【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကားပါမစ်ဂယက်နှင့် လှုပ်လှုပ်ခတ်ခတ်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကားပါမစ်ဂယက်နှင့် လှုပ်လှုပ်ခတ်ခတ်

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ ထိပ်ဆုံးကလှုပ်ခတ်ခဲ့တဲ့ သတင်းကတော့ ကားပါမစ်သတင်းတွေပါဘဲ။လုပ်သက် ၂၅ နှစ်ရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို နှစ်စဉ်ကားအသစ် အခွန်လွတ်တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ သတင်းကြောင့် လက်ထဲမှာ ကားသစ်တွေပိုက်မိနေတဲ့ ကားရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီက အသံတွေ ထွက်လာခဲ့ပါတယ်။

ဒီသတင်းအပြင် ယခုရက်သတ္တပတ်ထဲမှာ ဖြစ်ခဲ့တဲ့ သတင်းတွေထဲက အေအေလက်နက်ကိုင်အဖွဲ့ ဦး ဆောင်သူ ထွန်းမြတ်နိုင်ရဲ့ညီ ရှယ်ယာပါဝင်တဲ့ တာမွေမြို့နယ် အာသောကလမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်ကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ချိတ်ပိတ်ခဲ့တဲ့ သတင်း၊ အဆိုတော်အစ္စဏီကို ချမှတ်ခဲ့တဲ့ပြစ်ဒဏ်အ တွက် အယူခံတက်မယ့် သတင်း၊ မြန်မာ့ရေပိုင်နက်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂါလီ ၁၇၂ ဦးကို ရခိုင်ပြည်နယ် စစ်တွေ မြို့ကိုပြန်လည်ပို့ဆောင်ခဲ့တဲ့ သတင်း၊ မန္တလေးတက္ကသိုလ် ပါချုပ် စုံစမ်းစစ်ဆေးမှု ရလဒ်ကို မထုတ်ပြန် ပေးလို့ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက ထိုင်သပိတ်ဆင်နွှဲနေတဲ့ သတင်း၊ မန္တလေးတံတားဦး အပြည် ပြည်ဆိုင်ရာ လေဆိပ်က ဝင်လာတဲ့ သူတွေမှာ တုပ်ကွေးဆန်သည့် ရောဂါ ဖြစ်ပွားသူများရှိ/မရှိစစ်ဆေးနေတဲ့ သတင်း၊မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှလုံးခုန်ရပ်သွားပြီဟု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော သတင်းသည် မဟုတ်မှန်ဘူးလို့ သက်ဆိုင်ရာက ငြင်းဆိုတဲ့ သတင်း၊အရှေ့အလယ်ပိုင်းရောက် မြန်မာနိုင်ငံသား တွေကို ကူညီဖို့ ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြင်ဆင်ထားတဲ့ သတင်း၊ ရန်ကုန်တိုင်းဒေသကြီး အ တွင်း သုံးနှစ်ဆက်တိုက် လူသတ်မှုဖြစ်ပွားနှုန်းမြင့်တက်လာတဲ့ သတင်း၊ တံတားဦးလေဆိပ်တွင် တရုတ်နိုင်ငံ သားတစ်ဦးထံကနေ သိန်း ၁၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ တွေ့ရှိတဲ့ သတင်းတွေလည်း စိတ် ဝင်စားစရာကောင်းခဲ့ပါတယ်။

ဗိုလ်ချုပ်ငွေစက္ကူနဲ့ သမ္မတဟောင်း ကန်တော့ပွဲ

ယခုနှစ်သစ်ဖြစ်တဲ့ ဇန်နဝါရီ ၄ ရက်မှာ ထွက်ရှိလာခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ ကျပ်တစ်ထောင် တန် ငွေစက္ကူထွက်ရှိလာခဲ့တာလည်း ယခုနှစ်သစ်ရဲ့ စိတ်ဝင်စားမှုဖြစ်ခဲ့တဲ့ သတင်းပါဘဲ။ အခြားငွေစက္ကူတွေ ထွက်ရှိခဲ့စဉ်က အများပြည်သူအနေနဲ့ စိတ်ဝင်စားမှုရှိခဲ့ပေမယ့် ယခုထွက်ရှိတဲ့ ငွေစက္ကူမှာတော့ အများပြည်သူရဲ့ ငွေစက္ကူအပေါ်တုံပြန်မှုက အရင်နဲ့မတူပါဘူး။

ဇန်နဝါရီ ၄ ရက်မှာ ထုတ်ဝေခဲ့ပေမယ့် အစိုးရရုံးပတ်ရက်တွေကြောင့် အများပြည်သူလက်ကို မရောက် ခဲ့တဲ့ အဆိုပါဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူကို တရားဝင် စတင်သုံးခွင့်ရခဲ့ကြတာက ဇန်နဝါရီ ၇ ရက်နေ့မှဘဲ ဖြစ်ပါတယ်။ ယခုထုတ်ခဲ့တဲ့ ငွေစက္ကူအသစ်က အရပ်သားအစိုးရလက်ထက်မှာ ထုတ်ခဲ့တာဖြစ်ပေမယ့် ထင်ထား သလို များများစားစား သုံးစွဲသူတွေ လက်ထဲကို မရောက်ခဲ့ပါဘူး။ အစောပိုင်းက အတိုက်အခံတွေနဲ့ ယခင်အစိုးရ ဟောင်းကို ထောက်ခံသူတွေဘက်က ငွေစက္ကူအသစ်ထုတ်ဝေရင် ငွေကြေးဖောင်းပွမှုရှိနိုင်တယ်ဆိုတဲ့ အပြစ် တင် မှုတွေရှိခဲ့ပါတယ်။

