【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 နိုင်ငံရေးကြိုးဆွဲချမှုနှင့် ပြင်းထန်လာတဲ့တုံ့ပြန်မှု

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 နိုင်ငံရေးကြိုးဆွဲချမှုနှင့် ပြင်းထန်လာတဲ့တုံ့ပြန်မှု

ယခုရက်ပိုင်းအတွင်း လာမည့်သက်တမ်းအတွက် လွှတ်တော်ကျင်းပပြုလုပ်မယ့်နေ့ရက်ကို ထုတ်ပြန်ပြီးနောက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲတွေ ဆက်တိုက်ပြုလုပ်လာခဲ့တာကို တွေ့ရပါတယ်။ဒီသတင်းစာရှင်းလင်းပွဲတွေက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့အခြေအနေတွေကို မြင်တွေ့ရသလို နိုင်ငံရေးပွတ်တိုက်မှုတွေ၊ ပြည်သူတွေထင်မြင်ထားတဲ့အတိုင်း တရားဥပဒေစိုးမိုးရေးအပိုင်းမှာဖြစ်နေတဲ့ အခြေအနေတွေကို အတည်ပြုပေးခဲ့သလိုဖြစ်ခဲ့ပြီး မပြီးနိုင်မစီးနိုင်ဖြစ်နေတဲ့ ရွေးကောက်ပွဲရလဒ်အပေါ် ဆန္ဒပြကန့်ကွက်မှုတွေ၊ တချို့သောအဖွဲ့အစည်းတွေနဲ့ ပါတီတွေရဲ့ လှုပ်ရှားမှုကို ပြောခဲ့တာတွေက လက်ရှိ နိုင်ငံရေးကိုစိတ်ဝင်စားနေသူတွေသာမက သာမန်ပြည်သူတွေပါ ဒီသတင်းစာရှင်းလင်းပွဲကထွက်လာတဲ့ သတင်းတွေကို စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။

ဒီလိုသတင်းစာရှင်းလင်းပွဲအပြီး နောက်တစ်ရက်မှာ ရွေးကောက်ပွဲမှာရှုံးခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က သတင်းစာရှင်းလင်းပွဲပြန်လုပ်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူကိုယ်တိုင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူကို ပြန်လည်ဝေဖန်တာတွေလုပ်ခဲ့တာ၊ လွှတ်တော်သစ်မစခင် နောက်ဆုံးလွှတ်တော်အစည်းအဝေးခေါ်ဖို့ ပြည်ခိုင်ဖြိုး၊ တပ်မတော်၊ ပါတီအချို့ပေါင်းပြီး တောင်းဆိုတာတွေကို ပြောခဲ့ပါတယ်။ဒီလိုနိုင်ငံရေးပွတ်တိုက်မှုတွေရှိနေတဲ့အတွက် မြန်မာ့နိုင်ငံရေးအခြေအနေက အတော်လေးကိုရှုပ်ထွေးလာဖို့ ရှိလာနိုင်စရာရှိလားဆိုတာ အားလုံးတွေးနေကြတဲ့အခြေအနေပါ။

ဒီတစ်ပတ်မှာ ဖြစ်လာနိုင်တဲ့အခင်းအကျင်းတွေကို လတ်တလော အားသာမှုတွေ၊ တစ်ဘက်က ဘယ်လိုခင်းကျင်းမှုတွေနဲ့ ချည်းကပ်လာနေလဲဆိုတဲ့ ရှုထောင့်တွေနဲ့ ဖော်ပြချင်ပါတယ်။

ပြတ်သားတဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲ

ဒီရက်ပိုင်းမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ ၃ ခုက တစ်ခုနဲ့ တစ်ခု အချိတ်အဆက်ရှိနေတာကို သတိထားမိပါတယ်။
သတင်းစာရှင်းလင်းပွဲ ၃ ခုမှာ နှစ်ခုက ရွေးကောက်ပွဲမှာ မဲရှုံးခဲ့တဲ့‌ ယခင်စစ်အစိုးရကိုဆက်ခံခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က လုပ်ခဲ့တာဖြစ်ပြီး ကျန်တစ်ပွဲက သမ္မတရုံးဘက်က လုပ်ခဲ့တာပါ။

ဒီဇင်ဘာ ၅ ရက်မှာ ရန်ကုန်က ပြည်ခိုင်ဖြိုးပါတီမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဓိကအားဖြင့် ပြည်ခိုင်ဖြိုးပါတီဘက်က သူတို့တောင်းဆိုထားတဲ့ စစ်ဆေးမှုတွေကို ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးပေးဖို့၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲမသမာမှုပေါင်း တစ်သန်းကျော်အထိရှိတာ ဒါတွေကိုပြောခဲ့တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်က ရွေးကော်ကနေ ရွေးကောက်ပွဲရလဒ်ကိုပျက်ပြားအောင် ပါတီတွေ အဖွဲ့အစည်းတွေကမလုပ်ဖို့ သတိပေးစာထုတ်ပြန်ပြီးမှာ ဒီလိုစွပ်စွဲမှုတွေနဲ့ သတင်းစာရှင်းလင်းပွဲကို လုပ်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ပြည်ခိုင်ဖြိုးပါတီဘက်က ဒု-ဥက္ကဋ္ဌနေရာကိုယူထားတဲ့ ယခင်ရဲချုပ်ဟောင်း ဦးခင်ရီ က ရွေးကောက်ပွဲကို သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖွဲ့ပြီးစစ်ဆေးပေးဖို့ တောင်းဆိုခဲ့သလို သူတို့ဆီမှာ အသေးစိတ်အချက်အလက်တွေရှိတယ်ဆိုပြီး ပြောခဲ့ပါတယ်။ဒီလိုမှမလုပ်ပေးရင် မဲရလဒ်ကိုမယုံကြည်ဘူးဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။ဒီသတင်းစာရှင်းလင်းပွဲတွေမှာတော့ ရန်ကုန်တိုင်းမှာလုပ်တဲ့ ပြည်ခိုင်ဖြိုး သတင်းစာရှင်းလင်းပွဲတွေမှာ ပါလေ့ပါထရှိတဲ့ ပြည်သူဆိုသူတွေ ဒေသခံဆိုသူတွေ မဲဆန္ဒရှင်တွေဆိုသူတွေမပါဘဲ လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့သာ ဝင်ရောက်ရှင်းလင်းတာကို တွေ့ရပါတယ်။ယခုပွဲမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ စုစည်းထူထောင်ထားတဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက ဥက္ကဋ္ဌတာဝန်ယူထားသူ ယခင်စစ်ဥပဒေချုပ်ဟောင်း ဦးစိုးမောင် က ဝင်ရှင်းလင်းခဲ့တာကိုတွေ့ရပြီး သူက “မဲမသမာမှုတွေရှိခဲ့တဲ့အကြောင်း အထောက်အထားတွေ အပြည့်အဝရထားလို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ချောင်ပိတ်မိနေပြီလို့ဆိုကာ မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲကလို ‘ဘယ်ပြေးမလဲ မိချိုသဲ’ ဆိုတဲ့အတိုင်း ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။

ရှင်းလင်းပွဲမှာ မဲမသမာမှုတွေရှိတယ်လို့ ပြောလေ့ရှိပေမယ့် အများပြည်သူက မဲခိုးတာ မဲမသမာမှုလုပ်တာလို့ သတ်မှတ်ထားတဲ့  ဘယ်ပါတီကိုယ်စားလှယ်က မဲတံဆိပ်တုံးအတုယူလာတာ၊ ဘယ်ပါတီက ရွေးကောက်ပွဲစည်းကမ်းနဲ့အညီမဟုတ်ဘဲ ဘယ်လိုမဲဆွယ်ခဲ့တာ စသဖြင့် ရလဒ်ကိုပျက်ပြားစေတဲ့ မဲမသမာမှုမျိုးတွေကိုပြောခဲ့တာ မတွေ့ရဘဲ ရွေးကောက်ပွဲကော်မရှင်ကိုသာဦးတည်ပြီး စွပ်စွဲခဲ့ကာ ဘက်လိုက်တယ်ဆိုတဲ့ဘက်နဲ့ ရွေးကောက်ပွဲရလဒ်ကို ပြင်ချင်တဲ့အနေအထားကို တွေ့ရပါတယ်။တပ်မတော်ဘက်က ထုတ်ပြန်နေတဲ့ စာရင်းတွေကိုဘဲ အခြေခံပြီး ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေမှာလည်း တွေ့ကြုံ ခဲ့ရတဲ့ မွေးသက္ကရာဇ်မှားတာ၊ မှတ်ပုံတင်နံပါတ်တူနေတာ၊ အဖေ အမေတူနေတာ စတဲ့ စာရင်းချို့ယွင်းချက်တွေကိုဘဲ အခြေခံပြီး ပြောခဲ့ရှင်းလင်းခဲ့လို့ စိတ်ဝင်စားစရာနည်းခဲ့ပါတယ်။ဒါကြောင့်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲရလဒ်ကိုလက်မခံတဲ့ သဘောထားတွေမလုပ်ကြဖို့ အသိပေးချက်ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုသတင်းစာရှင်းလင်းပွဲမှာဘဲ ဦးစိုးမောင် က ရွေးကောက်ပွဲမှာ မဲမသမာမှုမြောက်များစွာရှိခဲ့လို့  စာချွန်တော်အမိန့်လျှောက်ထားတာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်ခံလိုက်တယ်လို့ ပြောခဲ့ပါတယ်။အဲ့ဒီ ဇန်နဝါရီ ၅ ရက်မှာဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်တဲ့ အမှုကြားနာရန် ကြိုတင်သတိပေး အမှုခေါ်စာရင်းမှာ နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတို့ ပါဝင်လာခဲ့ပါတယ်။
ထုတ်ပြန်ချက်အရဆိုရင် ဇန်နဝါရီ (၂၉) ရက်၊ သောကြာနေ့မှာ Vedio Conferencing စနစ်နဲ့ ကြားနာသွားမယ်ဆိုတဲ့အထဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ၄ ဦးကို စာချွန်တော်အမိန့် ထုတ်ဆင့်ပေးဖို့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်ရဲ့ ရှေ့နေ ဦးဇော်ဝိတ် က ကိုယ်တိုင်လျှောက်ထားခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းပါ ၁၅ ဦးအတွက် စာချွန်တော်အမှုနှစ်မှုကိုတော့ ဦးစိုးမောင်နဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က လျှောက်ခဲ့တာ တွေ့ရပါတယ်။ဒီအတွက် တပ်မတော်က သက်သေအဖြစ် ပါဝင်မယ်ဆိုပြီးပြောခဲ့တာကို တွေ့ရပါတယ်။

