【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ထောင်ဆူပူမှုနှင့် အမျိုးသားရေး အစွန်းရောက်မှု

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ထောင်ဆူပူမှုနှင့် အမျိုးသားရေး အစွန်းရောက်မှု

ယခုတစ်ပတ် သတင်းတွေထဲမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ရတဲ့ သတင်းတွေ ရှိခဲ့ပါတယ်။ထောင်ဆူပူမှု သတင်းတွေ၊ ဘီမန်းလေယာဉ် လမ်းချော်လို့ သုံးပိုင်းကျိုးတဲ့ သတင်းတွေ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လာမည့် မေလ ၁၀ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ တရားဝင် အလုပ်သဘောခရီးစဉ် သွားရောက်မည့် သတင်း၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၇ ဦးကို တပ်မတော်ဘက်မှ ဗိုလ်တထောင်တွင် ထပ်မံအမှုဖွင့်လိုက်တဲ့ သတင်း၊ “ဇွဲ” အငြိမ့်အဖွဲ့က လူရွှင်တော် (၅) ဦးကို အမှုဖွင့် အရေးယူပေးဖို့ နေပြည်တော်တိုင်း စစ်ဌာနချုပ်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားတဲ့ သတင်း၊ ဆေးခြောက်ပင် စိုက်ပျိုးမှုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အဖမ်းခံထားရတဲ့ အမေရိကန် စီးပွားရေးသမား John Fredric Todoroki ကို ချုပ်မိန့် ရမန်တိုးလိုက်တဲ့ သတင်း၊ အစိုးရနှင့် KIO/KIA ၊ TNLA ၊ MNDAA ၊ AA စတဲ့ မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့၏ အပစ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲ မေလလယ်မှာ ပြုလုပ်မယ့် သတင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံခဲ့တဲ့ သတင်းတွေက စိတ်ဝင်စားစရာတွေပါ။

ဒီသတင်းတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက ဦးဝီရသူ ကို တရားစွဲဖို့ သာသနာရေးဝန်ကြီးဌာနဘက်က အမှုတည်ဆောက်နေတဲ့ သတင်းနဲ့ ထောင်ဆူတဲ့ သတင်းတွေပါဘဲ။

တရားစွဲဖို့ အမှုတည်ဆောက်ခံရတဲ့ ဦးဝီရသူ

မေလ ၅ ရက်က ညနေပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ အမျိုးသားရေးလှုပ်ရှားသူဆိုသူတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ ကို ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။အဲ့ဒီပွဲမှာ နာမည်ကြီး အမျိုးသားရေး ဆရာတော်ဖြစ်တဲ့ ဦးဝီရသူ က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်တွင်း ဦးဆောင်ကြိုးပမ်းနေမှုများ၊ ထို ကြိုးပမ်းမှုများကို ထောက်ခံနေသူများကို မေးခွန်းထုတ် ဟောပြောနေစဉ်မှာ ကန့်ကွက်သူအချို့က စင်အောက်ကနေ ဟောပြောသည့် စင်ရှေ့သို့ လာရောက်ပြီး ဦးဝီရသူ ဟောပြောသည့် အကြောင်းအရာများမှာ မှန်ကန်ခြင်းမရှိကြောင်း တန်ပြန်အော်ဟစ်ခဲ့လို့  ဆန္ဒပြရာ၌ ပါဝင်သော အမျိုးသားရေး လှုပ်ရှားသူဟု ဆိုသူများက ဝိုင်းဝန်းထိုးကြိတ်ခဲ့ပါတယ်။အဲ့ဒီနေ့က ဆန္ဒပြပွဲမှာ  ဆရာတော် ဦးဝီရသူ၊ ဦးလှဆွေ၊ ကိုဝင်းကိုကိုလတ် နှင့် ဦးအောင်ကျော်ဆန်း တို့က ဟောပြောခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တွေနဲ့ ဓာတ်ပုံတွေမှာ အဆိုပါကန့်ကွက်သူနှစ်ဦးနဲ့ ဝင်ဟန့်တားသူ ၃ ဦးကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်စဉ် လမ်းတစ်လျှောက်မှာ ဆန္ဒပြရာမှာ ပါဝင်တဲ့ အမျိုးသားရေးလှုပ်ရှားသူလို့ ဆိုသူတွေက  လိုက်လံထိုးကြိတ်ခဲ့တဲ့ ပုံတွေ တက်လာခဲ့ပါတယ်။ဒါ့အပြင် သတင်းမီဒီယာတွေကိုလည်း ရန်မှုခဲ့တဲ့အပြင် ညစ်ညမ်းစွာဆဲဆိုတဲ့အပြင် ရန်စခြင်းများ လုပ်ခဲ့ပါတယ်။

အဆိုပါဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဝေဖန်မှုများစွာ ထွက်ပေါ်လာသလို ပြီးခဲ့တဲ့လက တောင်ဥက္ကလာမှာ ပြုလုပ်တဲ့  အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲကို ဝင်နှောင့်ယှက်တဲ့ အမျိုးသားရေးလှုပ်ရှားသူတွေ ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ဝေဖန်မှုတွေ တက်လာခဲ့ပါတယ်။အများပြည်သူကြား ဘယ်သူတွေက ဘယ်သူဘက်မှာဆိုတာနဲ့ ဘယ်သူက နေရာတကာပါနေလဲ၊ လိုက်ဖွနေလဲဆိုတာ ဒီဖြစ်ရပ်တွေမှာ ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရပါတယ်။အဆိုပါပွဲမှာ အဓိက ဟောပြောခဲ့တဲ့ ဦးဝီရသူ ကို  သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနဘက်ကလည်း ဧပြီ ၂၉ ရက်တွင် မြိတ်မြို့၌ ပြုလုပ်သော အခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ်ချက်ဆိုင်ရာ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ရည်ညွှန်းပြီး ဟောပြောချက်တွေနဲ့ ပက်သက်လို့ တရားစွဲရန် အမှုတည်ဆောက်နေတာ ရှိပါတယ်။
ဒီလိုတရားစွဲဖို သာသနာညှိုးနွမ်းစေမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေနဲ့ အရေးယူပေးဖို့ ဆရာတော်ကြီးများနှင့် ဥပဒေကျွမ်းကျင်သူအချို့ က တောင်းဆိုထားခဲ့တာပါ။

အဆိုပါ မြိတ်ပွဲမှာ ဆရာတော် ဦးဝီရသူ ဟောခဲ့တဲ့ ဟောပြောချက် ဗီဒီယိုဖိုင်က လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရည်ညွှန်းတဲ့ ‘‘မိတ်ကပ်လေးလိမ်းဖို့လောက်တတ်၊ ဖက်ရှင်လေးဝတ်ဖို့လောက်တတ်၊ ဒေါက်မြင့်လေးနဲ့ ကော့ကော့လျှောက်သွားဖို့လောက်တတ်၊ ဒီကြားထဲ နိုင်ငံခြားသားတွေတွေ့ရင်...ကယမ်းချင်သေးတယ်။ဒီလောက်သရမ်းနေတဲ့ ဟာကြီးကို သမ္မတတင်ချင်သေးတယ်။သေရောပေါ့ဗျာ ကျုပ်တို့နိုင်ငံ။ဗိုလ်ချုပ်ပြောတဲ့နိုင်ငံ သေချာပေါက်’’ ဆိုတဲ့ ဟောပြောချက်က ဝိနည်းလိုက်နာ ကိုးကွယ်တဲ့ သံယောတော်တွေ ထေရ်ကြီးဝါကြီးတွေအတွက် လက်မခံချင်စရာဖြစ်သလို ပြည်သူတွေအတွက်လည်း မကျေနပ်စရာ စိတ်ကွက်စရာ ဖြစ်ခဲ့ပါတယ်။

ဒီအတွက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြင်ပသတင်းစာတစ်စောင်ဖြစ်တဲ့ 7Day Daily သတင်းစာကို ‘‘ဦးဝီရသူ နဲ့ ပတ်သက်လို့ တရားစွဲဖို့အတွက်ကို အမှုတည်ဆောက်နေပါတယ်။လောလောဆယ်တော့ အဲဒီလောက်ပဲပြောလို့ ရပါတယ်။အမှုတည်ဆောက်နေပါတယ် ကျွန်တော်တို့။ခိုင်လုံသထက် ခိုင်လုံအောင် အမှုတည်ဆောက်နေပါတယ်’’ လို့ မေ ၆ ရက် က ပြောခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ မေလ ၇ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ပြုလုပ်သော အခမ်းအနားမှာ မတူညီသည့် ဘာသာဝင်များအကြား အပြန်အလှန် နားလည်မှု၊ လေးစားယုံကြည်မှုဖြင့် ငြိမ်းချမ်းလုံခြုံ သာယာသော လူ့ဘောင်ဘဝ တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ပြောခဲ့သလို ‘‘ဘာသာတရားရဲ့ သွန်သင်ဆုံးမမှုများက လူသားတို့၏ စိတ်နှလုံးကို ရင့်ကျက်သိမ်မွေ့စေပြီး ငြိမ်းအေးမှုကို ပေးစွမ်းနိုင်ပါတယ်’’ လို့ အဖွင့်မိန့်ခွန်းထဲ ပြောခဲ့ပါတယ်။

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းတွေ အရှိန်ရလာတာနဲ့အမျှ အမျိုးသားရေး အမည်ခံတွေဘက်က လှုပ်ရှားမှုတွေ တိုးမြင့်လာဖွယ်ရှိလာနိုင်သလို ပြည်တွင်းမှာ ပဋိပက္ခတွေ ပိုမိုမြင်တွေ့လာနိုင်ဖို့ရှိတာမို့ ဘာတွေဖြစ်လာဦးမလဲ၊ ဘယ်သူတွေ အရှိန်လွန်ပြီး ထိန်းသိမ်းခံရဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ဒီထဲမှာ သာသနာရေးဝန်ကြီးဌာနဘက်က တရားစွဲဖို့ အမှုတည်ဆောက်ခံရတဲ့ ဦးဝီရသူ ဘက်က ဘာတွေပြင်ဆင်လာဦးမလဲ၊ ဘယ်လိုတုံ့ပြန်လာဦးမလဲ၊ ဦးဝီရသူ ကို ထောက်ခံတဲ့ အင်အားတွေက မေ ၆ ရက် နောက်ပိုင်း ဘာတွေလုပ်လာဦးမလဲဆိုတာ စောင်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဆူမှု

