【 တစ်ပတ်အတွင်း ပြည်တွင်းသတင်းသုံးသပ်ချက် 】 သည်ဟိဂ်တိုက်ပွဲနှင့် အမုန်းတရား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်းသုံးသပ်ချက် 】 သည်ဟိဂ်တိုက်ပွဲနှင့် အမုန်းတရား

ယခုရက်သတ္တပတ် သတင်းတွေထဲ စိတ်ဝင်စားစရာသတင်းတွေ အများအပြားရှိခဲ့ပါတယ်။နယ်သာလန်နိုင်ငံ သည်ဟိဂ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ရင်ဆိုင်တဲ့ ICJ တရားရုံးသတင်းကနေ ထောက်ခံပွဲသတင်းတွေ၊ မော်လမြိုင်မှာ ဆရာဝန်သားအဖ ပျောက်ဆုံးသတင်းကနေ ပဲခူး အင်းတကော်မှာ သူဌေးကို လုပ်ကြံသတ်ဖြတ်တဲ့သတင်းတွေ၊ လွှတ်တော်ဆိုင်ရာ သတင်းတွေက ပြည်တွင်း သတင်းမီဒီယာ စာမျက်နှာတွေထက်မှာ နေရာယူခဲ့ပါတယ်။

လူပျောက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှု

ယခုရက်ပိုင်း သတင်းတွေထဲမှာ လူစိတ်ဝင်စားမှု အများဆုံးသတင်းတွေက မော်လမြိုင်မှာ ပျောက်ဆုံးသွားတဲ့  သားအဖနှစ်ယောက်သတင်းနဲ့ ပဲခူးအင်းတကော်မှာ သတ်ဖြတ်ခံလိုက်ရတဲ့ လုပ်ငန်းရှင်တစ်ဦး သတင်းတွေပါဘဲ။  

ပဲခူးသတင်းကတော့ CCTV ကြောင့် သတ်ဖြတ်ပြီး အလောင်းမြုပ်ထားတာကို ပြန်ဖော်ရမိခဲ့လို့ လူသတ်မှုပေါ်ခဲ့တာပါ။ဖြစ်စဉ်ဖော်ပြချက်အရဆိုရင် ခြံစောင့်အဖြစ် ခန့်ထားတဲ့သူက ခြံမှာလုပ်တဲ့ ခြံအလုပ်သမား အစ်ကိုဝမ်းကွဲတွေကို သူဌေးက ဆုံးမပြောဆိုတာကို မခံနိုင်လို့ ခိုက်ရန်ဖြစ်ပွားရာကနေ တုတ်နဲ့ရိုက်သတ်ပြီး သူဌေးမှာပါလာတဲ့ လက်ဝတ်ရတနာတွေနဲ့ ကားကိုယူကာ ထွက်ပြေးခဲ့ကြတာပါ။

အလောင်းကို CCTV မှတ်တမ်းကနေ တဲနောက်ဘက် ပေ ၂၀၀ အကွာက ဖွဲပုံမှာမြှုပ်ထားတာကို တွေ့ရလို့ ဖော်ခဲ့တာပါ။အသတ်ခံရသူအနေနဲ့ တစ်ယောက်တည်း ခြံကိုသွားရင်း ခြံစောင့် အပါအဝင် သုံးယောက်နဲ့ တစ်ယောက်ဖြစ်သလို လူယုံဆိုပြီး ယုံကြည်မှုလွန်ကဲတာ‌ကြာင့် သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ဖို့များပါတယ်။ဒါဟာ ယခုနောက်ပိုင်း မကြာခဏဆိုသလို ကြားနေရတဲ့ လူယုံသတ်လို့သေရတဲ့ ဖြစ်ရပ်များထဲက ဖြစ်ရပ်တစ်ခုဖြစ်သလို တောင်ငူမှာ ဂရံတောင်းရင်း အသတ်ခံလိုက်ရတဲ့ လင်မယား၊ တနင်္သာရီဘက်မှာ အိမ်မှာလာတည်းရင်း ကလေးကို ပြန်ပေးဆွဲကာ သတ်ပြစ်တဲ့ မှုခင်းတွေလိုဘဲ ယုံကြည်ရတဲ့သူတွေက ရက်ရက်စက်စက်ကျူးလွန်တဲ့ ပြစ်မှုတစ်ခုမို့ တာဝန်ရှိသူတွေအနေနဲ့ တရားခံကိုဖမ်းမိတာနဲ့ အမှုကိုအဆုံးမသတ်ဘဲ စားဝတ်နေရေးကြောင့်လား၊ မူးယစ်ဆေးဝါးကြောင့် ဒီလိုမှုခင်းတွေ ကျူးလွန်ကျတာလားဆိုတာ ဆန်းစစ်သင့်ပြီဖြစ်ပါတယ်။  

ပဲခူးအမှုလို မဟုတ်ပေမယ့် နောက်ထပ်ပိုစိတ်ဝင်စားစရာကောင်းပြီး ယခုထိအဖြေမပေါ်သေးတဲ့ အမှုတစ်ခုကတော့ မော်လမြိုင်က ဆရာဝန်သားအဖ ပျောက်မှုပါဘဲ။အခု ဒီနှစ်အတွင်းမှာ လူပျောက်သတင်းတွေ၊ ကလေးသူခိုးသတင်းတွေ ဆက်တိုက်ကြားနေရသလို အလုပ်ရှင်ကို အလုပ်သမားတွေကသတ်တာ၊ ကြံခင်းမှာ အလုပ် လုပ်နေတဲ့ သားအမိကို လိင်ကိစ္စမပေးလို့ သူ့ဖခင်ရဲ့ သူငယ်ချင်းက သတ်တာ စတဲ့ စိတ်မချမ်းမြေ့ဖွယ် သတင်းတွေက ဆက်တိုက်ဆိုသလိုပါဘဲ။

ဒီအမှုတွေထဲမှာ မောင်လမြိုင်က ဆရာဝန်သားအဖဟာ ကားနဲ့ပျောက်သွားခဲ့တာ ယနေ့တိုင်လုံးဝရှာမတွေ့သေးပါဘူး။ဒီဆရာဝန်သားအဖဖြစ်တဲ့ ဒေါက်တာအေးဇော်ထွန်း နဲ့ ၃ နှစ်အရွယ် သားငယ်ဟာ ဒီဇင်ဘာ ၅ ရက်နေ့ ည ၈ နာရီ ဆေးခန်းပိတ်ချိန်မှာ မိတ်ဆွေ (၃) ဦးနဲ့ ချိန်းဆိုထားလို့ စားသောက်ဆိုင်ကိုသွားခဲ့ပြီး အပြန်မှာ လုံးဝအစရှာမရအောင် ကားရော၊ လူရော ပျောက်ခြင်းမလှ ပျောက်ဆုံးခဲ့ပါတယ်။မိသားစုဝင်တွေရဲ့ အကူအညီတောင်းခံချက်အရ သက်ဆိုင်ရာရဲစခန်းက တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ မီးသတ်အဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့ များ၊ ပရဟိတအဖွဲ့များ အားလုံးစုပေါင်းပြီးတော့ ဖြစ်နိုင်ခြေရှိမည့်နေရာများဖြစ်တဲ့ ရာဘာခြံတွေ၊ မသင်္ကာစရာနေရာတွေ အားလုံးကို လိုက်လံရှာဖွေပေမယ့် အခုထိတိုင် မတွေ့ပဲရှိနေပါ တယ်။ဒီအတွက် ကလေးငယ်အတွက် စိတ်ပူစရာဖြစ်ရသလို ခန့်မှန်းမှုတွေ အများအပြားထွက်နေပေမယ့် ဆိုင်ရာမိသားစုက သတင်းစာရှင်းလင်းပွဲလုပ်ကာ မီဒီယာတွေကို အကူအညီတောင်းခဲ့သလို ပျောက်ဆုံးစဉ် ကားနံပါတ်ကို ဖော်ပြပြီး လူမှုကွန်ရက်ကနေတစ်ဆင့် အကူအညီတောင်းပေမယ် ယခုထိ ပဟေဋ္ဌိဆန်ဆန် ပျောက်ဆုံးနေဆဲဖြစ်လို့ အားလုံးက စိုးရိမ်တကြီး စောင့်ကြည့်နေကြရတဲ့ သတင်းပါဘဲ။     

ကာလုံ၊ ဧည့်စာရင်းနှင့် အမေအို

ပြီးခဲ့တဲ့ရက်သတ္တပတ်က စိတ်ဝင်စားမှုကောင်းခဲ့တဲ့ လွှတ်တော်အခင်းအကျင်းတွေက ယခုရက်သတ္တပတ်မှာလည်း ဆက်လက်စိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ထူးထူးခြားခြား ကာ/လုံအစည်းအဝေးခေါ်ယူဖို့ ယခုရက်ထဲကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တောင်းဆိုခဲ့ပါတယ်။
အရပ်သားအစိုးရလက်ထက် ကာ/လုံခေါ်ဖို့ မကြာခဏဆိုသလို အတိုက်အခံပါတီတွေ၊ ကြံ့ခိုင်ရေးပါတီတွေ တောင်းဆိုလေ့ရှိရာကနေ ယခုအခါမှာ တပ်မတော်သား ကိုယ်စားလှယ်တွေပါ တောင်းဆိုလာတာကို တွေ့ရပါ တယ်။ကြံ့ခိုင်ရေးပါတီမှ ဦးစိုင်းသန်းနိုင် တင်သွင်းတဲ့ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးစဉ်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က တောင်းဆိုခဲ့တာပါ။

