【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 တိုက်ပွဲသံတွေ တိတ်ဆိတ်ဖို့ မျှော်လင့်နိုင်ပြီလား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 တိုက်ပွဲသံတွေ တိတ်ဆိတ်ဖို့ မျှော်လင့်နိုင်ပြီလား

ယခုရက်ပိုင်းအတွင်း သတင်းတွေထဲမှာ လူတွေအပြောအများဆုံး သတင်းတွေက နှစ်သစ်ကူးမိန့်ခွန်းတွေဖြစ်ပြီး ရှမ်းမြောက်ပိုင်းက သီပေါမှာ အချိန်အခါမဟုတ် မိုးသီးတွေကြွေတဲ့ သတင်းတွေနဲ့ ရခိုင်ပြည်နယ်အတွင်း လက်ရှိအခြေအနေသတင်းတွေ ဖြစ်ပါတယ်။

ဒီသတင်းတွေက ယခုရက်သတ္တပတ်ထဲ အသံထွက်နေတဲ့ တရုတ်သမ္မတ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာမှုတွေ၊ လူငယ်တွေ အပျော်လွန်ကြတဲ့ ယခုနှစ် နှစ်သစ်ကူးညမှာ ရန်ကုန်ဆေးရုံကြီးကို မတော်တဆမှုနဲ့ရောက်ရှိတဲ့သူ ၁၂၉ ဦး၊ မန္တလေးဆေးရုံကြီးကို  မတော်တဆမှုနဲ့ရောက်ရှိသူ ၁၀၀ ဦးရှိပေမယ့် သေဆုံးသူမရှိခဲ့တဲ့သတင်း၊ အောင်ဘာလေထီလက်မှတ်ကို စျေးပိုရောင်းတဲ့ ထီကိုယ်စားလှယ်တွေဆီကနေ အာမခံငွေ သိန်း၂၀၀ ကျော် သိမ်းဆည်းခဲ့တဲ့သတင်း၊ ကော့သောင်းမြို့နယ်တွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်တဲ့ ရာအိမ်မှူးကို အရေးယူပေးဖို့ ဆန္ဒပြကြတဲ့သတင်း၊ သေဒဏ်ချမှတ်ခံထားရတဲ့ လိပ်ကျွန်းအမှုမှ ဝင်းနှင့်ဇော်တို့ တင်ထားတဲ့ အသနားခံစာကို ထိုင်းဘုရင်မင်းမြတ်က တစ်နှစ်အတွင်းဆုံးဖြတ်သွားဖို့ရှိတယ်ဆိုတဲ့ သတင်း၊ အငြိမ်းစားဗိုလ်မှူးတစ်ယောက်ကို သူ့ရဲ့ဇနီးက တစ်လင်တစ်မယားဥပဒေနဲ့ တရားစွဲဆိုတဲ့သတင်း၊ မန္တလေး မြင်းခြံအကျဉ်းထောင်အတွင်း အကျဉ်းသားအခွင့်အရေး အပြည့်အဝမရသည့်အတွက် ထောင်ဆူပူမှုဖြစ်ပွားခဲ့တဲ့ သတင်းတွေနဲ့အတူ သတင်းဖတ်သူတွေ သတိထားမိခဲ့ကြပါတယ်။

ရာသီဥတုကမောက်ကမ

၂၀၁၉ ခုနှစ်အတွင်း ကမောက်ကမဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံရာသီဥတုက ၂၀၂၀ နှစ်စမှာ ပိုပြီးသတိထားမိစရာ ဖြစ်လာခဲ့ပါတယ်။ဆောင်းတွင်း အချိန်အခါမဟုတ်မိုးရွာတာ သိပ်ဆန်းကြယ်တဲ့အကြောင်းအရာ မဟုတ်တော့တာကြာပါပြီ။ယခုနောက်ပိုင်းနှစ်တွေမှာ မိုးရွာတာက နွေရယ် မိုးရယ် ဆောင်းရယ်ဆိုပြီး သိပ်ခွဲခွဲခြားခြားလည်း မရှိတော့ပါဘူး။ရွာချင်တဲ့အချိန် ရွာတယ်ဆိုတဲ့ အခြေအနေကိုရောက်လာတာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီဖြစ်သလို ဒါဟာ မြန်မာနိုင်ငံအနေနဲ့ သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှု ပြဿနာကို ဆိုးဆိုးရွားရွားရင်ဆိုင်နေရတာ  ဆယ်စုနှစ်ကျော်နေပြီဆိုတဲ့ သဘောလက္ခဏာပါဘဲ။

ပညာရှင်တွေက ရာသီဥတုအခြေအနေကို မပျက်စောင့်ကြည့်နေတဲ့အတွက် ပိုပြီးတိုးတက်ကောင်းမွန်လာမှုမရှိတဲ့  မြန်မာ့ရာသီဥတုအပေါ် စိုးရိမ်ပူပမ်မှုတွေရှိပါတယ်။ဒါပေမယ့် ဒီလိုကမောက်ကမရာသီဥတုကို ဖန်တီးတဲ့သူတွေကတော့  ဒီအချက်ကို ယခုထိ သူတို့နဲ့ဆိုင်တယ်လို့ မခံယူသေးဘဲ ဆက်လက်ပြီး လုပ်ဆောင်ဆဲ လုပ်ဆောင်မြဲပါဘဲ။

၂၀၂၀ နှစ်ဆန်းမှာဘဲ မြန်မာနိုင်ငံ ရာသီဥတုအတွက် သတိထားစရာ ဖြစ်ရပ်တစ်ခုက စခဲ့ပါတယ်။ဒါက ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ မိုးသီးကြွေကျခြင်းနှင့် လေပြင်းတိုက်ခတ်မှုကို ရုတ်တရက်ကြုံလိုက်ရခြင်းပါဘဲ။ဒီလိုဖြစ်စဉ်အပေါ် သက်ဆိုင်ရာ မိုး/ဇလဗေဒဦးစီးဌာနက ကြိုတင်သတိပေးချက် ထုတ်ပြန်နိုင်ခြင်းမရှိခဲ့ပါဘူး။သီပေါမြို့မှာ ဇန်နဝါရီ ၁ ရက် ည ၉ နာရီခန့်က ကြုံတွေ့ခဲ့ရတဲ့ မိုးသီးကြွေကျခြင်းနှင့် လေပြင်းတိုက်ခတ်မှုမှာ ဒေသခံတွေအနေနဲ့ အလစ်ငိုက်မိခဲ့ပါတယ်။မိုးသီးတွေက လေပြင်းရုတ်တရက်တိုက်ခတ်ပြီးနောက် ကျလာတာဖြစ်ပြီး ဂေါ်လီလုံးပမာဏရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရမှုတွေရှိပါတယ်။
သတင်းတွေအရ လူ ၆ ဦး ထိခိုက်ခဲ့တယ်ဆိုပေမယ့် မိုးသီးဖြစ်တဲ့အတွက် ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ကြားရပါတယ်။ကျလာတဲ့ မိုးသီးတွေက နောက်တစ်ရက် ဇန်နဝါရီ ၂ ရက်အထိ အရည်မပျော်နိုင်သေးဘဲ ဆက်ရှိနေတယ် ဆိုပါတယ်။