အများပြည်သူတွေနဲ့ ဥပဒေပညာရှင်တွေက လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ထောက်ပြပြီး သမ္မတအပါအဝင် အကြီးအကဲ ၄ ဦးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ လျှောက်ထားတာ ဥပဒေနဲ့မညီတာ ပြောခံဝေဖန်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒါပေမယ့် အာဏာရပါတီဘက်ကတော့ ဒီလိုတရားလွှတ်တော်ချုပ်ကိုထောက်ပြတာ အကောင်းမြင်တယ်ဆိုပြီး NLD ပါတီက ဒေါက်တာမျိုးညွန့် က နိုင်ငံတော်အကြီးအကဲတွေကိုတောင် တရားစွဲခွင့် ခြွင်းချက်မထားလို့ တရားဥပဒေစိုးမိုးရေးအတွက် အလားအလာကောင်းတယ်ဆိုပြီး ပြောခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဘက်က ဒီလိုသတင်းစာရှင်းလင်းပွဲလုပ်ပြီးနောက် ဇန်နဝါရီ ၈ ရက်မှာ နိုင်ငံတော်သမ္မတရုံးဘက်က သတင်းစာရှင်းလင်းပွဲ ဆက်လုပ်ခဲ့ပါတယ်။အဲဒီသတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက နိုင်ငံတော်သမ္မတအပါအဝင် အကြီးအကဲလေးဦးကို စာချွန်တော်လျှောက်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး မီဒီယာတွေမေးတာကို ရှင်းလင်းရာမှာ တရားဥပဒေနဲ့မညီတာ လုပ်ခဲ့တာမရှိခဲ့ဘူးဆိုတာ ပြည်သူတွေအသိဖြစ်တယ်လို့ ပြောခဲ့ပြီး ဖွဲ့စည်းပုံဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေတွေအရ မည်သည့်တရားရုံးတွင်မျှဖြေရှင်းရန် တာဝန်မရှိဘူးလို့ ခပ်ပြတ်ပြတ်ပြောခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတနဲ့  အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို မဟုတ်မမှန် ဝေဖန်ပြောကြားနေတဲ့ ပုဂ္ဂိုလ်တွေ၊ လုပ်နေတဲ့ အဖွဲ့အစည်းတွေကို ကိုယ့်နိုင်ငံရေးကိုယ်ပြန်သတ်ပြီး နိုင်ငံရေးဆွဲကြိုးချနေသူများ ဖြစ်နေတယ်လို့ ခပ်ပြင်းပြင်းတုံ့ပြန်ခဲ့ပါတယ်။လက်ရှိ မဲရလဒ်လက်မခံတာနဲ့ပတ်သက်ပြီးလည်း ပြီးခဲ့တဲ့  ၁၉၉၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ NLD ပါတီ အနိုင်ရခဲ့တာကို အခု ၂၀၂၀ နဲ့ နိူင်းယှဉ်ပြီး ပြည်သူက ဘယ်ပါတီကို အပြတ်အသတ်ပေးခဲ့သလဲဆိုတာ မြင်သာနိုင်တယ်လို့ပြောခဲ့ကာ နိုင်ငံတကာမှာဆိုရင်  ရွေးကောက်ပွဲမှာ မဲရှုံးတဲ့ပါတီတွေအနေနဲ့ လုပ်စရာနှစ်ခုသာရှိပြီး တစ်ခုက ပါတီကိုပြောင်းလဲရေးလုပ်ပြီး နောက်လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြတာနဲ့ နောက်တစ်နည်းက ဒိုင်ညစ်တယ်၊ ဘက်လိုက်တယ်ဆိုပြီး လုပ်တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ဒါ့အပြင် လက်ရှိရလဒ်ကို တစ်ပြည်လုံးက အသိအမှတ်ပြုထားပြီးဖြစ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လွှတ်တော်ခေါ်ယူကျင်းပကာ လွှတ်တော်ဥက္ကဋ္ဌတွေ သမ္မတနဲ့ အစိုးရအဖွဲ့ကို ရွေးချယ်သွားမှာဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။

သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးရဲ့ ရှင်းလင်းပြောကြားချက်တွေက အများပြည်သူကြား ဂယက်ထခဲ့ပါတယ်။လူမှုကွန်ရက်မှာလည်း နိုင်ငံရေးကြိုးဆွဲချဆိုတဲ့  စကားအသုံးအနူန်းက အတော်လေးပေါက်ခဲ့ပါတယ်။ဒါ့အပြင် သက်ဆိုင်ရာနယ်ပယ်မှာလည်း ဒီသတင်းစာရှင်းလင်းပွဲက ဂယက်ရိုက်ခဲ့တဲ့အတွက် ဇန်နဝါရီ ၁၀ ရက်မှာ ပြည်ခိုင်ဖြိုးပါတီဘက်က တစ်ဖန်ပြန်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ဒီသတင်းစာရှင်းလင်းပွဲမှာတော့  အရင်လိုမဟုတ်ဘဲ မီဒီယာတွေနဲ့စကားပြောရာမှာ ထိန်းထိန်းသိမ်းသိမ်းပြောလေ့ရှိတဲ့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်နန္ဒာလှမြင့် တစ်ဦးတည်းသာ ဒိုင်ခံရှင်းလင်းပြီး မီဒီယာအချို့မေးတာကိုဖြေခဲ့တာ တွေ့ရပါတယ်။ဒီပွဲမှာ ထူးထူးခြားခြား နာမည်ကြီးမီဒီယာအချို့ မေးမြန်းခြင်းမပြုခဲ့တာကိုလည်း တွေ့ရပါတယ်။

အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူကို နာမည်တပ်ပြီး ပြောခဲ့တာတွေ ရှိခဲ့ပါတယ်။နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူက သမ္မတနဲ့ ရွေးကော်ဥက္ကဋ္ဌတို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ စာချွန်တော်လျှောက်တာနဲ့ပတ်သက်ပြီး ပြောခဲ့တဲ့အပေါ်  ရုံးတော်ကနေ အဆုံးအဖြတ်မပြုခင်မှာ ကြိုတင်မှတ်ချက်ပြုတဲ့အတွက် အရေးယူခံရနိုင်တယ်ဆိုပြီး ထူးထူးခြားခြား သတိပေးပြောခဲ့တာကိုလည်း တွေ့ရပါတယ်။ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်ကို  မဲမသမာမှုတွေရှိတယ်ဆိုပြီး ကော်မရှင်ကို စွပ်စွဲမှုတွေလုပ်နေရာမှာ အရေးမစိုက်တဲ့အတွက် လက်ရှိအာဏာရအစိုးရက ဝင်ရောက်ဖြေရှင်းပေးရမှာဖြစ်ပြီး မဖြေရှင်းပေးတာက အာဏာကိုလက်မလွှတ်လိုတဲ့ ပြဿနာဆိုပြီး ပြောခဲ့ပါတယ်။

ဒီရှင်းလင်းပွဲမှာ တိကျသေချာတဲ့စကားတွေ ရှင်းလင်းတာကိုမတွေ့ရဘဲ ကြားဖူးပြီးသား အချက်တွေကိုပြောခဲ့တာသာ များနေတာကို တွေ့ရပါတယ်။ဒါ့အပြင် ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသူတွေ၊ ဝန်းရံသူတွေက သေချာစဉ်းစားပြီး မဲပေးခဲ့တဲ့အတွက် ဒီမဲအရှုံးကို လွယ်လွယ်လက်မခံဘဲ သူတို့စွပ်စွဲတာကို လက်ခံဖြေရှင်းပေးမှ လက်ခံမယ်ဆိုပြီးပြောခဲ့တာကိုလည်း တွေ့ရပါတယ်။ဒီသတင်းစာရှင်းလင်းပွဲမှာဘဲ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူကို နိုင်ငံ့ဝန်ထမ်းဖြစ်ပြီး ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အကာအကွယ်ပေးလို့ သံသရာတစ်ပတ်လည်မယ်၊ ဘယ်ပါတီမှ တစ်သက်လုံးအာဏာမရဘူးလို့ ပြင်းပြင်းထန်ထန်ပြောခဲ့တာကို တွေ့ရပါ တယ်။ဒါ့အပြင် ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံတဲ့သူတွေ ဝန်းရံတဲ့သူတွေကို နေ့စားခပေးပြီးခေါ်တယ်လို့ တချို့သူတွေပြောခဲ့တာတွေကို  နှိမ့်ချတယ်ဆိုပြီး ပြောခဲ့သလို ကိုယ်တာဝန်နဲ့ ကိုယ့်အလုပ်ကို သတ္တိရှိရှိ၊ ပရော်ဖက်ရှင်နယ်ဆန်ဆန်ဆောင်ရွက်ဖို့ သတိပေးတယ်ဆိုပြီး ခပ်မာမာပြောခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

