【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 တွေ့ဆုံပွဲနောက် ဖြစ်လာတဲ့ ဂယက်များ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 တွေ့ဆုံပွဲနောက် ဖြစ်လာတဲ့ ဂယက်များ

ယခုရက်သတ္တပတ်အတွင်း သတင်းတွေထဲမှာ အားလုံးစိတ်ဝင်တစားရှိခဲ့ကြတာကတော့ ၃၄ ပါတီက ခေါင်းဆောင်ပိုင်းတွေနဲ့ တပ်ချုပ်တို့ တွေ့ဆုံခဲ့ပြီးနောက် ပါတီတွေဘက်က ဘာတွေပြောခဲ့သလဲ၊ တပ်ချုပ်ဘက်က ဘာတွေပြောခဲ့သလဲဆိုတဲ့ သတင်းတွေနဲ့သက်ဆိုင်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေဘက်က တုံ့ပြန်မှုတွေဘဲဖြစ်ပါတယ်။နောက်ဆက်တွဲ ထင်မြင်ယူဆချက်တွေက စိုးရိမ်စရာတွေရှိသလို မီဒီယာတွေမှာဖော်ပြမှုတွေအရ တချို့အရာတွေက အဓိကမဲပေးရမယ့်သူတွေကို လုံးဝထည့်မတွက်ထားတဲ့သဘောတွေကိုလည်း တွေ့ရတဲ့အတွက် စိတ်ညစ်ညူးစရာတွေပါ။ဒီလိုစိတ်ပျက်စရာသတင်းတွေနဲ့အပြိုင် ယခုရက်ထဲမှာ ကျင်းပခဲ့တဲ့ (၉) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) မှာ ရလဒ်ကောင်းတွေတွေ့လာရတဲ့ သတင်းတွေ၊ ရွေးကောက်ပွဲဆိုင်ရာသတင်းတွေက ယခုရက်သတ္တပတ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး သတင်းဖြစ်ခဲ့ပါတယ်။

ပြည်သူမဲကို မလိုတာလား၊ အတွက်အချက်မှားတာလား

ရွေးကောက်ပွဲနီးတာနဲ့အမျှ စိတ်ဝင်စားဖွယ်ရာ ပါတီတွေရဲ့လှုပ်ရှားမှုတွေ၊ တွေ့ဆုံမှုတွေကိုပါ တွေ့လာရပါတယ်။လာမည့် ၂၀၂၁ မှာ အငြိမ်းစားယူရတော့မယ့် တပ်ချုပ်နဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီရဲ့ တွေ့ဆုံမှုက ယခုရက်ထဲ လူပြောသူပြောများသလို လူမှုကွန်ရက်မှာ ဝေဖန်အခံရဆုံး သတင်းခေါင်းစဉ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

သတင်းတွေအရ ဒီလိုတွေ့ဆုံမှုကို ပါတီတွေဘက်က တောင်းဆိုတဲ့အတွက် တွေ့ဆုံရတယ်လို့ တပ်ဘက်ကဆိုပေမယ့် ပါတီအချို့ဘက်က တပ်ဘက်က ခေါ်ယူတွေ့ဆုံတာလို့ ပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။ဩဂုတ် ၁၄ ရက်က နေပြည်တော်မှာတွေ့ဆုံခဲ့တဲ့ တပ်ချုပ်နဲ့တွေ့ဆုံပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးနေဝင်း၊ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်၊ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့် အပါအဝင် ပါတီ ၃၄ ပါတီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါတွေ့ဆုံမှုတွင်ပါဝင်သည့် တောင်သူလယ်သမား ဖွံ့ ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးကျော်စွာစိုး က ဆွေးနွေးမှုအတွင်း ဆွေးနွေးခဲ့သည်များကို ပြည်တွင်းမီဒီယာဖြစ်သည့် ဧရာဝတီသို့ပြောခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ကို ပြောင်းလဲပေးရန်၊ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ် က ရွေးကောက်ပွဲတွင် တရားမျှတမှုမရှိပါက တပ်ဘက်ကဖြေရှင်းပေးရန်ဖြစ်ပြီး ပါတီတွေဘက်က ကာလုံခေါ်ပေးရန် တောင်းဆိုချက်တွေ ဆွေးနွေးခဲ့တယ်ဆိုပါတယ်။

တပ်ချုပ်ဘက်က ပြန်ပြောခဲ့သည့် "ကျနော်မလုပ်ရဲတာ ဘာတစ်ခုမှမရှိဘူး၊ အကုန်လုပ်ရဲတယ်တဲ့။ဒါပေမယ့် တိုင်းပြည်နစ်နာမှာနဲ့ ပြည်သူနစ်နာမှာနဲ့ တပ်မတော်ရဲ့အနာဂတ် ပျက်စီးမှာတို့ ဘာတို့ပဲ ကျနော်အကုန်လုံးကိုစောင့်ပြီးကြည့်နေတာ" ဆိုသည့် စကားမှာ လူမှုကွန်ရက်တွင် ဝေဖန်မှုအများဆုံးရှိခဲ့ပြီး ရှုထောင့်အမျိုးမျိုးမှ ဝေဖန်မှုများ၊ တုံ့ပြန်မှုများဖြင့် ရက်အနည်းငယ်ကြာ လူမှုကွန်ရက်တွင် ယခုရက်သတ္တပတ်တစ်ခုလုံး ဂယက်ထနေခဲ့ပါတယ်။နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ ဆွေးနွေးသည့် အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ပါတီအားလုံးကို ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ကာ ဦးဆောင်ခေါ်ယူခဲ့ခြင်းဖြစ်ခဲ့လို့လည်း ပါတီတွေနဲ့ မီဒီယာတွေဘက်က ထောက်ပြဝေဖန်မှုများလည်း ရှိခဲ့ပါတယ်။

အဆိုပါတွေ့ဆုံမှုတွင် ပါတီ ၃၄ ပါတီဘက်က ရွေးကောက်ပွဲမတိုင်မီ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပေးရန်၊ လက်ရှိရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ ဝင်များကို ဖြုတ်၍ အသစ်လဲပေးရန်၊ တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ပါက တပ်မတော်က မည်သို့တာဝန်ယူမလဲဆိုသည့် မေးခွန်းများကို တပ်ချုပ်ဘက်ကို မေးခဲ့ပြီး မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် အကြောင်းပြန်ပေးဖို့ တောင်းဆိုခဲ့ကာ တပ်ချုပ်က ရွေးကောက်ပွဲ တရားမျှတမှုရှိစေရန်၊ နိုင်ငံရေးပါတီအားလုံး မှန်မှန်ကန်ကန် ယှဉ်ပြိုင်နိုင်အောင် ဝိုင်းဝန်းကူညီပေးမည်ဆိုပြီး ကတိပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ထို့အပြင် ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးချယ်ရာမှာ ပြည်ပအဖွဲ့အစည်းတွေ၊ နိုင်ငံခြားသားတွေရဲ့ လွှမ်းမိုးခြင်းမခံရသူအပါအဝင် အချက်  ၆ ချက်နဲ့ ပြည့်စုံသူတွေကို ရွေးချယ်ဖို့ကိုလည်း ပါတီတွေကို တိုက်တွန်းခဲ့တယ်ဆိုပါတယ်။

အဆိုပါတွေ့ဆုံမှုအတွင်း ဆွေးနွေးမှုများကို မီဒီယာများက ပြန်လည်မေးမြန်းခဲ့ရာမှာ တက်ရောက်ခဲ့သည့် ပါတီများဘက်က ပြန်လည်ဖြေကြားခြင်းမရှိခဲ့ဘဲ တောင်သူလယ်သမား ဖွံ့ ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးကျော်စွာစိုးကသာ ဧရာဝတီမီဒီယာသို့ ဖြေကြားမှုရှိခဲ့သဖြင့် အများပြည်သူ ဆောလျင်စွာသိခဲ့ရတာဖြစ်ပါတယ်။ပြည်သူများ စိတ်ဝင်စားမှုရှိသည့် တပ်ချုပ်နှင့် ပါတီများ ဆွေးနွေးမှုသတင်းအပေါ် ပွင့်လင်းမြင်သာစွာသိရှိရန် ဖော်ပြနိုင်သည့်မီဒီယာက ရှားပြီး ယခုလိုရွေးကောက်ပွဲအကြိုကာလ ပြည်သူ၏စိတ်ဝင်စားမှုအာရုံကို ဆွဲဆောင်နိုင်သည့်အခွင့်အရေးကို အသုံးချတတ်သည့် နိုင်ငံရေးသမားမျိုးလည်း ရှားနေသည်ကို ယခုဖြစ်ရပ်မှာ ထင်ထင်ရှားရှားတွေ့ရမှာဖြစ်ပါတယ်။

တွေဆုံမှုတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာပါတီများနှင့် အာဏာရပါတီဘက်က တုံ့ပြန်မှုမှာ လူမှုကွန်ရက်တွင် အများပြည်သူများ၏ဝေဖန်သလောက် မပြင်းထန်ခဲ့တာကို တွေ့ခဲ့ရပါတယ်။နိုင်ငံရေးပါတီအချို့က တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး တပ်မတော်ကကူညီပေးရန် ပြောကြားခဲ့မှုအပေါ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ပြည်တွင်းသတင်းစာတစ်စောင်ဖြစ်သည့် စံတော်ချိန်သို့ပြောခဲ့ရာမှာ "ရွေးကောက်ပွဲတရားမျှတဖို့ဆိုတာက ကော်မရှင်ရဲ့လုပ်ရပ်တွေက ပွင့်လင်းမြင်သာမှုရှိဖို့၊ တရားဥပဒေစိုးမိုးဖို့ ဒါကအဓိကကျပါလိမ့်မယ်။တပ်မတော်အနေနဲ့ကတော့ တိုက်ရိုက်ဝင်ရောက် ဆောင်ရွက်စရာအကြောင်းမရှိဘူးလို့တော့ မြင်ပါတယ်" လို့ ပြောခဲ့ပါတယ်။ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကလည်း ရွေးကောက်ပွဲ တရားမျှတမှုက တပ်မတော်နှင့် သက်ဆိုင်ခြင်းမရှိဟု ပြောခဲ့တာကိုတွေ့ရသလို အဆိုပါ ၃၄ ပါတီ တပ်မတော်နှင့် သွားရောက်တွေ့ဆုံခဲ့မှုအပေါကိုလည်း "ဒါကတော့ သူတို့ယုံကြည်ရာ အားကိုးရာကို သွားကြည့်ကြတယ်လို့ပဲပြောရမှာပါ။တကယ်က တပ်မတော်ကိစ္စမှ မပါတာပဲ။ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရရယ် ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာ တပ်မတော်ကို အားကိုးတယ်ဆိုတာကတော့ သူတို့ရဲ့ယုံကြည်ရာပေါ့နော်။လက်ရှိမှာ ၂၅ ရာခိုင်နှုန်းရှိနေတဲ့အပိုင်းမှာ အင်အားတစ်ခုအနေနဲ့ စုကြတယ်လို့ပဲမြင်ပါတယ်" လို့ ပြောခဲ့ပါတယ်။'

ဝေဖန်မှုမျိုးစုံဖြင့် ပြင်းထန်စွာဂယက်ထခဲ့သည့် တပ်ချုပ်နှင့် ပါတီ ၃၄ ပါတီ တွေ့ဆုံမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ရာမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ခုမှ ပါတီခေါင်းဆောင်များသည် ဩဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံမိတ်ဆက်ခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံရာ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးနှင့် ပတ်သက်သည်များ၊ ပြည်သူ့ကိုယ်စားလှယ်လောင်းများ ရွေးချယ်တင်မြှောက်ရာတွင် သိရှိသင့်သည့် အချက်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံမှုတွင် တပ်မတော်ဘက်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။

ယခုတွေ့ဆုံမှုအပေါ်  ဝါရင့်နိုင်ငံရေးသမားများ၊ နိုင်ငံရေးစောင့်ကြည့်အကဲခတ်သူများ၊ လေ့လာသုံးသပ်သူများက ဝေဖန်ခဲ့ရာမှာ တပ်ဘက်က လက်ခံမှုနှင့်ပတ်သက်ပြီး သိပ်မပြောခဲ့သော်လည်း ပါတီများနှင့်ပတ်သက်၍မူ ယခုလို ပြည်သူမဲကိုရအောင် အားစိုက်လုပ်နေရသည်အချိန်တွင် ပြည်သူတွေသဘောကျအောင် ကိုယ့်အလုပ် ကိုယ်လုပ်ကာ ပြည်သူ့ဆီမှ မဲကိုရအောင်တောင်းရမည့်အစား မယောင်ရာဆီလူးသည့်လုပ်ရပ်ဖြင့် အဖိုးတန်သည့်အချိန်တွေကို ဖြုန်းနေသည်ဟု ဝေဖန်ခဲ့တာလည်း တွေ့ရပါတယ်။ဆန္ဒမဲဆိုတာ ပြည်သူများဆီမှ ဆင်းသက်လာတာဖြစ်ပါတယ်။ယနေ့ကျင့်သုံးနေသည့် ဒီမိုကရေစီခေတ်တွင် ပြည်သူဆီကထောက်ခံမှုရအောင် မလုပ်နိုင်ပါက မဲတစ်ပြားမှ ရမည်မဟုတ်တာကို ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တချို့ပါတီများ မရှုမလှရှုံးနိမ့်ခဲ့တာကိုကြည့်၍ သင်ခန်းစာယူတတ်လျှင် ရမည်ဖြစ်ပါတယ်။
ပြည်သူကချစ်လျှင် ဘာခြိမ်းခြောက်မှုရှိရှိ အရဲစွန့်ကာ ပြည်သူချစ်ပါတီမှန်သမျှကို မဲပေးတတ်ကြတာကို မြန်မာ့နိုင်ငံရေးသမိုင်းကိုကြည့်လျှင် တွေ့နိုင်မှာဖြစ်ပါတယ်။ပြည်သူဆိုတာ နိုင်ငံရေးပါတီတွေ၊ ပါတီခေါင်းဆောင်တွေထက် နိုင်ငံရေးအသိမြင့်မားသည်ကို မေ့ထားလျှင် မရှုမလှရှုံးနိမ့်တတ်သည်ကို ၁၉၉၀၊ ၂၀၁၂ ကြားဖြတ်နှင့် ၂၀၁၅ ရွေးကောက်ပွဲများက ပြသခဲ့ပြီးဖြစ်သဖြင့် လာမည့်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဝင်မည့် ပါတီတစ်ရာကျော်တွင် ယခု ၃၄ ပါတီက မဲဘယ်လောက်ရသလဲဆိုတာကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

၂၁ ပင်လုံမှာ ထူးခြားတဲ့ ဘာရလဒ်တွေ မြင်ရဖွယ်ရှိလဲ

ထုံးစံအတိုင်းဆိုရင် ယခုကျင်းပမယ် ၂၁ ပင်လုံညီလာခံက လွန်ခဲ့တဲ့နှစ်တွေကတည်းက ကျင်းပရမှာပါ။ဒါပေမယ့် အခြေအနေဆိုးတဲ့အထိဖြစ်ခဲ့တဲ့အတွက် ပုံမှန်အတိုင်းကျင်းပနိုင်ခြင်းမရှိခဲ့လို့ အာဏာရအရပ်သားပါတီစစ်စစ် NLD ပါတီ အစိုးရရဲ့ ၅ နှစ်သက်တမ်း နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၂၀ ခုနှစ်မှာ အားတင်းကျင်းပရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဒီလိုကျင်းပရာမှာလည်း ကိုဗစ် ၁၉ လို့ နှစ်တစ်ရာမှ တစ်ခါသာပေါ်လာတတ်တဲ့ ကပ်ရောဂါကို ကြုံရတဲ့အတွက်လည်း အခက်အခဲတွေကရှိနေခဲ့ပါတယ်။မူလရှိနေတဲ့ နိုင်ငံရေးအကျပ်အတည်းအပြင် ကပ်ဘေးနဲ့ တချို့အဖွဲ့အစည်းတွေရဲ့ အမြင်ကျဉ်းတဲ့ ကိုယ်ကျိုးအတ္တကြောင့် ပင်လုံညီလာခံ ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ယခုရက်ထဲမှာကျင်းပခဲ့တဲ့ (၉) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) မှာ ပြောခဲ့တာရှိပါတယ်။