ကာလုံမှာ သမ္မတ အပါအဝင် ၁၁ ယောက်မှာ တပ်ဘက်က ၆ ယောက်၊ အရပ်ဘက်က ၅ ယောက် ဖြစ်တဲ့အတွက် အရေးကြီးကိစ္စရပ်တွေမှာ မဲအများစုက အသာဖြစ်တဲ့အတွက် ကာလုံခေါ်ယူဖို့ဟာ အရပ်သားအစိုးရအတွက် အခက်အခဲပါဘဲ။

ဒီလွှတ်တော်အစည်းအဝေးမှာဘဲ နောက်ထပ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အစိုးရအနေဖြင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်သည့် TNLA, MNDAA နှင့် AA တို့ကို အမျိုးသားလုံခြုံရေးကောင်စီ ကာ/လုံ အစည်းအဝေး ခေါ်ယူပြီး အကြမ်းဖက်သောင်းကျန်းသူများအဖြစ် နိုင်ငံတော်က တရားဝင်ကြေညာသင့်တယ်လို့ တင်ပြခဲ့ပါတယ်။ကာ/လုံခေါ်ယူဖို့သာမက အရပ်သားတွေအတွက် ယခင်စစ်အစိုးရအဆက်ဆက် စိုးရိမ်ကြောင့်ကြခဲ့ရတဲ့ ဧည့်စာရင်းဥပဒေနဲ့ လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်တွေကို အရပ်သားအစိုးရ တာဝန်ယူကာစမှာ ဖျက်သိမ်းခဲ့တာကို လက်ရှိ မြောက်ပိုင်းရခိုင်နဲ့ ရှမ်းမြောက်မှာဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ မြို့ထဲရွာထဲ ဝင်ရောက်လာတဲ့ အခြေအနေကို လွယ်ကူစွာဖော်ထုတ်နိုင်ဖို့အတွက် ပြန်လည်ဖော်ဆောင်ပေးဖို့ကိုပါ တင်ပြအကြံပြုခဲ့ပါတယ်။

ဒီဥပဒေက ယခင်က ဒီမိုကရက်တစ်တွေကို လိုသလို ဖမ်း၀ရမ်းမပါဘဲ အိမ်ပေါ်ထိတက်ဆွဲလို့ရခဲ့တဲ့ ဥပဒေဖြစ်ပြီး ဒီဧည့်စာရင်းဥပဒေကြောင့် ယခုအာဏာရပါတီက နိုင်ငံ့တာဝန်ယူထားတဲ့ လူအတော်များများ ဒီဥပဒေတွေကြောင့် ဖမ်းဆီးခံခဲ့ရတာတွေရှိပါတယ်။အသွားနှစ်ဖက်ရှိတဲ့ ဓားလိုဘဲ မကောင်းတဲ့ဘက်မှာ တလွဲအသုံးချလို့လည်းရတဲ့ ဒီဥပဒေကို ပြန်အသက်သွင်းတာက စိမ့်ဝင်တဲ့ လက်နက်ကိုင်တွေကို စစ်ထုတ်ရာမှာ အသုံးဝင်ကောင်း ဝင်နိုင်ပေမယ့် အာဏာရတဲ့သူတွေအတွက် တခြားသောရည်ရွယ်ချက်နဲ့လည်း အသုံးပြုလို့ရတဲ့ ဥပဒေပါ။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးမှုတွေ အားကောင်းလာတဲ့ ယခုတစ်ပတ် လွှတ်တော်အစည်းအဝေးဖြစ်တဲ့ ဒီဇင်ဘာ ၉ ရက် အစည်းအဝေးမှာ ကြံ့ခိုင်ရေးအမတ် ဦးသောင်းအေး ကတော့ “စိစစ်ရေး ပူးပေါင်းကော်မတီက နိဒါန်းကနေ ဇယားအထိ ပြင်မယ်ဆိုတော့ ဥပဒေနဲ့ ညီညွတ်ပါသလား” လို့ မေးခွန်းထုတ်ခဲ့ကာ သမ္မတ အပါအဝင် နိုင်ငံသားအားလုံး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန်လိုအပ်ကြောင်းကို ပြောခဲ့ပါတယ်။ဒါ့အပြင် ခြေဥကိုမှီပြီး ခြေဥနှင့်နေရာရလာသူများ၊ နေရာရပြီးကာမှ ခြေဥကို အားလုံးပြင်ရန်၊ ပယ်ဖျက်ရန် လုပ်ဆောင်နေသူများအား ဖခင်ကိုသတ်သည့် အဇာတသတ်မင်းသားလို မှားယွင်းနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ဒီလွှတ်တော်အစည်းအဝေးမှာဘဲ ကြံ့ခိုင်ရေးအမတ်တစ်ဦးဖြစ်တဲ့ မချမ်းဘော ပြည်သူ့လွှတ်တော်အမတ်က ထူးထူးခြားခြား “ကျွန်တော့်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ကိုက်ညီတယ်လို့ ကျွန်တော်မဆိုလိုပါဘူး၊ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်လို့ ကျွန်တော်ယူဆမိပါတယ်။ကျွန်တော့်အနေနဲ့ အသစ်ပြန်ရေးဆွဲမယ်ဆိုလည်း သဘောတူပါတယ်။ပြင်ဆင်မယ်ဆိုရင်လည်း သဘောတူပါတယ်’’ လို့ ဦးစိုင်းသန်းနိုင် တင်တဲ့ အဆိုကို ဆွေးနွေးရင်း ပြောခဲ့ပါတယ်။ဒါဟာ လွှတ်တော်သက်တမ်းတစ်လျှောက် ပြည်ခိုင်ဖြိုးပါတီဘက်က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့ခြင်းပါ။

၎င်းအနေနဲ့ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ လုပ်ငန်းဆောင်ရွက်မှုများကို လေ့လာတဲ့အခါ ပြင်ဆင်ရန် ၃,၇၆၅ ချက် ရှိတယ်ဆိုတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲသည့် နည်းလမ်းက ပိုနီးစပ်တယ်ဆိုတဲ့ သဘောမျိုးပြောခဲ့တဲ့ သဘောပါဘဲ။ဒီဆွေးနွေးမှုမှာ ဒီချုပ်ပါတီမှ မကွေးတိုင်းဒေသကြီး စေတုတ္တရာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင် က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာမှာ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့ မထောက်ခံရင် လုံးဝပြင်မရတဲ့အတွက် ကမ္ဘာပေါ်မှာ ပြင်ဆင်ရန် အခက်ခဲဆုံးဖြစ်နေလို့ အဟန့်အတားပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းစုံ ကြုံတွေ့နေရတယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတော့ မွန်ပြည်နယ် အမျိုးသားလွှတ်တော်အမတ်က “ကျွန်တော်တို့ရဲ့ အမေရွယ်၊ အဘွားအရွယ် အသက် (၇၀) ကျော်အရွယ် အမေအိုကြီးက ဘာသာ၊ လူမျိုး မခွဲခြားဘဲ အားလုံးကို သွေးသားအရင်းလို သဘောထားပြီး တစ်နိုင်ငံလုံးကိုယ်စား သူ့ဘဝကိုရင်းလို့ တာဝန်ယူ၊ တာဝန်ခံမှုအပြည့်နဲ့၊ ဒီနေ့ ICJ မှာ သတ္တိရှိစွာနဲ့ ကာကွယ်နေချိန်မှာ” ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကို အမေအိုအဖြစ် သုံးနှုန်းခဲ့တာကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က “အမယ်အိုကြီး၊ အဘွားအိုကြီး၊ ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးနဲ့ ကမ္ဘာမှာရှိတဲ့ လူထုအားလုံးကြည့်နေတဲ့အချိန်မှာ ဒီလိုမဖွယ်မရာ ပုဂ္ဂိုလ်ရေးစကားတွေကို အဘိုး၊ အဘွားတွေ ထည့်သွင်းမသုံးသင့်ပါဘူး’’ လို့ ကန့်ကွက်ပြောဆိုခဲ့လို့  ဒီပြောဆိုချက်က ထူးထူးခြားခြားဖြစ်ခဲ့သလို ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သူက လွှတ်တော်အစည်းအဝေး ပြီးဆုံးချိန်တွင် ပြန်လည်စိစစ် စီမံဆောင်ရွက်ပေးမည်လို့ ပြောခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ရှေ့လျှောက် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အာဏာရပါတီနဲ့ တပ်ဘက်ကြား၊ ကြံ့ခိုင်ရေးပါတီကြား ဆွေးနွေးငြင်းခုံမှုတွေက ယခုထက်ပိုပြီး အခြေအတင်ဖြစ်လာတာကို မြင်ရဖွယ်ရှိနေပါတယ်။

လွှတ်တော်ထဲ ဒီလိုငြင်းခုံမှုတွေနဲ့ သက်ဝင်နေသလို ပြင်ပမှာ လှုပ်ခတ်စရာသတင်းတွေလည်း ဖြစ်ခဲ့တာရှိပါတယ်။အထူးသဖြင့် လူမှုကွန်ရက်မှာ ပျံ့နှံ့ကာ ဝေဖန်မှုများခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ပါလာသည့် အဖွဲ့ဝင်များ ကုသိုလ်တော်ဘုရားအတွင်း ဖိနပ်စီးဝင်ခဲ့လို့ တားခဲ့ရတဲသတင်း၊ ဒီလိုဖိနပ်စီးဝင်တာကို လူမှုကွန်ရက်အပေါ် တင်တဲ့သူကို ဂေါပကအဖွဲ့က တရားစွဲမယ်ဆိုတဲ့သတင်း၊ လှိုင်သာယာ FMI City အိမ်ရာမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် လေးဦးကို ဒဏ်ရာရအောင် ရန်ပြုတိုက်ခိုက်လို့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားငါးဦးကို ရဲတပ်ဖွဲ့ က အာမခံဖြင့် ပြန်လွှတ်ပေးခဲ့တဲ့သတင်းတွေလည်း စောင့်ကြည့်ခဲ့ရတဲ့သတင်းတွေ ဖြစ်ခဲ့ပါတယ်။

