【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 စစ်တွေနဲ့ ကိုဗစ်ဒုတိယလှိုင်း

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 စစ်တွေနဲ့ ကိုဗစ်ဒုတိယလှိုင်း

ယခုရက်သတ္တပတ်အတွင်း သတင်းတွေထဲမှာ ထိပ်ဆုံးက စိတ်ဝင်စားမှုများခဲ့တဲ့ သတင်းကတော့ စစ်တွေမှာဖြစ်နေတဲ့ ကိုဗစ်ဒုတိယလှိုင်းလို့ အမည်တပ်နေကြတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်မှုမြန်ဆန်တဲ့သတင်းပါဘဲ။ဒီသတင်းက ညတိုင်းအားလုံးစောင့်ကြည့်နေရသလို အာဏာပိုင်တွေအတွက်လည်း ခက်ခက်ခဲခဲထိန်းချုပ်နေရတဲ့ ပြဿနာပါဘဲ။
ဗိုင်းရပ်စ်ကူးစက်မှုနဲ့အတူ ပိုပြင်းထန်လာတာက ပါတီတွေရဲ့ လှုပ်ရှားမှုသတင်းပါဘဲ။ပါတီတွေဘက်က ဝေငှမှုတွေနဲ့အတူ တစ်ဘက်နဲ့ တစ်ဘက် အားပေးထောက်ခံသူတွေကြား ပုတ်ခတ်မှုတွေ တိုက်ခိုက်မှုတွေကလည်း ပိုပြင်းထန်လာတဲ့ သတင်းပါဘဲ။ဒီထဲမှာ လက်ရှိအစိုးရနဲ့ အာဏာပါတီခေါင်းဆောင်ကို စည်းလွတ်ဝါးလွတ် ဝေဖန်တိုက်ခိုက်လေ့ရှိတဲ့ ဟိုတယ်လုပ်ငန်းရှင်ဖြစ်တဲ့ ဦးဌေးအောင် ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးလိုက်တဲ့သတင်းကလည်း စိတ်ဝင်စားသူတွေအတွက် စောင့်ကြည့်စရာဖြစ်ခဲ့ပါတယ်။

ဒီလိုအထူးသတိထားမိစရာဖြစ်ခဲ့တဲ့ သတင်းတွေအပြင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းတွေဖြစ်တဲ့ ဝိုင်ဘီအက်စ် (၃၁) ယာဉ်လိုင်းပေါ်မှာ တက္ကသိုလ်ကျောင်းသူတစ်ဦးကို ကာယိန္ဒြေပျက်ပြားအောင် ပြောဆိုခဲ့တဲ့ အမျိုးသားလေးဦးကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက လူမှုရေးပြစ်ဒဏ်ချမှတ်တဲ့ လှုပ်ရှားမှုသတင်း၊ သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရတဲ့အမှုမှာ အာမခံနဲ့ပြန်လွှတ်ထားတဲ့သူ ၃ ဦးကို အာမခံရုတ်သိမ်းပြီး ပြန်ဖမ်းလိုက်တဲ့သတင်း၊ စစ်ကိုင်းတိုင်း သတ္တုတွင်းညွှန်မှူးအပါအဝင် ၅ ဦးကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ခဲ့တဲ့သတင်း၊ ကရင်ပြည်နယ်မှာ မူးယစ်ဆေးဝါးနှစ်တန်ကျော် ဖမ်းဆီးရမိတဲ့သတင်းတွေ သတိပြုစရာဖြစ်ခဲ့သလို၊ တခြားသတင်းတွေထဲက ဂျပန်က ကိုဗစ်ကြောင့် မြန်မာအစိုးရလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ယန်းဘီလျံ ၃၀ ကူညီမယ့်သတင်း၊ မွန်ပြည်နယ်မှာ စံချိန်တင်မိုးရွာသွန်းသဖြင့် ရေကြီးမှုဖြစ်ပေါ်နေတဲ့သတင်း၊ စစ်ကိုင်းတိုင်း နာဂဒေသ လေရှီးမြို့နယ်မှာ ရောဂါတစ်မျိုးကြောင့် ကျွဲအကောင်တစ်ရာကျော် သေဆုံးသွားခဲ့တဲ့သတင်းနဲ့ ဟိုတယ်လုပ်ငန်းရှင်အချို့ ကိုဗစ် ၁၉ ကြောင့် ဟိုတယ်တွေပြန်ရောင်းဖို့ စီစဉ်လာတဲ့သတင်းတွေကလည်း စိတ်ဝင်တစား စောင့်ကြည့်ချင်စရာသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာ အငိုက်မိခဲ့တဲ့ စစ်တွေ

ကိုဗစ်ပထမလှိုင်းကို အောင်အောင်မြင်မြင်ထိန်းနိုင်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေမှာ ကိုဗစ်ဒုတိယလှိုင်းကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ အခြေအနေကြောင့် မြန်မာနိုင်ငံထဲ ကိုဗစ်ဒုတိယလှိုင်းဖြစ်လာမှာကို စိုးရိမ်မှုရှိပြီး သတိပေးမှုတွေ ပြင်ဆင်မှုတွေကို သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနက ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။အထူးသဖြင့် ကိုဗစ် ၁၉ ပထမလှိုင်းကို တင်းကျပ်စွာထားရှိခဲ့တဲ့ ကန့်သတ်ချက်တွေကြောင့် အတော်လေးခရီးရောက်ခဲ့ပေမယ့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာ သိန်းနဲ့ချီပြီးဖြစ်နေတဲ့ ကိုဗစ် ၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် အတော်လေးစိုးရိမ်စရာအခြေအနေ ရှိခဲ့ပါတယ်။ဒီအတွက်လည်း နယ်စက်ကနေ ခိုးဝင်လာတဲ့သူတွေကို ကြပ်မတ်စစ်ဆေးဖို့ သတိပေးမှုတွေရှိခဲ့ပါတယ်။

ဩဂုတ် ၁၆ ရက်မှာတော့ ပြည်ပခရီးသွားလာခြင်းမရှိ၊ ပိုးကူးစက်သူနဲ့ ထိတွေ့ခြင်းမရှိဘဲ ပိုးကူးစက်ခံရသူကို စတင်တွေ့ရှိခဲ့ပါတယ်။ဒါဟာ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု ဇူလိုင် ၁၆ နောက်ပိုင်း မရှိရာကနေ တစ်လပြည့်တဲ့နေ့ မှာ ပြန်တွေ့တာဖြစ်သလို ဘဏ်ဝန်ထမ်းတစ်ဦးမှာ တွေ့တာဖြစ်တဲ့အတွက် အားလုံးထိတ်လန့်စရာဖြစ်ခဲ့ပါတယ်။ပြည်တွင်းမှာ ပိုးကူးမှန်းမသိတဲ့ ရောဂါပိုးသယ်ဆောင်သူရှိနေပြီလား။ဒီလိုအဖြစ်နဲ့ခပ်ဆင်ဆင် ရန်ကုန်မှာ ကိုဗစ်ပထမလှိုင်းတုန်းကဖြစ်ခဲ့ပါတယ်။အဲဒီတုန်းက ပိုးရှိမှန်းမသိဘဲ လျှောက်သွားခဲ့တဲ့သူတစ်ဦးကြောင့် ကူးစက်သူအတော်များများရှိခဲ့ရာမှာ နောက်ဆုံးဖော်ထုတ်နိုင်ခဲ့လို့ ထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။

