【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ငါးကြီးကြီး စကြော်ပြီလား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ငါးကြီးကြီး စကြော်ပြီလား

ယခုတစ်ပတ်သတင်းတွေထဲ စိတ်ဝင်စားမှုအရှိဆုံးဖြစ်ခဲ့တဲ့ သတင်းက တနသာၤရီဝန်ကြီးချုပ် သတင်းနဲ့ လွှတ်တော်ထဲမှာ အခြေအတင်ဖြစ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သတင်းတွေပါဘဲ။ဒီသတင်းတွေနဲ့အပြိုင် ထီလုပ်ငန်းရှင်တွေက ဆုံးရှုံးနစ်နာတဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကို လက်မှတ်ရေးထိုးတင်မယ်ဆိုတဲ့ သတင်းတွေ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်ဟီးလီးစ် ကို လူစားလဲပေးဖို့ မြန်မာအစိုးရက တောင်းဆိုခဲ့တဲ့ သတင်းတွေလည်း ယခုတစ်ပတ်မှာ သတင်းဖတ်သူတွေကို သတိထားမိစေခဲ့ပါတယ်။

ဘယ်သူက ငါးကြီးကြီးကြော်စေခဲ့တာလဲ

ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ အများပြည်သူကြား သတိထားမိတဲ့ တနင်္သာရီဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် ကို အဂတိလိုက်စားမှုနဲ့ အရေးယူခဲ့တဲ့ သတင်းက ယခုတစ်ပတ်ရဲ့ ထိပ်တန်းသတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ယခုတစ်ပတ်ထဲမှာ တနသာၤရီဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အရေးယူခဲ့ပါတယ်။အဂတိလိုက်စားမှု ရှိတယ်ဆိုပြီး အသံထွက်နေတာကြာပြီဖြစ်တဲ့  တနင်္သာရီဝန်ကြီးချုပ်ကိစ္စမှာ  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သိန်းလေးထောင် ကုန်ကျခဲ့တဲ့ ထားဝယ်လေယာဉ်ကွင်း ချုံရှင်းတဲ့ကိစ္စ၊ တိုင်းလမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးအား ခင်ပွန်းဖြစ်သူ အမည်လွှဲဖြင့် ဝယ်ယူထားသည့်မြေအား ခြံခတ်ခိုင်းသည့်ကိစ္စ၊ နေအိမ်အား အဆမတန်ဈေးမြှင့်ကာ လုပ်ပိုင်ခွင့်ပေးထားသည့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့သည့်ကိစ္စ၊ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချသည့် GGS ကုမ္ပဏီနှင့် သဘောတူစာချုပ်တွင် စာချုပ်ပါအတိုင်း လုပ်ဆောင်ရန် ကြီးကြပ်ရန် ပျက်ကွက်သည့် ကိစ္စတွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူသုံးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ထားဝယ်မြို့မရဲစခန်းမှာ အမှုလေးမှုဖွင့်ပြီး ထိန်းသိမ်းခဲ့တာပါ။

ဒီအတွက် မြန်မာနိုင်ငံရေးလောကနှင့် သာမန်အရပ်သား ပြည်သူများကြားမှာပါ ရိုက်ခတ်မှုရှိခဲ့ပါတယ်။နိုင်ငံတော်အဆင့်ရှိတဲ့သူ တာဝန်ရှိတဲ့သူတစ်ဦးကို အဂတိလိုက်စားမှုနဲ့ အရေးယူတဲ့အတွက် ကျဆင်းနေတဲ့ ပါတီပုံရိပ်နဲ့ အစိုးရပုံရိပ်က အများကြီးထိုးတက်ခဲ့ပါတယ်။အထူးသဖြင့် နာမည်ပျက်များစွာရှိနေသလို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း လုံးထွေးနေတဲ့ ပါတီထဲက တာဝန်ရှိသူတွေ၊ ပြည်နယ်တိုင်းနဲ့ အစိုးရအဖွဲ့တွေမှာ တာဝန်ယူနေသူတွေအဖို့ ဒီအရေးယူမှုက တုန်လှုပ်စရာဖြစ်ခဲ့ပါတယ်။

တနသာၤရီဝန်ကြီးချုပ်ကို အရေးယူပြီးနောက် တစ်ရက်မှာ သမ္မတရုံးက ရာထူးကရပ်စဲတဲ့ စာထုတ်ခဲ့သလို ၎င်းနေရာကို အစဉ်အလာအရ တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးက ယာယီတာဝန်ယူခဲ့ပါတယ်။ဒီနောက်မှာ တိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင် ကို ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပြီး တာဝန်များ ပူးတွဲထမ်းဆောင်ရန် သမ္မတရုံးက စာထုတ်ခဲ့ပါတယ်။

အဂတိလိုက်စားမှုနဲ့ အရေးယူခံရတဲ့ ဒေါက်တာဒေါ်လဲ့လဲ့မော် နဲ့ GGS ကုမ္ပဏီ တာဝန်ရှိသူသုံးဦးကို ကော့သောင်းမှာ ယာယီထိန်းသိမ်းခဲ့ပြီး ကော့သောင်းမြို့နယ် တရားရုံးတွင် ချုပ်ရက်ရမန်ယူကာ ထားဝယ်အကျဉ်းထောင်မှာ ချုပ်နှောင်ထားခဲ့ပါတယ်။ရုံးချိန်းကို မတ်လ ၂၅ ရက်တွင် ချိန်းဆိုထားပါတယ်။

တနသာၤရီဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော် နဲ့ GGS ကုမ္ပဏီက MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံ တို့ကို ဖမ်းဆီးတဲ့ညမှာဘဲ ထားဝယ်မြို့တစ်ခုလုံး လျှပ်စစ်မီးပြတ်တောက်ခဲ့လို့  အများပြည်သူကြား သံသယတွေကြီးမားခဲ့ပေမယ့် ဒီလိုဖြစ်တာ အခြားအကြောင်းကြောင့် မဟုတ်ဘဲ ထရန်စဖော်မာတစ်ခု ရှော့ခ်ဖြစ်ပြီး ဘရိတ်ကာတစ်ခု ကျသွားလို့ ဖြစ်တာလို့ ဆိုပါတယ်။

တနသာၤရီဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး အရေးယူတဲ့အပေါ် ပါတီနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က မှတ်ချက်ပြုဖို့ ငြင်းဆန်ခဲ့ပေမယ့် နိုင်ငံတော်သမ္မတရုံးကတော့  အဂတိလိုက်စားမှုအပေါ် လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူးလို့  ပြောကြားထားတဲ့အတိုင်း သည်းခံ၊ ခွင့်လွှတ်ဖို့ မူဝါဒမရှိဘူးလို့ မတ် ၁၀ ရက်က ပြောခဲ့ပါတယ်။

