【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ခုနှစ်လောင်းပြိုင်နဲ့ အဆိပ်တက်လာတဲ့ ရခိုင်ဒေသတိုက်ပွဲ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】  ခုနှစ်လောင်းပြိုင်နဲ့ အဆိပ်တက်လာတဲ့ ရခိုင်ဒေသတိုက်ပွဲ

ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ ပြည်တွင်းသတင်းတွေထဲမှာ အများစု အာရုံစိုက်စရာဖြစ်ခဲ့တဲ့ သတင်းက ရခိုင်မြောက်ပိုင်း မြောက်ဦးမှာ ရဲတပ်ရင်းကို ဝင်တိုက်တဲ့ AA လက်နက်ကိုင်အဖွဲ့က ရဲတပ်ဖွဲ့ဝင်မိသားစုက အမျိုးသမီးနဲ့ ကလေးတွေကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားတဲ့ သတင်းပါဘဲ။ဒီသတင်းအပြင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ တရုတ်ပြည်ခရီးစဉ် သတင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးတွေကို သတိပေးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ သတင်း၊ တောင်ဥက္ကလာပမှာ လုပ်ခဲ့တဲ့ ခြေဥပြင်ဆင်ရေး ထောက်ခံပွဲမှာ မျိုးချစ်ဆိုသူတွေဘက်က ဟောပြောသူတွေကို လာရောက်ကန့်ကွက် ဆဲဆိုခဲ့တဲ့ သတင်း၊ ကြာအင်းဆိပ်ကြီးမှာ တပ်ပြေးနှစ်ဦးက ဆိုင်ကယ်ငှားတာ မရလို့ အသက် (၈) နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သားခုနစ်ဦးကို ပစ်သတ်ခဲ့တဲ့ သတင်းတွေကလည်း အများပြည်သူကြား စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

ပြည်သူတွေ ကျေးဇူးမမေ့ဖို့ သတိပေးခံရတဲ့ ဝန်ကြီးတွေ

ယခုတစ်ပတ် သတင်းတွေထဲမှာ အများပြည်သူ သဘောကျခဲ့တဲ့ သတင်းတစ်ပုဒ် ရှိပါတယ်။ဒီသတင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရဝန်ကြီးတွေကို သတိပေးခဲ့တာပါ။ဒါကကားစီးတဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ကို သူတို့စီးတဲ့ ကားထဲ ပြည်သူတွေချွေးနှဲစာ ပါနေတဲ့အတွက် ပြည်သူကို ပြန်လည်အလုပ်အကျွေးပြုဖို့ မွန်ပြည်နယ် ခရီးစဉ်အတွင်းမှာ ပြောခဲ့တာပါ။

ဒါဟာ အောက်ခြေလွတ်စပြုနေတဲ့ လွှတ်တော်နဲ့ တိုင်းဒေသကြီးအဆင့် ဝန်ကြီးတွေကို ပြည်သူတွေက မြင်ပြင်းကတ်စ ပြုနေတဲ့အချိန်မှာ ယခုလို လူထုခေါင်းဆောင်က ပြည်သူကိုယ်စား သတိပေးခဲ့တဲ့အတွက် ကျေနပ်စရာဖြစ်ခဲ့ပါတယ်။ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့က ဒေါ်အောင်ဆန်းစုကြည် ကို ကန်တော့ရာမှာ ကံသုံးပါးဖြင့် ပြစ်မှားကျူးလွန်မှုရှိပါက ခွင့်လွှတ်ပေးဖို့ ပြောကြားစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံက ၎င်းအပေါ် အပြစ်ကျူးလွန်ရင် ခွင့်လွှတ်နိုင်ပေမယ့် နိုင်ငံတော်အပေါ် အပြစ်မကျူးလွန်ဖို့နဲ့ နေရာမလုဖို့ လမ်းညွှန်ခဲ့ပါတယ်။

၂၀၁၉ နှစ်ဆန်းက စတင်ပြီး ကချင်၊ ချင်း၊ ရှမ်း၊ တနင်္သာရီ၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ မွန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို နိုင်ငံတော်အတိုင်ပင်ခံ သွားရောက်ခဲ့ရာမှာ လူထုတွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့သလို လူထုတင်ပြမှုတွေကို နားထောင်ကာ ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေကို အနားပေးမှုတွေ၊ အရေးယူမှုတွေကို လုပ်ဆောင်ခဲ့တာတွေ ရှိခဲ့တဲ့အတွက် ဒီလိုပြောစကား နောက်ကွယ်မှာ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ အများပြည်သူကြား စောင့်ကြည့်စရာသတင်း ဖြစ်လာခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် ယခုတစ်ပတ်ထဲမှာ တရုတ်ပြည်ကို သွားရောက်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ခရီးစဉ်က အများပြည်သူကြား စောင့်ကြည့်စရာဖြစ်ခဲ့ပါတယ်။တရုတ် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လီဇူအိုချောင်၏ ဖိတ်ကြားချက်အရ သွားရောက်တဲ့ ဒီခရီးစဉ်မှာ ကာကွယ်ရေးဦးစီးချုပ်က ဧပြီ ၉ ရက်မှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားဆက်ဆံရေးဌာန အကြီးအကဲဖြစ်တဲ့ တရုတ် နိုင်ငံတကာရေးရာဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဧပြီ ၉ ရက်က တရုတ် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လီဇူအိုချောင် နဲ့ တွေ့ဆုံရာမှာ ကာကွယ်ရေးဦးစီးချုပ်က နယ်စပ်ဒေသ လုံခြုံအေးချမ်းရေးအတွက် မြန်မာ့တပ်မတော်က အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပြီး ရခိုင်အရေး အပါအဝင် မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်အပေါ် တရုတ်နိုင်ငံက ရပ်တည်ပေးခဲ့တာတွေကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။ဒီလိုပြောခဲ့သတင်းကို ပြည်တွင်းသတင်း မီဒီယာတွေမှာ Hardline သတင်းအဖြစ် ဖော်ပြခဲ့ကြပါတယ်။အဆိုပါခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖိန် နဲ့ တွေ့ဆုံခဲ့ရာမှာ တရုတ်သမ္မတက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တရုတ်က ကူညီပံ့ပိုးပေးနေသလို၊ မြန်မာပြည် မြောက်ပိုင်းက နိုင်ငံရေးနဲ့ လုံခြုံရေး အခြေအနေတွေကိုလည်း အာရုံစိုက်နေကြောင်း ပြောကြားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ယခုတရုတ်ပြည်ခရီးစဉ်ဟာ လက်ရှိအစိုးရလက်ထက်မှာ တတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ယခုလနောက်ဆုံးအပတ်ထဲမှာ Belt and Road Forum တက်ရောက်ဖို့ သွားရောက်မယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်နဲ့ ကပ်နေခဲ့တဲ့အတွက်လည်း ပြည်တွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံရေး လေ့လာအကဲခတ်သူတွေအတွက် သတိထားစောင့်ကြည့်စရာ ဖြစ်လာခဲ့ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မလေးရှား နိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံခဲ့တဲ့ သတင်း၊ ယခုတစ်ပတ်ပြုလုပ်တဲ့ အာရှဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်နှင့် ရွေးကောက်ပွဲမှာ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတဲ့ သတင်း၊ လာမယ့် ပညာသင်နှစ်မှာ နယ်မြေကျော် ကျောင်းအပ်မှုများ လက်မခံဖို့ အခြေခံပညာကျောင်းတွေကို သတိပေးထားတဲ့ သတင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရန်ကုန်မြို့ရှိ အဆောက်အအုံတွေကို သုံးနှစ်တစ်ကြိမ် ဆေးသုတ်ဖို့ ဥပဒေတစ်ရပ်  ပြဋ္ဌာန်းရန် ဆောင်ရွက်နေတယ်လို့ ပြောလိုက်တဲ့ သတင်း၊ ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံ၏ လူဦးရေသည် ငါးနှစ်အတွင် ၂ ဒသမ ၆ သန်းကျော် တိုးမြင့်လာပြီး လက်ရှိမှာ မြန်မာနိုင်ငံ လူဦးရေ ၅၄ ဒသမ ၁၀ သန်း ရှိနေပြီဆိုတဲ့ သတင်း၊ လာမည့် ရန်ကုန်သြင်္ကန်မှာ သံချပ်ပြိုင်ဖို့ စာသားကြိုတင်သည့် သံချပ်အဖွဲ့ ၁၇ ဖွဲ့ ရှိတယ်ဆိုတဲ့ သတင်း၊ မန်းရွှေစက်တော်ဘုရားမှာ အထက်စက်တော်ရာ တက်ရောက်ဖူူးဖို့ ဓာတ်လှေကားနှင့် စက်လှေကား တပ်ဆင်တော့မယ့် သတင်း၊ သြင်္ကန်ပွဲတော်ကာလအတွင်း မြန်မာနိုင်ငံ အထက်ပိုင်းမှာ အချိန်အခါမဟုတ် မိုးနဲ့လေပြင်း အန္တရာယ်ကျရောက်နိုင်တဲ့ သတင်း၊ ရန်ကုန်မြို့ ဒုမြို့တော်ဝန်အဖြစ် ဦးစိုးလွင် မဲစနစ်နဲ့ ရွေးချယ်ခံရတဲ့ သတင်းတွေထဲ သတိထားမိစရာ သတင်းဖြစ်ခဲ့ပါတယ်။

လွှတ်တော် တွင်း/ပြင် ရှုပ်ထွေးဖွယ်ရှိလာတဲ့ ခြေဥပြင်ဆင်ရေး

လွှတ်တော်ထဲကနေ ပြင်ဆင်ဖို့ အရှိန်ရလာစ ပြုနေပြီဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ထဲက အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီနဲ့ တိုင်းရင်းသားပါတီအချို့ တင်သွင်းခဲ့တဲ့ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအတွက် လွှတ်တော်ထဲ ဆွေးနွေးရန် သင့်၊ မသင့် အငြင်းပွားနေဆဲ အချိန်မှာ နောက်ထပ် အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းတစ်ခုကို ထပ်မံတင်သွင်းထားတယ်လို့ ဆိုပါတယ်။ဒီဥပဒေကြမ်းကို ပြည်ခိုင်ဖြိုးပါတီဘက်က တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပူးပေါင်းပြီး တင်သွင်းခဲ့တာလို့ဆိုပြီး ယခုထပ်မံတင်သွင်းတဲ့  ဥပဒေကြမ်းမှာ အခြေခံဥပဒေ ပုဒ်မ ၂၆၁ နှင့် ဆက်စပ်သည့် ပုဒ်မသုံးခုကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော် နာယကထံ ထပ်မံတင်သွင်းထားတယ် ဆိုပါတယ်။ဒီလိုတင်သွင်းခဲ့တဲ့အတွက် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဖွဲ့ထားတဲ့ ၄၅ ဦး ကော်မတီဘက်က ပုဒ်မ ၂၆၁ ပြင်ဖို့ တင်စဉ် ပြောခဲ့တဲ့ ပုဒ်မတစ်ခုပြင်တိုင်း ဆက်စပ်နေတဲ့ ပုဒ်မတွေကိုပါ ပြင်ဖို့လိုတယ် ဆိုတဲ့အတွက် ယခုတင်သွင်းတဲ့ အခြေခံဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းက ဒါတွေကို ထည့်သွင်းလာဟန် တူပါတယ်။ဒီအတွက် ယခုတင်သွင်းမှုက ပြည်ထောင်စုလွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဖြစ်လာစရာ ရှိလာခဲ့ပါတယ်။ဒီလိုတင်သွင်းလာတဲ့အတွက် ဧပြီလ နောက်ဆုံးအပတ်မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်ထဲက အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အာဏာရပါတီနဲ့ အတိုက်အခံပါတီ၊ အာဏာရပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကြား အခြေအတင် ပြောဆိုမှုတွေက စိတ်ဝင်စားစရာ၊ စောင့်ကြည့်စရာ ဖြစ်လာဖို့ များနေပါတယ်။

