【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 စည်းလုံးညီညွှတ်ဖို့ ခြေလှမ်းတွေ စရွေ့ပြီလား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 စည်းလုံးညီညွှတ်ဖို့ ခြေလှမ်းတွေ စရွေ့ပြီလား

ယခုတစ်ပတ် ပြည်တွင်းသတင်းသုံးသပ်ချက်အတွက် သတင်းတွေကိုပြန်ကြည့်ခဲ့ရာမှာ ထူးထူးခြားခြား ဒီဇင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ သတင်းစာရှင်းလင်းပွဲ သတင်းတွေရယ်၊ ဒီဇင်ဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ အနိုင်ရပါတီရဲ့ အစိုးရဖွဲ့ဖို့သတင်းတွေရယ်၊ အစောပိုင်းရက်တွေမှာ ရွေးကော်နဲ့ တပ်မတော်ကြား အပြန်အလှန်စာထုတ်နေတဲ့ သတင်းတွေက ထိပ်တန်းစိတ်ဝင်စားခဲ့ရတဲ့ သတင်းတွေဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေက ပြည်သူတွေထက် နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ လူနည်းစုအတွက် အရေးကြီးခဲ့ပေမယ့် အများပြည်သူကတော့ ဒီလို ဖန်တရာတေ ထူးမခြားနား နိုင်ငံရေးကစားပွဲ သတင်းတွေထက် ဒီဇင်ဘာ ၁၁ ရက်ညက နိုင်ငံတော်အတိုင်ပင်ခံဖြစ်သူပြောတဲ့ ကိုဗစ်ကပ်ရောဂါကာလအတွင်း စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ တချို့အပိုင်းတွေကို ကန်သတ်ချက်နဲ့အညီ ပြန်ဖွင့်ပေးဖို့ဆိုတဲ့ ပြောခဲ့တဲ့အပေါ်မှာ စိတ်ဝင်စားမှုပိုခဲ့ပါတယ်။

သတင်းတွေအားလုံး ခြုံကြည့်မယ်ဆိုရင် ဒီလိုသတင်းတွေအပြင် တခြားသတင်းတွေကိုလည်း ပြည်သူက အာရုံစိုက်မှုလွှတ်မထားခဲ့တာကို တွေ့ရပါတယ်။ဒီထဲမှာ ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ ထိုင်းနိုင်ငံဘက်ခြမ်းကနေ သောင်ရင်းမြစ်ကိုဖြတ်ပြီး တရားမဝင်ခိုးသွင်းထားတဲ့ မော်တော်ယာဉ် (၆၈) စီးကို သိမ်းဆည်းရမိခဲ့တဲ့သတင်း၊ မီးသတ်ဖို့သွားရင်း မီးသတ်ကားအချင်းချင်းတိုက်မိလို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို အများပြည်သူက ငွေကျပ် သိန်း ၃၀၀ နီးပါး လှူဒါန်းခဲ့ကြတဲ့သတင်း၊ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ဦးဂါကျေးရွာမှ အသက် (၄၀) အရွယ် ကလေးမိခင်တစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ စစ်သည်သုံးယောက်ကို စစ်တွေတပ်နယ် စစ်တရားခုံးရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် (၂၀) စီ ချမှတ်လိုက်တဲ့သတင်း၊ အဂတိလိုက်စားမှုတွေကို လက်ယပ်ခေါ်နေတဲ့ ရေခံမြေခံမှန်သမျှကို ဖယ်ထုတ်နိုင်ဖို့ ကြိုးစားကြရမယ်လို့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ပြောကြားခဲ့တဲ့သတင်း၊ တရားမဝင် ကိုဗစ် ၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးတဲ့ Test Kit တွေနဲ့ တစ်ဦးကို ကျပ်ငွေခြောက်သောင်းယူပြီး အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေးပေးတဲ့ ဆရာဝန်ကို ဗိုလ်တစ်ထောင်မြို့နယ်မှာ ဖမ်းဆီးအရေးယူထားတဲ့သတင်း၊ လျော်ကြေးကိစ္စအငြင်းပွားနေတဲ့ (Omni Focus) ကုမ္ပဏီနဲ့ ယာဉ်မောင်းတွေအမှုကို ခုံသမာဓိကောင်စီက ဒီဇင်ဘာလအတွင်း ဆုံးဖြတ်ချက်ချတော့မယ့်သတင်း၊ ရန်ကင်းမြို့နယ်၊ ကံဘဲ့လမ်းနဲ့ မိုးကောင်းလမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ ဇောတိကသင်္ကန်းဆိုင်ထဲ ဝင်ရောက်လုယက်ခဲ့တဲ့သတင်း၊ ဗစ်တိုးရီးယားအမှုမှာ သံသယတရားခံအဖြစ် ဖမ်းဆီးခံခဲ့ရပြီး တရားရှင်နဲ့ ပြန်လည်လွှတ်ပေးခဲ့တဲ့ ကိုအောင်ကြီး (ခေါ်) ကိုအောင်ကျော်မျိုး က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နစ်နာကြေးရလိုမှုနဲ့ တရားစွဲဆိုခဲ့တဲ့သတင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်းနဲ့ ရန်ကုန် -မန္တလေး ရထားလမ်းတွေမှာ ပြေးဆွဲမယ့် ရထားတွဲအသစ် ၂၄၆ တွဲကို ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဆက်တိုက်ပေးပို့သွားဖို့ စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်လိုက်တဲ့သတင်းတွေလို စိတ်ဝင်စားဖွယ်ရာသတင်းတွေလည်း ယခုရက်ထဲမှာရှိခဲ့ပါတယ်။

ဒီလိုအမျိုးမျိုးအဖုံဖုံ စိတ်ဝင်စားစရာ သတင်းတွေထဲကမှ ပထမဆုံးရွေးကောက်ပွဲကော်မရှင်နဲ့ တပ်မတော်ကြား အပြန်အလှန်စာထုတ်နေကြတဲ့ သတင်းကို တင်ပြချင်ပါတယ်။

ဘယ်သူက လမ်းကြောင်းမှန်ပေါ်တည်ရှိသလဲ

တပ်မတော်ဘက်က ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ တပ်မဲဆန္ဒနယ်များအတွင်း ပြန်လည်စိစစ်သုံးသပ်နိုင်ရေးဆိုပြီး ရွေးကောက်ပွဲစာရွက်စာတမ်းများ ကူးယူခွင့်ရရှိဖို့ ကော်မရှင်ဘက်ကို ယခုရက်သတ္တပတ်များအတွင်း တောင်းဆိုခဲ့တာရှိပါတယ်။ဒီလိုတောင်းဆိုမှုနဲ့ပတ်သက်ပြီး ကော်မရှင်ဘက်က ပြန်လည်စာထုတ်တာ၊ တစ်ဘက်နှင့် တစ်ဘက် ဥပဒေအကိုးအကားတွေနဲ့ တုံ့ပြန်ခဲ့ကြတာက ယခုရက်ပိုင်းအတွင်း အားလုံးစိတ်ဝင်တစားစောင့်ကြည့်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်မှာ  ရွေးကောက်ပွဲကော်မရှင်က တပ်ဘက်ကတောင်းဆိုမှုနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။တပ်ဘက်က ရွေးကောက်ပွဲစာရွက်စာတမ်းများ ကူးယူခွင့်ရရှိရန် သက်သေခံဥပဒေပုဒ်မ ၇၄ နှင့် ၇၆ တို့အား ကိုးကားတောင်းဆိုမှုက ဥပဒေနဲ့မညီဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုထုတ်ပြန်ချက်မှာ သက်သေခံဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၈ အရ ရွေးကောက်ပွဲခုံအဖွဲ့အနေဖြင့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများအား စစ်ဆေးသည့်အခါမှသာ ကျင့်သုံးခွင့်ရှိတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုထုတ်ပြန်မှုကို တပ်ဘက်က ဒီဇင်ဘာ ၁၀ ရက်မှာ ပြန်လည်စာထုတ် တုံ့ပြန်ခဲ့ပါတယ်။ထုတ်ပြန် ချက်မှာ ဒီလိုကူးယူခွင့်တောင်းတာက ဥပဒေကြောင်းအရ ကျိုးကြောင်းဆီလျော်မှုရှိကြောင်း၊ နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးနှင့် ကန့်ကွက်ပိုင်ခွင့် အခွင့်အရေးတို့အရ တောင်းခံခြင်းဖြစ်သည့်အတွက် ဥပဒေနှင့်မညီသည့် ညွှန်ကြားမှုပြုရာရောက်မည်မဟုတ်ကြောင်း ဖော်ပြခဲ့ပါတယ်။