အပြန်အလှန်ဖမ်းဆီးမှုတွေ မြင်ရလာတဲ့ ရခိုင်အရေး

ရှမ်းမြောက်နဲ့ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေမရပ်စဲသေးသလို နောက်ထပ်တင်းမာမယ့် အခြေအနေတွေ ဖြစ်လာတာကို တွေ့ရပါတယ်။ထိုင်းမှာ ဗီဇာသက်တမ်းလာတိုးတဲ့ (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရဲ့ ဇနီး မနှင်းဇာဖြူ နဲ့ သားတစ်ဦးနှင့် သမီးတစ်ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဒီဇင်ဘာ ၄ ရက်က ဖမ်းဆီးခဲ့ပါတယ်။
အစောပိုင်းသတင်းတွေအရ ချင်းမိုင်မြို့က လူဝင်မှုကြီးကြပ်ရေးရုံးမှာ ဗီဇာသက်တမ်းတိုးစဉ် ဖမ်းဆီးခဲ့တာဖြစ်ပြီး မြန်မာဘက်ကို လွှဲပေးဖို့ဆိုပေမယ့် မြန်မာဘက်က သွားစောင့်ယူတဲ့အခါ ရွှေ့ဆိုင်းခဲ့ပါတယ်။အတည်မပြုနိုင်တဲ့  သတင်းတွေအရ နိုင်ငံကြီးတစ်ခု ဖိအားအရ မလွှဲပြောင်းပေးခဲ့တာလို့ နောက်ပိုင်းသတင်းတွေ ထွက်လာခဲ့ပါတယ်။

    
ဒီမတိုင်ခင် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ကလည်း ချင်းမိုင်ကနေ ရန်ကုန်ကို ပြန်ဝင်လာတဲ့ ထွန်းမြတ်နိုင် ရဲ့ ယောက်ဖဖြစ်သူ ကိုကျော်နိုင် နဲ့ လာကြိုတဲ့ ဇနီးဖြစ်သူကို ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မနဲ့ တရားစွဲထားတာရှိပါတယ်။အစိုးရထုတ်ပြန်ချက်တွေမှာ AA နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေရှိပါတယ်။ AA စစ်ဦးစီးချုပ်ရဲ့ မိသားစုဝင်တွေကို ဒီဘက်က ဖမ်းဆီးတာရှိသလို AA ဘက်ကလည်း ကြုံရင်ကြုံသလို ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်ဘက်ကလူတွေ၊ အာဏာရပါတီဘက်က လူတွေကို ပြန်ပေးဆွဲတာတွေလုပ်နေပြီး AA ဖမ်းဆီးလို့ အိန္ဒိယနိုင်ငံသားတစ်ဦးနဲ့ မီးသတ်အရာရှိတစ်ဦး ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရသလို ထင်ရှားတဲ့ ချင်းအမတ်ဖြစ်တဲ့ ဦးဝှေ့တင်း ကို ယခုထိပြန်မလွှတ်သေးပါဘူး။ဒါ့အပြင် ယခုရက်ထဲမှာဘဲ NLD ဘူးသီးတောင် ဥက္ကဋ္ဌကို ပြန်ပေးဆွဲ ဖမ်းဆီးတာတွေအထိ တရားလက်လွတ် သောင်းကျန်းသူဆန်ဆန် လုပ်ရပ်တွေကိုလုပ်လာတာ မကြာခဏဆိုသလို ကြားနေရပါတယ်။

ဒါဟာ ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်သလို ဒေသခံတွေအတွက် နေရေးက ပိုခက်လာခဲ့ပါတယ်။ဒီကြားထဲ (AA) လှုပ်ရှားရာ ဒေသများတွင် စီမံကိန်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများကို ၂၀၂၀ ခုနှစ်မှစ၍ အခွန်ခေါင်းစဉ်ဖြင့် ငွေကြေးစတင်ကောက်ခံတော့မယ်လို့ ကြေညာလိုက်တဲ့အတွက် ရှမ်းမြောက်က TNLA ရဲ့ လမ်းစဉ်အတိုင်း ဆက်ကြေးကောက်တဲ့  လမ်းအတိုင်း လျှောက်လာခဲ့တာကို တွေ့ရပါတယ်။သတင်းဌာနတွေမှာ တွေ့ရတဲ့ သတင်းတွေအရ AA လှုပ်ရှားရာ ရခိုင်ပြည်နယ်တွင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်းရှိ စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများ အားလုံးကို စိစစ်နေတယ်ဆိုပါတယ်။ဒီလိုစိစစ်ပြီး အခွန်ဟုဆိုကာ တောင်းဆိုတဲ့ငွေကြေးကို မပေးဆောင်ရင် ကုမ္ပဏီ၊ လုပ်ငန်းများကို ဖျက်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့သလို အစိုးရဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များကို ထည့်သွင်းကောက်ခံမယ်လို့ပါ ဆိုခဲ့ပါတယ်။

တော်လှန်ရေးအဆင့်ကနေ ဆက်ကြေးကောက်တဲ့အထိ ဖြစ်လာတဲ့ AA လုပ်ရပ်က ဒေသခံပြည်သူတွေအတွက် စစ်ကြောင့်မတည်ငြိမ်တဲ့ စီးပွားရေးကို အထိနာစေမယ့်အပြင် ဒီလိုရေရှည်ဝန်ပိမယ့် ဆက်ကြေးကောက်ခံမှုက ဒေသခံတွေ လက်ခံပါမလား၊ ဘယ်လို့တုံပြန်မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

သည်ဟိဂ် တိုက်ပွဲ

ယခုရက်သတ္တပတ် အားလုံးစောင့်ကြည့်နေခဲ့တဲ့ သတင်းတွေက နယ်သာလန်နိုင်ငံမှာ သွားရောက် တရားရင်ဆိုင်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာနိုင်ငံအဖွဲ့ရဲ့ သတင်းတွေပါဘဲ။ဒီဇင်ဘာ ၁၀ ရက်ကတည်းက စတဲ့ ICJ တရားခွင်မှာ မြန်မာဘက်က ဒီဇင်ဘာ ၁၁ ရက်မှ စလျှောက်လဲရမှာ ဖြစ်ပေမယ့် သည်ဟိဂ်ရှိရာ ICJ ရုံးရှေ့မှာ ဥရောပရောက် မြန်မာတွေက အင်အားပြခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံ သွားရောက်တဲ့အချိန်မှာ နိုင်ံငံတော်အတိုင်ပင်ခံနဲ့ တသားတည်းရပ်တည်ကြောင်းပြတဲ့ ထောက်ခံပွဲတွေ နိုင်ငံတစ်ဝန်း လုပ်ခဲ့ပါတယ်။ဒီလိုလုပ်ရာမှာ ထောက်ခံသူရှိသလို ပြည်တွင်းမှာလုပ်တဲ့ ပွဲမှာရော၊ ပြည်ပမှာလုပ်တဲ့ ပွဲမှာရော ကန့်ကွက်သူအချို့ရှိတာကို တွေ့ရပါတယ်။ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်တဲ့ ICJ ကြားနာပွဲမှာ တရားလို ဂမ်ဘီယာနိုင်ငံဘက်ကနေ ဂျီနိုဆိုက် ရည်ရွယ်သည့် ကျူးလွန်ဆောင်ရွက်မှုများ ရှိခဲ့တယ်ဆိုပြီး မြန်မာအစိုးရက ဖွဲ့စည်းတည်ထောင်ထားသော UEHRD က ဂျီနိုဆိုက် ကျူးလွန်မှုတွင် ပါဝင်ပြီး ရာဇဝတ်မှုဖြစ်ပွားခဲ့သည့် ကျေးရွာများကို ဖျက်ဆီးခဲ့တယ်ဆိုတာကိုပါ စွပ်စွဲခဲ့ပါတယ်။

