【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 တောက်တစ်ချက်နဲ့ ပျောက်ဆုံးကိုယ်တော်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】  တောက်တစ်ချက်နဲ့ ပျောက်ဆုံးကိုယ်တော်

ယခုရက်သတ္တပတ် ပြည်တွင်းသတင်းတွေထဲ သတိထားစရာဖြစ်ခဲ့တာက ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ဦးဝီရသူ သတင်းတွေ၊ ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) က တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ပြောစကားကို ပြန်တုံ့ပြန် ကြေညာချက်ထုတ်တဲ့ သတင်းတွေက ယခုတစ်ပတ် ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေကြောင့်လည်း ယခုတစ်ပတ်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး  တိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်တဲ့အပေါ် ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေမှာ တာဝန်မရှိဘူးလားလို့  ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်က မေးခဲ့တဲ့ သတင်း၊ ဒေါ်လာ ၃ ဘီလျံ ဘတ်ဂျက်ချပေးလို့် မန္တလေး တိုင်းရင်းဆေးဝါးစက်ရုံ GMP စက်ရုံ ဖြစ်မလာရင် ပြည်ထောင်စုဝန်ကြီးက အလုပ်ကနုတ်ထွက်မယ်ဆိုတဲ့ သတင်း၊ ရန်ကုန်တိုင်းတိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တိုင်းဒေသကြီးအစိုးရဟာ မြေရောင်းပြီး အကျိုးအမြတ်ရှာတဲ့ အစိုးရမဟုတ်ဘူးလို့  ပြောလိုက်တဲ့ သတင်း၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်း မြို့သစ်စီမံကိန်းကို ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေတာလို့ ပြောလိုက်တဲ့ သတင်း၊ စက်မှုဇုန်များရှိ မီးခိုးနှင့် ရေဆိုး စည်းကမ်းမဲ့စွန့်ပစ်တဲ့ စက်ရုံများကို ပိတ်သိမ်းအရေးယူမယ်လို့ ပြောလိုက်တဲ့ သတင်း၊ ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက လှိုင်သာယာကို တရားဥပဒေစိုးမိုးရေး အဓိကဦးစားပေး အလေးထားဆောင်ရွက်ရမည့် နေရာတစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်ရမယ်လို့ ပြောလိုက်တဲ့ သတင်း၊ အဋ္ဌမတန်း မြန်မာစာသင်ရိုးညွှန်းတမ်းပါ မယ်ခွေ၏ ‘လက်ဆောင်’ ကဗျာကို သင်ရိုးမှ ပယ်ဖျက်လိုက်တဲ့ သတင်းတွေက လူသတိထားမှု နည်းခဲ့ရပါတယ်။

နွားလိုခိုင်းပါဆိုတဲ့ ရက်သတ္တပတ်

ယခုတစ်ပတ် ပြည်တွင်းသတင်းတွေထဲ နောက်ဆုံးနဲ့ လူတွေ သတိထားမိတဲ့ သတင်းက နေပြည်တော် ရတနာသင်္ဂဟဟိုတယ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ သတင်းပါဘဲ။ဒီပွဲက မေလ ၃၀ ရက်က သမ္မတထံ တိုင်းပြည်အဘက်ဘက်မှ ယိုယွင်းနေပြီဆိုပြီး အိတ်ဖွင့်ပေးစာ ပို့ထားတဲ့ ၂၄ ပါတီထဲက ပြည်ခိုင်ဖြိုး ဦးဆောင်တဲ့ ပါတီအချို့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြတာပါ။

ဇွန် ၅ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက သူ့ပါတီအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီအပေါ် ပြည်သူတွေ ယုံကြည်၍ အားကိုးလာစေရန် အကောင်းဆုံးကြိုးစားသွားမည်ဟုဆိုကာ  ပြည်သူက ခိုင်းလို့ကောင်းသည့် နွားကြီးမှန်းသိအောင် ကြိုးစားပြမယ်လို့ ပြောခဲ့တဲ့အတွက် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေနဲ့ ဂယက်ထခဲ့ပါတယ်။အဆိုပါ သတင်းစာရှင်းလင်းပွဲကို ပြည်တွင်း ပုဂ္ဂလိကရုပ်သံတွေ မီဒီယာတွေက လူမှုကွန်ရက်ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီဘက် ပြောရေးဆိုခွင့်ရှိသူ ပြောနေစဉ်မှာ ထောက်ခံသူတွေ၊ ဝေဖန်သူတွေနဲ့ အတော်လေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။

တချို့က ဒီလိုပြောဆိုတာကို အောက်ကနေ အပြောနဲ့အလုပ်နဲ့ညီရင် အကောင်းဆုံးလို့ ရေးသလို၊ အယုံသွင်း အချိုသပ်တာလို့ ရေးသားမှတ်ချက် ပေးတာတွေကိုလည်း တွေ့ရပါတယ်။အများစုက ယခင်ကအကြောင်းတွေကို ရေးသားတာတွေကို တွေ့ရပါတယ်။

အဆိုပါ သတင်းစာရှင်းလင်းပွဲမှာဘဲ ယခင် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကို ပြောင်းလဲဆက်ခံလာတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက တာဝန်ရှိသူတစ်ဦးရဲ့ ပြောစကားတွေက လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့သလို ပုတ်ခတ်မှုတွေ ပါတယ်ဆိုပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင် သတိပေးရတဲ့အထိ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

ဒီပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကျော်ဆွေ က ၂၀၁၇ နှစ်ကုန်ပိုင်းအတွင်း မန္တလေးနဲ့ ကျောက်ဆည်မှာ ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း ဟောပြောပွဲပြုလုပ်ရန် တရားဝင်တင်ပြမှုကို ဟောပြောမည့်သူတွေက ပြုလုပ်တဲ့ဒေသ မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသန္တရ အမိန့်စည်းကမ်းတွေနဲ့   ပယ်ချခံရတဲ့အပေါ် နိုင်ငံသားအခွင့်အရေးကိုရော၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးထားတဲ့ အခွင့်အရေးတွေကိုရော ပြောင်ပြောင်တင်းတင်း ပိတ်ပင်တားဆီးတာဆိုပြီး နိုင်ငံသားအခွင့်အရေးကို ကျော်လွန်တားဆီးတဲ့ ဒေသန္တရအမိန့်ထုတ်တဲ့လူ ဘယ်သူမဆို သမ္မတ အပါအဝင် တရားစွဲမယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကျော်ဆွေ က မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့် ပေးတဲ့အပေါ် ထောင်ဆူပူမှု ဖြစ်တဲ့အပေါ် ဝေဖန်တိုက်ခိုက်ခဲ့ရာမှာ အများကဝေဖန်နေကြသလို လက်မဲကြီးကြောင့် မဟုတ်ပဲ လက်အနီကြီးကြောင့်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဒီပွဲမှာ ဒေါက်တာကျော်ဆွေ က "တကယ်တမ်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လွတ်ငြိမ်းသက်သာခွင့်က နိုင်ငံတော်သမ္မတရဲ့ ကြီးမြတ်သော ဂုဏ်ထူးဖြစ်တယ်။ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါပြီးသား။လွတ်ငြိမ်းသက်သာခွင့်လို့ သတ်မှတ်ရင် နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီကို တိုင်ပင်ဆွေးနွေးပြီးမှပဲ လွှတ်ပေးရတာရှိတယ်။
ဘယ်သူ့မှမတိုင်ပင်ဘူး။လွှတ်ချင်တဲ့သူ အကုန်လွှတ်တယ်။သေဒဏ်သုံးကြိမ် ကျနေတဲ့သူလည်း လွှတ်တယ်။ဒါဘာလဲ။ဒါတွေဟာ လက်မည်းကြီးမဟုတ်ပါဘူး။လက်အနီကြီးသာ ဖြစ်ပါတယ်လို့ ကျွန်တော်တို့ တရားဝင်ပြောပါတယ်" လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် "ထောင်ဆူပူမှုဆိုတာ ပေါ့ပေါ့သေးသေး မဟုတ်ဘူး။ထောင်ဆူပူမှုကနေ ထောင်ဖောက်မှုတွေဖြစ်လာရင် ဒီထက်ပိုအန္တရာယ်တွေရှိလာနိုင်တယ်။ဒါတွေကို ကျွန်တော်တို့က သတိပေးတာ။နောင်တစ်ချိန် လွတ်ငြိမ်းသက်သာခွင့်တွေပေးရင် သတိထားဖို့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက သတိပေးခြင်းဖြစ်ပါတယ်။ကြုံသလို၊ ကြိုက်သလို၊ တွေ့တဲ့စာရင်း၊ တွေ့တဲ့သူကို ကောက်လွှတ်ပေးနေရင်တော့ ဒီထက်ကြီးမားတဲ့ ဆူပူမှု၊ ဒီထက်ကြီးမားတဲ့ မအေးချမ်းမှုတွေ ကြုံရနိုင်ပါတယ်။
ဒီအတွက် ကျွန်တော်တို့ ကြိုတင်သတိပေးခြင်း ဖြစ်ပါတယ်" လို့ ထပ်ပြီးပြောခဲ့ပါတယ်။