လွှတ်တော်ထဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခြေအတင်ဖြစ်လာဖို့ ရှိနေသလို ပြင်ပမှာလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထောက်ခံပွဲတွေလုပ်ရာမှာ မျိုးချစ်အမည်ခံတွေဘက်က  ၅၉ (စ) မပြင်ဖို့နဲ့ ပုဒ်မ ၂၆၁ ကိုသာပြင်ဖို့ အပြိုင်လုပ်ခဲ့တာတွေရှိခဲ့ပြီး တောင်ဥက္ကလာပ ခြေဥပြင်ဆင်ရေး ထောက်ခံပွဲမှာ မျိုးချစ်အမည်ခံတွေက လာရောက်နှောင့်ယှက်မှုတွေထိ ရှိလာခဲ့ပါတယ်။

ဧပြီ ၇ ရက် ညနေပိုင်းက တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံမှာ ပြုလုပ်တဲ့ ခြေဥပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်၊ စာရေးဆရာ ထင်လင်းဦး နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့  ဦးမြအေး တို့က ဟောပြောခဲ့ကြဖို့ စီစဉ်ရာမှာ ပွဲမိန့်စတင်ကတည်းက တပ်မတော်နှင့် အမျိုးဘာသာသာသနာကို ထိခိုက်စော်ကားမှုတွေ ပါဝင်လာနိုင်တဲ့အတွက် စာရေးဆရာ ထင်လင်းဦး နှင့် ဦးနေမျိုးဇင် တို့ကို ဟောပြောခွင့်မပြုဖို့ တားမြစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ပွဲစကတည်းက နှာခေါင်းစည်းများနှင့် မျက်မှန်နက်များ တပ်ဆင်ထားကြတဲ့ ရဟန်းနဲ့ လူပုဂ္ဂိုလ် ၅၀ ခန့် လာရောက်ပြီး ဟောပြောသူတွေကို ဆဲဆိုခြင်းတွေ လုပ်ခဲ့သလို ဆန်ကျင်ဘက်အဖွဲ့က အမျိုးသမီးတစ်ဦးရဲ့ လူကြားထဲ ပရိတ်သတ်ထဲကနေ ဗီဒီယိုရိုက်ကူးရေး လုပ်တဲ့အတွက် လုံခြုံရေးတာဝန် ယူထားတဲ့သူတွေက အပြင်ခေါ်ထုတ်ရာမှာ ရုန်းရင်းဆန်ခတ် အနည်းငယ်ဖြစ်ပွားခဲ့တာတွေ ရှိခဲ့ပါတယ်။မျိုးချစ်အုပ်စုက စင်မြင့်ဘက် လက်ညှိုးထိုး အော်ဟစ်ဆဲဆိုခြင်းတွေ ဆက်လက်ပြုလုပ်ခဲ့တဲ့အတွက် ဟောပြောနေတဲ့ ဦးနေမျိုးဇင် က ၎င်းအပေါ် မေးမြန်းဆွေးနွေးလိုသည်များရှိပါက မျိုးချစ်အုပ်စုထဲမှ ခေါင်းဆောင် ဆရာတော်နှစ်ပါး စင်ပေါ်သို့ ကြွရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမယ့် မည်သူမျှ စင်ပေါ်သို့ တက်ရောက်လာခြင်းမရှိဘဲ စာရေးဆရာ ထင်လင်းဦး ဟောပြောနေစဉ် ပန်းခြံထဲကနေ ဆဲဆိုထွက်သွားခဲ့ပါတယ်။

ဒီလိုအခြေအနေက နောက်ထပ်လုပ်ဖို့ရှိတဲ့ ခြေဥထောက်ခံပွဲတွေမှာ ယခုထက် ပိုပြီးပြင်းထန်တဲ့ တုံ့ပြန်မှုတွေ မြင်တွေ့ရမယ့် အလားအလာပါ။နောင်လာမယ့် ခြေဥပြင်ဆင်ရေး ထောက်ခံပွဲတွေမှာ ဘာတွေဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီလို သတင်းအပြင် ယခုရက်သတ္တပတ်ထဲမှာဖြစ်ခဲ့တဲ့ နိုင်ငံရေးသတင်းဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်အများစုက ပါတီတည်ထောင်မယ့် သတင်း၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ကို နိုင်ငံအကျိုး စီးပွားရှိမည်ဆိုရင် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်နှင့်မဆို ပူးပေါင်းဆောင်ရွက်မည်လို့  သူရဦးရွှေမန်း က ပြောလိုက်တဲ့ သတင်း၊ လက်ကျန် အပစ်ရပ်ကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့ တပ်မတော်ဘက်က တိုက်တွန်းခဲ့တဲ့ သတင်းတွေလည်း ယခု ရက်သတ္တပတ်အတွင်းမှာ ဖြစ်ခဲ့ပါတယ်။

ဆိုင်ကယ်ငှားစီးတာ မရလို့ လူ ၈ ဦးကို သတ်ပစ်တဲ့ နယ်တွေရဲ့ တရားဥပဒေစိုးမိုးမှု

ယခုတစ်ပတ် သတင်းတွေထဲမှာ သတိထားစရာဖြစ်ခဲ့တာက ကြာအင်းဆိပ်ကြီးမြို့နယ်ထဲ ဧပြီ ၅ ရက်က ဖြစ်ပွားခဲ့တဲ့ ခုနှစ်လောင်းပြိုင် လူသတ်မှုပါ။အသက် (၈) နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ခုနစ်ဦးသေဆုံးခဲ့တဲ့ ဒီလူသတ်မှုမှာ ကျူးလွန်သူတွေက တပ်မတော်သားနှစ်ဦး ဖြစ်နေခဲ့တဲ့အတွက် သတင်းဖတ်သူတွေအတွက် ထိတ်လန့်စရာဖြစ်ခဲ့ပါတယ်။

သတင်းဖော်ပြချက်တွေထဲမှာ အနန်းကွင်းရွာရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်မှာ ဆိုင်ကယ်ငှားရာကနေ  အဆင်မပြေဖြစ်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့တယ်လို့ဆိုပြီး ကပ်လျက် နေအိမ်တစ်လုံးစီမှာ အိပ်နေတဲ့ မိသားစုဝင် ငါးဦးစီကို ဝင်ပစ်သတ်ခဲ့လို့  ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသားလေးဦး၊ အမျိုးသမီးသုံးဦး သေဆုံးခဲ့တာပါ။ဒဏ်ရာသူတစ်ဦးကို ဆေးရုံတင်ပို့ခဲ့ပြီး ကနဦးသတင်းတွေမှာ ကျူးလွန်သူတွေက လက်နက်နဲ့ တပ်ပြေးတွေလို့ ဆိုပါတယ်။

ကျူးလွန်သူနှစ်ဦးကို အခင်းဖြစ်ပွားပြီးနောက် တပ်မတော်က ဒေသတွင်း ပိတ်ဆို့ဖမ်းဆီးခဲ့ကာ စစ်ဆေးပြီးနောက် ဧပြီ ၆ ရက် ညနေတွင် ဘုရားသုံးဆူနယ်မြေရဲစခန်းသို့ လာရောက်လွှဲပြောင်းပေးခဲ့ပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်မှာတော့ ပြစ်မှုကျူးလွန်သူ တပ်မတော်သားနှစ်ဦးကို စစ်တရားရုံးနှင့် နယ်ဘက်တရားရုံးကပါ စစ်ဆေးမည်ဖြစ်ပြီး ထိရောက်ပြင်းထန်စွာ အရေးယူမည်လို့ ဆိုပါတယ်။

ကရင်ပြည်နယ် ဒေသခံတွေက ယခုဖြစ်စဉ်ကို စောင့်ကြည့်နေပြီး ကလေးငယ်အချို့ ပါဝင်သော လူခုနစ်ဦး သေဆုံးမှုအတွက် ပြစ်မှုကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူဖို့ တောင်းဆိုခဲ့သလို ပြစ်မှုကျူးလွန်သည့် စစ်သည်နှစ်ဦးကို လက်နက်ဖြင့် ခွင့်မဲ့ပျက်ကွက်မှု၊ အရက်သေစာ သောက်စားမူးယစ်မှု စသည့် စည်းကမ်းဖောက်ဖျက်မှုတို့အတွက် စစ်တရားရုံးဖြင့် ပွင့်လင်းမြင်သာစွာ ထိထိရောက်ရောက် စစ်ဆေးအရေးယူ အပြစ်ပေးမည်လို့ဆိုပြီး နယ်ဘက်တရားရုံးသို့ လွှဲပြောင်းစစ်ဆေးစီ ရင်စေမည်လို့ ဆိုပါတယ်။

ယခုဖြစ်ရပ်က နယ်ဘက်ဒေသတွေရဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေနဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြခဲ့သလိုဖြစ်ပြီး အိပ်နေချိန်မှာ ကြက်ကလေး ငှက်ကလေးလို လက်ရဲဇက်ရဲ သတ်ဖြတ်ရဲတဲ့ အပြူအမူကို တားဆီးဖို့ ဘယ်သူတွေ ပျက်ကွက်ခဲ့နေသလဲဆိုတဲ့ မေးခွန်းထုတ်စရာပါ။

ယခုဖြစ်စဉ်သတင်းက ယခုရက်သတ္တပတ်အတွင်း ရန်ကုန်မှာ ဖြစ်ခဲ့တဲ့ ဝါးတန်း အမှတ် (၄) ဗောတံတားအနီး မြစ်ကမ်းစပ်မှာ  ရေသန့်ဘူးခွံ၊ ပုလင်းခွံ လိုက်လံကောက်သူတွေက ဗုံးသီးဟောင်းတွေ့တဲ့ သတင်း၊ တရုတ်နိုင်ငံ ရင်ကျန်းမြို့ကနေ လူကုန်ကူးခံရပြီး လွတ်လာတဲ့ သားအမိနှစ်ဦး ရန်ကုန်ကိုပြန်ရောက်တဲ့ သတင်း၊ ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အမှုမှာ ပြန်ခေါ်သက်သေ နှစ်ဦးကိုသာ စစ်ဆေးဖို့ ကျန်တော့တဲ့ သတင်း၊  မြစ်ကြီးနားဂျာနယ်က တာဝန်ရှိသူသုံးဦးကို အသရေဖျက်မှုနဲ့ တရားစွဲထားတဲ့ တရားလို သခင်စစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဒိန်ဆောင် ကို စတင်စစ်ဆေးတဲ့ သတင်းတွေထဲ သတိထားစရာဖြစ်ခဲ့ပါတယ်။

