【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ' နီ' သွားတဲ့ ရွေးကောက်ပွဲအခင်းအကျင်း

ယခုရက်သတ္တပတ် သတင်းတွေထဲမှာ သတိထားစရာဖြစ်ခဲ့တဲ့ သတင်းတွေရှိပေမယ့် သတင်း အားလုံးကို အားလုံးစောင့်မျှော်နေတဲ့ ရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ သတင်းတွေက ဖုံးသွားခဲ့ပါတယ်။ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကြောင့်ကြမှုတွေ အများပြည်သူကြားရှိနေသလို နိုဝင်ဘာ ၈ ရက်မတိုင်ခင် အစိုးရနဲ့ တပ်ဘက်ကြား တင်းမာမှုတွေ၊ ရွေးကောက်ပွဲနီးလာမှ ၀ရမ်းပြေးနေတဲ့ အမျိုးသားရေးလုပ်ဆောင်တဲ့ ဦးဝီရသူ ပြန်ထွက်လာပြီးနောက် အမျိုးသားရေးဆိုတဲ့ လှုပ်ရှားမှုတွေထွက်ပေါ်လာမှု၊ ရွေးကောက်ပွဲကျင်းပမယ့်နေရာမှာ ဗုံးပေါက်မှုတွေ အများပြည်သူအထိတ်တလန့်ဖြစ်အောင် လုပ်ဆောင်မှုတွေ ဖြစ်လာနေတာတွေကြောင့် ယခုရွေး ကောက်ပွဲအပေါ် စိုးရိမ်မှုတွေအများကြီးထွက်လာခဲ့ပါတယ်။ဒီအတွက် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့သတင်းတွေက သတိထားစောင့်ကြည့်စရာဖြစ်လာခဲ့သလို ဒီရွေးကောက်ပွဲကာလ မှာ တခြားစောင့်ကြည့်စရာဖြစ်ခဲ့တဲ့ သတင်းတွေလည်းရှိခဲ့ပါသေးတယ်။ 
 
ဒီထဲမှာ စမ်းချောင်းမြို့နယ်ထဲမှာ ဆရာဝန်တစ်ဦး ဓားနဲ့ထိုးသတ်ခံရတဲ့သတင်း၊ ဖေ့စ်ဘွတ်က ဦးဝီရသူနှင့်ပတ်သက်တဲ့ အကြောင်းအရာမှန်သမျှကို လူမှုကွန်ရက်ပေါ်ကနေ ဖယ်ရှားခဲ့တဲ့ သတင်း၊ မြိတ်ကျွန်းစုမှာ ကျောက်ငါးတွေ ရေထဲပေါ်နေတဲ့သတင်း၊ ကုလအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာနိုင်ငံကို အရေးအပေါ် ICC ကို လွှဲပေးဖို့ တောင်းဆိုတာကို မြန်မာအစိုးရဘက်က ပြင်းထန်စွာကန့်ကွက်ခဲ့တဲ့သတင်း၊ ဖားကန့်မှာ အရက်မူးနေတဲ့သူတစ်ဦးက ဓားနဲ့လိုက်ထိုးလို့ လေးဦးထိခိုက်ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့တဲ့သတင်း၊ မိုးကုတ်မှာ ကျောက်တွင်းဟောင်းပြိုကျလို့ လူနှစ်ဦးသေဆုံးခဲ့တဲ့‌သတင်းတွေ ဖြစ်ခဲ့ပါတယ်။
 
ဒီလိုသတင်းတွေထဲကနေ ပထမဆုံး ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ သတင်းတွေကို တင်ပြချင်ပါတယ်။
 
ခြိမ်းခြောက်မှုတွေကြားက အနီတွေအပြတ်အသတ်နိုင်ခဲ့တဲ့ ရွေးကောက်ပွဲ
 
ယခုရွေးကောက်ပွဲက ၂၀၂၀ နှစ်စကတည်းက စိတ်ဝင်စားမှုများခဲ့ပါတယ်။မြန်မာနိုင်ငံလို အာဏာရှင်တွေရဲ့ အကျိုးစီးပွား အမြစ်တွယ်နေတဲ့ နိုင်ငံတစ်ခုမှာ ဒီမိုကရေစီအရေခြုံတွေ၊ ကိုယ်ကျိုးအတွက် ပြည်သူလူထုထောက်ခံမှုကို အသုံးချလိုသူတွေ ဒင်းကြမ်းဖြစ်နေချိန်မှာ အကူးအပြောင်းကာလတစ်ခုမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ပြဿနာတွေက ထင်မှတ်ထားတာထက်များနေမယ်ဆိုတာ အားလုံးကတွေးထင်ထားခဲ့ကြတာထက် ပိုခဲ့ပါတယ်။ 
 
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်နေတဲ့အချိန်မှာ မဲဆွယ်ပွဲတွေ မလုပ်ခဲ့ရပေမယ့် မဲဆွယ်အင်အားပြပွဲတွေကြောင့် ပါတီကြီးနှစ်ခုကြား ပဋိပက္ခတွေကြောင့် နေအိမ်ဖျက်စီးခံရတာတွေ၊ လူသေဆုံးရတာတွေအထိ ဖြစ်ခဲ့ပါတယ်။ယခုရက်သတ္တပတ်ထဲမှာ ရွေးကောက်ပွဲကို ကျင်းပခဲ့တာဖြစ်တဲ့အတွက် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးတင်းမာမှုတွေ၊ အစိုးရနဲ့ တပ်မတော်ကြား အပြန်အလှန်စာထုတ်တာတွေ ရှင်းလင်းတာတွေကြောင့် အများပြည်သူကြား ရွေးကောက်ပွဲမတိုင်ခင်မှာ ဘာတွေဖြစ်လာမလဲ၊ရွေးကောက်ပွဲအပြီး ဘာတွေဆက်ဖြစ်လာနိုင်သလဲဆိုတဲ့ စိုးရိမ်မှုတွေထွက်လာခဲ့ပါတယ်။
 
ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာ ပါတီကြီးနှစ်ပါတီကို အားပေးတဲ့သူတွေကြား ပြဿနာတွေက ပိုရှုပ်ထွေးခဲ့ပါတယ်။ကြိုတင်မဲကောက်ယူရာမှာ မထင်မှတ်ထားတဲ့ ပြဿနာတွေဖြစ်လို့ မော်လမြိုင်ကျွန်းမြို့နယ်ထဲက ရှော်ချောင်းကျေးရွာနေ အလယ်တန်းပြဆရာမတစ်ဦးကို ကြိုတင်ဆန္ဒမဲ နှစ်ကြိမ်ပေးခဲ့လို့ အမှုဖွင့်အရေးယူခဲ့တာ၊ လှည်းကူး ပြည်ခိုင်ဖြိုးအမတ်လောင်း ဦးခင်မောင်စိုး၏ မဲရုံကိုယ်စားလှယ်နဲ့ ဇနီးကိုယ်စား မဲပေးတဲ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ထဲက ပြည်ခိုင်ဖြိုးပါတီ မဲရုံ ကိုယ်စားလှယ်ကို ကိုယ်ပိုင်တံဆိပ်တုံးနဲ့ မဲပေးလို့ ရွေးကောက်ပွဲကော်မရှင်က အမှုဖွင့် အရေးယူခဲ့ရတာ၊ ကနီမြို့နယ်မှာ ကြိုတင်မဲပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး NLD နှင့် ပြည်ခိုင်ဖြိုး မဲရုံကိုယ်စား လှယ်တွေ အပြန်အလှန်ရိုက်ကြနှက်ကြတာ၊ ဇေယျာသီရိမြို့နယ် အိုင်စောက်ကျေးရွာမှာ မဲရုံဆရာမများနှင့် ရပ်ကျေးကော်မရှင် တာဝန်ရှိသူများက ပြည်ခိုင်ဖြိုးပါတီအား မဲလာပေးသည့် သက်ကြီးရွယ်အိုများ၏ လက်ကိုကိုင်၍ NLD ပါတီ မဲနေရာတွင် ရိုက်နှိပ်တယ်ဆိုပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ USDP Women Committee ပေ့ချ်ကနေ သတင်းမှားထုတ်လွှင့်ခဲ့တာ၊ SNDP ပါတီစည်းရုံးရေး လုပ်ဆောင်ပေးနေသူတစ်ဦးကို သေနတ်သမားတစ်ဦးက ပစ်ခတ်လုပ်ကြံတာ၊ ပဲခူးက ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာ၊ အွန်လိုင်းမှာပျံ့နှံ့နေတဲ့ အာဆီယံမှာ မြန်မာနိုင်ငံအဆင်းရဲဆုံးဆိုပြီး အချက်အလက်တွေက သူတို့ထုတ်ပြန်ချက်မဟုတ်ဘူးလို့ ကမ္ဘာ့ဘဏ်က ငြင်းချက် အားချင်းထုတ်ပြန်ခဲ့ရတာတွေအထိ ရွေးကောက်ပွဲမတိုင်ခင်မှာ သတင်းမှားတွေ ဆက်တိုက်တင်တဲ့အထိ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။
 
ဒီလိုအခြေအနေကြောင့်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက်ပွဲကို ထိခိုက်စေတဲ့ ထောင်ချောက်တွေရှိနေတယ်လို့ နိုဝင်ဘာ ၃ ရက်နေ့မှာသတိပေးခဲ့ပါတယ်။ဒီလို သတိ‌ပေးတဲ့နေ့မှာဘဲ ဧရာ၀တီဘက်က ဘိုကလေးမှာ စိတ်ဝေဒနာရှင်တစ်ဦးက ဘုရားရုပ်ပွားတော်တွေ ဖျက်ဆီးတာကနေ လူစုလူဝေးဖြစ်ခဲ့ပြီး လူတစ်စုက ဘိုကလေးမြို့တွင်း အကြမ်းဖက်ဆူပူသည့်လုပ်ရပ်များ လိုက်လံလုပ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု တိုက်ဆိုင်စွာဖြစ်ခဲ့ပါတယ်။အာဏာပိုင်တွေဘက်က ထိန်းသိမ်းမှုလျင်မြန်တာရယ်၊ ရပ်ရွာက သတိကြီးစွာထားနေတဲ့အချိန်ဖြစ်လို့ အချိန်မီ အုပ်စီးနိုင်ခဲ့လို ဆိုးဆိုးရွားရွားမဖြစ်ခဲ့ပါဘူး။ းဒီလို ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့ သူတွေရဲ့လုပ်ရပ်က ရွေးကောက်ပွဲနီးလာလေလေ ပိုပြီးအကွက်စိပ်လာလေလေဖြစ်ခဲ့ပါတယ်။
 
နိုဝင်ဘာ ၃ ရက်မှာဘဲ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်မှာရှိတဲ့ စစ်ကိုင်းတိုင်း သစ်လုပ်ငန်းအထွေထွေမန်နေဂျာ ရုံးဝန်ထမ်းအိမ်ရာမှာထားတဲ့ သက်ကြီးမဲဆန္ဒရှင်တွေကို မဲရုံကိုပို့တဲ့ကားမှာ မိုင်းပုံသဏ္ဍာန်ပြုလုပ်ပြီး မိုင်းထောင်ထားတဲ့ပုံစံ ပြုလုပ်ထားတာကို တွေ့ရှိခဲ့ရလို့ ရှင်းလင်းခဲ့ရတာတွေရှိခဲ့ပါတယ်။
 
ရွေးကောက်ပွဲကျင်းပမယ့်နေ့အထိ ပြဿနာတွေ ပဋိပက္ခတွေက ဖြစ်လာမလားဆိုတဲ့ စိုးရိမ်သောကမကင်းမှုတွေရှိခဲ့ရထိအောင် တစ်ကယ်လည်း ပွတ်တိုက်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပါတယ်။နိုဝင်ဘာ ၂ ရက်နေ့ညမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးကနေ ထုတ်ပြန်ချက်နှစ်ခုကို ထုတ်ခဲ့ပါတယ်။တစ်ခုက ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်ပြီး အစိုးရမှာတာဝန်ရှိတဲ့‌ ဆိုတဲ့အချက်နဲ့ ဒုတိယထုတ်ပြန်ချက်က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေမှာ တာဝန်ရှိတယ်ဆိုတဲ့ အချက်တွေပါဘဲ။ထုတ်ပြန်ချက်နှစ်ခုစလုံးက အားလုံးသိပြီးတဲ့အတွက် အသေးစိတ်ထပ်မဖော်ပြတော့ပါဘူး။တပ်ဘက်က ဒီလိုထုတ်ပြန်တဲအပြင် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ ပေါ်ပြူလာနယူးနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ သီးသန့်လုပ်ခဲ့တဲ့ အွန်လိုင်းအင်တာဗျူးမှာလည်း ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်ပြီး အစိုးရမှာ တာဝန်ရှိတာကို ပြောခဲ့တာတွေရှိခဲ့တဲ့‌အတွက် အာဏာရပါတီဘက်နဲ့ အစိုးရဘက်က တုံ့ပြန်မှုတွေ ဆက်တိုက်ထွက်လာခဲ့ပါတယ်။အာဏာရပါတီဘက်က တပ်ဘက်ပြောတဲ့ NLD အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ရပ်တွေက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် သံသယရှိစရာဖြစ်တယ် ဆိုပြီး ပြောဆိုချက်အပေါ် ပြန်တုံ့ပြန်ရာမှာ “ကိုယ့်အလုပ် ကိုယ်လုပ်ပါက နိုင်ငံအတွက် ပိုကောင်းလိမ့်မယ်” ဆိုပြီး ပြောခဲ့သလို အာဏာရ ပါတီ၏ အစိုးရအနေနဲ့ ရွေးကော်လုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိကလွဲပြီး ဝင်ရောက်စွက်ဖက်ခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။
 
