【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ပြည်သူဘက် ဘယ်သူယိမ်းမလဲ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ပြည်သူဘက် ဘယ်သူယိမ်းမလဲ

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ လွှတ်တော်က သတင်းတွေက စိတ်ဝင်စား ရာပါဘဲ။ လွှတ်တော်ထဲ အကြိတ်အနယ်ဆွေးနွေးမှုတွေကနေ နှစ်ဘက်ကြားနားလည်မှုတွေ ပိုမလာဘဲ ပိုမိုတင်မာလာမယ့် အရိပ်အယောင်တွေကို မြင်ရတာကတော့ ဒီတစ်ပတ်မှာ အများပြည်သူအတွက် စိတ်ပျက် စရာဖြစ်ခဲ့ပါတယ်။ရခိုင်မြောက်ပိုင်းနဲ့ ပလက်၀မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ စားသောက်ကုန်ပြတ်လပ်တဲ့ သတင်းကလည်း စောင့်ကြည့်ချင်စရာပါ။

ဒါ့အပြင် ယခုရက်သတ္တပတ်အတွင်းမှာ အာဏာရပါတီအတွင်းမှာလည်း အပြောင်းအလဲတွေ ဖြစ်လာခဲ့ ပါတယ်။ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မတ်လ ၁ရက်နေ့မှာ နေပြည်တော် စည်ပင်ဧည့်ရိပ် သာမှာ စီအီးစီအစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ အဏာရပါတီ ရဲ့ပြောရေးဆိုခွင့်ရှိသူ နှစ်ဦး ထဲက တစ်ဦးဖြစ်တဲ့ ဒေါက်တာမျိုးညွန့်ကို ပြောရေးဆိုခွင့်ရှိသူအဖြစ်မှ ရုပ်သိမ်းခဲ့ပါတယ်။ ဒီလို ရုတ်သိမ်းတဲ့ အ တွက် အကြောင်းပြချက်မရှိပေမယ့် ပြီးခဲ့တဲ့ ဦးကိုနီ လုပ်ကြံခံရတဲ့ ၃ နှစ်ပြည့်အခမ်းအနားမှာ ပြောခဲ့တဲ့ ပြော ဆိုမှုတွေနဲ့ ပတ်သက်မယ်လို့ ယူဆကြတာလည်းရှိပါတယ်။တခြားထူးတဲ့ သတင်းတစ်ခုကတော့ အာဏာရပါတီ ဘက်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို မမှန်သတင်းတွေ လူမှုကွန်ရက်ပေါ်တက်ရေးတဲ့ အတိုက်အခံပြည်ခိုင်ဖြိုးပါတီဘက်က ရုံးအဖွဲ့ဝင်တစ်ဦးကို ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခဲ့တာပါဘဲ။ဒီအမှုက တနင်္သာရီဘက်မှာ ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲနှင့် စိုးရိမ်ကြောင့်ကြနေရသည့် နယ်စပ်ဒေသများ

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာရခိုင်မြောက်ပိုင်းမှာဖြစ်ပျက်နေတဲ့ သတင်းတွေက လည်းသတင်းဖတ်သူအများပြည်သူကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။အထူးသဖြင့် ရခိုင်မြောက်ပိုင်းကနေချင်းတောင်ပိုင်း ပလက်၀ထိ တိုက်ပွဲသတင်းတွေကယခုရက်ပိုင်းမှာသတင်းတွေမှာတက်လာခဲ့ပါတယ်။

သတင်းတွေအရရခိုင်မြောက်ပိုင်းမြောက်ဦးမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၂၉ ရက်နေ့က တိုက်ပွဲ ဖြစ်ခဲ့ရာမှာ ရခိုင်လက်နက်ကိုင်နဲ့ တပ်မတော်ဘက်က ကျဆုံးသူတွေ သေကြေတဲ့ သူတွေ စာရင်းကို မရပေမယ့် အရပ်သား ၉ဦး သေဆုံးပြီး၊ ၁၈ ဦး ဒဏ်ရာရကာ၊ ၁၃ဦးပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းတွေတက်လာခဲ့ပါတယ်။ ဒီတိုက်ပွဲက မြောင်းဘွေ ကျေးရွာအနီး တပ်မတော်ယာဉ် တန်း မိုင်းဆွဲခံရပြီးနောက် တိုက် ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့တာပါ။ ရခိုင်လက် နက်ကိုင်ဘက်က ရွာတွေထဲ ဝင်ရောကာ အရပ်ဘက်နဲ့ တပ်ဘက် ပစ်မှတ်တွေကို ခြုံခိုတိုက်ခိုက်နေတာတွေ ရှိပြီး တပ်ဘက်နဲ့ အပြင်းအထန်ဖြစ်တိုင်း ရွာတွေမှာ သေကြေ တာတွေ၊ ဒဏ်ရာရတာတွေက အရွယ်ကောင်းတွေအများစုဖြစ်နေတာက တခြားလက်နက်ကိုင်တွေ တပ်တွေရှိရာ ဒေသနဲ့ မတူတဲ့ အချက်ပါဘဲ။

မတ် ၂ ရက်ကလည်း မြောက်ဦးဘက်က ရှမ်းတောင်ဆိုတဲ့ ရွာအနီးမှာ ဘင်္ဂါလီတစ်ဦးနဲ့ ဒေသခံရခိုင်သုံးဦး ကိုသတ်ပြီး မြုပ်ထားတာကို တွေ့ရှိခဲ့ပါတယ်။ဒီသတင်းတွေမှာတော့ ဖေဖေါ်ဝါရီ ၂၉ ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲ သတင်းတွေနဲ့ ဆက်စပ်ပြီး အဲဒီတိုက်ပွဲမှာ ဘင်္ဂါလီ ၅ ဦးသေဆုံးခဲ့တယ်ဆိုတာကို ဒေသတွင်းသတင်းရင်းမြစ်တွေ က ဖော်ပြခဲ့ပါတယ်။ဒီလို ဒေသခံတွေ တိုက်ပွဲတွေမှာ သေကြေတာလား၊ အသတ်ခံရတာလား မသိတဲ့ ဖြစ်ရပ်တွေ အတွက် တပ်ဘက်ကရော၊ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ရော နှစ်ဖွဲ့စလုံး ဘာအသံမထွက် ကြပါဘူး။

လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုကို အခြေခံတဲ့ ရခိုင်လက်နက်ကိုင်တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲများအတွင်း တစ်နှစ်ကျော်ကာလအတွင်းမှာ အရပ်သား ၁၅၀ ခန့် သေဆုံးပြီး ၄၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ အရပ်ဘက် စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကဆိုပါတယ်။ ပလက်၀ဘက်မှာလည်း ယခုရက်ပိုင်းတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ကြိုကြားကြိုကြား ဖြစ်နေရာကနေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာဖြစ်ပြီး ဒီမတိုင် မီကတည်းက ပလက်၀မှာနေတဲ့ ဒေသခံတွေအတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပါတယ်။ ကုလားတန်မြစ် ကြောင်း ကနေ ရေလမ်းခရီးသွားလာရေးကို အားထားနေရတဲ့ ဒီဒေသမှာ ရေလမ်းတစ်လျှောက်နှစ်ဘက်လုံး ထိ တွေ့တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ အတွက် စားရေးသောက်ရေးအခြေအနေက အတော်လေးကို ဆိုးရွားနေပါတယ်။ အခြေခံစာသောက်ကုန်ဖြစ်တဲ့ ဆန်၊ဆီ၊ ဆား၊ ကုန်ခြောက် အပါအဝင် စားနပ် ရိက္ခာ ပြတ်လပ်မှုများ ဖြစ်နေပြီး ကုန်ဈေးနှုန်း ကြီးမြင့်နေကာ တချို့နေရာတွေမှာ ဆန်အစား အခြားအစားအစာတွေ၊ ဆန်ပြုတ်သောက် နေရ တာတွေ ထိဖြစ်ခဲ့ပါတယ်။

ဒီအတွက် အဆိုပါဒေသမှာရှိတဲ့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) ကချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ရခိုင်ပြည်နယ်၊ ကျောက်တော်သို့ ပြေးဆွဲနေသည့် လိုင်းစက်လှေများအား လူသားချင်း စာနာထောက်ထားမှုဖြင့် ပြန်လည် ပြေးဆွဲခွင့်ရရန် အစိုးရ၊ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် အေအေအဖွဲ့တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။ဒေသတွင်း တိုက်ပွဲတွေကြောင့် လက်ရှိမှာ ထိခိုက်နေရတာက ဒေသခံတွေပါ။ တိုက်ပွဲတွေ က ကြာရှည်မယ့် သဘောရှိနေပါတယ်။ရခိုင်လက်နက်ကိုင်တွေက ရွာတွေအနားကပ်ပြီး ခြုံခိုတိုက်ခိုက်နေသလို ရွာတွေထဲ ဝင်ရောက်နေတဲ့ အတွက် တပ်ဘက်က ရှင်းလင်းတိုင်း အရပ်သားတွေ ထိခိုက်မှုဖြစ်နေတာက တစ်ကယ်အရပ် သားလား၊ အသွင်ဖျောက်ထားတဲ့ ရခိုင်လက်နက်ကိုင်လားဆိုတာ မသဲကွဲပါဘူး။ကြာရှည်မှာ ဒေသတွင်း တရား ဥပဒေစိုးမိုးမှု ပျောက်ပြီး သတ်ဖြတ်မှုတွေနဲ့ လက်နက်နဲ့ကြီးစိုးလာမှုတွေ အမြစ်တွယ်လာမယ့် အခြေအနေ ကို တွေ့နေရပါပြီ။ဒီအတွက် ဘယ်ဘက်က တာဝန်ရှိလဲဆိုတာ ဒေသခံတွေ အသိဆုံးဘဲ ဖြစ်ပါလိမ့်မယ်။

