【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကိုဗစ် ----- အလွန်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကိုဗစ် ----- အလွန်

ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းသတင်းတွေ အကုန်လုံးနီးပါးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခံရမှု သတင်းတွေနဲ့ ဆက်စပ်နေတဲ့သတင်းတွေပဲ ဖြစ်ပါတယ်။အထူးသဖြင့် အနုပညာရှင်တွေ ကူးစက်ခံရတဲ့ သတင်းနဲ့အတူ အနယ်နယ်အရပ်ရပ်မှာ ကူးစက်ရောဂါကိုဟန့်တားဖို့ ချမှတ်ထားတဲ့ ဒေသန္တရအမိန့်ကို ချိုးဖောက်လို့ အရေးယူတဲ့သတင်းတွေ၊ အိမ်မှာဘဲနေဖို့ တားမြစ်ထားချိန်မှာ ဒီလိုလူသူကင်းပါးချိန်ကို အခွင့်ကောင်းယူပြီးဖြစ်လာတဲ့ တခြားသော မှုခင်းဆိုင်ရာသတင်းတွေကလဲ သတင်းဖတ်သူတွေကို သတိပြုမိစေခဲ့ပါတယ်။

သတိထားရမည့် ထပ်ဆင့်ကူးစက်မှု

ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံမှာ စတင်ကူးစက်ကြောင်း တရားဝင်စတင်ကြေညာခဲ့တဲ့ မတ် ၂၃ ရက်ကတည်းက အားလုံးစိုးရိမ်နေခဲ့တာက ကူးစက်လာခဲ့သူကနေတစ်ဆင့် အဆင်ဆင့်ပျံ့နှံ့ကူးစက်ခံရမယ့် အခြေအနေကိုပါ။

ဒါဟာ ကူးစက်မှုအဆိုးဆုံးနိုင်ငံကနေ အတန်အသင့်ထိန်းချုပ်နိုင်တဲ့ နိုင်ငံတွေအထိ မဖြစ်မနေကြုံရတဲ့ကိစ္စပါ။စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံမှာဆိုရင် အစောပိုင်းက သတင်းကိုထိန်းချုပ်ခဲ့လို့ နောက်ပိုင်းမှာ ကူးစက်သူက ထိန်းမနိုင်သိမ်းရထိဖြစ်ခဲ့ကာ လူဦးရေသန်းနဲ့ချီတဲ့ မြို့ ၁၁ မြို့ ပိတ်ချခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ဒီအတွက် တရားဝင်ထုတ်ပြန်ချက်အရ လူသုံးထောင်ကျော် အဖိတ်အစင်ရှိခဲ့ရပါတယ်။ဒီလို မြို့တွေကိုပိတ်ခဲ့တာတွေ လုပ်ခဲ့တဲ့အတွက် နှစ်လကျော်အကြာမှာ ကူးစက်ခံရသူနဲ့ သေဆုံးမှုမရှိတော့တဲ့အထိ ထိန်းချုပ်နိုင်ခဲ့သလို ပုံမှန်ပြန်လည်နေထိုင်မှုကို စတင်လာနိုင်ခဲ့တဲ့အထိပါဘဲ။အီတလီ၊ စပိန်နဲ့ အမေရိကန်ကတော့ စတင်တွေ့ရှိချိန်မှာ သာမန်အဖျားရောဂါသဖွယ် ပေါ့ဆစွာကိုင်တွယ်ခဲ့တဲ့အတွက် ယခုအခါမှာ သေဆုံးသူ နှစ်သောင်း၊ သုံးသောင်းကျော်ထိ သေဆုံးကာ ကူးစက်ခံရသူပေါင်းက သိန်းနဲ့ချီကာရှိလာခဲ့ပါတယ်။

ဒီနေရာမှာ ဒီရောဂါကို ထိန်းချုပ်နိုင်မလား၊ မထိန်းချုပ်နိုင်မလားဆိုတဲ့ အဖြေက စတင်ကူးစက်ခံရသူကို ခြေရာခံမိခဲ့သလားဆိုတဲ့အပေါ် မူတည်ခဲ့ပါတယ်။မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းလို့ခေါ်တဲ့ တရုတ်ကနေ တိုက်ရိုက်ကူးစက်မှု၊ ဒုတိယလှိုင်းဖြစ်တဲ့ ကူးစက်မှုတွေမှာ မထိခဲ့ပေမယ့် တတိယလှိုင်းလို့ခေါ်တဲ့ ကူးစက်ပြန့်ပွားမှု ဖြစ်ပွားတဲ့နိုင်ငံတွေကနေ ပြန်လာတဲ့သူတွေကနေ တစ်ဆင့်ကူးစက်မှုကိုတော့ မလွတ်နိုင်ခဲ့ပါဘူး။ဒီလိုကူးစက်မှုက ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံတွေမှာ အဓိကဖြစ်မှာပါ။

ပထမဆုံးကူးစက်ခံရသူကို စတင်တွေ့ရှိခဲ့တဲ့ မတ် ၂၃ ရက်ကနေ စတင်ရေတွက်မယ်ဆိုရင် ရက် ၂၀ ကာလအတွင်း မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ ၈၅ ဦးထိရှိလာခဲ့ကာ လေးဦးထိ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ပြန်ကောင်း လာသူက ၂ ဦးဆိုပေမယ့် စောင့်ကြည့်ခံနေရဆဲပါ။သေဆုံးသူ ၄ ဦးအနက် သုံးဦးမှာ သက်ကြီးရွယ်အိုများဖြစ်ကာ နဂိုကတည်း ရောဂါအခံရှိသူဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသည်အခါ ခံနိုင်ရည်မရှိဘဲ ကွယ်လွန်ခဲ့တာပါ။တစ်ဦးကတော့ ပိုးကူးစက်ခံရသူကနေတစ်ဆင့် ကူးခဲ့တဲ့သူဖြစ်ပြီး အသက် ၅၀ ကျော်သာ ရှိသေးတဲ့သူပါ။ဒီသေဆုံးသူ ၄ ဦးထဲမှာ ခရီးသွားရာဇဝင်ရှိပြီး တိုက်ရိုက်ကူးစက်ခံရသူက ၁ ဦးသာ ပါဝင်ကာ ကျန် ၃ ဦးက ခရီးသွားရာဇဝင်မရှိဘဲ တစ်ဆင့်ကူးစက်ခံရသူတွေပါ။ဒါဟာ မြန်မာနိုင်ငံမှာ တကယ်ကြုံတွေ့လာနိုင်ရတဲ့ ပြဿနာပါ။

ဧပြီ ၁၆ ရက် မနက်ထိ ထုတ်ပြန်ချက်တွေထဲမှာ ပိုးကူးစက်ခံရသူ ၈၅ ဦးထိ ရှိလာခဲ့ပြီး ထိုထဲတွင် ထပ်ဆင့်ကူးစက်ခံရသူက အများဆုံးဖြစ်ခဲ့ပါတယ်။ယခုရက်သတ္တပတ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ပတ်သက်ပြီး လူတွေစိတ်ဝင်စားမှုအရှိဆုံးက အဆိုတော်တွေ၊ နာမည်ကြီး လူသိများတဲ့ပုဂ္ဂိုလ်တွေ ဆည်းကပ်မှုရှိတဲ့ ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်(ခ)ဒေးဗစ်လား တက်ရောက်ဟောပြောခဲ့တဲ့ ရှစ်မိုင် ချပ်စ်ကျောင်းမှာ ပြုလုပ်တဲ့ သီးသန့်ဆုတောင်းပွဲကို တက်ရောက်ခဲ့တဲ့သူတွေ အတော်များများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရလို့ တစ်နွယ်ငင် တစ်စင်ပါဆိုသလို အဆိုပါလူတွေရဲ့ မိသားစုဝင်တွေ၊ ရင်းနှီးတဲ့သူတွေပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရတဲ့ ပြဿနာပါဘဲ။

