【 တစ်ပတ်အတွင်း ပြည်တွင်းသတင်းသုံးသပ်ချက် 】 ဘာသာရေး သွေးထိုးလှုံ့ဆော်မှု အလှည့်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်းသုံးသပ်ချက် 】 ဘာသာရေး သွေးထိုးလှုံ့ဆော်မှု အလှည့်

ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းသတင်းတွေထဲမှာ အလှုပ်ခတ်ဆုံး သတင်းနှစ်ပုဒ် ရှိခဲ့ပါတယ်။တစ်ခုက မြန်မာအမျိုးသားလေကြောင်းက လေယာဉ်တစ်စင်း လေဆိပ်ဆင်းရာမှာ ရှေ့ဘီးမကျလို့ ဝမ်းဗိုက်နဲ့ရှပ်ပြီး ဆင်းခဲ့ရတဲ့ သတင်းနဲ့ တောင်ဒဂုံမှာ ဘာသာရေး လှုံ့ဆော်မှုကြောင့် ယာယီခွင့်ပြုထားတဲ့ အစ္စလာမ်ဝတ်ပြုတဲ့ နေရာနှစ်ခုကို လူအုပ်က လာရောက်တားမြစ်တဲ့ သတင်းတွေဘဲ ဖြစ်ပါတယ်။

အဆိုပါသတင်းနှစ်ပုဒ်က ယခုတစ်ပတ်အတွင်း သတင်းတွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မကွေး မြို့သို့ ရောက်ရှိနေစဉ် မကွေးမြို့ ကမ်းနားလမ်းမှာ ပီနန်အိတ်နှစ်အိတ်နဲ့ ထည့်ထားတဲ့  ကျည်ဆန် ၇၈၂ တောင့် တွေ့ရှိခဲ့တဲ့ သတင်း၊ တာချီလိတ်မှာ သတင်းအရ နေရာသုံးခုကို ဝင်ရှာဖွေရာမှာ  တရုတ်နိုင်ငံသား ၁၈၈ ဦးကို သေနတ်သုံးလက် စိတ်ကြွဆေးပြားအချို့နှင့် လောင်းကစားလုပ်ရာမှာသုံးတဲ့ ဖုန်း၊ လက်ပ်တော့များနဲ့အတူ သိမ်းဆည်းရမိတဲ့ သတင်း၊ ကျိုက်ထီးရိုးစေတီ မိုးကြိုးစက်ကွင်း ထိမှန်လို့ ရွှေများကွာကျခဲ့တဲ့ သတင်း၊ ရခိုင်ပြည်နယ် မြောက်ဦးမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်မှ နေအိမ်များ ပျက်စီးခဲ့တဲ့ သတင်း၊ ကယားပြည်နယ် ဝန်ကြီးချုပ်က ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို လုံးဝမပြောင်းရွှေ့နိုင်တဲ့အပြင် ပြည်နယ်အစိုးရအဖွဲ့က ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိတယ်လို့ ပြောကြားခဲ့တဲ့ သတင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံအတွက် အသက်တမျှ အရေးကြီးလို့ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို စိတ်ရင်းစေတနာမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းပြောကြားခဲ့တဲ့ သတင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က အဂတိလိုက်စားမှုများနှင့် ဆက်နွှယ်ပတ်သက်သည့် ကိစ္စရပ်များမှာ အစွဲကင်းစွာ၊ မျက်နှာမလိုက်၊ အခွင့်အရေးမပေးဘဲ တိကျစွာ အရေးယူသင့်တယ်လို့ ပြောကြားခဲ့တဲ့ သတင်းတွေထဲ ထူးခြားစွာ စောင့်ကြည့်ခဲ့ရတဲ့ သတင်းဖြစ်ခဲ့ပါတယ်။

ဆက်တိုက်ဖြစ်ခဲ့တဲ့ လေယာဉ်မတော်တဆမှုတွေ

မေ ၈ ရက်နေ့က ရန်ကုန်လေဆိပ်မှာဖြစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် လေယာဉ်မတော်တဆဖြစ်မှုအတွက် လူတွေ သွေးမနွေးသေးချိန်မှာဘဲ မန္တလေးလေဆိပ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်းက Embraer 190 AR လေယာဉ်ကွင်းဆင်းရာမှာ အခက်အခဲဖြစ်ပြီး လေယာဉ်ဝမ်းဗိုက်နဲ့ ရှပ်ပြီးဆင်းခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု မေ ၁၂ မှာ ဖြစ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် လေယာဉ်ကတော့ သုံးပိုင်းကျိုးတဲ့အထိ ဖြစ်ခဲ့ပေမယ့် မြန်မာလေကြောင်းက လေယာဉ်ကတော့ ဝမ်းဗိုက်နဲ့ဆင်းတဲ့အတွက် ထိခိုက်ဒဏ်ရာရသူလည်း မရှိသလောက် နည်းပါးခဲ့ပါတယ်။မေ ၁၂ ရက်က ရန်ကုန်ကနေ မန္တလေးကိုလာတဲ့    မြန်မာအမျိုးသား လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် XY-AGQ, Embraer 190 AR မန္တလေးလေဆိပ်သို့ ဆင်းသက်ဖို့အတွက် လေယာဉ်ရှေ့ဘီးချမရလို့ လေယာဉ်ကို ဦးစိုက်ပြီး ဆင်းသက်ခဲ့ရတာပါ။လေယာဉ်မှူး ကျွမ်းကျင်မှုကြောင့် ခရီးသည် ၈၂ ဦးနဲ့ အမှုထမ်း ခုနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာ မရှိခဲ့ပါဘူး။ဒီအတွက် ပြည်တွင်းမှာ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက်နဲ့ ကျွမ်းကျင်မှုအပေါ် အသိအမှတ်ပြုမှုတွေ များပြားခဲ့ပါတယ်။
လေယာဉ်ပေါ် လိုက်ပါလာတဲ့သူတွေထဲမှာ အနုပညာရှင်တွေ လိုက်ပါလာတဲ့အတွက် ဒီဖြစ်စဉ်ဟာ ပိုပြီးဂရုပြုစရာ ဖြစ်ခဲ့ပါတယ်။

လေယာဉ်ဘီးချမရလို့ ခက်ခက်ခဲခဲဆင်းရတဲ့ ဖြစ်စဉ်မှာ လေယာဉ်ပေါ် ပါတဲ့သူတွေ ထိခိုက်ဒဏ်ရာမရအောင် လုပ်နိုင်တဲ့အတွက် ချီးကျူးစရာဖြစ်ပေမယ့် လေယာဉ်ဘီးချမရတဲ့ အထိဖြစ်ရတဲ့ ပြဿာနာဟာ လေယာဉ်တစ်စီးလုံး ပျက်ကျတဲ့အထိ ဆိုးဆိုးရွားရွားဖြစ်နိုင်တဲ့ အဖြစ်ဆိုးကြီး ဖြစ်နိုင်တဲ့အတွက် ပြန်သုံးသပ်စစ်ဆေးဖို့ လိုနေသလို ဘယ်သူတွေ တာဝန်ရှိသလဲ၊ ဘယ်အပိုင်းမှာ တာဝန်ရှိသလဲဆိုတာ ပြန်သုံးသပ်စစ်ဆေးဖို့ လိုပါလိမ့်မယ်။