အခု စစ်တွေအဖြစ်မှာလည်း ပိုးကူးစက်ခံရသူမှာလည်း ပြည်ပသို့ခရီးသွားရာဇဝင်လည်းမရှိ၊ ပိုးရှိသူနှင့်လည်းထိတွေ့မှုမရှိဘဲ ပိုးကူးခံရတာဖြစ်သလို အများပြည်သူနဲ့ဆက်ဆံရတဲ့ ဘဏ်ဝန်ထမ်းဖြစ်တဲ့အတွက် ထိတ်လန့်စရာပါ။စစ်တွေမြို့တွင် ပိုးကူးစက်ခံရသူ ဆက်တိုက်တိုးလာပြီး သြဂုတ် ၂၁ ရက် ဓာတ်ခွဲနမူနာများစစ်ပြီးချိန်အထိ ပိုးကူးခံရသူ ၄၄ ဦး၊ မြောက်ဦးမြို့နယ်တွင်တစ်ဦး ပေါင်း ၄၅ ဦးရှိလာကာ တစ်ပတ်အတွင်း ကူးစက်ခံရသူက ၄၅ ဦးထိ ရှိလာခဲ့ပါတယ်။ယခုကူးစက်မှုက မြန်ဆန်လွန်းတဲ့အတွက် ထိတ်လန့်စရာဖြစ်သလို ယခင်ပထမလှိုင်းတုန်းက အတည်ပြုလူနာကို ပထမဆုံးတွေ့ပြီးနောက် ကူးစက်ခံရသူ ၄၅ ဦးပြည်ဖို့ ၃ ပတ်ကြာခဲ့သော်လည်း ယခု တစ်ပတ်သာကြာခဲ့တဲ့အတွက် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီကူးစက်ရောဂါပိုးက မျိုးဗီဇပြောင်းနေတဲ့ ကိုဗစ် ၁၉ ဖြစ်နိုင်တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင် ရောဂါပိုးကူးစက်ခံရမှန်းမသိဘဲ ရောဂါလက္ခဏာမပြတဲ့သူတွေလည်း ရှိမယ်ဆိုပြီး ထုတ်ပြန်ခဲ့တာရှိပါတယ်။ဩဂုတ် ၁၆ ရက်နေ ဩဂုတ် ၂၃ ရက်ညအထိ ကူးစက်ခံရသူက ၉ ရက်အတွင်း ၆၆ ဦးအထိရှိခဲ့တဲ့အတွက် ဒီဗိုင်းရပ်စ်ပိုးရဲ့ ကူးစက်မှုနူန်းက ကြောက်စရာလန့်စရာပါ။

ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းကပ်နေသော အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင်း ပိုးကူးစက်မှုအလွန်များပြားနေပြီး အိန္ဒိယတွင် ပိုးကူးစက်ခံရသူသုံးသန်းကျော်ရှိပြီး ကမ္ဘာတွင် တတိယအများဆုံးဖြစ်ကာ သေဆုံးသူ ၅၇,၀၀၀ ကျော်ရှိနေပြီး ဘင်္ဂလားဒေ့ရှ်တွင် ပိုးကူးစက်ခံရသူ သုံးသိန်းနီးပါးရှိလာပြီး ၃,၉၀၀ ကျော်သေဆုံးကာ ကမ္ဘာတွင်ပိုးကူးစက်ခံရမှု ၁၅ နိုင်ငံမြောက် အများဆုံးဖြစ်နေပါတယ်။ကမ္ဘာတစ်ဝန်းတွင်လည်း ကိုဗစ်ဒုတိယလှိုင်းကို နိုင်ငံအများစုရင်ဆိုင်နေရကာ သြဂုတ် ၂၄ ရက်အထိ ကမ္ဘာတစ်ဝန်း ကပ်ရောဂါပိုး ကူးစက်ခံရသူပေါင်း ၂၃ သန်းခွဲကျော်ရှိကာ သေဆုံးသူ ရှစ်သိန်းတစ်သောင်း ကျော်လာနေပါပြီ။ဒီလိုအခြေအနေကြောင့်လည်း စစ်တွေက ဘဏ်ဝန်ထမ်းမှာ ပိုးကူးစက်ခံရကြောင်း စတင်တွေ့ရှိကလည်းက ပိုးတွေ့သူနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို လျင်လျင်မြန်မြန်ခြေရာခံပြီး အသွားအလာကန့်သတ်ခဲ့ပါတယ်။ဒီထဲမှာ ပိုးတွေ့သူက ကျောက်ဖြူကို ခရီးထွက်ခဲ့သလို ဟိုတယ်မှာတည်းခဲ့တဲ့အတွက် အတူ သွားအတူ လာအတူနဲ့ ဘဏ်ဝန်ထမ်းတွေ၊ ဟိုတယ်ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ တစ်ရာခန့်ကို  ဓာတ်ခွဲနမူနာယူခဲ့ပါတယ်။ဒီနောက်မှာ ပိုးတွေ့သူဦးရေက ဆောင့်တက်လာတဲ့အတွက် ကိုဗစ်ဒုတိယလှိုင်း ရခိုင်မှာမဖြစ်ဖို့ ပိုးကူးတဲ့သူတွေ နေတဲ့လမ်းတွေကို လော့ခ်ဒေါင်းချခဲ့ပါတယ်။

ဩဂုတ် ၂၀ ရက်က ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှာ စစ်တွေမှာ တွေ့ နေတဲ့ ကူးစက်မှုနူန်းမြန်နေတဲ့ ကိုဗစ် ၁၉ နဲ့ပတ်သက်ပြီး ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွန်းညွန့် က ပြောခဲ့ရာမှာ ကိုဗစ် ၁၉ ပိုးဖြစ်တဲ့ SARS-CoV-2 ပိုးထက် ၁၀ ဆမက ရောဂါပိုးကူးစက်နိုင်သည့် G614 အမျိုးအစားကို စတင်တွေ့ရှိနေ၍ ဒုတိယလှိုင်းဖြစ်လာပါက ကြီးမားနိုင်ကြောင်း ပြောခဲ့ပါတယ်။မြန်မာနဲ့ အိမ်နီးနားချင်းနိုင်ငံတွေမှာလည်း G614 ဗီဇပြောင်းလဲသည့်ပိုးများကို ပိုမိုတွေ့ရှိနေရလို့ ဒါဟာ အတော်လေးသတိထားရမယ့် အနေအထားပါ။ဒီအတွက် ရခိုင်ပြည်နယ် စစ်တွေကနေလာမယ့် လေကြောင်းလိုင်းတွေ၊ ကားလိုင်းတွေကို စတင်ပိတ်ခဲ့သလို ရခိုင်ကနေလာခဲ့တဲ့သူတွေ၊ ရခိုင်ကနေ ပြန်လည်ဝင်ရောက်လာခဲ့တဲ့သူတွေကို ကွာရင်တိုင်းဝင်စေခဲ့ပါတယ်။

