【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ခြေဥပြင်ဆင်ရေးနှင့် လူစုံလာတဲ့ အာဇာနည်နေ့

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ခြေဥပြင်ဆင်ရေးနှင့် လူစုံလာတဲ့ အာဇာနည်နေ့

ယခုတစ်ပတ် သတင်းတွေထဲမှာ သတိထားစရာဖြစ်ခဲ့တာက လက်ရှိ ထိပ်တန်းခေါင်းဆောင် အားလုံးနီးပါး တက်ရောက်ကြတဲ့ အာဇာနည်နေ့ သတင်းတွေနဲ့ အပြိုင်အဆိုင် ထောက်ခံပွဲနဲ့ ကန့်ကွက်ပွဲလုပ်ကြတဲ့ ခြေဥပြင်ဆင်ရေးပွဲတွေ၊ ရေကြီးမှု သတင်းတွေက ယခုတစ်ပတ် သတင်းအများစုကို ဖုံးသွားခဲ့ပါတယ်။

အဆိုပါသတင်းများနည်းတူ အခြားစိတ်ဝင်စားဖွယ်ရာ သတင်းတွေဖြစ်တဲ့ ယခင်အစိုးရလက်ထက်ကတည်းက ဝေဖန်မှုများနေတဲ့ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်း ၂၀ ၏ သီးခြားငွေစာရင်းတွေကို ပိတ်သိမ်းတော့မယ့်လို့ ဇူလိုင် ၁၅ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ စီမံ/ဘဏ္ဍာ ဒု-ဝန်ကြီးက ပြောခဲ့တဲ့ သတင်း၊ လျှပ်စစ်မီတာ တိုးကောက်နေတာတွေ ဆိုင်းငံ့ပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းတဲ့ သတင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် စီမံကိန်းရှစ်ခုဆောင်ရွက်မည့် သတင်း၊ ဇူလိုင် ၂၄ ရက်မှာ Myanmar Sat-2 (မြန်မာဂြိုဟ်တုစနစ် အမှတ်-၂) ကို ဇူလိုင် ၂၄ ရက်မှာ ပြင်သစ်နိုင်ငံ Arianespace Launch စခန်းက လွှတ်တင်တော့မယ့် သတင်း၊ ရာသီတုပ်ကွေး (H1N1) ရောဂါကြောင့် သေဆုံးသူအရေအတွက် ၅၉ ဦးအထိ ရှိလာတဲ့ သတင်း၊ လှည်းကူးမြို့နယ် အမှတ် (၂) လမ်းမကြီးအနီး ရှမ်းတဲကြီး အောက်ဘက်မှာ အဝေးပြေးကားဝင်းအသစ် တည်ဆောက်ဖို့ မြို့တော်စည်ပင်က စီစဉ်နေတဲ့ သတင်းတွေကလည်း သတင်းဖတ်သူတွေကို စိတ်ဝင်စားစရာ ဖြစ်စေခဲ့ပါတယ်။

တစ်ရက်တည်း တစ်နေရာတည်း ထောက်ခံမှုနဲ့ ကန့်ကွက်မှု

ဖေဖော်ဝါရီ ၁၅ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ဖွဲစည်းထားတဲ့ ၄၅ ဦး ကော်မတီက အစီရင်ခံစာတင်သွင်းခဲ့ပါတယ်။ဒီအစီရင်ခံစာမှာ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြုချက်ပေါင်း ၃,၇၀၀ ကျော်ရှိခဲ့ပြီး ဒါကို ပြန်လည်ဆွေးနွေးဖို့ ဇူလိုင် ၂၂ ရက်ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ ဒီထဲမှာ အထူးသဖြင့် ဥပဒေပြုလွှတ်တော်ကနေ စစ်တပ်ဆုတ်ခွာမယ့် အချိန်ဇယားကို တင်ပြအကြံပြုထားတာတွေ့ရသလို တိုင်းရင်းသားပါတိတွေဘက်က လုံးဝဖယ်ရှားဖို့ ပြင်ဆင် စေချင် တဲ့ ဆန္ဒရှိသလို လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်ဘက်က ခန့်အပ်ခွင့်ရှိတဲ့ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေကို အာဏာရပါတီဘက်က ဝန်ကြီးခန့်အပ်ပြီးချိန် ကစပြီး တပ်မတော်ဘက်ကနေ အနားယူဖို့ အကြံပြုထားတာကိုတွေ့ရပါတယ်။

ဒီ ၄၅ ဦးကော်မတီမှာ ပါဝင်တဲ့ တပ်မတော်ကိုယ်စားလှယ်ဘက်က ဒီကော်မတီမှာပါပေမယ့် ပြင်ဆင်ရန် အဆိုပြုချက် တင်သွင်းခြင်း၊ သဘောထားမှတ်ချက်ပြုခြင်း မပေးခဲ့ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း ၁၂ အတိုင်း အခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီခြင်းမရှိဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

၄၅ ဦးကော်မတီဘက်က တင်တဲ့ အစီရင်ခံစာမှာလည်း အဆိုပါ အခန်း ၁၂ နဲ့ပတ်သက်ပြီး ပြင်ဆင်ရန် အချက်တွေကို တင်ပြထားတာတွေရပါတယ်။ ဒီအစီရင်ခံစာကို အားလုံးကစောင့်ကြည်ေ့နသလို ဘယ်လိုတုံပြန် မှုတွေ လာမလဲဆိုတာကိုလည်း အများပြည်သူက စိတ်ဝင်စားခဲ့ကြပါတယ်။သက်ဆိုင်ရာ သန်ရာသန်ရာဘက် ကို ယိမ်းတဲ့မီဒီယာအချို့နဲ့ ဆိုင်ရာသူတွေက အခြေခံဥပဒေပြင်ဆင်မှုကို ကန့်ကွတ်မှု၊ထောက်ခံမှုကို ဖော်ပြတဲ့ တင်ဆက်မှုတွေကို တွေ့ရတာကလည်း အခြေခံဥပဒေပြင်ဆင်မှုအပေါ် အလေးထားမှု ဘယ်လောက်ရှိနေသလဲဆိုတာ ပေါ်လွင်ခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံစာတင်ပြီး နောက်တစ်ရက်ကစပြီး ရန်ကုန်နဲ့ နယ်မြို့တွေမှာ ထောက်ခံပွဲတွေ ကန့်ကွက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ဒီထဲမှာ ထူးခြားတာက ရန်ကုန်မှာပါ။မြို့တော်ခန်းမရှေ့မှာ မနက်ပိုင်း အခြေခံဥပဒေပြင်မှုကို ထောက်ခံပွဲလုပ်ခဲ့ပြီး အများပြပြည်သူထောင်ဂဏန်းနဲ့ ချီပြီးတက်ရောက်ခဲ့ တယ်လို့ မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒီပွဲမှာ စာရေးဆရာ သရဝဏ် (ပြည်)၊ ဆရာနေမျိုးအေးနှင့် ဆရာဒေါင်းမာန်ဟုန်တို့က အခြေခံဥပဒေမည်သို့ကြောင့် ပြင်ဆင်သင့်တယ်ဆိုတာကို ဟောပြောခဲ့သလို စာရေး ဆရာသရဝဏ်(ပြည်)က၂၀၀၈ အခြေခံဥပဒေပြင် ဆင်ရေးလာရောက်ထောက်ခံ သည့်လူထုကို နေ့တွက်ခပေးပြီး ခေါ်ထားတာမဟုတ်သလို ဒံပေါက်ကျွေးရန်၊ဘုရားဖူးရန်ဆိုပြီး လိမ်ခေါ်ထားတဲ လူထုမဟုတ်ဘူး လို့ပြောခဲ့ပါတယ်။

အဆိုပါထောက်ခံပွဲလုပ်ပြီး တစ်နာရီအကြာမှာ အဆိုပါနေရာမှာကိုပဲ အမျိုးသားရေးလှုပ်ရှားသူများနှင့် စစ်မှုထမ်းဟောင်းတွေ အပါအဝင် အင်အားထောင်ဂဏန်းက“ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ)မပြင်ဆင်ရေးနှင့် သံဃာအချင်းချင်းသင်းကွဲအောင် သွေးခွဲစော်ကားနေမှုများအား ဆန့်ကျင် ရှုတ်ချ ဆန္ဒဖော်ထုတ်ပွဲ” ကိုကျင်းပခဲ့ပါတယ်။

ဒီရက်မှာဘဲ မန္တလေးမှာ ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံဥပဒေအခန်း၁၂ နဲ့အညီ ပြင်ဆင်ရေးဆိုပြီး မျိုးချစ်အင်အားစုများနှင့် ပြည်ခိုင်ဖြိုးပါတီဝင်အပါအဝင် လူဦးရေ ၁,၀၀၀ ကျော်စီတန်းလှည့်လည်ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။ မုံရွာမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာကို ထောက်ခံ တဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ ဒေသခံပြည်သူတစ်သောင်းခန့်ပူးပေါင်းပြီး ဆန္ဒဖော်ထုတ် ခဲ့သလို အဆိုပါတစ်ရက်တည်း နတ္တလင်း၊ တာချီ လိတ်၊ တောင်ကြီး၊ ညောင်ရွှေ၊ ဖားကန့်၊ စစ်ကိုင်း၊ ကလေး၊ ရေကြည်၊ လွိုင်ကော်၊ ထား ဝယ်၊ ကော့သောင်း၊ ဖျာပုံစသည့် မြို့တို့အပါအဝင် အနည်းဆုံး ၁၅ နေရာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာကို ထောက်ခံပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ပြင်ဆင်ချက် ၃၇၀၀ ကျော်ပါဝင်တဲ့ အစီရင်ခံစာအပေါ် တပ်မတော်ဘက်က နိုင်ငံ၏အခြေခံအတွက် အန္တရာယ်ရှိတယ်လို့ ယူဆရှုမြင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ တစ်ရက်တည်းတစ်နေရာတည်းဒ အချိန်တစ်နာရီသာလွဲတဲ့ ထောက်ခံပွဲနဲ့ ဆန့်ကျင်ပွဲဟာ အခန့်မသင့်ရင် ဘယ်လောက်တောင် အန္တရာယ် များလိမ့်မလဲဆိုတာ အာဏာပိုင်တွေအတွက် အဆိုပါ နေ့က နဖူးတွေ့ဒူးတွေ့ တွေ့မြင်ရမလောက်ဖြစ်ခဲ့တာက စိုးရိမ်စရာ တစ်ခုပါဘဲ။