မေလ ၁၃ ရက်က ပြုလုပ်တဲ့ အစိုးရ တတိယ တစ်နှစ်တာအတွင်း သတင်းစာရှင်းလင်းပွဲမှာ လေယာဉ် သုံးပိုင်းကျိုးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် လေယာဉ်မတော်တဆဖြစ်မှုနဲ့ ပတ်သက်ပြီး ခုံရုံးဖွဲ့စစ်ဆေးနေရာမှာ ပိုင်းလော့၏ ဆုံးဖြတ်ချက် (Decision) အမှားကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ထားတယ်လို့ ပြောခဲ့ပါတယ်။မြန်မာလေယာဉ် မတော်တဆမှုမှာတော့ လေယာဉ်မပျံသန်းခင် ဘာတွေစစ်ဆေးဖို့ ပျက်ကွက်လဲ၊ လူကြောင့်လား စက်ကြောင့်လား၊ လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီကြောင့်လားဆိုတာ ထုတ်ပြန်မှုကို ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ရှေ့ရက်သတ္တပတ်က သမ္မတလွတ်ငြိမ်းခွင့်နဲ့အတူ ဖြစ်ခဲ့တဲ့ ထောင်ဆူပူမှု သတင်းမှာ အများပြည်သူ သတိထားမိတဲ့ ရွှေဘိုထောင်ပိုင်က ဆူခိုင်းလို့ ဆူရတယ်ဆိုတဲ့ သတင်းရဲ့ နောက်ဆက်တွဲ သတင်းတွေက အများပြည်သူကြားထဲ ဆက်လက်စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။

ပြည်တွင်း သတင်းမီဒီယာ ရုပ်သံတစ်ခုမှာ ဖော်ပြတက်ခဲ့တဲ့ အကျည်းသားတစ်ဦးပြောခဲ့တဲ့ စကားနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ဘာပြောမလဲဆိုတာကို အများပြည်သူတွေကလည်း သိချင်နေခဲ့တာပါ။သမ္မတရုံးကလည်း ဒီလို ထောင်တွေ တစ်ပြိုင်တည်းဆူပူမှုမှာ နောက်ကွယ်က ဆက်နွယ်မှုတွေ ရှိနေနိုင်တယ်လို့ ယူဆကြောင်း ထုတ်ပြန်ခဲ့တာတွေ ရှိခဲ့တဲ့အတွက် ဘယ်လိုအဖြေတွေ ထွက်လာမလဲ ဘယ်လိုတာဝန်ခံမှုတွေ ရှိလာမလဲ၊ နောက်ကွယ်က အကြံအစည်တွေ ဘာတွေထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်မှုတွေ ရှိခဲ့ပါတယ်။  

ပြည်တွင်း သတင်းစာတစ်စောင်နဲ့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနဲ့ တွေ့ဆုံမေးမြန်းမှုမှာတော့ ရွှေဘိုထောင် ဆူပူမှုကို ထောင်ပိုင်ကြီး စေခိုင်းသဖြင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု စွပ်စွဲမှုများက မှန်ကန်ခြင်းမရှိဘဲ အဓိပ္ပာယ်လုံးဝမရှိဘူးလို့ ပြောခဲ့ပါတယ်။ဒါ့အပြင် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ရွှေဘိုထောင် လာရောက်ချိန်တွင် တင်ပြစရာရှိသည်များ တင်ပြရန် ပြောကြားခိုင်းမှုသာ ဖြစ်နိုင်တယ်လို့ ပြောခဲ့တာရှိပါတယ်။

အဆိုပါထောင်ကနေ ထောင်ဆူတာကို အချိန်နဲ့တပြေးညီ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ Live လွှင့်တင်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖြစ်စဉ်ဖြစ်ပြီး ဆယ်ရက်အတွင်းမှာဘဲ ထောင်ဒဏ် ၆ လစီ ချခဲ့ပါတယ်။ထောင်ချခံရတဲ့ထဲမှာ အကျဉ်းသားသုံးဦးနှင့် ထောင်ဝန်ထမ်းတို့ ဖြစ်ပါတယ်။ဒါ့အပြင် ထောင်ထဲကနေ Live လွှင့်တဲ့ အကျဉ်းသားနဲ့ ဖုန်းခိုးသွင်းတဲ့ အကျဉ်းသားရဲ့ မိသားစုဝင်နှစ်ဦးကို ထိန်းသိမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ဒါဟာ ယခုရက်သတ္တပတ်ထဲ အများပြည်သူကြား ပြောစရာ၊ ဆွေးနွေးစရာ ကိစ္စဖြစ်ခဲ့သလို သမ္မတရုံးဘက်ကလည်း အကျဉ်းထောင်များ ဆက်တိုက်ဆူပူခြင်းနှင့် တောင်းဆိုချက်များ ထပ်တူညီနေခြင်း၊ အကျဉ်းသားများက ဖုန်းသုံးစွဲကာ ထောင်အတွင်း ဖြစ်ရပ်များကို လူမှုကွန်ရက်ပေါ်တင်ခြင်း စသည့် ဖြစ်ရပ်များသည် လွတ်ငြိမ်းသက်သာခွင့်ကို အကြောင်းပြု၍ ဆူပူမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများ ရှိနေကြောင်း သုံးသပ်ရရှိ၍ စုံစမ်းစစ်ဆေးမည်လို့ ထုတ်ပြန်ခဲ့ထားတာရှိတဲ့အတွက် ဘာတွေဖော်ထုတ်လာဦးမလဲ၊ ဒါမှမဟုတ် ယခုအရေးယူမှုနဲ့ဘဲ တစ်ပြိုင်နက် ထောင်ဆူပှုမှု ဖြစ်စဉ်က ပြီးသွားမလားဆိုတာ  အများပြည်သူက စောင့်ကြည့်ရဦးမှာပါ။

အဆိုပါ သတင်းက ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ မှုခင်းနောက်ခံ သတင်းတွေထဲက ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်ထဲမှာ တောလိုက်ထွက်တဲ့ မုဆိုးခုနစ်ဦး ဝက်ဝံအလိုက်ခံရလို့ တစ်ဦး ဝက်ဝံကိုက်ခံရပြီး သေဆုံးခဲ့တဲ့ သတင်း၊ မိုင်းပြင်းမှာဘဲ  တာချီလိတ်မှ တောင်ကြီးကို ခရီးသည်ခုနစ်ဦး လိုက်ပါလာတဲ့ ခရီးသည်တင်ယာဉ်ငယ် လမ်းဘေးချောက်ထဲ ထိုးကျလို့ လူငါးဦး သေဆုံးခဲ့တဲ့ သတင်း၊ မွန်ပြည်နယ် ကျိုက်ထိုမြို့က မြန်မာ့စီးပွားရေးဘဏ်မှာ ငွေကိုင်ဝန်ထမ်းက ငွေတိုက်ထဲရှိတဲ့ ကျပ်သိန်းလေးထောင်ခန့် ထုတ်ယူသုံးစွဲထားလို့ အမှုဖွင့်ထားတဲ့ သတင်း၊ အင်းစိန် ဘီအိုစီမှတ်တိုင်မှာ ဝိုင်ဘီအက်စ် (၂၁) ယာဉ် ဘရိတ်ပေါက်ပြီး ယာဉ်ခြောက်စီး ဆင့်တိုက်လို့ ၍ ယာဉ်စစ်နေတဲ့ စည်ပင်ရဲခြောက်ဦး ဒဏ်ရာရရှိတဲ့ သတင်း၊ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့သူ သေဆုံးခဲ့လို့ ဝါးခယ်မမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ ခေတ္တမြို့မစခန်းမှူးကို လက်မှတ်ရေးထိုး သတိပေးခဲ့တဲ့ သတင်း၊ မန္တလေးခရိုင်ထဲ မူးယစ်ရမ်းကားသူများကို အသွင်ယူဖမ်းဆီးရာ တစ်ပတ်အတွင်း လူ ၂၀၀ ကျော် ဖမ်းမိခဲ့တဲ့ သတင်း၊ တပ်မတော်အရာရှိ၏ ဇနီး ဥပဒေအရာရှိ ဒေါ်သိင်္ဂီစု က ရိုက်နှက်၍ သေဆုံးခဲ့သည်ဆိုသော အိမ်အကူ မကရင်မ သေဆုံးသည့် အမှုမှာ မကရင်မ၏ မိခင်က အမှုရုပ်သိမ်းပေးရန် လျှောက်ထားတဲ့ သတင်းတွေထဲ စောင့်ကြည့်ချင်စရာ သတင်းဖြစ်ခဲ့ပါတယ်။