အစိုးရဘက်နဲ့ တပ်ဘက်၊ ပါတီတွေဘက်က သတင်းစာရှင်းလင်းပွဲတွေလုပ်တိုင်း သတိထားမိလေ့ရှိခဲ့တာက အများပြည်သူအနေနဲ့ အစိုးရသတင်းစာရှင်းလင်းပွဲလောက်သာ အာရုံစိုက်ကြတာကိုတွေ့ ရလေ့ရှိပြီး လူမှုကွန်ရက်တွေမှာ တခြားသတင်းစာရှင်းလင်းပွဲတွေလို ကိုယ့်အမြင်ကို မှတ်ချက်ပေးရာမှာ လက်ရှိရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လာရင် ပြည်သူအများစုရဲ့ဆန္ဒနဲ့ထင်ဟပ်တဲ့ ရလဒ်အဖြစ် ရေးကြတာကို တွေ့ရပါတယ်။ဒါ့အပြင် ပြည်ခိုင်ဖြိုးပါတီဘက်ကလုပ်တဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြမှုတွေ၊ ရွေးကောက်ပွဲကော်မရှင်ကို စွပ်စွဲမှုတွေ ဘာတွေကိုလည်း အရင်ကလို စိတ်ဝင်စားမှုမရှိတာကိုလည်း တွေ့ ရပါတယ်။ဒါဟာလည်း ပါတီတွေအပေါ် အာရုံစိုက်မှုမှာ NLD ပါတီ တစ်ခုကိုသာ အများစုကလက်ခံတဲ့သဘောဖြစ်သလို စိတ်ချယုံကြည်ရတဲ့ သမိုင်းကလည်း ဒီပါတီတစ်ခုတည်းမှာသာရှိလို့ ကျန်ပါတီတွေအနေနဲ့ ပြည်သူနဲ့ဆက်ဆံရာမှာ၊ ပြည်သူတွေလက်ခံထားတဲ့ပါတီနဲ့ ဆက်ဆံရာမှာ ပြောင်းလဲဆက်ဆံမှ နောင်ရွေးကောက်ပွဲတွေမှာ ဘဲဥကွဲမယ့်အနေအထားကို မြင်ရပါတယ်။သတင်းစာရှင်းလင်းပွဲတွေမှာ မြင်ရတဲ့အတိုင်းဆိုရင် ပြည်သူအများစုက ပါတီတစ်ခုတည်းကို ဘာကြောင့်ရွေးချယ်သလဲဆိုတာကို ဘွင်းဘွင်းကြီးမြင်နေရပါတယ်။  

လက်ရှိအချိန်ထိ ဒီသတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီး အရပ်ဘက်ဖြစ်တဲ့ ပညာရှင်တွေ၊ အများပြည်သူတွေဘက်က တုံ့ပြန်မှုတွေ၊ ဝေဖန်မှုတွေမှာ ပါတီတစ်ခုက ပြောရေးဆိုခွင့်ရှိသူက အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကို သတိပေးတာက စည်းကျော်ဘောင်ကျော်မှု ရှိ/မရှိ ကို အငြင်းပွားနေကြပေမယ့် သက်ဆိုင်ရာ သမ္မတရုံး ပြောရေးဆိုခွင့်သူဘက်က ဘာတစ်ခုမှ ယခုထိတုံ့ပြန်တာမရှိသေးပါဘူး။ဒီအတွက် ရှေ့ရက်တွေမှာ ဘာတွေဖြစ်လာဦးမလဲ ဘာတွေပွတ်တိုက်လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်နေရဦးမှာဖြစ်ပါတယ်။

ပါတီတွေ နောက်ဆုံးလွှတ်တော်ခေါ်တာ ဖြစ်လာနိုင်ပါ့မလား

တပ်ဘက်က ရွေးကောက်ပွဲမှာ နာမည်တူတာတွေ၊ မှတ်ပုံတင်တူတာတွေ စတဲ့ မဲစာရင်းစိစစ်ချက်တွေ ဆက်တိုက်ထုတ်ပြန်နေသလို ယခင်အကြိမ်ကထက် ပိုပြီးရှုံးနိမ့်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က မဲစာရင်းကွာဟမှုတွေကို ပါတီဝင်တွေ၊ ပါတီဝန်းရံသူတွေနဲ့ ဆန္ဒပြမှုတွေ ဆက်တိုက်လုပ်လို့ကောင်းနေချိန်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဘက်က တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေကို ဇန်နဝါရီ ၆ ရက်မှာ ခေါ်ယူခဲ့ပါတယ်။  

ဒါဟာ ဖြစ်ရိုးဖြစ်စဉ်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက် အနိုင်ရပါတီကိုကြေညာပြီးတဲ့အခါ လက်ရှိလွှတ်တော်ကို သက်တမ်းကုန်တဲ့အထိကျင်းပပြီး နောက်ဆုံး လွှတ်တော်ကျင်းပတဲ့နေ့မှာ သမ္မတက မိန့်ခွန်းလာပြောသလို နောက်လာမယ့်သက်တမ်းအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ လွှဲပြောင်းနူတ်ဆက်တာတွေ ရှိခဲ့ပါတယ်။ဒီနှစ်မှာတော့ ပြီးခဲ့တဲ့သက်တမ်းတုန်းက လုပ်ဖို့ဆိုတာမဖြစ်နိုင်လို့  ကူးစက်ကပ်ရောဂါကြောင့် လက်ရှိလွှတ်တော်ကိုပြီးဆုံးပြီး နောက်လွှတ်တော်ကိုပြန်စဖို့ ခေါ်ယူတဲ့သဘောတွေ့ရပြီး အရေးကြီးတဲ့ ဆုံးဖြတ်စရာအဆိုတွေ မရှိတဲ့အတွက်လည်းပါတယ်ဆိုပြီး ဒုတိယအကြိမ် လွှတ်တော်တွေကို အပြီးသတ်ခဲ့တာလို့ သိရပါတယ်။

ဒီလို တတိယအကြိမ် လွှတ်တော်အစည်းအဝေးခေါ်တာကို အစောဆုံးထကန့်ကွက်ခဲ့တာက လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ရွေးကောက်ခံရသူမရှိတဲ့  NDF လို့ခေါ်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဖြစ်နေပါတယ်။ဒီပါတီက ယခင်က NLD ပါတီကနေ ခွဲထွက်လာတာဖြစ်ပြီး ယခုလိုကန့်ကွက်တာအပေါ် ရွေးကောက်ပွဲအငြင်းပွားမှုတွေရှိနေတဲ့အချိန်မို့ ကျင်းပဖို့ မခေါ်ယူသင့်သေးဘူးဆိုပြီးပြောခဲ့တာ တွေ့ရပါတယ်။

လက်ရှိအာဏာရပါတီနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ပါတီဖြစ်တဲ့ NLD ကတော့ ဒီလိုအငြင်းပွားတာက ဥပဒေအရရှင်းရမှာဖြစ်ပြီး သက်ဆိုင်ရာကစစ်နေလို့ နိုင်ရင် လွှတ်တော်ကိုယ်စားလှယ်နေရာ ပြောင်းတာသာဖြစ်မှာဖြစ်ပြီး တတိယအကြိမ်လွှတ်တော်အတွက် ခေါ်ယူနေတာမို့ ဥပဒေအရ ဒုတိယလွှတ်တော်ကိုခေါ်ယူလို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။ဇန်နဝါရီ ၈ ရက်မှာတော့ ပြည်ခိုင်ဖြိုးပါတီကနေ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့  နောက်ဆုံးအစည်းအဝေးခေါ်ယူပေးဖို့ နိုင်ငံတော်သမ္မတဆီ အိတ်ဖွင့်စာပေးပို့ တောင်းဆိုခဲ့တာကို တွေ့ရပါတယ်။
ဒီလိုတောင်းဆိုရတာမှာ မဲမသမာမှုတွေ၊ မဲဆန္ဒရှင်လူဦးရေစာရင်း အလွန်အမင်းကွာဟနေမှုတွေ သက်သေအထောက်အထားတွေနဲ့ ပေါ်ပေါက်နေလို့ တတိယအကြိမ်လွှတ်တော်ကို ဆိုင်းငံ့ပေးဖို့နဲ့ နောက်ဆုံးအဖြစ် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ပိုင်ခွင့်ကိုအသုံးချပြီး သမ္မတအနေနဲ့ လွှတ်တော်ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တာကို တွေ့ရပါတယ်။