ဒါပေမယ် စျေးကွက်ထဲမှာ ကျပ်တစ်ထောင်တန်ငွေစက္ကူကို သိပ်မတွေ့ရဘဲ အနည်းအကျဉ်းသာ တွေ့ ရသေး တဲ့ အတွက် ဒါဟာ အရပ်သားအစိုးရလက်ထက် ငွေစက္ကူသစ်ကို ထုတ်ဝေရာမှာ ယခင်အစိုးရလို လိုသ လောက် အတိုင်းအဆမဲ့ရိုက်ထုတ်တာမျိုးထက် လက်ရှိလည် ပတ် သုံးစွဲနေတဲ့ ပမာဏကို မထိခိုက်အောင် ထုတ် ဝေဖို့ဘဲ ရှိဟန်တူပါတယ်။ဒါလည်း စောင့်ကြည့်ရဦးမယ်အခြေအနေပါ။လက်ရှိမှာ ကျပ်တစ်ထောင်တန် ဗိုလ်ချုပ် ရုပ်ပုံပါ ငွေစက္ကူကို လူတိုင်းလက်ဝယ်မတွေ့ရသေးသလို တကူးတကဘဏ်တွေမှာလာလဲမယ်ဆိုရင်လည်း ကျက် ၅၀၀၀ ဖိုးနဲ့ အများဆုံး ကျပ် တစ်သောင်းဖိုးသာထုတ်လဲပေးတဲ့ အတွက် လိုချင်သူတွေ များနေတာကိုလည်း တွေ့ ရပါတယ်။ဗိုလ်ချုပ်ရုပ်ပုံပါ ကျပ်တစ်ထောင်တန်ငွေစက္ကူက ကျပ်တစ်သောင်းတန်နဲ့ တူနေတာ၊အရောင်ဘဲကွဲတာ၊ ၂၀၂၀ အမီထွက်ခဲ့တာစတဲ့ ဝေဖန်မှုတွေရှိခဲ့ပေမယ် လူမှုကွန်ရက်မှာ ကျပ်တစ်ထောင်တန်ဗိုလ်ချုပ် ငွေစက္ကူသစ်နဲ့ ပုံတွေ တင်ကြတာတွေ၊ လိုလိုချင်ချင် လဲနေကြတဲ့ အတွက် ဒါဟာ တချို့အတွက် နာလိုခံခက်ဖြစ်စရာတွေ ဖြစ်ခဲ့ပါတယ်။

ယခုရက်ထဲမှာ နောက်ထပ်စိတ်ဝင်စားစရာ သတင်းကတော့ အများပြည်သူမြင်ကွင်းကနေ ပျောက်ကွယ် နေတဲ့ ယခင်သမ္မတဟောင်းဦးသိန်းစိန်က ဇန်နဝါရီ ၅ ရက်နေ့က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုး ပါတီရုံးချုပ်မှာ ၎င်း ကို ဂါရဝပြုတွေ့ဆုံကြတဲ့ ပွဲမှာ နိုင်ငံတော်သမ္မတငြိမ်း ဦးသိန်းစိန်က မြန်မာနိုင်ငံသည် ပြည်တွင်း ပြည်ပ ဘေး အန္တရာယ် အချို့နှင့် ရင်ဆိုင်ကြုံတွေ့ရပြီး ကိုလိုနီလက်သစ်ဝါဒကြောင့် သားရဲတွင်း၏ နူတ်ခမ်းဝကို ရောက် နေပြီ လို့ ပြောခဲ့တဲ့ အတွက် ပြည်တွင်းမီဒီယာတွေကြားထဲမှာ ထိပ်တန်း သတင်းဖြစ်ခဲ့ပါတယ်။ဒီတွေ့ဆုံပွဲမှာ “ကျွန် တော်တို့ပိုင်တဲ့ နယ်မြေကို ဖဲ့ပြီးတော့ ယူဖို့ကျွန်တော်တို့ရဲ့ လူမျိုး ကျွန်တော်တို့အများစု ကိုးကွယ်တဲ့ ဘာသာ လူမျိုး ဒါတွေကို ဝါးမြိုဖို့ နောက်တစ်ခါ တိုင်းပြည်ကို ကာကွယ်ပေးနေတဲ့ တပ်မတော် ကို အင်အား ချိနဲ့အောင် လုပ်ဆောင်ဖို့ နည်းမျိုးစုံနဲ့ဆောင်ရွက်နေတာ အားလုံးလည်း အသိပဲဖြစ်ပါလိမ့်မယ်”လို့ပြောခဲ့ပါတယ်။

ဦးသိန်းစိန်ကို ချစ်ခင်လေးစားသူ ၃၀၀၀ကျော် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြတဲ့ ဒီပွဲမှာ အများစုအနေနဲ့ လူငယ်တွေအပေါ် ဘာတွေ မှာကြားမလဲ၊ တာဝန်ထမ်းဆောင်စဉ်ဖြတ်သန်းမှုနဲ့ ယှဉ်ပြီး လူငယ်တွေကို မှတ်သား စရာ ဘာတွေ ပြောမလဲဆိုတာကို မျှော်လင့်နေချိန်မှာ ယခုလိုနိုင်ငံအတွက် ရှေးစစ်အစိုးရလက်ထက်ကလိုဘဲ ကိုလိုနီလက်သစ်ဝါဒီအသုံးအနူန်းတွေ၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘာသာ ၊သာသနာ နဲ့ တပ်မတော်ကို စောင့်ရှောက် လိုစိတ်ရှိတဲ့ လူတွေကိုရွေးချယ်ဖို့ပြောခဲ့တာတွေကြောင့် ဒီတွေ့ဆုံ ဂါရ၀ပြုပွဲက ယခင်အစိုးရ လက်ထက်ကို ပြန်သတိရ စရာဖြစ်ခဲ့ပါတယ်။ ဒီပွဲကို ပြည်ခိုင်ဖြိုးပါတီက ထိပ်တန်းတာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တဲ့ အတွက် ဒီသတင်းက ယခုရက်သတ္တပတ်မှာ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။

ထောက်ပြမှုတွေနဲ့ စာရင်းစစ်အစီရင်ခံစာ

ယခုရက်ထဲပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သတင်းကတော့ အများပြည်သူအတွက် စိတ်ဝင်စားစရာ အတိဖြစ်ခဲ့ပါတယ်။အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို လာရောက်တင်သွင်းဖတ်ကြားတာဖြစ်တဲ့ အတွက် ယခင် အစိုးရလက်ထက်က သက်တမ်းကုန်ခါနီး ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအကြောင်းကို အများပြည်သူသိခွင့်ရခဲ့သလို လက်ရှိ အရပ်သားအစိုးရသက်တမ်းအတွင်း လုပ်ဆောင်ခဲ့တဲ့ YBS လို့ အများပြည်သူပို့ဆောင်ရေးလုပ်ငန်းတွေ မှာ ဖြစ်နေတာတွေကိုလည်း သိခွင့်ရခဲ့ပါတယ်။