အများစုအနေနဲ့ တပ်ဘက်က ရွေးကောက်ပွဲကော်မရှင်ဆီကနေ ဘာတွေကိုကူးယူဖို့ တောင်းဆိုနေသလဲဆိုတာ သိဖို့လိုပါမယ်။တပ်ဘက်ကတောင်းတာက ကြိုတင်မဲစာရင်းများ၊ မဲပေးသည့်နေ့ မဲစာရင်းများ၊ ကိုယ်စားလှယ်လောင်းများ မဲရရှိမှုစာရင်း၊ ပယ်မဲစာရင်း၊ မဲလက်မှတ်ဖြတ်ပိုင်းများ၊ ကျန်ရှိသည့် မဲလက်မှတ်စာရင်းများ စသည့် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်း အားလုံးနီးပါးအား ကူးယူခွင့်တောင်းခံထားတာဖြစ်ပါတယ်။ကော်မရှင်ဘက်က ဒီလိုတောင်းတဲ့ စာရွက်စာတမ်းတွေက လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေနှင့်အညီ ချိပ်ပိတ်သိမ်းဆည်းထားပြီဖြစ်လို့ မိတ္တူကူးယူခွင့်ပြုနိုင်မည် မဟုတ်ကြောင်းနှင့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း ပုံစံ (၂၀) မှ လွဲပြီး အခြားသော ရွေးကောက်ပွဲအသုံးပြုပုံစံနှင့် စာရွက်စာတမ်းများကို မိတ္တူကူးခွင့် ပြုရမယ်ဆိုပြီး ဥပဒေပြဌာန်းချက်များမရှိဘူးဆိုပြီး ခပ်မာမာငြင်းခဲ့တာပါ။

လက်ရှိ တည်မြဲနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေမှန်သမျှမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က အတည်ဆိုပြီး ပြဋ္ဌာန်းထားတာပါ။ဒီထဲမှာ ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊ နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရဆောင်ရွက်သော ကိစ္စရပ်တွေပါဝင်ပါတယ်။ကော်မရှင်အနေနဲ့ တပ်ဘက်က တောင်းဆိုမှုကို ဥပဒေအကိုးအကားနဲ့ ချက်ကျလက်ကျ ငြင်းထားလို့ ဥပဒေသမားတွေရဲ့ နှလုံးရည်တိုက်ပွဲကလည်း စိတ်ဝင်စားစရာပါ။

တခြားတစ်ဘက်မှာလည်း တပ်မတော်မှာ စစ်ဥပဒေချုပ်အဖြစ် တာဝန်ယူခဲ့ဘူးတဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးမောင် ခေါင်းဆောင်တဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) က ရွေးကောက်ပွဲကော်မရှင်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တရားစွဲဖို့ စိုင်းပြင်းနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း တွေ့ရပါတယ်။အတိအကျ အသေချာမသိရသေးပေမယ့် ရွေးကောက်ပွဲမတိုင်ခင် ပြောဆိုခဲ့မှုတွေ၊ ရွေးကောက်ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ စကားတွေက အတော်လေး လူပြောများစရာ၊ ဝေဖန်စရာဖြစ်ခဲ့ပါတယ်။အဆိုပါတီရဲ့ ဥက္ကဋ္ဌကပဲ ရွေးကောက်ပွဲမကျင်းပမီ ရက်ပိုင်းအလိုမှာ သူ့မဲဆန္ဒနယ်မှာပြုလုပ်တဲ့ မဲဆွယ်ပွဲမှာ ဘာသာရေးမှိုင်းတိုက်သော ဟောပြောမှုတွေနဲ့  မဲဆွယ်စည်းရုံးခဲ့လို့ မီဒီယာတွေက ထောက်ပြမှုတွေ ဖော်ပြမှုတွေ လုပ်ခံထားရသူလဲဖြစ်ပါတယ်။ဒီလိုရှိခဲ့တဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) ကို ဒီဇင်ဘာ ၇ ရက်မှာဘဲ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတို့ကို လေးစားလိုက်နာမှုမရှိဘူးဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၃ ရက် ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်မှာတော့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကနေ ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်နှစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင်အသစ် ဖွဲ့စည်းပေးရန် အပါအဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ တရားမျှတမှုမရှိသဖြင့် ကော်မရှင်ကို တရားစွဲဆိုမည်ဖြစ်တယ်ဆိုတဲ့ နိုဝင်ဘာ ၆ နှင့် ၉ ရက် သဘောထားထုတ်ပြန်ချက်တွေက ရွေးကောက်ပွဲတာဝန်ရှိသူတွေကို ခြိမ်းခြောက်တာ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအပေါ် နှောင့်ယှက်စော်ကားတာတွေ ပြုလုပ်ရာရောက်နေတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲကော်မရှင်ကို ဦးတည်ပြီး စာတွေထုတ်တာ၊ ပါတီတွေရဲ့ ထုတ်ပြန်ချက်တွေက မကြာခဏတွေ့နေရသလို ဘယ်လိုဖြစ်လို့ ကော်မရှင်ကို ဦးတည်နေတာလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ကော်မရှင်ဘက်ကတော့ ယခုအချိန်ထိ အမှားအယွင်းမရှိအောင် ခြေလှမ်းတစ်လှမ်းခြင်းရွေ့နေသလို ဥပဒေရဲ့တာအတိုင်း ကစားနေတာကို သတိထားမိပါတယ်။ဒါပေမယ့် ပါတီအချို့ရဲ့ လွန်ကဲတဲ့ စည်းဘောင်ကျော်တဲ့လုပ်ရပ်တွေနဲ့ ပြောဆိုမှုတွေ၊ စွပ်စွဲမှုတွေက ဘယ်လောက်ထိခွင့်ပြုမလဲ၊ မပြုခဲ့ရင် ဒီလိုဘဲ စာထုတ်သတိပေးရုံမှာတင် ရပ်နေမလား၊ ဒါမှမဟုတ် ကော်မရှင်ဘက်က ထွက်ရှင်းပြီး ပြောဆိုစွပ်စွဲမှု မမှန်ကန်ရင် ပါတီကို ဖျက်သိမ်းစေတဲ့အထိ အရေးယူလုပ်ဆောင်လာမလားဆိုတာ စောင့်ကြည့်ရမယ့်အနေအထားပါ။ရှေ့ဆက် ဘယ်သူတွေ၊ ဘယ်ပုဂ္ဂိုလ်တွေ။ဘယ်အဖွဲ့အစည်းတွေက တိုက်စစ်ကျွံသွားမလဲ ပိတ်မိသွားမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

