【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ခြေ/ဥ ပြင်ဆင်ရေးနဲ့ ဗိုင်းရပ်စ်ကောလာဟလ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ခြေ/ဥ ပြင်ဆင်ရေးနဲ့ ဗိုင်းရပ်စ်ကောလာဟလ

ယခုရက်ပိုင်းအတွင်း ထူးခြားတဲ့အဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့ပါတယ်။မတ် ၁၂ ရက် ညနေပိုင်းမှာ ချိန်ကိုက်ပေါ်ထွက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကောလာဟလသတင်းကြောင့် ရှော့ပင်းမော်လ်က စားသောက်ကုန်တွေ အလုအယက်ဝယ်ကြတဲ့ဖြစ်ရပ်နဲ့ လွတ်တော်ထဲက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုမှာ သုံးရက်စလုံး ပြင်ဆင်ခွင့်တွေမဲခွဲရာမှာ ထောက်ခံမဲ လေးရာကျော်ဆီလောက် ရခဲ့ပေမယ့် ပြင်ဆင်ခွင့်မရခဲ့တဲ့ သတင်းတွေက ထိပ်တန်း စိတ်ဝင်စားစရာသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ပိတ်ထားတဲ့ တံခါးတစ်ချပ်

ယခုရက်သတ္တပတ်အတွင်း အများပြည်သူ စိတ်ဝင်တစားစောင့်ကြည့်ခဲ့တဲ့ သတင်းကတော့ လွှတ်တော်သတင်းတွေပါဘဲ။လွှတ်တော်သတင်းတွေဆိုပေမယ့် ယခင်လို အဆိုတွေဆွေးနွေးတာမဟုတ်ဘဲ အာဏာရပါတီဖြစ်တဲ NLD ပါတီကနေ ဦးဆောင်တင်သွင်းတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုကို လွှတ်တော်မှာ အခြေအတင်မဲခွဲဆုံးဖြတ်ခဲ့တဲ့ သတင်းတွေပါဘဲ။

မတ်လ ၁၀ ရက် အင်္ဂါနေ့ကစတင်ပြီး ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ကြရာမှာ အများစုကတော့ မဲခွဲမဆုံးဖြတ်ခင်ကတည်းက ပြည်ထောင်စုလွှတ်တော်မှာ အခြေအတင်ဆွေးနွေးခဲ့ကြရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနဲ့ အာဏာရပါတီအကြား ပွတ်တိုက်မှုကို ပြတ်ပြတ်သားသား မြင်တွေ့ခဲ့ရတဲ့အတွက် ထင်သလောက်လွယ်မယ်မထင်ဘူးဆိုတာ အများပြည်သူက သိမြင်နေခဲ့ပါတယ်။အထူးသဖြင့် တပ်ဘက်ကနေ အငြိမ်းစားယူပြီး အတိုက်အခံပါတီဘက်မှာ ပါဝင်နေတဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်အချို့ရဲ့ လွှတ်တော်အတွင်း မာမာထန်ထန်ဆွေးနွေးမှုတွေကြောင့်လည်း အများပြည်သူအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက လက်ရှိအနေအထားအရ မလွယ်ကူနိုင်ဘူးဆိုတာ ကြိုတင်ခန့်မှန်းနိုင်ခဲ့ပါတယ်။

အများပြည်သူ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း မတ် ၁၀ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၂၁ ဦးပျက်ကွက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၆၃၃ ဦး တက်ရောက်ခဲ့ပါတယ်။ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သူက ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများကို မဲခွဲဆုံးဖြတ်တဲ့အခါ လွှတ်တော်တွင်းရှိ ကိုယ်စားလှယ် ၄၉၁ ဦး၏ ထောက်ခံမဲရရှိမှ ပုဒ်မပြင်ဆင်ရေးလမ်းကြောင်း ဆက်လုပ်နိုင်မည်ဆိုတာကို ပြောခဲ့ပါတယ်။မတ် ၁၀ ရက် မဲခွဲဆုံးဖြတ်မည့် ပထမနေ့မှာ ပုဒ်မ ၄၃၆ (က) နှင့် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
ထိုသို့မဲခွဲဆုံးဖြတ်ခဲ့ရာမှာ တပ်မတော်အခန်းကဏ္ဍ လျှော့ချရေးတွင် အဓိကကျသည့် ပုဒ်မ ၆ ခု မဲခွဲရာတွင် လိုအပ်သည့် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခြင်းမရှိခဲ့ဘဲ “အိုမင်းမစွမ်း”၊ “မသန်မစွမ်း” ဟူသော စကားရပ်များကို “သက်ကြီးရွယ်အို”၊ “မသန်စွမ်း” ဟု ပြင်ဆင်ရေးသားရန် အဆိုပြုထားသည့် ပုဒ်မနှစ်ခုသာ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရခဲ့ပါတယ်။

ထူးခြားချက်မှာ ပထမနေ့ မဲခွဲမှုရလဒ်တွင် NLD က ပြင်ဆင်ရန်တင်သွင်းထားသည့် ပုဒ်မ ၄၀ (ဂ) အတွက် ရရှိခဲ့သည့် ထောက်ခံမဲအရေအတွက်က ပြည်ထောင်စုလွှတ်တော်ကို ထိုနေ့ကတက်ရောက်ခဲ့သည့် ပါတီဝင် အမတ်အရေအတွက်ထက် မဲ ၃၀ ကျော် လျော့နည်းခဲ့ခြင်းပါဘဲ။ထိုအတွက် လူမူကွန်ရက်တွင် ဝေဖန်ပြစ်တင်မှုများရှိသလို ရှုတ်ချမှုတွေလည်းရှိခဲ့ပါတယ်။အဆိုပါပြင်ဆင်သည့် ပုဒ်မ ၄၀ - (ဂ) မှာ “နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသောအဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်လို့ ဖော်ပြထားပါတယ်။” အဆိုပါ ဥပဒေကို “အရေးပေါ်အခြေအနေ ပေါ်ပေါက်ခဲ့လျှင် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်အာဏာကို နိုင်ငံတော်သမ္မတက ဦးဆောင်ပြီး တာဝန်ယူဆောင်ရွက်မည့် အစီအစဉ်တစ်ရပ်ကို အတည်ပြုဆုံးဖြတ်ဆောင်ရွက်ရမည်” ဆိုပြီး NLD ပါတီက ပြင်ဆင်ချက်တင်သွင်းထားတာဖြစ်ပါတယ်။ထိုသို့ ထောက်ခံမှု ၃၀ လျော့နည်းခဲ့သည်အတွက် မပြင်ဆင်လိုသူတွေထဲ အာဏာရပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေသည့်သဘော ဖြစ်ခဲ့ပါတယ်။

မတ်လ ၁၁ ရက် ပြုလုပ်တဲ့ ဒုတိယနေ့ မဲခွဲဆုံးဖြတ်မှုမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတဖြစ်ခွင့် ဟန့်တားထားသည့် ပုဒ်မ ၅၉ (စ) ပယ်ဖျက်ရန်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အရပ်သားအများစုဖြင့် ပြင်ဆင်ဖွဲ့စည်းရန် NLD ဖက်မှ အဆိုပြုချက်များအပါအဝင် ပုဒ်မ ၁၅ ခုလုံးကို ပြင်ဆင်ရာတွင် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် ပြင်ဆင်ခွင့်မရဘဲ ဖြစ်ခဲ့ပါတယ်။လွှတ်တော်အတွင်း အချိုးကျဖွဲ့စည်းမှုအရ တပ်မတော်ဘက်က ၂၅ ရာခိုင်နှုန်း ရယူထားသည့်အတွက် ဖွဲစည်းပုံဥပဒေပြင်ဆင်ပါက တပ်မတော်ဘက်မှ ထောက်ခံမှုမရပါက ပြင်ဆင်ခွင့်ရမည်မဟုတ်ဆိုသည့်အချက်က ပိုပြီးသိသာလာခဲ့ပါတယ်။

