【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကျည်ဆံ၊ စက်သုံးဆီနှင့် ဘင်္ဂါလီအသံ ညံခဲ့တဲ့ ကုလညီလာခံ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကျည်ဆံ၊ စက်သုံးဆီနှင့် ဘင်္ဂါလီအသံ ညံခဲ့တဲ့ ကုလညီလာခံ

ဒီတစ်ပတ် သတင်းတွေထဲ လှည်းကူးမှာ ကျည်ဆံတွေမိရာကနေ ယခင် စကော်ပီယံအဖွဲ့ဝင် တစ်ဦးနဲ့ ဗိုလ်ကြီးတစ်ဦး ပါဝင်နေတဲ့ နယ်ခြားပြည်သူ့စစ်အတွက် ကျည်ဆံဝယ်ယူပေးမှု ပေါ်ပေါက်တဲ့ သတင်းနဲ့ ကုလညီလာခံမှာ ခိုးဝင်ဘင်္ဂါလီအခြေချတွေ အရေးနဲ့ ပတ်သက်ပြီး မြန်မာကို ဖိအားပေးမှု သတင်းတွေက ဒီတစ်ပတ် သတင်းဖတ်ရှုသူတွေ အာရုံစိုက်ခဲ့ရတဲ့ သတင်းတွေပါ။

အဆိုပါသတင်းတွေအပြင် သရုပ်ဆောင် မင်းသွေး ရုတ်တရက် ကွယ်လွန်တဲ့သတင်း ကနေဒါ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည် အား ပေးအပ်ချီးမြှင့်ထားသော ကနေဒါ ဂုဏ်ထူးဆောင်နိုင်ငံသား ဖြစ်မှုကို ရုပ်သိမ်းခဲ့တဲ့ သတင်း၊ စည်းကမ်းမဲ့ ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများ သွယ်တန်းထားသည့် ကုမ္ပဏီများကို အရေးယူဆောင်ရွက်မည့် သတင်း၊ ဆေးခန်းတွင် သံဃာတစ်ပါးအား ဆေးကုနေသော အငြိမ်းစား ထောင်ဆရာဝန်တစ်ဦး ဓားထိုးခံရကာ သေဆုံးမှု အင်းစိန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သတင်း၊ မန္တလေး ကန်တော်ကြီးပတ်လမ်း ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း ၉,၀၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေကို လူသုံးဦးထံက ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ပုံတွေအသုံးပြုကာ မဲဆွယ်ခြင်းက ဥပဒေနှင့် ငြိစွန်းခြင်းမရှိဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ သတင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရက ကောင်းမှုတော်စေတီကို ထုံးသင်္ကန်း ပြန်လည်ကပ်လှူဖို့ ညွှန်ကြားလိုက်တဲ့ သတင်း၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ထိပ်သီးခေါင်းဆောင်များနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမယ့် သတင်း၊ တောင်ကြီးမှာ ရုတ်တရက်မိုးကြီးလို့ ရပ်ကွက်တွေရေမြှုပ်ပြီး နေအိမ် ၆၃ လုံးပျက်စီးကာ လူ ၂၀၀ ကျော် ရွှေ့ပြောင်းရတဲ့ သတင်းတွေ ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့ပါတယ်။

ရှုံးနေတဲ့ ပုဂ္ဂလိက ဆီဆိုင်တွေ ဖျက်သိမ်းဖို့ လိုနေပြီလား။

    
ယခုတစ်ပတ် သတင်းတွေထဲမှာ စိတ်ဝင်စားစရာကောင်းပြီး အစိုးရအာဏာပိုင်တွေဘက်က ဘာများစလုပ်မလဲဆိုပြီး ပြည်သူတွေက စောင့်ကြည့်နေရတဲ့ သတင်းတစ်ပုဒ် ရှိခဲ့ပါတယ်။ဒီသတင်းက စက်သုံးဆီဆိုင်တွေ ဒေါ်လာဈေးနဲ့အတူ တောက်လျှောက်တက်ပြီး ပြန်မကျတဲ့အပေါ် စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် က ဈေးလျော့ပြီး အရှုံးခံမရောင်းဖို့ ပြောခဲ့တဲ့သတင်းပဲ ဖြစ်ပါတယ်။

    
ပြည်တွင်းမှာ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်လာမှုနဲ့အတူ တွဲတက်လာတဲ့ဈေးက စက်သုံးဆီဈေးပါ။ဈေးတက်တဲ့အခါ ဒေါ်လာဈေးတက်လို့ ဈေးတက်ရတယ်ဆိုတဲ့ ဆင်ခြေကို အမြဲပေးလေ့ရှိပေမယ့် ဒေါ်လာဈေးကျတဲ့အခါ အတက်ဈေးနဲ့ ဝယ်ထားရလို့ ဈေးလျော့ရောင်းလို့ မရပါဘူးဆိုပြီး ဈေးချဖို့ ငြင်းဆန်လေ့ ရှိပါတယ်။ဒါပေမယ့် စက်သုံးဆီသဘောက ခြောက်လခန့် ကြိုတင်ဝယ်လှောင်ထားတာ ဖြစ်တဲ့အတွက် ဒီလိုအကြောင်းပြချက်တွေက အများပြည်သူအတွက် ဒေါသထွက်စရာ အကြောင်းပြချက်တွေပါဘဲ။အရပ်သားအစိုးရ တက်လာကာစက နိုင်ငံခြားစက်သုံးဆီဆိုင်တွေကို ပြည်တွင်းမှာ ဖွင့်ခွင့်ပေးမယ်ဆိုတဲ့ အသံတွေ ထွက်လာခဲ့သေးပေမယ့် နောက်ပိုင်း ပြည်တွင်းစက်သုံးဆီဆိုင် လုပ်ငန်းရှင်ကြီးတွေက အစိုးရအာဏာပိုင်တွေထံ သွားရောက်အနားခံတယ်လို့ အသံတွေ ထွက်လာပြီးနောက် ပြည်ပစက်သုံးဆီကုမ္ပဏီတွေ ပြည်တွင်းမှာ လက်လီလာရောက်ရောင်းချခွင့်ပြုမယ့် သတင်း ပျောက်သွားခဲ့ပါတယ်။
    

စက်တင်ဘာ ၂၈ ရက်က စက်သုံးဆီဈေးနူန်းတွေ တက်တာနဲ့ ပတ်သက်ပြီး စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း အတွင်းရေးမှူးက စက်သုံးဆီပိုင်ရှင်တွေကို ဈေးလျော့ပြီး အရှုံးခံမရောင်းဖို့ တိုက်တွန်းခဲ့တာနဲ့ စက်သုံးဆီဆိုင်တွေ ရှုံးနေတယ်ဆိုတဲ့ စကားတွေကြောင့် အများပြည်သူကြားမှာ ထောက်ပြအပြစ်တင်စရာ ဖြစ်လာခဲ့ပါတယ်။
    

နိုင်ငံတစ်နိုင်ငံရဲ့ အဓိကသွေးကြောက လောင်စာဆီပါဘဲ။လောင်စာဆီ ဈေးတက်လို့ အဓိကရုဏ်းတွေဖြစ်တာ၊ အကြမ်းဖက်တာတွေက မြန်မာ အပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတွေပါ။၂၀၀၇ သံဃာအရေးအခင်းက လောင်စာဆီ ဈေးတက်တာနဲ့လည်း ပတ်သက်ခဲ့သလို စက်သုံးဆီ ဈေးတက်တာနဲ့ ကုန်စည်ပို့ဆောင်ရေးကို  အဓိကရိုက်ခတ်လေ့ ရှိတာလည်း အများပြည်သူက သတိထားမိလေ့ရှိနေတာ ကြာပါပြီ။မထင်မှတ်ရင် တိုင်းပြည်ပျက်နိုင်တဲ့အထိ အရေးကြီးတဲ့ စက်သုံးဆီလို့ အပိုင်းကဏ္ဍကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေလက်ထဲ ထည့်ထားတာဟာ တော်တော်လေး ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ကိစ္စပါဘဲ။
    

အောက်တိုဘာ ၃ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဋ္ဌေး က အမြဲလိုလို အရှုံးပေါ်နေတဲ့ စက်သုံးဆီလုပ်ငန်းတွေကို ပိတ်သိမ်းပြီး ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်အသစ်တွေနဲ့ စက်သုံးဆီ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပေးဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
    

ဒီလို ဒေါ်လာဈေးတက်တိုင်း လိုက်တက်ပြီး ကျရင်ပြန်မကျဘဲ အများပြည်သူအတွက် နစ်နာနေရတဲ့ စက်သုံးဆီကိစ္စက လွှတ်တော်အထိ ရောက်သွားပြီ ဖြစ်တဲ့အတွက် အစိုးရက ဒီကိစ္စမှာ ရင်ကြားစေ့ရေးမှုအရ ယခင်ခရိုနီတွေ အကျိုးမပျက်တဲ့ဘက်က ရပ်မလား၊ ဈေးနူန်းကြီးမြင့်မှုကို ကြီေးလးစွာခံနေရတဲ့ ပြည်သူတွေ အကျိုးစီးပွားအတွက် ပြည်ပစက်သုံးဆီကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေးမလားဆိုတာ အများပြည်သူက စောင့်ကြည့်နေပြီ ဖြစ်ပါတယ်။