ဒီအခမ်းအနားက တားမြစ်ချက်ကို ချိုးဖောက်ခဲ့တဲ့အတွက် ပွဲစီစဉ်သူနဲ့ လက်ခံကျင်းပတဲ့ ၄ ဦးကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က အရေးယူခဲ့ပါတယ်။ဒီထဲမှာ တရားဟောဆရာ ဒေးဗစ်လား၊ န၀ရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းနဲ့ တခြား ၂ ဦးပါ။ဒီပွဲကို ကွာရင်းတိုင်းမချခင် စင်ကာပူကနေပြန်လာပြီး ကပ်လွတ်ခဲ့တဲ့သူ တက်ရောက်ခဲ့ကာ ဆက်တိုက်ဆိုသလို အတော်များများကို ကူးစက်ခဲ့တာပါ။ထိုသို့ တစ်ဆင့်ခံကူးစက်ရသူတွေထဲမှာ အဆိုတော်မျိုးကြီးတို့ ပါဝင်ခဲ့ပြီး နောက်ဆုံးကြားသိရသမျှ အဆိုတော် J-Me ရဲ့ အမျိုးသမီးပါ ကူးစက်ခံရသူထဲ ပါဝင်လာခဲ့ကာ နောက်ဆက်တွဲ ထပ်မံကူးစက်နိုင်တာတွေကြောင့် ရန်ကုန်မြို့မှာ တချို့လမ်းတွေ၊ တိုက်ခန်းဝန်းကျင်တွေကိုပါ Lock Down ချရတာတွေအထိ ဖြစ်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ တက်ခဲ့တဲ့သူတွေနဲ့ ပတ်သက်ဆက်နွယ်သူတွေ ကူးစက်ခံခဲ့ရတာတွေကြောင့် ယခုရက်သတ္တပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်က ဆောင့်တက်သလို ဖြစ်ခဲ့ရပါတယ်။ဧပြီ ၁၄ ရက် မနက်မှာ ရန်ကုန်မြို့ထဲ ပန်းဘဲတန်းမြို့နယ် ၂၆ လမ်းက အသက် ၈၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ဒီလိုသေဆုံးခဲ့တဲ့အတွက် စစ်ဆေးရာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအဖြစ် တွေ့ရှိရတဲ့အတွက် အဆိုပါနေရာတစ်ဝိုက် အားချင်း Lock Down ချခဲ့ရပါတယ်။ဒါပေမယ့် အဲဒီလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးကြောင်း စစ်ဆေးတွေ့ရှိတဲ့အချိန်မှာ သေဆုံးသူကို ရိုရိုးသေဆုံးတယ်ထင်ပြီး လမ်းထဲက လူနာလာမေးတဲ့သူတွေ အတော်များများရှိနေသလို စျေးရောင်းတဲ့သူလည်းဖြစ်တဲ့အတွက် တောက်လျှောက်ထိစပ်သမျှ စုံစမ်းကာ စောင့်ကြည့်ထဲထည့်ပေမယ့် ဘယ်လောက်ထိ ထပ်ဆင့်ကူးစက်နေပြီလဲဆိုတာ မသိရသေးပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဟန့်တားဖို့အတွက် အခက်အခဲတွေက အများကြီးကို အာဏာပိုင်တွေ လက်ရှိမှာကြုံနေရပါတယ်။အထူးသဖြင့် မလိုက်နာမှုတွေပါဘဲ။တချို့သောသူတွေ ကျန်းမာရေးတားမြစ်ချက်ကို မလိုက်နာတာက တာဝန်ယူနေရတဲ့သူတွေကို အခက်တွေ့စေပါတယ်။ယခုရက်သတ္တပတ်ထဲမှာ တားမြစ်ချက်ကို ချိုးဖောက်လို့ အရေးယူခဲ့ရတာတွေ ရှိခဲ့ပါတယ်။နေပြည်တော်က စည်ပင်ဧည့်ရိပ်သာမှာ (Quarantine) ထားတဲ့ စောင့်ကြည့်လူနာတွေထဲက အဆောင်ကူးတဲ့သူနဲ့ လက်ခံတွေ့တဲ့သူ၊ စျေးဝင်ရောင်းတဲ့သူ ၃ ဦးကို အမှုဖွင့်အရေးယူခဲ့ရသလို တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ တားမြစ်ချက်ကို မလိုက်နာတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူကိုင်တွယ်မှုတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ဧပြီ ၁၆ ရက် ညမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကန့်သတ်တားမြစ်ချက်တွေကို မလိုက်နာတဲ့သူတွေကို ဥပဒေအရ အရေးယူမယ်လို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

ယခုရက်ထဲမှာဘဲ တရုတ်ပြည်နယ်စပ်မှာ တရုတ်ဘက်က မြန်မာအလုပ်သမား ၁၈၀၀၀ ကို ပြန်လွှတ်တယ်ဆိုတဲ့ သတင်းတွေတက်နေခဲ့သလို ဒီဘက်ကလည်း စောင့်ကြည့်စခန်းမှာ ၂၁ ရက် ထားပြီးမှ ပြန်လွှတ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတယ် ဆိုပါတယ်။ဧပြီ ၁၆ ရက်မှာ လွယ်ဂျယ်ဂိတ်ကနေ စဝင်ခဲ့ရာမှာ တစ်ရက်ကို လူ ၂၀၀ နှုန်းနဲ့ ပြန်အဝင်ခံခဲ့ပါတယ်။ဒီရက်မှာဘဲ ထုံးစံအတိုင်း နှစ်ဆန်းတစ်ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာမယ့်သူတွေလည်း ရှိတဲ့အတွက် ယခင် ထိုင်းကပြန်လာသူတွေ၊ ပြည်ပကပြန်လာသူတွေနဲ့ မနိုင်မနင်းဖြစ်နေတဲ့ ကျန်းမာရေးဘက်ကသူတွေအဖို့ ထပ်တက်လာမယ့် တာဝန်တွေကို ဘယ်လောက်ထိ စေ့စပ်သေချာစွာ တာဝန်ထမ်းနိုင်မလဲ၊ ဝိုင်းဝန်းကူညီသူတွေဘက်က ဘယ်လောက်ထိ ပူးပေါင်းပါဝင်မှုရှိမလဲ၊ ဝင်ရောက်လာသူတွေက ဒီလိုကန့်သတ်ချက်တွေကို အသိရှိရှိနဲ့ ဘယ်လောက်ထိပါဝင်ပေးနိုင်ကြမလဲဆိုတာတွေက မြန်မာနိုင်ငံမှာ ဧပြီ ဒုတိယနဲ့ တတိယအပတ်အတွင်း ကူးစက်ခံရသူ များပြားစွာတွေ့ရနိုင်တယ်ဆိုတဲ့ တာဝန်ရှိသူတွေရဲ့ ခန့်မှန်းချက် မှန်၊ မမှန်ကို ဆုံးဖြတ်ပေးမှာပါ။

ဒီအတွက် အစိုးရပိုင်းက ပြည်သူတွေပါဝင်မှုနဲ့ ဆောင်ရွက်စေတဲ့ ကာလကနေ တားမြစ်ချက်တွေလိုက်နာအောင် အတင်းအကျပ် အာဏာနဲ့ကြပ်မတ်ရတဲ့အထိ ဖြစ်လာတော့မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုရက်ထဲဖြစ်ခဲ့တဲ့ ဆက်စပ်သတင်းတွေဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများလာလို့ စိုးရိမ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့တဲ့သတင်းတွေ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ ဧည်သည်တွေ့ခွင့် ပိတ်လိုက်တဲ့သတင်းတွေ၊ ဒုသမ္မတနဲ့ မိသားစုအတွင်း ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့ရာမှာ မရှိဘူးဆိုတဲ့သတင်းတွေ၊ မလေးရှားမှာ မြန်မာလုပ်သားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ သေဆုံးခဲ့တဲ့သတင်း၊ ဟိုပုန်းမှာ တပ်မတော်သားများနဲ့ မိသားစုဝင် ၂၀၀ ခန့်ကို Quarantine ပြုလုပ်ထားရတဲ့သတင်း၊ မန္တလေးမှာ နှစ်ဆန်းတစ်ရက်နောက်ပိုင်း Mask မတပ်ဘဲ သွားလာရင် အရေးယူတော့မယ့်သတင်း၊ တနင်္သာရီတိုင်းက ရေဖြူမှာ ဘုန်ကြီးပျံပွဲ ကျင်းပခဲ့တဲ့သူတွေနဲ့ မြိတ်မှာ မင်္ဂလာဆောင်ပွဲ ကျင်းပခဲ့တဲ့သူတွေကို တရားစွဲအမှုဖွင့်တဲ့သတင်း၊ ဧရာ၀တီတိုင်းထဲ ဘယ်နေရာသွားသွား ခရီးသွားထောက်ခံချက်ရယူဖို့ သတ်မှတ်ခဲ့တဲ့သတင်း၊ မလေးရှားမှာ သင်္ကြန်ပွဲကျင်းပသူ ဆလန်ကောပြည်နယ် လက်အိတ်စက်ရုံ Hartalega မြန်မာ ၇၀ နီးပါး ဖမ်းဆီးခံရတဲ့သတင်း၊ စစ်ကိုင်းမှာ ညမထွက်အမိန့် ထုတ်ပြန်ခဲ့တဲ့ သတင်းတွေလည်း သတိထားမိစရာ ဖြစ်ခဲ့ပါတယ်။