လက်ရှိမှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီဒါရိုက်တာ ဦးအောင်မြတ် တို့ကို ထားဝယ်အကျဉ်းထောင်သို့ ပို့ဆောင်ထားပြီး ဦးသိန်းထွေး နှင့် ဦးသူရအုံ တို့ကို ရန်ကုန်မြို့ရှိ ရန်ကင်းမြို့နယ်ရဲစခန်းနှင့် တာမွေမြို့နယ်ရဲစခန်းတို့တွင် တစ်ဦးစီ ချုပ်နှောင်စစ်ဆေးနေကာ လာမည့် မတ် ၂၅ ရက်တွင် ထားဝယ်တရားရုံးတွင် စတင်ရုံးထုတ် စစ်ဆေးတော့မှာ ဖြစ်ပါတယ်။
ဒီလိုစစ်ဆေးတဲ့အခါ ဘာတွေပေါ်ပေါက်လာဦးမလဲ၊ ဘယ်သူတွေ တစ်နွယ်ငင်တစ်စဉ်ပါ ဆိုသလို ဆက်လက်ငြိစွန်းပြီး အဖမ်းခံရဦးမလဲဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အဆိုပါသတင်းက ယခုတစ်ပတ်မှာဖြစ်ခဲ့တဲ့ စိတ်ဝင်စားစရာ မှုခင်းတွေထဲက ဟောင်ကောင်သို့ ထွက်ခွာမည့် နိုင်ငံခြားသားသုံးဦးဆီက ကျပ်သိန်းတစ်သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတဲ့ သတင်း၊ မိုးထိမိုးမိ ရွှေတူးဖော်ရေး လုပ်ကွက်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ သတ္တုတွင်းဝန်ထမ်းတွေနဲ့ အခြားသူတွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ခေါ်ယူစစ်ဆေးနေတဲ့ သတင်း၊ ရန်ကုန်တိုင်း ရှစ်မြို့နယ်မှာ Wave Money နဲ့ အငြိမ်းစားပင်စင်လစာ စတင်ထုတ်ယူနိုင်ပြီလို့ စီမံ/ဘဏ္ဍာ ဒု-ဝန်ကြီးက ပြောလိုက်တဲ့ သတင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့မည့် ကျပ်သိန်းသုံးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းခွဲကျော်နဲ့ ဘင်္ဂါလီနှစ်ဦးကို နတ်မြစ်အတွင်း ဦးစောလှကျွန်းအနီးမှာ လှေတစ်စီးနှင့်အတူ ဖမ်းဆီးရမိတဲ့ သတင်းတွေထဲ တနင်္သာရီဝန်ကြီးချုပ် အဖမ်းခံရတဲ့ သတင်းက ဒီတစ်ပတ်ရဲ့ ထိပ်တန်းသတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ကိုယ်ထိမှ နာတတ်တဲ့ ထီ

ယခုတစ်ပတ် စီးပွားရေးနောက်ခံ သတင်းတွေထဲမှာ စိတ်ဝင်စားစရာ သတင်းတွေ ရှိခဲ့ပါတယ်။အထူးသဖြင့် ထီသတင်းပါ။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက စခဲ့တဲ့ ကျပ်တစ်ထောင်တန်ထီ ရောင်းချမှုမှာ နဂို ၅၀၀ ကျပ်တန်ထီပါ ရောင်းချရတဲ့အတွက်  ထီကံစမ်းသူတွေက ၅၀၀ တန်ထီအပေါ် စိတ်ဝင်စားမှုနည်းတဲ့အတွက် ထီတွေကျန်ပြီး ဆုံးရှုံးတယ်ဆိုကာ  ထီလုပ်ငန်းရှင်တွေဘက်က အသံထွက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံ ထီလောကကို ချုပ်ကိုင်ထားတဲ့သူတွေဘက်က ယခုလို ထွက်လာတဲ့အသံကြောင့် အများပြည်သူကြားမှာ ဝေဖန်သံညံခဲ့ပါတယ်။အစိုးရဈေးထက် ပိုပြီးပေးထိုးရတဲ့ ဆယ်စုနှစ်ပေါင်း သုံးလေးခုမှာ ထီလုပ်ငန်းရှင်တွေ အမျိုးမျိုးနဲ့ ထီကံစမ်းတဲ့ ပြည်သူတွေလက်ထဲကနေ နှိုက်ယူတဲ့ ငွေပမာဏက မနည်းမနောပါဘဲ။ဒါကို ပြည်သူတွေနဲ့ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေဘက်က မကြာခဏဆိုသလို ထောက်ပြပြုပြင်ဖို့ ပြောခဲ့ရေးခဲ့ပေမယ့်လည်း မထူးခဲ့တာ မကြာခင်ကအထိပါဘဲ။

ယခု ကျပ်တစ်ထောင်တန်ထီ ထွက်တဲ့အခါမှာ မဖြစ်မနေဝယ်ရတဲ့ ထီပမာဏကြောင့် နစ်နာမှုတွေကို စီမံ/ ဘဏ္ဍာဝန်ကြီးထံ  စုပေါင်းလက်မှတ်ထိုးတင်မယ်ဆိုတဲ့ သတင်းက ပုဂ္ဂုလိက သတင်းစာတစ်စောင်မှာ မတ် ၁၂ ရက်က ပါလာခဲ့တာပါ။ပြည်သူတွေ နစ်နာတုံးက ဘာအသံမှမထွက်ဘဲ ဈေးပိုရောင်းတဲ့အခါ တိုင်ရင်တောင် အရေးယူဖို့ ဥပဒေမရှိသေးဘူးဆိုတဲ့ အဖြေကနေ လုပ်ငန်းရှင်တွေ နစ်နာတဲ့အခါ အာဏာပိုင်တွေက ဘယ်လိုအချိန်မဆိုင်းဘဲ လုပ်ပေးမလဲဆိုတာ စောင့်ကြည့်ရမယ့် စရာပါ။

သတင်းထဲမှာတော့  ထီလက်မှတ်နှစ်မျိုး အပြိုင်ရောင်းချဖွင့်လှစ်မှုကြောင့် မတ်လတွင်လည်း ငွေကြေးဆုံးရှုံးမှု ဆက်လက်ဖြစ်ပေါ်နေလို့ ဧပြီအတွက် ရောင်းချမည့် ထီနှစ်မျိုးအနက် ကျပ် ၅၀၀ တန်ထီကို ထုတ်ယူနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။နဂိုကတည်းက စီးပွားရေးလုပ်ရာမှာ မမျှော်မှန်းနိုင်တဲ့ ဆုံးရှုံးမှုကို ထည့်တွက်ထားရမှာ စီးပွားရေးလုပ်ငန်းရဲ့ သဘောသဘာဝပါဘဲ။သာတုန်းက ကုန်းတုပ်ပြီးတော့မှ နာမှ စာနာပါဆိုတဲ့ စိတ်နဲ့ဆို နှစ်သုံးလေးဆယ်ကျော် အလှီးခံလိုက်ရတဲ့ ပြည်သူတွေအတွက် အခံဘက်ကကြီးပါဘဲ။

ဒီအတွက် အောင်ဘာလေထီလုပ်ငန်းဘက်က လျှောက်ထားပြီး မထုတ်တဲ့ ထီအတွက် တင်ထားတဲ့ အပေါင်ငွေကြေးကို သိမ်းမလား၊ လုပ်ငန်းရှင်တွေဘက်ဘဲကြည့်ပြီး လျစ်လှူပေးမလားဆိုတာ စောင့်ကြည့်ရမှာပါ။ထိုက်သင့်တဲ့ အမြတ်ထက် ပိုလိုချင်တဲ့ ထီခရိုနီတွေကို ပြည်သူတွေက တင်မြှောက်လိုက်လို့ အစိုးရဖြစ်လာတဲ့ NLD အစိုးရ ဘယ်လိုကိုင်တွယ်မလဲဆိုတာ ပြည်သူတွေက စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။