ဒီဇင်ဘာ ၈ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေး ပထမနေ့မှာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ ၂၀၁၄ ခုနစ်တွင် ဦးသိန်းစိန် အစိုးရလက်ထက်က ဗိုလ်တထောင်မြို့နယ်၊ ဧရိယာ ၁၅ ဒသမ ၉၆၃ ဧကပေါ်ရှိ ဝန်ကြီးများရုံး မြေနေရာ အဆောက်အအုံကို ပြတိုက်အပါအဝင်၊ အခြားသော ဝန်ဆောင်မှုလုပ်ငန်းများအတွက် BOT စနစ်ဖြင့် အနော်မာကုမ္ပဏီအား ၂၀၁၅ ဇန်နဝါရီ ၂၉ ရက်မှ ၂၀၆၅ ဇန်နဝါရီ ၂၉ ရက် အထိ နှစ် ၅၀ စာချုပ်ချုပ်ဆို ငှားရမ်းထားရာမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ်ဆေးချိန် ၂၀၁၈ နိုဝင်ဘာကနေ ၂၀၁၉ ဇန်နဝါရီ အထိ ငှားရမ်းတွေ ပေးသွင်း ထားခြင်း မရှိဘဲ ၂၀၁၉ ဧပြီ ၂ ရက်မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပေးသွင်းထားတာကိုတွေ့ရတယ်လို့ ပြောခဲ့ပါတယ်။

ဒါအပြင် စာချုပ်ထဲမှာ သတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမရှိပါက ငှားရမ်းခငွေ၏ ၁၀ ရာခိုင်နှုန်းအား ဒဏ်ကြေးအဖြစ် ပေးသွင်းရမယ်ဆိုပေမယ့် သတ်မှတ်ကာလ ကျော်လွန်ကာမှ ငွေပေးသွင်း ခဲ့ခြင်းကြောင့် ဒဏ်ကြေးငွေဖြစ်သည့် လခ၏ ၁၀ ရာခိုင်နှုန်းကိုလည်း တောင်းခံရန် ပျက်ကွက်ခဲ့ ကြောင်း စာရင်းစစ်ချုပ်က ထောက်ပြခဲ့ပါတယ်။ဒါအပြင် အနော်မာကုမ္ပဏီအနေဖြင့် လုပ်ငန်း အကောင် အထည်ဖော်မည့် ကာလနှင့် ပြင်ဆင်ခြင်း ကာလများကို နှစ်ဦးနှစ်ဖက် သဘောတူစာချုပ် ပြန်လည်ချုပ်ဆိုမှု မရှိဘူးလို့လဲ ထောက်ပြခဲ့ပါ တယ်။စာချုပ်မှာပါတဲ့ ငှားရမ်းခနှုန်းထားများ စတင်ကောက်ယူမည့် နေ့သည် လုပ် ငန်း စတင်ဆောင်ရွက်သည့် နေ့ဖြစ်တယ်ဆိုတဲ့ ချုပ်ဆိုထားမှုက အငှားချထားခြင်းခံရသူအပေါ် အထူးအခွင့် အရေးပေးနေသည့် သဘောသက် ရောက်နေတယ်လို့ တိုင်းစာရင်းစစ်ချုပ်က ထောက်ပြခဲ့ပါတယ်။

ဒီအစီရင်ခံစာမှာဘဲ ရန်ကုန်တိုင်းအစိုးရမှနေ၍ နွေရာသီတွင်လျှပ်စစ်ဓာတ်အားမကြာခဏ ပြတ်တောက် တဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ကျပ်ဘီလီယံ ၃၀ ဖြင့်ဝယ်ယူထားသည့် မီးစက်ကြီးမှာ တစ်နာရီမောင်း နှင် ရန် ဒီဇယ်ဂါလံ ၁၆၀၀ ကျော်အသုံးပြုရတာကိုလည်း စာရင်းစစ်ချုပ်အစီရင်ခံစာမှာ ဖော်ပြထားခဲပါတယ်။ဒါအပြင် လုပ်ငန်းအကောင်အထည်မဖော်နိုင်သေးတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး အဆိုပါ စာရင်းစစ်အစီရင်ခံ စာမှာ မြို့သစ်စီမံကိန်းအတွက် ရင်းနှီးငွေတွေနဲ့ပတ်သက်ပြီး လက်ရှိမှာ လုပ်ငန်းမစနိုင်သေးတဲ့ အတွက် ဘဏ်တိုးတွေ ရရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ဒါနဲ့ ပတ်သက်ပြီး ကျပ် ၁၀ ဘီလျံကုန်ကျမယ့် ရန်ကုန်မြို့သစ် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေး ပေမယ့် ထည့်ဝင်ထားငွေ၏ ၁၂.၃၈ ရာခိုင်နှုန်း သုံးစွဲထားပြီဖြစ် လို့ စီမံကိန်းများ အကောင်အထည် ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်တယ်ဆိုပြီး အကြံပြုထားတာကိုလည်း တွေ့ရပါတယ်။

ကားပါမစ် အတိုးအဆုတ်

ယခုရက်သတ္တပတ်လှုပ်ခတ်မှုအရှိဆုံးသတင်းကတော့ ကားပါမစ်သတင်းပါဘဲ။ လူမှုကွန်ရက်မှာ အစိုးရ ဝန်ထမ်းတွေနဲ့ ကားတင်သွင်းရောင်းချသူတွေအကြား ဝေဖန်မှုတွေ ဆူပွက်မှုက အတော်လေးပြင်းထန်ခဲ့ပါတယ်။

ဇန်နဝါရီ ၂ ရက်နေ့ ရက်စွဲနဲ့ ညွှန်ချုပ်နှင့်အထက်အဆင့်များကိုပထမအဆင့်အနေဖြင့်ကားပါမစ်များ ကို အခွန်ကင်းလွတ်ခွင့်ဖြင့် ခွင့်ပြုပေးမှာဖြစ်ပြီးဒုတိယအအဆင့်အနေဖြင့်လုပ်သက် ၂၅နှစ်အထက် နိုင်ငံ့ဝန်ထမ်း ကောင်းတံဆိပ် ဆုရရှိသူများကိုခွင့်ပြုပေးသွားမည်ဖြစ်တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ဒီလိုထုတ်ပြန်ခဲ့တဲ့ အတွက် ကားအရောင်းအဝယ်အေးလို့ ပိတ်မိနေသလို မော်ဒယ်သတ်မှတ်ချက်ကြောင့် မကြာခင် သက်တမ်းပြဿနာရှိ လာ နိုင်တဲ့ ကားတွေ ကို တင်သွင်းပြသထားတဲ့ ကားအရောင်းပြခန်းပိုင်ရှင်တွေအတွက် အထိနာစရာ ဖြစ်လာခဲ့ပါ တယ်။

အရပ်သားအစိုးရအနေနဲ့ လက်ကျန်သက်တမ်းတစ်နှစ်မှာ အစိုးရရုံးပိတ်ရက်အစားပြန်ပေးတာတွေ အပြင် ယခုလို ကားပါမစ်ချပေးတာတွေက ယခင်အစိုးရလက်ထက်သက်တမ်းမှာ ငြိမ်းချမ်းရေး ကားပါမစ်ချပေးတာတွေ ၊ပါတီတွေကို မြေကွက်ချပေးတာတွေနဲ့ သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်ပေးတာတွေကို ပြန်သတိရစရာဖြစ် လာခဲ့ ပါတယ်။