မတ် ၁၂ ရက်တွင် တတိယနေ့ မဲခွဲဆုံးဖြတ်မှုအဖြစ် အရေးပေါ် ကာလဆိုင်ရာ ပြဌာန်းချက်များနှင့် သက်ဆိုင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုအား မဲခွဲဆုံးဖြတ်ခဲ့ရာမှာလည်း အဆိုပြုချက်အားလုံး ၇၅ ရာခိုင်နှုန်းမကျော်ဘဲ ရှုံးနိမ့်ခဲ့လို့ မပြင်ဆင်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ဒီလို တပ်မ‌တော်ဘက်က သဘောတူညီမှုမရပါက ပြင်ဆင်ခွင့်မရသည့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာသတင်းဌာနများတွင် ဒုတိယမြောက်နေ့ကစကာ ဖော်ပြမှုများရှိလာခဲ့ပါတယ်။ထူးခြားမှုများအဖြစ် မဲခွဲဆုံးဖြတ်သည့် ပထမနေ့တွင်  “သက်ကြီးရွယ်အို”၊ “မသန်စွမ်း” ဟု ပြင်ဆင်ခွင့်ရခဲ့သည့်အတွက် အမျိုးသားရေးဝါဒီများက  အောင်ပွဲခံခဲ့ကြသည်ကို တွေ့ခဲ့ရပါတယ်။

မဲခွဲတဲ့ ဒုတိယနေ့မှာ မဲခွဲအပြီး အတိုက်အခံ ကြံ့ခိုင်ရေးပါတီအမတ်ဖြစ်တဲ့ ဦးသောင်းအေး က မီဒီယာများနဲ့တွေ့ဆုံစဉ်  အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကြိုးစားနေတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပုဒ်မ တစ်ခုမှပြင်ဆင်နိုင်ခြင်းမရှိတဲ့အတွက် နိုင်ငံတကာအမြင်မှာ တပ်မတော်ပုံရိပ် ကျဆင်းမည်ကိုစိုးရိမ်ကြောင်း ပြောခဲ့တာ တွေ့ရပါတယ်။၎င်းက “ဒီ Image ကို ကြည့်ပြီးတော့မှ မြန်မာနိုင်ငံမှာ တပ်မတော်က လွှမ်းမိုးထားတဲ့အတွက် ဖွဲ့ စည်းပုံအခြေခံဥပဒေတောင် မပြင်နိုင်ပါဘူးဆိုတာကို နိုင်ငံတကာကို Message ပေးချင်သလား” ဆိုပြီး မေးခွန်းထုတ်ခဲ့တာကိုလည်း တွေ့ရပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်ကတော့ “သက်ကြီးရွယ်အို”၊ “မသန်စွမ်း” စတဲ့ ပြင်ဆင်ခွင့်လေးသာ  ပြင်ခွင့်ပေးပြီး ကျန်တဲ့ပြင်ဆင်ခွင့်အားလုံး ပြင်ခွင့်မပေးတဲ့အပေါ် လက်ရှိအခြေအနေ အခင်းအကျင်းကို ကြိုတင်မှန်းဆထားပြီးဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ပြင်သင့်ပြင်ထိုက်သည့်အချိန်တွင် ပြင်သင့်ပြင်ထိုက်သည်ဟု ယုံကြည်သဖြင့် ပြင်ဆင်ရခြင်းဖြစ်ကြောင်း  ပြောခဲ့တာကို တွေ့ရပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ မတ် ၁၀ ရက်က စပြီး ၉ ရက်ကြာပြုလုပ်မယ့် မဲခွဲဆုံးဖြတ်မှုတွေမှာ လာမယ့်ရက်တွေ ဘယ်လိုဆုံးဖြတ်ကြမလဲဆိုတာ မသိရသေးပေမယ့် လက်ရှိ သုံးရက်တာကာလမှာတော့ အများပြည်သူလိုလားချက်ဖြစ်တဲ့ ပြင်ဆင်လိုမှုတွေ ပြင်ခွင့်ရတာကို မတွေ့ရတဲ့အတွက် နောက်ရက်တွေမှာလည်း မျှော်လင့်ချက်အတော်နည်းမယ်ဆိုတာကို ကြိုသိနေပါတယ်။အခြေခံဥပဒေ ပြင်ဆင်ခွင့်မှာ  ဘယ်သူက ပြောင်းလဲမှုကိုမလိုလားလဲ၊ ဘယ်သူက ရင်ကြားစေ့ရေးမှာ မပါလာတာလဲဆိုတာ ကွဲကွဲပြားပြား အများပြည်သူ မြင်ခွင့်ရခဲ့ပါတယ်။အခြေအတင်ဆွေးနွေးမှုတွေ စကတည်းကဖြစ်ခဲ့တဲ့ ပွတ်တိုက်မှုတွေကြောင့် သတင်းဖတ်သူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်မှုက ကိုးရက်အကြာ ဘယ်လိုရလဒ်နဲ့ အဆုံးသတ်သွားမလဲ၊ ဒီကြားထဲ ထူးခြားကောင်းမွန်တဲ့ အခင်းအကျင်းတွေ မြင်နိုင်ရဦးမလားဆိုတာ စိတ်လှုပ်ရှားစရာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကိုက်တဲ့ မြန်မာ့စီးပွားရေး

ယခုရက်ထဲမှာ ဖတ်စရာ၊ စိတ်ဝင်စားစရာ သတင်းတွေ အများကြီးဖြစ်ခဲ့ပါတယ်။ဒီထဲမှာ သတိပြုစရာဖြစ်ခဲ့တာက ကိုရိုနာဗိုင်းရပ်စ်နဲ့ သက်ဆိုင်တဲ့ သတင်းတွေလဲ ပါခဲ့ပါတယ်။နိုင်ငံပေါင်း ၉၀ ကျော် လူပေါင်းတစ်သိန်းကျော်ကို ကူးစက်ခံနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မြန်မာပြည်မှာမရှိသေးဘူး၊ စောင့်ကြည့်ရတဲ့လူတွေဘဲ ရှိသေးတယ်ဆိုတဲ့အတွက် ရောဂါစတင်ဖြစ်ပွားရာ နိုင်ငံဘေးက တိုင်းပြည်တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူစရာပါ။စဉ်းစားရခက်စရာ ဂုဏ်ယူစရာဆိုပေမယ့် ဒါဟာ တွေ့မယ်ဆိုရင် အစုလိုက်အပြုံလိုက် တွေ့နိုင်တဲ့အတွက် အများပြည်သူအနေနဲ့ ရောဂါကူးစက်ခံရသူ မတွေ့နိုင်သေးတာကိုပဲ သောကရောက်နေရတဲ့ သဘောပါ။

ကျန်းမာရေးမှာ ရောဂါကူးစက်ခံရသူကို မတွေ့ရသေးပေမယ့် မြန်မာ့စီးပွားရေးမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကိုက်ခဲမှုက သိသိသာသာမြင်တွေ့လာရပါပြီ။ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ UMFCCI မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်းဖြစ်တဲ့ အထည်အလိပ်အုပ်တွေ အဓိကမှာယူတင်သွင်းရတဲ့ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းတွေရပ်ဆိုင်းခဲ့တဲ့အတွက် ကုန်ဝင်လာမှုမရှိလို့ အထည်ချုပ်လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးပါးဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။အဲဒီနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  အထည်ချုပ် ကုန်ကြမ်းပြတ်လပ်တဲ့အတွက် ရပ်ဆိုင်းခဲ့ရတဲ့ စက်ရုံတွေကြောင့် အလုပ်လက်မဲ့ဖြစ်ရတဲ့ အလုပ်သမားအရေအတွက်က ၅၀၀၀ ကျော် အလုပ်ပြုတ်ကုန်ပြီလို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လာလုပ်နေတဲ့ တရုတ်၊ ကိုရီးယား အထည်ချုပ်စက်ရုံတွေအတွက် ကုန်ကြမ်းကို တရုတ်နိုင်ငံကနေ အဓိကတင်သွင်းကြတာပါ။ကိုရီးယား စီးပွားရေးသံအရာရှိကလည်း အဲဒီရက်ထဲမှာဘဲ ပြောခဲ့တာရှိပါတယ်။ဒါက မြန်မာနိုင်ငံမှာ လာလုပ်နေတဲ့ ကိုရီးယားအထည်ချုပ်လုပ်ငန်းတွေ ကုန်ကြမ်းပြတ်လပ်မှုကြောင့် ပိတ်ဖို့ရှိတယ်ဆိုတဲ့ သတင်းပါ။အဆိုပါသံအရာရှိ ပြောပုံအရဆိုရင် ပိတ်ရမယ်ဆိုတဲ့ စက်ရုံအရေအတွက်က မနည်းပါဘူး။စက်ရုံ ၅၀ နီးပါးရှိပါတယ်။ဒီအရေအတွက်ပိတ်လိုက်ရင် ထွက်လာမယ့် အလုပ်သမားအရေအတွက်က မနည်းပါဘူး။ဒါကြောင့်လည်း စက်ရုံတွေက အလုပ်သမားသမဂ္ဂတွေက မတ် ၈ ရက်မှာ အရေးပေါ်သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ကုန်ကြမ်းပြတ်တယ်ဆိုပြီး စက်ရုံပိတ်သိမ်းတဲ့ အထည်ချုပ်စက်ရုံတွေကို  အလုပ်သမားအဖွဲ့အစည်းတွေ ဝင်စစ်ဆေးခွင့်ရရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။