တစ်ခါရှင်း … တစ်ခါပြောစရာဖြစ်

ယခုရက်အတွင်း ပါတီကြီးနှစ်ခုရဲ့ လှုပ်ရှားမှုတွေရှိခဲ့ပါတယ်။တစ်ခုကတော့ ထုံးစံအတိုင်း ရွေးကောက်ပွဲမှာ ထင်ထားသလိုရလဒ်မထွက်ဘဲ ခွက်ခွက်လန်အောင်ရှုံးခဲ့ရလို့ သတင်းစာရှင်းလင်းပွဲတွေ ဆက်တိုက်လုပ်နေတဲ့ ပြည်ခိုင်ဖြိုးပါတီ သတင်းစာရှင်းလင်းပွဲနဲ့ အနိုင်ရခဲ့တဲ့ အာဏာရ NLD ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေ အစည်းအဝေးဘဲဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့က နေပြည်တော် ပြည်ခိုင်ဖြိုးရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို  ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကထက် ရှုံးနိမ့်ခဲ့ရတဲ့အပေါ်  လက်မခံနိုင်ကြောင်းကို အဓိကရှင်းလင်းခဲ့တာကို တွေ့ရပါတယ်။အဆိုပါသတင်းစာရှင်းလင်းပွဲကို ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးဝေလွင်၊ ဦးသောင်းအေးနှင့် ပြောခွင့်ရပုဂ္ဂိုလ်တွေဖြစ်တဲ့ ဦးသိန်းထွန်းဦးနှင့် ဒေါက်တာနန္ဒာလှမြင့်တို့ ဦးဆောင်ပြီး ပြုလုပ်ခဲ့တာပါ။ဒီသတင်းစာရှင်းလင်းပွဲမှာ တချို့ပြောတာတွေက ကြားရတဲ့သူတွေနားထဲ တွေးစရာတွေ၊ အဆီအငေါ်မတဲ့တာတွေ အများကြီးတွေ့ခဲ့ရပါတယ်။အထူးသဖြင့် ရွေးကောက်ပွဲမှာ အဓိကပြဿနာဖြစ်ခဲ့တဲ့ တံဆိပ်တုံးအတုပြဿနာနဲ့ပတ်သက်ပြီး ဖြေတာတွေက လက်မခံနိုင်စရာပါ။ကြိုတင်မဲနှင့် ရွေးကောက်ပွဲနေ့တွေမှာ ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်လောင်းတွေဆီက တံဆိပ်တုံးအတုမိတာနဲ့ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းခဲ့တာကို ပါတီနဲ့မသက်ဆိုင်ဘူးလို့ ဦးသိန်းထွန်းဦး က ငြင်းဆိုခဲ့ပြီး “ပြည်ခိုင်ဖြိုးပါတီဘက်က အဲ့ဒီလိုအမှားလေး သေးသေးလေးကို မီဒီယာတွေမှာ အများကြီးပြန့်နေတယ်” ဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။

အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ပျော်ဘွယ်ကနေ ဝင်ပြိုင်ခဲ့တဲ့ ဦးသောင်းအေးကလည်း ရွေးကောက်ပွဲကာလအတွင်း ဖြစ်ခဲ့တာတွေကို လူသက်သေပစ္စည်းသက်သေတွေနဲ့ တင်ပြခဲ့ပြီး မီဒီယာတွေကို သူဒီမှာပြသခဲ့သလိုဘဲ ပြသပေးရင် ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ သိမယ်ဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။ဒါ့အပြင် ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့‌ ဦးသိန်းထွန်းဦး က လက်ရှိ ရွေးကောက်ပွဲကော်မရှင်က အနိုင်ရပါတီဘက်က ဖွဲ့စည်းထားတာဖြစ်လို့ ဘယ်ရွေးကောက်ပွဲကော်မရှင်ကဘဲ ဆုံးဖြတ် ဆုံးဖြတ် မူလ ကျနော်တို့ တင်သွင်းများကိုလည်း မပစ်ပယ်ဘဲ တစ်ကယ့်သမာသမတ်ကျကျ ဆုံးဖြတ်စီရင်မယ်ဆိုရင် ကျနော်တို့ပါတီဟာ ပြန်လည်ပြီးတော့ နေရာအတော်များများရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဆိုပြီး ပြောခဲ့တာကိုလည်း တွေ့ ရပါတယ်။  

အဆိုပါသတင်းစာရှင်းလင်းပွဲအပါအဝင် ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွေ ပြည်ခိုင်ဖြိုးနဲ့ ပြည်ခိုင်ဖြိုးပါတီဦးဆောင်တဲ့ ပါတီအချို့က လုပ်ခဲ့ပေမယ့် ကော်မရှင်ဘက်က နည်းလမ်းတကျ တုံ့ပြန်ခဲ့တာကို ရွေးကောက်ပွဲအပြီး တစ်လျှောက်လုံးတွေ့ခဲ့ရပြီး မဲမသာမှုတွေ့ရင် ဥပဒေအရ ကျပ်ငါးသိန်းသွင်း၍ ကန့်ကွက်လွှာတင်သွင်းသင့်တယ်ဆိုပြီး ကော်မရှင်ဘက်က တစ်လျှောက်လုံးပြောခဲ့တာကို တွေ့ရပါတယ်။ဒီသတင်းစာရှင်းလင်းပွဲမှာ ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိလာနိုင်သလားဆိုပြီး မီဒီယာတွေဘက်က မေးရိုးမေးစဉ်ကို မေးတဲ့အခါမှာတော့ အပြောင်းအလဲ ရှိ/မရှိ ကို အတည်မပြုခဲ့ဘဲ ၂၀၂၁ မှာ ကျင်းပမယ့် ပါတီညီလာခံကြမှသာ ပြန်လည်ရွေးချယ်မှုလုပ်မယ်သာ ပြောခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကိုကြည့်ရင် ရှေ့သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပြီးသားတွေကိုဘဲ ပြန်ပြောခဲ့သလိုဖြစ်ခဲ့ပြီး ထူးဆန်းတဲ့အကြောင်းအရာမပါသလို မီဒီယာတွေကို ဖြေတာ၊ ရှင်းတာနဲ့မတူဘဲ မကျေနပ်တာတွေကိုခေါ်ပြောသလိုမျိုးဖြစ်နေတာကို တွေ့ရပါတယ်။ဒါ့အပြင် တံဆိပ်တုံးလိုကိစ္စမျိုးမှာ ပါတီပြောရေးဆိုခွင့်ရှိသူပေးတဲ့ အဖြေက ပြည်သူတွေကြားချင်တဲ့ အဖြေမျိုးမဟုတ်ဘဲ ဒီလိုမေးရင် ဒီလိုလာမယ်ဆိုတဲ့အဖြေမျိုး ဖြစ်နေတဲ့အတွက် ဒီလိုဖြေရှင်းပုံမျိုးသာ ဆက်ကျင့်သုံးခဲ့မယ်ဆိုရင် နောင်လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူရဲ့စိတ်နှလုံးကို သိမ်းကြုံးယူနိုင်မယ့်အနေအထားမရှိပါဘူး။

ပြည်ခိုင်ဖြိုးပါတီဘက်က ရွေးကောက်ပွဲရလဒ်ကို နောက်ကြောင်းပြန်ပြီး ယခုထိမပြီးနိုင်မစီးနိုင် ရှင်းလို့လင်းလို့ လုပ်လို့မဆုံးစဉ်မှာ ပြည်သူအများစုပေးတဲ့မဲကိုရခဲ့ပြီး ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ အာဏာရ NLD ပါတီက ရှေ့ဆက်မယ့်ခရီးအတွက် စတင်ပြင်ဆင်နေခဲ့တာကို တွေ့ရပါတယ်။ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်ရှိ ပါတီဗဟိုရုံးချုပ် (ယာယီ) တွင် ပြုလုပ်သည့်  ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ပြုလုပ်ခဲ့တာကိုတွေ့ရပြီး ဒီအစည်းအဝေးမှာ အစိုးရအဖွဲ့သစ်ဖွဲ့ဖို့အတွက် လူရွေးနေရာချရာမှာ အခြေခံစဉ်းစားမယ့် အချက်တွေကို ဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။
ဒီလိုအစိုးရအဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ရာမှာ ပြည်သူ့အသံကို နားထောင်သွားမယ်လို့ဆိုပြီး အစိုးရဖွဲ့စည်းရာမှာ အသစ်နှင့် အဟောင်း ယှဉ်တွဲဖက်ပါဝင်ရန် လိုတယ်လို့ ပြောခဲ့ပါတယ်။ရွေးချယ်မယ့် အခြေခံအချက်သုံးချက်ကိုပြောခဲ့ပြီး အဖွဲ့ချုပ်ရဲ့ မူဝါဒတွေ လိုက်နာနိုင်တဲ့သူ၊ ပြည်သူကလက်ခံနိုင်တဲ့သူ၊ အရည်အသွေးထက်မြက်တဲ့သူဖြစ်ရမယ်ဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။ဒီလိုပြောခဲ့တဲ့အတွက် အများပြည်သူအနေနဲ့ အရပ်သားအစိုးရပထမသက်တမ်းမှာဖြစ်ခဲ့တဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်လို ကိစ္စမျိုးတွေ၊ ကယားမှာ ပြည်နယ်အစိုးရကိုဖြုတ်ချခဲ့တဲ့ ကိစ္စမျိုးတွေ ထပ်မံကြုံလာရနိုင်တဲ့ အကြပ်အတည်းတွေမျိုး လူထုအစိုးရကို အရှက်တကွဲဖြစ်လာနိုင်တာကို မြင်တွေ့ရဖို့နည်းနိုင်မယ်လို့ ထင်စရာပါ။

