥပေဒကိုလိုက္နာေဆာင္႐ြက္သည့္အေပၚ မူတည္တယ္လို႔ ေျဖခဲ့တာေတြ႕ရပါတယ္။သတင္းေတြထဲမွာ လိုင္ဇာမွာရွိတဲ့ ေအေအကို တပ္မေတာ္ကိုတိုက္ရင္ လိုင္ဇာကိုထိႏိုင္တဲ့အတြက္ လိုင္ဇာကေန ေအေအကို ထြက္ခိုင္းတာဆိုတဲ့သေဘာကို ေဖာ္ျပခဲ့တာေတြလည္းရွိပါတယ္။

အစိုးရနဲ႔ တပ္မေတာ္အေနနဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ရဲ႕ လုပ္ရပ္ေတြကို သည္းမခံႏိုင္ေတာ့တဲ့အေနအထား ေရာက္ေနပုံရသလို ျပတ္ျပတ္သားသားကိုင္တြယ္ဖို႔ ပိုင္းျဖတ္လိုက္ပုံလည္းရပါတယ္။

မတ္ ၂၃ ရက္က အၾကမ္းဖက္အုပ္စုႏွင့္ မတရားအသင္းအျဖစ္ ေၾကညာအၿပီးမွာ ရခိုင့္တပ္ဖြဲ႕ (AA) ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခဆိုသူထံကို ဆက္သြယ္ေမးျမန္းခဲ့သည့္ "ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကေတာ့ ရပ္တန႔္သြားၿပီ"  သတင္းကို မတ္ ၂၇ ရက္မွာ ေရးသားသတင္းေဖာ္ျပခဲ့သျဖင့္ VOM (Voice of Myanmar) သတင္းဌာန၏ အယ္ဒီတာခ်ဳပ္ ကိုေနမ်ိဳးလင္းဆိုသူကို မတ္လ ၃၀ ရက္ညမွာ ၎၏ေနအိမ္အတြင္းသို႔ CID က ဝင္ေရာက္ဖမ္းဆီးခဲ့ပါတယ္။ဖမ္းဆီးခံခဲ့ရတဲ့ ကိုေနမ်ိဳးလင္း ကို မႏၲေလးတိုင္းေဒသႀကီး သတင္းတပ္ဖြဲ႕ ဒုရဲမႉးႀကီးခင္ေမာင္ဝင္း က တရားလိုျပဳလုပ္ကာ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒ ၅၀ (က)၊ ၅၂ (က) တို႔ျဖင့္ အမႈဖြင့္ကာ မတ္ ၃၁ ရက္မွာ ခ်မ္းျမသာစည္တရား႐ုံးတြင္ ခ်ဳပ္ရက္ရမာန္ယူခဲ့ပါတယ္။