ည ၉ နာရီခန့်က စတင်ပြီး နာရီဝက်ခန့်သာကြာတဲ့ သဘာဝဘေးကြောင့် သီပေါမြို့နယ်ထဲက နေအိမ် ၂၀၄ လုံး သွပ်အချပ်ရေ ၆,၀၀၀ ခန့် ခေါင်မိုးပျက်စီးခဲ့ကာ အိမ်တစ်လုံးပြိုကျခဲ့ပါတယ်။ဒီဖြစ်စဉ်အပေါ် မိုး/ဇလ ဦးစီးညွှန်ချုပ်က သုံးသပ်တာကတော့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် မမျှော်လင့်သောဖြစ်ရပ် ကြုံတွေ့ခဲ့ခြင်းလို့ ဆိုပါတယ်။အစွန်းရောက် ရာသီဥတုဖောက်ပြန်တဲ့ပုံစံက ယခုနှစ်ဆန်းမှာဘဲ စတင်ကြုံတွေ့နေရပါပြီ။ယခုနှစ်ဆောင်းရာသီက ရန်ကုန်လို ပင်လယ်နဲ့နီးတဲ့ ဒေသတွေမှာ အေးနေပြီး တချို့ဒေသတွေမှာ ယခင်ကလောက် တောင်မအေးတော့တာတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံ ရာသီဥတုက စောင့်ကြည့်နေရမယ့် အနေအထားဖြစ်ပြီး တောပြုန်း တောင်ပြုန်း ဖြစ်ရပ်တွေက ဆက်လက်ဖြစ်နေမြဲ ဖြစ်နေရင် ပိုပြီးဆိုးလာမယ့်အနေအထား ဖြစ်လာမှာဖြစ်တဲ့အတွက် တရားလွန် စီးပွားရေးသောင်းကျန်းသူတွေကို မထိန်းနိုင်သရွေ့ ပိုဆိုးလာမယ့် မနက်ဖြန်တွေဟာ မဖြစ်မနေ အားလုံးကြုံလာရတော့မှာ ဖြစ်ပါတယ်။ဒီအတွက် ယခုနွေရာသီအခြေအနေကို စောင့်ကြည့်ရတော့မယ့် အခြေအနေပါဘဲ။

ရခိုင်ငြိမ်းချမ်းရေး မြင်ရပြီလား

ပြန်ပေးဆွဲမှုတွေ သတ်ဖြတ်မှုတွေနဲ့ အမုန်းတရားတွေ တောက်လောင်နေတဲ့ ရခိုင်မြောက်ပိုင်း အခြေအနေက  အကောင်းဘက်က မျှော်လင့်စရာ နည်းနေသေးပါတယ်။ဒီလိုအခြေအနေမှာ အေအေဘက်ကနေ ကုန်းလမ်းပို့ဆောင်ရေးက ယာဉ်မောင်းတွေကို ပြန်ပေးဆွဲတာ၊ လစာထုတ်ပြီးပြန်လာတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် လေးဦးကို လမ်းကနေဖြတ်တိုက်ပြီး လုတာတွေလုပ်တဲ့ သတင်းတွေ ဆက်တိုက်တက်လာခဲ့ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်ကဖြစ်တဲ့ ယာဉ်မောင်းတွေကို နောက်တစ်ရက်မှာ ပြန်လွှတ်ခဲ့ပြီး ဒီယာဉ်မောင်းတွေက မောင်တောဒေသ ပြန်လည်လက်ခံနေရာချထားခြင်း လုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက လှူဒါန်းထားသည့် ယာဉ်အစင်း၂၀ ကို မောင်းဖို့လာတဲ့သူတွေဖြစ်လို့ တရုတ်နဲ့ပတ်သက်လာရင် ယာဉ်မောင်းတောင် အေအေက မထိရဲဘူးဆိုတဲ့ ဝေဖန်မှုတွေ လူမှုကွန်ရက်မှာ တက်လာခဲ့ပါတယ်။နောက်တစ်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၂ ရက်မှာတော့ ရသေ့တောင်မြို့နယ်ထဲက စေတီပြင်နယ်ခြားစောင့်စခန်းမှာ လစာလာထုတ်တဲ့ သဇင်မြိုင်နယ်ခြားစောင့်ရဲစခန်းမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကို  အေအေက ကြားကနေဖြတ်တိုက်ပြီး နှစ်ဦးကိုဖမ်းဆီးသွားပေမယ့် ကျန်နှစ်ဦးကတော့ ပျောက်နေခဲ့ပါတယ်။လေးဦးစလုံး သတင်းအစအနမကြားရတဲ့ ယခုတိုက်ခိုက်မှုက အများအမြင်မှာ အေအေရဲ့ လုပ်ဆောင်မှုအပေါ် မကောင်းမြင်မှုသာ တိုးလာခဲ့သလို သူတို့ရဲ့ လက်နက်ကိုင်လမ်းစဉ်က ဘာလဲဆိုတာကို မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။

ယခင်က အေအေကနေ ဖမ်းထားတဲ့သူတွေ အများအပြားရှိခဲ့ပြီး ယခုထိမလွှတ်ပေးသေးတဲ့သူတွေလည်း ရှိခဲ့ပါတယ်။မကြာခင်က ဦးရဲသိန်းလို NLD မြို့နယ်ဥက္ကဋ္ဌကို ပြန်ပေးဆွဲပြီး ကျည်ထိကာ သေဆုံးတယ်ဆိုတဲ့ ထုတ်ပြန်ချက်ထုတ်ပြီး အလောင်းပါဖျောက်ခဲ့တဲ့ လုပ်ရပ်လည်း ရှိတဲ့အတွက် ယခုထပ်ဖမ်းဆီးထားတဲ့သူတွေရဲ့ အသက်အာမခံချက်က မရှိသလောက်ပါဘဲ။လက်ရှိဖမ်းဆီးထားတဲ့သူတွေထဲပါတဲ့ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းလို ချင်းအမတ်ကိုလည်း နှစ်လကျော်တဲ့အထိ ပြန်မလွှတ်သေးတဲ့အတွက် အသက်ရှင်လျှက် ရှိပါသေးရဲ့လားဆိုတဲ့ စိုးရိမ်မကင်းမှုတွေ ရှိနေပါတယ်။သက်ဆိုင်ရာ ကာယကံရှင်မိသားစုကတော့ ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်ရေးအတွက် “ဝ” အဖွဲ့ (UWSA) ဦးဆောင်တဲ့ (FPNCC) ကို အကူအညီတောင်းသလို အထက်လွှတ်တော်အမတ် မစ္စတာဒင်းစမစ်ကလည်း ဩစတြေးလျှလွှတ်တော်မှာလည်း အဆိုတင် တောင်းဆိုထားပါတယ်။ဒီအတွက် နိုင်ငံတကာနဲ့ ပြည်တွင်းဖိအားကို အေအေအနေနဲ့ ခံနေပြီဖြစ်ပါတယ်။