ဒီသတင်းက မန္တလေး ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် JICA က ဂျပန်ယန်း ခြောက်ဘီလျံကျော် (ဒေါ် လာ ၅၂ သန်းကျော်) ထောက်ပံ့ကူညီဖို့ လက်မှတ်ထိုးခဲ့တဲ့ သတင်း၊ တရုတ် လေကြောင်းလိုင်းဖြစ်တဲ့ 9Air လေကြောင်းလိုင်း ကွမ်ကျိုး-မန္တလေး ခရီးစဉ်သစ်ကို စတင်ပြေးဆွဲတဲ့ သတင်း၊ အစိုးရက ဒေါ်လာဈေး ကစားသူတွေကို ဝင်ရောက်ဖမ်းဆီးပြီးနောက်ပိုင်း အမေရိကန် ဒေါ်လာတန်ဖိုး ကျဆင်းလာတဲ့ သတင်း၊ စစ်ကိုင်းတိုင်းအတွင်း တရုတ် ဖရဲ၊ သခွား စိုက်ပျိုးရေး ကုမ္ပဏီတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၃၈ ဦးကို ဗီဇာစည်းကမ်း မလိုက်နာလို့ ပြည်နှင်ဒဏ် ပေးလိုက်တဲ့ သတင်းကိုတွေကိုကျော်ပြီး တစ်ပတ်စီးပွားရေးနောက်ခံ ပဋိပက္ခသတင်းတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးသတင်း ဖြစ်ခဲ့ပါတယ်။

အဖြစ်ဆိုးတဲ့ ဘုရားဖူးကားနဲ့ ရန်ကုန်ရောက်လာတဲ့ ကျည်ဆံဇာတ်လမ်း။

ယခုတစ်ပတ် မူခင်းနောက်ခံ သတင်းတွေထဲမှာ မဖြစ်သင့်ဘဲဖြစ်ခဲ့ရတဲ့ အမြန်လမ်းယာဉ်တိုက်မှု သတင်းနဲ့ ယခင် စကော်ပီယံဂိုဏ်းသား တစ်ယောက်ဆီကနေမိတဲ့ ကျည်ဆံထောင်ကျော် သတင်းတွေက ယခုတစ်ပတ် သတင်းအများစုကို ဖုံးသွားခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက်ကဖြစ်တဲ့ အမြန်လမ်းယာဉ်တိုက်မှု သတင်းက လူအသေအပျောက်များသလို ကြားရသူတိုင်း စိတ်ထိခိုက် ဆင်ခြင်စရာပါ။အောက်တိုဘာ ၁ ရက် ည ၁၁ နာရီကျော်က အမြန်လမ်းမိုင်တိုင် ၂၂၉ မိုင်မှာ လေအိတ်ပေါက်လို့ ကွန်ကရစ်လမ်းပေါ်သို့ ယာဉ်တစ်ခြမ်းတင်ကာ ရပ်တန့်ပြုပြင်နေတဲ့ ကျေးဇူးရှင် ဘုရားဖူးယာဉ်ကို  မိတ္ထီလာဘက်မှ မောင်းနှင်လာတဲ့  ခရီးသည်တင်ယာဉ်က အနောက်ကနေ ဝင်တိုက်ခဲ့လို့ ယာဉ်ကိုပြုပြင်နေသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ယာဉ်ပြုပြင်နေသည်ကို ကြည့်ရှုနေသူများ အပါအဝင်  လူ ၁၄ ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

အမြန်လမ်းကားတိုက်မှုတွေထဲ ၂၀၁၄ ဧပြီက တောင်ပြာတန်းယာဉ် တိမ်းမှောက်လို့ ခရီးသည် ၁၂ ဦး သေဆုံးခဲ့ပြီး မေလမှာ ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်လို့ ခရီးသည် ၁၄ ဦး သေဆုံးခဲ့ရပြီးနောက်မှာ ဒါဟာ အဆိုးဆုံးဖြစ်ရပ်တစ်ခုဘဲ ဖြစ်ပါတယ်။ထုံးစံအတိုင်း ယာဉ်မောင်းသူက တိုက်ပြီးပြီးချင်း ထွက်ပြေးခဲ့တဲ့အတွက် ယခုအချိန်ထိ ဖမ်းမိကြောင်း မကြားရသေးသလို ယခုဖြစ်စဉ်အတွက် ဘယ်လိုအရေးယူမှုတွေ ပြုလုပ်မှုရှိလာမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အမြန်လမ်း သတင်းလိုဘဲ စောင့်ကြည့်ရမယ့် နောက်ထပ် သတင်းတစ်ပုဒ်ကတော့ လှည်းကူးမှာ ကျည်ဆံတွေ ထောင်ကျော်ဖမ်းမိတဲ့ သတင်းတစ်ပုဒ်ပါဘဲ။သတင်းဖြစ်စဉ်က စက်တင်ဘာ ၃၀ ရက်က လှည်းကူးမြို့နယ်ထဲက ရဲတံခွန် အဝေးပြေးကားလက်မှတ် အရောင်းဆိုင်ကို ငြိမ်းချမ်းအောင် ဆိုတဲ့ လူတစ်ဦးက သံသေတ္တာနှစ်လုံးကို လာအပ်တာကနေ စတာပါ။ထိုလူက တပ်ကြပ်ကြီး အောင်မြတ်သူ အမည်ပါ သံသေတ္တာ နှစ်လုံးကို အပ်ထားပြီး အဝေးပြေးကားက ပစ္စည်းတင်ရာမှာ ထင်တာထက် လေးနေတဲ့အတွက် ထားခဲ့ရာကနေ ကားလက်မှတ် အရောင်းဆိုင်ကနေ သက်ဆိုင်ရာကို သတင်းပို့ရာကနေ အဆိုပါသေတ္တာနှစ်လုံးထဲက 5.56 ကျည် အမျိုးအစား ၉,၅၀၄ တောင့်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာပါ။

အောက်တိုဘာ ၁ ရက်မှာ ယင်းဖြစ်စဉ်ဆက်စပ်တဲ့  ဇော်ဇော်ထက်လူ ဆိုသူကို စမ်းချောင်းမြို့နယ် မြေနီကုန်း (မြောက်) ရပ်ကွက် ပြည်ဂါးဒင်းအိမ်ရာ ဝင်ပေါက်အနီး၌ ဖမ်းဆီးခဲ့မိပါတယ်။သူ့ကို စစ်ဆေးချက်တွေကနေ  သူနေထိုင်ရာ လှိုင်သာယာမြို့နယ်ရှိ FMI City အိမ်ရာဝင်းကနေ ၇.၆၅ မမ အမျိုးအစား ကျည်အတောင့် ၁၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။စစ်ဆေးချက်တွေအရ ယခင်က Scorpion ဂိုဏ်းဝင်ဟောင်းတစ်ဦးဖြစ်ပြီး ထောင်ကလွတ်လာချိန်မှာ ကားဝယ်ရောင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး မြဝတီဘက်မှ လိုင်စင်မဲ့ကားတွေကို တစ်စစီအသွင်ပြောင်းကာ ရန်ကုန်သို့ တင်သွင်းခဲ့တဲ့အလုပ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာ နယ်စပ် မူဆယ်မြို့မှာ ကာဆီနိုထောင်ထားတဲ့ ပြည်သူ့စစ်အဖွဲ့ ကောင်းခါးနဲ့ လုံထန် အဖွဲ့တွေအတွက် မှောင်ခိုကျည်ဆံ တင်သွင်းခဲ့တာ ပေါ်ပေါက်ခဲ့သလို ဒီလိုမှောင်ခိုတင်သွင်းမှုမှာ တပ်မတော်မှ ဗိုလ်ကြီးတစ်ဦး ပါဝင်နေတာလို့လည်း ဖော်ထုတ်ခဲ့ပါတယ်။

ဒီလက်နက်ကျည်ဆံကိစ္စက ယခုတလောမှာ မကြာခဏဆိုသလို ကြားနေမြင်နေရတဲ့ကိစ္စ၊ မဆန်းတဲ့ကိစ္စသဖွယ် ဖြစ်လာပါတယ်။မကြာခင်က လှိုင်သာယာမှာဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ကနေ စီးပွားရေးတာဝန်ခံဆိုသူတွေက သေနတ်နဲ့ ပစ်သတ်ပြီး ကြွေးတောင်းခဲ့လို့ ဒေသခံနှစ်ဦး သေရတဲ့ ကိစ္စမပြီးသေးခင်မှာဘဲ လှိုင်သာယာမှာ နေထိုင်တဲ့သူတစ်ဦး အဓိကကြိုးကိုင်နေတဲ့ ကျည်ဆံမှောင်ခိုဂိုဏ်းကို ဖမ်းမိခဲ့တဲ့အတွက် လှိုင်သာယာမှာ လက်နက်ကိုင်ဆောင်နေတဲ့သူတွေ ဘယ်လောက်ထိ ရှိလာပြီလဲဆိုတာ ကြောက်လန့်စရာပါ။