မန္တလေးမှာလည်း အလုပ်သမား တစ်ထောင်ကျော်က ကုန်ကြမ်းပြတ်ပြီဆိုကာ စက်ရုံတွေပိတ်တဲ့အပေါ် အစိုးရကဝင်ရောက်ကိုင်တွယ်ဖို့ တောင်းဆိုဆန္ဒပြတာတွေလည်း ယခုရက်သတ္တပတ်ထဲမှာ ဖြစ်ခဲ့ပါတယ်။မြန်မာ့စီးပွားရေးကို အဓိကမောင်းနှင်နေတာက တရုတ်နဲ့ဆက်စပ်နေတဲ့အတွက် တရုတ်ဘက်က ကုန်ထုတ်လုပ်ငန်းတွေ ရပ်ဆိုင်းတဲ့အခါ စီးပွားရေးနဲ့ ငွေရေးကြေးရေးလည်ပတ်မှု ရပ်ဆိုင်းတဲ့အခါ အနှေးနဲ့အမြန်ဆိုသလို ထိခိုက်လာပါတယ်။ဒီရက်ပိုင်းမှာဘဲ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်က (Su Xing) အထည်ချုပ်စက်ရုံနှင့် ရွှေပြည်သာမြို့နယ်ရှိ Royal Myanmar Apollo စက်ရုံက လုပ်ငန်းရှင်နှစ်ဦး ထွက်ပြေးသွားလို့  စက်ရုံအလုပ်သမား ၈၀၀ နီးပါး လုပ်ခလစာမရတဲ့ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။ဒီနှစ်ဦးထဲက တရုတ်နိုင်ငံသား အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက စက်ရုံကိုထားပြီးမပြန်ခင် စက်ရုံကို ဘယ်လိုအခက်အခဲတွေကြားထဲကနေ သူလည်ပတ်ခဲ့ရတယ်ဆိုတာ၊ ဆုံးရှုံးမှုတွေနဲ့ သူပေးဆပ်ရမယ် အကြွေးတွေအတွက် စက်ရုံကို ဒီအတိုင်းထားခဲ့တယ်ဆိုတာတွေကို  စာရေးသားပြီးထားခဲ့တာက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့သလို  ဒီအဖြစ်က မြန်မာတွေမမြင်ခဲ့တဲ့ ယနေ့လာရောက်ရင်းနှီးမြုပ်နှံသူတွေ ကြုံနေရတဲ့အခက်အခဲကို မီးမောင်းထိုးပြခဲ့ပါတယ်။

အလုပ်သမားတွေထဲ အလုပ်သမားအမည်ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်လာပြီး အလုပ်သမားတွေ အခွင့်အရေးကို ဦးဆောင်တောင်းပေးတာ မှန်သလိုလိုရှိပေမယ့် မဆီလျှော်ဘဲ ဆန္ဒပြတာတွေနဲ့ စက်ရုံလည်ပတ်မှုကို ထိခိုက်အောင်လုပ်တာတွေက မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြုပ်နှံမယ့်သူတွေကို တခြားတတိယနိုင်ငံတွေဆီကိုရောက်အောင် တွန်းပို့လိုက်သလိုဖြစ်နေပြီလားဆိုတာ ထည့်သွင်းစဉ်းစားရတော့မယ့် အချိန်အခါဖြစ်လာပါတယ်။လတ်တလောပြဿနာတက်နေတဲ့ အထည်ချုပ်စက်ရုံ ကုန်ကြမ်းပြဿနာက လာမယ့်မေလလောက်မှ ပြေလည်ဖွယ်ရှိတဲ့အတွက် အစိုးရအာဏာပိုင်တွေအနေနဲ့  စက်ရုံပိတ်သိမ်းတဲ့အထိ လက်ရှိဖြစ်နေတဲ့ ပြဿနာကို နည်းမှန်လမ်းမှန် ကိုင်တွယ်ဖို့လိုနေပါပြီ။ရေရှည်မှာ စက်ရုံတွေမှာ ဖွဲ့ထားတဲ့ တကယ့်အလုပ်သမားအဖွဲ့အစည်းတွေနဲ့ အတုအယောင် မိုက်ကြေးခွဲ အလုပ်သမားအဖွဲ့အစည်းတွေကို ခွဲခြားအသိအမှတ်ပြုပြီး  ကိုင်တွယ်ဖို့လိုနေသလို အလုပ်သမားတွေ တောင်းဆိုတဲ့ကုန်ကြမ်း တကယ် ပြတ်၊ မပြတ်ကိုလည်း စစ်ဆေးဖို့ လိုနေပါတယ်။နိုင်ငံတကာမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်လာတဲ့ စီးပွားရေးအတွက် ပြင်ဆင်နေကြပေမယ့် မြန်မာအာဏာပိုင်တွေဘက်က ဒီလိုပြင်ဆင်မှုလုပ်နေတယ်ဆိုတဲ့ ဘာအသံမှမကြားရသေးတဲ့အတွက် စိတ်ပျက်စရာပါ။ဒီအတွက် စက်ရုံတွေ ဆက်တိုက်ပိတ်သိမ်းလာပြီး ပြည်ပရင်းနှီးမြုပ်နှံမှုတွေ မြန်မာနိုင်ငံက ပြန်မထွက်သေးခင် အထည်ချုပ်လုပ်ငန်းအပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်လာတဲ့ တခြားလုပ်ငန်းတွေအတွက် ယာယီသက်သာခွင့်တွေရှိအောင် ဘာတွေစီစဉ်ပေးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အလှုပ်အခတ် ဘယ်သူမြတ်သလဲ

ဒီလိုစက်ရုံအလုပ်ရုံတွေပိတ်လို့ အလုပ်သမားတွေ အခက်ပွေနေချိန်မှာဘဲ ဒေါ်လာစျေးကျပြီး မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်တာတွေက ယခုရက်ပိုင်းအတွင်းမှာ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။တစ်စုံတစ်ယောက် တစ်စုတစ်ဖွဲ့က လုပ်နေသလားလို့တောင်ထင်ရတဲ့ နိုင်ငံခြားငွေကြေး မတည်ငြိမ်မှုကြောင့် အေးစက်နေတဲ့ မြန်မာ့စီးပွားရေးကို အတော်လေးကို ထိခိုက်စေခဲ့ပါတယ်။စီးပွားရေးပညာရှင်တွေကတော့ ဒီလိုဖြစ်ရတာနဲ့ပတ်သက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်ပကနေ သွင်းကုန် (အထူးသဖြင့် တရုတ်နိုင်ငံကနေ) တင်သွင်းမှုလျော့ကျလာတာနဲ့ နိုင်ငံတကာမှာ ဒေါ်လာစျေးနှုန်း ကျလာတာတွေကြောင့်လို့ သုံးသပ်ခဲ့ပါတယ်။ဒေါ်လာစျေးက ပြီးခဲ့တဲ့ကြာသပတေး (မတ် ၅ ရက်) က တစ်ဒေါ်လာကို ၁၄၀၀ ကျပ်ရှိရာကနေ သောကြာနေ့မှာ ၁၃၆၀ ကျပ်ထိ ကျခဲ့ပါတယ်။ယခုရက်သတ္တပတ် ငွေကြေးစျေးကွက်ပြန်ဖွင့်တဲ့ မတ် ၉ ရက် တနင်္လာနေ့မှာ တစ်ဒေါ်လာကို ၁၂၉၀ ထိ ကျခဲ့ပါတယ်။ဒါဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက် နောက်ပိုင်း အနိမ့်ဆုံးစျေးနှုန်းပါ။မတ် ၁၀ ရက်မှာ ဗဟိုဘဏ်က ဒေါ်လာ ၉ သန်း ငွေကြေးစျေးကွက်ထဲ ဝင်ရောက်ဝယ်ယူခဲ့ပါတယ်။ဒီနောက်မှာ မတ် ၁၀ ရက် အင်္ဂါနေ့ညနေစျေးကွက်ပိတ်ချိန်မှာ ဒေါ်လာစျေးက ၁၃၀၀ ကျပ်အထက်ကို တက်ခဲ့ပါတယ်။မတ် ၁၁ ရက် စျေးကွက်ပိတ်သိမ်းချိန်မှာ  ဒီလို ဗဟိုဘဏ်က ဝင်ရောက်ငွေကြေးဝယ်ယူမှုတွေကြောင့် တစ်ဒေါ်လာကို ၁၃၆၀ ကျပ်ထိ ရောက်ခဲ့ပါတယ်။