ဂမ်ဘီယာဘက်က စွပ်စွဲချက်တွေမှာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်စစ်ဆေးခဲ့တာမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို မေးထားတဲ့ အချက်အလက်တွေနဲ့ ယန်းဟီးလီ ရဲ့ ပြောကြားချက်တွေကို အခြေခံကာ ထပ်ဖန်တလဲလဲပြောခဲ့သလို နောက်ဆုံးနေ့ အပြီးသတ်လျှောက်လဲချက်ပေးရာတွင်လည်း မြန်မာနိုင်ငံမှ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ) များ၏ အခြေအနေများသည် သေရေးရှင်ရေးဖြစ်နေပြီး ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ အချက်အလက်များအရ ဂျီနိုဆိုက် ပြန်လည်ဖြစ်လာနိုင်သည့်  အရေးပေါ်အခြေအနေကို ရှင်းလင်းစွာဖော်ပြနေတယ်ဆိုပြီး ၎င်းတို့တင်တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် ခြောက်ချက်ကို တရားရုံးက ချမှတ်ပေးရန် တရားရေးဝန်ကြီးနှင့် ရှေ့နေချုပ် ဘာတမ် ဘာဒူ က လျှောက်လဲခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က  ဒီဇင်ဘာ ၁၁ ရက် လျှောက်လဲရာမှာ ဂမ်ဘီယာက စွပ်စွဲသကဲ့သို့ ဂျီနိုဆိုက်ကို မြန်မာနိုင်ငံက ကျူးလွန်ထားခြင်းမရှိဘဲ မှားယွင်းစွာ ကျူးလွန်ခဲ့သည့် တပ်မတော်သားများ၊ အရာရှိများကို စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်း၊ အပြစ်ပေးအရေးယူခြင်းများ တက်ကြွစွာဆောင်ရွက်နေတဲ့ နိုင်ငံက ဂျီနိုဆိုက်ကို ရည်ရွယ်နေပါသလားဟု မေးခွန်းထုတ်ခဲ့ပြီး ဂမ်ဘီယာအနေဖြင့် မူလပြဿနာအစဖြစ်သည့် ARSA က မြန်မာရဲကင်းစခန်းတွေကို ဝင်တိုက်သည့်ဖြစ်ရပ်ကို ချန်လှပ်ကာ ICJ သို့ ရွေးချယ်တင်သွင်းခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။

ဒီဇင်ဘာ ၁၂ ရက် အပြီးသတ်လျှောက်လဲရာမှာတော မြန်မာဘက်ကတော့  ရှေ့နေတစ်ဦးဖြစ်သည့် မစ္စတာ ခရစ္စတိုဖာစတိတ်ကာ က ဂမ်ဘီယာမှာ OIC အဖွဲ့ဝင်များကိုယ်စား တရားစွဲခြင်းဖြစ်ကြောင်း အကိုးအကားများနှင့် ပြောခဲ့ပြီး ဂျီနိုဆိုက်ကွန်ဗင်းရှင်း အပိုဒ် ၈ အရ နိုင်ငံတစ်ခုက နိုင်ငံတစ်ခုအပေါ်၌သာ တရားစွဲခွင့်ရှိပြီး ယခုလို OIC ကိုယ်စား တရားစွဲဆိုခြင်းသည် ထိုအချက်နှင့် (လုံးဝ) ဆန့်ကျင်ကြောင်း ပြောဆိုခဲ့သလို ထောက်ပံ့ငွေများ ဘယ်ကလာသလဲဆိုတာကို ပွင်လင်းမြင်သာစွာ မချပြတာကို ထောက်ပြခဲ့ပါတယ်။ဒါ့အပြင် ၎င်းကိုပြန်ထောက်သည့် ၂၀၁၃ က အယ်လ်ဂျားဇီးယား အင်တာဗျူးနှင့် ပတ်သက်၍လည်း ထိုစဉ်က သူ့အနေဖြင့် မြန်မာနိုင်ငံတွင် ဂျီနိုဆိုက် ရှိသည်ဟု ဘယ်တုန်းကမျှ မပြောခဲ့ကြောင်း၊ သတင်းထောက်ကသာ နိမိတ်ပြမေးခွန်းမေးကာ တွန်းအားပေးခဲ့ကြောင်း ပြောခဲ့ပါတယ်။

နောက်ဆုံးအပြီးသတ် လျှောက်လဲသည့် ဒေါ်အောင်ဆန်းစုကြည် က ၆ မိနစ်သာ အချိန်ယူပြီး ဂမ်ဘီယာက တရားစွဲဆိုထားသည့် လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးစာချုပ် ဖောက်ဖျက်မှုစွဲချက်ကို ပယ်ဖျက်ပေးရန်နှင့် ဂမ်ဘီယာက တောင်းဆိုထားသည့် ကြားဖြတ်စီမံဆောင်ရွက်ချက် Provisional Measure ကို ပယ်ချပေးရန် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို တောင်းဆိုခဲ့ပါတယ်။အဆိုပါ ၆ မိနစ်စာ လျှောက်လဲချက်တွင် မြန်မာပြည်ကို ဥပဒေစိုးမိုးတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် လုပ်ဖို့ဆိုရင် အခြေခံဥပဒေကို လျစ်လျူရှုတာမျိုး မလုပ်သင့်ကြောင်း ပြောခဲ့သလို တရားစီရင်ရေးကို နိုင်ငံပြင်ပအဖွဲ့အစည်းတစ်ခုခုကို လုပ်ခွင့်ပေးလိုက်တာဟာ ပြည်တွင်းက ဒီစနစ်ကို မထိရောက်အောင် လုပ်လိုက်တာနဲ့တူတယ်လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် ဂမ်ဘီယာဘက်က ဘောလုံးပွဲကို ဥပမာပြတဲ့အတွက် ပြန်လည်ပြီး မောင်တောမှာပြုလုပ်ခဲ့တဲ့ ဘောလုံးပွဲမှာ နှစ်ဘက်လူမှုအဝန်းအဝိုင်းကြား သဟဇာတဖြစ်စွာ အားပေးနေကြတာကို ပြသပြောဆိုခဲ့ပါတယ်။

အဆိုပါတရားခွင်မှာ နှစ်ဘက်ရင်ဆိုင် လျှောက်လဲချက်ပေးခဲ့မှုတွေကို နိုင်ငံတကာမီဒီယာတွေက ဖော်ပြရာမှာ မြန်မာဘက်က အလေးသာတယ်ဆိုတဲ့ ရေးသားဖော်ပြမှုတွေရှိလို့ မြန်မာဘက်က ချက်ကျကျ ထောက်ပြရင်ဆိုင်မှုတွေကိုလည်း ဖော်ပြခဲ့ပါတယ်။ဒီရင်ဆိုင်မှုအတွက် ဘယ်လိုအဖြေထွက်မလဲဆိုတာ မသိရသေးပေမယ့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အိနီးချင်း ဘင်္ဂလားဒေ့ရှ့်ဘက်က ပုံဖော်နေတဲ့ တစ်ဘက်သတ်စွပ်စွဲနေတဲ့ ဖြစ်စဉ်အမှန်ကို နိုင်ငံတကာမှာ ဖြည်ထုတ်ပြနိုင်ခဲ့ပါတယ်။ဒီအတွက် အကောင်းဘက်က ဖြစ်ထွန်းမှုရှိတဲ့ တရားရင်ဆိုင်မှုဖြစ်သလို OIC နောက်ကွယ်မှာ ရှိနေတာကိုပါ ထောက်ပြနိုင်ခဲ့တဲ့အတွက် ရှေ့ဆက် အကောင်းဘက်ကဖြစ်ထွန်းဖို့ များနေတယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဒီဇင်ဘာ - ၁၃

( Zawgyi )

ယခုရက္သတၱပတ္ သတင္းေတြထဲ စိတ္ဝင္စားစရာသတင္းေတြ အမ်ားအျပားရွိခဲ့ပါတယ္။နယ္သာလန္ႏိုင္ငံ သည္ဟိဂ္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ သြားေရာက္ရင္ဆိုင္တဲ့ ICJ တရား႐ုံးသတင္းကေန ေထာက္ခံပြဲသတင္းေတြ၊ ေမာ္လၿမိဳင္မွာ ဆရာဝန္သားအဖ ေပ်ာက္ဆုံးသတင္းကေန ပဲခူး အင္းတေကာ္မွာ သူေဌးကို လုပ္ႀကံသတ္ျဖတ္တဲ့သတင္းေတြ၊ လႊတ္ေတာ္ဆိုင္ရာ သတင္းေတြက ျပည္တြင္း သတင္းမီဒီယာ စာမ်က္ႏွာေတြထက္မွာ ေနရာယူခဲ့ပါတယ္။

လူေပ်ာက္မႈႏွင့္ လုပ္ႀကံသတ္ျဖတ္မႈ

ယခုရက္ပိုင္း သတင္းေတြထဲမွာ လူစိတ္ဝင္စားမႈ အမ်ားဆုံးသတင္းေတြက ေမာ္လၿမိဳင္မွာ ေပ်ာက္ဆုံးသြားတဲ့  သားအဖႏွစ္ေယာက္သတင္းနဲ႔ ပဲခူးအင္းတေကာ္မွာ သတ္ျဖတ္ခံလိုက္ရတဲ့ လုပ္ငန္းရွင္တစ္ဦး သတင္းေတြပါဘဲ။  

ပဲခူးသတင္းကေတာ့ CCTV ေၾကာင့္ သတ္ျဖတ္ၿပီး အေလာင္းျမဳပ္ထားတာကို ျပန္ေဖာ္ရမိခဲ့လို႔ လူသတ္မႈေပၚခဲ့တာပါ။ျဖစ္စဥ္ေဖာ္ျပခ်က္အရဆိုရင္ ၿခံေစာင့္အျဖစ္ ခန႔္ထားတဲ့သူက ၿခံမွာလုပ္တဲ့ ၿခံအလုပ္သမား အစ္ကိုဝမ္းကြဲေတြကို သူေဌးက ဆုံးမေျပာဆိုတာကို မခံႏိုင္လို႔ ခိုက္ရန္ျဖစ္ပြားရာကေန တုတ္နဲ႔႐ိုက္သတ္ၿပီး သူေဌးမွာပါလာတဲ့ လက္ဝတ္ရတနာေတြနဲ႔ ကားကိုယူကာ ထြက္ေျပးခဲ့ၾကတာပါ။