အဆိုပါသတင်းက ယခုတစ်ပတ်မှာ စတင်ခဲ့တဲ့ ယူရို ၅၁ သန်းတန်ကျော် တန်ဖိုးရှိတဲ့ တန်ဖိုးကြီး ကျောက်စိမ်းတွဲတွေပါတဲ့ (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတင်း၊ တရုတ်အစိုးရက နိုင်ငံတကာမှ တင်သွင်းမည့် ဆန်၊ ပြောင်းနှင့် ဂျုံ ခွဲတမ်းပမာဏကို ထုတ်ပြန်ခဲ့တဲ့ သတင်း၊ မတ်ပဲအသစ် ပေါ်ချိန်မှာ ပြည်ပအဝယ်မရှိဘဲ ဈေးမြင့်တက်နေတဲ့ သတင်း၊ စင်ကာပူ PUMA Energy ကုမ္ပဏီက သူ့အမှတ်တံဆိပ်သုံးပြီး ဆီဆိုင်ဖွင့်တဲ့သူတွေကို တရားစွဲမယ်လို့ သတင်းထုတ်ပြန်ခဲ့တဲ့ သတင်း၊ ရန်ကုန် - မန္တလေး - ညောင်ဦး - ဟဲဟိုး ခရီးစဉ်ကို ရွှေမြန်မာလေကြောင်းလိုင်းနှင့် မန်းရတနာပုံလေကြောင်းလိုင်း ပူးပေါင်းပြေးဆွဲမယ့် သတင်း၊ အမေရိကန်အခြေစိုက် GE Capital Aviation Services ထံမှ ဘိုးရင်း 737-8 MAX လေယာဉ်လေးစီးငှားရမ်းရန် အစီအစဉ်  လတ်တလောမရှိသေးတဲ့ သတင်းတွေထဲ ထီသတင်းက စိတ်ဝင်စားစရာသတင်း ဖြစ်ခဲ့ပါတယ်။

လူပြောင်းပေးဖို့ တောင်းဆိုခံရတဲ့ ရန်ဟီးလီစ်

ရန်ဟီးလီစ် ဆိုတာနဲ့ ဘယ်သူလဲဆိုတာ လတ်တလော နိုင်ငံရေးသတင်းဖတ်သူ အတော်များများ သိကြပါတယ်။လတ်တလော ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ မြန်မာနိုင်ငံအတွက် အခက်အခဲ အကျပ်အတည်း မှန်သမျှကို ဖြစ်စေအောင် လုပ်ဆောင်နေတဲ့သူ တစ်ယောက်လည်းဖြစ်လို့ မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာကို ပိတ်ထားခဲ့ရတဲ့ အထိပါဘဲ။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်က ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အကြိမ် (၄၀) ပြည့် အစည်းအဝေးမှာ ရန်ဟီးလီစ် က မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အထူးအစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ဒါ့အပြင် လူ့အခွင့်အရေးကောင်စီရဲ့ အဆိုမူကြမ်းမှာ မစ္စစ်ရန်ဟီးလီစ် ကို မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကောင်စီ အထူးကိုယ်စားလှယ်အဖြစ် သက်တမ်းတစ်နှစ်တိုးမြှင့်ရန် ထည့်သွင်းထားတာလဲ ပါဝင်ပါတယ်။

ဒီအစည်းအဝေးမှာ ရန်ဟီးလီစ် က မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုပြီး ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီတွေအရေးကို တင်ပြတာတွေ့ရပြီး တစ်ဖက်သတ်ဆန်တဲ့အတွက် ဂျီနီဗာအခြေစိုက် မြန်မာသံအမတ်က မြန်မာအစိုးရက ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။အဆိုပါအစည်းအဝေးမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာအစိုးရအနေနဲ့ ယခုနှစ်ဇွန်လအစောပိုင်းမှာ သက်တမ်းကုန်ဆုံးမည့် UNDP, UNHCR တို့နှင့် ချုပ်ဆိုထားသော သုံးပွင့်ဆိုင်စာချုပ်ကို သက်တမ်းတိုးရန် မူအားဖြင့် သဘောတူထားပေမယ့် မြန်မာနိုင်ငံ အရေးကိစ္စများနှင့် ပတ်သက်ပြီး  နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) သို့ လွှဲပြောင်းရန် မည်သည့်တောင်းဆိုမှုကိုမဆို လက်ခံမှာမဟုတ်ဘဲ  ရောမစာချုပ်ကို လက်မှတ်ရေးထိုးမထားလို့ ICC တရားရုံးအနေနဲ့ မည်သည့်အခြေအနေတွင်မဆို မြန်မာကို တရားစီရင်ပိုင်ခွင့်မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ဒါ့အပြင် အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီးလီစ် အစား အထူးအစီရင်ခံစာ တင်သွင်းသူအသစ် လဲပေးဖို့ပါလို့ တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာမှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး ဖိအားတွေပေးနေသလို  ပြည်တွင်းမှာလဲ လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တွန်းတိုက်မှုတွေ အခြေအတင်ဖြစ်မှုတွေ ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဘက်က တင်သွင်းတဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို ဥပဒေကြမ်း လေ့လာစိစစ် ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်ထဲကနေ ဆောင်ရွက်ဖို့ အစီရင်ခံထဲ ထည့်သွင်းခဲ့ပါတယ်။ဒီလိုထည့်သွင်းခဲ့တဲ့အပေါ် သဘောမတူသူတွေရှိတဲ့အတွက် လွှတ်တော်ထဲ ဆွေးနွေးခဲ့ရာမှာ ပြည်ခိုင်ဖြိုးပါတီဘက်က လက်ရှိဆောင်ရွက်ချက်များသည် ဥပဒေနှင့်မညီကြောင်း တင်ပြပြီး လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးဖြင့် ဖွဲ့စည်းထားသည့် ကော်မတီကိုလည်း ဥပဒေဖြင့်မညီဘူးဆိုကာ ဖျက်သိမ်းရန် တင်ပြခဲ့တာ တွေ့ရပါတယ်။

ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း လေ့လာစိစစ် ပူးပေါင်းကော်မတီ၏  အစီရင်ခံစာနှင့် ပတ်သက်ပြီး  ဥပဒေနှင့်မညီဟု ထပ်ခါထပ်ခါ ကန့်ကွက်နေခြင်းတွေကို မတ် ၁၂ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ  NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်ဥပဒေ၊ နည်းဥပဒေများ ကိုးကားပြီး ထောက်ပြဆွေးနွေးခဲ့ပြီး NLD လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးတင်ထွေး က လွှတ်တော်ကိုယ်စားလှယ်အချို့ ဆွေးနွေးတာက လွှတ်တော်ဂုဏ်သိက္ခာ ထိပါးစေခြင်း၊ လွှတ်တော်တွင်း ဆောင်ရွက်ချက်များကို အထင်မှား၊ အမြင်မှား ဖြစ်စေတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း အရေးယူဖို့ အကြံပြုခဲ့တာကို တွေ့ရပါတယ်။