ပြည်သူအတွက် ဒီအခြေခံဥပဒေပြင်ဆင်ခွင့်ရဖို့က အရေးကြီးလား မကြီးလားဆိုတာကို လက်ရှိဖြစ်နေ တဲ့ တရားဥပဒေစိုးမိုးမှုတွေ၊ အခွင့်အရေးဆုံးရှုံးနေမှုတွေ၊ ဥပဒေအထက်မှာ ဘယ်သူတွေရောက်နေလဲ ဆိုတာ တွေ၊ တရားရုံးတွေမှာအဂတိလိုက်စားမှုနဲ့ အရေးယူခံရတဲ့သူတွေကို အရှက်မရစေဖို့ ထီးဆောင်းအကာ အ ကွယ်ပေးနေတဲ့ ဖြစ်ရပ်တွေ၊ မမိသေးတဲ့ တရားခံပြေးတွေကိုကြည့်ရင် အများပြည်သူက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီက အနိုင်ရသလဲဆိုတာကိုကြည့်ရင် အခြေ ခံဥပဒေပြင်ဆင်ရေးကို ပြည်သူက စိတ်ဝင်စားမှုရှိ/မရှိကိုလည်း သိရမှာဖြစ်တဲ့ အတွက် လာမယ့် ၂၂ ရက်အခြေ အနေကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ထိပ်တန်းခေါင်းဆောင်တွေ စုံညီတဲ့ အာဇာနည်နေ့

ယခုနှစ်အာဇာနည်နေ့က အများပြည်သူအတွက် စိတ်ဝင်စားစရာအများအပြားရှိခဲ့ပါတယ်။ အထူး သဖြင့် အခြေခံဥပဒေပြင်ဆင်ရေးအတွက် အဓိကကျသူ နှစ်ဦးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်မှာဖြစ်သလို ၎င်းတို့နှစ်ဦးကြားဆက်ခံရေးကို စောင့်ကြည့်နေသူ တွေအတွက် ဒါဟာအကဲဖြတ်စရာပါ။ ဒါအပြင် နှစ် ၅၀ အတွင်း နိုင်ငံရဲ့အကြီးအကဲပထမဆုံး တက်ရောက်မှု အဖြစ် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တက်ရောက်ခဲ့တဲ့ အတွက် ဒါဟာ အာဇာနည်နေ့အပေါ် အလေးထားမှုတွေ အတွက် ကျေနပ်စရာပါ။

ဇူလိုင် ၁၉ ရက်နံနက်ကျင်းပတဲ့ (၇၂)ကြိမ် မြောက် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ဒု-သမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့တက်ရောက်ခဲ့သလို လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်မိသားစုဝင် အဖြစ် တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်တို့ဟာ အာဇာနည်နေ့အခမ်းအနားကိုတက်ရောက်လာတဲ့ အာဇာနည်မိသာစုဝင်တွေနဲ့ တွေ့ဆုံ နူတ်ဆက်ခဲ့ကြသလို ယခုတိုင် သက်ရှိထင်ရှားရှိနေသေးတဲ့ အတွင်းဝန်ဦးအုံးမောင်ရဲ့ ဇနီးဖြစ်သူကိုလည်း တွေ့ဆုံနူတ်ဆက်ခဲ့ကြတာကို အစိုးရရုပ်သံလိုင်းကနေတိုက်ရိုက်ပြသခဲ့ပါတယ်။

အာဇာနည်နေ့ကို ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ တစ်ပြိုင်နက်ကျင်းပခဲ့သလို အာဇာနည်တွေကို ရည်စူးပြီး ဆွမ်းကပ်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲသံတွေ၊ ကားဟွန်းသံတွေ ဆွဲပြီး ရပ်တန့်အလေးပြုခဲ့သလို အများပြည်သူတွေ လည်း ရောက်ရာအရပ်ကနေ ရပ်တန့်ပြီး တစ်မိနစ်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အလေးပြုခဲ့ကြပါတယ်။ အများပြည်သူအပါအဝင် ပါတီစုံနဲ့ သံအဖွဲ့တွေ၊ အဖွဲ့အစည်းပေါင်းစုံက အဆိုပါအာဇာနည်နေ့အခမ်းအနားကို တက်ပြီး လွမ်းသူပန်းခွေချခဲ့ကြပါတယ်။

အများပြည်သူအနေနဲ့ နိုင်ငံရဲ့ထိပ်တန်းခေါင်းဆောင်တွေ စုံညီတက်ရောက်ခဲ့ကြတဲ့ ယခုနှစ် အာဇာ နည်နေ့ အခမ်းအနားက ထူးခြားခဲ့သလို လက်ရှိတွေ့ကြုံနေရတဲ့ နိုင်ငံရေးအကြပ်အတည်းနဲ့ တိုင်းပြည်အရေး တွေမှာ ယခုလိုဘဲ စုံစုံညီညီနဲ့ တစ်စိတ်တည်းတစ်ဝမ်းတည်း စိတ်တူညီစေချင်ကြပါတယ်။ဝမ်းနည်းစရာ အခမ်းအနားမှာ တိုင်းပြည်အတွက် ညီညွတ်မယ့်လက္ခဏာကို တွေ့ရတဲ့အတွက် အများပြည်သူအတွက် စိတ်အားတက်စရာပါဘဲ။ မကြာခင်က ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ တပ်မ(၃၃) နှင့် တပ်မ (၉၉) တို့မှ ဗိုလ်မှူးချုပ်သန်းဦး၊ ဗိုလ်မှူးချုပ်အောင်အောင်တို့နဲ့ ၎င်းတို့၏မိသားစုဝင်တွေ ကို ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်တားမြစ်ထားသလို ကုလသံတမန်ယန်းဟီးလီက ပိုင်ဆင်တာတွေ ထိန်းချုပ်သိမ်း ဆည်းဖို့ တိုက်တွန်းထားတာလည်းရှိနေပါတယ်။ ဒီလိုအကြပ်အတည်းတွေ ပြည်ပဖိအားတွေ ရှိနေချိန်မှာ ပြည် တွင်းမှာလည်း ဘာသာရေးအကြောင်းပြပြီး အမျိုးသားရေးအစွန်းရောက်တွေရဲ့ပြဿနာ၊ တိုင်းရင်းသား လက် နက် ကိုင်တွေရဲ့ ပြဿနာတွေကတိုးလာနေတဲ့အတွက် ပြည်တွင်းပြည်ပ ဖိအားတွေ၊ပြဿနာတွေကို ထိပ်တန်း ခေါင်းဆောင်တွေ စုံစုံညီညီနဲ့ အများပြည်သူမျှော်လင့်ထားသလို ရှေ့လျှောက် တိုင်း ပြည်အရေးတွေမှာ ညီညီညွတ်ညွတ်နဲ့ ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက မြန်မာတပ်မတော်ကို လက်နက်ပြပွဲတက်ရောက်ဖို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဗီဇာခွင့်ပြုတော့မှာမဟုတ်တော့ဘူးဆိုတဲ့ သတင်း၊လူငယ်စွန့် ဦးတီထွင်သူများအတွက် Yangon Innovation Center ဖွင့်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ သတင်းတွေနဲ့ အတူ စိတ်ဝင်စားစောင့်ကြည့်စရာဖြစ်ခဲ့ပါတယ်။

အထက်ပိုင်း ရေကြီးနစ်မြှုပ်မှုနဲ့ သဘာဝဘေး

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာခြင်း၊ ဧရာဝတီမြစ်ရေ မြင့်တက်ခြင်းတို့ကြောင့် ကချင်ပြည် နယ်၊ စစ်ကိုင်းတိုင်း၊ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ခဲ့ပါတယ်။ မိုး/ဇလ ဦးစီးဌာနကတော့ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင် မိုးကြီးနိုင်တယ်ဆိုပြီးထုတ်ပြန်မှုတွေရှိခဲ့ပါတယ်။

ထုတ်ပြန်ချက်တွေမှာတော့ ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ လူ ၂၁,၀၀၀ ခန့် ရေဘေးကြုံတွေ့နေရတယ်ဆိုသလို ကရင်ပြည်နယ်၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်း ဒေသကြီးတွေပါ မိုးကြီးနိုင်တယ်လို့ ဆိုတဲ့အတွက် ရေဘေးသင့်တဲ့ အရေအတွက်ဒီထက်တိုး လာဖွယ်ရှိ နေပါတယ်။ ဒီအချိန်က နှစ်စဉ်ရေကြီးတဲ့အချိန်ဖြစ်သလို ၂၀၁၅ ခုနှစ်က ချင်းတွင်းမြစ်နဲ့ တောင်ကျရေတွေ ကြောင့် ရေအောက်ရောက်ခဲ့ရတဲ့ ကလေးမြို့အတွက်လည်း ခြောက်အိမ်မက်ပါဘဲ။ထုတ်ပြန်ချက်တွေအရ ဆိုရင် ဧရာဝတီမြစ်၊ချင်းတွင်းမြစ်တွေမှာ စိုးရိမ်ရေမှတ်ရောက်ခဲ့သလို ဗန်းမော်နဲ့ မြစ်ကြီးနားမှာလည်း ဆယ်စု နှစ်အတွင်း အဆိုးဆုံးရေကြီးမှုကို ကြုံနေရပါတယ်။

မြစ်ကြောင်းတစ်လျှောက်မှာလည်း ကမ်းပြိုမှုတွေ ရှိသလို ရေတိုးတာတွေကြောင့် မြစ်ကမ်းနားက ရွာတွေ ရွာလုံးကျွတ် ရေထဲကျကုန်တာတွေကြောင့် ပြောင်းရွှေ့ရတာတွေ ဖြစ်နေပါတယ်။ဆက်တိုက်တက် နေတဲ့ ဧရာဝတီမြစ်ရေက မြစ်ကြီးနားမှာ ဇူလိုင် ၁၃ ရက်က စပြီး ရေကျခဲ့ပါတယ်။ ရေကျတဲ့ အတွက် ဧရာဝတီ အောက်ပိုင်းမှာ ဆက်တိုက်ရေပြိုကျလာမှာဖြစ်လို့ သတိပေးချက်တွေ ထုတ်ခဲ့ရသလို လူ၈၀၀၀ ကျော်ကို အလျင်အမြန်ရွေ့ပြောင်းပေးရတယ် ဆိုပါတယ်။

ဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ဇူလိုင် ၁၅ ရက် သတင်းထုတ်ပြန်ချက်အရဆိုရင် ကချင်ပြည်နယ်တွင် လူ ၁၄,၀၀၀ ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ကသာ၊ ထီးချိုင့်မြို့တို့တွင် လူ ၁,၃၀၀ ကျော်၊ ချင်းပြည်နယ် ပလက်ဝမြို့တွင် လူ ၁,၇၀၀ ကျော်၊ ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်မြို့တွင် လူ ၃,၇၀၀ ကျော် ရေဘေးလွတ် ရာတိမ်းရှောင်နေရတယ်ဆိုပါတယ်။ ဇူလိုင် ၁၈ ရက်သတင်းအရ ဆိုရင် တော့ ကချင်ပြည်နယ်၊ စစ် ကိုင်းတိုင်းအထက်ပိုင်းနှင့် ရခိုင် ပြည်နယ်မှ မြို့နယ် ၁၄ ခုမှာ လူ ငါးသောင်းခန့် ရေဘေးကြုံနေရတယ်ဆိုပါတယ်။

လက်ရှိမှာ ရေကြီးမှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေးအပိုင်းမှာ ပျက်ဆီးမှုတွေရှိခဲ့ပေမယ့် လုံး၀ ပြတ်တောက်တဲ့အထိတော့ မဖြစ်သေးပါဘူး။ဒါပေမယ့် လယ်ယာမြေပျက်စီးမှုတွေ ဗန်းမော်နဲ့ မြစ်ကြီးနားမှာ ရှိခဲ့ပါတယ်။ ထုတ်ပြန်ချက်တွေအရဆိုရင် လယ်မြေတစ်သောင်းလောက် ပျက်စီးခဲ့ပြီးဆိုပါတယ်။ ဒီအတွက် ဆန်စပါးအသင်းချုပ်က ရေကျတဲ့ အချိန် ပြန်စိုက်ဖို့ အကူအညီလိုရင် တောင်းဖို့ ထုတ်ပြန်ထားတာ ကို တွေ့ရပါတယ်။ဧရာဝတီဘက်က လယ်ယာအပျက်အစီးစာရင်းက မတက်လာသေးပါဘူး။အထက်ဘက်က ပြိုလာတဲ့ ဧရာဝတီမြစ်ရေ အောက်ဘက်မှာ ဘယ်လောက်ထိ တက်မလဲ၊မိုးက ရေနဲ့အတူလိုက်လာပြီး သဘာဝဘေးအတွက် လူတွေ ပြင်ဆင်မှုကိုဘယ်လောက်ထိစမ်းသပ်ဦးမလဲ ဆိုတာစောင့်ကြည့်ရဦးမှာပါ။

ဒီသဘာဝဘေးသတင်းက ယခုတစ်ပတ်ထဲ ဖြစ်ခဲ့တဲ့ စိတ်ဝင်စားစရာ ဒေသန္တရသတင်းတွေဖြစ်တဲ့ ရွှေကြောတွေ့ရှိတဲ့ ကောလင်းမြို့နယ် လာကာကြိုးဝိုင်းအတွင်းကုမ္ပဏီများလုပ်ကွက်ပြန်လည် အပ်နှံပြီးမှ လုပ်ကွက်ချထားပေးမယ့်သတင်း၊သစ်တောတွေကနေ သစ်ထုတ် ယူခြင်းကို၂၀၁၉ ခုနှစ်ကစပြီး မြန်မာ့သစ်လုပ်ငန်းကပဲဆောင်ရွက်တော့မယ့်သတင်း၊နိုင်ငံတော်အရေးပေါ် ရန်ပုံငွေကို ဝန်ကြီးဌာနများနှင့် တိုင်းနှင့်ပြည်နယ် ၁၄ ခုကို ခွဲဝေပေးတော့မယ်ဆိုတဲ့ သတင်း၊မြန်မာ့သစ်တောနှင့် ဇီဝမျိုး စိတ်တွေကို ထားဝယ် - ထီးခီးအ ဝေးပြေးလမ်းမကြီးစီမံကိန်းက ခြိမ်းခြောက်နေ တယ်လို့ ကမ္ဘာလုံးဆိုင်ရာသဘာ ဝပတ်ဝန်းကျင်ရန်ပုံငွေ အဖွဲ့က ထုတ်ပြန်လို်က်တဲ့ သတင်း၊ပင်လယ်ရေတိုက် စားမှုကြောင့်ရန်ကုန်-ကျောက်ဖြူ ကားလမ်း ပြိုကျမည့်အခြေအနေ ဖြစ်နေတဲ့ သတင်း၊ဧရာဝတီနှင့် ဒုဋ္ဌဝတီ မြစ်ရေတက်လို့ အင်းဝမြို့ဟောင်းအနီးမှာ ကမ်းပြိုတဲ့ သတင်းတွေနဲ့အတူ သတိထားစရာဖြစ်ခဲ့ပါတယ်။

လိမ်လည်မှု၊ သေဆုံးမှုနဲ့ တိုးလာတဲ့ လူကုန်ကူးမှု

ယခုတစ်ပတ်သတင်းတွေထဲ သတိထားစရာဖြစ်ခဲ့တဲ့ မူခင်းဆိုင်ရာ သတင်းတွေ ရှိခဲ့ပါတယ်။ ဘဏ် ဆိုင်ရာမူခင်းသတင်းတွေထဲမှာ ဧရာဝတီဘဏ်ငွေအလွဲသုံးစားလုပ်တဲ့ သတင်းက ယခုတစ်ပတ် ဘဏ်နဲ့ပတ် သက်တဲ့ သူအသိုင်းအဝိုင်းကြားသတိထားစရာဖြစ်ခဲ့ပါတယ်။

ငွေအလွဲသုံးစားမှုလုပ်တဲ့ ပမာဏက မနည်းပါဘူး။ ဖြစ်ပုံက မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်ရှိ ဧရာဝတီ ဘဏ်ခွဲ(၄၅)မှာ အပ်ထားတဲ့ တခြားသူရဲ့ ငွေပမာဏ သိန်း ၂၁၀၀ ကို ဘဏ်စာရေးမက သူရည်းစားကို လွှဲပေး ခဲ့တာပါ။ ရဲကိုတိုင်တဲ့ ထုတ်ပြန်ချက်အရ ဆိုရင် အမျိုးသမီးကြီးတစ်ဦးလွှဲအပ်ထားတဲ့ ငွေကို သူရည်းစားဖြစ်သူ ကို စာရင်းလွှဲပေးခဲ့တာပါ။အဆိုပါငွေထဲက ကျပ်သိန်း ၁,၇၀၀ ကို လှိုင်သာယာမှာ ရှိတဲ့ ဧရာဝတီဘဏ် ခွဲ(၂) က နေ ထုတ်ယူခဲ့တာပါ။ ဘဏ်စာရင်းထဲကနေ ငွေလွှဲပြောင်းရယူခဲ့တဲ့သူနှစ်ဦးကို ဖမ်းမိဖို့ ဆောင်ရွက်နေတယ်ဆို ပေမယ့် ဒီသတင်းက ဘဏ်စနစ်ကိုအသုံးပြုနေတဲ့ သူတွေအတွက် တုန်လှုပ်စရာပါဘဲ။

နောက်ထပ် သတင်းတစ်ခုက မျက်နှာပျက်စရာသတင်းပါ။ ဒါက နေပြည်တော် စည်ပင်ဧည့်ရိပ်သာ မှာ တည်းခိုနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးရဲ့ မိန်းမဖြစ်သူ ဆီက လက်ဝတ်ရတနာတွေ ခိုးခံရတဲ့ သတင်း ပါ။ ရေချိုးဖို့ ရေချိုးခန်းကိုဝင်စဉ် လက်ဝတ်ရတနာတွေချွတ်ပြီး ထည့်ထားတဲ့ အိတ်ကို အိပ်ခန်းဘေး ပြတင်း ပေါက်ကနေ လက်နဲ့ နိူက်ယူတာပါ။လက်နဲ့ နိူက်တဲ့အတွက် မြင်လိုက်ပေမယ့် သူခိုးလို့အော်တဲ့ အခါ ဘေးမှာ လူမရှိတဲ့ အတွက် ဖမ်းမမိခဲ့ပါဘူး။ ဒီအတွက် ရဲကိုတိုင်တန်းခဲ့ရပါတယ်။ ဇူလိုင် ၁၁ ရက်က ဖြစ်တဲ့ ဖြစ်စဉ်ကို ဇူလိုင် ၁၃ ရက်မှာ တရားခံကို ဖော်ထုတ်နိုင်ခဲ့တယ်ဆိုပါတယ်။