နိုင်ငံတော်သမ္မတရုံးဘက်ကလည်း တပ်မတော်ဘက်က ဒီလိုပြောတဲ့အပေါ် နိုဝင်ဘာ ၄ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး လွတ်လပ်၍ သမာသမတ်ကျသော ရွေးကောက်ပွဲဖြစ်ရေး ဟာ ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်သည့်အပြင် အပြန်အလှန်တာဝန်ခံရသည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင်လည်း တာဝန်ရှိ တယ်ဆိုတဲ့ တပ်ဘက်က ပြောကြားချက်ကို “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်သောအဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုအစိုးရကို တာဝန်ခံရမည်လို့ ဥပဒေတွေမှာ ပြဋ္ဌာန်းထားခြင်း လုံးဝမရှိတာကို သတိပြုသင့်ပါတယ်” လို့ အခြေခံဥပဒေကို ကိုးကားပြီးပြောခဲ့ပါတယ်။ဒါ့အပြင် ပါတီတွေအနေနဲ့ အနိုင်ရလိုစိတ်ကြီးပြီး မသမာမှုများဖြစ်လာကာ ရွေးကောက်ပွဲကို တရားမျှတမှုမရှိအောင် ကြိုတင်ပြီး ပုံဖော်နေတာကို တွေ့ရတယ်ဆိုပြီး ပြောခဲပါတယ်။ဒါ့အပြင် အထွေထွေရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော်ထုတ်ပြန်ချက်နှင့် တပ်ချုပ်ပြောဆိုချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေတို့နဲ့ ကိုက် ညီမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အထောက်အကူမဖြစ်စေဘူးလို့ ပြောခဲ့ပါတယ်။
 
ဒီလို အစိုးရဘက်က သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တပ် ဘက်က နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်ချက်ထုတ်ပြီး နိုင်ငံတော်လုံခြုံရေးအား နည်းလာနိုင်ပါက ဖြစ်စဉ်ဖြစ်ရပ်များကို ပြည်သူနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အသိပေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်ထုတ်ပြန်ချက်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်များသည် အခြေခံဥပဒေနှင့်ကိုက်ညီစွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရန် အမျိုးသားညီလာခံ စုံညီအစည်းအဝေးများက ချမှတ်သည့် အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့်မူများ စာအုပ်ပါအချက်ကို ကိုးကားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံရေးအဆင့်အ တန်းကိုကြည့်မည်ဆိုပါက ဒုတိယသမ္မတ အဆင့် သတ်မှတ်ထားမှုရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
 
နောက်ပိုင်းမှာ နိုင်ငံရေးစောင့်ကြည့်သူတွေနဲ့ ဥပဒေပညာရှင်တွေက ကာကွယ်ရေးဦးစီးချုပ်ကို ဒုသမ္မတအဆင့်ထားတယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး အခြေခံဥပဒေမှာ မတွေ့ရဘူးဆိုပြီး နိုင်ငံတော်အင်္ဂါစဉ်မှာ နံပါတ် ၈ နေရာမှာ သတ်မှတ်ထားတာကို ထောက်ပြပြီး ဝေဖန်မှုတွေ ငြင်းခုံမှုတွေ ဖြစ်ခဲ့ပါတယ်။ဒီလို တပ်နဲ့ အစိုးရကြား ပွတ်တိုက်မှုတွေကြောင့် ရက်နီးကပ်နေတဲ့ ရွေးကောက်ပွဲမှာ မဲပေးမယ်ဘသူတွေအပေါ် ဂယက်ကြီးစွာရိုက်ခဲ့သလို စိုးရိမ်မှုတွေဖြစ်လာခဲ့ပါတယ်။အထူးသဖြင့် တပ်ဘက်ကိုယိမ်းတဲ့ ပါတီတွေအတွက် ဒါဟာ အတော်လေးကို ထိခိုက်စေခဲ့ပါတယ်။
 
ရွေးကောက်ပွဲမကျင်းပခင်အထိ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ အတိုက်အခံပါတီတွေဘက်က အာဏာရပါတီအနေနဲ့ မဲကွဲပြီး အနိုင်ရကိုယ်စားလှယ်အရေအတွက်က ၂၀၁၅ ခုနှစ်ကထက် နည်းမယ်ဆိုပြီး သုံးသပ်မှုတွေ ယူဆမှုတွေ မဲပေးတဲ့ နိုဝင်ဘာ ၈ ရက် မနက်ပိုင်းထိ ခိုင်ခိုင်မာမာရှိခဲ့ပါတယ်။ဒါပေမယ် တစ်ကယ့် တကယ် မဲရလဒ်တွေ ထွက်ပေါ်လာစပြုချိန်မှာတော့ ဒီကိုယ့်ဘက်ကိုယ်ယက်တဲ့ ယူဆချက်တွေဟာ တလွဲတွေဖြစ်ခဲ့ပြီး ပြည်သူတွေအနေနဲ့ လွန်ခဲ့တဲ့ ၅ နှစ်တာ စွမ်းဆောင်ချက်မှာ အားနည်းချက်ရှိခဲ့ပေမယ့် တခြားခေတ်အဆက်ဆက် အစိုးရတွေနဲ့ယှဉ်ရင် အပြတ်အသတ် စွမ်းဆောင်မှုသာတဲ့ လက်ရှိ အာဏာရပါတီကိုသာ တစ်ခဲနက်မဲပေးခဲ့သလို တချို့နာမည်ကြီးနေတဲ့ ပါတီတွေဆို မဲအနိုင်ရဖို့ဝေးစွ၊ မဲရရှိမှုမှာတောင် ဆယ်ဂဏန်းမကျော်တာ၊ ရာဂဏန်းမကျော်တာတွေအထိ အရှက်တကွဲ ရှုံးနိမ့်တာတွေအထိ ဖြစ်ခဲ့ပါတယ်။
 
နိုဝင်ဘာ ၁၀ ရက်အထိ သိရသမျှမှာ အာဏာရပါတီဘက်က မဲဆန္ဒနယ် အမတ်နေရာ ၄၀၀ ကျော်အထိ အနိုင်ရခဲ့တာကို တွေ့နေရပေမယ် လူမှုကွန်ရက်မှာ ရွေးကောက်ပွဲမှာရှုံးနိမ်ခဲ့တဲ့ ပါတီကြီးတစ်ခုကတော့ ရွေးကောက်ပွဲအနိုင်ရတဲ့ပါတီကို အသိအမှတ်ပြုပေးရတဲ့ ပုံစံ (၁၉) စာရွက်ကို လက်မှတ်မရေးထိုးဖို့ ညွှန်ကြားတာ၊ မဲအနိုင်ရလဒ်အတွက် ကော်မရှင်ကို စောဒကတက်ဖို့ ညွှန်ကြားတဲ့စာဆိုပြီး ထွက်ပေါ် လာတာကိုလည်း တွေ့ ရပါတယ်။စာက အတုလား အစစ်လား မသိပေမယ့် ရွေးကောက်ပွဲ နည်းဥပဒေမှာ‌တော့ ပုံစံ (၁၉) ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ (သို့) ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များက လက်မှတ် ထိုးရမှာဖြစ်ပြီး လက်မှတ်ထိုးရန် ပျက်ကွက်ပါက ပျက်ကွက်သူ၏ တာဝန်သာဖြစ်ကြောင်း ဖော်ပြထားလို့ ဘာမှအကျိုးထူးလာမယ့် လုပ်ရပ်တော့မဟုတ်ဘဲ ပြည်သူတွေက ပိုပြီးမေတ္တာပျက်တာဘဲရှိမယ့် အခြေအနေပါ။
 