ဒီသတင်းနှစ်ပုဒ်က မန္တလေးခရိုင် ခုနစ်မြို့နယ် လုံခြုံရေးအတွက် အင်အား ၁,၉၀၀ ကျော် နေ့စဉ်အသုံးပြုမည်လို့ မန္တလေးဝန်ကြီးချုပ်က ပြောကြားခဲ့တဲ့၊ မူးယစ်ဆေးနဲ့ လုပ်ကြံဖမ်းဆီးခံရတယ်လို့ ကျယ်ပြန့်စွာ သတင်းထွက်ပေါ်နေတဲ့ သားဖွားဆရာမကို ဂန့်ဂေါတရားရုံးက အာမခံနဲ့ လွှတ်ပေးခဲ့တဲ့ သတင်း၊ မှုခင်းဖြစ်တဲ့ အချိန်ကျမှသာ ဆောင်ရွက်ခြင်းမပြုဘဲ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်ရန် ရန်ကုန်ဝန်ကြီးချုပ်က ပြောကြားခဲ့တဲ့ သတင်း၊ တောင်ကိုရီးယား လဝက၀န်ထမ်းတွေ အကြမ်းဖက်ဖမ်းဆီးလို့ မြန်မာလုပ်သား တိုက်ပေါ်က ပြုတ်ကျသေဆုံးခဲ့လို့ တောင်ကိုရီးယားမှာ လူမှုအဖွဲ့အစည်း ၇၀ ကျော်နှင့် မြန်မာလုပ်သား ၃၀၀ ခန့်က ဆန္ဒပြခဲ့တဲ့ သတင်း၊ မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌကို တည်းခိုရိပ်သာ လုပ်ငန်းရှင်က ငွေကြေး ၁၉၆ သိန်း ပြန်လည်ရလိုမှုနဲ့ တရားစွဲဆိုခဲ့တဲ့ သတင်းတွေနဲ့အတူ အများပြည်သူကို စိတ်ဝင်စားမှု ပိုစေခဲ့ပါတယ်။

ပြင်းထန်လာတဲ့ တိုင်းဒေသကြီး လွှတ်တော်ထဲက ပဋိပက္ခ။
    

ယခုတစ်ပတ် သတင်းတွေထဲ အများပြည်သူ စိတ်ဝင်စားခဲတဲ့ ကိစ္စက ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာပါဘဲ။ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်မှာ အခြေအတင် ဆွေးနွေးတဲေ့နရာမှာ ခရီးသည်တင်ယာဉ်နှင့် ကျောင်းကားဝယ်ယူဖို့ ဧရာဝတီဘဏ်နဲ့ ကမ္ဘောဇဘဏ်တို့ကနေ ကျပ် ၁၃ ဘီလျံကျော် ချေးထားတာကို ချေးစဉ်က လွှတ်တော်ကို တင်ပြခြင်းမရှိလို့ ပြန်လည်ပေးဆပ်ရန် သဘောမတူဘူးလို့ ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းလွှတ်တော်အမတ် ဒေါ်စန္ဒာမင်း ပြောကြားခဲ့တဲ့ သတင်းတွေက ဒီတစ်ပတ် အများပြည်သူကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစရာကိစ္စ ဖြစ်လာပါတယ်။
    

အောက်တိုဘာ ၂ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ  ဆွေးနွေးထောက်ပြခဲ့ကြပါတယ်။

    
ဒီထဲမှာပါတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား YBPC အမည်ဖြင့် တရုတ်နိုင်ငံထုတ် ဘတ်စ်ကားအသစ် အစီး ၁,၀၀၀ ကို ရန်ကုန်တိုင်းအစိုးရနှင့် တရုတ်အစိုးရ အချင်းချင်းညှိနှိုင်းချက်အရ တစ်စီးလျှင် ကျပ် ၇၇ သန်းဖြင့် ဝယ်ယူခဲ့ရာမှာ ငွေမလုံလောက်လို့ ဧရာဝတီဘဏ်ကနေ ကျပ်ရှစ်ဘီလျံ ချေးယူတာ၊ ကျောင်းကားအစီး ၂၀၀ ဝယ်ယူဖို့ ကမ္ဘောဇဘဏ်ကနေ ၅ ဒသမ၅ ဘီလီယံ (ကျပ်သန်း ၅,၅၀၀) ချေးယူတာတွေနဲ့ ပတ်သက်ပြီး ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းလွှတ်တော်အမတ် ဒေါ်စန္ဒာမင်း က ဒီလို ၁၃ ဘီလျံကျော် ချေးထားတာတွေ လွှတ်တော်ကို တင်ပြအသိပေးထားမရှိလို့ ပြန်လည်ပေးဆပ်ရန် သဘောမတူကြောင်း ပြောခဲ့ပါတယ်။
    

ဒေါ်စန္ဒာမင်း က ပြောရာမှာ ဧရာဝတီဘဏ်နဲ့ ကမ္ဘောဇဘဏ်ကနေ  ချေးငွေရယူတာကို လွှတ်တော်၏ ခွင့်ပြုချက် မပါရှိတဲ့အတွက် ပြန်လည်ပေးဆပ်ရန် အများပြည်သူ ဘဏ္ဍာငွေများနှင့် လွှတ်တော်မှ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားသော ခရီးသည်တင်ယာဉ် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီတွင် လုံးဝတာဝန်မရှိကြောင်းနှင့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းကို ကျော်လွန်၍ မိမိသဘောဖြင့် လူပုဂ္ဂိုလ်အရ ချေးထားသော ငွေများဖြစ်ခြင်ကြောင့် ပြန်လည်ပေးဆပ်ရန် လွှတ်တော်က သဘောမတူကြောင်း ပြောခဲ့တာပါ။ဒီအစား အများပိုင်ကုမ္ပဏီရဲ့ ပုဂ္ဂလိကက ပေါင်းစပ်ထားတဲ့ ကုမ္ပဏီတွေဘက်ကနေပြီးတော့ ဆပ်ချင်ရင် ဆပ်လို့ရပါတယ်လို့ ပြောခဲ့ပါတယ်။    

လက်ရှိတင်သွင်းသော အစီရင်ခံစာအရ ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီ (YBPC) မှာ သုံးနှစ်ဆက်တိုက် အရှုံးပေါ်နေတဲ့အတွက် ဒီချေးငွေ ၁၃ ဘီလျံ ကိစ္စက တိုင်းအစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ် ဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ် လွှတ်တော်ဆိုင်ရာ နိုင်ငံရေးနောက်ခံ သတင်းတွေဖြစ်တဲ့ ရုပ်ရှင်ရုံများအတွင်း နိုင်ငံတော်အလံ အလေးမပြုသူတွေကို ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံး ချမှတ်နိုင်တယ်လို့ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က လွှတ်တော်မှာ ပြောကြားခဲ့တဲ့ သတင်း၊ အစိုးရက နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများကို လွန်စွာနည်းပါးတဲ့ ငွေကြေးနဲ့ ငှားရမ်းထားတာက အကျင့်ပျက်ခြစားမှုကို ဦးတည်စေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦၤးက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ထောက်ပြလိုက်တဲ့ သတင်း၊ ဌာနဆိုင်ရာရုံးများမှာ တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ လစာငွေရယူနေတဲ့ ဝန်ထမ်းတွေကို ဖော်ထုတ်အရေးယူဖို့  တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကို တင်ပြလိုက်တဲ့ သတင်းတွေထက် အများပြည်သူကို ပိုပြီးစိတ်ဝင်စားစေခဲ့ပါတယ်။

ကုလညီလာခံမှာ ပွက်လောရိုက် ဖိအားပေးခဲ့တဲ့ ဘင်္ဂါလီအရေး။
    

ယခုနှစ်ကျင်းပတဲ့ ကုလအထွေထွေညီလာခံမှာ အထူးခြေသွက်ခဲ့တဲ့ နိုင်ငံတွေက OIC လို့ ခေါ်တဲ့ အစ္စလာမ်မစ်နိုင်ငံတွေပါဘဲ။ဒီအဖွဲ့ ကျောထောက်နောက်ခံနဲ့ မြန်မာနိုင်ငံကို အရေးယူမှုတွေပြုလုပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မဲခွဲဆုံးဖြတ်မှုတစ်ချို့ လုပ်ခဲ့ပါတယ်။
 
    
မြန်မာနိုင်ငံတွင် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ မွတ်စလင်) များနှင့် အခြားသော လူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေအပေါ် စုံစမ်းစစ်ဆေးရေး လွတ်လပ်သော ယန္တရားသစ်တစ်ရပ် ဖွဲ့စည်းရန်နှင့် နိုင်ငံတကာ လွတ်လပ်သော အချက်အလက်ရှာဖွေရေး မစ်ရှင်၏ သက်တမ်းကို တိုးမြှင့်ရန်ဖြစ်ပြီး ယင်းဆုံးဖြတ်ချက် မူကြမ်းကို ကောင်စီအဖွဲ့ဝင် ၄၇ နိုင်ငံအနက် ၃၅ နိုင်ငံက ထောက်ခံပြီးသုံး နိုင်ငံကသာ ကန့်ကွက်ခဲ့သည်။
ခုနစ်နိုင်ငံက ကြားနေခဲ့လို့ ဆုံးဖြတ်ချက်မူကြမ်းက အတည်ဖြစ်ခဲ့ပါတယ်။
    

