【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကျိန်စာသင့် ဖားကန့်နဲ့ တောင်ဒဂုံက အပူးအခွ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကျိန်စာသင့် ဖားကန့်နဲ့ တောင်ဒဂုံက အပူးအခွ

ယခုတစ်ပတ် ပြည်တွင်းသတင်းတွေထဲမှာ စိတ်ဝင်စားစရာ သတင်းတွေဖြစ်ခဲ့တဲ့အထဲ တောင်ဒဂုံက မြမြ သတင်းနဲ့ ဆေးခြောက် ဧက ၂၀ ဇာတ်လမ်းက ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။

အရပ်သတင်းဆန်ဆန် ဖြစ်ခဲ့ရတဲ့ တခြားသူကို ဝင်ပူးပြီး လူသတ်သမားကို ဖော်ထုတ်ခိုင်းတဲ့ တောင်ဒဂုံက ဝိဉာာဉ်ဇာတ်လမ်းက ဟုတ်၊ မဟုတ် မသေချာပေမယ့် အာဏာပိုင်တွေ စုံစမ်းစစ်ဆေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းက မြစ်ဆုံအတွက် ရက်မအေးချိန်မှာ တရုတ်ပြည်ကို OBOR ဒုတိယဖိုရမ် သွားတက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရုတ်ပြည်ခရီး သတင်း၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရုရှားနိုင်ငံခရီး၊ ဖားကန့်မှာ နွံကန်ပေါက်လို့ လူ ၅၀ ကျော် အရှင်လတ်လတ် နွံနစ်သေဆုံးခဲ့ရတဲ့ သတင်း၊ နေ့အပူချိန်တိုးလာတဲ့ သတင်းတွေကိုကျော်ပြီး ယခုတစ်ပတ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးသတင်း ဖြစ်ခဲ့ပါတယ်။

ဆေးခြောက်လား ဆေးခြောက်လျှော်ပင်လား

လူမှုကွန်ရက်မှာ တက်လာမှ သိရတဲ့ ဆေးခြောက် ဧက ၂၀ ပြဿနာကလည်း ယခုတစ်ပတ်မှာ အများစုအတွက် စိတ်ဝင်စားစရာ သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ဒီသတင်းမှာ ဝိဝါဒပွားစရာဖြစ်ခဲ့တာက ကုမ္ပဏီနဲ့ စက်မှုဥယျာဉ် တာဝန်ရှိသူတွေက ဒီအပင်တွေဟာ ချည်မျှင်နှင့် ဆေးဖက်ဝင်အဆီ ထုတ်လုပ်နိုင်သော (Hemp) ဆေးခြောက်လျှော်များလို့ပြောပြီး ဖမ်းဆီးခဲ့တဲ့ ပြည်ထဲရေးကတော့ မူးယစ်စေသည့် ဆေးခြောက်ဖြစ်တယ်လို့ ပြောခဲ့တာပါ။

ဒီစိုက်ပျိုးထားတဲ့နေရာက မြင်းခြံခရိုင်ရှိ စက်မှုဥယျာဉ်အတွင်းမှာပါ။အမေရိကန်ကုမ္ပဏီ 3M က မြေနေရာငှားပြီး ဆေးခြောက် ဧက ၂၀ ခန့် စိုက်ပျိုးထားတဲ့ ဒီနေရာကို လူမှုကွန်ရက်မှာ သတင်းတွေတက်လာပြီးနောက် ဧပြီ ၂၂ ရက်  ညနေ ၅ နာရီခွဲခန့်မှာ  မန္တလေးတိုင်းဒေသကြီးမှ တာဝန်ရှိသူများနှင့် မြင်းခြံခရိုင် အုပ်ချုပ်ရေးမှူးအဖွဲ့က  ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
ထိုသို့စစ်ဆေးရာမှာ ထိုစိုက်ပျိုးထားတဲ့ အပင်နဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်က ချည်မျှင်နှင့် ဆေးဖက်ဝင်အဆီ ထုတ်လုပ်နိုင်တဲ့ (Hemp) ဆိုတဲ့ ဆေးခြောက်လျှော်များဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။ထိုသို့ စိုက်ပျိုးခွင့်ရရန်အတွက်လည်း ၂၀၁၈ ဇူလိုင်ခန့်က မန္တလေးတိုင်းဒေသကြီး အစိုးရနှင့် 3M ကုမ္ပဏီကို ဦးဆောင်သူ အမေရိကန်နိုင်ငံသား ဂျပန်လူမျိုး Mr. John Fredric ဆိုသူ တွေ့ဆုံပြီး ဆေးခြောက်လျှော်များ စိုက်ပျိုးခွင့်ရစေရန် အဆင့်ဆင့်တင်ပြခဲ့ကာ ဧက ၆၀ ရှိသော မြေကွက်တစ်ကွက်ကို ခွင့်တောင်းပြီး ဧက ၃၀ မှာ ဆေးခြောက်လျှော်များ စိုက်ပျိုးခဲ့တာလို့ သိရပါတယ်။

အဆိုပါအပင်တွေကို ၂၀၁၈ ခုနှစ် ဇွန်လခန့်မှာ ကုမ္ပဏီပိုင်ရှင် ဂျပန်လူမျိုး အမေရိကန်နိုင်ငံသား Mr. John Fredric နှင့် Mr. Alexander တို့ နှစ်ဦးက  မြန်မာနိုင်ငံသား ရှိန်းလတ် ကို စိုက်ခင်းတာဝန်ခံ မန်နေဂျာခန့်ကာ အလုပ်သမား ၂၀၀ ခန့်ဖြင့် စိုက်ပျိုးခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးတဲ့အဖွဲ့က အဆိုပါ စမ်းသပ်စိုက်ပျိုးထားတယ်ဆိုတဲ့ Industrial Hemp ချဉ်ပေါင်လျှော်ဖြူ (Venak) အပင်ပေါင်း  ၃၄၉၂၉၀ ပင်ခန့်ကို ဆေးခြောက်ပင်များ ဟုတ်၊ မဟုတ် မန္တလေးတိုင်းရဲတပ်ဖွဲ့ လက်အောက်ရှိ ဓာတုဗေဒဝန်ရုံးမှာ  ဓာတ်ခွဲဆေးခဲ့ရာမှာ စစ်ချက်အဖြေအရ အပင်အများစုက THC ပမာဏအရ မူးယစ်စေသည့် ဆေးခြောက်ဖြစ်လို့ ဆေးခြောက်စိုက်ပျိုးတဲ့ Mr.John Fredric Todoroki နှင့် Mr. Alexander Skemp Todoroki နဲ့ မန်နေဂျာ အပါအဝင် မြန်မာနိုင်ငံသားနှစ်ဦးကိုပါ မန္တလေးမြို့ မူးယစ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးပုဒ်မ လေးခုဖြင့် ဧပြီ ၂၄ ရက်က ဖမ်းဆီးတရားစွဲခဲ့ပါတယ်။ဒီနောက်မှာ မြို့သာစက်မှုဇုန်အတွင်းရှိ ဆေးခြောက်စိုက်ခင်းကို  လုံခြုံရေးတိုးမြှင့်ချထားခဲ့ရပါတယ်။

ယခုပြဿနာဟာ သတိထားရမယ့် ပြဿနာတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ဒီအပင်တွေက တစ်ကယ်ဘဲ ဆေးခြောက်ပင်တွေလား သူတို့ပြောသလို Hemp ချဉ်ပေါင်လျှော်ဖြူလား ဆိုတာကိုပါ။တစ်ကယ်လို့ Hemp ချဉ်ပေါင်လျှော်ဖြူပင် ဖြစ်ခဲ့တယ်ဆိုရင် မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြုပ်နှံမယ့်သူတွေကို ဒီအဖြစ်က ဆိုးကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ဒီလိုမဟုတ်ဘဲ ပြည်ထဲရေးက ထုတ်ပြန်သလို  ဆေးခြောက်ပင်သာ ဖြစ်ခဲ့မယ်ဆိုရင် ဆေးခြောက်ကို ဧကနဲ့ချီပြီး စိုက်ပျိုးမှုဟာ လက်ရှိ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်မှုဖြစ်လို့ စစ်ဆေးဖို့ ပျက်ကွက်ခဲ့တဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေအပေါ် ထိရောက်တဲ့ အရေးယူမှုတွေကို လုပ်ရမှာဖြစ်ပါတယ်။

ဒီအတွက် ဘယ်ဟာက မှန်သလဲ၊ ဘယ်သူတွေကို အရေးယူမှုရှိမလဲဆိုတာ ဆက်စောင့်ကြည့်ရမယ့် သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

အပူးအခွတွေနဲ့ တောင်ဒဂုံက ဝိဉာာဉ်ဇာတ်လမ်း

သြင်္ကန်အပြီး ရပ်ကွက်တိုင်းပြုလုပ်တဲ့ ပရိတ်ရွတ်ပွဲကနေ စလာခဲ့တဲ့ သရဲပူးတယ်ဆိုတဲ့ လူမှုကွန်ရက်မှာ တက်လာခဲ့တဲ့ ဗီဒီယိုဖိုင်က စတဲ့ဇာတ်လမ်းက ယခုတစ်ပတ်မှာ အမြင့်ဆုံးရေချိန်ကို ရောက်လာခဲ့ပါတယ်။

တောင်ဒဂုံမြို့နယ် လိုင်စင်ရုံးအနီး အုပ်စုဖွဲ့ အဓမ္မပြုကျင့် အသတ်ခံရတဲ့ မိန်းကလေးငယ်တစ်ဦးက အခြားမိန်းကလေးတစ်ဦးထံ ဝင်ပူးကာ သူမအသတ်ခံရတဲ့ ဖြစ်စဉ်ကို ပြောကြားတဲ့ ဗီဒီယိုဖိုင်က ဧပြီ ၂၂ ရက် နေ့လယ်ကစပြီး  Youtube နှင့် လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ပါတယ်။ဒီဗီဒီယိုဖိုင်မှာ ဝင်ပူးခံရတဲ့ အမျိုးသမီးငယ်က အသတ်ခံရသည့် ကျောက်စိမ်း ဖိနပ်စက်ရုံမှ မိန်းကလေးဟာ သြင်္ကန်အကြိုနေ့က ရေကစားပြီးအပြန် လမ်းမှာ အဓမ္မပြုကျင့်ခံရကြောင်း၊ ပြစ်မှုကျူးလွန်သူများသည် စီးတီးဟုမ်းမွေ့ရာစက်ရုံမှ အလုပ်သမားများဖြစ်ပြီး အလောင်းကို  ဓာတ်မီးတိုင်အောက် အဖျောက်ခံရကြောင်း ပြောခဲ့တာပါ။