လက်ရှိမှာ မြန်မာ့နိုင်ငံရေးအခြေအနေက ကိုယ်ကျိုးအတ္တသမားတွေ၊ အမြင်ကျဉ်းမြောင်းတဲ့သူတွေ၊ လူမျိုးရေးအစွဲနဲ့ တခြားပယောဂတွေ၊ ပြည်ပလွှမ်းမိုးမှုတွေကြောင့် NLD ဦးဆောင်မှုနဲ့ လုပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးက တစ်ဆို့နေခဲ့ပါတယ်။ဒါပေမယ့် တာဝန်ရှိသူတွေ အားထုတ်မှုကြောင့် ယခုရက်ထဲကျင်းပတဲ့ JICM အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံက ဩဂုတ် ၁၉ ရက်မှာ စတင်ကျင်းပတဲ့ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် ငြိမ်းချမ်းရေးညီလာခံမှာ မြန်မာ့နိုင်ငံရေးအကြပ်အတည်းနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဖြေရှင်းနိုင်တော့မယ်ဆိုတာကို ပြောခဲ့တာကိုတွေ့ရပါတယ်။

ငြိမ်းချမ်းရေးညီလာခံကျင်းပရာမှာ တောက်လျှောက်ပြဿနာဖြစ်နေခဲ့တာက ဖက်ဒရယ်ကိစ္စပါဘဲ။ဖက်ဒရယ်ကို ဖွင့်ဆိုပုံ၊ လက်နက်ကိုင်တပ်ဖွဲ့ပြဿနာတွေက လိပ်ခဲတည်းလည်းဖြစ်ခဲ့သလို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဆင့်ဆင့်တည်ဆောက်ပုံတွေမှာ သဘောထားတွေကွဲလွဲတာဖြစ်ပြီး JICM အစည်းအဝေးမှာ ပြည်ထောင်စုသဘောတူညီမှု အစိတ်အပိုင်း ၃ တွင် ပါဝင်မည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများ ခေါင်းစဉ်ကြီး ၈ ခု၊ ဖက်ဒရယ်အခြေခံမူ သဘောတူညီချက် ၅ ချက်တို့ကို ရရှိခဲ့တဲ့အတွက် အခက်အခဲကြီးတစ်ခုကို ရခဲ့တာဖြစ်ပါတယ်။ဒီရရှိခဲ့တဲ့ သဘောတူညီမှုတွေကို သြဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ပြည်ထောင်စုသဘောတူညီမှု အစိတ်အပိုင်း ၃ အဖြစ် ချုပ်ဆိုမှာလည်းဖြစ်ပါတယ်။

JICM အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပြောတဲ့ မိန့်ခွန်းလို တပ်ဘက်က အမြင့်ဆုံးအဖြစ် တက်ရောက်ခဲ့တဲ့ ဒုတပ်ချုပ်ပြောခဲ့တဲ့ မိန့်ခွန်းကလည်း လူအများစိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ဒုတပ်ချုပ်၏ မိမိနိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပုံစံကို အဓမ္မသွတ်သွင်းပါက အသင့်ချုပ်ပြီးသားအင်္ကျီ ဝယ်ဝတ်သလိုမျိုး အဆင်မပြေဖြစ်နိုင်သည့်အတွက် “ဒို့တာဝန်အရေးသုံးပါး” ဦးတည်ချက် မပျောက်ပျက်စေဘဲ ဆက်လက်ဆွေးနွေးကြရန် ဆန္ဒပြုခဲ့သလို အဖွဲ့အစည်းအချင်းချင်း ယုံကြည်မှုတည်ဆောက်သည့်နေရာတွင် တစ်ဖက်နှင့်တစ်ဖက် သံသယဖြစ်စရာ၊ မသင်္ကာဖွယ်ဖြစ်စရာများကို လုံးဝဆောင်ရွက်ခြင်းမပြုလျှင် အကောင်းဆုံးဟု ပြောခဲ့တာကိုလည်းတွေ့ရပါတယ်။

ဩဂုတ် ၁၉ ရက်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံနဲ့ပတ်သက်ပြီး ရလဒ်ကောင်းတွေ တွေ့ရဖွယ်ရှိတာကို နိုင်ငံတော်အတိုင်ပင်ခံက ပြောခဲ့ပေမယ့် အစောပိုင်းရက်တွေက မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေအရ တိုင်းရေး ပြည်ရေးက ထင်သလောက်မဟုတ်ဘဲ စိတ်ဝင်စားစရာ အခင်းအကျင်းရှိခဲ့ပါတယ်။တပ်ချုပ်နဲ့ ရုရှားက Politic မဂ္ဂဇင်းတို့ တွေ့ဆုံမေးမြန်းမှုကို ပြည်တွင်းမီဒီယာတွေက ဩဂုတ် ၇ ရက်က ဖော်ပြခဲ့ရာမှာ ကာ/လုံ မခေါ်ဘဲ တစ်ဦးတည်းဆုံးဖြတ်နေမှု အန္တရာယ်ကြီးပြီး မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်ရန် အလှမ်းဝေးနေတယ်လို့ ပြောခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ NRPC အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းရှေ့ဆက်ဖို့ တပ်မတော်ဘက်က တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး လုပ်ပေးခဲ့တာအပါအဝင် ငြိမ်းချမ်းရေးမှာ အတားအဆီးမဖြစ်စေဖို့ ဆောင်ရွက်ပေးခဲ့တာတွေရှိပေမယ့်၊ အသုံးမချနိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ဒီလိုပြောဆိုမှုကို နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပယ်ချခဲ့တာရှိပြီး အပစ်ရပ်တိုင်းရင်းသားအဖွဲ့တချို့က ဆွေးနွေးပွဲတွေ မတက်တော့ဘဲ သပိတ်မှောက်ခဲ့တဲ့အခြေအနေမျိုးမှာ NCA လမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးစားခဲ့ရတာရှိတယ်လို့ ပြန်တုံ့ပြန်ခဲ့တာကို တွေ့ရပါတယ်။ယခုလို ဆွေးနွေးပွဲတွေမတက်တော့ဘဲ သပိတ်မှောက်ခဲ့တဲ့ အခြေအနေမျိုးက ၂၀၁၈ ခုနှစ် စက်တင်ဘာလက ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့ NCA လေးနှစ်ပြည့်အခမ်းအနား တွေ့ဆုံဆွေးနွေးပွဲအပြီး နှစ်ဖက်ခေါင်းဆောင်တွေကြား မကျေလည်မှုတွေ အစပြုခဲ့တာကနေ ဖြစ်ခဲ့တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ဘယ်သူ့ဘယ်သူကြောင့်လို့ ကျွန်တော်တို့အပြစ်မတင်ဘူးလို့ ပြောခဲ့တာရှိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း JICM အစည်းအဝေးမှာဘဲ “မတူကွဲပြားတဲ့ သဘောထားအမြင်တွေကို တစ်ထပ်တည်းကျအောင်၊ တစ်ခုတည်းဖြစ်အောင် အတင်းအကြပ်ဖိအားပေးမှုတွေနဲ့ ဖြေရှင်းလို့မရနိုင်ပါဘူး” လို့ ပြောခဲ့သလို “ကျွန်မတို့အသက်ရှင်နေတုန်း၊ ကျွန်မတို့ကြိုးစားခွင့်ရနေတုန်းမှာ အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကြိုးပမ်းအားထုတ်ကြပြီးတော့ ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေလက်ထဲကို ငြိမ်းချမ်းရေးအမွေအနှစ်တစ်ခု ခိုင်ခိုင်မာမာ လက်ဆင့်ကမ်းဆောင်ကျဉ်းပေးနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားကြဖို့” ကို တိုက်တွန်းခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီလိုငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ရလဒ်ကောင်းတွေမြင်နေရပေမယ့် တခြားပြဿနာတွေ ဆိုးဝါးတဲ့ပြဿနာတွေကတော့ ဖြစ်နေဆဲပါ။ရခိုင်ပြည်နယ် ကျောက်တော်မှာ မြို့နယ်ရဲစခန်းမှူးကို ရဲစခန်းအနီးမှာ အေအေက လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ခဲ့သလို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ တွဲဖက်အတွင်းရေးမှူး (၁) အပါအဝင် အဖွဲ့ဝင် ၅ ဦးကို ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ အေအေက ဖမ်းဆီးခဲ့တာတွေလည်း ရှိနေခဲ့ပါတယ်။ဒါ့အပြင် ယခုကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံကို မြောက်ပိုင်းအဖွဲ့တွေ မတက်ရောက်တာလည်းရှိတယ် ဆိုတဲ့အတွက် ငြိမ်းချမ်းရေးညီလာခံနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေ ဘယ်လိုရလဒ်ကောင်းတွေ မြင်ရဖွယ်ရှိသလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဒီလိုသတင်းတွေအပြင် တခြားစိတ်ဝင်စားဖွယ်ရာ သတင်းတွေဖြစ်တဲ့ ထပ်တိုးပြစ်ဒဏ်များ ချမှတ်ပေးရန် ကယားတောင်သူများနှင့် အကျိုးဆောင်သူများပါဝင်သော စုစုပေါင်း ဒေသခံ ၂၁ ဦးကို တပ်မတော်က စွဲဆိုထားသည့်အမှုကို ကယားပြည်နယ် တရားလွှတ်တော်ရုံးက ပလပ် (ပယ်ချ) လိုက်တဲ့ သတင်း၊ သာသနာကိုညိုးနွမ်းစေမှုနဲ့ သရုပ်ဆောင်ချစ်သုဝေနဲ့ ဖခင်ဖြစ်သူတို့အပေါ် ရှေ့နေဦးအေးပိုင် က တရားရုံးဦးတိုက်စွဲဆိုထားတဲ့အမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ပယ်ချခဲ့တဲ့သတင်း၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကရင်အာဇာနည်နေ့အခမ်းအနား ဦးဆောင်သူနှစ်ဦးကို ကျောက်တံတားမြို့မရဲစခန်းက ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ ဖမ်းဆီး အမှုဖွင့်လှစ်လိုက်တဲ့သတင်း၊ တစ်နိုင်ငံလုံးမှာရှိတဲ့ နေရပ်စွန့်ခွာစခန်း (IDP Camp) က အိမ်ထောင်စုတွေကို အောက်တိုဘာလထဲ တစ်အိမ်ထောင်ကျပ် ၆၅၀၀၀ နူန်းနဲ့ ထောက်ပံ့ဖို့ စီစဉ်နေတဲ့သတင်း၊ မင်းပြားတွင် လက်နက်ကြီးကျလို့ ၁၃ နှစ်အရွယ် ကျောင်းသားအပါအဝင် သုံးဦးဒဏ်ရာရခဲ့တဲ့သတင်း၊ တောင်ကြီးမှာ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးခဲ့တဲ့သူကို တရုတ်နိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့သတင်း၊ ရှမ်းအရှေ့မှာ ဆုံဆို့နာရောဂါဖြင့် သေဆုံးသူ ၆ ဦးအထိရှိလာလို့ ရောဂါကာကွယ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့သတင်း၊ ကမာရွတ် ရွှေကွန်းကွန်ဒို အနုကြမ်းစီးမှုကျူးလွန်သူတွေကို ဖမ်းဆီးရမိခဲ့တဲ့သတင်းတွေလည်း စိတ်ဝင်စားဖွယ်ရာရှိခဲ့တဲ့အကြောင်း တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
သြဂုတ် - ၁၇