ရခိုင်မြောက်ပိုင်းမှာ ဒီလိုဖြစ်နေသလို ရခိုင်လက်နက်ကိုင်လိုဘဲ လူမျိုးရေး အခြေခံတဲ့ ပလောင် လက် နက်ကိုင်အဖွဲ့ဖြစ်တဲ့ တအာင်းလက်နက်ကိုင် (TNLA)တွေက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရွာသားအချို့ကို ဘိန်း စိုက်ပျိုးတယ်ဆိုပြီး ဖမ်းခဲ့တဲ့ ပြဿနာက အခုထိ မပြေလည်သေးပါဘူး။ TNLAဘက်က ထုတ်ပြန်မှုတွေမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်နေတဲ့ အတွက် ဘိန်းစိုက်ပျိုးတဲ့ ဒီရွောသားလေးဦးကို ဖမ်းခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် အရင်ကလည်း ဒီလိုဘဲ ရွာသားတွေကို ပြန်ပေးဆွဲပြီး ငွေညှစ်တာတွေ ၊ ပြန်ပေးဆွဲငွေတောင်းတာတွေ လုပ်ခဲ့တာရှိတဲ့ အတွက် အသက် ၇၀ ကျော် အဘိုးအိုနှစ်ဦး၊ အမျိုးသမီးကြီးတစ်ဦးနဲ့ ၄၅ နှစ်အရွယ်အမျိုးသား တစ်ဦးကို ပြန်ပေးဆွဲခဲ့တဲ့ TNLA ဘက်က လက်ရှိမှာ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုတဲ့ အတွက် အဆိုပါ သက်ကြီး ရွယ်အို ရွာသားတွေ ဘယ်လိုပုံစံနဲ့ ပြန်လွတ်လာမလဲ အသေလွတ်လား /အရှင်လွတ်လားဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာဘဲ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် တပ်မတော်တို့ကြား တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁ ရက်နေ့ နေ့လယ်အထိဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အနီး နားက ဒေသခံတွေ ရွာတွေကို ထွက်ပြေးခဲ့ရပါတယ်။ RCSS/ SSAဘက်ကတော့ တပ်ဘက်က လူကြီးခရီးစဉ်ရှိလို ဆုတ်ခိုင်းရာမှာ ဆုတ်ပေးနေစဉ် ဖြစ်ခဲ့တာလို့ ဆိုပြီး တပ်မတော်ဘက်ကတော့ မူးယစ်ဆေးဝါးဖမ်းဆီးရင်း ထိတွေ့မှုတွေ ဖြစ်တာလို့ ဆိုပါတယ်။ ယခု ဖြစ်ပွားတဲ့ တိုက်ပွဲ တွေကြောင့် နှစ်ဘက်စလုံးထိခိုက်သေဆုံးတာတွေ ရှိတယ်ဆိုပါတယ်။

ဒီရက်မှာဘဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအနီး မှာ ကျပ် ၃၈ ဘီလျံ တန်ဖိုးရှိတဲ့ မူးယစ်ဆးဝါးတွေ ဖမ်းမိခဲ့ပါတယ်။ဒါဟာ စံချိန်တင်ပါဘဲ။ အခိုင်အမာလုပ်ထားတဲ့ နေရာကို ဝင်ဖမ်း ဆီးရာမှာ လူတစ်ယာက်မှ မမိဘဲ ကားတွေ စက်တွေက အစမိခဲ့ပါတယ်။ ထုံးစံအတိုင်း ပိုင်ရှင်မဲ့ မိတာ ဖြစ်တဲ့ အတွက် ဝေဖန်မှုတွေ ထွက်ခဲ့ပါတယ်။

နယ်စပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြည်သူစစ်တွေ ကျင်လည်ကျက်စားရာနေရာတွေမှာ အဆိုပါအဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့ မပတ်သက်ဘူးလို့ ဘယ်လိုပဲ ငြင်းဆန်ငြင်းဆန် ယခုလိုမိတာကို ကြည့်ရင် ဒီလိုအဖွဲ့တွေ ၊ ဒေသကို ကြီးစိုးထားတဲ့ အဖွဲ့တွေ မသိဘူးဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စဘဲဖြစ်ပါတယ်။ လက်နက်ကိုင် တဲ့ အဖွဲ့မှန်သမျှ မူးယစ်ဆေးဝါးနဲ့ မလွတ်ကင်းတဲ့အတွက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးက ရင်မအေး စရာ ပါ။ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ၀ အဖွဲ့က လွှမ်းမိုးမှုရှိတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ (၃)ဖွဲ့ဆိုတဲ့ ကိုးကန့်(MNTJP/ MNDAA) ၊ တအာင်း (PSLF/ TNLA)၊ ရခိုင် (ULA/AA) က ယခုလ မတ် ၁ ရက်ကစပြီး ၂၅ ရက် အပစ်ရပ်စဲတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ချက်မှာတော့ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကိုရင်ဆိုင်ရာမှာ အထောက်အကူပြုဖို့ဆိုတာလည်း ပါပါတယ်။

ဒါပေမယ် အပစ်ခတ်ရပ်စဲရေးဆိုတာ ထုတ်ပြန်နေကြပေမယ့် ပစ်တာခတ်တာက ဖြစ်နေကြတာမို့ ဒီအ ပစ်ခတ်ရပ်တာက အရပ်သားတွေ၊ဒေသခံတွေအတွက် အသုံးဝင်လား၊မဝင်လား၊ ဟန်ပြထုတ်ကြတဲ့ အပစ်ခတ် ရပ်စဲရေးလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ကန့်ကွက်မှုတွေကို မတူညီမှုတွေကို လွှမ်းခဲ့တဲ့လက်ခုပ်သံ

ယခုရက်သတ္တပတ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒုတိယရက်သတ္တပတ်အဖြစ် ဆွေးနွေးခဲ့တာဖြစ်သလို အများပြည်သူအပေါ် ဖိထားသလိုဖြစ် နေတဲ့ စည်းမျည်းဥပဒေတွေကို ပြင်ဆင်ဖို့ ဘာကြောင့် ပြင်ဆင်ရသလဲဆိုတာကို အပြီးသတ်လျှောက်လဲရတဲ့ နေ့ရက်တွေလဲဖြစ်ပါတယ်။ ဒီလို တင်ပြဆွေးနွေးကြတဲ့ အခါ အများပြည်သူနဲ့ မီဒီယာတွေမှာ ပြက်ပြက် ထင်း ထင်းမြင်လိုက်တဲ့ အချက်တစ်ခုက အာဏာရပါတီနဲ့ တိုင်းရင်းသားပါတီအများစု ပြင်လိုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့နဲ့ ပြည်ခိုင်ဖြိုးပါတီ၊တိုင်းရင်းသားပါတီငယ်အချို့က ကန့်ကွတ်ခဲ့ကြတာကို မြင်လိုက်ရတာပါဘဲ။

ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ အချိုးကျရထားတဲ့ ကိုယ်စားလှယ်တွေကြား အားပြိုင်မှုက ယခု ရက် သတ္တပတ်မှာ အတောလေးပြင်းထန်ခဲ့သလို အချို့ဝင်ရောက်ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေ တင်ပြချက် တွေက အများပြည်သူအတွက် ရယ်ရွှင်ဖွယ်ဖြစ်ခဲ့သလို တချို့ဆွေးနွေးမှုတွေက ဆန့်ကျင်တဲ့ သူရော ကန့်ကွက် တဲ့ သူ ရော နှစ်ခြိုက်လို့ လက်ခုပ်တီးဂုဏ်ပြုတာတွေလည်းရှိခဲ့ပါတယ်။

မတ် ၃ ရက်က ပြုလုပ်ခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ပြင်ဆင်ဖို့ ဆွေးနွေးတာတွေက ပြည်နယ် ဝန်ကြီးချုပ်တွေကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်ထဲက မဲထက်ဝက်ကျော်ထောက်ခံတာနဲ့ ရွေးချယ်ဖို့ ဆွေးနွေးခဲ့တာရှိပါတယ်။ ဒါဟာ အာဏာရပါတီဘက်က မူလအတိုင်းထားရှိဖို့နဲ့ တပ်နဲ့ ပြည်ခိုင်ဖြိုးက ပြည်နယ် ဝန်ကြီးချုပ်ကို ပြည်နယ် လွှတ်တော်က တင်မြှောက်ဖို့ ပြင်ဆင်ချင်ကြတာပါ။ ပြည်နယ်မှာရှိတဲ့ လွှတ်တော်ထဲက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်မဲ ထက်ဝက်ကျော်နဲ့ တင်မြှောက်ဖို့ ဆွေးနွေးခဲ့တဲ့ SNLD အမတ် တစ်ဦး ဆွေးနွေးချက်က လက်ခံနိုင်စရာဖြစ်ပါတယ်။ရွေးကောက်ခံလွှတ်တော်အမတ်တွေကို ပြန်လည်ရုပ်သိမ်းခွင့်ကို ဆွေးနွေးခဲ့ရာမှာ တပ်ဘက်က မူလအတိုင်း တစ်ရာခိုင်နူန်းထားကာ NLD ဘက်က မဲဆန္ဒရှင်ရဲ့ ရာခိုင်နူန်း ၂၀ ထားဖို့ ပြင်ဆင်တာပါ။