ဒီလိုတောင်းဆိုမှုထဲမှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ အတူ တပ်မတော်သားကိုယ်စားလှယ်တွေ၊ တခြားပါတီတွေလည်း ပါဝင်လက်မှတ်ရေးထိုးကာ ပြည်ထောင်စုလွှတ်တော် နာယကထံ တောင်းဆိုခဲ့တယ်လို့ပြောခဲ့တာကို တွေ့ရပါတယ်။ဇန်နဝါရီ ၈ ရက်က ပြုလုပ်ခဲ့တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲ မှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက လွှတ်တော်ခေါ်ယူမှု၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ သမ္မတရွေးချယ်မှုတွေ၊ အစိုးရအဖွဲ့ ရွေးချယ်မှုတွေကို အခြေခံဥပဒေအတိုင်း ဆက်လုပ်သွားမယ်လို့ ပြောခဲ့သလို ဇန်နဝါရီ ၁၀ ရက် ပြည်ခိုင်ဖြိုးပါတီ သတင်းစာရှင်းလင်းပွဲမှာ ပါတီပြောရေးဆိုခွင့်ရှိသူက ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် အရေးပေါ်အစည်းအဝေးခေါ်ယူဖို့ ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်နဲ့ တိုင်းရင်းသားပါတီအချို့မှ လွှတ်တော်ကိုယ်စားလှယ်များစုပေါင်းပြီး ယခုရက်ပိုင်းအတွင်း လက်မှတ်ထိုးတင်ပြသွားဖို့ရှိတယ်ဆိုပြီး ပြောခဲ့ပါတယ်။ဒါ့အပြင် ဒီအရေးပေါ်အထူးအစည်းအဝေးမှာ မဲနဲ့ဆိုင်တဲ့ မတရားမှုတွေကိုဆောင်ရွက်ပေးဖို့၊ ဖြေရှင်းပေးဖို့ လွှတ်တော်မှာ ဒီအဆိုတွေ တင်ပြဆောင်ရွက်ပေးဖို့ တင်ပြမယ်ဆိုပြီး တတိယအကြိမ်လွှတ်တော်ကို ဖေဖေါ်ဝါရီ ၁ ရက်မှာ ခေါ်ယူတာဟာ လုပ်ရိုးလုပ်စဉ်များအတိုင်း မဆောင်ရွက်ဘဲ အသည်းအသန်ခေါ်ယူတာဖြစ်လို့ သဘာ၀မကျကြောင်း၊ သံသယဖြစ်ဖွယ်ကောင်းကြောင်း ဒါကြောင့် ပုံစံမှန်အောင် ဥပဒေနဲ့အညီ ဆောင်ရွက်ပေးရတာဆိုပြီး ပြောခဲ့ပါတယ်။

လက်ရှိမှာ လွှတ်တော်အဟောင်းနဲ့ အသစ် ခေါ်ယူမှုမှာ အစိုးရဘက်က ဥပဒေအတိုင်းလုပ်နေတာကို တွေ့ရပါတယ်။အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီဘက်ကတော့  ဆန္ဒပြမှုတွေ၊ ကန့်ကွက်မှုတွေ ရွေးကောက်ပွဲမှာတာဝန်ယူခဲ့တဲ့ ဆရာ၊ ဆရာမတွေကိုအပါအဝင် တာဝန်ယူခဲ့တဲ့သူတွေကို တရားစွဲမှုတွေလုပ်နေသလို ရွေးကောက်ပွဲအရှုံးကိုချေဖျက်ဖို့ ဖြစ်နိုင်သမျှနည်းလမ်းတွေ ကျင့်သုံးနေသလို ဥပဒေအရ အဆုံးထိလုပ်သွားမယ်ဆိုတဲ့အတွက် ဇန်နဝါရီ ၂၉ ရက်မှ သိရမယ့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သမ္မတကြီးနဲ့ ရွေးကော်ဥက္ကဋ္ဌတို့ အပါအဝင် ကြားနာစစ်ဆေးမှုအခြေအနေ၊ ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင် ပြည်ခိုင်ဖြိုးဦးဆောင်တဲ့ အထူးအရေးပေါ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေါ်ယူပေးဖို့ တောင်းဆိုတာ ဖြစ်/မဖြစ် စတဲ့ ထူးခြားတဲ့ နောက်ဆုံးအခြေအနေတွေကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။     

ဒီနိုင်ငံရေးအခင်းအကျင်းတွေက သတိထားရတဲ့ အခင်းအကျင်းတွေဖြစ်လို့ ဘယ်သူ့လိုအင်ဆန္ဒက ပြည်သူတွေနဲ့ ထပ်တူပြည့်၀အောင် ကစားနိုင်မလဲဆိုတာ ရှေ့ရက်တွေမှာ ရင်တမမ ဆက်လက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဒီလိုသတင်းတွေအပြင် ယခုရက်သတ္တပတ်မှာ တခြားသတိထားမိခဲ့တဲ့ သတင်းအချို့ကတော့ လာမယ့်အစိုးရသစ်လက်ထက်မှာ ရွှေလုပ်ငန်းရှင်အသင်းကနေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ ရွှေဒင်္ဂါးတွေ ပြည်ပကိုတင်ပို့ရောင်းချနိုင်ဖို့ လုပ်ဆောင်နေတဲ့သတင်း၊ အိန္ဒိယနိုင်ငံကနေ ကိုဗစ်-၁၉ ကာကွယ်ဆေး လူဦးရေ (၁၅) သန်းစာအတွက် ဝယ်ယူထားတဲ့သတင်း၊ ရွှေပြည်သာရှိ အိမ်နှစ်အိမ်မှာ ဘင်္ဂါလီလူမျိုး အယောက် (၁၀၀) ခန့် တရားမဝင်ရောက်ရှိနေတဲ့သတင်း၊ တရားမဝင်ဖွင့်ထားတဲ့ မြောက်ဒဂုံက YGN KTV ကို ရဲတပ်ဖွဲ့က လွတ်လပ်ရေးနေ့ မနက်အစောပိုင်းက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ ဆိုင်ဝန်ထမ်းတွေအပါအဝင် စုစုပေါင်း ၈၂ ဦးကို ဖမ်းဆီးရမိခဲ့တဲ့သတင်း၊ ကူးစက်မြန် မျိုးဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲသစ်ရှိသူတစ်ဦး လွတ်မထွက်သွားရအောင် ကျန်းမာရေးဝန်ကြီးဌာနက အထူးသတိပြုထိန်းချုပ်မှုတွေ ဆောင်ရွက်နေတဲ့သတင်း၊ တပ်မတော်က အာဏာသိမ်းတယ်ဆိုပြီး သတင်းအမှားဖြန့်တဲ့ ဒလက အမျိုးသမီး ဆေးရုံတက်နေရာကနေ ထွက်ပြေးသွားတဲ့သတင်းတွေလည်း ရှိခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

ခက်ထန်စိုး
ဇန်နဝါရီ - ၁၁

( Zawgyi )

ယခုရက္ပိုင္းအတြင္း လာမည့္သက္တမ္းအတြက္ လႊတ္ေတာ္က်င္းပျပဳလုပ္မယ့္ေန႔ရက္ကို ထုတ္ျပန္ၿပီးေနာက္ပိုင္းမွာ သတင္းစာရွင္းလင္းပြဲေတြ ဆက္တိုက္ျပဳလုပ္လာခဲ့တာကို ေတြ႕ရပါတယ္။ဒီသတင္းစာရွင္းလင္းပြဲေတြက ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေနတဲ့အေျခအေနေတြကို ျမင္ေတြ႕ရသလို ႏိုင္ငံေရးပြတ္တိုက္မႈေတြ၊ ျပည္သူေတြထင္ျမင္ထားတဲ့အတိုင္း တရားဥပေဒစိုးမိုးေရးအပိုင္းမွာျဖစ္ေနတဲ့ အေျခအေနေတြကို အတည္ျပဳေပးခဲ့သလိုျဖစ္ခဲ့ၿပီး မၿပီးႏိုင္မစီးႏိုင္ျဖစ္ေနတဲ့ ေ႐ြးေကာက္ပြဲရလဒ္အေပၚ ဆႏၵျပကန႔္ကြက္မႈေတြ၊ တခ်ိဳ႕ေသာအဖြဲ႕အစည္းေတြနဲ႔ ပါတီေတြရဲ႕ လႈပ္ရွားမႈကို ေျပာခဲ့တာေတြက လက္ရွိ ႏိုင္ငံေရးကိုစိတ္ဝင္စားေနသူေတြသာမက သာမန္ျပည္သူေတြပါ ဒီသတင္းစာရွင္းလင္းပြဲကထြက္လာတဲ့ သတင္းေတြကို စိတ္ဝင္စားမႈျမင့္တက္လာခဲ့ပါတယ္။

ဒီလိုသတင္းစာရွင္းလင္းပြဲအၿပီး ေနာက္တစ္ရက္မွာ ေ႐ြးေကာက္ပြဲမွာရႈံးခဲ့တဲ့ ျပည္ခိုင္ၿဖိဳးပါတီဘက္က သတင္းစာရွင္းလင္းပြဲျပန္လုပ္ၿပီး ပါတီေျပာေရးဆိုခြင့္ရွိသူကိုယ္တိုင္ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူကို ျပန္လည္ေဝဖန္တာေတြလုပ္ခဲ့တာ၊ လႊတ္ေတာ္သစ္မစခင္ ေနာက္ဆုံးလႊတ္ေတာ္အစည္းအေဝးေခၚဖို႔ ျပည္ခိုင္ၿဖိဳး၊ တပ္မေတာ္၊ ပါတီအခ်ိဳ႕ေပါင္းၿပီး ေတာင္းဆိုတာေတြကို ေျပာခဲ့ပါတယ္။ဒီလိုႏိုင္ငံေရးပြတ္တိုက္မႈေတြရွိေနတဲ့အတြက္ ျမန္မာ့ႏိုင္ငံေရးအေျခအေနက အေတာ္ေလးကိုရႈပ္ေထြးလာဖို႔ ရွိလာႏိုင္စရာရွိလားဆိုတာ အားလုံးေတြးေနၾကတဲ့အေျခအေနပါ။