( Zawgyi )

ယခုရက္သတၱပတ္အတြင္း သတင္းေတြထဲမွာ အားလုံးစိတ္ဝင္တစားရွိခဲ့ၾကတာကေတာ့ ၃၄ ပါတီက ေခါင္းေဆာင္ပိုင္းေတြနဲ႔ တပ္ခ်ဳပ္တို႔ ေတြ႕ဆုံခဲ့ၿပီးေနာက္ ပါတီေတြဘက္က ဘာေတြေျပာခဲ့သလဲ၊ တပ္ခ်ဳပ္ဘက္က ဘာေတြေျပာခဲ့သလဲဆိုတဲ့ သတင္းေတြနဲ႔သက္ဆိုင္တဲ့ လူပုဂၢိဳလ္အဖြဲ႕အစည္းေတြဘက္က တုံ႔ျပန္မႈေတြဘဲျဖစ္ပါတယ္။ေနာက္ဆက္တြဲ ထင္ျမင္ယူဆခ်က္ေတြက စိုးရိမ္စရာေတြရွိသလို မီဒီယာေတြမွာေဖာ္ျပမႈေတြအရ တခ်ိဳ႕အရာေတြက အဓိကမဲေပးရမယ့္သူေတြကို လုံးဝထည့္မတြက္ထားတဲ့သေဘာေတြကိုလည္း ေတြ႕ရတဲ့အတြက္ စိတ္ညစ္ညဴးစရာေတြပါ။ဒီလိုစိတ္ပ်က္စရာသတင္းေတြနဲ႔အၿပိဳင္ ယခုရက္ထဲမွာ က်င္းပခဲ့တဲ့ (၉) ႀကိမ္ေျမာက္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး (JICM) မွာ ရလဒ္ေကာင္းေတြေတြ႕လာရတဲ့ သတင္းေတြ၊ ေ႐ြးေကာက္ပြဲဆိုင္ရာသတင္းေတြက ယခုရက္သတၱပတ္ရဲ႕ စိတ္ဝင္စားစရာအေကာင္းဆုံး သတင္းျဖစ္ခဲ့ပါတယ္။

ျပည္သူမဲကို မလိုတာလား၊ အတြက္အခ်က္မွားတာလား

ေ႐ြးေကာက္ပြဲနီးတာနဲ႔အမွ် စိတ္ဝင္စားဖြယ္ရာ ပါတီေတြရဲ႕လႈပ္ရွားမႈေတြ၊ ေတြ႕ဆုံမႈေတြကိုပါ ေတြ႕လာရပါတယ္။လာမည့္ ၂၀၂၁ မွာ အၿငိမ္းစားယူရေတာ့မယ့္ တပ္ခ်ဳပ္နဲ႔ ႏိုင္ငံေရးပါတီ ၃၄ ပါတီရဲ႕ ေတြ႕ဆုံမႈက ယခုရက္ထဲ လူေျပာသူေျပာမ်ားသလို လူမႈကြန္ရက္မွာ ေဝဖန္အခံရဆုံး သတင္းေခါင္းစဥ္တစ္ခုလည္း ျဖစ္ခဲ့ပါတယ္။

သတင္းေတြအရ ဒီလိုေတြ႕ဆုံမႈကို ပါတီေတြဘက္က ေတာင္းဆိုတဲ့အတြက္ ေတြ႕ဆုံရတယ္လို႔ တပ္ဘက္ကဆိုေပမယ့္ ပါတီအခ်ိဳ႕ဘက္က တပ္ဘက္က ေခၚယူေတြ႕ဆုံတာလို႔ ေျပာဆိုမႈေတြလည္းရွိခဲ့ပါတယ္။ဩဂုတ္ ၁၄ ရက္က ေနျပည္ေတာ္မွာေတြ႕ဆုံခဲ့တဲ့ တပ္ခ်ဳပ္နဲ႔ေတြ႕ဆုံပြဲမွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးသန္းေဌး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ တြဲဖက္အတြင္းေရးမႉး ဦးေနဝင္း၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠ႒ ေဒၚသက္သက္ခိုင္၊ အမ်ိဳးသားဒီမိုကေရစီပါတီသစ္ ဥကၠ႒ ဦးသိန္းၫြန႔္၊ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ ဥကၠ႒ ဦးခင္ေမာင္ေဆြ၊ အမ်ိဳးသားတိုးတက္ေရးပါတီ ဥကၠ႒ ေဒါက္တာေနဇင္လတ္၊ ျမန္မာႏိုင္ငံ ေတာင္သူလယ္သမား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ ဥကၠ႒ ဦးေက်ာ္စြာစိုး၊ အေျခခံလူတန္းစားဘဝျမင့္မားေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေက်ာ္ျမင့္ (ခ) မိုက္ကယ္ေက်ာ္ျမင့္ အပါအဝင္ ပါတီ ၃၄ ပါတီက တာဝန္ရွိသူေတြ တက္ေရာက္ခဲ့ၾကပါတယ္။