Twitter ပေါ်က ဖယ်ရှားခံရတဲ့  SGMinAungHlaing အကောင့်

Twitter တာဝန်ရှိသူတွေနဲ့ ဘင်္ဂါလီအရေး လှုပ်ရှားသူတစ်ဦးတို့ တွေ့ဆုံပြီးနောက်မှာ ဆိုရှယ်လူမှုကွန်ရက်တစ်ခုဖြစ်သည့် Twitter ပေါ်မှာရှိတဲ့ SGMinAungHlaing အမည်ဖြင့် ဖွင့်လှစ်ထားသည့် အကောင့်တစ်ခုကို မေလ ၁၅ ရက်က ပိတ်ခဲ့ပါတယ်။တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မတီဘက်ကတော့ twitter မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ ဖွင့်ထားတာမရှိပါဘူးလို့ ပြောခဲ့ပါတယ်။ဒါပေမယ့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ထောက်ခံသူများက ဖွင့်လှစ်ထားသည့် Twitter အကောင့်အနေဖြင့် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီလို Twitter ပေါ်က တပ်မတော်နဲ့ သက်ဆိုင်တယ်လို့ ထင်ရတဲ့ အကောင့်တွေကို ဖြုတ်ချမှုဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ မြန်မာစစ်တပ်နဲ့ သက်ဆိုင်တဲ့ Facebook အကောင့်တွေကိုတော့ Facebook ရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတဲ့အတွက်ကြောင့်ဆိုပြီး ၂၀၁၈ ခုနှစ် သြဂုတ်လမှာ ပိတ်ပစ်ခဲ့သလို VK လူမှုကွန်ရက် အကောင့်ကို အပိတ်ခံခဲ့ရပြီးနောက်မှာ တတိယမြောက် လူမှုကွန်ရက် ဆက်လက်အပိတ်ခံရတဲ့အတွက် ဒါဟာ နိုင်ငံတကာမှာ ဘင်္ဂါလီအရေး လှုပ်ရှားသူတွေဘက်က အားကောင်းနေတဲ့သဘော ဖြစ်နေပါတယ်။ပြည်တွင်းမှာ မညီမညွတ်မှုတွေ ဖြစ်နေတဲ့အချိန်မှာ ပြည်ပမှာ ဆန့်ကျင်ဘက် အင်အားစုတွေ ညီညွတ်နေတာက ပြည်တွင်းက ကွဲပြားတဲ့ အုပ်စုတွေကြားထဲ သတိထားရမယ့် ကိစ္စပါ။မညီညွတ်ရင် ထိပါးလာမယ့် အခြေအနေကို ပြန်သုံးသပ်ဖို့ လိုနေပါတယ်။

အဆိုပါသတင်းက ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က  မြန်မာ့တပ်မတော်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ပတ်သက်ဆက်နွယ်မှုမပြုဖို့ ကမ္ဘာ့နိုင်ငံများကို တောင်းဆိုခဲ့တဲ့ သတင်း၊ ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေပါပုဒ်မ ၂၆၁ ပြင်ဆင်မှုကို ၄၅ ဦးပါ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ လုပ်ငန်းစဉ်အတွင်းသာ ထည့်သွင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့မှုအပေါ် ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်နှင့် ညီ၊ မညီ အဓိပ္ပာယ်ဖွင့်ပေးဖို့ ပြည်ခိုင်ဖြိုးပါတီက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ လက်မှတ်ရေးထိုး တင်ပြခဲ့တဲ့ သတင်း၊ တောင်ကြီးမြို့မှာ တပ်မတော်ထောက်ခံပွဲနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့တဲ့ သတင်း၊ ရခိုင်စစ်ဘေးရှောင်တွေကို အကူအညီများ ပေးအပ်နိုင်ဖို့ ကုလသမဂ္ဂ လ/ထ အတွင်းရေးမှူးချုပ်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို ကမ်းလှမ်းခဲ့တဲ့ သတင်း၊ တရားသူကြီးများ တရားခွင်မှာ ကျမ်းသစ္စာပြု ဆောင်ရွက်ရမယ့်အချက် ပါဝင်တဲ့ ပြည်ထောင်စု တရားစီရင်ရေးဥပဒေ စတုတ္ထအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကို တင်သွင်းခဲ့တဲ့ သတင်းတွေထဲ စောင့်ကြည့်ဖတ်ရှုခဲ့ရတဲ့ သတင်းဖြစ်ခဲ့ပါတယ်။

ဘာသာရေးလှုံ့ဆော်မှု

ဘယ်ကရောက်လာမှန်းမသိတဲ့ လူအုပ်ကြီးကဆိုတဲ့ စကားက ယခင်အစိုးရလက်ထက်မှာ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေဖြစ်တိုင်း သုံးလေ့ရှိတဲ့ စကားပါဘဲ။ဒီလိုပဲ မေလ ၁၄ ရက်နဲ့ ၁၅ ရက် ညတွေမှာ တောင်ဒဂုံမြို့နယ် ၁ဝ၆ ရပ်ကွက်၊ ၂၆ ရပ်ကွက်နဲ့ ၆၄ ရပ်ကွက်က ယာယီဝတ်ပြုဆောင်တွေကို အမျိုးသားရေးလှုပ်ရှားသူ နှစ်ရာလောက်က လာရောက်ပိတ်ခိုင်းတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။

ဒီဝတ်ပြုဆောင်တွေကို အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုဒ်လအတွင်း ဝတ်ပြုဖို့အတွက် ယာယီဝတ်ပြုဆောင်အဖြစ် ယခုနှစ်အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့က ခွင့်ပြုထားတာ ဖြစ်ပါတယ်။ဒီ ယာယီဝတ်ပြုဆောင် သုံးခုစလုံးက  မိုက်ကယ်ကျော်မြင့်ဆိုသူ ဦးဆောင်တဲ့ အမျိုးသားရေးလှုပ်ရှားသူတွေ လာရောက်ပိတ်ခိုင်း ဖိအားပေးတဲ့အတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက  ပိတ်ပင်ပေးခဲ့ရတာပါ။အမှတ်၂၆ ရပ်ကွက်မှာဖြစ်တဲ့ ဖြစ်စဉ်မှာ လာရောက်ပိတ်ပင်သူ နှစ်ရာဝန်းကျင်က ကားတစ်စီးကို ခဲနဲ့ဝိုင်းပြီးထုခဲ့သလို ရန်မူတာတွေရှိပြီး ဒေသခံတွေကတော့ ဒီဖြစ်စဉ်ထဲ သူတို့အရပ်သားတွေ ပါဝင်တာ မတွေ့ရဖူးလို့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါညပိုင်းက ဖြစ်စဉ်မှာ မိုက်ကယ်ကျော်မြင့်ဆိုသူ ဦးဆောင်တဲ့ အမျိုးသားရေးလှုပ်ရှားသူတွေ ဖိအားပေးတဲ့အတိုင်း ယာယီပြေငြိမ်းဖို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေဘက်က ဆောင်ရွက်ပေးခဲ့တာကို တွေ့ရပြီး နောက်တစ်ရက်မှာတော့ ဒီဖြစ်စဉ်မှာ ပါတဲ့သူတွေက ဒေသခံတွေ မဟုတ်ဘူးဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာခဲ့ပါတယ်။