ဒီလိုပြောတဲ့အပေါ် နောက်တစ်ရက်ဖြစ်တဲ့ ဇွန် ၆ ရက်မှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က အကျဉ်းသားတွေ လွှတ်တဲ့အပေါ် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ အသနားခံ တင်ပြစာ တင်လာတဲ့သူတွေရှိပြီး အဲဒါတွေကို ထည့်သွင်းစဉ်းစား သုံးသပ်ပေးဖို့၊ အကျဉ်းသားလွှတ်ပေးရေးအပေါ် မူပဲချမှတ်ပေးတာဖြစ်ပြီး အသေးစိတ်လူစာရင်းကို အကျဉ်းဦးစီးဌာနနဲ့ ပြည်ထဲရေးက ဆောင်ရွက်ရတာဖြစ်ကာ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေ ရှိတယ်ဆိုပြီး ပြောလာတာဟာ ပြည်ထဲရေးနဲ့ အကျဉ်းဦးစီးကို ပြောရာရောက်ကြောင်း ပြောခဲ့ပါတယ်။သေဒဏ်သုံးကြိမ် ကျတဲ့သူကို လွှတ်ပေးတာမရှိဘူးဆိုပြီး ဒါကို မီးတကျီကျီနဲ့ နိုင်ငံရေး သခွပ်ပင်လိုမျိုး လုပ်တော့မယ်ဆိုရင် သေသေချာချာ လေ့လာစုံစမ်းပြီးမှ ပြောဆိုဖို့နဲ့ ဥပဒေကြောင်းအရ ငြိစွန်းရင် နစ်နာနိုင်တယ်လို့  ဦးဇော်ဌေး က ပြောခဲ့ပါတယ်။

အရပ်သားအစိုးရ လက်ထက်မှာ အတိုက်အခံပါတီတွေဘက်က တစ်စုတစ်စည်းတဲ့ ဒီလိုတောင်းဆိုမှုတွေ၊ ပြောဆိုမှုတွေ မကြာခဏလုပ်ခဲ့သလို ယခုလို တိုင်းပြည်အဘက်ဘက်မှ ယိုယွင်းနေပြီဆိုပေမယ့် ချောက်ထဲကျခါနီး လက်တစ်လုံးအလိုမှာ ကယ်တင်ခံလိုက်ရလို့ ရာစုဝက်ကြာ ဒုက္ခရောက်ခဲ့တဲ့ အများပြည်သူကတော့  ဒါကို စိတ်ဝင်စားမှုနည်းခဲ့သလို သတင်းစာရှင်းလင်းပြီး နောက်တစ်ရက်မှာဘဲ ဒီသတင်းက လူကြားထဲ မေ့မေ့ပျောက်ပျောက်နဲ့ ကာတွန်းဆရာတွေ ရေးကွက်သာသာ ဖြစ်ကုန်တာကို လုပ်ခဲ့တဲ့အကြိမ်တွေမှာ တွေ့ရခဲ့ပါတယ်။

ဒီတစ်ခေါက်မှာတော့ လွတ်လွတ်လပ်လပ် ပြောရရင်ပြီးရော ပြောတတ်တဲ့ အတိုက်အခံတွေကို ပြောမယ်ဆိုရင် မတိကျမသေချာတဲ့ အချက်အလက် အမှားအယွင်းတွေကို အခြေခံပြီး လူမှုကွန်ရက် ဖေ့ဘွတ်စ်သတင်းလောက်ကိုသာ ဖတ်ပြီး မပြောဆိုဖို့ အစိုးရအာဏာပိုင်တွေဘက်က သတိပေးခဲ့တဲ့အတွက် လွတ်လွတ်လပ်လပ် ပြောတတ်တဲ့ အတိုက်အခံတွေနဲ့ အာဏာပိုင်တွေကြား ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာပါ။

တောက်ခေါက်သံကြားထဲ ပျောက်သွားတဲ့ ကိုယ်တော်

ယခုတစ်ပတ် သတင်းတွေထဲ နောက်ထပ်သတိထားမိစရာဖြစ်ခဲ့တဲ့ သတင်းက တောက်တစ်ချက်ခေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်ဆိုတဲ့ သတင်းပါဘဲ။ဒီသတင်းကြောင့် လူမှုကွန်ရက်နဲ့ အွန်လိုင်းသတင်းဌာနတွေ၊ ကာတွန်းတွေမှာ ထေ့ငေါ့လှောင်ပြောင်ထားတဲ့ တောက်ခေါက်သံ ကာတွန်းတွေနဲ့ ယခုက်ပိုင်းပျံ့နှံ့ခဲ့ပါတယ်။

ဒီစကားကို ဦးဣန္ဒဝီရ (လှည်းကူးဆရာတော်) က မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ကုသိုလ်တော်ဘုရားမှာ ဇွန်လ ၃ ရက် ညနေက ပြုလုပ်တဲ့ ဆရာတော်ဦးဝီရသူ ဘေးကင်းစေရေး ဆုတောင်းပွဲမှာ ဒီစကားကို ပြောခဲ့တာပါ။ဆရာတော်ဦးဝီရသူ ကို ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးဘက်က ဆူးလေခန်းမရှေ့မှာ ပြုလုပ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲမှာ ဟောပြောခဲ့တာတွေက နိုင်ငံတော်အကြီးအကဲတွေကို ပုတ်ခတ်ပြောဆိုခဲ့တဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ နဲ့ အာဏာပိုင်တွေဘက်က တရားစွဲတဲ့အခါ ရှောင်နေလို့ အာဏာပိုင်တွေဘက်က ဖမ်းဝရမ်းနဲ ဖမ်းမိန့်ထုတ်ခဲ့တာပါ။

ဖမ်းဝရမ်းပြည့်တဲ့အထိ တိမ်းရှောင်နေတဲ့ ဦးဝီရသူ ကို ရဲတပ်ဖွဲ့က သတ်မှတ်ရက်အတွင်း ရုံးတော်ရှေ့သို့ ခေါ်ဆောင်လာနိုင်ခြင်းမရှိလို့ အနောက်ပိုင်းခရိုင်တရားရုံးက ရာဇဝတ်အထွေထွေအမှုအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ဒီလို ရာဇဝတ်အထွေထွေအမှုအဖြစ် ဒီလိုပြောင်းလဲခဲ့လို့  ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၈၂ အရ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မည်သည့်နေရာတွင်မဆို ဖမ်းဆီးနိုင်သည့် ဖမ်းဝရမ်းရှိသွားတဲ့အတွက် သိတဲ့မြင်တဲ့သူအတွက် ဖမ်းလို့ရတဲ့အတွက် ပုန်းရှောင်သူအတွက် အတော်လေး ကျဉ်းထဲကြပ်ထဲရောက်မယ့် အနေအထားပါ။

ဒီအခြေအနေတွေကြောင့်  တရားရုံးက ရာဇဝတ်အထွေထွေအမှုအဖြစ် ပြောင်းလဲဖွင့်လှစ်ဖို့ မတိုင်ခင် ရန်ကုန်မှာ ဦးဝီရသူ ဘေးကင်းစေရေးအတွက် သုံးရက်ကြာ ဆုတောင်းပွဲများ ပြုလုပ်ခဲ့သလို မန္တလေးမှာလည်း ပြုလုပ်ခဲ့ပါတယ်။သံဃာတော်များနှင့် လူပုဂ္ဂိုလ် ၂၀၀ ကျော် ပါဝင်တဲ့ ကုသိုလ်တော်ဘုရားမှာ ပြုလုပ်တဲ့ ဆုတောင်းပွဲမှာ ဆရာတော် ဦးဣန္ဒဝီရ (လှည်းကူးဆရာတော်) မှ "ဆရာတော်ဦးဝီရသူ နဲ့ ပတ်သက်ပြီးတော့မှ ထုတ်ထားတဲ့ဝ ရမ်း ၁၂၄ (က) ကို အစိုးရကို ပြန်ပြီးတော့ရုပ်သိမ်းပေးစေချင်တယ်။အဲဒီလိုမှမဟုတ်ရင်  ကျုပ်တို့ သံဃာတော်တွေ တောက်တစ်ချက်ခေါက်ရုံနဲ့ မီးဟုန်းဟုန်းတောက်စေရမယ်" လို့ မီဒီယာတွေကို ကြိမ်းဝါးခဲ့ပါတယ်။ဒီလိုကြိမ်းဝါးတဲ့အပေါ် အွန်လိုင်းမီဒီယာတွေမှာ တုံ့ပြန်မှုတွေရှိခဲ့သလို ဝေဖန်မှုတွေလည်း ပျံ့နှံ့ခဲ့ပါတယ်။