ရွေးကောက်ပွဲမှာ ထူးခြားချက်ကတော့ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ အတိုက်အခံဘက်က ထင်ရှားခဲ့တဲ့ မင်းကင်း၊ မိတ္ထီလာက လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်အရွေးမခံခဲ့ရသလို အနိုင်ရမယ်လို့ တထစ်ချအနိုင်ရမယ်ဆိုပြီး ပြောခဲ့သူတွေ မဲအပြတ်အသတ်နဲ့ ရှုံးခဲ့တာကိုလည်း တွေ့ရပါတယ်။အစိုးရရုံးစိုက်ရာ နေပြည်တော်မှာဆိုရင် ဇေယျာသီရိကလွဲပြီး ကျန် ၇ နေရာစလုံးကို အာဏာရပါတီဘက်က အနိုင်ရခဲ့တာကို တွေ့ရပါတယ်။တရားမဝင်သေးတဲ့ အချက်အလက်တွေအရဆိုရင် ၂၀၁၅ ခုနှစ်ကထက် မဲအပြတ်အသတ်နဲ့ အာဏာရပါတီကအနိုင်ရခဲ့လို့ ပါတီခေါင်းဆောင်က ရွေးကောက်ပွဲကို COVID-19 ရောဂါကြားကနေ အောင် အောင်မြင်မြင်နဲ့ ဖြစ်မြောက်အောင်လို့ လုပ်ပေးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတဲ့ ဌာနအသီးသီး၊ ဖြစ်မြောက်အောင်လို့ လုပ်ပေးကြတဲ့ ပြည်သူလူထုအားလုံးကို အင်မတန် ကျေးဇူးတင် တယ်လို့ ပြောခဲ့ပါတယ်။
 
ရွေးကောက်ပွဲပြီးခဲ့ပြီဆိုပေမယ် ဒီရလဒ်တွေကို ယခုမှ စတင်ထုတ်ပြန်နေဆဲဖြစ်သလို မင်းကင်း လို နေရာမျိုးမှာ ရလဒ်ကိုကန့်ကွက်ပြီး ပြန်လည်စိစစ်ဖို့ ကော်မရှင်ကို တောင်းဆိုထားပြီး ရွေးကောက်ပွဲ အနိုင်/အရှုံး ရလဒ်မဲစာရင်း (ပုံစံ-၁၉) မှာ လက်မှတ်မထိုးဘဲ ရွေးကောက်ပွဲ မဲရလဒ်ကို ကန့်ကွက်တယ်ဆိုတာကို ပြမယ်ဆိုတာတွေလည်းရှိနေပါတယ်။ဒီအတွက် နောက်ရက်တွေမှာ ဒီလိုရလဒ်ကို လက်မခံတဲ့ ပါတီတွေ ဘက်က ဘာတွေလုပ်ဦးမလဲ၊ ဘာတွေဆက်ဖြစ်လာစရာရှိဦးမလဲဆိုတာ စိတ်ဝင်စားစရာမို့ ရှေ့ရက်တွေကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
 
ရွေးကောက်ပွဲအပြီး အနာဂတ်အခင်းအကျင်း
 
နိုဝင်ဘာ ၈ ရက်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကျကျ ရွေးကောက်ပွဲကြီးကို အရပ်သားအစိုးရ လက်အောက်မှာ ကျင်းပပြီးစီးခဲ့ပြီးပါပြီ။ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အရပ်သားတစ်ပိုင်းအစိုးရက အနိုင်ရ NLD ပါတီကို အာဏာလွယ်လွယ်ကူကူလွှဲပြောင်းမပေးမှာကို အများပြည်သူက စိုးရိမ်ခဲ့ရသလို ယခု ၂၀၂၀ မှာတော့ ဒီရွေးကောက်ပွဲဟာ ပါတီတချို့ပုံဖော်နေတဲ့ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲတစ်ခုလို့ သတ်မှတ်ပြီး တပ်ဘက် အသိအမှတ်မပြုခဲ့ရင် ဘာတွေဖြစ်လာမလဲဆိုပြီး ပြည်သူတွေဘက်က စိုးရိမ်မှုတွေရှိခဲ့ပါတယ်။အစောပိုင်းက တပ်ဘက်က ထုတ်ပြန်ချက်တွေမှာ၊ တပ်ချုပ်နဲ့ ပေါ်ပြူလာနယူးစ်အင်တာဗျူးမှာ ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီး ပြောခဲ့ဆိုခဲ့တာတွေရှိခဲ့တဲ့အတွက် ဒီအပေါ်စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ဒီအတွက်ကြောင့်လည်း ပြည်သူတွေဘက်က ရွေးကောက်ပွဲနေ့မှာ ထင်တာထက်ပိုပြီး မဲပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။
 
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာ တပ်ချုပ်က ဇေယျာသီရိကုန်တိုက်အတွင်း မဲလာပေးရာမှာ သတင်းမီဒီယာတွေကို “ကျွန်တော်ကတော့ ပြည်သူ့ဆန္ဒနဲ့ထွက်ပေါ်လာမည့် ရွေးကောက်ပွဲရလဒ်ကို လက်ခံရမှာ။ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး၊ လက်ခံရမှာပဲ” လို့ သတင်းစကား လက်ဆောင်ပါးခဲ့ပါတယ်။ဒီလိုပြောခဲ့တဲ့အပြင် မဲရလဒ်တွေထွက်ပေါ်လာပြီး ဘယ်ပါတီအနိုင်ရပြီလဲဆိုတာကို သိနိုင်ပြီဖြစ်တဲ့ နိုဝင်ဘာ ၁၀ ရက်မှာ တပ်ဘက်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်မှာ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီးစီးပြီဖြစ်လို့ ထာ၀ရငြိမ်းချမ်းရေးအတွက် တပ်မတော်ဘက်က ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ဒီထုတ်ပြန်ချက်အရ တပ်ဘက်က ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးတာကို လက်ခံလိုက်ပြီဆိုတာကို ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။
 
ရွေးကောက်ပွဲရလဒ်တွေ တရားဝင်မထွက်သေးပေမယ့် အကြိုထွက်လာတဲ့ ရလဒ်တွေအရ အာဏာရပါတီက ပြတ်ပြတ်သားသားအနိုင်ရနေပြီဖြစ်တဲ့အတွက် သံရုံးတွေ၊ ရွေးကောက်ပွဲရလဒ်တွေကို ကြိုဆိုခဲ့သလို မြန်မာနိုင်ငံနဲ့ အနီးဆုံးမိတ်ဖက်နိုင်ငံဖြစ်တဲ့ ဂျပန်ကလည်း ဘယ်လိုဘဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ စီးပွားရေးနဲ့ တိုင်းပြည်တိုးတက်ရေးအတွက် ဂျပန်ဘက်က အပြည့်အ၀ အကူအညီဆက်ပေးမယ်လို့ ပြောခဲ့တာတွေရှိခဲ့ပါတယ်။တပ်ဘက်ထုတ်ပြန်တဲ့ နိုဝင်ဘာ ၁၀ ရက် ထုတ်ပြန်ချက်မှာ NCA တွင် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသာမက လက်မှတ်ရေးထိုးရန် ဆက်လက်ဆွေးနွေးနေဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အမြန် ဆုံးဆွေးနွေးရန်ဆိုတဲ့ အသုံးအနှုံးပါတဲ့အတွက် မကြာခင်မှာ ငြိမ်းချမ်းရေးအတွက် ကောင်းတဲ့‌ အခင်းကျင်းတွေ ဖြစ်လာဖွယ်ရှိနေပါတယ်။
 
ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘူးဆိုတဲ့ ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့ ပါတီတွေဘက်က ကိုယ်စားလှယ်လောင်းတချို့ရဲ့ လုပ်ဆောင်မှုတစ်ချို့တစ်လေ ရှိလာနိုင်ပေမယ့် ဖေဖော်ဝါရီမှာစတင်မယ့် လွှတ်တော်အသစ်ကို ထိခိုက်လာနိုင်စရာနည်းပါတယ်။လာမည့် လွှတ်တော်အသစ်၊ အစိုးရအဖွဲ့အသစ်မှာ ပြီးခဲ့တဲ့ ၅ နှစ်တာကို တာဝန်ယူခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးအများစု ပြန်ပါလာမှာဖြစ်လို့ တည်ငြိမ်တဲ့ အစိုးရအခင်းအကျင်းကို မြင်လာရဖွယ်ရှိနေသလို ပြီးခဲ့တဲ့ ၅ နှစ်မှာ မရွေ့ခဲ့တဲ့ ဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေအတွက်လည်း မဖြစ်မနေ ရွေ့ပေးရဖွယ်ရှိနေပါတယ်။ထူးခြားလာနိုင်တာက လာမယ့် ၅ နှစ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို ပိုမြင်တွေ့လာရဖွယ်ရှိနေတာပါဘဲ။ဒါဟာ ပြည်သူတွေ မြင် တွေ့ချင်နေတဲ့ အခင်းအကျင်းဖြစ်ပြီး အာဏာရှင်ခေတ်မှာ တွင်ကျယ်ခဲ့တဲ့ အဂတိလိုက်စားခဲ့သူတွေ၊ ကိုယ်ကျိုးရှာခဲ့သူတွေ မတွေ့မမြင်ချင်တဲ့ အနေအထားပါဘဲ။ရှေ့ဆက် ပြည်တွင်းငြိမ်းချမ်းရေးသာ ဖြစ်ထွန်းလာခဲ့ရင် ကောင်းမွန်တဲ့ တိုင်းပြည်ရဲ့အရွေ့တစ်ခုကို မြင်တွေ့လာရဖွယ်ရှိနေတဲ့အတွက် ရှေ့ဆက်အခင်းအကျင်းတွေကို စောင့်ကြည့်ရဦးမှာဖြစ်တဲ့အကြောင်း တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။
 
မင်းထက်
နိုဝင်ဘာ - ၁၀
 
( Zawgyi )
 
ယခုရက်သတ္တပတ် သတင်းတွေထဲမှာ သတိထားစရာဖြစ်ခဲ့တဲ့ သတင်းတွေရှိပေမယ့် သတင်း အားလုံးကို အားလုံးစောင့်မျှော်နေတဲ့ ရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ သတင်းတွေက ဖုံးသွားခဲ့ပါတယ်။ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကြောင့်ကြမှုတွေ အများပြည်သူကြားရှိနေသလို နိုဝင်ဘာ ၈ ရက်မတိုင်ခင် အစိုးရနဲ့ တပ်ဘက်ကြား တင်းမာမှုတွေ၊ ရွေးကောက်ပွဲနီးလာမှ ဝရမ်းပြေးနေတဲ့ အမျိုးသားရေးလုပ်ဆောင်တဲ့ ဦးဝီရသူ ပြန်ထွက်လာပြီးနောက် အမျိုးသားရေးဆိုတဲ့ လှုပ်ရှားမှုတွေထွက်ပေါ်လာမှု၊ ရွေးကောက်ပွဲကျင်းပမယ့်နေရာမှာ ဗုံးပေါက်မှုတွေ အများပြည်သူအထိတ်တလန့်ဖြစ်အောင် လုပ်ဆောင်မှုတွေ ဖြစ်လာနေတာတွေကြောင့် ယခုရွေး ကောက်ပွဲအပေါ် စိုးရိမ်မှုတွေအများကြီးထွက်လာခဲ့ပါတယ်။ဒီအတွက် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့သတင်းတွေက သတိထားစောင့်ကြည့်စရာဖြစ်လာခဲ့သလို ဒီရွေးကောက်ပွဲကာလ မှာ တခြားစောင့်ကြည့်စရာဖြစ်ခဲ့တဲ့ သတင်းတွေလည်းရှိခဲ့ပါသေးတယ်။ 
 
ဒီထဲမှာ စမ်းချောင်းမြို့နယ်ထဲမှာ ဆရာဝန်တစ်ဦး ဓားနဲ့ထိုးသတ်ခံရတဲ့သတင်း၊ ဖေ့စ်ဘွတ်က ဦးဝီရသူနှင့်ပတ်သက်တဲ့ အကြောင်းအရာမှန်သမျှကို လူမှုကွန်ရက်ပေါ်ကနေ ဖယ်ရှားခဲ့တဲ့ သတင်း၊ မြိတ်ကျွန်းစုမှာ ကျောက်ငါးတွေ ရေထဲပေါ်နေတဲ့သတင်း၊ ကုလအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာနိုင်ငံကို အရေးအပေါ် ICC ကို လွှဲပေးဖို့ တောင်းဆိုတာကို မြန်မာအစိုးရဘက်က ပြင်းထန်စွာကန့်ကွက်ခဲ့တဲ့သတင်း၊ ဖားကန့်မှာ အရက်မူးနေတဲ့သူတစ်ဦးက ဓားနဲ့လိုက်ထိုးလို့ လေးဦးထိခိုက်ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့တဲ့သတင်း၊ မိုးကုတ်မှာ ကျောက်တွင်းဟောင်းပြိုကျလို့ လူနှစ်ဦးသေဆုံးခဲ့တဲ့‌သတင်းတွေ ဖြစ်ခဲ့ပါတယ်။
 
ဒီလိုသတင်းတွေထဲကနေ ပထမဆုံး ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ သတင်းတွေကို တင်ပြချင်ပါတယ်။
 
ခြိမ်းခြောက်မှုတွေကြားက အနီတွေအပြတ်အသတ်နိုင်ခဲ့တဲ့ ရွေးကောက်ပွဲ
 
ယခုရွေးကောက်ပွဲက ၂၀၂၀ နှစ်စကတည်းက စိတ်ဝင်စားမှုများခဲ့ပါတယ်။မြန်မာနိုင်ငံလို အာဏာရှင်တွေရဲ့ အကျိုးစီးပွား အမြစ်တွယ်နေတဲ့ နိုင်ငံတစ်ခုမှာ ဒီမိုကရေစီအရေခြုံတွေ၊ ကိုယ်ကျိုးအတွက် ပြည်သူလူထုထောက်ခံမှုကို အသုံးချလိုသူတွေ ဒင်းကြမ်းဖြစ်နေချိန်မှာ အကူးအပြောင်းကာလတစ်ခုမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ပြဿနာတွေက ထင်မှတ်ထားတာထက်များနေမယ်ဆိုတာ အားလုံးကတွေးထင်ထားခဲ့ကြတာထက် ပိုခဲ့ပါတယ်။ 
 
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်နေတဲ့အချိန်မှာ မဲဆွယ်ပွဲတွေ မလုပ်ခဲ့ရပေမယ့် မဲဆွယ်အင်အားပြပွဲတွေကြောင့် ပါတီကြီးနှစ်ခုကြား ပဋိပက္ခတွေကြောင့် နေအိမ်ဖျက်စီးခံရတာတွေ၊ လူသေဆုံးရတာတွေအထိ ဖြစ်ခဲ့ပါတယ်။ယခုရက်သတ္တပတ်ထဲမှာ ရွေးကောက်ပွဲကို ကျင်းပခဲ့တာဖြစ်တဲ့အတွက် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးတင်းမာမှုတွေ၊ အစိုးရနဲ့ တပ်မတော်ကြား အပြန်အလှန်စာထုတ်တာတွေ ရှင်းလင်းတာတွေကြောင့် အများပြည်သူကြား ရွေးကောက်ပွဲမတိုင်ခင်မှာ ဘာတွေဖြစ်လာမလဲ၊ရွေးကောက်ပွဲအပြီး ဘာတွေဆက်ဖြစ်လာနိုင်သလဲဆိုတဲ့ စိုးရိမ်မှုတွေထွက်လာခဲ့ပါတယ်။
 
ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာ ပါတီကြီးနှစ်ပါတီကို အားပေးတဲ့သူတွေကြား ပြဿနာတွေက ပိုရှုပ်ထွေးခဲ့ပါတယ်။ကြိုတင်မဲကောက်ယူရာမှာ မထင်မှတ်ထားတဲ့ ပြဿနာတွေဖြစ်လို့ မော်လမြိုင်ကျွန်းမြို့နယ်ထဲက ရှော်ချောင်းကျေးရွာနေ အလယ်တန်းပြဆရာမတစ်ဦးကို ကြိုတင်ဆန္ဒမဲ နှစ်ကြိမ်ပေးခဲ့လို့ အမှုဖွင့်အရေးယူခဲ့တာ၊ လှည်းကူး ပြည်ခိုင်ဖြိုးအမတ်လောင်း ဦးခင်မောင်စိုး၏ မဲရုံကိုယ်စားလှယ်နဲ့ ဇနီးကိုယ်စား မဲပေးတဲ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ထဲက ပြည်ခိုင်ဖြိုးပါတီ မဲရုံ ကိုယ်စားလှယ်ကို ကိုယ်ပိုင်တံဆိပ်တုံးနဲ့ မဲပေးလို့ ရွေးကောက်ပွဲကော်မရှင်က အမှုဖွင့် အရေးယူခဲ့ရတာ၊ ကနီမြို့နယ်မှာ ကြိုတင်မဲပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး NLD နှင့် ပြည်ခိုင်ဖြိုး မဲရုံကိုယ်စား လှယ်တွေ အပြန်အလှန်ရိုက်ကြနှက်ကြတာ၊ ဇေယျာသီရိမြို့နယ် အိုင်စောက်ကျေးရွာမှာ မဲရုံဆရာမများနှင့် ရပ်ကျေးကော်မရှင် တာဝန်ရှိသူများက ပြည်ခိုင်ဖြိုးပါတီအား မဲလာပေးသည့် သက်ကြီးရွယ်အိုများ၏ လက်ကိုကိုင်၍ NLD ပါတီ မဲနေရာတွင် ရိုက်နှိပ်တယ်ဆိုပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ USDP Women Committee ပေ့ချ်ကနေ သတင်းမှားထုတ်လွှင့်ခဲ့တာ၊ SNDP ပါတီစည်းရုံးရေး လုပ်ဆောင်ပေးနေသူတစ်ဦးကို သေနတ်သမားတစ်ဦးက ပစ်ခတ်လုပ်ကြံတာ၊ ပဲခူးက ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာ၊ အွန်လိုင်းမှာပျံ့နှံ့နေတဲ့ အာဆီယံမှာ မြန်မာနိုင်ငံအဆင်းရဲဆုံးဆိုပြီး အချက်အလက်တွေက သူတို့ထုတ်ပြန်ချက်မဟုတ်ဘူးလို့ ကမ္ဘာ့ဘဏ်က ငြင်းချက် အားချင်းထုတ်ပြန်ခဲ့ရတာတွေအထိ ရွေးကောက်ပွဲမတိုင်ခင်မှာ သတင်းမှားတွေ ဆက်တိုက်တင်တဲ့အထိ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။
 
ဒီလိုအခြေအနေကြောင့်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက်ပွဲကို ထိခိုက်စေတဲ့ ထောင်ချောက်တွေရှိနေတယ်လို့ နိုဝင်ဘာ ၃ ရက်နေ့မှာသတိပေးခဲ့ပါတယ်။ဒီလို သတိ‌ပေးတဲ့နေ့မှာဘဲ ဧရာဝတီဘက်က ဘိုကလေးမှာ စိတ်ဝေဒနာရှင်တစ်ဦးက ဘုရားရုပ်ပွားတော်တွေ ဖျက်ဆီးတာကနေ လူစုလူဝေးဖြစ်ခဲ့ပြီး လူတစ်စုက ဘိုကလေးမြို့တွင်း အကြမ်းဖက်ဆူပူသည့်လုပ်ရပ်များ လိုက်လံလုပ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု တိုက်ဆိုင်စွာဖြစ်ခဲ့ပါတယ်။အာဏာပိုင်တွေဘက်က ထိန်းသိမ်းမှုလျင်မြန်တာရယ်၊ ရပ်ရွာက သတိကြီးစွာထားနေတဲ့အချိန်ဖြစ်လို့ အချိန်မီ အုပ်စီးနိုင်ခဲ့လို ဆိုးဆိုးရွားရွားမဖြစ်ခဲ့ပါဘူး။ းဒီလို ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့ သူတွေရဲ့လုပ်ရပ်က ရွေးကောက်ပွဲနီးလာလေလေ ပိုပြီးအကွက်စိပ်လာလေလေဖြစ်ခဲ့ပါတယ်။
 
နိုဝင်ဘာ ၃ ရက်မှာဘဲ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်မှာရှိတဲ့ စစ်ကိုင်းတိုင်း သစ်လုပ်ငန်းအထွေထွေမန်နေဂျာ ရုံးဝန်ထမ်းအိမ်ရာမှာထားတဲ့ သက်ကြီးမဲဆန္ဒရှင်တွေကို မဲရုံကိုပို့တဲ့ကားမှာ မိုင်းပုံသဏ္ဍာန်ပြုလုပ်ပြီး မိုင်းထောင်ထားတဲ့ပုံစံ ပြုလုပ်ထားတာကို တွေ့ရှိခဲ့ရလို့ ရှင်းလင်းခဲ့ရတာတွေရှိခဲ့ပါတယ်။
 