အဆိုပါအခိုးခံရမှုမှာ မျက်မြင်သက်သေတစ်ဦးက ခိုးတဲ့သူကိုမြင်တွေ့ခဲ့တဲ့အတွက် စစ်ဆေးခဲ့ရာမှာ ပါ တီတူလွှတ်တော်အမတ်ရဲ့ချွေးမဖြစ်နေပါတယ်။ဒီအတွက် ခေါ်ယူစစ်ဆေးခဲ့ရာမှာ ငြင်းဆိုခဲ့ပေမယ့် ယောက္ခမ ဖြစ်သူက ခေါ်ယူစစ်ဆေးပြီး ရဲကိုအပ်ခဲ့တယ်ဆိုပါတယ်။ဒီလို ဖြစ်ခဲ့ရခြင်းက ဖြစ်တောင့်ဖြစ်ခဲ့ မူခင်းပါဘဲ။ ပါတီ လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင် ရွှေခိုးသူ ချွေးမဖြစ်သူကို အပ်ခဲ့တယ်ဆိုတဲ့အတွက် လေးစားရမှာ ဖြစ် သလို လူတွေရဲ့စာရိတ္တပိုင်းဆိုင်ရာနိမ့်ကျမှုကလည်း သတိထားစရာဖြစ်ခဲ့ပါတယ်။ ဒါအပြင် ခိုးယူစဉ်အော်ဟစ် တာကို မကြားလောက်အောင် ဖြစ်ရတာကလည်း အဆိုပါလွှတ်တော်ကိုယ်စားလှယ်တွေ နေထိုင်ရာအရပ်ရဲ့ လုံခြုံရေးအပိုင်းကမေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာသတင်းက မူဆယ်မှာနေ့ခင်းကြောင်တောင် ဆိုင်ကယ်စီးလာတဲ့ သူကို သေနတ်နဲ့ လိုက်ပစ်သတ်တဲ့ အမှုပါဘဲ။ဇူလှိုင် ၁၆ ရက်က ဖြစ်ခဲ့တဲ့ လူသတ်မှုက မူဆယ်အတွက် ထိတ်လန့် စရာပါဘဲ။ တရုတ်ပြည်ဘက်မှာ ဖြစ်တဲ့ ပြဿနာကိုမြန်မာပြည်ထဲမှာ လာရှင်းသွားသလို ဖြစ်နေတဲ့ သဘောလို့ ဒေသခံတွေကဆိုပါတယ်။ဘာကြောင့်လဲဆို ပစ်သတ်ခံရတဲ့ ဆိုင်ကယ်သမားက တရုတ် နိုင်ငံသားဖြစ်ပြီး နောက်ကနေ ကားနဲ့ လိုက်ပစ်တာဆိုပါတယ်။ အဆိုပါ ပစ်သတ်ခံရတဲ့ရပ်ကွက်မှာ လုံခြုံရေးဆိုင်ရာ အဖွဲှစည်း တွေ အကုန်ရှိတဲ့ရပ်ကွက်ဖြစ်သလို သေနတ်နဲ့ ၁၂ ချက်ထိပစ်ပြီး လွတ်သွားတယ်ဆိုတဲ့ အတွက် ဒါဟာ အဆိုပါနယ်မြေလုံခြုံရေးအတွက်က စိုးရိမ်စရာအခြေအနေပါ။နယ်စပ်ဒေသတွေက တဘက်နိုင်ငံကလူတွေ ဝင်လာချင်သလိုဝင်လာပြီး လုပ်ချင်သလိုလုပ်လို့ရတဲ့ အနေအထားထိဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ် စရာပါ။

နောပ်ထပ်တုန်လှုပ်စရာသတင်းက ရန်ကုန်မှာဖြစ်ခဲ့တာပါ။ ဒါဟာ ဘယ်သူဘယ်ဝါ၊ဘယ်လူမျိုးဆိုတဲ့ အစွဲကို ဖြုတ်ချပြီး လူသားချင်းစာနာစိတ်နဲ့ ကိုယ့်သွေးသားသာဆိုရင်ဆိုတဲ့ စိတ်နဲ့ တွေးရင် ဒီအဖြစ်က ရင်နင့် စရာပါ။ ဒီလို ဆင်တူအဖြစ်တွေ ထိုင်းကို သွားတဲ့ မြန်မာတွေ မကြာခဏခံစားခဲ့ရဘူးပါတယ်။ဇူလိုင် ၁၃ရက်က ထောက်ကြန့်-လှော်ကား လမ်းဘေး မင်္ဂလာဒုံမြို့နယ် လှော်ကားဥယျာဉ်အနီး မြက်တောအတွင်း စွန့်ပစ်ထားတဲ့ အသက်(၂၀) နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ဇူလိုင် ၁၄ ရက် ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာတော့ အလုံပိတ်ယာဉ်(သို့မဟုတ်)ယာဉ် အနောက်ဖုံးအတွင်း ထည့်သွင်း လာ သဖြင့် မွန်းကျပ်သေဆုံးသည့် လက္ခဏာရှိပြီး လူကုန်ကူးခံရသူ များလို့ မှတ်ချက်ပေးခဲ့ပါတယ်။ အလောင်း တွေမှာ သဲတွေကပ်နေလို့ တစ်နေရာရာမှာ သေဆုံးပြီး သဲတင်ကားနဲ့ တင်လာကာ စွန့်ပစ်ထားခြင်း ဖြစ်နိုင်ကြောင်း၊ အခင်းဖြစ်နေ ရာတွင် ကြွပ်ကြွပ်အိတ်ဖြင့်ထမင်းသုံးထုပ် တွေ့ရှိကြောင်း ဒီစွန့်ပစ်အလောင်း သုံးလောင်းနဲ့ ပတ် သက်ပြီး သိတဲ့သူတွေ ဆက်သွယ်ပေးဖို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ထားပါတယ်။

ဒီတွေ့ရှိမှုကနေ ရန်ကုန်ကို ဒီလို တင်သွင်းလာတဲ့ သူတွေ ဘယ်လောက်တောင် ရှိနေပြီလဲ ဆိုတာ စဉ်းစားစရာပါ။ မကြာခဏဆိုသလို မိနေတဲ့ ဘင်္ဂါလီတွေနဲ့ လွတ်သွားတဲ့ ဘင်္ဂါလီဦးရေက ဘယ်လိုအချိုးအစား ရှိမလဲ ဆိုတာ တွက်ဆဖို့ လိုနေပါပြီ။ ဒီလို အသက်စွန့်ပြီးဝင်လာတဲ့ ပြဿနာတွေက အလေးထား ကိုင်တွယ်ဖို့ လိုနေပြီ ဆိုတာ ဒီပြဿနာက မီးမောင်းထိုးပြခဲ့ပါတယ်။

အဆိုပါ သတင်းတွေက ယခုတစ်ပတ်မှာ ဖြစ်ပွားခဲ့တဲ့ စက္ကူကုန်ကြမ်းတန်ဖိုးကျပ်သိန်း ၃၅၀ ကျော် မပေးချေဘဲ ထွက်ပြေးနေတဲ့ စင်ကာပူ နိုင်ငံ သူကို အမှုဖွင့်ထားတဲ့ သတင်း၊ စစ်တွေမှာ အသတ်ခံရတဲ့ စရဖ တစ်ဦးသေဆုံးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံ ထား ရတဲ့ ရခိုင်လူငယ် လေး ဦးအနက် သုံးဦးကို စွဲချက်မတင်မီ လွှတ်ပေးခဲ့တဲ့ သတင်း၊ ဗစ်တိုးရီးယားအမှု သံသယ တရားခံ အောင်ကြီး ကို ဇူလိုင် ၁၅ ရက်က ပထမဆုံး အကြိမ် ရုံးထုတ်ခဲ့တဲ့ သတင်း၊ စိတ်ကြွဆေးပြားအချို့ လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံရတဲ့ သားဖွားဆရာမ ဒေါ်သန်းသန်းမြင့်ကို အပြစ်မရှိလို့ ဂန်ဂေါတရားရုံးက အမှုကနေ ကွင်းလုံးကျွတ်လွတ်ပေးခဲ့တဲ့သတင်းတွေထဲ ထူးထူးခြားခြား သတိထားစရာဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ်သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇူလိုင် - ၁၉

 
( Zawgyi )
 
ယခုတစ္ပတ္ သတင္းေတြထဲမွာ သတိထားစရာျဖစ္ခဲ့တာက လက္ရွိ ထိပ္တန္းေခါင္းေဆာင္ အားလုံးနီးပါး တက္ေရာက္ၾကတဲ့ အာဇာနည္ေန႔ သတင္းေတြနဲ႔ အၿပိဳင္အဆိုင္ ေထာက္ခံပြဲနဲ႔ ကန႔္ကြက္ပြဲလုပ္ၾကတဲ့ ေျခဥျပင္ဆင္ေရးပြဲေတြ၊ ေရႀကီးမႈ သတင္းေတြက ယခုတစ္ပတ္ သတင္းအမ်ားစုကို ဖုံးသြားခဲ့ပါတယ္။

အဆိုပါသတင္းမ်ားနည္းတူ အျခားစိတ္ဝင္စားဖြယ္ရာ သတင္းေတြျဖစ္တဲ့ ယခင္အစိုးရလက္ထက္ကတည္းက ေဝဖန္မႈမ်ားေနတဲ့ ႏိုင္ငံပိုင္ စီးပြားေရးအဖြဲ႕အစည္း ၂၀ ၏ သီးျခားေငြစာရင္းေတြကို ပိတ္သိမ္းေတာ့မယ့္လို႔ ဇူလိုင္ ၁၅ ရက္က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ စီမံ/ဘ႑ာ ဒု-ဝန္ႀကီးက ေျပာခဲ့တဲ့ သတင္း၊ လွ်ပ္စစ္မီတာ တိုးေကာက္ေနတာေတြ ဆိုင္းငံ့ေပးဖို႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ အဆိုတင္သြင္းတဲ့ သတင္း၊ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္အတြက္ စီမံကိန္းရွစ္ခုေဆာင္႐ြက္မည့္ သတင္း၊ ဇူလိုင္ ၂၄ ရက္မွာ Myanmar Sat-2 (ျမန္မာၿဂိဳဟ္တုစနစ္ အမွတ္-၂) ကို ဇူလိုင္ ၂၄ ရက္မွာ ျပင္သစ္ႏိုင္ငံ Arianespace Launch စခန္းက လႊတ္တင္ေတာ့မယ့္ သတင္း၊ ရာသီတုပ္ေကြး (H1N1) ေရာဂါေၾကာင့္ ေသဆုံးသူအေရအတြက္ ၅၉ ဦးအထိ ရွိလာတဲ့ သတင္း၊ လွည္းကူးၿမိဳ႕နယ္ အမွတ္ (၂) လမ္းမႀကီးအနီး ရွမ္းတဲႀကီး ေအာက္ဘက္မွာ အေဝးေျပးကားဝင္းအသစ္ တည္ေဆာက္ဖို႔ ၿမိဳ႕ေတာ္စည္ပင္က စီစဥ္ေနတဲ့ သတင္းေတြကလည္း သတင္းဖတ္သူေတြကို စိတ္ဝင္စားစရာ ျဖစ္ေစခဲ့ပါတယ္။

