【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 တားသူမဲ့ခဲ့တဲ့ တောင်ငူလူသတ်မှု

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】  တားသူမဲ့ခဲ့တဲ့ တောင်ငူလူသတ်မှု

ယခုတစ်ပတ်အတွင်း ပြည်တွင်းသတင်းတွေထဲမှာ စောင့်ကြည့်ခဲ့ရတဲ့ သတင်းတွေ ရှိခဲ့ပါတယ်။ဖေဖေါ်ဝါရီ ၂၁ ရက်က တောင်ငူမှာဖြစ်ခဲ့တဲ့ လူသတ်မှု သတင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကော်မတီဖွဲ့တဲ့ သတင်း၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နဲ့ တပ်မတော်တို့ တိုက်ပွဲ သတင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ သင်တန်းပို့ချခဲ့တဲ့ သတင်း၊ ဂျပန် အဆာ ဟိရှိ သတင်းစာကို အရေးယူပေးဖို့ သတင်းမီဒီယာကောင်စီကို တပ်မတော်သတင်းမှန်ပြန်ကြားရေး ကော်မတီက တိုင်ကြားလိုက်တဲ့ သတင်းတွေက ဒီတစ်ပတ် စောင့်ကြည့်သတင်းတွေ ဖြစ်ခဲ့ပါတယ်။    

ဒီသတင်းတွေက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ စိတ်ဝင်စားစရာ သတင်းတွေဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့၏ စွပ်စွဲမှုများအပေါ် တုံ့ပြန်နိုင်ရေး အဆိုကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ သတင်း၊ မန္တလေးကနေ ဗန်းမော်အထိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ လင်းပိုင် ၇၂ ကောင်သာ ရှိတော့တယ်ဆိုတဲ့ သတင်း၊ လေပြင်းနဲ့ မိုးကြိုးပစ် မိုးသီးကြွေတာတွေကြောင့် တိုင်းဒေသကြီးနဲ့  ပြည်နယ် လေးခုမှာ နေအိမ်လေးရာကျော် ပျက်စီးခဲ့တဲ့ သတင်း၊ တောင်ကြီး စူဠာမုနိဘုရားမှာ ရှားမီးပူဇော်ခွင့်မပြုတဲ့ သတင်း၊ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဆင်ပြတိုက်ကို  ပြည်မြို့အနီး နတ်မှော် ဆင်စခန်းမှာ ဖွင့်တော့မယ့် သတင်းတွေထဲ ဒီသတင်းတွေက သတိထားရမယ့် သတင်းတွေ ဖြစ်ခဲ့ပါတယ်။

တောင်ငူ လူသတ်မှု

ယခုတစ်ပတ် သတင်းတွေထဲ ကြောက်စရာကောင်းတဲ့ သတင်းတစ်ပုဒ် ရှိခဲ့ပါတယ်။ဒါက လူမြင်ကွင်းမှာ ကိုယ်ထိလက်ရောက် တားသူမရှိလို့ သေခဲ့ရတဲ့ တောင်ငူက နှစ်လောင်းပြိုင်လူသတ်မှု သတင်းပါဘဲ။

ဖေဖေါ်ဝါရီ ၂၁ ရက်ကဖြစ်ခဲ့တဲ့ လူသတ်မှု သတင်းက အခင်းဖြစ်ပြီးမကြာခင်မှာဘဲ ဒီလူသတ်ခံရတဲ့ ဗီဒီယိုဖိုင်ကို အွန်လိုင်းမှာတင်ခဲ့တဲ့အတွက် ဒီလူသတ်မှုဖြစ်စဉ်က မြင်ရသူအပေါင်းကို ထိတ်လန့်စေခဲ့သလို မြန်မာနိုင်ငံမှာ လုံးဝပျောက်ကွယ်သွားတဲ့ ရပ်ထဲရွာထဲ ဟန့်တားမယ့်သူတွေ ပျောက်ကွယ်နေတာနဲ့ လက်ရှိထွန်းကားနေတဲ့ မင်းမဲ့စရိုက်ဆန်ဆန် သတ်ရဲဖြတ်ရဲတဲ့သူတွေကို ကြောက်လန့်နေရတဲ့ ခေတ်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့လိုက်ရခြင်းပဲ ဖြစ်ပါတယ်။

တောင်ငူမြို့သစ်မှာဖြစ်ခဲ့တဲ့ အဆိုပါ နှစ်လောင်းပြိုင် အသတ်ခံရသူ လင်မယားဟာ ရန်ကုန်မြို့ စမ်းချောင်းကနေ တောင်ငူကိုလာပြီး လူသတ်မှုကျူးလွန်သူတွေဆီက ဝယ်ထားတဲ့ မြေကွက်အတွက် အိမ်ခြံမြေဂရမ် သက်တမ်းတိုးဖို့ မှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူ တောင်းယူခဲ့တာပါ။

သတင်းဖော်ပြချက်တွေမှာတော့ ကျူးလွန်သူ သားအဖနဲ့ စကားများပြီး အသတ်ခံရတဲ့ လင်မယား အိမ်ဝင်းထဲကနေ ထွက်လာစဉ် နောက်ကနေ လိုက်တွန်းလှဲကာ နဘေးမှာရှိတဲ့ လမ်းမီးတိုင် ကြွေသီးနဲ့ မသေမချင်း ထုရိုက်ခဲ့တာလို့ ဆိုပါတယ်။ဗီဒီယိုဖိုင်ထဲမှာ လင်ဖြစ်သူကို အပေါ်ကနေ ကာကွယ်ပေးတဲ့ မိန်းမဖြစ်သူကို ကြွေသီးနဲ့ ရက်ရက်စက်စက် ရိုက်နေတာကို တွေ့ရသလို နေ့ခင်းကြောင်တောင် သတ်ဖြတ်မှုကို အနီးဝန်းကျင်က တားဆီးမှုမရှိခဲ့တာကိုပါဘဲ။အသတ်ခံရတဲ့ လင်မယားနဲ့ ပါလာတဲ့ ကိုးတန်းကျောင်းသူ သမီးဖြစ်သူကိုပါ သတ်ဖြတ်ဖို့ လိုက်ခဲ့ပေမယ့် လွတ်မြောက်သွားခဲ့ပါတယ်။ဒီအဖြစ်ဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုနဲ့ လူတစ်ဦးချင်းစီရဲ့ အသက်ရှင်သန်မှုအတွက် အာမခံမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

သတင်းတွေထဲမှာ ကျူးလွန်သူတွေက အဆိုပါအရပ်မှာ လူမိုက်ဆန်ဆန် နေသူတွေဖြစ်လို့ ဖြစ်ချိန်မှာ ဘေးလူက သူတို့ဘက်လှည့်လည့်လာမှာစိုးလို့ ဝင်မဆွဲရဲကြတာလို့ ဖော်ပြခဲ့ပေမယ့် ကိုယ်ရှေ့မှာ လူနှစ်ယောက်ကို သတ်ဖြတ်နေတာကို ကြည့်နေနိုင်တဲ့ စိတ်မျိုး၊ နှလုံးသားမျိုး ထွန်းကားနေပြီဆိုတာ  ဒီဖြစ်ရပ်က သက်သေပြခဲ့ပါတယ်။

ဒီဖြစ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့ အားလုံးက မှတ်ချက်ပေးထားပြီး အခင်းဖြစ်ပွားရာ အရပ်ဒေသအဖို့လည်း ထိန်းဖို့ပျက်ကွက်ခဲ့တဲ့အတွက် မင်းမဲ့စရိုက်ဆန်ဆန် သတ်ဖြတ်မှုထွန်းကားရာ အရပ်အဖြစ် အများပြည်သူကြား ရုပ်ဆိုးအကျည်းတန်သွားပြီ ဖြစ်ပါတယ်။ဒီလိုဖြစ်ရပ်မျိုးတွေ ဆက်မဖြစ်ဖို့ မထွန်းကားဖို့ အာဏာပိုင်တွေအနေနဲ့ လူသတ်မှုကျူးလွန်သူတွေကို သေဒဏ်ချပြီးရင် တစ်ကယ်သေဒဏ်ပေးတဲ့စနစ် ပြန်ကျင့်သုံးဖို့လိုလာပြီ ဖြစ်တယ်ဆိုတာကို ဒီဖြစ်ရပ်က သက်သေပြခဲ့ပါတယ်။