ထုံးစံအားဖြင့် ဗဟိုဘဏ်ပေါက်စျေးနဲ့ ပြင်ပဘဏ်ပေါက်စျေးက  ဗဟိုဘဏ် reference rate ရဲ့ အပေါင်း (သို့မဟုတ်) အနုတ် ၀ ဒသမ ၈ ရာခိုင်နှုန်းပဲ ခွာလို့ရတာဖြစ်ပေမယ့် ယခုရက်ပိုင်း ဒေါ်လာစျေး ဝယ်စျေး ရောင်းစျေးတွေမှာ အတော်လေးခွာထားတာကို တွေ့ရပါတယ်။ဒီအတွက် ဘယ်ကမှ ဝင်ရောက်ကိုင်တွယ်တာကို မတွေ့ရပါဘူး။ဒေါ်လာအတက်အကျကြမ်းတဲ့အတွက် ထိခိုက်ရတာက မဖြစ်မနေ ဒေါ်လာဝယ်သုံးရောင်းသုံးရတဲ့သူတွေပါဘဲ။ရက်ပိုင်းအတွင်း တစ်ဒေါ်လာကို တစ်ရာကျပ်ဆိုတာ ကြောက်ခမန်းလိလိပါဘဲ။မတ် ၁၂ ရက်မှာ ဗဟိုဘဏ်ကနေ အတိုးနှုန်းကို ၉ ဒသမ ၅ ထိ လျှော့ချခဲပါတယ်။ဒီအတွက် ဘဏ်ထဲ ငွေပမာဏ ကြီးကြီးမားမားထည့်ထားပြီး ဘဏ်တိုးထုတ်စားသူတွေ ငွေထုတ်ပြီး အရင်းအနှီးစျေးကွက်ထဲ ထည့်သွင်းလာမလားဆိုတဲ့ မျှော်လင့်စရာပါ။

တိုက်တိုက်ဆိုင်ဆိုင် ဗဟိုဘဏ်က ဘဏ်တိုးနှုန်းလျှော့ချတဲ့နေ့မှာဘဲ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ကောလာဟလထွက်ခဲ့ကာ ရန်ကုန်မြို့က အချို့နေရာတွေမှာ စားသောက်ကုန်တွေ လူသုံးကုန်တွေ ဝယ်ယူစုဆောင်းမှု စုပြုံဖြစ်ခဲ့ပါတယ်။အဆိုပါနေ့ အစောပိုင်းက နိုင်ငံတော်အတိုင်ပင်ခံက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အမှာစကားပြောရင်း ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါကြေညာခဲ့တဲ့အတွက် လူစုလူဝေးပွဲတွေကို အစိုးရက စည်းမျည်းစည်းကမ်း ကန့်သတ်မယ်ဆိုပြီး ပြောခဲ့ပါတယ်။ညနေပိုင်းမှာ လူပုဂ္ဂိုလ်အချို့ရဲ့ လူမှုကွန်ရက်မှာ  ကျောင်းတွေ၊ ရုပ်ရှင်ရုံတွေကို ခြောက်ပတ်ပိတ်မယ်ဆိုပြီး တင်လာကြသလို  စီးပွားရေးနှင့် နိုင်ငံရေးအကျိုးအမြတ်ရလိုတဲ့ မသမာသူတွေက Facebook messenger ကနေ “ပြည်ထောင်စုဝန်ကြီး၏ PSO မှ ပြောကြားသည်” ဆိုပြီး အသံဖိုင်တွေကို ပို့ခဲ့ပါတယ်။ဒီကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ တဲ့လူနာ ရောက်နေတယ်ဆိုတဲ့သတင်းကို ဖြန်ခဲ့ကြတဲ့အတွက် တခြားနိုင်ငံတွေလို့ မြို့ပိတ်၊ ရပ်ကွတ်ပိတ်ရင်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ နီးစပ်ရာ ရှော့ပ်ပင်းမောလ်တွေ၊ ကုန်တိုက်တွေမှာ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို လုယက်ဝယ်ကြလို့ သက်ဆိုင်ရာ ရန်ကုန်ဆေးရုံကြီးက ရှင်းလင်းချက်ထုတ်ပြန်ခဲ့ရသလို ကျန်းမာရေးဝန်ကြီးဌာနကလည်း ကောလာဟလ သတင်းမှားများ ဖြန့်ဖြူးနေသူများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ရှာဖွေဖော်ထုတ်၍ တည်ဆဲဥပဒေများအတိုင်း အရေးယူသွားမယ်ဆိုပြီး ထုတ်ပြန်ခဲ့ရပါတယ်။

ဘယ်လိုရည်ရွယ်ချက်လဲ၊ ဘယ်သူတွေလဲဆိုတာ မသိပေမယ့် ယခုဖြစ်တဲ့လုပ်ကွက်ကတော့ ၁၉၈၈ ခုနှစ်တုန်းကလို ကောလာဟလတွေထုတ်ပြီး ပြည်သူကိုလှန့်တဲ့ လုပ်ဆောင်မှုဖြစ်လို့ ဘာရည်ရွယ်ချက်တွေလဲ၊ ဘာတွေဆက်လုပ်ကြဦးမလဲ၊ အာဏာပိုင်တွေအနေနဲ့ နောက်ကွယ်က တကယ်လုပ်ဆောင်သူကို ဖော်ထုတ်နိုင်မလား၊  ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်လာတဲ့ စိုးရိမ်သံသယကို ဘယ်လောက်ထိဖြေလျှော့ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မာလင်း
မတ် - ၁၃

( Zawgyi )

ယခုရက္ပိုင္းအတြင္း ထူးျခားတဲ့အျဖစ္အပ်က္ေတြ အမ်ားႀကီးျဖစ္ခဲ့ပါတယ္။မတ္ ၁၂ ရက္ ညေနပိုင္းမွာ ခ်ိန္ကိုက္ေပၚထြက္လာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ေကာလာဟလသတင္းေၾကာင့္ ေရွာ့ပင္းေမာ္လ္က စားေသာက္ကုန္ေတြ အလုအယက္ဝယ္ၾကတဲ့ျဖစ္ရပ္နဲ႔ လြတ္ေတာ္ထဲက ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္မႈမွာ သုံးရက္စလုံး ျပင္ဆင္ခြင့္ေတြမဲခြဲရာမွာ ေထာက္ခံမဲ ေလးရာေက်ာ္ဆီေလာက္ ရခဲ့ေပမယ့္ ျပင္ဆင္ခြင့္မရခဲ့တဲ့ သတင္းေတြက ထိပ္တန္း စိတ္ဝင္စားစရာသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ပိတ္ထားတဲ့ တံခါးတစ္ခ်ပ္

ယခုရက္သတၱပတ္အတြင္း အမ်ားျပည္သူ စိတ္ဝင္တစားေစာင့္ၾကည့္ခဲ့တဲ့ သတင္းကေတာ့ လႊတ္ေတာ္သတင္းေတြပါဘဲ။လႊတ္ေတာ္သတင္းေတြဆိုေပမယ့္ ယခင္လို အဆိုေတြေဆြးေႏြးတာမဟုတ္ဘဲ အာဏာရပါတီျဖစ္တဲ NLD ပါတီကေန ဦးေဆာင္တင္သြင္းတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္မႈကို လႊတ္ေတာ္မွာ အေျခအတင္မဲခြဲဆုံးျဖတ္ခဲ့တဲ့ သတင္းေတြပါဘဲ။

မတ္လ ၁၀ ရက္ အဂၤါေန႔ကစတင္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ခဲ့ၾကရာမွာ အမ်ားစုကေတာ့ မဲခြဲမဆုံးျဖတ္ခင္ကတည္းက ျပည္ေထာင္စုလႊတ္ေတာ္မွာ အေျခအတင္ေဆြးေႏြးခဲ့ၾကရာမွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားနဲ႔ အာဏာရပါတီအၾကား ပြတ္တိုက္မႈကို ျပတ္ျပတ္သားသား ျမင္ေတြ႕ခဲ့ရတဲ့အတြက္ ထင္သေလာက္လြယ္မယ္မထင္ဘူးဆိုတာ အမ်ားျပည္သူက သိျမင္ေနခဲ့ပါတယ္။အထူးသျဖင့္ တပ္ဘက္ကေန အၿငိမ္းစားယူၿပီး အတိုက္အခံပါတီဘက္မွာ ပါဝင္ေနတဲ့ ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္အခ်ိဳ႕ရဲ႕ လႊတ္ေတာ္အတြင္း မာမာထန္ထန္ေဆြးေႏြးမႈေတြေၾကာင့္လည္း အမ်ားျပည္သူအေနနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးက လက္ရွိအေနအထားအရ မလြယ္ကူႏိုင္ဘူးဆိုတာ ႀကိဳတင္ခန႔္မွန္းႏိုင္ခဲ့ပါတယ္။