ဒီလိုပြောခဲ့တဲ့အတွက် စုန်းကဝေနတ်သူရဲနဲ့ ဝိဉာာဉ်ဆိုတာတွေကို ယုံလွယ်တဲ့ မြန်မာဓလေ့စရိုက်အရ ဆိုးသွမ်းတဲ့ လူဆိုးလူမိုက်တွေ ရှိတတ်တဲ့ မြို့နယ်ထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ တောင်ဒဂုံမှာ ဖြစ်ခဲ့တာဆိုတဲ့အတွက်လည်း  ဒီဖြစ်ရပ်ကို ကြည့်ရှုသူအများစုက ဖြစ်နိုင်တဲ့ ဖြစ်စဉ်တစ်ခုအဖြစ် ယုံခဲ့ကြပါတယ်။အထူးသဖြင့် အဆိုပါ ဗီဒီယိုဖိုင်အောက်တွင် လာမန့်ထားသည့် စာများနှင့် အသတ်ခံရသူ ဝင်ပူးသည့် မခင်ဇာခြည်လွင်၏ ပြောစကားအရ အသတ်ခံရသူမှာ ကျောက်စိမ်းဖိနပ်စက်ရုံမှ မြမြ (ခ) အေးမြ ဆိုသည့် အလုပ်သမဖြစ်ပြီး ငါးသိုင်းချောင်းဇာတိဖြစ်ပြီး ဦးသာရင် နှင့် ဒေါ်ခင်ကြည် တို့၏ သမီးဖြစ်ကြောင်း၊ ၎င်း၏အလောင်းကို စက်မှုဇုန်အတွင်း မီးမလင်းသော ဓာတ်တိုင်အောက်တွင် မြှုပ်ထားကြောင်းပြောခဲ့ကာ ဧပြီ ၂၃ ရက်တွင်လည်း ကျောက်စိမ်းစက်ရုံမှ အလုပ်သမ မဝေဇင်ထွန်း က ထပ်မံ၍ ဝိညာဉ်ပူးသည့် အသွင်ဖြင့် မြမြအလောင်းကို နေရာရွှေ့ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

အဆိုပါပြောဆိုချက်က လူမှုကွန်ရက်တွင် ပျံ့နှံ့ကာ စိတ်ဝင်စားမှုများခဲ့သဖြင့် သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့က တောက်လျှောက်စုံစမ်းခဲ့ရာမှာ ရှာမတွေ့ခဲ့သဖြင့် အခြေအမြစ်မရှိသည့် ကောလာဟလများအဖြစ် သုံးသပ်ခဲ့ပါတယ်။ကျောက်စိမ်း ဖိနပ်စက်ရုံဘက်ကလည်း စက်ရုံ စတင်တည်ထောင်သည့် ၂၀၁၆ မှ ယနေ့အထိ ထိုအမည်ဖြင့် အလုပ်သမားမရှိကြောင်း ပြောခဲ့ပါတယ်။

ယခုလူသတ်မှုကို ဝင်ပူးကာ ပြောပြသည့် ပြဿနာက နာမည်ရဒါရိုက်တာတစ်ဦးက ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့အထိ အများပြည်သူကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့အထိ ဖြစ်လာခဲ့သဖြင့် ကျောက်စိမ်း ဖိနပ်စက်ရုံနှင့် ဆွီတီဟုမ်းစက်ရုံ အပါအဝင် ရဲတပ်ဖွဲ့ကပါ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုတဲ့အတွက် ဒီသတင်းက စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

အဆိုပါ သတင်းက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ တပ်မတော်က ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထား သော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်ငါးဦး အာမခံမရဘဲ အင်းစိန်ထောင်သို့ ပို့ခဲ့တဲ့ သတင်း၊ အဂတိလိုက်စားမှုဖြင့် တရားစွဲခံနေရသော တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ ကျန်းမာရေး အာမခံလျှောက်ထားမှုကို အထူးကုသမားတော်ကြီးများ ပါဝင်သော ဆေးစစ်အဖွဲ့၏ မှတ်ချက်အရ အာမခံမပေးရန် တိုင်းတရားလွှတ်တော်က ပယ်ချခဲ့တဲ့ သတင်း၊ ကချင်ပြည်နယ်ရှိ သစ်တောကြိုးဝိုင်းနှစ်ခုအတွင်း ကျူးကျော်ကာ တစ်သျှူးငှက်ပျော ဧကငါးထောင်ကျော် တရားမဝင် ဝင်ရောက်စိုက်ပျိုးထားသည့် လွယ်ဖူး ဘွမ်၊ ရှိန်သာ၊ ချမ်းရင်ခူး၊ မျိုးဆက်ကြယ်ပွင့်၊ မလိခနဂါး ကုမ္ပဏီတို့ကို ပြည်နယ်သစ်တောဦးစီးဌာနက တရားစွဲဆိုမည့် သတင်း၊ တပ်မတော်၏ တရားစွဲဆိုမှုဖြင့် ဖမ်းဆီးခံထားရသော ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကို အမြန်ဆုံးလွှတ်ပေးရန် နိုင်ငံတကာရုပ်ရှင်ပွဲတော် ၁၅၀ ကျော်မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုး တောင်းဆိုခဲ့တဲ့ သတင်း၊ တရားသူကြီးများ နေ့စဉ် တရားခွင်စတင်ချိန်မှာ ကျမ်းကျိန်ရမည် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေမူကြမ်းကို ထုတ်ပြလိုက်တဲ့ သတင်း၊ ရိုက်တာ သတင်းထောက်နှစ်ဦး၏ နောက်ဆုံးအဆင့် အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ပယ်ချခဲ့တဲ့ သတင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဝါးခယ်မ မြို့မရဲစခန်း အချုပ်ခန်းအတွင်း သေဆုံးခဲ့သူနှင့် ပတ်သက်၍ ရဲလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ထားခြင်းမရှိလို့ ရဲတပ်ဖွဲ့ဝင်များကို အရေးယူဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်တွန်းထားတဲ့ သတင်း စတဲ့ သတင်းတွေထဲ  အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည့် အုပ်စုဖွဲ့ အဓမ္မပြုကျင့် အသတ်ခံရပြီး အခြားသူထံ ဝိဉာာဉ်ဝင်ပူးသည့် ကျောက်စိမ်း ဖိနပ်စက်ရုံ အလုပ်သမ သတင်းက ယခုတစ်ပတ်ရဲ့ လူစိတ်ဝင်စားမှုအများဆုံး သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရုတ်ပြည်ခရီး

ဘေကျင်းမှာ ကျင်းပမယ့် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး Belt and Road Forum ကို တက်ရောက်ဖို့ ဧပြီ ၂၄ ရက်က မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရုတ်ပြည်ခရီးစဉ်က မြစ်ဆုံအပေါ် အာရုံရောက်နေတဲ့ အများပြည်သူကြား စိတ်ဝင်စားမှု အမြင့်ဆုံးရှိခဲ့ပါတယ်။

မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို ထာဝရဖျက်သိမ်းဖို့ လှုပ်ရှားမှုတွေ မြင့်တက်လာချိန်မှာ သွားရောက်တဲ့ ယခုခရီးစဉ်ကြောင့်လည်း စိတ်ဝင်စားမှုက မြင့်တက်ခဲ့ရတာပါ။တရုတ်ပြည်ကို ဧပြီ ၂၄ ရက်မှာ ရောက်ရှိခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အဆိုပါနေ့မှာဘဲ တရုတ်သမ္မတ ရှီကျင်းဖိန် နဲ့ ဘေဂျင်းမြို့ရှိ Great Hall of the People မှာ တွေ့ဆုံခဲ့ပါတယ်။ထုတ်ပြန်ချက်တွေမှာတော့ နှစ်နိုင်ငံခေါင်းဆောင်တွေက နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ် ဆိုပါတယ်။

ဧပြီ ၂၅ ရက်မှာတော့ တရုတ်အမျိုးသားကွန်ဗင်းရှင်းစင်တာမှာ ကျင်းပတဲ့  People to People Connectivity Thematic Forum ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က စိန်ခေါ်မှုများကို ကျော်လွှားရာတွင် မိမိတို့ပြည်သူများ၏ သန္နိဌာန်ခိုင်မာမှုနှင့် အလုပ်ကြိုးစားမှုများ အပေါ်တွင်လည်း မူတည်နေပါကြောင်း၊ စိန်ခေါ်မှုများ မည်သို့ပင်ရှိစေကာမှု ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးမှု လမ်းကြောင်းအား မိမိတို့အနေဖြင့် ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီခချန်း နဲ့ ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့သလို အတူလိုက်ပါလာသည့် ဝန်ကြီး၊ ဒု-ဝန်ကြီးတွေနဲ့ တရုတ်ဘက်က တာဝန်ရှိသူတွေနဲ့ တရုတ် - မြန်မာ စီးပွားရေးစြင်္ကန် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂ဝ၁၉- ၂ဝ၃ဝ) ဆိုင်ရာ နားလည်မှုစာချွန်လွှာ အပါအဝင် နားလည်မှု သဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဧပြီ ၂၅ ရက် ညနေပိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး H.E. Mr. Song Tao က တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲသို့ တက်ရောက်ခဲ့ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တစ်ပတ်ကြာ တရုတ်ခရီးစဉ်အပြီးမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်၏ ဖိတ်ကြားမှုအရ ကမ္ဘောဒီးယားနိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပါတယ်။မြစ်ဆုံအတွက် ပြည်သူအများ စိတ်ကြောင့်ကြနေတဲ့အချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တစ်ပတ်ကြာ တရုတ်ခရီးစဉ်က မပြီးသေးတဲ့အတွက်  အများပြည်သူကြား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သတင်းတွေက စောင့်ကြည့်နေရဦးမယ့် သတင်းတွေထဲ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။