စီးပွားဖြစ်ကျူးနှင့် ရန်ကုန်မိုးပျံရထားလမ်း

ယခုတစ်ပတ် စီးပွားရေးသတင်းတွေထဲမှာ သတင်းဖတ်သူတွေ သတိထားမိတဲ့ သတင်းအချို့ ရှိခဲ့ပါတယ်။လူအများစိတ်ဝင်စားတဲ့  ရန်ကုန်မိုးပျံရထားလမ်း သတင်းက ယခုတစ်ပတ်ရဲ့ ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။

ယာဉ်ကြောကျပ်တည်းမှုကို ရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့မှာ အများသယ်ယူပို့ဆောင်ရေးအတွက် စီစဉ်မှု သတင်းတွေက ရန်ကုန်နေသူတွေ စိတ်ဝင်စားတဲ့ သတင်းတွေပါ။JICA အကူအညီနဲ့ လုပ်ဆောင်နေတဲ့ YUMRT ရထားစနစ်ကို ဒလ - ဘူတာကြီး - မင်္ဂလာဒုံလေဆိပ်နှင့် လှိုင်သာယာ - တောင်ဒဂုံ - တိုးကြောင်ကလေး လမ်းပိုင်းနှစ်ခုကို  စတင်လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ပြောကြားချက်တွေမှတော့ လူစီးများတဲ့ လှိုင်သာယာဘက်ကို စတင်လုပ်ဆောင်ဖို့ လုပ်နေတယ် ဆိုပါတယ်။ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် မိုးပျံရထားလမ်းအတွက် လျှပ်စစ်ဓာတ်အား ရရှိရေးနှင့် လမ်းအူကြောင်း အတည်ပြုသတ်မှတ်နိုင်ရေးအတွက် ဧပြီ ၃ ရက်မှာ ဆွေးနွေးခဲ့တယ်လို့ဆိုပြီး စီမံကိန်း ကနဦးလေ့လာမှုကို ၂၀၁၆ ဩဂုတ်မှ ၂၀၁၇ ဩဂုတ်အထိ ဆောင်ရွက်ခဲ့ရာမှာ ၂၀၁၉ စက်တင်ဘာမှာ အသေးစိတ်လေ့လာမှု ပြီးမယ်လို့ ဆိုပါတယ်။ဒီစီမံကိန်းသတင်းက ဂျပန်၊ ဂျာမန်နဲ့ တရုတ် ကုမ္ပဏီတွေ အပြိုင်တင်ထားတဲ့ စီမံကိန်းဖြစ်သလို ရန်ကုန်မြို့နေသူတွေအတွက် တိုက်ရိုက် ကောင်းကျိုး/ဆိုးကျိုး ခံစားရမယ့် စီမံကိန်းဖြစ်နေလို့ ဘယ်လိုဖြစ်ပေါ်လာမလဲ၊ တစ်ကယ်ဘဲ ယာဉ်ပိတ်ဆို့မှုတွေကို လျော့ပါးစေမလား၊ စီမံကိန်းလုပ်ဆောင်သူ ရွေးရာမှာ အများပြည်သူ ထင်သာမြင်သာတဲ့ ရွေးချယ်မှုကို တွေ့မြင်ရမလား၊ မိုးပျံလမ်းဆိုသလို မိုးပေါ်မှာပဲ ပျောက်ကွယ်သွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ရန်ကုန် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာက စီးပွားဖြစ်ကျူးကျော်တွေရဲ့ ပြဿနာပါ။အမှန်တစ်ကယ် နေစရာမရှိလို့ နေရာလွတ်မှာ တဲထိုးပြီးနေရတာတွေ ရှိပေမယ့် နိုင်ငံပိုင်မြေနဲ့ ပုဂ္ဂုလိကပိုင်မြေ နေရာအချို့မှာ အုပ်စုဖွဲ့ ကျူးကျော်ကာ မိုက်ကြေးခွဲယူနေတဲ့ လူတချို့လည်း ရှိနေတဲ့အတွက်  အာဏာပိုင်တွေအတွက် ရှင်းထုတ်ရတာ ခက်ခဲစရာဖြစ်ခဲ့ပါတယ်။

ဧပြီ ၅ ရက်က သထုံမြို့ သုဝဏ္ဏခန်းမမှာ ပြုလုပ်တဲ့ ဒေသခံပြည်သူများနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ကျူးကျော်နေထိုင်သူတွေနဲ့ ပတ်သက်ပြီး ပြောခဲ့ရာမှာ စကျူးကျော်လာကတည်းက ချက်ချင်းဖယ်ရှားရမယ်လို့ဆိုပြီး စီးပွားဖြစ်လုပ်နေတဲ့ ကျူးကျော်တွေကို အားမပေးဖို့နဲ့ အများ ပြည်သူရဲ့ နေထိုင်သွားလာရေးကို အနှောင့်အယှက်ဖြစ်ရင် ခွင့်ပြုလို့မရဘူးလို့ ပြောခဲ့ပါတယ်။ဒါ့အပြင် တစ်တိုင်းပြည်လုံးကိုလည်း အသစ်ကျူးကျော်သူတွေကို လုံးဝလက်မခံဖို့နဲ့ ကျူးကျော်တာနဲ့ ချက်ချင်းအရေးယူဖို့ ညွှန်ကြားချက် ပေးထားတယ်လို့ ပြောခဲ့ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံက အဆိုပါပွဲမှာ စီးပွားဖြစ်ကျူးကျော်တွေကိုတော့ လုံးဝလက်မခံဘူးလို့ ယတိပြတ်ပြောခဲ့ပါတယ်။

အစိုးရထိပ်ပိုင်းအာဏာပိုင်တွေအနေနဲ့ ယခုလို ကျူးကျော်တွေအပေါ် ပြတ်သားတဲ့ မူဝါဒရှိပေမယ့် အောက်ခြေက ရပ်ကျေးအဆင့်မှာတော့ လစ်ရင်လစ်သလို ခွင့်ပြုတာတွေ၊ လစ်လျူရှုထားတာတွေ၊ ကိုယ်ကျိုးစီးပွားအတွက် အကျိုးအမြတ်ရှာတာတွေ ရှိတဲ့အတွက် ယခုပြဿနာက ပြင်းထန်တဲ့ စံပြအရေးယူမှု မရှိသရွေ့ ရှိနေဦးမှာ ဖြစ်ပါတယ်။အထူးသဖြင့် မြေယာပြဿနာကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရတဲ့ လက်ရှိအစိုးရအဖို့ ရင်းနှီးမြုပ်နှံလိုသူတွေကို ဆွဲဆောင်ရာမှာ အခက်အခဲဖြစ်စေတဲ့ ကျူးကျော်ပြဿနာ အပါအဝင် မြေယာပြဿနာတွေကို ဖြေရှင်းနိုင်မလား၊ ဒါမှမဟုတ် လုံးချာလည်လိုက်သလို ဖြစ်နေမလားဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီလိုသတင်းတွေ ယခုရက်သတ္တပတ်မှာ ဖြစ်ခဲ့တဲ့အပြင် ကချင်ပြည်နယ်မှာ ဖရဲစိုက်တောင်သူတွေ ကုန်တင်ကားအခက်အခဲ ကြုံနေလို့ ပြည်နယ်အစိုးရထံ အကူအညီတောင်းရာမှာ အကူအညီမရလို့ ဖရဲခင်းတွေကို ဖျက်ဆီးဆန္ဒပြကြတဲ့ သတင်း၊ ထိုင်းဗဟိုဘဏ်က ရွှေဘဏ်နှင့် ထိုင်း Krungthai ဘဏ် (KTB) တို့ ပူးပေါင်းလုပ်ဆောင်တဲ့ မိုဘိုင်းဖုန်းမှတစ်ဆင့် မြန်မာပြည်တွင်းကို ငွေလွှဲတာကို ခွင့်ပြုလိုက်တဲ့ သတင်း၊ ဂျပန်နိုင်ငံက စနစ်သစ်နဲ့ ခေါ်ယူမည့် လုပ်ငန်းအမျိုးအစား ၁၄ မျိုးအတွက် ဧပြီတွင် အလုပ်သမား စေလွှတ်ခွင့် စတင်ခွင့်ပြုခဲ့တဲ့ သတင်း၊ အောင်ဘာလေ သိန်းဆုဌာနခွဲက မေလမှာ ဖွင့်လှစ်မယ့် ကျပ်တစ်ထောင်တန် အောင်ဘာလေ ထီလက်မှတ် ဝယ်ယူဖို့ ကိုယ်စားလှယ်တွေ ပျက်ကွက်နေတယ်လို့ ထုတ်ပြန်ကြေညာခဲ့တဲ့ သတင်း၊  ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ဒေသရှိ ကျောက်မီးသွေးစက်ရုံ ပိတ်သိမ်းဖို့ ဒေသခံတွေ ဆန္ဒပြကြတဲ့ သတင်း၊ စင်ကာပူအငှားယာဉ်ကုမ္ပဏီ Grab က ခရီးသည်နဲ့ ယာဉ်မောင်းတွေအတွက်  ကြိုတင်ကာကွယ်လို့ရတဲ့ မတော်တဆမှုတွေ လုံးဝမရှိစေဖို့  ကြိုးစားမယ်လို့ ပြောလိုက်တဲ့ သတင်းတွေ အပါအဝင် စိတ်ဝင်စားဖွယ်ရာ စီးပွားရေးသတင်းတွေထဲ သတိထားစရာ ဖြစ်ခဲ့ပါတယ်။

ထိခိုက်မှုနဲ့ အထိနာလာတဲ့ ရခိုင်စစ်ပွဲ

ယခုတစ်လော ပိုမိုပြင်းထန်လာတဲ့ ရခိုင်စစ်ပွဲတွေကြောင့် ပြည်တွင်း ပြည်ပက အာရုံစိုက်မှုှရှိလာသလို သတိထားမှုတွေလည်း ရှိလာခဲ့ပါတယ်။ဧပြီ ၉ ရက်ညက ဖြစ်ခဲ့တဲ့ မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်ကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ သတင်းက ယခုတစ်ပတ် တိုင်းရင်းသားသတင်းတွေထဲ စောင့်ကြည့်နေရတဲ့ သတင်းဖြစ်ခဲ့ပါတယ်။