ဇွန် ၅ ရက်မှာပြုလုပ်တဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ တစ်နှစ်တာလုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲမှာ မေလထဲက ဝရမ်းထုတ်ထားတဲ့ ဦးဝီရသူ ကို ဖမ်းဆီးရမိမှု မရှိသေးတာက အာဏာပိုင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ပြောခဲ့ပါတယ်။လူမှုကွန်ရက်နဲ့ မီဒီယာတွေမှာ ဆရာတော်ဦးဝီရသူ ကို ဖမ်းဆီးရမိခြင်းမရှိတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိသလို နယ်စပ်နဲ့ ကရင်ပြည်နယ်မှာလိုလို၊ ရန်ကုန်က ဘုန်းကြီးကျောင်းတစ်ခုမှာလိုလို ခန့်မှန်းမှုတွေ ထွက်နေခဲ့ပါတယ်။ကရင်ပြည်နယ်ဘက်က နယ်/လုံဝန်ကြီးက သူ့ဆီကို ဖမ်းဆီးဖို့ အကြောင်းကြားထားတာ မရှိဘူးလို့ ပြောခဲ့ပါတယ်။

ရုရှားလူမှုကွန်ရက် VK မှာ ညဘက်ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်မှာ သူ့ကိုဖမ်းဝရမ်းထုတ်တာနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုတွေ အမျိုးမျိုးလုပ်ခဲ့ပေမယ့် တုန်လှုပ်နေမှုကိုတော့ တွေ့ရပါတယ်။ဇွန် ၆ ရက်က ရုရှားလူမှုကွန်ရက် VK မှာ ပေါ်ထွက်လာတဲ့ ဗီဒီယိုဖိုင်မှာ “ခင်ဗျားရဲ့ သူရသတ္တိတွေဟာ ဓမ္မဝိနိယဘက်မှာပဲ ရှိပါစေ။ပုဂ္ဂိုလ်ရေးအနိုင်ကျင့်တဲ့ဘက်မှာ မရှိပါစေနဲ့။မလျော်သြဇာသုံးပြီး ရဟန်းသံဃာတွေကို ခြိမ်းခြောက်တဲ့ဘက်မှာ မသုံးပါနဲ့။ဝံသာနုရက္ခိတ ဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ (မစိုးရိမ်) က ကြပ်ကြပ်သတိပေးလိုက်တယ်” လို့  သာသနာရေးဝန်ကြီး သူရဦးအောင်ကို အား သတိပေးတဲ့ ၁၃ မိနစ်စာ ဗီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့ပါတယ်။

အများပြည်သူကြားမှာတော့  အရပ်သားအစိုးရကို ဝေဖန်တိုက်ခိုက်မှုတွေလုပ်တဲ့ ယခင်အာဏာပိုင်တွေနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်မှုရှိတဲ့သူတွေ ထွက်ပြေးလွတ်မြောက်နေတဲ့အပေါ် မခံချိမခံသာဖြစ်ရသလို  စစ်အာဏာရှင်တွေလက်ထက် အရပ်သားတွေလို ခံရဲတဲ့ သတ္တိမရှိတဲ့ လက်ရှိအတိုက်အခံလို ကိုယ့်ကိုယ်ကို ခံယူထားသူတွေရဲ့ ယုံကြည်ချက်လျော့ရဲမှုအပေါ် နှိုင်းယှဉ်စောကြာမူတွေ၊ အထင်သေးမှုတွေ ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာ ဆရာတော်ဦးဝီရသူ နဲ့ မိုက်ကယ်ကျော်မြင့် တို့ကို သက်ဆိုင်ရာက ဖမ်းဆီးဖို့ အားထုတ်နေတယ် ဆိုတဲ့အတွက် ဝရမ်းပြေးခေါင်းစဉ် အတပ်ခံနေရတဲ့ လုပ်ရဲရင်ခံရဲတယ်ဆိုတဲ့သူတွေ တည်ဆဲတရားဥပဒေကို ရင်ဆိုင် ဝံ့/မဝံ့ ဆိုတာ  အများပြည်သူက ဆက်စောင့်ကြည့်မှာဖြစ်ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်မှာ ကျင်းပခဲ့တဲ့ မ.ဆ.လ စစ်အာဏာရှင် ဆန့်ကျင်ရေး ၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနဲ့ ကျောင်းသားလှုပ်ရှားမှု (၄၅) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲမှာ  ဆရာတော် ဦးဝီရသူ နဲ့ မိုက်ကယ်ကျော်မြင့်ကဲ့သို့ သူများကို ပါးစပ်ငှားအသုံးချကာ ဒီမိုကရေစီခေါင်းဆောင်များကို စော်ကားနေတဲ့ နောက်ကွယ်မှာ စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းလိုတဲ့ အင်အားစုတွေရှိနေတယ်လို့ ပြောလိုက်တဲ့ သတင်း၊ တောင်ကြီးမြို့ စူဠာမုနိလောက ချမ်းသာဘုရားမှာ ဦးဝီရသူအတွက် အမျိုးဘာသာ သာသနာ ချစ်မြတ်နိုးသူများအဖွဲ့ (ရှမ်း-တောင်) က ဆုတောင်းမေတ္တာပို့သပွဲ ပြုလုပ်ခဲ့တဲ့ သတင်း၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အရေးယူပေးရန် တပ်မတော်က ထပ်မံလျှောက်ထားတဲ့  ရွှေဝါရောင်ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) အမှုကို အမရပူရမြို့နယ် တရားရုံးက ပယ်ချခဲ့တဲ့ သတင်း၊ မိုက်ကယ်ကျော်မြင့် နဲ့အတူ ဖမ်းဝရမ်းထုတ်ခံရသူ သီဟမျိုးနိုင် (နိုင်ဒဂုံ) လာရောက်အဖမ်းခံတဲ့ သတင်းတွေထဲ စောင့်ကြည့်ရတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။  

အင်အားပြတာ သည်းခံနေရတဲ့ ရက်သတ္တပတ်

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်က ကျင်းပတဲ့ UWSA ၏ ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်ပွဲ စစ်ရေးပြအခမ်းအနားမှာ ‘ဝ’ လက်နက်ကိုင်အဖွဲ့(UWSA) က နောက်ဆုံးပေါ် စစ်လက်နက်တွေကို ခင်ကျင်းပြသခဲ့ရာမှာ လေယာဉ်ပစ်ဒုံးကျည်တွေ၊ မောင်းသူမဲ့ လေယာဉ်တွေအထိ ပါလာတဲ့အတွက် UWSA ရဲ့ စစ်ရေးပြပွဲ ရည်ရွယ်ချက်ဟာ အများပြည်သူကြား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
နိုင်ငံတစ်နိုင်ငံထဲက အထူးအုပ်ချုပ်ခွင့်ရ ဒေသတစ်ခုမှာ ဒီလောက်ထိ နိုင်ငံတစ်ခုရဲ့ စစ်တပ်ပုံစံမျိုး စစ်အင်အားတည်ဆောက်မှုရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ၊ ပြည်မရှိ ပြည်ထောင်စုအစိုးရရဲ့ အာဏာစက်မရှိဘဲ ဖြစ်နေတာဟာ သီးသန့်လွတ်လပ်ရေးနဲ့ ခွဲထွက်ဖို့အတွက် ပြင်နေပြီဆိုတာကို အစိုးရကို သွယ်ဝိုက်ပြနေပြီလားဆိုတာ ထိုစဉ်ကတည်းက မေးခွန်းထုတ်နေကြတာပါ။
 

ဇွန်လ ၂ ရက်တွင်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ တာဝန်ရှိသူတွေက UWSA ၏ ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်ပွဲ စစ်ရေးပြအခမ်းအနားဟာ စင်ပြိုင်အစိုးရ၊ စင်ပြိုင်တပ်မတော် သဘောမျိုး ဖြစ်နေကြောင်း၊ ယင်းကိစ္စကို လက်မခံနိုင်ကြောင်း၊ ငြိမ်းချမ်းရေးအတွက်  သည်းခံနေရကြောင်း၊ သည်းခံမှုသည် အတိုင်းအတာတစ်ခုရှိကြောင်း ပြောခဲ့ပါတယ်။