ဆူခွိုင်းခြောက်စီးနှင့် ကာချုပ်၏ ရုရှားခရီးစဉ်

တရုတ်နိုင်ငံခရီးစဉ်က ပြန်လာပြီး မကြာခင် ရက်ပိုင်းမှာပဲ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့် ရုရှား - မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံကို ဧပြီ ၂၀ ရက်က ချစ်ကြည်ရေးခရီး သွားရောက်တဲ့ ကာကွယ်ရေးဦးစီးချုပ် သတင်းက ယခုတစ်ပတ် ပြည်တွင်းနိုင်ငံရေးကို စောင့်ကြည့်လေ့လာသူတွေ စောင့်ကြည့်မိတဲ့ သတင်းဖြစ်ခဲ့ပါတယ်။

အဆိုပါခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ဟာ မော်စကိုမှာ ကျင်းပတဲ့ (၈) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ (8th Moscow Conference on International Security) သို့ တက်ရောက်ပြီး ‘အင်ဒို - ပစိဖိတ် ဒေသတွင်း စစ်ဘက်ပူးပေါင်း ဆောင်ရွက်မှုများနှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ အလားအလာများ’ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါတယ်။
အဆိုပါညီလာခံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပထဝီနိုင်ငံရေးအရ အင်ဒို - ပစိဖိတ် ဒေသသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အခွင့်အလမ်းများအတွက် အဓိကအချက်အချာ နေရာဖြစ်သော်လည်း တစ်ဖက်တွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့၌ စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်ကြောင်း၊ ၂၁ ရာစုတွင် အင်ဒို - ပစိဖိတ် ဒေသအား တစ်ကမ္ဘာလုံးမှ အာရုံစိုက်မှု ပိုမိုများပြားလာခဲ့ကြောင်း၊ အင်ဒို - ပစိဖိတ် ဒေသသည် ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံများ၊ စီးပွားရေးအင်အားကြီးနိုင်ငံများ၊ ဒီမိုကရေစီ ထွန်းကားသည့် နိုင်ငံများနှင့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားကဲ့သို့သော လူဦးရေများပြားသည့် နိုင်ငံများ တည်ရှိနေခြင်းကြောင့် ယနေ့ နိုင်ငံတကာရေးရာများတွင် အာရုံစိုက်ခံရဆုံးနှင့် အရေးပါဆုံးသော ဒေသအဖြစ်သို့ ရောက်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါရုရှားခရီးစဉ်အတွင်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ Irkutsk Aviation Plant  စက်ရုံကို သွားခဲ့သလို ရုရှား ကာကွယ်ရေးဒု-ဝန်ကြီး တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ဒီညစာစားပွဲမှာ Russia Today သတင်းဌာနမှ သတင်းထောက်များ၏ မေးမြန်းမှုများအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါတယ်။ဒါ့အပြင် ရုရှားနိုင်ငံတွင် ဘွဲ့လွန်သင်တန်း၊ ပါရဂူသင်တန်းနှင့် Doctor of Science သင်တန်းများ တက်ရောက်နေသော တပ်မတော်အရာရှိများကို တွေ့ဆုံကာ အမှာစကား ပြောကြားခဲ့ပါတယ်။အဆိုပါခရီးစဉ်အတွင်း Sputnik သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ရုရှားနိုင်ငံက မြန်မာအတွက်တစ်စင်းကို ကန်ဒေါ်လာ သန်း  ၃၀ နှင့် ၄၀ ကြားရှိ စတုတ္ထမျိုးဆက်လွန် (4+Generation) တိုက်လေယာဉ်အမျိုးအစား Su-30SM အမျိုးအစား တိုက်လေယာဉ်ခြောက်စီးကို စတင်တပ်ဆင်နေကြောင်း ပြောခဲ့တယ်လို့ အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ ခြိမ်းခြောက်မှုနဲ့ ဖိအားရှိနေချိန်မှာ ကာကွယ်ရေးဦးစီးချုပ် ရုရှားခရီးစဉ်နဲ့ ယခုလို ခေတ်မီလေယာဉ်ဝယ်ယူမှု သတင်းက အနည်းနဲ့အများဆိုသလို ပြည်သူအတွက် စိတ်ဝင်စားစရာ၊ စိတ်အားတက်စရာ ဖြစ်ခဲ့တဲ့အတွက် ယခုတစ်ပတ် သတင်းတွေထဲ အာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။

အဆိုပါသတင်းက ယခုတစ်ပတ်ထဲ ကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ ရခိုင်အမျိုးသားပါတီဘက်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ဖျက်သိမ်းရန် အဆိုပြုခဲ့တဲ့ သတင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ် (People's Liberation Army-PLA Navy) ၏ နှစ် (၇၀) ပြည့် အထိမ်းအမှတ် International Fleet Review -  IFR အခမ်းအနားမှာ တပ်မတော် (ရေ) မှ စစ်ရေယာဉ် (ဆင်ဖြူရှင်) ပါဝင်တဲ့ သတင်း၊ မောင်တောမြို့နယ်ထဲ လုံခြုံရေးလိုက်ပါဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့ယာဉ်ကို ARSA  အဖွဲ့ နှစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ သတင်း၊ ဘူးသီးတောင်မြို့နယ် နယုန်တောင်ကျေးရွာ အနီးဝန်းကျင်မှာ AA  အဖွဲ့နဲ့ နယ်မြေစိုးမိုးရေး လုပ်ဆောင်နေတဲ့ တပ်မတော်လုံခြုံရေးစစ်ကြောင်း ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့ သတင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ် လျင်မြန်စွာဖော်ဆောင်ရေး တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးဖို့ TNLA၊ MNDAA နဲ့ AA အဖွဲ့တို့ တောင်းဆိုတဲ့ သတင်း၊ တစ်ဖက်သတ် အပစ်ရပ်ကြေညာထားမှုကို ဆွေးနွေးပွဲရလဒ်နှင့် မြေပြင်အခြေအနေများပေါ် မူတည်ပြီး သက်တမ်းတိုးလာနိုင်တယ်လို့ တပ်မတော်ဘက်က ပြောကြားခဲ့တဲ့သတင်း၊ စစ်တွေ ကွင်းဆင်းမှု အစီရင်ခံစာကို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီက သမ္မတထံ အစီရင်ခံစာ တင်သွင်းထားတဲ့ သတင်း၊ နယ်မြေကျော်လွန် စခန်းလာထိုင်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း မုံးပေါ်ဒေသရှိ KIA တပ်စခန်းခုနှစ်ခုကို တပ်မတော် သိမ်းပိုက်ခဲ့တဲ့ သတင်း၊ တပ်မတော်ဘက်က ‘ဝ’လက်နက်ကိုင်အဖွဲ့(UWSA) ၏ ပြည်နယ်တောင်းဆိုမှုအပေါ် NCA လက်မှတ်ထိုးပြီးမှ  နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးရမည့်ကိစ္စလို့ ပြန်လည်တုံ့ပြန်ခဲ့တဲ့ သတင်း စတဲ့ သတင်းတွေထဲ သတိထားစောင့်ကြည့်ရတဲ့ သတင်းဖြစ်ခဲ့ပါတယ်။

လူစတေးတဲ့ ကျောက်စိမ်းဘေး

ဧပြီ ၂၃ ရက် နံနက် စောစောပိုင်းကဖြစ်ခဲ့တဲ့ ဖာကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်က နွံကန် ပေါက်မှု သတင်းက ကာလကြာရှည်နေတဲ့ ဖားကန့်က သဘာဝတ်ဝန်းကျင် ယိုယွင်းနေမှုနဲ့ တာဝန်ခံမှုမရှိတဲ့ အခြေအနေကို ဖော်ပြလိုက်သလို ဖြစ်ခဲ့ပါတယ်။

ဖားကန့်မြို့ အနောက်ဘက်  မှော်ဝမ်းကျေးရွာအုပ်စု၊ မှော်ဝမ်းကလေးကျေးရွာအနီးရှိ ယူနတီ ကုမ္ပဏီ လုပ်ကွက်အဟောင်းထဲက အနက် ပေ ၁၀၀ ခန့်၊ အကျယ်ငါးဧကခန့်ရှိတဲ့ နွံကန်ဟာ  ဧပြီ ၂၃ ရက် နံနက် ၀၀ နာရီ ၂၀ မိနစ်ခန့်မှာ ကျိုးပေါက်ကာ အောက်ဘက်က ကချင်အမျိုးသား    ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ(KNDCP)နဲ့ မြန်မာသူရကုမ္ပဏီတို့ ပူးပေါင်းတူးဖော်နေတဲ့ လုပ်ကွက်နှင့် ရွှေနဂါး ကိုး ကောင်ကုမ္ပဏီ လုပ်ကွက်အထက်မှာ ရှိနေတဲ့လုပ်ကွက်ထဲက ကျဆင်းခဲ့လို့  ညဆိုင်း အလုပ်ဆင်းသူ ၅၀ ကျော်နှင့် ဘက်ဟိုး ယာဉ် ၁၅ စီးကျော်   နွံ များအတွင်းနစ်မြုပ်ပျောက်ဆုံးခဲ့ပါတယ်။

တောင်တွေနဲ့ ကုန်းမြင့်တွေကို လိုသလိုလှီးထစ်ကာ ကျောက်စိမ်းရဖို့ မြေလှန်ရှာနေတဲ့ ဒီလုပ်ကွက်တွေ မှာ အသေအပျောက်ကြီးမားတဲ့ မြေပြိုမှုတွေ၊မကြာခဏ တောင်ပြိုမှုတွေ၊ကျင်းပိမှုတွေ ဖြစ်သလို လာလုပ်တဲ့ သူတွေက အနယ်နယ်အရပ်ရပ်ကဖြစ်တဲ့ အတွက် သေဆုံးသူဘယ်သူဘယ်ဝါဆိုတာ မသိရသလို ကြာတော့ ပိုင်ရှင်မပေါ်ဘဲ သေဆု့းသူအရေအတွက်တောင် မှန်အောင် မကောက်နိုင်တဲ့ ဖြစ်ရပ်တွေ ဒီဒေသမှာ အများကြီး ပါဘဲ။ဧပြီ ၂၃ ရက်က ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှာ ရွှေနဂါးကိုးကောင်ကုမ္ပဏီမှ လုပ်သားဝန်ထမ်း ၂၆ ဦးနဲ့ မြန်မာသူရ ကုမ္ပဏီမှ လုပ်သားဝန်ထမ်း ၂၈ ဦး အရှင်လတ်လတ် နွံတွေထဲ နစ်ဝင်သေဆုံးခဲ့ရပါတယ်။