ကပ်ဘေးတစ်ဘက် တိုက်ပွဲတစ်ဘက်  

ကိုဗစ်-၁၉ လို့ ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးဗျာပွေနေချိန်မှာ ကမ္ဘာတစ်ဝန်းဖြစ်နေတဲ့ စစ်ပွဲတွေကို ကုလအတွင်းရေးမှူးချုပ်က ရပ်ဆိုင်းကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ဒီအတွက် ထင်ရှားတဲ့လိုက်နာမှု က ပြည်တွင်းစစ်ဖြစ်နေတဲ့ ယီမင်လိုနိုင်ငံမှာ ဒီကာလထဲ စစ်ပွဲကိုရပ်တန့်ပေးခဲ့ပါတယ်။ဒါပေမယ့် အိုင်အက်စ်တွေနဲ့ ဟစ်ဇ်ဘိုလာတွေလို အစွန်းရောက်တွေကတော့ ဒီကာလကို အခွင့်ကောင်းယူပြီး တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၀ ကျော်ရှိလာပြီး စောင့်ကြည့်ခံ Quarantine ဦးရေ သောင်းနဲ့ချီပြီးရှိလာတဲ့ မြန်မာနိုင်ငံမှာတော့ ယခုချိန်ထိတိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုတွေ ရှိနေဆဲဖြစ်ပါတယ်။သင်္ကြန်အကျနေ့ ဧပြီ၁၃ ရက် မနက်ပိုင်းမှာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျောက်ဆိပ်ကျေးရွာကို လက်နက်ကြီးကျည်ကျလို့ ပေါက်ကွဲရာမှာ ရွာသား ၄ ဦး ပွဲချင်းပြီးသေဆုံးပြီး နောက် ၅ ဦးက ဆေးရုံမှာဆုံးပါးခဲ့ပါတယ်။သတင်းတွေမှာတော့ အဆိုပါနေရာတစ်ဝိုက် တိုက်ပွဲတွေမရှိဘဲ အနီးစပ်ဆုံးဆိုလို့ ပုဏ္ဏားကျွန်းမြို့အဝင်မှာ စစ်တပ်တပ်ရင်းတစ်ခုသာ ရှိတယ်လို့ဆိုပါတယ်။ရွာသား ၉ ယောက် သေဆုံးပြီး ၆ ဦးဒဏ်ရာရတဲ့ ဒီဖြစ်ရပ်မှာ ဘယ်ဘက်ကပစ်လိုက်လို့ ထိတယ်ဆိုတာ မသိရပါဘူး။ဧပြီလ ၁ ရက်ကလည်း ကျောက်တော်မြို့မှာ ပစ်ခတ်မှုဖြစ်ပွားလို့ အရပ်သား ၅ ဦး ကျည်ဆန်ထိမှန်သေဆုံးခဲ့ပြီး ၇ ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့သလို ဧပြီ ၈ ရက်မှာ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ဆင်ဦးတိုက်ကျေးရွာကို လက်နက်ကြီးကျလို့ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီလိုတွေဖြစ်နေတဲ့အတွက် သိန်းနဲ့ချီတဲ့ ရခိုင်ဒေသခံတွေ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့အတွက် ယခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဘေးကြုံချိန်မှာ ဒီလို စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေရောက် စစ်ဘေးဒုက္ခသည်တွေ ကူးစက်ရောဂါ ကူးစက်နိုင်မှုက အမြင့်ဆုံးထိရောက်နေတာ အမှန်ပါဘဲ။ဒါဟာ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ကြီးစိုးတဲ့နေရာတွေမှာ ကိုရိုနာဗိုင်းရပ်စ်ဘေးက ကြီးကြီးမားမားခြိမ်းခြောက်နေသလို အဆိုပါနေရာဒေသတစ်ဝိုက်မှာနေတဲ့သူတွေအဖို့ တိုက်ပွဲကတစ်ဘက် ရောဂါကပ်ဘေးအန္တရာယ်တစ်ဘက် အသက်ဘေးခြိမ်းခြောက်မှုက ကြီးမားနေပြီဖြစ်ပါတယ်။

ဒီရက်ထဲမှာဘဲ တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်မှာ ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။လူသူထိခိုက်သေဆုံးမှု မရှိပေမယ့် ဒီလိုကာလမှာဖြစ်တဲ့ ပေါက်ကွဲမှုက ကူးစက်ရောဂါဘေးကြောင့် ထိတ်လန့်နေရတဲ့အချိန်မှာ ဖြစ်တဲ့အတွက် အတော်လေးကို တာသွားခဲ့ပါတယ်။ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်အစပ် မောင်တောမှာ ဒီရက်ထဲဖြစ်တဲ့ ဧပြီ ၁၄၊ ၁၅ မှာ အတန်ကြာသတင်းပျောက်ကွယ်နေတဲ့ ARSA အကြမ်းဖက်အဖွဲ့က ဘက်ဟိုးယာဉ်ကို ဖောက်ခွဲခဲ့သလို အင်အား ၃၀ လောက်က ခမောင်းဆိပ်ကျေးရွာကို စာလာပို့တဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ခြုံခိုတိုက်ခိုက်ခဲ့လို့ ၂ ဦးကျဆုံးခဲ့တဲ့ ဖြစ်ရပ်လည်းရှိခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ပြင်းထန်နေချိန်မှာ နိုင်ငံတိုင်းက မတူညီတာတွေ အသာထားပြီး ကပ်ရောဂါဘေးကို အားလုံးလက်တွဲပြီး ရင်ဆိုင်နေချိန်မှာ ကိုယ့်နိုင်ငံထဲက တချို့ဒေသတွေမှာ လက်နက်ကိုင်တိုက်ခိုက်မှုသတင်းတွေ၊ အရပ်သားတွေသေကြေဒဏ်ရာရမှုတွေ၊ စားရေးသောက်ရေးဒုက္ခရောက်တာတွေ စတဲ့သတင်းတွေက ယခုတစ်ပတ်မှာ အတော်လေးစိတ်မကောင်းစရာသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ကိုဗစ်အလွန် မြန်မာ့စီးပွားရေး

ယခုရက်ပိုင်း တိုင်းနှင့် ပြည်နယ်တွေက ဒေသခံတွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့  အွန်လိုင်းကနေ တောက်လျှောက်တွေ့ဆုံမှုတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တိုင်းပြည်စီးပွားရေး မထိခိုက်ဖို့ အတတ်နိုင်ဆုံးလုပ်နေတယ်ဆိုတာကို ပြောခဲ့တာတွေ့ရပါတယ်။
မွန်ပြည်နယ်က ဒေသခံတွေနဲ့တွေ့တဲ့ အွန်လိုင်းတွေ့ဆုံမှုမှာဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရအနေနဲ့ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးမကျဆင်းစေရန်နှင့် အနာဂတ်တွင် ပြည်သူများ၏ စီးပွားရေးမထိခိုက်စေရန် ကြိုတင်ပြင်ဆင်နေပြီး တတ်နိုင်သမျှ လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာကပ်ဘေးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ခုခံပြင်ဆင်တိုက်ပွဲဝင်နေကြသလို တစ်ဖက်မှာလည်း ဒီကပ်ရောဂါပြီးဆုံးတဲ့နောက် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ စီးပွားရေးပျက်ကပ်ဘေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။
ကမ္ဘာဘဏ်ကလည်း ကိုဗစ်-၁၉ လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဘေးကြောင့် ဖြစ်လာနိုင်တဲ့ စီးပွားရေးကျဆင်းမှုတွေကို ထုတ်ပြန်ခဲ့ပါတယ်။ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ “ကိုဗစ်-၁၉ ဖြစ်ပွားချိန် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ” အစီရင်ခံစာမှာ ယခုနှစ်ထဲ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ပို့ကုန်များ နှေးကွေးသွားမယ်လို့ ခန်မှန်းခဲ့တာရှိပြီး မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုက ၂ ရာခိုင်နှုန်းနှင့် ၃ ရာခိုင်နှုန်းအကြား နှေးကွေးသွားနိုင်လို့ ဒီဒဏ်ကို နိုင်ငံတဝန်းရှိ ဆင်းရဲသားများနှင့် ထိခိုက်လွယ်မိသားစုများ ခံရနိုင်ခြေရှိတယ်ဆိုပြီး သတိပေးခဲ့ပါတယ်။