ဒီသတင်းတွေက ထီလက်မှတ် ၆၅ စောင်ကို ကျပ်ရှစ်သိန်းကျော်ဖြင့် လိမ်လည်ရောင်းချသည့် ရှစ်ဦးပါ အဖွဲ့ကို တမူးမှာ ရဲတပ်ဖွဲ့နှင့် ဒေသခံများ ဖမ်းဆီးခဲ့တဲ့ သတင်း၊ စည်ပင်ရွေးကောက်ပွဲဝင်မယ့် အလှမယ် ထက်ထက်ထွန်း ကို မြို့ခံပြိုင်ဘက် ကိုယ်စားလှယ်လောင်းက ကော်မရှင်ထံ တိုင်ကြားခဲ့တဲ့ သတင်း၊ မူဆယ်-တရုတ် နယ်စပ် မန်ဝိန်းဂိတ်မှာ ကုန်တင်ယာဉ်တစ်စီးပေါ်က  အလေးချိန် ငါးတန်ကျော်တဲ့ ကျောက်စိမ်းအရိုင်းတုံး တစ်တုံးကို ဖမ်းဆီးရမိခဲ့တဲ့ သတင်း ဟင်္သာတ တက္ကသိုလ်အနီး ချစ်သူလမ်းကြားမှာ ချိန်းတွေ့သူနှစ်ဦးကို ဓားထောက်လုယက်လို့  တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ တနင်္သာရီဂျာနယ် အယ်ဒီတာတစ်ဦးကို သရော်စာဖော်ပြခဲ့လို့ ဒဏ်ငွေငါးသိန်း ပေးဆောင်ဖို့ အမိန့်ချခဲ့တဲ့ သတင်း၊ ရုံးစာရေး ရာထူးခန့်ထားမယ်ဆိုပြီး ကျပ် ၁၀ သိန်း လာဘ်စားလို့ သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့် အရေးယူခဲ့တဲ့ သတင်း၊ စစ်ကိုင်းတိုင်း မုံရွာမြို့ ထန်းတောရပ်ကွက်ထဲ လူမနေထိုင်တဲ့ ခြံထဲ အမျိုးသားအလောင်း တစ်လောင်းကို တွေ့ရှိခဲ့တဲ့ သတင်း၊ ဒရုန်းလွှတ်တင်လို့ ဖမ်းထားတဲ့ ပြင်သစ်နိုင်ငံသားရဲ့ ရုံးထုတ်ကို ဖေဖော်ဝါရီ ၂၂ ရက် ပြောင်းလိုက်တဲ့ သတင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း၊ Honda (Myanmar) ကုမ္ပဏီလီမိတက် အထပ်သားစက်ရုံမှာ ဘွိုင်လာပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ အလုပ်သမား ၆ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တဲ့ သတင်း၊ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် ပြင်ပမှာ ကျပ်သိန်းနှစ်ထောင်မှ သုံးထောင်ကြား ဆန်ဖိုးမရှင်းဘဲ တိမ်းရှောင်မှု ဖြစ်ပွားခဲ့တဲ့ သတင်း စတဲ့သတင်းတွေ ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့ပါတယ်။

ပဋိပက္ခတွေကြား အကောင်အထည်ပေါ်လာတဲ့ ခြေဥပြင်ဆင်ရေး

ယခုတစ်ပတ် နိုင်ငံရေးနောက်ခံ သတင်းတွေထဲမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တာက ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကော်မတီဖွဲ့တဲ့ သတင်းပါဘဲ။

ပြီးခဲ့တဲ့အပတ်က ပြည်ထောင်စုလွှတ်တော်မှာ အခြေအတင်ဖြစ်ခဲ့ရပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ မဲမပေးခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကော်မတီဖွဲ့စည်းဖို့ တင်သွင်းခဲ့တဲ့ အဆိုကို ယခုတစ်ပတ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကော်မတီကို ဖွဲ့စည်းတဲ့အခါ ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးတဲ့နောက် မူလစီစဉ်ထားတဲ့အတိုင်း အချိုးကျ လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးနဲ့ ပြင်ဆင်ရေးအတွက် ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီကော်မတီမှာ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကဖြစ်သူက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အာဏာရ NLD ပါတီက ၁၈ ဦး၊ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ၈ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၂ ဦး၊ ရခိုင်အမျိုးသားပါတီက ၂ ဦးနဲ့ ကျန်ပါတီကိုယ်စားလှယ်တွေ တစ်ဦးစီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးနဲ့ စုစုပေါင်း ၄၅ ဦးလို့ သတ်မှတ်ခဲ့ပါတယ်။

ဒီလိုဖွဲ့စည်းတဲ့အပေါ် တပ်မတော်သားကိုယ်စားလှယ်နဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်နေခြင်း မဟုတ်ဘဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် မညီ၍ ကန့်ကွက်ခြင်းသာဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလိမ့်တပတ်ပြင်ဆင်ရန် ကြိုးစားခြင်းက နိုင်ငံမှာ မလိုလားအပ်သည့် ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။
ဒီချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကတော့ မလိမ့်တပတ် ဆောင်ရွက်တယ်ဆိုတဲ့ စကားကို လက်မခံဘဲ ဒီလိုပြောတာ ခြိမ်းခြောက်တဲ့သဘော သက်ရောက်တယ် လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။အဆိုပါ ပူးပေါင်းကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်မယ့် ဒီချုပ်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး က ကော်မတီဖွဲ့စည်းခြင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြတ်လမ်းနည်းနဲ့ ပြင်ဆင်ရန် ကြိုးပမ်းခြင်းမဟုတ်ဘဲ အားလုံးပါဝင်နိုင်ရေး ရည်ရွယ်ခြင်းသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ကော်မတီအစည်းအဝေးကို ဖေဖေါ်ဝါရီ ၂၀ ရက်က စတင်ကျင်းပခဲ့ရာမှာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဖေဖော်ဝါရီ ၂၀ ရက်မှ ကော်မတီသို့ ဝင်ရောက်ရန် အမည်စာရင်းတင်သွင်းခဲ့ပြီး တပ်မတော်ကိုယ်စားလှယ်aတွက ဖေဖေါ်ဝါရီ ၂၁ ရက်မှာ စာရင်းပေးသွင်းခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၂၀ ရက်က စတင်ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နှစ်ဦး တက်ရောက်ဖို့ လာခဲ့ပေမယ့် လွှတ်တော်ရုံးဝန်ထမ်းတွေက အမည်စာရင်း ကြိုတင်မပေးပို့ထားလို့ အစည်းအဝေးခန်းမထဲအတွင်း ဝင်ခွင့်မပြုခဲ့လို့ အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။

အဆိုပါအစည်းအဝေးမှာ ယခုနှစ် ဇူလိုင် ၁၇ ရက်မတိုင်မီ ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာ တင်ပြရမည်ဖြစ်လို့  အစီရင်ခံစာ တင်သွင်းနိုင်ရန် ကော်မတီအစည်းအဝေးကို လွှတ်တော်အစည်းအဝေး ကျင်းပတဲ့ ကာလမှာ အပတ်စဉ် သုံးရက်ပြုလုပ်ရန် ညှိနှိုင်းသတ်မှတ်ခဲ့တယ် ဆိုပါတယ်။

ဒီလိုကော်မတီဖွဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်တဲ့အပေါ် သမ္မတဟောင်း ဦးသိန်းစိန် က လွှတ်တော်ထဲက ကိုယ်စားလှယ်တွေနဲ့ မလုံလောက်ဘူးလို့ ပြောခဲ့တဲ့အတွက် ဝေဖန်မှုတွေ ဆူညံခဲ့ပါသေးတယ်။ဒါ့အပြင် အခြေခံဥပဒေကို ရေးဆွဲစဉ်က ပါဝင်ခဲ့တဲ့ အစုအဖွဲ့ ၈ ဖွဲ့နဲ့ လတ်တလော NCA ထိုးထားတဲ့ အဖွဲ့တွေကို ခေါ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ဒီလိုမှတ်ချက်ပြု ပြောဆိုတဲ့အပေါ် ကော်မတီဖွဲ့ဖို့ အဆိုတင်သွင်းခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် က “သမ္မတဟောင်းက မဖြစ်နိုင်တဲ့နည်းတွေနဲ့ လျှောက်ပြောနေလို့တော့ မရဘူးလေ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၁၉ ရက်က ဖွဲ့စည်းခဲ့တဲ့ ဒီကော်မတီမှာ လုပ်ဆောင်ရမယ့် တာဝန်တွေ၊ သတ်မှတ်ချက်တွေ၊ လုပ်ပိုင်ခွင့်တွေ ပါဝင်ပြီး အခြေခံဥပဒေမှာ ပြင်ရမယ့် အချက်တွေကို ပြုစုပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ရမှာဖြစ်တဲ့အတွက် နောက်ဆုံးတင်ရမယ့် ဇူလိုင် ၁၇ ရက် မတိုင်မီ ဘာတွေပြောင်းလဲမှုတွေရှိလာမလဲ၊ အများပြည်သူ မျှော်လင့်ထားတဲ့ ပြင်ဆင်စေလိုတဲ့ အချက်တွေ ပါလာမလား၊ အေးအေးချမ်းချမ်းနဲ့ ပြင်ဆင်တာ မြင်ရမလားဆိုတာ ဆက်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