အေလာင္းကို CCTV မွတ္တမ္းကေန တဲေနာက္ဘက္ ေပ ၂၀၀ အကြာက ဖြဲပုံမွာျမႇဳပ္ထားတာကို ေတြ႕ရလို႔ ေဖာ္ခဲ့တာပါ။အသတ္ခံရသူအေနနဲ႔ တစ္ေယာက္တည္း ၿခံကိုသြားရင္း ၿခံေစာင့္ အပါအဝင္ သုံးေယာက္နဲ႔ တစ္ေယာက္ျဖစ္သလို လူယုံဆိုၿပီး ယုံၾကည္မႈလြန္ကဲတာ‌ၾကာင့္ သတ္ျဖတ္ခံလိုက္ရတာ ျဖစ္ဖို႔မ်ားပါတယ္။ဒါဟာ ယခုေနာက္ပိုင္း မၾကာခဏဆိုသလို ၾကားေနရတဲ့ လူယုံသတ္လို႔ေသရတဲ့ ျဖစ္ရပ္မ်ားထဲက ျဖစ္ရပ္တစ္ခုျဖစ္သလို ေတာင္ငူမွာ ဂရံေတာင္းရင္း အသတ္ခံလိုက္ရတဲ့ လင္မယား၊ တနသၤာရီဘက္မွာ အိမ္မွာလာတည္းရင္း ကေလးကို ျပန္ေပးဆြဲကာ သတ္ျပစ္တဲ့ မႈခင္းေတြလိုဘဲ ယုံၾကည္ရတဲ့သူေတြက ရက္ရက္စက္စက္က်ဴးလြန္တဲ့ ျပစ္မႈတစ္ခုမို႔ တာဝန္ရွိသူေတြအေနနဲ႔ တရားခံကိုဖမ္းမိတာနဲ႔ အမႈကိုအဆုံးမသတ္ဘဲ စားဝတ္ေနေရးေၾကာင့္လား၊ မူးယစ္ေဆးဝါးေၾကာင့္ ဒီလိုမႈခင္းေတြ က်ဴးလြန္က်တာလားဆိုတာ ဆန္းစစ္သင့္ၿပီျဖစ္ပါတယ္။  

ပဲခူးအမႈလို မဟုတ္ေပမယ့္ ေနာက္ထပ္ပိုစိတ္ဝင္စားစရာေကာင္းၿပီး ယခုထိအေျဖမေပၚေသးတဲ့ အမႈတစ္ခုကေတာ့ ေမာ္လၿမိဳင္က ဆရာဝန္သားအဖ ေပ်ာက္မႈပါဘဲ။အခု ဒီႏွစ္အတြင္းမွာ လူေပ်ာက္သတင္းေတြ၊ ကေလးသူခိုးသတင္းေတြ ဆက္တိုက္ၾကားေနရသလို အလုပ္ရွင္ကို အလုပ္သမားေတြကသတ္တာ၊ ႀကံခင္းမွာ အလုပ္ လုပ္ေနတဲ့ သားအမိကို လိင္ကိစၥမေပးလို႔ သူ႔ဖခင္ရဲ႕ သူငယ္ခ်င္းက သတ္တာ စတဲ့ စိတ္မခ်မ္းေျမ့ဖြယ္ သတင္းေတြက ဆက္တိုက္ဆိုသလိုပါဘဲ။

ဒီအမႈေတြထဲမွာ ေမာင္လၿမိဳင္က ဆရာဝန္သားအဖဟာ ကားနဲ႔ေပ်ာက္သြားခဲ့တာ ယေန႔တိုင္လုံးဝရွာမေတြ႕ေသးပါဘူး။ဒီဆရာဝန္သားအဖျဖစ္တဲ့ ေဒါက္တာေအးေဇာ္ထြန္း နဲ႔ ၃ ႏွစ္အ႐ြယ္ သားငယ္ဟာ ဒီဇင္ဘာ ၅ ရက္ေန႔ ည ၈ နာရီ ေဆးခန္းပိတ္ခ်ိန္မွာ မိတ္ေဆြ (၃) ဦးနဲ႔ ခ်ိန္းဆိုထားလို႔ စားေသာက္ဆိုင္ကိုသြားခဲ့ၿပီး အျပန္မွာ လုံးဝအစရွာမရေအာင္ ကားေရာ၊ လူေရာ ေပ်ာက္ျခင္းမလွ ေပ်ာက္ဆုံးခဲ့ပါတယ္။မိသားစုဝင္ေတြရဲ႕ အကူအညီေတာင္းခံခ်က္အရ သက္ဆိုင္ရာရဲစခန္းက တာဝန္ရွိသူမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ မီးသတ္အဖြဲ႕မ်ား၊ ကယ္ဆယ္ေရးအဖြဲ႕ မ်ား၊ ပရဟိတအဖြဲ႕မ်ား အားလုံးစုေပါင္းၿပီးေတာ့ ျဖစ္ႏိုင္ေျခရွိမည့္ေနရာမ်ားျဖစ္တဲ့ ရာဘာၿခံေတြ၊ မသကၤာစရာေနရာေတြ အားလုံးကို လိုက္လံရွာေဖြေပမယ့္ အခုထိတိုင္ မေတြ႕ပဲရွိေနပါ တယ္။ဒီအတြက္ ကေလးငယ္အတြက္ စိတ္ပူစရာျဖစ္ရသလို ခန႔္မွန္းမႈေတြ အမ်ားအျပားထြက္ေနေပမယ့္ ဆိုင္ရာမိသားစုက သတင္းစာရွင္းလင္းပြဲလုပ္ကာ မီဒီယာေတြကို အကူအညီေတာင္းခဲ့သလို ေပ်ာက္ဆုံးစဥ္ ကားနံပါတ္ကို ေဖာ္ျပၿပီး လူမႈကြန္ရက္ကေနတစ္ဆင့္ အကူအညီေတာင္းေပမယ္ ယခုထိ ပေဟ႒ိဆန္ဆန္ ေပ်ာက္ဆုံးေနဆဲျဖစ္လို႔ အားလုံးက စိုးရိမ္တႀကီး ေစာင့္ၾကည့္ေနၾကရတဲ့ သတင္းပါဘဲ။     

ကာလုံ၊ ဧည့္စာရင္းႏွင့္ အေမအို

ၿပီးခဲ့တဲ့ရက္သတၱပတ္က စိတ္ဝင္စားမႈေကာင္းခဲ့တဲ့ လႊတ္ေတာ္အခင္းအက်င္းေတြက ယခုရက္သတၱပတ္မွာလည္း ဆက္လက္စိတ္ဝင္စားဖို႔ ေကာင္းခဲ့ပါတယ္။တပ္မေတာ္သားကိုယ္စားလွယ္တစ္ဦးက ထူးထူးျခားျခား ကာ/လုံအစည္းအေဝးေခၚယူဖို႔ ယခုရက္ထဲက်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ေတာင္းဆိုခဲ့ပါတယ္။
အရပ္သားအစိုးရလက္ထက္ ကာ/လုံေခၚဖို႔ မၾကာခဏဆိုသလို အတိုက္အခံပါတီေတြ၊ ႀကံ့ခိုင္ေရးပါတီေတြ ေတာင္းဆိုေလ့ရွိရာကေန ယခုအခါမွာ တပ္မေတာ္သား ကိုယ္စားလွယ္ေတြပါ ေတာင္းဆိုလာတာကို ေတြ႕ရပါ တယ္။ႀကံ့ခိုင္ေရးပါတီမွ ဦးစိုင္းသန္းႏိုင္ တင္သြင္းတဲ့ ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒမူၾကမ္းနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးစဥ္မွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္က ေတာင္းဆိုခဲ့တာပါ။

ကာလုံမွာ သမၼတ အပါအဝင္ ၁၁ ေယာက္မွာ တပ္ဘက္က ၆ ေယာက္၊ အရပ္ဘက္က ၅ ေယာက္ ျဖစ္တဲ့အတြက္ အေရးႀကီးကိစၥရပ္ေတြမွာ မဲအမ်ားစုက အသာျဖစ္တဲ့အတြက္ ကာလုံေခၚယူဖို႔ဟာ အရပ္သားအစိုးရအတြက္ အခက္အခဲပါဘဲ။

ဒီလႊတ္ေတာ္အစည္းအေဝးမွာဘဲ ေနာက္ထပ္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက အစိုးရအေနျဖင့္ ေျမာက္ပိုင္းမဟာမိတ္ လက္နက္ကိုင္သုံးဖြဲ႕ျဖစ္သည့္ TNLA, MNDAA ႏွင့္ AA တို႔ကို အမ်ိဳးသားလုံၿခဳံေရးေကာင္စီ ကာ/လုံ အစည္းအေဝး ေခၚယူၿပီး အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအျဖစ္ ႏိုင္ငံေတာ္က တရားဝင္ေၾကညာသင့္တယ္လို႔ တင္ျပခဲ့ပါတယ္။ကာ/လုံေခၚယူဖို႔သာမက အရပ္သားေတြအတြက္ ယခင္စစ္အစိုးရအဆက္ဆက္ စိုးရိမ္ေၾကာင့္ၾကခဲ့ရတဲ့ ဧည့္စာရင္းဥပေဒနဲ႔ လုံၿခဳံေရးဆိုင္ရာ ကန႔္သတ္ခ်က္ေတြကို အရပ္သားအစိုးရ တာဝန္ယူကာစမွာ ဖ်က္သိမ္းခဲ့တာကို လက္ရွိ ေျမာက္ပိုင္းရခိုင္နဲ႔ ရွမ္းေျမာက္မွာျဖစ္ေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြ ၿမိဳ႕ထဲ႐ြာထဲ ဝင္ေရာက္လာတဲ့ အေျခအေနကို လြယ္ကူစြာေဖာ္ထုတ္ႏိုင္ဖို႔အတြက္ ျပန္လည္ေဖာ္ေဆာင္ေပးဖို႔ကိုပါ တင္ျပအႀကံျပဳခဲ့ပါတယ္။