လူတစ်ယောက်နှစ်ယောက် ပိတ်မိနေရင်တောင် တကမ္ဘာလုံးလှုပ်လှုပ်ခတ်ခတ်ဖြစ်ရတဲ့ သဘာဝဘေး တွေထဲမှာ  ယခုလို လူ၅၀ ကျော် အရှင်လတ်လတ် နွံနစ်ပြီးသေရတဲ့ အဖြစ်က ကမ္ဘာသတင်းတွေထဲမှာတောင် ထိပ်တန်းသတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ သက်ဆိုင်ရာထုတ်ပြန်ချက်တွေမှာတော့ ဒီနွဲနစ်တဲ့သူတွေကို ကယ် ထုတ် ဖို့ ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေတယ်ဆိုပေမယ့် နေ့ပြိုမလား၊ညပြိုမလားဖြစ်နေတဲ့ ဒီဒေသမှာ ကယ်ဆယ်ရေးလုပ်နေရတဲ့ သူတွေ၊ အလုပ်လုပ်နေရတဲ့ သူတွေအတွက် အသက်ဘေးက လက်တစ်ကမ်းမှာ ကြုံတွေ့နိုင်တဲ့ အခြေအနေပါ။

ဖြစ်တဲ့ အချိန်က ညဘက်ဖြစ်တဲ့ အတွက် ရေမဆေးသမားလို့ ခေါ်တဲ့ တစ်ပိုင်တစ်နိုင်ကျောက်ရှာသူ တွေ မဝင်နိုင်တဲ့ အချိန်ဖြစ်လို့ အသေအပျောက်က အဆပေါင်းများစွာ နည်းသွားခဲ့တာပါ။ နွံကန်ပေါက်ရတဲ့ အ ကြောင်းရင်းကို တာဝန်ရှိသူများ၏စစ်ဆေးချက်မှာ လုပ်ငန်းလုပ်ကိုင်နေသောကုမ္ပဏီများက နွံကန်ဘေး အောက်ခြေရှိ မြေမှန်ကျောက်ကြောကို တူးဖော်ရာမှ တစ်ဆင့် နွံကန် မထိန်းနိုင်ဘဲ ကျိုးပေါက်တာ ဖြစ်နိုင် တယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်ရပ်တွေ၊ လူအသေအပျောက်များတဲ့ ဖြစ်ရပ်တွေက ဘယ်တော့များ ရပ်တန့် ပစ် နိုင်မှာလည်း ဆိုတာ အများပြာ်သူသိချင်နေတဲ့မေးခွန်းပါဘဲ။

ဒါပြင် ဧပြီ ၂၂ ရက်က မိုးကုတ်မှာလည်း  သက်တမ်းကုန် ဌေးပိုင် ကုမ္ပဏီလုပ်ကွက်ဟောင်းထဲ ကျောက်ဝင်တူးတဲ့သူနှစ်ဦး ယမ်းခွဲပြီးကျောက်ရှာရာမှာ ကျောက်တွင်းပြိုပြီး သေဆုံးခဲ့ပါသေးတယ်။ ဒီလုပ် ကွက်က ပြီးခဲ့တဲ့ မတ် ၃၁ ရက်က ကျောက်လာရှာသူ ဒေသခံများနဲ့ ကုမ္ပဏီဝန်ထမ်းများ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ လုပ်ကွက်ဖြစ်ပါတယ်။

ဒီလိုအသေအပျောက်များတဲ့ ဖြစ်ရပ်အတွက် ကုလသမဂ္ဂက ဝမ်းနည်းကြောင်း လုပ်ငန်းခွင် ဘေးအန္တ ရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာဥပဒေသစ်ကို သတ္တူတူးဖော်ရေးကဏ္ဍတွေမှာ အလျင်အမြန်အ ကောင် အထည်ဖော်ဖို့ တိုက်တွန်းခဲ့ပါတယ်။  မြန်မာ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ ထွက်ရှိထားတဲ့ ဥပဒေ အတိုင်းမဆောင်ရွက်နိုင်သရွေ့ ဒီလိုကြေကွဲစရာအဖြစ်အပျက်တွေ ဆက်ဖြစ်နေဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့  အိုင်ဗရီကို့စ်နိုင်ငံမှာ ဖျက်ဆီးခံရတဲ့ မြန်မာ့ဆန်ကိစ္စမှာ မြန်မာ့ဆန် အရည်အသွေးနှင့် သက်ဆိုင်ခြင်းမရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက ပြောလိုက်တဲ့ သတင်း၊  ရွှေဘိုအကျဉ်းထောင်မှာ လွတ်ငြိမ်းချမ်းသာခွင့်အတွက် တောင်းဆိုရာမှ ထောင်ဆူပှုမှု ဖြစ်ပွားခဲ့တဲ့ သတင်း၊ ဧပြီလဆန်းကစ၍ ရှမ်း ပြည်နယ်တွင် လက်နက်ကိုင်အ ဖွဲ့များ၏ တိုက်ပွဲကြောင့် ထပ်မံ နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုမရှိ ကြောင်း UNOCHA သတင်းထုတ်ပြန်ခဲ့တဲ့ သတင်း၊ လာမည့်ပညာသင်နှစ်က စပြီး နွေ ကျောင်းပိတ်ရက်ကို တစ်လလျှော့ကာ နှစ်လသာရှိတော့မယ် ဆိုတဲ့ သတင်းတွေထဲ ထူးထူးခြားခြား သတိထားစောင့်ကြည့်ရတဲ့ စိတ်မကောင်းဖွယ် သတင်းတစ်ပုဒ်ဖြစ်ခဲ့တယ်ဆိုတာတင်ပြရင်း ယခုတစ်ပတ် သတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဧပြီ - ၂၆

( Zawgyi )

ယခုတစ္ပတ္ ျပည္တြင္းသတင္းေတြထဲမွာ စိတ္ဝင္စားစရာ သတင္းေတြျဖစ္ခဲ့တဲ့အထဲ ေတာင္ဒဂုံက ျမျမ သတင္းနဲ႔ ေဆးေျခာက္ ဧက ၂၀ ဇာတ္လမ္းက ထိပ္တန္းသတင္း ျဖစ္ခဲ့ပါတယ္။

အရပ္သတင္းဆန္ဆန္ ျဖစ္ခဲ့ရတဲ့ တျခားသူကို ဝင္ပူးၿပီး လူသတ္သမားကို ေဖာ္ထုတ္ခိုင္းတဲ့ ေတာင္ဒဂုံက ဝိဉာာဥ္ဇာတ္လမ္းက ဟုတ္၊ မဟုတ္ မေသခ်ာေပမယ့္ အာဏာပိုင္ေတြ စုံစမ္းစစ္ေဆးရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းက ျမစ္ဆုံအတြက္ ရက္မေအးခ်ိန္မွာ တ႐ုတ္ျပည္ကို OBOR ဒုတိယဖိုရမ္ သြားတက္တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ တ႐ုတ္ျပည္ခရီး သတင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ ႐ုရွားႏိုင္ငံခရီး၊ ဖားကန႔္မွာ ႏြံကန္ေပါက္လို႔ လူ ၅၀ ေက်ာ္ အရွင္လတ္လတ္ ႏြံနစ္ေသဆုံးခဲ့ရတဲ့ သတင္း၊ ေန႔အပူခ်ိန္တိုးလာတဲ့ သတင္းေတြကိုေက်ာ္ၿပီး ယခုတစ္ပတ္ရဲ႕ စိတ္ဝင္စားစရာ အေကာင္းဆုံးသတင္း ျဖစ္ခဲ့ပါတယ္။

ေဆးေျခာက္လား ေဆးေျခာက္ေလွ်ာ္ပင္လား

လူမႈကြန္ရက္မွာ တက္လာမွ သိရတဲ့ ေဆးေျခာက္ ဧက ၂၀ ျပႆနာကလည္း ယခုတစ္ပတ္မွာ အမ်ားစုအတြက္ စိတ္ဝင္စားစရာ သတင္းတစ္ခု ျဖစ္ခဲ့ပါတယ္။ဒီသတင္းမွာ ဝိဝါဒပြားစရာျဖစ္ခဲ့တာက ကုမၸဏီနဲ႔ စက္မႈဥယ်ာဥ္ တာဝန္ရွိသူေတြက ဒီအပင္ေတြဟာ ခ်ည္မွ်င္ႏွင့္ ေဆးဖက္ဝင္အဆီ ထုတ္လုပ္ႏိုင္ေသာ (Hemp) ေဆးေျခာက္ေလွ်ာ္မ်ားလို႔ေျပာၿပီး ဖမ္းဆီးခဲ့တဲ့ ျပည္ထဲေရးကေတာ့ မူးယစ္ေစသည့္ ေဆးေျခာက္ျဖစ္တယ္လို႔ ေျပာခဲ့တာပါ။

ဒီစိုက္ပ်ိဳးထားတဲ့ေနရာက ျမင္းၿခံခ႐ိုင္ရွိ စက္မႈဥယ်ာဥ္အတြင္းမွာပါ။အေမရိကန္ကုမၸဏီ 3M က ေျမေနရာငွားၿပီး ေဆးေျခာက္ ဧက ၂၀ ခန႔္ စိုက္ပ်ိဳးထားတဲ့ ဒီေနရာကို လူမႈကြန္ရက္မွာ သတင္းေတြတက္လာၿပီးေနာက္ ဧၿပီ ၂၂ ရက္  ညေန ၅ နာရီခြဲခန႔္မွာ  မႏၲေလးတိုင္းေဒသႀကီးမွ တာဝန္ရွိသူမ်ားႏွင့္ ျမင္းၿခံခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉးအဖြဲ႕က  ကြင္းဆင္းစစ္ေဆးခဲ့ပါတယ္။
ထိုသို႔စစ္ေဆးရာမွာ ထိုစိုက္ပ်ိဳးထားတဲ့ အပင္နဲ႔ ပတ္သက္ၿပီး ကုမၸဏီဘက္က ခ်ည္မွ်င္ႏွင့္ ေဆးဖက္ဝင္အဆီ ထုတ္လုပ္ႏိုင္တဲ့ (Hemp) ဆိုတဲ့ ေဆးေျခာက္ေလွ်ာ္မ်ားျဖစ္ေၾကာင္း တင္ျပခဲ့ပါတယ္။ထိုသို႔ စိုက္ပ်ိဳးခြင့္ရရန္အတြက္လည္း ၂၀၁၈ ဇူလိုင္ခန႔္က မႏၲေလးတိုင္းေဒသႀကီး အစိုးရႏွင့္ 3M ကုမၸဏီကို ဦးေဆာင္သူ အေမရိကန္ႏိုင္ငံသား ဂ်ပန္လူမ်ိဳး Mr. John Fredric ဆိုသူ ေတြ႕ဆုံၿပီး ေဆးေျခာက္ေလွ်ာ္မ်ား စိုက္ပ်ိဳးခြင့္ရေစရန္ အဆင့္ဆင့္တင္ျပခဲ့ကာ ဧက ၆၀ ရွိေသာ ေျမကြက္တစ္ကြက္ကို ခြင့္ေတာင္းၿပီး ဧက ၃၀ မွာ ေဆးေျခာက္ေလွ်ာ္မ်ား စိုက္ပ်ိဳးခဲ့တာလို႔ သိရပါတယ္။