ဒီလို ရခိုင္လက္နက္ကိုင္တပ္ဖြဲ႕ ေအေအနဲ႔ ဆက္သြယ္ေမးျမန္းေဖာ္ျပခဲ့တဲ့အတြက္ တရားစြဲခံရတဲ့သူေတြနဲ႔ ေမးျမန္းဖို႔ စုံစမ္းခံရတဲ့သူေတြက Voice of Myanmar သတင္းဌာန အယ္ဒီတာခ်ဳပ္ ကိုေနမ်ိဳးလင္း တစ္ေယာက္ထဲ မဟုတ္ပါဘူး။မတ္လ ၃၁ ရက္တည္းမွာ ကိုေနမ်ိဳးလင္းအျပင္ ရခိုင္ျပည္နယ္အေျခစိုက္ ေနရၪၥရာသတင္းဌာန အယ္ဒီတာခ်ဳပ္ ကိုခိုင္ျမတ္ေက်ာ္လည္း ပါဝင္ပါတယ္။၎ကိုလည္း သတင္းရဲတပ္ဖြဲ႕က အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒ ၅၀ (က)၊ ၅၂ (က) နဲ႔ အမႈဖြင့္ခဲ့တာပါ။အဲဒီရက္ညမွာ ရခိုင္လက္နက္ကိုင္ ေအေအတပ္ဖြဲ႕ သတင္းေတြကို ေဖာ္ျပေလ့ရွိတဲ့ ရန္ကုန္အေျခစိုက္ Khit Thit Media အယ္ဒီတာခ်ဳပ္ ကိုသာလြန္ေဇာင္းထက္ ေနအိမ္ကိုလည္း ဝင္ေရာက္စစ္ေဆးမႈေတြ လုပ္ခဲ့တယ္လို႔ မိသားစုဝင္ေတြက အစိုးရအသိအမွတ္ျပဳဖြဲ႕စည္းထားတဲ့ မီဒီယာေကာင္စီကို တိုင္ခဲ့တာေတြ႕ရပါတယ္။ဒီေနာက္မွာ ကိုသာလြန္ေဇာင္းထက္ကိုလည္း အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ စမ္းေခ်ာင္းရဲစခန္းက တရားစြဲဆိုခဲ့ပါတယ္။ယခုတရားစြဲဆိုခဲ့တဲ့ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀ (က) ဆိုတာ အနည္းဆုံး ေထာင္ဒဏ္ ၁၀ ႏွစ္မွ တစ္သက္တစ္ကြၽန္းထိ ခ်မွတ္ႏိုင္ၿပီး ၅၂ (က) ဆိုတာက အနည္းဆုံး ေထာင္ဒဏ္သုံးႏွစ္မွ ေထာင္ဒဏ္ ၇ ႏွစ္အထိ ခ်မွတ္ႏိုင္တဲ့ ပုဒ္မေတြပါ။

မီဒီယာေကာင္စီက အဲဒီရက္မွာဘဲ ထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္ၿပီး Voice of Myanmar သတင္းဌာန၏ အယ္ဒီတာခ်ဳပ္ကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ ျပည္ထဲေရးက အမႈဖြင့္လိုက္ျခင္းမွာ "ယေန႔ကဲ့သို႔ ကပ္ေရာဂါျဖစ္ပြားေနခ်ိန္တြင္ သတင္းတု သတင္းမွားမ်ားကို တရားဝင္သတင္းဌာနမ်ားႏွင့္ ပူးေပါင္းတိုက္ဖ်က္ရမည့္အစား ယခုကဲ့သို႔လုပ္ေဆာင္ျခင္းသည္ မသင့္ေလ်ာ္သကဲ့သို႔ ဒီမိုကေရစီအသြင္ကူးေျပာင္းကာလမ်ိဳးႏွင့္ မဆီေလ်ာ္မအပ္စပ္ေသာ တုန႔္ျပန္မႈဟု ေကာင္စီကရႈျမင္ပါသည္" ဟု တု႔န္ျပန္အျပစ္တင္ခဲ့ပါတယ္။

ဒီလိုဖမ္းဆီးမႈေတြနဲ႔ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ဘက္ကေတာ့ ရခိုင့္တပ္ဖြဲ႕ (AA) ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ အစိုးရေၾကညာထားတဲ့အတြက္ AA ႏွင့္ ပတ္သက္ဆက္ႏြယ္သည့္ မည္သူကိုမဆို အၾကမ္းဖက္ဥပေဒႏွင့္ အေရးယူႏိုင္တယ္လို႔ ျပည္တြင္းသတင္းမီဒီယာတစ္ခုကို မွတ္ခ်က္ေပးခဲ့ပါတယ္။တရားစြဲဖမ္းဆီးခံထားရတဲ့ ကိုေနမ်ိဳးလင္း ကို ဧၿပီ ၉ ရက္မွာ ခ်မ္းျမသာစည္တရား႐ုံးမွာ စတင္႐ုံးခ်ိန္းစထုတ္မွာ ျဖစ္ပါတယ္။  