အဆိုပါဆွေးနွေးပွဲမှာ ရွေးကောက်ပွဲပြီးပြီးချင်း ရက်ပိုင်းမှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေး ဆွေးနွေးရန်  တိုင်းရင်းသားပါတီများထံ ဖိတ်ခေါ်ကမ်းလှမ်းချက်တစ်ရပ် ပေးပို့ခဲ့မှုအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ဆွေးနွေးမှုများပြုလုပ်ဖို့ ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးအင်ထုံးခါးနော်ဆမ်တို့ သုံးဦးပါတဲ့အဖွဲ့ကို ဖွဲ့ခဲ့တာတွေ့ရပါတယ်။ဒီအဖွဲ့က တိုင်းရင်းသားပါတီတွေနဲ့ ဘုံသဘောထားရဖို့ ဆွေးနွေးတွေ့ဆုံမှုတွေလုပ်ပြီး ဒီလိုတွေ့ဆုံစဉ်မှာ တိုင်းရင်းသားပါတီတွေဘက်က  ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရမှာ ပါဝင်သင့်တဲ့လူတွေကို တင်ပြလာခဲ့ရင် ထည့်သွင်းစဉ်းစားပေးမယ်လို့ ပြောခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီလိုအခင်းကျင်းတွေကို ကြည့်ရခြင်းအားဖြင့် နောက်လာမယ့် ၅ နှစ်သက်တမ်းမှာ NLD အစိုးရအနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ယုံကြည်မှုတည်ဆောက်ပြီး ပထမသက်တမ်းတုန်းက အမှားတွေကိုပြင်ဆင်ဖို့ လုပ်နေတဲ့ အနေအထားပါဘဲ။လာမယ့် ၅ နှစ်သက်တမ်းမှာ အနိုင်ရပါတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ တိုင်းရင်းသားပါတီတွေရဲ့အားကိုယူဖို့ လိုနေပါတယ်။လက်ရှိမှာ ရှမ်း၊ ကချင်နဲ့ ရခိုင်မှာ တိုင်းရင်းသားပါတီတွေ အားကောင်းနေသလို လူပုဂ္ဂိုလ်တချို့နဲ့ အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားကလည်း အဆိုပါတိုင်းရင်းသားဒေသတွေမှာ ရှိနေတဲ့အတွက် ဒါဟာ လိုအပ်နေတဲ့ လုပ်ဆောင်မှုလည်းဖြစ်လို့ အနိုင်ရပါတီရဲ့ ဒီတစ်ခါရင်ကြားစေ့ရေးမူက ဖြစ်သင့်တဲ့ ရင်ကြားစေ့ရေးမှုဝါဒဖြစ်လို့ ဘယ်လောက်ထိ ခရီးပေါက်မလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် သတိထားမိတဲ့ ပြည်တွင်းအခင်းအကျင်းကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

ခက်ထန်စိုး
ဒီဇင်ဘာ - ၁၄

( Zawgyi )

ယခုတစ္ပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္အတြက္ သတင္းေတြကိုျပန္ၾကည့္ခဲ့ရာမွာ ထူးထူးျခားျခား ဒီဇင္ဘာ ၁၁ ရက္က ျပဳလုပ္ခဲ့တဲ့ ျပည္ခိုင္ၿဖိဳးပါတီ သတင္းစာရွင္းလင္းပြဲ သတင္းေတြရယ္၊ ဒီဇင္ဘာ ၁၂ ရက္မွာ ျပဳလုပ္ခဲ့တဲ့ အႏိုင္ရပါတီရဲ႕ အစိုးရဖြဲ႕ဖို႔သတင္းေတြရယ္၊ အေစာပိုင္းရက္ေတြမွာ ေ႐ြးေကာ္နဲ႔ တပ္မေတာ္ၾကား အျပန္အလွန္စာထုတ္ေနတဲ့ သတင္းေတြက ထိပ္တန္းစိတ္ဝင္စားခဲ့ရတဲ့ သတင္းေတြျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြက ျပည္သူေတြထက္ ႏိုင္ငံေရးကိုစိတ္ဝင္စားတဲ့ လူနည္းစုအတြက္ အေရးႀကီးခဲ့ေပမယ့္ အမ်ားျပည္သူကေတာ့ ဒီလို ဖန္တရာေတ ထူးမျခားနား ႏိုင္ငံေရးကစားပြဲ သတင္းေတြထက္ ဒီဇင္ဘာ ၁၁ ရက္ညက ႏိုင္ငံေတာ္အတိုင္ပင္ခံျဖစ္သူေျပာတဲ့ ကိုဗစ္ကပ္ေရာဂါကာလအတြင္း စီးပြားေရးလုပ္ငန္းေတြ ျပန္လည္စတင္ဖို႔ တခ်ိဳ႕အပိုင္းေတြကို ကန္သတ္ခ်က္နဲ႔အညီ ျပန္ဖြင့္ေပးဖို႔ဆိုတဲ့ ေျပာခဲ့တဲ့အေပၚမွာ စိတ္ဝင္စားမႈပိုခဲ့ပါတယ္။