အဆိုပါေတြ႕ဆုံမႈတြင္ပါဝင္သည့္ ေတာင္သူလယ္သမား ဖြံ႕ ၿဖိဳးတိုးတက္ေရးပါတီ ဥကၠဌ ဦးေက်ာ္စြာစိုး က ေဆြးေႏြးမႈအတြင္း ေဆြးေႏြးခဲ့သည္မ်ားကို ျပည္တြင္းမီဒီယာျဖစ္သည့္ ဧရာဝတီသို႔ေျပာခဲ့ရာမွာ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ ဥကၠ႒ ဦးခင္ေမာင္ေဆြ က ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးလွသိန္း ကို ေျပာင္းလဲေပးရန္၊ အမ်ိဳးသားတိုးတက္ေရးပါတီ ဥကၠ႒ ေဒါက္တာေနဇင္လတ္ က ေ႐ြးေကာက္ပြဲတြင္ တရားမွ်တမႈမရွိပါက တပ္ဘက္ကေျဖရွင္းေပးရန္ျဖစ္ၿပီး ပါတီေတြဘက္က ကာလုံေခၚေပးရန္ ေတာင္းဆိုခ်က္ေတြ ေဆြးေႏြးခဲ့တယ္ဆိုပါတယ္။

တပ္ခ်ဳပ္ဘက္က ျပန္ေျပာခဲ့သည့္ "က်ေနာ္မလုပ္ရဲတာ ဘာတစ္ခုမွမရွိဘူး၊ အကုန္လုပ္ရဲတယ္တဲ့။ဒါေပမယ့္ တိုင္းျပည္နစ္နာမွာနဲ႔ ျပည္သူနစ္နာမွာနဲ႔ တပ္မေတာ္ရဲ႕အနာဂတ္ ပ်က္စီးမွာတို႔ ဘာတို႔ပဲ က်ေနာ္အကုန္လုံးကိုေစာင့္ၿပီးၾကည့္ေနတာ" ဆိုသည့္ စကားမွာ လူမႈကြန္ရက္တြင္ ေဝဖန္မႈအမ်ားဆုံးရွိခဲ့ၿပီး ရႈေထာင့္အမ်ိဳးမ်ိဳးမွ ေဝဖန္မႈမ်ား၊ တုံ႔ျပန္မႈမ်ားျဖင့္ ရက္အနည္းငယ္ၾကာ လူမႈကြန္ရက္တြင္ ယခုရက္သတၱပတ္တစ္ခုလုံး ဂယက္ထေနခဲ့ပါတယ္။ေန႔လယ္ ၁ နာရီမွ ညေန ၄ နာရီအထိ ေဆြးေႏြးသည့္ အဆိုပါေတြ႕ဆုံပြဲသို႔ တက္ေရာက္လာသည့္ ပါတီအားလုံးကို ျပည္ခိုင္ၿဖိဳးပါတီက ဦးေဆာင္ကာ ဦးေဆာင္ေခၚယူခဲ့ျခင္းျဖစ္ခဲ့လို႔လည္း ပါတီေတြနဲ႔ မီဒီယာေတြဘက္က ေထာက္ျပေဝဖန္မႈမ်ားလည္း ရွိခဲ့ပါတယ္။

အဆိုပါေတြ႕ဆုံမႈတြင္ ပါတီ ၃၄ ပါတီဘက္က ေ႐ြးေကာက္ပြဲမတိုင္မီ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ အစည္းအေဝးေခၚယူေပးရန္၊ လက္ရွိေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠဌ ဦးလွသိန္းႏွင့္ အဖြဲ႕ ဝင္မ်ားကို ျဖဳတ္၍ အသစ္လဲေပးရန္၊ တရားမွ်တသည့္ ေ႐ြးေကာက္ပြဲမဟုတ္ပါက တပ္မေတာ္က မည္သို႔တာဝန္ယူမလဲဆိုသည့္ ေမးခြန္းမ်ားကို တပ္ခ်ဳပ္ဘက္ကို ေမးခဲ့ၿပီး မွန္မွန္ကန္ကန္နဲ႔ ျမန္ျမန္ဆန္ဆန္ အေၾကာင္းျပန္ေပးဖို႔ ေတာင္းဆိုခဲ့ကာ တပ္ခ်ဳပ္က ေ႐ြးေကာက္ပြဲ တရားမွ်တမႈရွိေစရန္၊ ႏိုင္ငံေရးပါတီအားလုံး မွန္မွန္ကန္ကန္ ယွဥ္ၿပိဳင္ႏိုင္ေအာင္ ဝိုင္းဝန္းကူညီေပးမည္ဆိုၿပီး ကတိေပးခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ထို႔အျပင္ ျပည္သူ႔ကိုယ္စားလွယ္ေတြကို ေ႐ြးခ်ယ္ရာမွာ ျပည္ပအဖြဲ႕အစည္းေတြ၊ ႏိုင္ငံျခားသားေတြရဲ႕ လႊမ္းမိုးျခင္းမခံရသူအပါအဝင္ အခ်က္  ၆ ခ်က္နဲ႔ ျပည့္စုံသူေတြကို ေ႐ြးခ်ယ္ဖို႔ကိုလည္း ပါတီေတြကို တိုက္တြန္းခဲ့တယ္ဆိုပါတယ္။

အဆိုပါေတြ႕ဆုံမႈအတြင္း ေဆြးေႏြးမႈမ်ားကို မီဒီယာမ်ားက ျပန္လည္ေမးျမန္းခဲ့ရာမွာ တက္ေရာက္ခဲ့သည့္ ပါတီမ်ားဘက္က ျပန္လည္ေျဖၾကားျခင္းမရွိခဲ့ဘဲ ေတာင္သူလယ္သမား ဖြံ႕ ၿဖိဳးတိုးတက္ေရးပါတီ ဥကၠဌ ဦးေက်ာ္စြာစိုးကသာ ဧရာဝတီမီဒီယာသို႔ ေျဖၾကားမႈရွိခဲ့သျဖင့္ အမ်ားျပည္သူ ေဆာလ်င္စြာသိခဲ့ရတာျဖစ္ပါတယ္။ျပည္သူမ်ား စိတ္ဝင္စားမႈရွိသည့္ တပ္ခ်ဳပ္ႏွင့္ ပါတီမ်ား ေဆြးေႏြးမႈသတင္းအေပၚ ပြင့္လင္းျမင္သာစြာသိရွိရန္ ေဖာ္ျပႏိုင္သည့္မီဒီယာက ရွားၿပီး ယခုလိုေ႐ြးေကာက္ပြဲအႀကိဳကာလ ျပည္သူ၏စိတ္ဝင္စားမႈအာ႐ုံကို ဆြဲေဆာင္ႏိုင္သည့္အခြင့္အေရးကို အသုံးခ်တတ္သည့္ ႏိုင္ငံေရးသမားမ်ိဳးလည္း ရွားေနသည္ကို ယခုျဖစ္ရပ္မွာ ထင္ထင္ရွားရွားေတြ႕ရမွာျဖစ္ပါတယ္။