ဒီဥပေဒက ယခင္က ဒီမိုကရက္တစ္ေတြကို လိုသလို ဖမ္း၀ရမ္းမပါဘဲ အိမ္ေပၚထိတက္ဆြဲလို႔ရခဲ့တဲ့ ဥပေဒျဖစ္ၿပီး ဒီဧည့္စာရင္းဥပေဒေၾကာင့္ ယခုအာဏာရပါတီက ႏိုင္ငံ့တာဝန္ယူထားတဲ့ လူအေတာ္မ်ားမ်ား ဒီဥပေဒေတြေၾကာင့္ ဖမ္းဆီးခံခဲ့ရတာေတြရွိပါတယ္။အသြားႏွစ္ဖက္ရွိတဲ့ ဓားလိုဘဲ မေကာင္းတဲ့ဘက္မွာ တလြဲအသုံးခ်လို႔လည္းရတဲ့ ဒီဥပေဒကို ျပန္အသက္သြင္းတာက စိမ့္ဝင္တဲ့ လက္နက္ကိုင္ေတြကို စစ္ထုတ္ရာမွာ အသုံးဝင္ေကာင္း ဝင္ႏိုင္ေပမယ့္ အာဏာရတဲ့သူေတြအတြက္ တျခားေသာရည္႐ြယ္ခ်က္နဲ႔လည္း အသုံးျပဳလို႔ရတဲ့ ဥပေဒပါ။

အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ေဆြးေႏြးမႈေတြ အားေကာင္းလာတဲ့ ယခုတစ္ပတ္ လႊတ္ေတာ္အစည္းအေဝးျဖစ္တဲ့ ဒီဇင္ဘာ ၉ ရက္ အစည္းအေဝးမွာ ႀကံ့ခိုင္ေရးအမတ္ ဦးေသာင္းေအး ကေတာ့ “စိစစ္ေရး ပူးေပါင္းေကာ္မတီက နိဒါန္းကေန ဇယားအထိ ျပင္မယ္ဆိုေတာ့ ဥပေဒနဲ႔ ညီၫြတ္ပါသလား” လို႔ ေမးခြန္းထုတ္ခဲ့ကာ သမၼတ အပါအဝင္ ႏိုင္ငံသားအားလုံး ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ျပ႒ာန္းခ်က္မ်ားကို လိုက္နာရန္လိုအပ္ေၾကာင္းကို ေျပာခဲ့ပါတယ္။ဒါ့အျပင္ ေျခဥကိုမွီၿပီး ေျခဥႏွင့္ေနရာရလာသူမ်ား၊ ေနရာရၿပီးကာမွ ေျခဥကို အားလုံးျပင္ရန္၊ ပယ္ဖ်က္ရန္ လုပ္ေဆာင္ေနသူမ်ားအား ဖခင္ကိုသတ္သည့္ အဇာတသတ္မင္းသားလို မွားယြင္းႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။

ဒီလႊတ္ေတာ္အစည္းအေဝးမွာဘဲ ႀကံ့ခိုင္ေရးအမတ္တစ္ဦးျဖစ္တဲ့ မခ်မ္းေဘာ ျပည္သူ႔လႊတ္ေတာ္အမတ္က ထူးထူးျခားျခား “ကြၽန္ေတာ့္အေနနဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒဟာ ဒီမိုကေရစီ စံခ်ိန္စံၫႊန္းနဲ႔ ကိုက္ညီတယ္လို႔ ကြၽန္ေတာ္မဆိုလိုပါဘူး၊ ျမန္မာႏိုင္ငံရဲ႕ အေျခအေနအရ ေရးဆြဲထားတဲ့ ဥပေဒျဖစ္တယ္လို႔ ကြၽန္ေတာ္ယူဆမိပါတယ္။ကြၽန္ေတာ့္အေနနဲ႔ အသစ္ျပန္ေရးဆြဲမယ္ဆိုလည္း သေဘာတူပါတယ္။ျပင္ဆင္မယ္ဆိုရင္လည္း သေဘာတူပါတယ္’’ လို႔ ဦးစိုင္းသန္းႏိုင္ တင္တဲ့ အဆိုကို ေဆြးေႏြးရင္း ေျပာခဲ့ပါတယ္။ဒါဟာ လႊတ္ေတာ္သက္တမ္းတစ္ေလွ်ာက္ ျပည္ခိုင္ၿဖိဳးပါတီဘက္က ပထမဆုံးအႀကိမ္ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းပါ။

၎အေနနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ လုပ္ငန္းေဆာင္႐ြက္မႈမ်ားကို ေလ့လာတဲ့အခါ ျပင္ဆင္ရန္ ၃,၇၆၅ ခ်က္ ရွိတယ္ဆိုတဲ့အတြက္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို အသစ္ေရးဆြဲသည့္ နည္းလမ္းက ပိုနီးစပ္တယ္ဆိုတဲ့ သေဘာမ်ိဳးေျပာခဲ့တဲ့ သေဘာပါဘဲ။ဒီေဆြးေႏြးမႈမွာ ဒီခ်ဳပ္ပါတီမွ မေကြးတိုင္းေဒသႀကီး ေစတုတၱရာမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ေအာင္လြင္ က ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ရာမွာ တပ္မေတာ္သား ကိုယ္စားလွယ္အစုအဖြဲ႕ မေထာက္ခံရင္ လုံးဝျပင္မရတဲ့အတြက္ ကမာၻေပၚမွာ ျပင္ဆင္ရန္ အခက္ခဲဆုံးျဖစ္ေနလို႔ အဟန႔္အတားေပါင္းစုံ၊ စိန္ေခၚမႈေပါင္းစုံ ႀကဳံေတြ႕ေနရတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

ဒီဇင္ဘာ ၁၁ ရက္က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာေတာ့ မြန္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္အမတ္က “ကြၽန္ေတာ္တို႔ရဲ႕ အေမ႐ြယ္၊ အဘြားအ႐ြယ္ အသက္ (၇၀) ေက်ာ္အ႐ြယ္ အေမအိုႀကီးက ဘာသာ၊ လူမ်ိဳး မခြဲျခားဘဲ အားလုံးကို ေသြးသားအရင္းလို သေဘာထားၿပီး တစ္ႏိုင္ငံလုံးကိုယ္စား သူ႔ဘဝကိုရင္းလို႔ တာဝန္ယူ၊ တာဝန္ခံမႈအျပည့္နဲ႔၊ ဒီေန႔ ICJ မွာ သတၱိရွိစြာနဲ႔ ကာကြယ္ေနခ်ိန္မွာ” ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္ ကို အေမအိုအျဖစ္ သုံးႏႈန္းခဲ့တာကို တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္က “အမယ္အိုႀကီး၊ အဘြားအိုႀကီး၊ ကြၽန္ေတာ္တို႔ျပည္သူတစ္ရပ္လုံးနဲ႔ ကမာၻမွာရွိတဲ့ လူထုအားလုံးၾကည့္ေနတဲ့အခ်ိန္မွာ ဒီလိုမဖြယ္မရာ ပုဂၢိဳလ္ေရးစကားေတြကို အဘိုး၊ အဘြားေတြ ထည့္သြင္းမသုံးသင့္ပါဘူး’’ လို႔ ကန႔္ကြက္ေျပာဆိုခဲ့လို႔  ဒီေျပာဆိုခ်က္က ထူးထူးျခားျခားျဖစ္ခဲ့သလို ျပည္ေထာင္စုလႊတ္ေတာ္ နာယကျဖစ္သူက လႊတ္ေတာ္အစည္းအေဝး ၿပီးဆုံးခ်ိန္တြင္ ျပန္လည္စိစစ္ စီမံေဆာင္႐ြက္ေပးမည္လို႔ ေျပာခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ေရွ႕ေလွ်ာက္ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ အာဏာရပါတီနဲ႔ တပ္ဘက္ၾကား၊ ႀကံ့ခိုင္ေရးပါတီၾကား ေဆြးေႏြးျငင္းခုံမႈေတြက ယခုထက္ပိုၿပီး အေျခအတင္ျဖစ္လာတာကို ျမင္ရဖြယ္ရွိေနပါတယ္။

လႊတ္ေတာ္ထဲ ဒီလိုျငင္းခုံမႈေတြနဲ႔ သက္ဝင္ေနသလို ျပင္ပမွာ လႈပ္ခတ္စရာသတင္းေတြလည္း ျဖစ္ခဲ့တာရွိပါတယ္။အထူးသျဖင့္ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ကာ ေဝဖန္မႈမ်ားခဲ့တဲ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ပါလာသည့္ အဖြဲ႕ဝင္မ်ား ကုသိုလ္ေတာ္ဘုရားအတြင္း ဖိနပ္စီးဝင္ခဲ့လို႔ တားခဲ့ရတဲသတင္း၊ ဒီလိုဖိနပ္စီးဝင္တာကို လူမႈကြန္ရက္အေပၚ တင္တဲ့သူကို ေဂါပကအဖြဲ႕က တရားစြဲမယ္ဆိုတဲ့သတင္း၊ လႈိင္သာယာ FMI City အိမ္ရာမွာ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ေလးဦးကို ဒဏ္ရာရေအာင္ ရန္ျပဳတိုက္ခိုက္လို႔ ဖမ္းဆီးထားတဲ့ တ႐ုတ္ႏိုင္ငံသားငါးဦးကို ရဲတပ္ဖြဲ႕ က အာမခံျဖင့္ ျပန္လႊတ္ေပးခဲ့တဲ့သတင္းေတြလည္း ေစာင့္ၾကည့္ခဲ့ရတဲ့သတင္းေတြ ျဖစ္ခဲ့ပါတယ္။