ဒီတစ္ပတ္မွာ ျဖစ္လာႏိုင္တဲ့အခင္းအက်င္းေတြကို လတ္တေလာ အားသာမႈေတြ၊ တစ္ဘက္က ဘယ္လိုခင္းက်င္းမႈေတြနဲ႔ ခ်ည္းကပ္လာေနလဲဆိုတဲ့ ရႈေထာင့္ေတြနဲ႔ ေဖာ္ျပခ်င္ပါတယ္။

ျပတ္သားတဲ့ သမၼတ႐ုံး သတင္းစာရွင္းလင္းပြဲ

ဒီရက္ပိုင္းမွာျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲ ၃ ခုက တစ္ခုနဲ႔ တစ္ခု အခ်ိတ္အဆက္ရွိေနတာကို သတိထားမိပါတယ္။
သတင္းစာရွင္းလင္းပြဲ ၃ ခုမွာ ႏွစ္ခုက ေ႐ြးေကာက္ပြဲမွာ မဲရႈံးခဲ့တဲ့‌ ယခင္စစ္အစိုးရကိုဆက္ခံခဲ့တဲ့ ျပည္ခိုင္ၿဖိဳးပါတီဘက္က လုပ္ခဲ့တာျဖစ္ၿပီး က်န္တစ္ပြဲက သမၼတ႐ုံးဘက္က လုပ္ခဲ့တာပါ။

ဒီဇင္ဘာ ၅ ရက္မွာ ရန္ကုန္က ျပည္ခိုင္ၿဖိဳးပါတီမွာျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ အဓိကအားျဖင့္ ျပည္ခိုင္ၿဖိဳးပါတီဘက္က သူတို႔ေတာင္းဆိုထားတဲ့ စစ္ေဆးမႈေတြကို ေ႐ြးေကာက္ပြဲေကာ္မရွင္က စစ္ေဆးေပးဖို႔၊ ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈေပါင္း တစ္သန္းေက်ာ္အထိရွိတာ ဒါေတြကိုေျပာခဲ့တာ ေတြ႕ရပါတယ္။
ၿပီးခဲ့တဲ့ရက္သတၱပတ္က ေ႐ြးေကာ္ကေန ေ႐ြးေကာက္ပြဲရလဒ္ကိုပ်က္ျပားေအာင္ ပါတီေတြ အဖြဲ႕အစည္းေတြကမလုပ္ဖို႔ သတိေပးစာထုတ္ျပန္ၿပီးမွာ ဒီလိုစြပ္စြဲမႈေတြနဲ႔ သတင္းစာရွင္းလင္းပြဲကို လုပ္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ျပည္ခိုင္ၿဖိဳးပါတီဘက္က ဒု-ဥကၠ႒ေနရာကိုယူထားတဲ့ ယခင္ရဲခ်ဳပ္ေဟာင္း ဦးခင္ရီ က ေ႐ြးေကာက္ပြဲကို သီးျခားလြတ္လပ္တဲ့ အဖြဲ႕အစည္းဖြဲ႕ၿပီးစစ္ေဆးေပးဖို႔ ေတာင္းဆိုခဲ့သလို သူတို႔ဆီမွာ အေသးစိတ္အခ်က္အလက္ေတြရွိတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ဒီလိုမွမလုပ္ေပးရင္ မဲရလဒ္ကိုမယုံၾကည္ဘူးဆိုၿပီး ေျပာခဲ့တာကို ေတြ႕ရပါတယ္။ဒီသတင္းစာရွင္းလင္းပြဲေတြမွာေတာ့ ရန္ကုန္တိုင္းမွာလုပ္တဲ့ ျပည္ခိုင္ၿဖိဳး သတင္းစာရွင္းလင္းပြဲေတြမွာ ပါေလ့ပါထရွိတဲ့ ျပည္သူဆိုသူေတြ ေဒသခံဆိုသူေတြ မဲဆႏၵရွင္ေတြဆိုသူေတြမပါဘဲ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတခ်ိဳ႕သာ ဝင္ေရာက္ရွင္းလင္းတာကို ေတြ႕ရပါတယ္။ယခုပြဲမွာ စစ္ဗိုလ္ခ်ဳပ္ေဟာင္းေတြ စုစည္းထူေထာင္ထားတဲ့ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီက ဥကၠ႒တာဝန္ယူထားသူ ယခင္စစ္ဥပေဒခ်ဳပ္ေဟာင္း ဦးစိုးေမာင္ က ဝင္ရွင္းလင္းခဲ့တာကိုေတြ႕ရၿပီး သူက “မဲမသမာမႈေတြရွိခဲ့တဲ့အေၾကာင္း အေထာက္အထားေတြ အျပည့္အဝရထားလို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ေခ်ာင္ပိတ္မိေနၿပီလို႔ဆိုကာ ျမန္မာ႐ုပ္ရွင္ဇာတ္ကားေတြထဲကလို ‘ဘယ္ေျပးမလဲ မိခ်ိဳသဲ’ ဆိုတဲ့အတိုင္း ျဖစ္ေနၿပီလို႔ ေျပာခဲ့ပါတယ္။

ရွင္းလင္းပြဲမွာ မဲမသမာမႈေတြရွိတယ္လို႔ ေျပာေလ့ရွိေပမယ့္ အမ်ားျပည္သူက မဲခိုးတာ မဲမသမာမႈလုပ္တာလို႔ သတ္မွတ္ထားတဲ့  ဘယ္ပါတီကိုယ္စားလွယ္က မဲတံဆိပ္တုံးအတုယူလာတာ၊ ဘယ္ပါတီက ေ႐ြးေကာက္ပြဲစည္းကမ္းနဲ႔အညီမဟုတ္ဘဲ ဘယ္လိုမဲဆြယ္ခဲ့တာ စသျဖင့္ ရလဒ္ကိုပ်က္ျပားေစတဲ့ မဲမသမာမႈမ်ိဳးေတြကိုေျပာခဲ့တာ မေတြ႕ရဘဲ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုသာဦးတည္ၿပီး စြပ္စြဲခဲ့ကာ ဘက္လိုက္တယ္ဆိုတဲ့ဘက္နဲ႔ ေ႐ြးေကာက္ပြဲရလဒ္ကို ျပင္ခ်င္တဲ့အေနအထားကို ေတြ႕ရပါတယ္။တပ္မေတာ္ဘက္က ထုတ္ျပန္ေနတဲ့ စာရင္းေတြကိုဘဲ အေျခခံၿပီး ၂၀၁၀၊ ၂၀၁၅ ေ႐ြးေကာက္ပြဲေတြမွာလည္း ေတြ႕ႀကဳံ ခဲ့ရတဲ့ ေမြးသကၠရာဇ္မွားတာ၊ မွတ္ပုံတင္နံပါတ္တူေနတာ၊ အေဖ အေမတူေနတာ စတဲ့ စာရင္းခ်ိဳ႕ယြင္းခ်က္ေတြကိုဘဲ အေျခခံၿပီး ေျပာခဲ့ရွင္းလင္းခဲ့လို႔ စိတ္ဝင္စားစရာနည္းခဲ့ပါတယ္။ဒါေၾကာင့္လည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္က အဖြဲ႕အစည္းေတြနဲ႔ ႏိုင္ငံေရးပါတီေတြအေနနဲ႔ ေ႐ြးေကာက္ပြဲရလဒ္ကိုလက္မခံတဲ့ သေဘာထားေတြမလုပ္ၾကဖို႔ အသိေပးခ်က္ထုတ္ျပန္ခဲ့တာလည္း ျဖစ္ပါတယ္။

အဆိုသတင္းစာရွင္းလင္းပြဲမွာဘဲ ဦးစိုးေမာင္ က ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈေျမာက္မ်ားစြာရွိခဲ့လို႔  စာခြၽန္ေတာ္အမိန႔္ေလွ်ာက္ထားတာကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က လက္ခံလိုက္တယ္လို႔ ေျပာခဲ့ပါတယ္။အဲ့ဒီ ဇန္နဝါရီ ၅ ရက္မွာဘဲ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ထုတ္ျပန္တဲ့ အမႈၾကားနာရန္ ႀကိဳတင္သတိေပး အမႈေခၚစာရင္းမွာ ႏိုင္ငံေတာ္သမၼတႀကီးနဲ႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးလွသိန္းတို႔ ပါဝင္လာခဲ့ပါတယ္။
ထုတ္ျပန္ခ်က္အရဆိုရင္ ဇန္နဝါရီ (၂၉) ရက္၊ ေသာၾကာေန႔မွာ Vedio Conferencing စနစ္နဲ႔ ၾကားနာသြားမယ္ဆိုတဲ့အထဲမွာ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ အပါအဝင္ ၄ ဦးကို စာခြၽန္ေတာ္အမိန႔္ ထုတ္ဆင့္ေပးဖို႔ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ ဥကၠ႒ ဦးစိုးေမာင္ရဲ႕ ေရွ႕ေန ဦးေဇာ္ဝိတ္ က ကိုယ္တိုင္ေလွ်ာက္ထားခဲ့တာျဖစ္ၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းပါ ၁၅ ဦးအတြက္ စာခြၽန္ေတာ္အမႈႏွစ္မႈကိုေတာ့ ဦးစိုးေမာင္နဲ႔ ျပည္ခိုင္ၿဖိဳးပါတီဘက္က ေလွ်ာက္ခဲ့တာ ေတြ႕ရပါတယ္။ဒီအတြက္ တပ္မေတာ္က သက္ေသအျဖစ္ ပါဝင္မယ္ဆိုၿပီးေျပာခဲ့တာကို ေတြ႕ရပါတယ္။