သတင္းေတြအားလုံး ၿခဳံၾကည့္မယ္ဆိုရင္ ဒီလိုသတင္းေတြအျပင္ တျခားသတင္းေတြကိုလည္း ျပည္သူက အာ႐ုံစိုက္မႈလႊတ္မထားခဲ့တာကို ေတြ႕ရပါတယ္။ဒီထဲမွာ ထိုင္း-ျမန္မာ နယ္စပ္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕မွာ ထိုင္းႏိုင္ငံဘက္ျခမ္းကေန ေသာင္ရင္းျမစ္ကိုျဖတ္ၿပီး တရားမဝင္ခိုးသြင္းထားတဲ့ ေမာ္ေတာ္ယာဥ္ (၆၈) စီးကို သိမ္းဆည္းရမိခဲ့တဲ့သတင္း၊ မီးသတ္ဖို႔သြားရင္း မီးသတ္ကားအခ်င္းခ်င္းတိုက္မိလို႔ ထိခိုက္ဒဏ္ရာရခဲ့တဲ့ မီးသတ္တပ္ဖြဲ႕ဝင္ေတြကို အမ်ားျပည္သူက ေငြက်ပ္ သိန္း ၃၀၀ နီးပါး လႉဒါန္းခဲ့ၾကတဲ့သတင္း၊ ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္က ဦးဂါေက်း႐ြာမွ အသက္ (၄၀) အ႐ြယ္ ကေလးမိခင္တစ္ေယာက္ကို အဓမၼျပဳက်င့္ခဲ့တဲ့ စစ္သည္သုံးေယာက္ကို စစ္ေတြတပ္နယ္ စစ္တရားခုံး႐ုံးက အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ႏွစ္ (၂၀) စီ ခ်မွတ္လိုက္တဲ့သတင္း၊ အဂတိလိုက္စားမႈေတြကို လက္ယပ္ေခၚေနတဲ့ ေရခံေျမခံမွန္သမွ်ကို ဖယ္ထုတ္ႏိုင္ဖို႔ ႀကိဳးစားၾကရမယ္လို႔ အျပည္ျပည္ဆိုင္ရာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနားမွာ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ က ေျပာၾကားခဲ့တဲ့သတင္း၊ တရားမဝင္ ကိုဗစ္ ၁၉ ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးတဲ့ Test Kit ေတြနဲ႔ တစ္ဦးကို က်ပ္ေငြေျခာက္ေသာင္းယူၿပီး အိမ္တိုင္ရာေရာက္ လိုက္လံစစ္ေဆးေပးတဲ့ ဆရာဝန္ကို ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္မွာ ဖမ္းဆီးအေရးယူထားတဲ့သတင္း၊ ေလ်ာ္ေၾကးကိစၥအျငင္းပြားေနတဲ့ (Omni Focus) ကုမၸဏီနဲ႔ ယာဥ္ေမာင္းေတြအမႈကို ခုံသမာဓိေကာင္စီက ဒီဇင္ဘာလအတြင္း ဆုံးျဖတ္ခ်က္ခ်ေတာ့မယ့္သတင္း၊ ရန္ကင္းၿမိဳ႕နယ္၊ ကံဘဲ့လမ္းနဲ႔ မိုးေကာင္းလမ္းေထာင့္မွာ ဖြင့္လွစ္ထားတဲ့ ေဇာတိကသကၤန္းဆိုင္ထဲ ဝင္ေရာက္လုယက္ခဲ့တဲ့သတင္း၊ ဗစ္တိုးရီးယားအမႈမွာ သံသယတရားခံအျဖစ္ ဖမ္းဆီးခံခဲ့ရၿပီး တရားရွင္နဲ႔ ျပန္လည္လႊတ္ေပးခဲ့တဲ့ ကိုေအာင္ႀကီး (ေခၚ) ကိုေအာင္ေက်ာ္မ်ိဳး က ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို နစ္နာေၾကးရလိုမႈနဲ႔ တရားစြဲဆိုခဲ့တဲ့သတင္း၊ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းနဲ႔ ရန္ကုန္ -မႏၲေလး ရထားလမ္းေတြမွာ ေျပးဆြဲမယ့္ ရထားတြဲအသစ္ ၂၄၆ တြဲကို ၂၀၂၃ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အတြင္း ဆက္တိုက္ေပးပို႔သြားဖို႔ စီစဥ္ထားေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးက ထုတ္ျပန္လိုက္တဲ့သတင္းေတြလို စိတ္ဝင္စားဖြယ္ရာသတင္းေတြလည္း ယခုရက္ထဲမွာရွိခဲ့ပါတယ္။

ဒီလိုအမ်ိဳးမ်ိဳးအဖုံဖုံ စိတ္ဝင္စားစရာ သတင္းေတြထဲကမွ ပထမဆုံးေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ တပ္မေတာ္ၾကား အျပန္အလွန္စာထုတ္ေနၾကတဲ့ သတင္းကို တင္ျပခ်င္ပါတယ္။

ဘယ္သူက လမ္းေၾကာင္းမွန္ေပၚတည္ရွိသလဲ

တပ္မေတာ္ဘက္က ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ တပ္မဲဆႏၵနယ္မ်ားအတြင္း ျပန္လည္စိစစ္သုံးသပ္ႏိုင္ေရးဆိုၿပီး ေ႐ြးေကာက္ပြဲစာ႐ြက္စာတမ္းမ်ား ကူးယူခြင့္ရရွိဖို႔ ေကာ္မရွင္ဘက္ကို ယခုရက္သတၱပတ္မ်ားအတြင္း ေတာင္းဆိုခဲ့တာရွိပါတယ္။ဒီလိုေတာင္းဆိုမႈနဲ႔ပတ္သက္ၿပီး ေကာ္မရွင္ဘက္က ျပန္လည္စာထုတ္တာ၊ တစ္ဘက္ႏွင့္ တစ္ဘက္ ဥပေဒအကိုးအကားေတြနဲ႔ တုံ႔ျပန္ခဲ့ၾကတာက ယခုရက္ပိုင္းအတြင္း အားလုံးစိတ္ဝင္တစားေစာင့္ၾကည့္ခဲ့ရတဲ့ ျဖစ္ရပ္ေတြ ျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၇ ရက္မွာ  ေ႐ြးေကာက္ပြဲေကာ္မရွင္က တပ္ဘက္ကေတာင္းဆိုမႈနဲ႔ပတ္သက္ၿပီး ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ပါတယ္။တပ္ဘက္က ေ႐ြးေကာက္ပြဲစာ႐ြက္စာတမ္းမ်ား ကူးယူခြင့္ရရွိရန္ သက္ေသခံဥပေဒပုဒ္မ ၇၄ ႏွင့္ ၇၆ တို႔အား ကိုးကားေတာင္းဆိုမႈက ဥပေဒနဲ႔မညီဘူးလို႔ ထုတ္ျပန္ခဲ့ပါတယ္။
ဒီလိုထုတ္ျပန္ခ်က္မွာ သက္ေသခံဥပေဒနဲ႔ပတ္သက္ၿပီး လႊတ္ေတာ္ေ႐ြးေကာက္ပြဲ ဥပေဒပုဒ္မ ၇၈ အရ ေ႐ြးေကာက္ပြဲခုံအဖြဲ႕အေနျဖင့္ ေ႐ြးေကာက္ပြဲကန႔္ကြက္လႊာအမႈမ်ားအား စစ္ေဆးသည့္အခါမွသာ က်င့္သုံးခြင့္ရွိတယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။

ဒီလိုထုတ္ျပန္မႈကို တပ္ဘက္က ဒီဇင္ဘာ ၁၀ ရက္မွာ ျပန္လည္စာထုတ္ တုံ႔ျပန္ခဲ့ပါတယ္။ထုတ္ျပန္ ခ်က္မွာ ဒီလိုကူးယူခြင့္ေတာင္းတာက ဥပေဒေၾကာင္းအရ က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိေၾကာင္း၊ ႏိုင္ငံသားတစ္ဦး၏ ဥပေဒႏွင့္အညီ ဆႏၵမဲေပးပိုင္ခြင့္အခြင့္အေရးႏွင့္ ကန႔္ကြက္ပိုင္ခြင့္ အခြင့္အေရးတို႔အရ ေတာင္းခံျခင္းျဖစ္သည့္အတြက္ ဥပေဒႏွင့္မညီသည့္ ၫႊန္ၾကားမႈျပဳရာေရာက္မည္မဟုတ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

အမ်ားစုအေနနဲ႔ တပ္ဘက္က ေ႐ြးေကာက္ပြဲေကာ္မရွင္ဆီကေန ဘာေတြကိုကူးယူဖို႔ ေတာင္းဆိုေနသလဲဆိုတာ သိဖို႔လိုပါမယ္။တပ္ဘက္ကေတာင္းတာက ႀကိဳတင္မဲစာရင္းမ်ား၊ မဲေပးသည့္ေန႔ မဲစာရင္းမ်ား၊ ကိုယ္စားလွယ္ေလာင္းမ်ား မဲရရွိမႈစာရင္း၊ ပယ္မဲစာရင္း၊ မဲလက္မွတ္ျဖတ္ပိုင္းမ်ား၊ က်န္ရွိသည့္ မဲလက္မွတ္စာရင္းမ်ား စသည့္ ေ႐ြးေကာက္ပြဲဆိုင္ရာ စာ႐ြက္စာတမ္း အားလုံးနီးပါးအား ကူးယူခြင့္ေတာင္းခံထားတာျဖစ္ပါတယ္။ေကာ္မရွင္ဘက္က ဒီလိုေတာင္းတဲ့ စာ႐ြက္စာတမ္းေတြက လႊတ္ေတာ္ေ႐ြးေကာက္ပြဲ နည္းဥပေဒႏွင့္အညီ ခ်ိပ္ပိတ္သိမ္းဆည္းထားၿပီျဖစ္လို႔ မိတၱဴကူးယူခြင့္ျပဳႏိုင္မည္ မဟုတ္ေၾကာင္းႏွင့္ ေ႐ြးေကာက္ပြဲကုန္က်စရိတ္စာရင္း ပုံစံ (၂၀) မွ လြဲၿပီး အျခားေသာ ေ႐ြးေကာက္ပြဲအသုံးျပဳပုံစံႏွင့္ စာ႐ြက္စာတမ္းမ်ားကို မိတၱဴကူးခြင့္ ျပဳရမယ္ဆိုၿပီး ဥပေဒျပဌာန္းခ်က္မ်ားမရွိဘူးဆိုၿပီး ခပ္မာမာျငင္းခဲ့တာပါ။