တစ္ရက္တည္း တစ္ေနရာတည္း ေထာက္ခံမႈနဲ႔ ကန႔္ကြက္မႈ

ေဖေဖာ္ဝါရီ ၁၅ ရက္က ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ေရးအတြက္ ဖြဲစည္းထားတဲ့ ၄၅ ဦး ေကာ္မတီက အစီရင္ခံစာတင္သြင္းခဲ့ပါတယ္။ဒီအစီရင္ခံစာမွာ ျပင္ဆင္၊ ျဖည့္စြက္၊ ပယ္ဖ်က္ရန္ အႀကံျပဳခ်က္ေပါင္း ၃,၇၀၀ ေက်ာ္ရွိခဲ့ၿပီး ဒါကို ျပန္လည္ေဆြးေႏြးဖို႔ ဇူလိုင္ ၂၂ ရက္ကို ျပန္လည္ခ်ိန္းဆိုခဲ့ပါတယ္။ ဒီထဲမွာ အထူးသျဖင့္ ဥပေဒျပဳလႊတ္ေတာ္ကေန စစ္တပ္ဆုတ္ခြာမယ့္ အခ်ိန္ဇယားကို တင္ျပအႀကံျပဳထားတာေတြ႕ရသလို တိုင္းရင္းသားပါတိေတြဘက္က လုံးဝဖယ္ရွားဖို႔ ျပင္ဆင္ ေစခ်င္ တဲ့ ဆႏၵရွိသလို လက္ရွိ ၂၀၀၈ အေျခခံဥပေဒအရ တပ္မေတာ္ဘက္က ခန႔္အပ္ခြင့္ရွိတဲ့ ကာကြယ္ေရး ဝန္ႀကီး၊ ျပည္ထဲေရးဝန္ႀကီးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးဌာနေတြကို အာဏာရပါတီဘက္က ဝန္ႀကီးခန႔္အပ္ၿပီးခ်ိန္ ကစၿပီး တပ္မေတာ္ဘက္ကေန အနားယူဖို႔ အႀကံျပဳထားတာကိုေတြ႕ရပါတယ္။

ဒီ ၄၅ ဦးေကာ္မတီမွာ ပါဝင္တဲ့ တပ္မေတာ္ကိုယ္စားလွယ္ဘက္က ဒီေကာ္မတီမွာပါေပမယ့္ ျပင္ဆင္ရန္ အဆိုျပဳခ်က္ တင္သြင္းျခင္း၊ သေဘာထားမွတ္ခ်က္ျပဳျခင္း မေပးခဲ့ဘဲ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ အခန္း ၁၂ အတိုင္း အေျခခံဥပေဒျပင္ဆင္ျခင္းဆိုင္ရာ ျပ႒ာန္းခ်က္ေတြနဲ႔ ကိုက္ညီျခင္းမရွိဘူးလို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

၄၅ ဦးေကာ္မတီဘက္က တင္တဲ့ အစီရင္ခံစာမွာလည္း အဆိုပါ အခန္း ၁၂ နဲ႔ပတ္သက္ၿပီး ျပင္ဆင္ရန္ အခ်က္ေတြကို တင္ျပထားတာေတြရပါတယ္။ ဒီအစီရင္ခံစာကို အားလုံးကေစာင့္ၾကည္ေ့နသလို ဘယ္လိုတုံျပန္ မႈေတြ လာမလဲဆိုတာကိုလည္း အမ်ားျပည္သူက စိတ္ဝင္စားခဲ့ၾကပါတယ္။သက္ဆိုင္ရာ သန္ရာသန္ရာဘက္ ကို ယိမ္းတဲ့မီဒီယာအခ်ိဳ႕နဲ႔ ဆိုင္ရာသူေတြက အေျခခံဥပေဒျပင္ဆင္မႈကို ကန႔္ကြတ္မႈ၊ေထာက္ခံမႈကို ေဖာ္ျပတဲ့ တင္ဆက္မႈေတြကို ေတြ႕ရတာကလည္း အေျခခံဥပေဒျပင္ဆင္မႈအေပၚ အေလးထားမႈ ဘယ္ေလာက္ရွိေနသလဲဆိုတာ ေပၚလြင္ခဲ့ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္မွာ အစီရင္ခံစာတင္ၿပီး ေနာက္တစ္ရက္ကစၿပီး ရန္ကုန္နဲ႔ နယ္ၿမိဳ႕ေတြမွာ ေထာက္ခံပြဲေတြ ကန႔္ကြက္ပြဲေတြ ျဖစ္ခဲ့ပါတယ္။ဒီထဲမွာ ထူးျခားတာက ရန္ကုန္မွာပါ။ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ မနက္ပိုင္း အေျခခံဥပေဒျပင္မႈကို ေထာက္ခံပြဲလုပ္ခဲ့ၿပီး အမ်ားျပျပည္သူေထာင္ဂဏန္းနဲ႔ ခ်ီၿပီးတက္ေရာက္ခဲ့ တယ္လို႔ မီဒီယာေတြမွာ ေဖာ္ျပခဲ့ပါတယ္။ ဒီပြဲမွာ စာေရးဆရာ သရဝဏ္ (ျပည္)၊ ဆရာေနမ်ိဳးေအးႏွင့္ ဆရာေဒါင္းမာန္ဟုန္တို႔က အေျခခံဥပေဒမည္သို႔ေၾကာင့္ ျပင္ဆင္သင့္တယ္ဆိုတာကို ေဟာေျပာခဲ့သလို စာေရး ဆရာသရဝဏ္(ျပည္)က၂၀၀၈ အေျခခံဥပေဒျပင္ ဆင္ေရးလာေရာက္ေထာက္ခံ သည့္လူထုကို ေန႔တြက္ခေပးၿပီး ေခၚထားတာမဟုတ္သလို ဒံေပါက္ေကြၽးရန္၊ဘုရားဖူးရန္ဆိုၿပီး လိမ္ေခၚထားတဲ လူထုမဟုတ္ဘူး လို႔ေျပာခဲ့ပါတယ္။

အဆိုပါေထာက္ခံပြဲလုပ္ၿပီး တစ္နာရီအၾကာမွာ အဆိုပါေနရာမွာကိုပဲ အမ်ိဳးသားေရးလႈပ္ရွားသူမ်ားႏွင့္ စစ္မႈထမ္းေဟာင္းေတြ အပါအဝင္ အင္အားေထာင္ဂဏန္းက“ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ပုဒ္မ ၅၉ (စ)မျပင္ဆင္ေရးႏွင့္ သံဃာအခ်င္းခ်င္းသင္းကြဲေအာင္ ေသြးခြဲေစာ္ကားေနမႈမ်ားအား ဆန႔္က်င္ ရႈတ္ခ် ဆႏၵေဖာ္ထုတ္ပြဲ” ကိုက်င္းပခဲ့ပါတယ္။

ဒီရက္မွာဘဲ မႏၲေလးမွာ ၂၀၁၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို အေျခခံဥပေဒအခန္း၁၂ နဲ႔အညီ ျပင္ဆင္ေရးဆိုၿပီး မ်ိဳးခ်စ္အင္အားစုမ်ားႏွင့္ ျပည္ခိုင္ၿဖိဳးပါတီဝင္အပါအဝင္ လူဦးေရ ၁,၀၀၀ ေက်ာ္စီတန္းလွည့္လည္ဆႏၵ ထုတ္ေဖာ္ခဲ့ပါတယ္။ မုံ႐ြာမွာေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ျပင္ဆင္ေရး အစီရင္ခံစာကို ေထာက္ခံ တဲ့အေနနဲ႔ စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ႏွင့္ လႊတ္ေတာ္ကိုယ္စား လွယ္ေတြနဲ႔ ေဒသခံျပည္သူတစ္ေသာင္းခန႔္ပူးေပါင္းၿပီး ဆႏၵေဖာ္ထုတ္ ခဲ့သလို အဆိုပါတစ္ရက္တည္း နတၱလင္း၊ တာခ်ီ လိတ္၊ ေတာင္ႀကီး၊ ေညာင္ေ႐ႊ၊ ဖားကန႔္၊ စစ္ကိုင္း၊ ကေလး၊ ေရၾကည္၊ လြိဳင္ေကာ္၊ ထား ဝယ္၊ ေကာ့ေသာင္း၊ ဖ်ာပုံစသည့္ ၿမိဳ႕တို႔အပါအဝင္ အနည္းဆုံး ၁၅ ေနရာမွာ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ျပင္ဆင္ေရး အစီရင္ခံစာကို ေထာက္ခံပြဲေတြ ျပဳလုပ္ခဲ့ပါတယ္။

ျပင္ဆင္ခ်က္ ၃၇၀၀ ေက်ာ္ပါဝင္တဲ့ အစီရင္ခံစာအေပၚ တပ္မေတာ္ဘက္က ႏိုင္ငံ၏အေျခခံအတြက္ အႏၲရာယ္ရွိတယ္လို႔ ယူဆရႈျမင္ခဲ့တယ္လို႔ သတင္းေတြမွာ ေဖာ္ျပခဲ့ပါတယ္။ တစ္ရက္တည္းတစ္ေနရာတည္းဒ အခ်ိန္တစ္နာရီသာလြဲတဲ့ ေထာက္ခံပြဲနဲ႔ ဆန႔္က်င္ပြဲဟာ အခန႔္မသင့္ရင္ ဘယ္ေလာက္ေတာင္ အႏၲရာယ္ မ်ားလိမ့္မလဲဆိုတာ အာဏာပိုင္ေတြအတြက္ အဆိုပါ ေန႔က နဖူးေတြ႕ဒူးေတြ႕ ေတြ႕ျမင္ရမေလာက္ျဖစ္ခဲ့တာက စိုးရိမ္စရာ တစ္ခုပါဘဲ။

ျပည္သူအတြက္ ဒီအေျခခံဥပေဒျပင္ဆင္ခြင့္ရဖို႔က အေရးႀကီးလား မႀကီးလားဆိုတာကို လက္ရွိျဖစ္ေန တဲ့ တရားဥပေဒစိုးမိုးမႈေတြ၊ အခြင့္အေရးဆုံးရႈံးေနမႈေတြ၊ ဥပေဒအထက္မွာ ဘယ္သူေတြေရာက္ေနလဲ ဆိုတာ ေတြ၊ တရား႐ုံးေတြမွာအဂတိလိုက္စားမႈနဲ႔ အေရးယူခံရတဲ့သူေတြကို အရွက္မရေစဖို႔ ထီးေဆာင္းအကာ အ ကြယ္ေပးေနတဲ့ ျဖစ္ရပ္ေတြ၊ မမိေသးတဲ့ တရားခံေျပးေတြကိုၾကည့္ရင္ အမ်ားျပည္သူက မွန္မွန္ကန္ကန္ ဆုံးျဖတ္ႏိုင္မွာ ျဖစ္ပါတယ္။လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဘယ္ပါတီက အႏိုင္ရသလဲဆိုတာကိုၾကည့္ရင္ အေျခ ခံဥပေဒျပင္ဆင္ေရးကို ျပည္သူက စိတ္ဝင္စားမႈရွိ/မရွိကိုလည္း သိရမွာျဖစ္တဲ့ အတြက္ လာမယ့္ ၂၂ ရက္အေျခ အေနကို ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ထိပ္တန္းေခါင္းေဆာင္ေတြ စုံညီတဲ့ အာဇာနည္ေန႔