ဒီလိုပြောကြားတဲ့အတွက် ဒေသတွင်းမှာ စိုးရိမ်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။UWSA  ပတ်သက်ပြီး တပ်မတော်ဘက်က ပြောခဲတဲ့အတွက် ဒါဟာ ဘာအကျိုးသက်ရောက်မှုတွေ ရှိနိုင်သလဲဆိုတာနဲ့ တပ်မတော်နဲ့ တိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနောက်မှာ ရှိနေတဲ့ UWSA အဖွဲ့ကို တပ်မတော်ဘက်က သတိပေးပြီလားဆိုတဲ့ ယူဆချက်တွေ ထွက်ခဲ့ပါတယ်။ရက်သတ္တပတ်အတွင်းမှာဘဲ UWSA ဘက်က စစ်ရေးပြအခမ်းအနား ပြုလုပ်တာက အစိုးရနှင့် တပ်မတော်ကို ယှဉ်ပြိုင်လို၍ မဟုတ်ကြောင်း ပြန်တုံ့ပြန်ခဲ့ပြီး UWSA အနေဖြင့် တပ်မတော်ကို ရန်သူကဲ့သို့ သဘောမထားကြောင်း၊  မိတ်ဆွေကဲ့သို့ သဘောထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင် ပြည်ထောင်စုမှ မခွဲထွက်ရေး၊ လွတ်လပ်ရေး မတောင်းဆိုရေး၊ ‘ဝ’ ဒေသသည် ပြည်ထောင်စု၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ရေးဆိုသည့် သဘောထားရပ်တည်ချက်ကို ထပ်အတည်ပြုခဲ့ပြီး အစိုးရ၊ တပ်မတော်နှင့် ပြင်ပများအနေဖြင့် စစ်ရေးပြအခမ်းအနားအပေါ် အတွေးမလွန်ကြရန် ပြောကြားလိုတယ်ဆိုကာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) က လက်ရှိ အရပ်သားအစိုးရလက်ထက်မှာ ကမ်းလှမ်းတဲ့ NCA လက်မှတ်ရေးထိုးရေးအစား ယခင်အစိုးရလက်ထက်က သဘောတူထားသည့် သဘောတူချက်အတိုင်း သွားချင်ပြီး အစဉ်တစ်စိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် တောင်းဆိုနေခဲ့တာပါ။UWSA အဖွဲ့အနေနဲ့ ၁၉၈၉ ကစပြီး တပ်မတော်နဲ့ အပစ်ရပ်စဲသည့် နှစ် (၃၀) အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိခဲ့ပေမယ့် လက်ရှိ တပ်မတော်နှင့် တိုက်ပွဲဖြစ်နေတဲ့ AA အပါအဝင် တိုင်းရင်းသား အဖွဲ့တွေကို UWSA က လက်နက်အပါအဝင် ထောက်ပံ့မှုများ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ရှိနေတဲ့အတွက် ဒီလို အပြန်အလှန် အသံတွေထွက်လာတာ ‘ဝ’ ဒေသ နေသူတွေအတွက်ကော အဆိုပါဒေသတစ်ဝိုက် နေသူတွေအတွက်ကပါ စစ်ရိပ်စစ်နံ့ သင်းလာခဲ့ပါတယ်။  

စိုက်ပျိုးရေးထွက်ကုန် ဘာမှမယ်မယ်ရရမှရှိဘဲ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စွပ်စွဲချက်တွေ ကြီးကြီးမားမားရှိနေတဲ့ UWSA ထိန်းချုပ်ထားတဲ့ အထူးဒေသရဲ့ အခြေအနေက ဒီလိုအခြေအတင်တွေကြောင့် ဘာတွေဖြစ်လာဦးမလဲ ဆိုတာ ဆက်စောင့်ကြည့်ရဦးမှာပါ။မကြာခင်မှာ မိုင်းလားမှာလည်း စစ်ရေးပြပွဲ ကျင်းပဖို့ ရှိနေတဲ့အတွက် တရုတ်နဲ့ ဆက်နေတဲ့ ‘ ဝ’ နဲ့  ‘မိုင်းလား’ ဒေသရဲ့ အခြေအနေတွေ ဘာတွေဆက်ဖြစ်လာဦးမလဲ၊ ဒီလိုဘဲ ဆက်လက်တည်ငြိမ်မှု ရှိ/မရှိဆိုတာ စိတ်ဝင်စားစရာပါ။

အဆိုပါသတင်းတွေက ယခုတစ်ပတ် သတင်းတွေဖြစ်တဲ့ ရှမ်းပြည်နယ်ထဲမှာ နေထိုင်တဲ့ ကချင်လူမျိုးတွေအတွက် ကချင်ပါတီ တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့ သတင်း၊ SSPP/SSA က ဒေသခံတွေ ပိုင်ဆိုင်တဲ့ မြေဧက ၃၀၀ ခန့်ကို သိမ်းယူပြီး အသက်အန္တရာယ် ခြိမ်းခြောက်နေလို့ မန့်ပြိန်းကျေးရွာ ဒေသခံ ၂၀၀ ခန့် လားရှိုးမြို့ပေါ် ထွက်ပြေးလာရတဲ့ သတင်း၊  ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးချုပ်နှောင်မှုများ ပြုလုပ်နေလို့ဆိုပြီး ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၅၀ ဦး နုတ်ထွက်စာတင်တဲ့ သတင်းတွေထက် ပိုစိတ်ဝင်စားစရာ ကောင်းခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇွန် - ၇

( Zawgyi )

ယခုရက္သတၱပတ္ ျပည္တြင္းသတင္းေတြထဲ သတိထားစရာျဖစ္ခဲ့တာက ျပည္ခိုင္ၿဖိဳးပါတီက ဦးေဆာင္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲနဲ႔ ဦးဝီရသူ သတင္းေတြ၊ ‘ဝ’ လက္နက္ကိုင္အဖြဲ႕ (UWSA) က တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး အဖြဲ႕ေခါင္းေဆာင္ ေျပာစကားကို ျပန္တုံ႔ျပန္ ေၾကညာခ်က္ထုတ္တဲ့ သတင္းေတြက ယခုတစ္ပတ္ ထိပ္တန္းသတင္း ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြေၾကာင့္လည္း ယခုတစ္ပတ္မွာ လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့တဲ့ လႊတ္ေတာ္မွာ ဖြဲ႕စည္းပုံ ျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး  တိုက္႐ိုက္ထုတ္လႊင့္မႈ ျပတ္ေတာက္တဲ့အေပၚ ဝန္ႀကီးေတြ၊ ဒုဝန္ႀကီးေတြမွာ တာဝန္မရွိဘူးလားလို႔  ျပည္ခိုင္ၿဖိဳးပါတီ လႊတ္ေတာ္ကိုယ္စားလွယ္က ေမးခဲ့တဲ့ သတင္း၊ ေဒၚလာ ၃ ဘီလ်ံ ဘတ္ဂ်က္ခ်ေပးလို႔္ မႏၲေလး တိုင္းရင္းေဆးဝါးစက္႐ုံ GMP စက္႐ုံ ျဖစ္မလာရင္ ျပည္ေထာင္စုဝန္ႀကီးက အလုပ္ကႏုတ္ထြက္မယ္ဆိုတဲ့ သတင္း၊ ရန္ကုန္တိုင္းတိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က တိုင္းေဒသႀကီးအစိုးရဟာ ေျမေရာင္းၿပီး အက်ိဳးအျမတ္ရွာတဲ့ အစိုးရမဟုတ္ဘူးလို႔  ေျပာလိုက္တဲ့ သတင္း၊ ၾကည့္ျမင္တိုင္ တစ္ဖက္ကမ္း ၿမိဳ႕သစ္စီမံကိန္းကို ျပည္ေထာင္စုအစိုးရ ခြင့္ျပဳခ်က္ျဖင့္ ေဆာင္႐ြက္ေနတာလို႔ ေျပာလိုက္တဲ့ သတင္း၊ စက္မႈဇုန္မ်ားရွိ မီးခိုးႏွင့္ ေရဆိုး စည္းကမ္းမဲ့စြန႔္ပစ္တဲ့ စက္႐ုံမ်ားကို ပိတ္သိမ္းအေရးယူမယ္လို႔ ေျပာလိုက္တဲ့ သတင္း၊ ရန္ကုန္တိုင္း လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီးက လႈိင္သာယာကို တရားဥပေဒစိုးမိုးေရး အဓိကဦးစားေပး အေလးထားေဆာင္႐ြက္ရမည့္ ေနရာတစ္ခုအျဖစ္ သတ္မွတ္ေဆာင္႐ြက္ရမယ္လို႔ ေျပာလိုက္တဲ့ သတင္း၊ အ႒မတန္း ျမန္မာစာသင္႐ိုးၫႊန္းတမ္းပါ မယ္ေခြ၏ ‘လက္ေဆာင္’ ကဗ်ာကို သင္႐ိုးမွ ပယ္ဖ်က္လိုက္တဲ့ သတင္းေတြက လူသတိထားမႈ နည္းခဲ့ရပါတယ္။

