【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကိုဗစ်ဒုတိယလှိုင်း မြန်မာကျော်နိုင်ပါ့မလား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကိုဗစ်ဒုတိယလှိုင်း မြန်မာကျော်နိုင်ပါ့မလား

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ သတိထားမိတဲ့ သတင်းတွေရှိခဲ့ပါတယ်။လွှတ်တော်အစည်းအဝေးတွေမှာ ရန်ကုန်-ကျိုက်ထို စီမံကိန်း အကောင်အထည်ဖော်ဖို့ ဆွေးနွေးဆုံးဖြတ်ကြတဲ့အခါ တပ်ဘက်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့က မတ်တပ်ရပ်ကန့်ကွက်ခဲ့တဲ့သတင်း၊ နှစ်ပတ်တစ်ကြိမ် တပ်မတော်သတင်းမှန်အဖွဲ့ရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲကထွက်လာတဲ့ စိတ်ဝင်စားဖွယ်ရာသတင်းတွေ၊ ကိုဗစ်ကြောင့် ပိတ်ထားတဲ့ရုပ်ရှင်ရုံတွေ ဖွင့်ဖို့ဆွေးနွေးနေစဉ်မှာ ပုဂံက ဘုရားတွေကို အတွင်းထိဝင်ရောက်ဖူးခွင့်ကို ပြန်ပိတ်ခဲ့ရတဲ့သတင်းတွေက ယခုရက်သတ္တပတ်ရဲ့ စိတ်ဝင်စားစရာ ထိပ်တန်းသတင်းတွေဖြစ်ခဲ့ပါတယ်။

ကိုဗစ်ဒုတိယလှိုင်း လာနေပြီလား

ဇူလိုင်လ ၂၈ ရက်က ရက်အနည်းငယ် ဆွေးနွေးမှုရပ်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သက်ဆိုင်ရာဌာနအသီးသီးနဲ့ လုပ်ငန်းနယ်ပယ်ကလူတွေ ဆွေးနွေးမှုကို ပြန်စတင်ခဲ့ပါတယ်။  မြန်မာနိုင်ငံရုပ်ရှင်လုပ်ငန်းတွေ ပြန်လည်လည်ပတ်ဖို့ဆွေးနွေးတဲ့ အဲ့ဒီဗီဒီယိုကွန်ဖရန့်စင်းဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံက လာမယ့်တစ်လအတွင်း ကျောင်းများပြန်လည်ဖွင့်တာ အဆင်ပြေရင် ရုပ်ရှင်ရုံတွေပြန်ဖွင့်မယ်ဆိုပြီး ပြောခဲ့ပါတယ်။

ကမ္ဘာကျန်းမာရေးကပ်ရောဂါဖြစ်တဲ့ ကိုဗစ် ၁၉ ကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်းတွေ ရပ်နား ထားရသလို အထူးသဖြင့် ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားတွေမှာ ထိခိုက်မှုက ပိုပြီးထိခိုက်မှု ပြင်းထန်ခဲ့ပါတယ်။ ဒီထဲမှာ ရုပ်ရှင်လုပ်ငန်းလဲ ပါပါတယ်။ ကျန်းမာရေးဆိုင်ရာ ကပ်ရောဂါကြောင့် ရုပ်ရှင်ရိုက် ကူးရေးနဲ့ ပြသရေးအပိုင်းတွေကို ခွင့်ပြုလို့မဖြစ်နိုင်တဲ့ အတွက် မတ် ၁၃ ရက်ကတည်းက လအတန်ကြာ ရပ်နား ထားရာကနေ ယခုရက် ပိုင်းမှာ ကန်သတ်ချက်အချို့နဲ့ ရိုက်ကူးရေးပြန်စလုပ်ခွင့်ပေးခဲ့ပါတယ်။ ဒီကန့်သတ်ချက်ထဲ မှာ အချို့အချက်တွေက တစ်ကယ်လက်တွေ့မှာ အခက်အခဲရှိတဲ့ အတွက် အဆိုပါနိုင်ငံတော်အတိုင်ပင်ခံနဲ့ ဆွေး နွေးပွဲမှာ ပြန်ဆွေးနွေးခဲ့တာကိုလည်း တွေ့ရပါတယ်။

အဆိုပါဆွေးနွေးမှုမှာ ကျန်းမာရေးဝန်ကြီးဘက်က မြန်မာနိုင်ငံထဲမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရ ကြောင်း တွေ့ရှိတဲ့ သူထက်ဝက်ကျော်က ကူးစက်ခံထားရမှန်း လက္ခဏာမပေါ်တဲ့ သူတွေ ဖြစ်လို့  ဒီကူးစက် ရောဂါကို မပေါ့ဆဖို့၊ ပြည်တွင်းမှာ ရောဂါလက္ခဏာမပေါ်တဲ့ သူ အမြောက်အများရှိနိုင်တာကို သတိထားဖို့ ၊မြန်မာ နဲ့အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ် ဒုတိယလှိုင်းပြန်စနေတဲ့ အတွက် စိုးရိမ်ရလို့ သတိမပေါ့ဖို့ ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။ လတ်တလောမှာ ပြည်တွင်းကူးစက်မှု အချို့ရှိပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်စပ်နေတဲ့ နယ်စပ် ဘက်က ဝင်လာသူတွေ၊ တရုတ်နယ်စပ်ဘက်က ဝင်လာသူတွေနဲ့ ထိတွေ့သူတွေမှာသာဖြစ်ခဲ့တာ ရှိတဲ့ အတွက် မြို့ကြီးတွေမှာ နေထိုင်တဲ့ အများပြည်သူအနေနဲ့ ကျန်းမာရေးဆိုင်ရာသတိပေးချက်လိုက်နာမှုက လျော့ရဲလာခဲ့ပါတယ်။

လက်ဆေးတာကို မတွေ့ရသလောက်ဖြစ်လာသလို ကျပ်ညှပ်နေတဲ့ ကားတွေပေါ်မှာ နှာခေါင်းစည်း မပါဘဲ စီးနင်းသူတွေကိုလည်း တွေ့လာရတဲ့ အတွက် အလုံပိတ်အခန်းထဲမှာ လူတွေရာဂဏန်းနဲ့ချီပြီး နာရီ အနည်းငယ်ကြာ စုနေကြမယ့် ရုပ်ရှင်ရုံတွေလို ကိစ္စတွေက ကမ္ဘာ့နိုင်ငံတွေမှာတောင် ပြန်ဖွင့်ပေးတာ အတော် လေးကို ရှားနေသေးတဲ့ အတွက် မြန်မာနိုင်ငံမှာ ပြန်ဖွင့်ဖို့တောင်းဆိုနေတာက အတော်လေးစိတ်ဝင်စားစရာပါ။  အများပြည်သူရဲ့ ကျန်းမာရေးအတွက် ရုပ်ရှင်ရုံတွေဘက်က ဘယ်လိုစီစဉ်ပေးပြီး ဖွင့်မလဲဆိုတာကလည်း စိတ်ဝင် စားစရာပါ။

နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဇူလိုင် ၂၈ ရက်က ဆွေးနွေးကြတဲ့ အဆိုပါဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရုပ်ရှင်ရုံတွေ အများစုကို လုပ်ကိုင်နေတဲ့ မင်္ဂလာရုပ်ရှင်ရုံများအုပ်စု ဥက္ကဋ္ဌကတော့ ရုံမှလက်ရှိဝင်ဆံနေတဲ့ အရေအတွက်ရဲ့ ထက်ဝက်ခန့်နဲ့ ပြန်ဖွင့်ခွင့်ပေးဖို့တောင်းဆိုသလို ကျန်းမာရေးဘက်က ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေနဲ့ အညီ ပြုပြင်ထားမယ်လို့ ပြောခဲ့တာ တွေ့ရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံက ကိုဗစ် ၁၉ ကြောင့် ရပ်နားထားရတာ တွေကို တစ်ခုချင်းစီအလိုက် သတိကြီးကြီးထားပြီး လွှတ်ပေးနေတဲ့ အတွက်  အများပြည်သူ စုရုံးတဲ့ ဒီလိုလုပ်ငန်း တွေကို ပြန်လည်လည်ပတ်ခွင့်ပြုတာက အတော်လေးကို စွန့်စားရမယ် အခြေအနေရှိနေပါတယ်။