အဆိုပါနေ့မှာ တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ကျော်စန်းလင်းက ရဲတပ်ဖွဲ့သည် တပ်မတော်၏ ကွပ်ကဲမှုအောက် တွင် ရှိသင့်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ဒီချုပ်က တင်တဲ့ ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းမှာ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအား လုံးသည် တပ်မတော်၏ကွပ်ကွဲမှု အောက်တွင်ရှိရမည်’ ဆိုသော မူလပြဋ္ဌာန်းချက်ကိုပြင်ဆင်ထားတာကို ဆွေးနွေးခဲ့တာပါ။အဲဒီနေ့မှာဘဲ NLD ပါတီမှ သထုံလွှတ်တော်ကိုယ်စားလှယ်အမတ် ဒေါ်မာမာခိုင်က ‘‘ဒီမိုကရေစီခုတုံးလုပ်ဖို့မသင့်သလို မလိုအပ် တော့ဘဲ ကန့် သတ်စွက်ဖက်မှုတွေလည်း ပြည် သူတွေအတွက် မရှိသင့် ကြောင်း သတိထားစေလိုပါတယ်’’ ဟု ပြောခဲ့ကာ “ ၁၉၉၀ ရွေး ကောက်ပွဲပြီးပါ က အနိုင်ရသည့်အဖွဲ့ကို နိုင်ငံ တော်အာဏာလွှဲပေးကာ တပ်မတော် အနေဖြင့် စစ်တန်းလျားကို ပြန်မည်ဟူသော ဗိုလ်ချုပ်ကြီး စောမောင်၏ ပြောကြားချက်ကို ယခုတိုင် အမှတ်ရ ဆဲဖြစ်တယ်” ဆိုကာ ပြောခဲ့ပါတယ်။ အဆိုပါ မတ် ၃ ရက်က ဆွေးနွေးပွဲမှာ အပြန်အလှန်ကန့်ကွတ်မှုတွေ ရှိခဲ့ပြီး ၄ ကြိမ်အထိရှိခဲ့ ပါတယ်။

မတ် ၄ ရက်ပြုလုပ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးပွဲမှာတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ချုပ်မောင်မောင်က ဒီချုပ်၏ အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းပါ ပြင်ဆင်ချက်က စစ်ဘက်-အရပ်ဘက် ဆက်ဆံ ရေးကို ထိခိုက်စေတယ်ဆိုပြီး ဆွေးနွေးခဲ့ပါတယ်။ဦးထွန်းထွန်းဟိန် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦး တင်သွင်းထားသည့် မူကြမ်းပါပုဒ်မ ၄၃၆ (ခ) ကို ကန့်ကွက်ဆွေးနွေးစဉ် ပြောခဲ့တာပါ။ဒီချုပ်ပြင်ဆင်ရန် အဆိုပြု သော ပုဒ်မ ၄၃၆ (ခ)မှာ ၄၃၆ (က) ၌ ဖော်ပြထားသော ပြဋ္ဌာန်းချက် များမှအပ အခြားပြဋ္ဌာန်းချက်များကို ရွေး ကောက် တင်မြှောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အား လုံး၏ သုံးပုံနှစ်ပုံကျော် ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်ရမည်ဆိုပြီး ပါခဲ့ပါတယ်။ ဒါဟာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ခွဲခြားဆက်ဆံ တယ် ဆိုပြီး ပြောခဲ့တာပါ။

ဒီလို ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ဆွေးနွေးတဲ့ စကားတွေက စစ်ဘက်-အရပ်ဘက်ကို ထိခိုက်စေနိုင်၊ ယုံ ကြည်မှု ကို ထိခိုက်စေနိုင်ဆိုသည့် စကားရပ်များမှာ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် မကိုက်ညီ NLD အမတ် ဦးနေမျိုးထွန်းက မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ လွှတ်တော်နာယကထံတင်ပြခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ အစည်းအဝေးမှာ ကိုယ်စားလှယ်အချို့က လက်ရှိလွှတ်တော်အသီးသီးမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေတာကို အဆင့်ဆင့်လျှော့ချဖို့ကိုဆွေးနွေးခဲ့ပါတယ်။ NLD ကိုယ်စားလှယ် ဦးမျိုးဝင်းက ဒီချုပ်ပါတီက တတိယအကြိမ်လွှတ်တော်မှာ ၁၅ ရာခိုင်နှုန်း၊ စတုတ္ထအကြိမ်မှာ ၁၀ ရာခိုင်နှုန်းနဲ့ ပဉ္စမအကြိမ်မှာ ၅ ရာခိုင်နှုန်းထက်မပိုဖို့ ပြင်ဆင်ချက်တင်သွင်းထားတာကို ထောက်ခံခဲပြီးလွှတ် တော်ဆိုတာ တနိုင်ငံလုံးက ပြည်သူတွေ မဲပေးရွေးချယ်ထားတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေစုဝေးရာ အရပ် ဒေသဖြစ်ကြောင်းနဲ့ ဒီမိုကရေစီရဲ့ ပြယုဂ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဦးမျိုးဝင်းဆွေးနွေးချက်ထဲမှာ လွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်ရခြင်းသည် အတိတ်ကာလက ခါးသီးသောအတွေ့အကြုံများကြောင့်ဟူ၍ တပ်မတော်သား ကိုယ်စားလှယ်အချို့က ဆွေးနွေး ခဲ့ကြောင်း၊ ယင်းသို့ ဆွေးနွေးမှုအပေါ် ခါးသီးသော အတွေ့အကြုံကိုတပ်မတော်ဘက်တွင်သာ ရှိသည်မဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ရင်ထဲတွင်လည်း အပြည့်ရှတယ်လို့ ပြောခဲ့ပါတယ်။

ဒါအပြင် "ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေ ရေးဆွဲတဲ့ဖွဲ့စည်းပုံနဲ့မဟုတ်ဘဲအုပ်ချုပ်သူအစိုးရ အလိုကျ ဖန်တီးပုံဖော် ပြီး ဆန္ဒခံယူခဲ့တဲ့ သန္ဓေမမှန်တဲ့ဖွဲ့စည်းပုံအောက်က ဖြတ်သန်းခဲ့ကြရတဲ့ ခေတ်စနစ်တွေ အကြားမှာ နှစ်ဖက်စလုံး သားကောင်တွေ ဖြစ်ခဲ့ရတာလို့ ယုံကြည်ပါတယ်"လို့ ပြောခဲ့တဲ့ အတွက် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို သန္ဓေမမှန်သည့် ဖွဲ့စည်းပုံလို့ သုံးခဲ့တဲ့အတွက် ကန့်ကွက်ခဲ့တာကို လည်း တွေ့ရပါတယ်။

အဆိုပါ ပြင်ဆင်ချက်မှုကြမ်းကို တိုင်းရင်းသားပါတီအချို့ကလည်းထောက်ခံဆွေးနွေးခဲ့တာ ကို တွေရ ပါတယ်။ ဆွေးနွေးတဲ့ကိုယ်စားလှယ်အချို့က ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်ဆင်ခွင့် ရတာဖြစ်လို့ တပ်မတော်ပါဝင်မှသာ ပြင်ဆင်နိုင်မှာဖြစ်တာကြောင့် တပ်မတော်ဟာ ဗီတိုအာဏာရယူထားတဲ့သဘောဖြစ်တယ်လို့ ဆွေးနွေးခဲ့တာလည်းရှိခဲ့ပါတယ်။တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က အဲဒီလိုပြင်ဆင်ဖို့ အခုအချိန်မှာ မသင့်တော်သေးဘူးလို့ ပြောခဲ့သလို့ တပ်မတော်သား တွေပြင်ချင်တဲ့ ပုဒ်မတွေရှိပေမယ့်လည်း အရပ်သားကိုယ်စားလှယ်တွေထောက်ခံမှ ပြင်လို့ရမှာလို့ လည်း ပြောခဲ့ တာရှိပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပ‌ဒေပြင်ဆင်တဲ့ ဥပဒေမူကြမ်းဆွေးနွေးတဲ့ နောက်ဆုံးရက်ဖြစ်တဲ့ မတ် ၅ ရက်မှာ လွှတ်တော်တွင်း အခြေအတင်ဆွေးနွေးမှုတွေက ပိုပြင်းထန်ခဲ့သလို စိတ်ခံစားမှုတွေပါလာတာကို တွေ့ရပါတယ်။ ဒီထဲမှာ တချို့ ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့တာတွေက သဘောကျစရာ ဖြစ်ခဲ့သလို ဆိုးဝါးတဲ့ ခေတ်စနစ်ကို ပြန်ပြောင်းသတိရစရာတွေ ဖြစ်ခဲ့ပါတယ်။