တပ်မတော်ဘက်က ထုတ်ပြန်ချက်မှာ ဧပြီ ၉ ရက် ည ၁၀ နာရီ ၅ မိနစ်ခန့်က ရခိုင်လက်နက်ကိုင် AA တွေက မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်ကို လက်နက်ကြီး/လက်နက်ငယ်များဖြင့် အင်အားအလုံးအရင်းသုံးပြီး နေရာ ၃ နေရာကနေ တစ်ပြိုင်နက်ဝင်တိုက်ခဲ့ပြီး ဧပြီ ၁၀ ရက် နံနက် ၃ နာရီခန့်မှာ ရဲတပ်ရင်းဌာနချုပ် ဗဟိုကင်း အိမ်ထောင်သည်လိုင်းများကိုဖြတ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲတပ်ရင်းဌာနချုပ်ရှိ ရဲတပ်ဖွဲ့ဝင်အချို့နှင့် ရဲမိသားစုဝင်အချို့ ကျဆုံးထိခိုက် ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီး ၃ ဦး၊ မိခင် ၁ ဦး၊ ကလေးသူငယ်အရွယ် ယောက်ျားလေး ၁ ဦးနဲ့ မိန်းကလေး ၂ ဦး စုစုပေါင်း ၇ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို  ရခိုင်လက်နက်ကိုင် AA ဘက်က သာလွန်အင်အား ၄၀၀ ကျော်သုံးပြီး တိုက်ခိုက်ခဲ့လို့  ရဲတပ်ရင်းနဲ့ တပ်မတော်စစ်ကြောင်းဘက်က စစ်ကူစစ်ကြောင်းများနှင့် အပြန်အလှန် ပူးပေါင်းလျက် လေကြောင်းနှင့်အမြောက် ပစ်ကူရယူ၍ တန်ပြန်တိုက်ခိုက် နှိမ်နင်းခဲ့လို့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။ဒီလိုဆုတ်ခွာတဲ့နောက်ကို တပ်မတော်ဘက်က လိုက်လံရှင်းလင်းရာမှာ  တပ်မတော်စစ်ကြောင်းနဲ့ အရပ်ဝတ် ဝတ်ဆင်ထားတဲ့ AA တွေ ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းပေါ်ရှိ လက္ကာကျေးရွာအနီး ရင်ဆိုင်တွေ့မိပြီး ရွာထဲဝင်ပြေးလို့ ဖမ်းရာမှာ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ သာထွန်းစံ ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၃၅ ဦးပါအဖွဲ့မှ သိန်းထွန်းစိန် ပါ ၂၃ ဦးကို ဖမ်းမိခဲ့ပါတယ်။

ရခိုင်လက်နက်ကိုင် AA ဘက်ကတော့ ရဲတပ်ရင်းမှာ အမြှောက်ထားလို့ ဝင်တိုက်ခဲ့တာလို့ ဆိုပြီး AA တွေ ဓားစာခံအဖြစ် ခေါ်သွားတဲ့ ရဲတပ်ဖွဲ့ဝင် မိသားစုတွေကို ကယ်ထုတ်သွားတာလို့ ပြောခဲ့တာတွေ ရှိပါတယ်။ရခိုင်ဘက်မှာ AA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေသလို နှစ်ဘက်စလုံးက သြင်္ကန်ကာလအတွင်း တိုက်ပွဲတွေ  ဆက်ပြင်းထန်ဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ စစ်ဘေးရှောင်တွေ များလာပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ထုတ်ပြန်ချက်အရ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဧပြီ ၄ ရက်အထိ ရခိုင်နှင့် ချင်းပြည်နယ်၌ နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၂၆,၀၀၀ ကျော် ရှိလာပြီလို့ ဆိုပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ခိုးဝင်ဘင်္ဂါလီတွေ ပြန်လာဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ဒီအစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ညွှန်ကြားရေးမှူးချုပ်က ပစ်ခတ်မှုများ မဖြစ်စေရန်နှင့် မြန်မာဘက်မှ မူးယစ်ဆေးဝါး ဝင်ရောက်မှု များပြားနေခြင်းကို တားဆီးပေးရန် တောင်းဆိုခဲ့သလို ဧပြီ ၉ ရက်က အစည်းအဝေးမှာ နယ်စပ်တစ်လျှောက် AA နဲ့ ARSA အကြမ်းဖက်အုပ်စုများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရေး အပါအဝင် အချက် ၁၁ ချက် သဘောတူညီမှုရခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုသဘောတူညီချက်ရခဲ့တဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်ဘက်ကသာ လိုက်နာဆောင်ရွက်ခဲ့ရင် နယ်စပ်အခြေစိုက်နေတဲ့ AA နဲ့ ARSA အဖွဲ့တွေကို တပ်မတော်ဘက်က ရှင်းလင်းရာမှာ အသာရလာဖို့ များပေမယ့် အမှန်တကယ် ဘင်္ဂလားဒေ့ရှ်ဘက်က လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက နမ့်ခမ်း-တာကွမ်း လမ်းကို တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က ပိတ်ဆို့စစ်ဆေးနေတာကို ဖယ်ရှားပေးဖို့ ဒေသခံတွေက အစိုးရထံ တောင်းဆိုခဲ့တဲ့ သတင်း၊ ၂၀၁၈ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲမှုများကြောင့် မြန်မာနိုင်ငံအတွင်း သေဆုံးသူ ၂၇၆ ဦးရှိတဲ့ သတင်း၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ထားတဲ့ နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K) ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးအနက် ငါးဦးကို ပြန်လွှတ်ပေးခဲ့တဲ့ သတင်း၊ AA အဖွဲ့၏ စခန်းတစ်ခုမှာ စစ်ရှောင်စခန်းများအတွက် အလှူရှင်များ လှူဒါန်းထားသည့် ပစ္စည်းများ တွေ့ရှိရတယ်လို့ တပ်မတော်က ထုတ်ပြန်ခဲ့တဲ့ သတင်း၊ အဂတိလိုက်စားမှုနဲ့ အဖမ်းခံထားရတဲ့ ဒေါက်တာဒေါ်လဲ့လဲ့မော် က အာမခံရရှိရင် ထွက်ပြေးမယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ ပြောလိုက်တဲ့ သတင်း၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် အဖမ်းခံထားရသည့် ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌ ကိုအောင်ဆွေဦး နှင့် ကိုမောင်ဦး တို့ကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပြီး အရပ်သား ကိုမောင်ကိန်း အား  တရားသေလွှတ်ခဲ့တဲ့ သတင်းတွေထဲ ရခိုင်စစ်ပွဲ သတင်းတွေက ယခုတစ်ပတ်ရဲ့ စောင်ကြည့်စရာ သတင်းဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်။

မာလင်း
ဧပြီ - ၁၂

( Zawgyi )

ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ ျပည္တြင္းသတင္းေတြထဲမွာ အမ်ားစု အာ႐ုံစိုက္စရာျဖစ္ခဲ့တဲ့ သတင္းက ရခိုင္ေျမာက္ပိုင္း ေျမာက္ဦးမွာ ရဲတပ္ရင္းကို ဝင္တိုက္တဲ့ AA လက္နက္ကိုင္အဖြဲ႕က ရဲတပ္ဖြဲ႕ဝင္မိသားစုက အမ်ိဳးသမီးနဲ႔ ကေလးေတြကို ဓားစာခံအျဖစ္ ေခၚေဆာင္သြားတဲ့ သတင္းပါဘဲ။ဒီသတင္းအျပင္ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ တ႐ုတ္ျပည္ခရီးစဥ္ သတင္း၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ဝန္ႀကီးေတြကို သတိေပးခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ သတင္း၊ ေတာင္ဥကၠလာပမွာ လုပ္ခဲ့တဲ့ ေျခဥျပင္ဆင္ေရး ေထာက္ခံပြဲမွာ မ်ိဳးခ်စ္ဆိုသူေတြဘက္က ေဟာေျပာသူေတြကို လာေရာက္ကန႔္ကြက္ ဆဲဆိုခဲ့တဲ့ သတင္း၊ ၾကာအင္းဆိပ္ႀကီးမွာ တပ္ေျပးႏွစ္ဦးက ဆိုင္ကယ္ငွားတာ မရလို႔ အသက္ (၈) ႏွစ္အ႐ြယ္ ကေလးတစ္ဦး အပါအဝင္ အရပ္သားခုနစ္ဦးကို ပစ္သတ္ခဲ့တဲ့ သတင္းေတြကလည္း အမ်ားျပည္သူၾကား စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။

ျပည္သူေတြ ေက်းဇူးမေမ့ဖို႔ သတိေပးခံရတဲ့ ဝန္ႀကီးေတြ

ယခုတစ္ပတ္ သတင္းေတြထဲမွာ အမ်ားျပည္သူ သေဘာက်ခဲ့တဲ့ သတင္းတစ္ပုဒ္ ရွိပါတယ္။ဒီသတင္းက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က အစိုးရဝန္ႀကီးေတြကို သတိေပးခဲ့တာပါ။ဒါကကားစီးတဲ့ ျပည္နယ္အစိုးရ အဖြဲ႕ဝင္မ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ကို သူတို႔စီးတဲ့ ကားထဲ ျပည္သူေတြေခြၽးႏွဲစာ ပါေနတဲ့အတြက္ ျပည္သူကို ျပန္လည္အလုပ္အေကြၽးျပဳဖို႔ မြန္ျပည္နယ္ ခရီးစဥ္အတြင္းမွာ ေျပာခဲ့တာပါ။

ဒါဟာ ေအာက္ေျခလြတ္စျပဳေနတဲ့ လႊတ္ေတာ္နဲ႔ တိုင္းေဒသႀကီးအဆင့္ ဝန္ႀကီးေတြကို ျပည္သူေတြက ျမင္ျပင္းကတ္စ ျပဳေနတဲ့အခ်ိန္မွာ ယခုလို လူထုေခါင္းေဆာင္က ျပည္သူကိုယ္စား သတိေပးခဲ့တဲ့အတြက္ ေက်နပ္စရာျဖစ္ခဲ့ပါတယ္။ျပည္နယ္အစိုးရ အဖြဲ႕ဝင္မ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕က ေဒၚေအာင္ဆန္းစုၾကည္ ကို ကန္ေတာ့ရာမွာ ကံသုံးပါးျဖင့္ ျပစ္မွားက်ဴးလြန္မႈရွိပါက ခြင့္လႊတ္ေပးဖို႔ ေျပာၾကားစဥ္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံက ၎အေပၚ အျပစ္က်ဴးလြန္ရင္ ခြင့္လႊတ္ႏိုင္ေပမယ့္ ႏိုင္ငံေတာ္အေပၚ အျပစ္မက်ဴးလြန္ဖို႔နဲ႔ ေနရာမလုဖို႔ လမ္းၫႊန္ခဲ့ပါတယ္။

၂၀၁၉ ႏွစ္ဆန္းက စတင္ၿပီး ကခ်င္၊ ခ်င္း၊ ရွမ္း၊ တနသၤာရီ၊ စစ္ကိုင္း၊ ပဲခူး၊ ဧရာဝတီ၊ မြန္ စတဲ့ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြကို ႏိုင္ငံေတာ္အတိုင္ပင္ခံ သြားေရာက္ခဲ့ရာမွာ လူထုေတြ႕ဆုံပြဲေတြ ျပဳလုပ္ခဲ့သလို လူထုတင္ျပမႈေတြကို နားေထာင္ကာ ဝန္ႀကီးခ်ဳပ္ေတြ ဝန္ႀကီးေတြကို အနားေပးမႈေတြ၊ အေရးယူမႈေတြကို လုပ္ေဆာင္ခဲ့တာေတြ ရွိခဲ့တဲ့အတြက္ ဒီလိုေျပာစကား ေနာက္ကြယ္မွာ ဘာေတြဆက္ျဖစ္လာဦးမလဲဆိုတာ အမ်ားျပည္သူၾကား ေစာင့္ၾကည့္စရာသတင္း ျဖစ္လာခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ ယခုတစ္ပတ္ထဲမွာ တ႐ုတ္ျပည္ကို သြားေရာက္တဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ရဲ႕ ခရီးစဥ္က အမ်ားျပည္သူၾကား ေစာင့္ၾကည့္စရာျဖစ္ခဲ့ပါတယ္။တ႐ုတ္ ဗဟိုစစ္ေကာ္မရွင္ အဖြဲ႕ဝင္ႏွင့္ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး လီဇူအိုေခ်ာင္၏ ဖိတ္ၾကားခ်က္အရ သြားေရာက္တဲ့ ဒီခရီးစဥ္မွာ ကာကြယ္ေရးဦးစီးခ်ဳပ္က ဧၿပီ ၉ ရက္မွာ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ ႏိုင္ငံျခားဆက္ဆံေရးဌာန အႀကီးအကဲျဖစ္တဲ့ တ႐ုတ္ ႏိုင္ငံတကာေရးရာဝန္ႀကီးနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