မန္တလေးမှာဆိုရင် စစ်တွေကနေရောက်နေတဲ့သူတွေ ရှိနေနိုင်တဲ့အတွက် တတ်နိုင်သမျှ အပြင်မထွက်ဖို့ မန္တလေးမြို့တော်ဝန်ကိုယ်တိုင် ဆော်ဩခဲ့တာရှိခဲ့သလို ရခိုင်ပြည်နယ်အတွင်းဖွင့်ထားတဲ့ ကျောင်းတွေကိုလည်း ယာယီပိတ်ချခဲ့ရပါတယ်။ဩဂုတ် ၂၁ ရက် ညကစပြီး ရောဂါထိန်းချုပ်နိုင်ဖို့အတွက် ညမထွက်ရအမိန့်ကို စစ်တွေအုပ်ချုပ်ရေးမှူးက ထုတ်ပြန်ခဲ့ရသလို ပြေးဆွဲနေတဲ့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) မှ ရန်ကုန်-စစ်တွေ လေကြောင်းခရီးစဉ်များ ယာယီဖျက်သိမ်းခဲ့ပါတယ်။ဒါ့အပြင် စစ်တွေက ကိုဗစ် ၁၉ ပိုးတွေ့ရှိသူ လူနာအမှတ် - ၃၇၈ နှင့် ထိတွေ့ခဲ့သည့် ရန်ကုန် ရွှေလမင်းဆေးရုံမှ ဆရာဝန်နှင့် သူနာပြုများကိုလည်း သီးသန့် ကွာရင်တိုင်းထားခဲ့ပါတယ်။ဒါ့အပြင် ကိုဗစ် (၁၉) ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ရက်ပိုင်းအတွင်း ၃၀ ကျော် တွေ့ရှိခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့များ၊ NGO များ၊ ICRC များအားလုံး မဖြစ်မနေဆောင်ရွက်သင့်သည့်လုပ်ငန်း၊ ရေနှင့် မိလ္လာဆိုးစနစ် ဆောင်ရွက်ခြင်းတို့မှလွဲ၍ ကျန်လုပ်ငန်းများရပ်ဆိုင်းထားရန် ပြည်နယ်အစိုးရမှ ညွှန်ကြားထားခဲ့ပါတယ်။

ဒီလိုအန္တရာယ်ကြီးလွန်းတဲ့ ကိုဗစ်ဒုတိယလှိုင်းအတွက် အောက်ခြေရော နိုင်ငံတော်ကပါ သတိကြီးကြီးနဲ့ကိုင်တွယ်နေခဲ့ရပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်  စစ်တွေမြို့၌ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုများ များပြားလာသဖြင့် ရောဂါထိန်းချုပ်ရေးအတွက် လူအင်အား၊ ငွေအင်အား အများအပြား ထုတ်သုံးနေရပြီဖြစ်တယ်ဆိုတာကို “ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုချိုးဖောက်ပြီး အလည်အပတ်ခရီးထွက်ခဲ့တဲ့ ဝန်ထမ်း ၃-၄ ဦးကတစ်ဆင့် Covid ရောဂါ ပြန့်ပွားမှုကြောင့် ယခု စစ်တွေမှာ အိမ်တွင်းနေရန် ညွှန်ကြားချက်နဲ့ အခြား Covid ရောဂါ ထိန်းချုပ်ရေးဆိုင်ရာစည်းမျဉ်းများ ထုတ်ပြန်ထားရပါပြီ။ရောဂါထိန်းချုပ်နိုင်ဖို့အတွက် လူအင်အား၊ ငွေအင်အား အများအပြား ထုတ်သုံးနေရပါပြီ” လို့ ရေးသားဖော်ပြခဲ့ပါတယ်။မြန်မာနိုင်ငံထက် ပိုပြီးခေတ်မီကာ ပိုပြီးကျန်းမာရေးစောင့်ရှောက်မှုအားကောင်းတဲ့ နိုင်ငံတွေမှာတောင် ကိုဗစ် ၁၉ ဒုတိယလှိုင်းကို အလူးအလဲခုခံ ကာကွယ်နေရတဲ့အတွက် ယခင်ထက် ဆယ်ဆကူးစက်နူန်းမြန်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲမှာ ဘယ်လောက်ထိ ထပ်ကူးစက်ဦးမလဲဆိုတာ မတွေးဝံ့စရာပါ။

အထူးသဖြင့် စစ်တွေနဲ့ ရခိုင်အတွင်း မြို့နယ်တွေနဲ့ ထိတွေ့မှုများလွန်းတဲ့ ရန်ကုန်ထိ ဒီရောဂါက လူမသိသူမသိပြန့်နှံ့လာခဲ့မယ်ဆိုရင် မတွေးဝံ့စရာပါဘဲ။ဒီအတွက် အားလုံးကသတိထားပေမယ့် ပေါ့ဆစွာနေထိုင်သူတွေ၊ အလေးမထားသူတွေလည်း အများအပြားရှိနေတဲ့အတွက် ရင်လေးစရာပါ။ယခုကြုံတွေ့နေရတဲ့ ရောဂါကပ်ဘေးက နှစ်တစ်ရာမှာ တစ်ခါဖြစ်တဲ့ ကပ်ဘေးမို့ ဘယ်သူမှအတွေ့အကြုံမရှိဘဲ သတိထားပြီး ကျန်းမာရေးပညာရှင်တွေ ညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်နေရတာမို့ ပေါ့ဆတဲ့သူ၊ အပျော်အတွက် စည်းကမ်းချိုးဖောက်ကာ သွားလာသူတွေကို အများပြည်သူအသက်အန္တရာယ်အတွက် တင်းတင်းကြပ်အရေးယူဖို့ လိုနေပါတယ်။ဒီလိုအရေးယူမှုမရှိရင် ကူးစက်မှုက ထိန်းမနိုင်သိမ်းမရ ပြန့်ပွားကူးစက်လာမှာဖြစ်ပါတယ်။ဒီအတွက် အာဏာပိုင်တွေ ဘယ်လိုထိန်းကြမလဲဆိုတာ ရင်တမမနဲ့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

စည်းလွတ်ဝါးလွတ်ပြောဆိုမှုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု

ယခုရက်သတ္တပတ်ထဲမှာ အများက မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါက လူမှုကွန်ရက်မှာ မကြာခဏဆိုသလို အစိုးရနဲ့ အာဏာရပါတီခေါင်းဆောင်တွေကို ဝေဖန်လေ့ရှိတဲ့၊ အထောက်အထားမရှိတဲ့ စွပ်စွဲမှုတွေကို ပြုလုပ်လေ့ရှိတဲ့ Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင် ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ ဖမ်းဆီးခဲ့တာပါ။

ပုဒ်မ ၁၂၄ (က) ဆိုတာက  ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်ပြီး ဦးဝီရသူ၊ ဘူးလက်ဦးလှဆွေ၊ ငါးမင်းဆွေ စသူတို့လည်း ယင်းပုဒ်မဖြင့်ပင် အမှုဖွင့်ခံထားရခဲ့ပါတယ်။ယခု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုဖမ်းဆီးခံသူ ဦးဌေးအောင်မှာ လာမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်  ကော့မှူးမြို့နယ်မှ ယှဉ်ပြိုင်မည့်သူဖြစ်ပြီး တစ်မြို့နယ်ထဲ ပါဝင်ယှဉ်ပြိုင်မည့် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ကန့်ကွက်လွှာတင်သွင်းခဲ့သလို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုလည်း နိုင်ငံခြားအထောက်အပံ့ရယူခဲ့သည်ဟုဆိုကာ စွပ်စွဲပြောဆိုခဲ့ဖူးသူလည်းဖြစ်ပါတယ်။