အစိုးရက လွန်ခဲ့သောရက်များအတွင်း ကိုဗစ်-၁၉ ကြောင့် နိုင်ငံစီးပွားရေးအပေါ် သက်ရောက်မှုများ သက်သာစေရန် အားထုတ်တဲ့အနေနဲ့ ကျပ် ၁၀၀ ဘီလျံတန် ချေးငွေများ၊ အခွန်ပေးဆောင်ရန် နောက်ဆုံးရက်သတ်မှတ်ဖြေလျှော့ခြင်း၊ ကူးစက်ရောဂါကြောင့် အထိနာနေတဲ့ ခရီးသွားလုပ်ငန်းလို စီးပွားရေးလုပ်ငန်းများအတွက် လိုင်စင်ကြေး တစ်နှစ်သက်သာခွင့်ပေးတာမျိုးတွေ၊ အခွန်ကင်းလွတ်ခွင့်ပေးခြင်းအပါအဝင် ကနဦးအားပေးကူညီရေး အစီအစဉ်များကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။တခြားသော ပုဂ္ဂုလိကအပိုင်းတွေဖြစ်တဲ့ အသေးစားချေးငွေလုပ်ငန်းတွေ အတော်များများက ကုမ္ပဏီများက ပြန်ဆပ်ငွေများပေးသည့်ကာလကို ဆိုင်းငံ့ထားကြောင်း ကြေညာချက်ထုတ်တာတွေ ရှိခဲ့ပါတယ်။ဘယ်လောက်ကြာမလဲမသိရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွက် ဒီလိုလိုက်ပါလုပ်ဆောင်မှုတွေက ဒီကာလမှာ ဝင်ငွေမဲ့ပြီး စားသောက်ရေးအတွက် အဓိကအာရုံထားရမယ့်ကာလမှာ အများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် တရုတ်နိုင်ငံက ကုန်ကြမ်းအဓိကရယူရတဲ့ အထည်ချုပ်လုပ်ငန်းမျိုးမှာ ကုန်ကြမ်းမရတာနဲ့၊ ရောဂါကူးစက်နိုင်တာတွေကြောင့် စက်ရုံတွေပိတ်ရတာတွေကြောင့် အလုပ်လက်မဲ့ဖြစ်လာတာတွေက ဒီထက်တက်လာနိုင်တာတွေ ရှိနိုင်ပါတယ်။ကိုဗသ်-၁၉ ကြောင့် ကမ္ဘာ့စီးပွားရေး ဆုတ်ကပ်ဖြစ်ပေါ်လာရင် ကုန်သွယ်ရေး၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ကုန်စည်ဈေးနှုန်းများမှတဆင့် မြန်မာနိုင်ငံအပေါ် အကြီးအကျယ်ရိုက်ခတ်မှုရှိမယ်လို့  ကမ္ဘာ့ဘဏ်က သတိပေးထားတာရှိပါတယ်။လက်ရှိမှာ နေအိမ်မှာနေပြီး အလုပ်လုပ်ဖို့နဲ့ နေအိမ်မှာနေဖို့၊ လူ ၅ ဦးထက်မပိုဖို့ ကန့်သတ်ခဲ့တာတွေ ရှိခဲ့တဲ့အတွက် စက်ရုံတွေပြန်လည်ပတ်ဖို့ဆိုတာထက် စက်ရုံတွေရပ်နားထားရဖို့က ပိုများနေပါတယ်။တချို့စက်ရုံတွေကတော့ လောလောလတ်လတ် လိုအပ်နေတဲ့ mask တွေ ပြောင်းလဲထုတ်လုပ်ဖို့ ပြင်ဆင်နေတာတွေရှိပါတယ်။

ခရီးသွားလုပ်ငန်းအပြင် တခြားသောလုပ်ငန်းတွေမှာလည်း ထိခိုက်မှုက ပြင်းထန်ခဲ့ပါတယ်။မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးဂိတ်ပေါက်များဖြစ်သော တရုတ်၊ ထိုင်းနှင့် အိန္ဒိယ နယ်စပ်ဂိတ်များမှာ သွားလာခွင့်တွေ တားဆီးကန့်သတ်မှုတွေရှိလာခဲ့လို့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေ အများအပြားရှိခဲ့ပါတယ်။အွန်လိုင်းကနေ Video Conferencing စနစ်နဲ့ ပြုလုပ်တဲ့ ကိုဗစ်-၁၉ အာဆီယံအထူးထိပ်သီးအစည်းအဝေးနှင့် အာဆီယံအပေါင်းသုံးနိုင်ငံ အစည်းအဝေးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်တက်ရောက်ပြီး ကိုဗစ်-၁၉ အကျပ်အတည်းကာလမှာ အရေးကြီးကုန်ပစ္စည်းများ၊ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အထောက်အကူပြုပစ္စည်းများ အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်ကူညီပံ့ပိုးရေးနဲ့ ကိုဗစ်-၁၉ အလွန်ကာလမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ရေးဆွဲတာတွေ ပါဝင်ခဲ့ပါတယ်။

ထိခိုက်မှုကတော့ အနည်းနဲ့အများဆိုတာဘဲ ကွာမှာဖြစ်သလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးမှုကလည်း ဒီလိုအနည်းနဲ့အများဘဲ ကွာမှာဖြစ်ပါတယ်။ကျန်းမာရေးမှာ အထိနည်းအောင် တစ်တိုင်းပြည်လုံး တက်ညီလက်ညီလုပ်ဆောင်သလို စီးပွားရေးမှာလည်း အထိနည်းအောင်၊ အလျင်အမြန်ပြန်လည်နိုးထအောင် ပြည်သူအားနဲ့ ပါဝင်ကူညီဝိုင်းဝန်းမှုနဲ့ ဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာ မကြာခင်ရက်သတ္တပတ်တွေမှာ မြင်ရတော့မှာဖြစ်ပါတယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်နားလိုက်ချင်ပါတယ်။

မာလင်း
ဧပြီ - ၁၇

( Zawgyi )

ယခုရက္သတၱပတ္အတြင္း ျပည္တြင္းသတင္းေတြ အကုန္လုံးနီးပါးက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားခံရမႈ သတင္းေတြနဲ႔ ဆက္စပ္ေနတဲ့သတင္းေတြပဲ ျဖစ္ပါတယ္။အထူးသျဖင့္ အႏုပညာရွင္ေတြ ကူးစက္ခံရတဲ့ သတင္းနဲ႔အတူ အနယ္နယ္အရပ္ရပ္မွာ ကူးစက္ေရာဂါကိုဟန႔္တားဖို႔ ခ်မွတ္ထားတဲ့ ေဒသႏၲရအမိန႔္ကို ခ်ိဳးေဖာက္လို႔ အေရးယူတဲ့သတင္းေတြ၊ အိမ္မွာဘဲေနဖို႔ တားျမစ္ထားခ်ိန္မွာ ဒီလိုလူသူကင္းပါးခ်ိန္ကို အခြင့္ေကာင္းယူၿပီးျဖစ္လာတဲ့ တျခားေသာ မႈခင္းဆိုင္ရာသတင္းေတြကလဲ သတင္းဖတ္သူေတြကို သတိျပဳမိေစခဲ့ပါတယ္။

သတိထားရမည့္ ထပ္ဆင့္ကူးစက္မႈ

ကို႐ိုနာဗိုင္းရပ္စ္ ျမန္မာႏိုင္ငံမွာ စတင္ကူးစက္ေၾကာင္း တရားဝင္စတင္ေၾကညာခဲ့တဲ့ မတ္ ၂၃ ရက္ကတည္းက အားလုံးစိုးရိမ္ေနခဲ့တာက ကူးစက္လာခဲ့သူကေနတစ္ဆင့္ အဆင္ဆင့္ပ်ံ႕ႏွံ႔ကူးစက္ခံရမယ့္ အေျခအေနကိုပါ။

ဒါဟာ ကူးစက္မႈအဆိုးဆုံးႏိုင္ငံကေန အတန္အသင့္ထိန္းခ်ဳပ္ႏိုင္တဲ့ ႏိုင္ငံေတြအထိ မျဖစ္မေနႀကဳံရတဲ့ကိစၥပါ။စတင္ေတြ႕ရွိခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာဆိုရင္ အေစာပိုင္းက သတင္းကိုထိန္းခ်ဳပ္ခဲ့လို႔ ေနာက္ပိုင္းမွာ ကူးစက္သူက ထိန္းမႏိုင္သိမ္းရထိျဖစ္ခဲ့ကာ လူဦးေရသန္းနဲ႔ခ်ီတဲ့ ၿမိဳ႕ ၁၁ ၿမိဳ႕ ပိတ္ခ်ခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။ဒီအတြက္ တရားဝင္ထုတ္ျပန္ခ်က္အရ လူသုံးေထာင္ေက်ာ္ အဖိတ္အစင္ရွိခဲ့ရပါတယ္။ဒီလို ၿမိဳ႕ေတြကိုပိတ္ခဲ့တာေတြ လုပ္ခဲ့တဲ့အတြက္ ႏွစ္လေက်ာ္အၾကာမွာ ကူးစက္ခံရသူနဲ႔ ေသဆုံးမႈမရွိေတာ့တဲ့အထိ ထိန္းခ်ဳပ္ႏိုင္ခဲ့သလို ပုံမွန္ျပန္လည္ေနထိုင္မႈကို စတင္လာႏိုင္ခဲ့တဲ့အထိပါဘဲ။အီတလီ၊ စပိန္နဲ႔ အေမရိကန္ကေတာ့ စတင္ေတြ႕ရွိခ်ိန္မွာ သာမန္အဖ်ားေရာဂါသဖြယ္ ေပါ့ဆစြာကိုင္တြယ္ခဲ့တဲ့အတြက္ ယခုအခါမွာ ေသဆုံးသူ ႏွစ္ေသာင္း၊ သုံးေသာင္းေက်ာ္ထိ ေသဆုံးကာ ကူးစက္ခံရသူေပါင္းက သိန္းနဲ႔ခ်ီကာရွိလာခဲ့ပါတယ္။