ဧၿပီ ၉ ရက္က တ႐ုတ္ ဗဟိုစစ္ေကာ္မရွင္ အဖြဲ႕ဝင္ႏွင့္ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး လီဇူအိုေခ်ာင္ နဲ႔ ေတြ႕ဆုံရာမွာ ကာကြယ္ေရးဦးစီးခ်ဳပ္က နယ္စပ္ေဒသ လုံၿခဳံေအးခ်မ္းေရးအတြက္ ျမန္မာ့တပ္မေတာ္က အစြမ္းကုန္ ႀကိဳးစားေဆာင္႐ြက္ေနၿပီး ရခိုင္အေရး အပါအဝင္ ျမန္မာႏိုင္ငံရဲ႕ အေျခအေန အရပ္ရပ္အေပၚ တ႐ုတ္ႏိုင္ငံက ရပ္တည္ေပးခဲ့တာေတြကို ေက်းဇူးတင္တယ္လို႔ ေျပာခဲ့ပါတယ္။ဒီလိုေျပာခဲ့သတင္းကို ျပည္တြင္းသတင္း မီဒီယာေတြမွာ Hardline သတင္းအျဖစ္ ေဖာ္ျပခဲ့ၾကပါတယ္။အဆိုပါခရီးစဥ္အတြင္း တ႐ုတ္သမၼတ ရွီက်င့္ဖိန္ နဲ႔ ေတြ႕ဆုံခဲ့ရာမွာ တ႐ုတ္သမၼတက ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို တ႐ုတ္က ကူညီပံ့ပိုးေပးေနသလို၊ ျမန္မာျပည္ ေျမာက္ပိုင္းက ႏိုင္ငံေရးနဲ႔ လုံၿခဳံေရး အေျခအေနေတြကိုလည္း အာ႐ုံစိုက္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ယခုတ႐ုတ္ျပည္ခရီးစဥ္ဟာ လက္ရွိအစိုးရလက္ထက္မွာ တတိယအႀကိမ္ေျမာက္ ခရီးစဥ္ျဖစ္ၿပီး ယခုလေနာက္ဆုံးအပတ္ထဲမွာ Belt and Road Forum တက္ေရာက္ဖို႔ သြားေရာက္မယ့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ခရီးစဥ္နဲ႔ ကပ္ေနခဲ့တဲ့အတြက္လည္း ျပည္တြင္းနဲ႔ ႏိုင္ငံတကာက ျမန္မာႏိုင္ငံေရး ေလ့လာအကဲခတ္သူေတြအတြက္ သတိထားေစာင့္ၾကည့္စရာ ျဖစ္လာခဲ့ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးကို လက္ခံေတြ႕ဆုံခဲ့တဲ့ သတင္း၊ ယခုတစ္ပတ္ျပဳလုပ္တဲ့ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ ကြန္ဂရက္ႏွင့္ ေ႐ြးေကာက္ပြဲမွာ ျမန္မာေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒အျဖစ္ ေ႐ြးခ်ယ္ခံရတဲ့ သတင္း၊ လာမယ့္ ပညာသင္ႏွစ္မွာ နယ္ေျမေက်ာ္ ေက်ာင္းအပ္မႈမ်ား လက္မခံဖို႔ အေျခခံပညာေက်ာင္းေတြကို သတိေပးထားတဲ့ သတင္း၊ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က ရန္ကုန္ၿမိဳ႕ရွိ အေဆာက္အအုံေတြကို သုံးႏွစ္တစ္ႀကိမ္ ေဆးသုတ္ဖို႔ ဥပေဒတစ္ရပ္  ျပ႒ာန္းရန္ ေဆာင္႐ြက္ေနတယ္လို႔ ေျပာလိုက္တဲ့ သတင္း၊ ျပည္သူ႔အင္အားဦးစီးဌာနက ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ျမန္မာႏိုင္ငံ၏ လူဦးေရသည္ ငါးႏွစ္အတြင္ ၂ ဒသမ ၆ သန္းေက်ာ္ တိုးျမင့္လာၿပီး လက္ရွိမွာ ျမန္မာႏိုင္ငံ လူဦးေရ ၅၄ ဒသမ ၁၀ သန္း ရွိေနၿပီဆိုတဲ့ သတင္း၊ လာမည့္ ရန္ကုန္ၾသကၤန္မွာ သံခ်ပ္ၿပိဳင္ဖို႔ စာသားႀကိဳတင္သည့္ သံခ်ပ္အဖြဲ႕ ၁၇ ဖြဲ႕ ရွိတယ္ဆိုတဲ့ သတင္း၊ မန္းေ႐ႊစက္ေတာ္ဘုရားမွာ အထက္စက္ေတာ္ရာ တက္ေရာက္ဖူူးဖို႔ ဓာတ္ေလွကားႏွင့္ စက္ေလွကား တပ္ဆင္ေတာ့မယ့္ သတင္း၊ ၾသကၤန္ပြဲေတာ္ကာလအတြင္း ျမန္မာႏိုင္ငံ အထက္ပိုင္းမွာ အခ်ိန္အခါမဟုတ္ မိုးနဲ႔ေလျပင္း အႏၲရာယ္က်ေရာက္ႏိုင္တဲ့ သတင္း၊ ရန္ကုန္ၿမိဳ႕ ဒုၿမိဳ႕ေတာ္ဝန္အျဖစ္ ဦးစိုးလြင္ မဲစနစ္နဲ႔ ေ႐ြးခ်ယ္ခံရတဲ့ သတင္းေတြထဲ သတိထားမိစရာ သတင္းျဖစ္ခဲ့ပါတယ္။

လႊတ္ေတာ္ တြင္း/ျပင္ ရႈပ္ေထြးဖြယ္ရွိလာတဲ့ ေျခဥျပင္ဆင္ေရး

လႊတ္ေတာ္ထဲကေန ျပင္ဆင္ဖို႔ အရွိန္ရလာစ ျပဳေနၿပီျဖစ္တဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ လႊတ္ေတာ္ထဲက အတိုက္အခံ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ တိုင္းရင္းသားပါတီအခ်ိဳ႕ တင္သြင္းခဲ့တဲ့ အေျခခံဥပေဒ ပုဒ္မ ၂၆၁ ျပင္ဆင္ေရးအတြက္ လႊတ္ေတာ္ထဲ ေဆြးေႏြးရန္ သင့္၊ မသင့္ အျငင္းပြားေနဆဲ အခ်ိန္မွာ ေနာက္ထပ္ အေျခခံဥပေဒ ျပင္ဆင္ေရး ဥပေဒၾကမ္းတစ္ခုကို ထပ္မံတင္သြင္းထားတယ္လို႔ ဆိုပါတယ္။ဒီဥပေဒၾကမ္းကို ျပည္ခိုင္ၿဖိဳးပါတီဘက္က တပ္မေတာ္သား ကိုယ္စားလွယ္မ်ားႏွင့္ ပူးေပါင္းၿပီး တင္သြင္းခဲ့တာလို႔ဆိုၿပီး ယခုထပ္မံတင္သြင္းတဲ့  ဥပေဒၾကမ္းမွာ အေျခခံဥပေဒ ပုဒ္မ ၂၆၁ ႏွင့္ ဆက္စပ္သည့္ ပုဒ္မသုံးခုကို ျပင္ဆင္ဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ နာယကထံ ထပ္မံတင္သြင္းထားတယ္ ဆိုပါတယ္။ဒီလိုတင္သြင္းခဲ့တဲ့အတြက္ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ဖြဲ႕ထားတဲ့ ၄၅ ဦး ေကာ္မတီဘက္က ပုဒ္မ ၂၆၁ ျပင္ဖို႔ တင္စဥ္ ေျပာခဲ့တဲ့ ပုဒ္မတစ္ခုျပင္တိုင္း ဆက္စပ္ေနတဲ့ ပုဒ္မေတြကိုပါ ျပင္ဖို႔လိုတယ္ ဆိုတဲ့အတြက္ ယခုတင္သြင္းတဲ့ အေျခခံဥပေဒ ျပင္ဆင္တဲ့ ဥပေဒၾကမ္းက ဒါေတြကို ထည့္သြင္းလာဟန္ တူပါတယ္။ဒီအတြက္ ယခုတင္သြင္းမႈက ျပည္ေထာင္စုလႊတ္ေတာ္မွာ လက္ခံေဆြးေႏြးဖို႔ ျဖစ္လာစရာ ရွိလာခဲ့ပါတယ္။ဒီလိုတင္သြင္းလာတဲ့အတြက္ ဧၿပီလ ေနာက္ဆုံးအပတ္မွာ က်င္းပမယ့္ ျပည္ေထာင္စုလႊတ္ေတာ္ထဲက အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ အာဏာရပါတီနဲ႔ အတိုက္အခံပါတီ၊ အာဏာရပါတီနဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္ေတြၾကား အေျခအတင္ ေျပာဆိုမႈေတြက စိတ္ဝင္စားစရာ၊ ေစာင့္ၾကည့္စရာ ျဖစ္လာဖို႔ မ်ားေနပါတယ္။

လႊတ္ေတာ္ထဲမွာ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ အေျခအတင္ျဖစ္လာဖို႔ ရွိေနသလို ျပင္ပမွာလည္း အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ေထာက္ခံပြဲေတြလုပ္ရာမွာ မ်ိဳးခ်စ္အမည္ခံေတြဘက္က  ၅၉ (စ) မျပင္ဖို႔နဲ႔ ပုဒ္မ ၂၆၁ ကိုသာျပင္ဖို႔ အၿပိဳင္လုပ္ခဲ့တာေတြရွိခဲ့ၿပီး ေတာင္ဥကၠလာပ ေျခဥျပင္ဆင္ေရး ေထာက္ခံပြဲမွာ မ်ိဳးခ်စ္အမည္ခံေတြက လာေရာက္ေႏွာင့္ယွက္မႈေတြထိ ရွိလာခဲ့ပါတယ္။

ဧၿပီ ၇ ရက္ ညေနပိုင္းက ေတာင္ဥကၠလာပၿမိဳ႕နယ္ သုမဂၤလာပန္းၿခံမွာ ျပဳလုပ္တဲ့ ေျခဥျပင္ဆင္ေရး လူထုေထာက္ခံပြဲမွာ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ဦးေနမ်ိဳးဇင္၊ စာေရးဆရာ ထင္လင္းဦး နဲ႔ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္တစ္ဦးျဖစ္တဲ့  ဦးျမေအး တို႔က ေဟာေျပာခဲ့ၾကဖို႔ စီစဥ္ရာမွာ ပြဲမိန႔္စတင္ကတည္းက တပ္မေတာ္ႏွင့္ အမ်ိဳးဘာသာသာသနာကို ထိခိုက္ေစာ္ကားမႈေတြ ပါဝင္လာႏိုင္တဲ့အတြက္ စာေရးဆရာ ထင္လင္းဦး ႏွင့္ ဦးေနမ်ိဳးဇင္ တို႔ကို ေဟာေျပာခြင့္မျပဳဖို႔ တားျမစ္ခဲ့တာေတြ ရွိခဲ့ပါတယ္။