ေခတ္အဆက္ဆက္ သတင္းသမားေတြကို ဒုကၡေပးတဲ့ပုဒ္မေတြမွာ မတရားအသင္းပုဒ္မက နာမည္ႀကီးပါဘဲ။ယခုေနာက္ထပ္တိုးလာတာက အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မေတြ ျဖစ္လာခဲ့တဲ့အတြက္ ဒီျပႆနာမွာ ဘယ္သူကၾကားဝင္ညႇိႏိူင္းေပးမလဲ၊ မီဒီယာေကာင္စီရဲ႕ အခန္းက႑က တကယ္ေကာ သတင္းသမားေတြအတြက္ အားကိုးစရာျဖစ္လာမလား၊ ဒီမိုကေရစီရဲ႕ တံတိုင္းျဖစ္တဲ့ သတင္းမီဒီယာရဲ႕ အခန္းက႑ကို အရပ္သားဒီမိုကေရစီအစိုးရလက္ထက္မွာ ဒီမိုကေရစီကို တည္ေဆာက္ေနတယ္ဆိုတဲ့ အဖြဲ႕အစည္းနဲ႔ အစိုးရဘက္က ဘယ္ေလာက္ထိကာကြယ္ တန္ဖိုးထားမလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မယ္ထင္ပါတယ္။

ႀကိဳတင္ကာကြယ္မႈက အသက္

တစ္ရက္ထက္ တစ္ရက္ ဗိုင္းရပ္စ္ပိုးကူးစက္ခံရသူက ဆယ္ဂဏန္းကပ္လာခ်ိန္မွာ အစိုးရနဲ႔ သက္ဆိုင္ရာက်န္းမာေရးအာဏာပိုင္ေတြ၊ အုပ္ခ်ဳပ္ေရးအပိုင္းကသူေတြအဖို႔ ယခင္ကေအးစက္ေနခဲ့တဲ့ ႀကိဳတင္ကာကြယ္မႈေတြကို ျပင္းျပင္းထန္လုပ္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ဒီၾကားထဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ သမၼတတို႔နဲ႔ ပတ္သက္တဲ့ က်န္းမာေရးဆိုင္ရာ သတင္းမွားေတြ ဆက္တိုက္တက္ခဲ့တဲ့အတြက္ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူဘက္က ထြက္ၿပီးေျပာခဲ့ရတာေတြ ရွိခဲ့ပါတယ္။ဒါ့အျပင္ လူမစု႐ုံးဖို႔ ေဒသႏၲရအာဏာပိုင္ေတြက တားျမစ္တာကိုလက္မခံဘဲ လုပ္ခဲ့ၾကတဲ့အတြက္ အမႈဖြင့္တရားစြဲဆိုခဲ့ရတာေတြကလည္း  ဒီရက္သတၱပတ္ရဲ႕ ထူးဆန္းတဲ့သတင္းေတြပါဘဲ။

မတ္ ၃၀ ရက္က ရန္ကုန္ၿမိဳ႕ရွိ အထည္ခ်ဳပ္စက္႐ုံမ်ားမွ အလုပ္သမားမ်ား ကိုဗက္ (၁၉) ေၾကာင့္ စက္႐ုံကို ယာယီပိတ္သိမ္းေပးရန္ ကမ္ပိန္းျပဳလုပ္ခဲ့ၿပီး ေတာင္းဆိုခဲ့တာေတြ၊ အလုပ္ေတြ ယာယီပိတ္သိမ္းေပးဖို႔ ရန္ကုန္ၿမိဳ႕လယ္က ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေရွ႕မွာ ေတာင္းဆိုတာေတြ၊ သက္ဆိုင္ရာရပ္ကြက္နဲ႔ တိုင္းနဲ႔ ျပည္နယ္ ေဒသေတြမွာ ေဒသအစီအစဥ္နဲ႔ ထိုင္းနဲ႔ ႏိုင္ငံျခားကျပန္လာသူေတြကို ေစာင့္ၾကည့္တာေတြ လုပ္ခဲ့ၾကတာေတြလည္း ရွိခဲ့ပါတယ္။ဒီထဲမွာ ထူးထူးဆန္းဆန္း က်န္းမာေရးလိုအပ္ခ်က္အရ တားျမစ္တာကိုလက္မခံလို႔ အေရးယူရတာေတြလည္း ရွိခဲ့ပါတယ္။