ကားလုပ်ငန်းရှင်တွေဘက်က ယခုအစီအစဉ်အပေါ် အဓိက ထောက်ပြတာက ဒီလို ကားပါမစ်ချပေးတဲ့ အတွက် ကားဝယ်ယူတဲ့ သူတွေ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ငြိစွန်းနိုင်တယ်ဆိုပြီး ထူးထူးဆန်းဆန်း ဥပဒေနဲ့ ထောက်ပြကြတာကိုတွေ့ရပါတယ်။ ဒါအပြင် ဒီအစီအစဉ်ကြောင့် ကားတင်သွင်းခွင့်ရတဲ့ ညွှန်ကြားရေး မှူးချုပ်နှင့်အထက် နိုင်ငံဝန်ထမ်းတွေမှာ ဝင်ငွေရလမ်းဖော်ပြနိုင်ခြင်းမရှိသူတွေအတွက် ဒီဥပဒေနဲ့ သွားငြိစရာရှိ တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒါအပြင် အတိုက်အခံတွေဘက်ကလည်း ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို မဖြေ ရှင်းနိုင်သေးဘဲ ယခုလို ကားပါမစ်တွေကိုချပေးလိုက်တဲ့ အတွက် ယာဉ်ကြောကျပ်တည်းမှု ပိုဆိုးလာမှာနဲ့ ယခင် လိုဘဲ ကားပါမစ်တွေ အပြင်ကိုထုတ်ရောင်းလာနိုင်တဲ့ အတွက် ပြင်ပကားစျေးကိုဆွဲချသလို ဖြစ်မှာကိုလည်း ကား အရောင်းပြခန်းပိုင်ရှင်တွေက လန့်နေပါတယ်။

ဇန်နဝါရီ ၉ ရက် က နေပြည်တော်မှာ မော်တော်ယာဉ်တင်သွင်းရောင်းချသူတွေနဲ့ စီးပွား/ ကူးသန်း ဝန်ကြီးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ရာမှာ လက်ရှိစီးပွား/ကူးသန်းဝန်ကြီးက “Time Limit တော့ သတ်မှတ်ထားမှာတာတော့ မဟုတ်ဘူးလေ။ ဒီတစ်နှစ်ပေးမယ်။ နောက်တစ်နှစ်မပေးဘူး မဟုတ်ဘူး။ ဆိုတော့ ဒီ Policy တည်မြဲတယ်ဆိုရင်တော့ တက်လာတဲ့လူတိုင်းရဲ့ သတ်မှတ်ချက်ပြည့်လို့ရှိရင် သူ့ဟာသူ ရသွားမယ့် သဘောတော့ရှိတာပေါ့။ သူ့ကန့်သတ်ချက်တော့ ရှိတယ်။ ကန့်သတ်ချက်အတွင်းတော့ လွှဲပြောင်းလို့မရဘူး လေ”လို့ ပြောခဲ့သလို သတ်မှတ်ချက်နှင့် ပြည့်မီသည့် နိုင်ငံ့ဝန်ထမ်းမည်သူ့ကိုမဆို ချထားပေးမယ်လို့ ပြောခဲ့ပါတယ်။

အစိုးရကနေ အခွန်ကင်းလွတ်ခွင့်ပြုမည့် ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အရာရှိများ၊ လုပ်သက်၂၅နှစ် အထက် နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ဆုရရှိသူ၏ပါမစ်အရေအတွက်မှာ ၅၀၀ မှ ၁၀၀၀ ကြားရှိပြီး ပါမစ်ရပြီး ကား အမည် ပြောင်း သုံးနှစ်ခွင့်မပြုဘူးဆိုပေမယ့် လက်ရှိပြင်ပစျေးကွက်မှာ အခွန်ကင်းလွတ်ခွင့်ရသည့် ကားပါမစ်တစ် စောင်လျှင် ကားဈေးကွက်အတွင်းကျပ်သိန်း ၅၀၀မှ၊ ၇၀၀ကြားဈေးပေါက်နေတဲ့ အတွက် နိုင်ငံဝန်ထမ်းတွေကို နှစ်စဉ်ပုံမှန်ချထားပေးမယ့် ကားပါမစ်ကို အစိုးအနေနဲ့ ဘယ်လိုထိန်းကြောင်းမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇန်နဝါရီ - ၁၁

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ ထိပ္ဆုံးကလႈပ္ခတ္ခဲ့တဲ့ သတင္းကေတာ့ ကားပါမစ္သတင္းေတြပါဘဲ။လုပ္သက္ ၂၅ ႏွစ္ရွိတဲ့ ႏိုင္ငံ့ဝန္ထမ္းေတြကို ႏွစ္စဥ္ကားအသစ္ အခြန္လြတ္တင္သြင္းခြင့္ျပဳမယ္ဆိုတဲ့ သတင္းေၾကာင့္ လက္ထဲမွာ ကားသစ္ေတြပိုက္မိေနတဲ့ ကားေရာင္းဝယ္ေရးလုပ္ငန္းရွင္ေတြဆီက အသံေတြ ထြက္လာခဲ့ပါတယ္။