ရခိုင်လွှတ်တော်အမတ် ဦးဖေသန်းက ၂၀၀၈ ဖွဲ့စည်းပုံဟာ အလွန်ပြင်ရခက်တဲ့ ဥပဒေဆိုတာကို အားလုံးအသိဖြစ်ပါတယ်။ ဥပဒေရေး ဆွဲတဲ့သူက ဒီလိုပြင်ရခက်အောင် အချိန်များစွာယူပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ရေးဆွဲခဲ့ကြတယ်ဆိုတာ ကိုအထူးပြောစရာမလိုပါဘူး။ ပြောစရာလိုတာက ဥပဒေရဲ့ အားနည်းချက်တွေကို မိမိရဲ့အကျိုးအတွက် မဟုတ်ဘဲ နိုင်ငံတော်ရဲ့အကျိုးကိုရည်မျှော်ပြီး ပြင်လိုတဲ့ စေတနာသာဖြစ်ပါတယ်။ ကိုယ်နဲ့အသုံးမတည့်ရင်ပြင်ဆင်လိုပြီး အသုံးတည့်ရင်ကာကွယ်မယ် ပြင်ဖို့မသိချင်ယောင်ဆောင်မယ် ဆိုတာ တွေဟာ မဖြစ်သင့်ပါဘူး”လို့ ပြောခဲ့သလို နွားထိုးကြီး မဲဆန္ဒနယ်မှ NLD လွှတ်တော်အမတ် ဦးနိုင်ထူးအောင်က “ ဒီမိုကရေစီပီပြင်လာစေဖို့ ဒီမိုကရေစီကိုပိုမိုကျင့်သုံးဖို့လိုပါတယ်။ဒီမိုကရေစီကိုပြည့်ဝစွာကျင့်သုံးနိုင်စေဖို့ အတွက်ဆိုရင် လွှတ်တော်ထဲမှ ကိုယ်စားလှယ်များ အားလုံးဟာ ပြည်သူရဲ့ ရွေးကောက်ခံကိုယ်စား လှယ်များဖြစ်ဖို့လိုပါတယ်”လို့ ပြောခဲ့ပါတယ်။

အဆိုပါနေ့ ဆွေးနွေးတင်ပြမှုမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးရင်း ‘‘နာယက ကြီးခင်ဗျား၊ ဟော ဒီ အဆောက်အအုံကြီးတွေကို ဘယ်သူတွေ ဆောက်ပေးခဲ့တာပါ လဲ’’ဟု နှစ်ကြိမ်ထပ် မေးခွန်းက ရုပ်သံမှ ကြည့်နေသူများနှင့် ဆွေးနွေးသူများကို အံအားသင့်စေခဲ့ပါတယ်။ ထို့အပြင် တပ်မတော်သားကိုယ်စားလှယ်အမျိုးသမီးအရာရှိတစ်ဦးဆွေးနွေးမှုကလည်း ရာဇဝင်လာ စောလူမင်းဇာတ်လမ်းပါ ပါဝင်လာခဲ့သဖြင့် သဘောကျကာ လွှတ်တော်နာယကနှင့် လွှတ်တော်အတွင်းမှ ရယ်မောသံအချို့ကိုကြားခဲ့ရပါတယ်။

မတ် ၅ ရက်ဆွေးနွေးပွဲတွင် ထူးထူးဆန်းဆန်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးပူဂင်ကမ်း လျန်နှင့် NLD ပါတီမှ ဦးရည်မွန်(ခေါ်)မောင်တင်သစ်တို့ နှစ်ဦးမှာ လက်ခုပ်ဩဘာရရှိခဲ့ပါတယ်။ ဦးပူဂင်ကမ်း လျန်က ‘‘အခု ကယ်တင်ရမယ့် အလုပ်ကတော့ သိပ်အပန်းမကြီး ဘူး။ သေနတ်ဖောက်စရာမလို ဘူး။ အသက်ပေး စရာမလိုဘူး။ ဦးထွန်းထွန်းဟိန် တင်ပြတဲ့ အချက်ကို ဘောပင်လေးနဲ့ အမှန် လေးခြစ်ပေးပါ။ ခဏလေးပြီး သွားမယ့် ကိစ္စပဲဖြစ် ပါတယ်’’ လို့ပြောခဲ့တဲ့ အတွက် သဘောကျခဲ့ကြပြီး ဦးရည်မွန်(ခေါ်)မောင်တင်သစ် ဒီမို ကရေစီ အသွင်ပြောင်း သည့်ကာလတွင်သာ ရှိသေးသ ဖြင့် နိုင်ငံရေးတွင် တပ်မတော်က ဆက်လက်ပါဝင်ချင်ပါက ပြည် သူ့ဆန္ဒနှင့်အညီ ကာလအကန့် အသတ်၊ ပမာဏအကန့်အသတ်ဖြင့်သာ ပါဝင်သင့်ကြောင်း ပြောခဲ့ပါတယ်။

ဆွေးနွေးခဲ့တဲ့ ကာလအတွင်း နှစ်ဘက်လုံးက တင်းတင်းမာမာဆွေးနွေးခဲ့ကြပြီး အခြေအနေက ခန့်မှန်းရ ခက်နေပါတယ်။ အများပြည်သူပြင်ဆင်စေချင်သည့်အချက်တွေအများစုပါဝင်သည့် အာဏာရပါတီက တင်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအနက် ဘယ်နှစ်ချက်ကို ပြင်ဆင်နိုင်မလဲ ဆိုတာ စိတ်ဝင် စားစရာပါ။လာမည့် မတ်လ ၁၀ ရက်မှ စတင်ကာ ၂၀၀၈ အခြေခံဥပဒေ ကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ မူကြမ်း များအပေါ် လွှတ် တော်ကိုယ်စားလှယ်များ၏ ဆန္ဒ ပြုမဲခွဲမှုလုပ်ဆောင်မည် ဖြစ်တဲ့ အတွက် ဘယ်သူက ပြည်သူအတွက် ငဲ့ညှာသလဲ ၊ ဘယ်သူက ပြည်သူနဲ့ လူပုဂ္ဂိုလ်၊ ပြည်သူနဲ့ အာဏာ၊ ပြည်သူနဲ့ အဖွဲ့အစည်း စသည် ရွေးချယ်စရာတွေမှာ ပြည်သူကို ရွေးမလား၊ ဘာကိုရွေးမလဲဆိုတာ ပြတ်ပြတ်သားသားမြင်ရမှာဖြစ်သလို ဘာတွေ ဆက်ဖြစ်လာနိုင်သလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မာလင်း
‌မတ် - ၆

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ လႊတ္ေတာ္က သတင္းေတြက စိတ္ဝင္စား ရာပါဘဲ။ လႊတ္ေတာ္ထဲ အႀကိတ္အနယ္ေဆြးေႏြးမႈေတြကေန ႏွစ္ဘက္ၾကားနားလည္မႈေတြ ပိုမလာဘဲ ပိုမိုတင္မာလာမယ့္ အရိပ္အေယာင္ေတြကို ျမင္ရတာကေတာ့ ဒီတစ္ပတ္မွာ အမ်ားျပည္သူအတြက္ စိတ္ပ်က္ စရာျဖစ္ခဲ့ပါတယ္။ရခိုင္ေျမာက္ပိုင္းနဲ႔ ပလက္၀မွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြ စားေသာက္ကုန္ျပတ္လပ္တဲ့ သတင္းကလည္း ေစာင့္ၾကည့္ခ်င္စရာပါ။

ဒါ့အျပင္ ယခုရက္သတၱပတ္အတြင္းမွာ အာဏာရပါတီအတြင္းမွာလည္း အေျပာင္းအလဲေတြ ျဖစ္လာခဲ့ ပါတယ္။ အာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက မတ္လ ၁ရက္ေန႔မွာ ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္ သာမွာ စီအီးစီအစည္းအေဝးကို ျပဳလုပ္ခဲ့ပါတယ္။ ဒီအစည္းအေဝးမွာ အဏာရပါတီ ရဲ႕ေျပာေရးဆိုခြင့္ရွိသူ ႏွစ္ဦး ထဲက တစ္ဦးျဖစ္တဲ့ ေဒါက္တာမ်ိဳးၫြန႔္ကို ေျပာေရးဆိုခြင့္ရွိသူအျဖစ္မွ ႐ုပ္သိမ္းခဲ့ပါတယ္။ ဒီလို ႐ုတ္သိမ္းတဲ့ အ တြက္ အေၾကာင္းျပခ်က္မရွိေပမယ့္ ၿပီးခဲ့တဲ့ ဦးကိုနီ လုပ္ႀကံခံရတဲ့ ၃ ႏွစ္ျပည့္အခမ္းအနားမွာ ေျပာခဲ့တဲ့ ေျပာ ဆိုမႈေတြနဲ႔ ပတ္သက္မယ္လို႔ ယူဆၾကတာလည္းရွိပါတယ္။တျခားထူးတဲ့ သတင္းတစ္ခုကေတာ့ အာဏာရပါတီ ဘက္က တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ဦးကို မမွန္သတင္းေတြ လူမႈကြန္ရက္ေပၚတက္ေရးတဲ့ အတိုက္အခံျပည္ခိုင္ၿဖိဳးပါတီဘက္က ႐ုံးအဖြဲ႕ဝင္တစ္ဦးကို ပုဒ္မ ၆၆(ဃ)နဲ႔ အမႈဖြင့္ခဲ့တာပါဘဲ။ဒီအမႈက တနသၤာရီဘက္မွာ ျဖစ္ခဲ့ပါတယ္။

တိုက္ပြဲႏွင့္ စိုးရိမ္ေၾကာင့္ၾကေနရသည့္ နယ္စပ္ေဒသမ်ား

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာရခိုင္ေျမာက္ပိုင္းမွာျဖစ္ပ်က္ေနတဲ့ သတင္းေတြက လည္းသတင္းဖတ္သူအမ်ားျပည္သူကိုဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။အထူးသျဖင့္ ရခိုင္ေျမာက္ပိုင္းကေနခ်င္းေတာင္ပိုင္း ပလက္၀ထိ တိုက္ပြဲသတင္းေတြကယခုရက္ပိုင္းမွာသတင္းေတြမွာတက္လာခဲ့ပါတယ္။