လက္ရွိ တည္ၿမဲေနတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရဆိုရင္ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ ဆုံးျဖတ္ခ်က္ေတြမွန္သမွ်မွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဆုံးျဖတ္ခ်က္က အတည္ဆိုၿပီး ျပ႒ာန္းထားတာပါ။ဒီထဲမွာ ေ႐ြးေကာက္တင္ေျမာက္ျခင္းဆိုင္ရာလုပ္ငန္းမ်ား၊ ေ႐ြးေကာက္ပြဲခုံအဖြဲ႕မ်ား၏ ဆုံးျဖတ္ခ်က္မ်ား၊ အမိန႔္မ်ားႏွင့္စပ္လ်ဥ္းသည့္ အယူခံမႈမ်ားႏွင့္ ျပင္ဆင္မႈမ်ား၊ ႏိုင္ငံေရးပါတီဆိုင္ရာ ဥပေဒအရေဆာင္႐ြက္ေသာ ကိစၥရပ္ေတြပါဝင္ပါတယ္။ေကာ္မရွင္အေနနဲ႔ တပ္ဘက္က ေတာင္းဆိုမႈကို ဥပေဒအကိုးအကားနဲ႔ ခ်က္က်လက္က် ျငင္းထားလို႔ ဥပေဒသမားေတြရဲ႕ ႏွလုံးရည္တိုက္ပြဲကလည္း စိတ္ဝင္စားစရာပါ။

တျခားတစ္ဘက္မွာလည္း တပ္မေတာ္မွာ စစ္ဥပေဒခ်ဳပ္အျဖစ္ တာဝန္ယူခဲ့ဘူးတဲ့ ဒုဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးစိုးေမာင္ ေခါင္းေဆာင္တဲ့ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ (DNP) က ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ကို တရားစြဲဖို႔ စိုင္းျပင္းေနတယ္ဆိုတဲ့ သတင္းေတြကိုလည္း ေတြ႕ရပါတယ္။အတိအက် အေသခ်ာမသိရေသးေပမယ့္ ေ႐ြးေကာက္ပြဲမတိုင္ခင္ ေျပာဆိုခဲ့မႈေတြ၊ ေ႐ြးေကာက္ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တဲ့ စကားေတြက အေတာ္ေလး လူေျပာမ်ားစရာ၊ ေဝဖန္စရာျဖစ္ခဲ့ပါတယ္။အဆိုပါတီရဲ႕ ဥကၠ႒ကပဲ ေ႐ြးေကာက္ပြဲမက်င္းပမီ ရက္ပိုင္းအလိုမွာ သူ႔မဲဆႏၵနယ္မွာျပဳလုပ္တဲ့ မဲဆြယ္ပြဲမွာ ဘာသာေရးမႈိင္းတိုက္ေသာ ေဟာေျပာမႈေတြနဲ႔  မဲဆြယ္စည္း႐ုံးခဲ့လို႔ မီဒီယာေတြက ေထာက္ျပမႈေတြ ေဖာ္ျပမႈေတြ လုပ္ခံထားရသူလဲျဖစ္ပါတယ္။ဒီလိုရွိခဲ့တဲ့ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ (DNP) ကို ဒီဇင္ဘာ ၇ ရက္မွာဘဲ ေ႐ြးေကာက္ပြဲေကာ္မရွင္က ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဆိုင္ရာ ဥပေဒ၊ နည္းဥပေဒတို႔ကို ေလးစားလိုက္နာမႈမရွိဘူးဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။

ဒီဇင္ဘာ ၁၃ ရက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ ထုတ္ျပန္ခ်က္မွာေတာ့ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီကေန ေ႐ြးေကာက္ပြဲမတိုင္မီနဲ႔ ေ႐ြးေကာက္ပြဲအၿပီး ထုတ္ျပန္ခဲ့တဲ့ ထုတ္ျပန္ခ်က္ႏွစ္ခုျဖစ္တဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္အသစ္ ဖြဲ႕စည္းေပးရန္ အပါအဝင္ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္မွာ တရားမွ်တမႈမရွိသျဖင့္ ေကာ္မရွင္ကို တရားစြဲဆိုမည္ျဖစ္တယ္ဆိုတဲ့ ႏိုဝင္ဘာ ၆ ႏွင့္ ၉ ရက္ သေဘာထားထုတ္ျပန္ခ်က္ေတြက ေ႐ြးေကာက္ပြဲတာဝန္ရွိသူေတြကို ၿခိမ္းေျခာက္တာ၊ ေ႐ြးေကာက္ပြဲဆိုင္ရာ လုပ္ငန္းမ်ားအေပၚ ေႏွာင့္ယွက္ေစာ္ကားတာေတြ ျပဳလုပ္ရာေရာက္ေနတယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။

လက္ရွိမွာ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဦးတည္ၿပီး စာေတြထုတ္တာ၊ ပါတီေတြရဲ႕ ထုတ္ျပန္ခ်က္ေတြက မၾကာခဏေတြ႕ေနရသလို ဘယ္လိုျဖစ္လို႔ ေကာ္မရွင္ကို ဦးတည္ေနတာလဲဆိုတာ စိတ္ဝင္စားစရာေကာင္းေနပါတယ္။ေကာ္မရွင္ဘက္ကေတာ့ ယခုအခ်ိန္ထိ အမွားအယြင္းမရွိေအာင္ ေျခလွမ္းတစ္လွမ္းျခင္းေ႐ြ႕ေနသလို ဥပေဒရဲ႕တာအတိုင္း ကစားေနတာကို သတိထားမိပါတယ္။ဒါေပမယ့္ ပါတီအခ်ိဳ႕ရဲ႕ လြန္ကဲတဲ့ စည္းေဘာင္ေက်ာ္တဲ့လုပ္ရပ္ေတြနဲ႔ ေျပာဆိုမႈေတြ၊ စြပ္စြဲမႈေတြက ဘယ္ေလာက္ထိခြင့္ျပဳမလဲ၊ မျပဳခဲ့ရင္ ဒီလိုဘဲ စာထုတ္သတိေပး႐ုံမွာတင္ ရပ္ေနမလား၊ ဒါမွမဟုတ္ ေကာ္မရွင္ဘက္က ထြက္ရွင္းၿပီး ေျပာဆိုစြပ္စြဲမႈ မမွန္ကန္ရင္ ပါတီကို ဖ်က္သိမ္းေစတဲ့အထိ အေရးယူလုပ္ေဆာင္လာမလားဆိုတာ ေစာင့္ၾကည့္ရမယ့္အေနအထားပါ။ေရွ႕ဆက္ ဘယ္သူေတြ၊ ဘယ္ပုဂၢိဳလ္ေတြ။ဘယ္အဖြဲ႕အစည္းေတြက တိုက္စစ္ကြၽံသြားမလဲ ပိတ္မိသြားမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