အမ်ားျပည္သူ ႀကိဳတင္ခန႔္မွန္းထားတဲ့အတိုင္း မတ္ ၁၀ ရက္က ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ၂၁ ဦးပ်က္ကြက္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ ၆၃၃ ဦး တက္ေရာက္ခဲ့ပါတယ္။ျပည္ေထာင္စုလႊတ္ေတာ္ နာယကျဖစ္သူက ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒမူၾကမ္းမ်ားကို မဲခြဲဆုံးျဖတ္တဲ့အခါ လႊတ္ေတာ္တြင္းရွိ ကိုယ္စားလွယ္ ၄၉၁ ဦး၏ ေထာက္ခံမဲရရွိမွ ပုဒ္မျပင္ဆင္ေရးလမ္းေၾကာင္း ဆက္လုပ္ႏိုင္မည္ဆိုတာကို ေျပာခဲ့ပါတယ္။မတ္ ၁၀ ရက္ မဲခြဲဆုံးျဖတ္မည့္ ပထမေန႔မွာ ပုဒ္မ ၄၃၆ (က) ႏွင့္ အက်ဳံးဝင္သည့္ ပုဒ္မ၊ ပုဒ္မခြဲ ၁၄ ခုကို မဲခြဲဆုံးျဖတ္ခဲ့ပါတယ္။
ထိုသို႔မဲခြဲဆုံးျဖတ္ခဲ့ရာမွာ တပ္မေတာ္အခန္းက႑ ေလွ်ာ့ခ်ေရးတြင္ အဓိကက်သည့္ ပုဒ္မ ၆ ခု မဲခြဲရာတြင္ လိုအပ္သည့္ ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ရရွိျခင္းမရွိခဲ့ဘဲ “အိုမင္းမစြမ္း”၊ “မသန္မစြမ္း” ဟူေသာ စကားရပ္မ်ားကို “သက္ႀကီး႐ြယ္အို”၊ “မသန္စြမ္း” ဟု ျပင္ဆင္ေရးသားရန္ အဆိုျပဳထားသည့္ ပုဒ္မႏွစ္ခုသာ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံမဲရခဲ့ပါတယ္။

ထူးျခားခ်က္မွာ ပထမေန႔ မဲခြဲမႈရလဒ္တြင္ NLD က ျပင္ဆင္ရန္တင္သြင္းထားသည့္ ပုဒ္မ ၄၀ (ဂ) အတြက္ ရရွိခဲ့သည့္ ေထာက္ခံမဲအေရအတြက္က ျပည္ေထာင္စုလႊတ္ေတာ္ကို ထိုေန႔ကတက္ေရာက္ခဲ့သည့္ ပါတီဝင္ အမတ္အေရအတြက္ထက္ မဲ ၃၀ ေက်ာ္ ေလ်ာ့နည္းခဲ့ျခင္းပါဘဲ။ထိုအတြက္ လူမူကြန္ရက္တြင္ ေဝဖန္ျပစ္တင္မႈမ်ားရွိသလို ရႈတ္ခ်မႈေတြလည္းရွိခဲ့ပါတယ္။အဆိုပါျပင္ဆင္သည့္ ပုဒ္မ ၄၀ - (ဂ) မွာ “ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာကို ဆူပူေသာင္းက်န္းမႈ၊ အၾကမ္းဖက္မႈ စေသာအဓမၼနည္းျဖင့္ ရယူရန္ေဆာင္႐ြက္ျခင္း၊ သို႔မဟုတ္ ႀကိဳးပမ္းအားထုတ္ျခင္းေၾကာင့္ ျပည္ေထာင္စုၿပိဳကြဲေစမည့္ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရး ၿပိဳကြဲေစမည့္ သို႔မဟုတ္ အခ်ဳပ္အျခာအာဏာ လက္လႊတ္ဆုံးရႈံးေစမည့္ အေရးေပၚအေျခအေန ေပၚေပါက္လွ်င္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ႏိုင္ငံေတာ္အာဏာကို ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ သတ္မွတ္ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ရယူသုံးစြဲခြင့္ရွိသည္လို႔ ေဖာ္ျပထားပါတယ္။” အဆိုပါ ဥပေဒကို “အေရးေပၚအေျခအေန ေပၚေပါက္ခဲ့လွ်င္ ျပည္ေထာင္စုလႊတ္ေတာ္သည္ ႏိုင္ငံေတာ္အာဏာကို ႏိုင္ငံေတာ္သမၼတက ဦးေဆာင္ၿပီး တာဝန္ယူေဆာင္႐ြက္မည့္ အစီအစဥ္တစ္ရပ္ကို အတည္ျပဳဆုံးျဖတ္ေဆာင္႐ြက္ရမည္” ဆိုၿပီး NLD ပါတီက ျပင္ဆင္ခ်က္တင္သြင္းထားတာျဖစ္ပါတယ္။ထိုသို႔ ေထာက္ခံမႈ ၃၀ ေလ်ာ့နည္းခဲ့သည္အတြက္ မျပင္ဆင္လိုသူေတြထဲ အာဏာရပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ပါဝင္ေနသည့္သေဘာ ျဖစ္ခဲ့ပါတယ္။

မတ္လ ၁၁ ရက္ ျပဳလုပ္တဲ့ ဒုတိယေန႔ မဲခြဲဆုံးျဖတ္မႈမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ကို သမၼတျဖစ္ခြင့္ ဟန႔္တားထားသည့္ ပုဒ္မ ၅၉ (စ) ပယ္ဖ်က္ရန္၊ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီကို အရပ္သားအမ်ားစုျဖင့္ ျပင္ဆင္ဖြဲ႕စည္းရန္ NLD ဖက္မွ အဆိုျပဳခ်က္မ်ားအပါအဝင္ ပုဒ္မ ၁၅ ခုလုံးကို ျပင္ဆင္ရာတြင္ ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္း မေက်ာ္သည့္အတြက္ ျပင္ဆင္ခြင့္မရဘဲ ျဖစ္ခဲ့ပါတယ္။လႊတ္ေတာ္အတြင္း အခ်ိဳးက်ဖြဲ႕စည္းမႈအရ တပ္မေတာ္ဘက္က ၂၅ ရာခိုင္ႏႈန္း ရယူထားသည့္အတြက္ ဖြဲစည္းပုံဥပေဒျပင္ဆင္ပါက တပ္မေတာ္ဘက္မွ ေထာက္ခံမႈမရပါက ျပင္ဆင္ခြင့္ရမည္မဟုတ္ဆိုသည့္အခ်က္က ပိုၿပီးသိသာလာခဲ့ပါတယ္။

မတ္ ၁၂ ရက္တြင္ တတိယေန႔ မဲခြဲဆုံးျဖတ္မႈအျဖစ္ အေရးေပၚ ကာလဆိုင္ရာ ျပဌာန္းခ်က္မ်ားႏွင့္ သက္ဆိုင္သည့္ ပုဒ္မ၊ ပုဒ္မခြဲ ၁၄ ခုအား မဲခြဲဆုံးျဖတ္ခဲ့ရာမွာလည္း အဆိုျပဳခ်က္အားလုံး ၇၅ ရာခိုင္ႏႈန္းမေက်ာ္ဘဲ ရႈံးနိမ့္ခဲ့လို႔ မျပင္ဆင္ႏိုင္ဘဲ ျဖစ္ခဲ့ရပါတယ္။ဒီလို တပ္မ‌ေတာ္ဘက္က သေဘာတူညီမႈမရပါက ျပင္ဆင္ခြင့္မရသည့္ ၂၀၀၈ အေျခခံဥပေဒျပင္ဆင္မႈႏွင့္ ပတ္သက္ၿပီး ႏိုင္ငံတကာသတင္းဌာနမ်ားတြင္ ဒုတိယေျမာက္ေန႔ကစကာ ေဖာ္ျပမႈမ်ားရွိလာခဲ့ပါတယ္။ထူးျခားမႈမ်ားအျဖစ္ မဲခြဲဆုံးျဖတ္သည့္ ပထမေန႔တြင္  “သက္ႀကီး႐ြယ္အို”၊ “မသန္စြမ္း” ဟု ျပင္ဆင္ခြင့္ရခဲ့သည့္အတြက္ အမ်ိဳးသားေရးဝါဒီမ်ားက  ေအာင္ပြဲခံခဲ့ၾကသည္ကို ေတြ႕ခဲ့ရပါတယ္။