ယခုဇူလိုင် ၃၀ ရက်ကစပြီး ရန်ကုန်တိုင်းအတွင်းရှိ ဘုရားစေတီတွေကို ပြန်လည်ဖွင့်လှစ်မယ်ဆိုပြီး ဇူလိုင် ၂၈ ရက်မှာဘဲ ရန်ကုန်တိုင်းအစိုးရက ထုတ်ပြန်ခဲ့ပေမယ့် မန္တလေးဘက်ကတော့ ဖွင့်ခွင်မဖွင့်ခွင့်ကို ဆွေးနွေး နေဆဲ ပါဘဲ။ ဇူလိုင် ၂၈ ရက်မှာ ဘုရားစေတီတွေ ပြန်ဖွင့်ဖို့စီစဉ်ခဲ့ပေမယ့် ဇူလိုင် ၂၉ ရက်မှာတော့ ဇူလိုင်လ ဆန်းကတည်း က နားလည်မှုနဲ့ ပြန်လည်ခွင့်ပြုထားတဲ့ ပုဂံဘုရားတွေထဲက နာမည်ကြီးဘုရား စေတီ ၁၇ ဆူဖူးခွင့်ကိုပြန်ပိတ်ခဲ့ ပါတယ်။ ထွက်လာတဲ့ သတင်းတွေအရ သတင်းစာတစ်စောင်မှာ ဘုရားလာဖူးသူတွေကို  လူအစုအဝေးနဲ့ တွေ့ ရတဲ့ ကူးစက်ကပ်ရောဂါအတွက် စိုးရိမ်ပြီး ရက်အကန့်အသတ်မရှိ တားမြစ်တာလို့ ဆိုပါတယ်။

ဒီလိုဆိုရင်  ရန်ကုန်က ရွှေတိဂုံလို အထင်ကရ ဘုရားစေတီတွေ ပြန်ဖွင့်တဲ့ အခါ လူစုလူ ဝေးစုစည်းမှုက မလွဲမသွေဖြစ်လာနိုင်တဲ့ အတွက် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာခဲ့ ပါတယ်။ ဇူလိုင် ၂၉ ရက်မှာ ယခင်ထုတ်ပြန်ထားခဲ့တဲ့ ကျန်းမာရေးကပ်ဘေးကြောင့် လူ ၅ ဦးထက်ပိုပြီး မစုရုံးရ နေရာမှာ ၁၅ ဦး ထက်ပိုပြီး မစုရုံးရဆိုတာနဲ့ လျော့ချခွင့်ပေးခဲ့ပေမယ့် ဇူလိုင် ၃၁ ရက်မှာ ကုန်ဆုံးမယ့် ည ၁၂ နာရီ ကနေ မနက် ၄ နာရီအထိ ပြင်ပထွက်ခွင့်မရှိတဲ့ ကျန်းမာရေးတားမြစ်ချက်ကို ဩဂုတ် ၁၅ ရက်အထိ အာဏာ ပိုင် တွေက ထပ်တိုးခဲ့သလို ကပ်ရောဂါကာကွယ်ရေးမှာ အဓိကကျတဲ့ ပြည်ပလေကြောင်းပြေးဆွဲခွင့်ရပ်နားထား တာကို ဩဂုတ်လကုန်အထိ ထပ်မံသက်တမ်းတိုးလိုက်တဲ့ အတွက် အာဏာပိုင်တွေအနေနဲ့ သတိကြီး ကြီး ထား နေတာကို တွေ့ရပါတယ်။

ဒါပေမယ့် ဒီလို ပြည်တွင်းခရီးသွားလာမှုတွေ ၊ပြည်ပခရီးသွားလာမှုတွေ ဖျော်ဖြေရေးနဲ့ ဝန်ဆောင်မှု အလုပ်တွေ စတဲ့ ငွေကြေးစီးဆင်းမှုကို သွက်လက်စေတဲ့ လုပ်ငန်းတွေ ကို ရပ်နားထားစေခဲ့တဲ့အတွက် ယိုင်နဲ့နဲ့ ပြည်တွင်းစီးပွားရေးက ထိုးရပ်လုနီးနီးဖြစ်နေတာကို အာဏာပိုင်တွေ သတိထားမိပုံရပါတယ်။ ဒီအတွက် နိုင်ငံတ ကာမှာလို့ ကိုယ်အသိစိတ်နဲ့ကိုယ်ကာကွယ်စေတဲ့ ကျန်းမာရေးစောင်ရှောက်မှုကို ဖြစ်ထွန်းစေပြီး ကပ်ရောဂါဖြစ် နေတဲ့ ကြားထဲကနေ လုပ်ငန်းတွေ ကျောင်းတွေကို ပုံစံတစ်မျိုးနဲ့ ပြန်ဖွင့်ကြတာကို အတုယူပြီး စီးပွားရေး မပြိုလဲ ဖို့ ယခုလပိုင်းအတွင်း လုပ်ငန်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးတော့မလားဆိုတာ တွေးချင်စရာပါ။

ဘုရားစေတီတွေလို့ ဘာသာရေးနေရာတွေလို လူရာနဲ့ချီပြီး လာရောက်ကြတဲ့ နေရာတွေကို ဖွင့်ခွင့်ပြု ချိန် မှာ ပြည်တွင်းကူးစက်မှု ဖြစ်လာခဲ့ရင် ဘယ်လိုထိန်းချုပ်ကြမလဲဆိုတာ လက်ရှိတစ်ကျော့ပြန် ပြန်ဖြစ်နေတဲ့ ဗီ ယက်နမ်၊ဂျပန်၊တောင်ကိုရီးယား၊တရုတ်၊ ဟောင်ကောင်စတဲ့ နိုင်ငံတွေကို ကြည့်ရင် စိတ်လေးစရာ စိတ်မသက် မသာစရာပါ။ဘာပဲဖြစ်ဖြစ် ရွေးချယ်စရာမရှိတဲ့ ကပ်ဘေးမှာ အသက်ကိုရင်းပြီး လျှောက်ကြရမယ့် စားဝတ်နေ ရေးအတွက်  ဘုရားစေတီတွေ ပြန်ဖွင့်ချိန်၊ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ချိန်၊ ကမ်းခြေတွေ ပြန်ဖွင်ချိန်မှာ ပြည်တွင်းကူး စက်မှုကို မတွေ့ရဖို့ သာ ဆုတောင်းနေဖို့ဘဲ ရှိပါတော့တယ်။ ကိုဗစ်နဲ့ပတ်သက်ရင် ထိန်းချုပ်ပုံမှန်ကန်ခဲ့သလို ကံလည်းလိုက်ခဲ့တဲ့အတွက် အဲဒီကံလေး ဆက်လိုက်မလား၊ မလိုက်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ အစာအိမ် ကို စမ်းပြီး စောင့်ကြည့်ရတော့မှာ့ဖြစ်ပါတယ်။

တပ်ကိုယ်စားလှယ်တွေ ထကန့်ကွက်ခဲ့တဲ့ ပဲခူး-ကျိုက်ထို ကားလမ်းစီမံကိန်း

ယခုရက်သတ္တပတ်အတွင်းပြုလုပ်ခဲ့တဲ့ သတင်းတွေအထဲမှာ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ သတင်းကတော့ ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၈၀ ကျော်နဲ့ ဖောက်လုပ်မယ့် ပဲခူး-ကျိုက်ထို ကား လမ်းစီမံကိန်းပါဘဲ။ ဒီစီမံကိန်းအတွက် ယခုရက်သတ္တပတ် ဇူလိုင် ၂၉ ရက်က ကျင်းပတဲ့ လွှတ်တော်ဆွေးနွေးပွဲမှာ ဆွေးနွေးကျတဲ့ အခါလွှတ်တော်အတွင်း ထုံးစံအတိုင်း ထောက်ခံသူတွေ၊ကန့်ကွက်သူတွေနဲ့ အခြေအတင်ဖြစ်ခဲ့ပါတယ်။

ဒီလို ဆွေးနွေးရာမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် လွှတ်တော်ကိုယ်စား လှယ်အချို့က ဒီစီမံကိန်းကို ကန့်ကွက်ခဲ့ပြီး နောက်ဆုံးမှာ အဆိုကို မတ်တပ်ရပ်ပြီးမဲခွဲရာမှာ ကန့်ကွက်သူ တွေ ဘက်က ရှုံးနိမ့်လို့  ဒီစီမံကိန်းအကောင်အထည်ဖော်ဖို့ အတည်ဖြစ်ခဲ့ပါတယ်။ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး သက်ဆိုင် ရာဝန်ကြီးဌာနက လာရောက်ရှင်းလင်းရာမှာ ဒီလမ်းမကြီးကနေ ရန်ကုန်မြို့ရှေ့ခြမ်းဖြစ်တဲ့ သန်လျင်- သီလဝါ-ပဲခူး-သနပ္ပင်- ကျိုက်ထိုစတဲ့ ရန်ကုန်မြို့အရှေ့ဘက်စီးပွားရေးစင်္ကြံလမ်းမသစ်ကြီးဖြစ်လာမယ်ဆိုပြီး ထိုင်းနှင်ညှိ နိုင်းကာ  ရန်ကုန်ကနေ ဘန်ကောက်အထိ ၉ နာရီအရောက်လမ်းဖောက်နေတာလို့ ဆိုပါတယ်။ ဒီလမ်းမကြီးက လေးလမ်းသွားနိုင်လွန်ကတ္တရာလမ်းဖြစ်ပြီး အရှည် ၆၂ ကီလိုမီတာသာရှိလို့ လမ်းတစ်လျှောက်  ဒေသကမြို့တွေ ကို ရှောင်ပြီး မောင်းနှင်မှာဖြစ်လို့ ပဲခူးကနေ ကျိုက်ထိုကို ၅၅မိနစ်သာကြာမြင့်မယ်ခရီးစဉ်လို့  ပြောခဲ့ပါတယ်။

ဒါအပြင် အရှည်နှစ်ကီလိုမီတာရှိတဲ့ တံတားသစ်တစ်စင်းပါ ပါဝင်တဲ့ အတွက် ဒေသအတွက် အကျိုးရှိ မယ်လမ်းလို့ ဒုဝန်ကြီးက ပြောခဲ့ပါတယ်။ သမ္မတက ပေးပို့ထားတဲ့ ဒီလို ဒေသဖွံဖြိုးရေးအတွက် အကျိုးရှိမယ် ဆိုတဲ့ လမ်းတစ်စင်းဖောက်လုပ်ဖို့ အာရှဖွံဖြိုးဘဏ်(ADB)ကနေ ချေးငွေရယူရေးအတွက်  ပြည်ထောင်စု လွှတ် တော်မှာ မဲခွဲဆုံးဖြတ်ရတဲ့ အခါအစည်းအဝေးတက်ရောက်သူ ၅၅၂ ဦးအနက် တပ်မတော်သားလွှတ်တော် ကိုယ် စားလှယ် များအပါအဝင် ကိုယ်စားလှယ်အချို့ဖြစ်တဲ့ ၂၁၆ ဦးက ကန့်ကွက်ခဲ့ပေမယ့် ထောက်ခံသူက ၃၃၆ ဦး ရှိတဲ့အတွက် လမ်းဖောက်လုပ်ရေးစီမံကိန်းက အတည်ဖြစ်ခဲ့ပြီး ဒေသခံတွေအတွက် သတင်းကောင်း တစ်ခုဖြစ်ခဲ့ ပါတယ်။

အဆိုပါ ဇူလိုင် ၂၉ ရက်မှာဘဲ ‘Myanmar-Japan Investment Dialogue’ကို ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပ ခဲ့ရာမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့အနောက် ခြမ်းနှင့်မော်လမြိုင်တွင် စီးပွား ရေးဇုန်စီမံကိန်းကြီးနှစ်ခုကိုမကြာ ခင်စတင်တော့မယ်ဆိုတာကို ပြောခဲ့ပါတယ်။ ဒါကဂျပန်စီးပွားရေး လုပ် ငန်းရှင်တွေနဲ့တွေ့ဆုံရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ပြောခဲ့တာပါ။ ဒီတွေ့ဆုံမှု မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့အနောက်ဘက် ခြမ်းတွင် စက်မှုဥယျာဉ်မြို့တော် တစ်ခု၊ မွန် ပြည်နယ်အနောက်ကမ်းရိုးတစ်လျှောက် အထူးစီးပွားရေးဇုန် စတဲ့ ကိုဗစ်အလွန်ကာလမှာ လုပ်မယ်အစီအစဉ်တွေအတွက်  ဂျပန်က လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ဒီပွဲကို ဂျပန် ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO)က ဦးဆောင်ကျင်းပပြီး မြန်မာနိုင်ငံဘက်က ကုန်သည်စက်မှု အသင်း ချုပ် ဥက္ကဋ္ဌနှင့် စီးပွားရေးလုပ်ငန်းရှင် ၈၀၀ ကျော်တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲအခြေအနေအရ ပဲခူး-ကျိုက်ထို လမ်းသစ်စီမံကိန်း နဲ့ပါဆိုရင် ဒါဟာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုအတွက် အတော်လေးအားရဖွယ် အခြေအနေပါဘဲ။ ဒီအတွက် လိုအပ်နေတာ နိုင်ငံရေးတည်ငြိမ်မှုဖြစ်ပြီး ယခင်အရပ်သားအစိုးရတက်ကာစ ဒီလိုအခွင့်အရေး ကောင်း တွေ ဖြစ်လာနေချိန်မှာ ရခိုင်အရေးဖြစ်လာခဲ့တာကို ပြန်ဆင်ခြင်ဖွယ်ရာပါ။

ကိုဗစ်အလွန်ကာလမှာ မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေက ဒီလိုအခင်းအကျင်းတွေကြောင့် စောင့် ကြည့်ချင်စရာ ကောင်းပါတယ်။ ဒီအတွက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲနဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲ

ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ လှုပ်ရှားမှုတေ့ ခပ်စပ်စိပ်ဖြစ်လာပါတယ်။ အာဏာရပါတီအပြင် တခြား သော အတိုက်အခံပါတီတွေအပေါ် တိုက်ခိုက်မှုတွေ၊ ဝေဖန်မှုတွေ အပုတ်ချမှုတွေက ပိုပြီးပြင်းထန် လာခဲ့ပါ တယ်။ ဒီရက်ထဲမှာဘဲ အတိုက်အခံပါတီဘက်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက  မြစ်ဆုံ  ရေအားလျှပ်စစ်စီမံ ကိန်းပြန်စလုပ်ဖို့ အဆိုတင်ခဲ့တာရှိသလို အဆိုပါပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ပအိုဝ်အမျိုးသားအဖွဲ့ချုပ်ကလည်း ပအိုဝ်တိုင်းရင်းသားတွေ ဆန္ဒအရ  ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်ဖွဲ့ထားတာကို လက်တွဲဖြုတ်ကြောင်း ဒီရက်ထဲမှာဘဲ ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

ရွေးကောက်ပွဲအကြိုကာလက လက်ရှိမှာ ကမ္ဘာ့ကပ်ရောဂါကပ်ဘေးကြောင့် ပါတီမဲဆွယ်မှုတွေ လုပ်ခွင့် မရသးတဲ့ အတွက် လူမှုကွန်ရက်မှာ ပါတီအားပေးသူတွေ၊ တခြားပါတီအားပေးသူတွေ စသဖြင့် ဝေဖန်တိုက်ခိုက် မှုတွေက ပြင်းထန်နေပါတယ်။ ဒီထဲမှာ ဟုတ်တာရော မဟုတ်တာရောပါနေပြီး တချို့သော ရေးသားမှုတွေက မဖော်ပြသင့်တာတွေလည်းရှိနေတဲ့ အမုန်းစကားတားဆီးရေးအတွက် မြန်မာနိုင်ငံဖေ့စ်ဘွတ်အဖွဲ့အနေနဲ့ သူ လုပ်ဆောင်ချက်မှာ ပြန်လည်သုံးသပ်သင့်တဲ့အနေအထားပါ။