မြန်မာနှစ်ဆန်းတစ်ရက်ကစပြီး အကျဉ်းသားတွေကို သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ မေ ၇ ရက်အထိ သုံးကြိမ်ပြန်လွှတ်ခဲ့ရာမှာ စုစုပေါင်း အကျဉ်းသားပေါင်း ၂၃၀ဝ၀ ကျော် ရှိခဲ့ပါတယ်။ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တွေမှာ ထင်ရှားသူတွေ၊ နိုင်ငံရေးနဲ့ အနုပညာနယ်က မူးယစ်ဆေးဝါးနဲ့ ဝင်နေရတဲ့သူတွေ ပြန်မပါလာခဲ့တဲ့အတွက်  ဝေဖန်သံတွေ ထွက်ပေါ်ခဲ့သမျှ တတိယအကြိမ်မှာ တိတ်ဆိတ်ခဲ့ပါတယ်။

မေ ၇ ရက်က ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ စာရင်းမှာ အင်းဒင်လူသတ်မှုကို ဖော်ထုတ်ခဲ့တဲ့ ရိုက်တာသတင်းထောက်နှစ်ဦး ပါခဲ့သလို အနုပညာနယ်က မိုးအောင်ရင် လို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူတွေလည်း ပါဝင်ခဲ့ပါတယ်။တတိယအကြိမ် လွှတ်ပေးရာမှာ ANP ပါတီက ဦးအေးမောင် နဲ့ စာရေးဆရာ ဝေဟင်အောင် ပါလာမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ထွက်လာတဲ့ စာရင်းအပြီးသတ်ထိ ပါဝင်လာခဲ့တာ မရှိပါဘူး။ရိုက်တာသတင်းထောက်နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ကြိုဆိုခဲ့ကြပါတယ်။

ယခုလွှတ်ပေးခဲ့တဲ့သုံးခေါက်စလုံးမှာ မူးယစ်ဆေးဝါးသုံးစွဲသူ အများစုပါလာခဲ့တဲ့အတွက် ထောင်ထဲမှာ အများစုဖြစ်တဲ့ မူးယစ်ဆေးဝါးမှုနဲ့ ကျခံနေရတဲ့သူတွေအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။စိတ်ကြွမူးယစ်ဆေးဝါးကို တရားဝင်နီးပါးမျှ သုံးလို့ရခဲ့တဲ့ အချိန်ကာလတစ်ခု ရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ အကျဉ်းသားတွေထဲမှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ အကျဉ်းသား အမျိုးအစားက အများဆုံးပါဘဲ။

ဒါကြောင့်လည်း နောက်ဆုံးအသုတ် မေ ၇ ရက် လွတ်ငြိမ်းချမ်းသာခွင့်မှာ မပါခဲ့တဲ့ ထောင်ကျတွေက မိုးအောင်ရင် လို မူးယစ်ဆေးဝါးအမှုနဲ့ လွတ်ခွင့်ရခဲ့တဲ့အတွက် ထောင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါနိုင်ဖို့ တန်းတူရည်တူရဖို့ဆိုပြီး တောင်းဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။ဒါ့အပြင် တခြားသော လှုံ့ဆော်မှုတွေကြောင့်လည်း ထောင်ဆူပူမှုတွေ ဘားအံ၊ ကလေး၊ ရွှေဘို၊ မြစ်ကြီးနား၊ ပုသိမ်၊ သာယာဝတီ စတဲ့ ထောင်ခုနှစ်ခုမှာ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။မေလ ၇ရက် ည ၉ နာရီအချိန်ခန့်က ဘားအံ (တောင်ကလေး) အကျဉ်းထောင်အတွင်းမှာ နှစ်ကြီးအကျဉ်းသားတွေက ထောင်ဆူပူမှုဖြစ်အောင် လုပ်ခဲ့သလို မေ ၈ ရက် မွန်းတည့်ချိန်မှာ ထောင်ကျအကျဉ်းသားတွေက အကျဉ်းသားအခွင့်အရေးဆိုင်ရာ ကြွေးကြော်သံတွေ ဆူပူအော်ဟစ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။မေ ၈ ရက်မှာ ကလေး မြို့မော်လိုက် အကျဉ်းထောင်က အကျဉ်းသားတွေ ဆူပှုအုံကြွခဲ့ကြသလို ရွှေဘိုအကျဉ်းထောင်မှာလည်း မေလ ၈ ရက် ညနေ ၅ နာရီခန့်မှ စတင်ပြီး ထောင်သားများ ဆူပူမှုဖြစ်ပွားလာကာ အမျိုးသမီး အကျဉ်းသူများကပါ ဆူပူမှုများ လုပ်ဆောင်လာပြီး ထိန်းရခက်တဲ့ အခြေအနေမျိုးဖြစ်လာလို့ ထောင်အာဏာပိုင်တွေဘက်က သေနတ်ပစ်ဖောက် တားမြစ်မှုတွေ လုပ်ဆောင်ခဲ့ရကာ ရွှေဘိုထောင်မှာ အကျဉ်းသား ၄ ဦး သေဆုံးခဲ့ရတဲ့အထိ အသေအပျောက်လည်း ရှိခဲ့ပါတယ်။
ထူးခြားတာက ထောင်တွေ ဆက်တိုက်ဆူပူတာတွေနဲ့ တခြားပစ္စည်းတွေ တင်သွင်းခွင့်မရတဲ့ ထောင်ထဲကနေ ထောင်ဆူပူတာကို live လွှင့်တဲ့အထိ ထောင်တွင်းလုံခြုံရေး အခြေအနေက ဆိုးရွားခဲ့ပါတယ်။

ထောင်ဆူပူမှုကို ယခင်ခေတ်တွေက ကြမ်းကြမ်းတမ်းတမ်း နှိမ်နှင်းခဲ့ပေမယ့် ဒီမိုကရေစီ အရပ်သားအစိုးရ လက်ထက်မှာ သက်ဆိုင်ရာ ပြည်နယ်အဆင့် အာဏာပိုင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက ထောင်ထဲထိ ဝင်ကာညှိနိုင်းပေမယ့် ပြေလည်မှုမရခဲ့တာ နည်းပါတယ်။ဒီလိုအပြင် ထောင်သားတွေက ပြစ်မှုကျုူးလွန်တာ ဖြစ်တဲ့အတွက် ဆန္ဒပြတိုင်းသာ ထောင်သားတွေကို လွှတ်ပေးရမယ်ဆိုရင် တရားစီရင်ရေးမဏ္ဍိုင်ကို ဆိုးဆိုးရွားရွား ထိခိုက်သွားမှာ ဖြစ်ပါတယ်။မေ ၉ ရက် ညနေပိုင်းမှာ အကျဉ်းထောင် ဆူပူမှုတွေမှာ ချိတ်ဆက်မှုနဲ့ သွေးထိုးလှုံ့ဆော်မှုတွေရှိနေပြီး အဖြစ်မှန်ပေါ်ပေါက်ရေး ထိရောက်စွာ စုံစမ်းဖော်ထုတ်မယ်လို့ သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုထုတ်ပြန်ချက်ထုတ်ပြီး နောက်ပိုင်း တခြားထောင်တွေပါ ဆူပူဖို့ ကြားနေရတဲ့အသံတွေ တိတ်သွားခဲ့သလို အွန်လိုင်းနဲ့ ကာတွန်းတွေမှာ ဒီလိုထောင်ဆူပူမှုနဲ့ ပက်သက်ပြီး သရော်တဲ့၊ ဝေဖန်တဲ့၊ လှောင်ပြောင်တဲ့ စာတွေ ကာတွန်းတွေ၊ စတေးတပ်စ်တွေ ပလူပျံခဲ့ပါတယ်။

ရွှေဘိုထောင်ထဲကနေ Live လွှင့်ခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ထောင်ဘက်က အဆိုပါဖုန်းမှာ ထောင်ဝန်ထမ်းတစ်ဦးက အကျဉ်းသားကို နားလည်မှုနဲ့ ရောင်းချထားတယ်လို့ ထောင်အာဏာပိုင်တွေဘက်က ပြောခဲ့ပါတယ်။