အဆိုပါအပင္ေတြကို ၂၀၁၈ ခုႏွစ္ ဇြန္လခန႔္မွာ ကုမၸဏီပိုင္ရွင္ ဂ်ပန္လူမ်ိဳး အေမရိကန္ႏိုင္ငံသား Mr. John Fredric ႏွင့္ Mr. Alexander တို႔ ႏွစ္ဦးက  ျမန္မာႏိုင္ငံသား ရွိန္းလတ္ ကို စိုက္ခင္းတာဝန္ခံ မန္ေနဂ်ာခန႔္ကာ အလုပ္သမား ၂၀၀ ခန႔္ျဖင့္ စိုက္ပ်ိဳးခဲ့တာလို႔ ဆိုပါတယ္။

စစ္ေဆးတဲ့အဖြဲ႕က အဆိုပါ စမ္းသပ္စိုက္ပ်ိဳးထားတယ္ဆိုတဲ့ Industrial Hemp ခ်ဥ္ေပါင္ေလွ်ာ္ျဖဴ (Venak) အပင္ေပါင္း  ၃၄၉၂၉၀ ပင္ခန႔္ကို ေဆးေျခာက္ပင္မ်ား ဟုတ္၊ မဟုတ္ မႏၲေလးတိုင္းရဲတပ္ဖြဲ႕ လက္ေအာက္ရွိ ဓာတုေဗဒဝန္႐ုံးမွာ  ဓာတ္ခြဲေဆးခဲ့ရာမွာ စစ္ခ်က္အေျဖအရ အပင္အမ်ားစုက THC ပမာဏအရ မူးယစ္ေစသည့္ ေဆးေျခာက္ျဖစ္လို႔ ေဆးေျခာက္စိုက္ပ်ိဳးတဲ့ Mr.John Fredric Todoroki ႏွင့္ Mr. Alexander Skemp Todoroki နဲ႔ မန္ေနဂ်ာ အပါအဝင္ ျမန္မာႏိုင္ငံသားႏွစ္ဦးကိုပါ မႏၲေလးၿမိဳ႕ မူးယစ္ရဲတပ္ဖြဲ႕က မူးယစ္ေဆးဝါးပုဒ္မ ေလးခုျဖင့္ ဧၿပီ ၂၄ ရက္က ဖမ္းဆီးတရားစြဲခဲ့ပါတယ္။ဒီေနာက္မွာ ၿမိဳ႕သာစက္မႈဇုန္အတြင္းရွိ ေဆးေျခာက္စိုက္ခင္းကို  လုံၿခဳံေရးတိုးျမႇင့္ခ်ထားခဲ့ရပါတယ္။

ယခုျပႆနာဟာ သတိထားရမယ့္ ျပႆနာတစ္ရပ္ ျဖစ္လာခဲ့ပါတယ္။ဒီအပင္ေတြက တစ္ကယ္ဘဲ ေဆးေျခာက္ပင္ေတြလား သူတို႔ေျပာသလို Hemp ခ်ဥ္ေပါင္ေလွ်ာ္ျဖဴလား ဆိုတာကိုပါ။တစ္ကယ္လို႔ Hemp ခ်ဥ္ေပါင္ေလွ်ာ္ျဖဴပင္ ျဖစ္ခဲ့တယ္ဆိုရင္ ျမန္မာႏိုင္ငံကို လာေရာက္ရင္းႏွီးျမဳပ္ႏွံမယ့္သူေတြကို ဒီအျဖစ္က ဆိုးက်ိဳးသက္ေရာက္မွာ ျဖစ္ပါတယ္။ဒီလိုမဟုတ္ဘဲ ျပည္ထဲေရးက ထုတ္ျပန္သလို  ေဆးေျခာက္ပင္သာ ျဖစ္ခဲ့မယ္ဆိုရင္ ေဆးေျခာက္ကို ဧကနဲ႔ခ်ီၿပီး စိုက္ပ်ိဳးမႈဟာ လက္ရွိ တရားဥပေဒစိုးမိုးေရးကို စိန္ေခၚမႈျဖစ္လို႔ စစ္ေဆးဖို႔ ပ်က္ကြက္ခဲ့တဲ့ ေဒသဆိုင္ရာ တာဝန္ရွိသူေတြအေပၚ ထိေရာက္တဲ့ အေရးယူမႈေတြကို လုပ္ရမွာျဖစ္ပါတယ္။

ဒီအတြက္ ဘယ္ဟာက မွန္သလဲ၊ ဘယ္သူေတြကို အေရးယူမႈရွိမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရမယ့္ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

အပူးအခြေတြနဲ႔ ေတာင္ဒဂုံက ဝိဉာာဥ္ဇာတ္လမ္း

ၾသကၤန္အၿပီး ရပ္ကြက္တိုင္းျပဳလုပ္တဲ့ ပရိတ္႐ြတ္ပြဲကေန စလာခဲ့တဲ့ သရဲပူးတယ္ဆိုတဲ့ လူမႈကြန္ရက္မွာ တက္လာခဲ့တဲ့ ဗီဒီယိုဖိုင္က စတဲ့ဇာတ္လမ္းက ယခုတစ္ပတ္မွာ အျမင့္ဆုံးေရခ်ိန္ကို ေရာက္လာခဲ့ပါတယ္။

ေတာင္ဒဂုံၿမိဳ႕နယ္ လိုင္စင္႐ုံးအနီး အုပ္စုဖြဲ႕ အဓမၼျပဳက်င့္ အသတ္ခံရတဲ့ မိန္းကေလးငယ္တစ္ဦးက အျခားမိန္းကေလးတစ္ဦးထံ ဝင္ပူးကာ သူမအသတ္ခံရတဲ့ ျဖစ္စဥ္ကို ေျပာၾကားတဲ့ ဗီဒီယိုဖိုင္က ဧၿပီ ၂၂ ရက္ ေန႔လယ္ကစၿပီး  Youtube ႏွင့္ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။ဒီဗီဒီယိုဖိုင္မွာ ဝင္ပူးခံရတဲ့ အမ်ိဳးသမီးငယ္က အသတ္ခံရသည့္ ေက်ာက္စိမ္း ဖိနပ္စက္႐ုံမွ မိန္းကေလးဟာ ၾသကၤန္အႀကိဳေန႔က ေရကစားၿပီးအျပန္ လမ္းမွာ အဓမၼျပဳက်င့္ခံရေၾကာင္း၊ ျပစ္မႈက်ဴးလြန္သူမ်ားသည္ စီးတီးဟုမ္းေမြ႕ရာစက္႐ုံမွ အလုပ္သမားမ်ားျဖစ္ၿပီး အေလာင္းကို  ဓာတ္မီးတိုင္ေအာက္ အေဖ်ာက္ခံရေၾကာင္း ေျပာခဲ့တာပါ။

ဒီလိုေျပာခဲ့တဲ့အတြက္ စုန္းကေဝနတ္သူရဲနဲ႔ ဝိဉာာဥ္ဆိုတာေတြကို ယုံလြယ္တဲ့ ျမန္မာဓေလ့စ႐ိုက္အရ ဆိုးသြမ္းတဲ့ လူဆိုးလူမိုက္ေတြ ရွိတတ္တဲ့ ၿမိဳ႕နယ္ထဲ တစ္ခုအပါအဝင္ျဖစ္တဲ့ ေတာင္ဒဂုံမွာ ျဖစ္ခဲ့တာဆိုတဲ့အတြက္လည္း  ဒီျဖစ္ရပ္ကို ၾကည့္ရႈသူအမ်ားစုက ျဖစ္ႏိုင္တဲ့ ျဖစ္စဥ္တစ္ခုအျဖစ္ ယုံခဲ့ၾကပါတယ္။အထူးသျဖင့္ အဆိုပါ ဗီဒီယိုဖိုင္ေအာက္တြင္ လာမန႔္ထားသည့္ စာမ်ားႏွင့္ အသတ္ခံရသူ ဝင္ပူးသည့္ မခင္ဇာျခည္လြင္၏ ေျပာစကားအရ အသတ္ခံရသူမွာ ေက်ာက္စိမ္းဖိနပ္စက္႐ုံမွ ျမျမ (ခ) ေအးျမ ဆိုသည့္ အလုပ္သမျဖစ္ၿပီး ငါးသိုင္းေခ်ာင္းဇာတိျဖစ္ၿပီး ဦးသာရင္ ႏွင့္ ေဒၚခင္ၾကည္ တို႔၏ သမီးျဖစ္ေၾကာင္း၊ ၎၏အေလာင္းကို စက္မႈဇုန္အတြင္း မီးမလင္းေသာ ဓာတ္တိုင္ေအာက္တြင္ ျမႇဳပ္ထားေၾကာင္းေျပာခဲ့ကာ ဧၿပီ ၂၃ ရက္တြင္လည္း ေက်ာက္စိမ္းစက္႐ုံမွ အလုပ္သမ မေဝဇင္ထြန္း က ထပ္မံ၍ ဝိညာဥ္ပူးသည့္ အသြင္ျဖင့္ ျမျမအေလာင္းကို ေနရာေ႐ႊ႕ခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အဆိုပါေျပာဆိုခ်က္က လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ကာ စိတ္ဝင္စားမႈမ်ားခဲ့သျဖင့္ သက္ဆိုင္ရာၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးခဲ့ၿပီး ရဲတပ္ဖြဲ႕က ေတာက္ေလွ်ာက္စုံစမ္းခဲ့ရာမွာ ရွာမေတြ႕ခဲ့သျဖင့္ အေျခအျမစ္မရွိသည့္ ေကာလာဟလမ်ားအျဖစ္ သုံးသပ္ခဲ့ပါတယ္။ေက်ာက္စိမ္း ဖိနပ္စက္႐ုံဘက္ကလည္း စက္႐ုံ စတင္တည္ေထာင္သည့္ ၂၀၁၆ မွ ယေန႔အထိ ထိုအမည္ျဖင့္ အလုပ္သမားမရွိေၾကာင္း ေျပာခဲ့ပါတယ္။