မဲခြဲတဲ့ ဒုတိယေန႔မွာ မဲခြဲအၿပီး အတိုက္အခံ ႀကံ့ခိုင္ေရးပါတီအမတ္ျဖစ္တဲ့ ဦးေသာင္းေအး က မီဒီယာမ်ားနဲ႔ေတြ႕ဆုံစဥ္  အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီက ႀကိဳးစားေနတဲ့ ၂၀၀၈ ဖြဲ႕ စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးပုဒ္မ တစ္ခုမွျပင္ဆင္ႏိုင္ျခင္းမရွိတဲ့အတြက္ ႏိုင္ငံတကာအျမင္မွာ တပ္မေတာ္ပုံရိပ္ က်ဆင္းမည္ကိုစိုးရိမ္ေၾကာင္း ေျပာခဲ့တာ ေတြ႕ရပါတယ္။၎က “ဒီ Image ကို ၾကည့္ၿပီးေတာ့မွ ျမန္မာႏိုင္ငံမွာ တပ္မေတာ္က လႊမ္းမိုးထားတဲ့အတြက္ ဖြဲ႕ စည္းပုံအေျခခံဥပေဒေတာင္ မျပင္ႏိုင္ပါဘူးဆိုတာကို ႏိုင္ငံတကာကို Message ေပးခ်င္သလား” ဆိုၿပီး ေမးခြန္းထုတ္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ၾကည္ၫႊန႔္ကေတာ့ “သက္ႀကီး႐ြယ္အို”၊ “မသန္စြမ္း” စတဲ့ ျပင္ဆင္ခြင့္ေလးသာ  ျပင္ခြင့္ေပးၿပီး က်န္တဲ့ျပင္ဆင္ခြင့္အားလုံး ျပင္ခြင့္မေပးတဲ့အေပၚ လက္ရွိအေျခအေန အခင္းအက်င္းကို ႀကိဳတင္မွန္းဆထားၿပီးျဖစ္ေၾကာင္း၊ ၎တို႔အေနျဖင့္ ျပင္သင့္ျပင္ထိုက္သည့္အခ်ိန္တြင္ ျပင္သင့္ျပင္ထိုက္သည္ဟု ယုံၾကည္သျဖင့္ ျပင္ဆင္ရျခင္းျဖစ္ေၾကာင္း  ေျပာခဲ့တာကို ေတြ႕ရပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္မွာ မတ္ ၁၀ ရက္က စၿပီး ၉ ရက္ၾကာျပဳလုပ္မယ့္ မဲခြဲဆုံးျဖတ္မႈေတြမွာ လာမယ့္ရက္ေတြ ဘယ္လိုဆုံးျဖတ္ၾကမလဲဆိုတာ မသိရေသးေပမယ့္ လက္ရွိ သုံးရက္တာကာလမွာေတာ့ အမ်ားျပည္သူလိုလားခ်က္ျဖစ္တဲ့ ျပင္ဆင္လိုမႈေတြ ျပင္ခြင့္ရတာကို မေတြ႕ရတဲ့အတြက္ ေနာက္ရက္ေတြမွာလည္း ေမွ်ာ္လင့္ခ်က္အေတာ္နည္းမယ္ဆိုတာကို ႀကိဳသိေနပါတယ္။အေျခခံဥပေဒ ျပင္ဆင္ခြင့္မွာ  ဘယ္သူက ေျပာင္းလဲမႈကိုမလိုလားလဲ၊ ဘယ္သူက ရင္ၾကားေစ့ေရးမွာ မပါလာတာလဲဆိုတာ ကြဲကြဲျပားျပား အမ်ားျပည္သူ ျမင္ခြင့္ရခဲ့ပါတယ္။အေျခအတင္ေဆြးေႏြးမႈေတြ စကတည္းကျဖစ္ခဲ့တဲ့ ပြတ္တိုက္မႈေတြေၾကာင့္ သတင္းဖတ္သူေတြကို ဆြဲေဆာင္ႏိုင္ခဲ့တဲ့ ၂၀၀၈ အေျခခံဥပေဒျပင္ဆင္ေရး ေဆာင္႐ြက္မႈက ကိုးရက္အၾကာ ဘယ္လိုရလဒ္နဲ႔ အဆုံးသတ္သြားမလဲ၊ ဒီၾကားထဲ ထူးျခားေကာင္းမြန္တဲ့ အခင္းအက်င္းေတြ ျမင္ႏိုင္ရဦးမလားဆိုတာ စိတ္လႈပ္ရွားစရာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဗိုင္းရပ္စ္ကိုက္တဲ့ ျမန္မာ့စီးပြားေရး

ယခုရက္ထဲမွာ ဖတ္စရာ၊ စိတ္ဝင္စားစရာ သတင္းေတြ အမ်ားႀကီးျဖစ္ခဲ့ပါတယ္။ဒီထဲမွာ သတိျပဳစရာျဖစ္ခဲ့တာက ကို႐ိုနာဗိုင္းရပ္စ္နဲ႔ သက္ဆိုင္တဲ့ သတင္းေတြလဲ ပါခဲ့ပါတယ္။ႏိုင္ငံေပါင္း ၉၀ ေက်ာ္ လူေပါင္းတစ္သိန္းေက်ာ္ကို ကူးစက္ခံေနရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ျမန္မာျပည္မွာမရွိေသးဘူး၊ ေစာင့္ၾကည့္ရတဲ့လူေတြဘဲ ရွိေသးတယ္ဆိုတဲ့အတြက္ ေရာဂါစတင္ျဖစ္ပြားရာ ႏိုင္ငံေဘးက တိုင္းျပည္တစ္ခုျဖစ္တဲ့ ျမန္မာႏိုင္ငံသားေတြအတြက္ ဂုဏ္ယူစရာပါ။စဥ္းစားရခက္စရာ ဂုဏ္ယူစရာဆိုေပမယ့္ ဒါဟာ ေတြ႕မယ္ဆိုရင္ အစုလိုက္အၿပဳံလိုက္ ေတြ႕ႏိုင္တဲ့အတြက္ အမ်ားျပည္သူအေနနဲ႔ ေရာဂါကူးစက္ခံရသူ မေတြ႕ႏိုင္ေသးတာကိုပဲ ေသာကေရာက္ေနရတဲ့ သေဘာပါ။

က်န္းမာေရးမွာ ေရာဂါကူးစက္ခံရသူကို မေတြ႕ရေသးေပမယ့္ ျမန္မာ့စီးပြားေရးမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကိုက္ခဲမႈက သိသိသာသာျမင္ေတြ႕လာရပါၿပီ။ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ျပဳလုပ္ခဲ့တဲ့ UMFCCI မွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ျမန္မာအထည္ခ်ဳပ္လုပ္ငန္းအတြက္ ကုန္ၾကမ္းျဖစ္တဲ့ အထည္အလိပ္အုပ္ေတြ အဓိကမွာယူတင္သြင္းရတဲ့ တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လုပ္ငန္းေတြရပ္ဆိုင္းခဲ့တဲ့အတြက္ ကုန္ဝင္လာမႈမရွိလို႔ အထည္ခ်ဳပ္လုပ္ငန္းေတြ ရပ္ဆိုင္းလုနီးပါးျဖစ္ေနၿပီလို႔ ေျပာခဲ့ပါတယ္။အဲဒီေန႔ကျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ  အထည္ခ်ဳပ္ ကုန္ၾကမ္းျပတ္လပ္တဲ့အတြက္ ရပ္ဆိုင္းခဲ့ရတဲ့ စက္႐ုံေတြေၾကာင့္ အလုပ္လက္မဲ့ျဖစ္ရတဲ့ အလုပ္သမားအေရအတြက္က ၅၀၀၀ ေက်ာ္ အလုပ္ျပဳတ္ကုန္ၿပီလို႔ ေျပာခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ လာလုပ္ေနတဲ့ တ႐ုတ္၊ ကိုရီးယား အထည္ခ်ဳပ္စက္႐ုံေတြအတြက္ ကုန္ၾကမ္းကို တ႐ုတ္ႏိုင္ငံကေန အဓိကတင္သြင္းၾကတာပါ။ကိုရီးယား စီးပြားေရးသံအရာရွိကလည္း အဲဒီရက္ထဲမွာဘဲ ေျပာခဲ့တာရွိပါတယ္။ဒါက ျမန္မာႏိုင္ငံမွာ လာလုပ္ေနတဲ့ ကိုရီးယားအထည္ခ်ဳပ္လုပ္ငန္းေတြ ကုန္ၾကမ္းျပတ္လပ္မႈေၾကာင့္ ပိတ္ဖို႔ရွိတယ္ဆိုတဲ့ သတင္းပါ။အဆိုပါသံအရာရွိ ေျပာပုံအရဆိုရင္ ပိတ္ရမယ္ဆိုတဲ့ စက္႐ုံအေရအတြက္က မနည္းပါဘူး။စက္႐ုံ ၅၀ နီးပါးရွိပါတယ္။ဒီအေရအတြက္ပိတ္လိုက္ရင္ ထြက္လာမယ့္ အလုပ္သမားအေရအတြက္က မနည္းပါဘူး။ဒါေၾကာင့္လည္း စက္႐ုံေတြက အလုပ္သမားသမဂၢေတြက မတ္ ၈ ရက္မွာ အေရးေပၚသတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီး ကုန္ၾကမ္းျပတ္တယ္ဆိုၿပီး စက္႐ုံပိတ္သိမ္းတဲ့ အထည္ခ်ဳပ္စက္႐ုံေတြကို  အလုပ္သမားအဖြဲ႕အစည္းေတြ ဝင္စစ္ေဆးခြင့္ရရွိဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