ဇန်န၀ါရီ ၁ ရက်မှာ (PSLF/TNLA)၊ (ULA/AA)နဲ့  (MNTJP/MNDAA) တို့ မြောက်ပိုင်းသုံးဖွဲ့က တစ်ဖက်သတ်အပစ်ရပ်ထားမှုကို ဖေဖော်ဝါရီအထိ နှစ်လတာ ထပ်မံသက်တမ်းတိုးလိုက်တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ဒီသုံးဖွဲ့စလုံးက ရခိုင်မြောက်ပိုင်း၊ ရှမ်းမြောက်ဒေသတွေမှာ တပ်ဘက်နဲ့ လတ်တလောထိတွေ့တိုက်ခိုက်မှုတွေ လုပ်နေတဲ့ လက်နက်ကိုင်တွေပါ။ဒီလိုအပစ်ရပ်ကြေညာပေမယ့် သက်ဆိုင်ရာဒေသတွေမှာ တိုက်ပွဲတွေကတော့ ဖြစ်နေဆဲပါ။ဒီလိုဖြစ်နေတာနဲ့ပက်သက်ပြီး ထိုးစစ်တွေကိုသာ ရပ်တာဖြစ်ပြီး  ထိတွေတိုက်ပွဲတွေကတော့ ဖြစ်နေမှာဘဲလို့ ဆိုတဲ့အတွက် အပစ်ရပ်စဲရေးဆိုတာက အဓိပ္ပါယ်တစ်မျိုး ထပ်ထုတ်ရမလိုပါဘဲ။

နိုင်ငံရေးသုံးသပ်လေ့လာသူတွေကတော့ ဒီလိုတစ်ဘက်သတ် အပစ်ရပ်ကြေညာပြီး ဆက်ဖြစ်နေတာတွေက  ကြေညာချက်တွေထုတ်ပြီး နိုင်ငံရေးအရ အပြန်အလှန်ထိုးစစ်ဆင်နေတာလို့ သုံးသပ်တာ‌တွေရှိပါတယ်။တပ်မတော်ဘက်ကတော့ ထုတ်ပြန်ချက်မှာပါတဲ့အတိုင်း လက်တွေ့လုပ်ဆောင်ပါက ကြိုဆိုတယ်ဆိုတဲ့ မှတ်ချက်ကိုပေးခဲ့ပြီး တစ်ဘက်သတ် အပစ်ရပ်ထုတ်ပြန်ချက်မှာ အစိုးရနှင့် Bilateral အပစ်ရပ်စဲရေး သဘောတူလက်မှတ် ထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးမှုများ လက်တွေ့ကျကျဆောင်ရွက်နိုင်ရန်နှင့် လာမည့်ရွေးကောက်ပွဲ၌ ငြိမ်းချမ်းသောပတ်ဝန်းကျင် တည်ဆောက်နိုင်ရန် ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။ဒီထဲမှာ နှစ်ဘက်ကြား ဆက်သွယ်ပြီး ငြိမ်းချမ်းရေးလုပ်နေတဲ့သူတွေဆီကနေ မကြာမီ KIO အပါအဝင် မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရကြား NCA ကို ထိုးဖို့ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ အေအေနဲ့ တပ်မတော်ကြားတိုက်ပွဲများကြောင့် တိုက်ပွဲရှောင် တစ်သိန်းကျော်ရှိလာသလို ရှမ်းမြောက်မှာ တအာင်းလက်နက်ကိုင်တွေနဲ့ တိုက်ပွဲ ၂၅၀ ကျော် ဖြစ်လာခဲ့တဲ့အတွက် ဒေသခံတွေအတွက် ငြိမ်းချမ်းရေးက မရှိလို့မဖြစ်တဲ့ အခြေအနေဖြစ်နေပါတယ်။
တပ်မတော်ဘက်ကတော့ ရခိုင်ပြည်နယ် ပြန်လည်တည်ငြိမ်အေးချမ်းရေး ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေတယ်လို့ပြောခဲ့ပြီး  လက်ရှိအခြေအနေအရမှာတော့ ရခိုင်မှာ တိုက်ပွဲများဆက်လက်ဖြစ်နိုင်ခြေရှိတယ်ဆိုပြီး ပြောခဲ့တာရှိပါတယ်။ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ အေအေက သူကြီးစိုးထားတဲ့နေရာမှာ ယခုနှစ်ထဲ ပြည်သူ့အာဏာပိုင်စနစ် ဖော်ဆောင်မည်ဆိုပြီး ကြွေးကြော်လုပ်ဆောင်နေတဲ့အတွက် ငြိမ်ချမ်းရေးသာမရခဲ့ရင် ဒေသခံတွေအတွက် မြေစာပင် စစ်ဖြစ်တော့မှာ သေချာနေပါတယ်။ယခုဘဲ တိုက်ပွဲရှောင်ဒုက္ခသည် တစ်သိန်းကျော်နေပြီဖြစ်တဲ့အတွက် ထွက်လာတဲ့ သတင်းကောင်းတွေ တစ်ကယ်ဖြစ်လာမဖြစ်လာဆိုတာကို ဒေသခံတွေနဲ့အတူတူ ရင်တမမ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းတွေနဲ့အတူ စိတ်ဝင်စားစရာဖြစ်ခဲ့တဲ့ သတင်းတွေက နှစ်စဉ်ကျင်းပနေကြ ကချင်မနောပွဲကို ယခုနှစ် (၇၂) နှစ်မြောက်မှာ ကျင်းပဖို့မရှိဘူးဆိုတဲ့ သတင်းပါဘဲ။ပွဲကျင်းပရေးအတွက် ပွဲတော်အမည်အား ကချင်ဘာသာနှင့် ရေးသားသည်တွင် အသုံးပြုသည့်အမည်နှင့် ပတ်သက်၍ အငြင်းပွားစရာများရှိခြင်းကြောင့် ပြည်နယ်အစိုးရက ဖျက်သိမ်းခဲ့တာပါ။ဒီတစ်ပတ်ထဲမှာ ကုလသမဂ္ဂကနေ မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်အတွက်ဆိုပြီး ကန်ဒေါ်လာ ၂၇ သန်း ဘတ်ဂျက်အတည်ပြုပေးခဲ့ပါတယ်။ဒါဟာ သတိထားစရာ သတင်းပါဘဲ။တပ်ဘက်ကတော့ ဒါဟာ နိုင်ငံရေးအရ ဖိအားပေးတာသက်သက်ဖြစ်တယ်လို့ မီဒီယာတွေကို ရှင်းလင်းထားပါတယ်။ဒါပေမယ့် ယခုလို ကုလသမဂ္ဂဘတ်ဂျက်ကနေ ထုတ်ယူသုံးစွဲတာဖြစ်လို့ ဒါဟာ အစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ် ဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