အဆိုပါရက်များအတွင်း ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးတွေမှာ လွှတ်တော်များတွင် ပါဝင်နေသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို တစ်ဆင့်ချင်း လျှော့ချနိုင်ရေးနဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပတ်သက်ပြီး ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ဖို့ကိုလည်း ဆွေးနွေးခဲ့ပါတယ်။မတ် ၉ ရက်နေ့က ရန်ကုန်မှာ အမျိုးသားရေးလှုပ်ရှားသူတွေဘက်က ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေး ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်တဲ့အခါ  စည်ပင်သာယာ ရွေးကောက်ပွဲဝင်မယ့် အလှမယ် ထက်ထက်ထွန်း ရဲ့ မဲဆွယ်ချိန်နဲ့ နေရာပါ တိုက်နေလို့ ထက်ထက်ထွန်း ဘက်က ရွှေ့ပေးခဲ့ရပါတာတွေလည်း ဖြစ်ခဲ့ပါတယ်။ဒီပွဲမှာ ထုံးစံအတိုင်း အမျိုးသားရေး လှုပ်ရှားသူ အမည်ထံတွေဘဲ တက်ရောက်ခဲ့ကြပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ထဲက လုပ်ဆောင်မှုက ဘာတွေထူးလာမလဲ၊ လွှတ်တော်ထဲနဲ့ ပြင်ပမှာ ဘယ်လိုအခက်အခဲတွေ ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းတွေက အကျဉ်းသားအချင်းချင်း အုပ်ချုပ်ခိုင်းသည့်စနစ် မထားရှိဖို့ သမ္မတထံ တင်ပြဖို့ရှိတယ်လို့   မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် AAPP တို့ တွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြတဲ့ သတင်း၊ ဟံသာဝတီ ဦးဝင်းတင် သက်ရှိထင်ရှားရှိစဉ်အချိန်ထက် ရန်ပုံငွေရရှိမှု လျော့နည်းလာလို့ စေတနာရှင်များအနေဖြင့် ကူညီအားဖြည့်ပေးကြရန် ဖောင်ဒေးရှင်းက မေတ္တာရပ်ခံခဲ့တဲ့ သတင်း၊ ရိုက်တာသတင်းထောက်နှစ်ဦး အမှုနှင့် ပတ်သက်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ဒုရဲမှူးဟောင်း မိုးရန်နိုင် ကို 7Day Hero ဆု ပေးအပ်ခဲ့တဲ့ သတင်း၊ မတ်လ ၃၁ ရက်နေမှ ကျင်းပမယ့် စည်ပင်သာယာရွေးကောက်ပွဲအတွက် အပြိုင်အဆိုင် မဲဆွယ်နေကြတဲ့ သတင်း၊ အမျိုးသားလွှတ်တော် တိုင်ကြားစာဆိုင်ရာ ကော်မတီထံ နှစ်နှစ်အတွင်း တိုင်ကြားမှုထဲမှာ ရဲတပ်ဖွဲ့နဲ့ အကျဉ်းဦးစီးဌာနက အများဆုံးဖြစ်နေတဲ့ သတင်း၊ အဂတိတိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲကို ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းမှာ မတ် ၁၆ ရက် ဖွင့်မယ့် သတင်း၊ ကျိုက်ထိုမြို့နယ်ထဲ တပ်ပိုင်မြေသိမ်းစဉ်က လျော်ကြေးပေးရာမှာ ထုတ်ယူမှုမရှိလို့ လျော်ကြေးထပ်ပေးချေဖို့ မရှိဘူးလို့ ကာကွယ်ရေး ဒု-ဝန်ကြီးက လွှတ်တော်မှာ ပြောခဲ့တဲ့ သတင်း၊ စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်စေတီတော်ကို အဖြူရောင်ဆေးသင်္ကန်း ပြန်လည်ကပ်လှူမှု မတ်လ ၁၀ ရက်က ပြီးစီးခဲ့တဲ့ သတင်း၊ ပြည်သူ့လွှတ်တေ်ာထဲမှာ ရုံးသုံးစာထဲ တစ်ချောင်းငင် အရှည်နှင့် အတို သုံးစွဲမှု ပြင်ပေးဖို့ ထီးချိုင် လွှတ်တော်ကိုယ်စားလှယ်က မေးခဲ့တဲ့ သတင်းထဲ သတိထားစရာ သတင်းဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
မတ် - ၁၅
Photo Credit - Tanintharyi Region

( Zawgyi )

ယခုတစ္ပတ္သတင္းေတြထဲ စိတ္ဝင္စားမႈအရွိဆုံးျဖစ္ခဲ့တဲ့ သတင္းက တနသာရႌဝန္ႀကီးခ်ဳပ္ သတင္းနဲ႔ လႊတ္ေတာ္ထဲမွာ အေျခအတင္ျဖစ္ခဲ့တဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး သတင္းေတြပါဘဲ။ဒီသတင္းေတြနဲ႔အၿပိဳင္ ထီလုပ္ငန္းရွင္ေတြက ဆုံးရႈံးနစ္နာတဲ့အတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနကို လက္မွတ္ေရးထိုးတင္မယ္ဆိုတဲ့ သတင္းေတြ၊ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ ရန္ဟီးလီးစ္ ကို လူစားလဲေပးဖို႔ ျမန္မာအစိုးရက ေတာင္းဆိုခဲ့တဲ့ သတင္းေတြလည္း ယခုတစ္ပတ္မွာ သတင္းဖတ္သူေတြကို သတိထားမိေစခဲ့ပါတယ္။

ဘယ္သူက ငါးႀကီးႀကီးေၾကာ္ေစခဲ့တာလဲ

ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ အမ်ားျပည္သူၾကား သတိထားမိတဲ့ တနသၤာရီဝန္ႀကီးခ်ဳပ္ ေဒၚလဲ့လဲ့ေမာ္ ကို အဂတိလိုက္စားမႈနဲ႔ အေရးယူခဲ့တဲ့ သတင္းက ယခုတစ္ပတ္ရဲ႕ ထိပ္တန္းသတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

အဂတိလိုက္စားမႈနဲ႔ ပတ္သက္ၿပီး ယခုတစ္ပတ္ထဲမွာ တနသာရႌဝန္ႀကီးခ်ဳပ္ ေဒၚလဲ့လဲ့ေမာ္ ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က အေရးယူခဲ့ပါတယ္။အဂတိလိုက္စားမႈ ရွိတယ္ဆိုၿပီး အသံထြက္ေနတာၾကာၿပီျဖစ္တဲ့  တနသၤာရီဝန္ႀကီးခ်ဳပ္ကိစၥမွာ  အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က သိန္းေလးေထာင္ ကုန္က်ခဲ့တဲ့ ထားဝယ္ေလယာဥ္ကြင္း ခ်ဳံရွင္းတဲ့ကိစၥ၊ တိုင္းလမ္းဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးအား ခင္ပြန္းျဖစ္သူ အမည္လႊဲျဖင့္ ဝယ္ယူထားသည့္ေျမအား ၿခံခတ္ခိုင္းသည့္ကိစၥ၊ ေနအိမ္အား အဆမတန္ေဈးျမႇင့္ကာ လုပ္ပိုင္ခြင့္ေပးထားသည့္ GGS ကုမၸဏီသို႔ ေရာင္းခ်ခဲ့သည့္ကိစၥ၊ ထားဝယ္ခ႐ိုင္အတြင္း လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရာင္းခ်သည့္ GGS ကုမၸဏီႏွင့္ သေဘာတူစာခ်ဳပ္တြင္ စာခ်ဳပ္ပါအတိုင္း လုပ္ေဆာင္ရန္ ႀကီးၾကပ္ရန္ ပ်က္ကြက္သည့္ ကိစၥေတြနဲ႔ ပတ္သက္ၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က ဝန္ႀကီးခ်ဳပ္ ေဒါက္တာလဲ့လဲ့ေမာ္ ႏွင့္ GGS ကုမၸဏီ တာဝန္ရွိသူသုံးဦးကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ ျဖင့္ ထားဝယ္ၿမိဳ႕မရဲစခန္းမွာ အမႈေလးမႈဖြင့္ၿပီး ထိန္းသိမ္းခဲ့တာပါ။