ယခုႏွစ္အာဇာနည္ေန႔က အမ်ားျပည္သူအတြက္ စိတ္ဝင္စားစရာအမ်ားအျပားရွိခဲ့ပါတယ္။ အထူး သျဖင့္ အေျခခံဥပေဒျပင္ဆင္ေရးအတြက္ အဓိကက်သူ ႏွစ္ဦးျဖစ္တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ တက္ေရာက္မွာျဖစ္သလို ၎တို႔ႏွစ္ဦးၾကားဆက္ခံေရးကို ေစာင့္ၾကည့္ေနသူ ေတြအတြက္ ဒါဟာအကဲျဖတ္စရာပါ။ ဒါအျပင္ ႏွစ္ ၅၀ အတြင္း ႏိုင္ငံရဲ႕အႀကီးအကဲပထမဆုံး တက္ေရာက္မႈ အျဖစ္ ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္တက္ေရာက္ခဲ့တဲ့ အတြက္ ဒါဟာ အာဇာနည္ေန႔အေပၚ အေလးထားမႈေတြ အတြက္ ေက်နပ္စရာပါ။

ဇူလိုင္ ၁၉ ရက္နံနက္က်င္းပတဲ့ (၇၂)ႀကိမ္ ေျမာက္ အာဇာနည္ေန႔အခမ္းအနားကို ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္၊ဒု-သမၼတ ဦးျမင့္ေဆြ၊ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးတီခြန္ျမတ္ ၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ မန္းဝင္းခိုင္သန္း၊ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦး၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တို႔တက္ေရာက္ခဲ့သလို လက္ရွိႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အာဇာနည္မိသားစုဝင္ အျဖစ္ တက္ေရာက္ခဲ့ပါတယ္။

ႏိုင္ငံေတာ္သမၼတအပါအဝင္ ထိပ္ပိုင္းေခါင္းေဆာင္ေတြနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္တို႔ဟာ အာဇာနည္ေန႔အခမ္းအနားကိုတက္ေရာက္လာတဲ့ အာဇာနည္မိသာစုဝင္ေတြနဲ႔ ေတြ႕ဆုံ ႏူတ္ဆက္ခဲ့ၾကသလို ယခုတိုင္ သက္ရွိထင္ရွားရွိေနေသးတဲ့ အတြင္းဝန္ဦးအုံးေမာင္ရဲ႕ ဇနီးျဖစ္သူကိုလည္း ေတြ႕ဆုံႏူတ္ဆက္ခဲ့ၾကတာကို အစိုးရ႐ုပ္သံလိုင္းကေနတိုက္႐ိုက္ျပသခဲ့ပါတယ္။

အာဇာနည္ေန႔ကို ျပည္နယ္နဲ႔တိုင္းေဒသႀကီးေတြမွာ တစ္ၿပိဳင္နက္က်င္းပခဲ့သလို အာဇာနည္ေတြကို ရည္စူးၿပီး ဆြမ္းကပ္မႈေတြကိုျပဳလုပ္ခဲ့ပါတယ္။ ရန္ကုန္အပါအဝင္ၿမိဳ႕ႀကီးေတြမွာ ဗိုလ္ခ်ဳပ္တို႔ က်ဆုံးခဲ့တဲ့ နံနက္ ၁၀ နာရီ ၃၇ မိနစ္မွာ ဥၾသဆြဲသံေတြ၊ ကားဟြန္းသံေတြ ဆြဲၿပီး ရပ္တန႔္အေလးျပဳခဲ့သလို အမ်ားျပည္သူေတြ လည္း ေရာက္ရာအရပ္ကေန ရပ္တန႔္ၿပီး တစ္မိနစ္ၾကာ ဝမ္းနည္းျခင္းအထိမ္းအမွတ္အေလးျပဳခဲ့ၾကပါတယ္။ အမ်ားျပည္သူအပါအဝင္ ပါတီစုံနဲ႔ သံအဖြဲ႕ေတြ၊ အဖြဲ႕အစည္းေပါင္းစုံက အဆိုပါအာဇာနည္ေန႔အခမ္းအနားကို တက္ၿပီး လြမ္းသူပန္းေခြခ်ခဲ့ၾကပါတယ္။

အမ်ားျပည္သူအေနနဲ႔ ႏိုင္ငံရဲ႕ထိပ္တန္းေခါင္းေဆာင္ေတြ စုံညီတက္ေရာက္ခဲ့ၾကတဲ့ ယခုႏွစ္ အာဇာ နည္ေန႔ အခမ္းအနားက ထူးျခားခဲ့သလို လက္ရွိေတြ႕ႀကဳံေနရတဲ့ ႏိုင္ငံေရးအၾကပ္အတည္းနဲ႔ တိုင္းျပည္အေရး ေတြမွာ ယခုလိုဘဲ စုံစုံညီညီနဲ႔ တစ္စိတ္တည္းတစ္ဝမ္းတည္း စိတ္တူညီေစခ်င္ၾကပါတယ္။ဝမ္းနည္းစရာ အခမ္းအနားမွာ တိုင္းျပည္အတြက္ ညီၫြတ္မယ့္လကၡဏာကို ေတြ႕ရတဲ့အတြက္ အမ်ားျပည္သူအတြက္ စိတ္အားတက္စရာပါဘဲ။ မၾကာခင္က ရခိုင္ေျမာက္ပိုင္းမွာျဖစ္ခဲ့တဲ့ ျပႆနာေတြနဲ႔ ပတ္သက္ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၊ တပ္မ(၃၃) ႏွင့္ တပ္မ (၉၉) တို႔မွ ဗိုလ္မႉးခ်ဳပ္သန္းဦး၊ ဗိုလ္မႉးခ်ဳပ္ေအာင္ေအာင္တို႔နဲ႔ ၎တို႔၏မိသားစုဝင္ေတြ ကို ျပည္ဝင္ခြင့္ဗီဇာ ကန႔္သတ္တားျမစ္ထားသလို ကုလသံတမန္ယန္းဟီးလီက ပိုင္ဆင္တာေတြ ထိန္းခ်ဳပ္သိမ္း ဆည္းဖို႔ တိုက္တြန္းထားတာလည္းရွိေနပါတယ္။ ဒီလိုအၾကပ္အတည္းေတြ ျပည္ပဖိအားေတြ ရွိေနခ်ိန္မွာ ျပည္ တြင္းမွာလည္း ဘာသာေရးအေၾကာင္းျပၿပီး အမ်ိဳးသားေရးအစြန္းေရာက္ေတြရဲ႕ျပႆနာ၊ တိုင္းရင္းသား လက္ နက္ ကိုင္ေတြရဲ႕ ျပႆနာေတြကတိုးလာေနတဲ့အတြက္ ျပည္တြင္းျပည္ပ ဖိအားေတြ၊ျပႆနာေတြကို ထိပ္တန္း ေခါင္းေဆာင္ေတြ စုံစုံညီညီနဲ႔ အမ်ားျပည္သူေမွ်ာ္လင့္ထားသလို ေရွ႕ေလွ်ာက္ တိုင္း ျပည္အေရးေတြမွာ ညီညီၫြတ္ၫြတ္နဲ႔ ေက်ာ္ျဖတ္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ျမန္မာတပ္မေတာ္ကို လက္နက္ျပပြဲတက္ေရာက္ဖို႔ အစၥေရးႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဗီဇာခြင့္ျပဳေတာ့မွာမဟုတ္ေတာ့ဘူးဆိုတဲ့ သတင္း၊လူငယ္စြန႔္ ဦးတီထြင္သူမ်ားအတြက္ Yangon Innovation Center ဖြင့္ပြဲကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္တက္ေရာက္ဖြင့္လွစ္ေပးခဲ့တဲ့ သတင္းေတြနဲ႔ အတူ စိတ္ဝင္စားေစာင့္ၾကည့္စရာျဖစ္ခဲ့ပါတယ္။

အထက္ပိုင္း ေရႀကီးနစ္ျမႇဳပ္မႈနဲ႔ သဘာဝေဘး

ယခုရက္ပိုင္းအတြင္း မိုးသည္းထန္စြာ႐ြာျခင္း၊ ဧရာဝတီျမစ္ေရ ျမင့္တက္ျခင္းတို႔ေၾကာင့္ ကခ်င္ျပည္ နယ္၊ စစ္ကိုင္းတိုင္း၊ဧရာဝတီတိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္အခ်ိဳ႕မွာ ေရႀကီးနစ္ျမဳပ္မႈေတြ ျဖစ္ခဲ့ပါတယ္။ မိုး/ဇလ ဦးစီးဌာနကေတာ့ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ရွစ္ခုတြင္ မိုးႀကီးႏိုင္တယ္ဆိုၿပီးထုတ္ျပန္မႈေတြရွိခဲ့ပါတယ္။

ထုတ္ျပန္ခ်က္ေတြမွာေတာ့ ကခ်င္၊ ခ်င္း၊ ရခိုင္ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးေတြမွာ လူ ၂၁,၀၀၀ ခန႔္ ေရေဘးႀကဳံေတြ႕ေနရတယ္ဆိုသလို ကရင္ျပည္နယ္၊ ရန္ကုန္၊ ဧရာဝတီႏွင့္ တနသၤာရီတိုင္း ေဒသႀကီးေတြပါ မိုးႀကီးႏိုင္တယ္လို႔ ဆိုတဲ့အတြက္ ေရေဘးသင့္တဲ့ အေရအတြက္ဒီထက္တိုး လာဖြယ္ရွိ ေနပါတယ္။ ဒီအခ်ိန္က ႏွစ္စဥ္ေရႀကီးတဲ့အခ်ိန္ျဖစ္သလို ၂၀၁၅ ခုႏွစ္က ခ်င္းတြင္းျမစ္နဲ႔ ေတာင္က်ေရေတြ ေၾကာင့္ ေရေအာက္ေရာက္ခဲ့ရတဲ့ ကေလးၿမိဳ႕အတြက္လည္း ေျခာက္အိမ္မက္ပါဘဲ။ထုတ္ျပန္ခ်က္ေတြအရ ဆိုရင္ ဧရာဝတီျမစ္၊ခ်င္းတြင္းျမစ္ေတြမွာ စိုးရိမ္ေရမွတ္ေရာက္ခဲ့သလို ဗန္းေမာ္နဲ႔ ျမစ္ႀကီးနားမွာလည္း ဆယ္စု ႏွစ္အတြင္း အဆိုးဆုံးေရႀကီးမႈကို ႀကဳံေနရပါတယ္။