ေတြဆုံမႈတြင္ ေဆြးေႏြးခဲ့သည့္ အေၾကာင္းအရာမ်ားႏွင့္ပတ္သက္ၿပီး သက္ဆိုင္ရာပါတီမ်ားႏွင့္ အာဏာရပါတီဘက္က တုံ႔ျပန္မႈမွာ လူမႈကြန္ရက္တြင္ အမ်ားျပည္သူမ်ား၏ေဝဖန္သေလာက္ မျပင္းထန္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ႏိုင္ငံေရးပါတီအခ်ိဳ႕က တရားမွ်တေသာ ေ႐ြးေကာက္ပြဲျဖစ္ေစေရး တပ္မေတာ္ကကူညီေပးရန္ ေျပာၾကားခဲ့မႈအေပၚ  အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီမွ ေအာင္ႏိုင္ေရးေကာ္မတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္ က ျပည္တြင္းသတင္းစာတစ္ေစာင္ျဖစ္သည့္ စံေတာ္ခ်ိန္သို႔ေျပာခဲ့ရာမွာ "ေ႐ြးေကာက္ပြဲတရားမွ်တဖို႔ဆိုတာက ေကာ္မရွင္ရဲ႕လုပ္ရပ္ေတြက ပြင့္လင္းျမင္သာမႈရွိဖို႔၊ တရားဥပေဒစိုးမိုးဖို႔ ဒါကအဓိကက်ပါလိမ့္မယ္။တပ္မေတာ္အေနနဲ႔ကေတာ့ တိုက္႐ိုက္ဝင္ေရာက္ ေဆာင္႐ြက္စရာအေၾကာင္းမရွိဘူးလို႔ေတာ့ ျမင္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ အေထြေထြအတြင္းေရးမႉး ဦးမ်ိဳးေက်ာ္ကလည္း ေ႐ြးေကာက္ပြဲ တရားမွ်တမႈက တပ္မေတာ္ႏွင့္ သက္ဆိုင္ျခင္းမရွိဟု ေျပာခဲ့တာကိုေတြ႕ရသလို အဆိုပါ ၃၄ ပါတီ တပ္မေတာ္ႏွင့္ သြားေရာက္ေတြ႕ဆုံခဲ့မႈအေပါကိုလည္း "ဒါကေတာ့ သူတို႔ယုံၾကည္ရာ အားကိုးရာကို သြားၾကည့္ၾကတယ္လို႔ပဲေျပာရမွာပါ။တကယ္က တပ္မေတာ္ကိစၥမွ မပါတာပဲ။ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ အစိုးရရယ္ ဒီလိုမ်ိဳးျဖစ္ေနတဲ့အခ်ိန္မွာ တပ္မေတာ္ကို အားကိုးတယ္ဆိုတာကေတာ့ သူတို႔ရဲ႕ယုံၾကည္ရာေပါ့ေနာ္။လက္ရွိမွာ ၂၅ ရာခိုင္ႏႈန္းရွိေနတဲ့အပိုင္းမွာ အင္အားတစ္ခုအေနနဲ႔ စုၾကတယ္လို႔ပဲျမင္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။'

ေဝဖန္မႈမ်ိဳးစုံျဖင့္ ျပင္းထန္စြာဂယက္ထခဲ့သည့္ တပ္ခ်ဳပ္ႏွင့္ ပါတီ ၃၄ ပါတီ ေတြ႕ဆုံမႈႏွင့္ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္ခဲ့ရာမွာေတာ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ႏိုင္ငံေရးပါတီ ၃၄ ခုမွ ပါတီေခါင္းေဆာင္မ်ားသည္ ဩဂုတ္ ၁၄ ရက္ မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လာေရာက္ေတြ႕ဆုံမိတ္ဆက္ခဲ့ေၾကာင္း၊ ထိုသို႔ေတြ႕ဆုံရာ၌ ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာ ၈ ရက္တြင္ က်င္းပမည့္ ပါတီစုံ ဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲႀကီးႏွင့္ ပတ္သက္သည္မ်ား၊ ျပည္သူ႔ကိုယ္စားလွယ္ေလာင္းမ်ား ေ႐ြးခ်ယ္တင္ေျမႇာက္ရာတြင္ သိရွိသင့္သည့္ အခ်က္မ်ားႏွင့္ပတ္သက္၍ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ေၾကာင္း၊ ေတြ႕ဆုံမႈတြင္ တပ္မေတာ္ဘက္မွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ခဲ့ေၾကာင္း ေဖာ္ျပခဲ့တာကိုေတြ႕ရပါတယ္။

ယခုေတြ႕ဆုံမႈအေပၚ  ဝါရင့္ႏိုင္ငံေရးသမားမ်ား၊ ႏိုင္ငံေရးေစာင့္ၾကည့္အကဲခတ္သူမ်ား၊ ေလ့လာသုံးသပ္သူမ်ားက ေဝဖန္ခဲ့ရာမွာ တပ္ဘက္က လက္ခံမႈႏွင့္ပတ္သက္ၿပီး သိပ္မေျပာခဲ့ေသာ္လည္း ပါတီမ်ားႏွင့္ပတ္သက္၍မူ ယခုလို ျပည္သူမဲကိုရေအာင္ အားစိုက္လုပ္ေနရသည္အခ်ိန္တြင္ ျပည္သူေတြသေဘာက်ေအာင္ ကိုယ့္အလုပ္ ကိုယ္လုပ္ကာ ျပည္သူ႔ဆီမွ မဲကိုရေအာင္ေတာင္းရမည့္အစား မေယာင္ရာဆီလူးသည့္လုပ္ရပ္ျဖင့္ အဖိုးတန္သည့္အခ်ိန္ေတြကို ျဖဳန္းေနသည္ဟု ေဝဖန္ခဲ့တာလည္း ေတြ႕ရပါတယ္။ဆႏၵမဲဆိုတာ ျပည္သူမ်ားဆီမွ ဆင္းသက္လာတာျဖစ္ပါတယ္။ယေန႔က်င့္သုံးေနသည့္ ဒီမိုကေရစီေခတ္တြင္ ျပည္သူဆီကေထာက္ခံမႈရေအာင္ မလုပ္ႏိုင္ပါက မဲတစ္ျပားမွ ရမည္မဟုတ္တာကို ၿပီးခဲ့သည့္ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ တခ်ိဳ႕ပါတီမ်ား မရႈမလွရႈံးနိမ့္ခဲ့တာကိုၾကည့္၍ သင္ခန္းစာယူတတ္လွ်င္ ရမည္ျဖစ္ပါတယ္။
ျပည္သူကခ်စ္လွ်င္ ဘာၿခိမ္းေျခာက္မႈရွိရွိ အရဲစြန႔္ကာ ျပည္သူခ်စ္ပါတီမွန္သမွ်ကို မဲေပးတတ္ၾကတာကို ျမန္မာ့ႏိုင္ငံေရးသမိုင္းကိုၾကည့္လွ်င္ ေတြ႕ႏိုင္မွာျဖစ္ပါတယ္။ျပည္သူဆိုတာ ႏိုင္ငံေရးပါတီေတြ၊ ပါတီေခါင္းေဆာင္ေတြထက္ ႏိုင္ငံေရးအသိျမင့္မားသည္ကို ေမ့ထားလွ်င္ မရႈမလွရႈံးနိမ့္တတ္သည္ကို ၁၉၉၀၊ ၂၀၁၂ ၾကားျဖတ္ႏွင့္ ၂၀၁၅ ေ႐ြးေကာက္ပြဲမ်ားက ျပသခဲ့ၿပီးျဖစ္သျဖင့္ လာမည့္ေ႐ြးေကာက္ပြဲတြင္ ေ႐ြးေကာက္ပြဲဝင္မည့္ ပါတီတစ္ရာေက်ာ္တြင္ ယခု ၃၄ ပါတီက မဲဘယ္ေလာက္ရသလဲဆိုတာကို ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