ႏြားလိုခိုင္းပါဆိုတဲ့ ရက္သတၱပတ္

ယခုတစ္ပတ္ ျပည္တြင္းသတင္းေတြထဲ ေနာက္ဆုံးနဲ႔ လူေတြ သတိထားမိတဲ့ သတင္းက ေနျပည္ေတာ္ ရတနာသဂၤဟဟိုတယ္မွာ လုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲ သတင္းပါဘဲ။ဒီပြဲက ေမလ ၃၀ ရက္က သမၼတထံ တိုင္းျပည္အဘက္ဘက္မွ ယိုယြင္းေနၿပီဆိုၿပီး အိတ္ဖြင့္ေပးစာ ပို႔ထားတဲ့ ၂၄ ပါတီထဲက ျပည္ခိုင္ၿဖိဳး ဦးေဆာင္တဲ့ ပါတီအခ်ိဳ႕ သတင္းစာရွင္းလင္းပြဲ လုပ္ခဲ့ၾကတာပါ။

ဇြန္ ၅ ရက္ကလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူက သူ႔ပါတီအေနနဲ႔ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ပါတီအေပၚ ျပည္သူေတြ ယုံၾကည္၍ အားကိုးလာေစရန္ အေကာင္းဆုံးႀကိဳးစားသြားမည္ဟုဆိုကာ  ျပည္သူက ခိုင္းလို႔ေကာင္းသည့္ ႏြားႀကီးမွန္းသိေအာင္ ႀကိဳးစားျပမယ္လို႔ ေျပာခဲ့တဲ့အတြက္ လူမႈကြန္ရက္မွာ ေဝဖန္မႈေတြနဲ႔ ဂယက္ထခဲ့ပါတယ္။အဆိုပါ သတင္းစာရွင္းလင္းပြဲကို ျပည္တြင္း ပုဂၢလိက႐ုပ္သံေတြ မီဒီယာေတြက လူမႈကြန္ရက္ကေန တိုက္႐ိုက္ထုတ္လႊင့္ခဲ့တဲ့အတြက္ ျပည္ခိုင္ၿဖိဳးပါတီဘက္ ေျပာေရးဆိုခြင့္ရွိသူ ေျပာေနစဥ္မွာ ေထာက္ခံသူေတြ၊ ေဝဖန္သူေတြနဲ႔ အေတာ္ေလးကို လႈပ္လႈပ္ခတ္ခတ္ ျဖစ္ခဲ့ပါတယ္။

တခ်ိဳ႕က ဒီလိုေျပာဆိုတာကို ေအာက္ကေန အေျပာနဲ႔အလုပ္နဲ႔ညီရင္ အေကာင္းဆုံးလို႔ ေရးသလို၊ အယုံသြင္း အခ်ိဳသပ္တာလို႔ ေရးသားမွတ္ခ်က္ ေပးတာေတြကိုလည္း ေတြ႕ရပါတယ္။အမ်ားစုက ယခင္ကအေၾကာင္းေတြကို ေရးသားတာေတြကို ေတြ႕ရပါတယ္။

အဆိုပါ သတင္းစာရွင္းလင္းပြဲမွာဘဲ ယခင္ ျမန္မာဆိုရွယ္လစ္လမ္းစဥ္ပါတီကို ေျပာင္းလဲဆက္ခံလာတဲ့ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီက တာဝန္ရွိသူတစ္ဦးရဲ႕ ေျပာစကားေတြက လႈပ္လႈပ္ခတ္ခတ္ ျဖစ္ခဲ့သလို ပုတ္ခတ္မႈေတြ ပါတယ္ဆိုၿပီး သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူကိုယ္တိုင္ သတိေပးရတဲ့အထိ ျဖစ္ခဲ့တာကို ေတြ႕ရပါတယ္။

ဒီပြဲမွာ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေက်ာ္ေဆြ က ၂၀၁၇ ႏွစ္ကုန္ပိုင္းအတြင္း မႏၲေလးနဲ႔ ေက်ာက္ဆည္မွာ ႐ိုဟင္ဂ်ာသည္ ျမန္မာတိုင္းရင္းသား မဟုတ္ေၾကာင္း ေဟာေျပာပြဲျပဳလုပ္ရန္ တရားဝင္တင္ျပမႈကို ေဟာေျပာမည့္သူေတြက ျပဳလုပ္တဲ့ေဒသ မွတ္ပုံတင္ ကိုင္ေဆာင္ထားသူေတြ မဟုတ္ဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ေဒသႏၲရ အမိန႔္စည္းကမ္းေတြနဲ႔   ပယ္ခ်ခံရတဲ့အေပၚ ႏိုင္ငံသားအခြင့္အေရးကိုေရာ၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ေပးထားတဲ့ အခြင့္အေရးေတြကိုေရာ ေျပာင္ေျပာင္တင္းတင္း ပိတ္ပင္တားဆီးတာဆိုၿပီး ႏိုင္ငံသားအခြင့္အေရးကို ေက်ာ္လြန္တားဆီးတဲ့ ေဒသႏၲရအမိန႔္ထုတ္တဲ့လူ ဘယ္သူမဆို သမၼတ အပါအဝင္ တရားစြဲမယ္လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေက်ာ္ေဆြ က ျမန္မာႏွစ္သစ္ကူး အထိမ္းအမွတ္အျဖစ္ အက်ဥ္းသားမ်ားကို လြတ္ၿငိမ္းသက္သာခြင့္ ေပးတဲ့အေပၚ ေထာင္ဆူပူမႈ ျဖစ္တဲ့အေပၚ ေဝဖန္တိုက္ခိုက္ခဲ့ရာမွာ အမ်ားကေဝဖန္ေနၾကသလို လက္မဲႀကီးေၾကာင့္ မဟုတ္ပဲ လက္အနီႀကီးေၾကာင့္လို႔ စြပ္စြဲေျပာဆိုခဲ့ပါတယ္။

ဒီပြဲမွာ ေဒါက္တာေက်ာ္ေဆြ က "တကယ္တမ္း ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ လြတ္ၿငိမ္းသက္သာခြင့္က ႏိုင္ငံေတာ္သမၼတရဲ႕ ႀကီးျမတ္ေသာ ဂုဏ္ထူးျဖစ္တယ္။ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ ပါၿပီးသား။လြတ္ၿငိမ္းသက္သာခြင့္လို႔ သတ္မွတ္ရင္ ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ ကာကြယ္ေရးေကာင္စီကို တိုင္ပင္ေဆြးေႏြးၿပီးမွပဲ လႊတ္ေပးရတာရွိတယ္။
ဘယ္သူ႔မွမတိုင္ပင္ဘူး။လႊတ္ခ်င္တဲ့သူ အကုန္လႊတ္တယ္။ေသဒဏ္သုံးႀကိမ္ က်ေနတဲ့သူလည္း လႊတ္တယ္။ဒါဘာလဲ။ဒါေတြဟာ လက္မည္းႀကီးမဟုတ္ပါဘူး။လက္အနီႀကီးသာ ျဖစ္ပါတယ္လို႔ ကြၽန္ေတာ္တို႔ တရားဝင္ေျပာပါတယ္" လို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ "ေထာင္ဆူပူမႈဆိုတာ ေပါ့ေပါ့ေသးေသး မဟုတ္ဘူး။ေထာင္ဆူပူမႈကေန ေထာင္ေဖာက္မႈေတြျဖစ္လာရင္ ဒီထက္ပိုအႏၲရာယ္ေတြရွိလာႏိုင္တယ္။ဒါေတြကို ကြၽန္ေတာ္တို႔က သတိေပးတာ။ေနာင္တစ္ခ်ိန္ လြတ္ၿငိမ္းသက္သာခြင့္ေတြေပးရင္ သတိထားဖို႔ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးပါတီေတြက သတိေပးျခင္းျဖစ္ပါတယ္။ႀကဳံသလို၊ ႀကိဳက္သလို၊ ေတြ႕တဲ့စာရင္း၊ ေတြ႕တဲ့သူကို ေကာက္လႊတ္ေပးေနရင္ေတာ့ ဒီထက္ႀကီးမားတဲ့ ဆူပူမႈ၊ ဒီထက္ႀကီးမားတဲ့ မေအးခ်မ္းမႈေတြ ႀကဳံရႏိုင္ပါတယ္။
ဒီအတြက္ ကြၽန္ေတာ္တို႔ ႀကိဳတင္သတိေပးျခင္း ျဖစ္ပါတယ္" လို႔ ထပ္ၿပီးေျပာခဲ့ပါတယ္။