ျမစ္ေၾကာင္းတစ္ေလွ်ာက္မွာလည္း ကမ္းၿပိဳမႈေတြ ရွိသလို ေရတိုးတာေတြေၾကာင့္ ျမစ္ကမ္းနားက ႐ြာေတြ ႐ြာလုံးကြၽတ္ ေရထဲက်ကုန္တာေတြေၾကာင့္ ေျပာင္းေ႐ႊ႕ရတာေတြ ျဖစ္ေနပါတယ္။ဆက္တိုက္တက္ ေနတဲ့ ဧရာဝတီျမစ္ေရက ျမစ္ႀကီးနားမွာ ဇူလိုင္ ၁၃ ရက္က စၿပီး ေရက်ခဲ့ပါတယ္။ ေရက်တဲ့ အတြက္ ဧရာဝတီ ေအာက္ပိုင္းမွာ ဆက္တိုက္ေရၿပိဳက်လာမွာျဖစ္လို႔ သတိေပးခ်က္ေတြ ထုတ္ခဲ့ရသလို လူ၈၀၀၀ ေက်ာ္ကို အလ်င္အျမန္ေ႐ြ႕ေျပာင္းေပးရတယ္ ဆိုပါတယ္။

ေဘး အႏၲရာယ္စီမံခန႔္ခြဲမႈဦးစီးဌာနက ဇူလိုင္ ၁၅ ရက္ သတင္းထုတ္ျပန္ခ်က္အရဆိုရင္ ကခ်င္ျပည္နယ္တြင္ လူ ၁၄,၀၀၀ ေက်ာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး ခႏၲီး၊ ကသာ၊ ထီးခ်ိဳင့္ၿမိဳ႕တို႔တြင္ လူ ၁,၃၀၀ ေက်ာ္၊ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕တြင္ လူ ၁,၇၀၀ ေက်ာ္၊ ရခိုင္ျပည္နယ္ ေျမာက္ဦး၊ မင္းျပား၊ ေက်ာက္ေတာ္ၿမိဳ႕တြင္ လူ ၃,၇၀၀ ေက်ာ္ ေရေဘးလြတ္ ရာတိမ္းေရွာင္ေနရတယ္ဆိုပါတယ္။ ဇူလိုင္ ၁၈ ရက္သတင္းအရ ဆိုရင္ ေတာ့ ကခ်င္ျပည္နယ္၊ စစ္ ကိုင္းတိုင္းအထက္ပိုင္းႏွင့္ ရခိုင္ ျပည္နယ္မွ ၿမိဳ႕နယ္ ၁၄ ခုမွာ လူ ငါးေသာင္းခန႔္ ေရေဘးႀကဳံေနရတယ္ဆိုပါတယ္။

လက္ရွိမွာ ေရႀကီးမႈေတြေၾကာင့္ လမ္းပန္းဆက္သြယ္ေရးအပိုင္းမွာ ပ်က္ဆီးမႈေတြရွိခဲ့ေပမယ့္ လုံး၀ ျပတ္ေတာက္တဲ့အထိေတာ့ မျဖစ္ေသးပါဘူး။ဒါေပမယ့္ လယ္ယာေျမပ်က္စီးမႈေတြ ဗန္းေမာ္နဲ႔ ျမစ္ႀကီးနားမွာ ရွိခဲ့ပါတယ္။ ထုတ္ျပန္ခ်က္ေတြအရဆိုရင္ လယ္ေျမတစ္ေသာင္းေလာက္ ပ်က္စီးခဲ့ၿပီးဆိုပါတယ္။ ဒီအတြက္ ဆန္စပါးအသင္းခ်ဳပ္က ေရက်တဲ့ အခ်ိန္ ျပန္စိုက္ဖို႔ အကူအညီလိုရင္ ေတာင္းဖို႔ ထုတ္ျပန္ထားတာ ကို ေတြ႕ရပါတယ္။ဧရာဝတီဘက္က လယ္ယာအပ်က္အစီးစာရင္းက မတက္လာေသးပါဘူး။အထက္ဘက္က ၿပိဳလာတဲ့ ဧရာဝတီျမစ္ေရ ေအာက္ဘက္မွာ ဘယ္ေလာက္ထိ တက္မလဲ၊မိုးက ေရနဲ႔အတူလိုက္လာၿပီး သဘာဝေဘးအတြက္ လူေတြ ျပင္ဆင္မႈကိုဘယ္ေလာက္ထိစမ္းသပ္ဦးမလဲ ဆိုတာေစာင့္ၾကည့္ရဦးမွာပါ။

ဒီသဘာဝေဘးသတင္းက ယခုတစ္ပတ္ထဲ ျဖစ္ခဲ့တဲ့ စိတ္ဝင္စားစရာ ေဒသႏၲရသတင္းေတြျဖစ္တဲ့ ေ႐ႊေၾကာေတြ႕ရွိတဲ့ ေကာလင္းၿမိဳ႕နယ္ လာကာႀကိဳးဝိုင္းအတြင္းကုမၸဏီမ်ားလုပ္ကြက္ျပန္လည္ အပ္ႏွံၿပီးမွ လုပ္ကြက္ခ်ထားေပးမယ့္သတင္း၊သစ္ေတာေတြကေန သစ္ထုတ္ ယူျခင္းကို၂၀၁၉ ခုႏွစ္ကစၿပီး ျမန္မာ့သစ္လုပ္ငန္းကပဲေဆာင္႐ြက္ေတာ့မယ့္သတင္း၊ႏိုင္ငံေတာ္အေရးေပၚ ရန္ပုံေငြကို ဝန္ႀကီးဌာနမ်ားႏွင့္ တိုင္းႏွင့္ျပည္နယ္ ၁၄ ခုကို ခြဲေဝေပးေတာ့မယ္ဆိုတဲ့ သတင္း၊ျမန္မာ့သစ္ေတာႏွင့္ ဇီဝမ်ိဳး စိတ္ေတြကို ထားဝယ္ - ထီးခီးအ ေဝးေျပးလမ္းမႀကီးစီမံကိန္းက ၿခိမ္းေျခာက္ေန တယ္လို႔ ကမာၻလုံးဆိုင္ရာသဘာ ဝပတ္ဝန္းက်င္ရန္ပုံေငြ အဖြဲ႕က ထုတ္ျပန္လို္က္တဲ့ သတင္း၊ပင္လယ္ေရတိုက္ စားမႈေၾကာင့္ရန္ကုန္-ေက်ာက္ျဖဴ ကားလမ္း ၿပိဳက်မည့္အေျခအေန ျဖစ္ေနတဲ့ သတင္း၊ဧရာဝတီႏွင့္ ဒု႒ဝတီ ျမစ္ေရတက္လို႔ အင္းဝၿမိဳ႕ေဟာင္းအနီးမွာ ကမ္းၿပိဳတဲ့ သတင္းေတြနဲ႔အတူ သတိထားစရာျဖစ္ခဲ့ပါတယ္။

လိမ္လည္မႈ၊ ေသဆုံးမႈနဲ႔ တိုးလာတဲ့ လူကုန္ကူးမႈ

ယခုတစ္ပတ္သတင္းေတြထဲ သတိထားစရာျဖစ္ခဲ့တဲ့ မူခင္းဆိုင္ရာ သတင္းေတြ ရွိခဲ့ပါတယ္။ ဘဏ္ ဆိုင္ရာမူခင္းသတင္းေတြထဲမွာ ဧရာဝတီဘဏ္ေငြအလြဲသုံးစားလုပ္တဲ့ သတင္းက ယခုတစ္ပတ္ ဘဏ္နဲ႔ပတ္ သက္တဲ့ သူအသိုင္းအဝိုင္းၾကားသတိထားစရာျဖစ္ခဲ့ပါတယ္။

ေငြအလြဲသုံးစားမႈလုပ္တဲ့ ပမာဏက မနည္းပါဘူး။ ျဖစ္ပုံက မရမ္းကုန္းၿမိဳ႕နယ္၊ (၁)ရပ္ကြက္ရွိ ဧရာဝတီ ဘဏ္ခြဲ(၄၅)မွာ အပ္ထားတဲ့ တျခားသူရဲ႕ ေငြပမာဏ သိန္း ၂၁၀၀ ကို ဘဏ္စာေရးမက သူရည္းစားကို လႊဲေပး ခဲ့တာပါ။ ရဲကိုတိုင္တဲ့ ထုတ္ျပန္ခ်က္အရ ဆိုရင္ အမ်ိဳးသမီးႀကီးတစ္ဦးလႊဲအပ္ထားတဲ့ ေငြကို သူရည္းစားျဖစ္သူ ကို စာရင္းလႊဲေပးခဲ့တာပါ။အဆိုပါေငြထဲက က်ပ္သိန္း ၁,၇၀၀ ကို လႈိင္သာယာမွာ ရွိတဲ့ ဧရာဝတီဘဏ္ ခြဲ(၂) က ေန ထုတ္ယူခဲ့တာပါ။ ဘဏ္စာရင္းထဲကေန ေငြလႊဲေျပာင္းရယူခဲ့တဲ့သူႏွစ္ဦးကို ဖမ္းမိဖို႔ ေဆာင္႐ြက္ေနတယ္ဆို ေပမယ့္ ဒီသတင္းက ဘဏ္စနစ္ကိုအသုံးျပဳေနတဲ့ သူေတြအတြက္ တုန္လႈပ္စရာပါဘဲ။