၂၁ ပင္လုံမွာ ထူးျခားတဲ့ ဘာရလဒ္ေတြ ျမင္ရဖြယ္ရွိလဲ

ထုံးစံအတိုင္းဆိုရင္ ယခုက်င္းပမယ္ ၂၁ ပင္လုံညီလာခံက လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက က်င္းပရမွာပါ။ဒါေပမယ့္ အေျခအေနဆိုးတဲ့အထိျဖစ္ခဲ့တဲ့အတြက္ ပုံမွန္အတိုင္းက်င္းပႏိုင္ျခင္းမရွိခဲ့လို႔ အာဏာရအရပ္သားပါတီစစ္စစ္ NLD ပါတီ အစိုးရရဲ႕ ၅ ႏွစ္သက္တမ္း ေနာက္ဆုံးႏွစ္ျဖစ္တဲ့ ၂၀၂၀ ခုႏွစ္မွာ အားတင္းက်င္းပရတဲ့အထိ ျဖစ္ခဲ့ပါတယ္။
ဒီလိုက်င္းပရာမွာလည္း ကိုဗစ္ ၁၉ လို႔ ႏွစ္တစ္ရာမွ တစ္ခါသာေပၚလာတတ္တဲ့ ကပ္ေရာဂါကို ႀကဳံရတဲ့အတြက္လည္း အခက္အခဲေတြကရွိေနခဲ့ပါတယ္။မူလရွိေနတဲ့ ႏိုင္ငံေရးအက်ပ္အတည္းအျပင္ ကပ္ေဘးနဲ႔ တခ်ိဳ႕အဖြဲ႕အစည္းေတြရဲ႕ အျမင္က်ဥ္းတဲ့ ကိုယ္က်ိဳးအတၱေၾကာင့္ ပင္လုံညီလာခံ ရပ္ဆိုင္းလုနီးပါးျဖစ္ခဲ့တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံက ယခုရက္ထဲမွာက်င္းပခဲ့တဲ့ (၉) ႀကိမ္ေျမာက္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး (JICM) မွာ ေျပာခဲ့တာရွိပါတယ္။

လက္ရွိမွာ ျမန္မာ့ႏိုင္ငံေရးအေျခအေနက ကိုယ္က်ိဳးအတၱသမားေတြ၊ အျမင္က်ဥ္းေျမာင္းတဲ့သူေတြ၊ လူမ်ိဳးေရးအစြဲနဲ႔ တျခားပေယာဂေတြ၊ ျပည္ပလႊမ္းမိုးမႈေတြေၾကာင့္ NLD ဦးေဆာင္မႈနဲ႔ လုပ္ေနတဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးက တစ္ဆို႔ေနခဲ့ပါတယ္။ဒါေပမယ့္ တာဝန္ရွိသူေတြ အားထုတ္မႈေၾကာင့္ ယခုရက္ထဲက်င္းပတဲ့ JICM အစည္းအေဝးမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံက ဩဂုတ္ ၁၉ ရက္မွာ စတင္က်င္းပတဲ့ ၂၁ ရာစုပင္လုံ စတုတၳအႀကိမ္ ၿငိမ္းခ်မ္းေရးညီလာခံမွာ ျမန္မာ့ႏိုင္ငံေရးအၾကပ္အတည္းႏွင့္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးကို ေျဖရွင္းႏိုင္ေတာ့မယ္ဆိုတာကို ေျပာခဲ့တာကိုေတြ႕ရပါတယ္။

ၿငိမ္းခ်မ္းေရးညီလာခံက်င္းပရာမွာ ေတာက္ေလွ်ာက္ျပႆနာျဖစ္ေနခဲ့တာက ဖက္ဒရယ္ကိစၥပါဘဲ။ဖက္ဒရယ္ကို ဖြင့္ဆိုပုံ၊ လက္နက္ကိုင္တပ္ဖြဲ႕ျပႆနာေတြက လိပ္ခဲတည္းလည္းျဖစ္ခဲ့သလို ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ အဆင့္ဆင့္တည္ေဆာက္ပုံေတြမွာ သေဘာထားေတြကြဲလြဲတာျဖစ္ၿပီး JICM အစည္းအေဝးမွာ ျပည္ေထာင္စုသေဘာတူညီမႈ အစိတ္အပိုင္း ၃ တြင္ ပါဝင္မည့္ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္သေဘာတူညီခ်က္ ၁၅ ခ်က္၊ ၂၀၂၀ အလြန္ အဆင့္လိုက္လုပ္ငန္းစဥ္မ်ားႏွင့္ အဆင့္လိုက္အေကာင္အထည္ေဖာ္မႈမ်ား ေခါင္းစဥ္ႀကီး ၈ ခု၊ ဖက္ဒရယ္အေျခခံမူ သေဘာတူညီခ်က္ ၅ ခ်က္တို႔ကို ရရွိခဲ့တဲ့အတြက္ အခက္အခဲႀကီးတစ္ခုကို ရခဲ့တာျဖစ္ပါတယ္။ဒီရရွိခဲ့တဲ့ သေဘာတူညီမႈေတြကို ၾသဂုတ္လ ၁၉ ရက္ေန႔မွ ၂၁ ရက္ေန႔အထိ က်င္းပမည့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံမွာ ျပည္ေထာင္စုသေဘာတူညီမႈ အစိတ္အပိုင္း ၃ အျဖစ္ ခ်ဳပ္ဆိုမွာလည္းျဖစ္ပါတယ္။

JICM အစည္းအေဝးမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံေျပာတဲ့ မိန႔္ခြန္းလို တပ္ဘက္က အျမင့္ဆုံးအျဖစ္ တက္ေရာက္ခဲ့တဲ့ ဒုတပ္ခ်ဳပ္ေျပာခဲ့တဲ့ မိန႔္ခြန္းကလည္း လူအမ်ားစိတ္ဝင္စားစရာျဖစ္ခဲ့ပါတယ္။ဒုတပ္ခ်ဳပ္၏ မိမိႏိုင္ငံႏွင့္မကိုက္ညီသည့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ပုံစံကို အဓမၼသြတ္သြင္းပါက အသင့္ခ်ဳပ္ၿပီးသားအက်ႌ ဝယ္ဝတ္သလိုမ်ိဳး အဆင္မေျပျဖစ္ႏိုင္သည့္အတြက္ “ဒို႔တာဝန္အေရးသုံးပါး” ဦးတည္ခ်က္ မေပ်ာက္ပ်က္ေစဘဲ ဆက္လက္ေဆြးေႏြးၾကရန္ ဆႏၵျပဳခဲ့သလို အဖြဲ႕အစည္းအခ်င္းခ်င္း ယုံၾကည္မႈတည္ေဆာက္သည့္ေနရာတြင္ တစ္ဖက္ႏွင့္တစ္ဖက္ သံသယျဖစ္စရာ၊ မသကၤာဖြယ္ျဖစ္စရာမ်ားကို လုံးဝေဆာင္႐ြက္ျခင္းမျပဳလွ်င္ အေကာင္းဆုံးဟု ေျပာခဲ့တာကိုလည္းေတြ႕ရပါတယ္။