ယခုလို ထူးထူးခြားခြား ထောင်လေးထောင် ဆက်တိုက်ဆူပှုမှု ဖြစ်ရတဲ့နောက်မှာ ဘယ်လို မူဝါဒမှားယွင်းမှုတွေရှိသလဲ၊ စီမံမှုမှားယွင်းတာတွေရှိသလဲ၊ အုပ်ချုပ်မှုပျက်ပြားရတဲ့အထိ နောက်ကွယ်မှာ ဘာတွေဖြစ်နေလဲ၊ ဘာဆက်နွယ်မှုတွေရှိလဲ၊ အာဏာပိုင်တွေဘက်က လူသားဆန်မှုက ထောင်ဆူမယ့်သူတွေအတွက် အခွင့်အရေးဖြစ်စေမလားဆိုတာ သတင်းတွေထဲ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီလို စိတ်ဝင်စားဖွယ်ရာ သတင်းတွေအပြင် ယခုရက်သတ္တပတ်ထဲမှာ သင်္ဃန်းကျွန်း စံပြဆေးရုံ သားဖွားဆောင် ဒုတိယထပ်ဝရန်တာမှ တွယ်ဆင်းသည့်  အရက်သောက်ထားသူ ပြုတ်ကျသေဆုံးခဲ့တဲ့ သတင်း၊ ဖားကန့်မှာတောင် ကမ်းပါးယံပြိုကျမှု ထပ်မံဖြစ်ပွားလို့ ကျောက်တူးနေသူနှစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့တဲ့ သတင်း၊ ထိုင်းဘုရင်သစ် နန်းတက်ပွဲ အထိမ်းအမှတ် အကျဉ်းသားလွတ်ခွင့်ထဲ လိပ်ကျွန်း လူသတ်မှု၊ ရနောင်း လူသတ်မှုနဲ့  သေဒဏ်ကျခံနေရတဲ့ မြန်မာလုပ်သားတွေ မပါဝင်တဲ့ သတင်း၊ အဂတိလိုက်စားမှုနဲ့ တရားစွဲခံထားရတဲ့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နဲ့ ညွှန်ကြားရေးမှူး အဆင့်ရှိတဲ့ အရာရှိ ၅ ဦးကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က အမှုလက်ခံလိုက်တဲ့ သတင်း၊ တောင်ကြီး လေးလောင်းပြိုင် လူသတ်မှု တရားခံ အိုက်အုန်း (ခ) တင်အုန်း သူသတ်ခဲ့တဲ့သူတွေ ရက်လည်တဲ့နေ့မှာ ရုတ်တရက်ကွယ်လွန်တဲ့ သတင်း၊ မကွေးတိုင်း အောင်လံမှာ မွေးကင်းစ ကလေးငယ်တစ်ဦး ဧရာဝတီမြစ်ထဲ ညဘက်စွန့်ပစ်ခံရတာကို ရေလုပ်သားတွေ အချိန်မီကယ်ဆယ်နိုင်ခဲ့တဲ့ သတင်း၊ မုံရွာမှာ လူသေအလောင်း နှစ်လောင်းကို ကားတစ်စီးပေါ်နဲ့ ရေမြောင်းထဲမှာ နှစ်ရက်အတွင်း တွေ့ခဲ့တဲ့ သတင်း၊ ပဲခူးတိုင်း ညောင်သုံးပင်ကျေးရွာအနီးမှာ အမြန်ရထားနဲ့ သစ်တင်ကား တိုက်မိလို့ နှစ်ဦးဒဏ်ရာရခဲ့တဲ့ သတင်း၊ Wave Money ကုမ္ပဏီ အရောင်းဝန်ထမ်းက ကျပ်သိန်း ၃၀၀ ကျော် အလွဲသုံးစားလုပ် ထွက်ပြေးလို့ အမှုဖွင့်တိုင်ကြားထားတဲ့ သတင်းမျိုးတွေလည်း ယခုတစ်ပတ်ထဲမှာ ဖြစ်ခဲ့ပါတယ်။

လျှပ်စစ်မနိုင်တဲ့ စမတ်ရန်ကုန်နဲ့ မိုးပျံရထားလမ်း

ယခုရက်သတ္တပတ်ထဲ အလှုပ်ခတ်ဆုံးဖြစ်တဲ့ သတင်းတွေထဲမှာ လျှပ်စစ်မီးပျက်တဲ့ သတင်းနဲ့ မိုးပျံ ရထားလမ်းသတင်းတွေပါဘဲ။မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်အပါအဝင်မြန်မာ နိုင်ငံမြို့ ကြီး တွေမှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုမလုံလောက်တဲ့ အတွက် ပြတ်တောက်မှုတွေဖြစ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ ညံခဲ့ပါတယ်။

နေ့အပူချိန်စံချိန်တင်တိုးတက်လာမှုနဲ့ အတူ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကလည်း ရုတ်ချည်းတိုးတက်လာ ခဲ့ပါတယ်။ဒီလိုဓာတ်အားသုံးစွဲမှုတိုးတက်လာချိန်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ ရေလှောင်တမံတွေက ရေ ပမာဏက အပူချိန်ကြောင့် လျော့ကျခဲ့သလို သဘာဝာတ်ငွေသုံးစက်တွေဘက်က တိုးတက်ထုတ်လုပ်ဖို့ရာ ပြဿနာ ရှိခဲ့ပုံရပါတယ်။ ဒါကြောင့် ရာသီဥတုပူပြင်းချိန်မှာ လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုတွေကို အာဏာ ပိုင်တွေက လုပ်ဆောင်လာခဲ့တဲ့ အခါ ဝေဖန်မှုတွေ ဆူညံလာခဲ့ပါတယ်။

အရပ်သားအစိုးရစတင်တာဝန်ယူစဉ်က တာဝန်ရှိသူတစ်ဦးက လျှပ်စစ်ဓာတ်အားနဲ့ပက်သက်ပြီး အ လွန်အကျွံတာဝန်ခံပြောကြားခဲ့မှုက ယခုလိုမနိုင်ဝန်ဖြစ်ကာ တစ်ရက်ကို ၆ နာရီထိ ဖြတ်ချရတဲ့ လျှပ်စစ်ဓာတ် အားအခြေအနေကြောင့် ပြောစရာဆိုစရာရှိလာခဲ့ပါတယ်။ ဒီလို တစ်ရက် ၆ နာရီ ဖြတ်တောက်မှုမတိုင်ခင် ဧပြီ ၂၉ ရက်က ပြည်သူလွှတ်တော် အစည်းအဝေး၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာထွန်းနိုင် က လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေလိုပါက ဝန်ကြီးဌာနက နှစ်စဉ်တင်ပြတောင်းခံတဲ့ ဘတ် ဂျက်များကို ဖြတ်တောက်မှု မပြုလုပ်ဘဲ ခွင့်ပြုပေးရန် လိုကြောင်းနဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပြတ်တောက် သွားတဲ့ အခါ စင်ကာပူ၊ အမေရိကန်နိုင်ငံတွေလို မကြာဘဲ နာရီပိုင်းနဲ့  ပြန်ရရှိကြောင်း ဖြေကြားသွားခဲ့ တာ လည်း ရှိခဲ့ပါတယ်။

လျှပ်စစ်နဲ့ပက်သက်ပြီး ပြည်သူတွေ မျှော်လင့် ထားမှုတွေက အများကြီးပါဘဲ။ဒါပေမယ့် ရန်ကုန်လို နေ ရာမှာတောင် လျှပ်စစ်ရရှိမှုက အလှည့်ကျဖြစ်နေရတဲ့ အထိ ယခုနှစ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုပြဿနာက အခြေအနေဆိုးပါတယ်။ မတ် ၉ ရက်နေ့က မကွေးတိုင်းဒေသကြီးထဲ ဒေသခံတွေနဲ့တွေဆုံဖို့ သွားရောက်တဲ့ နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံက မကွေးတိုင်းခန်းမမှာ ပြည်သူနဲ့ တွေ့ဆုံရာမှာ “ဒီနှစ် မကုန်ခင်မှာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးလိုအပ်ချက် ၅ဝ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးလို့ ရတော့မယ်လို့ ကျွန်မ တို့ မှန်းဆထားတယ်။ နောက် နှစ်နှစ် သုံးနှစ်အတွင်းမှာ အပြည့်အဝရရှိဖို့အတွက် ကြိုးစားသွားရမှာပါ “လို့ ပြောခဲ့ပါတယ်။

မေ ၉ ရက်မှာဘဲ ပြုလုပ်တဲ့ တစ်နှစ်တာအတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ မီတာခ နှုန်းထားများပြောင်းလဲကောက်ခံရန်တင်ပြထားမှုကို နိုင်ငံတော် အကြီးအကဲများက မူအရလက်ခံထားပြီး ယခုအစိုးရသက်တမ်းအတွင်း ဆောင်ရွက်မှာလို့ လျှပ် စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက အဲဒီသတင်းစာရှင်းလင်းပွဲမှာ  ပြောခဲ့ပါတယ်။

အရပ်သားအစိုးရအနေနဲ့ ရည်ရွယ်ချက်တွေ အများကြီး ပြောခဲ့တာရှိပေမယ့် အခြေခံကျတဲ့ လျှပ်စစ်မီး လို ကိစ္စမှာ ယနေ့ထိပြေလည်အောင် မဖြေရှင်းနိုင်သေးတဲ့ အတွက် ဒီပြဿနာဟာ ရေရှည်မှာ ကြုံတွေ့ လာရမယ့် ခက်ခဲတဲ့ ပြဿနာတစ်ခုဖြစ်လာမှာပါ။ အရပ်သားအစိုးရအနေနဲ့ တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတဲ့ လျှပ်စစ်ပြဿနာ ကို ဘယ်လိုပြေလည်အောင်ဖြေရှင်းမလဲ၊ မီတာခတွေတိုးလာရင်ရော  မလိုအပ်ဘဲသုံးတဲ့ လျှပ်စစ်ဓာတ်အား တွေလျော့ကျသွားမလား၊ဒါမှမဟုတ် မီတာခတိုးသလောက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို ဝန်ကြီးဌာနဘက် က ထုတ်လုပ်ပေးနိုင်ပါ့မလား၊ ဝန်ကြီးဌာနကတောင်းတဲ့ ဘတ်ဂျက်ကို တောင်းသမျှ မဖြတ်တောက်ဘဲ ချပေး ရင် ယခုလို ပြဿနာတွေ မကြုံဘဲ ဘာတွေဆက်ဖြစ်လာနိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ။

လျှပ်စစ်သတင်းလိုဘဲ နောက်ထပ်အများစုစိတ်ဝင်စားတဲ့ သတင်းက မြန်မာနိုင်ငံမှာ မရှိဘူးတဲ့ မိုးပျံ ရထားလမ်းစီမံကိန်းစတော့မယ် ဆိုတဲ့ သတင်းပါဘဲ။ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မေလ ၃ ရက်မှာ သတင်းစာတွေကနေ  ရန်ကုန်မိုးပျံရထားလမ်း(YUMRT)တည်ဆောက်ရန် လှိုင်သာယာ-ပါရမီ လမ်းပိုင်း၌ မြေသိမ်းဆည်းမည့်လုပ်ငန်း ဆောင်ရွက် မည်ဖြစ်ကြောင်း လအမိန့်ကြေညာစာထုတ်ပြန်ခဲ့လို့ မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့ မိုးပျံရထားလမ်းကိစ္စက အများစုကြား အာရုံစိုက်စရာဖြစ်လာခဲ့ပါတယ်။

ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်မှာ ပထမပိုင်းအဆင့်စတင်ပြီး ၂၀၃၅မှာ စီမံကိန်းတစ်ခုလုံး ပြီးဆုံး မယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းအတွက် ၂၀၁၂ ကတည်းက JICA က အသေးစိတ်လေ့လာခဲ့ရာမှာ ယခုနှစ် ကုန်မှာ ပြီးမှာဖြစ်လို့ မြေသိမ်းဆည်းမှုအတွက် ထုတ်ပြန်ကြေညာခဲ့တာလို့ ဆိုပါတယ်။မြေသိမ်းမယ့် ဧရိယာ ထဲပါတဲ့  လှိုင်သာယာဘူတာထဲက မြေ ၅၄ ဧကကျော်၊ ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက် ရထားလမ်း အလယ် မျဉ်းမှ ဘေးတစ်ဖက်တစ်ချက်ဆီသို့ ၁၄ မီတာခွဲ(၄၇ပေခွဲ)၊ ပါရမီလမ်းဘေးတစ်ဖက်စီတွင် ၁၁ မီတာ (၃၆ ပေ) ပါဝင်မည်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီမြေပိုင်ရှင်တွေအနေနဲ့ လက်ရှိဆောက်လုပ်ထားတဲ့ မြေနေရာတွေက အဆောက်အဦးနဲ့ပိုင်ဆိုင်မှုတွေကို မေ ၆ ရက်နောက်ပိုင်းပြင်ဆင်မယ်ဆိုရင် မြေယာ လျော်ကြေး၊ ပြန်လည် နေရာချထားရေးနှင့် ကရုဏာ ကြေးရမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်မှာ စတင်မယ့် စီမံကိန်းကြီးတွေထဲမှာ တစ်ခုမှ ဖြစ်လာတာကို မတွေ့ရသေးတဲ့ ယခုစီမံကိန်း အပေါ် အများစုအနေနဲ့ ဖြစ်မြောက်လာပါမလားဆိုတာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒလတံတား၊ရန်ကုန်မြို့ သစ် စီမံကိန်းတွေလို ငွေကြေးပမာဏများစွာကုန်ကျမယ့် ဒီစီမံကိန်းအတွက်JICAဘက်က အိုဒီအေ ချေးငွေနဲ့ ဆောင် ရွက်မှာ ဖြစ်တဲ့ အတွက် လာမယ့် ဆယ်ငါးနှစ်အတွင်း ရုပ်လုံးပေါ်မပေါ်ဆိုတာကို စောင့်ကြည့်ရဦး မှာဖြစ်ပါတယ်။

ဒီသတင်းတွေက ရန်ကုန်မြို့တွင်း မီးပွိုင့် ၁၅၁ ခုကို ဗဟိုထိန်းချုပ်ရေးစင် တာမှ ထိန်းချုပ်၍ စမ်းသပ် လည် ပတ်ရာမှာ လျှပ်စစ်မီးပြတ်တောက်လို့  ယာဉ်ကြောပိတ်ဆို့မှု တချို့နေရာတွေမှာ ပိုဆိုးသွားတဲ့ သတင်း၊ တပ်မတော်၏ မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်ပိုင်ဆိုင်တဲ့ မြေ ၅၄ ဧကမှာ အိန္ဒိယကုမ္ပဏီ Adaniက ဆိပ်ကမ်းတည်ဆောက်ခွင့်ရသွားတဲ့ သတင်း၊  ဇလုံတောင်မှာ ကားဝင်းနှင့် အနားယူအပန်းဖြေ စခန်းလာ ဆောက်နေတဲ့ ပုဂ္ဂလိက ကုမ္ပဏီကို ဒေသခံများက ဆန္ဒပြခဲ့တဲ့ သတင်း၊ ကာစီနိုရုံ တည်ထောင် ဖွင့်လှစ် ခွင့်ပါဝင်တဲ့ လောင်းကစားဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်ကအတည်ပြုလိုက်တဲ့ သတင်း၊ သြစတေးလျအခြေစိုက် Myanmar Metals ကုမ္ပဏီက နမ္မတူ-ဘော်တွင်းကနေ ခဲနဲ့ ငွေသတ္ထုတွေကို ၂ဝ၂၁ ခုနှစ်မှာ စတင်ထုတ်လုပ်တော့မဲ့ သတင်း၊  နိုင်ငံခြားရေး ဝန်ကြီးဌာနကမြန်မာခရီးသွားတွေ ဗြိတိန်အပါအဝင် ဥရောပနိုင်ငံတွေကို သွားရင် ခါးပိုက်နှိုက်ခံရခြင်းနှင့်အခိုးခံရတာကို ဂရုစိုက်ဖို့ သတိပေးလိုက်တဲ့ သတင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အနေဖြင့် NCAလက်မှတ်ရေးထိုး နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်ဆိုတဲ့ သတင်း၊  ကြံခိုင်မှု စိတ်မချရတဲ့ အမြင့်ပေ ၂,၀၀၀ ကျော်မှာ မှန်ချပ်ခင်းထားတဲ့ ဇွဲကပင်တောင်ဘုရား တိုးချဲ့ရင်ပြ ဖွင့်လှစ်လိုက်တဲ့ သတင်း၊လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံ အတွင်း စိုက်ထူထားသော ဗိုလ် ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် တုကို အခြားတစ်နေရာသို့ ပြောင်း ရွှေ့ရန် ပြည်နယ်အစိုးရအဖွဲ့နှင့် သပိတ် ကော်မတီအကြား သဘောတူညီမှုရရှိခဲ့တဲ့ သတင်းတွေ ယခုတစ်ပတ်ထဲ ဖြစ်ခဲ့တယ်ဆိုတာတင်ပြရင်း ယခုတစ်ပတ်သတင်းသုံးသပ်ချက်ကိုဒီမှာဘဲရပ်လိုက်ချင်ပါ တယ်။

မာလင်း
မေ - ၁၀

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲမွာ လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့ရတဲ့ သတင္းေတြ ရွိခဲ့ပါတယ္။ေထာင္ဆူပူမႈ သတင္းေတြ၊ ဘီမန္းေလယာဥ္ လမ္းေခ်ာ္လို႔ သုံးပိုင္းက်ိဳးတဲ့ သတင္းေတြ၊ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ လာမည့္ ေမလ ၁၀ ရက္တြင္ ဗီယက္နမ္ႏိုင္ငံသို႔ တရားဝင္ အလုပ္သေဘာခရီးစဥ္ သြားေရာက္မည့္ သတင္း၊ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ ၇ ဦးကို တပ္မေတာ္ဘက္မွ ဗိုလ္တေထာင္တြင္ ထပ္မံအမႈဖြင့္လိုက္တဲ့ သတင္း၊ “ဇြဲ” အၿငိမ့္အဖြဲ႕က လူ႐ႊင္ေတာ္ (၅) ဦးကို အမႈဖြင့္ အေရးယူေပးဖို႔ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္က ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္ တရား႐ုံးကို ဦးတိုက္ေလွ်ာက္ထားတဲ့ သတင္း၊ ေဆးေျခာက္ပင္ စိုက္ပ်ိဳးမႈနဲ႔ ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက အဖမ္းခံထားရတဲ့ အေမရိကန္ စီးပြားေရးသမား John Fredric Todoroki ကို ခ်ဳပ္မိန႔္ ရမန္တိုးလိုက္တဲ့ သတင္း၊ အစိုးရႏွင့္ KIO/KIA ၊ TNLA ၊ MNDAA ၊ AA စတဲ့ ေျမာက္ပိုင္းလက္နက္ကိုင္ ေလးဖြဲ႕၏ အပစ္ရပ္စဲေရးဆိုင္ရာ ေဆြးေႏြးပြဲ ေမလလယ္မွာ ျပဳလုပ္မယ့္ သတင္း၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အေမရိကန္ ဒု-ႏိုင္ငံျခားေရးဝန္ႀကီးကို လက္ခံေတြ႕ဆုံခဲ့တဲ့ သတင္းေတြက စိတ္ဝင္စားစရာေတြပါ။

ဒီသတင္းေတြထဲမွာ စိတ္ဝင္စားစရာ အေကာင္းဆုံးက ဦးဝီရသူ ကို တရားစြဲဖို႔ သာသနာေရးဝန္ႀကီးဌာနဘက္က အမႈတည္ေဆာက္ေနတဲ့ သတင္းနဲ႔ ေထာင္ဆူတဲ့ သတင္းေတြပါဘဲ။

တရားစြဲဖို႔ အမႈတည္ေဆာက္ခံရတဲ့ ဦးဝီရသူ

ေမလ ၅ ရက္က ညေနပိုင္းက ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံေရွ႕မွာ အမ်ိဳးသားေရးလႈပ္ရွားသူဆိုသူေတြက ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒပါ ပုဒ္မ ၅၉ ကို ကာကြယ္ေစာင့္ေရွာက္ေရးႏွင့္ ပုဒ္မ ၂၆၁ ျပင္ဆင္ေရးဆိုၿပီး ဆႏၵျပခဲ့ၾကပါတယ္။အဲ့ဒီပြဲမွာ နာမည္ႀကီး အမ်ိဳးသားေရး ဆရာေတာ္ျဖစ္တဲ့ ဦးဝီရသူ က ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ရန္ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက လႊတ္ေတာ္တြင္း ဦးေဆာင္ႀကိဳးပမ္းေနမႈမ်ား၊ ထို ႀကိဳးပမ္းမႈမ်ားကို ေထာက္ခံေနသူမ်ားကို ေမးခြန္းထုတ္ ေဟာေျပာေနစဥ္မွာ ကန႔္ကြက္သူအခ်ိဳ႕က စင္ေအာက္ကေန ေဟာေျပာသည့္ စင္ေရွ႕သို႔ လာေရာက္ၿပီး ဦးဝီရသူ ေဟာေျပာသည့္ အေၾကာင္းအရာမ်ားမွာ မွန္ကန္ျခင္းမရွိေၾကာင္း တန္ျပန္ေအာ္ဟစ္ခဲ့လို႔  ဆႏၵျပရာ၌ ပါဝင္ေသာ အမ်ိဳးသားေရး လႈပ္ရွားသူဟု ဆိုသူမ်ားက ဝိုင္းဝန္းထိုးႀကိတ္ခဲ့ပါတယ္။အဲ့ဒီေန႔က ဆႏၵျပပြဲမွာ  ဆရာေတာ္ ဦးဝီရသူ၊ ဦးလွေဆြ၊ ကိုဝင္းကိုကိုလတ္ ႏွင့္ ဦးေအာင္ေက်ာ္ဆန္း တို႔က ေဟာေျပာခဲ့ပါတယ္။