သတင္းေတြအရရခိုင္ေျမာက္ပိုင္းေျမာက္ဦးၿမိဳ႕နယ္ထဲမွာ ေဖေဖာ္ဝါရီ ၂၉ ရက္ေန႔က တိုက္ပြဲ ျဖစ္ခဲ့ရာမွာ ရခိုင္လက္နက္ကိုင္နဲ႔ တပ္မေတာ္ဘက္က က်ဆုံးသူေတြ ေသေၾကတဲ့ သူေတြ စာရင္းကို မရေပမယ့္ အရပ္သား ၉ဦး ေသဆုံးၿပီး၊ ၁၈ ဦး ဒဏ္ရာရကာ၊ ၁၃ဦးေပ်ာက္ဆုံးေနတယ္ဆိုတဲ့ သတင္းေတြတက္လာခဲ့ပါတယ္။ ဒီတိုက္ပြဲက ေျမာင္းေဘြ ေက်း႐ြာအနီး တပ္မေတာ္ယာဥ္ တန္း မိုင္းဆြဲခံရၿပီးေနာက္ တိုက္ ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားခဲ့တာပါ။ ရခိုင္လက္ နက္ကိုင္ဘက္က ႐ြာေတြထဲ ဝင္ေရာကာ အရပ္ဘက္နဲ႔ တပ္ဘက္ ပစ္မွတ္ေတြကို ၿခဳံခိုတိုက္ခိုက္ေနတာေတြ ရွိၿပီး တပ္ဘက္နဲ႔ အျပင္းအထန္ျဖစ္တိုင္း ႐ြာေတြမွာ ေသေၾက တာေတြ၊ ဒဏ္ရာရတာေတြက အ႐ြယ္ေကာင္းေတြအမ်ားစုျဖစ္ေနတာက တျခားလက္နက္ကိုင္ေတြ တပ္ေတြရွိရာ ေဒသနဲ႔ မတူတဲ့ အခ်က္ပါဘဲ။

မတ္ ၂ ရက္ကလည္း ေျမာက္ဦးဘက္က ရွမ္းေတာင္ဆိုတဲ့ ႐ြာအနီးမွာ ဘဂၤါလီတစ္ဦးနဲ႔ ေဒသခံရခိုင္သုံးဦး ကိုသတ္ၿပီး ျမဳပ္ထားတာကို ေတြ႕ရွိခဲ့ပါတယ္။ဒီသတင္းေတြမွာေတာ့ ေဖေဖၚဝါရီ ၂၉ ရက္က ျဖစ္ခဲ့တဲ့ တိုက္ပြဲ သတင္းေတြနဲ႔ ဆက္စပ္ၿပီး အဲဒီတိုက္ပြဲမွာ ဘဂၤါလီ ၅ ဦးေသဆုံးခဲ့တယ္ဆိုတာကို ေဒသတြင္းသတင္းရင္းျမစ္ေတြ က ေဖာ္ျပခဲ့ပါတယ္။ဒီလို ေဒသခံေတြ တိုက္ပြဲေတြမွာ ေသေၾကတာလား၊ အသတ္ခံရတာလား မသိတဲ့ ျဖစ္ရပ္ေတြ အတြက္ တပ္ဘက္ကေရာ၊ အဲဒီေဒသမွာ လႈပ္ရွားေနတဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕ေရာ ႏွစ္ဖြဲ႕စလုံး ဘာအသံမထြက္ ၾကပါဘူး။

လူမ်ိဳးေရးအျမင္ က်ဥ္းေျမာင္းမႈကို အေျခခံတဲ့ ရခိုင္လက္နက္ကိုင္ေတြနဲ႔ ျဖစ္ေနတဲ့ တိုက္ပြဲမ်ားအတြင္း တစ္ႏွစ္ေက်ာ္ကာလအတြင္းမွာ အရပ္သား ၁၅၀ ခန႔္ ေသဆုံးၿပီး ၄၀၀ ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္ဆိုတဲ့ အရပ္ဘက္ ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ေတြကဆိုပါတယ္။ ပလက္၀ဘက္မွာလည္း ယခုရက္ပိုင္းတိုက္ပြဲေတြ ျပင္းထန္ေနပါတယ္။ ႀကိဳၾကားႀကိဳၾကား ျဖစ္ေနရာကေန တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ခဲ့တာျဖစ္ၿပီး ဒီမတိုင္ မီကတည္းက ပလက္၀မွာေနတဲ့ ေဒသခံေတြအတြက္ လမ္းပန္းဆက္သြယ္ေရးခက္ခဲေနပါတယ္။ ကုလားတန္ျမစ္ ေၾကာင္း ကေန ေရလမ္းခရီးသြားလာေရးကို အားထားေနရတဲ့ ဒီေဒသမွာ ေရလမ္းတစ္ေလွ်ာက္ႏွစ္ဘက္လုံး ထိ ေတြ႕တိုက္ခိုက္မႈေတြ ျဖစ္ေနတဲ့ အတြက္ စားေရးေသာက္ေရးအေျခအေနက အေတာ္ေလးကို ဆိုး႐ြားေနပါတယ္။ အေျခခံစာေသာက္ကုန္ျဖစ္တဲ့ ဆန္၊ဆီ၊ ဆား၊ ကုန္ေျခာက္ အပါအဝင္ စားနပ္ ရိကၡာ ျပတ္လပ္မႈမ်ား ျဖစ္ေနၿပီး ကုန္ေဈးႏႈန္း ႀကီးျမင့္ေနကာ တခ်ိဳ႕ေနရာေတြမွာ ဆန္အစား အျခားအစားအစာေတြ၊ ဆန္ျပဳတ္ေသာက္ ေနရ တာေတြ ထိျဖစ္ခဲ့ပါတယ္။

ဒီအတြက္ အဆိုပါေဒသမွာရွိတဲ့ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညႇိႏႈိင္းေရးေကာင္စီ(KACC) ကခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္သို႔ ေျပးဆြဲေနသည့္ လိုင္းစက္ေလွမ်ားအား လူသားခ်င္း စာနာေထာက္ထားမႈျဖင့္ ျပန္လည္ ေျပးဆြဲခြင့္ရရန္ အစိုးရ၊ တပ္မေတာ္ႏွင့္ ရခိုင္လက္နက္ကိုင္ ေအေအအဖြဲ႕ေတြကို ေမတၱာရပ္ခံခဲ့ပါတယ္။ေဒသတြင္း တိုက္ပြဲေတြေၾကာင့္ လက္ရွိမွာ ထိခိုက္ေနရတာက ေဒသခံေတြပါ။ တိုက္ပြဲေတြ က ၾကာရွည္မယ့္ သေဘာရွိေနပါတယ္။ရခိုင္လက္နက္ကိုင္ေတြက ႐ြာေတြအနားကပ္ၿပီး ၿခဳံခိုတိုက္ခိုက္ေနသလို ႐ြာေတြထဲ ဝင္ေရာက္ေနတဲ့ အတြက္ တပ္ဘက္က ရွင္းလင္းတိုင္း အရပ္သားေတြ ထိခိုက္မႈျဖစ္ေနတာက တစ္ကယ္အရပ္ သားလား၊ အသြင္ေဖ်ာက္ထားတဲ့ ရခိုင္လက္နက္ကိုင္လားဆိုတာ မသဲကြဲပါဘူး။ၾကာရွည္မွာ ေဒသတြင္း တရား ဥပေဒစိုးမိုးမႈ ေပ်ာက္ၿပီး သတ္ျဖတ္မႈေတြနဲ႔ လက္နက္နဲ႔ႀကီးစိုးလာမႈေတြ အျမစ္တြယ္လာမယ့္ အေျခအေန ကို ေတြ႕ေနရပါၿပီ။ဒီအတြက္ ဘယ္ဘက္က တာဝန္ရွိလဲဆိုတာ ေဒသခံေတြ အသိဆုံးဘဲ ျဖစ္ပါလိမ့္မယ္။

ရခိုင္ေျမာက္ပိုင္းမွာ ဒီလိုျဖစ္ေနသလို ရခိုင္လက္နက္ကိုင္လိုဘဲ လူမ်ိဳးေရး အေျခခံတဲ့ ပေလာင္ လက္ နက္ကိုင္အဖြဲ႕ျဖစ္တဲ့ တအာင္းလက္နက္ကိုင္ (TNLA)ေတြက ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ႐ြာသားအခ်ိဳ႕ကို ဘိန္း စိုက္ပ်ိဳးတယ္ဆိုၿပီး ဖမ္းခဲ့တဲ့ ျပႆနာက အခုထိ မေျပလည္ေသးပါဘူး။ TNLAဘက္က ထုတ္ျပန္မႈေတြမွာ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးလုပ္ေနတဲ့ အတြက္ ဘိန္းစိုက္ပ်ိဳးတဲ့ ဒီေ႐ြာသားေလးဦးကို ဖမ္းခဲ့တာလို႔ ဆိုပါတယ္။ ဒါေပမယ့္ အရင္ကလည္း ဒီလိုဘဲ ႐ြာသားေတြကို ျပန္ေပးဆြဲၿပီး ေငြညႇစ္တာေတြ ၊ ျပန္ေပးဆြဲေငြေတာင္းတာေတြ လုပ္ခဲ့တာရွိတဲ့ အတြက္ အသက္ ၇၀ ေက်ာ္ အဘိုးအိုႏွစ္ဦး၊ အမ်ိဳးသမီးႀကီးတစ္ဦးနဲ႔ ၄၅ ႏွစ္အ႐ြယ္အမ်ိဳးသား တစ္ဦးကို ျပန္ေပးဆြဲခဲ့တဲ့ TNLA ဘက္က လက္ရွိမွာ ျပန္မလႊတ္ေပးေသးဘူးလို႔ ဆိုတဲ့ အတြက္ အဆိုပါ သက္ႀကီး ႐ြယ္အို ႐ြာသားေတြ ဘယ္လိုပုံစံနဲ႔ ျပန္လြတ္လာမလဲ အေသလြတ္လား /အရွင္လြတ္လားဆိုတာ ေစာင့္ၾကည့္ ရမွာ ျဖစ္ပါတယ္။