ဒီသတင္းအျပင္ ယခုရက္သတၱပတ္ထဲမွာ ျဖစ္ခဲ့တဲ့ သတင္းေတြထဲက ေအေအလက္နက္ကိုင္အဖြဲ႕ ဦး ေဆာင္သူ ထြန္းျမတ္ႏိုင္ရဲ႕ညီ ရွယ္ယာပါဝင္တဲ့ တာေမြၿမိဳ႕နယ္ အာေသာကလမ္းရွိ စားေသာက္ဆိုင္တစ္ဆိုင္ကို ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕မွ ခ်ိတ္ပိတ္ခဲ့တဲ့ သတင္း၊ အဆိုေတာ္အစၥဏီကို ခ်မွတ္ခဲ့တဲ့ျပစ္ဒဏ္အ တြက္ အယူခံတက္မယ့္ သတင္း၊ ျမန္မာ့ေရပိုင္နက္အတြင္း ဖမ္းဆီးရမိခဲ့တဲ့ ဘဂၤါလီ ၁၇၂ ဦးကို ရခိုင္ျပည္နယ္ စစ္ေတြ ၿမိဳ႕ကိုျပန္လည္ပို႔ေဆာင္ခဲ့တဲ့ သတင္း၊ မႏၲေလးတကၠသိုလ္ ပါခ်ဳပ္ စုံစမ္းစစ္ေဆးမႈ ရလဒ္ကို မထုတ္ျပန္ ေပးလို႔ မႏၲေလးတကၠသိုလ္ ေက်ာင္းသားသမဂၢက ထိုင္သပိတ္ဆင္ႏႊဲေနတဲ့ သတင္း၊ မႏၲေလးတံတားဦး အျပည္ ျပည္ဆိုင္ရာ ေလဆိပ္က ဝင္လာတဲ့ သူေတြမွာ တုပ္ေကြးဆန္သည့္ ေရာဂါ ျဖစ္ပြားသူမ်ားရွိ/မရွိစစ္ေဆးေနတဲ့ သတင္း၊မႏၲေလးဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ႏွလုံးခုန္ရပ္သြားၿပီဟု လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေနေသာ သတင္းသည္ မဟုတ္မွန္ဘူးလို႔ သက္ဆိုင္ရာက ျငင္းဆိုတဲ့ သတင္း၊အေရွ႕အလယ္ပိုင္းေရာက္ ျမန္မာႏိုင္ငံသား ေတြကို ကူညီဖို႔ ေဆာ္ဒီအာေရဗ်ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ျပင္ဆင္ထားတဲ့ သတင္း၊ ရန္ကုန္တိုင္းေဒသႀကီး အ တြင္း သုံးႏွစ္ဆက္တိုက္ လူသတ္မႈျဖစ္ပြားႏႈန္းျမင့္တက္လာတဲ့ သတင္း၊ တံတားဦးေလဆိပ္တြင္ တ႐ုတ္ႏိုင္ငံ သားတစ္ဦးထံကေန သိန္း ၁၅၀၀ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားေတြ ေတြ႕ရွိတဲ့ သတင္းေတြလည္း စိတ္ ဝင္စားစရာေကာင္းခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္ေငြစကၠဴနဲ႔ သမၼတေဟာင္း ကန္ေတာ့ပြဲ

ယခုႏွစ္သစ္ျဖစ္တဲ့ ဇန္နဝါရီ ၄ ရက္မွာ ထြက္ရွိလာခဲ့တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါတဲ့ က်ပ္တစ္ေထာင္ တန္ ေငြစကၠဴထြက္ရွိလာခဲ့တာလည္း ယခုႏွစ္သစ္ရဲ႕ စိတ္ဝင္စားမႈျဖစ္ခဲ့တဲ့ သတင္းပါဘဲ။ အျခားေငြစကၠဴေတြ ထြက္ရွိခဲ့စဥ္က အမ်ားျပည္သူအေနနဲ႔ စိတ္ဝင္စားမႈရွိခဲ့ေပမယ့္ ယခုထြက္ရွိတဲ့ ေငြစကၠဴမွာေတာ့ အမ်ားျပည္သူရဲ႕ ေငြစကၠဴအေပၚတုံျပန္မႈက အရင္နဲ႔မတူပါဘူး။

ဇန္နဝါရီ ၄ ရက္မွာ ထုတ္ေဝခဲ့ေပမယ့္ အစိုးရ႐ုံးပတ္ရက္ေတြေၾကာင့္ အမ်ားျပည္သူလက္ကို မေရာက္ ခဲ့တဲ့ အဆိုပါဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါ ေငြစကၠဴကို တရားဝင္ စတင္သုံးခြင့္ရခဲ့ၾကတာက ဇန္နဝါရီ ၇ ရက္ေန႔မွဘဲ ျဖစ္ပါတယ္။ ယခုထုတ္ခဲ့တဲ့ ေငြစကၠဴအသစ္က အရပ္သားအစိုးရလက္ထက္မွာ ထုတ္ခဲ့တာျဖစ္ေပမယ့္ ထင္ထား သလို မ်ားမ်ားစားစား သုံးစြဲသူေတြ လက္ထဲကို မေရာက္ခဲ့ပါဘူး။ အေစာပိုင္းက အတိုက္အခံေတြနဲ႔ ယခင္အစိုးရ ေဟာင္းကို ေထာက္ခံသူေတြဘက္က ေငြစကၠဴအသစ္ထုတ္ေဝရင္ ေငြေၾကးေဖာင္းပြမႈရွိႏိုင္တယ္ဆိုတဲ့ အျပစ္ တင္ မႈေတြရွိခဲ့ပါတယ္။

ဒါေပမယ္ ေစ်းကြက္ထဲမွာ က်ပ္တစ္ေထာင္တန္ေငြစကၠဴကို သိပ္မေတြ႕ရဘဲ အနည္းအက်ဥ္းသာ ေတြ႕ ရေသး တဲ့ အတြက္ ဒါဟာ အရပ္သားအစိုးရလက္ထက္ ေငြစကၠဴသစ္ကို ထုတ္ေဝရာမွာ ယခင္အစိုးရလို လိုသ ေလာက္ အတိုင္းအဆမဲ့႐ိုက္ထုတ္တာမ်ိဳးထက္ လက္ရွိလည္ ပတ္ သုံးစြဲေနတဲ့ ပမာဏကို မထိခိုက္ေအာင္ ထုတ္ ေဝဖို႔ဘဲ ရွိဟန္တူပါတယ္။ဒါလည္း ေစာင့္ၾကည့္ရဦးမယ္အေျခအေနပါ။လက္ရွိမွာ က်ပ္တစ္ေထာင္တန္ ဗိုလ္ခ်ဳပ္ ႐ုပ္ပုံပါ ေငြစကၠဴကို လူတိုင္းလက္ဝယ္မေတြ႕ရေသးသလို တကူးတကဘဏ္ေတြမွာလာလဲမယ္ဆိုရင္လည္း က်က္ ၅၀၀၀ ဖိုးနဲ႔ အမ်ားဆုံး က်ပ္ တစ္ေသာင္းဖိုးသာထုတ္လဲေပးတဲ့ အတြက္ လိုခ်င္သူေတြ မ်ားေနတာကိုလည္း ေတြ႕ ရပါတယ္။ဗိုလ္ခ်ဳပ္႐ုပ္ပုံပါ က်ပ္တစ္ေထာင္တန္ေငြစကၠဴက က်ပ္တစ္ေသာင္းတန္နဲ႔ တူေနတာ၊အေရာင္ဘဲကြဲတာ၊ ၂၀၂၀ အမီထြက္ခဲ့တာစတဲ့ ေဝဖန္မႈေတြရွိခဲ့ေပမယ္ လူမႈကြန္ရက္မွာ က်ပ္တစ္ေထာင္တန္ဗိုလ္ခ်ဳပ္ ေငြစကၠဴသစ္နဲ႔ ပုံေတြ တင္ၾကတာေတြ၊ လိုလိုခ်င္ခ်င္ လဲေနၾကတဲ့ အတြက္ ဒါဟာ တခ်ိဳ႕အတြက္ နာလိုခံခက္ျဖစ္စရာေတြ ျဖစ္ခဲ့ပါတယ္။