အျပန္အလွန္ဖမ္းဆီးမႈေတြ ျမင္ရလာတဲ့ ရခိုင္အေရး

ရွမ္းေျမာက္နဲ႔ ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြမရပ္စဲေသးသလို ေနာက္ထပ္တင္းမာမယ့္ အေျခအေနေတြ ျဖစ္လာတာကို ေတြ႕ရပါတယ္။ထိုင္းမွာ ဗီဇာသက္တမ္းလာတိုးတဲ့ (AA) စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ ရဲ႕ ဇနီး မႏွင္းဇာျဖဴ နဲ႔ သားတစ္ဦးႏွင့္ သမီးတစ္ဦးကို ထိုင္းလူဝင္မႈႀကီးၾကပ္ေရးက ဒီဇင္ဘာ ၄ ရက္က ဖမ္းဆီးခဲ့ပါတယ္။
အေစာပိုင္းသတင္းေတြအရ ခ်င္းမိုင္ၿမိဳ႕က လူဝင္မႈႀကီးၾကပ္ေရး႐ုံးမွာ ဗီဇာသက္တမ္းတိုးစဥ္ ဖမ္းဆီးခဲ့တာျဖစ္ၿပီး ျမန္မာဘက္ကို လႊဲေပးဖို႔ဆိုေပမယ့္ ျမန္မာဘက္က သြားေစာင့္ယူတဲ့အခါ ေ႐ႊ႕ဆိုင္းခဲ့ပါတယ္။အတည္မျပဳႏိုင္တဲ့  သတင္းေတြအရ ႏိုင္ငံႀကီးတစ္ခု ဖိအားအရ မလႊဲေျပာင္းေပးခဲ့တာလို႔ ေနာက္ပိုင္းသတင္းေတြ ထြက္လာခဲ့ပါတယ္။

    
ဒီမတိုင္ခင္ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၉ ရက္ကလည္း ခ်င္းမိုင္ကေန ရန္ကုန္ကို ျပန္ဝင္လာတဲ့ ထြန္းျမတ္ႏိုင္ ရဲ႕ ေယာက္ဖျဖစ္သူ ကိုေက်ာ္ႏိုင္ နဲ႔ လာႀကိဳတဲ့ ဇနီးျဖစ္သူကို ဖမ္းဆီးၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရးပုဒ္မနဲ႔ တရားစြဲထားတာရွိပါတယ္။အစိုးရထုတ္ျပန္ခ်က္ေတြမွာ AA နဲ႔ ပတ္သက္တဲ့ စြပ္စြဲခ်က္ေတြရွိပါတယ္။ AA စစ္ဦးစီးခ်ဳပ္ရဲ႕ မိသားစုဝင္ေတြကို ဒီဘက္က ဖမ္းဆီးတာရွိသလို AA ဘက္ကလည္း ႀကဳံရင္ႀကဳံသလို ရဲတပ္ဖြဲ႕ဝင္ေတြ၊ တပ္ဘက္ကလူေတြ၊ အာဏာရပါတီဘက္က လူေတြကို ျပန္ေပးဆြဲတာေတြလုပ္ေနၿပီး AA ဖမ္းဆီးလို႔ အိႏၵိယႏိုင္ငံသားတစ္ဦးနဲ႔ မီးသတ္အရာရွိတစ္ဦး ရဲတပ္ဖြဲ႕ဝင္ေတြ ေသဆုံးခဲ့ရသလို ထင္ရွားတဲ့ ခ်င္းအမတ္ျဖစ္တဲ့ ဦးေဝွ႔တင္း ကို ယခုထိျပန္မလႊတ္ေသးပါဘူး။ဒါ့အျပင္ ယခုရက္ထဲမွာဘဲ NLD ဘူးသီးေတာင္ ဥကၠ႒ကို ျပန္ေပးဆြဲ ဖမ္းဆီးတာေတြအထိ တရားလက္လြတ္ ေသာင္းက်န္းသူဆန္ဆန္ လုပ္ရပ္ေတြကိုလုပ္လာတာ မၾကာခဏဆိုသလို ၾကားေနရပါတယ္။

ဒါဟာ ေဒသတြင္းတည္ၿငိမ္ေရးကို ၿခိမ္းေျခာက္တဲ့ လုပ္ရပ္ျဖစ္သလို ေဒသခံေတြအတြက္ ေနေရးက ပိုခက္လာခဲ့ပါတယ္။ဒီၾကားထဲ (AA) လႈပ္ရွားရာ ေဒသမ်ားတြင္ စီမံကိန္းႏွင့္ စီးပြားေရးလုပ္ငန္း လုပ္ကိုင္သူမ်ားကို ၂၀၂၀ ခုႏွစ္မွစ၍ အခြန္ေခါင္းစဥ္ျဖင့္ ေငြေၾကးစတင္ေကာက္ခံေတာ့မယ္လို႔ ေၾကညာလိုက္တဲ့အတြက္ ရွမ္းေျမာက္က TNLA ရဲ႕ လမ္းစဥ္အတိုင္း ဆက္ေၾကးေကာက္တဲ့  လမ္းအတိုင္း ေလွ်ာက္လာခဲ့တာကို ေတြ႕ရပါတယ္။သတင္းဌာနေတြမွာ ေတြ႕ရတဲ့ သတင္းေတြအရ AA လႈပ္ရွားရာ ရခိုင္ျပည္နယ္တြင္း၊ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တြင္းရွိ စီမံကိန္းမ်ား၊ စီးပြားေရးလုပ္ငန္းမ်ား အားလုံးကို စိစစ္ေနတယ္ဆိုပါတယ္။ဒီလိုစိစစ္ၿပီး အခြန္ဟုဆိုကာ ေတာင္းဆိုတဲ့ေငြေၾကးကို မေပးေဆာင္ရင္ ကုမၸဏီ၊ လုပ္ငန္းမ်ားကို ဖ်က္သိမ္းပစ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့သလို အစိုးရဝန္ထမ္းမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ထည့္သြင္းေကာက္ခံမယ္လို႔ပါ ဆိုခဲ့ပါတယ္။

ေတာ္လွန္ေရးအဆင့္ကေန ဆက္ေၾကးေကာက္တဲ့အထိ ျဖစ္လာတဲ့ AA လုပ္ရပ္က ေဒသခံျပည္သူေတြအတြက္ စစ္ေၾကာင့္မတည္ၿငိမ္တဲ့ စီးပြားေရးကို အထိနာေစမယ့္အျပင္ ဒီလိုေရရွည္ဝန္ပိမယ့္ ဆက္ေၾကးေကာက္ခံမႈက ေဒသခံေတြ လက္ခံပါမလား၊ ဘယ္လို႔တုံျပန္မလဲဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

သည္ဟိဂ္ တိုက္ပြဲ

ယခုရက္သတၱပတ္ အားလုံးေစာင့္ၾကည့္ေနခဲ့တဲ့ သတင္းေတြက နယ္သာလန္ႏိုင္ငံမွာ သြားေရာက္ တရားရင္ဆိုင္ေနတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ ျမန္မာႏိုင္ငံအဖြဲ႕ရဲ႕ သတင္းေတြပါဘဲ။ဒီဇင္ဘာ ၁၀ ရက္ကတည္းက စတဲ့ ICJ တရားခြင္မွာ ျမန္မာဘက္က ဒီဇင္ဘာ ၁၁ ရက္မွ စေလွ်ာက္လဲရမွာ ျဖစ္ေပမယ့္ သည္ဟိဂ္ရွိရာ ICJ ႐ုံးေရွ႕မွာ ဥေရာပေရာက္ ျမန္မာေတြက အင္အားျပခဲ့ပါတယ္။

ျမန္မာႏိုင္ငံဘက္မွာလည္း ႏိုင္ငံေတာ္အတိုင္ပင္ခံ သြားေရာက္တဲ့အခ်ိန္မွာ ႏိုင္ံငံေတာ္အတိုင္ပင္ခံနဲ႔ တသားတည္းရပ္တည္ေၾကာင္းျပတဲ့ ေထာက္ခံပြဲေတြ ႏိုင္ငံတစ္ဝန္း လုပ္ခဲ့ပါတယ္။ဒီလိုလုပ္ရာမွာ ေထာက္ခံသူရွိသလို ျပည္တြင္းမွာလုပ္တဲ့ ပြဲမွာေရာ၊ ျပည္ပမွာလုပ္တဲ့ ပြဲမွာေရာ ကန႔္ကြက္သူအခ်ိဳ႕ရွိတာကို ေတြ႕ရပါတယ္။ဒီဇင္ဘာ ၁၀ ရက္မွာ ျပဳလုပ္တဲ့ ICJ ၾကားနာပြဲမွာ တရားလို ဂမ္ဘီယာႏိုင္ငံဘက္ကေန ဂ်ီႏိုဆိုက္ ရည္႐ြယ္သည့္ က်ဴးလြန္ေဆာင္႐ြက္မႈမ်ား ရွိခဲ့တယ္ဆိုၿပီး ျမန္မာအစိုးရက ဖြဲ႕စည္းတည္ေထာင္ထားေသာ UEHRD က ဂ်ီႏိုဆိုက္ က်ဴးလြန္မႈတြင္ ပါဝင္ၿပီး ရာဇဝတ္မႈျဖစ္ပြားခဲ့သည့္ ေက်း႐ြာမ်ားကို ဖ်က္ဆီးခဲ့တယ္ဆိုတာကိုပါ စြပ္စြဲခဲ့ပါတယ္။