ပြဲစကတည္းက ႏွာေခါင္းစည္းမ်ားႏွင့္ မ်က္မွန္နက္မ်ား တပ္ဆင္ထားၾကတဲ့ ရဟန္းနဲ႔ လူပုဂၢိဳလ္ ၅၀ ခန႔္ လာေရာက္ၿပီး ေဟာေျပာသူေတြကို ဆဲဆိုျခင္းေတြ လုပ္ခဲ့သလို ဆန္က်င္ဘက္အဖြဲ႕က အမ်ိဳးသမီးတစ္ဦးရဲ႕ လူၾကားထဲ ပရိတ္သတ္ထဲကေန ဗီဒီယို႐ိုက္ကူးေရး လုပ္တဲ့အတြက္ လုံၿခဳံေရးတာဝန္ ယူထားတဲ့သူေတြက အျပင္ေခၚထုတ္ရာမွာ ႐ုန္းရင္းဆန္ခတ္ အနည္းငယ္ျဖစ္ပြားခဲ့တာေတြ ရွိခဲ့ပါတယ္။မ်ိဳးခ်စ္အုပ္စုက စင္ျမင့္ဘက္ လက္ညႇိဳးထိုး ေအာ္ဟစ္ဆဲဆိုျခင္းေတြ ဆက္လက္ျပဳလုပ္ခဲ့တဲ့အတြက္ ေဟာေျပာေနတဲ့ ဦးေနမ်ိဳးဇင္ က ၎အေပၚ ေမးျမန္းေဆြးေႏြးလိုသည္မ်ားရွိပါက မ်ိဳးခ်စ္အုပ္စုထဲမွ ေခါင္းေဆာင္ ဆရာေတာ္ႏွစ္ပါး စင္ေပၚသို႔ ႂကြေရာက္ဖို႔ ဖိတ္ေခၚခဲ့ပါတယ္။ဒါေပမယ့္ မည္သူမွ် စင္ေပၚသို႔ တက္ေရာက္လာျခင္းမရွိဘဲ စာေရးဆရာ ထင္လင္းဦး ေဟာေျပာေနစဥ္ ပန္းၿခံထဲကေန ဆဲဆိုထြက္သြားခဲ့ပါတယ္။

ဒီလိုအေျခအေနက ေနာက္ထပ္လုပ္ဖို႔ရွိတဲ့ ေျခဥေထာက္ခံပြဲေတြမွာ ယခုထက္ ပိုၿပီးျပင္းထန္တဲ့ တုံ႔ျပန္မႈေတြ ျမင္ေတြ႕ရမယ့္ အလားအလာပါ။ေနာင္လာမယ့္ ေျခဥျပင္ဆင္ေရး ေထာက္ခံပြဲေတြမွာ ဘာေတြျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီလို သတင္းအျပင္ ယခုရက္သတၱပတ္ထဲမွာျဖစ္ခဲ့တဲ့ ႏိုင္ငံေရးသတင္းျဖစ္တဲ့ ၁၉၉၀ ေ႐ြးေကာက္ပြဲ အႏိုင္ရ ကိုယ္စားလွယ္အမ်ားစုက ပါတီတည္ေထာင္မယ့္ သတင္း၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ (UBP) ကို ႏိုင္ငံအက်ိဳး စီးပြားရွိမည္ဆိုရင္ မည္သည့္ပါတီ၊ မည္သည့္အဖြဲ႕အစည္း၊ မည္သည့္ပုဂၢိဳလ္ႏွင့္မဆို ပူးေပါင္းေဆာင္႐ြက္မည္လို႔  သူရဦးေ႐ႊမန္း က ေျပာလိုက္တဲ့ သတင္း၊ လက္က်န္ အပစ္ရပ္ကာလအတြင္း ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြ အရွိန္ျမႇင့္ေဆာင္႐ြက္ဖို႔ တပ္မေတာ္ဘက္က တိုက္တြန္းခဲ့တဲ့ သတင္းေတြလည္း ယခု ရက္သတၱပတ္အတြင္းမွာ ျဖစ္ခဲ့ပါတယ္။

ဆိုင္ကယ္ငွားစီးတာ မရလို႔ လူ ၈ ဦးကို သတ္ပစ္တဲ့ နယ္ေတြရဲ႕ တရားဥပေဒစိုးမိုးမႈ

ယခုတစ္ပတ္ သတင္းေတြထဲမွာ သတိထားစရာျဖစ္ခဲ့တာက ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ထဲ ဧၿပီ ၅ ရက္က ျဖစ္ပြားခဲ့တဲ့ ခုႏွစ္ေလာင္းၿပိဳင္ လူသတ္မႈပါ။အသက္ (၈) ႏွစ္အ႐ြယ္ ကေလးတစ္ဦး အပါအဝင္ ခုနစ္ဦးေသဆုံးခဲ့တဲ့ ဒီလူသတ္မႈမွာ က်ဴးလြန္သူေတြက တပ္မေတာ္သားႏွစ္ဦး ျဖစ္ေနခဲ့တဲ့အတြက္ သတင္းဖတ္သူေတြအတြက္ ထိတ္လန႔္စရာျဖစ္ခဲ့ပါတယ္။

သတင္းေဖာ္ျပခ်က္ေတြထဲမွာ အနန္းကြင္း႐ြာရွိ ဆိုင္ကယ္ျပင္ဆိုင္တစ္ဆိုင္မွာ ဆိုင္ကယ္ငွားရာကေန  အဆင္မေျပျဖစ္ကာ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့တယ္လို႔ဆိုၿပီး ကပ္လ်က္ ေနအိမ္တစ္လုံးစီမွာ အိပ္ေနတဲ့ မိသားစုဝင္ ငါးဦးစီကို ဝင္ပစ္သတ္ခဲ့လို႔  ကေလးငယ္တစ္ဦး အပါအဝင္ အမ်ိဳးသားေလးဦး၊ အမ်ိဳးသမီးသုံးဦး ေသဆုံးခဲ့တာပါ။ဒဏ္ရာသူတစ္ဦးကို ေဆး႐ုံတင္ပို႔ခဲ့ၿပီး ကနဦးသတင္းေတြမွာ က်ဴးလြန္သူေတြက လက္နက္နဲ႔ တပ္ေျပးေတြလို႔ ဆိုပါတယ္။

က်ဴးလြန္သူႏွစ္ဦးကို အခင္းျဖစ္ပြားၿပီးေနာက္ တပ္မေတာ္က ေဒသတြင္း ပိတ္ဆို႔ဖမ္းဆီးခဲ့ကာ စစ္ေဆးၿပီးေနာက္ ဧၿပီ ၆ ရက္ ညေနတြင္ ဘုရားသုံးဆူနယ္ေျမရဲစခန္းသို႔ လာေရာက္လႊဲေျပာင္းေပးခဲ့ပါတယ္။တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ခ်က္မွာေတာ့ ျပစ္မႈက်ဴးလြန္သူ တပ္မေတာ္သားႏွစ္ဦးကို စစ္တရား႐ုံးႏွင့္ နယ္ဘက္တရား႐ုံးကပါ စစ္ေဆးမည္ျဖစ္ၿပီး ထိေရာက္ျပင္းထန္စြာ အေရးယူမည္လို႔ ဆိုပါတယ္။

ကရင္ျပည္နယ္ ေဒသခံေတြက ယခုျဖစ္စဥ္ကို ေစာင့္ၾကည့္ေနၿပီး ကေလးငယ္အခ်ိဳ႕ ပါဝင္ေသာ လူခုနစ္ဦး ေသဆုံးမႈအတြက္ ျပစ္မႈက်ဴးလြန္သူမ်ားကို ထိထိေရာက္ေရာက္ အေရးယူဖို႔ ေတာင္းဆိုခဲ့သလို ျပစ္မႈက်ဴးလြန္သည့္ စစ္သည္ႏွစ္ဦးကို လက္နက္ျဖင့္ ခြင့္မဲ့ပ်က္ကြက္မႈ၊ အရက္ေသစာ ေသာက္စားမူးယစ္မႈ စသည့္ စည္းကမ္းေဖာက္ဖ်က္မႈတို႔အတြက္ စစ္တရား႐ုံးျဖင့္ ပြင့္လင္းျမင္သာစြာ ထိထိေရာက္ေရာက္ စစ္ေဆးအေရးယူ အျပစ္ေပးမည္လို႔ဆိုၿပီး နယ္ဘက္တရား႐ုံးသို႔ လႊဲေျပာင္းစစ္ေဆးစီ ရင္ေစမည္လို႔ ဆိုပါတယ္။

ယခုျဖစ္ရပ္က နယ္ဘက္ေဒသေတြရဲ႕ တရားဥပေဒစိုးမိုးမႈ အေျခအေနနဲ႔ လုံၿခဳံမႈမရွိတဲ့ အေျခအေနကို ကြက္ကြက္ကြင္းကြင္း ေဖာ္ျပခဲ့သလိုျဖစ္ၿပီး အိပ္ေနခ်ိန္မွာ ၾကက္ကေလး ငွက္ကေလးလို လက္ရဲဇက္ရဲ သတ္ျဖတ္ရဲတဲ့ အျပဴအမူကို တားဆီးဖို႔ ဘယ္သူေတြ ပ်က္ကြက္ခဲ့ေနသလဲဆိုတဲ့ ေမးခြန္းထုတ္စရာပါ။

ယခုျဖစ္စဥ္သတင္းက ယခုရက္သတၱပတ္အတြင္း ရန္ကုန္မွာ ျဖစ္ခဲ့တဲ့ ဝါးတန္း အမွတ္ (၄) ေဗာတံတားအနီး ျမစ္ကမ္းစပ္မွာ  ေရသန႔္ဘူးခြံ၊ ပုလင္းခြံ လိုက္လံေကာက္သူေတြက ဗုံးသီးေဟာင္းေတြ႕တဲ့ သတင္း၊ တ႐ုတ္ႏိုင္ငံ ရင္က်န္းၿမိဳ႕ကေန လူကုန္ကူးခံရၿပီး လြတ္လာတဲ့ သားအမိႏွစ္ဦး ရန္ကုန္ကိုျပန္ေရာက္တဲ့ သတင္း၊ ဟိုတယ္ ACE ပိုင္ရွင္ ၿဖိဳးကိုကိုတင့္ဆန္း အမႈမွာ ျပန္ေခၚသက္ေသ ႏွစ္ဦးကိုသာ စစ္ေဆးဖို႔ က်န္ေတာ့တဲ့ သတင္း၊  ျမစ္ႀကီးနားဂ်ာနယ္က တာဝန္ရွိသူသုံးဦးကို အသေရဖ်က္မႈနဲ႔ တရားစြဲထားတဲ့ တရားလို သခင္စစ္ကုမၸဏီ မန္ေနဂ်င္းဒါ႐ိုက္တာ ဦးဒိန္ေဆာင္ ကို စတင္စစ္ေဆးတဲ့ သတင္းေတြထဲ သတိထားစရာျဖစ္ခဲ့ပါတယ္။