အထူးသဖြင့် လူမှုကွန်ရက်မှတစ်ဆင့် အာဏာရပါတီခေါင်းဆောင်နှင့် လက်ရှိအစိုးရအဖွဲ့ဝင် တာဝန်ရှိသူများကို ပုတ်ခတ်စွပ်စွဲလေ့ရှိသောကြောင့် လူမှုကွန်ရက်တွင် ထင်ရှားလာသူဖြစ်ပြီး ၎င်း၏စွပ်စွဲချက်များကို အများကလက်မခံကြောင်း၊ အခြေအမြစ်မရှိသည့် စွပ်စွဲချက်ဖြစ်ကြောင်း၊ စသဖြင့် ဝေဖန်မှုများစွာခံရသူဖြစ်ကာ အတိုက်အခံပါတီဘက်မှ ထင်ရှားသည့်ပါတီဝင်တစ်ဦးဖြစ်သူ  ပြည်ခိုင်ဖြိုးအမတ် ဦးမောင်မြင့် ဦးဆောင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲနှင့် ဆွေးနွေးပွဲအချို့တွင် ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။မကြာသေးမီက ၎င်း၏သတင်းစာရှင်းလင်းပွဲကို လူမှုကွန်ရက်မှတစ်ဆင့် ထုတ်လွှင့်ခဲ့ရာမှာ လက်ရှိအစိုးရကို စွပ်စွဲမှုတွေလုပ်ခဲ့တာကို တွေ့ရပါတယ်။

အထူးသဖြင့် ယခုလိုအချက်အလက်မဲ့ပြောဆိုမှုတွေအတွက် ဝေဖန်မှုတွေအတော်များများ ထွက်လာခဲ့တာရှိပါတယ်။အတော်လေးအန္တရာယ်ကြီးတဲ့ စွပ်စွဲမှုတွေအတွက် ဦးဌေးအောင်မှာ ဘယ်လိုခိုင်မာတဲ့ သက်သေအထောက်အထားရှိသလဲဆိုတာ ဝေဖန်ထောက်ပြခဲ့သလို အများစုကတော့ ဒါဟာ သက်သက်အထောက်အထားမဲ့ပြောဆိုမှုလို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ဖမ်းဆီးခြင်းမခံရမီ သြဂုတ် ၁၉ ရက်က လူမှုကွန်ရက်က လွှင့်တင်ခဲ့တဲ့ ရုပ်သံဖိုင်မှာ ဦးဌေးအောင် က ‘‘တိုင်းပြည်တစ်ခုလုံးကို ထိခိုက်နစ်နာစရာတွေဆောင်ရွက်တာ လက်တွေ့ ကျွန်တော့်မှာ  အထောက်အထားတွေနဲ့ဖြစ်ပါတယ်။ဒီလိုအစိုးရမျိုး ဆက်လက်ပြီးတော့ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးမဖြစ်ရလေအောင် ကျွန်တော့်စွမ်းအားလေးနဲ့ နိုင်သလောက်လုပ်ကိုင်နေတာဖြစ်ပါတယ်’’ ဟု ပြောခဲ့ပါတယ်။

ဘယ်လိုရည်ရွယ်ချက်တွေ ဘယ်လိုအထောက်အထားတွေကြောင့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးကို ဒီလိုစွပ်စွဲတာတွေ ပုတ်ခတ်ပြောရဲတာလဲဆိုတာ မသိရပေမယ့် ယခုခေတ်လို ဒီမိုကရေစီခေတ်မဟုတ်ဘဲ ယခင်အာဏာရှင်အစိုးရခေတ်မျိုးသာဆိုရင် ဒီလိုပြောပုံမျိုးနဲ့ လက်စဖျောက်ခံရမှာ သေချာသလောက်ရှိပါတယ်။ဖမ်းဆီးခံရတဲ့ ဩဂုတ်လ ၂၁ ရက် နောက်နေ့ ညနေပိုင်းမှာတောင်  ၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ‘သတ္တိရှိရှိ ဆောင်ရွက်သွားပါမည်’ လို့ ထပ်ရေးခဲ့တဲ့အတွက် စဉ်းစားတွေးတောချင်စရာတွေ ဖြစ်လာပါတယ်။ဒါဟာ "ဆင်ကန်းတောတိုးလား" ၊ ခံယူချက်ခိုင်ခိုင်မာမာရှိနေတာလား၊ သက်သေခိုင်ခိုင်မာမာရှိနေတာလား ဆိုတာကို တွေးချင်စရာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဝင်ရောက်ရွေးကောက်ခံမယ့်သူအတွက် နိုင်ငံရေးအရ အများပြည်သူအာရုံစိုက်ဖို့ လုပ်ကြရတာမှန်ပေမယ့် စည်းလွတ်ဝါးလွတ်ပြောဆိုမှုနဲ့ ပြောလို့ရတိုင်း ပြောဆိုမှုတွေက နောက်ဆုံးမှာ ကိုယ့်အတွက် အန္တရာယ်ကျရောက်စေတယ်ဆိုတာ ယခုဖြစ်ရပ်က အကောင်းဆုံးဥပမာပဲဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
သြဂုတ် - ၂၄

( Zawgyi )

ယခုရက္သတၱပတ္အတြင္း သတင္းေတြထဲမွာ ထိပ္ဆုံးက စိတ္ဝင္စားမႈမ်ားခဲ့တဲ့ သတင္းကေတာ့ စစ္ေတြမွာျဖစ္ေနတဲ့ ကိုဗစ္ဒုတိယလႈိင္းလို႔ အမည္တပ္ေနၾကတဲ့ ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးဗီဇကြဲ ကူးစက္မႈျမန္ဆန္တဲ့သတင္းပါဘဲ။ဒီသတင္းက ညတိုင္းအားလုံးေစာင့္ၾကည့္ေနရသလို အာဏာပိုင္ေတြအတြက္လည္း ခက္ခက္ခဲခဲထိန္းခ်ဳပ္ေနရတဲ့ ျပႆနာပါဘဲ။
ဗိုင္းရပ္စ္ကူးစက္မႈနဲ႔အတူ ပိုျပင္းထန္လာတာက ပါတီေတြရဲ႕ လႈပ္ရွားမႈသတင္းပါဘဲ။ပါတီေတြဘက္က ေဝငွမႈေတြနဲ႔အတူ တစ္ဘက္နဲ႔ တစ္ဘက္ အားေပးေထာက္ခံသူေတြၾကား ပုတ္ခတ္မႈေတြ တိုက္ခိုက္မႈေတြကလည္း ပိုျပင္းထန္လာတဲ့ သတင္းပါဘဲ။ဒီထဲမွာ လက္ရွိအစိုးရနဲ႔ အာဏာပါတီေခါင္းေဆာင္ကို စည္းလြတ္ဝါးလြတ္ ေဝဖန္တိုက္ခိုက္ေလ့ရွိတဲ့ ဟိုတယ္လုပ္ငန္းရွင္ျဖစ္တဲ့ ဦးေဌးေအာင္ ကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔ ဖမ္းဆီးလိုက္တဲ့သတင္းကလည္း စိတ္ဝင္စားသူေတြအတြက္ ေစာင့္ၾကည့္စရာျဖစ္ခဲ့ပါတယ္။