မေ ၁၆ ရက်မှာတော့ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လ ဝတ်ပြုဆုတောင်းပွဲ တားဆီးပိတ်ပင်ရာမှာ ပါဝင်တဲ့ မိုက်ကယ်ကျော်မြင့် ပါ နှစ်ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားရုံးတွင် ဦးတိုက်လျှောက်၍ အမှုဖွင့်ခဲ့ကာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ဖိအားပေးလို့ ခေတ္တပိတ်ပေးရတဲ့ အဆိုပါဝတ်ပြုဆောင် ၃ ခုကို မေ ၁၇ ရက်မှာ ပြန်ဖွင့်ခွင့်ပေးခဲ့သလို သက်ဆိုင်ရာရဲတပ်ဖွဲ့ လုံခြုံရေးရယူပေးခဲ့တယ်လို့ သိရပါတယ်။တစ်ခုနဲ့တစ်ခု သက်ဆိုင်ခြင်းမရှိဘူး ဆိုပေမယ့် ထောင်ဆူပြီး ရက်သတ္တပတ်တစ်ခုအကြာမှာ ၁၀ ရက်ခန့်မှာ ဖြစ်ခဲ့တဲ့ ယခုပြဿနာဟာ နိုင်ငံတကာမှာ သီရိလင်္ကာမှာ လူမျိုးရေး ဘာသာရေးပဋိပက္ခကြောင့် လူသေဆုံးရတဲ့ အဖြစ်ကြောင့် ဗုဒ္ဓဘာသာအများစုရှိတဲ့ နိုင်ငံတွေအပေါ် နိုင်ငံတကာက စောင့်ကြည့်ချိန်မှာ ဖြစ်နေတဲ့အတွက် ဒါဟာ နိုင်ငံတကာမှာ မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်တဲ့ နိုင်ငံအဖြစ် ပုံဖော်နေတဲ့ အချိန်မှာ ယခုဖြစ်ရပ်က သတိထားစရာဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ ဘယ်ကရောက်လာမှန်းမသိတဲ့ လူအုပ်အတွက် အဖြေရှာဖို့ ဗီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေ ပေါ်ထွက်ခဲ့တဲ့အတွက် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခမီးမွှေးတဲ့သူတွေကို ဘယ်လိုကိုင်တွယ် အရေးယူမလဲ၊ မိုက်ကယ်ကျော်မြင့် အပါအဝင် နှစ်ဦးကို ဘယ်အချိန်မှာ ဖမ်းမိနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဒီသတင်းက ယခုတစ်ပတ်ရဲ့ လူအများစု စောင့်ကြည့်ရတဲ့ သတင်းဖြစ်ခဲ့ပြီး မရမ်းကုန်းမြို့နယ်ထဲမှာ ဖြစ်ခဲ့တဲ့ ပုဂ္ဂလိက ဘာသာစကား သင်တန်းကျောင်းက ဆရာမငါးဦးနဲ့ ကျောင်းသား ၁၆ ဦး မီးစက်မီးခိုးငွေ့မိပြီး မူးလဲကာ ဆေးရုံတင်လိုက်ရတဲ့ သတင်း၊ မန္တလေးတိုင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဌာနခွဲစာရေးမကို တိုင်းတရားလွှတ်တော်က အဂတိလိုက်စားတဲ့ အမှုနှစ်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ်လေးနှစ် အမိန့်ချမှတ်ခဲ့တဲ့ သတင်း၊ အမှုထမ်းသက်လွန်ကာလများအတွက် အငြိမ်းစားဆရာမ ဒေါ်မာမာမြင့် က မန္တလေးတိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ် (၂) သို့ ကျပ်  ၇၈ သိန်းကျော် ပြန်လည်ပေးသွင်းခဲ့တဲ့ သတင်း၊ ကျပ်သိန်း ၂၀ လာဘ်ယူမှုဖြင့် အမှုဖွင့်ခံရတဲ့ ကျောက်တံခါးမြို့နယ် တရားသူကြီး ဒေါ်ရည်ရည်မွန် ထွက်ပြေးတိမ်းရှောင်နေတဲ့ သတင်းတွေထက် အများပြည်သူကို ပိုမိုအာရုံစိုက်စရာ ဖြစ်ခဲ့တယ်ဆိုတာကို တင်ပြရင်း ယခုတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ရပ်နားချင်ပါတယ်။

မာလင်း
မေ - ၁၇

( Zawgyi )

ယခုရက္သတၱပတ္အတြင္း ျပည္တြင္းသတင္းေတြထဲမွာ အလႈပ္ခတ္ဆုံး သတင္းႏွစ္ပုဒ္ ရွိခဲ့ပါတယ္။တစ္ခုက ျမန္မာအမ်ိဳးသားေလေၾကာင္းက ေလယာဥ္တစ္စင္း ေလဆိပ္ဆင္းရာမွာ ေရွ႕ဘီးမက်လို႔ ဝမ္းဗိုက္နဲ႔ရွပ္ၿပီး ဆင္းခဲ့ရတဲ့ သတင္းနဲ႔ ေတာင္ဒဂုံမွာ ဘာသာေရး လႈံ႕ေဆာ္မႈေၾကာင့္ ယာယီခြင့္ျပဳထားတဲ့ အစၥလာမ္ဝတ္ျပဳတဲ့ ေနရာႏွစ္ခုကို လူအုပ္က လာေရာက္တားျမစ္တဲ့ သတင္းေတြဘဲ ျဖစ္ပါတယ္။

အဆိုပါသတင္းႏွစ္ပုဒ္က ယခုတစ္ပတ္အတြင္း သတင္းေတြျဖစ္တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မေကြး ၿမိဳ႕သို႔ ေရာက္ရွိေနစဥ္ မေကြးၿမိဳ႕ ကမ္းနားလမ္းမွာ ပီနန္အိတ္ႏွစ္အိတ္နဲ႔ ထည့္ထားတဲ့  က်ည္ဆန္ ၇၈၂ ေတာင့္ ေတြ႕ရွိခဲ့တဲ့ သတင္း၊ တာခ်ီလိတ္မွာ သတင္းအရ ေနရာသုံးခုကို ဝင္ရွာေဖြရာမွာ  တ႐ုတ္ႏိုင္ငံသား ၁၈၈ ဦးကို ေသနတ္သုံးလက္ စိတ္ႂကြေဆးျပားအခ်ိဳ႕ႏွင့္ ေလာင္းကစားလုပ္ရာမွာသုံးတဲ့ ဖုန္း၊ လက္ပ္ေတာ့မ်ားနဲ႔အတူ သိမ္းဆည္းရမိတဲ့ သတင္း၊ က်ိဳက္ထီး႐ိုးေစတီ မိုးႀကိဳးစက္ကြင္း ထိမွန္လို႔ ေ႐ႊမ်ားကြာက်ခဲ့တဲ့ သတင္း၊ ရခိုင္ျပည္နယ္ ေျမာက္ဦးမွာ ေလျပင္းတိုက္ခတ္မႈေၾကာင့္ စစ္ေဘးေရွာင္စခန္း ၁၀ ခုေက်ာ္မွ ေနအိမ္မ်ား ပ်က္စီးခဲ့တဲ့ သတင္း၊ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္က ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္တုကို လုံးဝမေျပာင္းေ႐ႊ႕ႏိုင္တဲ့အျပင္ ျပည္နယ္အစိုးရအဖြဲ႕က ကာကြယ္ေစာင့္ေရွာက္ရန္ တာဝန္ရွိတယ္လို႔ ေျပာၾကားခဲ့တဲ့ သတင္း၊ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးသည္ ႏိုင္ငံအတြက္ အသက္တမွ် အေရးႀကီးလို႔ ျပင္ဆင္ေရး လုပ္ငန္းစဥ္ကို စိတ္ရင္းေစတနာမွန္ျဖင့္ ပူးေပါင္းေဆာင္႐ြက္ဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္ က လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို တိုက္တြန္းေျပာၾကားခဲ့တဲ့ သတင္း၊ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္က အဂတိလိုက္စားမႈမ်ားႏွင့္ ဆက္ႏႊယ္ပတ္သက္သည့္ ကိစၥရပ္မ်ားမွာ အစြဲကင္းစြာ၊ မ်က္ႏွာမလိုက္၊ အခြင့္အေရးမေပးဘဲ တိက်စြာ အေရးယူသင့္တယ္လို႔ ေျပာၾကားခဲ့တဲ့ သတင္းေတြထဲ ထူးျခားစြာ ေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းျဖစ္ခဲ့ပါတယ္။