ဒီရက္ပိုင္းမွာဘဲ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS)ႏွင့္ တပ္မေတာ္တို႔ၾကား တိုက္ပြဲေတြ ျပန္ျဖစ္လာခဲ့ပါတယ္။ ေဖေဖာ္ဝါရီ ၂၇ ရက္မွ မတ္လ ၁ ရက္ေန႔ ေန႔လယ္အထိျဖစ္ခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ အနီး နားက ေဒသခံေတြ ႐ြာေတြကို ထြက္ေျပးခဲ့ရပါတယ္။ RCSS/ SSAဘက္ကေတာ့ တပ္ဘက္က လူႀကီးခရီးစဥ္ရွိလို ဆုတ္ခိုင္းရာမွာ ဆုတ္ေပးေနစဥ္ ျဖစ္ခဲ့တာလို႔ ဆိုၿပီး တပ္မေတာ္ဘက္ကေတာ့ မူးယစ္ေဆးဝါးဖမ္းဆီးရင္း ထိေတြ႕မႈေတြ ျဖစ္တာလို႔ ဆိုပါတယ္။ ယခု ျဖစ္ပြားတဲ့ တိုက္ပြဲ ေတြေၾကာင့္ ႏွစ္ဘက္စလုံးထိခိုက္ေသဆုံးတာေတြ ရွိတယ္ဆိုပါတယ္။

ဒီရက္မွာဘဲ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္၊ ေကာင္းခါးေက်း႐ြာအနီး မွာ က်ပ္ ၃၈ ဘီလ်ံ တန္ဖိုးရွိတဲ့ မူးယစ္ဆးဝါးေတြ ဖမ္းမိခဲ့ပါတယ္။ဒါဟာ စံခ်ိန္တင္ပါဘဲ။ အခိုင္အမာလုပ္ထားတဲ့ ေနရာကို ဝင္ဖမ္း ဆီးရာမွာ လူတစ္ယာက္မွ မမိဘဲ ကားေတြ စက္ေတြက အစမိခဲ့ပါတယ္။ ထုံးစံအတိုင္း ပိုင္ရွင္မဲ့ မိတာ ျဖစ္တဲ့ အတြက္ ေဝဖန္မႈေတြ ထြက္ခဲ့ပါတယ္။

နယ္စပ္ေတြ၊ တိုင္းရင္းသားလက္နက္ကိုင္ေတြ ျပည္သူစစ္ေတြ က်င္လည္က်က္စားရာေနရာေတြမွာ အဆိုပါအဖြဲ႕ေတြက မူးယစ္ေဆးဝါးနဲ႔ မပတ္သက္ဘူးလို႔ ဘယ္လိုပဲ ျငင္းဆန္ျငင္းဆန္ ယခုလိုမိတာကို ၾကည့္ရင္ ဒီလိုအဖြဲ႕ေတြ ၊ ေဒသကို ႀကီးစိုးထားတဲ့ အဖြဲ႕ေတြ မသိဘူးဆိုတာ မျဖစ္ႏိုင္တဲ့ ကိစၥဘဲျဖစ္ပါတယ္။ လက္နက္ကိုင္ တဲ့ အဖြဲ႕မွန္သမွ် မူးယစ္ေဆးဝါးနဲ႔ မလြတ္ကင္းတဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးက ရင္မေအး စရာ ပါ။ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔ ၀ အဖြဲ႕က လႊမ္းမိုးမႈရွိတဲ့ ေျမာက္ပိုင္း မဟာမိတ္အဖြဲ႕ (၃)ဖြဲ႕ဆိုတဲ့ ကိုးကန႔္(MNTJP/ MNDAA) ၊ တအာင္း (PSLF/ TNLA)၊ ရခိုင္ (ULA/AA) က ယခုလ မတ္ ၁ ရက္ကစၿပီး ၂၅ ရက္ အပစ္ရပ္စဲတယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။ထုတ္ျပန္ခ်က္မွာေတာ့ လက္ရွိ ကို႐ိုနာဗိုင္းရပ္စ္ကိုရင္ဆိုင္ရာမွာ အေထာက္အကူျပဳဖို႔ဆိုတာလည္း ပါပါတယ္။

ဒါေပမယ္ အပစ္ခတ္ရပ္စဲေရးဆိုတာ ထုတ္ျပန္ေနၾကေပမယ့္ ပစ္တာခတ္တာက ျဖစ္ေနၾကတာမို႔ ဒီအ ပစ္ခတ္ရပ္တာက အရပ္သားေတြ၊ေဒသခံေတြအတြက္ အသုံးဝင္လား၊မဝင္လား၊ ဟန္ျပထုတ္ၾကတဲ့ အပစ္ခတ္ ရပ္စဲေရးလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ကန႔္ကြက္မႈေတြကို မတူညီမႈေတြကို လႊမ္းခဲ့တဲ့လက္ခုပ္သံ

ယခုရက္သတၱပတ္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးက အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ဒုတိယရက္သတၱပတ္အျဖစ္ ေဆြးေႏြးခဲ့တာျဖစ္သလို အမ်ားျပည္သူအေပၚ ဖိထားသလိုျဖစ္ ေနတဲ့ စည္းမ်ည္းဥပေဒေတြကို ျပင္ဆင္ဖို႔ ဘာေၾကာင့္ ျပင္ဆင္ရသလဲဆိုတာကို အၿပီးသတ္ေလွ်ာက္လဲရတဲ့ ေန႔ရက္ေတြလဲျဖစ္ပါတယ္။ ဒီလို တင္ျပေဆြးေႏြးၾကတဲ့ အခါ အမ်ားျပည္သူနဲ႔ မီဒီယာေတြမွာ ျပက္ျပက္ ထင္း ထင္းျမင္လိုက္တဲ့ အခ်က္တစ္ခုက အာဏာရပါတီနဲ႔ တိုင္းရင္းသားပါတီအမ်ားစု ျပင္လိုတဲ့ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို တပ္မေတာ္သားကိုယ္စားလွယ္အစုအဖြဲ႕နဲ႔ ျပည္ခိုင္ၿဖိဳးပါတီ၊တိုင္းရင္းသားပါတီငယ္အခ်ိဳ႕က ကန႔္ကြတ္ခဲ့ၾကတာကို ျမင္လိုက္ရတာပါဘဲ။

ေ႐ြးေကာက္ခံကိုယ္စားလွယ္ေတြနဲ႔ အခ်ိဳးက်ရထားတဲ့ ကိုယ္စားလွယ္ေတြၾကား အားၿပိဳင္မႈက ယခု ရက္ သတၱပတ္မွာ အေတာေလးျပင္းထန္ခဲ့သလို အခ်ိဳ႕ဝင္ေရာက္ေဆြးေႏြးတဲ့ ကိုယ္စားလွယ္ေတြ တင္ျပခ်က္ ေတြက အမ်ားျပည္သူအတြက္ ရယ္႐ႊင္ဖြယ္ျဖစ္ခဲ့သလို တခ်ိဳ႕ေဆြးေႏြးမႈေတြက ဆန႔္က်င္တဲ့ သူေရာ ကန႔္ကြက္ တဲ့ သူ ေရာ ႏွစ္ၿခိဳက္လို႔ လက္ခုပ္တီးဂုဏ္ျပဳတာေတြလည္းရွိခဲ့ပါတယ္။

မတ္ ၃ ရက္က ျပဳလုပ္ခဲ့တဲ့ လႊတ္ေတာ္အစည္းအေဝးမွာ ျပင္ဆင္ဖို႔ ေဆြးေႏြးတာေတြက ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြကို ေ႐ြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္ထဲက မဲထက္ဝက္ေက်ာ္ေထာက္ခံတာနဲ႔ ေ႐ြးခ်ယ္ဖို႔ ေဆြးေႏြးခဲ့တာရွိပါတယ္။ ဒါဟာ အာဏာရပါတီဘက္က မူလအတိုင္းထားရွိဖို႔နဲ႔ တပ္နဲ႔ ျပည္ခိုင္ၿဖိဳးက ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို ျပည္နယ္ လႊတ္ေတာ္က တင္ေျမႇာက္ဖို႔ ျပင္ဆင္ခ်င္ၾကတာပါ။ ျပည္နယ္မွာရွိတဲ့ လႊတ္ေတာ္ထဲက ေ႐ြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္မဲ ထက္ဝက္ေက်ာ္နဲ႔ တင္ေျမႇာက္ဖို႔ ေဆြးေႏြးခဲ့တဲ့ SNLD အမတ္ တစ္ဦး ေဆြးေႏြးခ်က္က လက္ခံႏိုင္စရာျဖစ္ပါတယ္။ေ႐ြးေကာက္ခံလႊတ္ေတာ္အမတ္ေတြကို ျပန္လည္႐ုပ္သိမ္းခြင့္ကို ေဆြးေႏြးခဲ့ရာမွာ တပ္ဘက္က မူလအတိုင္း တစ္ရာခိုင္ႏူန္းထားကာ NLD ဘက္က မဲဆႏၵရွင္ရဲ႕ ရာခိုင္ႏူန္း ၂၀ ထားဖို႔ ျပင္ဆင္တာပါ။