နှစ်သစ်ကူးစကားနှင့် ၂၀၂၀ လားရာ

ယခုနှစ်သစ်ကူးက ပြည်သူတွေ အများကြီးမျှော်လင့်ခဲ့တာတွေ ရှိခဲ့ပါတယ်။ဒီနှစ်အတွက် နှစ်သစ်ကူးစကားပြောကြတဲ့ နိုင်ငံခေါင်းဆောင်တွေ စကားထဲမှာ သတိပြုမိတာတွေရှိသလို စဉ်းစားရမယ့်အပိုင်းတွေလည်း ပါဝင်ပါတယ်။အထူးသဖြင့် ပြည်သူတွေ စောင့်ကြည့်ခဲ့ကြတာက နိုင်ငံတော်အတိုင်ပင်ခံရဲ့ နှစ်သစ်ကူးမိန့်ခွန်းစကားပါဘဲ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းစကားမှာတော့ ဒီကနေ့နိုင်ငံတော်မှာ အကြောင်းကြောင်းကြောင့် တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲအကျပ်အတည်းများ၊ စိန်ခေါ်မှုများကိုလည်း အမှန်တရား၊ တရားမျှတမှုနဲ့ ရိုးသားပွင့်လင်းမှုတို့ကို လက်ကိုင်ထားပြီး ဖြေရှင်းခြင်းအားဖြင့် အောင်မြင်စွာ ကျော်လွှားလွန်မြောက်နိုင်မယ်လို့ ယုံကြည်ပါတယ်လို့ ပြောခဲ့တာရှိသလို တန်းတူအခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အာမခံချက်ပေးနိုင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာရေး အတွက် မဆုတ်မနစ် ဆက်လက်အားထုတ်ကြိုးပမ်းလျက်ရှိပါတယ်လို့ ပြောခဲ့တာလည်းရှိပါတယ်။

ဒီနှစ်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ နှစ်သစ်ကူးမိန့်ခွန်းစကား မပြောဖြစ်ခဲ့တာကို တွေ့ရ ပါတယ်။ဒါပေမယ့် နှစ်သစ်မရောက်ခင် သုံးရက်အလို ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်တဲ့  ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်၊ လေးထောင့်ကန် (တောင်ပိုင်း) ရပ်ကွက်တွင် ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သော အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း ပန္နက်တင်အခမ်းအနားမှာ ပညာရေးအတွက် ပြောခဲ့တာရှိပါတယ်။ဒီပွဲမှာ နိုင်ငံတကာတွင်လည်း မြန်မာနိုင်ငံနည်းတူ တက္ကသိုလ်ဘွဲ့ရပြီး အလုပ်မရသေးသည့် ကျောင်းသား/သူများ ရှိနေတယ်ဆိုတာကို ပြောခဲ့ပြီး  မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို အင်မတန်ခိုင်မာသည့် အသက်မွေးဝမ်းကျောင်း ပညာရေးကျောင်းများ၊ ပညာသင်ဌာနများနှင့် တည်ဆောက်သွားမယ်လို့ ပြောခဲ့ပါတယ်။

ယခုနှစ်သစ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားထဲမှာ “၂၀၂၀ ပြည့်နှစ်ဟာ ကျွန်တော်တို့နိုင်ငံအတွက် ငြိမ်းချမ်းရေးအတွက်သော်လည်းကောင်း၊ နိုင်ငံရေးအတွက်သော်လည်းကောင်း အရေးပါတဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။တပ်မတော်အနေနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ကြဉ်းလုပ်ဆောင်သွားပါမယ်” လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူများက အစစအရာရာ ချင့်ချိန်သုံးသပ်ကာ တပ်မတော်နှင့် လက်တွဲ၍ ၂၀၂၀ ကို ကျော်လွန်ဖြတ်ကျော်နိုင်ပါစေဆိုလို့ ဆုမွန်ကောင်းတောင်းခဲ့တဲ့ စကားကလည်း  အများပြည်သူနဲ့ နိုင်ငံရေးသုံးသပ်မိသူတွေကြား ပြောစရာဆွေးနွေးစရာ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီလို အကောင်းဘက်က မျှော်လင့်လို့ရတဲ့ ခေါင်းဆောင်တွေရဲ့ နှစ်သစ်ကူးစကားတွေကြောင့်  ယခု ၂၀၂၀ ခုနှစ်က စောင့်မျှော်ကြည့်ချင်စရာပါ။လက်ရှိမှာ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေသလို တိုက်ပွဲရှောင် ဒုက္ခသည်အရေအတွက်က သိန်းဂဏန်းထိချဉ်းကပ်လာစဉ်မှာ အရပ်သားတွေက လက်နက်ကိုင်တွေရဲ့ ပစ်မှတ်ဖြစ်လာနေပါတယ်။ဒီလိုအခြေအနေကနေ လွတ်ဖို့ဆိုရင် ငြိမ်းချမ်းရေးက အရေးတကြီးလိုအပ်နေပါတယ်တိုက်ပွဲရှောင်တွေ မူရင်းဒေသကို ပြန်ရောက်ဖို့  ယခုနှစ်ဖြစ်လာမလားဆိုတာ….  တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်း သုံးသပ်မှုကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇန်န၀ါရီ - ၃

( Zawgyi )

ယခုရက္ပိုင္းအတြင္း သတင္းေတြထဲမွာ လူေတြအေျပာအမ်ားဆုံး သတင္းေတြက ႏွစ္သစ္ကူးမိန႔္ခြန္းေတြျဖစ္ၿပီး ရွမ္းေျမာက္ပိုင္းက သီေပါမွာ အခ်ိန္အခါမဟုတ္ မိုးသီးေတြေႂကြတဲ့ သတင္းေတြနဲ႔ ရခိုင္ျပည္နယ္အတြင္း လက္ရွိအေျခအေနသတင္းေတြ ျဖစ္ပါတယ္။

ဒီသတင္းေတြက ယခုရက္သတၱပတ္ထဲ အသံထြက္ေနတဲ့ တ႐ုတ္သမၼတ ျမန္မာႏိုင္ငံကို လာေရာက္ဖို႔ရွိတယ္ဆိုတဲ့ သတင္းထြက္ေပၚလာမႈေတြ၊ လူငယ္ေတြ အေပ်ာ္လြန္ၾကတဲ့ ယခုႏွစ္ ႏွစ္သစ္ကူးညမွာ ရန္ကုန္ေဆး႐ုံႀကီးကို မေတာ္တဆမႈနဲ႔ေရာက္ရွိတဲ့သူ ၁၂၉ ဦး၊ မႏၲေလးေဆး႐ုံႀကီးကို  မေတာ္တဆမႈနဲ႔ေရာက္ရွိသူ ၁၀၀ ဦးရွိေပမယ့္ ေသဆုံးသူမရွိခဲ့တဲ့သတင္း၊ ေအာင္ဘာေလထီလက္မွတ္ကို ေစ်းပိုေရာင္းတဲ့ ထီကိုယ္စားလွယ္ေတြဆီကေန အာမခံေငြ သိန္း၂၀၀ ေက်ာ္ သိမ္းဆည္းခဲ့တဲ့သတင္း၊ ေကာ့ေသာင္းၿမိဳ႕နယ္တြင္ သက္ငယ္မုဒိမ္းမႈ က်ဴးလြန္ရန္ ႀကံစည္တဲ့ ရာအိမ္မႉးကို အေရးယူေပးဖို႔ ဆႏၵျပၾကတဲ့သတင္း၊ ေသဒဏ္ခ်မွတ္ခံထားရတဲ့ လိပ္ကြၽန္းအမႈမွ ဝင္းႏွင့္ေဇာ္တို႔ တင္ထားတဲ့ အသနားခံစာကို ထိုင္းဘုရင္မင္းျမတ္က တစ္ႏွစ္အတြင္းဆုံးျဖတ္သြားဖို႔ရွိတယ္ဆိုတဲ့ သတင္း၊ အၿငိမ္းစားဗိုလ္မႉးတစ္ေယာက္ကို သူ႔ရဲ႕ဇနီးက တစ္လင္တစ္မယားဥပေဒနဲ႔ တရားစြဲဆိုတဲ့သတင္း၊ မႏၲေလး ျမင္းၿခံအက်ဥ္းေထာင္အတြင္း အက်ဥ္းသားအခြင့္အေရး အျပည့္အဝမရသည့္အတြက္ ေထာင္ဆူပူမႈျဖစ္ပြားခဲ့တဲ့ သတင္းေတြနဲ႔အတူ သတင္းဖတ္သူေတြ သတိထားမိခဲ့ၾကပါတယ္။