ဒီလိုေျပာတဲ့အေပၚ ေနာက္တစ္ရက္ျဖစ္တဲ့ ဇြန္ ၆ ရက္မွာ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က အက်ဥ္းသားေတြ လႊတ္တဲ့အေပၚ သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္တို႔ထံ အသနားခံ တင္ျပစာ တင္လာတဲ့သူေတြရွိၿပီး အဲဒါေတြကို ထည့္သြင္းစဥ္းစား သုံးသပ္ေပးဖို႔၊ အက်ဥ္းသားလႊတ္ေပးေရးအေပၚ မူပဲခ်မွတ္ေပးတာျဖစ္ၿပီး အေသးစိတ္လူစာရင္းကို အက်ဥ္းဦးစီးဌာနနဲ႔ ျပည္ထဲေရးက ေဆာင္႐ြက္ရတာျဖစ္ကာ စီမံခန႔္ခြဲမႈ ညံ့ဖ်င္းတာေတြ ရွိတယ္ဆိုၿပီး ေျပာလာတာဟာ ျပည္ထဲေရးနဲ႔ အက်ဥ္းဦးစီးကို ေျပာရာေရာက္ေၾကာင္း ေျပာခဲ့ပါတယ္။ေသဒဏ္သုံးႀကိမ္ က်တဲ့သူကို လႊတ္ေပးတာမရွိဘူးဆိုၿပီး ဒါကို မီးတက်ီက်ီနဲ႔ ႏိုင္ငံေရး သခြပ္ပင္လိုမ်ိဳး လုပ္ေတာ့မယ္ဆိုရင္ ေသေသခ်ာခ်ာ ေလ့လာစုံစမ္းၿပီးမွ ေျပာဆိုဖို႔နဲ႔ ဥပေဒေၾကာင္းအရ ၿငိစြန္းရင္ နစ္နာႏိုင္တယ္လို႔  ဦးေဇာ္ေဌး က ေျပာခဲ့ပါတယ္။

အရပ္သားအစိုးရ လက္ထက္မွာ အတိုက္အခံပါတီေတြဘက္က တစ္စုတစ္စည္းတဲ့ ဒီလိုေတာင္းဆိုမႈေတြ၊ ေျပာဆိုမႈေတြ မၾကာခဏလုပ္ခဲ့သလို ယခုလို တိုင္းျပည္အဘက္ဘက္မွ ယိုယြင္းေနၿပီဆိုေပမယ့္ ေခ်ာက္ထဲက်ခါနီး လက္တစ္လုံးအလိုမွာ ကယ္တင္ခံလိုက္ရလို႔ ရာစုဝက္ၾကာ ဒုကၡေရာက္ခဲ့တဲ့ အမ်ားျပည္သူကေတာ့  ဒါကို စိတ္ဝင္စားမႈနည္းခဲ့သလို သတင္းစာရွင္းလင္းၿပီး ေနာက္တစ္ရက္မွာဘဲ ဒီသတင္းက လူၾကားထဲ ေမ့ေမ့ေပ်ာက္ေပ်ာက္နဲ႔ ကာတြန္းဆရာေတြ ေရးကြက္သာသာ ျဖစ္ကုန္တာကို လုပ္ခဲ့တဲ့အႀကိမ္ေတြမွာ ေတြ႕ရခဲ့ပါတယ္။

ဒီတစ္ေခါက္မွာေတာ့ လြတ္လြတ္လပ္လပ္ ေျပာရရင္ၿပီးေရာ ေျပာတတ္တဲ့ အတိုက္အခံေတြကို ေျပာမယ္ဆိုရင္ မတိက်မေသခ်ာတဲ့ အခ်က္အလက္ အမွားအယြင္းေတြကို အေျခခံၿပီး လူမႈကြန္ရက္ ေဖ့ဘြတ္စ္သတင္းေလာက္ကိုသာ ဖတ္ၿပီး မေျပာဆိုဖို႔ အစိုးရအာဏာပိုင္ေတြဘက္က သတိေပးခဲ့တဲ့အတြက္ လြတ္လြတ္လပ္လပ္ ေျပာတတ္တဲ့ အတိုက္အခံေတြနဲ႔ အာဏာပိုင္ေတြၾကား ဘာေတြဆက္ျဖစ္လာဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာပါ။

ေတာက္ေခါက္သံၾကားထဲ ေပ်ာက္သြားတဲ့ ကိုယ္ေတာ္

ယခုတစ္ပတ္ သတင္းေတြထဲ ေနာက္ထပ္သတိထားမိစရာျဖစ္ခဲ့တဲ့ သတင္းက ေတာက္တစ္ခ်က္ေခါက္ရင္ မီးဟုန္းဟုန္းေတာက္ေစရမယ္ဆိုတဲ့ သတင္းပါဘဲ။ဒီသတင္းေၾကာင့္ လူမႈကြန္ရက္နဲ႔ အြန္လိုင္းသတင္းဌာနေတြ၊ ကာတြန္းေတြမွာ ေထ့ေငါ့ေလွာင္ေျပာင္ထားတဲ့ ေတာက္ေခါက္သံ ကာတြန္းေတြနဲ႔ ယခုက္ပိုင္းပ်ံ႕ႏွံ႔ခဲ့ပါတယ္။

ဒီစကားကို ဦးဣႏၵဝီရ (လွည္းကူးဆရာေတာ္) က မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ ကုသိုလ္ေတာ္ဘုရားမွာ ဇြန္လ ၃ ရက္ ညေနက ျပဳလုပ္တဲ့ ဆရာေတာ္ဦးဝီရသူ ေဘးကင္းေစေရး ဆုေတာင္းပြဲမွာ ဒီစကားကို ေျပာခဲ့တာပါ။ဆရာေတာ္ဦးဝီရသူ ကို ရန္ကုန္အေနာက္ပိုင္းခ႐ိုင္ အုပ္ခ်ဳပ္ေရးဘက္က ဆူးေလခန္းမေရွ႕မွာ ျပဳလုပ္တဲ့ အေျခခံဥပေဒ ျပင္ဆင္ေရး ေဟာေျပာပြဲမွာ ေဟာေျပာခဲ့တာေတြက ႏိုင္ငံေတာ္အႀကီးအကဲေတြကို ပုတ္ခတ္ေျပာဆိုခဲ့တဲ့အတြက္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄ နဲ႔ အာဏာပိုင္ေတြဘက္က တရားစြဲတဲ့အခါ ေရွာင္ေနလို႔ အာဏာပိုင္ေတြဘက္က ဖမ္းဝရမ္းနဲ ဖမ္းမိန႔္ထုတ္ခဲ့တာပါ။

ဖမ္းဝရမ္းျပည့္တဲ့အထိ တိမ္းေရွာင္ေနတဲ့ ဦးဝီရသူ ကို ရဲတပ္ဖြဲ႕က သတ္မွတ္ရက္အတြင္း ႐ုံးေတာ္ေရွ႕သို႔ ေခၚေဆာင္လာႏိုင္ျခင္းမရွိလို႔ အေနာက္ပိုင္းခ႐ိုင္တရား႐ုံးက ရာဇဝတ္အေထြေထြအမႈအျဖစ္ ေျပာင္းလဲဖြင့္လွစ္ခဲ့သည္။ဒီလို ရာဇဝတ္အေထြေထြအမႈအျဖစ္ ဒီလိုေျပာင္းလဲခဲ့လို႔  ရာဇဝတ္က်င့္ထုံးဥပေဒ ပုဒ္မ ၈၂ အရ ျပည္ေထာင္စု ျမန္မာႏိုင္ငံအတြင္း မည္သည့္ေနရာတြင္မဆို ဖမ္းဆီးႏိုင္သည့္ ဖမ္းဝရမ္းရွိသြားတဲ့အတြက္ သိတဲ့ျမင္တဲ့သူအတြက္ ဖမ္းလို႔ရတဲ့အတြက္ ပုန္းေရွာင္သူအတြက္ အေတာ္ေလး က်ဥ္းထဲၾကပ္ထဲေရာက္မယ့္ အေနအထားပါ။

ဒီအေျခအေနေတြေၾကာင့္  တရား႐ုံးက ရာဇဝတ္အေထြေထြအမႈအျဖစ္ ေျပာင္းလဲဖြင့္လွစ္ဖို႔ မတိုင္ခင္ ရန္ကုန္မွာ ဦးဝီရသူ ေဘးကင္းေစေရးအတြက္ သုံးရက္ၾကာ ဆုေတာင္းပြဲမ်ား ျပဳလုပ္ခဲ့သလို မႏၲေလးမွာလည္း ျပဳလုပ္ခဲ့ပါတယ္။သံဃာေတာ္မ်ားႏွင့္ လူပုဂၢိဳလ္ ၂၀၀ ေက်ာ္ ပါဝင္တဲ့ ကုသိုလ္ေတာ္ဘုရားမွာ ျပဳလုပ္တဲ့ ဆုေတာင္းပြဲမွာ ဆရာေတာ္ ဦးဣႏၵဝီရ (လွည္းကူးဆရာေတာ္) မွ "ဆရာေတာ္ဦးဝီရသူ နဲ႔ ပတ္သက္ၿပီးေတာ့မွ ထုတ္ထားတဲ့ဝ ရမ္း ၁၂၄ (က) ကို အစိုးရကို ျပန္ၿပီးေတာ့႐ုပ္သိမ္းေပးေစခ်င္တယ္။အဲဒီလိုမွမဟုတ္ရင္  က်ဳပ္တို႔ သံဃာေတာ္ေတြ ေတာက္တစ္ခ်က္ေခါက္႐ုံနဲ႔ မီးဟုန္းဟုန္းေတာက္ေစရမယ္" လို႔ မီဒီယာေတြကို ႀကိမ္းဝါးခဲ့ပါတယ္။ဒီလိုႀကိမ္းဝါးတဲ့အေပၚ အြန္လိုင္းမီဒီယာေတြမွာ တုံ႔ျပန္မႈေတြရွိခဲ့သလို ေဝဖန္မႈေတြလည္း ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