အဆိုပါေန႔မွာ တပ္မေတာ္ သား လႊတ္ေတာ္ ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ေက်ာ္စန္းလင္းက ရဲတပ္ဖြဲ႕သည္ တပ္မေတာ္၏ ကြပ္ကဲမႈေအာက္ တြင္ ရွိသင့္ေၾကာင္း ေဆြးေႏြးခဲ့ပါတယ္။ဒီခ်ဳပ္က တင္တဲ့ ဖြဲစည္းပုံအေျခခံဥပေဒ ျပင္ဆင္တဲ့ မူၾကမ္းမွာ ႏိုင္ငံေတာ္အတြင္းရွိ လက္နက္ကိုင္အဖြဲ႕အစည္းအား လုံးသည္ တပ္မေတာ္၏ကြပ္ကြဲမႈ ေအာက္တြင္ရွိရမည္’ ဆိုေသာ မူလျပ႒ာန္းခ်က္ကိုျပင္ဆင္ထားတာကို ေဆြးေႏြးခဲ့တာပါ။အဲဒီေန႔မွာဘဲ NLD ပါတီမွ သထုံလႊတ္ေတာ္ကိုယ္စားလွယ္အမတ္ ေဒၚမာမာခိုင္က ‘‘ဒီမိုကေရစီခုတုံးလုပ္ဖို႔မသင့္သလို မလိုအပ္ ေတာ့ဘဲ ကန႔္ သတ္စြက္ဖက္မႈေတြလည္း ျပည္ သူေတြအတြက္ မရွိသင့္ ေၾကာင္း သတိထားေစလိုပါတယ္’’ ဟု ေျပာခဲ့ကာ “ ၁၉၉၀ ေ႐ြး ေကာက္ပြဲၿပီးပါ က အႏိုင္ရသည့္အဖြဲ႕ကို ႏိုင္ငံ ေတာ္အာဏာလႊဲေပးကာ တပ္မေတာ္ အေနျဖင့္ စစ္တန္းလ်ားကို ျပန္မည္ဟူေသာ ဗိုလ္ခ်ဳပ္ႀကီး ေစာေမာင္၏ ေျပာၾကားခ်က္ကို ယခုတိုင္ အမွတ္ရ ဆဲျဖစ္တယ္” ဆိုကာ ေျပာခဲ့ပါတယ္။ အဆိုပါ မတ္ ၃ ရက္က ေဆြးေႏြးပြဲမွာ အျပန္အလွန္ကန႔္ကြတ္မႈေတြ ရွိခဲ့ၿပီး ၄ ႀကိမ္အထိရွိခဲ့ ပါတယ္။

မတ္ ၄ ရက္ျပဳလုပ္တဲ့ အေျခခံဥပေဒျပင္ဆင္ေရးေဆြးေႏြးပြဲမွာေတာ့ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ ဗိုလ္မႉး ခ်ဳပ္ေမာင္ေမာင္က ဒီခ်ဳပ္၏ အေျခခံဥပေဒျပင္ဆင္ေရးမူၾကမ္းပါ ျပင္ဆင္ခ်က္က စစ္ဘက္-အရပ္ဘက္ ဆက္ဆံ ေရးကို ထိခိုက္ေစတယ္ဆိုၿပီး ေဆြးေႏြးခဲ့ပါတယ္။ဦးထြန္းထြန္းဟိန္ အပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ ၃၅၁ ဦး တင္သြင္းထားသည့္ မူၾကမ္းပါပုဒ္မ ၄၃၆ (ခ) ကို ကန႔္ကြက္ေဆြးေႏြးစဥ္ ေျပာခဲ့တာပါ။ဒီခ်ဳပ္ျပင္ဆင္ရန္ အဆိုျပဳ ေသာ ပုဒ္မ ၄၃၆ (ခ)မွာ ၄၃၆ (က) ၌ ေဖာ္ျပထားေသာ ျပ႒ာန္းခ်က္ မ်ားမွအပ အျခားျပ႒ာန္းခ်က္မ်ားကို ေ႐ြး ေကာက္ တင္ေျမႇာက္ခံ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္အား လုံး၏ သုံးပုံႏွစ္ပုံေက်ာ္ ေထာက္ခံဆႏၵမဲျဖင့္ ျပင္ဆင္ရမည္ဆိုၿပီး ပါခဲ့ပါတယ္။ ဒါဟာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ခြဲျခားဆက္ဆံ တယ္ ဆိုၿပီး ေျပာခဲ့တာပါ။

ဒီလို ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္ရဲ႕ေဆြးေႏြးတဲ့ စကားေတြက စစ္ဘက္-အရပ္ဘက္ကို ထိခိုက္ေစႏိုင္၊ ယုံ ၾကည္မႈ ကို ထိခိုက္ေစႏိုင္ဆိုသည့္ စကားရပ္မ်ားမွာ လႊတ္ေတာ္ဆိုင္ရာ ဥပေဒ၊ နည္းဥပေဒႏွင့္ မကိုက္ညီ NLD အမတ္ ဦးေနမ်ိဳးထြန္းက မွတ္တမ္းကေန ပယ္ဖ်က္ေပးဖို႔ လႊတ္ေတာ္နာယကထံတင္ျပခဲ့ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္မွာ အစည္းအေဝးမွာ ကိုယ္စားလွယ္အခ်ိဳ႕က လက္ရွိလႊတ္ေတာ္အသီးသီးမွာ တပ္မေတာ္သားကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္းပါဝင္ေနတာကို အဆင့္ဆင့္ေလွ်ာ့ခ်ဖို႔ကိုေဆြးေႏြးခဲ့ပါတယ္။ NLD ကိုယ္စားလွယ္ ဦးမ်ိဳးဝင္းက ဒီခ်ဳပ္ပါတီက တတိယအႀကိမ္လႊတ္ေတာ္မွာ ၁၅ ရာခိုင္ႏႈန္း၊ စတုတၳအႀကိမ္မွာ ၁၀ ရာခိုင္ႏႈန္းနဲ႔ ပၪၥမအႀကိမ္မွာ ၅ ရာခိုင္ႏႈန္းထက္မပိုဖို႔ ျပင္ဆင္ခ်က္တင္သြင္းထားတာကို ေထာက္ခံခဲၿပီးလႊတ္ ေတာ္ဆိုတာ တႏိုင္ငံလုံးက ျပည္သူေတြ မဲေပးေ႐ြးခ်ယ္ထားတဲ့ ေ႐ြးေကာက္ခံကိုယ္စားလွယ္ေတြစုေဝးရာ အရပ္ ေဒသျဖစ္ေၾကာင္းနဲ႔ ဒီမိုကေရစီရဲ႕ ျပယုဂ္ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

ဦးမ်ိဳးဝင္းေဆြးေႏြးခ်က္ထဲမွာ လႊတ္ေတာ္အတြင္း တပ္မေတာ္သားကိုယ္စားလွယ္မ်ား ပါဝင္ရျခင္းသည္ အတိတ္ကာလက ခါးသီးေသာအေတြ႕အႀကဳံမ်ားေၾကာင့္ဟူ၍ တပ္မေတာ္သား ကိုယ္စားလွယ္အခ်ိဳ႕က ေဆြးေႏြး ခဲ့ေၾကာင္း၊ ယင္းသို႔ ေဆြးေႏြးမႈအေပၚ ခါးသီးေသာ အေတြ႕အႀကဳံကိုတပ္မေတာ္ဘက္တြင္သာ ရွိသည္မဟုတ္ဘဲ တစ္ႏိုင္ငံလုံးရွိ ျပည္သူမ်ား၏ရင္ထဲတြင္လည္း အျပည့္ရွတယ္လို႔ ေျပာခဲ့ပါတယ္။

ဒါအျပင္ "ေ႐ြးေကာက္ခံ ျပည္သူ႔ကိုယ္စားလွယ္ေတြ ေရးဆြဲတဲ့ဖြဲ႕စည္းပုံနဲ႔မဟုတ္ဘဲအုပ္ခ်ဳပ္သူအစိုးရ အလိုက် ဖန္တီးပုံေဖာ္ ၿပီး ဆႏၵခံယူခဲ့တဲ့ သေႏၶမမွန္တဲ့ဖြဲ႕စည္းပုံေအာက္က ျဖတ္သန္းခဲ့ၾကရတဲ့ ေခတ္စနစ္ေတြ အၾကားမွာ ႏွစ္ဖက္စလုံး သားေကာင္ေတြ ျဖစ္ခဲ့ရတာလို႔ ယုံၾကည္ပါတယ္"လို႔ ေျပာခဲ့တဲ့ အတြက္ တပ္မေတာ္ သား လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးက တည္ဆဲ ဖြဲ႕စည္းပုံအေျခခံဥပေဒကို သေႏၶမမွန္သည့္ ဖြဲ႕စည္းပုံလို႔ သုံးခဲ့တဲ့အတြက္ ကန႔္ကြက္ခဲ့တာကို လည္း ေတြ႕ရပါတယ္။