ရွေးကောက်ပွဲကျင်းပမယ့်နေ့အထိ ပြဿနာတွေ ပဋိပက္ခတွေက ဖြစ်လာမလားဆိုတဲ့ စိုးရိမ်သောကမကင်းမှုတွေရှိခဲ့ရထိအောင် တစ်ကယ်လည်း ပွတ်တိုက်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပါတယ်။နိုဝင်ဘာ ၂ ရက်နေ့ညမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးကနေ ထုတ်ပြန်ချက်နှစ်ခုကို ထုတ်ခဲ့ပါတယ်။တစ်ခုက ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်ပြီး အစိုးရမှာတာဝန်ရှိတဲ့‌ ဆိုတဲ့အချက်နဲ့ ဒုတိယထုတ်ပြန်ချက်က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေမှာ တာဝန်ရှိတယ်ဆိုတဲ့ အချက်တွေပါဘဲ။ထုတ်ပြန်ချက်နှစ်ခုစလုံးက အားလုံးသိပြီးတဲ့အတွက် အသေးစိတ်ထပ်မဖော်ပြတော့ပါဘူး။တပ်ဘက်က ဒီလိုထုတ်ပြန်တဲအပြင် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ ပေါ်ပြူလာနယူးနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ သီးသန့်လုပ်ခဲ့တဲ့ အွန်လိုင်းအင်တာဗျူးမှာလည်း ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်ပြီး အစိုးရမှာ တာဝန်ရှိတာကို ပြောခဲ့တာတွေရှိခဲ့တဲ့‌အတွက် အာဏာရပါတီဘက်နဲ့ အစိုးရဘက်က တုံ့ပြန်မှုတွေ ဆက်တိုက်ထွက်လာခဲ့ပါတယ်။အာဏာရပါတီဘက်က တပ်ဘက်ပြောတဲ့ NLD အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ရပ်တွေက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် သံသယရှိစရာဖြစ်တယ် ဆိုပြီး ပြောဆိုချက်အပေါ် ပြန်တုံ့ပြန်ရာမှာ “ကိုယ့်အလုပ် ကိုယ်လုပ်ပါက နိုင်ငံအတွက် ပိုကောင်းလိမ့်မယ်” ဆိုပြီး ပြောခဲ့သလို အာဏာရ ပါတီ၏ အစိုးရအနေနဲ့ ရွေးကော်လုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိကလွဲပြီး ဝင်ရောက်စွက်ဖက်ခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။
 
နိုင်ငံတော်သမ္မတရုံးဘက်ကလည်း တပ်မတော်ဘက်က ဒီလိုပြောတဲ့အပေါ် နိုဝင်ဘာ ၄ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး လွတ်လပ်၍ သမာသမတ်ကျသော ရွေးကောက်ပွဲဖြစ်ရေး ဟာ ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်သည့်အပြင် အပြန်အလှန်တာဝန်ခံရသည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင်လည်း တာဝန်ရှိ တယ်ဆိုတဲ့ တပ်ဘက်က ပြောကြားချက်ကို “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်သောအဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုအစိုးရကို တာဝန်ခံရမည်လို့ ဥပဒေတွေမှာ ပြဋ္ဌာန်းထားခြင်း လုံးဝမရှိတာကို သတိပြုသင့်ပါတယ်” လို့ အခြေခံဥပဒေကို ကိုးကားပြီးပြောခဲ့ပါတယ်။ဒါ့အပြင် ပါတီတွေအနေနဲ့ အနိုင်ရလိုစိတ်ကြီးပြီး မသမာမှုများဖြစ်လာကာ ရွေးကောက်ပွဲကို တရားမျှတမှုမရှိအောင် ကြိုတင်ပြီး ပုံဖော်နေတာကို တွေ့ရတယ်ဆိုပြီး ပြောခဲပါတယ်။ဒါ့အပြင် အထွေထွေရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော်ထုတ်ပြန်ချက်နှင့် တပ်ချုပ်ပြောဆိုချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေတို့နဲ့ ကိုက် ညီမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အထောက်အကူမဖြစ်စေဘူးလို့ ပြောခဲ့ပါတယ်။
 
ဒီလို အစိုးရဘက်က သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တပ် ဘက်က နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်ချက်ထုတ်ပြီး နိုင်ငံတော်လုံခြုံရေးအား နည်းလာနိုင်ပါက ဖြစ်စဉ်ဖြစ်ရပ်များကို ပြည်သူနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အသိပေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်ထုတ်ပြန်ချက်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်များသည် အခြေခံဥပဒေနှင့်ကိုက်ညီစွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရန် အမျိုးသားညီလာခံ စုံညီအစည်းအဝေးများက ချမှတ်သည့် အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့်မူများ စာအုပ်ပါအချက်ကို ကိုးကားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံရေးအဆင့်အ တန်းကိုကြည့်မည်ဆိုပါက ဒုတိယသမ္မတ အဆင့် သတ်မှတ်ထားမှုရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
 
နောက်ပိုင်းမှာ နိုင်ငံရေးစောင့်ကြည့်သူတွေနဲ့ ဥပဒေပညာရှင်တွေက ကာကွယ်ရေးဦးစီးချုပ်ကို ဒုသမ္မတအဆင့်ထားတယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး အခြေခံဥပဒေမှာ မတွေ့ရဘူးဆိုပြီး နိုင်ငံတော်အင်္ဂါစဉ်မှာ နံပါတ် ၈ နေရာမှာ သတ်မှတ်ထားတာကို ထောက်ပြပြီး ဝေဖန်မှုတွေ ငြင်းခုံမှုတွေ ဖြစ်ခဲ့ပါတယ်။ဒီလို တပ်နဲ့ အစိုးရကြား ပွတ်တိုက်မှုတွေကြောင့် ရက်နီးကပ်နေတဲ့ ရွေးကောက်ပွဲမှာ မဲပေးမယ်ဘသူတွေအပေါ် ဂယက်ကြီးစွာရိုက်ခဲ့သလို စိုးရိမ်မှုတွေဖြစ်လာခဲ့ပါတယ်။အထူးသဖြင့် တပ်ဘက်ကိုယိမ်းတဲ့ ပါတီတွေအတွက် ဒါဟာ အတော်လေးကို ထိခိုက်စေခဲ့ပါတယ်။
 
ရွေးကောက်ပွဲမကျင်းပခင်အထိ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ အတိုက်အခံပါတီတွေဘက်က အာဏာရပါတီအနေနဲ့ မဲကွဲပြီး အနိုင်ရကိုယ်စားလှယ်အရေအတွက်က ၂၀၁၅ ခုနှစ်ကထက် နည်းမယ်ဆိုပြီး သုံးသပ်မှုတွေ ယူဆမှုတွေ မဲပေးတဲ့ နိုဝင်ဘာ ၈ ရက် မနက်ပိုင်းထိ ခိုင်ခိုင်မာမာရှိခဲ့ပါတယ်။ဒါပေမယ် တစ်ကယ့် တကယ် မဲရလဒ်တွေ ထွက်ပေါ်လာစပြုချိန်မှာတော့ ဒီကိုယ့်ဘက်ကိုယ်ယက်တဲ့ ယူဆချက်တွေဟာ တလွဲတွေဖြစ်ခဲ့ပြီး ပြည်သူတွေအနေနဲ့ လွန်ခဲ့တဲ့ ၅ နှစ်တာ စွမ်းဆောင်ချက်မှာ အားနည်းချက်ရှိခဲ့ပေမယ့် တခြားခေတ်အဆက်ဆက် အစိုးရတွေနဲ့ယှဉ်ရင် အပြတ်အသတ် စွမ်းဆောင်မှုသာတဲ့ လက်ရှိ အာဏာရပါတီကိုသာ တစ်ခဲနက်မဲပေးခဲ့သလို တချို့နာမည်ကြီးနေတဲ့ ပါတီတွေဆို မဲအနိုင်ရဖို့ဝေးစွ၊ မဲရရှိမှုမှာတောင် ဆယ်ဂဏန်းမကျော်တာ၊ ရာဂဏန်းမကျော်တာတွေအထိ အရှက်တကွဲ ရှုံးနိမ့်တာတွေအထိ ဖြစ်ခဲ့ပါတယ်။
 