ဒီေနရာမွာ ဒီေရာဂါကို ထိန္းခ်ဳပ္ႏိုင္မလား၊ မထိန္းခ်ဳပ္ႏိုင္မလားဆိုတဲ့ အေျဖက စတင္ကူးစက္ခံရသူကို ေျခရာခံမိခဲ့သလားဆိုတဲ့အေပၚ မူတည္ခဲ့ပါတယ္။ျမန္မာႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ ပထမလႈိင္းလို႔ေခၚတဲ့ တ႐ုတ္ကေန တိုက္႐ိုက္ကူးစက္မႈ၊ ဒုတိယလႈိင္းျဖစ္တဲ့ ကူးစက္မႈေတြမွာ မထိခဲ့ေပမယ့္ တတိယလႈိင္းလို႔ေခၚတဲ့ ကူးစက္ျပန႔္ပြားမႈ ျဖစ္ပြားတဲ့ႏိုင္ငံေတြကေန ျပန္လာတဲ့သူေတြကေန တစ္ဆင့္ကူးစက္မႈကိုေတာ့ မလြတ္ႏိုင္ခဲ့ပါဘူး။ဒီလိုကူးစက္မႈက ဖြံ႕ၿဖိဳးမႈနည္းပါးတဲ့ ႏိုင္ငံေတြမွာ အဓိကျဖစ္မွာပါ။

ပထမဆုံးကူးစက္ခံရသူကို စတင္ေတြ႕ရွိခဲ့တဲ့ မတ္ ၂၃ ရက္ကေန စတင္ေရတြက္မယ္ဆိုရင္ ရက္ ၂၀ ကာလအတြင္း ျမန္မာႏိုင္ငံမွာ ကူးစက္ခံရသူ ၈၅ ဦးထိရွိလာခဲ့ကာ ေလးဦးထိ ေသဆုံးခဲ့ၿပီးျဖစ္ပါတယ္။ျပန္ေကာင္း လာသူက ၂ ဦးဆိုေပမယ့္ ေစာင့္ၾကည့္ခံေနရဆဲပါ။ေသဆုံးသူ ၄ ဦးအနက္ သုံးဦးမွာ သက္ႀကီး႐ြယ္အိုမ်ားျဖစ္ကာ နဂိုကတည္း ေရာဂါအခံရွိသူျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ထပ္မံကူးစက္ခံရသည္အခါ ခံႏိုင္ရည္မရွိဘဲ ကြယ္လြန္ခဲ့တာပါ။တစ္ဦးကေတာ့ ပိုးကူးစက္ခံရသူကေနတစ္ဆင့္ ကူးခဲ့တဲ့သူျဖစ္ၿပီး အသက္ ၅၀ ေက်ာ္သာ ရွိေသးတဲ့သူပါ။ဒီေသဆုံးသူ ၄ ဦးထဲမွာ ခရီးသြားရာဇဝင္ရွိၿပီး တိုက္႐ိုက္ကူးစက္ခံရသူက ၁ ဦးသာ ပါဝင္ကာ က်န္ ၃ ဦးက ခရီးသြားရာဇဝင္မရွိဘဲ တစ္ဆင့္ကူးစက္ခံရသူေတြပါ။ဒါဟာ ျမန္မာႏိုင္ငံမွာ တကယ္ႀကဳံေတြ႕လာႏိုင္ရတဲ့ ျပႆနာပါ။

ဧၿပီ ၁၆ ရက္ မနက္ထိ ထုတ္ျပန္ခ်က္ေတြထဲမွာ ပိုးကူးစက္ခံရသူ ၈၅ ဦးထိ ရွိလာခဲ့ၿပီး ထိုထဲတြင္ ထပ္ဆင့္ကူးစက္ခံရသူက အမ်ားဆုံးျဖစ္ခဲ့ပါတယ္။ယခုရက္သတၱပတ္ထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈနဲ႔ပတ္သက္ၿပီး လူေတြစိတ္ဝင္စားမႈအရွိဆုံးက အဆိုေတာ္ေတြ၊ နာမည္ႀကီး လူသိမ်ားတဲ့ပုဂၢိဳလ္ေတြ ဆည္းကပ္မႈရွိတဲ့ ခရစ္ယာန္ တရားေဟာဆရာ ေစာေဒးဗစ္(ခ)ေဒးဗစ္လား တက္ေရာက္ေဟာေျပာခဲ့တဲ့ ရွစ္မိုင္ ခ်ပ္စ္ေက်ာင္းမွာ ျပဳလုပ္တဲ့ သီးသန္႔ဆုေတာင္းပြဲကို တက္ေရာက္ခဲ့တဲ့သူေတြ အေတာ္မ်ားမ်ား ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံလိုက္ရလို႔ တစ္ႏြယ္ငင္ တစ္စင္ပါဆိုသလို အဆိုပါလူေတြရဲ႕ မိသားစုဝင္ေတြ၊ ရင္းႏွီးတဲ့သူေတြပါ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံလိုက္ရတဲ့ ျပႆနာပါဘဲ။

ဒီအခမ္းအနားက တားျမစ္ခ်က္ကို ခ်ိဳးေဖာက္ခဲ့တဲ့အတြက္ ပြဲစီစဥ္သူနဲ႔ လက္ခံက်င္းပတဲ့ ၄ ဦးကို ရန္ကုန္တိုင္းအစိုးရအဖြဲ႕က အေရးယူခဲ့ပါတယ္။ဒီထဲမွာ တရားေဟာဆရာ ေဒးဗစ္လား၊ န၀ရတ္ေတးသံသြင္းပိုင္ရွင္ ဦးေဝထြန္းနဲ႔ တျခား ၂ ဦးပါ။ဒီပြဲကို ကြာရင္းတိုင္းမခ်ခင္ စင္ကာပူကေနျပန္လာၿပီး ကပ္လြတ္ခဲ့တဲ့သူ တက္ေရာက္ခဲ့ကာ ဆက္တိုက္ဆိုသလို အေတာ္မ်ားမ်ားကို ကူးစက္ခဲ့တာပါ။ထိုသို႔ တစ္ဆင့္ခံကူးစက္ရသူေတြထဲမွာ အဆိုေတာ္မ်ိဳးႀကီးတို႔ ပါဝင္ခဲ့ၿပီး ေနာက္ဆုံးၾကားသိရသမွ် အဆိုေတာ္ J-Me ရဲ႕ အမ်ိဳးသမီးပါ ကူးစက္ခံရသူထဲ ပါဝင္လာခဲ့ကာ ေနာက္ဆက္တြဲ ထပ္မံကူးစက္ႏိုင္တာေတြေၾကာင့္ ရန္ကုန္ၿမိဳ႕မွာ တခ်ိဳ႕လမ္းေတြ၊ တိုက္ခန္းဝန္းက်င္ေတြကိုပါ Lock Down ခ်ရတာေတြအထိ ျဖစ္ခဲ့ပါတယ္။