ဒီရက်သတ္တပတ်ထဲဖြစ်တဲ့ ဇူလိုင် ၂၄ ရက်က ပြုလုပ်တဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးတာကိုဖြေခဲ့တာကလည်း စိတ် ဝင်စားစရာပါ။ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တပ်မတော်ဘက်က အရာရှိကြီးတွေ ရွေးကောက်ပွဲနီးချိန်မှာ တပ် ဘက် အနားယူပြီး ပါတီဘက်ကနေ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ အတွက် ယခုသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေ က ၂၀၂၀ရွေးကောက်ပွဲမှာလည်း ဒီလိုရှိနိုင်သလားဆိုပြီး မေးခဲ့တာပါ။ ဒီလိုမေးတဲ့ အတွက် ယင်းအဖွဲ့ရဲ့ အတွင်း ရေးမှူး ဖြစ်တဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယခုချိန်ထိ လာမည့်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ တပ် ဘက် ကနေ နူတ်ထွက်တာမရှိသေးဘူးလို့ ပြောခဲ့လို ယခင်လိုမဖြစ်နိုင်ပါဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီစကားက လာမယ့် ဩဂုတ်လ ၇ ရက်အထိ  ရွေး ကောက်ပွဲဝင်မယ်လူစာရင်းကို နောက်ဆုံးလက်ခံတဲ့အတွက် ဒီကြားထဲမှာ ပြောင်းလဲသွားနိုင်တဲ့ သဘောရှိပါသေး တယ်။

ဖြေတာက မယုတ်မလွန်သဘောမျိုး အများကြီးပြောင်းလဲလာနိုင်သေးတဲ့ အတွက် အများ စုခန့်မှန်း နေ တဲ့ တပ်ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေ အနားယူပြီး ရွေးကောက်ပွဲမှာ ပါလာနိုင်တဲ့ အခြေအနေ က ရှိနေ ဆဲပါ။ ဒီဘက်နှစ် အရပ်သားအစိုးရလက်ထက်မှာ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပြီး တပ်ထဲက မဲရုံတွေ ကို အပြင်ရွေ့တဲ့အတွက် တပ်နဲ့ နီးစပ်တဲ့ အတိုက်အခံပါတီတွေရဲ့ အခြေအနေ အပြောင်းအလဲရှိနိုင်သလို မဲပေး ခွင့်ရှိသူရဲ့ ၅၂ ရာခိုင်နူန်းမရှိရင် ရွေးကောက်ပွဲမထမြှောက်တဲ့ အတွက် No Vote လှုပ်ရှားမှုကို ရွေးကောက်ပွဲမှာ ဘယ်လိုမှ အနိုင်မရနိုင်တဲ့ သူတွေ ၊ ရွေးကောက်ပွဲဝင်ခွင့်မရနိုင်တဲ့ အဖွဲ့အစည်းအချို့က သူတွေက ဆော်ဩ လှုပ်ရှားနေ တာလည်း ရှိတဲ့အတွက် လာမယ့်လတွေမှာ No Vote လှုပ်ရှားမှုက အားကောင်းလာနိုင်စရာရှိလား ဆိုတာ စောင့်ကြည့်ချင်စရာပါ။    

အဆိုပါ သတင်းများအပြင် ယခုရက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက သတင်းအချို့ဖြစ်တဲ့ မြန်မာ သင်္ဘောသားတစ်ဦးကို မှောင်ခိုရောင်းဝယ်မှုဖြင့် တရုတ်တရားရုံးက ထောင်ခြောက်နှစ်နဲ့ ယွမ်ခုနှစ်သိန်းကျော် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ သတင်း၊ ယခုရက်ပိုင်း ဧရာ၀တီမြစ်တစ်လျှောက် အောက်ပိုင်းကျတဲ့ ဧရာ၀တီဘက်မှာ ကမ်း တွေပြိုလို့ ရွာအချို့ရွှေ့ခဲ့ရတဲ့ သတင်းတွေ၊မြ၀တီမှာ တရုတ်နိုင်ငံသားအချင်းချင်းစကားများရာကနေ ဓားထိုးမှု ဖြစ်ခဲ့တဲ့သတင်းတွေ၊ ဝန်ထမ်းနောင်ရေးရန်ပုံငွေ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုဖွယ်ရှိတဲ့ သတင်း တွေ၊ရသေ့တောင် ဦးဂါဦးကျေးရွာမှအဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးအတွက် တရားမျှတမှု ဆောင်ရွက်ပေးဖို့ အရပ်ဘက်အဖွဲ့စည်း ၁၈ ခုက တောင်းဆိုခဲ့တဲ့ သတင်းတွေ၊ ဆွစ်ဇာလန်ကုမ္ပဏီ lafargeHolcimက မြန်မာ တပ်မတော်နဲ့ ပတ်သက်နေတဲ့ လုပ်ငန်းရှင်နှစ်ဦးနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို စာရှင်းလင်းဖျက် သိမ်းမှု ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့တဲ့ သတင်း၊ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ဖို့အတွက် အမေရိ ကန် စီးပွားရေးလုပ်ငန်းရှင်တွေ UMFCCIနဲ့ လာရောက်တွေ့ဆုံခဲ့တဲ့ သတင်းတွေ၊ ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံရ သည့် တနင်္သာရီဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်အမှုအတွက် ပြည်ထောင်စုလွှတ်တော်သို့ အယူခံတက်တဲ့ သ တင်းတွေ၊ ပန်းတောင်းမြို့နယ်မှာ မဲဆန္ဒနယ်အမည်စာရင်း လိုက်ကြေညာတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို တပ်မ တော်အကြီးစားစက်ရုံ(၃)မှ ဂိတ်စောင့်က လက်သီးဖြင့်ထိုးလို့ အမှုဖွင့်ထားရတဲ့ သတင်းတွေ၊နယ်စပ်ရေး ရာ ဝန်ကြီးဌာန ဒု-ဝန်ကြီးနေရာမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်ထမ်းဆောင်ခဲ့သူကို လွှဲပြောင်း ခန့်အပ်ခဲ့ တဲ့ သတင်းတွေ စတဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေလည်း ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက် သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇူလိုင် - ၃၁

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ သတိထားမိတဲ့ သတင္းေတြရွိခဲ့ပါတယ္။လႊတ္ေတာ္အစည္းအေဝးေတြမွာ ရန္ကုန္-က်ိဳက္ထို စီမံကိန္း အေကာင္အထည္ေဖာ္ဖို႔ ေဆြးေႏြးဆုံးျဖတ္ၾကတဲ့အခါ တပ္ဘက္က လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕က မတ္တပ္ရပ္ကန႔္ကြက္ခဲ့တဲ့သတင္း၊ ႏွစ္ပတ္တစ္ႀကိမ္ တပ္မေတာ္သတင္းမွန္အဖြဲ႕ရဲ႕ ပုံမွန္သတင္းစာရွင္းလင္းပြဲကထြက္လာတဲ့ စိတ္ဝင္စားဖြယ္ရာသတင္းေတြ၊ ကိုဗစ္ေၾကာင့္ ပိတ္ထားတဲ့႐ုပ္ရွင္႐ုံေတြ ဖြင့္ဖို႔ေဆြးေႏြးေနစဥ္မွာ ပုဂံက ဘုရားေတြကို အတြင္းထိဝင္ေရာက္ဖူးခြင့္ကို ျပန္ပိတ္ခဲ့ရတဲ့သတင္းေတြက ယခုရက္သတၱပတ္ရဲ႕ စိတ္ဝင္စားစရာ ထိပ္တန္းသတင္းေတြျဖစ္ခဲ့ပါတယ္။

ကိုဗစ္ဒုတိယလႈိင္း လာေနၿပီလား

ဇူလိုင္လ ၂၈ ရက္က ရက္အနည္းငယ္ ေဆြးေႏြးမႈရပ္ထားတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ သက္ဆိုင္ရာဌာနအသီးသီးနဲ႔ လုပ္ငန္းနယ္ပယ္ကလူေတြ ေဆြးေႏြးမႈကို ျပန္စတင္ခဲ့ပါတယ္။  ျမန္မာႏိုင္ငံ႐ုပ္ရွင္လုပ္ငန္းေတြ ျပန္လည္လည္ပတ္ဖို႔ေဆြးေႏြးတဲ့ အဲ့ဒီဗီဒီယိုကြန္ဖရန႔္စင္းေဆြးေႏြးပြဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံက လာမယ့္တစ္လအတြင္း ေက်ာင္းမ်ားျပန္လည္ဖြင့္တာ အဆင္ေျပရင္ ႐ုပ္ရွင္႐ုံေတြျပန္ဖြင့္မယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