ယခုရက္ထဲမွာ ေနာက္ထပ္စိတ္ဝင္စားစရာ သတင္းကေတာ့ အမ်ားျပည္သူျမင္ကြင္းကေန ေပ်ာက္ကြယ္ ေနတဲ့ ယခင္သမၼတေဟာင္းဦးသိန္းစိန္က ဇန္နဝါရီ ၅ ရက္ေန႔က ေနျပည္ေတာ္ရွိ ျပည္ခိုင္ၿဖိဳး ပါတီ႐ုံးခ်ဳပ္မွာ ၎ ကို ဂါရဝျပဳေတြ႕ဆုံၾကတဲ့ ပြဲမွာ ႏိုင္ငံေတာ္သမၼတၿငိမ္း ဦးသိန္းစိန္က ျမန္မာႏိုင္ငံသည္ ျပည္တြင္း ျပည္ပ ေဘး အႏၲရာယ္ အခ်ိဳ႕ႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ရၿပီး ကိုလိုနီလက္သစ္ဝါဒေၾကာင့္ သားရဲတြင္း၏ ႏူတ္ခမ္းဝကို ေရာက္ ေနၿပီ လို႔ ေျပာခဲ့တဲ့ အတြက္ ျပည္တြင္းမီဒီယာေတြၾကားထဲမွာ ထိပ္တန္း သတင္းျဖစ္ခဲ့ပါတယ္။ဒီေတြ႕ဆုံပြဲမွာ “ကြၽန္ ေတာ္တို႔ပိုင္တဲ့ နယ္ေျမကို ဖဲ့ၿပီးေတာ့ ယူဖို႔ကြၽန္ေတာ္တို႔ရဲ႕ လူမ်ိဳး ကြၽန္ေတာ္တို႔အမ်ားစု ကိုးကြယ္တဲ့ ဘာသာ လူမ်ိဳး ဒါေတြကို ဝါးၿမိဳဖို႔ ေနာက္တစ္ခါ တိုင္းျပည္ကို ကာကြယ္ေပးေနတဲ့ တပ္မေတာ္ ကို အင္အား ခ်ိနဲ႔ေအာင္ လုပ္ေဆာင္ဖို႔ နည္းမ်ိဳးစုံနဲ႔ေဆာင္႐ြက္ေနတာ အားလုံးလည္း အသိပဲျဖစ္ပါလိမ့္မယ္”လို႔ေျပာခဲ့ပါတယ္။

ဦးသိန္းစိန္ကို ခ်စ္ခင္ေလးစားသူ ၃၀၀၀ေက်ာ္ လာေရာက္ဂါရဝျပဳေတြ႕ဆုံခဲ့ၾကတဲ့ ဒီပြဲမွာ အမ်ားစုအေနနဲ႔ လူငယ္ေတြအေပၚ ဘာေတြ မွာၾကားမလဲ၊ တာဝန္ထမ္းေဆာင္စဥ္ျဖတ္သန္းမႈနဲ႔ ယွဥ္ၿပီး လူငယ္ေတြကို မွတ္သား စရာ ဘာေတြ ေျပာမလဲဆိုတာကို ေမွ်ာ္လင့္ေနခ်ိန္မွာ ယခုလိုႏိုင္ငံအတြက္ ေရွးစစ္အစိုးရလက္ထက္ကလိုဘဲ ကိုလိုနီလက္သစ္ဝါဒီအသုံးအႏူန္းေတြ၊ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဘာသာ ၊သာသနာ နဲ႔ တပ္မေတာ္ကို ေစာင့္ေရွာက္ လိုစိတ္ရွိတဲ့ လူေတြကိုေ႐ြးခ်ယ္ဖို႔ေျပာခဲ့တာေတြေၾကာင့္ ဒီေတြ႕ဆုံ ဂါရ၀ျပဳပြဲက ယခင္အစိုးရ လက္ထက္ကို ျပန္သတိရ စရာျဖစ္ခဲ့ပါတယ္။ ဒီပြဲကို ျပည္ခိုင္ၿဖိဳးပါတီက ထိပ္တန္းတာဝန္ရွိသူေတြလည္း တက္ေရာက္ခဲ့တဲ့ အတြက္ ဒီသတင္းက ယခုရက္သတၱပတ္မွာ စိတ္ဝင္စားစရာ သတင္းတစ္ပုဒ္ျဖစ္လာခဲ့ပါတယ္။

ေထာက္ျပမႈေတြနဲ႔ စာရင္းစစ္အစီရင္ခံစာ

ယခုရက္ထဲျပဳလုပ္ခဲ့တဲ့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္သတင္းကေတာ့ အမ်ားျပည္သူအတြက္ စိတ္ဝင္စားစရာ အတိျဖစ္ခဲ့ပါတယ္။အထူးသျဖင့္ ရန္ကုန္တိုင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္၏ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္ စစ္ေဆးေတြ႕ရွိခ်က္ အစီရင္ခံစာကို လာေရာက္တင္သြင္းဖတ္ၾကားတာျဖစ္တဲ့ အတြက္ ယခင္ အစိုးရလက္ထက္က သက္တမ္းကုန္ခါနီး ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္ေတြအေၾကာင္းကို အမ်ားျပည္သူသိခြင့္ရခဲ့သလို လက္ရွိ အရပ္သားအစိုးရသက္တမ္းအတြင္း လုပ္ေဆာင္ခဲ့တဲ့ YBS လို႔ အမ်ားျပည္သူပို႔ေဆာင္ေရးလုပ္ငန္းေတြ မွာ ျဖစ္ေနတာေတြကိုလည္း သိခြင့္ရခဲ့ပါတယ္။