အဆိုပါ ျပင္ဆင္ခ်က္မႈၾကမ္းကို တိုင္းရင္းသားပါတီအခ်ိဳ႕ကလည္းေထာက္ခံေဆြးေႏြးခဲ့တာ ကို ေတြရ ပါတယ္။ ေဆြးေႏြးတဲ့ကိုယ္စားလွယ္အခ်ိဳ႕က ဖြဲ႕စည္းပုံျပင္ဆင္ေရးမွာ ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံမွ ျပင္ဆင္ခြင့္ ရတာျဖစ္လို႔ တပ္မေတာ္ပါဝင္မွသာ ျပင္ဆင္ႏိုင္မွာျဖစ္တာေၾကာင့္ တပ္မေတာ္ဟာ ဗီတိုအာဏာရယူထားတဲ့သေဘာျဖစ္တယ္လို႔ ေဆြးေႏြးခဲ့တာလည္းရွိခဲ့ပါတယ္။တပ္မေတာ္သားကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္က အဲဒီလိုျပင္ဆင္ဖို႔ အခုအခ်ိန္မွာ မသင့္ေတာ္ေသးဘူးလို႔ ေျပာခဲ့သလို႔ တပ္မေတာ္သား ေတြျပင္ခ်င္တဲ့ ပုဒ္မေတြရွိေပမယ့္လည္း အရပ္သားကိုယ္စားလွယ္ေတြေထာက္ခံမွ ျပင္လို႔ရမွာလို႔ လည္း ေျပာခဲ့ တာရွိပါတယ္။

ဖြဲ႕စည္းပုံ အေျခခံဥပ‌ေဒျပင္ဆင္တဲ့ ဥပေဒမူၾကမ္းေဆြးေႏြးတဲ့ ေနာက္ဆုံးရက္ျဖစ္တဲ့ မတ္ ၅ ရက္မွာ လႊတ္ေတာ္တြင္း အေျခအတင္ေဆြးေႏြးမႈေတြက ပိုျပင္းထန္ခဲ့သလို စိတ္ခံစားမႈေတြပါလာတာကို ေတြ႕ရပါတယ္။ ဒီထဲမွာ တခ်ိဳ႕ ကိုယ္စားလွယ္ေတြ ေဆြးေႏြးခဲ့တာေတြက သေဘာက်စရာ ျဖစ္ခဲ့သလို ဆိုးဝါးတဲ့ ေခတ္စနစ္ကို ျပန္ေျပာင္းသတိရစရာေတြ ျဖစ္ခဲ့ပါတယ္။

ရခိုင္လႊတ္ေတာ္အမတ္ ဦးေဖသန္းက ၂၀၀၈ ဖြဲ႕စည္းပုံဟာ အလြန္ျပင္ရခက္တဲ့ ဥပေဒဆိုတာကို အားလုံးအသိျဖစ္ပါတယ္။ ဥပေဒေရး ဆြဲတဲ့သူက ဒီလိုျပင္ရခက္ေအာင္ အခ်ိန္မ်ားစြာယူၿပီး ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ေရးဆြဲခဲ့ၾကတယ္ဆိုတာ ကိုအထူးေျပာစရာမလိုပါဘူး။ ေျပာစရာလိုတာက ဥပေဒရဲ႕ အားနည္းခ်က္ေတြကို မိမိရဲ႕အက်ိဳးအတြက္ မဟုတ္ဘဲ ႏိုင္ငံေတာ္ရဲ႕အက်ိဳးကိုရည္ေမွ်ာ္ၿပီး ျပင္လိုတဲ့ ေစတနာသာျဖစ္ပါတယ္။ ကိုယ္နဲ႔အသုံးမတည့္ရင္ျပင္ဆင္လိုၿပီး အသုံးတည့္ရင္ကာကြယ္မယ္ ျပင္ဖို႔မသိခ်င္ေယာင္ေဆာင္မယ္ ဆိုတာ ေတြဟာ မျဖစ္သင့္ပါဘူး”လို႔ ေျပာခဲ့သလို ႏြားထိုးႀကီး မဲဆႏၵနယ္မွ NLD လႊတ္ေတာ္အမတ္ ဦးႏိုင္ထူးေအာင္က “ ဒီမိုကေရစီပီျပင္လာေစဖို႔ ဒီမိုကေရစီကိုပိုမိုက်င့္သုံးဖို႔လိုပါတယ္။ဒီမိုကေရစီကိုျပည့္ဝစြာက်င့္သုံးႏိုင္ေစဖို႔ အတြက္ဆိုရင္ လႊတ္ေတာ္ထဲမွ ကိုယ္စားလွယ္မ်ား အားလုံးဟာ ျပည္သူရဲ႕ ေ႐ြးေကာက္ခံကိုယ္စား လွယ္မ်ားျဖစ္ဖို႔လိုပါတယ္”လို႔ ေျပာခဲ့ပါတယ္။

အဆိုပါေန႔ ေဆြးေႏြးတင္ျပမႈမွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ေဆြးေႏြးရင္း ‘‘နာယက ႀကီးခင္ဗ်ား၊ ေဟာ ဒီ အေဆာက္အအုံႀကီးေတြကို ဘယ္သူေတြ ေဆာက္ေပးခဲ့တာပါ လဲ’’ဟု ႏွစ္ႀကိမ္ထပ္ ေမးခြန္းက ႐ုပ္သံမွ ၾကည့္ေနသူမ်ားႏွင့္ ေဆြးေႏြးသူမ်ားကို အံအားသင့္ေစခဲ့ပါတယ္။ ထို႔အျပင္ တပ္မေတာ္သားကိုယ္စားလွယ္အမ်ိဳးသမီးအရာရွိတစ္ဦးေဆြးေႏြးမႈကလည္း ရာဇဝင္လာ ေစာလူမင္းဇာတ္လမ္းပါ ပါဝင္လာခဲ့သျဖင့္ သေဘာက်ကာ လႊတ္ေတာ္နာယကႏွင့္ လႊတ္ေတာ္အတြင္းမွ ရယ္ေမာသံအခ်ိဳ႕ကိုၾကားခဲ့ရပါတယ္။

မတ္ ၅ ရက္ေဆြးေႏြးပြဲတြင္ ထူးထူးဆန္းဆန္း ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ဦးပူဂင္ကမ္း လ်န္ႏွင့္ NLD ပါတီမွ ဦးရည္မြန္(ေခၚ)ေမာင္တင္သစ္တို႔ ႏွစ္ဦးမွာ လက္ခုပ္ဩဘာရရွိခဲ့ပါတယ္။ ဦးပူဂင္ကမ္း လ်န္က ‘‘အခု ကယ္တင္ရမယ့္ အလုပ္ကေတာ့ သိပ္အပန္းမႀကီး ဘူး။ ေသနတ္ေဖာက္စရာမလို ဘူး။ အသက္ေပး စရာမလိုဘူး။ ဦးထြန္းထြန္းဟိန္ တင္ျပတဲ့ အခ်က္ကို ေဘာပင္ေလးနဲ႔ အမွန္ ေလးျခစ္ေပးပါ။ ခဏေလးၿပီး သြားမယ့္ ကိစၥပဲျဖစ္ ပါတယ္’’ လို႔ေျပာခဲ့တဲ့ အတြက္ သေဘာက်ခဲ့ၾကၿပီး ဦးရည္မြန္(ေခၚ)ေမာင္တင္သစ္ ဒီမို ကေရစီ အသြင္ေျပာင္း သည့္ကာလတြင္သာ ရွိေသးသ ျဖင့္ ႏိုင္ငံေရးတြင္ တပ္မေတာ္က ဆက္လက္ပါဝင္ခ်င္ပါက ျပည္ သူ႔ဆႏၵႏွင့္အညီ ကာလအကန႔္ အသတ္၊ ပမာဏအကန႔္အသတ္ျဖင့္သာ ပါဝင္သင့္ေၾကာင္း ေျပာခဲ့ပါတယ္။

ေဆြးေႏြးခဲ့တဲ့ ကာလအတြင္း ႏွစ္ဘက္လုံးက တင္းတင္းမာမာေဆြးေႏြးခဲ့ၾကၿပီး အေျခအေနက ခန႔္မွန္းရ ခက္ေနပါတယ္။ အမ်ားျပည္သူျပင္ဆင္ေစခ်င္သည့္အခ်က္ေတြအမ်ားစုပါဝင္သည့္ အာဏာရပါတီက တင္ခဲ့သည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္သည့္ ဥပေဒမူၾကမ္းအနက္ ဘယ္ႏွစ္ခ်က္ကို ျပင္ဆင္ႏိုင္မလဲ ဆိုတာ စိတ္ဝင္ စားစရာပါ။လာမည့္ မတ္လ ၁၀ ရက္မွ စတင္ကာ ၂၀၀၈ အေျခခံဥပေဒ ကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒ မူၾကမ္း မ်ားအေပၚ လႊတ္ ေတာ္ကိုယ္စားလွယ္မ်ား၏ ဆႏၵ ျပဳမဲခြဲမႈလုပ္ေဆာင္မည္ ျဖစ္တဲ့ အတြက္ ဘယ္သူက ျပည္သူအတြက္ ငဲ့ညႇာသလဲ ၊ ဘယ္သူက ျပည္သူနဲ႔ လူပုဂၢိဳလ္၊ ျပည္သူနဲ႔ အာဏာ၊ ျပည္သူနဲ႔ အဖြဲ႕အစည္း စသည္ ေ႐ြးခ်ယ္စရာေတြမွာ ျပည္သူကို ေ႐ြးမလား၊ ဘာကိုေ႐ြးမလဲဆိုတာ ျပတ္ျပတ္သားသားျမင္ရမွာျဖစ္သလို ဘာေတြ ဆက္ျဖစ္လာႏိုင္သလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

မာလင္း
‌မတ္ - ၆