ဒီအတြက္ ျမန္မာႏိုင္ငံေရးေလာကႏွင့္ သာမန္အရပ္သား ျပည္သူမ်ားၾကားမွာပါ ႐ိုက္ခတ္မႈရွိခဲ့ပါတယ္။ႏိုင္ငံေတာ္အဆင့္ရွိတဲ့သူ တာဝန္ရွိတဲ့သူတစ္ဦးကို အဂတိလိုက္စားမႈနဲ႔ အေရးယူတဲ့အတြက္ က်ဆင္းေနတဲ့ ပါတီပုံရိပ္နဲ႔ အစိုးရပုံရိပ္က အမ်ားႀကီးထိုးတက္ခဲ့ပါတယ္။အထူးသျဖင့္ နာမည္ပ်က္မ်ားစြာရွိေနသလို စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔လည္း လုံးေထြးေနတဲ့ ပါတီထဲက တာဝန္ရွိသူေတြ၊ ျပည္နယ္တိုင္းနဲ႔ အစိုးရအဖြဲ႕ေတြမွာ တာဝန္ယူေနသူေတြအဖို႔ ဒီအေရးယူမႈက တုန္လႈပ္စရာျဖစ္ခဲ့ပါတယ္။

တနသာရႌဝန္ႀကီးခ်ဳပ္ကို အေရးယူၿပီးေနာက္ တစ္ရက္မွာ သမၼတ႐ုံးက ရာထူးကရပ္စဲတဲ့ စာထုတ္ခဲ့သလို ၎ေနရာကို အစဥ္အလာအရ တနသၤာရီတိုင္း လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာ ဝန္ႀကီးက ယာယီတာဝန္ယူခဲ့ပါတယ္။ဒီေနာက္မွာ တိုင္းအစိုးရအဖြဲ႕ သယံဇာတႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ဦးျမင့္ေမာင္ ကို ေခတၱဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ၿပီး တာဝန္မ်ား ပူးတြဲထမ္းေဆာင္ရန္ သမၼတ႐ုံးက စာထုတ္ခဲ့ပါတယ္။

အဂတိလိုက္စားမႈနဲ႔ အေရးယူခံရတဲ့ ေဒါက္တာေဒၚလဲ့လဲ့ေမာ္ နဲ႔ GGS ကုမၸဏီ တာဝန္ရွိသူသုံးဦးကို ေကာ့ေသာင္းမွာ ယာယီထိန္းသိမ္းခဲ့ၿပီး ေကာ့ေသာင္းၿမိဳ႕နယ္ တရား႐ုံးတြင္ ခ်ဳပ္ရက္ရမန္ယူကာ ထားဝယ္အက်ဥ္းေထာင္မွာ ခ်ဳပ္ေႏွာင္ထားခဲ့ပါတယ္။႐ုံးခ်ိန္းကို မတ္လ ၂၅ ရက္တြင္ ခ်ိန္းဆိုထားပါတယ္။

တနသာရႌဝန္ႀကီးခ်ဳပ္ ေဒါက္တာေဒၚလဲ့လဲ့ေမာ္ နဲ႔ GGS ကုမၸဏီက MD ဦးသိန္းေထြး၊ ဒါ႐ိုက္တာ ဦးေအာင္ျမတ္ ႏွင့္ ဦးသူရအုံ တို႔ကို ဖမ္းဆီးတဲ့ညမွာဘဲ ထားဝယ္ၿမိဳ႕တစ္ခုလုံး လွ်ပ္စစ္မီးျပတ္ေတာက္ခဲ့လို႔  အမ်ားျပည္သူၾကား သံသယေတြႀကီးမားခဲ့ေပမယ့္ ဒီလိုျဖစ္တာ အျခားအေၾကာင္းေၾကာင့္ မဟုတ္ဘဲ ထရန္စေဖာ္မာတစ္ခု ေရွာ့ခ္ျဖစ္ၿပီး ဘရိတ္ကာတစ္ခု က်သြားလို႔ ျဖစ္တာလို႔ ဆိုပါတယ္။

တနသာရႌဝန္ႀကီးခ်ဳပ္ကို အဂတိလိုက္စားမႈနဲ႔ ပတ္သက္ၿပီး အေရးယူတဲ့အေပၚ ပါတီနဲ႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြဘက္က မွတ္ခ်က္ျပဳဖို႔ ျငင္းဆန္ခဲ့ေပမယ့္ ႏိုင္ငံေတာ္သမၼတ႐ုံးကေတာ့  အဂတိလိုက္စားမႈအေပၚ လုံးဝခြင့္လႊတ္မွာ မဟုတ္ဘူးလို႔  ေျပာၾကားထားတဲ့အတိုင္း သည္းခံ၊ ခြင့္လႊတ္ဖို႔ မူဝါဒမရွိဘူးလို႔ မတ္ ၁၀ ရက္က ေျပာခဲ့ပါတယ္။

လက္ရွိမွာ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ႏွင့္ GGS ကုမၸဏီဒါ႐ိုက္တာ ဦးေအာင္ျမတ္ တို႔ကို ထားဝယ္အက်ဥ္းေထာင္သို႔ ပို႔ေဆာင္ထားၿပီး ဦးသိန္းေထြး ႏွင့္ ဦးသူရအုံ တို႔ကို ရန္ကုန္ၿမိဳ႕ရွိ ရန္ကင္းၿမိဳ႕နယ္ရဲစခန္းႏွင့္ တာေမြၿမိဳ႕နယ္ရဲစခန္းတို႔တြင္ တစ္ဦးစီ ခ်ဳပ္ေႏွာင္စစ္ေဆးေနကာ လာမည့္ မတ္ ၂၅ ရက္တြင္ ထားဝယ္တရား႐ုံးတြင္ စတင္႐ုံးထုတ္ စစ္ေဆးေတာ့မွာ ျဖစ္ပါတယ္။
ဒီလိုစစ္ေဆးတဲ့အခါ ဘာေတြေပၚေပါက္လာဦးမလဲ၊ ဘယ္သူေတြ တစ္ႏြယ္ငင္တစ္စဥ္ပါ ဆိုသလို ဆက္လက္ၿငိစြန္းၿပီး အဖမ္းခံရဦးမလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