စီးပြားျဖစ္က်ဴးႏွင့္ ရန္ကုန္မိုးပ်ံရထားလမ္း

ယခုတစ္ပတ္ စီးပြားေရးသတင္းေတြထဲမွာ သတင္းဖတ္သူေတြ သတိထားမိတဲ့ သတင္းအခ်ိဳ႕ ရွိခဲ့ပါတယ္။လူအမ်ားစိတ္ဝင္စားတဲ့  ရန္ကုန္မိုးပ်ံရထားလမ္း သတင္းက ယခုတစ္ပတ္ရဲ႕ ထိပ္တန္းသတင္း ျဖစ္ခဲ့ပါတယ္။

ယာဥ္ေၾကာက်ပ္တည္းမႈကို ရင္ဆိုင္ေနရတဲ့ ရန္ကုန္ၿမိဳ႕မွာ အမ်ားသယ္ယူပို႔ေဆာင္ေရးအတြက္ စီစဥ္မႈ သတင္းေတြက ရန္ကုန္ေနသူေတြ စိတ္ဝင္စားတဲ့ သတင္းေတြပါ။JICA အကူအညီနဲ႔ လုပ္ေဆာင္ေနတဲ့ YUMRT ရထားစနစ္ကို ဒလ - ဘူတာႀကီး - မဂၤလာဒုံေလဆိပ္ႏွင့္ လႈိင္သာယာ - ေတာင္ဒဂုံ - တိုးေၾကာင္ကေလး လမ္းပိုင္းႏွစ္ခုကို  စတင္လုပ္ေဆာင္ဖို႔ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

ေျပာၾကားခ်က္ေတြမွေတာ့ လူစီးမ်ားတဲ့ လႈိင္သာယာဘက္ကို စတင္လုပ္ေဆာင္ဖို႔ လုပ္ေနတယ္ ဆိုပါတယ္။ျပည္ေထာင္စုဝန္ႀကီးကိုယ္တိုင္ မိုးပ်ံရထားလမ္းအတြက္ လွ်ပ္စစ္ဓာတ္အား ရရွိေရးႏွင့္ လမ္းအူေၾကာင္း အတည္ျပဳသတ္မွတ္ႏိုင္ေရးအတြက္ ဧၿပီ ၃ ရက္မွာ ေဆြးေႏြးခဲ့တယ္လို႔ဆိုၿပီး စီမံကိန္း ကနဦးေလ့လာမႈကို ၂၀၁၆ ဩဂုတ္မွ ၂၀၁၇ ဩဂုတ္အထိ ေဆာင္႐ြက္ခဲ့ရာမွာ ၂၀၁၉ စက္တင္ဘာမွာ အေသးစိတ္ေလ့လာမႈ ၿပီးမယ္လို႔ ဆိုပါတယ္။ဒီစီမံကိန္းသတင္းက ဂ်ပန္၊ ဂ်ာမန္နဲ႔ တ႐ုတ္ ကုမၸဏီေတြ အၿပိဳင္တင္ထားတဲ့ စီမံကိန္းျဖစ္သလို ရန္ကုန္ၿမိဳ႕ေနသူေတြအတြက္ တိုက္႐ိုက္ ေကာင္းက်ိဳး/ဆိုးက်ိဳး ခံစားရမယ့္ စီမံကိန္းျဖစ္ေနလို႔ ဘယ္လိုျဖစ္ေပၚလာမလဲ၊ တစ္ကယ္ဘဲ ယာဥ္ပိတ္ဆို႔မႈေတြကို ေလ်ာ့ပါးေစမလား၊ စီမံကိန္းလုပ္ေဆာင္သူ ေ႐ြးရာမွာ အမ်ားျပည္သူ ထင္သာျမင္သာတဲ့ ေ႐ြးခ်ယ္မႈကို ေတြ႕ျမင္ရမလား၊ မိုးပ်ံလမ္းဆိုသလို မိုးေပၚမွာပဲ ေပ်ာက္ကြယ္သြားမလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ရန္ကုန္ အပါအဝင္ ျမန္မာႏိုင္ငံတစ္ဝန္းမွာ ရင္ဆိုင္ေနရတဲ့ ျပႆနာက စီးပြားျဖစ္က်ဴးေက်ာ္ေတြရဲ႕ ျပႆနာပါ။အမွန္တစ္ကယ္ ေနစရာမရွိလို႔ ေနရာလြတ္မွာ တဲထိုးၿပီးေနရတာေတြ ရွိေပမယ့္ ႏိုင္ငံပိုင္ေျမနဲ႔ ပုဂၢဳလိကပိုင္ေျမ ေနရာအခ်ိဳ႕မွာ အုပ္စုဖြဲ႕ က်ဴးေက်ာ္ကာ မိုက္ေၾကးခြဲယူေနတဲ့ လူတခ်ိဳ႕လည္း ရွိေနတဲ့အတြက္  အာဏာပိုင္ေတြအတြက္ ရွင္းထုတ္ရတာ ခက္ခဲစရာျဖစ္ခဲ့ပါတယ္။

ဧၿပီ ၅ ရက္က သထုံၿမိဳ႕ သုဝဏၰခန္းမမွာ ျပဳလုပ္တဲ့ ေဒသခံျပည္သူမ်ားနဲ႔ ေတြ႕ဆုံပြဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က က်ဴးေက်ာ္ေနထိုင္သူေတြနဲ႔ ပတ္သက္ၿပီး ေျပာခဲ့ရာမွာ စက်ဴးေက်ာ္လာကတည္းက ခ်က္ခ်င္းဖယ္ရွားရမယ္လို႔ဆိုၿပီး စီးပြားျဖစ္လုပ္ေနတဲ့ က်ဴးေက်ာ္ေတြကို အားမေပးဖို႔နဲ႔ အမ်ား ျပည္သူရဲ႕ ေနထိုင္သြားလာေရးကို အေႏွာင့္အယွက္ျဖစ္ရင္ ခြင့္ျပဳလို႔မရဘူးလို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ တစ္တိုင္းျပည္လုံးကိုလည္း အသစ္က်ဴးေက်ာ္သူေတြကို လုံးဝလက္မခံဖို႔နဲ႔ က်ဴးေက်ာ္တာနဲ႔ ခ်က္ခ်င္းအေရးယူဖို႔ ၫႊန္ၾကားခ်က္ ေပးထားတယ္လို႔ ေျပာခဲ့ပါတယ္။ႏိုင္ငံေတာ္အတိုင္ပင္ခံက အဆိုပါပြဲမွာ စီးပြားျဖစ္က်ဴးေက်ာ္ေတြကိုေတာ့ လုံးဝလက္မခံဘူးလို႔ ယတိျပတ္ေျပာခဲ့ပါတယ္။

အစိုးရထိပ္ပိုင္းအာဏာပိုင္ေတြအေနနဲ႔ ယခုလို က်ဴးေက်ာ္ေတြအေပၚ ျပတ္သားတဲ့ မူဝါဒရွိေပမယ့္ ေအာက္ေျခက ရပ္ေက်းအဆင့္မွာေတာ့ လစ္ရင္လစ္သလို ခြင့္ျပဳတာေတြ၊ လစ္လ်ဴရႈထားတာေတြ၊ ကိုယ္က်ိဳးစီးပြားအတြက္ အက်ိဳးအျမတ္ရွာတာေတြ ရွိတဲ့အတြက္ ယခုျပႆနာက ျပင္းထန္တဲ့ စံျပအေရးယူမႈ မရွိသေ႐ြ႕ ရွိေနဦးမွာ ျဖစ္ပါတယ္။အထူးသျဖင့္ ေျမယာျပႆနာကို ခက္ခက္ခဲခဲ ရင္ဆိုင္ေနရတဲ့ လက္ရွိအစိုးရအဖို႔ ရင္းႏွီးျမဳပ္ႏွံလိုသူေတြကို ဆြဲေဆာင္ရာမွာ အခက္အခဲျဖစ္ေစတဲ့ က်ဴးေက်ာ္ျပႆနာ အပါအဝင္ ေျမယာျပႆနာေတြကို ေျဖရွင္းႏိုင္မလား၊ ဒါမွမဟုတ္ လုံးခ်ာလည္လိုက္သလို ျဖစ္ေနမလားဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီလိုသတင္းေတြ ယခုရက္သတၱပတ္မွာ ျဖစ္ခဲ့တဲ့အျပင္ ကခ်င္ျပည္နယ္မွာ ဖရဲစိုက္ေတာင္သူေတြ ကုန္တင္ကားအခက္အခဲ ႀကဳံေနလို႔ ျပည္နယ္အစိုးရထံ အကူအညီေတာင္းရာမွာ အကူအညီမရလို႔ ဖရဲခင္းေတြကို ဖ်က္ဆီးဆႏၵျပၾကတဲ့ သတင္း၊ ထိုင္းဗဟိုဘဏ္က ေ႐ႊဘဏ္ႏွင့္ ထိုင္း Krungthai ဘဏ္ (KTB) တို႔ ပူးေပါင္းလုပ္ေဆာင္တဲ့ မိုဘိုင္းဖုန္းမွတစ္ဆင့္ ျမန္မာျပည္တြင္းကို ေငြလႊဲတာကို ခြင့္ျပဳလိုက္တဲ့ သတင္း၊ ဂ်ပန္ႏိုင္ငံက စနစ္သစ္နဲ႔ ေခၚယူမည့္ လုပ္ငန္းအမ်ိဳးအစား ၁၄ မ်ိဳးအတြက္ ဧၿပီတြင္ အလုပ္သမား ေစလႊတ္ခြင့္ စတင္ခြင့္ျပဳခဲ့တဲ့ သတင္း၊ ေအာင္ဘာေလ သိန္းဆုဌာနခြဲက ေမလမွာ ဖြင့္လွစ္မယ့္ က်ပ္တစ္ေထာင္တန္ ေအာင္ဘာေလ ထီလက္မွတ္ ဝယ္ယူဖို႔ ကိုယ္စားလွယ္ေတြ ပ်က္ကြက္ေနတယ္လို႔ ထုတ္ျပန္ေၾကညာခဲ့တဲ့ သတင္း၊  ရွမ္းျပည္နယ္ ေတာင္ပိုင္း ပင္ေလာင္းၿမိဳ႕နယ္ တီက်စ္ေဒသရွိ ေက်ာက္မီးေသြးစက္႐ုံ ပိတ္သိမ္းဖို႔ ေဒသခံေတြ ဆႏၵျပၾကတဲ့ သတင္း၊ စင္ကာပူအငွားယာဥ္ကုမၸဏီ Grab က ခရီးသည္နဲ႔ ယာဥ္ေမာင္းေတြအတြက္  ႀကိဳတင္ကာကြယ္လို႔ရတဲ့ မေတာ္တဆမႈေတြ လုံးဝမရွိေစဖို႔  ႀကိဳးစားမယ္လို႔ ေျပာလိုက္တဲ့ သတင္းေတြ အပါအဝင္ စိတ္ဝင္စားဖြယ္ရာ စီးပြားေရးသတင္းေတြထဲ သတိထားစရာ ျဖစ္ခဲ့ပါတယ္။

