【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ပြန်လမ်းမဲ့တော့မယ့် မြန်မာနှစ်ယောက်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ပြန်လမ်းမဲ့တော့မယ့် မြန်မာနှစ်ယောက်

ယခုတစ်ပတ်သတင်းတွေထဲမှာ အများစုစိတ်အာရုံကို ဖမ်းစားခဲ့တဲ့ သတင်းတွေလည်း ရှိခဲ့ပါတယ်။ဒီထဲမှာ လွှတ်တော်အတွင်း ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခြေအတင် ဆွေးနွေးခဲ့ကြတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်တွေ သုံးစွဲတဲ့ စကားလုံးတွေ၊ ထိုင်းမှာ လူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ မြန်မာအလုပ်သမားနှစ်ယောက် နောက်ဆုံးအယူခံ ရှုံးနိမ့်တဲ့သတင်း၊ ထိုင်းမှာလုပ်မယ့် အာဆီယံ-အမေရိကန် စစ်ရေးလေ့ကျင့်မှုထဲ မြန်မာတပ်မတော် ပါဝင်တဲ့ သတင်းကလည်း ထိပ်တန်းသတင်းဖြစ်ခဲ့သလို ပြီးခဲ့တဲ့ရက်သတ္တပတ်က လူစိတ်ဝင်စားမှုများခဲ့တဲ့ လျှပ်စစ်မီတာ တင်ဒါသတင်းကလည်း ယခုတစ်ပတ်မှာ သတင်းစာရှင်းလင်းပွဲကြောင့် လူတွေ စိတ်အာရုံကို ဆွဲဆောင်နိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

အဆိုပါသတင်းတွေက ယခုရက်သတ္တပတ်မှာဖြစ်ခဲ့တဲ့ သတင်းတွေထဲက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူမှုကွန်ရက်အသုံးပြုပြီး  ငွေလိမ်နေတဲ့ တရုတ်နိုင်ငံသား ၆၉ ဦးကို ယူနန်ပြည်နယ်ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းခဲ့တဲ့သတင်း၊ မြန်မာနိုင်ငံကို လာရောက်မယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးခရီးစဉ် ဘင်္ဂလားဒေ့ရှ်ဘက်က ရွှေ့ဆိုင်းလိုက်တဲ့သတင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် မွန်နှင့် လားဟူအဖွဲ့တို့ တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်လာတဲ့သတင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ဆန်ထောက်ပံ့မှု ရပ်ဆိုင်းလိုက်တဲ့သတင်း၊ ရနောင်းမြို့ ရနောင်းဌာနီစာသင်ကျောင်းမှ ဖမ်းဆီးခံရသော မြန်မာ ဆရာ၊ ဆရာမ ၃၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ငွေဒဏ်ရိုက်ခဲ့တဲ့ သတင်းတွေထဲ ထူးထူးခြားခြား သတင်းဖတ်သူတွေကို စိတ်ဝင်စားမှုပိုစေခဲ့ပါတယ်။

အပြောင်းအလဲ ဖြစ်လာနိုင်သလား

ယခုတစ်ပတ် အများပြည်သူစိတ်ဝင်စားတဲ့ သတင်းတွေထဲမှာ မြန်မာရေတပ်က ဖရီးဂိတ်စစ်သင်္ဘောတစ်စင်း အမေရိကန် ဦးဆောင်တဲ့ ရေကြောင်းလေ့ကျင့်မှုထဲမှာ ပါဝင်တဲ့ သတင်းက ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။

ထိုင်းပင်လယ်ကွေ့မှာ စက်တင်ဘာ ၂ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်မယ့် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်ခန်း ASEAN-US Maritime Exercise (AUMX) မှာ မြန်မာဘက်က ပထမဆုံးပါဝင်ခဲ့တာပါ။ဒီလေ့ကျင့်မှုမှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်းခုနှစ်နိုင်ငံမှ စစ်ရေယာဉ်နှင့် စစ်လေယာဉ်တွေ ပါဝင်မှာပါ။