အဆိုပါသတင္းက ယခုတစ္ပတ္မွာျဖစ္ခဲ့တဲ့ စိတ္ဝင္စားစရာ မႈခင္းေတြထဲက ေဟာင္ေကာင္သို႔ ထြက္ခြာမည့္ ႏိုင္ငံျခားသားသုံးဦးဆီက က်ပ္သိန္းတစ္ေသာင္းေက်ာ္ တန္ဖိုးရွိတဲ့ မူးယစ္ေဆးဝါးေတြ ဖမ္းဆီးရမိတဲ့ သတင္း၊ မိုးထိမိုးမိ ေ႐ႊတူးေဖာ္ေရး လုပ္ကြက္အတြင္း တာဝန္ထမ္းေဆာင္ေနတဲ့ သတၱဳတြင္းဝန္ထမ္းေတြနဲ႔ အျခားသူေတြကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က ေခၚယူစစ္ေဆးေနတဲ့ သတင္း၊ ရန္ကုန္တိုင္း ရွစ္ၿမိဳ႕နယ္မွာ Wave Money နဲ႔ အၿငိမ္းစားပင္စင္လစာ စတင္ထုတ္ယူႏိုင္ၿပီလို႔ စီမံ/ဘ႑ာ ဒု-ဝန္ႀကီးက ေျပာလိုက္တဲ့ သတင္း၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ပို႔မည့္ က်ပ္သိန္းသုံးေထာင္ေက်ာ္ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား တစ္သိန္းခြဲေက်ာ္နဲ႔ ဘဂၤါလီႏွစ္ဦးကို နတ္ျမစ္အတြင္း ဦးေစာလွကြၽန္းအနီးမွာ ေလွတစ္စီးႏွင့္အတူ ဖမ္းဆီးရမိတဲ့ သတင္းေတြထဲ တနသၤာရီဝန္ႀကီးခ်ဳပ္ အဖမ္းခံရတဲ့ သတင္းက ဒီတစ္ပတ္ရဲ႕ ထိပ္တန္းသတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ကိုယ္ထိမွ နာတတ္တဲ့ ထီ

ယခုတစ္ပတ္ စီးပြားေရးေနာက္ခံ သတင္းေတြထဲမွာ စိတ္ဝင္စားစရာ သတင္းေတြ ရွိခဲ့ပါတယ္။အထူးသျဖင့္ ထီသတင္းပါ။

ၿပီးခဲ့တဲ့ ေဖေဖၚဝါရီလက စခဲ့တဲ့ က်ပ္တစ္ေထာင္တန္ထီ ေရာင္းခ်မႈမွာ နဂို ၅၀၀ က်ပ္တန္ထီပါ ေရာင္းခ်ရတဲ့အတြက္  ထီကံစမ္းသူေတြက ၅၀၀ တန္ထီအေပၚ စိတ္ဝင္စားမႈနည္းတဲ့အတြက္ ထီေတြက်န္ၿပီး ဆုံးရႈံးတယ္ဆိုကာ  ထီလုပ္ငန္းရွင္ေတြဘက္က အသံထြက္လာခဲ့ပါတယ္။

ျမန္မာႏိုင္ငံ ထီေလာကကို ခ်ဳပ္ကိုင္ထားတဲ့သူေတြဘက္က ယခုလို ထြက္လာတဲ့အသံေၾကာင့္ အမ်ားျပည္သူၾကားမွာ ေဝဖန္သံညံခဲ့ပါတယ္။အစိုးရေဈးထက္ ပိုၿပီးေပးထိုးရတဲ့ ဆယ္စုႏွစ္ေပါင္း သုံးေလးခုမွာ ထီလုပ္ငန္းရွင္ေတြ အမ်ိဳးမ်ိဳးနဲ႔ ထီကံစမ္းတဲ့ ျပည္သူေတြလက္ထဲကေန ႏႈိက္ယူတဲ့ ေငြပမာဏက မနည္းမေနာပါဘဲ။ဒါကို ျပည္သူေတြနဲ႔ သတင္းသမားေတြ၊ တက္ႂကြလႈပ္ရွားသူေတြဘက္က မၾကာခဏဆိုသလို ေထာက္ျပျပဳျပင္ဖို႔ ေျပာခဲ့ေရးခဲ့ေပမယ့္လည္း မထူးခဲ့တာ မၾကာခင္ကအထိပါဘဲ။

ယခု က်ပ္တစ္ေထာင္တန္ထီ ထြက္တဲ့အခါမွာ မျဖစ္မေနဝယ္ရတဲ့ ထီပမာဏေၾကာင့္ နစ္နာမႈေတြကို စီမံ/ ဘ႑ာဝန္ႀကီးထံ  စုေပါင္းလက္မွတ္ထိုးတင္မယ္ဆိုတဲ့ သတင္းက ပုဂၢဳလိက သတင္းစာတစ္ေစာင္မွာ မတ္ ၁၂ ရက္က ပါလာခဲ့တာပါ။ျပည္သူေတြ နစ္နာတုံးက ဘာအသံမွမထြက္ဘဲ ေဈးပိုေရာင္းတဲ့အခါ တိုင္ရင္ေတာင္ အေရးယူဖို႔ ဥပေဒမရွိေသးဘူးဆိုတဲ့ အေျဖကေန လုပ္ငန္းရွင္ေတြ နစ္နာတဲ့အခါ အာဏာပိုင္ေတြက ဘယ္လိုအခ်ိန္မဆိုင္းဘဲ လုပ္ေပးမလဲဆိုတာ ေစာင့္ၾကည့္ရမယ့္ စရာပါ။

သတင္းထဲမွာေတာ့  ထီလက္မွတ္ႏွစ္မ်ိဳး အၿပိဳင္ေရာင္းခ်ဖြင့္လွစ္မႈေၾကာင့္ မတ္လတြင္လည္း ေငြေၾကးဆုံးရႈံးမႈ ဆက္လက္ျဖစ္ေပၚေနလို႔ ဧၿပီအတြက္ ေရာင္းခ်မည့္ ထီႏွစ္မ်ိဳးအနက္ က်ပ္ ၅၀၀ တန္ထီကို ထုတ္ယူႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ ဆိုထားပါတယ္။နဂိုကတည္းက စီးပြားေရးလုပ္ရာမွာ မေမွ်ာ္မွန္းႏိုင္တဲ့ ဆုံးရႈံးမႈကို ထည့္တြက္ထားရမွာ စီးပြားေရးလုပ္ငန္းရဲ႕ သေဘာသဘာဝပါဘဲ။သာတုန္းက ကုန္းတုပ္ၿပီးေတာ့မွ နာမွ စာနာပါဆိုတဲ့ စိတ္နဲ႔ဆို ႏွစ္သုံးေလးဆယ္ေက်ာ္ အလွီးခံလိုက္ရတဲ့ ျပည္သူေတြအတြက္ အခံဘက္ကႀကီးပါဘဲ။

ဒီအတြက္ ေအာင္ဘာေလထီလုပ္ငန္းဘက္က ေလွ်ာက္ထားၿပီး မထုတ္တဲ့ ထီအတြက္ တင္ထားတဲ့ အေပါင္ေငြေၾကးကို သိမ္းမလား၊ လုပ္ငန္းရွင္ေတြဘက္ဘဲၾကည့္ၿပီး လ်စ္လႉေပးမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။ထိုက္သင့္တဲ့ အျမတ္ထက္ ပိုလိုခ်င္တဲ့ ထီခ႐ိုနီေတြကို ျပည္သူေတြက တင္ေျမႇာက္လိုက္လို႔ အစိုးရျဖစ္လာတဲ့ NLD အစိုးရ ဘယ္လိုကိုင္တြယ္မလဲဆိုတာ ျပည္သူေတြက ေစာင့္ၾကည့္ေနမွာ ျဖစ္ပါတယ္။