တစ္ခါရွင္း … တစ္ခါေျပာစရာျဖစ္

ယခုရက္အတြင္း ပါတီႀကီးႏွစ္ခုရဲ႕ လႈပ္ရွားမႈေတြရွိခဲ့ပါတယ္။တစ္ခုကေတာ့ ထုံးစံအတိုင္း ေ႐ြးေကာက္ပြဲမွာ ထင္ထားသလိုရလဒ္မထြက္ဘဲ ခြက္ခြက္လန္ေအာင္ရႈံးခဲ့ရလို႔ သတင္းစာရွင္းလင္းပြဲေတြ ဆက္တိုက္လုပ္ေနတဲ့ ျပည္ခိုင္ၿဖိဳးပါတီ သတင္းစာရွင္းလင္းပြဲနဲ႔ အႏိုင္ရခဲ့တဲ့ အာဏာရ NLD ပါတီရဲ႕ ထိပ္တန္းေခါင္းေဆာင္ေတြ အစည္းအေဝးဘဲျဖစ္ပါတယ္။

ဒီဇင္ဘာ ၁၁ ရက္ေန႔က ေနျပည္ေတာ္ ျပည္ခိုင္ၿဖိဳး႐ုံးခ်ဳပ္မွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီကို  ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ကထက္ ရႈံးနိမ့္ခဲ့ရတဲ့အေပၚ  လက္မခံႏိုင္ေၾကာင္းကို အဓိကရွင္းလင္းခဲ့တာကို ေတြ႕ရပါတယ္။အဆိုပါသတင္းစာရွင္းလင္းပြဲကို ျပည္ခိုင္ၿဖိဳးပါတီ ဒုဥကၠ႒ ဦးလွထြန္း၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီအဖြဲ႕ဝင္ ဦးေဝလြင္၊ ဦးေသာင္းေအးႏွင့္ ေျပာခြင့္ရပုဂၢိဳလ္ေတြျဖစ္တဲ့ ဦးသိန္းထြန္းဦးႏွင့္ ေဒါက္တာနႏၵာလွျမင့္တို႔ ဦးေဆာင္ၿပီး ျပဳလုပ္ခဲ့တာပါ။ဒီသတင္းစာရွင္းလင္းပြဲမွာ တခ်ိဳ႕ေျပာတာေတြက ၾကားရတဲ့သူေတြနားထဲ ေတြးစရာေတြ၊ အဆီအေငၚမတဲ့တာေတြ အမ်ားႀကီးေတြ႕ခဲ့ရပါတယ္။အထူးသျဖင့္ ေ႐ြးေကာက္ပြဲမွာ အဓိကျပႆနာျဖစ္ခဲ့တဲ့ တံဆိပ္တုံးအတုျပႆနာနဲ႔ပတ္သက္ၿပီး ေျဖတာေတြက လက္မခံႏိုင္စရာပါ။ႀကိဳတင္မဲႏွင့္ ေ႐ြးေကာက္ပြဲေန႔ေတြမွာ ျပည္ခိုင္ၿဖိဳးပါတီ မဲ႐ုံကိုယ္စားလွယ္ေလာင္းေတြဆီက တံဆိပ္တုံးအတုမိတာနဲ႔ပတ္သက္ၿပီး သတင္းေထာက္တစ္ဦးက ေမးျမန္းခဲ့တာကို ပါတီနဲ႔မသက္ဆိုင္ဘူးလို႔ ဦးသိန္းထြန္းဦး က ျငင္းဆိုခဲ့ၿပီး “ျပည္ခိုင္ၿဖိဳးပါတီဘက္က အဲ့ဒီလိုအမွားေလး ေသးေသးေလးကို မီဒီယာေတြမွာ အမ်ားႀကီးျပန႔္ေနတယ္” ဆိုၿပီး ေျပာခဲ့တာကို ေတြ႕ရပါတယ္။

အဆိုပါသတင္းစာရွင္းလင္းပြဲမွာ ေပ်ာ္ဘြယ္ကေန ဝင္ၿပိဳင္ခဲ့တဲ့ ဦးေသာင္းေအးကလည္း ေ႐ြးေကာက္ပြဲကာလအတြင္း ျဖစ္ခဲ့တာေတြကို လူသက္ေသပစၥည္းသက္ေသေတြနဲ႔ တင္ျပခဲ့ၿပီး မီဒီယာေတြကို သူဒီမွာျပသခဲ့သလိုဘဲ ျပသေပးရင္ ဘယ္သူမွန္တယ္ ဘယ္သူမွားတယ္ဆိုတာ သိမယ္ဆိုၿပီး ေျပာခဲ့တာကို ေတြ႕ရပါတယ္။ဒါ့အျပင္ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္တဲ့‌ ဦးသိန္းထြန္းဦး က လက္ရွိ ေ႐ြးေကာက္ပြဲေကာ္မရွင္က အႏိုင္ရပါတီဘက္က ဖြဲ႕စည္းထားတာျဖစ္လို႔ ဘယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ကဘဲ ဆုံးျဖတ္ ဆုံးျဖတ္ မူလ က်ေနာ္တို႔ တင္သြင္းမ်ားကိုလည္း မပစ္ပယ္ဘဲ တစ္ကယ့္သမာသမတ္က်က် ဆုံးျဖတ္စီရင္မယ္ဆိုရင္ က်ေနာ္တို႔ပါတီဟာ ျပန္လည္ၿပီးေတာ့ ေနရာအေတာ္မ်ားမ်ားရႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ဆိုၿပီး ေျပာခဲ့တာကိုလည္း ေတြ႕ ရပါတယ္။  

အဆိုပါသတင္းစာရွင္းလင္းပြဲအပါအဝင္ ေ႐ြးေကာက္ပြဲရလဒ္နဲ႔ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲေတြ ျပည္ခိုင္ၿဖိဳးနဲ႔ ျပည္ခိုင္ၿဖိဳးပါတီဦးေဆာင္တဲ့ ပါတီအခ်ိဳ႕က လုပ္ခဲ့ေပမယ့္ ေကာ္မရွင္ဘက္က နည္းလမ္းတက် တုံ႔ျပန္ခဲ့တာကို ေ႐ြးေကာက္ပြဲအၿပီး တစ္ေလွ်ာက္လုံးေတြ႕ခဲ့ရၿပီး မဲမသာမႈေတြ႕ရင္ ဥပေဒအရ က်ပ္ငါးသိန္းသြင္း၍ ကန႔္ကြက္လႊာတင္သြင္းသင့္တယ္ဆိုၿပီး ေကာ္မရွင္ဘက္က တစ္ေလွ်ာက္လုံးေျပာခဲ့တာကို ေတြ႕ရပါတယ္။ဒီသတင္းစာရွင္းလင္းပြဲမွာ ပါတီေခါင္းေဆာင္ပိုင္း အေျပာင္းအလဲရွိလာႏိုင္သလားဆိုၿပီး မီဒီယာေတြဘက္က ေမး႐ိုးေမးစဥ္ကို ေမးတဲ့အခါမွာေတာ့ အေျပာင္းအလဲ ရွိ/မရွိ ကို အတည္မျပဳခဲ့ဘဲ ၂၀၂၁ မွာ က်င္းပမယ့္ ပါတီညီလာခံၾကမွသာ ျပန္လည္ေ႐ြးခ်ယ္မႈလုပ္မယ္သာ ေျပာခဲ့ပါတယ္။