ဒီဆုံးဖြတ်ချက်က မဖြစ်မနေ အကောင်အထည်ဖော်ရမယ့် တာဝန်မရှိပေမယ့် တစ်ကယ်ရည်ရွယ်ချက်ကတော့ နိုင်ငံတကာမှာ ခိုးဝင်အခြေချ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အရှက်တကွဲဖြစ်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကုလလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တာလည်း မရှိသလို အသိအမှတ်လည်း မပြုခဲ့ပါဘူး။
    

ထုံးစံအတိုင်း နိုင်ငံစဉ်အလိုက်ပြောရတဲ့ မြန်မာအစိုးရ၏  အထွေထွေမူဝါဒရေးရာ မိန့်ခွန်းကို အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ က ပြောကြားစဉ်မှာ ICC က မြန်မာစစ်ဘက် အာဏာပိုင်တွေအပေါ် ပစ်မှတ်ထား အရေးယူဖို့ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ရောမသဘောတူညီချက်ထဲ လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်လို့ ICC အနေနဲ့ ဘယ်လိုမှ တရားစီရင်ခွင့်မရှိဘူးလို့ ပြောခဲ့ပါတယ်။
    

တရုတ် နိုင်ငံခြားရေးဝန်ကြီးက ကုလလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချပြီး ရခိုင်ပြည်နယ် အရေးကို မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကသာ ပါဝင်ဖြေရှင်းရန် အရေးကြီးပြီး ပိုမိုရှုပ်ထွေးစေရန်၊ ဆိုးရွားစေရန် လုပ်ဆောင်မှုများကို ပယ်ချကြောင်းနှင့် နိုင်ငံတကာက ပါဝင်ထိန်းသိမ်းမှုများ မလုပ်ဆောင်သင့်ကြောင်း ပြောခဲ့ပါတယ်။ဒီအစည်းအဝေးမှာဘဲ  မလေးရှား ဝန်ကြီးချုပ်က မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို မထောက်ခံဘူူးလို့ ပြောခဲ့ပေမယ့် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးကတော့ ဘင်္ဂါလီများ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံကို ဆက်လက်ကူညီမှာလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
    

ခိုးဝင်ဘင်္ဂါလီတွေရဲ့ မူလအခြေချရာ ဘင်္ဂလားဒေရှ့် နိုင်ငံဝန်ကြီးချုပ်ကတော့ ဒီကုလညီလာခံမှာ နာမည်ကောင်းယူခဲ့သလို မြန်မာနိုင်ငံ အကျိုးမဲ့ရာမဲ့ကြောင်းကို ပေါ်ပေါ်တင်တင် လုပ်ကိုင်ခဲ့ပြီး ဘင်္ဂါလီတွေ ပြန်ပို့ဖို့ မြန်မာဘက်က အဆင့်သင့်မရှိဘူး ဆိုတာကိုဘဲ တောက်လျှောက်ပြောခဲ့ပါတယ်။
    

ဒီအရေးက မြန်မြန်ဆန်ဆန် ငြိမ်းသတ်ဖို့ လိုနေသလို ကြာလာရင် ပြန်လက်ခံရမယ့် အရေအတွက်က ဆတိုးတိုးလာဖို့ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက နေစရာ စားစရာမရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပင်လယ်ရေအောက် မမြုပ်ခင် ပို့လာဖို့အထိ ဖြစ်လာနိုင်ပါတယ်။ပြည်တွင်းမညီညွှတ်မှုတွေက မြန်မာနိုင်ငံရဲ့ အနောက်ဘက်က OIC နောက်ခံရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူလည်ကျမှုကို ပြန်မတုံ့ပြန်နိုင်တဲ့အထိ ဖြစ်စေခဲ့တဲ့အတွက် မဖြစ်မနေ ပြည်တွင်းညီညွတ်မှုကို တည်ဆောက်ဖို့ လိုနေတာကို ဒီသတင်းတွေက ဖော်ပြနေခဲ့ပါတယ်။
    

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဟာစီနာ မွှေးခဲ့တဲ့ ဘင်္ဂါလီပြဿနာက ဒီရက်ပိုင်း တိုကျိုမြို့မှာ ပြုလုပ်မယ့် မဲခေါင် - ဂျပန် ထိပ်သီးညီလာခံ တက်ရောက်ဖို့သွားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခြောက်ရက်ကြာ ဂျပန်ခရီးစဉ်မှာ ဘယ်လောက်ထိ ဒုက္ခပေးဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါကြောင်း တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ရပ်နားလိုက်ချင်ပါတယ်။

မာလင်း
အောက်တိုဘာ - ၅

( Zawgyi )

ဒီတစ္ပတ္ သတင္းေတြထဲ လွည္းကူးမွာ က်ည္ဆံေတြမိရာကေန ယခင္ စေကာ္ပီယံအဖြဲ႕ဝင္ တစ္ဦးနဲ႔ ဗိုလ္ႀကီးတစ္ဦး ပါဝင္ေနတဲ့ နယ္ျခားျပည္သူ႔စစ္အတြက္ က်ည္ဆံဝယ္ယူေပးမႈ ေပၚေပါက္တဲ့ သတင္းနဲ႔ ကုလညီလာခံမွာ ခိုးဝင္ဘဂၤါလီအေျခခ်ေတြ အေရးနဲ႔ ပတ္သက္ၿပီး ျမန္မာကို ဖိအားေပးမႈ သတင္းေတြက ဒီတစ္ပတ္ သတင္းဖတ္ရႈသူေတြ အာ႐ုံစိုက္ခဲ့ရတဲ့ သတင္းေတြပါ။

အဆိုပါသတင္းေတြအျပင္ သ႐ုပ္ေဆာင္ မင္းေသြး ႐ုတ္တရက္ ကြယ္လြန္တဲ့သတင္း ကေနဒါ အထက္လႊတ္ေတာ္နဲ႔ ေအာက္လႊတ္ေတာ္က ေဒၚေအာင္ဆန္းစုၾကည္ အား ေပးအပ္ခ်ီးျမႇင့္ထားေသာ ကေနဒါ ဂုဏ္ထူးေဆာင္ႏိုင္ငံသား ျဖစ္မႈကို ႐ုပ္သိမ္းခဲ့တဲ့ သတင္း၊ စည္းကမ္းမဲ့ ဆက္သြယ္ေရး ေကဘယ္လ္ႀကိဳးမ်ား သြယ္တန္းထားသည့္ ကုမၸဏီမ်ားကို အေရးယူေဆာင္႐ြက္မည့္ သတင္း၊ ေဆးခန္းတြင္ သံဃာတစ္ပါးအား ေဆးကုေနေသာ အၿငိမ္းစား ေထာင္ဆရာဝန္တစ္ဦး ဓားထိုးခံရကာ ေသဆုံးမႈ အင္းစိန္ၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့သည့္ သတင္း၊ မႏၲေလး ကန္ေတာ္ႀကီးပတ္လမ္း ယာဥ္တစ္စီးေပၚမွ က်ပ္သိန္း ၉,၀၀၀ ခန႔္ တန္ဖိုးရွိ စိတ္ႂကြေဆးျပားေတြကို လူသုံးဦးထံက ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ အေရွ႕ပိုင္းခ႐ိုင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲက သမၼတႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ တို႔၏ ပုံေတြအသုံးျပဳကာ မဲဆြယ္ျခင္းက ဥပေဒႏွင့္ ၿငိစြန္းျခင္းမရွိဘူးလို႔ ဆုံးျဖတ္ခဲ့တဲ့ သတင္း၊ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရက ေကာင္းမႈေတာ္ေစတီကို ထုံးသကၤန္း ျပန္လည္ကပ္လႉဖို႔ ၫႊန္ၾကားလိုက္တဲ့ သတင္း၊ အစိုးရ၊ လႊတ္ေတာ္၊ တပ္မေတာ္ ထိပ္သီးေခါင္းေဆာင္မ်ားႏွင့္ NCA လက္မွတ္ထိုး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ထိပ္သီးေခါင္းေဆာင္မ်ား ေတြ႕ဆုံမယ့္ သတင္း၊ ေတာင္ႀကီးမွာ ႐ုတ္တရက္မိုးႀကီးလို႔ ရပ္ကြက္ေတြေရျမႇဳပ္ၿပီး ေနအိမ္ ၆၃ လုံးပ်က္စီးကာ လူ ၂၀၀ ေက်ာ္ ေ႐ႊ႕ေျပာင္းရတဲ့ သတင္းေတြ ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့ပါတယ္။