ကမာၻက်န္းမာေရးကပ္ေရာဂါျဖစ္တဲ့ ကိုဗစ္ ၁၉ ေၾကာင့္ ကမာၻတစ္ဝန္း စီးပြားေရးလုပ္ငန္းေတြ ရပ္နား ထားရသလို အထူးသျဖင့္ ခရီးသြားလုပ္ငန္းနဲ႔ ဝန္ေဆာင္မႈလုပ္ငန္းအမ်ိဳးအစားေတြမွာ ထိခိုက္မႈက ပိုၿပီးထိခိုက္မႈ ျပင္းထန္ခဲ့ပါတယ္။ ဒီထဲမွာ ႐ုပ္ရွင္လုပ္ငန္းလဲ ပါပါတယ္။ က်န္းမာေရးဆိုင္ရာ ကပ္ေရာဂါေၾကာင့္ ႐ုပ္ရွင္႐ိုက္ ကူးေရးနဲ႔ ျပသေရးအပိုင္းေတြကို ခြင့္ျပဳလို႔မျဖစ္ႏိုင္တဲ့ အတြက္ မတ္ ၁၃ ရက္ကတည္းက လအတန္ၾကာ ရပ္နား ထားရာကေန ယခုရက္ ပိုင္းမွာ ကန္သတ္ခ်က္အခ်ိဳ႕နဲ႔ ႐ိုက္ကူးေရးျပန္စလုပ္ခြင့္ေပးခဲ့ပါတယ္။ ဒီကန႔္သတ္ခ်က္ထဲ မွာ အခ်ိဳ႕အခ်က္ေတြက တစ္ကယ္လက္ေတြ႕မွာ အခက္အခဲရွိတဲ့ အတြက္ အဆိုပါႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ ေဆြး ေႏြးပြဲမွာ ျပန္ေဆြးေႏြးခဲ့တာကိုလည္း ေတြ႕ရပါတယ္။

အဆိုပါေဆြးေႏြးမႈမွာ က်န္းမာေရးဝန္ႀကီးဘက္က ျမန္မာႏိုင္ငံထဲမွာ ကိုဗစ္ ၁၉ ေရာဂါကူးစက္ခံရ ေၾကာင္း ေတြ႕ရွိတဲ့ သူထက္ဝက္ေက်ာ္က ကူးစက္ခံထားရမွန္း လကၡဏာမေပၚတဲ့ သူေတြ ျဖစ္လို႔  ဒီကူးစက္ ေရာဂါကို မေပါ့ဆဖို႔၊ ျပည္တြင္းမွာ ေရာဂါလကၡဏာမေပၚတဲ့ သူ အေျမာက္အမ်ားရွိႏိုင္တာကို သတိထားဖို႔ ၊ျမန္မာ နဲ႔အိမ္နီးခ်င္းႏိုင္ငံေတြမွာ ကိုဗစ္ ဒုတိယလႈိင္းျပန္စေနတဲ့ အတြက္ စိုးရိမ္ရလို႔ သတိမေပါ့ဖို႔ ေျပာခဲ့တာကိုလည္း ေတြ႕ရပါတယ္။ လတ္တေလာမွာ ျပည္တြင္းကူးစက္မႈ အခ်ိဳ႕ရွိေပမယ့္ ဘဂၤလားေဒ့ရွ္နဲ႔ ဆက္စပ္ေနတဲ့ နယ္စပ္ ဘက္က ဝင္လာသူေတြ၊ တ႐ုတ္နယ္စပ္ဘက္က ဝင္လာသူေတြနဲ႔ ထိေတြ႕သူေတြမွာသာျဖစ္ခဲ့တာ ရွိတဲ့ အတြက္ ၿမိဳ႕ႀကီးေတြမွာ ေနထိုင္တဲ့ အမ်ားျပည္သူအေနနဲ႔ က်န္းမာေရးဆိုင္ရာသတိေပးခ်က္လိုက္နာမႈက ေလ်ာ့ရဲလာခဲ့ပါတယ္။

လက္ေဆးတာကို မေတြ႕ရသေလာက္ျဖစ္လာသလို က်ပ္ညႇပ္ေနတဲ့ ကားေတြေပၚမွာ ႏွာေခါင္းစည္း မပါဘဲ စီးနင္းသူေတြကိုလည္း ေတြ႕လာရတဲ့ အတြက္ အလုံပိတ္အခန္းထဲမွာ လူေတြရာဂဏန္းနဲ႔ခ်ီၿပီး နာရီ အနည္းငယ္ၾကာ စုေနၾကမယ့္ ႐ုပ္ရွင္႐ုံေတြလို ကိစၥေတြက ကမာၻ႔ႏိုင္ငံေတြမွာေတာင္ ျပန္ဖြင့္ေပးတာ အေတာ္ ေလးကို ရွားေနေသးတဲ့ အတြက္ ျမန္မာႏိုင္ငံမွာ ျပန္ဖြင့္ဖို႔ေတာင္းဆိုေနတာက အေတာ္ေလးစိတ္ဝင္စားစရာပါ။  အမ်ားျပည္သူရဲ႕ က်န္းမာေရးအတြက္ ႐ုပ္ရွင္႐ုံေတြဘက္က ဘယ္လိုစီစဥ္ေပးၿပီး ဖြင့္မလဲဆိုတာကလည္း စိတ္ဝင္ စားစရာပါ။

ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ ဇူလိုင္ ၂၈ ရက္က ေဆြးေႏြးၾကတဲ့ အဆိုပါေဆြးေႏြးပြဲမွာ ျမန္မာႏိုင္ငံ႐ုပ္ရွင္႐ုံေတြ အမ်ားစုကို လုပ္ကိုင္ေနတဲ့ မဂၤလာ႐ုပ္ရွင္႐ုံမ်ားအုပ္စု ဥကၠ႒ကေတာ့ ႐ုံမွလက္ရွိဝင္ဆံေနတဲ့ အေရအတြက္ရဲ႕ ထက္ဝက္ခန႔္နဲ႔ ျပန္ဖြင့္ခြင့္ေပးဖို႔ေတာင္းဆိုသလို က်န္းမာေရးဘက္က ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြနဲ႔ အညီ ျပဳျပင္ထားမယ္လို႔ ေျပာခဲ့တာ ေတြ႕ရပါတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံက ကိုဗစ္ ၁၉ ေၾကာင့္ ရပ္နားထားရတာ ေတြကို တစ္ခုခ်င္းစီအလိုက္ သတိႀကီးႀကီးထားၿပီး လႊတ္ေပးေနတဲ့ အတြက္  အမ်ားျပည္သူ စု႐ုံးတဲ့ ဒီလိုလုပ္ငန္း ေတြကို ျပန္လည္လည္ပတ္ခြင့္ျပဳတာက အေတာ္ေလးကို စြန႔္စားရမယ္ အေျခအေနရွိေနပါတယ္။

ယခုဇူလိုင္ ၃၀ ရက္ကစၿပီး ရန္ကုန္တိုင္းအတြင္းရွိ ဘုရားေစတီေတြကို ျပန္လည္ဖြင့္လွစ္မယ္ဆိုၿပီး ဇူလိုင္ ၂၈ ရက္မွာဘဲ ရန္ကုန္တိုင္းအစိုးရက ထုတ္ျပန္ခဲ့ေပမယ့္ မႏၲေလးဘက္ကေတာ့ ဖြင့္ခြင္မဖြင့္ခြင့္ကို ေဆြးေႏြး ေနဆဲ ပါဘဲ။ ဇူလိုင္ ၂၈ ရက္မွာ ဘုရားေစတီေတြ ျပန္ဖြင့္ဖို႔စီစဥ္ခဲ့ေပမယ့္ ဇူလိုင္ ၂၉ ရက္မွာေတာ့ ဇူလိုင္လ ဆန္းကတည္း က နားလည္မႈနဲ႔ ျပန္လည္ခြင့္ျပဳထားတဲ့ ပုဂံဘုရားေတြထဲက နာမည္ႀကီးဘုရား ေစတီ ၁၇ ဆူဖူးခြင့္ကိုျပန္ပိတ္ခဲ့ ပါတယ္။ ထြက္လာတဲ့ သတင္းေတြအရ သတင္းစာတစ္ေစာင္မွာ ဘုရားလာဖူးသူေတြကို  လူအစုအေဝးနဲ႔ ေတြ႕ ရတဲ့ ကူးစက္ကပ္ေရာဂါအတြက္ စိုးရိမ္ၿပီး ရက္အကန႔္အသတ္မရွိ တားျမစ္တာလို႔ ဆိုပါတယ္။