ဒီလိုအထူးသတိထားမိစရာျဖစ္ခဲ့တဲ့ သတင္းေတြအျပင္ တရားဥပေဒစိုးမိုးေရးဆိုင္ရာ သတင္းေတြျဖစ္တဲ့ ဝိုင္ဘီအက္စ္ (၃၁) ယာဥ္လိုင္းေပၚမွာ တကၠသိုလ္ေက်ာင္းသူတစ္ဦးကို ကာယိေျႏၵပ်က္ျပားေအာင္ ေျပာဆိုခဲ့တဲ့ အမ်ိဳးသားေလးဦးကို ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက လူမႈေရးျပစ္ဒဏ္ခ်မွတ္တဲ့ လႈပ္ရွားမႈသတင္း၊ သ႐ုပ္ေဆာင္ေအာင္ရဲေထြး အသတ္ခံရတဲ့အမႈမွာ အာမခံနဲ႔ျပန္လႊတ္ထားတဲ့သူ ၃ ဦးကို အာမခံ႐ုတ္သိမ္းၿပီး ျပန္ဖမ္းလိုက္တဲ့သတင္း၊ စစ္ကိုင္းတိုင္း သတၱဳတြင္းၫႊန္မႉးအပါအဝင္ ၅ ဦးကို အဂတိလိုက္စားမႈနဲ႔ အမႈဖြင့္ခဲ့တဲ့သတင္း၊ ကရင္ျပည္နယ္မွာ မူးယစ္ေဆးဝါးႏွစ္တန္ေက်ာ္ ဖမ္းဆီးရမိတဲ့သတင္းေတြ သတိျပဳစရာျဖစ္ခဲ့သလို၊ တျခားသတင္းေတြထဲက ဂ်ပန္က ကိုဗစ္ေၾကာင့္ ျမန္မာအစိုးရလိုအပ္ခ်က္ကို ျဖည့္ဆည္းဖို႔ ယန္းဘီလ်ံ ၃၀ ကူညီမယ့္သတင္း၊ မြန္ျပည္နယ္မွာ စံခ်ိန္တင္မိုး႐ြာသြန္းသျဖင့္ ေရႀကီးမႈျဖစ္ေပၚေနတဲ့သတင္း၊ စစ္ကိုင္းတိုင္း နာဂေဒသ ေလရွီးၿမိဳ႕နယ္မွာ ေရာဂါတစ္မ်ိဳးေၾကာင့္ ကြၽဲအေကာင္တစ္ရာေက်ာ္ ေသဆုံးသြားခဲ့တဲ့သတင္းနဲ႔ ဟိုတယ္လုပ္ငန္းရွင္အခ်ိဳ႕ ကိုဗစ္ ၁၉ ေၾကာင့္ ဟိုတယ္ေတြျပန္ေရာင္းဖို႔ စီစဥ္လာတဲ့သတင္းေတြကလည္း စိတ္ဝင္တစား ေစာင့္ၾကည့္ခ်င္စရာသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ကိုဗစ္ဒုတိယလႈိင္းမွာ အငိုက္မိခဲ့တဲ့ စစ္ေတြ

ကိုဗစ္ပထမလႈိင္းကို ေအာင္ေအာင္ျမင္ျမင္ထိန္းႏိုင္ခဲ့တဲ့ ျမန္မာႏိုင္ငံအတြက္ အေရွ႕ေတာင္အာရွနဲ႔ ေတာင္အာရွႏိုင္ငံေတြမွာ ကိုဗစ္ဒုတိယလႈိင္းေၾကာင့္ ထိန္းမႏိုင္သိမ္းမရျဖစ္ေနတဲ့ အေျခအေနေၾကာင့္ ျမန္မာႏိုင္ငံထဲ ကိုဗစ္ဒုတိယလႈိင္းျဖစ္လာမွာကို စိုးရိမ္မႈရွိၿပီး သတိေပးမႈေတြ ျပင္ဆင္မႈေတြကို သက္ဆိုင္ရာ က်န္းမာေရးဦးစီးဌာနက ျပဳလုပ္ခဲ့တာကိုေတြ႕ရပါတယ္။အထူးသျဖင့္ ကိုဗစ္ ၁၉ ပထမလႈိင္းကို တင္းက်ပ္စြာထားရွိခဲ့တဲ့ ကန္႔သတ္ခ်က္ေတြေၾကာင့္ အေတာ္ေလးခရီးေရာက္ခဲ့ေပမယ့္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္မွာ သိန္းနဲ႔ခ်ီၿပီးျဖစ္ေနတဲ့ ကိုဗစ္ ၁၉ ကူးစက္ေရာဂါ ျဖစ္ပြားမႈေၾကာင့္ အေတာ္ေလးစိုးရိမ္စရာအေျခအေန ရွိခဲ့ပါတယ္။ဒီအတြက္လည္း နယ္စက္ကေန ခိုးဝင္လာတဲ့သူေတြကို ၾကပ္မတ္စစ္ေဆးဖို႔ သတိေပးမႈေတြရွိခဲ့ပါတယ္။

ဩဂုတ္ ၁၆ ရက္မွာေတာ့ ျပည္ပခရီးသြားလာျခင္းမရွိ၊ ပိုးကူးစက္သူနဲ႔ ထိေတြ႕ျခင္းမရွိဘဲ ပိုးကူးစက္ခံရသူကို စတင္ေတြ႕ရွိခဲ့ပါတယ္။ဒါဟာ COVID-19 ေရာဂါ ျပည္တြင္းကူးစက္မႈ ဇူလိုင္ ၁၆ ေနာက္ပိုင္း မရွိရာကေန တစ္လျပည့္တဲ့ေန႔ မွာ ျပန္ေတြ႕တာျဖစ္သလို ဘဏ္ဝန္ထမ္းတစ္ဦးမွာ ေတြ႕တာျဖစ္တဲ့အတြက္ အားလုံးထိတ္လန႔္စရာျဖစ္ခဲ့ပါတယ္။ျပည္တြင္းမွာ ပိုးကူးမွန္းမသိတဲ့ ေရာဂါပိုးသယ္ေဆာင္သူရွိေနၿပီလား။ဒီလိုအျဖစ္နဲ႔ခပ္ဆင္ဆင္ ရန္ကုန္မွာ ကိုဗစ္ပထမလႈိင္းတုန္းကျဖစ္ခဲ့ပါတယ္။အဲဒီတုန္းက ပိုးရွိမွန္းမသိဘဲ ေလွ်ာက္သြားခဲ့တဲ့သူတစ္ဦးေၾကာင့္ ကူးစက္သူအေတာ္မ်ားမ်ားရွိခဲ့ရာမွာ ေနာက္ဆုံးေဖာ္ထုတ္ႏိုင္ခဲ့လို႔ ထိန္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အခု စစ္ေတြအျဖစ္မွာလည္း ပိုးကူးစက္ခံရသူမွာလည္း ျပည္ပသို႔ခရီးသြားရာဇဝင္လည္းမရွိ၊ ပိုးရွိသူႏွင့္လည္းထိေတြ႕မႈမရွိဘဲ ပိုးကူးခံရတာျဖစ္သလို အမ်ားျပည္သူနဲ႔ဆက္ဆံရတဲ့ ဘဏ္ဝန္ထမ္းျဖစ္တဲ့အတြက္ ထိတ္လန႔္စရာပါ။စစ္ေတြၿမိဳ႕တြင္ ပိုးကူးစက္ခံရသူ ဆက္တိုက္တိုးလာၿပီး ၾသဂုတ္ ၂၁ ရက္ ဓာတ္ခြဲနမူနာမ်ားစစ္ၿပီးခ်ိန္အထိ ပိုးကူးခံရသူ ၄၄ ဦး၊ ေျမာက္ဦးၿမိဳ႕နယ္တြင္တစ္ဦး ေပါင္း ၄၅ ဦးရွိလာကာ တစ္ပတ္အတြင္း ကူးစက္ခံရသူက ၄၅ ဦးထိ ရွိလာခဲ့ပါတယ္။ယခုကူးစက္မႈက ျမန္ဆန္လြန္းတဲ့အတြက္ ထိတ္လန႔္စရာျဖစ္သလို ယခင္ပထမလႈိင္းတုန္းက အတည္ျပဳလူနာကို ပထမဆုံးေတြ႕ၿပီးေနာက္ ကူးစက္ခံရသူ ၄၅ ဦးျပည္ဖို႔ ၃ ပတ္ၾကာခဲ့ေသာ္လည္း ယခု တစ္ပတ္သာၾကာခဲ့တဲ့အတြက္ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ဒီကူးစက္ေရာဂါပိုးက မ်ိဳးဗီဇေျပာင္းေနတဲ့ ကိုဗစ္ ၁၉ ျဖစ္ႏိုင္တယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။ဒါ့အျပင္ ေရာဂါပိုးကူးစက္ခံရမွန္းမသိဘဲ ေရာဂါလကၡဏာမျပတဲ့သူေတြလည္း ရွိမယ္ဆိုၿပီး ထုတ္ျပန္ခဲ့တာရွိပါတယ္။ဩဂုတ္ ၁၆ ရက္ေန ဩဂုတ္ ၂၃ ရက္ညအထိ ကူးစက္ခံရသူက ၉ ရက္အတြင္း ၆၆ ဦးအထိရွိခဲ့တဲ့အတြက္ ဒီဗိုင္းရပ္စ္ပိုးရဲ႕ ကူးစက္မႈႏူန္းက ေၾကာက္စရာလန႔္စရာပါ။