ရႈံးေနတဲ့ ပုဂၢလိက ဆီဆိုင္ေတြ ဖ်က္သိမ္းဖို႔ လိုေနၿပီလား။

    
ယခုတစ္ပတ္ သတင္းေတြထဲမွာ စိတ္ဝင္စားစရာေကာင္းၿပီး အစိုးရအာဏာပိုင္ေတြဘက္က ဘာမ်ားစလုပ္မလဲဆိုၿပီး ျပည္သူေတြက ေစာင့္ၾကည့္ေနရတဲ့ သတင္းတစ္ပုဒ္ ရွိခဲ့ပါတယ္။ဒီသတင္းက စက္သုံးဆီဆိုင္ေတြ ေဒၚလာေဈးနဲ႔အတူ ေတာက္ေလွ်ာက္တက္ၿပီး ျပန္မက်တဲ့အေပၚ စက္သုံးဆီ တင္သြင္းျဖန႔္ျဖဴး ေရာင္းခ်သူမ်ားအသင္း အတြင္းေရးမႉး ေဒါက္တာဝင္းျမင့္ က ေဈးေလ်ာ့ၿပီး အရႈံးခံမေရာင္းဖို႔ ေျပာခဲ့တဲ့သတင္းပဲ ျဖစ္ပါတယ္။

    
ျပည္တြင္းမွာ ျမန္မာက်ပ္ေငြ တန္ဖိုးျမင့္တက္လာမႈနဲ႔အတူ တြဲတက္လာတဲ့ေဈးက စက္သုံးဆီေဈးပါ။ေဈးတက္တဲ့အခါ ေဒၚလာေဈးတက္လို႔ ေဈးတက္ရတယ္ဆိုတဲ့ ဆင္ေျခကို အၿမဲေပးေလ့ရွိေပမယ့္ ေဒၚလာေဈးက်တဲ့အခါ အတက္ေဈးနဲ႔ ဝယ္ထားရလို႔ ေဈးေလ်ာ့ေရာင္းလို႔ မရပါဘူးဆိုၿပီး ေဈးခ်ဖို႔ ျငင္းဆန္ေလ့ ရွိပါတယ္။ဒါေပမယ့္ စက္သုံးဆီသေဘာက ေျခာက္လခန႔္ ႀကိဳတင္ဝယ္ေလွာင္ထားတာ ျဖစ္တဲ့အတြက္ ဒီလိုအေၾကာင္းျပခ်က္ေတြက အမ်ားျပည္သူအတြက္ ေဒါသထြက္စရာ အေၾကာင္းျပခ်က္ေတြပါဘဲ။အရပ္သားအစိုးရ တက္လာကာစက ႏိုင္ငံျခားစက္သုံးဆီဆိုင္ေတြကို ျပည္တြင္းမွာ ဖြင့္ခြင့္ေပးမယ္ဆိုတဲ့ အသံေတြ ထြက္လာခဲ့ေသးေပမယ့္ ေနာက္ပိုင္း ျပည္တြင္းစက္သုံးဆီဆိုင္ လုပ္ငန္းရွင္ႀကီးေတြက အစိုးရအာဏာပိုင္ေတြထံ သြားေရာက္အနားခံတယ္လို႔ အသံေတြ ထြက္လာၿပီးေနာက္ ျပည္ပစက္သုံးဆီကုမၸဏီေတြ ျပည္တြင္းမွာ လက္လီလာေရာက္ေရာင္းခ်ခြင့္ျပဳမယ့္ သတင္း ေပ်ာက္သြားခဲ့ပါတယ္။
    

စက္တင္ဘာ ၂၈ ရက္က စက္သုံးဆီေဈးႏူန္းေတြ တက္တာနဲ႔ ပတ္သက္ၿပီး စက္သုံးဆီ တင္သြင္းျဖန႔္ျဖဴး ေရာင္းခ်သူမ်ားအသင္း အတြင္းေရးမႉးက စက္သုံးဆီပိုင္ရွင္ေတြကို ေဈးေလ်ာ့ၿပီး အရႈံးခံမေရာင္းဖို႔ တိုက္တြန္းခဲ့တာနဲ႔ စက္သုံးဆီဆိုင္ေတြ ရႈံးေနတယ္ဆိုတဲ့ စကားေတြေၾကာင့္ အမ်ားျပည္သူၾကားမွာ ေထာက္ျပအျပစ္တင္စရာ ျဖစ္လာခဲ့ပါတယ္။
    

ႏိုင္ငံတစ္ႏိုင္ငံရဲ႕ အဓိကေသြးေၾကာက ေလာင္စာဆီပါဘဲ။ေလာင္စာဆီ ေဈးတက္လို႔ အဓိက႐ုဏ္းေတြျဖစ္တာ၊ အၾကမ္းဖက္တာေတြက ျမန္မာ အပါအဝင္ ကမာၻ႔ႏိုင္ငံေတြမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ကိစၥေတြပါ။၂၀၀၇ သံဃာအေရးအခင္းက ေလာင္စာဆီ ေဈးတက္တာနဲ႔လည္း ပတ္သက္ခဲ့သလို စက္သုံးဆီ ေဈးတက္တာနဲ႔ ကုန္စည္ပို႔ေဆာင္ေရးကို  အဓိက႐ိုက္ခတ္ေလ့ ရွိတာလည္း အမ်ားျပည္သူက သတိထားမိေလ့ရွိေနတာ ၾကာပါၿပီ။မထင္မွတ္ရင္ တိုင္းျပည္ပ်က္ႏိုင္တဲ့အထိ အေရးႀကီးတဲ့ စက္သုံးဆီလို႔ အပိုင္းက႑ကို ပုဂၢလိကလုပ္ငန္းရွင္ေတြလက္ထဲ ထည့္ထားတာဟာ ေတာ္ေတာ္ေလး ဆင္ျခင္တုံတရား ကင္းမဲ့တဲ့ ကိစၥပါဘဲ။
    

ေအာက္တိုဘာ ၃ ရက္က က်င္းပတဲ့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေ႒း က အၿမဲလိုလို အရႈံးေပၚေနတဲ့ စက္သုံးဆီလုပ္ငန္းေတြကို ပိတ္သိမ္းၿပီး ျပည္တြင္း ျပည္ပ လုပ္ငန္းရွင္အသစ္ေတြနဲ႔ စက္သုံးဆီ ျဖန႔္ျဖဴးေရာင္းခ်ေရးလုပ္ငန္း လုပ္ကိုင္ခြင့္ျပဳေပးဖို႔ အစိုးရကို တိုက္တြန္းခဲ့ပါတယ္။
    

ဒီလို ေဒၚလာေဈးတက္တိုင္း လိုက္တက္ၿပီး က်ရင္ျပန္မက်ဘဲ အမ်ားျပည္သူအတြက္ နစ္နာေနရတဲ့ စက္သုံးဆီကိစၥက လႊတ္ေတာ္အထိ ေရာက္သြားၿပီ ျဖစ္တဲ့အတြက္ အစိုးရက ဒီကိစၥမွာ ရင္ၾကားေစ့ေရးမႈအရ ယခင္ခ႐ိုနီေတြ အက်ိဳးမပ်က္တဲ့ဘက္က ရပ္မလား၊ ေဈးႏူန္းႀကီးျမင့္မႈကို ႀကီေးလးစြာခံေနရတဲ့ ျပည္သူေတြ အက်ိဳးစီးပြားအတြက္ ျပည္ပစက္သုံးဆီကုမၸဏီေတြကို လုပ္ကိုင္ခြင့္ေပးမလားဆိုတာ အမ်ားျပည္သူက ေစာင့္ၾကည့္ေနၿပီ ျဖစ္ပါတယ္။

ဒီသတင္းက မႏၲေလး ဆိပ္ကမ္းဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းအတြက္ JICA က ဂ်ပန္ယန္း ေျခာက္ဘီလ်ံေက်ာ္ (ေဒၚ လာ ၅၂ သန္းေက်ာ္) ေထာက္ပံ့ကူညီဖို႔ လက္မွတ္ထိုးခဲ့တဲ့ သတင္း၊ တ႐ုတ္ ေလေၾကာင္းလိုင္းျဖစ္တဲ့ 9Air ေလေၾကာင္းလိုင္း ကြမ္က်ိဳး-မႏၲေလး ခရီးစဥ္သစ္ကို စတင္ေျပးဆြဲတဲ့ သတင္း၊ အစိုးရက ေဒၚလာေဈး ကစားသူေတြကို ဝင္ေရာက္ဖမ္းဆီးၿပီးေနာက္ပိုင္း အေမရိကန္ ေဒၚလာတန္ဖိုး က်ဆင္းလာတဲ့ သတင္း၊ စစ္ကိုင္းတိုင္းအတြင္း တ႐ုတ္ ဖရဲ၊ သခြား စိုက္ပ်ိဳးေရး ကုမၸဏီေတြမွာ လုပ္ကိုင္ေနတဲ့ ႏိုင္ငံျခားသား ၃၈ ဦးကို ဗီဇာစည္းကမ္း မလိုက္နာလို႔ ျပည္ႏွင္ဒဏ္ ေပးလိုက္တဲ့ သတင္းကိုေတြကိုေက်ာ္ၿပီး တစ္ပတ္စီးပြားေရးေနာက္ခံ ပဋိပကၡသတင္းေတြထဲမွာ စိတ္ဝင္စားစရာ အေကာင္းဆုံးသတင္း ျဖစ္ခဲ့ပါတယ္။