တောင်တရုတ်ပက်လယ်နဲ့ ကပ်ရက်မှာ ပြုလုပ်မယ့် ယခုစစ်ရေးလေ့ကျင့်မှု တရုတ်နှင့် အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်လာချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ကျင်းပပြုလုပ်တာဖြစ်တဲ့အတွက် နိုင်ငံတကာနှင့် ဒေသတွင်းကပါ သတိထားကြည့်ရတဲ့ စစ်ရေးလေ့ကျင့်မှုပါဘဲ။အထူးသဖြင့် တောင်တရုတ်ပင်လယ် အရေးကြောင့် တရုတ်နှင့် တင်းမာမှုရှိခဲ့သည့် အာဆီယံနိုင်ငံများထဲမှာ ဗီယက်နမ်နှင့် ဖိလစ်ပိုင်မှာ အမေရိကန်နှင့် ယခုလတ်တလော နီးကပ်စွာဆက်ဆံလာတဲ့အတွက် ဒီစစ်ရေးလေ့ကျင့်မှုက တရုတ်အတွက် သတိထားစရာ ဖြစ်ပါတယ်။မကြာခင်က ASEAN-China စစ်ရေးလေ့ကျင့်မှုကို တရုတ်ပြည် ကွမ်တုံမှာ ပြုလုပ်ခဲ့ပါသေးပါတယ်။ယခုစစ်ရေးလေ့ကျင့်မှုထဲပါတဲ့ အာဆီယံနိုင်ငံတွေ အဆိုပါ ကွမ်တုံစစ်ရေးလေ့ကျင့်မှုထဲ ပါခဲ့တဲ့အတွက်  တရုတ်နဲ့ အမေရိကန် အားပြိုင်မှုထဲ အာဆီယံနိုင်ငံတွေ မပါရအောင် ဘယ်လိုလုပ်ကြမလဲဆိုတာလည်း ပြဿနာတစ်ခုပါ။

အမေရိကန်ဘက်က မြန်မာတပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို ဘင်္ဂါလီပြဿနာနဲ့ချိတ်ပြီး ပိတ်ဆို့အရေးယူမှုတွေ လုပ်နေချိန်၊ မြောက်ပိုင်းသုံးဖွဲ့ ဝင်တိုက်လို့ ရှင်းလင်းနေရချိန်မှာ ယခုစစ်ရေးလေ့ကျင့်မှုထဲ မြန်မာစစ်ရေယာဉ် ပါဝင်ခဲ့တာဟာ အကျပ်အတည်းတစ်ခုအတွက် ထွက်ပေါက်လားဆိုတာ စဉ်းစားဆင်ခြင်စရာပါ။မကြာခင်က မြန်မာတပ်မတော် ခေါင်းဆောင်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ပျည်းမနားက ခရစ်ယာန်နဲ့ မွတ်ဆလင် ဘာသာရေးကျောင်းတွေကို ဆန်၊ ဆီ စတဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ လုပ်ခဲ့ပါတယ်။ဒီလိုလှူဒါန်းထောက်ပံ့မှုအပေါ် တပ်မတော်ဘက်က ပြန်လည်ပြောရာမှာတော့ နိုင်ငံအတွင်း လူမှုရေး၊ ဘာသာရေးအရ စည်းလုံးညီညွှတ်မှုကိုပြဖို့ အဓိကလိုအပ်နေချိန်ဖြစ်လို့” ဆိုပြီး ပြောခဲ့ပါတယ်။ဒီလိုလုပ်ဆောင်ခဲ့တဲ့အတွက် နိုင်ငံတကာက အမြင်မှာ ပြောင်းလဲမှုကိုပြဖို့ လုပ်ဆောင်နေပြီလားဆိုတာ စောင့်ကြည့်ချင်စရာပါ။အကျပ်အတည်းပေါင်းစုံ မြန်မာနိုင်ငံ ကြုံနေရချိန်မှာ အများပြည်သူ မြင်တွေချ့င်တဲ့ စည်းလုံးညီညွတ်တဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို မကြာခင်မြင်တွေ့ရမလားဆိုတာ စောင့်ကြည့်ချင်စရာပါ။