ဆက္တိုက္ျဖစ္ခဲ့တဲ့ ေလယာဥ္မေတာ္တဆမႈေတြ

ေမ ၈ ရက္ေန႔က ရန္ကုန္ေလဆိပ္မွာျဖစ္ခဲ့တဲ့ ဘဂၤလားေဒ့ရွ္ ေလယာဥ္မေတာ္တဆျဖစ္မႈအတြက္ လူေတြ ေသြးမေႏြးေသးခ်ိန္မွာဘဲ မႏၲေလးေလဆိပ္မွာ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းက Embraer 190 AR ေလယာဥ္ကြင္းဆင္းရာမွာ အခက္အခဲျဖစ္ၿပီး ေလယာဥ္ဝမ္းဗိုက္နဲ႔ ရွပ္ၿပီးဆင္းခဲ့ရတဲ့ ျဖစ္စဥ္တစ္ခု ေမ ၁၂ မွာ ျဖစ္ခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ ေလယာဥ္ကေတာ့ သုံးပိုင္းက်ိဳးတဲ့အထိ ျဖစ္ခဲ့ေပမယ့္ ျမန္မာေလေၾကာင္းက ေလယာဥ္ကေတာ့ ဝမ္းဗိုက္နဲ႔ဆင္းတဲ့အတြက္ ထိခိုက္ဒဏ္ရာရသူလည္း မရွိသေလာက္ နည္းပါးခဲ့ပါတယ္။ေမ ၁၂ ရက္က ရန္ကုန္ကေန မႏၲေလးကိုလာတဲ့    ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္းပိုင္ ေလယာဥ္အမွတ္ XY-AGQ, Embraer 190 AR မႏၲေလးေလဆိပ္သို႔ ဆင္းသက္ဖို႔အတြက္ ေလယာဥ္ေရွ႕ဘီးခ်မရလို႔ ေလယာဥ္ကို ဦးစိုက္ၿပီး ဆင္းသက္ခဲ့ရတာပါ။ေလယာဥ္မႉး ကြၽမ္းက်င္မႈေၾကာင့္ ခရီးသည္ ၈၂ ဦးနဲ႔ အမႈထမ္း ခုႏွစ္ဦး ထိခိုက္ဒဏ္ရာရခဲ့တာ မရွိခဲ့ပါဘူး။ဒီအတြက္ ျပည္တြင္းမွာ ေလယာဥ္မႉးရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ကြၽမ္းက်င္မႈအေပၚ အသိအမွတ္ျပဳမႈေတြ မ်ားျပားခဲ့ပါတယ္။
ေလယာဥ္ေပၚ လိုက္ပါလာတဲ့သူေတြထဲမွာ အႏုပညာရွင္ေတြ လိုက္ပါလာတဲ့အတြက္ ဒီျဖစ္စဥ္ဟာ ပိုၿပီးဂ႐ုျပဳစရာ ျဖစ္ခဲ့ပါတယ္။

ေလယာဥ္ဘီးခ်မရလို႔ ခက္ခက္ခဲခဲဆင္းရတဲ့ ျဖစ္စဥ္မွာ ေလယာဥ္ေပၚ ပါတဲ့သူေတြ ထိခိုက္ဒဏ္ရာမရေအာင္ လုပ္ႏိုင္တဲ့အတြက္ ခ်ီးက်ဴးစရာျဖစ္ေပမယ့္ ေလယာဥ္ဘီးခ်မရတဲ့ အထိျဖစ္ရတဲ့ ျပႆာနာဟာ ေလယာဥ္တစ္စီးလုံး ပ်က္က်တဲ့အထိ ဆိုးဆိုး႐ြား႐ြားျဖစ္ႏိုင္တဲ့ အျဖစ္ဆိုးႀကီး ျဖစ္ႏိုင္တဲ့အတြက္ ျပန္သုံးသပ္စစ္ေဆးဖို႔ လိုေနသလို ဘယ္သူေတြ တာဝန္ရွိသလဲ၊ ဘယ္အပိုင္းမွာ တာဝန္ရွိသလဲဆိုတာ ျပန္သုံးသပ္စစ္ေဆးဖို႔ လိုပါလိမ့္မယ္။

ေမလ ၁၃ ရက္က ျပဳလုပ္တဲ့ အစိုးရ တတိယ တစ္ႏွစ္တာအတြင္း သတင္းစာရွင္းလင္းပြဲမွာ ေလယာဥ္ သုံးပိုင္းက်ိဳးခဲ့တဲ့ ဘဂၤလားေဒ့ရွ္ ေလယာဥ္မေတာ္တဆျဖစ္မႈနဲ႔ ပတ္သက္ၿပီး ခုံ႐ုံးဖြဲ႕စစ္ေဆးေနရာမွာ ပိုင္းေလာ့၏ ဆုံးျဖတ္ခ်က္ (Decision) အမွားေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ထားတယ္လို႔ ေျပာခဲ့ပါတယ္။ျမန္မာေလယာဥ္ မေတာ္တဆမႈမွာေတာ့ ေလယာဥ္မပ်ံသန္းခင္ ဘာေတြစစ္ေဆးဖို႔ ပ်က္ကြက္လဲ၊ လူေၾကာင့္လား စက္ေၾကာင့္လား၊ ေလယာဥ္ထုတ္လုပ္တဲ့ ကုမၸဏီေၾကာင့္လားဆိုတာ ထုတ္ျပန္မႈကို ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ေရွ႕ရက္သတၱပတ္က သမၼတလြတ္ၿငိမ္းခြင့္နဲ႔အတူ ျဖစ္ခဲ့တဲ့ ေထာင္ဆူပူမႈ သတင္းမွာ အမ်ားျပည္သူ သတိထားမိတဲ့ ေ႐ႊဘိုေထာင္ပိုင္က ဆူခိုင္းလို႔ ဆူရတယ္ဆိုတဲ့ သတင္းရဲ႕ ေနာက္ဆက္တြဲ သတင္းေတြက အမ်ားျပည္သူၾကားထဲ ဆက္လက္စိတ္ဝင္စားမႈ ျမင့္တက္ခဲ့ပါတယ္။