ထြက္ေပၚလာတဲ့ ဗီဒီယိုဖိုင္ေတြနဲ႔ ဓာတ္ပုံေတြမွာ အဆိုပါကန႔္ကြက္သူႏွစ္ဦးနဲ႔ ဝင္ဟန႔္တားသူ ၃ ဦးကို ရဲစခန္းသို႔ ဖမ္းဆီးေခၚေဆာင္စဥ္ လမ္းတစ္ေလွ်ာက္မွာ ဆႏၵျပရာမွာ ပါဝင္တဲ့ အမ်ိဳးသားေရးလႈပ္ရွားသူလို႔ ဆိုသူေတြက  လိုက္လံထိုးႀကိတ္ခဲ့တဲ့ ပုံေတြ တက္လာခဲ့ပါတယ္။ဒါ့အျပင္ သတင္းမီဒီယာေတြကိုလည္း ရန္မႈခဲ့တဲ့အျပင္ ညစ္ညမ္းစြာဆဲဆိုတဲ့အျပင္ ရန္စျခင္းမ်ား လုပ္ခဲ့ပါတယ္။

အဆိုပါဆႏၵျပပြဲနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈမ်ားစြာ ထြက္ေပၚလာသလို ၿပီးခဲ့တဲ့လက ေတာင္ဥကၠလာမွာ ျပဳလုပ္တဲ့  အေျခခံဥပေဒ ျပင္ဆင္ေရး ေထာက္ခံပြဲကို ဝင္ေႏွာင့္ယွက္တဲ့ အမ်ိဳးသားေရးလႈပ္ရွားသူေတြ ျဖစ္ရပ္နဲ႔ ႏႈိင္းယွဥ္ေဝဖန္မႈေတြ တက္လာခဲ့ပါတယ္။အမ်ားျပည္သူၾကား ဘယ္သူေတြက ဘယ္သူဘက္မွာဆိုတာနဲ႔ ဘယ္သူက ေနရာတကာပါေနလဲ၊ လိုက္ဖြေနလဲဆိုတာ ဒီျဖစ္ရပ္ေတြမွာ ထင္ထင္ရွားရွား ေတြ႕ျမင္ခဲ့ရပါတယ္။အဆိုပါပြဲမွာ အဓိက ေဟာေျပာခဲ့တဲ့ ဦးဝီရသူ ကို  သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနဘက္ကလည္း ဧၿပီ ၂၉ ရက္တြင္ ၿမိတ္ၿမိဳ႕၌ ျပဳလုပ္ေသာ အေျခခံဥပေဒပါ သမၼတအရည္အခ်င္း သတ္မွတ္ခ်က္ဆိုင္ရာ ပုဒ္မ ၅၉ (စ) မျပင္ဆင္ေရး ေထာက္ခံဆႏၵျပပြဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို ရည္ၫႊန္းၿပီး ေဟာေျပာခ်က္ေတြနဲ႔ ပက္သက္လို႔ တရားစြဲရန္ အမႈတည္ေဆာက္ေနတာ ရွိပါတယ္။
ဒီလိုတရားစြဲဖို သာသနာညႇိဳးႏြမ္းေစမႈ၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈေတြနဲ႔ အေရးယူေပးဖို႔ ဆရာေတာ္ႀကီးမ်ားႏွင့္ ဥပေဒကြၽမ္းက်င္သူအခ်ိဳ႕ က ေတာင္းဆိုထားခဲ့တာပါ။

အဆိုပါ ၿမိတ္ပြဲမွာ ဆရာေတာ္ ဦးဝီရသူ ေဟာခဲ့တဲ့ ေဟာေျပာခ်က္ ဗီဒီယိုဖိုင္က လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။အထူးသျဖင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကို ရည္ၫႊန္းတဲ့ ‘‘မိတ္ကပ္ေလးလိမ္းဖို႔ေလာက္တတ္၊ ဖက္ရွင္ေလးဝတ္ဖို႔ေလာက္တတ္၊ ေဒါက္ျမင့္ေလးနဲ႔ ေကာ့ေကာ့ေလွ်ာက္သြားဖို႔ေလာက္တတ္၊ ဒီၾကားထဲ ႏိုင္ငံျခားသားေတြေတြ႕ရင္...ကယမ္းခ်င္ေသးတယ္။ဒီေလာက္သရမ္းေနတဲ့ ဟာႀကီးကို သမၼတတင္ခ်င္ေသးတယ္။ေသေရာေပါ့ဗ်ာ က်ဳပ္တို႔ႏိုင္ငံ။ဗိုလ္ခ်ဳပ္ေျပာတဲ့ႏိုင္ငံ ေသခ်ာေပါက္’’ ဆိုတဲ့ ေဟာေျပာခ်က္က ဝိနည္းလိုက္နာ ကိုးကြယ္တဲ့ သံေယာေတာ္ေတြ ေထရ္ႀကီးဝါႀကီးေတြအတြက္ လက္မခံခ်င္စရာျဖစ္သလို ျပည္သူေတြအတြက္လည္း မေက်နပ္စရာ စိတ္ကြက္စရာ ျဖစ္ခဲ့ပါတယ္။

ဒီအတြက္ ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကို က ျပင္ပသတင္းစာတစ္ေစာင္ျဖစ္တဲ့ 7Day Daily သတင္းစာကို ‘‘ဦးဝီရသူ နဲ႔ ပတ္သက္လို႔ တရားစြဲဖို႔အတြက္ကို အမႈတည္ေဆာက္ေနပါတယ္။ေလာေလာဆယ္ေတာ့ အဲဒီေလာက္ပဲေျပာလို႔ ရပါတယ္။အမႈတည္ေဆာက္ေနပါတယ္ ကြၽန္ေတာ္တို႔။ခိုင္လုံသထက္ ခိုင္လုံေအာင္ အမႈတည္ေဆာက္ေနပါတယ္’’ လို႔ ေမ ၆ ရက္ က ေျပာခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကေတာ့ ေမလ ၇ ရက္က ေနျပည္ေတာ္ရွိ သဂၤဟဟိုတယ္၌ ျပဳလုပ္ေသာ အခမ္းအနားမွာ မတူညီသည့္ ဘာသာဝင္မ်ားအၾကား အျပန္အလွန္ နားလည္မႈ၊ ေလးစားယုံၾကည္မႈျဖင့္ ၿငိမ္းခ်မ္းလုံၿခဳံ သာယာေသာ လူ႔ေဘာင္ဘဝ တည္ေဆာက္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ရန္ လိုအပ္ေနၿပီျဖစ္ေၾကာင္း ေျပာခဲ့သလို ‘‘ဘာသာတရားရဲ႕ သြန္သင္ဆုံးမမႈမ်ားက လူသားတို႔၏ စိတ္ႏွလုံးကို ရင့္က်က္သိမ္ေမြ႕ေစၿပီး ၿငိမ္းေအးမႈကို ေပးစြမ္းႏိုင္ပါတယ္’’ လို႔ အဖြင့္မိန႔္ခြန္းထဲ ေျပာခဲ့ပါတယ္။

၂၀၀၈ အေျခခံဥပေဒ ျပင္ဆင္ေရး လုပ္ငန္းေတြ အရွိန္ရလာတာနဲ႔အမွ် အမ်ိဳးသားေရး အမည္ခံေတြဘက္က လႈပ္ရွားမႈေတြ တိုးျမင့္လာဖြယ္ရွိလာႏိုင္သလို ျပည္တြင္းမွာ ပဋိပကၡေတြ ပိုမိုျမင္ေတြ႕လာႏိုင္ဖို႔ရွိတာမို႔ ဘာေတြျဖစ္လာဦးမလဲ၊ ဘယ္သူေတြ အရွိန္လြန္ၿပီး ထိန္းသိမ္းခံရဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။ဒီထဲမွာ သာသနာေရးဝန္ႀကီးဌာနဘက္က တရားစြဲဖို႔ အမႈတည္ေဆာက္ခံရတဲ့ ဦးဝီရသူ ဘက္က ဘာေတြျပင္ဆင္လာဦးမလဲ၊ ဘယ္လိုတုံ႔ျပန္လာဦးမလဲ၊ ဦးဝီရသူ ကို ေထာက္ခံတဲ့ အင္အားေတြက ေမ ၆ ရက္ ေနာက္ပိုင္း ဘာေတြလုပ္လာဦးမလဲဆိုတာ ေစာင္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ေထာင္ဆူမႈ

ျမန္မာႏွစ္ဆန္းတစ္ရက္ကစၿပီး အက်ဥ္းသားေတြကို သမၼတလြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ေမ ၇ ရက္အထိ သုံးႀကိမ္ျပန္လႊတ္ခဲ့ရာမွာ စုစုေပါင္း အက်ဥ္းသားေပါင္း ၂၃၀ဝ၀ ေက်ာ္ ရွိခဲ့ပါတယ္။ပထမအႀကိမ္နဲ႔ ဒုတိယအႀကိမ္ေတြမွာ ထင္ရွားသူေတြ၊ ႏိုင္ငံေရးနဲ႔ အႏုပညာနယ္က မူးယစ္ေဆးဝါးနဲ႔ ဝင္ေနရတဲ့သူေတြ ျပန္မပါလာခဲ့တဲ့အတြက္  ေဝဖန္သံေတြ ထြက္ေပၚခဲ့သမွ် တတိယအႀကိမ္မွာ တိတ္ဆိတ္ခဲ့ပါတယ္။