တားျမစ္ထားတဲ့ၾကားက တမူးမွာ လူစုလူေဝးျဖစ္ေစမည့္ မဂၤလာေဆာင္က်င္းပခဲ့တဲ့ အေမရိကန္ႏိုင္ငံမွျပန္လာသူ ျမန္မာႏိုင္ငံသားတစ္ဦးကို သဘာ၀ေဘးအႏၲရာယ္ဥပေဒအရ တရားစြဲခဲ့သလို ႏြားထိုးႀကီးမွာလည္း ရွင္ျပဳအလႉလုပ္ခဲ့တဲ့ အလႉရွင္ကို အလားတူဥပေဒနဲ႔ တရားစြဲခဲ့ပါတယ္။
အလားတူ တားျမစ္တဲ့ၾကားက မြန္ျပည္နယ္ က်ိဳက္မေရာမွာ လူစုလူေဝးနဲ႔ ဘုရားထီးေတာ္ ဦးေဆာင္တင္ခဲ့သူကိုလည္း ဒီပုဒ္မနဲ႔ဘဲ တရားစြဲဆိုခဲ့ပါတယ္။ယခုရက္ထဲမွာ ကိုဗက္ ၁၉ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႕ခဲ့လို႔ Quarantine ထိေနတဲ့သူေတြထဲက အခ်ိဳ႕က သတ္မွတ္ရက္ကာလအတြင္း မေနဘဲထြက္ေျပးတာေတြ၊ စည္းကမ္းေဖာက္ဖ်က္တာေတြ လုပ္တဲ့အတြက္ တရားစြဲဆိုျပစ္ဒဏ္ခ်ရာတာေတြရွိရာမွာ ေလးမ်က္ႏွာၿမိဳ႕နယ္မွာ Quarantine လုပ္ရာကေန ထြက္ေျပးတဲ့ တ႐ုတ္ႏိုင္ငံကျပန္လာတဲ့ အမ်ိဳးသားတစ္ဦးကို အလုပ္ၾကမ္းနဲ႔ ေထာင္ေျခာက္လ၊ Quarantine ကာလအတြင္း စည္းကမ္းေဖာက္ဖ်က္ခဲ့တဲ့ ပုလဲၿမိဳ႕နယ္ထဲက အမ်ိဳးသားတစ္ဦးကို ေထာင္ေျခာက္လ၊ ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးေနတဲ့သူေတြကို ရန္လုပ္ခဲ့တဲ့ မိုးကုတ္က အမ်ိဳးသားနဲ႔ အမ်ိဳးသမီးကို ၀တၱရားေႏွာင့္ယွက္မႈေတြနဲ႔ တရားစြဲဆို အမိန႔္ခ်တာေတြလည္းရွိခဲ့ပါတယ္။

လူေတြမွာ တျခားအသိေတြနည္းတာထက္ က်န္းမာေရးအသိနည္းတာက ဘယ္ေလာက္လူေတြကိုထိခိုက္ေစသလဲ၊ တစ္ေယာက္ေပါ့ဆတာနဲ႔ မဆိုင္တဲ့သူေတြ ဘယ္ေလာက္ထိ ထိခိုက္ေစသလဲဆိုတာ ယခုျဖစ္ရပ္ေတြကိုၾကည့္ရင္ သိႏိုင္ပါတယ္။ကိုဗက္ - ၁၉ ကူးစက္ျမန္ေရာဂါဆိုတာ ကမာၻ႔ကပ္ေရာဂါျဖစ္တဲ့အတြက္ ဒီကပ္ေဘးကေနလြတ္ဖို႔ အားလုံးက်န္းမာေရးသတိေပးခ်က္ေတြကို တိတိက်က်လိုက္နာဖို႔ကလြဲၿပီး ဘာမွမရွိဘူးဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဧၿပီ - ၃