ဒီအခမ္းအနားမွာ တက္ခဲ့တဲ့သူေတြနဲ႔ ပတ္သက္ဆက္ႏြယ္သူေတြ ကူးစက္ခံခဲ့ရတာေတြေၾကာင့္ ယခုရက္သတၱပတ္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအေရအတြက္က ေဆာင့္တက္သလို ျဖစ္ခဲ့ရပါတယ္။ဧၿပီ ၁၄ ရက္ မနက္မွာ ရန္ကုန္ၿမိဳ႕ထဲ ပန္းဘဲတန္းၿမိဳ႕နယ္ ၂၆ လမ္းက အသက္ ၈၅ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ပါတယ္။ဒီလိုေသဆုံးခဲ့တဲ့အတြက္ စစ္ေဆးရာမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအျဖစ္ ေတြ႕ရွိရတဲ့အတြက္ အဆိုပါေနရာတစ္ဝိုက္ အားခ်င္း Lock Down ခ်ခဲ့ရပါတယ္။ဒါေပမယ့္ အဲဒီလို ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးေၾကာင္း စစ္ေဆးေတြ႕ရွိတဲ့အခ်ိန္မွာ ေသဆုံးသူကို ႐ို႐ိုးေသဆုံးတယ္ထင္ၿပီး လမ္းထဲက လူနာလာေမးတဲ့သူေတြ အေတာ္မ်ားမ်ားရွိေနသလို ေစ်းေရာင္းတဲ့သူလည္းျဖစ္တဲ့အတြက္ ေတာက္ေလွ်ာက္ထိစပ္သမွ် စုံစမ္းကာ ေစာင့္ၾကည့္ထဲထည့္ေပမယ့္ ဘယ္ေလာက္ထိ ထပ္ဆင့္ကူးစက္ေနၿပီလဲဆိုတာ မသိရေသးပါဘူး။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ဟန႔္တားဖို႔အတြက္ အခက္အခဲေတြက အမ်ားႀကီးကို အာဏာပိုင္ေတြ လက္ရွိမွာႀကဳံေနရပါတယ္။အထူးသျဖင့္ မလိုက္နာမႈေတြပါဘဲ။တခ်ိဳ႕ေသာသူေတြ က်န္းမာေရးတားျမစ္ခ်က္ကို မလိုက္နာတာက တာဝန္ယူေနရတဲ့သူေတြကို အခက္ေတြ႕ေစပါတယ္။ယခုရက္သတၱပတ္ထဲမွာ တားျမစ္ခ်က္ကို ခ်ိဳးေဖာက္လို႔ အေရးယူခဲ့ရတာေတြ ရွိခဲ့ပါတယ္။ေနျပည္ေတာ္က စည္ပင္ဧည့္ရိပ္သာမွာ (Quarantine) ထားတဲ့ ေစာင့္ၾကည့္လူနာေတြထဲက အေဆာင္ကူးတဲ့သူနဲ႔ လက္ခံေတြ႕တဲ့သူ၊ ေစ်းဝင္ေရာင္းတဲ့သူ ၃ ဦးကို အမႈဖြင့္အေရးယူခဲ့ရသလို တိုင္းရင္းသားလက္နက္ကိုင္နယ္ေျမေတြမွာ တားျမစ္ခ်က္ကို မလိုက္နာတဲ့သူေတြကို ျပင္းျပင္းထန္ထန္ အေရးယူကိုင္တြယ္မႈေတြ လုပ္ခဲ့တာကို ေတြ႕ရပါတယ္။ဧၿပီ ၁၆ ရက္ ညမွာေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ကန႔္သတ္တားျမစ္ခ်က္ေတြကို မလိုက္နာတဲ့သူေတြကို ဥပေဒအရ အေရးယူမယ္လို႔ ျပင္းျပင္းထန္ထန္ သတိေပးခဲ့ပါတယ္။

ယခုရက္ထဲမွာဘဲ တ႐ုတ္ျပည္နယ္စပ္မွာ တ႐ုတ္ဘက္က ျမန္မာအလုပ္သမား ၁၈၀၀၀ ကို ျပန္လႊတ္တယ္ဆိုတဲ့ သတင္းေတြတက္ေနခဲ့သလို ဒီဘက္ကလည္း ေစာင့္ၾကည့္စခန္းမွာ ၂၁ ရက္ ထားၿပီးမွ ျပန္လႊတ္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားတယ္ ဆိုပါတယ္။ဧၿပီ ၁၆ ရက္မွာ လြယ္ဂ်ယ္ဂိတ္ကေန စဝင္ခဲ့ရာမွာ တစ္ရက္ကို လူ ၂၀၀ ႏႈန္းနဲ႔ ျပန္အဝင္ခံခဲ့ပါတယ္။ဒီရက္မွာဘဲ ထုံးစံအတိုင္း ႏွစ္ဆန္းတစ္ရက္မွာ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လြတ္လာမယ့္သူေတြလည္း ရွိတဲ့အတြက္ ယခင္ ထိုင္းကျပန္လာသူေတြ၊ ျပည္ပကျပန္လာသူေတြနဲ႔ မႏိုင္မနင္းျဖစ္ေနတဲ့ က်န္းမာေရးဘက္ကသူေတြအဖို႔ ထပ္တက္လာမယ့္ တာဝန္ေတြကို ဘယ္ေလာက္ထိ ေစ့စပ္ေသခ်ာစြာ တာဝန္ထမ္းႏိုင္မလဲ၊ ဝိုင္းဝန္းကူညီသူေတြဘက္က ဘယ္ေလာက္ထိ ပူးေပါင္းပါဝင္မႈရွိမလဲ၊ ဝင္ေရာက္လာသူေတြက ဒီလိုကန႔္သတ္ခ်က္ေတြကို အသိရွိရွိနဲ႔ ဘယ္ေလာက္ထိပါဝင္ေပးႏိုင္ၾကမလဲဆိုတာေတြက ျမန္မာႏိုင္ငံမွာ ဧၿပီ ဒုတိယနဲ႔ တတိယအပတ္အတြင္း ကူးစက္ခံရသူ မ်ားျပားစြာေတြ႕ရႏိုင္တယ္ဆိုတဲ့ တာဝန္ရွိသူေတြရဲ႕ ခန႔္မွန္းခ်က္ မွန္၊ မမွန္ကို ဆုံးျဖတ္ေပးမွာပါ။

ဒီအတြက္ အစိုးရပိုင္းက ျပည္သူေတြပါဝင္မႈနဲ႔ ေဆာင္႐ြက္ေစတဲ့ ကာလကေန တားျမစ္ခ်က္ေတြလိုက္နာေအာင္ အတင္းအက်ပ္ အာဏာနဲ႔ၾကပ္မတ္ရတဲ့အထိ ျဖစ္လာေတာ့မလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုရက္ထဲျဖစ္ခဲ့တဲ့ ဆက္စပ္သတင္းေတြျဖစ္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူမ်ားလာလို႔ စိုးရိမ္တယ္လို႔ ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာခဲ့တဲ့သတင္းေတြ၊ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအႏၲရာယ္ေၾကာင့္ ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီးမွာ ဧည္သည္ေတြ႕ခြင့္ ပိတ္လိုက္တဲ့သတင္းေတြ၊ ဒုသမၼတနဲ႔ မိသားစုအတြင္း ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးခဲ့ရာမွာ မရွိဘူးဆိုတဲ့သတင္းေတြ၊ မေလးရွားမွာ ျမန္မာလုပ္သားတစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ေရာဂါနဲ႔ ေသဆုံးခဲ့တဲ့သတင္း၊ ဟိုပုန္းမွာ တပ္မေတာ္သားမ်ားနဲ႔ မိသားစုဝင္ ၂၀၀ ခန႔္ကို Quarantine ျပဳလုပ္ထားရတဲ့သတင္း၊ မႏၲေလးမွာ ႏွစ္ဆန္းတစ္ရက္ေနာက္ပိုင္း Mask မတပ္ဘဲ သြားလာရင္ အေရးယူေတာ့မယ့္သတင္း၊ တနသၤာရီတိုင္းက ေရျဖဴမွာ ဘုန္ႀကီးပ်ံပြဲ က်င္းပခဲ့တဲ့သူေတြနဲ႔ ၿမိတ္မွာ မဂၤလာေဆာင္ပြဲ က်င္းပခဲ့တဲ့သူေတြကို တရားစြဲအမႈဖြင့္တဲ့သတင္း၊ ဧရာ၀တီတိုင္းထဲ ဘယ္ေနရာသြားသြား ခရီးသြားေထာက္ခံခ်က္ရယူဖို႔ သတ္မွတ္ခဲ့တဲ့သတင္း၊ မေလးရွားမွာ သၾကၤန္ပြဲက်င္းပသူ ဆလန္ေကာျပည္နယ္ လက္အိတ္စက္႐ုံ Hartalega ျမန္မာ ၇၀ နီးပါး ဖမ္းဆီးခံရတဲ့သတင္း၊ စစ္ကိုင္းမွာ ညမထြက္အမိန႔္ ထုတ္ျပန္ခဲ့တဲ့ သတင္းေတြလည္း သတိထားမိစရာ ျဖစ္ခဲ့ပါတယ္။