ေမ ၇ ရက္က ထုတ္ျပန္တဲ့ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လြတ္ေျမာက္လာတဲ့ စာရင္းမွာ အင္းဒင္လူသတ္မႈကို ေဖာ္ထုတ္ခဲ့တဲ့ ႐ိုက္တာသတင္းေထာက္ႏွစ္ဦး ပါခဲ့သလို အႏုပညာနယ္က မိုးေအာင္ရင္ လို ႏွစ္ရွည္ေထာင္ဒဏ္ ခ်မွတ္ခံရသူေတြလည္း ပါဝင္ခဲ့ပါတယ္။တတိယအႀကိမ္ လႊတ္ေပးရာမွာ ANP ပါတီက ဦးေအးေမာင္ နဲ႔ စာေရးဆရာ ေဝဟင္ေအာင္ ပါလာမယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ ထြက္လာတဲ့ စာရင္းအၿပီးသတ္ထိ ပါဝင္လာခဲ့တာ မရွိပါဘူး။႐ိုက္တာသတင္းေထာက္ႏွစ္ဦးကို လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးခဲ့တဲ့အေပၚ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာက ႀကိဳဆိုခဲ့ၾကပါတယ္။

ယခုလႊတ္ေပးခဲ့တဲ့သုံးေခါက္စလုံးမွာ မူးယစ္ေဆးဝါးသုံးစြဲသူ အမ်ားစုပါလာခဲ့တဲ့အတြက္ ေထာင္ထဲမွာ အမ်ားစုျဖစ္တဲ့ မူးယစ္ေဆးဝါးမႈနဲ႔ က်ခံေနရတဲ့သူေတြအေပၚ သက္ေရာက္မႈ ရွိခဲ့ပါတယ္။စိတ္ႂကြမူးယစ္ေဆးဝါးကို တရားဝင္နီးပါးမွ် သုံးလို႔ရခဲ့တဲ့ အခ်ိန္ကာလတစ္ခု ရွိခဲ့တဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕ အက်ဥ္းသားေတြထဲမွာ မူးယစ္ေဆးဝါးနဲ႔ ဆက္ႏြယ္တဲ့ အက်ဥ္းသား အမ်ိဳးအစားက အမ်ားဆုံးပါဘဲ။

ဒါေၾကာင့္လည္း ေနာက္ဆုံးအသုတ္ ေမ ၇ ရက္ လြတ္ၿငိမ္းခ်မ္းသာခြင့္မွာ မပါခဲ့တဲ့ ေထာင္က်ေတြက မိုးေအာင္ရင္ လို မူးယစ္ေဆးဝါးအမႈနဲ႔ လြတ္ခြင့္ရခဲ့တဲ့အတြက္ ေထာင္ရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္ထဲ ပါႏိုင္ဖို႔ တန္းတူရည္တူရဖို႔ဆိုၿပီး ေတာင္းဆိုမႈေတြ ျဖစ္ခဲ့ပါတယ္။ဒါ့အျပင္ တျခားေသာ လႈံ႕ေဆာ္မႈေတြေၾကာင့္လည္း ေထာင္ဆူပူမႈေတြ ဘားအံ၊ ကေလး၊ ေ႐ႊဘို၊ ျမစ္ႀကီးနား၊ ပုသိမ္၊ သာယာဝတီ စတဲ့ ေထာင္ခုႏွစ္ခုမွာ ဆက္တိုက္ျဖစ္ခဲ့ပါတယ္။ေမလ ၇ရက္ ည ၉ နာရီအခ်ိန္ခန႔္က ဘားအံ (ေတာင္ကေလး) အက်ဥ္းေထာင္အတြင္းမွာ ႏွစ္ႀကီးအက်ဥ္းသားေတြက ေထာင္ဆူပူမႈျဖစ္ေအာင္ လုပ္ခဲ့သလို ေမ ၈ ရက္ မြန္းတည့္ခ်ိန္မွာ ေထာင္က်အက်ဥ္းသားေတြက အက်ဥ္းသားအခြင့္အေရးဆိုင္ရာ ေႂကြးေၾကာ္သံေတြ ဆူပူေအာ္ဟစ္ကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။ေမ ၈ ရက္မွာ ကေလး ၿမိဳ႕ေမာ္လိုက္ အက်ဥ္းေထာင္က အက်ဥ္းသားေတြ ဆူပႈအုံႂကြခဲ့ၾကသလို ေ႐ႊဘိုအက်ဥ္းေထာင္မွာလည္း ေမလ ၈ ရက္ ညေန ၅ နာရီခန႔္မွ စတင္ၿပီး ေထာင္သားမ်ား ဆူပူမႈျဖစ္ပြားလာကာ အမ်ိဳးသမီး အက်ဥ္းသူမ်ားကပါ ဆူပူမႈမ်ား လုပ္ေဆာင္လာၿပီး ထိန္းရခက္တဲ့ အေျခအေနမ်ိဳးျဖစ္လာလို႔ ေထာင္အာဏာပိုင္ေတြဘက္က ေသနတ္ပစ္ေဖာက္ တားျမစ္မႈေတြ လုပ္ေဆာင္ခဲ့ရကာ ေ႐ႊဘိုေထာင္မွာ အက်ဥ္းသား ၄ ဦး ေသဆုံးခဲ့ရတဲ့အထိ အေသအေပ်ာက္လည္း ရွိခဲ့ပါတယ္။
ထူးျခားတာက ေထာင္ေတြ ဆက္တိုက္ဆူပူတာေတြနဲ႔ တျခားပစၥည္းေတြ တင္သြင္းခြင့္မရတဲ့ ေထာင္ထဲကေန ေထာင္ဆူပူတာကို live လႊင့္တဲ့အထိ ေထာင္တြင္းလုံၿခဳံေရး အေျခအေနက ဆိုး႐ြားခဲ့ပါတယ္။

ေထာင္ဆူပူမႈကို ယခင္ေခတ္ေတြက ၾကမ္းၾကမ္းတမ္းတမ္း ႏွိမ္ႏွင္းခဲ့ေပမယ့္ ဒီမိုကေရစီ အရပ္သားအစိုးရ လက္ထက္မွာ သက္ဆိုင္ရာ ျပည္နယ္အဆင့္ အာဏာပိုင္ေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေထာင္ထဲထိ ဝင္ကာညႇိႏိုင္းေပမယ့္ ေျပလည္မႈမရခဲ့တာ နည္းပါတယ္။ဒီလိုအျပင္ ေထာင္သားေတြက ျပစ္မႈက်ဳူးလြန္တာ ျဖစ္တဲ့အတြက္ ဆႏၵျပတိုင္းသာ ေထာင္သားေတြကို လႊတ္ေပးရမယ္ဆိုရင္ တရားစီရင္ေရးမ႑ိဳင္ကို ဆိုးဆိုး႐ြား႐ြား ထိခိုက္သြားမွာ ျဖစ္ပါတယ္။ေမ ၉ ရက္ ညေနပိုင္းမွာ အက်ဥ္းေထာင္ ဆူပူမႈေတြမွာ ခ်ိတ္ဆက္မႈနဲ႔ ေသြးထိုးလႈံ႕ေဆာ္မႈေတြရွိေနၿပီး အျဖစ္မွန္ေပၚေပါက္ေရး ထိေရာက္စြာ စုံစမ္းေဖာ္ထုတ္မယ္လို႔ သမၼတ႐ုံးက ထုတ္ျပန္ခဲ့ပါတယ္။
ဒီလိုထုတ္ျပန္ခ်က္ထုတ္ၿပီး ေနာက္ပိုင္း တျခားေထာင္ေတြပါ ဆူပူဖို႔ ၾကားေနရတဲ့အသံေတြ တိတ္သြားခဲ့သလို အြန္လိုင္းနဲ႔ ကာတြန္းေတြမွာ ဒီလိုေထာင္ဆူပူမႈနဲ႔ ပက္သက္ၿပီး သေရာ္တဲ့၊ ေဝဖန္တဲ့၊ ေလွာင္ေျပာင္တဲ့ စာေတြ ကာတြန္းေတြ၊ စေတးတပ္စ္ေတြ ပလူပ်ံခဲ့ပါတယ္။

ေ႐ႊဘိုေထာင္ထဲကေန Live လႊင့္ခဲ့တာနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာ ေထာင္ဘက္က အဆိုပါဖုန္းမွာ ေထာင္ဝန္ထမ္းတစ္ဦးက အက်ဥ္းသားကို နားလည္မႈနဲ႔ ေရာင္းခ်ထားတယ္လို႔ ေထာင္အာဏာပိုင္ေတြဘက္က ေျပာခဲ့ပါတယ္။