အျဖစ္ဆိုးတဲ့ ဘုရားဖူးကားနဲ႔ ရန္ကုန္ေရာက္လာတဲ့ က်ည္ဆံဇာတ္လမ္း။

ယခုတစ္ပတ္ မူခင္းေနာက္ခံ သတင္းေတြထဲမွာ မျဖစ္သင့္ဘဲျဖစ္ခဲ့ရတဲ့ အျမန္လမ္းယာဥ္တိုက္မႈ သတင္းနဲ႔ ယခင္ စေကာ္ပီယံဂိုဏ္းသား တစ္ေယာက္ဆီကေနမိတဲ့ က်ည္ဆံေထာင္ေက်ာ္ သတင္းေတြက ယခုတစ္ပတ္ သတင္းအမ်ားစုကို ဖုံးသြားခဲ့ပါတယ္။

ေအာက္တိုဘာ ၁ ရက္ကျဖစ္တဲ့ အျမန္လမ္းယာဥ္တိုက္မႈ သတင္းက လူအေသအေပ်ာက္မ်ားသလို ၾကားရသူတိုင္း စိတ္ထိခိုက္ ဆင္ျခင္စရာပါ။ေအာက္တိုဘာ ၁ ရက္ ည ၁၁ နာရီေက်ာ္က အျမန္လမ္းမိုင္တိုင္ ၂၂၉ မိုင္မွာ ေလအိတ္ေပါက္လို႔ ကြန္ကရစ္လမ္းေပၚသို႔ ယာဥ္တစ္ျခမ္းတင္ကာ ရပ္တန႔္ျပဳျပင္ေနတဲ့ ေက်းဇူးရွင္ ဘုရားဖူးယာဥ္ကို  မိတၳီလာဘက္မွ ေမာင္းႏွင္လာတဲ့  ခရီးသည္တင္ယာဥ္က အေနာက္ကေန ဝင္တိုက္ခဲ့လို႔ ယာဥ္ကိုျပဳျပင္ေနသည့္ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္ႏွင့္ ယာဥ္ျပဳျပင္ေနသည္ကို ၾကည့္ရႈေနသူမ်ား အပါအဝင္  လူ ၁၄ ဦး ေသဆုံးၿပီး ၄၂ ဦး ဒဏ္ရာရခဲ့ပါတယ္။

အျမန္လမ္းကားတိုက္မႈေတြထဲ ၂၀၁၄ ဧၿပီက ေတာင္ျပာတန္းယာဥ္ တိမ္းေမွာက္လို႔ ခရီးသည္ ၁၂ ဦး ေသဆုံးခဲ့ၿပီး ေမလမွာ ရာဇာမင္း ခရီးသည္တင္ယာဥ္ တိမ္းေမွာက္လို႔ ခရီးသည္ ၁၄ ဦး ေသဆုံးခဲ့ရၿပီးေနာက္မွာ ဒါဟာ အဆိုးဆုံးျဖစ္ရပ္တစ္ခုဘဲ ျဖစ္ပါတယ္။ထုံးစံအတိုင္း ယာဥ္ေမာင္းသူက တိုက္ၿပီးၿပီးခ်င္း ထြက္ေျပးခဲ့တဲ့အတြက္ ယခုအခ်ိန္ထိ ဖမ္းမိေၾကာင္း မၾကားရေသးသလို ယခုျဖစ္စဥ္အတြက္ ဘယ္လိုအေရးယူမႈေတြ ျပဳလုပ္မႈရွိလာမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

အျမန္လမ္း သတင္းလိုဘဲ ေစာင့္ၾကည့္ရမယ့္ ေနာက္ထပ္ သတင္းတစ္ပုဒ္ကေတာ့ လွည္းကူးမွာ က်ည္ဆံေတြ ေထာင္ေက်ာ္ဖမ္းမိတဲ့ သတင္းတစ္ပုဒ္ပါဘဲ။သတင္းျဖစ္စဥ္က စက္တင္ဘာ ၃၀ ရက္က လွည္းကူးၿမိဳ႕နယ္ထဲက ရဲတံခြန္ အေဝးေျပးကားလက္မွတ္ အေရာင္းဆိုင္ကို ၿငိမ္းခ်မ္းေအာင္ ဆိုတဲ့ လူတစ္ဦးက သံေသတၱာႏွစ္လုံးကို လာအပ္တာကေန စတာပါ။ထိုလူက တပ္ၾကပ္ႀကီး ေအာင္ျမတ္သူ အမည္ပါ သံေသတၱာ ႏွစ္လုံးကို အပ္ထားၿပီး အေဝးေျပးကားက ပစၥည္းတင္ရာမွာ ထင္တာထက္ ေလးေနတဲ့အတြက္ ထားခဲ့ရာကေန ကားလက္မွတ္ အေရာင္းဆိုင္ကေန သက္ဆိုင္ရာကို သတင္းပို႔ရာကေန အဆိုပါေသတၱာႏွစ္လုံးထဲက 5.56 က်ည္ အမ်ိဳးအစား ၉,၅၀၄ ေတာင့္ကို ရဲတပ္ဖြဲ႕က ေတြ႕ရွိခဲ့တာပါ။

ေအာက္တိုဘာ ၁ ရက္မွာ ယင္းျဖစ္စဥ္ဆက္စပ္တဲ့  ေဇာ္ေဇာ္ထက္လူ ဆိုသူကို စမ္းေခ်ာင္းၿမိဳ႕နယ္ ေျမနီကုန္း (ေျမာက္) ရပ္ကြက္ ျပည္ဂါးဒင္းအိမ္ရာ ဝင္ေပါက္အနီး၌ ဖမ္းဆီးခဲ့မိပါတယ္။သူ႔ကို စစ္ေဆးခ်က္ေတြကေန  သူေနထိုင္ရာ လႈိင္သာယာၿမိဳ႕နယ္ရွိ FMI City အိမ္ရာဝင္းကေန ၇.၆၅ မမ အမ်ိဳးအစား က်ည္အေတာင့္ ၁၀၀ ကို သိမ္းဆည္းရမိခဲ့ပါတယ္။စစ္ေဆးခ်က္ေတြအရ ယခင္က Scorpion ဂိုဏ္းဝင္ေဟာင္းတစ္ဦးျဖစ္ၿပီး ေထာင္ကလြတ္လာခ်ိန္မွာ ကားဝယ္ေရာင္းလုပ္ငန္းကို လုပ္ကိုင္ခဲ့ၿပီး ျမဝတီဘက္မွ လိုင္စင္မဲ့ကားေတြကို တစ္စစီအသြင္ေျပာင္းကာ ရန္ကုန္သို႔ တင္သြင္းခဲ့တဲ့အလုပ္ လုပ္ကိုင္ခဲ့ၿပီး ေနာက္ပိုင္းမွာ နယ္စပ္ မူဆယ္ၿမိဳ႕မွာ ကာဆီႏိုေထာင္ထားတဲ့ ျပည္သူ႔စစ္အဖြဲ႕ ေကာင္းခါးနဲ႔ လုံထန္ အဖြဲ႕ေတြအတြက္ ေမွာင္ခိုက်ည္ဆံ တင္သြင္းခဲ့တာ ေပၚေပါက္ခဲ့သလို ဒီလိုေမွာင္ခိုတင္သြင္းမႈမွာ တပ္မေတာ္မွ ဗိုလ္ႀကီးတစ္ဦး ပါဝင္ေနတာလို႔လည္း ေဖာ္ထုတ္ခဲ့ပါတယ္။

ဒီလက္နက္က်ည္ဆံကိစၥက ယခုတေလာမွာ မၾကာခဏဆိုသလို ၾကားေနျမင္ေနရတဲ့ကိစၥ၊ မဆန္းတဲ့ကိစၥသဖြယ္ ျဖစ္လာပါတယ္။မၾကာခင္က လႈိင္သာယာမွာဘဲ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ တစ္ဖြဲ႕ကေန စီးပြားေရးတာဝန္ခံဆိုသူေတြက ေသနတ္နဲ႔ ပစ္သတ္ၿပီး ေႂကြးေတာင္းခဲ့လို႔ ေဒသခံႏွစ္ဦး ေသရတဲ့ ကိစၥမၿပီးေသးခင္မွာဘဲ လႈိင္သာယာမွာ ေနထိုင္တဲ့သူတစ္ဦး အဓိကႀကိဳးကိုင္ေနတဲ့ က်ည္ဆံေမွာင္ခိုဂိုဏ္းကို ဖမ္းမိခဲ့တဲ့အတြက္ လႈိင္သာယာမွာ လက္နက္ကိုင္ေဆာင္ေနတဲ့သူေတြ ဘယ္ေလာက္ထိ ရွိလာၿပီလဲဆိုတာ ေၾကာက္လန႔္စရာပါ။