အဆိုပါသတင်းက ယခုတစ်ပတ် Headline News သတင်းတွေဖြစ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ငပလီမှာကျင်းပမယ့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ တက်ရောက်မယ့် သတင်း၊ ကာကွယ်ရေးဦးစီးချုပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာမှာ အနှစ်သာရ မထိခိုက်ရန် လိုအပ်တယ်လို့ ဂျပန်အခြေစိုက် အဆာဟိရှင်ဘွန်း သတင်းဌာနနှင့် တွေ့ဆုံရာမှာ ပြောလိုက်တဲ့ သတင်း၊ ကျောင်းနဲ့ ပညာရေးမှူးရုံးတွေမှာ တိုင်ကြားစာနှင့် အကြံပြုစာ ထည့်ဖို့ စာတိုက်ပုံးတွေကိုထားဖို့ ညွှန်ကြားထားတဲ့ သတင်း၊ အခြေခံဥပဒေကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီသာ ပြင်ဆင်ရန် တပ်မတော်ထောက်ခံသူများနှင့် အမျိုးသားရေးလှုပ်ရှားသူတွေက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့တဲ့ သတင်းတွေနဲ့အတူ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်နေရဦးမယ့် သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေ

ရခိုင်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နဲ့ တပ်မတော်တို့ တိုက်ပွဲသတင်းတွေကို ယခုနောက်ပိုင်း ခပ်စိပ်စိပ်ကြားလာရပြီး ဖေဖော်ဝါရီ ၁၉ ရက်က မြောက်ဦးမြို့နယ် ရန်အောင်ပြင်ဒေသနှင့် ကျောက်တော်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အတွက် ဒီတိုက်ပွဲတွေက ယခင်ကထက် ကျယ်ပြန့်လာပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကနေ စပြီးဖြစ်လာတဲ့ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ရဲ့ တိုက်ပွဲတွေက ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကနေ ကမ္ဘာလှည့်ခရီးသည်တွေလာရာ ရခိုင်ရှေးဟောင်းမြို့ဖြစ်တဲ့ မြောက်ဦးထိ ကျယ်ပြန့်လာခဲ့ပါတယ်။

တိုက်ပွဲတွေက လူနေထိုင်ရာ ကျေးရွာတွေနားအထိ ကပ်လာလို့ အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။ဖေဖော်ဝါရီ ၁၉ ရက် နံနက်က မြောက်ဦးမြို့နယ် မြောက်ပိုင်း ရန်အောင်မြင်ကျေးရွာ၏ အရှေ့တောင်ဘက်၊ ရမ်းချောင်းအနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။လက်နက်ကြီး၊ လက်နက်ငယ်သံတွေကို နီးစပ်ရာရွာများမှ ကြားနေရတယ်လို့ ဒေသခံတွေကဆိုပြီး နှစ်ဘက်ထိခိုက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။တပ်မတော်ဘက်ကတော့ AA အလောင်း ကိုးလောင်းနဲ့ RGP တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။တိုက်ပွဲဖြစ်နေချိန်မှာ ကလေးတွေ စာမေးပွဲဖြေချိန်ဖြစ်နေလို့ ကလေးတွေ ပိတ်မိနေခဲ့တယ်လို့လည်း သိရပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလကတည်းက စပြီး ရခိုင်ပြည်နယ်ထဲ ရခိုင်လက်နက်ကိုင် AA နဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေခဲ့ရာမှာ  ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး စစ်ဘေးရှောင် ၆ ထောင်ကျော် ရှိနေတယ်ဆိုပါတယ်။အဆိုပါဒေသတွေမှာ တစ်ဘက်နိုင်ငံ အခြေစိုက် ARSA ရန်ကို ကြောက်နေရတဲ့အတွက် ဒေသခံတွေအဖို့ ဒီဒေသမှာ ပြန်ခြေချဖို့ဆိုတာ ပိုခက်လာပြီဖြစ်သလို နယ်မြေမငြိမ်သက်တဲ့အတွက် တိုက်ပွဲတွေ ဘယ်အချိန်ရပ်သွားမလဲဆိုတာ ဒေသခံအတွက် ပြောဖို့မလွယ်တဲ့ အခြေအနေဖြစ်နေပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ တိုင်းရင်းသားသတင်းတွေဖြစ်တဲ့ တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ဆွေးနွေးပွဲကို နေပြည်တော်မှာ ပြုလုပ်မယ်ဆိုတဲ့ သတင်း၊ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့ ဖွဲ့စည်းခဲ့တဲ့ သတင်း၊ SNLD ပါတီက အစိုးရနှင့် တပ်မတော်ကို တိုင်းရင်းသားအချင်းချင်းဖြစ်နေတဲ့ တိုက်ပွဲတွေကို လျစ်လျူရှုမထားဘဲ ဝင်ဖြေရှင်းပေးဖို့ ပြောလိုက်တဲ့ သတင်း၊ ငြိမ်းချမ်းရေးညီလာ ကျင်းပဖို့ ကြန့်ကြာနေလို့ NCA လက်မှတ် ရေးထိုးခဲ့သည့်အပေါ် ယုံကြည်မှုနည်းလာတယ်လို့ မွန်အမျိုးသားနေ့မှာ မွန်ပြည်သစ်ပါတီက ထုတ်ပြန်လိုက်တဲ့ သတင်း၊ ထိုင်းနယ်စပ် မြန်မာဒုက္ခသည်စခန်းက ဒုက္ခသည် ၅၀၀ ကျော် နေရပ်ပြန်မယ်လို့ UNHCR က ထုတ်ပြန်ခဲ့တဲ့ သတင်း၊ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှာ မိုင်းပေါက်ကွဲလို့ အရပ်သားတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့တဲ့ သတင်းတွေထဲ ဆက်စောင့်ကြည့်ရမယ့် သတင်းတွေဖြစ်ခဲ့ပါတယ်။

အတိုင်ခံရတဲ့ ဂျပန်သတင်းစာ

ယခုတစ်ပတ် သတင်းတွေထဲမှာ စိတ်ဝင်စားစရာက ကာကွယ်ရေးဦးစီးချုပ်ကို အင်တာဗျူးလာမေးခဲ့တဲ့ ဂျပန် အဆာဟိသတင်းစာကို သဘောတူထားတဲ့အတိုင်း မဟုတ်ဘဲ ဖောက်ဖျက်ခဲ့လို့ အရေးယူပေးဖို့ မီဒီယာကောင်စီကို တပ်မတော်ဘက်က တိုင်ကြားခဲ့တဲ့ သတင်းဘဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်က ဂျပန်နိုင်ငံ အခြေစိုက် The Asahi Shimbun သတင်းဌာန ရန်ကုန်ဌာန အကြီး အကဲ Mr.Ryuta SOME TAYA နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နေပြည်တော်မှာ သီးသန့်တွေ့ဆုံ မေးမြန်းခဲ့ကြပါတယ်။ဒီအင်တာဗျူးမှာ ဂျပန်သတင်းထောက်က အခြေခံဥပဒေ ပြင်ဆင်ဖို့အပေါ် သဘောတူညီမှု၊ နိုင်ငံတော်အတိုင်ပင်ခံရဲ့ နိုင်ငံရေးမူဝါဒနဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေအပေါ် ကာကွယ်ရေးဦးစီးချုပ်၏ အမြင်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ၄ လတာ အပစ်အခတ်ရပ်စဲထားမှု၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာ့တပ်မတော် အဖွဲ့ဝင်တွေ လုပ်ဆောင်ချက်၊ လူ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးမှု စသည့်အချက်များကို မေးမြန်းခဲ့ပါတယ်။

ဒီအင်တာဗျူးမှာ တပ်ချုပ်က လွှတ်တော်များအတွင်း တပ်မတော်သား ၂၅ ရာခိုင်နူန်း ပါဝင်နေရခြင်းအပေါ် တိုင်းပြည်၏ အခြေအနေအရပ်ရပ်မှာ တည်ငြိမ်ရန် အနည်းငယ်လိုအပ်နေလို့ ပါနေတာဟု ပြောခဲ့သလို တိုင်းပြည်ကို ဦးဆောင်သည့်သူ အမှားအယွင်းများ များပြားလာရင် တိုင်းပြည်၏ ဆုံးရှုံးမှုများလည်း ပိုမိုများပြားလာနိုင်တယ်လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အဖွဲ့ဝင် နိုင်ငံမဟုတ်လို့ ခြိမ်းခြောက်လို့မရဘူးလို့ ပြောခဲ့ပါတယ်။