ဒီသတင္းစာရွင္းလင္းပြဲကိုၾကည့္ရင္ ေရွ႕သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ၿပီးသားေတြကိုဘဲ ျပန္ေျပာခဲ့သလိုျဖစ္ခဲ့ၿပီး ထူးဆန္းတဲ့အေၾကာင္းအရာမပါသလို မီဒီယာေတြကို ေျဖတာ၊ ရွင္းတာနဲ႔မတူဘဲ မေက်နပ္တာေတြကိုေခၚေျပာသလိုမ်ိဳးျဖစ္ေနတာကို ေတြ႕ရပါတယ္။ဒါ့အျပင္ တံဆိပ္တုံးလိုကိစၥမ်ိဳးမွာ ပါတီေျပာေရးဆိုခြင့္ရွိသူေပးတဲ့ အေျဖက ျပည္သူေတြၾကားခ်င္တဲ့ အေျဖမ်ိဳးမဟုတ္ဘဲ ဒီလိုေမးရင္ ဒီလိုလာမယ္ဆိုတဲ့အေျဖမ်ိဳး ျဖစ္ေနတဲ့အတြက္ ဒီလိုေျဖရွင္းပုံမ်ိဳးသာ ဆက္က်င့္သုံးခဲ့မယ္ဆိုရင္ ေနာင္လာမယ့္ ေ႐ြးေကာက္ပြဲမွာ ျပည္သူရဲ႕စိတ္ႏွလုံးကို သိမ္းႀကဳံးယူႏိုင္မယ့္အေနအထားမရွိပါဘူး။

ျပည္ခိုင္ၿဖိဳးပါတီဘက္က ေ႐ြးေကာက္ပြဲရလဒ္ကို ေနာက္ေၾကာင္းျပန္ၿပီး ယခုထိမၿပီးႏိုင္မစီးႏိုင္ ရွင္းလို႔လင္းလို႔ လုပ္လို႔မဆုံးစဥ္မွာ ျပည္သူအမ်ားစုေပးတဲ့မဲကိုရခဲ့ၿပီး ေ႐ြးေကာက္ပြဲမွာအႏိုင္ရခဲ့တဲ့ အာဏာရ NLD ပါတီက ေရွ႕ဆက္မယ့္ခရီးအတြက္ စတင္ျပင္ဆင္ေနခဲ့တာကို ေတြ႕ရပါတယ္။ဒီဇင္ဘာ ၁၂ ရက္က ေနျပည္ေတာ္ရွိ ပါတီဗဟို႐ုံးခ်ဳပ္ (ယာယီ) တြင္ ျပဳလုပ္သည့္  ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝး ျပဳလုပ္ခဲ့တာကိုေတြ႕ရၿပီး ဒီအစည္းအေဝးမွာ အစိုးရအဖြဲ႕သစ္ဖြဲ႕ဖို႔အတြက္ လူေ႐ြးေနရာခ်ရာမွာ အေျခခံစဥ္းစားမယ့္ အခ်က္ေတြကို ေဆြးေႏြးခဲ့တာကို ေတြ႕ရပါတယ္။
ဒီလိုအစိုးရအဖြဲ႕ဝင္မ်ား ေ႐ြးခ်ယ္ခန႔္အပ္ရာမွာ ျပည္သူ႔အသံကို နားေထာင္သြားမယ္လို႔ဆိုၿပီး အစိုးရဖြဲ႕စည္းရာမွာ အသစ္ႏွင့္ အေဟာင္း ယွဥ္တြဲဖက္ပါဝင္ရန္ လိုတယ္လို႔ ေျပာခဲ့ပါတယ္။ေ႐ြးခ်ယ္မယ့္ အေျခခံအခ်က္သုံးခ်က္ကိုေျပာခဲ့ၿပီး အဖြဲ႕ခ်ဳပ္ရဲ႕ မူဝါဒေတြ လိုက္နာႏိုင္တဲ့သူ၊ ျပည္သူကလက္ခံႏိုင္တဲ့သူ၊ အရည္အေသြးထက္ျမက္တဲ့သူျဖစ္ရမယ္ဆိုၿပီး ေျပာခဲ့တာကို ေတြ႕ရပါတယ္။ဒီလိုေျပာခဲ့တဲ့အတြက္ အမ်ားျပည္သူအေနနဲ႔ အရပ္သားအစိုးရပထမသက္တမ္းမွာျဖစ္ခဲ့တဲ့ တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္လို ကိစၥမ်ိဳးေတြ၊ ကယားမွာ ျပည္နယ္အစိုးရကိုျဖဳတ္ခ်ခဲ့တဲ့ ကိစၥမ်ိဳးေတြ ထပ္မံႀကဳံလာရႏိုင္တဲ့ အၾကပ္အတည္းေတြမ်ိဳး လူထုအစိုးရကို အရွက္တကြဲျဖစ္လာႏိုင္တာကို ျမင္ေတြ႕ရဖို႔နည္းႏိုင္မယ္လို႔ ထင္စရာပါ။

အဆိုပါေဆြးေႏြးပြဲမွာ ေ႐ြးေကာက္ပြဲၿပီးၿပီးခ်င္း ရက္ပိုင္းမွာ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုအေရး ေဆြးေႏြးရန္  တိုင္းရင္းသားပါတီမ်ားထံ ဖိတ္ေခၚကမ္းလွမ္းခ်က္တစ္ရပ္ ေပးပို႔ခဲ့မႈအတြက္ တိုင္းရင္းသားႏိုင္ငံေရးပါတီမ်ားႏွင့္ ေဆြးေႏြးမႈမ်ားျပဳလုပ္ဖို႔ ေဒါက္တာေအာင္မိုးညိဳ၊ ေဒၚနန္းခင္ေထြးျမင့္၊ ဦးအင္ထုံးခါးေနာ္ဆမ္တို႔ သုံးဦးပါတဲ့အဖြဲ႕ကို ဖြဲ႕ခဲ့တာေတြ႕ရပါတယ္။ဒီအဖြဲ႕က တိုင္းရင္းသားပါတီေတြနဲ႔ ဘုံသေဘာထားရဖို႔ ေဆြးေႏြးေတြ႕ဆုံမႈေတြလုပ္ၿပီး ဒီလိုေတြ႕ဆုံစဥ္မွာ တိုင္းရင္းသားပါတီေတြဘက္က  ျပည္ေထာင္စုအစိုးရ၊ ျပည္နယ္အစိုးရမွာ ပါဝင္သင့္တဲ့လူေတြကို တင္ျပလာခဲ့ရင္ ထည့္သြင္းစဥ္းစားေပးမယ္လို႔ ေျပာခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဒီလိုအခင္းက်င္းေတြကို ၾကည့္ရျခင္းအားျဖင့္ ေနာက္လာမယ့္ ၅ ႏွစ္သက္တမ္းမွာ NLD အစိုးရအေနနဲ႔ တိုင္းရင္းသားပါတီေတြနဲ႔ ယုံၾကည္မႈတည္ေဆာက္ၿပီး ပထမသက္တမ္းတုန္းက အမွားေတြကိုျပင္ဆင္ဖို႔ လုပ္ေနတဲ့ အေနအထားပါဘဲ။လာမယ့္ ၅ ႏွစ္သက္တမ္းမွာ အႏိုင္ရပါတီအေနနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ဖို႔ တိုင္းရင္းသားပါတီေတြရဲ႕အားကိုယူဖို႔ လိုေနပါတယ္။လက္ရွိမွာ ရွမ္း၊ ကခ်င္နဲ႔ ရခိုင္မွာ တိုင္းရင္းသားပါတီေတြ အားေကာင္းေနသလို လူပုဂၢိဳလ္တခ်ိဳ႕နဲ႔ အဖြဲ႕အစည္းေတြရဲ႕ အက်ိဳးစီးပြားကလည္း အဆိုပါတိုင္းရင္းသားေဒသေတြမွာ ရွိေနတဲ့အတြက္ ဒါဟာ လိုအပ္ေနတဲ့ လုပ္ေဆာင္မႈလည္းျဖစ္လို႔ အႏိုင္ရပါတီရဲ႕ ဒီတစ္ခါရင္ၾကားေစ့ေရးမူက ျဖစ္သင့္တဲ့ ရင္ၾကားေစ့ေရးမႈဝါဒျဖစ္လို႔ ဘယ္ေလာက္ထိ ခရီးေပါက္မလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ သတိထားမိတဲ့ ျပည္တြင္းအခင္းအက်င္းကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

ခက္ထန္စိုး
ဒီဇင္ဘာ - ၁၄