ရာသီဥတုကေမာက္ကမ

၂၀၁၉ ခုႏွစ္အတြင္း ကေမာက္ကမျဖစ္ခဲ့တဲ့ ျမန္မာႏိုင္ငံရာသီဥတုက ၂၀၂၀ ႏွစ္စမွာ ပိုၿပီးသတိထားမိစရာ ျဖစ္လာခဲ့ပါတယ္။ေဆာင္းတြင္း အခ်ိန္အခါမဟုတ္မိုး႐ြာတာ သိပ္ဆန္းၾကယ္တဲ့အေၾကာင္းအရာ မဟုတ္ေတာ့တာၾကာပါၿပီ။ယခုေနာက္ပိုင္းႏွစ္ေတြမွာ မိုး႐ြာတာက ေႏြရယ္ မိုးရယ္ ေဆာင္းရယ္ဆိုၿပီး သိပ္ခြဲခြဲျခားျခားလည္း မရွိေတာ့ပါဘူး။႐ြာခ်င္တဲ့အခ်ိန္ ႐ြာတယ္ဆိုတဲ့ အေျခအေနကိုေရာက္လာတာ ဆယ္စုႏွစ္တစ္ခုေက်ာ္ခဲ့ၿပီျဖစ္သလို ဒါဟာ ျမန္မာႏိုင္ငံအေနနဲ႔ သဘာ၀ပတ္ဝန္းက်င္ပ်က္စီးမႈ ျပႆနာကို ဆိုးဆိုး႐ြား႐ြားရင္ဆိုင္ေနရတာ  ဆယ္စုႏွစ္ေက်ာ္ေနၿပီဆိုတဲ့ သေဘာလကၡဏာပါဘဲ။

ပညာရွင္ေတြက ရာသီဥတုအေျခအေနကို မပ်က္ေစာင့္ၾကည့္ေနတဲ့အတြက္ ပိုၿပီးတိုးတက္ေကာင္းမြန္လာမႈမရွိတဲ့  ျမန္မာ့ရာသီဥတုအေပၚ စိုးရိမ္ပူပမ္မႈေတြရွိပါတယ္။ဒါေပမယ့္ ဒီလိုကေမာက္ကမရာသီဥတုကို ဖန္တီးတဲ့သူေတြကေတာ့  ဒီအခ်က္ကို ယခုထိ သူတို႔နဲ႔ဆိုင္တယ္လို႔ မခံယူေသးဘဲ ဆက္လက္ၿပီး လုပ္ေဆာင္ဆဲ လုပ္ေဆာင္ၿမဲပါဘဲ။

၂၀၂၀ ႏွစ္ဆန္းမွာဘဲ ျမန္မာႏိုင္ငံ ရာသီဥတုအတြက္ သတိထားစရာ ျဖစ္ရပ္တစ္ခုက စခဲ့ပါတယ္။ဒါက ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္မွာ မိုးသီးေႂကြက်ျခင္းႏွင့္ ေလျပင္းတိုက္ခတ္မႈကို ႐ုတ္တရက္ႀကဳံလိုက္ရျခင္းပါဘဲ။ဒီလိုျဖစ္စဥ္အေပၚ သက္ဆိုင္ရာ မိုး/ဇလေဗဒဦးစီးဌာနက ႀကိဳတင္သတိေပးခ်က္ ထုတ္ျပန္ႏိုင္ျခင္းမရွိခဲ့ပါဘူး။သီေပါၿမိဳ႕မွာ ဇန္နဝါရီ ၁ ရက္ ည ၉ နာရီခန႔္က ႀကဳံေတြ႕ခဲ့ရတဲ့ မိုးသီးေႂကြက်ျခင္းႏွင့္ ေလျပင္းတိုက္ခတ္မႈမွာ ေဒသခံေတြအေနနဲ႔ အလစ္ငိုက္မိခဲ့ပါတယ္။မိုးသီးေတြက ေလျပင္း႐ုတ္တရက္တိုက္ခတ္ၿပီးေနာက္ က်လာတာျဖစ္ၿပီး ေဂၚလီလုံးပမာဏရွိတဲ့အတြက္ ထိခိုက္ဒဏ္ရာရမႈေတြရွိပါတယ္။
သတင္းေတြအရ လူ ၆ ဦး ထိခိုက္ခဲ့တယ္ဆိုေပမယ့္ မိုးသီးျဖစ္တဲ့အတြက္ ဆိုးဆိုး႐ြား႐ြား ထိခိုက္ဒဏ္ရာရတာမရွိဘူးလို႔ ၾကားရပါတယ္။က်လာတဲ့ မိုးသီးေတြက ေနာက္တစ္ရက္ ဇန္နဝါရီ ၂ ရက္အထိ အရည္မေပ်ာ္ႏိုင္ေသးဘဲ ဆက္ရွိေနတယ္ ဆိုပါတယ္။

ည ၉ နာရီခန႔္က စတင္ၿပီး နာရီဝက္ခန႔္သာၾကာတဲ့ သဘာဝေဘးေၾကာင့္ သီေပါၿမိဳ႕နယ္ထဲက ေနအိမ္ ၂၀၄ လုံး သြပ္အခ်ပ္ေရ ၆,၀၀၀ ခန႔္ ေခါင္မိုးပ်က္စီးခဲ့ကာ အိမ္တစ္လုံးၿပိဳက်ခဲ့ပါတယ္။ဒီျဖစ္စဥ္အေပၚ မိုး/ဇလ ဦးစီးၫႊန္ခ်ဳပ္က သုံးသပ္တာကေတာ့ ရာသီဥတုေဖာက္ျပန္ေျပာင္းလဲမႈေၾကာင့္ မေမွ်ာ္လင့္ေသာျဖစ္ရပ္ ႀကဳံေတြ႕ခဲ့ျခင္းလို႔ ဆိုပါတယ္။အစြန္းေရာက္ ရာသီဥတုေဖာက္ျပန္တဲ့ပုံစံက ယခုႏွစ္ဆန္းမွာဘဲ စတင္ႀကဳံေတြ႕ေနရပါၿပီ။ယခုႏွစ္ေဆာင္းရာသီက ရန္ကုန္လို ပင္လယ္နဲ႔နီးတဲ့ ေဒသေတြမွာ ေအးေနၿပီး တခ်ိဳ႕ေဒသေတြမွာ ယခင္ကေလာက္ ေတာင္မေအးေတာ့တာေတြ ျဖစ္ေနတာကို ေတြ႕ရပါတယ္။