ျပည္တြင္း သတင္းမီဒီယာ ႐ုပ္သံတစ္ခုမွာ ေဖာ္ျပတက္ခဲ့တဲ့ အက်ည္းသားတစ္ဦးေျပာခဲ့တဲ့ စကားနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာ အာဏာပိုင္ေတြဘက္က ဘာေျပာမလဲဆိုတာကို အမ်ားျပည္သူေတြကလည္း သိခ်င္ေနခဲ့တာပါ။သမၼတ႐ုံးကလည္း ဒီလို ေထာင္ေတြ တစ္ၿပိဳင္တည္းဆူပူမႈမွာ ေနာက္ကြယ္က ဆက္ႏြယ္မႈေတြ ရွိေနႏိုင္တယ္လို႔ ယူဆေၾကာင္း ထုတ္ျပန္ခဲ့တာေတြ ရွိခဲ့တဲ့အတြက္ ဘယ္လိုအေျဖေတြ ထြက္လာမလဲ ဘယ္လိုတာဝန္ခံမႈေတြ ရွိလာမလဲ၊ ေနာက္ကြယ္က အႀကံအစည္ေတြ ဘာေတြထြက္ေပၚလာမလဲဆိုတာ စိတ္ဝင္တစား ေစာင့္ၾကည့္မႈေတြ ရွိခဲ့ပါတယ္။  

ျပည္တြင္း သတင္းစာတစ္ေစာင္နဲ႔ အက်ဥ္းဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးနဲ႔ ေတြ႕ဆုံေမးျမန္းမႈမွာေတာ့ ေ႐ႊဘိုေထာင္ ဆူပူမႈကို ေထာင္ပိုင္ႀကီး ေစခိုင္းသျဖင့္ ျပဳလုပ္ရျခင္းျဖစ္သည္ဟု စြပ္စြဲမႈမ်ားက မွန္ကန္ျခင္းမရွိဘဲ အဓိပၸာယ္လုံးဝမရွိဘူးလို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ စစ္ကိုင္းတိုင္း ဝန္ႀကီးခ်ဳပ္ ေ႐ႊဘိုေထာင္ လာေရာက္ခ်ိန္တြင္ တင္ျပစရာရွိသည္မ်ား တင္ျပရန္ ေျပာၾကားခိုင္းမႈသာ ျဖစ္ႏိုင္တယ္လို႔ ေျပာခဲ့တာရွိပါတယ္။

အဆိုပါေထာင္ကေန ေထာင္ဆူတာကို အခ်ိန္နဲ႔တေျပးညီ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ကေန Live လႊင့္တင္ခဲ့တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ျဖစ္စဥ္ျဖစ္ၿပီး ဆယ္ရက္အတြင္းမွာဘဲ ေထာင္ဒဏ္ ၆ လစီ ခ်ခဲ့ပါတယ္။ေထာင္ခ်ခံရတဲ့ထဲမွာ အက်ဥ္းသားသုံးဦးႏွင့္ ေထာင္ဝန္ထမ္းတို႔ ျဖစ္ပါတယ္။ဒါ့အျပင္ ေထာင္ထဲကေန Live လႊင့္တဲ့ အက်ဥ္းသားနဲ႔ ဖုန္းခိုးသြင္းတဲ့ အက်ဥ္းသားရဲ႕ မိသားစုဝင္ႏွစ္ဦးကို ထိန္းသိမ္းစစ္ေဆးေနတယ္လို႔ ဆိုပါတယ္။ဒါဟာ ယခုရက္သတၱပတ္ထဲ အမ်ားျပည္သူၾကား ေျပာစရာ၊ ေဆြးေႏြးစရာ ကိစၥျဖစ္ခဲ့သလို သမၼတ႐ုံးဘက္ကလည္း အက်ဥ္းေထာင္မ်ား ဆက္တိုက္ဆူပူျခင္းႏွင့္ ေတာင္းဆိုခ်က္မ်ား ထပ္တူညီေနျခင္း၊ အက်ဥ္းသားမ်ားက ဖုန္းသုံးစြဲကာ ေထာင္အတြင္း ျဖစ္ရပ္မ်ားကို လူမႈကြန္ရက္ေပၚတင္ျခင္း စသည့္ ျဖစ္ရပ္မ်ားသည္ လြတ္ၿငိမ္းသက္သာခြင့္ကို အေၾကာင္းျပဳ၍ ဆူပူမႈျဖစ္ေအာင္ ေသြးထိုးလႈံ႕ေဆာ္မႈမ်ား ရွိေနေၾကာင္း သုံးသပ္ရရွိ၍ စုံစမ္းစစ္ေဆးမည္လို႔ ထုတ္ျပန္ခဲ့ထားတာရွိတဲ့အတြက္ ဘာေတြေဖာ္ထုတ္လာဦးမလဲ၊ ဒါမွမဟုတ္ ယခုအေရးယူမႈနဲ႔ဘဲ တစ္ၿပိဳင္နက္ ေထာင္ဆူပႈမႈ ျဖစ္စဥ္က ၿပီးသြားမလားဆိုတာ  အမ်ားျပည္သူက ေစာင့္ၾကည့္ရဦးမွာပါ။

အဆိုပါ သတင္းက ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ မႈခင္းေနာက္ခံ သတင္းေတြထဲက ရွမ္းျပည္နယ္ အေရွ႕ပိုင္း မိုင္းျပင္းၿမိဳ႕နယ္ထဲမွာ ေတာလိုက္ထြက္တဲ့ မုဆိုးခုနစ္ဦး ဝက္ဝံအလိုက္ခံရလို႔ တစ္ဦး ဝက္ဝံကိုက္ခံရၿပီး ေသဆုံးခဲ့တဲ့ သတင္း၊ မိုင္းျပင္းမွာဘဲ  တာခ်ီလိတ္မွ ေတာင္ႀကီးကို ခရီးသည္ခုနစ္ဦး လိုက္ပါလာတဲ့ ခရီးသည္တင္ယာဥ္ငယ္ လမ္းေဘးေခ်ာက္ထဲ ထိုးက်လို႔ လူငါးဦး ေသဆုံးခဲ့တဲ့ သတင္း၊ မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕က ျမန္မာ့စီးပြားေရးဘဏ္မွာ ေငြကိုင္ဝန္ထမ္းက ေငြတိုက္ထဲရွိတဲ့ က်ပ္သိန္းေလးေထာင္ခန႔္ ထုတ္ယူသုံးစြဲထားလို႔ အမႈဖြင့္ထားတဲ့ သတင္း၊ အင္းစိန္ ဘီအိုစီမွတ္တိုင္မွာ ဝိုင္ဘီအက္စ္ (၂၁) ယာဥ္ ဘရိတ္ေပါက္ၿပီး ယာဥ္ေျခာက္စီး ဆင့္တိုက္လို႔ ၍ ယာဥ္စစ္ေနတဲ့ စည္ပင္ရဲေျခာက္ဦး ဒဏ္ရာရရွိတဲ့ သတင္း၊ ရဲစခန္းမွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားတဲ့သူ ေသဆုံးခဲ့လို႔ ဝါးခယ္မၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉးနဲ႔ ေခတၱၿမိဳ႕မစခန္းမႉးကို လက္မွတ္ေရးထိုး သတိေပးခဲ့တဲ့ သတင္း၊ မႏၲေလးခ႐ိုင္ထဲ မူးယစ္ရမ္းကားသူမ်ားကို အသြင္ယူဖမ္းဆီးရာ တစ္ပတ္အတြင္း လူ ၂၀၀ ေက်ာ္ ဖမ္းမိခဲ့တဲ့ သတင္း၊ တပ္မေတာ္အရာရွိ၏ ဇနီး ဥပေဒအရာရွိ ေဒၚသိဂႌစု က ႐ိုက္ႏွက္၍ ေသဆုံးခဲ့သည္ဆိုေသာ အိမ္အကူ မကရင္မ ေသဆုံးသည့္ အမႈမွာ မကရင္မ၏ မိခင္က အမႈ႐ုပ္သိမ္းေပးရန္ ေလွ်ာက္ထားတဲ့ သတင္းေတြထဲ ေစာင့္ၾကည့္ခ်င္စရာ သတင္းျဖစ္ခဲ့ပါတယ္။