ရခိုင္ျပည္နယ္ႏွင့္ နယ္နိမိတ္ခ်င္းကပ္ေနေသာ အိမ္နီးခ်င္း အိႏၵိယႏွင့္ ဘဂၤလား ေဒ့ရွ္ႏိုင္ငံတြင္း ပိုးကူးစက္မႈအလြန္မ်ားျပားေနၿပီး အိႏၵိယတြင္ ပိုးကူးစက္ခံရသူသုံးသန္းေက်ာ္ရွိၿပီး ကမာၻတြင္ တတိယအမ်ားဆုံးျဖစ္ကာ ေသဆုံးသူ ၅၇,၀၀၀ ေက်ာ္ရွိေနၿပီး ဘဂၤလားေဒ့ရွ္တြင္ ပိုးကူးစက္ခံရသူ သုံးသိန္းနီးပါးရွိလာၿပီး ၃,၉၀၀ ေက်ာ္ေသဆုံးကာ ကမာၻတြင္ပိုးကူးစက္ခံရမႈ ၁၅ ႏိုင္ငံေျမာက္ အမ်ားဆုံးျဖစ္ေနပါတယ္။ကမာၻတစ္ဝန္းတြင္လည္း ကိုဗစ္ဒုတိယလႈိင္းကို ႏိုင္ငံအမ်ားစုရင္ဆိုင္ေနရကာ ၾသဂုတ္ ၂၄ ရက္အထိ ကမာၻတစ္ဝန္း ကပ္ေရာဂါပိုး ကူးစက္ခံရသူေပါင္း ၂၃ သန္းခြဲေက်ာ္ရွိကာ ေသဆုံးသူ ရွစ္သိန္းတစ္ေသာင္း ေက်ာ္လာေနပါၿပီ။ဒီလိုအေျခအေနေၾကာင့္လည္း စစ္ေတြက ဘဏ္ဝန္ထမ္းမွာ ပိုးကူးစက္ခံရေၾကာင္း စတင္ေတြ႕ရွိကလည္းက ပိုးေတြ႕သူနဲ႔ ထိေတြ႕ခဲ့တဲ့သူေတြကို လ်င္လ်င္ျမန္ျမန္ေျခရာခံၿပီး အသြားအလာကန႔္သတ္ခဲ့ပါတယ္။ဒီထဲမွာ ပိုးေတြ႕သူက ေက်ာက္ျဖဴကို ခရီးထြက္ခဲ့သလို ဟိုတယ္မွာတည္းခဲ့တဲ့အတြက္ အတူ သြားအတူ လာအတူနဲ႔ ဘဏ္ဝန္ထမ္းေတြ၊ ဟိုတယ္ဝန္ထမ္းေတြနဲ႔ မိသားစုဝင္ေတြ တစ္ရာခန႔္ကို  ဓာတ္ခြဲနမူနာယူခဲ့ပါတယ္။ဒီေနာက္မွာ ပိုးေတြ႕သူဦးေရက ေဆာင့္တက္လာတဲ့အတြက္ ကိုဗစ္ဒုတိယလႈိင္း ရခိုင္မွာမျဖစ္ဖို႔ ပိုးကူးတဲ့သူေတြ ေနတဲ့လမ္းေတြကို ေလာ့ခ္ေဒါင္းခ်ခဲ့ပါတယ္။

ဩဂုတ္ ၂၀ ရက္က ေဆးသုေတသနဦးစီးဌာန၌ က်င္းပသည့္ သတင္းစာရွင္းလင္းပြဲမွာ စစ္ေတြမွာ ေတြ႕ ေနတဲ့ ကူးစက္မႈႏူန္းျမန္ေနတဲ့ ကိုဗစ္ ၁၉ နဲ႔ပတ္သက္ၿပီး ေဆးသုေတသနဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာျမတ္ထြန္းၫြန႔္ က ေျပာခဲ့ရာမွာ ကိုဗစ္ ၁၉ ပိုးျဖစ္တဲ့ SARS-CoV-2 ပိုးထက္ ၁၀ ဆမက ေရာဂါပိုးကူးစက္ႏိုင္သည့္ G614 အမ်ိဳးအစားကို စတင္ေတြ႕ရွိေန၍ ဒုတိယလႈိင္းျဖစ္လာပါက ႀကီးမားႏိုင္ေၾကာင္း ေျပာခဲ့ပါတယ္။ျမန္မာနဲ႔ အိမ္နီးနားခ်င္းႏိုင္ငံေတြမွာလည္း G614 ဗီဇေျပာင္းလဲသည့္ပိုးမ်ားကို ပိုမိုေတြ႕ရွိေနရလို႔ ဒါဟာ အေတာ္ေလးသတိထားရမယ့္ အေနအထားပါ။ဒီအတြက္ ရခိုင္ျပည္နယ္ စစ္ေတြကေနလာမယ့္ ေလေၾကာင္းလိုင္းေတြ၊ ကားလိုင္းေတြကို စတင္ပိတ္ခဲ့သလို ရခိုင္ကေနလာခဲ့တဲ့သူေတြ၊ ရခိုင္ကေန ျပန္လည္ဝင္ေရာက္လာခဲ့တဲ့သူေတြကို ကြာရင္တိုင္းဝင္ေစခဲ့ပါတယ္။