ယခုလို ထူးထူးျခားျခား ေထာင္ေလးေထာင္ ဆက္တိုက္ဆူပႈမႈ ျဖစ္ရတဲ့ေနာက္မွာ ဘယ္လို မူဝါဒမွားယြင္းမႈေတြရွိသလဲ၊ စီမံမႈမွားယြင္းတာေတြရွိသလဲ၊ အုပ္ခ်ဳပ္မႈပ်က္ျပားရတဲ့အထိ ေနာက္ကြယ္မွာ ဘာေတြျဖစ္ေနလဲ၊ ဘာဆက္ႏြယ္မႈေတြရွိလဲ၊ အာဏာပိုင္ေတြဘက္က လူသားဆန္မႈက ေထာင္ဆူမယ့္သူေတြအတြက္ အခြင့္အေရးျဖစ္ေစမလားဆိုတာ သတင္းေတြထဲ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီလို စိတ္ဝင္စားဖြယ္ရာ သတင္းေတြအျပင္ ယခုရက္သတၱပတ္ထဲမွာ သဃၤန္းကြၽန္း စံျပေဆး႐ုံ သားဖြားေဆာင္ ဒုတိယထပ္ဝရန္တာမွ တြယ္ဆင္းသည့္  အရက္ေသာက္ထားသူ ျပဳတ္က်ေသဆုံးခဲ့တဲ့ သတင္း၊ ဖားကန႔္မွာေတာင္ ကမ္းပါးယံၿပိဳက်မႈ ထပ္မံျဖစ္ပြားလို႔ ေက်ာက္တူးေနသူႏွစ္ဦး ေသဆုံးကာ ႏွစ္ဦးဒဏ္ရာရခဲ့တဲ့ သတင္း၊ ထိုင္းဘုရင္သစ္ နန္းတက္ပြဲ အထိမ္းအမွတ္ အက်ဥ္းသားလြတ္ခြင့္ထဲ လိပ္ကြၽန္း လူသတ္မႈ၊ ရေနာင္း လူသတ္မႈနဲ႔  ေသဒဏ္က်ခံေနရတဲ့ ျမန္မာလုပ္သားေတြ မပါဝင္တဲ့ သတင္း၊ အဂတိလိုက္စားမႈနဲ႔ တရားစြဲခံထားရတဲ့ ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္နဲ႔ ၫႊန္ၾကားေရးမႉး အဆင့္ရွိတဲ့ အရာရွိ ၅ ဦးကို မႏၲေလးတိုင္းေဒသႀကီး တရားလႊတ္ေတာ္က အမႈလက္ခံလိုက္တဲ့ သတင္း၊ ေတာင္ႀကီး ေလးေလာင္းၿပိဳင္ လူသတ္မႈ တရားခံ အိုက္အုန္း (ခ) တင္အုန္း သူသတ္ခဲ့တဲ့သူေတြ ရက္လည္တဲ့ေန႔မွာ ႐ုတ္တရက္ကြယ္လြန္တဲ့ သတင္း၊ မေကြးတိုင္း ေအာင္လံမွာ ေမြးကင္းစ ကေလးငယ္တစ္ဦး ဧရာဝတီျမစ္ထဲ ညဘက္စြန႔္ပစ္ခံရတာကို ေရလုပ္သားေတြ အခ်ိန္မီကယ္ဆယ္ႏိုင္ခဲ့တဲ့ သတင္း၊ မုံ႐ြာမွာ လူေသအေလာင္း ႏွစ္ေလာင္းကို ကားတစ္စီးေပၚနဲ႔ ေရေျမာင္းထဲမွာ ႏွစ္ရက္အတြင္း ေတြ႕ခဲ့တဲ့ သတင္း၊ ပဲခူးတိုင္း ေညာင္သုံးပင္ေက်း႐ြာအနီးမွာ အျမန္ရထားနဲ႔ သစ္တင္ကား တိုက္မိလို႔ ႏွစ္ဦးဒဏ္ရာရခဲ့တဲ့ သတင္း၊ Wave Money ကုမၸဏီ အေရာင္းဝန္ထမ္းက က်ပ္သိန္း ၃၀၀ ေက်ာ္ အလြဲသုံးစားလုပ္ ထြက္ေျပးလို႔ အမႈဖြင့္တိုင္ၾကားထားတဲ့ သတင္းမ်ိဳးေတြလည္း ယခုတစ္ပတ္ထဲမွာ ျဖစ္ခဲ့ပါတယ္။

လွ်ပ္စစ္မႏိုင္တဲ့ စမတ္ရန္ကုန္နဲ႔ မိုးပ်ံရထားလမ္း

ယခုရက္သတၱပတ္ထဲ အလႈပ္ခတ္ဆုံးျဖစ္တဲ့ သတင္းေတြထဲမွာ လွ်ပ္စစ္မီးပ်က္တဲ့ သတင္းနဲ႔ မိုးပ်ံ ရထားလမ္းသတင္းေတြပါဘဲ။ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးၿမိဳ႕ေတာ္ျဖစ္တဲ့ ရန္ကုန္အပါအဝင္ျမန္မာ ႏိုင္ငံၿမိဳ႕ ႀကီး ေတြမွာ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးမႈမလုံေလာက္တဲ့ အတြက္ ျပတ္ေတာက္မႈေတြျဖစ္ခဲ့တဲ့အတြက္ ေဝဖန္မႈေတြ ညံခဲ့ပါတယ္။

ေန႔အပူခ်ိန္စံခ်ိန္တင္တိုးတက္လာမႈနဲ႔ အတူ လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈကလည္း ႐ုတ္ခ်ည္းတိုးတက္လာ ခဲ့ပါတယ္။ဒီလိုဓာတ္အားသုံးစြဲမႈတိုးတက္လာခ်ိန္မွာ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္တဲ့ ေရေလွာင္တမံေတြက ေရ ပမာဏက အပူခ်ိန္ေၾကာင့္ ေလ်ာ့က်ခဲ့သလို သဘာဝာတ္ေငြသုံးစက္ေတြဘက္က တိုးတက္ထုတ္လုပ္ဖို႔ရာ ျပႆနာ ရွိခဲ့ပုံရပါတယ္။ ဒါေၾကာင့္ ရာသီဥတုပူျပင္းခ်ိန္မွာ လွ်ပ္စစ္ဓာတ္အားျဖတ္ေတာက္မႈေတြကို အာဏာ ပိုင္ေတြက လုပ္ေဆာင္လာခဲ့တဲ့ အခါ ေဝဖန္မႈေတြ ဆူညံလာခဲ့ပါတယ္။

အရပ္သားအစိုးရစတင္တာဝန္ယူစဥ္က တာဝန္ရွိသူတစ္ဦးက လွ်ပ္စစ္ဓာတ္အားနဲ႔ပက္သက္ၿပီး အ လြန္အကြၽံတာဝန္ခံေျပာၾကားခဲ့မႈက ယခုလိုမႏိုင္ဝန္ျဖစ္ကာ တစ္ရက္ကို ၆ နာရီထိ ျဖတ္ခ်ရတဲ့ လွ်ပ္စစ္ဓာတ္ အားအေျခအေနေၾကာင့္ ေျပာစရာဆိုစရာရွိလာခဲ့ပါတယ္။ ဒီလို တစ္ရက္ ၆ နာရီ ျဖတ္ေတာက္မႈမတိုင္ခင္ ဧၿပီ ၂၉ ရက္က ျပည္သူလႊတ္ေတာ္ အစည္းအေဝး၌ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ဒု-ဝန္ႀကီးေဒါက္တာထြန္းႏိုင္ က လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈ မျဖစ္ေပၚေစလိုပါက ဝန္ႀကီးဌာနက ႏွစ္စဥ္တင္ျပေတာင္းခံတဲ့ ဘတ္ ဂ်က္မ်ားကို ျဖတ္ေတာက္မႈ မျပဳလုပ္ဘဲ ခြင့္ျပဳေပးရန္ လိုေၾကာင္းနဲ႔ ျမန္မာႏိုင္ငံမွာ လွ်ပ္စစ္မီး ျပတ္ေတာက္ သြားတဲ့ အခါ စင္ကာပူ၊ အေမရိကန္ႏိုင္ငံေတြလို မၾကာဘဲ နာရီပိုင္းနဲ႔  ျပန္ရရွိေၾကာင္း ေျဖၾကားသြားခဲ့ တာ လည္း ရွိခဲ့ပါတယ္။

လွ်ပ္စစ္နဲ႔ပက္သက္ၿပီး ျပည္သူေတြ ေမွ်ာ္လင့္ ထားမႈေတြက အမ်ားႀကီးပါဘဲ။ဒါေပမယ့္ ရန္ကုန္လို ေန ရာမွာေတာင္ လွ်ပ္စစ္ရရွိမႈက အလွည့္က်ျဖစ္ေနရတဲ့ အထိ ယခုႏွစ္လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးမႈျပႆနာက အေျခအေနဆိုးပါတယ္။ မတ္ ၉ ရက္ေန႔က မေကြးတိုင္းေဒသႀကီးထဲ ေဒသခံေတြနဲ႔ေတြဆုံဖို႔ သြားေရာက္တဲ့ ႏိုင္ငံေတာ္အ တိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ခရီးစဥ္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံက မေကြးတိုင္းခန္းမမွာ ျပည္သူနဲ႔ ေတြ႕ဆုံရာမွာ “ဒီႏွစ္ မကုန္ခင္မွာ ျမန္မာႏိုင္ငံရဲ႕ လွ်ပ္စစ္မီးလိုအပ္ခ်က္ ၅ဝ ရာခိုင္ႏႈန္းကို ျဖည့္ဆည္းေပးလို႔ ရေတာ့မယ္လို႔ ကြၽန္မ တို႔ မွန္းဆထားတယ္။ ေနာက္ ႏွစ္ႏွစ္ သုံးႏွစ္အတြင္းမွာ အျပည့္အဝရရွိဖို႔အတြက္ ႀကိဳးစားသြားရမွာပါ “လို႔ ေျပာခဲ့ပါတယ္။

ေမ ၉ ရက္မွာဘဲ ျပဳလုပ္တဲ့ တစ္ႏွစ္တာအတြင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနရဲ႕ လုပ္ေဆာင္ခ်က္နဲ႔ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲမွာ မီတာခ ႏႈန္းထားမ်ားေျပာင္းလဲေကာက္ခံရန္တင္ျပထားမႈကို ႏိုင္ငံေတာ္ အႀကီးအကဲမ်ားက မူအရလက္ခံထားၿပီး ယခုအစိုးရသက္တမ္းအတြင္း ေဆာင္႐ြက္မွာလို႔ လွ်ပ္ စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးတင္ေမာင္ဦးက အဲဒီသတင္းစာရွင္းလင္းပြဲမွာ  ေျပာခဲ့ပါတယ္။