Twitter ေပၚက ဖယ္ရွားခံရတဲ့  SGMinAungHlaing အေကာင့္

Twitter တာဝန္ရွိသူေတြနဲ႔ ဘဂၤါလီအေရး လႈပ္ရွားသူတစ္ဦးတို႔ ေတြ႕ဆုံၿပီးေနာက္မွာ ဆိုရွယ္လူမႈကြန္ရက္တစ္ခုျဖစ္သည့္ Twitter ေပၚမွာရွိတဲ့ SGMinAungHlaing အမည္ျဖင့္ ဖြင့္လွစ္ထားသည့္ အေကာင့္တစ္ခုကို ေမလ ၁၅ ရက္က ပိတ္ခဲ့ပါတယ္။တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး ေကာ္မတီဘက္ကေတာ့ twitter မွာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးကေန ဖြင့္ထားတာမရွိပါဘူးလို႔ ေျပာခဲ့ပါတယ္။ဒါေပမယ့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကို ေထာက္ခံသူမ်ားက ဖြင့္လွစ္ထားသည့္ Twitter အေကာင့္အေနျဖင့္ ရွိႏိုင္တယ္လို႔ ဆိုပါတယ္။

ဒီလို Twitter ေပၚက တပ္မေတာ္နဲ႔ သက္ဆိုင္တယ္လို႔ ထင္ရတဲ့ အေကာင့္ေတြကို ျဖဳတ္ခ်မႈဟာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ နဲ႔ ျမန္မာစစ္တပ္နဲ႔ သက္ဆိုင္တဲ့ Facebook အေကာင့္ေတြကိုေတာ့ Facebook ရဲ႕ သတ္မွတ္ခ်က္ေတြနဲ႔ မကိုက္ညီတဲ့အတြက္ေၾကာင့္ဆိုၿပီး ၂၀၁၈ ခုႏွစ္ ၾသဂုတ္လမွာ ပိတ္ပစ္ခဲ့သလို VK လူမႈကြန္ရက္ အေကာင့္ကို အပိတ္ခံခဲ့ရၿပီးေနာက္မွာ တတိယေျမာက္ လူမႈကြန္ရက္ ဆက္လက္အပိတ္ခံရတဲ့အတြက္ ဒါဟာ ႏိုင္ငံတကာမွာ ဘဂၤါလီအေရး လႈပ္ရွားသူေတြဘက္က အားေကာင္းေနတဲ့သေဘာ ျဖစ္ေနပါတယ္။ျပည္တြင္းမွာ မညီမၫြတ္မႈေတြ ျဖစ္ေနတဲ့အခ်ိန္မွာ ျပည္ပမွာ ဆန႔္က်င္ဘက္ အင္အားစုေတြ ညီၫြတ္ေနတာက ျပည္တြင္းက ကြဲျပားတဲ့ အုပ္စုေတြၾကားထဲ သတိထားရမယ့္ ကိစၥပါ။မညီၫြတ္ရင္ ထိပါးလာမယ့္ အေျခအေနကို ျပန္သုံးသပ္ဖို႔ လိုေနပါတယ္။

အဆိုပါသတင္းက ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႕က  ျမန္မာ့တပ္မေတာ္နဲ႔ ဘ႑ာေရးဆိုင္ရာ ပတ္သက္ဆက္ႏြယ္မႈမျပဳဖို႔ ကမာၻ႔ႏိုင္ငံမ်ားကို ေတာင္းဆိုခဲ့တဲ့ သတင္း၊ ျပည္ေထာင္စုလႊတ္ေတာ္က အေျခခံဥပေဒပါပုဒ္မ ၂၆၁ ျပင္ဆင္မႈကို ၄၅ ဦးပါ အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ လုပ္ငန္းစဥ္အတြင္းသာ ထည့္သြင္းေဆာင္႐ြက္ရန္ ဆုံးျဖတ္ခဲ့မႈအေပၚ ဖြဲ႕စည္းပုံပါ ျပ႒ာန္းခ်က္ႏွင့္ ညီ၊ မညီ အဓိပၸာယ္ဖြင့္ေပးဖို႔ ျပည္ခိုင္ၿဖိဳးပါတီက အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ထံ လက္မွတ္ေရးထိုး တင္ျပခဲ့တဲ့ သတင္း၊ ေတာင္ႀကီးၿမိဳ႕မွာ တပ္မေတာ္ေထာက္ခံပြဲႏွင့္ ဖြဲ႕စည္းပုံ အေျခခံဥပေဒပုဒ္မ ၂၆၁ ျပင္ဆင္ေရး ဆႏၵထုတ္ေဖာ္ပြဲ ျပဳလုပ္ခဲ့တဲ့ သတင္း၊ ရခိုင္စစ္ေဘးေရွာင္ေတြကို အကူအညီမ်ား ေပးအပ္ႏိုင္ဖို႔ ကုလသမဂၢ လ/ထ အတြင္းေရးမႉးခ်ဳပ္က ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို ကမ္းလွမ္းခဲ့တဲ့ သတင္း၊ တရားသူႀကီးမ်ား တရားခြင္မွာ က်မ္းသစၥာျပဳ ေဆာင္႐ြက္ရမယ့္အခ်က္ ပါဝင္တဲ့ ျပည္ေထာင္စု တရားစီရင္ေရးဥပေဒ စတုတၳအႀကိမ္ ျပင္ဆင္တဲ့ ဥပေဒၾကမ္းကို အမ်ိဳးသားလႊတ္ေတာ္ကို တင္သြင္းခဲ့တဲ့ သတင္းေတြထဲ ေစာင့္ၾကည့္ဖတ္ရႈခဲ့ရတဲ့ သတင္းျဖစ္ခဲ့ပါတယ္။

ဘာသာေရးလႈံ႕ေဆာ္မႈ

ဘယ္ကေရာက္လာမွန္းမသိတဲ့ လူအုပ္ႀကီးကဆိုတဲ့ စကားက ယခင္အစိုးရလက္ထက္မွာ ဘာသာေရးဆိုင္ရာ ပဋိပကၡေတြျဖစ္တိုင္း သုံးေလ့ရွိတဲ့ စကားပါဘဲ။ဒီလိုပဲ ေမလ ၁၄ ရက္နဲ႔ ၁၅ ရက္ ညေတြမွာ ေတာင္ဒဂုံၿမိဳ႕နယ္ ၁ဝ၆ ရပ္ကြက္၊ ၂၆ ရပ္ကြက္နဲ႔ ၆၄ ရပ္ကြက္က ယာယီဝတ္ျပဳေဆာင္ေတြကို အမ်ိဳးသားေရးလႈပ္ရွားသူ ႏွစ္ရာေလာက္က လာေရာက္ပိတ္ခိုင္းတဲ့ ျဖစ္စဥ္ေတြ ျဖစ္ခဲ့ပါတယ္။