မႏၲေလးမွာဆိုရင္ စစ္ေတြကေနေရာက္ေနတဲ့သူေတြ ရွိေနႏိုင္တဲ့အတြက္ တတ္ႏိုင္သမွ် အျပင္မထြက္ဖို႔ မႏၲေလးၿမိဳ႕ေတာ္ဝန္ကိုယ္တိုင္ ေဆာ္ဩခဲ့တာရွိခဲ့သလို ရခိုင္ျပည္နယ္အတြင္းဖြင့္ထားတဲ့ ေက်ာင္းေတြကိုလည္း ယာယီပိတ္ခ်ခဲ့ရပါတယ္။ဩဂုတ္ ၂၁ ရက္ ညကစၿပီး ေရာဂါထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ညမထြက္ရအမိန႔္ကို စစ္ေတြအုပ္ခ်ဳပ္ေရးမႉးက ထုတ္ျပန္ခဲ့ရသလို ေျပးဆြဲေနတဲ့ ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္း (MNA) မွ ရန္ကုန္-စစ္ေတြ ေလေၾကာင္းခရီးစဥ္မ်ား ယာယီဖ်က္သိမ္းခဲ့ပါတယ္။ဒါ့အျပင္ စစ္ေတြက ကိုဗစ္ ၁၉ ပိုးေတြ႕ရွိသူ လူနာအမွတ္ - ၃၇၈ ႏွင့္ ထိေတြ႕ခဲ့သည့္ ရန္ကုန္ ေ႐ႊလမင္းေဆး႐ုံမွ ဆရာဝန္ႏွင့္ သူနာျပဳမ်ားကိုလည္း သီးသန႔္ ကြာရင္တိုင္းထားခဲ့ပါတယ္။ဒါ့အျပင္ ကိုဗစ္ (၁၉) ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ ရက္ပိုင္းအတြင္း ၃၀ ေက်ာ္ ေတြ႕ရွိခဲ့သည့္ ရခိုင္ျပည္နယ္အတြင္းရွိ ကုလသမဂၢ၊ အျပည္ျပည္ဆိုင္ရာအဖြဲ႕မ်ား၊ NGO မ်ား၊ ICRC မ်ားအားလုံး မျဖစ္မေနေဆာင္႐ြက္သင့္သည့္လုပ္ငန္း၊ ေရႏွင့္ မိလႅာဆိုးစနစ္ ေဆာင္႐ြက္ျခင္းတို႔မွလြဲ၍ က်န္လုပ္ငန္းမ်ားရပ္ဆိုင္းထားရန္ ျပည္နယ္အစိုးရမွ ၫႊန္ၾကားထားခဲ့ပါတယ္။

ဒီလိုအႏၲရာယ္ႀကီးလြန္းတဲ့ ကိုဗစ္ဒုတိယလႈိင္းအတြက္ ေအာက္ေျခေရာ ႏိုင္ငံေတာ္ကပါ သတိႀကီးႀကီးနဲ႔ကိုင္တြယ္ေနခဲ့ရၿပီး ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က လူမႈကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္  စစ္ေတြၿမိဳ႕၌ COVID-19 ေရာဂါ ျပည္တြင္းကူးစက္မႈမ်ား မ်ားျပားလာသျဖင့္ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ လူအင္အား၊ ေငြအင္အား အမ်ားအျပား ထုတ္သုံးေနရၿပီျဖစ္တယ္ဆိုတာကို “ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြကိုခ်ိဳးေဖာက္ၿပီး အလည္အပတ္ခရီးထြက္ခဲ့တဲ့ ဝန္ထမ္း ၃-၄ ဦးကတစ္ဆင့္ Covid ေရာဂါ ျပန႔္ပြားမႈေၾကာင့္ ယခု စစ္ေတြမွာ အိမ္တြင္းေနရန္ ၫႊန္ၾကားခ်က္နဲ႔ အျခား Covid ေရာဂါ ထိန္းခ်ဳပ္ေရးဆိုင္ရာစည္းမ်ဥ္းမ်ား ထုတ္ျပန္ထားရပါၿပီ။ေရာဂါထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ လူအင္အား၊ ေငြအင္အား အမ်ားအျပား ထုတ္သုံးေနရပါၿပီ” လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ျမန္မာႏိုင္ငံထက္ ပိုၿပီးေခတ္မီကာ ပိုၿပီးက်န္းမာေရးေစာင့္ေရွာက္မႈအားေကာင္းတဲ့ ႏိုင္ငံေတြမွာေတာင္ ကိုဗစ္ ၁၉ ဒုတိယလႈိင္းကို အလူးအလဲခုခံ ကာကြယ္ေနရတဲ့အတြက္ ယခင္ထက္ ဆယ္ဆကူးစက္ႏူန္းျမန္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးဗီဇကြဲမွာ ဘယ္ေလာက္ထိ ထပ္ကူးစက္ဦးမလဲဆိုတာ မေတြးဝံ့စရာပါ။

အထူးသျဖင့္ စစ္ေတြနဲ႔ ရခိုင္အတြင္း ၿမိဳ႕နယ္ေတြနဲ႔ ထိေတြ႕မႈမ်ားလြန္းတဲ့ ရန္ကုန္ထိ ဒီေရာဂါက လူမသိသူမသိျပန႔္ႏွံ႔လာခဲ့မယ္ဆိုရင္ မေတြးဝံ့စရာပါဘဲ။ဒီအတြက္ အားလုံးကသတိထားေပမယ့္ ေပါ့ဆစြာေနထိုင္သူေတြ၊ အေလးမထားသူေတြလည္း အမ်ားအျပားရွိေနတဲ့အတြက္ ရင္ေလးစရာပါ။ယခုႀကဳံေတြ႕ေနရတဲ့ ေရာဂါကပ္ေဘးက ႏွစ္တစ္ရာမွာ တစ္ခါျဖစ္တဲ့ ကပ္ေဘးမို႔ ဘယ္သူမွအေတြ႕အႀကဳံမရွိဘဲ သတိထားၿပီး က်န္းမာေရးပညာရွင္ေတြ ၫႊန္ၾကားတဲ့အတိုင္း လိုက္နာေဆာင္႐ြက္ေနရတာမို႔ ေပါ့ဆတဲ့သူ၊ အေပ်ာ္အတြက္ စည္းကမ္းခ်ိဳးေဖာက္ကာ သြားလာသူေတြကို အမ်ားျပည္သူအသက္အႏၲရာယ္အတြက္ တင္းတင္းၾကပ္အေရးယူဖို႔ လိုေနပါတယ္။ဒီလိုအေရးယူမႈမရွိရင္ ကူးစက္မႈက ထိန္းမႏိုင္သိမ္းမရ ျပန႔္ပြားကူးစက္လာမွာျဖစ္ပါတယ္။ဒီအတြက္ အာဏာပိုင္ေတြ ဘယ္လိုထိန္းၾကမလဲဆိုတာ ရင္တမမနဲ႔ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

စည္းလြတ္ဝါးလြတ္ေျပာဆိုမႈႏွင့္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ

ယခုရက္သတၱပတ္ထဲမွာ အမ်ားက မထင္မွတ္ထားတဲ့ ျဖစ္ရပ္တစ္ခုျဖစ္ခဲ့ပါတယ္။ဒါက လူမႈကြန္ရက္မွာ မၾကာခဏဆိုသလို အစိုးရနဲ႔ အာဏာရပါတီေခါင္းေဆာင္ေတြကို ေဝဖန္ေလ့ရွိတဲ့၊ အေထာက္အထားမရွိတဲ့ စြပ္စြဲမႈေတြကို ျပဳလုပ္ေလ့ရွိတဲ့ Orchid ဟိုတယ္ပိုင္ရွင္ ဦးေဌးေအာင္ ကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄ (က) နဲ႔ ဖမ္းဆီးခဲ့တာပါ။