အဆိုပါသတင္းက ယခုတစ္ပတ္မွာ စတင္ခဲ့တဲ့ ယူ႐ို ၅၁ သန္းတန္ေက်ာ္ တန္ဖိုးရွိတဲ့ တန္ဖိုးႀကီး ေက်ာက္စိမ္းတြဲေတြပါတဲ့ (၅၆) ႀကိမ္ေျမာက္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲ သတင္း၊ တ႐ုတ္အစိုးရက ႏိုင္ငံတကာမွ တင္သြင္းမည့္ ဆန္၊ ေျပာင္းႏွင့္ ဂ်ဳံ ခြဲတမ္းပမာဏကို ထုတ္ျပန္ခဲ့တဲ့ သတင္း၊ မတ္ပဲအသစ္ ေပၚခ်ိန္မွာ ျပည္ပအဝယ္မရွိဘဲ ေဈးျမင့္တက္ေနတဲ့ သတင္း၊ စင္ကာပူ PUMA Energy ကုမၸဏီက သူ႔အမွတ္တံဆိပ္သုံးၿပီး ဆီဆိုင္ဖြင့္တဲ့သူေတြကို တရားစြဲမယ္လို႔ သတင္းထုတ္ျပန္ခဲ့တဲ့ သတင္း၊ ရန္ကုန္ - မႏၲေလး - ေညာင္ဦး - ဟဲဟိုး ခရီးစဥ္ကို ေ႐ႊျမန္မာေလေၾကာင္းလိုင္းႏွင့္ မန္းရတနာပုံေလေၾကာင္းလိုင္း ပူးေပါင္းေျပးဆြဲမယ့္ သတင္း၊ အေမရိကန္အေျခစိုက္ GE Capital Aviation Services ထံမွ ဘိုးရင္း 737-8 MAX ေလယာဥ္ေလးစီးငွားရမ္းရန္ အစီအစဥ္  လတ္တေလာမရွိေသးတဲ့ သတင္းေတြထဲ ထီသတင္းက စိတ္ဝင္စားစရာသတင္း ျဖစ္ခဲ့ပါတယ္။

လူေျပာင္းေပးဖို႔ ေတာင္းဆိုခံရတဲ့ ရန္ဟီးလီစ္

ရန္ဟီးလီစ္ ဆိုတာနဲ႔ ဘယ္သူလဲဆိုတာ လတ္တေလာ ႏိုင္ငံေရးသတင္းဖတ္သူ အေတာ္မ်ားမ်ား သိၾကပါတယ္။လတ္တေလာ ကမာၻ႔ႏိုင္ငံေရးအခင္းအက်င္းမွာ ျမန္မာႏိုင္ငံအတြက္ အခက္အခဲ အက်ပ္အတည္း မွန္သမွ်ကို ျဖစ္ေစေအာင္ လုပ္ေဆာင္ေနတဲ့သူ တစ္ေယာက္လည္းျဖစ္လို႔ ျမန္မာအစိုးရက ျပည္ဝင္ခြင့္ဗီဇာကို ပိတ္ထားခဲ့ရတဲ့ အထိပါဘဲ။

ၿပီးခဲ့တဲ့ မတ္လ ၁၁ ရက္က ဂ်ီနီဗာၿမိဳ႕မွာ က်င္းပတဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ၏ အႀကိမ္ (၄၀) ျပည့္ အစည္းအေဝးမွာ ရန္ဟီးလီစ္ က ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး အထူးအစီရင္ခံစာ တင္သြင္းခဲ့ပါတယ္။ဒါ့အျပင္ လူ႔အခြင့္အေရးေကာင္စီရဲ႕ အဆိုမူၾကမ္းမွာ မစၥစ္ရန္ဟီးလီစ္ ကို ျမန္မာႏိုင္ငံဆိုင္ရာ ကုလလူ႔အခြင့္အေရးေကာင္စီ အထူးကိုယ္စားလွယ္အျဖစ္ သက္တမ္းတစ္ႏွစ္တိုးျမႇင့္ရန္ ထည့္သြင္းထားတာလဲ ပါဝင္ပါတယ္။

ဒီအစည္းအေဝးမွာ ရန္ဟီးလီစ္ က ျမန္မာႏိုင္ငံ လူ႔အခြင့္အေရး အေျခအေနဆိုၿပီး ဘဂၤလားေဒ့ရွ္ေရာက္ ဘဂၤါလီေတြအေရးကို တင္ျပတာေတြ႕ရၿပီး တစ္ဖက္သတ္ဆန္တဲ့အတြက္ ဂ်ီနီဗာအေျခစိုက္ ျမန္မာသံအမတ္က ျမန္မာအစိုးရက ပူးေပါင္းေဆာင္႐ြက္မွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။အဆိုပါအစည္းအေဝးမွာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း က ျမန္မာအစိုးရအေနနဲ႔ ယခုႏွစ္ဇြန္လအေစာပိုင္းမွာ သက္တမ္းကုန္ဆုံးမည့္ UNDP, UNHCR တို႔ႏွင့္ ခ်ဳပ္ဆိုထားေသာ သုံးပြင့္ဆိုင္စာခ်ဳပ္ကို သက္တမ္းတိုးရန္ မူအားျဖင့္ သေဘာတူထားေပမယ့္ ျမန္မာႏိုင္ငံ အေရးကိစၥမ်ားႏွင့္ ပတ္သက္ၿပီး  ႏိုင္ငံတကာ ရာဇဝတ္မႈခုံ႐ုံး (ICC) သို႔ လႊဲေျပာင္းရန္ မည္သည့္ေတာင္းဆိုမႈကိုမဆို လက္ခံမွာမဟုတ္ဘဲ  ေရာမစာခ်ဳပ္ကို လက္မွတ္ေရးထိုးမထားလို႔ ICC တရား႐ုံးအေနနဲ႔ မည္သည့္အေျခအေနတြင္မဆို ျမန္မာကို တရားစီရင္ပိုင္ခြင့္မရွိဘူးလို႔ တုံ႔ျပန္ခဲ့ပါတယ္။ဒါ့အျပင္ အထူးအစီရင္ခံစာ တင္သြင္းသူ မစၥစ္ရန္ဟီးလီစ္ အစား အထူးအစီရင္ခံစာ တင္သြင္းသူအသစ္ လဲေပးဖို႔ပါလို႔ ေတာင္းဆိုခဲ့ပါတယ္။

ႏိုင္ငံတကာမွာ ျမန္မာအေရးနဲ႔ ပတ္သက္ၿပီး ဖိအားေတြေပးေနသလို  ျပည္တြင္းမွာလဲ လႊတ္ေတာ္အတြင္း ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီး တြန္းတိုက္မႈေတြ အေျခအတင္ျဖစ္မႈေတြ ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့ပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီဘက္က တင္သြင္းတဲ့ ပုဒ္မ ၂၆၁ ျပင္ဆင္ေရးဆိုင္ရာ ဥပေဒၾကမ္းကို ဥပေဒၾကမ္း ေလ့လာစိစစ္ ပူးေပါင္းေကာ္မတီက ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီရဲ႕ လုပ္ငန္းစဥ္ထဲကေန ေဆာင္႐ြက္ဖို႔ အစီရင္ခံထဲ ထည့္သြင္းခဲ့ပါတယ္။ဒီလိုထည့္သြင္းခဲ့တဲ့အေပၚ သေဘာမတူသူေတြရွိတဲ့အတြက္ လႊတ္ေတာ္ထဲ ေဆြးေႏြးခဲ့ရာမွာ ျပည္ခိုင္ၿဖိဳးပါတီဘက္က လက္ရွိေဆာင္႐ြက္ခ်က္မ်ားသည္ ဥပေဒႏွင့္မညီေၾကာင္း တင္ျပၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ ၄၅ ဦးျဖင့္ ဖြဲ႕စည္းထားသည့္ ေကာ္မတီကိုလည္း ဥပေဒျဖင့္မညီဘူးဆိုကာ ဖ်က္သိမ္းရန္ တင္ျပခဲ့တာ ေတြ႕ရပါတယ္။