ဒီဝတ္ျပဳေဆာင္ေတြကို အစၥလာမ္ဘာသာဝင္ေတြရဲ႕ ဥပုဒ္လအတြင္း ဝတ္ျပဳဖို႔အတြက္ ယာယီဝတ္ျပဳေဆာင္အျဖစ္ ယခုႏွစ္အတြက္ ရန္ကုန္တိုင္း အစိုးရအဖြဲ႕က ခြင့္ျပဳထားတာ ျဖစ္ပါတယ္။ဒီ ယာယီဝတ္ျပဳေဆာင္ သုံးခုစလုံးက  မိုက္ကယ္ေက်ာ္ျမင့္ဆိုသူ ဦးေဆာင္တဲ့ အမ်ိဳးသားေရးလႈပ္ရွားသူေတြ လာေရာက္ပိတ္ခိုင္း ဖိအားေပးတဲ့အတြက္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးက  ပိတ္ပင္ေပးခဲ့ရတာပါ။အမွတ္၂၆ ရပ္ကြက္မွာျဖစ္တဲ့ ျဖစ္စဥ္မွာ လာေရာက္ပိတ္ပင္သူ ႏွစ္ရာဝန္းက်င္က ကားတစ္စီးကို ခဲနဲ႔ဝိုင္းၿပီးထုခဲ့သလို ရန္မူတာေတြရွိၿပီး ေဒသခံေတြကေတာ့ ဒီျဖစ္စဥ္ထဲ သူတို႔အရပ္သားေတြ ပါဝင္တာ မေတြ႕ရဖူးလို႔ သတင္းမီဒီယာေတြမွာ ေဖာ္ျပခဲ့ပါတယ္။

အဆိုပါညပိုင္းက ျဖစ္စဥ္မွာ မိုက္ကယ္ေက်ာ္ျမင့္ဆိုသူ ဦးေဆာင္တဲ့ အမ်ိဳးသားေရးလႈပ္ရွားသူေတြ ဖိအားေပးတဲ့အတိုင္း ယာယီေျပၿငိမ္းဖို႔ ေဒသဆိုင္ရာ တာဝန္ရွိသူေတြဘက္က ေဆာင္႐ြက္ေပးခဲ့တာကို ေတြ႕ရၿပီး ေနာက္တစ္ရက္မွာေတာ့ ဒီျဖစ္စဥ္မွာ ပါတဲ့သူေတြက ေဒသခံေတြ မဟုတ္ဘူးဆိုတဲ့ အသံေတြ က်ယ္က်ယ္ေလာင္ေလာင္ ေပၚထြက္လာခဲ့ပါတယ္။

ေမ ၁၆ ရက္မွာေတာ့ ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉးက ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းမွာ ျဖစ္ပြားခဲ့တဲ့ အစၥလာမ္ဘာသာဝင္မ်ား၏ ဥပုသ္လ ဝတ္ျပဳဆုေတာင္းပြဲ တားဆီးပိတ္ပင္ရာမွာ ပါဝင္တဲ့ မိုက္ကယ္ေက်ာ္ျမင့္ ပါ ႏွစ္ဦးကို ပုဒ္မ ၅၀၅ (ခ) ျဖင့္ တရား႐ုံးတြင္ ဦးတိုက္ေလွ်ာက္၍ အမႈဖြင့္ခဲ့ကာ ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕က ဖမ္းဆီးဖို႔ လုပ္ေဆာင္ခဲ့ပါတယ္။

ဖိအားေပးလို႔ ေခတၱပိတ္ေပးရတဲ့ အဆိုပါဝတ္ျပဳေဆာင္ ၃ ခုကို ေမ ၁၇ ရက္မွာ ျပန္ဖြင့္ခြင့္ေပးခဲ့သလို သက္ဆိုင္ရာရဲတပ္ဖြဲ႕ လုံၿခဳံေရးရယူေပးခဲ့တယ္လို႔ သိရပါတယ္။တစ္ခုနဲ႔တစ္ခု သက္ဆိုင္ျခင္းမရွိဘူး ဆိုေပမယ့္ ေထာင္ဆူၿပီး ရက္သတၱပတ္တစ္ခုအၾကာမွာ ၁၀ ရက္ခန႔္မွာ ျဖစ္ခဲ့တဲ့ ယခုျပႆနာဟာ ႏိုင္ငံတကာမွာ သီရိလကၤာမွာ လူမ်ိဳးေရး ဘာသာေရးပဋိပကၡေၾကာင့္ လူေသဆုံးရတဲ့ အျဖစ္ေၾကာင့္ ဗုဒၶဘာသာအမ်ားစုရွိတဲ့ ႏိုင္ငံေတြအေပၚ ႏိုင္ငံတကာက ေစာင့္ၾကည့္ခ်ိန္မွာ ျဖစ္ေနတဲ့အတြက္ ဒါဟာ ႏိုင္ငံတကာမွာ ျမန္မာႏိုင္ငံအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္တဲ့ ႏိုင္ငံအျဖစ္ ပုံေဖာ္ေနတဲ့ အခ်ိန္မွာ ယခုျဖစ္ရပ္က သတိထားစရာျဖစ္ရပ္ ျဖစ္ခဲ့ပါတယ္။

ဒီျဖစ္ရပ္မွာ ဘယ္ကေရာက္လာမွန္းမသိတဲ့ လူအုပ္အတြက္ အေျဖရွာဖို႔ ဗီဒီယိုဖိုင္ေတြ၊ ဓာတ္ပုံေတြ ေပၚထြက္ခဲ့တဲ့အတြက္ လူမ်ိဳးေရး၊ ဘာသာေရး ပဋိပကၡမီးေမႊးတဲ့သူေတြကို ဘယ္လိုကိုင္တြယ္ အေရးယူမလဲ၊ မိုက္ကယ္ေက်ာ္ျမင့္ အပါအဝင္ ႏွစ္ဦးကို ဘယ္အခ်ိန္မွာ ဖမ္းမိႏိုင္မလဲဆိုတာ စိတ္ဝင္စားစရာပါ။

ဒီသတင္းက ယခုတစ္ပတ္ရဲ႕ လူအမ်ားစု ေစာင့္ၾကည့္ရတဲ့ သတင္းျဖစ္ခဲ့ၿပီး မရမ္းကုန္းၿမိဳ႕နယ္ထဲမွာ ျဖစ္ခဲ့တဲ့ ပုဂၢလိက ဘာသာစကား သင္တန္းေက်ာင္းက ဆရာမငါးဦးနဲ႔ ေက်ာင္းသား ၁၆ ဦး မီးစက္မီးခိုးေငြ႕မိၿပီး မူးလဲကာ ေဆး႐ုံတင္လိုက္ရတဲ့ သတင္း၊ မႏၲေလးတိုင္း ေက်းလက္လမ္းဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ ဌာနခြဲစာေရးမကို တိုင္းတရားလႊတ္ေတာ္က အဂတိလိုက္စားတဲ့ အမႈႏွစ္မႈျဖင့္ အလုပ္ႏွင့္ ေထာင္ဒဏ္ေလးႏွစ္ အမိန႔္ခ်မွတ္ခဲ့တဲ့ သတင္း၊ အမႈထမ္းသက္လြန္ကာလမ်ားအတြက္ အၿငိမ္းစားဆရာမ ေဒၚမာမာျမင့္ က မႏၲေလးတိုင္းေဒသႀကီး ျမန္မာ့စီးပြားေရးဘဏ္ (၂) သို႔ က်ပ္  ၇၈ သိန္းေက်ာ္ ျပန္လည္ေပးသြင္းခဲ့တဲ့ သတင္း၊ က်ပ္သိန္း ၂၀ လာဘ္ယူမႈျဖင့္ အမႈဖြင့္ခံရတဲ့ ေက်ာက္တံခါးၿမိဳ႕နယ္ တရားသူႀကီး ေဒၚရည္ရည္မြန္ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ သတင္းေတြထက္ အမ်ားျပည္သူကို ပိုမိုအာ႐ုံစိုက္စရာ ျဖစ္ခဲ့တယ္ဆိုတာကို တင္ျပရင္း ယခုတစ္ပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ရပ္နားခ်င္ပါတယ္။

မာလင္း
ေမ - ၁၇