ယခုလူသတ္မႈကို ဝင္ပူးကာ ေျပာျပသည့္ ျပႆနာက နာမည္ရဒါ႐ိုက္တာတစ္ဦးက ႐ုပ္ရွင္ဇာတ္ကား ႐ိုက္ဖို႔အထိ အမ်ားျပည္သူၾကား စိတ္ဝင္စားမႈျမင့္တက္ခဲ့တဲ့အထိ ျဖစ္လာခဲ့သျဖင့္ ေက်ာက္စိမ္း ဖိနပ္စက္႐ုံႏွင့္ ဆြီတီဟုမ္းစက္႐ုံ အပါအဝင္ ရဲတပ္ဖြဲ႕ကပါ သတင္းစာရွင္းလင္းပြဲ လုပ္မယ္ဆိုတဲ့အတြက္ ဒီသတင္းက ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

အဆိုပါ သတင္းက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ တပ္မေတာ္က ပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲဆိုထား ေသာ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ငါးဦး အာမခံမရဘဲ အင္းစိန္ေထာင္သို႔ ပို႔ခဲ့တဲ့ သတင္း၊ အဂတိလိုက္စားမႈျဖင့္ တရားစြဲခံေနရေသာ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာလဲ့လဲ့ေမာ္၏ က်န္းမာေရး အာမခံေလွ်ာက္ထားမႈကို အထူးကုသမားေတာ္ႀကီးမ်ား ပါဝင္ေသာ ေဆးစစ္အဖြဲ႕၏ မွတ္ခ်က္အရ အာမခံမေပးရန္ တိုင္းတရားလႊတ္ေတာ္က ပယ္ခ်ခဲ့တဲ့ သတင္း၊ ကခ်င္ျပည္နယ္ရွိ သစ္ေတာႀကိဳးဝိုင္းႏွစ္ခုအတြင္း က်ဴးေက်ာ္ကာ တစ္သွ်ဴးငွက္ေပ်ာ ဧကငါးေထာင္ေက်ာ္ တရားမဝင္ ဝင္ေရာက္စိုက္ပ်ိဳးထားသည့္ လြယ္ဖူး ဘြမ္၊ ရွိန္သာ၊ ခ်မ္းရင္ခူး၊ မ်ိဳးဆက္ၾကယ္ပြင့္၊ မလိခနဂါး ကုမၸဏီတို႔ကို ျပည္နယ္သစ္ေတာဦးစီးဌာနက တရားစြဲဆိုမည့္ သတင္း၊ တပ္မေတာ္၏ တရားစြဲဆိုမႈျဖင့္ ဖမ္းဆီးခံထားရေသာ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီး ကို အျမန္ဆုံးလႊတ္ေပးရန္ ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္ ၁၅၀ ေက်ာ္မွ တာဝန္ရွိသူမ်ားက လက္မွတ္ေရးထိုး ေတာင္းဆိုခဲ့တဲ့ သတင္း၊ တရားသူႀကီးမ်ား ေန႔စဥ္ တရားခြင္စတင္ခ်ိန္မွာ က်မ္းက်ိန္ရမည္ ျပည္ေထာင္စုတရားစီရင္ေရး ဥပေဒမူၾကမ္းကို ထုတ္ျပလိုက္တဲ့ သတင္း၊ ႐ိုက္တာ သတင္းေထာက္ႏွစ္ဦး၏ ေနာက္ဆုံးအဆင့္ အယူခံကို ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္႐ုံးက ပယ္ခ်ခဲ့တဲ့ သတင္း၊ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က ဝါးခယ္မ ၿမိဳ႕မရဲစခန္း အခ်ဳပ္ခန္းအတြင္း ေသဆုံးခဲ့သူႏွင့္ ပတ္သက္၍ ရဲလုပ္ငန္းဆိုင္ရာ ကိစၥရပ္မ်ားအား ေဆာင္႐ြက္ထားျခင္းမရွိလို႔ ရဲတပ္ဖြဲ႕ဝင္မ်ားကို အေရးယူဖို႔ ျပည္ထဲေရးဝန္ႀကီးဌာနကို တိုက္တြန္းထားတဲ့ သတင္း စတဲ့ သတင္းေတြထဲ  အြန္လိုင္းတြင္ ပ်ံ႕ႏွံ႔ခဲ့သည့္ အုပ္စုဖြဲ႕ အဓမၼျပဳက်င့္ အသတ္ခံရၿပီး အျခားသူထံ ဝိဉာာဥ္ဝင္ပူးသည့္ ေက်ာက္စိမ္း ဖိနပ္စက္႐ုံ အလုပ္သမ သတင္းက ယခုတစ္ပတ္ရဲ႕ လူစိတ္ဝင္စားမႈအမ်ားဆုံး သတင္းတစ္ခုျဖစ္ခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၏ တ႐ုတ္ျပည္ခရီး

ေဘက်င္းမွာ က်င္းပမယ့္ ဒုတိယအႀကိမ္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး Belt and Road Forum ကို တက္ေရာက္ဖို႔ ဧၿပီ ၂၄ ရက္က ျမန္မာႏိုင္ငံက ထြက္ခြာသြားတဲ့  ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ တ႐ုတ္ျပည္ခရီးစဥ္က ျမစ္ဆုံအေပၚ အာ႐ုံေရာက္ေနတဲ့ အမ်ားျပည္သူၾကား စိတ္ဝင္စားမႈ အျမင့္ဆုံးရွိခဲ့ပါတယ္။

ျမစ္ဆုံေရကာတာ တည္ေဆာက္ေရးကို ထာဝရဖ်က္သိမ္းဖို႔ လႈပ္ရွားမႈေတြ ျမင့္တက္လာခ်ိန္မွာ သြားေရာက္တဲ့ ယခုခရီးစဥ္ေၾကာင့္လည္း စိတ္ဝင္စားမႈက ျမင့္တက္ခဲ့ရတာပါ။တ႐ုတ္ျပည္ကို ဧၿပီ ၂၄ ရက္မွာ ေရာက္ရွိခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဟာ အဆိုပါေန႔မွာဘဲ တ႐ုတ္သမၼတ ရွီက်င္းဖိန္ နဲ႔ ေဘဂ်င္းၿမိဳ႕ရွိ Great Hall of the People မွာ ေတြ႕ဆုံခဲ့ပါတယ္။ထုတ္ျပန္ခ်က္ေတြမွာေတာ့ ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြက ႏွစ္ႏိုင္ငံဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ေရးဆိုင္ရာ ကိစၥရပ္ေတြကို ေဆြးေႏြးခဲ့တယ္ ဆိုပါတယ္။

ဧၿပီ ၂၅ ရက္မွာေတာ့ တ႐ုတ္အမ်ိဳးသားကြန္ဗင္းရွင္းစင္တာမွာ က်င္းပတဲ့  People to People Connectivity Thematic Forum ဖြင့္ပြဲအခမ္းအနားမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က စိန္ေခၚမႈမ်ားကို ေက်ာ္လႊားရာတြင္ မိမိတို႔ျပည္သူမ်ား၏ သႏၷိဌာန္ခိုင္မာမႈႏွင့္ အလုပ္ႀကိဳးစားမႈမ်ား အေပၚတြင္လည္း မူတည္ေနပါေၾကာင္း၊ စိန္ေခၚမႈမ်ား မည္သို႔ပင္ရွိေစကာမႈ ၿငိမ္းခ်မ္းမႈႏွင့္ ဖြံ႕ၿဖိဳးမႈ လမ္းေၾကာင္းအား မိမိတို႔အေနျဖင့္ ဆက္လက္ေလွ်ာက္လွမ္းသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ဝန္ႀကီးခ်ဳပ္ မစၥတာလီခခ်န္း နဲ႔ ေက်ာက္ယုထိုင္ ႏိုင္ငံေတာ္ဧည့္ေဂဟာမွာ ေတြ႕ဆုံခဲ့သလို အတူလိုက္ပါလာသည့္ ဝန္ႀကီး၊ ဒု-ဝန္ႀကီးေတြနဲ႔ တ႐ုတ္ဘက္က တာဝန္ရွိသူေတြနဲ႔ တ႐ုတ္ - ျမန္မာ စီးပြားေရးျစကၤန္ ပူးေပါင္းေဆာင္႐ြက္မႈအစီအစဥ္ (၂ဝ၁၉- ၂ဝ၃ဝ) ဆိုင္ရာ နားလည္မႈစာခြၽန္လႊာ အပါအဝင္ နားလည္မႈ သေဘာတူစာခ်ဳပ္ေတြကို လက္မွတ္ေရးထိုးခဲ့ပါတယ္။

ဧၿပီ ၂၅ ရက္ ညေနပိုင္းမွာ တ႐ုတ္ကြန္ျမဴနစ္ပါတီ ႏိုင္ငံတကာဆက္ဆံေရးဝန္ႀကီး H.E. Mr. Song Tao က တည္ခင္းဧည့္ခံတဲ့ ညစာစားပြဲသို႔ တက္ေရာက္ခဲ့ပါတယ္။ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ တစ္ပတ္ၾကာ တ႐ုတ္ခရီးစဥ္အၿပီးမွာ ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္၏ ဖိတ္ၾကားမႈအရ ကေမာၻဒီးယားႏိုင္ငံသို႔ ဆက္လက္ထြက္ခြာမည္ျဖစ္ပါတယ္။ျမစ္ဆုံအတြက္ ျပည္သူအမ်ား စိတ္ေၾကာင့္ၾကေနတဲ့အခ်ိန္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ တစ္ပတ္ၾကာ တ႐ုတ္ခရီးစဥ္က မၿပီးေသးတဲ့အတြက္  အမ်ားျပည္သူၾကား ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ သတင္းေတြက ေစာင့္ၾကည့္ေနရဦးမယ့္ သတင္းေတြထဲ ထိပ္ဆုံးက ပါဝင္ခဲ့ပါတယ္။