အမ်ားျပည္သူေတြနဲ႔ ဥပေဒပညာရွင္ေတြက လက္ရွိ ၂၀၀၈ အေျခခံဥပေဒကို ေထာက္ျပၿပီး သမၼတအပါအဝင္ အႀကီးအကဲ ၄ ဦးကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္မွာ ေလွ်ာက္ထားတာ ဥပေဒနဲ႔မညီတာ ေျပာခံေဝဖန္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။
ဒါေပမယ့္ အာဏာရပါတီဘက္ကေတာ့ ဒီလိုတရားလႊတ္ေတာ္ခ်ဳပ္ကိုေထာက္ျပတာ အေကာင္းျမင္တယ္ဆိုၿပီး NLD ပါတီက ေဒါက္တာမ်ိဳးၫြန္႔ က ႏိုင္ငံေတာ္အႀကီးအကဲေတြကိုေတာင္ တရားစြဲခြင့္ ႁခြင္းခ်က္မထားလို႔ တရားဥပေဒစိုးမိုးေရးအတြက္ အလားအလာေကာင္းတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီဘက္က ဒီလိုသတင္းစာရွင္းလင္းပြဲလုပ္ၿပီးေနာက္ ဇန္နဝါရီ ၈ ရက္မွာ ႏိုင္ငံေတာ္သမၼတ႐ုံးဘက္က သတင္းစာရွင္းလင္းပြဲ ဆက္လုပ္ခဲ့ပါတယ္။အဲဒီသတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူက ႏိုင္ငံေတာ္သမၼတအပါအဝင္ အႀကီးအကဲေလးဦးကို စာခြၽန္ေတာ္ေလွ်ာက္ထားတဲ့ကိစၥနဲ႔ပတ္သက္ၿပီး မီဒီယာေတြေမးတာကို ရွင္းလင္းရာမွာ တရားဥပေဒနဲ႔မညီတာ လုပ္ခဲ့တာမရွိခဲ့ဘူးဆိုတာ ျပည္သူေတြအသိျဖစ္တယ္လို႔ ေျပာခဲ့ၿပီး ဖြဲ႕စည္းပုံဥပေဒ၊ ျပည္ေထာင္စုအစိုးရအဖြဲ႕ဥပေဒေတြအရ မည္သည့္တရား႐ုံးတြင္မွ်ေျဖရွင္းရန္ တာဝန္မရွိဘူးလို႔ ခပ္ျပတ္ျပတ္ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္သမၼတနဲ႔  အတိုင္ပင္ခံပုဂၢိဳလ္တို႔ကို မဟုတ္မမွန္ ေဝဖန္ေျပာၾကားေနတဲ့ ပုဂၢိဳလ္ေတြ၊ လုပ္ေနတဲ့ အဖြဲ႕အစည္းေတြကို ကိုယ့္ႏိုင္ငံေရးကိုယ္ျပန္သတ္ၿပီး ႏိုင္ငံေရးဆြဲႀကိဳးခ်ေနသူမ်ား ျဖစ္ေနတယ္လို႔ ခပ္ျပင္းျပင္းတုံ႔ျပန္ခဲ့ပါတယ္။လက္ရွိ မဲရလဒ္လက္မခံတာနဲ႔ပတ္သက္ၿပီးလည္း ၿပီးခဲ့တဲ့  ၁၉၉၀ နဲ႔ ၂၀၁၅ ေ႐ြးေကာက္ပြဲေတြမွာ NLD ပါတီ အႏိုင္ရခဲ့တာကို အခု ၂၀၂၀ နဲ႔ ႏိူင္းယွဥ္ၿပီး ျပည္သူက ဘယ္ပါတီကို အျပတ္အသတ္ေပးခဲ့သလဲဆိုတာ ျမင္သာႏိုင္တယ္လို႔ေျပာခဲ့ကာ ႏိုင္ငံတကာမွာဆိုရင္  ေ႐ြးေကာက္ပြဲမွာ မဲရႈံးတဲ့ပါတီေတြအေနနဲ႔ လုပ္စရာႏွစ္ခုသာရွိၿပီး တစ္ခုက ပါတီကိုေျပာင္းလဲေရးလုပ္ၿပီး ေနာက္လာမည့္ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္ၾကတာနဲ႔ ေနာက္တစ္နည္းက ဒိုင္ညစ္တယ္၊ ဘက္လိုက္တယ္ဆိုၿပီး လုပ္တာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ဒါ့အျပင္ လက္ရွိရလဒ္ကို တစ္ျပည္လုံးက အသိအမွတ္ျပဳထားၿပီးျဖစ္လို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒအတိုင္း လႊတ္ေတာ္ေခၚယူက်င္းပကာ လႊတ္ေတာ္ဥကၠ႒ေတြ သမၼတနဲ႔ အစိုးရအဖြဲ႕ကို ေ႐ြးခ်ယ္သြားမွာျဖစ္တယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

သမၼတ႐ုံး သတင္းစာရွင္းလင္းပြဲမွာ ဦးေဇာ္ေဌးရဲ႕ ရွင္းလင္းေျပာၾကားခ်က္ေတြက အမ်ားျပည္သူၾကား ဂယက္ထခဲ့ပါတယ္။လူမႈကြန္ရက္မွာလည္း ႏိုင္ငံေရးႀကိဳးဆြဲခ်ဆိုတဲ့  စကားအသုံးအႏူန္းက အေတာ္ေလးေပါက္ခဲ့ပါတယ္။ဒါ့အျပင္ သက္ဆိုင္ရာနယ္ပယ္မွာလည္း ဒီသတင္းစာရွင္းလင္းပြဲက ဂယက္႐ိုက္ခဲ့တဲ့အတြက္ ဇန္နဝါရီ ၁၀ ရက္မွာ ျပည္ခိုင္ၿဖိဳးပါတီဘက္က တစ္ဖန္ျပန္ၿပီး သတင္းစာရွင္းလင္းပြဲ လုပ္ခဲ့ပါတယ္။ဒီသတင္းစာရွင္းလင္းပြဲမွာေတာ့  အရင္လိုမဟုတ္ဘဲ မီဒီယာေတြနဲ႔စကားေျပာရာမွာ ထိန္းထိန္းသိမ္းသိမ္းေျပာေလ့ရွိတဲ့ ပါတီေျပာေရးဆိုခြင့္ရွိသူ ေဒါက္နႏၵာလွျမင့္ တစ္ဦးတည္းသာ ဒိုင္ခံရွင္းလင္းၿပီး မီဒီယာအခ်ိဳ႕ေမးတာကိုေျဖခဲ့တာ ေတြ႕ရပါတယ္။ဒီပြဲမွာ ထူးထူးျခားျခား နာမည္ႀကီးမီဒီယာအခ်ိဳ႕ ေမးျမန္းျခင္းမျပဳခဲ့တာကိုလည္း ေတြ႕ရပါတယ္။

အဆိုပါသတင္းစာရွင္းလင္းပြဲမွာ ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူက သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူကို နာမည္တပ္ၿပီး ေျပာခဲ့တာေတြ ရွိခဲ့ပါတယ္။ႏိုင္ငံေတာ္သမၼတ႐ုံးမွ ေျပာေရးဆိုခြင့္ရွိသူက သမၼတနဲ႔ ေ႐ြးေကာ္ဥကၠ႒တို႔ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္မွာ စာခြၽန္ေတာ္ေလွ်ာက္တာနဲ႔ပတ္သက္ၿပီး ေျပာခဲ့တဲ့အေပၚ  ႐ုံးေတာ္ကေန အဆုံးအျဖတ္မျပဳခင္မွာ ႀကိဳတင္မွတ္ခ်က္ျပဳတဲ့အတြက္ အေရးယူခံရႏိုင္တယ္ဆိုၿပီး ထူးထူးျခားျခား သတိေပးေျပာခဲ့တာကိုလည္း ေတြ႕ရပါတယ္။ဒါ့အျပင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို  မဲမသမာမႈေတြရွိတယ္ဆိုၿပီး ေကာ္မရွင္ကို စြပ္စြဲမႈေတြလုပ္ေနရာမွာ အေရးမစိုက္တဲ့အတြက္ လက္ရွိအာဏာရအစိုးရက ဝင္ေရာက္ေျဖရွင္းေပးရမွာျဖစ္ၿပီး မေျဖရွင္းေပးတာက အာဏာကိုလက္မလႊတ္လိုတဲ့ ျပႆနာဆိုၿပီး ေျပာခဲ့ပါတယ္။