နိုဝင်ဘာ ၁၀ ရက်အထိ သိရသမျှမှာ အာဏာရပါတီဘက်က မဲဆန္ဒနယ် အမတ်နေရာ ၄၀၀ ကျော်အထိ အနိုင်ရခဲ့တာကို တွေ့နေရပေမယ် လူမှုကွန်ရက်မှာ ရွေးကောက်ပွဲမှာရှုံးနိမ်ခဲ့တဲ့ ပါတီကြီးတစ်ခုကတော့ ရွေးကောက်ပွဲအနိုင်ရတဲ့ပါတီကို အသိအမှတ်ပြုပေးရတဲ့ ပုံစံ (၁၉) စာရွက်ကို လက်မှတ်မရေးထိုးဖို့ ညွှန်ကြားတာ၊ မဲအနိုင်ရလဒ်အတွက် ကော်မရှင်ကို စောဒကတက်ဖို့ ညွှန်ကြားတဲ့စာဆိုပြီး ထွက်ပေါ် လာတာကိုလည်း တွေ့ ရပါတယ်။စာက အတုလား အစစ်လား မသိပေမယ့် ရွေးကောက်ပွဲ နည်းဥပဒေမှာ‌တော့ ပုံစံ (၁၉) ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ (သို့) ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များက လက်မှတ် ထိုးရမှာဖြစ်ပြီး လက်မှတ်ထိုးရန် ပျက်ကွက်ပါက ပျက်ကွက်သူ၏ တာဝန်သာဖြစ်ကြောင်း ဖော်ပြထားလို့ ဘာမှအကျိုးထူးလာမယ့် လုပ်ရပ်တော့မဟုတ်ဘဲ ပြည်သူတွေက ပိုပြီးမေတ္တာပျက်တာဘဲရှိမယ့် အခြေအနေပါ။
 
ရွေးကောက်ပွဲမှာ ထူးခြားချက်ကတော့ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ အတိုက်အခံဘက်က ထင်ရှားခဲ့တဲ့ မင်းကင်း၊ မိတ္ထီလာက လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်အရွေးမခံခဲ့ရသလို အနိုင်ရမယ်လို့ တထစ်ချအနိုင်ရမယ်ဆိုပြီး ပြောခဲ့သူတွေ မဲအပြတ်အသတ်နဲ့ ရှုံးခဲ့တာကိုလည်း တွေ့ရပါတယ်။အစိုးရရုံးစိုက်ရာ နေပြည်တော်မှာဆိုရင် ဇေယျာသီရိကလွဲပြီး ကျန် ၇ နေရာစလုံးကို အာဏာရပါတီဘက်က အနိုင်ရခဲ့တာကို တွေ့ရပါတယ်။တရားမဝင်သေးတဲ့ အချက်အလက်တွေအရဆိုရင် ၂၀၁၅ ခုနှစ်ကထက် မဲအပြတ်အသတ်နဲ့ အာဏာရပါတီကအနိုင်ရခဲ့လို့ ပါတီခေါင်းဆောင်က ရွေးကောက်ပွဲကို COVID-19 ရောဂါကြားကနေ အောင် အောင်မြင်မြင်နဲ့ ဖြစ်မြောက်အောင်လို့ လုပ်ပေးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတဲ့ ဌာနအသီးသီး၊ ဖြစ်မြောက်အောင်လို့ လုပ်ပေးကြတဲ့ ပြည်သူလူထုအားလုံးကို အင်မတန် ကျေးဇူးတင် တယ်လို့ ပြောခဲ့ပါတယ်။
 
ရွေးကောက်ပွဲပြီးခဲ့ပြီဆိုပေမယ် ဒီရလဒ်တွေကို ယခုမှ စတင်ထုတ်ပြန်နေဆဲဖြစ်သလို မင်းကင်း လို နေရာမျိုးမှာ ရလဒ်ကိုကန့်ကွက်ပြီး ပြန်လည်စိစစ်ဖို့ ကော်မရှင်ကို တောင်းဆိုထားပြီး ရွေးကောက်ပွဲ အနိုင်/အရှုံး ရလဒ်မဲစာရင်း (ပုံစံ-၁၉) မှာ လက်မှတ်မထိုးဘဲ ရွေးကောက်ပွဲ မဲရလဒ်ကို ကန့်ကွက်တယ်ဆိုတာကို ပြမယ်ဆိုတာတွေလည်းရှိနေပါတယ်။ဒီအတွက် နောက်ရက်တွေမှာ ဒီလိုရလဒ်ကို လက်မခံတဲ့ ပါတီတွေ ဘက်က ဘာတွေလုပ်ဦးမလဲ၊ ဘာတွေဆက်ဖြစ်လာစရာရှိဦးမလဲဆိုတာ စိတ်ဝင်စားစရာမို့ ရှေ့ရက်တွေကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
 
ရွေးကောက်ပွဲအပြီး အနာဂတ်အခင်းအကျင်း
 
နိုဝင်ဘာ ၈ ရက်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကျကျ ရွေးကောက်ပွဲကြီးကို အရပ်သားအစိုးရ လက်အောက်မှာ ကျင်းပပြီးစီးခဲ့ပြီးပါပြီ။ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အရပ်သားတစ်ပိုင်းအစိုးရက အနိုင်ရ NLD ပါတီကို အာဏာလွယ်လွယ်ကူကူလွှဲပြောင်းမပေးမှာကို အများပြည်သူက စိုးရိမ်ခဲ့ရသလို ယခု ၂၀၂၀ မှာတော့ ဒီရွေးကောက်ပွဲဟာ ပါတီတချို့ပုံဖော်နေတဲ့ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲတစ်ခုလို့ သတ်မှတ်ပြီး တပ်ဘက် အသိအမှတ်မပြုခဲ့ရင် ဘာတွေဖြစ်လာမလဲဆိုပြီး ပြည်သူတွေဘက်က စိုးရိမ်မှုတွေရှိခဲ့ပါတယ်။အစောပိုင်းက တပ်ဘက်က ထုတ်ပြန်ချက်တွေမှာ၊ တပ်ချုပ်နဲ့ ပေါ်ပြူလာနယူးစ်အင်တာဗျူးမှာ ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီး ပြောခဲ့ဆိုခဲ့တာတွေရှိခဲ့တဲ့အတွက် ဒီအပေါ်စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ဒီအတွက်ကြောင့်လည်း ပြည်သူတွေဘက်က ရွေးကောက်ပွဲနေ့မှာ ထင်တာထက်ပိုပြီး မဲပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။
 
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာ တပ်ချုပ်က ဇေယျာသီရိကုန်တိုက်အတွင်း မဲလာပေးရာမှာ သတင်းမီဒီယာတွေကို “ကျွန်တော်ကတော့ ပြည်သူ့ဆန္ဒနဲ့ထွက်ပေါ်လာမည့် ရွေးကောက်ပွဲရလဒ်ကို လက်ခံရမှာ။ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး၊ လက်ခံရမှာပဲ” လို့ သတင်းစကား လက်ဆောင်ပါးခဲ့ပါတယ်။ဒီလိုပြောခဲ့တဲ့အပြင် မဲရလဒ်တွေထွက်ပေါ်လာပြီး ဘယ်ပါတီအနိုင်ရပြီလဲဆိုတာကို သိနိုင်ပြီဖြစ်တဲ့ နိုဝင်ဘာ ၁၀ ရက်မှာ တပ်ဘက်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်မှာ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီးစီးပြီဖြစ်လို့ ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်ဘက်က ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ဒီထုတ်ပြန်ချက်အရ တပ်ဘက်က ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးတာကို လက်ခံလိုက်ပြီဆိုတာကို ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။