အရပ္သားအစိုးရအေနနဲ႔ ရည္႐ြယ္ခ်က္ေတြ အမ်ားႀကီး ေျပာခဲ့တာရွိေပမယ့္ အေျခခံက်တဲ့ လွ်ပ္စစ္မီး လို ကိစၥမွာ ယေန႔ထိေျပလည္ေအာင္ မေျဖရွင္းႏိုင္ေသးတဲ့ အတြက္ ဒီျပႆနာဟာ ေရရွည္မွာ ႀကဳံေတြ႕ လာရမယ့္ ခက္ခဲတဲ့ ျပႆနာတစ္ခုျဖစ္လာမွာပါ။ အရပ္သားအစိုးရအေနနဲ႔ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုဆိုးလာတဲ့ လွ်ပ္စစ္ျပႆနာ ကို ဘယ္လိုေျပလည္ေအာင္ေျဖရွင္းမလဲ၊ မီတာခေတြတိုးလာရင္ေရာ  မလိုအပ္ဘဲသုံးတဲ့ လွ်ပ္စစ္ဓာတ္အား ေတြေလ်ာ့က်သြားမလား၊ဒါမွမဟုတ္ မီတာခတိုးသေလာက္ လိုအပ္တဲ့ လွ်ပ္စစ္ဓာတ္အားကို ဝန္ႀကီးဌာနဘက္ က ထုတ္လုပ္ေပးႏိုင္ပါ့မလား၊ ဝန္ႀကီးဌာနကေတာင္းတဲ့ ဘတ္ဂ်က္ကို ေတာင္းသမွ် မျဖတ္ေတာက္ဘဲ ခ်ေပး ရင္ ယခုလို ျပႆနာေတြ မႀကဳံဘဲ ဘာေတြဆက္ျဖစ္လာႏိုင္ဦးမလဲ ဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

လွ်ပ္စစ္သတင္းလိုဘဲ ေနာက္ထပ္အမ်ားစုစိတ္ဝင္စားတဲ့ သတင္းက ျမန္မာႏိုင္ငံမွာ မရွိဘူးတဲ့ မိုးပ်ံ ရထားလမ္းစီမံကိန္းစေတာ့မယ္ ဆိုတဲ့ သတင္းပါဘဲ။ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ေမလ ၃ ရက္မွာ သတင္းစာေတြကေန  ရန္ကုန္မိုးပ်ံရထားလမ္း(YUMRT)တည္ေဆာက္ရန္ လႈိင္သာယာ-ပါရမီ လမ္းပိုင္း၌ ေျမသိမ္းဆည္းမည့္လုပ္ငန္း ေဆာင္႐ြက္ မည္ျဖစ္ေၾကာင္း လအမိန႔္ေၾကညာစာထုတ္ျပန္ခဲ့လို႔ ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ေနတဲ့ မိုးပ်ံရထားလမ္းကိစၥက အမ်ားစုၾကား အာ႐ုံစိုက္စရာျဖစ္လာခဲ့ပါတယ္။

ထုတ္ျပန္ခ်က္အရ ၂၀၂၁ ခုႏွစ္မွာ ပထမပိုင္းအဆင့္စတင္ၿပီး ၂၀၃၅မွာ စီမံကိန္းတစ္ခုလုံး ၿပီးဆုံး မယ္လို႔ ဆိုပါတယ္။ ဒီစီမံကိန္းအတြက္ ၂၀၁၂ ကတည္းက JICA က အေသးစိတ္ေလ့လာခဲ့ရာမွာ ယခုႏွစ္ ကုန္မွာ ၿပီးမွာျဖစ္လို႔ ေျမသိမ္းဆည္းမႈအတြက္ ထုတ္ျပန္ေၾကညာခဲ့တာလို႔ ဆိုပါတယ္။ေျမသိမ္းမယ့္ ဧရိယာ ထဲပါတဲ့  လႈိင္သာယာဘူတာထဲက ေျမ ၅၄ ဧကေက်ာ္၊ ရန္ကုန္-ပုသိမ္လမ္းတစ္ေလွ်ာက္ ရထားလမ္း အလယ္ မ်ဥ္းမွ ေဘးတစ္ဖက္တစ္ခ်က္ဆီသို႔ ၁၄ မီတာခြဲ(၄၇ေပခြဲ)၊ ပါရမီလမ္းေဘးတစ္ဖက္စီတြင္ ၁၁ မီတာ (၃၆ ေပ) ပါဝင္မည္ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီေျမပိုင္ရွင္ေတြအေနနဲ႔ လက္ရွိေဆာက္လုပ္ထားတဲ့ ေျမေနရာေတြက အေဆာက္အဦးနဲ႔ပိုင္ဆိုင္မႈေတြကို ေမ ၆ ရက္ေနာက္ပိုင္းျပင္ဆင္မယ္ဆိုရင္ ေျမယာ ေလ်ာ္ေၾကး၊ ျပန္လည္ ေနရာခ်ထားေရးႏွင့္ က႐ုဏာ ေၾကးရမွာ မဟုတ္ဘူးလို႔ ထုတ္ျပန္ခဲ့ပါတယ္။

ရန္ကုန္မွာ စတင္မယ့္ စီမံကိန္းႀကီးေတြထဲမွာ တစ္ခုမွ ျဖစ္လာတာကို မေတြ႕ရေသးတဲ့ ယခုစီမံကိန္း အေပၚ အမ်ားစုအေနနဲ႔ ျဖစ္ေျမာက္လာပါမလားဆိုတာ ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။ ဒလတံတား၊ရန္ကုန္ၿမိဳ႕ သစ္ စီမံကိန္းေတြလို ေငြေၾကးပမာဏမ်ားစြာကုန္က်မယ့္ ဒီစီမံကိန္းအတြက္JICAဘက္က အိုဒီေအ ေခ်းေငြနဲ႔ ေဆာင္ ႐ြက္မွာ ျဖစ္တဲ့ အတြက္ လာမယ့္ ဆယ္ငါးႏွစ္အတြင္း ႐ုပ္လုံးေပၚမေပၚဆိုတာကို ေစာင့္ၾကည့္ရဦး မွာျဖစ္ပါတယ္။

ဒီသတင္းေတြက ရန္ကုန္ၿမိဳ႕တြင္း မီးပြိဳင့္ ၁၅၁ ခုကို ဗဟိုထိန္းခ်ဳပ္ေရးစင္ တာမွ ထိန္းခ်ဳပ္၍ စမ္းသပ္ လည္ ပတ္ရာမွာ လွ်ပ္စစ္မီးျပတ္ေတာက္လို႔  ယာဥ္ေၾကာပိတ္ဆို႔မႈ တခ်ိဳ႕ေနရာေတြမွာ ပိုဆိုးသြားတဲ့ သတင္း၊ တပ္မေတာ္၏ ျမန္မာ့ စီးပြားေရးဦးပိုင္လီမိတက္ပိုင္ဆိုင္တဲ့ ေျမ ၅၄ ဧကမွာ အိႏၵိယကုမၸဏီ Adaniက ဆိပ္ကမ္းတည္ေဆာက္ခြင့္ရသြားတဲ့ သတင္း၊  ဇလုံေတာင္မွာ ကားဝင္းႏွင့္ အနားယူအပန္းေျဖ စခန္းလာ ေဆာက္ေနတဲ့ ပုဂၢလိက ကုမၸဏီကို ေဒသခံမ်ားက ဆႏၵျပခဲ့တဲ့ သတင္း၊ ကာစီႏို႐ုံ တည္ေထာင္ ဖြင့္လွစ္ ခြင့္ပါဝင္တဲ့ ေလာင္းကစားဥပေဒၾကမ္းကို ျပည္ေထာင္စု လႊတ္ေတာ္ကအတည္ျပဳလိုက္တဲ့ သတင္း၊ ၾသစေတးလ်အေျခစိုက္ Myanmar Metals ကုမၸဏီက နမၼတူ-ေဘာ္တြင္းကေန ခဲနဲ႔ ေငြသတၳဳေတြကို ၂ဝ၂၁ ခုႏွစ္မွာ စတင္ထုတ္လုပ္ေတာ့မဲ့ သတင္း၊  ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကျမန္မာခရီးသြားေတြ ၿဗိတိန္အပါအဝင္ ဥေရာပႏိုင္ငံေတြကို သြားရင္ ခါးပိုက္ႏႈိက္ခံရျခင္းႏွင့္အခိုးခံရတာကို ဂ႐ုစိုက္ဖို႔ သတိေပးလိုက္တဲ့ သတင္း၊ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ ( KNPP ) အေနျဖင့္ NCAလက္မွတ္ေရးထိုး ႏိုင္ေရးအတြက္ ဆက္လက္ႀကိဳးပမ္းသြားမယ္ဆိုတဲ့ သတင္း၊  ႀကံခိုင္မႈ စိတ္မခ်ရတဲ့ အျမင့္ေပ ၂,၀၀၀ ေက်ာ္မွာ မွန္ခ်ပ္ခင္းထားတဲ့ ဇြဲကပင္ေတာင္ဘုရား တိုးခ်ဲ႕ရင္ျပ ဖြင့္လွစ္လိုက္တဲ့ သတင္း၊လြိဳင္ေကာ္ၿမိဳ႕ ကႏၵာေဟဝန္ပန္းၿခံ အတြင္း စိုက္ထူထားေသာ ဗိုလ္ ခ်ဳပ္ေအာင္ဆန္းျမင္းစီးေၾကး႐ုပ္ တုကို အျခားတစ္ေနရာသို႔ ေျပာင္း ေ႐ႊ႕ရန္ ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ သပိတ္ ေကာ္မတီအၾကား သေဘာတူညီမႈရရွိခဲ့တဲ့ သတင္းေတြ ယခုတစ္ပတ္ထဲ ျဖစ္ခဲ့တယ္ဆိုတာတင္ျပရင္း ယခုတစ္ပတ္သတင္းသုံးသပ္ခ်က္ကိုဒီမွာဘဲရပ္လိုက္ခ်င္ပါ တယ္။

မာလင္း
ေမ - ၁၀