ျမန္မာႏိုင္ငံ ရာသီဥတုက ေစာင့္ၾကည့္ေနရမယ့္ အေနအထားျဖစ္ၿပီး ေတာျပဳန္း ေတာင္ျပဳန္း ျဖစ္ရပ္ေတြက ဆက္လက္ျဖစ္ေနၿမဲ ျဖစ္ေနရင္ ပိုၿပီးဆိုးလာမယ့္အေနအထား ျဖစ္လာမွာျဖစ္တဲ့အတြက္ တရားလြန္ စီးပြားေရးေသာင္းက်န္းသူေတြကို မထိန္းႏိုင္သေ႐ြ႕ ပိုဆိုးလာမယ့္ မနက္ျဖန္ေတြဟာ မျဖစ္မေန အားလုံးႀကဳံလာရေတာ့မွာ ျဖစ္ပါတယ္။ဒီအတြက္ ယခုေႏြရာသီအေျခအေနကို ေစာင့္ၾကည့္ရေတာ့မယ့္ အေျခအေနပါဘဲ။

ရခိုင္ၿငိမ္းခ်မ္းေရး ျမင္ရၿပီလား

ျပန္ေပးဆြဲမႈေတြ သတ္ျဖတ္မႈေတြနဲ႔ အမုန္းတရားေတြ ေတာက္ေလာင္ေနတဲ့ ရခိုင္ေျမာက္ပိုင္း အေျခအေနက  အေကာင္းဘက္က ေမွ်ာ္လင့္စရာ နည္းေနေသးပါတယ္။ဒီလိုအေျခအေနမွာ ေအေအဘက္ကေန ကုန္းလမ္းပို႔ေဆာင္ေရးက ယာဥ္ေမာင္းေတြကို ျပန္ေပးဆြဲတာ၊ လစာထုတ္ၿပီးျပန္လာတဲ့ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္ ေလးဦးကို လမ္းကေနျဖတ္တိုက္ၿပီး လုတာေတြလုပ္တဲ့ သတင္းေတြ ဆက္တိုက္တက္လာခဲ့ပါတယ္။

ဒီဇင္ဘာ ၃၁ ရက္ကျဖစ္တဲ့ ယာဥ္ေမာင္းေတြကို ေနာက္တစ္ရက္မွာ ျပန္လႊတ္ခဲ့ၿပီး ဒီယာဥ္ေမာင္းေတြက ေမာင္ေတာေဒသ ျပန္လည္လက္ခံေနရာခ်ထားျခင္း လုပ္ငန္းစဥ္မွာ တ႐ုတ္ႏိုင္ငံက လႉဒါန္းထားသည့္ ယာဥ္အစင္း၂၀ ကို ေမာင္းဖို႔လာတဲ့သူေတြျဖစ္လို႔ တ႐ုတ္နဲ႔ပတ္သက္လာရင္ ယာဥ္ေမာင္းေတာင္ ေအေအက မထိရဲဘူးဆိုတဲ့ ေဝဖန္မႈေတြ လူမႈကြန္ရက္မွာ တက္လာခဲ့ပါတယ္။ေနာက္တစ္ရက္ျဖစ္တဲ့ ဇန္နဝါရီ ၂ ရက္မွာေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္ထဲက ေစတီျပင္နယ္ျခားေစာင့္စခန္းမွာ လစာလာထုတ္တဲ့ သဇင္ၿမိဳင္နယ္ျခားေစာင့္ရဲစခန္းမွ နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္ ၄ ဦးကို  ေအေအက ၾကားကေနျဖတ္တိုက္ၿပီး ႏွစ္ဦးကိုဖမ္းဆီးသြားေပမယ့္ က်န္ႏွစ္ဦးကေတာ့ ေပ်ာက္ေနခဲ့ပါတယ္။ေလးဦးစလုံး သတင္းအစအနမၾကားရတဲ့ ယခုတိုက္ခိုက္မႈက အမ်ားအျမင္မွာ ေအေအရဲ႕ လုပ္ေဆာင္မႈအေပၚ မေကာင္းျမင္မႈသာ တိုးလာခဲ့သလို သူတို႔ရဲ႕ လက္နက္ကိုင္လမ္းစဥ္က ဘာလဲဆိုတာကို ေမးခြန္းထုတ္မႈေတြ ရွိခဲ့ပါတယ္။

ယခင္က ေအေအကေန ဖမ္းထားတဲ့သူေတြ အမ်ားအျပားရွိခဲ့ၿပီး ယခုထိမလႊတ္ေပးေသးတဲ့သူေတြလည္း ရွိခဲ့ပါတယ္။မၾကာခင္က ဦးရဲသိန္းလို NLD ၿမိဳ႕နယ္ဥကၠ႒ကို ျပန္ေပးဆြဲၿပီး က်ည္ထိကာ ေသဆုံးတယ္ဆိုတဲ့ ထုတ္ျပန္ခ်က္ထုတ္ၿပီး အေလာင္းပါေဖ်ာက္ခဲ့တဲ့ လုပ္ရပ္လည္း ရွိတဲ့အတြက္ ယခုထပ္ဖမ္းဆီးထားတဲ့သူေတြရဲ႕ အသက္အာမခံခ်က္က မရွိသေလာက္ပါဘဲ။လက္ရွိဖမ္းဆီးထားတဲ့သူေတြထဲပါတဲ့ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေဝွ႔တင္းလို ခ်င္းအမတ္ကိုလည္း ႏွစ္လေက်ာ္တဲ့အထိ ျပန္မလႊတ္ေသးတဲ့အတြက္ အသက္ရွင္လွ်က္ ရွိပါေသးရဲ႕လားဆိုတဲ့ စိုးရိမ္မကင္းမႈေတြ ရွိေနပါတယ္။သက္ဆိုင္ရာ ကာယကံရွင္မိသားစုကေတာ့ ဦးေဝွ႔တင္း ျပန္လည္လြတ္ေျမာက္ေရးအတြက္ “ဝ” အဖြဲ႕ (UWSA) ဦးေဆာင္တဲ့ (FPNCC) ကို အကူအညီေတာင္းသလို အထက္လႊတ္ေတာ္အမတ္ မစၥတာဒင္းစမစ္ကလည္း ဩစေၾတးလွ်လႊတ္ေတာ္မွာလည္း အဆိုတင္ ေတာင္းဆိုထားပါတယ္။ဒီအတြက္ ႏိုင္ငံတကာနဲ႔ ျပည္တြင္းဖိအားကို ေအေအအေနနဲ႔ ခံေနၿပီျဖစ္ပါတယ္။