ဒီလိုဆိုရင္  ရန္ကုန္က ေ႐ႊတိဂုံလို အထင္ကရ ဘုရားေစတီေတြ ျပန္ဖြင့္တဲ့ အခါ လူစုလူ ေဝးစုစည္းမႈက မလြဲမေသြျဖစ္လာႏိုင္တဲ့ အတြက္ ဘယ္လိုလုပ္မလဲဆိုတဲ့ ေမးခြန္းေတြလည္း ေပၚထြက္လာခဲ့ ပါတယ္။ ဇူလိုင္ ၂၉ ရက္မွာ ယခင္ထုတ္ျပန္ထားခဲ့တဲ့ က်န္းမာေရးကပ္ေဘးေၾကာင့္ လူ ၅ ဦးထက္ပိုၿပီး မစု႐ုံးရ ေနရာမွာ ၁၅ ဦး ထက္ပိုၿပီး မစု႐ုံးရဆိုတာနဲ႔ ေလ်ာ့ခ်ခြင့္ေပးခဲ့ေပမယ့္ ဇူလိုင္ ၃၁ ရက္မွာ ကုန္ဆုံးမယ့္ ည ၁၂ နာရီ ကေန မနက္ ၄ နာရီအထိ ျပင္ပထြက္ခြင့္မရွိတဲ့ က်န္းမာေရးတားျမစ္ခ်က္ကို ဩဂုတ္ ၁၅ ရက္အထိ အာဏာ ပိုင္ ေတြက ထပ္တိုးခဲ့သလို ကပ္ေရာဂါကာကြယ္ေရးမွာ အဓိကက်တဲ့ ျပည္ပေလေၾကာင္းေျပးဆြဲခြင့္ရပ္နားထား တာကို ဩဂုတ္လကုန္အထိ ထပ္မံသက္တမ္းတိုးလိုက္တဲ့ အတြက္ အာဏာပိုင္ေတြအေနနဲ႔ သတိႀကီး ႀကီး ထား ေနတာကို ေတြ႕ရပါတယ္။

ဒါေပမယ့္ ဒီလို ျပည္တြင္းခရီးသြားလာမႈေတြ ၊ျပည္ပခရီးသြားလာမႈေတြ ေဖ်ာ္ေျဖေရးနဲ႔ ဝန္ေဆာင္မႈ အလုပ္ေတြ စတဲ့ ေငြေၾကးစီးဆင္းမႈကို သြက္လက္ေစတဲ့ လုပ္ငန္းေတြ ကို ရပ္နားထားေစခဲ့တဲ့အတြက္ ယိုင္နဲ႔နဲ႔ ျပည္တြင္းစီးပြားေရးက ထိုးရပ္လုနီးနီးျဖစ္ေနတာကို အာဏာပိုင္ေတြ သတိထားမိပုံရပါတယ္။ ဒီအတြက္ ႏိုင္ငံတ ကာမွာလို႔ ကိုယ္အသိစိတ္နဲ႔ကိုယ္ကာကြယ္ေစတဲ့ က်န္းမာေရးေစာင္ေရွာက္မႈကို ျဖစ္ထြန္းေစၿပီး ကပ္ေရာဂါျဖစ္ ေနတဲ့ ၾကားထဲကေန လုပ္ငန္းေတြ ေက်ာင္းေတြကို ပုံစံတစ္မ်ိဳးနဲ႔ ျပန္ဖြင့္ၾကတာကို အတုယူၿပီး စီးပြားေရး မၿပိဳလဲ ဖို႔ ယခုလပိုင္းအတြင္း လုပ္ငန္းေတြကို ျပန္လည္ဖြင့္လွစ္ခြင့္ေပးေတာ့မလားဆိုတာ ေတြးခ်င္စရာပါ။

ဘုရားေစတီေတြလို႔ ဘာသာေရးေနရာေတြလို လူရာနဲ႔ခ်ီၿပီး လာေရာက္ၾကတဲ့ ေနရာေတြကို ဖြင့္ခြင့္ျပဳ ခ်ိန္ မွာ ျပည္တြင္းကူးစက္မႈ ျဖစ္လာခဲ့ရင္ ဘယ္လိုထိန္းခ်ဳပ္ၾကမလဲဆိုတာ လက္ရွိတစ္ေက်ာ့ျပန္ ျပန္ျဖစ္ေနတဲ့ ဗီ ယက္နမ္၊ဂ်ပန္၊ေတာင္ကိုရီးယား၊တ႐ုတ္၊ ေဟာင္ေကာင္စတဲ့ ႏိုင္ငံေတြကို ၾကည့္ရင္ စိတ္ေလးစရာ စိတ္မသက္ မသာစရာပါ။ဘာပဲျဖစ္ျဖစ္ ေ႐ြးခ်ယ္စရာမရွိတဲ့ ကပ္ေဘးမွာ အသက္ကိုရင္းၿပီး ေလွ်ာက္ၾကရမယ့္ စားဝတ္ေန ေရးအတြက္  ဘုရားေစတီေတြ ျပန္ဖြင့္ခ်ိန္၊ ႐ုပ္ရွင္႐ုံေတြ ျပန္ဖြင့္ခ်ိန္၊ ကမ္းေျခေတြ ျပန္ဖြင္ခ်ိန္မွာ ျပည္တြင္းကူး စက္မႈကို မေတြ႕ရဖို႔ သာ ဆုေတာင္းေနဖို႔ဘဲ ရွိပါေတာ့တယ္။ ကိုဗစ္နဲ႔ပတ္သက္ရင္ ထိန္းခ်ဳပ္ပုံမွန္ကန္ခဲ့သလို ကံလည္းလိုက္ခဲ့တဲ့အတြက္ အဲဒီကံေလး ဆက္လိုက္မလား၊ မလိုက္မလားဆိုတာ ရင္တထိတ္ထိတ္နဲ႔ အစာအိမ္ ကို စမ္းၿပီး ေစာင့္ၾကည့္ရေတာ့မွာ့ျဖစ္ပါတယ္။

တပ္ကိုယ္စားလွယ္ေတြ ထကန႔္ကြက္ခဲ့တဲ့ ပဲခူး-က်ိဳက္ထို ကားလမ္းစီမံကိန္း

ယခုရက္သတၱပတ္အတြင္းျပဳလုပ္ခဲ့တဲ့ သတင္းေတြအထဲမွာ ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းကေတာ့ ျပည္ပေခ်းေငြ အေမရိကန္ေဒၚလာ သန္း ၄၈၀ ေက်ာ္နဲ႔ ေဖာက္လုပ္မယ့္ ပဲခူး-က်ိဳက္ထို ကား လမ္းစီမံကိန္းပါဘဲ။ ဒီစီမံကိန္းအတြက္ ယခုရက္သတၱပတ္ ဇူလိုင္ ၂၉ ရက္က က်င္းပတဲ့ လႊတ္ေတာ္ေဆြးေႏြးပြဲမွာ ေဆြးေႏြးက်တဲ့ အခါလႊတ္ေတာ္အတြင္း ထုံးစံအတိုင္း ေထာက္ခံသူေတြ၊ကန႔္ကြက္သူေတြနဲ႔ အေျခအတင္ျဖစ္ခဲ့ပါတယ္။

ဒီလို ေဆြးေႏြးရာမွာ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားအပါအဝင္ လႊတ္ေတာ္ကိုယ္စား လွယ္အခ်ိဳ႕က ဒီစီမံကိန္းကို ကန႔္ကြက္ခဲ့ၿပီး ေနာက္ဆုံးမွာ အဆိုကို မတ္တပ္ရပ္ၿပီးမဲခြဲရာမွာ ကန႔္ကြက္သူ ေတြ ဘက္က ရႈံးနိမ့္လို႔  ဒီစီမံကိန္းအေကာင္အထည္ေဖာ္ဖို႔ အတည္ျဖစ္ခဲ့ပါတယ္။ဒီစီမံကိန္းနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ ရာဝန္ႀကီးဌာနက လာေရာက္ရွင္းလင္းရာမွာ ဒီလမ္းမႀကီးကေန ရန္ကုန္ၿမိဳ႕ေရွ႕ျခမ္းျဖစ္တဲ့ သန္လ်င္- သီလဝါ-ပဲခူး-သနပၸင္- က်ိဳက္ထိုစတဲ့ ရန္ကုန္ၿမိဳ႕အေရွ႕ဘက္စီးပြားေရးစႀကႍလမ္းမသစ္ႀကီးျဖစ္လာမယ္ဆိုၿပီး ထိုင္းႏွင္ညႇိ ႏိုင္းကာ  ရန္ကုန္ကေန ဘန္ေကာက္အထိ ၉ နာရီအေရာက္လမ္းေဖာက္ေနတာလို႔ ဆိုပါတယ္။ ဒီလမ္းမႀကီးက ေလးလမ္းသြားႏိုင္လြန္ကတၱရာလမ္းျဖစ္ၿပီး အရွည္ ၆၂ ကီလိုမီတာသာရွိလို႔ လမ္းတစ္ေလွ်ာက္  ေဒသကၿမိဳ႕ေတြ ကို ေရွာင္ၿပီး ေမာင္းႏွင္မွာျဖစ္လို႔ ပဲခူးကေန က်ိဳက္ထိုကို ၅၅မိနစ္သာၾကာျမင့္မယ္ခရီးစဥ္လို႔  ေျပာခဲ့ပါတယ္။