ဒီလို မေးမြန်းသည့် အကြောင်းအရာများအား သတင်းစာနှင့် မီဒီယာများတွင် မဖော်ပြမီ အကြောင်းအရာကွဲလွဲခြင်း၊ နားလည်မှုလွဲမှားခြင်း မဖြစ်စေရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကို ပေးပို့အတည်ပြုပြီးမှ ဖော်ပြဖို့ ကြိုတင်မေတ္တာရပ်ခံခဲ့ပေမယ့် သတင်းစာဘက်က ထိုသို့အတည်ပြုခြင်းမရှိဘဲ ဂျပန်နိုင်ငံထုတ် The Asahi Shimbun သတင်းစာ ဖေဖေါ်ဝါရီ ၁၅ ရက်ထုတ်မှာ ထည့်သွင်းဖော်ပြခဲ့သလို့ ယင်းသို့ဖော်ပြရာမှာ တိကျမှန်ကန်ပြည့်စုံစွာ ရေးသားဖော်ပြခြင်း မရှိခဲ့တဲ့အတွက် တာဝန်ယူဖြေရှင်းပေးဖို့ တပ်မတော်ဘက်က သတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့တာပါ။

မီဒီယာကောင်စီဘက်က တိုင်ကြားစာမှာ ဖြေကြားပြောဆိုချက်နှင့် ရေးသားတင်ပြချက် မည်သို့လွဲမှားသည်ဟူသော အချက်အလက်မပါလို့ ပြန်လည်ပေးပို့ရန် တပ်မတော်ဘက်ကို အကြောင်းပြန်ထားသလို လာမည့် မတ်လ (၁) ရက်တွင် သတင်းမီဒီယာကောင်စီရုံးသို့ လာရောက်ရန် တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့ကို ဆင့်ခေါ်ထားတယ်လို့ ဆိုပါတယ်။

သတင်းမီဒီယာကောင်စီ ပြန်လည်ဖွဲ့စည်းပြီးတဲ့နောက် တပ်မတော်ဘက်က နိုင်ငံခြားသတင်းမီဒီယာနဲ့ ပတ်သက်ပြီး ပထမဆုံးတိုင်ကြားတဲ့ ကိစ္စုဖြစ်တဲ့အတွက် ပြေလည်အောင် ဖြေရှင်းပေးနိုင်မှု ရှိ/မရှိ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။သတင်းမီဒီယာကောင်စီအတွက်လည်း ဒီပြဿနာကနေ ပေါ်လာတဲ့ သတင်းမီဒီယာနဲ့ ပတ်သက်ရင် အဆုံးအဖြတ်ပေးနိုင်တဲ့ အာဏာပိုင်အဖွဲ့အစည်း ဟုတ်/မဟုတ်ကို အဖြေထုတ်မယ့် ပွဲဖြစ်လို့ နောက်ထပ်စောင့်ကြည့်နေရဦးမှာ ဖြစ်ပါတယ်။    

ဒီသတင်းတွေက ယခုတစ်ပတ် အစိုးရ၊ လွှတ်တော်နဲ့ သက်ဆိုင်တဲ့ သတင်းတွေဖြစ်တဲ့ မုံရွာမြို့နယ်အတွင်း ဆက်သွယ်ရေးအော်ပရေတာ လေးခု သတ်မှတ်အခွန် ပေးသွင်းခြင်းမရှိဘူးလို့ စစ်ကိုင်းတိုင်း စည်ပင်ဝန်ကြီးက ပြောလိုက်တဲ့ သတင်း၊ နှစ်နိုင်ငံသဘောတူညီမှုဖြင့် ပဲရောင်းချရေး ဆွေးနွေးညှိနှိုင်းဖို့ အိန္ဒိယကို စီးပွား/ကူးသန်း ဝန်ကြီး သွားမယ့်သတင်း၊ ဆူညံစွာမောင်းနှင်တဲ့ ပြိုင်ကားတွေကို လူကောယာဉ်ပါ လိုင်စင်ပိတ်သိမ်းဖို့ စီစဉ်ဆောင်ရွက်မယ်ဆိုတဲ့ သတင်း၊ ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့ဖို့ JICA ချေးငွေနဲ့ ဧရိယာငါးခု ကို အဆင့်မြှင့်တင်မည့် သတင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဂတိလိုက်စားမှု ရှိ/မရှိ စုံစမ်းစစ်ဆေးပေးဖို့ နိုင်ငံတော်သမ္မတထံ လိပ်မူပြီး တိုင်ကြားခဲ့တဲ့ သတင်း၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အချိန်ပိုင်း သင်တန်းလာရောက်ပို့ချခဲ့တဲ့ သတင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ရခိုင်ပြည်နယ် သံတွဲခရီးစဉ်အတွင်း လုံခြုံရေးအင်အားကို ပုံမှန်အခြေအနေထက် တိုးမြှင့်ဆောင်ရွက်ထားတဲ့ သတင်း၊ ယာဉ်ဖြတ်သန်းခ ကောက်ခံရင် တရားစွဲမယ်လို့ မြို့တော်ဝန်က ပြောပြီးနောက် ဇေကမ္ဘာအိမ်ရာဝင်းက ဂိတ်ပေါက်အချို့ ပိတ်လိုက်တဲ့ သတင်း စတဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေ ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဖေဖော်ဝါရီ - ၂၂

( Zawgyi )

ယခုတစ္ပတ္အတြင္း ျပည္တြင္းသတင္းေတြထဲမွာ ေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းေတြ ရွိခဲ့ပါတယ္။ေဖေဖၚဝါရီ ၂၁ ရက္က ေတာင္ငူမွာျဖစ္ခဲ့တဲ့ လူသတ္မႈ သတင္း၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ေကာ္မတီဖြဲ႕တဲ့ သတင္း၊ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲ သတင္း၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွာ သင္တန္းပို႔ခ်ခဲ့တဲ့ သတင္း၊ ဂ်ပန္ အဆာ ဟိရွိ သတင္းစာကို အေရးယူေပးဖို႔ သတင္းမီဒီယာေကာင္စီကို တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး ေကာ္မတီက တိုင္ၾကားလိုက္တဲ့ သတင္းေတြက ဒီတစ္ပတ္ ေစာင့္ၾကည့္သတင္းေတြ ျဖစ္ခဲ့ပါတယ္။    

ဒီသတင္းေတြက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ စိတ္ဝင္စားစရာ သတင္းေတြျဖစ္တဲ့ ျမန္မာႏိုင္ငံဆိုင္ရာ အခ်က္အလက္ရွာေဖြေရး အဖြဲ႕၏ စြပ္စြဲမႈမ်ားအေပၚ တုံ႔ျပန္ႏိုင္ေရး အဆိုကို ျပည္သူ႔လႊတ္ေတာ္မွာ တင္သြင္းခဲ့တဲ့ သတင္း၊ မႏၲေလးကေန ဗန္းေမာ္အထိ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္မွာ လင္းပိုင္ ၇၂ ေကာင္သာ ရွိေတာ့တယ္ဆိုတဲ့ သတင္း၊ ေလျပင္းနဲ႔ မိုးႀကိဳးပစ္ မိုးသီးေႂကြတာေတြေၾကာင့္ တိုင္းေဒသႀကီးနဲ႔  ျပည္နယ္ ေလးခုမွာ ေနအိမ္ေလးရာေက်ာ္ ပ်က္စီးခဲ့တဲ့ သတင္း၊ ေတာင္ႀကီး စူဠာမုနိဘုရားမွာ ရွားမီးပူေဇာ္ခြင့္မျပဳတဲ့ သတင္း၊ ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး ဆင္ျပတိုက္ကို  ျပည္ၿမိဳ႕အနီး နတ္ေမွာ္ ဆင္စခန္းမွာ ဖြင့္ေတာ့မယ့္ သတင္းေတြထဲ ဒီသတင္းေတြက သတိထားရမယ့္ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ေတာင္ငူ လူသတ္မႈ

ယခုတစ္ပတ္ သတင္းေတြထဲ ေၾကာက္စရာေကာင္းတဲ့ သတင္းတစ္ပုဒ္ ရွိခဲ့ပါတယ္။ဒါက လူျမင္ကြင္းမွာ ကိုယ္ထိလက္ေရာက္ တားသူမရွိလို႔ ေသခဲ့ရတဲ့ ေတာင္ငူက ႏွစ္ေလာင္းၿပိဳင္လူသတ္မႈ သတင္းပါဘဲ။

ေဖေဖၚဝါရီ ၂၁ ရက္ကျဖစ္ခဲ့တဲ့ လူသတ္မႈ သတင္းက အခင္းျဖစ္ၿပီးမၾကာခင္မွာဘဲ ဒီလူသတ္ခံရတဲ့ ဗီဒီယိုဖိုင္ကို အြန္လိုင္းမွာတင္ခဲ့တဲ့အတြက္ ဒီလူသတ္မႈျဖစ္စဥ္က ျမင္ရသူအေပါင္းကို ထိတ္လန႔္ေစခဲ့သလို ျမန္မာႏိုင္ငံမွာ လုံးဝေပ်ာက္ကြယ္သြားတဲ့ ရပ္ထဲ႐ြာထဲ ဟန႔္တားမယ့္သူေတြ ေပ်ာက္ကြယ္ေနတာနဲ႔ လက္ရွိထြန္းကားေနတဲ့ မင္းမဲ့စ႐ိုက္ဆန္ဆန္ သတ္ရဲျဖတ္ရဲတဲ့သူေတြကို ေၾကာက္လန႔္ေနရတဲ့ ေခတ္ကို ကြက္ကြက္ကြင္းကြင္း ျမင္ေတြ႕လိုက္ရျခင္းပဲ ျဖစ္ပါတယ္။