ဒီဇင္ဘာ ၈ ရက္က ျပဳလုပ္တဲ့ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ပုံမွန္အစည္းအေဝး ပထမေန႔မွာ ရန္ကုန္တိုင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္ ေဒၚခင္သန္းလွက ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္ စစ္ေဆးေတြ႕ရွိခ်က္ အစီရင္ခံစာကို တင္သြင္းခဲ့ပါတယ္။ ဒီအစီရင္ခံစာမွာ ၂၀၁၄ ခုနစ္တြင္ ဦးသိန္းစိန္ အစိုးရလက္ထက္က ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ဧရိယာ ၁၅ ဒသမ ၉၆၃ ဧကေပၚရွိ ဝန္ႀကီးမ်ား႐ုံး ေျမေနရာ အေဆာက္အအုံကို ျပတိုက္အပါအဝင္၊ အျခားေသာ ဝန္ေဆာင္မႈလုပ္ငန္းမ်ားအတြက္ BOT စနစ္ျဖင့္ အေနာ္မာကုမၸဏီအား ၂၀၁၅ ဇန္နဝါရီ ၂၉ ရက္မွ ၂၀၆၅ ဇန္နဝါရီ ၂၉ ရက္ အထိ ႏွစ္ ၅၀ စာခ်ဳပ္ခ်ဳပ္ဆို ငွားရမ္းထားရာမွာ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္ စာရင္းစစ္ေဆးခ်ိန္ ၂၀၁၈ ႏိုဝင္ဘာကေန ၂၀၁၉ ဇန္နဝါရီ အထိ ငွားရမ္းေတြ ေပးသြင္း ထားျခင္း မရွိဘဲ ၂၀၁၉ ဧၿပီ ၂ ရက္မွ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ကို ေပးသြင္းထားတာကိုေတြ႕ရတယ္လို႔ ေျပာခဲ့ပါတယ္။

ဒါအျပင္ စာခ်ဳပ္ထဲမွာ သတ္မွတ္ရက္အတြင္း ေပးသြင္းျခင္းမရွိပါက ငွားရမ္းခေငြ၏ ၁၀ ရာခိုင္ႏႈန္းအား ဒဏ္ေၾကးအျဖစ္ ေပးသြင္းရမယ္ဆိုေပမယ့္ သတ္မွတ္ကာလ ေက်ာ္လြန္ကာမွ ေငြေပးသြင္း ခဲ့ျခင္းေၾကာင့္ ဒဏ္ေၾကးေငြျဖစ္သည့္ လခ၏ ၁၀ ရာခိုင္ႏႈန္းကိုလည္း ေတာင္းခံရန္ ပ်က္ကြက္ခဲ့ ေၾကာင္း စာရင္းစစ္ခ်ဳပ္က ေထာက္ျပခဲ့ပါတယ္။ဒါအျပင္ အေနာ္မာကုမၸဏီအေနျဖင့္ လုပ္ငန္း အေကာင္ အထည္ေဖာ္မည့္ ကာလႏွင့္ ျပင္ဆင္ျခင္း ကာလမ်ားကို ႏွစ္ဦးႏွစ္ဖက္ သေဘာတူစာခ်ဳပ္ ျပန္လည္ခ်ဳပ္ဆိုမႈ မရွိဘူးလို႔လဲ ေထာက္ျပခဲ့ပါ တယ္။စာခ်ဳပ္မွာပါတဲ့ ငွားရမ္းခႏႈန္းထားမ်ား စတင္ေကာက္ယူမည့္ ေန႔သည္ လုပ္ ငန္း စတင္ေဆာင္႐ြက္သည့္ ေန႔ျဖစ္တယ္ဆိုတဲ့ ခ်ဳပ္ဆိုထားမႈက အငွားခ်ထားျခင္းခံရသူအေပၚ အထူးအခြင့္ အေရးေပးေနသည့္ သေဘာသက္ ေရာက္ေနတယ္လို႔ တိုင္းစာရင္းစစ္ခ်ဳပ္က ေထာက္ျပခဲ့ပါတယ္။

ဒီအစီရင္ခံစာမွာဘဲ ရန္ကုန္တိုင္းအစိုးရမွေန၍ ေႏြရာသီတြင္လွ်ပ္စစ္ဓာတ္အားမၾကာခဏ ျပတ္ေတာက္ တဲ့လိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ရန္ က်ပ္ဘီလီယံ ၃၀ ျဖင့္ဝယ္ယူထားသည့္ မီးစက္ႀကီးမွာ တစ္နာရီေမာင္း ႏွင္ ရန္ ဒီဇယ္ဂါလံ ၁၆၀၀ ေက်ာ္အသုံးျပဳရတာကိုလည္း စာရင္းစစ္ခ်ဳပ္အစီရင္ခံစာမွာ ေဖာ္ျပထားခဲပါတယ္။ဒါအျပင္ လုပ္ငန္းအေကာင္အထည္မေဖာ္ႏိုင္ေသးတဲ့ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းနဲ႔ပတ္သက္ၿပီး အဆိုပါ စာရင္းစစ္အစီရင္ခံ စာမွာ ၿမိဳ႕သစ္စီမံကိန္းအတြက္ ရင္းႏွီးေငြေတြနဲ႔ပတ္သက္ၿပီး လက္ရွိမွာ လုပ္ငန္းမစႏိုင္ေသးတဲ့ အတြက္ ဘဏ္တိုးေတြ ရရွိေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ဒါနဲ႔ ပတ္သက္ၿပီး က်ပ္ ၁၀ ဘီလ်ံကုန္က်မယ့္ ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ျခင္းမရွိေသး ေပမယ့္ ထည့္ဝင္ထားေငြ၏ ၁၂.၃၈ ရာခိုင္ႏႈန္း သုံးစြဲထားၿပီျဖစ္ လို႔ စီမံကိန္းမ်ား အေကာင္အထည္ ေဖာ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္သင့္တယ္ဆိုၿပီး အႀကံျပဳထားတာကိုလည္း ေတြ႕ရပါတယ္။

ကားပါမစ္ အတိုးအဆုတ္

ယခုရက္သတၱပတ္လႈပ္ခတ္မႈအရွိဆုံးသတင္းကေတာ့ ကားပါမစ္သတင္းပါဘဲ။ လူမႈကြန္ရက္မွာ အစိုးရ ဝန္ထမ္းေတြနဲ႔ ကားတင္သြင္းေရာင္းခ်သူေတြအၾကား ေဝဖန္မႈေတြ ဆူပြက္မႈက အေတာ္ေလးျပင္းထန္ခဲ့ပါတယ္။

ဇန္နဝါရီ ၂ ရက္ေန႔ ရက္စြဲနဲ႔ ၫႊန္ခ်ဳပ္ႏွင့္အထက္အဆင့္မ်ားကိုပထမအဆင့္အေနျဖင့္ကားပါမစ္မ်ား ကို အခြန္ကင္းလြတ္ခြင့္ျဖင့္ ခြင့္ျပဳေပးမွာျဖစ္ၿပီးဒုတိယအအဆင့္အေနျဖင့္လုပ္သက္ ၂၅ႏွစ္အထက္ ႏိုင္ငံ့ဝန္ထမ္း ေကာင္းတံဆိပ္ ဆုရရွိသူမ်ားကိုခြင့္ျပဳေပးသြားမည္ျဖစ္တယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။ဒီလိုထုတ္ျပန္ခဲ့တဲ့ အတြက္ ကားအေရာင္းအဝယ္ေအးလို႔ ပိတ္မိေနသလို ေမာ္ဒယ္သတ္မွတ္ခ်က္ေၾကာင့္ မၾကာခင္ သက္တမ္းျပႆနာရွိ လာ ႏိုင္တဲ့ ကားေတြ ကို တင္သြင္းျပသထားတဲ့ ကားအေရာင္းျပခန္းပိုင္ရွင္ေတြအတြက္ အထိနာစရာ ျဖစ္လာခဲ့ပါ တယ္။