ဒါအျပင္ အရွည္ႏွစ္ကီလိုမီတာရွိတဲ့ တံတားသစ္တစ္စင္းပါ ပါဝင္တဲ့ အတြက္ ေဒသအတြက္ အက်ိဳးရွိ မယ္လမ္းလို႔ ဒုဝန္ႀကီးက ေျပာခဲ့ပါတယ္။ သမၼတက ေပးပို႔ထားတဲ့ ဒီလို ေဒသဖြံၿဖိဳးေရးအတြက္ အက်ိဳးရွိမယ္ ဆိုတဲ့ လမ္းတစ္စင္းေဖာက္လုပ္ဖို႔ အာရွဖြံၿဖိဳးဘဏ္(ADB)ကေန ေခ်းေငြရယူေရးအတြက္  ျပည္ေထာင္စု လႊတ္ ေတာ္မွာ မဲခြဲဆုံးျဖတ္ရတဲ့ အခါအစည္းအေဝးတက္ေရာက္သူ ၅၅၂ ဦးအနက္ တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္ စားလွယ္ မ်ားအပါအဝင္ ကိုယ္စားလွယ္အခ်ိဳ႕ျဖစ္တဲ့ ၂၁၆ ဦးက ကန႔္ကြက္ခဲ့ေပမယ့္ ေထာက္ခံသူက ၃၃၆ ဦး ရွိတဲ့အတြက္ လမ္းေဖာက္လုပ္ေရးစီမံကိန္းက အတည္ျဖစ္ခဲ့ၿပီး ေဒသခံေတြအတြက္ သတင္းေကာင္း တစ္ခုျဖစ္ခဲ့ ပါတယ္။

အဆိုပါ ဇူလိုင္ ၂၉ ရက္မွာဘဲ ‘Myanmar-Japan Investment Dialogue’ကို ဗီဒီယို ကြန္ဖရင့္ျဖင့္ က်င္းပ ခဲ့ရာမွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ရန္ကုန္ၿမိဳ႕အေနာက္ ျခမ္းႏွင့္ေမာ္လၿမိဳင္တြင္ စီးပြား ေရးဇုန္စီမံကိန္းႀကီးႏွစ္ခုကိုမၾကာ ခင္စတင္ေတာ့မယ္ဆိုတာကို ေျပာခဲ့ပါတယ္။ ဒါကဂ်ပန္စီးပြားေရး လုပ္ ငန္းရွင္ေတြနဲ႔ေတြ႕ဆုံရာမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က  ေျပာခဲ့တာပါ။ ဒီေတြ႕ဆုံမႈ မွာ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္ဆံေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက ရန္ကုန္ၿမိဳ႕အေနာက္ဘက္ ျခမ္းတြင္ စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္ တစ္ခု၊ မြန္ ျပည္နယ္အေနာက္ကမ္း႐ိုးတစ္ေလွ်ာက္ အထူးစီးပြားေရးဇုန္ စတဲ့ ကိုဗစ္အလြန္ကာလမွာ လုပ္မယ္အစီအစဥ္ေတြအတြက္  ဂ်ပန္က လုပ္ငန္းရွင္ေတြကို ဖိတ္ေခၚခဲ့ပါတယ္။ဒီပြဲကို ဂ်ပန္ ျပည္ပကုန္သြယ္ေရးအဖြဲ႕ (JETRO)က ဦးေဆာင္က်င္းပၿပီး ျမန္မာႏိုင္ငံဘက္က ကုန္သည္စက္မႈ အသင္း ခ်ဳပ္ ဥကၠ႒ႏွင့္ စီးပြားေရးလုပ္ငန္းရွင္ ၈၀၀ ေက်ာ္တက္ေရာက္ခဲ့ၿပီး ေဆြးေႏြးပြဲအေျခအေနအရ ပဲခူး-က်ိဳက္ထို လမ္းသစ္စီမံကိန္း နဲ႔ပါဆိုရင္ ဒါဟာ ျမန္မာႏိုင္ငံရင္းႏွီးျမဳပ္ႏွံမႈအတြက္ အေတာ္ေလးအားရဖြယ္ အေျခအေနပါဘဲ။ ဒီအတြက္ လိုအပ္ေနတာ ႏိုင္ငံေရးတည္ၿငိမ္မႈျဖစ္ၿပီး ယခင္အရပ္သားအစိုးရတက္ကာစ ဒီလိုအခြင့္အေရး ေကာင္း ေတြ ျဖစ္လာေနခ်ိန္မွာ ရခိုင္အေရးျဖစ္လာခဲ့တာကို ျပန္ဆင္ျခင္ဖြယ္ရာပါ။

ကိုဗစ္အလြန္ကာလမွာ ျမန္မာႏိုင္ငံရဲ႕စီးပြားေရးအေျခအေနက ဒီလိုအခင္းအက်င္းေတြေၾကာင့္ ေစာင့္ ၾကည့္ခ်င္စရာ ေကာင္းပါတယ္။ ဒီအတြက္ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲနဲ႔ တပ္မေတာ္သတင္းစာရွင္းလင္းပြဲ

ေ႐ြးေကာက္ပြဲနီးလာတာနဲ႔ အမွ် လႈပ္ရွားမႈေတ့ ခပ္စပ္စိပ္ျဖစ္လာပါတယ္။ အာဏာရပါတီအျပင္ တျခား ေသာ အတိုက္အခံပါတီေတြအေပၚ တိုက္ခိုက္မႈေတြ၊ ေဝဖန္မႈေတြ အပုတ္ခ်မႈေတြက ပိုၿပီးျပင္းထန္ လာခဲ့ပါ တယ္။ ဒီရက္ထဲမွာဘဲ အတိုက္အခံပါတီဘက္က လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက  ျမစ္ဆုံ  ေရအားလွ်ပ္စစ္စီမံ ကိန္းျပန္စလုပ္ဖို႔ အဆိုတင္ခဲ့တာရွိသလို အဆိုပါပါတီနဲ႔ မဟာမိတ္ဖြဲ႕ထားတဲ့ ပအိုဝ္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ကလည္း ပအိုဝ္တိုင္းရင္းသားေတြ ဆႏၵအရ  ျပည္ခိုင္ၿဖိဳးနဲ႔ မဟာမိတ္ဖြဲ႕ထားတာကို လက္တြဲျဖဳတ္ေၾကာင္း ဒီရက္ထဲမွာဘဲ ထုတ္ျပန္ခဲ့တာကို ေတြ႕ရပါတယ္။

ေ႐ြးေကာက္ပြဲအႀကိဳကာလက လက္ရွိမွာ ကမာၻ႔ကပ္ေရာဂါကပ္ေဘးေၾကာင့္ ပါတီမဲဆြယ္မႈေတြ လုပ္ခြင့္ မရသးတဲ့ အတြက္ လူမႈကြန္ရက္မွာ ပါတီအားေပးသူေတြ၊ တျခားပါတီအားေပးသူေတြ စသျဖင့္ ေဝဖန္တိုက္ခိုက္ မႈေတြက ျပင္းထန္ေနပါတယ္။ ဒီထဲမွာ ဟုတ္တာေရာ မဟုတ္တာေရာပါေနၿပီး တခ်ိဳ႕ေသာ ေရးသားမႈေတြက မေဖာ္ျပသင့္တာေတြလည္းရွိေနတဲ့ အမုန္းစကားတားဆီးေရးအတြက္ ျမန္မာႏိုင္ငံေဖ့စ္ဘြတ္အဖြဲ႕အေနနဲ႔ သူ လုပ္ေဆာင္ခ်က္မွာ ျပန္လည္သုံးသပ္သင့္တဲ့အေနအထားပါ။