ပုဒ္မ ၁၂၄ (က) ဆိုတာက  ေထာင္ဒဏ္တစ္သက္တစ္ကြၽန္းအထိ ခ်မွတ္ႏိုင္သည့္ ပုဒ္မျဖစ္ၿပီး ဦးဝီရသူ၊ ဘူးလက္ဦးလွေဆြ၊ ငါးမင္းေဆြ စသူတို႔လည္း ယင္းပုဒ္မျဖင့္ပင္ အမႈဖြင့္ခံထားရခဲ့ပါတယ္။ယခု ပုဒ္မ ၁၂၄ (က) ျဖင့္ တရားစြဲဆိုဖမ္းဆီးခံသူ ဦးေဌးေအာင္မွာ လာမည့္ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္  ေကာ့မႉးၿမိဳ႕နယ္မွ ယွဥ္ၿပိဳင္မည့္သူျဖစ္ၿပီး တစ္ၿမိဳ႕နယ္ထဲ ပါဝင္ယွဥ္ၿပိဳင္မည့္ NLD ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ ကို ေ႐ြးေကာက္ပြဲေကာ္မရွင္မွတစ္ဆင့္ ကန္႔ကြက္လႊာတင္သြင္းခဲ့သလို  အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကိုလည္း ႏိုင္ငံျခားအေထာက္အပံ့ရယူခဲ့သည္ဟုဆိုကာ စြပ္စြဲေျပာဆိုခဲ့ဖူးသူလည္းျဖစ္ပါတယ္။

အထူးသျဖင့္ လူမႈကြန္ရက္မွတစ္ဆင့္ အာဏာရပါတီေခါင္းေဆာင္ႏွင့္ လက္ရွိအစိုးရအဖြဲ႕ဝင္ တာဝန္ရွိသူမ်ားကို ပုတ္ခတ္စြပ္စြဲေလ့ရွိေသာေၾကာင့္ လူမႈကြန္ရက္တြင္ ထင္ရွားလာသူျဖစ္ၿပီး ၎၏စြပ္စြဲခ်က္မ်ားကို အမ်ားကလက္မခံေၾကာင္း၊ အေျခအျမစ္မရွိသည့္ စြပ္စြဲခ်က္ျဖစ္ေၾကာင္း၊ စသျဖင့္ ေဝဖန္မႈမ်ားစြာခံရသူျဖစ္ကာ အတိုက္အခံပါတီဘက္မွ ထင္ရွားသည့္ပါတီဝင္တစ္ဦးျဖစ္သူ  ျပည္ခိုင္ၿဖိဳးအမတ္ ဦးေမာင္ျမင့္ ဦးေဆာင္ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲႏွင့္ ေဆြးေႏြးပြဲအခ်ိဳ႕တြင္ ပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။မၾကာေသးမီက ၎၏သတင္းစာရွင္းလင္းပြဲကို လူမႈကြန္ရက္မွတစ္ဆင့္ ထုတ္လႊင့္ခဲ့ရာမွာ လက္ရွိအစိုးရကို စြပ္စြဲမႈေတြလုပ္ခဲ့တာကို ေတြ႕ရပါတယ္။

အထူးသျဖင့္ ယခုလိုအခ်က္အလက္မဲ့ေျပာဆိုမႈေတြအတြက္ ေဝဖန္မႈေတြအေတာ္မ်ားမ်ား ထြက္လာခဲ့တာရွိပါတယ္။အေတာ္ေလးအႏၲရာယ္ႀကီးတဲ့ စြပ္စြဲမႈေတြအတြက္ ဦးေဌးေအာင္မွာ ဘယ္လိုခိုင္မာတဲ့ သက္ေသအေထာက္အထားရွိသလဲဆိုတာ ေဝဖန္ေထာက္ျပခဲ့သလို အမ်ားစုကေတာ့ ဒါဟာ သက္သက္အေထာက္အထားမဲ့ေျပာဆိုမႈလို႔ ေဝဖန္မႈေတြရွိခဲ့ပါတယ္။ဖမ္းဆီးျခင္းမခံရမီ ၾသဂုတ္ ၁၉ ရက္က လူမႈကြန္ရက္က လႊင့္တင္ခဲ့တဲ့ ႐ုပ္သံဖိုင္မွာ ဦးေဌးေအာင္ က ‘‘တိုင္းျပည္တစ္ခုလုံးကို ထိခိုက္နစ္နာစရာေတြေဆာင္႐ြက္တာ လက္ေတြ႕ ကြၽန္ေတာ့္မွာ  အေထာက္အထားေတြနဲ႔ျဖစ္ပါတယ္။ဒီလိုအစိုးရမ်ိဳး ဆက္လက္ၿပီးေတာ့ တိုင္းျပည္ကို ဖ်က္လိုဖ်က္ဆီးမျဖစ္ရေလေအာင္ ကြၽန္ေတာ့္စြမ္းအားေလးနဲ႔ ႏိုင္သေလာက္လုပ္ကိုင္ေနတာျဖစ္ပါတယ္’’ ဟု ေျပာခဲ့ပါတယ္။

ဘယ္လိုရည္႐ြယ္ခ်က္ေတြ ဘယ္လိုအေထာက္အထားေတြေၾကာင့္ ႏိုင္ငံ့ေခါင္းေဆာင္တစ္ဦးကို ဒီလိုစြပ္စြဲတာေတြ ပုတ္ခတ္ေျပာရဲတာလဲဆိုတာ မသိရေပမယ့္ ယခုေခတ္လို ဒီမိုကေရစီေခတ္မဟုတ္ဘဲ ယခင္အာဏာရွင္အစိုးရေခတ္မ်ိဳးသာဆိုရင္ ဒီလိုေျပာပုံမ်ိဳးနဲ႔ လက္စေဖ်ာက္ခံရမွာ ေသခ်ာသေလာက္ရွိပါတယ္။ဖမ္းဆီးခံရတဲ့ ဩဂုတ္လ ၂၁ ရက္ ေနာက္ေန႔ ညေနပိုင္းမွာေတာင္  ၎ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ‘သတၱိရွိရွိ ေဆာင္႐ြက္သြားပါမည္’ လို႔ ထပ္ေရးခဲ့တဲ့အတြက္ စဥ္းစားေတြးေတာခ်င္စရာေတြ ျဖစ္လာပါတယ္။ဒါဟာ "ဆင္ကန္းေတာတိုးလား" ၊ ခံယူခ်က္ခိုင္ခိုင္မာမာရွိေနတာလား၊ သက္ေသခိုင္ခိုင္မာမာရွိေနတာလား ဆိုတာကို ေတြးခ်င္စရာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဝင္ေရာက္ေ႐ြးေကာက္ခံမယ့္သူအတြက္ ႏိုင္ငံေရးအရ အမ်ားျပည္သူအာ႐ုံစိုက္ဖို႔ လုပ္ၾကရတာမွန္ေပမယ့္ စည္းလြတ္ဝါးလြတ္ေျပာဆိုမႈနဲ႔ ေျပာလို႔ရတိုင္း ေျပာဆိုမႈေတြက ေနာက္ဆုံးမွာ ကိုယ့္အတြက္ အႏၲရာယ္က်ေရာက္ေစတယ္ဆိုတာ ယခုျဖစ္ရပ္က အေကာင္းဆုံးဥပမာပဲဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ၾသဂုတ္ - ၂၄