မႏၲေလးမွာလည္း အလုပ္သမား တစ္ေထာင္ေက်ာ္က ကုန္ၾကမ္းျပတ္ၿပီဆိုကာ စက္႐ုံေတြပိတ္တဲ့အေပၚ အစိုးရကဝင္ေရာက္ကိုင္တြယ္ဖို႔ ေတာင္းဆိုဆႏၵျပတာေတြလည္း ယခုရက္သတၱပတ္ထဲမွာ ျဖစ္ခဲ့ပါတယ္။ျမန္မာ့စီးပြားေရးကို အဓိကေမာင္းႏွင္ေနတာက တ႐ုတ္နဲ႔ဆက္စပ္ေနတဲ့အတြက္ တ႐ုတ္ဘက္က ကုန္ထုတ္လုပ္ငန္းေတြ ရပ္ဆိုင္းတဲ့အခါ စီးပြားေရးနဲ႔ ေငြေရးေၾကးေရးလည္ပတ္မႈ ရပ္ဆိုင္းတဲ့အခါ အေႏွးနဲ႔အျမန္ဆိုသလို ထိခိုက္လာပါတယ္။ဒီရက္ပိုင္းမွာဘဲ လႈိင္သာယာၿမိဳ႕နယ္ ေ႐ႊလင္ပန္းစက္မႈဇုန္က (Su Xing) အထည္ခ်ဳပ္စက္႐ုံႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ Royal Myanmar Apollo စက္႐ုံက လုပ္ငန္းရွင္ႏွစ္ဦး ထြက္ေျပးသြားလို႔  စက္႐ုံအလုပ္သမား ၈၀၀ နီးပါး လုပ္ခလစာမရတဲ့ျဖစ္ရပ္ ျဖစ္ခဲ့ပါတယ္။ဒီႏွစ္ဦးထဲက တ႐ုတ္ႏိုင္ငံသား အထည္ခ်ဳပ္လုပ္ငန္းရွင္တစ္ဦးက စက္႐ုံကိုထားၿပီးမျပန္ခင္ စက္႐ုံကို ဘယ္လိုအခက္အခဲေတြၾကားထဲကေန သူလည္ပတ္ခဲ့ရတယ္ဆိုတာ၊ ဆုံးရႈံးမႈေတြနဲ႔ သူေပးဆပ္ရမယ္ အေႂကြးေတြအတြက္ စက္႐ုံကို ဒီအတိုင္းထားခဲ့တယ္ဆိုတာေတြကို  စာေရးသားၿပီးထားခဲ့တာက လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့သလို  ဒီအျဖစ္က ျမန္မာေတြမျမင္ခဲ့တဲ့ ယေန႔လာေရာက္ရင္းႏွီးျမဳပ္ႏွံသူေတြ ႀကဳံေနရတဲ့အခက္အခဲကို မီးေမာင္းထိုးျပခဲ့ပါတယ္။

အလုပ္သမားေတြထဲ အလုပ္သမားအမည္ခံ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြ ပါဝင္လာၿပီး အလုပ္သမားေတြ အခြင့္အေရးကို ဦးေဆာင္ေတာင္းေပးတာ မွန္သလိုလိုရွိေပမယ့္ မဆီေလွ်ာ္ဘဲ ဆႏၵျပတာေတြနဲ႔ စက္႐ုံလည္ပတ္မႈကို ထိခိုက္ေအာင္လုပ္တာေတြက ျမန္မာႏိုင္ငံကို လာေရာက္ရင္းႏွီးျမဳပ္ႏွံမယ့္သူေတြကို တျခားတတိယႏိုင္ငံေတြဆီကိုေရာက္ေအာင္ တြန္းပို႔လိုက္သလိုျဖစ္ေနၿပီလားဆိုတာ ထည့္သြင္းစဥ္းစားရေတာ့မယ့္ အခ်ိန္အခါျဖစ္လာပါတယ္။လတ္တေလာျပႆနာတက္ေနတဲ့ အထည္ခ်ဳပ္စက္႐ုံ ကုန္ၾကမ္းျပႆနာက လာမယ့္ေမလေလာက္မွ ေျပလည္ဖြယ္ရွိတဲ့အတြက္ အစိုးရအာဏာပိုင္ေတြအေနနဲ႔  စက္႐ုံပိတ္သိမ္းတဲ့အထိ လက္ရွိျဖစ္ေနတဲ့ ျပႆနာကို နည္းမွန္လမ္းမွန္ ကိုင္တြယ္ဖို႔လိုေနပါၿပီ။ေရရွည္မွာ စက္႐ုံေတြမွာ ဖြဲ႕ထားတဲ့ တကယ့္အလုပ္သမားအဖြဲ႕အစည္းေတြနဲ႔ အတုအေယာင္ မိုက္ေၾကးခြဲ အလုပ္သမားအဖြဲ႕အစည္းေတြကို ခြဲျခားအသိအမွတ္ျပဳၿပီး  ကိုင္တြယ္ဖို႔လိုေနသလို အလုပ္သမားေတြ ေတာင္းဆိုတဲ့ကုန္ၾကမ္း တကယ္ ျပတ္၊ မျပတ္ကိုလည္း စစ္ေဆးဖို႔ လိုေနပါတယ္။ႏိုင္ငံတကာမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္လာတဲ့ စီးပြားေရးအတြက္ ျပင္ဆင္ေနၾကေပမယ့္ ျမန္မာအာဏာပိုင္ေတြဘက္က ဒီလိုျပင္ဆင္မႈလုပ္ေနတယ္ဆိုတဲ့ ဘာအသံမွမၾကားရေသးတဲ့အတြက္ စိတ္ပ်က္စရာပါ။ဒီအတြက္ စက္႐ုံေတြ ဆက္တိုက္ပိတ္သိမ္းလာၿပီး ျပည္ပရင္းႏွီးျမဳပ္ႏွံမႈေတြ ျမန္မာႏိုင္ငံက ျပန္မထြက္ေသးခင္ အထည္ခ်ဳပ္လုပ္ငန္းအပါအဝင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္လာတဲ့ တျခားလုပ္ငန္းေတြအတြက္ ယာယီသက္သာခြင့္ေတြရွိေအာင္ ဘာေတြစီစဥ္ေပးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