ဇြန္ ၅ ရက္မွာျပဳလုပ္တဲ့ ရန္ကုန္တိုင္း အစိုးရအဖြဲ႕ တစ္ႏွစ္တာလုပ္ေဆာင္ခ်က္ သတင္းစာရွင္းလင္းပြဲမွာ ေမလထဲက ဝရမ္းထုတ္ထားတဲ့ ဦးဝီရသူ ကို ဖမ္းဆီးရမိမႈ မရွိေသးတာက အာဏာပိုင္ေတြနဲ႔ မသက္ဆိုင္ဘူးလို႔ ေျပာခဲ့ပါတယ္။လူမႈကြန္ရက္နဲ႔ မီဒီယာေတြမွာ ဆရာေတာ္ဦးဝီရသူ ကို ဖမ္းဆီးရမိျခင္းမရွိတာနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြရွိသလို နယ္စပ္နဲ႔ ကရင္ျပည္နယ္မွာလိုလို၊ ရန္ကုန္က ဘုန္းႀကီးေက်ာင္းတစ္ခုမွာလိုလို ခန႔္မွန္းမႈေတြ ထြက္ေနခဲ့ပါတယ္။ကရင္ျပည္နယ္ဘက္က နယ္/လုံဝန္ႀကီးက သူ႔ဆီကို ဖမ္းဆီးဖို႔ အေၾကာင္းၾကားထားတာ မရွိဘူးလို႔ ေျပာခဲ့ပါတယ္။

႐ုရွားလူမႈကြန္ရက္ VK မွာ ညဘက္ထြက္ေပၚလာတဲ့ ဗီဒီယိုဖိုင္မွာ သူ႔ကိုဖမ္းဝရမ္းထုတ္တာနဲ႔ ပတ္သက္ၿပီး တုံ႔ျပန္မႈေတြ အမ်ိဳးမ်ိဳးလုပ္ခဲ့ေပမယ့္ တုန္လႈပ္ေနမႈကိုေတာ့ ေတြ႕ရပါတယ္။ဇြန္ ၆ ရက္က ႐ုရွားလူမႈကြန္ရက္ VK မွာ ေပၚထြက္လာတဲ့ ဗီဒီယိုဖိုင္မွာ “ခင္ဗ်ားရဲ႕ သူရသတၱိေတြဟာ ဓမၼဝိနိယဘက္မွာပဲ ရွိပါေစ။ပုဂၢိဳလ္ေရးအႏိုင္က်င့္တဲ့ဘက္မွာ မရွိပါေစနဲ႔။မေလ်ာ္ၾသဇာသုံးၿပီး ရဟန္းသံဃာေတြကို ၿခိမ္းေျခာက္တဲ့ဘက္မွာ မသုံးပါနဲ႔။ဝံသာႏုရကၡိတ ဓမၼကထိက အမ်ိဳးသားေရးဝါဒီဆရာေတာ္ အရွင္ဝီရသူ (မစိုးရိမ္) က ၾကပ္ၾကပ္သတိေပးလိုက္တယ္” လို႔  သာသနာေရးဝန္ႀကီး သူရဦးေအာင္ကို အား သတိေပးတဲ့ ၁၃ မိနစ္စာ ဗီဒီယိုဖိုင္ကို ထုတ္လႊင့္ခဲ့ပါတယ္။

အမ်ားျပည္သူၾကားမွာေတာ့  အရပ္သားအစိုးရကို ေဝဖန္တိုက္ခိုက္မႈေတြလုပ္တဲ့ ယခင္အာဏာပိုင္ေတြနဲ႔ တစ္နည္းတစ္ဖုံ ပတ္သက္မႈရွိတဲ့သူေတြ ထြက္ေျပးလြတ္ေျမာက္ေနတဲ့အေပၚ မခံခ်ိမခံသာျဖစ္ရသလို  စစ္အာဏာရွင္ေတြလက္ထက္ အရပ္သားေတြလို ခံရဲတဲ့ သတၱိမရွိတဲ့ လက္ရွိအတိုက္အခံလို ကိုယ့္ကိုယ္ကို ခံယူထားသူေတြရဲ႕ ယုံၾကည္ခ်က္ေလ်ာ့ရဲမႈအေပၚ ႏႈိင္းယွဥ္ေစာၾကာမူေတြ၊ အထင္ေသးမႈေတြ ျဖစ္လာခဲ့ပါတယ္။

လက္ရွိမွာ ဆရာေတာ္ဦးဝီရသူ နဲ႔ မိုက္ကယ္ေက်ာ္ျမင့္ တို႔ကို သက္ဆိုင္ရာက ဖမ္းဆီးဖို႔ အားထုတ္ေနတယ္ ဆိုတဲ့အတြက္ ဝရမ္းေျပးေခါင္းစဥ္ အတပ္ခံေနရတဲ့ လုပ္ရဲရင္ခံရဲတယ္ဆိုတဲ့သူေတြ တည္ဆဲတရားဥပေဒကို ရင္ဆိုင္ ဝံ့/မဝံ့ ဆိုတာ  အမ်ားျပည္သူက ဆက္ေစာင့္ၾကည့္မွာျဖစ္ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္မွာ က်င္းပခဲ့တဲ့ မ.ဆ.လ စစ္အာဏာရွင္ ဆန႔္က်င္ေရး ၇၄-၇၅-၇၆ အလုပ္သမားအေရးအခင္းနဲ႔ ေက်ာင္းသားလႈပ္ရွားမႈ (၄၅) ႏွစ္ေျမာက္ ႏွစ္ပတ္လည္ အထိမ္းအမွတ္ပြဲမွာ  ဆရာေတာ္ ဦးဝီရသူ နဲ႔ မိုက္ကယ္ေက်ာ္ျမင့္ကဲ့သို႔ သူမ်ားကို ပါးစပ္ငွားအသုံးခ်ကာ ဒီမိုကေရစီေခါင္းေဆာင္မ်ားကို ေစာ္ကားေနတဲ့ ေနာက္ကြယ္မွာ စစ္အာဏာရွင္စနစ္ကို ျပန္လည္အသက္သြင္းလိုတဲ့ အင္အားစုေတြရွိေနတယ္လို႔ ေျပာလိုက္တဲ့ သတင္း၊ ေတာင္ႀကီးၿမိဳ႕ စူဠာမုနိေလာက ခ်မ္းသာဘုရားမွာ ဦးဝီရသူအတြက္ အမ်ိဳးဘာသာ သာသနာ ခ်စ္ျမတ္ႏိုးသူမ်ားအဖြဲ႕ (ရွမ္း-ေတာင္) က ဆုေတာင္းေမတၱာပို႔သပြဲ ျပဳလုပ္ခဲ့တဲ့ သတင္း၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ အေရးယူေပးရန္ တပ္မေတာ္က ထပ္မံေလွ်ာက္ထားတဲ့  ေ႐ႊဝါေရာင္ဆရာေတာ္ ဦးေသာဘိတ (အလကၤာၾကယ္) အမႈကို အမရပူရၿမိဳ႕နယ္ တရား႐ုံးက ပယ္ခ်ခဲ့တဲ့ သတင္း၊ မိုက္ကယ္ေက်ာ္ျမင့္ နဲ႔အတူ ဖမ္းဝရမ္းထုတ္ခံရသူ သီဟမ်ိဳးႏိုင္ (ႏိုင္ဒဂုံ) လာေရာက္အဖမ္းခံတဲ့ သတင္းေတြထဲ ေစာင့္ၾကည့္ရတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။  