ဇန္န၀ါရီ ၁ ရက္မွာ (PSLF/TNLA)၊ (ULA/AA)နဲ႔  (MNTJP/MNDAA) တို႔ ေျမာက္ပိုင္းသုံးဖြဲ႕က တစ္ဖက္သတ္အပစ္ရပ္ထားမႈကို ေဖေဖာ္ဝါရီအထိ ႏွစ္လတာ ထပ္မံသက္တမ္းတိုးလိုက္တယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။ဒီသုံးဖြဲ႕စလုံးက ရခိုင္ေျမာက္ပိုင္း၊ ရွမ္းေျမာက္ေဒသေတြမွာ တပ္ဘက္နဲ႔ လတ္တေလာထိေတြ႕တိုက္ခိုက္မႈေတြ လုပ္ေနတဲ့ လက္နက္ကိုင္ေတြပါ။ဒီလိုအပစ္ရပ္ေၾကညာေပမယ့္ သက္ဆိုင္ရာေဒသေတြမွာ တိုက္ပြဲေတြကေတာ့ ျဖစ္ေနဆဲပါ။ဒီလိုျဖစ္ေနတာနဲ႔ပက္သက္ၿပီး ထိုးစစ္ေတြကိုသာ ရပ္တာျဖစ္ၿပီး  ထိေတြတိုက္ပြဲေတြကေတာ့ ျဖစ္ေနမွာဘဲလို႔ ဆိုတဲ့အတြက္ အပစ္ရပ္စဲေရးဆိုတာက အဓိပၸါယ္တစ္မ်ိဳး ထပ္ထုတ္ရမလိုပါဘဲ။

ႏိုင္ငံေရးသုံးသပ္ေလ့လာသူေတြကေတာ့ ဒီလိုတစ္ဘက္သတ္ အပစ္ရပ္ေၾကညာၿပီး ဆက္ျဖစ္ေနတာေတြက  ေၾကညာခ်က္ေတြထုတ္ၿပီး ႏိုင္ငံေရးအရ အျပန္အလွန္ထိုးစစ္ဆင္ေနတာလို႔ သုံးသပ္တာ‌ေတြရွိပါတယ္။တပ္မေတာ္ဘက္ကေတာ့ ထုတ္ျပန္ခ်က္မွာပါတဲ့အတိုင္း လက္ေတြ႕လုပ္ေဆာင္ပါက ႀကိဳဆိုတယ္ဆိုတဲ့ မွတ္ခ်က္ကိုေပးခဲ့ၿပီး တစ္ဘက္သတ္ အပစ္ရပ္ထုတ္ျပန္ခ်က္မွာ အစိုးရႏွင့္ Bilateral အပစ္ရပ္စဲေရး သေဘာတူလက္မွတ္ ထိုးႏိုင္မည့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား လက္ေတြ႕က်က်ေဆာင္႐ြက္ႏိုင္ရန္ႏွင့္ လာမည့္ေ႐ြးေကာက္ပြဲ၌ ၿငိမ္းခ်မ္းေသာပတ္ဝန္းက်င္ တည္ေဆာက္ႏိုင္ရန္ ရည္႐ြယ္တယ္လို႔ ေဖာ္ျပထားပါတယ္။ဒီထဲမွာ ႏွစ္ဘက္ၾကား ဆက္သြယ္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ေနတဲ့သူေတြဆီကေန မၾကာမီ KIO အပါအဝင္ ေျမာက္ပိုင္းအဖြဲ႕ေတြနဲ႔ အစိုးရၾကား NCA ကို ထိုးဖို႔ရွိတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္း ရခိုင္ျပည္နယ္မွာ ေအေအနဲ႔ တပ္မေတာ္ၾကားတိုက္ပြဲမ်ားေၾကာင့္ တိုက္ပြဲေရွာင္ တစ္သိန္းေက်ာ္ရွိလာသလို ရွမ္းေျမာက္မွာ တအာင္းလက္နက္ကိုင္ေတြနဲ႔ တိုက္ပြဲ ၂၅၀ ေက်ာ္ ျဖစ္လာခဲ့တဲ့အတြက္ ေဒသခံေတြအတြက္ ၿငိမ္းခ်မ္းေရးက မရွိလို႔မျဖစ္တဲ့ အေျခအေနျဖစ္ေနပါတယ္။
တပ္မေတာ္ဘက္ကေတာ့ ရခိုင္ျပည္နယ္ ျပန္လည္တည္ၿငိမ္ေအးခ်မ္းေရး ေဒသခံမ်ား၏ ပူးေပါင္းေဆာင္႐ြက္မႈ လိုအပ္ေနတယ္လို႔ေျပာခဲ့ၿပီး  လက္ရွိအေျခအေနအရမွာေတာ့ ရခိုင္မွာ တိုက္ပြဲမ်ားဆက္လက္ျဖစ္ႏိုင္ေျခရွိတယ္ဆိုၿပီး ေျပာခဲ့တာရွိပါတယ္။ရခိုင္လက္နက္ကိုင္အဖြဲ႕ျဖစ္တဲ့ ေအေအက သူႀကီးစိုးထားတဲ့ေနရာမွာ ယခုႏွစ္ထဲ ျပည္သူ႔အာဏာပိုင္စနစ္ ေဖာ္ေဆာင္မည္ဆိုၿပီး ေႂကြးေၾကာ္လုပ္ေဆာင္ေနတဲ့အတြက္ ၿငိမ္ခ်မ္းေရးသာမရခဲ့ရင္ ေဒသခံေတြအတြက္ ေျမစာပင္ စစ္ျဖစ္ေတာ့မွာ ေသခ်ာေနပါတယ္။ယခုဘဲ တိုက္ပြဲေရွာင္ဒုကၡသည္ တစ္သိန္းေက်ာ္ေနၿပီျဖစ္တဲ့အတြက္ ထြက္လာတဲ့ သတင္းေကာင္းေတြ တစ္ကယ္ျဖစ္လာမျဖစ္လာဆိုတာကို ေဒသခံေတြနဲ႔အတူတူ ရင္တမမ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ဒီသတင္းေတြနဲ႔အတူ စိတ္ဝင္စားစရာျဖစ္ခဲ့တဲ့ သတင္းေတြက ႏွစ္စဥ္က်င္းပေနၾက ကခ်င္မေနာပြဲကို ယခုႏွစ္ (၇၂) ႏွစ္ေျမာက္မွာ က်င္းပဖို႔မရွိဘူးဆိုတဲ့ သတင္းပါဘဲ။ပြဲက်င္းပေရးအတြက္ ပြဲေတာ္အမည္အား ကခ်င္ဘာသာႏွင့္ ေရးသားသည္တြင္ အသုံးျပဳသည့္အမည္ႏွင့္ ပတ္သက္၍ အျငင္းပြားစရာမ်ားရွိျခင္းေၾကာင့္ ျပည္နယ္အစိုးရက ဖ်က္သိမ္းခဲ့တာပါ။ဒီတစ္ပတ္ထဲမွာ ကုလသမဂၢကေန ျမန္မာႏိုင္ငံရွိ စစ္ရာဇဝတ္မႈမ်ားကို စုံစမ္းစစ္ေဆးရန္အတြက္ဆိုၿပီး ကန္ေဒၚလာ ၂၇ သန္း ဘတ္ဂ်က္အတည္ျပဳေပးခဲ့ပါတယ္။ဒါဟာ သတိထားစရာ သတင္းပါဘဲ။တပ္ဘက္ကေတာ့ ဒါဟာ ႏိုင္ငံေရးအရ ဖိအားေပးတာသက္သက္ျဖစ္တယ္လို႔ မီဒီယာေတြကို ရွင္းလင္းထားပါတယ္။ဒါေပမယ့္ ယခုလို ကုလသမဂၢဘတ္ဂ်က္ကေန ထုတ္ယူသုံးစြဲတာျဖစ္လို႔ ဒါဟာ အစိုးရအေနနဲ႔ ဘယ္လိုကိုင္တြယ္ ေဆာင္႐ြက္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ႏွစ္သစ္ကူးစကားႏွင့္ ၂၀၂၀ လားရာ