ဒီရက္သတၱပတ္ထဲျဖစ္တဲ့ ဇူလိုင္ ၂၄ ရက္က ျပဳလုပ္တဲ့ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ရဲ႕ ပုံမွန္ သတင္းစာရွင္းလင္းပြဲမွာ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး သတင္းေထာက္ေတြ ေမးတာကိုေျဖခဲ့တာကလည္း စိတ္ ဝင္စားစရာပါ။ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ တပ္မေတာ္ဘက္က အရာရွိႀကီးေတြ ေ႐ြးေကာက္ပြဲနီးခ်ိန္မွာ တပ္ ဘက္ အနားယူၿပီး ပါတီဘက္ကေန ေ႐ြးေကာက္ပြဲဝင္ခဲ့ၾကတဲ့ အတြက္ ယခုသတင္းစာရွင္းလင္းပြဲမွာ မီဒီယာေတြ က ၂၀၂၀ေ႐ြးေကာက္ပြဲမွာလည္း ဒီလိုရွိႏိုင္သလားဆိုၿပီး ေမးခဲ့တာပါ။ ဒီလိုေမးတဲ့ အတြက္ ယင္းအဖြဲ႕ရဲ႕ အတြင္း ေရးမႉး ျဖစ္တဲ့ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ယခုခ်ိန္ထိ လာမည့္ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ တပ္ ဘက္ ကေန ႏူတ္ထြက္တာမရွိေသးဘူးလို႔ ေျပာခဲ့လို ယခင္လိုမျဖစ္ႏိုင္ပါဘူးလို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ဒီစကားက လာမယ့္ ဩဂုတ္လ ၇ ရက္အထိ  ေ႐ြး ေကာက္ပြဲဝင္မယ္လူစာရင္းကို ေနာက္ဆုံးလက္ခံတဲ့အတြက္ ဒီၾကားထဲမွာ ေျပာင္းလဲသြားႏိုင္တဲ့ သေဘာရွိပါေသး တယ္။

ေျဖတာက မယုတ္မလြန္သေဘာမ်ိဳး အမ်ားႀကီးေျပာင္းလဲလာႏိုင္ေသးတဲ့ အတြက္ အမ်ား စုခန႔္မွန္း ေန တဲ့ တပ္ဘက္က ထိပ္ပိုင္းေခါင္းေဆာင္ေတြ အနားယူၿပီး ေ႐ြးေကာက္ပြဲမွာ ပါလာႏိုင္တဲ့ အေျခအေန က ရွိေန ဆဲပါ။ ဒီဘက္ႏွစ္ အရပ္သားအစိုးရလက္ထက္မွာ ေ႐ြးေကာက္ပြဲဥပေဒကို ျပင္ဆင္ၿပီး တပ္ထဲက မဲ႐ုံေတြ ကို အျပင္ေ႐ြ႕တဲ့အတြက္ တပ္နဲ႔ နီးစပ္တဲ့ အတိုက္အခံပါတီေတြရဲ႕ အေျခအေန အေျပာင္းအလဲရွိႏိုင္သလို မဲေပး ခြင့္ရွိသူရဲ႕ ၅၂ ရာခိုင္ႏူန္းမရွိရင္ ေ႐ြးေကာက္ပြဲမထေျမႇာက္တဲ့ အတြက္ No Vote လႈပ္ရွားမႈကို ေ႐ြးေကာက္ပြဲမွာ ဘယ္လိုမွ အႏိုင္မရႏိုင္တဲ့ သူေတြ ၊ ေ႐ြးေကာက္ပြဲဝင္ခြင့္မရႏိုင္တဲ့ အဖြဲ႕အစည္းအခ်ိဳ႕က သူေတြက ေဆာ္ဩ လႈပ္ရွားေန တာလည္း ရွိတဲ့အတြက္ လာမယ့္လေတြမွာ No Vote လႈပ္ရွားမႈက အားေကာင္းလာႏိုင္စရာရွိလား ဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။    

အဆိုပါ သတင္းမ်ားအျပင္ ယခုရက္အတြင္း ျဖစ္ေပၚခဲ့တဲ့ သတင္းေတြထဲက သတင္းအခ်ိဳ႕ျဖစ္တဲ့ ျမန္မာ သေဘၤာသားတစ္ဦးကို ေမွာင္ခိုေရာင္းဝယ္မႈျဖင့္ တ႐ုတ္တရား႐ုံးက ေထာင္ေျခာက္ႏွစ္နဲ႔ ယြမ္ခုႏွစ္သိန္းေက်ာ္ ျပစ္ဒဏ္ခ်မွတ္ခဲ့တဲ့ သတင္း၊ ယခုရက္ပိုင္း ဧရာ၀တီျမစ္တစ္ေလွ်ာက္ ေအာက္ပိုင္းက်တဲ့ ဧရာ၀တီဘက္မွာ ကမ္း ေတြၿပိဳလို႔ ႐ြာအခ်ိဳ႕ေ႐ႊ႕ခဲ့ရတဲ့ သတင္းေတြ၊ျမ၀တီမွာ တ႐ုတ္ႏိုင္ငံသားအခ်င္းခ်င္းစကားမ်ားရာကေန ဓားထိုးမႈ ျဖစ္ခဲ့တဲ့သတင္းေတြ၊ ဝန္ထမ္းေနာင္ေရးရန္ပုံေငြ ဥပေဒၾကမ္းကို လႊတ္ေတာ္က အတည္ျပဳဖြယ္ရွိတဲ့ သတင္း ေတြ၊ရေသ့ေတာင္ ဦးဂါဦးေက်း႐ြာမွအဓမၼျပဳက်င့္ခံရတဲ့ အမ်ိဳးသမီးအတြက္ တရားမွ်တမႈ ေဆာင္႐ြက္ေပးဖို႔ အရပ္ဘက္အဖြဲ႕စည္း ၁၈ ခုက ေတာင္းဆိုခဲ့တဲ့ သတင္းေတြ၊ ဆြစ္ဇာလန္ကုမၸဏီ lafargeHolcimက ျမန္မာ တပ္မေတာ္နဲ႔ ပတ္သက္ေနတဲ့ လုပ္ငန္းရွင္ႏွစ္ဦးနဲ႔ ေဆာင္႐ြက္ေနတဲ့ လုပ္ငန္းေတြကို စာရွင္းလင္းဖ်က္ သိမ္းမႈ ေဆာင္႐ြက္ေနေၾကာင္း ထုတ္ျပန္ခဲ့တဲ့ သတင္း၊ ျမန္မာႏိုင္ငံမွာ စီးပြားေရးလုပ္ငန္းေတြ တိုးခ်ဲ႕ဖို႔အတြက္ အေမရိ ကန္ စီးပြားေရးလုပ္ငန္းရွင္ေတြ UMFCCIနဲ႔ လာေရာက္ေတြ႕ဆုံခဲ့တဲ့ သတင္းေတြ၊ ေထာင္ဒဏ္ႏွစ္ ၃၀ ခ်မွတ္ခံရ သည့္ တနသၤာရီဝန္ႀကီးခ်ဳပ္ေဟာင္း ေဒၚလဲ့လဲ့ေမာ္အမႈအတြက္ ျပည္ေထာင္စုလႊတ္ေတာ္သို႔ အယူခံတက္တဲ့ သ တင္းေတြ၊ ပန္းေတာင္းၿမိဳ႕နယ္မွာ မဲဆႏၵနယ္အမည္စာရင္း လိုက္ေၾကညာတဲ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးကို တပ္မ ေတာ္အႀကီးစားစက္႐ုံ(၃)မွ ဂိတ္ေစာင့္က လက္သီးျဖင့္ထိုးလို႔ အမႈဖြင့္ထားရတဲ့ သတင္းေတြ၊နယ္စပ္ေရး ရာ ဝန္ႀကီးဌာန ဒု-ဝန္ႀကီးေနရာမွာ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးအျဖစ္ထမ္းေဆာင္ခဲ့သူကို လႊဲေျပာင္း ခန႔္အပ္ခဲ့ တဲ့ သတင္းေတြ စတဲ့ စိတ္ဝင္စားဖြယ္ရာ သတင္းေတြလည္း ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္ သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇူလိုင္ - ၃၁