ကပ္ေဘးတစ္ဘက္ တိုက္ပြဲတစ္ဘက္  

ကိုဗစ္-၁၉ လို႔ ေခၚတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တစ္ကမာၻလုံးဗ်ာေပြေနခ်ိန္မွာ ကမာၻတစ္ဝန္းျဖစ္ေနတဲ့ စစ္ပြဲေတြကို ကုလအတြင္းေရးမႉးခ်ဳပ္က ရပ္ဆိုင္းၾကဖို႔ ေမတၱာရပ္ခံခဲ့ပါတယ္။ဒီအတြက္ ထင္ရွားတဲ့လိုက္နာမႈ က ျပည္တြင္းစစ္ျဖစ္ေနတဲ့ ယီမင္လိုႏိုင္ငံမွာ ဒီကာလထဲ စစ္ပြဲကိုရပ္တန႔္ေပးခဲ့ပါတယ္။ဒါေပမယ့္ အိုင္အက္စ္ေတြနဲ႔ ဟစ္ဇ္ဘိုလာေတြလို အစြန္းေရာက္ေတြကေတာ့ ဒီကာလကို အခြင့္ေကာင္းယူၿပီး တိုက္ခိုက္တာေတြ လုပ္ခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၈၀ ေက်ာ္ရွိလာၿပီး ေစာင့္ၾကည့္ခံ Quarantine ဦးေရ ေသာင္းနဲ႔ခ်ီၿပီးရွိလာတဲ့ ျမန္မာႏိုင္ငံမွာေတာ့ ယခုခ်ိန္ထိတိုက္ပြဲေတြေၾကာင့္ အရပ္သားေသဆုံးမႈေတြ ရွိေနဆဲျဖစ္ပါတယ္။သၾကၤန္အက်ေန႔ ဧၿပီ၁၃ ရက္ မနက္ပိုင္းမွာ ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕နယ္ထဲက ေက်ာက္ဆိပ္ေက်း႐ြာကို လက္နက္ႀကီးက်ည္က်လို႔ ေပါက္ကြဲရာမွာ ႐ြာသား ၄ ဦး ပြဲခ်င္းၿပီးေသဆုံးၿပီး ေနာက္ ၅ ဦးက ေဆး႐ုံမွာဆုံးပါးခဲ့ပါတယ္။သတင္းေတြမွာေတာ့ အဆိုပါေနရာတစ္ဝိုက္ တိုက္ပြဲေတြမရွိဘဲ အနီးစပ္ဆုံးဆိုလို႔ ပုဏၰားကြၽန္းၿမိဳ႕အဝင္မွာ စစ္တပ္တပ္ရင္းတစ္ခုသာ ရွိတယ္လို႔ဆိုပါတယ္။႐ြာသား ၉ ေယာက္ ေသဆုံးၿပီး ၆ ဦးဒဏ္ရာရတဲ့ ဒီျဖစ္ရပ္မွာ ဘယ္ဘက္ကပစ္လိုက္လို႔ ထိတယ္ဆိုတာ မသိရပါဘူး။ဧၿပီလ ၁ ရက္ကလည္း ေက်ာက္ေတာ္ၿမိဳ႕မွာ ပစ္ခတ္မႈျဖစ္ပြားလို႔ အရပ္သား ၅ ဦး က်ည္ဆန္ထိမွန္ေသဆုံးခဲ့ၿပီး ၇ ဦး ျပင္းထန္ဒဏ္ရာမ်ားရရွိခဲ့သလို ဧၿပီ ၈ ရက္မွာ အမ္းၿမိဳ႕နယ္၊ ကဇုကိုင္းေက်း႐ြာအုပ္စု၊ ဆင္ဦးတိုက္ေက်း႐ြာကို လက္နက္ႀကီးက်လို႔ အရပ္သား ၄ ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

ဒီလိုေတြျဖစ္ေနတဲ့အတြက္ သိန္းနဲ႔ခ်ီတဲ့ ရခိုင္ေဒသခံေတြ စစ္ေဘးေရွာင္ ဒုကၡသည္စခန္းေတြမွာ ခိုလႈံေနရတဲ့အတြက္ ယခုလို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါေဘးႀကဳံခ်ိန္မွာ ဒီလို စစ္ေဘးေရွာင္ဒုကၡသည္စခန္းေတြေရာက္ စစ္ေဘးဒုကၡသည္ေတြ ကူးစက္ေရာဂါ ကူးစက္ႏိုင္မႈက အျမင့္ဆုံးထိေရာက္ေနတာ အမွန္ပါဘဲ။ဒါဟာ ျမန္မာႏိုင္ငံ တိုင္းရင္းသားေဒသေတြ၊ တိုင္းရင္းသားလက္နက္ကိုင္ေတြ ႀကီးစိုးတဲ့ေနရာေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ေဘးက ႀကီးႀကီးမားမားၿခိမ္းေျခာက္ေနသလို အဆိုပါေနရာေဒသတစ္ဝိုက္မွာေနတဲ့သူေတြအဖို႔ တိုက္ပြဲကတစ္ဘက္ ေရာဂါကပ္ေဘးအႏၲရာယ္တစ္ဘက္ အသက္ေဘးၿခိမ္းေျခာက္မႈက ႀကီးမားေနၿပီျဖစ္ပါတယ္။

ဒီရက္ထဲမွာဘဲ တ႐ုတ္-ျမန္မာ နယ္စပ္ျဖစ္တဲ့ မူဆယ္မွာ ဗုံးႏွစ္လုံးဆက္တိုက္ေပါက္ကြဲခဲ့ပါတယ္။လူသူထိခိုက္ေသဆုံးမႈ မရွိေပမယ့္ ဒီလိုကာလမွာျဖစ္တဲ့ ေပါက္ကြဲမႈက ကူးစက္ေရာဂါေဘးေၾကာင့္ ထိတ္လန႔္ေနရတဲ့အခ်ိန္မွာ ျဖစ္တဲ့အတြက္ အေတာ္ေလးကို တာသြားခဲ့ပါတယ္။ရခိုင္နဲ႔ ဘဂၤလားေဒ့ရွ္အစပ္ ေမာင္ေတာမွာ ဒီရက္ထဲျဖစ္တဲ့ ဧၿပီ ၁၄၊ ၁၅ မွာ အတန္ၾကာသတင္းေပ်ာက္ကြယ္ေနတဲ့ ARSA အၾကမ္းဖက္အဖြဲ႕က ဘက္ဟိုးယာဥ္ကို ေဖာက္ခြဲခဲ့သလို အင္အား ၃၀ ေလာက္က ခေမာင္းဆိပ္ေက်း႐ြာကို စာလာပို႔တဲ့ ရဲတပ္ဖြဲ႕ဝင္ ၄ ဦးကို ၿခဳံခိုတိုက္ခိုက္ခဲ့လို႔ ၂ ဦးက်ဆုံးခဲ့တဲ့ ျဖစ္ရပ္လည္းရွိခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ ျပင္းထန္ေနခ်ိန္မွာ ႏိုင္ငံတိုင္းက မတူညီတာေတြ အသာထားၿပီး ကပ္ေရာဂါေဘးကို အားလုံးလက္တြဲၿပီး ရင္ဆိုင္ေနခ်ိန္မွာ ကိုယ့္ႏိုင္ငံထဲက တခ်ိဳ႕ေဒသေတြမွာ လက္နက္ကိုင္တိုက္ခိုက္မႈသတင္းေတြ၊ အရပ္သားေတြေသေၾကဒဏ္ရာရမႈေတြ၊ စားေရးေသာက္ေရးဒုကၡေရာက္တာေတြ စတဲ့သတင္းေတြက ယခုတစ္ပတ္မွာ အေတာ္ေလးစိတ္မေကာင္းစရာသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ကိုဗစ္အလြန္ ျမန္မာ့စီးပြားေရး

ယခုရက္ပိုင္း တိုင္းႏွင့္ ျပည္နယ္ေတြက ေဒသခံေတြနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္တို႔  အြန္လိုင္းကေန ေတာက္ေလွ်ာက္ေတြ႕ဆုံမႈေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တိုင္းျပည္စီးပြားေရး မထိခိုက္ဖို႔ အတတ္ႏိုင္ဆုံးလုပ္ေနတယ္ဆိုတာကို ေျပာခဲ့တာေတြ႕ရပါတယ္။
မြန္ျပည္နယ္က ေဒသခံေတြနဲ႔ေတြ႕တဲ့ အြန္လိုင္းေတြ႕ဆုံမႈမွာဆိုရင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က အစိုးရအေနနဲ႔ ကိုဗစ္-၁၉ ေၾကာင့္ စီးပြားေရးမက်ဆင္းေစရန္ႏွင့္ အနာဂတ္တြင္ ျပည္သူမ်ား၏ စီးပြားေရးမထိခိုက္ေစရန္ ႀကိဳတင္ျပင္ဆင္ေနၿပီး တတ္ႏိုင္သမွ် လုပ္ေဆာင္ေနတယ္လို႔ ေျပာခဲ့ပါတယ္။