ဒီသတင္းႏွစ္ပုဒ္က မႏၲေလးခ႐ိုင္ ခုနစ္ၿမိဳ႕နယ္ လုံၿခဳံေရးအတြက္ အင္အား ၁,၉၀၀ ေက်ာ္ ေန႔စဥ္အသုံးျပဳမည္လို႔ မႏၲေလးဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့တဲ့၊ မူးယစ္ေဆးနဲ႔ လုပ္ႀကံဖမ္းဆီးခံရတယ္လို႔ က်ယ္ျပန႔္စြာ သတင္းထြက္ေပၚေနတဲ့ သားဖြားဆရာမကို ဂန႔္ေဂါတရား႐ုံးက အာမခံနဲ႔ လႊတ္ေပးခဲ့တဲ့ သတင္း၊ မႈခင္းျဖစ္တဲ့ အခ်ိန္က်မွသာ ေဆာင္႐ြက္ျခင္းမျပဳဘဲ ႀကိဳတင္ကာကြယ္ျခင္း လုပ္ငန္းမ်ားကို က်ယ္ျပန႔္စြာေဆာင္႐ြက္ရန္ ရန္ကုန္ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့တဲ့ သတင္း၊ ေတာင္ကိုရီးယား လဝက၀န္ထမ္းေတြ အၾကမ္းဖက္ဖမ္းဆီးလို႔ ျမန္မာလုပ္သား တိုက္ေပၚက ျပဳတ္က်ေသဆုံးခဲ့လို႔ ေတာင္ကိုရီးယားမွာ လူမႈအဖြဲ႕အစည္း ၇၀ ေက်ာ္ႏွင့္ ျမန္မာလုပ္သား ၃၀၀ ခန႔္က ဆႏၵျပခဲ့တဲ့ သတင္း၊ မန္းေ႐ႊစက္ေတာ္ဘုရား ေဂါပကအဖြဲ႕ ဥကၠ႒ကို တည္းခိုရိပ္သာ လုပ္ငန္းရွင္က ေငြေၾကး ၁၉၆ သိန္း ျပန္လည္ရလိုမႈနဲ႔ တရားစြဲဆိုခဲ့တဲ့ သတင္းေတြနဲ႔အတူ အမ်ားျပည္သူကို စိတ္ဝင္စားမႈ ပိုေစခဲ့ပါတယ္။

ျပင္းထန္လာတဲ့ တိုင္းေဒသႀကီး လႊတ္ေတာ္ထဲက ပဋိပကၡ။
    

ယခုတစ္ပတ္ သတင္းေတြထဲ အမ်ားျပည္သူ စိတ္ဝင္စားခဲတဲ့ ကိစၥက ရန္ကုန္တိုင္း စာရင္းစစ္ခ်ဳပ္ရဲ႕ ၂၀၁၆-၁၇ ဘ႑ာေရးႏွစ္ စစ္ေဆးေတြ႕ရွိခ်က္ အစီရင္ခံစာပါဘဲ။ဒီအစီရင္ခံစာနဲ႔ ပတ္သက္ၿပီး တိုင္းေဒသႀကီးလႊတ္ေတာ္မွာ အေျခအတင္ ေဆြးေႏြးတဲေ့နရာမွာ ခရီးသည္တင္ယာဥ္ႏွင့္ ေက်ာင္းကားဝယ္ယူဖို႔ ဧရာဝတီဘဏ္နဲ႔ ကေမာၻဇဘဏ္တို႔ကေန က်ပ္ ၁၃ ဘီလ်ံေက်ာ္ ေခ်းထားတာကို ေခ်းစဥ္က လႊတ္ေတာ္ကို တင္ျပျခင္းမရွိလို႔ ျပန္လည္ေပးဆပ္ရန္ သေဘာမတူဘူးလို႔ ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္အမတ္ ေဒၚစႏၵာမင္း ေျပာၾကားခဲ့တဲ့ သတင္းေတြက ဒီတစ္ပတ္ အမ်ားျပည္သူၾကား က်ယ္က်ယ္ျပန႔္ျပန႔္ ေဆြးေႏြးစရာကိစၥ ျဖစ္လာပါတယ္။
    

ေအာက္တိုဘာ ၂ ရက္က က်င္းပတဲ့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာ ရန္ကုန္တိုင္း စာရင္းစစ္ခ်ဳပ္၏ ၂၀၁၆-၁၇ ဘ႑ာေရးႏွစ္ စစ္ေဆးေတြ႕ရွိခ်က္ အစီရင္ခံစာႏွင့္ ပတ္သက္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြ  ေဆြးေႏြးေထာက္ျပခဲ့ၾကပါတယ္။

    
ဒီထဲမွာပါတဲ့ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ကိုယ္စား YBPC အမည္ျဖင့္ တ႐ုတ္ႏိုင္ငံထုတ္ ဘတ္စ္ကားအသစ္ အစီး ၁,၀၀၀ ကို ရန္ကုန္တိုင္းအစိုးရႏွင့္ တ႐ုတ္အစိုးရ အခ်င္းခ်င္းညႇိႏႈိင္းခ်က္အရ တစ္စီးလွ်င္ က်ပ္ ၇၇ သန္းျဖင့္ ဝယ္ယူခဲ့ရာမွာ ေငြမလုံေလာက္လို႔ ဧရာဝတီဘဏ္ကေန က်ပ္ရွစ္ဘီလ်ံ ေခ်းယူတာ၊ ေက်ာင္းကားအစီး ၂၀၀ ဝယ္ယူဖို႔ ကေမာၻဇဘဏ္ကေန ၅ ဒသမ၅ ဘီလီယံ (က်ပ္သန္း ၅,၅၀၀) ေခ်းယူတာေတြနဲ႔ ပတ္သက္ၿပီး ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္အမတ္ ေဒၚစႏၵာမင္း က ဒီလို ၁၃ ဘီလ်ံေက်ာ္ ေခ်းထားတာေတြ လႊတ္ေတာ္ကို တင္ျပအသိေပးထားမရွိလို႔ ျပန္လည္ေပးဆပ္ရန္ သေဘာမတူေၾကာင္း ေျပာခဲ့ပါတယ္။
    

ေဒၚစႏၵာမင္း က ေျပာရာမွာ ဧရာဝတီဘဏ္နဲ႔ ကေမာၻဇဘဏ္ကေန  ေခ်းေငြရယူတာကို လႊတ္ေတာ္၏ ခြင့္ျပဳခ်က္ မပါရွိတဲ့အတြက္ ျပန္လည္ေပးဆပ္ရန္ အမ်ားျပည္သူ ဘ႑ာေငြမ်ားႏွင့္ လႊတ္ေတာ္မွ ရင္းႏွီးျမႇဳပ္ႏွံရန္ ခြင့္ျပဳထားေသာ ခရီးသည္တင္ယာဥ္ သယ္ယူပို႔ေဆာင္ေရး အမ်ားပိုင္ကုမၸဏီတြင္ လုံးဝတာဝန္မရွိေၾကာင္းႏွင့္ ဘ႑ာေရး စည္းမ်ဥ္းစည္းကမ္းကို ေက်ာ္လြန္၍ မိမိသေဘာျဖင့္ လူပုဂၢိဳလ္အရ ေခ်းထားေသာ ေငြမ်ားျဖစ္ျခင္ေၾကာင့္ ျပန္လည္ေပးဆပ္ရန္ လႊတ္ေတာ္က သေဘာမတူေၾကာင္း ေျပာခဲ့တာပါ။ဒီအစား အမ်ားပိုင္ကုမၸဏီရဲ႕ ပုဂၢလိကက ေပါင္းစပ္ထားတဲ့ ကုမၸဏီေတြဘက္ကေနၿပီးေတာ့ ဆပ္ခ်င္ရင္ ဆပ္လို႔ရပါတယ္လို႔ ေျပာခဲ့ပါတယ္။    

လက္ရွိတင္သြင္းေသာ အစီရင္ခံစာအရ ရန္ကုန္ဘတ္စ္ကား အမ်ားႏွင့္ သက္ဆိုင္ေသာ ကုမၸဏီ (YBPC) မွာ သုံးႏွစ္ဆက္တိုက္ အရႈံးေပၚေနတဲ့အတြက္ ဒီေခ်းေငြ ၁၃ ဘီလ်ံ ကိစၥက တိုင္းအစိုးရအေနနဲ႔ ဘယ္လိုကိုင္တြယ္ ေဆာင္႐ြက္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ လႊတ္ေတာ္ဆိုင္ရာ ႏိုင္ငံေရးေနာက္ခံ သတင္းေတြျဖစ္တဲ့ ႐ုပ္ရွင္႐ုံမ်ားအတြင္း ႏိုင္ငံေတာ္အလံ အေလးမျပဳသူေတြကို ေထာင္ဒဏ္ႏွင့္ ေငြဒဏ္ ႏွစ္ရပ္စလုံး ခ်မွတ္ႏိုင္တယ္လို႔ ရန္ကုန္တိုင္း ကရင္တိုင္းရင္းသား လူမ်ိဳးေရးရာ ဝန္ႀကီး ေနာ္ပန္းသၪၨာမ်ိဳး က လႊတ္ေတာ္မွာ ေျပာၾကားခဲ့တဲ့ သတင္း၊ အစိုးရက ႏိုင္ငံပိုင္ေျမႏွင့္ အေဆာက္အအုံမ်ားကို လြန္စြာနည္းပါးတဲ့ ေငြေၾကးနဲ႔ ငွားရမ္းထားတာက အက်င့္ပ်က္ျခစားမႈကို ဦးတည္ေစတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦၤးက ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္မွာ ေထာက္ျပလိုက္တဲ့ သတင္း၊ ဌာနဆိုင္ရာ႐ုံးမ်ားမွာ တာဝန္ထမ္းေဆာင္ျခင္းမရွိဘဲ လစာေငြရယူေနတဲ့ ဝန္ထမ္းေတြကို ေဖာ္ထုတ္အေရးယူဖို႔  တနသၤာရီတိုင္းေဒသႀကီး လႊတ္ေတာ္ကို တင္ျပလိုက္တဲ့ သတင္းေတြထက္ အမ်ားျပည္သူကို ပိုၿပီးစိတ္ဝင္စားေစခဲ့ပါတယ္။