ဆူခြိဳင္းေျခာက္စီးႏွင့္ ကာခ်ဳပ္၏ ႐ုရွားခရီးစဥ္

တ႐ုတ္ႏိုင္ငံခရီးစဥ္က ျပန္လာၿပီး မၾကာခင္ ရက္ပိုင္းမွာပဲ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရးဝန္ႀကီး Army General Sergey Kuzhugetovich Shouigu ႏွင့္ ႐ုရွား - ျမန္မာ စစ္ဘက္နည္းပညာ ပူးေပါင္းေဆာင္႐ြက္ေရး ေကာ္မတီရဲ႕ ဖိတ္ၾကားခ်က္အရ ႐ုရွားႏိုင္ငံကို ဧၿပီ ၂၀ ရက္က ခ်စ္ၾကည္ေရးခရီး သြားေရာက္တဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္ သတင္းက ယခုတစ္ပတ္ ျပည္တြင္းႏိုင္ငံေရးကို ေစာင့္ၾကည့္ေလ့လာသူေတြ ေစာင့္ၾကည့္မိတဲ့ သတင္းျဖစ္ခဲ့ပါတယ္။

အဆိုပါခရီးစဥ္အတြင္း ကာကြယ္ေရးဦးစီးခ်ဳပ္ဟာ ေမာ္စကိုမွာ က်င္းပတဲ့ (၈) ႀကိမ္ေျမာက္ ေမာ္စကို ႏိုင္ငံတကာလုံၿခဳံေရးဆိုင္ရာ ညီလာခံ (8th Moscow Conference on International Security) သို႔ တက္ေရာက္ၿပီး ‘အင္ဒို - ပစိဖိတ္ ေဒသတြင္း စစ္ဘက္ပူးေပါင္း ေဆာင္႐ြက္မႈမ်ားႏွင့္ ေဒသတြင္း လုံၿခဳံေရးဆိုင္ရာ အလားအလာမ်ား’ ေခါင္းစဥ္ျဖင့္ ေဆြးေႏြးခဲ့ပါတယ္။
အဆိုပါညီလာခံမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ပထဝီႏိုင္ငံေရးအရ အင္ဒို - ပစိဖိတ္ ေဒသသည္ ကမာၻလုံးဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္လာမႈႏွင့္ အခြင့္အလမ္းမ်ားအတြက္ အဓိကအခ်က္အခ်ာ ေနရာျဖစ္ေသာ္လည္း တစ္ဖက္တြင္ လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးတို႔၌ စိုးရိမ္ပူပန္မႈမ်ား ရွိေနဆဲျဖစ္ေၾကာင္း၊ ၂၁ ရာစုတြင္ အင္ဒို - ပစိဖိတ္ ေဒသအား တစ္ကမာၻလုံးမွ အာ႐ုံစိုက္မႈ ပိုမိုမ်ားျပားလာခဲ့ေၾကာင္း၊ အင္ဒို - ပစိဖိတ္ ေဒသသည္ ကမာၻ႔စစ္အင္အားႀကီးႏိုင္ငံမ်ား၊ စီးပြားေရးအင္အားႀကီးႏိုင္ငံမ်ား၊ ဒီမိုကေရစီ ထြန္းကားသည့္ ႏိုင္ငံမ်ားႏွင့္ တ႐ုတ္၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္ႏွင့္ အင္ဒိုနီးရွားကဲ့သို႔ေသာ လူဦးေရမ်ားျပားသည့္ ႏိုင္ငံမ်ား တည္ရွိေနျခင္းေၾကာင့္ ယေန႔ ႏိုင္ငံတကာေရးရာမ်ားတြင္ အာ႐ုံစိုက္ခံရဆုံးႏွင့္ အေရးပါဆုံးေသာ ေဒသအျဖစ္သို႔ ေရာက္ရွိေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အဆိုပါ႐ုရွားခရီးစဥ္အတြင္း  တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဟာ Irkutsk Aviation Plant  စက္႐ုံကို သြားခဲ့သလို ႐ုရွား ကာကြယ္ေရးဒု-ဝန္ႀကီး တည္ခင္းဧည့္ခံတဲ့ ညစာစားပြဲ အခမ္းအနားကို တက္ေရာက္ခဲ့ပါတယ္။ဒီညစာစားပြဲမွာ Russia Today သတင္းဌာနမွ သတင္းေထာက္မ်ား၏ ေမးျမန္းမႈမ်ားအား ျပန္လည္ရွင္းလင္း ေျဖၾကားခဲ့ပါတယ္။ဒါ့အျပင္ ႐ုရွားႏိုင္ငံတြင္ ဘြဲ႕လြန္သင္တန္း၊ ပါရဂူသင္တန္းႏွင့္ Doctor of Science သင္တန္းမ်ား တက္ေရာက္ေနေသာ တပ္မေတာ္အရာရွိမ်ားကို ေတြ႕ဆုံကာ အမွာစကား ေျပာၾကားခဲ့ပါတယ္။အဆိုပါခရီးစဥ္အတြင္း Sputnik သတင္းဌာနနဲ႔ ေတြ႕ဆုံရာမွာ ႐ုရွားႏိုင္ငံက ျမန္မာအတြက္တစ္စင္းကို ကန္ေဒၚလာ သန္း  ၃၀ ႏွင့္ ၄၀ ၾကားရွိ စတုတၳမ်ိဳးဆက္လြန္ (4+Generation) တိုက္ေလယာဥ္အမ်ိဳးအစား Su-30SM အမ်ိဳးအစား တိုက္ေလယာဥ္ေျခာက္စီးကို စတင္တပ္ဆင္ေနေၾကာင္း ေျပာခဲ့တယ္လို႔ အဆိုပါသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ႏိုင္ငံတကာ ၿခိမ္းေျခာက္မႈနဲ႔ ဖိအားရွိေနခ်ိန္မွာ ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ုရွားခရီးစဥ္နဲ႔ ယခုလို ေခတ္မီေလယာဥ္ဝယ္ယူမႈ သတင္းက အနည္းနဲ႔အမ်ားဆိုသလို ျပည္သူအတြက္ စိတ္ဝင္စားစရာ၊ စိတ္အားတက္စရာ ျဖစ္ခဲ့တဲ့အတြက္ ယခုတစ္ပတ္ သတင္းေတြထဲ အာ႐ုံစိုက္စရာျဖစ္ခဲ့ပါတယ္။

အဆိုပါသတင္းက ယခုတစ္ပတ္ထဲ က်င္းပခဲ့တဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ အစည္းအေဝးမွာ ရခိုင္အမ်ိဳးသားပါတီဘက္က အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ (ကာလုံ) ဖ်က္သိမ္းရန္ အဆိုျပဳခဲ့တဲ့ သတင္း၊ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ ေရတပ္ (People's Liberation Army-PLA Navy) ၏ ႏွစ္ (၇၀) ျပည့္ အထိမ္းအမွတ္ International Fleet Review -  IFR အခမ္းအနားမွာ တပ္မေတာ္ (ေရ) မွ စစ္ေရယာဥ္ (ဆင္ျဖဴရွင္) ပါဝင္တဲ့ သတင္း၊ ေမာင္ေတာၿမိဳ႕နယ္ထဲ လုံၿခဳံေရးလိုက္ပါေဆာင္႐ြက္တဲ့ ရဲတပ္ဖြဲ႕ယာဥ္ကို ARSA  အဖြဲ႕ ႏွစ္ဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ခဲ့တဲ့ သတင္း၊ ဘူးသီးေတာင္ၿမိဳ႕နယ္ နယုန္ေတာင္ေက်း႐ြာ အနီးဝန္းက်င္မွာ AA  အဖြဲ႕နဲ႔ နယ္ေျမစိုးမိုးေရး လုပ္ေဆာင္ေနတဲ့ တပ္မေတာ္လုံၿခဳံေရးစစ္ေၾကာင္း ထိေတြ႕တိုက္ပြဲျဖစ္ပြားတဲ့ သတင္း၊ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ လ်င္ျမန္စြာေဖာ္ေဆာင္ေရး တ႐ုတ္ႏိုင္ငံက ၾကားဝင္ေစ့စပ္ေပးဖို႔ TNLA၊ MNDAA နဲ႔ AA အဖြဲ႕တို႔ ေတာင္းဆိုတဲ့ သတင္း၊ တစ္ဖက္သတ္ အပစ္ရပ္ေၾကညာထားမႈကို ေဆြးေႏြးပြဲရလဒ္ႏွင့္ ေျမျပင္အေျခအေနမ်ားေပၚ မူတည္ၿပီး သက္တမ္းတိုးလာႏိုင္တယ္လို႔ တပ္မေတာ္ဘက္က ေျပာၾကားခဲ့တဲ့သတင္း၊ စစ္ေတြ ကြင္းဆင္းမႈ အစီရင္ခံစာကို ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရး အေထာက္အကူျပဳ ေကာ္မတီက သမၼတထံ အစီရင္ခံစာ တင္သြင္းထားတဲ့ သတင္း၊ နယ္ေျမေက်ာ္လြန္ စခန္းလာထိုင္တဲ့ ရွမ္းျပည္နယ္ ေျမာက္ပိုင္း မုံးေပၚေဒသရွိ KIA တပ္စခန္းခုႏွစ္ခုကို တပ္မေတာ္ သိမ္းပိုက္ခဲ့တဲ့ သတင္း၊ တပ္မေတာ္ဘက္က ‘ဝ’လက္နက္ကိုင္အဖြဲ႕(UWSA) ၏ ျပည္နယ္ေတာင္းဆိုမႈအေပၚ NCA လက္မွတ္ထိုးၿပီးမွ  ႏိုင္ငံေရးေဆြးေႏြးပြဲမွာ ေဆြးေႏြးရမည့္ကိစၥလို႔ ျပန္လည္တုံ႔ျပန္ခဲ့တဲ့ သတင္း စတဲ့ သတင္းေတြထဲ သတိထားေစာင့္ၾကည့္ရတဲ့ သတင္းျဖစ္ခဲ့ပါတယ္။

လူစေတးတဲ့ ေက်ာက္စိမ္းေဘး

ဧၿပီ ၂၃ ရက္ နံနက္ ေစာေစာပိုင္းကျဖစ္ခဲ့တဲ့ ဖာကန႔္ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းခြင္က ႏြံကန္ ေပါက္မႈ သတင္းက ကာလၾကာရွည္ေနတဲ့ ဖားကန႔္က သဘာဝတ္ဝန္းက်င္ ယိုယြင္းေနမႈနဲ႔ တာဝန္ခံမႈမရွိတဲ့ အေျခအေနကို ေဖာ္ျပလိုက္သလို ျဖစ္ခဲ့ပါတယ္။