ဩဂုတ္ ၁၉ ရက္မွာ က်င္းပမယ့္ ၿငိမ္းခ်မ္းေရးညီလာခံနဲ႔ပတ္သက္ၿပီး ရလဒ္ေကာင္းေတြ ေတြ႕ရဖြယ္ရွိတာကို ႏိုင္ငံေတာ္အတိုင္ပင္ခံက ေျပာခဲ့ေပမယ့္ အေစာပိုင္းရက္ေတြက မီဒီယာေတြမွာေဖာ္ျပခဲ့တဲ့ သတင္းေတြအရ တိုင္းေရး ျပည္ေရးက ထင္သေလာက္မဟုတ္ဘဲ စိတ္ဝင္စားစရာ အခင္းအက်င္းရွိခဲ့ပါတယ္။တပ္ခ်ဳပ္နဲ႔ ႐ုရွားက Politic မဂၢဇင္းတို႔ ေတြ႕ဆုံေမးျမန္းမႈကို ျပည္တြင္းမီဒီယာေတြက ဩဂုတ္ ၇ ရက္က ေဖာ္ျပခဲ့ရာမွာ ကာ/လုံ မေခၚဘဲ တစ္ဦးတည္းဆုံးျဖတ္ေနမႈ အႏၲရာယ္ႀကီးၿပီး မွန္ကန္ေသာဆုံးျဖတ္ခ်က္ျဖစ္ရန္ အလွမ္းေဝးေနတယ္လို႔ ေျပာခဲ့သလို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ဦးေဆာင္တဲ့ NRPC အေနနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းေရွ႕ဆက္ဖို႔ တပ္မေတာ္ဘက္က တစ္ဖက္သတ္အပစ္အခတ္ရပ္စဲေရး လုပ္ေပးခဲ့တာအပါအဝင္ ၿငိမ္းခ်မ္းေရးမွာ အတားအဆီးမျဖစ္ေစဖို႔ ေဆာင္႐ြက္ေပးခဲ့တာေတြရွိေပမယ့္၊ အသုံးမခ်ႏိုင္ခဲ့ဘူးလို႔ ေျပာခဲ့ပါတယ္။ဒီလိုေျပာဆိုမႈကို ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌး က ပယ္ခ်ခဲ့တာရွိၿပီး အပစ္ရပ္တိုင္းရင္းသားအဖြဲ႕တခ်ိဳ႕က ေဆြးေႏြးပြဲေတြ မတက္ေတာ့ဘဲ သပိတ္ေမွာက္ခဲ့တဲ့အေျခအေနမ်ိဳးမွာ NCA လမ္းေၾကာင္းေပၚ ျပန္ေရာက္ေအာင္ ႀကိဳးစားခဲ့ရတာရွိတယ္လို႔ ျပန္တုံ႔ျပန္ခဲ့တာကို ေတြ႕ရပါတယ္။ယခုလို ေဆြးေႏြးပြဲေတြမတက္ေတာ့ဘဲ သပိတ္ေမွာက္ခဲ့တဲ့ အေျခအေနမ်ိဳးက ၂၀၁၈ ခုႏွစ္ စက္တင္ဘာလက ထိပ္သီးေခါင္းေဆာင္ေတြ တက္ေရာက္ခဲ့တဲ့ NCA ေလးႏွစ္ျပည့္အခမ္းအနား ေတြ႕ဆုံေဆြးေႏြးပြဲအၿပီး ႏွစ္ဖက္ေခါင္းေဆာင္ေတြၾကား မေက်လည္မႈေတြ အစျပဳခဲ့တာကေန ျဖစ္ခဲ့တာျဖစ္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌး က ဘယ္သူ႔ဘယ္သူေၾကာင့္လို႔ ကြၽန္ေတာ္တို႔အျပစ္မတင္ဘူးလို႔ ေျပာခဲ့တာရွိပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း JICM အစည္းအေဝးမွာဘဲ “မတူကြဲျပားတဲ့ သေဘာထားအျမင္ေတြကို တစ္ထပ္တည္းက်ေအာင္၊ တစ္ခုတည္းျဖစ္ေအာင္ အတင္းအၾကပ္ဖိအားေပးမႈေတြနဲ႔ ေျဖရွင္းလို႔မရႏိုင္ပါဘူး” လို႔ ေျပာခဲ့သလို “ကြၽန္မတို႔အသက္ရွင္ေနတုန္း၊ ကြၽန္မတို႔ႀကိဳးစားခြင့္ရေနတုန္းမွာ အတတ္ႏိုင္ဆုံး၊ အေကာင္းဆုံး ႀကိဳးပမ္းအားထုတ္ၾကၿပီးေတာ့ ကြၽန္မတို႔ရဲ႕ မ်ိဳးဆက္သစ္ေတြလက္ထဲကို ၿငိမ္းခ်မ္းေရးအေမြအႏွစ္တစ္ခု ခိုင္ခိုင္မာမာ လက္ဆင့္ကမ္းေဆာင္က်ဥ္းေပးႏိုင္ဖို႔ ဆက္လက္ႀကိဳးပမ္းသြားၾကဖို႔” ကို တိုက္တြန္းခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဒီလိုၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲအတြက္ ရလဒ္ေကာင္းေတြျမင္ေနရေပမယ့္ တျခားျပႆနာေတြ ဆိုးဝါးတဲ့ျပႆနာေတြကေတာ့ ျဖစ္ေနဆဲပါ။ရခိုင္ျပည္နယ္ ေက်ာက္ေတာ္မွာ ၿမိဳ႕နယ္ရဲစခန္းမႉးကို ရဲစခန္းအနီးမွာ ေအေအက လုပ္ႀကံသတ္ျဖတ္ခဲ့တာျဖစ္ခဲ့သလို ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP) ၏ တြဲဖက္အတြင္းေရးမႉး (၁) အပါအဝင္ အဖြဲ႕ဝင္ ၅ ဦးကို ပုဏၰားကြၽန္းၿမိဳ႕နယ္ထဲမွာ ေအေအက ဖမ္းဆီးခဲ့တာေတြလည္း ရွိေနခဲ့ပါတယ္။ဒါ့အျပင္ ယခုက်င္းပမယ့္ ၿငိမ္းခ်မ္းေရးညီလာခံကို ေျမာက္ပိုင္းအဖြဲ႕ေတြ မတက္ေရာက္တာလည္းရွိတယ္ ဆိုတဲ့အတြက္ ၿငိမ္းခ်မ္းေရးညီလာခံနဲ႔ ျမန္မာ့ႏိုင္ငံေရးအေျခအေန ဘယ္လိုရလဒ္ေကာင္းေတြ ျမင္ရဖြယ္ရွိသလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဒီလိုသတင္းေတြအျပင္ တျခားစိတ္ဝင္စားဖြယ္ရာ သတင္းေတြျဖစ္တဲ့ ထပ္တိုးျပစ္ဒဏ္မ်ား ခ်မွတ္ေပးရန္ ကယားေတာင္သူမ်ားႏွင့္ အက်ိဳးေဆာင္သူမ်ားပါဝင္ေသာ စုစုေပါင္း ေဒသခံ ၂၁ ဦးကို တပ္မေတာ္က စြဲဆိုထားသည့္အမႈကို ကယားျပည္နယ္ တရားလႊတ္ေတာ္႐ုံးက ပလပ္ (ပယ္ခ်) လိုက္တဲ့ သတင္း၊ သာသနာကိုညိဳးႏြမ္းေစမႈနဲ႔ သ႐ုပ္ေဆာင္ခ်စ္သုေဝနဲ႔ ဖခင္ျဖစ္သူတို႔အေပၚ ေရွ႕ေနဦးေအးပိုင္ က တရား႐ုံးဦးတိုက္စြဲဆိုထားတဲ့အမႈကို ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက ပယ္ခ်ခဲ့တဲ့သတင္း၊ မဟာဗႏၶဳလပန္းၿခံေရွ႕မွာ က်င္းပျပဳလုပ္ခဲ့တဲ့ ကရင္အာဇာနည္ေန႔အခမ္းအနား ဦးေဆာင္သူႏွစ္ဦးကို ေက်ာက္တံတားၿမိဳ႕မရဲစခန္းက ၿငိမ္းစုစီဥပေဒပုဒ္မ ၂၀ နဲ႔ ဖမ္းဆီး အမႈဖြင့္လွစ္လိုက္တဲ့သတင္း၊ တစ္ႏိုင္ငံလုံးမွာရွိတဲ့ ေနရပ္စြန႔္ခြာစခန္း (IDP Camp) က အိမ္ေထာင္စုေတြကို ေအာက္တိုဘာလထဲ တစ္အိမ္ေထာင္က်ပ္ ၆၅၀၀၀ ႏူန္းနဲ႔ ေထာက္ပံ့ဖို႔ စီစဥ္ေနတဲ့သတင္း၊ မင္းျပားတြင္ လက္နက္ႀကီးက်လို႔ ၁၃ ႏွစ္အ႐ြယ္ ေက်ာင္းသားအပါအဝင္ သုံးဦးဒဏ္ရာရခဲ့တဲ့သတင္း၊ ေတာင္ႀကီးမွာ အခ်ဳပ္ခန္းေဖာက္ၿပီး ထြက္ေျပးခဲ့တဲ့သူကို တ႐ုတ္ႏိုင္ငံမွာ ဖမ္းဆီးရမိခဲ့တဲ့သတင္း၊ ရွမ္းအေရွ႕မွာ ဆုံဆို႔နာေရာဂါျဖင့္ ေသဆုံးသူ ၆ ဦးအထိရွိလာလို႔ ေရာဂါကာကြယ္ေရးလုပ္ငန္းေတြ လုပ္ေနတဲ့သတင္း၊ ကမာ႐ြတ္ ေ႐ႊကြန္းကြန္ဒို အႏုၾကမ္းစီးမႈက်ဴးလြန္သူေတြကို ဖမ္းဆီးရမိခဲ့တဲ့သတင္းေတြလည္း စိတ္ဝင္စားဖြယ္ရာရွိခဲ့တဲ့အေၾကာင္း တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ၾသဂုတ္ - ၁၇