ကမာၻလုံးဆိုင္ရာကပ္ေဘးျဖစ္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ခုခံျပင္ဆင္တိုက္ပြဲဝင္ေနၾကသလို တစ္ဖက္မွာလည္း ဒီကပ္ေရာဂါၿပီးဆုံးတဲ့ေနာက္ ျဖစ္လာႏိုင္တဲ့ ေနာက္ဆက္တြဲ စီးပြားေရးပ်က္ကပ္ေဘးအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေနၾကတာကို ေတြ႕ရမွာျဖစ္ပါတယ္။
ကမာၻဘဏ္ကလည္း ကိုဗစ္-၁၉ လို႔ေခၚတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေဘးေၾကာင့္ ျဖစ္လာႏိုင္တဲ့ စီးပြားေရးက်ဆင္းမႈေတြကို ထုတ္ျပန္ခဲ့ပါတယ္။ကမာၻ႔ဘဏ္က ထုတ္ျပန္တဲ့ “ကိုဗစ္-၁၉ ျဖစ္ပြားခ်ိန္ အေရွ႕အာရွႏွင့္ ပစိဖိတ္ေဒသ” အစီရင္ခံစာမွာ ယခုႏွစ္ထဲ ကုန္ထုတ္လုပ္ေရးလုပ္ငန္းမ်ားႏွင့္ ပို႔ကုန္မ်ား ေႏွးေကြးသြားမယ္လို႔ ခန္မွန္းခဲ့တာရွိၿပီး ျမန္မာႏိုင္ငံ၏ စုစုေပါင္းျပည္တြင္းထုတ္လုပ္မႈက ၂ ရာခိုင္ႏႈန္းႏွင့္ ၃ ရာခိုင္ႏႈန္းအၾကား ေႏွးေကြးသြားႏိုင္လို႔ ဒီဒဏ္ကို ႏိုင္ငံတဝန္းရွိ ဆင္းရဲသားမ်ားႏွင့္ ထိခိုက္လြယ္မိသားစုမ်ား ခံရႏိုင္ေျခရွိတယ္ဆိုၿပီး သတိေပးခဲ့ပါတယ္။

အစိုးရက လြန္ခဲ့ေသာရက္မ်ားအတြင္း ကိုဗစ္-၁၉ ေၾကာင့္ ႏိုင္ငံစီးပြားေရးအေပၚ သက္ေရာက္မႈမ်ား သက္သာေစရန္ အားထုတ္တဲ့အေနနဲ႔ က်ပ္ ၁၀၀ ဘီလ်ံတန္ ေခ်းေငြမ်ား၊ အခြန္ေပးေဆာင္ရန္ ေနာက္ဆုံးရက္သတ္မွတ္ေျဖေလွ်ာ့ျခင္း၊ ကူးစက္ေရာဂါေၾကာင့္ အထိနာေနတဲ့ ခရီးသြားလုပ္ငန္းလို စီးပြားေရးလုပ္ငန္းမ်ားအတြက္ လိုင္စင္ေၾကး တစ္ႏွစ္သက္သာခြင့္ေပးတာမ်ိဳးေတြ၊ အခြန္ကင္းလြတ္ခြင့္ေပးျခင္းအပါအဝင္ ကနဦးအားေပးကူညီေရး အစီအစဥ္မ်ားကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။တျခားေသာ ပုဂၢဳလိကအပိုင္းေတြျဖစ္တဲ့ အေသးစားေခ်းေငြလုပ္ငန္းေတြ အေတာ္မ်ားမ်ားက ကုမၸဏီမ်ားက ျပန္ဆပ္ေငြမ်ားေပးသည့္ကာလကို ဆိုင္းငံ့ထားေၾကာင္း ေၾကညာခ်က္ထုတ္တာေတြ ရွိခဲ့ပါတယ္။ဘယ္ေလာက္ၾကာမလဲမသိရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ကပ္ေဘးအတြက္ ဒီလိုလိုက္ပါလုပ္ေဆာင္မႈေတြက ဒီကာလမွာ ဝင္ေငြမဲ့ၿပီး စားေသာက္ေရးအတြက္ အဓိကအာ႐ုံထားရမယ့္ကာလမွာ အမ်ားႀကီးအေထာက္အကူျဖစ္ခဲ့ပါတယ္။

အထူးသျဖင့္ တ႐ုတ္ႏိုင္ငံက ကုန္ၾကမ္းအဓိကရယူရတဲ့ အထည္ခ်ဳပ္လုပ္ငန္းမ်ိဳးမွာ ကုန္ၾကမ္းမရတာနဲ႔၊ ေရာဂါကူးစက္ႏိုင္တာေတြေၾကာင့္ စက္႐ုံေတြပိတ္ရတာေတြေၾကာင့္ အလုပ္လက္မဲ့ျဖစ္လာတာေတြက ဒီထက္တက္လာႏိုင္တာေတြ ရွိႏိုင္ပါတယ္။ကိုဗသ္-၁၉ ေၾကာင့္ ကမာၻ႔စီးပြားေရး ဆုတ္ကပ္ျဖစ္ေပၚလာရင္ ကုန္သြယ္ေရး၊ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ခရီးသြားလုပ္ငန္းႏွင့္ ကုန္စည္ေဈးႏႈန္းမ်ားမွတဆင့္ ျမန္မာႏိုင္ငံအေပၚ အႀကီးအက်ယ္႐ိုက္ခတ္မႈရွိမယ္လို႔  ကမာၻ႔ဘဏ္က သတိေပးထားတာရွိပါတယ္။လက္ရွိမွာ ေနအိမ္မွာေနၿပီး အလုပ္လုပ္ဖို႔နဲ႔ ေနအိမ္မွာေနဖို႔၊ လူ ၅ ဦးထက္မပိုဖို႔ ကန႔္သတ္ခဲ့တာေတြ ရွိခဲ့တဲ့အတြက္ စက္႐ုံေတြျပန္လည္ပတ္ဖို႔ဆိုတာထက္ စက္႐ုံေတြရပ္နားထားရဖို႔က ပိုမ်ားေနပါတယ္။တခ်ိဳ႕စက္႐ုံေတြကေတာ့ ေလာေလာလတ္လတ္ လိုအပ္ေနတဲ့ mask ေတြ ေျပာင္းလဲထုတ္လုပ္ဖို႔ ျပင္ဆင္ေနတာေတြရွိပါတယ္။

ခရီးသြားလုပ္ငန္းအျပင္ တျခားေသာလုပ္ငန္းေတြမွာလည္း ထိခိုက္မႈက ျပင္းထန္ခဲ့ပါတယ္။ျမန္မာႏိုင္ငံ၏ ကုန္သြယ္ေရးဂိတ္ေပါက္မ်ားျဖစ္ေသာ တ႐ုတ္၊ ထိုင္းႏွင့္ အိႏၵိယ နယ္စပ္ဂိတ္မ်ားမွာ သြားလာခြင့္ေတြ တားဆီးကန႔္သတ္မႈေတြရွိလာခဲ့လို႔ အလုပ္လက္မဲ့ျဖစ္သြားတဲ့ အလုပ္သမားေတြ အမ်ားအျပားရွိခဲ့ပါတယ္။အြန္လိုင္းကေန Video Conferencing စနစ္နဲ႔ ျပဳလုပ္တဲ့ ကိုဗစ္-၁၉ အာဆီယံအထူးထိပ္သီးအစည္းအေဝးႏွင့္ အာဆီယံအေပါင္းသုံးႏိုင္ငံ အစည္းအေဝးမွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ပါဝင္တက္ေရာက္ၿပီး ကိုဗစ္-၁၉ အက်ပ္အတည္းကာလမွာ အေရးႀကီးကုန္ပစၥည္းမ်ား၊ အထူးသျဖင့္ က်န္းမာေရးဆိုင္ရာ အေရးေပၚအေထာက္အကူျပဳပစၥည္းမ်ား အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား အျပန္အလွန္ကူညီပံ့ပိုးေရးနဲ႔ ကိုဗစ္-၁၉ အလြန္ကာလမွာ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္မ်ား ေရးဆြဲတာေတြ ပါဝင္ခဲ့ပါတယ္။

ထိခိုက္မႈကေတာ့ အနည္းနဲ႔အမ်ားဆိုတာဘဲ ကြာမွာျဖစ္သလို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ ေသဆုံးမႈကလည္း ဒီလိုအနည္းနဲ႔အမ်ားဘဲ ကြာမွာျဖစ္ပါတယ္။က်န္းမာေရးမွာ အထိနည္းေအာင္ တစ္တိုင္းျပည္လုံး တက္ညီလက္ညီလုပ္ေဆာင္သလို စီးပြားေရးမွာလည္း အထိနည္းေအာင္၊ အလ်င္အျမန္ျပန္လည္ႏိုးထေအာင္ ျပည္သူအားနဲ႔ ပါဝင္ကူညီဝိုင္းဝန္းမႈနဲ႔ ဘယ္ေလာက္ထိလုပ္ႏိုင္မလဲဆိုတာ မၾကာခင္ရက္သတၱပတ္ေတြမွာ ျမင္ရေတာ့မွာျဖစ္ပါတယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္နားလိုက္ခ်င္ပါတယ္။

မာလင္း
ဧၿပီ - ၁၇