ဖားကန႔္ၿမိဳ႕ အေနာက္ဘက္  ေမွာ္ဝမ္းေက်း႐ြာအုပ္စု၊ ေမွာ္ဝမ္းကေလးေက်း႐ြာအနီးရွိ ယူနတီ ကုမၸဏီ လုပ္ကြက္အေဟာင္းထဲက အနက္ ေပ ၁၀၀ ခန႔္၊ အက်ယ္ငါးဧကခန႔္ရွိတဲ့ ႏြံကန္ဟာ  ဧၿပီ ၂၃ ရက္ နံနက္ ၀၀ နာရီ ၂၀ မိနစ္ခန႔္မွာ က်ိဳးေပါက္ကာ ေအာက္ဘက္က ကခ်င္အမ်ိဳးသား    ဖြံ႕ၿဖိဳးတိုးတက္ေရးကုမၸဏီ(KNDCP)နဲ႔ ျမန္မာသူရကုမၸဏီတို႔ ပူးေပါင္းတူးေဖာ္ေနတဲ့ လုပ္ကြက္ႏွင့္ ေ႐ႊနဂါး ကိုး ေကာင္ကုမၸဏီ လုပ္ကြက္အထက္မွာ ရွိေနတဲ့လုပ္ကြက္ထဲက က်ဆင္းခဲ့လို႔  ညဆိုင္း အလုပ္ဆင္းသူ ၅၀ ေက်ာ္ႏွင့္ ဘက္ဟိုး ယာဥ္ ၁၅ စီးေက်ာ္   ႏြံ မ်ားအတြင္းနစ္ျမဳပ္ေပ်ာက္ဆုံးခဲ့ပါတယ္။

ေတာင္ေတြနဲ႔ ကုန္းျမင့္ေတြကို လိုသလိုလွီးထစ္ကာ ေက်ာက္စိမ္းရဖို႔ ေျမလွန္ရွာေနတဲ့ ဒီလုပ္ကြက္ေတြ မွာ အေသအေပ်ာက္ႀကီးမားတဲ့ ေျမၿပိဳမႈေတြ၊မၾကာခဏ ေတာင္ၿပိဳမႈေတြ၊က်င္းပိမႈေတြ ျဖစ္သလို လာလုပ္တဲ့ သူေတြက အနယ္နယ္အရပ္ရပ္ကျဖစ္တဲ့ အတြက္ ေသဆုံးသူဘယ္သူဘယ္ဝါဆိုတာ မသိရသလို ၾကာေတာ့ ပိုင္ရွင္မေပၚဘဲ ေသဆု႔းသူအေရအတြက္ေတာင္ မွန္ေအာင္ မေကာက္ႏိုင္တဲ့ ျဖစ္ရပ္ေတြ ဒီေဒသမွာ အမ်ားႀကီး ပါဘဲ။ဧၿပီ ၂၃ ရက္က ျဖစ္ခဲ့တဲ့ျဖစ္ရပ္မွာ ေ႐ႊနဂါးကိုးေကာင္ကုမၸဏီမွ လုပ္သားဝန္ထမ္း ၂၆ ဦးနဲ႔ ျမန္မာသူရ ကုမၸဏီမွ လုပ္သားဝန္ထမ္း ၂၈ ဦး အရွင္လတ္လတ္ ႏြံေတြထဲ နစ္ဝင္ေသဆုံးခဲ့ရပါတယ္။

လူတစ္ေယာက္ႏွစ္ေယာက္ ပိတ္မိေနရင္ေတာင္ တကမာၻလုံးလႈပ္လႈပ္ခတ္ခတ္ျဖစ္ရတဲ့ သဘာဝေဘး ေတြထဲမွာ  ယခုလို လူ၅၀ ေက်ာ္ အရွင္လတ္လတ္ ႏြံနစ္ၿပီးေသရတဲ့ အျဖစ္က ကမာၻသတင္းေတြထဲမွာေတာင္ ထိပ္တန္းသတင္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။ သက္ဆိုင္ရာထုတ္ျပန္ခ်က္ေတြမွာေတာ့ ဒီႏြဲနစ္တဲ့သူေတြကို ကယ္ ထုတ္ ဖို႔ ကယ္ဆယ္ေရးေတြ ေဆာင္႐ြက္ေနတယ္ဆိုေပမယ့္ ေန႔ၿပိဳမလား၊ညၿပိဳမလားျဖစ္ေနတဲ့ ဒီေဒသမွာ ကယ္ဆယ္ေရးလုပ္ေနရတဲ့ သူေတြ၊ အလုပ္လုပ္ေနရတဲ့ သူေတြအတြက္ အသက္ေဘးက လက္တစ္ကမ္းမွာ ႀကဳံေတြ႕ႏိုင္တဲ့ အေျခအေနပါ။

ျဖစ္တဲ့ အခ်ိန္က ညဘက္ျဖစ္တဲ့ အတြက္ ေရမေဆးသမားလို႔ ေခၚတဲ့ တစ္ပိုင္တစ္ႏိုင္ေက်ာက္ရွာသူ ေတြ မဝင္ႏိုင္တဲ့ အခ်ိန္ျဖစ္လို႔ အေသအေပ်ာက္က အဆေပါင္းမ်ားစြာ နည္းသြားခဲ့တာပါ။ ႏြံကန္ေပါက္ရတဲ့ အ ေၾကာင္းရင္းကို တာဝန္ရွိသူမ်ား၏စစ္ေဆးခ်က္မွာ လုပ္ငန္းလုပ္ကိုင္ေနေသာကုမၸဏီမ်ားက ႏြံကန္ေဘး ေအာက္ေျခရွိ ေျမမွန္ေက်ာက္ေၾကာကို တူးေဖာ္ရာမွ တစ္ဆင့္ ႏြံကန္ မထိန္းႏိုင္ဘဲ က်ိဳးေပါက္တာ ျဖစ္ႏိုင္ တယ္လို႔ ဆိုပါတယ္။ ဒီလိုျဖစ္ရပ္ေတြ၊ လူအေသအေပ်ာက္မ်ားတဲ့ ျဖစ္ရပ္ေတြက ဘယ္ေတာ့မ်ား ရပ္တန႔္ ပစ္ ႏိုင္မွာလည္း ဆိုတာ အမ်ားျပာ္သူသိခ်င္ေနတဲ့ေမးခြန္းပါဘဲ။

ဒါျပင္ ဧၿပီ ၂၂ ရက္က မိုးကုတ္မွာလည္း  သက္တမ္းကုန္ ေဌးပိုင္ ကုမၸဏီလုပ္ကြက္ေဟာင္းထဲ ေက်ာက္ဝင္တူးတဲ့သူႏွစ္ဦး ယမ္းခြဲၿပီးေက်ာက္ရွာရာမွာ ေက်ာက္တြင္းၿပိဳၿပီး ေသဆုံးခဲ့ပါေသးတယ္။ ဒီလုပ္ ကြက္က ၿပီးခဲ့တဲ့ မတ္ ၃၁ ရက္က ေက်ာက္လာရွာသူ ေဒသခံမ်ားနဲ႔ ကုမၸဏီဝန္ထမ္းမ်ား ပဋိပကၡျဖစ္ပြားခဲ့တဲ့ လုပ္ကြက္ျဖစ္ပါတယ္။

ဒီလိုအေသအေပ်ာက္မ်ားတဲ့ ျဖစ္ရပ္အတြက္ ကုလသမဂၢက ဝမ္းနည္းေၾကာင္း လုပ္ငန္းခြင္ ေဘးအႏၲ ရာယ္ကင္းရွင္းေရးနဲ႔ က်န္းမာေရးဆိုင္ရာဥပေဒသစ္ကို သတၱဴတူးေဖာ္ေရးက႑ေတြမွာ အလ်င္အျမန္အ ေကာင္ အထည္ေဖာ္ဖို႔ တိုက္တြန္းခဲ့ပါတယ္။  ျမန္မာ ႏိုင္ငံမွာ တရားဥပေဒစိုးမိုးေရးနဲ႔ ထြက္ရွိထားတဲ့ ဥပေဒ အတိုင္းမေဆာင္႐ြက္ႏိုင္သေ႐ြ႕ ဒီလိုေၾကကြဲစရာအျဖစ္အပ်က္ေတြ ဆက္ျဖစ္ေနဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့  အိုင္ဗရီကို႔စ္ႏိုင္ငံမွာ ဖ်က္ဆီးခံရတဲ့ ျမန္မာ့ဆန္ကိစၥမွာ ျမန္မာ့ဆန္ အရည္အေသြးႏွင့္ သက္ဆိုင္ျခင္းမရွိဘူးလို႔ သတင္းစာရွင္းလင္းပြဲမွာ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒က ေျပာလိုက္တဲ့ သတင္း၊  ေ႐ႊဘိုအက်ဥ္းေထာင္မွာ လြတ္ၿငိမ္းခ်မ္းသာခြင့္အတြက္ ေတာင္းဆိုရာမွ ေထာင္ဆူပႈမႈ ျဖစ္ပြားခဲ့တဲ့ သတင္း၊ ဧၿပီလဆန္းကစ၍ ရွမ္း ျပည္နယ္တြင္ လက္နက္ကိုင္အ ဖြဲ႕မ်ား၏ တိုက္ပြဲေၾကာင့္ ထပ္မံ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ရမႈမရွိ ေၾကာင္း UNOCHA သတင္းထုတ္ျပန္ခဲ့တဲ့ သတင္း၊ လာမည့္ပညာသင္ႏွစ္က စၿပီး ေႏြ ေက်ာင္းပိတ္ရက္ကို တစ္လေလွ်ာ့ကာ ႏွစ္လသာရွိေတာ့မယ္ ဆိုတဲ့ သတင္းေတြထဲ ထူးထူးျခားျခား သတိထားေစာင့္ၾကည့္ရတဲ့ စိတ္မေကာင္းဖြယ္ သတင္းတစ္ပုဒ္ျဖစ္ခဲ့တယ္ဆိုတာတင္ျပရင္း ယခုတစ္ပတ္ သတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဧၿပီ - ၂၆