ယခုႏွစ္သစ္ကူးက ျပည္သူေတြ အမ်ားႀကီးေမွ်ာ္လင့္ခဲ့တာေတြ ရွိခဲ့ပါတယ္။ဒီႏွစ္အတြက္ ႏွစ္သစ္ကူးစကားေျပာၾကတဲ့ ႏိုင္ငံေခါင္းေဆာင္ေတြ စကားထဲမွာ သတိျပဳမိတာေတြရွိသလို စဥ္းစားရမယ့္အပိုင္းေတြလည္း ပါဝင္ပါတယ္။အထူးသျဖင့္ ျပည္သူေတြ ေစာင့္ၾကည့္ခဲ့ၾကတာက ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ ႏွစ္သစ္ကူးမိန႔္ခြန္းစကားပါဘဲ။

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ရဲ႕ ႏွစ္သစ္ကူးမိန႔္ခြန္းစကားမွာေတာ့ ဒီကေန႔ႏိုင္ငံေတာ္မွာ အေၾကာင္းေၾကာင္းေၾကာင့္ ေတြ႕ႀကဳံရင္ဆိုင္ေနရတဲ့ အခက္အခဲအက်ပ္အတည္းမ်ား၊ စိန္ေခၚမႈမ်ားကိုလည္း အမွန္တရား၊ တရားမွ်တမႈနဲ႔ ႐ိုးသားပြင့္လင္းမႈတို႔ကို လက္ကိုင္ထားၿပီး ေျဖရွင္းျခင္းအားျဖင့္ ေအာင္ျမင္စြာ ေက်ာ္လႊားလြန္ေျမာက္ႏိုင္မယ္လို႔ ယုံၾကည္ပါတယ္လို႔ ေျပာခဲ့တာရွိသလို တန္းတူအခြင့္အေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးကို အာမခံခ်က္ေပးႏိုင္မယ့္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု ဖြဲ႕စည္းပုံအေျခခံဥပေဒတစ္ရပ္ ေပၚထြန္းလာေရး အတြက္ မဆုတ္မနစ္ ဆက္လက္အားထုတ္ႀကိဳးပမ္းလ်က္ရွိပါတယ္လို႔ ေျပာခဲ့တာလည္းရွိပါတယ္။

ဒီႏွစ္မွာေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ ႏွစ္သစ္ကူးမိန႔္ခြန္းစကား မေျပာျဖစ္ခဲ့တာကို ေတြ႕ရ ပါတယ္။ဒါေပမယ့္ ႏွစ္သစ္မေရာက္ခင္ သုံးရက္အလို ဒီဇင္ဘာ ၂၈ ရက္က ျပဳလုပ္တဲ့  ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕ နယ္၊ ေလးေထာင့္ကန္ (ေတာင္ပိုင္း) ရပ္ကြက္တြင္ ဒီဇင္ဘာ ၂၈ ရက္က ျပဳလုပ္ခဲ့ေသာ အသက္ေမြးဝမ္းေက်ာင္း ပညာသင္ေက်ာင္း ပႏၷက္တင္အခမ္းအနားမွာ ပညာေရးအတြက္ ေျပာခဲ့တာရွိပါတယ္။ဒီပြဲမွာ ႏိုင္ငံတကာတြင္လည္း ျမန္မာႏိုင္ငံနည္းတူ တကၠသိုလ္ဘြဲ႕ရၿပီး အလုပ္မရေသးသည့္ ေက်ာင္းသား/သူမ်ား ရွိေနတယ္ဆိုတာကို ေျပာခဲ့ၿပီး  ျမန္မာႏိုင္ငံ၏ ပညာေရးစနစ္ကို အင္မတန္ခိုင္မာသည့္ အသက္ေမြးဝမ္းေက်ာင္း ပညာေရးေက်ာင္းမ်ား၊ ပညာသင္ဌာနမ်ားႏွင့္ တည္ေဆာက္သြားမယ္လို႔ ေျပာခဲ့ပါတယ္။

ယခုႏွစ္သစ္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေျပာတဲ့ ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္စကားထဲမွာ “၂၀၂၀ ျပည့္ႏွစ္ဟာ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ ၿငိမ္းခ်မ္းေရးအတြက္ေသာ္လည္းေကာင္း၊ ႏိုင္ငံေရးအတြက္ေသာ္လည္းေကာင္း အေရးပါတဲ့ႏွစ္တစ္ႏွစ္ ျဖစ္ပါတယ္။တပ္မေတာ္အေနနဲ႔ အေကာင္းဆုံးျဖစ္ေအာင္ ေဆာင္ၾကဥ္းလုပ္ေဆာင္သြားပါမယ္” လို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပည္သူမ်ားက အစစအရာရာ ခ်င့္ခ်ိန္သုံးသပ္ကာ တပ္မေတာ္ႏွင့္ လက္တြဲ၍ ၂၀၂၀ ကို ေက်ာ္လြန္ျဖတ္ေက်ာ္ႏိုင္ပါေစဆိုလို႔ ဆုမြန္ေကာင္းေတာင္းခဲ့တဲ့ စကားကလည္း  အမ်ားျပည္သူနဲ႔ ႏိုင္ငံေရးသုံးသပ္မိသူေတြၾကား ေျပာစရာေဆြးေႏြးစရာ အေၾကာင္းအရာတစ္ခု ျဖစ္ခဲ့ပါတယ္။

ဒီလို အေကာင္းဘက္က ေမွ်ာ္လင့္လို႔ရတဲ့ ေခါင္းေဆာင္ေတြရဲ႕ ႏွစ္သစ္ကူးစကားေတြေၾကာင့္  ယခု ၂၀၂၀ ခုႏွစ္က ေစာင့္ေမွ်ာ္ၾကည့္ခ်င္စရာပါ။လက္ရွိမွာ တိုင္းရင္းသားေဒသေတြမွာ တိုက္ပြဲေတြျဖစ္ေနသလို တိုက္ပြဲေရွာင္ ဒုကၡသည္အေရအတြက္က သိန္းဂဏန္းထိခ်ဥ္းကပ္လာစဥ္မွာ အရပ္သားေတြက လက္နက္ကိုင္ေတြရဲ႕ ပစ္မွတ္ျဖစ္လာေနပါတယ္။ဒီလိုအေျခအေနကေန လြတ္ဖို႔ဆိုရင္ ၿငိမ္းခ်မ္းေရးက အေရးတႀကီးလိုအပ္ေနပါတယ္တိုက္ပြဲေရွာင္ေတြ မူရင္းေဒသကို ျပန္ေရာက္ဖို႔  ယခုႏွစ္ျဖစ္လာမလားဆိုတာ….  တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္း သုံးသပ္မႈကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇန္န၀ါရီ - ၃