အရပ္သားအစိုးရအေနနဲ႔ လက္က်န္သက္တမ္းတစ္ႏွစ္မွာ အစိုးရ႐ုံးပိတ္ရက္အစားျပန္ေပးတာေတြ အျပင္ ယခုလို ကားပါမစ္ခ်ေပးတာေတြက ယခင္အစိုးရလက္ထက္သက္တမ္းမွာ ၿငိမ္းခ်မ္းေရး ကားပါမစ္ခ်ေပးတာေတြ ၊ပါတီေတြကို ေျမကြက္ခ်ေပးတာေတြနဲ႔ သၾကၤန္႐ုံးပိတ္ရက္ ၁၀ ရက္ေပးတာေတြကို ျပန္သတိရစရာျဖစ္ လာခဲ့ ပါတယ္။

ကားလုပ္ငန္းရွင္ေတြဘက္က ယခုအစီအစဥ္အေပၚ အဓိက ေထာက္ျပတာက ဒီလို ကားပါမစ္ခ်ေပးတဲ့ အတြက္ ကားဝယ္ယူတဲ့ သူေတြ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ၿငိစြန္းႏိုင္တယ္ဆိုၿပီး ထူးထူးဆန္းဆန္း ဥပေဒနဲ႔ ေထာက္ျပၾကတာကိုေတြ႕ရပါတယ္။ ဒါအျပင္ ဒီအစီအစဥ္ေၾကာင့္ ကားတင္သြင္းခြင့္ရတဲ့ ၫႊန္ၾကားေရး မႉးခ်ဳပ္ႏွင့္အထက္ ႏိုင္ငံဝန္ထမ္းေတြမွာ ဝင္ေငြရလမ္းေဖာ္ျပႏိုင္ျခင္းမရွိသူေတြအတြက္ ဒီဥပေဒနဲ႔ သြားၿငိစရာရွိ တယ္လို႔ ေထာက္ျပခဲ့ပါတယ္။ ဒါအျပင္ အတိုက္အခံေတြဘက္ကလည္း ယာဥ္ေၾကာပိတ္ဆို႔မႈျပႆနာကို မေျဖ ရွင္းႏိုင္ေသးဘဲ ယခုလို ကားပါမစ္ေတြကိုခ်ေပးလိုက္တဲ့ အတြက္ ယာဥ္ေၾကာက်ပ္တည္းမႈ ပိုဆိုးလာမွာနဲ႔ ယခင္ လိုဘဲ ကားပါမစ္ေတြ အျပင္ကိုထုတ္ေရာင္းလာႏိုင္တဲ့ အတြက္ ျပင္ပကားေစ်းကိုဆြဲခ်သလို ျဖစ္မွာကိုလည္း ကား အေရာင္းျပခန္းပိုင္ရွင္ေတြက လန႔္ေနပါတယ္။

ဇန္နဝါရီ ၉ ရက္ က ေနျပည္ေတာ္မွာ ေမာ္ေတာ္ယာဥ္တင္သြင္းေရာင္းခ်သူေတြနဲ႔ စီးပြား/ ကူးသန္း ဝန္ႀကီးဌာနက တာဝန္ရွိသူေတြ ေတြ႕ဆုံခဲ့ရာမွာ လက္ရွိစီးပြား/ကူးသန္းဝန္ႀကီးက “Time Limit ေတာ့ သတ္မွတ္ထားမွာတာေတာ့ မဟုတ္ဘူးေလ။ ဒီတစ္ႏွစ္ေပးမယ္။ ေနာက္တစ္ႏွစ္မေပးဘူး မဟုတ္ဘူး။ ဆိုေတာ့ ဒီ Policy တည္ၿမဲတယ္ဆိုရင္ေတာ့ တက္လာတဲ့လူတိုင္းရဲ႕ သတ္မွတ္ခ်က္ျပည့္လို႔ရွိရင္ သူ႔ဟာသူ ရသြားမယ့္ သေဘာေတာ့ရွိတာေပါ့။ သူ႔ကန႔္သတ္ခ်က္ေတာ့ ရွိတယ္။ ကန႔္သတ္ခ်က္အတြင္းေတာ့ လႊဲေျပာင္းလို႔မရဘူး ေလ”လို႔ ေျပာခဲ့သလို သတ္မွတ္ခ်က္ႏွင့္ ျပည့္မီသည့္ ႏိုင္ငံ့ဝန္ထမ္းမည္သူ႔ကိုမဆို ခ်ထားေပးမယ္လို႔ ေျပာခဲ့ပါတယ္။

အစိုးရကေန အခြန္ကင္းလြတ္ခြင့္ျပဳမည့္ ၫႊန္ၾကားေရးမႉးခ်ဳပ္ႏွင့္ အထက္အရာရွိမ်ား၊ လုပ္သက္၂၅ႏွစ္ အထက္ ႏိုင္ငံ့ဝန္ထမ္းေကာင္းတံဆိပ္ဆုရရွိသူ၏ပါမစ္အေရအတြက္မွာ ၅၀၀ မွ ၁၀၀၀ ၾကားရွိၿပီး ပါမစ္ရၿပီး ကား အမည္ ေျပာင္း သုံးႏွစ္ခြင့္မျပဳဘူးဆိုေပမယ့္ လက္ရွိျပင္ပေစ်းကြက္မွာ အခြန္ကင္းလြတ္ခြင့္ရသည့္ ကားပါမစ္တစ္ ေစာင္လွ်င္ ကားေဈးကြက္အတြင္းက်ပ္သိန္း ၅၀၀မွ၊ ၇၀၀ၾကားေဈးေပါက္ေနတဲ့ အတြက္ ႏိုင္ငံဝန္ထမ္းေတြကို ႏွစ္စဥ္ပုံမွန္ခ်ထားေပးမယ့္ ကားပါမစ္ကို အစိုးအေနနဲ႔ ဘယ္လိုထိန္းေၾကာင္းမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇန္နဝါရီ - ၁၁