အလႈပ္အခတ္ ဘယ္သူျမတ္သလဲ

ဒီလိုစက္႐ုံအလုပ္႐ုံေတြပိတ္လို႔ အလုပ္သမားေတြ အခက္ေပြေနခ်ိန္မွာဘဲ ေဒၚလာေစ်းက်ၿပီး ျမန္မာက်ပ္ေငြ တန္ဖိုးျမင့္တက္တာေတြက ယခုရက္ပိုင္းအတြင္းမွာ ဆက္တိုက္ျဖစ္ခဲ့ပါတယ္။တစ္စုံတစ္ေယာက္ တစ္စုတစ္ဖြဲ႕က လုပ္ေနသလားလို႔ေတာင္ထင္ရတဲ့ ႏိုင္ငံျခားေငြေၾကး မတည္ၿငိမ္မႈေၾကာင့္ ေအးစက္ေနတဲ့ ျမန္မာ့စီးပြားေရးကို အေတာ္ေလးကို ထိခိုက္ေစခဲ့ပါတယ္။စီးပြားေရးပညာရွင္ေတြကေတာ့ ဒီလိုျဖစ္ရတာနဲ႔ပတ္သက္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျပည္ပကေန သြင္းကုန္ (အထူးသျဖင့္ တ႐ုတ္ႏိုင္ငံကေန) တင္သြင္းမႈေလ်ာ့က်လာတာနဲ႔ ႏိုင္ငံတကာမွာ ေဒၚလာေစ်းႏႈန္း က်လာတာေတြေၾကာင့္လို႔ သုံးသပ္ခဲ့ပါတယ္။ေဒၚလာေစ်းက ၿပီးခဲ့တဲ့ၾကာသပေတး (မတ္ ၅ ရက္) က တစ္ေဒၚလာကို ၁၄၀၀ က်ပ္ရွိရာကေန ေသာၾကာေန႔မွာ ၁၃၆၀ က်ပ္ထိ က်ခဲ့ပါတယ္။ယခုရက္သတၱပတ္ ေငြေၾကးေစ်းကြက္ျပန္ဖြင့္တဲ့ မတ္ ၉ ရက္ တနလၤာေန႔မွာ တစ္ေဒၚလာကို ၁၂၉၀ ထိ က်ခဲ့ပါတယ္။ဒါဟာ ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာ ၁၉ ရက္ ေနာက္ပိုင္း အနိမ့္ဆုံးေစ်းႏႈန္းပါ။မတ္ ၁၀ ရက္မွာ ဗဟိုဘဏ္က ေဒၚလာ ၉ သန္း ေငြေၾကးေစ်းကြက္ထဲ ဝင္ေရာက္ဝယ္ယူခဲ့ပါတယ္။ဒီေနာက္မွာ မတ္ ၁၀ ရက္ အဂၤါေန႔ညေနေစ်းကြက္ပိတ္ခ်ိန္မွာ ေဒၚလာေစ်းက ၁၃၀၀ က်ပ္အထက္ကို တက္ခဲ့ပါတယ္။မတ္ ၁၁ ရက္ ေစ်းကြက္ပိတ္သိမ္းခ်ိန္မွာ  ဒီလို ဗဟိုဘဏ္က ဝင္ေရာက္ေငြေၾကးဝယ္ယူမႈေတြေၾကာင့္ တစ္ေဒၚလာကို ၁၃၆၀ က်ပ္ထိ ေရာက္ခဲ့ပါတယ္။

ထုံးစံအားျဖင့္ ဗဟိုဘဏ္ေပါက္ေစ်းနဲ႔ ျပင္ပဘဏ္ေပါက္ေစ်းက  ဗဟိုဘဏ္ reference rate ရဲ႕ အေပါင္း (သို႔မဟုတ္) အႏုတ္ ၀ ဒသမ ၈ ရာခိုင္ႏႈန္းပဲ ခြာလို႔ရတာျဖစ္ေပမယ့္ ယခုရက္ပိုင္း ေဒၚလာေစ်း ဝယ္ေစ်း ေရာင္းေစ်းေတြမွာ အေတာ္ေလးခြာထားတာကို ေတြ႕ရပါတယ္။ဒီအတြက္ ဘယ္ကမွ ဝင္ေရာက္ကိုင္တြယ္တာကို မေတြ႕ရပါဘူး။ေဒၚလာအတက္အက်ၾကမ္းတဲ့အတြက္ ထိခိုက္ရတာက မျဖစ္မေန ေဒၚလာဝယ္သုံးေရာင္းသုံးရတဲ့သူေတြပါဘဲ။ရက္ပိုင္းအတြင္း တစ္ေဒၚလာကို တစ္ရာက်ပ္ဆိုတာ ေၾကာက္ခမန္းလိလိပါဘဲ။မတ္ ၁၂ ရက္မွာ ဗဟိုဘဏ္ကေန အတိုးႏႈန္းကို ၉ ဒသမ ၅ ထိ ေလွ်ာ့ခ်ခဲပါတယ္။ဒီအတြက္ ဘဏ္ထဲ ေငြပမာဏ ႀကီးႀကီးမားမားထည့္ထားၿပီး ဘဏ္တိုးထုတ္စားသူေတြ ေငြထုတ္ၿပီး အရင္းအႏွီးေစ်းကြက္ထဲ ထည့္သြင္းလာမလားဆိုတဲ့ ေမွ်ာ္လင့္စရာပါ။

တိုက္တိုက္ဆိုင္ဆိုင္ ဗဟိုဘဏ္က ဘဏ္တိုးႏႈန္းေလွ်ာ့ခ်တဲ့ေန႔မွာဘဲ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ ေကာလာဟလထြက္ခဲ့ကာ ရန္ကုန္ၿမိဳ႕က အခ်ိဳ႕ေနရာေတြမွာ စားေသာက္ကုန္ေတြ လူသုံးကုန္ေတြ ဝယ္ယူစုေဆာင္းမႈ စုၿပဳံျဖစ္ခဲ့ပါတယ္။အဆိုပါေန႔ အေစာပိုင္းက ႏိုင္ငံေတာ္အတိုင္ပင္ခံက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ အမွာစကားေျပာရင္း ကို႐ိုနာဗိုင္းရပ္စ္ကို ကမာၻ႔က်န္းမာေရးအဖြဲ႕က ကပ္ေရာဂါေၾကညာခဲ့တဲ့အတြက္ လူစုလူေဝးပြဲေတြကို အစိုးရက စည္းမ်ည္းစည္းကမ္း ကန႔္သတ္မယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ညေနပိုင္းမွာ လူပုဂၢိဳလ္အခ်ိဳ႕ရဲ႕ လူမႈကြန္ရက္မွာ  ေက်ာင္းေတြ၊ ႐ုပ္ရွင္႐ုံေတြကို ေျခာက္ပတ္ပိတ္မယ္ဆိုၿပီး တင္လာၾကသလို  စီးပြားေရးႏွင့္ ႏိုင္ငံေရးအက်ိဳးအျမတ္ရလိုတဲ့ မသမာသူေတြက Facebook messenger ကေန “ျပည္ေထာင္စုဝန္ႀကီး၏ PSO မွ ေျပာၾကားသည္” ဆိုၿပီး အသံဖိုင္ေတြကို ပို႔ခဲ့ပါတယ္။ဒီကေန ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕ တဲ့လူနာ ေရာက္ေနတယ္ဆိုတဲ့သတင္းကို ျဖန္ခဲ့ၾကတဲ့အတြက္ တျခားႏိုင္ငံေတြလို႔ ၿမိဳ႕ပိတ္၊ ရပ္ကြတ္ပိတ္ရင္ဆိုတဲ့ စိုးရိမ္စိတ္နဲ႔ နီးစပ္ရာ ေရွာ့ပ္ပင္းေမာလ္ေတြ၊ ကုန္တိုက္ေတြမွာ စားေသာက္ကုန္နဲ႔ လူသုံးကုန္ေတြကို လုယက္ဝယ္ၾကလို႔ သက္ဆိုင္ရာ ရန္ကုန္ေဆး႐ုံႀကီးက ရွင္းလင္းခ်က္ထုတ္ျပန္ခဲ့ရသလို က်န္းမာေရးဝန္ႀကီးဌာနကလည္း ေကာလာဟလ သတင္းမွားမ်ား ျဖန႔္ျဖဴးေနသူမ်ားကိုလည္း သက္ဆိုင္ရာဌာနမ်ားႏွင့္ ပူးေပါင္းကာ ရွာေဖြေဖာ္ထုတ္၍ တည္ဆဲဥပေဒမ်ားအတိုင္း အေရးယူသြားမယ္ဆိုၿပီး ထုတ္ျပန္ခဲ့ရပါတယ္။

ဘယ္လိုရည္႐ြယ္ခ်က္လဲ၊ ဘယ္သူေတြလဲဆိုတာ မသိေပမယ့္ ယခုျဖစ္တဲ့လုပ္ကြက္ကေတာ့ ၁၉၈၈ ခုႏွစ္တုန္းကလို ေကာလာဟလေတြထုတ္ၿပီး ျပည္သူကိုလွန႔္တဲ့ လုပ္ေဆာင္မႈျဖစ္လို႔ ဘာရည္႐ြယ္ခ်က္ေတြလဲ၊ ဘာေတြဆက္လုပ္ၾကဦးမလဲ၊ အာဏာပိုင္ေတြအေနနဲ႔ ေနာက္ကြယ္က တကယ္လုပ္ေဆာင္သူကို ေဖာ္ထုတ္ႏိုင္မလား၊  ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ျဖစ္လာတဲ့ စိုးရိမ္သံသယကို ဘယ္ေလာက္ထိေျဖေလွ်ာ့ေပးႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

မာလင္း
မတ္ - ၁၃