ဒီရွင္းလင္းပြဲမွာ တိက်ေသခ်ာတဲ့စကားေတြ ရွင္းလင္းတာကိုမေတြ႕ရဘဲ ၾကားဖူးၿပီးသား အခ်က္ေတြကိုေျပာခဲ့တာသာ မ်ားေနတာကို ေတြ႕ရပါတယ္။ဒါ့အျပင္ ျပည္ခိုင္ၿဖိဳးပါတီကို ေထာက္ခံသူေတြ၊ ဝန္းရံသူေတြက ေသခ်ာစဥ္းစားၿပီး မဲေပးခဲ့တဲ့အတြက္ ဒီမဲအရႈံးကို လြယ္လြယ္လက္မခံဘဲ သူတို႔စြပ္စြဲတာကို လက္ခံေျဖရွင္းေပးမွ လက္ခံမယ္ဆိုၿပီးေျပာခဲ့တာကိုလည္း ေတြ႕ရပါတယ္။ဒီသတင္းစာရွင္းလင္းပြဲမွာဘဲ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူကို ႏိုင္ငံ့ဝန္ထမ္းျဖစ္ၿပီး ပါတီကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို အကာအကြယ္ေပးလို႔ သံသရာတစ္ပတ္လည္မယ္၊ ဘယ္ပါတီမွ တစ္သက္လုံးအာဏာမရဘူးလို႔ ျပင္းျပင္းထန္ထန္ေျပာခဲ့တာကို ေတြ႕ရပါ တယ္။ဒါ့အျပင္ ျပည္ခိုင္ၿဖိဳးပါတီကို ေထာက္ခံတဲ့သူေတြ ဝန္းရံတဲ့သူေတြကို ေန႔စားခေပးၿပီးေခၚတယ္လို႔ တခ်ိဳ႕သူေတြေျပာခဲ့တာေတြကို  ႏွိမ့္ခ်တယ္ဆိုၿပီး ေျပာခဲ့သလို ကိုယ္တာဝန္နဲ႔ ကိုယ့္အလုပ္ကို သတၱိရွိရွိ၊ ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ေဆာင္႐ြက္ဖို႔ သတိေပးတယ္ဆိုၿပီး ခပ္မာမာေျပာခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

အစိုးရဘက္နဲ႔ တပ္ဘက္၊ ပါတီေတြဘက္က သတင္းစာရွင္းလင္းပြဲေတြလုပ္တိုင္း သတိထားမိေလ့ရွိခဲ့တာက အမ်ားျပည္သူအေနနဲ႔ အစိုးရသတင္းစာရွင္းလင္းပြဲေလာက္သာ အာ႐ုံစိုက္ၾကတာကိုေတြ႕ ရေလ့ရွိၿပီး လူမႈကြန္ရက္ေတြမွာ တျခားသတင္းစာရွင္းလင္းပြဲေတြလို ကိုယ့္အျမင္ကို မွတ္ခ်က္ေပးရာမွာ လက္ရွိေ႐ြးေကာက္ပြဲရလဒ္နဲ႔ ပတ္သက္လာရင္ ျပည္သူအမ်ားစုရဲ႕ဆႏၵနဲ႔ထင္ဟပ္တဲ့ ရလဒ္အျဖစ္ ေရးၾကတာကို ေတြ႕ရပါတယ္။ဒါ့အျပင္ ျပည္ခိုင္ၿဖိဳးပါတီဘက္ကလုပ္တဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဆႏၵျပမႈေတြ၊ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို စြပ္စြဲမႈေတြ ဘာေတြကိုလည္း အရင္ကလို စိတ္ဝင္စားမႈမရွိတာကိုလည္း ေတြ႕ ရပါတယ္။ဒါဟာလည္း ပါတီေတြအေပၚ အာ႐ုံစိုက္မႈမွာ NLD ပါတီ တစ္ခုကိုသာ အမ်ားစုကလက္ခံတဲ့သေဘာျဖစ္သလို စိတ္ခ်ယုံၾကည္ရတဲ့ သမိုင္းကလည္း ဒီပါတီတစ္ခုတည္းမွာသာရွိလို႔ က်န္ပါတီေတြအေနနဲ႔ ျပည္သူနဲ႔ဆက္ဆံရာမွာ၊ ျပည္သူေတြလက္ခံထားတဲ့ပါတီနဲ႔ ဆက္ဆံရာမွာ ေျပာင္းလဲဆက္ဆံမွ ေနာင္ေ႐ြးေကာက္ပြဲေတြမွာ ဘဲဥကြဲမယ့္အေနအထားကို ျမင္ရပါတယ္။သတင္းစာရွင္းလင္းပြဲေတြမွာ ျမင္ရတဲ့အတိုင္းဆိုရင္ ျပည္သူအမ်ားစုက ပါတီတစ္ခုတည္းကို ဘာေၾကာင့္ေ႐ြးခ်ယ္သလဲဆိုတာကို ဘြင္းဘြင္းႀကီးျမင္ေနရပါတယ္။  

လက္ရွိအခ်ိန္ထိ ဒီသတင္းစာရွင္းလင္းပြဲနဲ႔ပတ္သက္ၿပီး အရပ္ဘက္ျဖစ္တဲ့ ပညာရွင္ေတြ၊ အမ်ားျပည္သူေတြဘက္က တုံ႔ျပန္မႈေတြ၊ ေဝဖန္မႈေတြမွာ ပါတီတစ္ခုက ေျပာေရးဆိုခြင့္ရွိသူက အစိုးရအဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူကို သတိေပးတာက စည္းေက်ာ္ေဘာင္ေက်ာ္မႈ ရွိ/မရွိ ကို အျငင္းပြားေနၾကေပမယ့္ သက္ဆိုင္ရာ သမၼတ႐ုံး ေျပာေရးဆိုခြင့္သူဘက္က ဘာတစ္ခုမွ ယခုထိတုံ႔ျပန္တာမရွိေသးပါဘူး။ဒီအတြက္ ေရွ႕ရက္ေတြမွာ ဘာေတြျဖစ္လာဦးမလဲ ဘာေတြပြတ္တိုက္လာဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ေနရဦးမွာျဖစ္ပါတယ္။

ပါတီေတြ ေနာက္ဆုံးလႊတ္ေတာ္ေခၚတာ ျဖစ္လာႏိုင္ပါ့မလား

တပ္ဘက္က ေ႐ြးေကာက္ပြဲမွာ နာမည္တူတာေတြ၊ မွတ္ပုံတင္တူတာေတြ စတဲ့ မဲစာရင္းစိစစ္ခ်က္ေတြ ဆက္တိုက္ထုတ္ျပန္ေနသလို ယခင္အႀကိမ္ကထက္ ပိုၿပီးရႈံးနိမ့္ခဲ့တဲ့ ျပည္ခိုင္ၿဖိဳးပါတီဘက္က မဲစာရင္းကြာဟမႈေတြကို ပါတီဝင္ေတြ၊ ပါတီဝန္းရံသူေတြနဲ႔ ဆႏၵျပမႈေတြ ဆက္တိုက္လုပ္လို႔ေကာင္းေနခ်ိန္မွာ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ဘက္က တတိယအႀကိမ္ လႊတ္ေတာ္အစည္းအေဝးေတြကို ဇန္နဝါရီ ၆ ရက္မွာ ေခၚယူခဲ့ပါတယ္။  

ဒါဟာ ျဖစ္႐ိုးျဖစ္စဥ္အရ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္ အႏိုင္ရပါတီကိုေၾကညာၿပီးတဲ့အခါ လက္ရွိလႊတ္ေတာ္ကို သက္တမ္းကုန္တဲ့အထိက်င္းပၿပီး ေနာက္ဆုံး လႊတ္ေတာ္က်င္းပတဲ့ေန႔မွာ သမၼတက မိန္႔ခြန္းလာေျပာသလို ေနာက္လာမယ့္သက္တမ္းအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ လႊဲေျပာင္းႏူတ္ဆက္တာေတြ ရွိခဲ့ပါတယ္။ဒီႏွစ္မွာေတာ့ ၿပီးခဲ့တဲ့သက္တမ္းတုန္းက လုပ္ဖို႔ဆိုတာမျဖစ္ႏိုင္လို႔  ကူးစက္ကပ္ေရာဂါေၾကာင့္ လက္ရွိလႊတ္ေတာ္ကိုၿပီးဆုံးၿပီး ေနာက္လႊတ္ေတာ္ကိုျပန္စဖို႔ ေခၚယူတဲ့သေဘာေတြ႕ရၿပီး အေရးႀကီးတဲ့ ဆုံးျဖတ္စရာအဆိုေတြ မရွိတဲ့အတြက္လည္းပါတယ္ဆိုၿပီး ဒုတိယအႀကိမ္ လႊတ္ေတာ္ေတြကို အၿပီးသတ္ခဲ့တာလို႔ သိရပါတယ္။

ဒီလို တတိယအႀကိမ္ လႊတ္ေတာ္အစည္းအေဝးေခၚတာကို အေစာဆုံးထကန႔္ကြက္ခဲ့တာက လက္ရွိ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာလည္း ေ႐ြးေကာက္ခံရသူမရွိတဲ့  NDF လို႔ေခၚတဲ့ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီက ျဖစ္ေနပါတယ္။ဒီပါတီက ယခင္က NLD ပါတီကေန ခြဲထြက္လာတာျဖစ္ၿပီး ယခုလိုကန႔္ကြက္တာအေပၚ ေ႐ြးေကာက္ပြဲအျငင္းပြားမႈေတြရွိေနတဲ့အခ်ိန္မို႔ က်င္းပဖို႔ မေခၚယူသင့္ေသးဘူးဆိုၿပီးေျပာခဲ့တာ ေတြ႕ရပါတယ္။

လက္ရွိအာဏာရပါတီနဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲ အႏိုင္ရတဲ့ပါတီျဖစ္တဲ့ NLD ကေတာ့ ဒီလိုအျငင္းပြားတာက ဥပေဒအရရွင္းရမွာျဖစ္ၿပီး သက္ဆိုင္ရာကစစ္ေနလို႔ ႏိုင္ရင္ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ ေျပာင္းတာသာျဖစ္မွာျဖစ္ၿပီး တတိယအႀကိမ္လႊတ္ေတာ္အတြက္ ေခၚယူေနတာမို႔ ဥပေဒအရ ဒုတိယလႊတ္ေတာ္ကိုေခၚယူလို႔ မျဖစ္ႏိုင္ဘူးလို႔ ေျပာခဲ့တာကိုလည္း ေတြ႕ရပါတယ္။ဇန္နဝါရီ ၈ ရက္မွာေတာ့ ျပည္ခိုင္ၿဖိဳးပါတီကေန ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕  ေနာက္ဆုံးအစည္းအေဝးေခၚယူေပးဖို႔ ႏိုင္ငံေတာ္သမၼတဆီ အိတ္ဖြင့္စာေပးပို႔ ေတာင္းဆိုခဲ့တာကို ေတြ႕ရပါတယ္။
ဒီလိုေတာင္းဆိုရတာမွာ မဲမသမာမႈေတြ၊ မဲဆႏၵရွင္လူဦးေရစာရင္း အလြန္အမင္းကြာဟေနမႈေတြ သက္ေသအေထာက္အထားေတြနဲ႔ ေပၚေပါက္ေနလို႔ တတိယအႀကိမ္လႊတ္ေတာ္ကို ဆိုင္းငံ့ေပးဖို႔နဲ႔ ေနာက္ဆုံးအျဖစ္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးကို ဖြဲ႕စည္းပုံအေျခခံဥပေဒပါ လုပ္ပိုင္ခြင့္ကိုအသုံးခ်ၿပီး သမၼတအေနနဲ႔ လႊတ္ေတာ္ေခၚယူေပးဖို႔ ေတာင္းဆိုခဲ့တာကို ေတြ႕ရပါတယ္။

ဒီလိုေတာင္းဆိုမႈထဲမွာ ျပည္ခိုင္ၿဖိဳးပါတီဝင္ေတြနဲ႔ အတူ တပ္မေတာ္သားကိုယ္စားလွယ္ေတြ၊ တျခားပါတီေတြလည္း ပါဝင္လက္မွတ္ေရးထိုးကာ ျပည္ေထာင္စုလႊတ္ေတာ္ နာယကထံ ေတာင္းဆိုခဲ့တယ္လို႔ေျပာခဲ့တာကို ေတြ႕ရပါတယ္။ဇန္နဝါရီ ၈ ရက္က ျပဳလုပ္ခဲ့တဲ့ သမၼတ႐ုံးသတင္းစာရွင္းလင္းပြဲ မွာ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူက လႊတ္ေတာ္ေခၚယူမႈ၊ လႊတ္ေတာ္ဥကၠ႒ေတြ၊ သမၼတေ႐ြးခ်ယ္မႈေတြ၊ အစိုးရအဖြဲ႕ ေ႐ြးခ်ယ္မႈေတြကို အေျခခံဥပေဒအတိုင္း ဆက္လုပ္သြားမယ္လို႔ ေျပာခဲ့သလို ဇန္နဝါရီ ၁၀ ရက္ ျပည္ခိုင္ၿဖိဳးပါတီ သတင္းစာရွင္းလင္းပြဲမွာ ပါတီေျပာေရးဆိုခြင့္ရွိသူက ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းအတြက္ အေရးေပၚအစည္းအေဝးေခၚယူဖို႔ ျပည္ခိုင္ၿဖိဳးပါတီ၊ တပ္မေတာ္နဲ႔ တိုင္းရင္းသားပါတီအခ်ိဳ႕မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားစုေပါင္းၿပီး ယခုရက္ပိုင္းအတြင္း လက္မွတ္ထိုးတင္ျပသြားဖို႔ရွိတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ဒါ့အျပင္ ဒီအေရးေပၚအထူးအစည္းအေဝးမွာ မဲနဲ႔ဆိုင္တဲ့ မတရားမႈေတြကိုေဆာင္႐ြက္ေပးဖို႔၊ ေျဖရွင္းေပးဖို႔ လႊတ္ေတာ္မွာ ဒီအဆိုေတြ တင္ျပေဆာင္႐ြက္ေပးဖို႔ တင္ျပမယ္ဆိုၿပီး တတိယအႀကိမ္လႊတ္ေတာ္ကို ေဖေဖၚဝါရီ ၁ ရက္မွာ ေခၚယူတာဟာ လုပ္႐ိုးလုပ္စဥ္မ်ားအတိုင္း မေဆာင္႐ြက္ဘဲ အသည္းအသန္ေခၚယူတာျဖစ္လို႔ သဘာ၀မက်ေၾကာင္း၊ သံသယျဖစ္ဖြယ္ေကာင္းေၾကာင္း ဒါေၾကာင့္ ပုံစံမွန္ေအာင္ ဥပေဒနဲ႔အညီ ေဆာင္႐ြက္ေပးရတာဆိုၿပီး ေျပာခဲ့ပါတယ္။

လက္ရွိမွာ လႊတ္ေတာ္အေဟာင္းနဲ႔ အသစ္ ေခၚယူမႈမွာ အစိုးရဘက္က ဥပေဒအတိုင္းလုပ္ေနတာကို ေတြ႕ရပါတယ္။အတိုက္အခံ ျပည္ခိုင္ၿဖိဳးပါတီဘက္ကေတာ့  ဆႏၵျပမႈေတြ၊ ကန႔္ကြက္မႈေတြ ေ႐ြးေကာက္ပြဲမွာတာဝန္ယူခဲ့တဲ့ ဆရာ၊ ဆရာမေတြကိုအပါအဝင္ တာဝန္ယူခဲ့တဲ့သူေတြကို တရားစြဲမႈေတြလုပ္ေနသလို ေ႐ြးေကာက္ပြဲအရႈံးကိုေခ်ဖ်က္ဖို႔ ျဖစ္ႏိုင္သမွ်နည္းလမ္းေတြ က်င့္သုံးေနသလို ဥပေဒအရ အဆုံးထိလုပ္သြားမယ္ဆိုတဲ့အတြက္ ဇန္နဝါရီ ၂၉ ရက္မွ သိရမယ့္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က သမၼတႀကီးနဲ႔ ေ႐ြးေကာ္ဥကၠ႒တို႔ အပါအဝင္ ၾကားနာစစ္ေဆးမႈအေျခအေန၊ ေဖေဖာ္ဝါရီ ၁ ရက္မတိုင္ခင္ ျပည္ခိုင္ၿဖိဳးဦးေဆာင္တဲ့ အထူးအေရးေပၚ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးေခၚယူေပးဖို႔ ေတာင္းဆိုတာ ျဖစ္/မျဖစ္ စတဲ့ ထူးျခားတဲ့ ေနာက္ဆုံးအေျခအေနေတြကို ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။     

ဒီႏိုင္ငံေရးအခင္းအက်င္းေတြက သတိထားရတဲ့ အခင္းအက်င္းေတြျဖစ္လို႔ ဘယ္သူ႔လိုအင္ဆႏၵက ျပည္သူေတြနဲ႔ ထပ္တူျပည့္၀ေအာင္ ကစားႏိုင္မလဲဆိုတာ ေရွ႕ရက္ေတြမွာ ရင္တမမ ဆက္လက္ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဒီလိုသတင္းေတြအျပင္ ယခုရက္သတၱပတ္မွာ တျခားသတိထားမိခဲ့တဲ့ သတင္းအခ်ိဳ႕ကေတာ့ လာမယ့္အစိုးရသစ္လက္ထက္မွာ ေ႐ႊလုပ္ငန္းရွင္အသင္းကေန ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ပုံပါ ေ႐ႊဒဂၤါးေတြ ျပည္ပကိုတင္ပို႔ေရာင္းခ်ႏိုင္ဖို႔ လုပ္ေဆာင္ေနတဲ့သတင္း၊ အိႏၵိယႏိုင္ငံကေန ကိုဗစ္-၁၉ ကာကြယ္ေဆး လူဦးေရ (၁၅) သန္းစာအတြက္ ဝယ္ယူထားတဲ့သတင္း၊ ေ႐ႊျပည္သာရွိ အိမ္ႏွစ္အိမ္မွာ ဘဂၤါလီလူမ်ိဳး အေယာက္ (၁၀၀) ခန႔္ တရားမဝင္ေရာက္ရွိေနတဲ့သတင္း၊ တရားမဝင္ဖြင့္ထားတဲ့ ေျမာက္ဒဂုံက YGN KTV ကို ရဲတပ္ဖြဲ႕က လြတ္လပ္ေရးေန႔ မနက္အေစာပိုင္းက အင္အားအလုံးအရင္းနဲ႔ ဝင္ေရာက္ဖမ္းဆီးခဲ့ရာမွာ ဆိုင္ဝန္ထမ္းေတြအပါအဝင္ စုစုေပါင္း ၈၂ ဦးကို ဖမ္းဆီးရမိခဲ့တဲ့သတင္း၊ ကူးစက္ျမန္ မ်ိဳးဗီဇေျပာင္း ဗိုင္းရပ္စ္မ်ိဳးကြဲသစ္ရွိသူတစ္ဦး လြတ္မထြက္သြားရေအာင္ က်န္းမာေရးဝန္ႀကီးဌာနက အထူးသတိျပဳထိန္းခ်ဳပ္မႈေတြ ေဆာင္႐ြက္ေနတဲ့သတင္း၊ တပ္မေတာ္က အာဏာသိမ္းတယ္ဆိုၿပီး သတင္းအမွားျဖန႔္တဲ့ ဒလက အမ်ိဳးသမီး ေဆး႐ုံတက္ေနရာကေန ထြက္ေျပးသြားတဲ့သတင္းေတြလည္း ရွိခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

ခက္ထန္စိုး
ဇန္နဝါရီ - ၁၁