ေတာင္ငူၿမိဳ႕သစ္မွာျဖစ္ခဲ့တဲ့ အဆိုပါ ႏွစ္ေလာင္းၿပိဳင္ အသတ္ခံရသူ လင္မယားဟာ ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္းကေန ေတာင္ငူကိုလာၿပီး လူသတ္မႈက်ဴးလြန္သူေတြဆီက ဝယ္ထားတဲ့ ေျမကြက္အတြက္ အိမ္ၿခံေျမဂရမ္ သက္တမ္းတိုးဖို႔ မွတ္ပုံတင္မိတၱဴႏွင့္ အိမ္ေထာင္စုစာရင္းမိတၱဴ ေတာင္းယူခဲ့တာပါ။

သတင္းေဖာ္ျပခ်က္ေတြမွာေတာ့ က်ဴးလြန္သူ သားအဖနဲ႔ စကားမ်ားၿပီး အသတ္ခံရတဲ့ လင္မယား အိမ္ဝင္းထဲကေန ထြက္လာစဥ္ ေနာက္ကေန လိုက္တြန္းလွဲကာ နေဘးမွာရွိတဲ့ လမ္းမီးတိုင္ ေႂကြသီးနဲ႔ မေသမခ်င္း ထု႐ိုက္ခဲ့တာလို႔ ဆိုပါတယ္။ဗီဒီယိုဖိုင္ထဲမွာ လင္ျဖစ္သူကို အေပၚကေန ကာကြယ္ေပးတဲ့ မိန္းမျဖစ္သူကို ေႂကြသီးနဲ႔ ရက္ရက္စက္စက္ ႐ိုက္ေနတာကို ေတြ႕ရသလို ေန႔ခင္းေၾကာင္ေတာင္ သတ္ျဖတ္မႈကို အနီးဝန္းက်င္က တားဆီးမႈမရွိခဲ့တာကိုပါဘဲ။အသတ္ခံရတဲ့ လင္မယားနဲ႔ ပါလာတဲ့ ကိုးတန္းေက်ာင္းသူ သမီးျဖစ္သူကိုပါ သတ္ျဖတ္ဖို႔ လိုက္ခဲ့ေပမယ့္ လြတ္ေျမာက္သြားခဲ့ပါတယ္။ဒီအျဖစ္ဟာ ျမန္မာႏိုင္ငံရဲ႕ တရားဥပေဒစိုးမိုးမႈနဲ႔ လူတစ္ဦးခ်င္းစီရဲ႕ အသက္ရွင္သန္မႈအတြက္ အာမခံမႈအေပၚ ေမးခြန္းထုတ္စရာ ျဖစ္ခဲ့ပါတယ္။

သတင္းေတြထဲမွာ က်ဴးလြန္သူေတြက အဆိုပါအရပ္မွာ လူမိုက္ဆန္ဆန္ ေနသူေတြျဖစ္လို႔ ျဖစ္ခ်ိန္မွာ ေဘးလူက သူတို႔ဘက္လွည့္လည့္လာမွာစိုးလို႔ ဝင္မဆြဲရဲၾကတာလို႔ ေဖာ္ျပခဲ့ေပမယ့္ ကိုယ္ေရွ႕မွာ လူႏွစ္ေယာက္ကို သတ္ျဖတ္ေနတာကို ၾကည့္ေနႏိုင္တဲ့ စိတ္မ်ိဳး၊ ႏွလုံးသားမ်ိဳး ထြန္းကားေနၿပီဆိုတာ  ဒီျဖစ္ရပ္က သက္ေသျပခဲ့ပါတယ္။

ဒီျဖစ္ရပ္အေပၚ ျပင္းျပင္းထန္ထန္ ကိုင္တြယ္ဖို႔ အားလုံးက မွတ္ခ်က္ေပးထားၿပီး အခင္းျဖစ္ပြားရာ အရပ္ေဒသအဖို႔လည္း ထိန္းဖို႔ပ်က္ကြက္ခဲ့တဲ့အတြက္ မင္းမဲ့စ႐ိုက္ဆန္ဆန္ သတ္ျဖတ္မႈထြန္းကားရာ အရပ္အျဖစ္ အမ်ားျပည္သူၾကား ႐ုပ္ဆိုးအက်ည္းတန္သြားၿပီ ျဖစ္ပါတယ္။ဒီလိုျဖစ္ရပ္မ်ိဳးေတြ ဆက္မျဖစ္ဖို႔ မထြန္းကားဖို႔ အာဏာပိုင္ေတြအေနနဲ႔ လူသတ္မႈက်ဴးလြန္သူေတြကို ေသဒဏ္ခ်ၿပီးရင္ တစ္ကယ္ေသဒဏ္ေပးတဲ့စနစ္ ျပန္က်င့္သုံးဖို႔လိုလာၿပီ ျဖစ္တယ္ဆိုတာကို ဒီျဖစ္ရပ္က သက္ေသျပခဲ့ပါတယ္။

ဒီသတင္းေတြက ထီလက္မွတ္ ၆၅ ေစာင္ကို က်ပ္ရွစ္သိန္းေက်ာ္ျဖင့္ လိမ္လည္ေရာင္းခ်သည့္ ရွစ္ဦးပါ အဖြဲ႕ကို တမူးမွာ ရဲတပ္ဖြဲ႕ႏွင့္ ေဒသခံမ်ား ဖမ္းဆီးခဲ့တဲ့ သတင္း၊ စည္ပင္ေ႐ြးေကာက္ပြဲဝင္မယ့္ အလွမယ္ ထက္ထက္ထြန္း ကို ၿမိဳ႕ခံၿပိဳင္ဘက္ ကိုယ္စားလွယ္ေလာင္းက ေကာ္မရွင္ထံ တိုင္ၾကားခဲ့တဲ့ သတင္း၊ မူဆယ္-တ႐ုတ္ နယ္စပ္ မန္ဝိန္းဂိတ္မွာ ကုန္တင္ယာဥ္တစ္စီးေပၚက  အေလးခ်ိန္ ငါးတန္ေက်ာ္တဲ့ ေက်ာက္စိမ္းအ႐ိုင္းတုံး တစ္တုံးကို ဖမ္းဆီးရမိခဲ့တဲ့ သတင္း ဟသၤာတ တကၠသိုလ္အနီး ခ်စ္သူလမ္းၾကားမွာ ခ်ိန္းေတြ႕သူႏွစ္ဦးကို ဓားေထာက္လုယက္လို႔  တစ္ဦးေသဆုံးၿပီး တစ္ဦးဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ တနသၤာရီဂ်ာနယ္ အယ္ဒီတာတစ္ဦးကို သေရာ္စာေဖာ္ျပခဲ့လို႔ ဒဏ္ေငြငါးသိန္း ေပးေဆာင္ဖို႔ အမိန႔္ခ်ခဲ့တဲ့ သတင္း၊ ႐ုံးစာေရး ရာထူးခန႔္ထားမယ္ဆိုၿပီး က်ပ္ ၁၀ သိန္း လာဘ္စားလို႔ သာယာဝတီၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉးကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က အမႈဖြင့္ အေရးယူခဲ့တဲ့ သတင္း၊ စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕ ထန္းေတာရပ္ကြက္ထဲ လူမေနထိုင္တဲ့ ၿခံထဲ အမ်ိဳးသားအေလာင္း တစ္ေလာင္းကို ေတြ႕ရွိခဲ့တဲ့ သတင္း၊ ဒ႐ုန္းလႊတ္တင္လို႔ ဖမ္းထားတဲ့ ျပင္သစ္ႏိုင္ငံသားရဲ႕ ႐ုံးထုတ္ကို ေဖေဖာ္ဝါရီ ၂၂ ရက္ ေျပာင္းလိုက္တဲ့ သတင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ဝါးတရာစက္မႈဇုန္၊ ဆိပ္ကမ္းသာလမ္း၊ Honda (Myanmar) ကုမၸဏီလီမိတက္ အထပ္သားစက္႐ုံမွာ ဘြိဳင္လာေပါက္ကြဲၿပီး မီးေလာင္မႈျဖစ္ပြားခဲ့ရာမွာ အလုပ္သမား ၆ ဦး ေသဆုံးၿပီး ၁၃ ဦး ဒဏ္ရာရခဲ့တဲ့ သတင္း၊ ဘုရင့္ေနာင္ ဆန္ကုန္စည္ဒိုင္ ျပင္ပမွာ က်ပ္သိန္းႏွစ္ေထာင္မွ သုံးေထာင္ၾကား ဆန္ဖိုးမရွင္းဘဲ တိမ္းေရွာင္မႈ ျဖစ္ပြားခဲ့တဲ့ သတင္း စတဲ့သတင္းေတြ ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့ပါတယ္။