ဂမ္ဘီယာဘက္က စြပ္စြဲခ်က္ေတြမွာ ျမန္မာႏိုင္ငံအတြင္း ဝင္ေရာက္စစ္ေဆးခဲ့တာမဟုတ္ဘဲ ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြကို ေမးထားတဲ့ အခ်က္အလက္ေတြနဲ႔ ယန္းဟီးလီ ရဲ႕ ေျပာၾကားခ်က္ေတြကို အေျခခံကာ ထပ္ဖန္တလဲလဲေျပာခဲ့သလို ေနာက္ဆုံးေန႔ အၿပီးသတ္ေလွ်ာက္လဲခ်က္ေပးရာတြင္လည္း ျမန္မာႏိုင္ငံမွ ဘဂၤါလီ (မူရင္းတြင္ ႐ိုဟင္ဂ်ာ) မ်ား၏ အေျခအေနမ်ားသည္ ေသေရးရွင္ေရးျဖစ္ေနၿပီး ကုလသမဂၢအဖြဲ႕အစည္းမ်ားႏွင့္ လူ႔အခြင့္အေရးအဖြဲ႕မ်ား၏ အခ်က္အလက္မ်ားအရ ဂ်ီႏိုဆိုက္ ျပန္လည္ျဖစ္လာႏိုင္သည့္  အေရးေပၚအေျခအေနကို ရွင္းလင္းစြာေဖာ္ျပေနတယ္ဆိုၿပီး ၎တို႔တင္တဲ့ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ ေျခာက္ခ်က္ကို တရား႐ုံးက ခ်မွတ္ေပးရန္ တရားေရးဝန္ႀကီးႏွင့္ ေရွ႕ေနခ်ဳပ္ ဘာတမ္ ဘာဒူ က ေလွ်ာက္လဲခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က  ဒီဇင္ဘာ ၁၁ ရက္ ေလွ်ာက္လဲရာမွာ ဂမ္ဘီယာက စြပ္စြဲသကဲ့သို႔ ဂ်ီႏိုဆိုက္ကို ျမန္မာႏိုင္ငံက က်ဴးလြန္ထားျခင္းမရွိဘဲ မွားယြင္းစြာ က်ဴးလြန္ခဲ့သည့္ တပ္မေတာ္သားမ်ား၊ အရာရွိမ်ားကို စုံစမ္းစစ္ေဆးျခင္း၊ တရားစြဲဆိုျခင္း၊ အျပစ္ေပးအေရးယူျခင္းမ်ား တက္ႂကြစြာေဆာင္႐ြက္ေနတဲ့ ႏိုင္ငံက ဂ်ီႏိုဆိုက္ကို ရည္႐ြယ္ေနပါသလားဟု ေမးခြန္းထုတ္ခဲ့ၿပီး ဂမ္ဘီယာအေနျဖင့္ မူလျပႆနာအစျဖစ္သည့္ ARSA က ျမန္မာရဲကင္းစခန္းေတြကို ဝင္တိုက္သည့္ျဖစ္ရပ္ကို ခ်န္လွပ္ကာ ICJ သို႔ ေ႐ြးခ်ယ္တင္သြင္းခဲ့ေၾကာင္း ေထာက္ျပခဲ့ပါတယ္။

ဒီဇင္ဘာ ၁၂ ရက္ အၿပီးသတ္ေလွ်ာက္လဲရာမွာေတာ ျမန္မာဘက္ကေတာ့  ေရွ႕ေနတစ္ဦးျဖစ္သည့္ မစၥတာ ခရစၥတိုဖာစတိတ္ကာ က ဂမ္ဘီယာမွာ OIC အဖြဲ႕ဝင္မ်ားကိုယ္စား တရားစြဲျခင္းျဖစ္ေၾကာင္း အကိုးအကားမ်ားႏွင့္ ေျပာခဲ့ၿပီး ဂ်ီႏိုဆိုက္ကြန္ဗင္းရွင္း အပိုဒ္ ၈ အရ ႏိုင္ငံတစ္ခုက ႏိုင္ငံတစ္ခုအေပၚ၌သာ တရားစြဲခြင့္ရွိၿပီး ယခုလို OIC ကိုယ္စား တရားစြဲဆိုျခင္းသည္ ထိုအခ်က္ႏွင့္ (လုံးဝ) ဆန႔္က်င္ေၾကာင္း ေျပာဆိုခဲ့သလို ေထာက္ပံ့ေငြမ်ား ဘယ္ကလာသလဲဆိုတာကို ပြင္လင္းျမင္သာစြာ မခ်ျပတာကို ေထာက္ျပခဲ့ပါတယ္။ဒါ့အျပင္ ၎ကိုျပန္ေထာက္သည့္ ၂၀၁၃ က အယ္လ္ဂ်ားဇီးယား အင္တာဗ်ဴးႏွင့္ ပတ္သက္၍လည္း ထိုစဥ္က သူ႔အေနျဖင့္ ျမန္မာႏိုင္ငံတြင္ ဂ်ီႏိုဆိုက္ ရွိသည္ဟု ဘယ္တုန္းကမွ် မေျပာခဲ့ေၾကာင္း၊ သတင္းေထာက္ကသာ နိမိတ္ျပေမးခြန္းေမးကာ တြန္းအားေပးခဲ့ေၾကာင္း ေျပာခဲ့ပါတယ္။

ေနာက္ဆုံးအၿပီးသတ္ ေလွ်ာက္လဲသည့္ ေဒၚေအာင္ဆန္းစုၾကည္ က ၆ မိနစ္သာ အခ်ိန္ယူၿပီး ဂမ္ဘီယာက တရားစြဲဆိုထားသည့္ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈ တားဆီးေရးစာခ်ဳပ္ ေဖာက္ဖ်က္မႈစြဲခ်က္ကို ပယ္ဖ်က္ေပးရန္ႏွင့္ ဂမ္ဘီယာက ေတာင္းဆိုထားသည့္ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ Provisional Measure ကို ပယ္ခ်ေပးရန္ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) ကို ေတာင္းဆိုခဲ့ပါတယ္။အဆိုပါ ၆ မိနစ္စာ ေလွ်ာက္လဲခ်က္တြင္ ျမန္မာျပည္ကို ဥပေဒစိုးမိုးတဲ့ ဒီမိုကေရစီႏိုင္ငံျဖစ္ေအာင္ လုပ္ဖို႔ဆိုရင္ အေျခခံဥပေဒကို လ်စ္လ်ဴရႈတာမ်ိဳး မလုပ္သင့္ေၾကာင္း ေျပာခဲ့သလို တရားစီရင္ေရးကို ႏိုင္ငံျပင္ပအဖြဲ႕အစည္းတစ္ခုခုကို လုပ္ခြင့္ေပးလိုက္တာဟာ ျပည္တြင္းက ဒီစနစ္ကို မထိေရာက္ေအာင္ လုပ္လိုက္တာနဲ႔တူတယ္လို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ ဂမ္ဘီယာဘက္က ေဘာလုံးပြဲကို ဥပမာျပတဲ့အတြက္ ျပန္လည္ၿပီး ေမာင္ေတာမွာျပဳလုပ္ခဲ့တဲ့ ေဘာလုံးပြဲမွာ ႏွစ္ဘက္လူမႈအဝန္းအဝိုင္းၾကား သဟဇာတျဖစ္စြာ အားေပးေနၾကတာကို ျပသေျပာဆိုခဲ့ပါတယ္။

အဆိုပါတရားခြင္မွာ ႏွစ္ဘက္ရင္ဆိုင္ ေလွ်ာက္လဲခ်က္ေပးခဲ့မႈေတြကို ႏိုင္ငံတကာမီဒီယာေတြက ေဖာ္ျပရာမွာ ျမန္မာဘက္က အေလးသာတယ္ဆိုတဲ့ ေရးသားေဖာ္ျပမႈေတြရွိလို႔ ျမန္မာဘက္က ခ်က္က်က် ေထာက္ျပရင္ဆိုင္မႈေတြကိုလည္း ေဖာ္ျပခဲ့ပါတယ္။ဒီရင္ဆိုင္မႈအတြက္ ဘယ္လိုအေျဖထြက္မလဲဆိုတာ မသိရေသးေပမယ့္ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အိနီးခ်င္း ဘဂၤလားေဒ့ရွ႕္ဘက္က ပုံေဖာ္ေနတဲ့ တစ္ဘက္သတ္စြပ္စြဲေနတဲ့ ျဖစ္စဥ္အမွန္ကို ႏိုင္ငံတကာမွာ ျဖည္ထုတ္ျပႏိုင္ခဲ့ပါတယ္။ဒီအတြက္ အေကာင္းဘက္က ျဖစ္ထြန္းမႈရွိတဲ့ တရားရင္ဆိုင္မႈျဖစ္သလို OIC ေနာက္ကြယ္မွာ ရွိေနတာကိုပါ ေထာက္ျပႏိုင္ခဲ့တဲ့အတြက္ ေရွ႕ဆက္ အေကာင္းဘက္ကျဖစ္ထြန္းဖို႔ မ်ားေနတယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဒီဇင္ဘာ - ၁၃