ထိခိုက္မႈနဲ႔ အထိနာလာတဲ့ ရခိုင္စစ္ပြဲ

ယခုတစ္ေလာ ပိုမိုျပင္းထန္လာတဲ့ ရခိုင္စစ္ပြဲေတြေၾကာင့္ ျပည္တြင္း ျပည္ပက အာ႐ုံစိုက္မႈွရွိလာသလို သတိထားမႈေတြလည္း ရွိလာခဲ့ပါတယ္။ဧၿပီ ၉ ရက္ညက ျဖစ္ခဲ့တဲ့ ေျမာက္ဦးၿမိဳ႕ရွိ ရဲတပ္ရင္းဌာနခ်ဳပ္ကို အင္အားအလုံးအရင္းနဲ႔ တိုက္ခိုက္ခဲ့တဲ့ သတင္းက ယခုတစ္ပတ္ တိုင္းရင္းသားသတင္းေတြထဲ ေစာင့္ၾကည့္ေနရတဲ့ သတင္းျဖစ္ခဲ့ပါတယ္။

တပ္မေတာ္ဘက္က ထုတ္ျပန္ခ်က္မွာ ဧၿပီ ၉ ရက္ ည ၁၀ နာရီ ၅ မိနစ္ခန႔္က ရခိုင္လက္နက္ကိုင္ AA ေတြက ေျမာက္ဦးၿမိဳ႕ရွိ ရဲတပ္ရင္းဌာနခ်ဳပ္ကို လက္နက္ႀကီး/လက္နက္ငယ္မ်ားျဖင့္ အင္အားအလုံးအရင္းသုံးၿပီး ေနရာ ၃ ေနရာကေန တစ္ၿပိဳင္နက္ဝင္တိုက္ခဲ့ၿပီး ဧၿပီ ၁၀ ရက္ နံနက္ ၃ နာရီခန႔္မွာ ရဲတပ္ရင္းဌာနခ်ဳပ္ ဗဟိုကင္း အိမ္ေထာင္သည္လိုင္းမ်ားကိုျဖတ္၍ ပစ္ခတ္တိုက္ခိုက္ခဲ့လို႔ ရဲတပ္ရင္းဌာနခ်ဳပ္ရွိ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ႏွင့္ ရဲမိသားစုဝင္အခ်ိဳ႕ က်ဆုံးထိခိုက္ ဒဏ္ရာရရွိခဲ့ကာ ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ ဇနီး ၃ ဦး၊ မိခင္ ၁ ဦး၊ ကေလးသူငယ္အ႐ြယ္ ေယာက္်ားေလး ၁ ဦးနဲ႔ မိန္းကေလး ၂ ဦး စုစုေပါင္း ၇ ဦးကို ဓားစာခံအျဖစ္ ဖမ္းဆီးေခၚေဆာင္သြား ခဲ့ပါတယ္။

အဆိုပါတိုက္ခိုက္မႈကို  ရခိုင္လက္နက္ကိုင္ AA ဘက္က သာလြန္အင္အား ၄၀၀ ေက်ာ္သုံးၿပီး တိုက္ခိုက္ခဲ့လို႔  ရဲတပ္ရင္းနဲ႔ တပ္မေတာ္စစ္ေၾကာင္းဘက္က စစ္ကူစစ္ေၾကာင္းမ်ားႏွင့္ အျပန္အလွန္ ပူးေပါင္းလ်က္ ေလေၾကာင္းႏွင့္အေျမာက္ ပစ္ကူရယူ၍ တန္ျပန္တိုက္ခိုက္ ႏွိမ္နင္းခဲ့လို႔ ကစဥ့္ကလ်ား ဆုတ္ခြာထြက္ေျပးသြားခဲ့ပါတယ္။ဒီလိုဆုတ္ခြာတဲ့ေနာက္ကို တပ္မေတာ္ဘက္က လိုက္လံရွင္းလင္းရာမွာ  တပ္မေတာ္စစ္ေၾကာင္းနဲ႔ အရပ္ဝတ္ ဝတ္ဆင္ထားတဲ့ AA ေတြ ရန္ကုန္-စစ္ေတြ ျပည္ေထာင္စုကားလမ္းေပၚရွိ လကၠာေက်း႐ြာအနီး ရင္ဆိုင္ေတြ႕မိၿပီး ႐ြာထဲဝင္ေျပးလို႔ ဖမ္းရာမွာ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕မွ သာထြန္းစံ ေခါင္းေဆာင္တဲ့ အဖြဲ႕ဝင္ ၃၅ ဦးပါအဖြဲ႕မွ သိန္းထြန္းစိန္ ပါ ၂၃ ဦးကို ဖမ္းမိခဲ့ပါတယ္။

ရခိုင္လက္နက္ကိုင္ AA ဘက္ကေတာ့ ရဲတပ္ရင္းမွာ အေျမႇာက္ထားလို႔ ဝင္တိုက္ခဲ့တာလို႔ ဆိုၿပီး AA ေတြ ဓားစာခံအျဖစ္ ေခၚသြားတဲ့ ရဲတပ္ဖြဲ႕ဝင္ မိသားစုေတြကို ကယ္ထုတ္သြားတာလို႔ ေျပာခဲ့တာေတြ ရွိပါတယ္။ရခိုင္ဘက္မွာ AA နဲ႔ တပ္မေတာ္ၾကား တိုက္ပြဲေတြ ဆက္ျပင္းထန္ေနသလို ႏွစ္ဘက္စလုံးက ၾသကၤန္ကာလအတြင္း တိုက္ပြဲေတြ  ဆက္ျပင္းထန္ဖြယ္ရွိတယ္လို႔ ေျပာခဲ့ပါတယ္။တိုက္ပြဲေတြ ျပင္းထန္လာတာနဲ႔အမွ် စစ္ေဘးေရွာင္ေတြ မ်ားလာၿပီး ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံး (UNOCHA) ရဲ႕ ထုတ္ျပန္ခ်က္အရ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ဧၿပီ ၄ ရက္အထိ ရခိုင္ႏွင့္ ခ်င္းျပည္နယ္၌ ေနရပ္စြန႔္ခြာ တိမ္းေရွာင္သူ ၂၆,၀၀၀ ေက်ာ္ ရွိလာၿပီလို႔ ဆိုပါတယ္။

ရခိုင္မွာ တိုက္ပြဲေတြ ျပင္းထန္ေနခ်ိန္မွာ ခိုးဝင္ဘဂၤါလီေတြ ျပန္လာဖို႔အတြက္ ဘဂၤလားေဒ့ရွ္နဲ႔ ႏွစ္ႏိုင္ငံ နယ္ျခားေစာင့္တပ္ဖြဲ႕အဆင့္ျမင့္အရာရွိႀကီးမ်ား အစည္းအေဝးကို ေနျပည္ေတာ္မွာ က်င္းပခဲ့ပါတယ္။ဒီအစည္းအေဝးမွာ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ဖြဲ႕ (BGB) ၫႊန္ၾကားေရးမႉးခ်ဳပ္က ပစ္ခတ္မႈမ်ား မျဖစ္ေစရန္ႏွင့္ ျမန္မာဘက္မွ မူးယစ္ေဆးဝါး ဝင္ေရာက္မႈ မ်ားျပားေနျခင္းကို တားဆီးေပးရန္ ေတာင္းဆိုခဲ့သလို ဧၿပီ ၉ ရက္က အစည္းအေဝးမွာ နယ္စပ္တစ္ေလွ်ာက္ AA နဲ႔ ARSA အၾကမ္းဖက္အုပ္စုမ်ားကို အျမစ္ျပတ္ သုတ္သင္ရွင္းလင္းေရး အပါအဝင္ အခ်က္ ၁၁ ခ်က္ သေဘာတူညီမႈရခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဒီလိုသေဘာတူညီခ်က္ရခဲ့တဲ့အတိုင္း ဘဂၤလားေဒ့ရွ္ဘက္ကသာ လိုက္နာေဆာင္႐ြက္ခဲ့ရင္ နယ္စပ္အေျခစိုက္ေနတဲ့ AA နဲ႔ ARSA အဖြဲ႕ေတြကို တပ္မေတာ္ဘက္က ရွင္းလင္းရာမွာ အသာရလာဖို႔ မ်ားေပမယ့္ အမွန္တကယ္ ဘဂၤလားေဒ့ရွ္ဘက္က လိုက္နာမႈ ရွိ၊ မရွိ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက နမ့္ခမ္း-တာကြမ္း လမ္းကို တအာင္းလက္နက္ကိုင္အဖြဲ႕ (TNLA) က ပိတ္ဆို႔စစ္ေဆးေနတာကို ဖယ္ရွားေပးဖို႔ ေဒသခံေတြက အစိုးရထံ ေတာင္းဆိုခဲ့တဲ့ သတင္း၊ ၂၀၁၈ ခုႏွစ္အတြင္း ေျမျမႇဳပ္မိုင္းႏွင့္ အျခားေပါက္ကြဲမႈမ်ားေၾကာင့္ ျမန္မာႏိုင္ငံအတြင္း ေသဆုံးသူ ၂၇၆ ဦးရွိတဲ့ သတင္း၊ မတရားအသင္း အက္ဥပေဒပုဒ္မ ၁၇(၁) ျဖင့္ အမႈဖြင့္ထားတဲ့ နာဂလက္နက္ကိုင္အဖြဲ႕ (NSCN-K) ထိပ္ပိုင္းေခါင္းေဆာင္ ၁၀ ဦးအနက္ ငါးဦးကို ျပန္လႊတ္ေပးခဲ့တဲ့ သတင္း၊ AA အဖြဲ႕၏ စခန္းတစ္ခုမွာ စစ္ေရွာင္စခန္းမ်ားအတြက္ အလႉရွင္မ်ား လႉဒါန္းထားသည့္ ပစၥည္းမ်ား ေတြ႕ရွိရတယ္လို႔ တပ္မေတာ္က ထုတ္ျပန္ခဲ့တဲ့ သတင္း၊ အဂတိလိုက္စားမႈနဲ႔ အဖမ္းခံထားရတဲ့ ေဒါက္တာေဒၚလဲ့လဲ့ေမာ္ က အာမခံရရွိရင္ ထြက္ေျပးမယ္ဆိုတာ လုံးဝမဟုတ္ဘူးလို႔ ေျပာလိုက္တဲ့ သတင္း၊ မတရားအသင္း ဆက္သြယ္မႈ ပုဒ္မ ၁၇(၁) ျဖင့္ အဖမ္းခံထားရသည့္ ABSDF ေျမာက္ပိုင္း ဒုဥကၠ႒ ကိုေအာင္ေဆြဦး ႏွင့္ ကိုေမာင္ဦး တို႔ကို ေထာင္ဒဏ္ ၂ ႏွစ္စီ ခ်မွတ္လိုက္ၿပီး အရပ္သား ကိုေမာင္ကိန္း အား  တရားေသလႊတ္ခဲ့တဲ့ သတင္းေတြထဲ ရခိုင္စစ္ပြဲ သတင္းေတြက ယခုတစ္ပတ္ရဲ႕ ေစာင္ၾကည့္စရာ သတင္းျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာပဲ ရပ္နားလိုက္ပါတယ္။

မာလင္း
ဧၿပီ - ၁၂