ပဋိပကၡေတြၾကား အေကာင္အထည္ေပၚလာတဲ့ ေျခဥျပင္ဆင္ေရး

ယခုတစ္ပတ္ ႏိုင္ငံေရးေနာက္ခံ သတင္းေတြထဲမွာ လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့တာက ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ခဲ့ရတဲ့အထိ ျဖစ္ခဲ့ရတဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ေကာ္မတီဖြဲ႕တဲ့ သတင္းပါဘဲ။

ၿပီးခဲ့တဲ့အပတ္က ျပည္ေထာင္စုလႊတ္ေတာ္မွာ အေျခအတင္ျဖစ္ခဲ့ရၿပီး တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြ မဲမေပးခဲ့တဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ေကာ္မတီဖြဲ႕စည္းဖို႔ တင္သြင္းခဲ့တဲ့ အဆိုကို ယခုတစ္ပတ္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ေကာ္မတီကို ဖြဲ႕စည္းတဲ့အခါ ကန႔္ကြက္မႈေတြ ရွိခဲ့ပါတယ္။ဒါေပမယ့္ ျပည္ေထာင္စုလႊတ္ေတာ္က မဲခြဲဆုံးျဖတ္ၿပီးတဲ့ေနာက္ မူလစီစဥ္ထားတဲ့အတိုင္း အခ်ိဳးက် လႊတ္ေတာ္ကိုယ္စားလွယ္ ၄၅ ဦးနဲ႔ ျပင္ဆင္ေရးအတြက္ ေကာ္မတီကို ဖြဲ႕စည္းခဲ့ပါတယ္။

ဒီေကာ္မတီမွာ ျပည္ေထာင္စုလႊတ္ေတာ္ ဒုတိယနာယကျဖစ္သူက ဥကၠ႒အျဖစ္ တာဝန္ယူၿပီး အာဏာရ NLD ပါတီက ၁၈ ဦး၊ တပ္မေတာ္သား ကိုယ္စားလွယ္အစုအဖြဲ႕က ၈ ဦး၊ ျပည္ေထာင္စုႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက ၂ ဦး၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ၂ ဦး၊ ရခိုင္အမ်ိဳးသားပါတီက ၂ ဦးနဲ႔ က်န္ပါတီကိုယ္စားလွယ္ေတြ တစ္ဦးစီနဲ႔ တစ္သီးပုဂၢလ ကိုယ္စားလွယ္တစ္ဦးနဲ႔ စုစုေပါင္း ၄၅ ဦးလို႔ သတ္မွတ္ခဲ့ပါတယ္။

ဒီလိုဖြဲ႕စည္းတဲ့အေပၚ တပ္မေတာ္သားကိုယ္စားလွယ္နဲ႔ ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္တို႔က ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးကို ကန႔္ကြက္ေနျခင္း မဟုတ္ဘဲ ဥပေဒ၊ လုပ္ထုံးလုပ္နည္းႏွင့္ မညီ၍ ကန႔္ကြက္ျခင္းသာျဖစ္ၿပီး ဖြဲ႕စည္းပုံ အေျခခံဥပေဒကို မလိမ့္တပတ္ျပင္ဆင္ရန္ ႀကိဳးစားျခင္းက ႏိုင္ငံမွာ မလိုလားအပ္သည့္ ဆိုးက်ိဳးေတြ ျဖစ္လာႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။
ဒီခ်ဳပ္ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္ ကေတာ့ မလိမ့္တပတ္ ေဆာင္႐ြက္တယ္ဆိုတဲ့ စကားကို လက္မခံဘဲ ဒီလိုေျပာတာ ၿခိမ္းေျခာက္တဲ့သေဘာ သက္ေရာက္တယ္ လို႔ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။အဆိုပါ ပူးေပါင္းေကာ္မတီ အတြင္းေရးမႉးအျဖစ္ တာဝန္ယူေဆာင္႐ြက္မယ့္ ဒီခ်ဳပ္ကိုယ္စားလွယ္ ေဒါက္တာျမတ္ဉာဏစိုး က ေကာ္မတီဖြဲ႕စည္းျခင္းဟာ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျဖတ္လမ္းနည္းနဲ႔ ျပင္ဆင္ရန္ ႀကိဳးပမ္းျခင္းမဟုတ္ဘဲ အားလုံးပါဝင္ႏိုင္ေရး ရည္႐ြယ္ျခင္းသာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

ေကာ္မတီအစည္းအေဝးကို ေဖေဖၚဝါရီ ၂၀ ရက္က စတင္က်င္းပခဲ့ရာမွာ ျပည္ခိုင္ၿဖိဳးပါတီအေနျဖင့္ ေဖေဖာ္ဝါရီ ၂၀ ရက္မွ ေကာ္မတီသို႔ ဝင္ေရာက္ရန္ အမည္စာရင္းတင္သြင္းခဲ့ၿပီး တပ္မေတာ္ကိုယ္စားလွယ္aတြက ေဖေဖၚဝါရီ ၂၁ ရက္မွာ စာရင္းေပးသြင္းခဲ့ပါတယ္။

ေဖေဖၚဝါရီ ၂၀ ရက္က စတင္က်င္းပခဲ့တဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ အစည္းအေဝးကို ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္ႏွစ္ဦး တက္ေရာက္ဖို႔ လာခဲ့ေပမယ့္ လႊတ္ေတာ္႐ုံးဝန္ထမ္းေတြက အမည္စာရင္း ႀကိဳတင္မေပးပို႔ထားလို႔ အစည္းအေဝးခန္းမထဲအတြင္း ဝင္ခြင့္မျပဳခဲ့လို႔ အျငင္းပြားမႈေတြ ရွိခဲ့ပါတယ္။

အဆိုပါအစည္းအေဝးမွာ ယခုႏွစ္ ဇူလိုင္ ၁၇ ရက္မတိုင္မီ ျပည္ေထာင္စုလႊတ္ေတာ္ကို အစီရင္ခံစာ တင္ျပရမည္ျဖစ္လို႔  အစီရင္ခံစာ တင္သြင္းႏိုင္ရန္ ေကာ္မတီအစည္းအေဝးကို လႊတ္ေတာ္အစည္းအေဝး က်င္းပတဲ့ ကာလမွာ အပတ္စဥ္ သုံးရက္ျပဳလုပ္ရန္ ညႇိႏႈိင္းသတ္မွတ္ခဲ့တယ္ ဆိုပါတယ္။

ဒီလိုေကာ္မတီဖြဲ႕ၿပီး ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ဖို႔ လုပ္တဲ့အေပၚ သမၼတေဟာင္း ဦးသိန္းစိန္ က လႊတ္ေတာ္ထဲက ကိုယ္စားလွယ္ေတြနဲ႔ မလုံေလာက္ဘူးလို႔ ေျပာခဲ့တဲ့အတြက္ ေဝဖန္မႈေတြ ဆူညံခဲ့ပါေသးတယ္။ဒါ့အျပင္ အေျခခံဥပေဒကို ေရးဆြဲစဥ္က ပါဝင္ခဲ့တဲ့ အစုအဖြဲ႕ ၈ ဖြဲ႕နဲ႔ လတ္တေလာ NCA ထိုးထားတဲ့ အဖြဲ႕ေတြကို ေခၚသင့္တယ္လို႔ ေျပာခဲ့ပါတယ္။ဒီလိုမွတ္ခ်က္ျပဳ ေျပာဆိုတဲ့အေပၚ ေကာ္မတီဖြဲ႕ဖို႔ အဆိုတင္သြင္းခဲ့တဲ့ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ၾကည္ၫႊန႔္ က “သမၼတေဟာင္းက မျဖစ္ႏိုင္တဲ့နည္းေတြနဲ႔ ေလွ်ာက္ေျပာေနလို႔ေတာ့ မရဘူးေလ” လို႔ တုန႔္ျပန္ခဲ့ပါတယ္။