ကုလညီလာခံမွာ ပြက္ေလာ႐ိုက္ ဖိအားေပးခဲ့တဲ့ ဘဂၤါလီအေရး။
    

ယခုႏွစ္က်င္းပတဲ့ ကုလအေထြေထြညီလာခံမွာ အထူးေျခသြက္ခဲ့တဲ့ ႏိုင္ငံေတြက OIC လို႔ ေခၚတဲ့ အစၥလာမ္မစ္ႏိုင္ငံေတြပါဘဲ။ဒီအဖြဲ႕ ေက်ာေထာက္ေနာက္ခံနဲ႔ ျမန္မာႏိုင္ငံကို အေရးယူမႈေတြျပဳလုပ္ဖို႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမွာ မဲခြဲဆုံးျဖတ္မႈတစ္ခ်ိဳ႕ လုပ္ခဲ့ပါတယ္။
 
    
ျမန္မာႏိုင္ငံတြင္ ဘဂၤါလီ (မူရင္းတြင္ ႐ိုဟင္ဂ်ာ မြတ္စလင္) မ်ားႏွင့္ အျခားေသာ လူနည္းစုမ်ား၏ လူ႔အခြင့္အေရး အေျခအေနအေပၚ စုံစမ္းစစ္ေဆးေရး လြတ္လပ္ေသာ ယႏၲရားသစ္တစ္ရပ္ ဖြဲ႕စည္းရန္ႏွင့္ ႏိုင္ငံတကာ လြတ္လပ္ေသာ အခ်က္အလက္ရွာေဖြေရး မစ္ရွင္၏ သက္တမ္းကို တိုးျမႇင့္ရန္ျဖစ္ၿပီး ယင္းဆုံးျဖတ္ခ်က္ မူၾကမ္းကို ေကာင္စီအဖြဲ႕ဝင္ ၄၇ ႏိုင္ငံအနက္ ၃၅ ႏိုင္ငံက ေထာက္ခံၿပီးသုံး ႏိုင္ငံကသာ ကန႔္ကြက္ခဲ့သည္။
ခုနစ္ႏိုင္ငံက ၾကားေနခဲ့လို႔ ဆုံးျဖတ္ခ်က္မူၾကမ္းက အတည္ျဖစ္ခဲ့ပါတယ္။
    

ဒီဆုံးျဖတ္ခ်က္က မျဖစ္မေန အေကာင္အထည္ေဖာ္ရမယ့္ တာဝန္မရွိေပမယ့္ တစ္ကယ္ရည္႐ြယ္ခ်က္ကေတာ့ ႏိုင္ငံတကာမွာ ခိုးဝင္အေျခခ် ဘဂၤါလီအေရးနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံကို အရွက္တကြဲျဖစ္ေစဖို႔ ရည္႐ြယ္တာျဖစ္ပါတယ္။ဒီဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး ကုလလူ႔အခြင့္အေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ကို အေကာင္အထည္ေဖာ္တာလည္း မရွိသလို အသိအမွတ္လည္း မျပဳခဲ့ပါဘူး။
    

ထုံးစံအတိုင္း ႏိုင္ငံစဥ္အလိုက္ေျပာရတဲ့ ျမန္မာအစိုးရ၏  အေထြေထြမူဝါဒေရးရာ မိန႔္ခြန္းကို အတိုင္ပင္ခံ႐ုံး ဝန္ႀကီး ဦးေက်ာ္တင့္ေဆြ က ေျပာၾကားစဥ္မွာ ICC က ျမန္မာစစ္ဘက္ အာဏာပိုင္ေတြအေပၚ ပစ္မွတ္ထား အေရးယူဖို႔ လုပ္ေဆာင္ေနတာနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံအေနနဲ႔ ေရာမသေဘာတူညီခ်က္ထဲ လက္မွတ္ထိုးထားတဲ့ ႏိုင္ငံမဟုတ္လို႔ ICC အေနနဲ႔ ဘယ္လိုမွ တရားစီရင္ခြင့္မရွိဘူးလို႔ ေျပာခဲ့ပါတယ္။
    

တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီးက ကုလလူ႔အခြင့္အေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ကို ပယ္ခ်ၿပီး ရခိုင္ျပည္နယ္ အေရးကို ျမန္မာ - ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံကသာ ပါဝင္ေျဖရွင္းရန္ အေရးႀကီးၿပီး ပိုမိုရႈပ္ေထြးေစရန္၊ ဆိုး႐ြားေစရန္ လုပ္ေဆာင္မႈမ်ားကို ပယ္ခ်ေၾကာင္းႏွင့္ ႏိုင္ငံတကာက ပါဝင္ထိန္းသိမ္းမႈမ်ား မလုပ္ေဆာင္သင့္ေၾကာင္း ေျပာခဲ့ပါတယ္။ဒီအစည္းအေဝးမွာဘဲ  မေလးရွား ဝန္ႀကီးခ်ဳပ္က ျမန္မာေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကို မေထာက္ခံဘူူးလို႔ ေျပာခဲ့ေပမယ့္ စင္ကာပူ ႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ ဘဂၤါလီမ်ား ေနရပ္ျပန္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံကို ဆက္လက္ကူညီမွာလို႔ စင္ကာပူ ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာခဲ့ပါတယ္။
    

ခိုးဝင္ဘဂၤါလီေတြရဲ႕ မူလအေျခခ်ရာ ဘဂၤလားေဒရွ႕္ ႏိုင္ငံဝန္ႀကီးခ်ဳပ္ကေတာ့ ဒီကုလညီလာခံမွာ နာမည္ေကာင္းယူခဲ့သလို ျမန္မာႏိုင္ငံ အက်ိဳးမဲ့ရာမဲ့ေၾကာင္းကို ေပၚေပၚတင္တင္ လုပ္ကိုင္ခဲ့ၿပီး ဘဂၤါလီေတြ ျပန္ပို႔ဖို႔ ျမန္မာဘက္က အဆင့္သင့္မရွိဘူး ဆိုတာကိုဘဲ ေတာက္ေလွ်ာက္ေျပာခဲ့ပါတယ္။
    

ဒီအေရးက ျမန္ျမန္ဆန္ဆန္ ၿငိမ္းသတ္ဖို႔ လိုေနသလို ၾကာလာရင္ ျပန္လက္ခံရမယ့္ အေရအတြက္က ဆတိုးတိုးလာဖို႔ရွိေနၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲက ေနစရာ စားစရာမရွိတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားေတြကိုပါ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ပင္လယ္ေရေအာက္ မျမဳပ္ခင္ ပို႔လာဖို႔အထိ ျဖစ္လာႏိုင္ပါတယ္။ျပည္တြင္းမညီၫႊတ္မႈေတြက ျမန္မာႏိုင္ငံရဲ႕ အေနာက္ဘက္က OIC ေနာက္ခံရွိတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ လူလည္က်မႈကို ျပန္မတုံ႔ျပန္ႏိုင္တဲ့အထိ ျဖစ္ေစခဲ့တဲ့အတြက္ မျဖစ္မေန ျပည္တြင္းညီၫြတ္မႈကို တည္ေဆာက္ဖို႔ လိုေနတာကို ဒီသတင္းေတြက ေဖာ္ျပေနခဲ့ပါတယ္။
    

ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ဟာစီနာ ေမႊးခဲ့တဲ့ ဘဂၤါလီျပႆနာက ဒီရက္ပိုင္း တိုက်ိဳၿမိဳ႕မွာ ျပဳလုပ္မယ့္ မဲေခါင္ - ဂ်ပန္ ထိပ္သီးညီလာခံ တက္ေရာက္ဖို႔သြားတဲ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ေျခာက္ရက္ၾကာ ဂ်ပန္ခရီးစဥ္မွာ ဘယ္ေလာက္ထိ ဒုကၡေပးဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါေၾကာင္း တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ရပ္နားလိုက္ခ်င္ပါတယ္။

မာလင္း
ေအာက္တိုဘာ - ၅