ေနာက္ထပ္ သတင္းတစ္ခုက မ်က္ႏွာပ်က္စရာသတင္းပါ။ ဒါက ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာ မွာ တည္းခိုေနတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးရဲ႕ မိန္းမျဖစ္သူ ဆီက လက္ဝတ္ရတနာေတြ ခိုးခံရတဲ့ သတင္း ပါ။ ေရခ်ိဳးဖို႔ ေရခ်ိဳးခန္းကိုဝင္စဥ္ လက္ဝတ္ရတနာေတြခြၽတ္ၿပီး ထည့္ထားတဲ့ အိတ္ကို အိပ္ခန္းေဘး ျပတင္း ေပါက္ကေန လက္နဲ႔ ႏိူက္ယူတာပါ။လက္နဲ႔ ႏိူက္တဲ့အတြက္ ျမင္လိုက္ေပမယ့္ သူခိုးလို႔ေအာ္တဲ့ အခါ ေဘးမွာ လူမရွိတဲ့ အတြက္ ဖမ္းမမိခဲ့ပါဘူး။ ဒီအတြက္ ရဲကိုတိုင္တန္းခဲ့ရပါတယ္။ ဇူလိုင္ ၁၁ ရက္က ျဖစ္တဲ့ ျဖစ္စဥ္ကို ဇူလိုင္ ၁၃ ရက္မွာ တရားခံကို ေဖာ္ထုတ္ႏိုင္ခဲ့တယ္ဆိုပါတယ္။

အဆိုပါအခိုးခံရမႈမွာ မ်က္ျမင္သက္ေသတစ္ဦးက ခိုးတဲ့သူကိုျမင္ေတြ႕ခဲ့တဲ့အတြက္ စစ္ေဆးခဲ့ရာမွာ ပါ တီတူလႊတ္ေတာ္အမတ္ရဲ႕ေခြၽးမျဖစ္ေနပါတယ္။ဒီအတြက္ ေခၚယူစစ္ေဆးခဲ့ရာမွာ ျငင္းဆိုခဲ့ေပမယ့္ ေယာကၡမ ျဖစ္သူက ေခၚယူစစ္ေဆးၿပီး ရဲကိုအပ္ခဲ့တယ္ဆိုပါတယ္။ဒီလို ျဖစ္ခဲ့ရျခင္းက ျဖစ္ေတာင့္ျဖစ္ခဲ့ မူခင္းပါဘဲ။ ပါတီ လႊတ္ေတာ္ ကိုယ္စားလွယ္ ကိုယ္တိုင္ ေ႐ႊခိုးသူ ေခြၽးမျဖစ္သူကို အပ္ခဲ့တယ္ဆိုတဲ့အတြက္ ေလးစားရမွာ ျဖစ္ သလို လူေတြရဲ႕စာရိတၱပိုင္းဆိုင္ရာနိမ့္က်မႈကလည္း သတိထားစရာျဖစ္ခဲ့ပါတယ္။ ဒါအျပင္ ခိုးယူစဥ္ေအာ္ဟစ္ တာကို မၾကားေလာက္ေအာင္ ျဖစ္ရတာကလည္း အဆိုပါလႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေနထိုင္ရာအရပ္ရဲ႕ လုံၿခဳံေရးအပိုင္းကေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။

ေနာက္ထပ္စိတ္ဝင္စားစရာသတင္းက မူဆယ္မွာေန႔ခင္းေၾကာင္ေတာင္ ဆိုင္ကယ္စီးလာတဲ့ သူကို ေသနတ္နဲ႔ လိုက္ပစ္သတ္တဲ့ အမႈပါဘဲ။ဇူလႈိင္ ၁၆ ရက္က ျဖစ္ခဲ့တဲ့ လူသတ္မႈက မူဆယ္အတြက္ ထိတ္လန႔္ စရာပါဘဲ။ တ႐ုတ္ျပည္ဘက္မွာ ျဖစ္တဲ့ ျပႆနာကိုျမန္မာျပည္ထဲမွာ လာရွင္းသြားသလို ျဖစ္ေနတဲ့ သေဘာလို႔ ေဒသခံေတြကဆိုပါတယ္။ဘာေၾကာင့္လဲဆို ပစ္သတ္ခံရတဲ့ ဆိုင္ကယ္သမားက တ႐ုတ္ ႏိုင္ငံသားျဖစ္ၿပီး ေနာက္ကေန ကားနဲ႔ လိုက္ပစ္တာဆိုပါတယ္။ အဆိုပါ ပစ္သတ္ခံရတဲ့ရပ္ကြက္မွာ လုံၿခဳံေရးဆိုင္ရာ အဖြဲွစည္း ေတြ အကုန္ရွိတဲ့ရပ္ကြက္ျဖစ္သလို ေသနတ္နဲ႔ ၁၂ ခ်က္ထိပစ္ၿပီး လြတ္သြားတယ္ဆိုတဲ့ အတြက္ ဒါဟာ အဆိုပါနယ္ေျမလုံၿခဳံေရးအတြက္က စိုးရိမ္စရာအေျခအေနပါ။နယ္စပ္ေဒသေတြက တဘက္ႏိုင္ငံကလူေတြ ဝင္လာခ်င္သလိုဝင္လာၿပီး လုပ္ခ်င္သလိုလုပ္လို႔ရတဲ့ အေနအထားထိျဖစ္ေနၿပီလားဆိုတာ ေမးခြန္းထုတ္ စရာပါ။

ေနာပ္ထပ္တုန္လႈပ္စရာသတင္းက ရန္ကုန္မွာျဖစ္ခဲ့တာပါ။ ဒါဟာ ဘယ္သူဘယ္ဝါ၊ဘယ္လူမ်ိဳးဆိုတဲ့ အစြဲကို ျဖဳတ္ခ်ၿပီး လူသားခ်င္းစာနာစိတ္နဲ႔ ကိုယ့္ေသြးသားသာဆိုရင္ဆိုတဲ့ စိတ္နဲ႔ ေတြးရင္ ဒီအျဖစ္က ရင္နင့္ စရာပါ။ ဒီလို ဆင္တူအျဖစ္ေတြ ထိုင္းကို သြားတဲ့ ျမန္မာေတြ မၾကာခဏခံစားခဲ့ရဘူးပါတယ္။ဇူလိုင္ ၁၃ရက္က ေထာက္ၾကန႔္-ေလွာ္ကား လမ္းေဘး မဂၤလာဒုံၿမိဳ႕နယ္ ေလွာ္ကားဥယ်ာဥ္အနီး ျမက္ေတာအတြင္း စြန႔္ပစ္ထားတဲ့ အသက္(၂၀) ႏွစ္ခန႔္ရွိ အမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသားႏွစ္ဦး႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့ပါတယ္။ ဇူလိုင္ ၁၄ ရက္ ရဲတပ္ဖြဲ႕ထုတ္ျပန္ခ်က္မွာေတာ့ အလုံပိတ္ယာဥ္(သို႔မဟုတ္)ယာဥ္ အေနာက္ဖုံးအတြင္း ထည့္သြင္း လာ သျဖင့္ မြန္းက်ပ္ေသဆုံးသည့္ လကၡဏာရွိၿပီး လူကုန္ကူးခံရသူ မ်ားလို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ အေလာင္း ေတြမွာ သဲေတြကပ္ေနလို႔ တစ္ေနရာရာမွာ ေသဆုံးၿပီး သဲတင္ကားနဲ႔ တင္လာကာ စြန႔္ပစ္ထားျခင္း ျဖစ္ႏိုင္ေၾကာင္း၊ အခင္းျဖစ္ေန ရာတြင္ ႂကြပ္ႂကြပ္အိတ္ျဖင့္ထမင္းသုံးထုပ္ ေတြ႕ရွိေၾကာင္း ဒီစြန႔္ပစ္အေလာင္း သုံးေလာင္းနဲ႔ ပတ္ သက္ၿပီး သိတဲ့သူေတြ ဆက္သြယ္ေပးဖို႔ ရဲတပ္ဖြဲ႕ ထုတ္ျပန္ထားပါတယ္။

ဒီေတြ႕ရွိမႈကေန ရန္ကုန္ကို ဒီလို တင္သြင္းလာတဲ့ သူေတြ ဘယ္ေလာက္ေတာင္ ရွိေနၿပီလဲ ဆိုတာ စဥ္းစားစရာပါ။ မၾကာခဏဆိုသလို မိေနတဲ့ ဘဂၤါလီေတြနဲ႔ လြတ္သြားတဲ့ ဘဂၤါလီဦးေရက ဘယ္လိုအခ်ိဳးအစား ရွိမလဲ ဆိုတာ တြက္ဆဖို႔ လိုေနပါၿပီ။ ဒီလို အသက္စြန႔္ၿပီးဝင္လာတဲ့ ျပႆနာေတြက အေလးထား ကိုင္တြယ္ဖို႔ လိုေနၿပီ ဆိုတာ ဒီျပႆနာက မီးေမာင္းထိုးျပခဲ့ပါတယ္။

အဆိုပါ သတင္းေတြက ယခုတစ္ပတ္မွာ ျဖစ္ပြားခဲ့တဲ့ စကၠဴကုန္ၾကမ္းတန္ဖိုးက်ပ္သိန္း ၃၅၀ ေက်ာ္ မေပးေခ်ဘဲ ထြက္ေျပးေနတဲ့ စင္ကာပူ ႏိုင္ငံ သူကို အမႈဖြင့္ထားတဲ့ သတင္း၊ စစ္ေတြမွာ အသတ္ခံရတဲ့ စရဖ တစ္ဦးေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ဖမ္းဆီးခံ ထား ရတဲ့ ရခိုင္လူငယ္ ေလး ဦးအနက္ သုံးဦးကို စြဲခ်က္မတင္မီ လႊတ္ေပးခဲ့တဲ့ သတင္း၊ ဗစ္တိုးရီးယားအမႈ သံသယ တရားခံ ေအာင္ႀကီး ကို ဇူလိုင္ ၁၅ ရက္က ပထမဆုံး အႀကိမ္ ႐ုံးထုတ္ခဲ့တဲ့ သတင္း၊ စိတ္ႂကြေဆးျပားအခ်ိဳ႕ လက္ဝယ္ေတြ႕ရွိမႈနဲ႔ ဖမ္းဆီးခံရတဲ့ သားဖြားဆရာမ ေဒၚသန္းသန္းျမင့္ကို အျပစ္မရွိလို႔ ဂန္ေဂါတရား႐ုံးက အမႈကေန ကြင္းလုံးကြၽတ္လြတ္ေပးခဲ့တဲ့သတင္းေတြထဲ ထူးထူးျခားျခား သတိထားစရာျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇူလိုင္ - ၁၉