အင္အားျပတာ သည္းခံေနရတဲ့ ရက္သတၱပတ္

ၿပီးခဲ့တဲ့ ဧၿပီ ၁၇ ရက္က က်င္းပတဲ့ UWSA ၏ ၿငိမ္းခ်မ္းေရး ႏွစ္ (၃၀) ျပည့္ပြဲ စစ္ေရးျပအခမ္းအနားမွာ ‘ဝ’ လက္နက္ကိုင္အဖြဲ႕(UWSA) က ေနာက္ဆုံးေပၚ စစ္လက္နက္ေတြကို ခင္က်င္းျပသခဲ့ရာမွာ ေလယာဥ္ပစ္ဒုံးက်ည္ေတြ၊ ေမာင္းသူမဲ့ ေလယာဥ္ေတြအထိ ပါလာတဲ့အတြက္ UWSA ရဲ႕ စစ္ေရးျပပြဲ ရည္႐ြယ္ခ်က္ဟာ အမ်ားျပည္သူၾကား ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။
ႏိုင္ငံတစ္ႏိုင္ငံထဲက အထူးအုပ္ခ်ဳပ္ခြင့္ရ ေဒသတစ္ခုမွာ ဒီေလာက္ထိ ႏိုင္ငံတစ္ခုရဲ႕ စစ္တပ္ပုံစံမ်ိဳး စစ္အင္အားတည္ေဆာက္မႈရဲ႕ ရည္႐ြယ္ခ်က္က ဘာလဲဆိုတာ၊ ျပည္မရွိ ျပည္ေထာင္စုအစိုးရရဲ႕ အာဏာစက္မရွိဘဲ ျဖစ္ေနတာဟာ သီးသန႔္လြတ္လပ္ေရးနဲ႔ ခြဲထြက္ဖို႔အတြက္ ျပင္ေနၿပီဆိုတာကို အစိုးရကို သြယ္ဝိုက္ျပေနၿပီလားဆိုတာ ထိုစဥ္ကတည္းက ေမးခြန္းထုတ္ေနၾကတာပါ။
 

ဇြန္လ ၂ ရက္တြင္က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီ တာဝန္ရွိသူေတြက UWSA ၏ ၿငိမ္းခ်မ္းေရး ႏွစ္ (၃၀) ျပည့္ပြဲ စစ္ေရးျပအခမ္းအနားဟာ စင္ၿပိဳင္အစိုးရ၊ စင္ၿပိဳင္တပ္မေတာ္ သေဘာမ်ိဳး ျဖစ္ေနေၾကာင္း၊ ယင္းကိစၥကို လက္မခံႏိုင္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးအတြက္  သည္းခံေနရေၾကာင္း၊ သည္းခံမႈသည္ အတိုင္းအတာတစ္ခုရွိေၾကာင္း ေျပာခဲ့ပါတယ္။

ဒီလိုေျပာၾကားတဲ့အတြက္ ေဒသတြင္းမွာ စိုးရိမ္မႈေတြ ေပၚထြက္လာခဲ့ပါတယ္။UWSA  ပတ္သက္ၿပီး တပ္မေတာ္ဘက္က ေျပာခဲတဲ့အတြက္ ဒါဟာ ဘာအက်ိဳးသက္ေရာက္မႈေတြ ရွိႏိုင္သလဲဆိုတာနဲ႔ တပ္မေတာ္နဲ႔ တိုက္ေနတဲ့ တိုင္းရင္းသား လက္နက္ကိုင္ေတြေနာက္မွာ ရွိေနတဲ့ UWSA အဖြဲ႕ကို တပ္မေတာ္ဘက္က သတိေပးၿပီလားဆိုတဲ့ ယူဆခ်က္ေတြ ထြက္ခဲ့ပါတယ္။ရက္သတၱပတ္အတြင္းမွာဘဲ UWSA ဘက္က စစ္ေရးျပအခမ္းအနား ျပဳလုပ္တာက အစိုးရႏွင့္ တပ္မေတာ္ကို ယွဥ္ၿပိဳင္လို၍ မဟုတ္ေၾကာင္း ျပန္တုံ႔ျပန္ခဲ့ၿပီး UWSA အေနျဖင့္ တပ္မေတာ္ကို ရန္သူကဲ့သို႔ သေဘာမထားေၾကာင္း၊  မိတ္ေဆြကဲ့သို႔ သေဘာထားေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ဒါ့အျပင္ ျပည္ေထာင္စုမွ မခြဲထြက္ေရး၊ လြတ္လပ္ေရး မေတာင္းဆိုေရး၊ ‘ဝ’ ေဒသသည္ ျပည္ေထာင္စု၏ အေရးပါေသာ အစိတ္အပိုင္းတစ္ခုျဖစ္ေရးဆိုသည့္ သေဘာထားရပ္တည္ခ်က္ကို ထပ္အတည္ျပဳခဲ့ၿပီး အစိုးရ၊ တပ္မေတာ္ႏွင့္ ျပင္ပမ်ားအေနျဖင့္ စစ္ေရးျပအခမ္းအနားအေပၚ အေတြးမလြန္ၾကရန္ ေျပာၾကားလိုတယ္ဆိုကာ ထုတ္ျပန္ခဲ့ပါတယ္။

ဒါေပမယ့္ ‘ဝ’ လက္နက္ကိုင္အဖြဲ႕ (UWSA) က လက္ရွိ အရပ္သားအစိုးရလက္ထက္မွာ ကမ္းလွမ္းတဲ့ NCA လက္မွတ္ေရးထိုးေရးအစား ယခင္အစိုးရလက္ထက္က သေဘာတူထားသည့္ သေဘာတူခ်က္အတိုင္း သြားခ်င္ၿပီး အစဥ္တစ္စိုက္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ျပည္နယ္အျဖစ္ ေတာင္းဆိုေနခဲ့တာပါ။UWSA အဖြဲ႕အေနနဲ႔ ၁၉၈၉ ကစၿပီး တပ္မေတာ္နဲ႔ အပစ္ရပ္စဲသည့္ ႏွစ္ (၃၀) အတြင္း တိုက္ပြဲျဖစ္ပြားခဲ့ျခင္း မရွိခဲ့ေပမယ့္ လက္ရွိ တပ္မေတာ္ႏွင့္ တိုက္ပြဲျဖစ္ေနတဲ့ AA အပါအဝင္ တိုင္းရင္းသား အဖြဲ႕ေတြကို UWSA က လက္နက္အပါအဝင္ ေထာက္ပံ့မႈမ်ား ရွိေနတယ္ဆိုတဲ့ သတင္းေတြ ရွိေနတဲ့အတြက္ ဒီလို အျပန္အလွန္ အသံေတြထြက္လာတာ ‘ဝ’ ေဒသ ေနသူေတြအတြက္ေကာ အဆိုပါေဒသတစ္ဝိုက္ ေနသူေတြအတြက္ကပါ စစ္ရိပ္စစ္နံ႔ သင္းလာခဲ့ပါတယ္။  

စိုက္ပ်ိဳးေရးထြက္ကုန္ ဘာမွမယ္မယ္ရရမွရွိဘဲ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာက စြပ္စြဲခ်က္ေတြ ႀကီးႀကီးမားမားရွိေနတဲ့ UWSA ထိန္းခ်ဳပ္ထားတဲ့ အထူးေဒသရဲ႕ အေျခအေနက ဒီလိုအေျခအတင္ေတြေၾကာင့္ ဘာေတြျဖစ္လာဦးမလဲ ဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာပါ။မၾကာခင္မွာ မိုင္းလားမွာလည္း စစ္ေရးျပပြဲ က်င္းပဖို႔ ရွိေနတဲ့အတြက္ တ႐ုတ္နဲ႔ ဆက္ေနတဲ့ ‘ ဝ’ နဲ႔  ‘မိုင္းလား’ ေဒသရဲ႕ အေျခအေနေတြ ဘာေတြဆက္ျဖစ္လာဦးမလဲ၊ ဒီလိုဘဲ ဆက္လက္တည္ၿငိမ္မႈ ရွိ/မရွိဆိုတာ စိတ္ဝင္စားစရာပါ။

အဆိုပါသတင္းေတြက ယခုတစ္ပတ္ သတင္းေတြျဖစ္တဲ့ ရွမ္းျပည္နယ္ထဲမွာ ေနထိုင္တဲ့ ကခ်င္လူမ်ိဳးေတြအတြက္ ကခ်င္ပါတီ တည္ေထာင္ဖို႔ ႀကိဳးပမ္းေနတဲ့ သတင္း၊ SSPP/SSA က ေဒသခံေတြ ပိုင္ဆိုင္တဲ့ ေျမဧက ၃၀၀ ခန႔္ကို သိမ္းယူၿပီး အသက္အႏၲရာယ္ ၿခိမ္းေျခာက္ေနလို႔ မန႔္ၿပိန္းေက်း႐ြာ ေဒသခံ ၂၀၀ ခန႔္ လားရႈိးၿမိဳ႕ေပၚ ထြက္ေျပးလာရတဲ့ သတင္း၊  ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြကို ဖမ္းဆီးခ်ဳပ္ေႏွာင္မႈမ်ား ျပဳလုပ္ေနလို႔ဆိုၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ၅၀ ဦး ႏုတ္ထြက္စာတင္တဲ့ သတင္းေတြထက္ ပိုစိတ္ဝင္စားစရာ ေကာင္းခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇြန္ - ၇