ပုဒ္မ ၂၆၁ ျပင္ဆင္ေရးဆိုင္ရာ ဥပေဒၾကမ္း ေလ့လာစိစစ္ ပူးေပါင္းေကာ္မတီ၏  အစီရင္ခံစာႏွင့္ ပတ္သက္ၿပီး  ဥပေဒႏွင့္မညီဟု ထပ္ခါထပ္ခါ ကန႔္ကြက္ေနျခင္းေတြကို မတ္ ၁၂ ရက္က ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ  NLD လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက လႊတ္ေတာ္ဥပေဒ၊ နည္းဥပေဒမ်ား ကိုးကားၿပီး ေထာက္ျပေဆြးေႏြးခဲ့ၿပီး NLD လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးျဖစ္တဲ့ ဦးတင္ေထြး က လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ ေဆြးေႏြးတာက လႊတ္ေတာ္ဂုဏ္သိကၡာ ထိပါးေစျခင္း၊ လႊတ္ေတာ္တြင္း ေဆာင္႐ြက္ခ်က္မ်ားကို အထင္မွား၊ အျမင္မွား ျဖစ္ေစတဲ့အတြက္ ျပည္ေထာင္စုလႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒပါ ျပ႒ာန္းခ်က္မ်ားအတိုင္း အေရးယူဖို႔ အႀကံျပဳခဲ့တာကို ေတြ႕ရပါတယ္။

အဆိုပါရက္မ်ားအတြင္း က်င္းပတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ အစည္းအေဝးေတြမွာ လႊတ္ေတာ္မ်ားတြင္ ပါဝင္ေနသည့္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ အေရအတြက္ကို တစ္ဆင့္ခ်င္း ေလွ်ာ့ခ်ႏိုင္ေရးနဲ႔ ႏိုင္ငံေတာ္သမၼတ အရည္အခ်င္းႏွင့္ ပတ္သက္ၿပီး ကန႔္သတ္ထားတဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒပုဒ္မ ၅၉ (စ) ကို ပယ္ဖ်က္ဖို႔ကိုလည္း ေဆြးေႏြးခဲ့ပါတယ္။မတ္ ၉ ရက္ေန႔က ရန္ကုန္မွာ အမ်ိဳးသားေရးလႈပ္ရွားသူေတြဘက္က ပုဒ္မ ၅၉ (စ) ကာကြယ္ေစာင့္ေရွာက္ေရး ဆႏၵထုတ္ေဖာ္ပြဲကို ျပဳလုပ္တဲ့အခါ  စည္ပင္သာယာ ေ႐ြးေကာက္ပြဲဝင္မယ့္ အလွမယ္ ထက္ထက္ထြန္း ရဲ႕ မဲဆြယ္ခ်ိန္နဲ႔ ေနရာပါ တိုက္ေနလို႔ ထက္ထက္ထြန္း ဘက္က ေ႐ႊ႕ေပးခဲ့ရပါတာေတြလည္း ျဖစ္ခဲ့ပါတယ္။ဒီပြဲမွာ ထုံးစံအတိုင္း အမ်ိဳးသားေရး လႈပ္ရွားသူ အမည္ထံေတြဘဲ တက္ေရာက္ခဲ့ၾကပါတယ္။

ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ လႊတ္ေတာ္ထဲက လုပ္ေဆာင္မႈက ဘာေတြထူးလာမလဲ၊ လႊတ္ေတာ္ထဲနဲ႔ ျပင္ပမွာ ဘယ္လိုအခက္အခဲေတြ ျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းေတြက အက်ဥ္းသားအခ်င္းခ်င္း အုပ္ခ်ဳပ္ခိုင္းသည့္စနစ္ မထားရွိဖို႔ သမၼတထံ တင္ျပဖို႔ရွိတယ္လို႔   ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးေကာ္မရွင္ႏွင့္ AAPP တို႔ ေတြ႕ဆုံေဆြးေႏြးပြဲမွာ ေဆြးေႏြးခဲ့ၾကတဲ့ သတင္း၊ ဟံသာဝတီ ဦးဝင္းတင္ သက္ရွိထင္ရွားရွိစဥ္အခ်ိန္ထက္ ရန္ပုံေငြရရွိမႈ ေလ်ာ့နည္းလာလို႔ ေစတနာရွင္မ်ားအေနျဖင့္ ကူညီအားျဖည့္ေပးၾကရန္ ေဖာင္ေဒးရွင္းက ေမတၱာရပ္ခံခဲ့တဲ့ သတင္း၊ ႐ိုက္တာသတင္းေထာက္ႏွစ္ဦး အမႈႏွင့္ ပတ္သက္ၿပီး လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္အတြက္ ဒုရဲမႉးေဟာင္း မိုးရန္ႏိုင္ ကို 7Day Hero ဆု ေပးအပ္ခဲ့တဲ့ သတင္း၊ မတ္လ ၃၁ ရက္ေနမွ က်င္းပမယ့္ စည္ပင္သာယာေ႐ြးေကာက္ပြဲအတြက္ အၿပိဳင္အဆိုင္ မဲဆြယ္ေနၾကတဲ့ သတင္း၊ အမ်ိဳးသားလႊတ္ေတာ္ တိုင္ၾကားစာဆိုင္ရာ ေကာ္မတီထံ ႏွစ္ႏွစ္အတြင္း တိုင္ၾကားမႈထဲမွာ ရဲတပ္ဖြဲ႕နဲ႔ အက်ဥ္းဦးစီးဌာနက အမ်ားဆုံးျဖစ္ေနတဲ့ သတင္း၊ အဂတိတိုက္ဖ်က္ေရးေကာ္မရွင္ ရန္ကုန္႐ုံးခြဲကို ဗဟန္းၿမိဳ႕နယ္ ေ႐ႊေတာင္ၾကားလမ္းမွာ မတ္ ၁၆ ရက္ ဖြင့္မယ့္ သတင္း၊ က်ိဳက္ထိုၿမိဳ႕နယ္ထဲ တပ္ပိုင္ေျမသိမ္းစဥ္က ေလ်ာ္ေၾကးေပးရာမွာ ထုတ္ယူမႈမရွိလို႔ ေလ်ာ္ေၾကးထပ္ေပးေခ်ဖို႔ မရွိဘူးလို႔ ကာကြယ္ေရး ဒု-ဝန္ႀကီးက လႊတ္ေတာ္မွာ ေျပာခဲ့တဲ့ သတင္း၊ စစ္ကိုင္းၿမိဳ႕ရွိ ေကာင္းမႈေတာ္ေစတီေတာ္ကို အျဖဴေရာင္ေဆးသကၤန္း ျပန္လည္ကပ္လႉမႈ မတ္လ ၁၀ ရက္က ၿပီးစီးခဲ့တဲ့ သတင္း၊ ျပည္သူ႔လႊတ္ေတ္ာထဲမွာ ႐ုံးသုံးစာထဲ တစ္ေခ်ာင္းငင္ အရွည္ႏွင့္ အတို သုံးစြဲမႈ ျပင္ေပးဖို႔ ထီးခ်ိဳင္ လႊတ္ေတာ္ကိုယ္စားလွယ္က ေမးခဲ့တဲ့ သတင္းထဲ သတိထားစရာ သတင္းျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
မတ္ - ၁၅
Photo Credit - Tanintharyi Region