ေဖေဖၚဝါရီ ၁၉ ရက္က ဖြဲ႕စည္းခဲ့တဲ့ ဒီေကာ္မတီမွာ လုပ္ေဆာင္ရမယ့္ တာဝန္ေတြ၊ သတ္မွတ္ခ်က္ေတြ၊ လုပ္ပိုင္ခြင့္ေတြ ပါဝင္ၿပီး အေျခခံဥပေဒမွာ ျပင္ရမယ့္ အခ်က္ေတြကို ျပဳစုၿပီး ျပည္ေထာင္စုလႊတ္ေတာ္ကို တင္ရမွာျဖစ္တဲ့အတြက္ ေနာက္ဆုံးတင္ရမယ့္ ဇူလိုင္ ၁၇ ရက္ မတိုင္မီ ဘာေတြေျပာင္းလဲမႈေတြရွိလာမလဲ၊ အမ်ားျပည္သူ ေမွ်ာ္လင့္ထားတဲ့ ျပင္ဆင္ေစလိုတဲ့ အခ်က္ေတြ ပါလာမလား၊ ေအးေအးခ်မ္းခ်မ္းနဲ႔ ျပင္ဆင္တာ ျမင္ရမလားဆိုတာ ဆက္ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

အဆိုပါသတင္းက ယခုတစ္ပတ္ Headline News သတင္းေတြျဖစ္တဲ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ငပလီမွာက်င္းပမယ့္ ရခိုင္ျပည္နယ္ ရင္းႏွီးျမႇဳပ္ႏွံမႈျပပြဲ တက္ေရာက္မယ့္ သတင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္က ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ရာမွာ အႏွစ္သာရ မထိခိုက္ရန္ လိုအပ္တယ္လို႔ ဂ်ပန္အေျခစိုက္ အဆာဟိရွင္ဘြန္း သတင္းဌာနႏွင့္ ေတြ႕ဆုံရာမွာ ေျပာလိုက္တဲ့ သတင္း၊ ေက်ာင္းနဲ႔ ပညာေရးမႉး႐ုံးေတြမွာ တိုင္ၾကားစာႏွင့္ အႀကံျပဳစာ ထည့္ဖို႔ စာတိုက္ပုံးေတြကိုထားဖို႔ ၫႊန္ၾကားထားတဲ့ သတင္း၊ အေျခခံဥပေဒကို ဥပေဒလုပ္ထုံးလုပ္နည္းႏွင့္ အညီသာ ျပင္ဆင္ရန္ တပ္မေတာ္ေထာက္ခံသူမ်ားႏွင့္ အမ်ိဳးသားေရးလႈပ္ရွားသူေတြက ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ဆႏၵျပခဲ့တဲ့ သတင္းေတြနဲ႔အတူ ဘာေတြဆက္ျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ေနရဦးမယ့္ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ရခိုင္ေျမာက္ပိုင္းက တိုက္ပြဲေတြ

ရခိုင္ေျမာက္ပိုင္းမွာ ျဖစ္ေနတဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲသတင္းေတြကို ယခုေနာက္ပိုင္း ခပ္စိပ္စိပ္ၾကားလာရၿပီး ေဖေဖာ္ဝါရီ ၁၉ ရက္က ေျမာက္ဦးၿမိဳ႕နယ္ ရန္ေအာင္ျပင္ေဒသႏွင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္ထဲမွာ တိုက္ပြဲေတြ ျဖစ္ခဲ့တဲ့အတြက္ ဒီတိုက္ပြဲေတြက ယခင္ကထက္ က်ယ္ျပန႔္လာၿပီ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္းကေန စၿပီးျဖစ္လာတဲ့ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) တို႔ရဲ႕ တိုက္ပြဲေတြက ရခိုင္ျပည္နယ္ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေက်ာက္ေတာ္၊ ပုဏၰားကြၽန္း ၿမိဳ႕နယ္မ်ားႏွင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တို႔ကေန ကမာၻလွည့္ခရီးသည္ေတြလာရာ ရခိုင္ေရွးေဟာင္းၿမိဳ႕ျဖစ္တဲ့ ေျမာက္ဦးထိ က်ယ္ျပန႔္လာခဲ့ပါတယ္။

တိုက္ပြဲေတြက လူေနထိုင္ရာ ေက်း႐ြာေတြနားအထိ ကပ္လာလို႔ အရပ္သားေတြ ထိခိုက္ေသဆုံးတာေတြ ျဖစ္ခဲ့ပါတယ္။ေဖေဖာ္ဝါရီ ၁၉ ရက္ နံနက္က ေျမာက္ဦးၿမိဳ႕နယ္ ေျမာက္ပိုင္း ရန္ေအာင္ျမင္ေက်း႐ြာ၏ အေရွ႕ေတာင္ဘက္၊ ရမ္းေခ်ာင္းအနီးတစ္ဝိုက္မွာ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။လက္နက္ႀကီး၊ လက္နက္ငယ္သံေတြကို နီးစပ္ရာ႐ြာမ်ားမွ ၾကားေနရတယ္လို႔ ေဒသခံေတြကဆိုၿပီး ႏွစ္ဘက္ထိခိုက္မႈေတြ ရွိတယ္လို႔ ဆိုပါတယ္။တပ္မေတာ္ဘက္ကေတာ့ AA အေလာင္း ကိုးေလာင္းနဲ႔ RGP တစ္လက္ သိမ္းဆည္းရမိခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။တိုက္ပြဲျဖစ္ေနခ်ိန္မွာ ကေလးေတြ စာေမးပြဲေျဖခ်ိန္ျဖစ္ေနလို႔ ကေလးေတြ ပိတ္မိေနခဲ့တယ္လို႔လည္း သိရပါတယ္။

၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကတည္းက စၿပီး ရခိုင္ျပည္နယ္ထဲ ရခိုင္လက္နက္ကိုင္ AA နဲ႔ တိုက္ပြဲေတြ မၾကာခဏျဖစ္ပြားေနခဲ့ရာမွာ  ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးေနရၿပီး စစ္ေဘးေရွာင္ ၆ ေထာင္ေက်ာ္ ရွိေနတယ္ဆိုပါတယ္။အဆိုပါေဒသေတြမွာ တစ္ဘက္ႏိုင္ငံ အေျခစိုက္ ARSA ရန္ကို ေၾကာက္ေနရတဲ့အတြက္ ေဒသခံေတြအဖို႔ ဒီေဒသမွာ ျပန္ေျခခ်ဖို႔ဆိုတာ ပိုခက္လာၿပီျဖစ္သလို နယ္ေျမမၿငိမ္သက္တဲ့အတြက္ တိုက္ပြဲေတြ ဘယ္အခ်ိန္ရပ္သြားမလဲဆိုတာ ေဒသခံအတြက္ ေျပာဖို႔မလြယ္တဲ့ အေျခအေနျဖစ္ေနပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ တိုင္းရင္းသားသတင္းေတြျဖစ္တဲ့ တပ္မေတာ္ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP) တို႔ ေဆြးေႏြးပြဲကို ေနျပည္ေတာ္မွာ ျပဳလုပ္မယ္ဆိုတဲ့ သတင္း၊ ရခိုင္ျပည္နယ္ ၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အဖြဲ႕ ဖြဲ႕စည္းခဲ့တဲ့ သတင္း၊ SNLD ပါတီက အစိုးရႏွင့္ တပ္မေတာ္ကို တိုင္းရင္းသားအခ်င္းခ်င္းျဖစ္ေနတဲ့ တိုက္ပြဲေတြကို လ်စ္လ်ဴရႈမထားဘဲ ဝင္ေျဖရွင္းေပးဖို႔ ေျပာလိုက္တဲ့ သတင္း၊ ၿငိမ္းခ်မ္းေရးညီလာ က်င္းပဖို႔ ၾကန႔္ၾကာေနလို႔ NCA လက္မွတ္ ေရးထိုးခဲ့သည့္အေပၚ ယုံၾကည္မႈနည္းလာတယ္လို႔ မြန္အမ်ိဳးသားေန႔မွာ မြန္ျပည္သစ္ပါတီက ထုတ္ျပန္လိုက္တဲ့ သတင္း၊ ထိုင္းနယ္စပ္ ျမန္မာဒုကၡသည္စခန္းက ဒုကၡသည္ ၅၀၀ ေက်ာ္ ေနရပ္ျပန္မယ္လို႔ UNHCR က ထုတ္ျပန္ခဲ့တဲ့ သတင္း၊ ရွမ္းျပည္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္မွာ မိုင္းေပါက္ကြဲလို႔ အရပ္သားတစ္ဦး ေသဆုံးကာ ႏွစ္ဦးဒဏ္ရာရခဲ့တဲ့ သတင္းေတြထဲ ဆက္ေစာင့္ၾကည့္ရမယ့္ သတင္းေတြျဖစ္ခဲ့ပါတယ္။

အတိုင္ခံရတဲ့ ဂ်ပန္သတင္းစာ

ယခုတစ္ပတ္ သတင္းေတြထဲမွာ စိတ္ဝင္စားစရာက ကာကြယ္ေရးဦးစီးခ်ဳပ္ကို အင္တာဗ်ဴးလာေမးခဲ့တဲ့ ဂ်ပန္ အဆာဟိသတင္းစာကို သေဘာတူထားတဲ့အတိုင္း မဟုတ္ဘဲ ေဖာက္ဖ်က္ခဲ့လို႔ အေရးယူေပးဖို႔ မီဒီယာေကာင္စီကို တပ္မေတာ္ဘက္က တိုင္ၾကားခဲ့တဲ့ သတင္းဘဲ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၁၄ ရက္က ဂ်ပန္ႏိုင္ငံ အေျခစိုက္ The Asahi Shimbun သတင္းဌာန ရန္ကုန္ဌာန အႀကီး အကဲ Mr.Ryuta SOME TAYA ႏွင့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တို႔ ေနျပည္ေတာ္မွာ သီးသန႔္ေတြ႕ဆုံ ေမးျမန္းခဲ့ၾကပါတယ္။ဒီအင္တာဗ်ဴးမွာ ဂ်ပန္သတင္းေထာက္က အေျခခံဥပေဒ ျပင္ဆင္ဖို႔အေပၚ သေဘာတူညီမႈ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ ႏိုင္ငံေရးမူဝါဒနဲ႔ ႏိုင္ငံေရးလုပ္ေဆာင္ခ်က္ေတြအေပၚ ကာကြယ္ေရးဦးစီးခ်ဳပ္၏ အျမင္၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ၄ လတာ အပစ္အခတ္ရပ္စဲထားမႈ၊ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ျမန္မာ့တပ္မေတာ္ အဖြဲ႕ဝင္ေတြ လုပ္ေဆာင္ခ်က္၊ လူ ၇ သိန္းေက်ာ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲကို ထြက္ေျပးမႈ စသည့္အခ်က္မ်ားကို ေမးျမန္းခဲ့ပါတယ္။

ဒီအင္တာဗ်ဴးမွာ တပ္ခ်ဳပ္က လႊတ္ေတာ္မ်ားအတြင္း တပ္မေတာ္သား ၂၅ ရာခိုင္ႏူန္း ပါဝင္ေနရျခင္းအေပၚ တိုင္းျပည္၏ အေျခအေနအရပ္ရပ္မွာ တည္ၿငိမ္ရန္ အနည္းငယ္လိုအပ္ေနလို႔ ပါေနတာဟု ေျပာခဲ့သလို တိုင္းျပည္ကို ဦးေဆာင္သည့္သူ အမွားအယြင္းမ်ား မ်ားျပားလာရင္ တိုင္းျပည္၏ ဆုံးရႈံးမႈမ်ားလည္း ပိုမိုမ်ားျပားလာႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး (ICC) အဖြဲ႕ဝင္ ႏိုင္ငံမဟုတ္လို႔ ၿခိမ္းေျခာက္လို႔မရဘူးလို႔ ေျပာခဲ့ပါတယ္။

ဒီလို ေမးျမန္းသည့္ အေၾကာင္းအရာမ်ားအား သတင္းစာႏွင့္ မီဒီယာမ်ားတြင္ မေဖာ္ျပမီ အေၾကာင္းအရာကြဲလြဲျခင္း၊ နားလည္မႈလြဲမွားျခင္း မျဖစ္ေစရန္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးကို ေပးပို႔အတည္ျပဳၿပီးမွ ေဖာ္ျပဖို႔ ႀကိဳတင္ေမတၱာရပ္ခံခဲ့ေပမယ့္ သတင္းစာဘက္က ထိုသို႔အတည္ျပဳျခင္းမရွိဘဲ ဂ်ပန္ႏိုင္ငံထုတ္ The Asahi Shimbun သတင္းစာ ေဖေဖၚဝါရီ ၁၅ ရက္ထုတ္မွာ ထည့္သြင္းေဖာ္ျပခဲ့သလို႔ ယင္းသို႔ေဖာ္ျပရာမွာ တိက်မွန္ကန္ျပည့္စုံစြာ ေရးသားေဖာ္ျပျခင္း မရွိခဲ့တဲ့အတြက္ တာဝန္ယူေျဖရွင္းေပးဖို႔ တပ္မေတာ္ဘက္က သတင္းမီဒီယာေကာင္စီကို တိုင္ၾကားခဲ့တာပါ။

မီဒီယာေကာင္စီဘက္က တိုင္ၾကားစာမွာ ေျဖၾကားေျပာဆိုခ်က္ႏွင့္ ေရးသားတင္ျပခ်က္ မည္သို႔လြဲမွားသည္ဟူေသာ အခ်က္အလက္မပါလို႔ ျပန္လည္ေပးပို႔ရန္ တပ္မေတာ္ဘက္ကို အေၾကာင္းျပန္ထားသလို လာမည့္ မတ္လ (၁) ရက္တြင္ သတင္းမီဒီယာေကာင္စီ႐ုံးသို႔ လာေရာက္ရန္ တိုင္ၾကားသူႏွင့္ တိုင္ၾကားခံရသူတို႔ကို ဆင့္ေခၚထားတယ္လို႔ ဆိုပါတယ္။

သတင္းမီဒီယာေကာင္စီ ျပန္လည္ဖြဲ႕စည္းၿပီးတဲ့ေနာက္ တပ္မေတာ္ဘက္က ႏိုင္ငံျခားသတင္းမီဒီယာနဲ႔ ပတ္သက္ၿပီး ပထမဆုံးတိုင္ၾကားတဲ့ ကိစၥဳျဖစ္တဲ့အတြက္ ေျပလည္ေအာင္ ေျဖရွင္းေပးႏိုင္မႈ ရွိ/မရွိ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။သတင္းမီဒီယာေကာင္စီအတြက္လည္း ဒီျပႆနာကေန ေပၚလာတဲ့ သတင္းမီဒီယာနဲ႔ ပတ္သက္ရင္ အဆုံးအျဖတ္ေပးႏိုင္တဲ့ အာဏာပိုင္အဖြဲ႕အစည္း ဟုတ္/မဟုတ္ကို အေျဖထုတ္မယ့္ ပြဲျဖစ္လို႔ ေနာက္ထပ္ေစာင့္ၾကည့္ေနရဦးမွာ ျဖစ္ပါတယ္။    

ဒီသတင္းေတြက ယခုတစ္ပတ္ အစိုးရ၊ လႊတ္ေတာ္နဲ႔ သက္ဆိုင္တဲ့ သတင္းေတြျဖစ္တဲ့ မုံ႐ြာၿမိဳ႕နယ္အတြင္း ဆက္သြယ္ေရးေအာ္ပေရတာ ေလးခု သတ္မွတ္အခြန္ ေပးသြင္းျခင္းမရွိဘူးလို႔ စစ္ကိုင္းတိုင္း စည္ပင္ဝန္ႀကီးက ေျပာလိုက္တဲ့ သတင္း၊ ႏွစ္ႏိုင္ငံသေဘာတူညီမႈျဖင့္ ပဲေရာင္းခ်ေရး ေဆြးေႏြးညႇိႏႈိင္းဖို႔ အိႏၵိယကို စီးပြား/ကူးသန္း ဝန္ႀကီး သြားမယ့္သတင္း၊ ဆူညံစြာေမာင္းႏွင္တဲ့ ၿပိဳင္ကားေတြကို လူေကာယာဥ္ပါ လိုင္စင္ပိတ္သိမ္းဖို႔ စီစဥ္ေဆာင္႐ြက္မယ္ဆိုတဲ့ သတင္း၊ ယာဥ္ေၾကာက်ပ္တည္းမႈ ေျဖေလွ်ာ့ဖို႔ JICA ေခ်းေငြနဲ႔ ဧရိယာငါးခု ကို အဆင့္ျမႇင့္တင္မည့္ သတင္း၊ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ အဂတိလိုက္စားမႈ ရွိ/မရွိ စုံစမ္းစစ္ေဆးေပးဖို႔ ႏိုင္ငံေတာ္သမၼတထံ လိပ္မူၿပီး တိုင္ၾကားခဲ့တဲ့ သတင္း၊ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွာ  ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အခ်ိန္ပိုင္း သင္တန္းလာေရာက္ပို႔ခ်ခဲ့တဲ့ သတင္း၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ၏ ရခိုင္ျပည္နယ္ သံတြဲခရီးစဥ္အတြင္း လုံၿခဳံေရးအင္အားကို ပုံမွန္အေျခအေနထက္ တိုးျမႇင့္ေဆာင္႐ြက္ထားတဲ့ သတင္း၊ ယာဥ္ျဖတ္သန္းခ ေကာက္ခံရင္ တရားစြဲမယ္လို႔ ၿမိဳ႕ေတာ္ဝန္က ေျပာၿပီးေနာက္ ေဇကမာၻအိမ္ရာဝင္းက ဂိတ္ေပါက္အခ်ိဳ႕ ပိတ္လိုက္တဲ့ သတင္း စတဲ့ စိတ္ဝင္စားဖြယ္ရာ သတင္းေတြ ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ေဖေဖာ္ဝါရီ - ၂၂