ဒီလိုစိတ်ဝင်စားဖွယ်ရာ တပ်ပိုင်းသတင်းတွေ ရှိခဲ့သလို အမေရိကန်သမ္မတနဲ့တွေ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကိစ္စတွေ တင်ပြခဲ့တဲ့ ကချင် KBC ဥက္ကဋ္ဌကို တပ်မတော်ဘက်က မြစ်ကြီးနားတရားရုံးမှာ တရားစွဲဆိုခဲ့တဲ့သတင်း၊ ကလေးငယ်သုံးဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တဲ့ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ ဖြစ်စဉ်နဲ့ ပက်သက်ပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ မိသားစုဝင်များက တောင်းဆိုခဲ့တဲ့သတင်း၊ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) တိုက်ခိုက်မှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ရှမ်းပရဟိတကျောင်း ဆရာညီအစ်ကိုနှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်က တောင်းဆိုခဲ့တဲ့သတင်း၊ အိန္ဒိယတပ်မတော်က မြန်မာတပ်မတော်ကို TATA SAF-ARI STORME GS-800 (RHD) အမျိုးအစား  မော်တော်ယာဉ် ၁၀ စီး  လက်ဆောင်ပေးအပ်ခဲ့တဲ့ သတင်းတွေကလည်း ယခုရက်သတ္တပတ်မှာ ဖြစ်ခဲ့ပါတယ်။

စိတ်ဝင်စားဖွယ်ရာ မီတာတင်ဒါပြဿနာ

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကဖြစ်ခဲ့တဲ့ မီတာတင်ဒါကိစ္စ သတင်းက ယခုတစ်ပတ်မှာ လေလံတင်ဒါရှုံးခဲ့တဲ့ ကုမ္ပဏီဘက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကြောင့် အများပြည်သူကြား ပြဿနာရဲ့ အဖြေကို ထင်ထင်ရှားရှား သိခွင့်ရခဲ့ပါတယ်။

သြဂုတ် ၂၅ ရက်က Park Royal ဟိုတယ်မှာ Ever Meter ကုမ္ပဏီက တင်ဒါကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းခဲ့တဲ့ ဒုဝန်ကြီးကို ပြောခဲ့တဲ့စကားအတွက် တာဝန်ယူရမည်ဖြစ်ပြီး မျက်နှာချင်းဆိုင် ရှင်းလင်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ဒီပြဿနာရဲ့ အစက လျှပ်စစ်ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် က သြဂုတ် ၂၁ ရက်က ပြည်ထောင်စုလွှတ်တော်မှာ မီတာတင်ဒါကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က တင်ဒါယှဉ်ပြိုင်ဘက်ထက် ကျပ်သန်း ၅,၀၀၀ ကျော် ပိုများနေခြင်း၊ တင်ဒါကို ကန့်ကွက်မှု အပါအဝင် ၎င်းတို့ကို ရွေးချယ်ပေးရန် ပြည်ထောင်စုဝန်ကြီးထံ တင်ပြခဲ့ကြောင်း ပြောကြားခဲ့မှုပါ။

သြဂုတ် ၂၁ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုဝန်ကြီးက ရှင်းလင်းခဲ့တာမှာ မီတာတင်ဒါ တစ်ခုကို နည်းပညာပိုင်းဆိုင်ရာ အောင်မြင်တဲ့ ကုမ္ပဏီနှစ်ခုရဲ့ ဈေးနှုန်းကို ယှဉ်ပြိုင်သူအားလုံးရှေ့၌ ဖွင့်ဖောက်ရာမှာ အယ်ဖာပါဝါအမည်ရှိ ကုမ္ပဏီက ကျပ် ၈ ဒသမ ၁ ဘီလျံခန့်ဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်ရဲ့ ဈေးနှုန်းက ၁၃ ဒသမ ၄ ဘီလျံခန့် ြစ်လို့ တင်ဒါရှုံးသည်ကို မြန်မာစီးပွားရေးဦးပိုင်က သဘောပေါက်သွားပြီး ပြည်ထောင်စုဝန်ကြီးထံ ကုမ္ပဏီတစ်ခု၏ အမည်ဖြင့် ထိုတင်ဒါကို ပြန်လည်စိစစ်ပေးရန် ကန့်ကွက်စာပေးပို့ခဲ့ကြောင်း၊ ယင်းသို့ ကန့်ကွက်စာပေးပို့မှုအပေါ် အယ်ဖာပါဝါကုမ္ပဏီကလည်း ပြည်ထောင်စုဝန်ကြီးထံကို ယှဉ်ပြိုင်မှုရလဒ်အတိုင်း အတည်ပြုပေးရန် ပေးပို့ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ၎င်းတို့၏ မီတာများကို ဦးစားပေးရွေးချယ်ပေးရန် ပြည်ထောင်စုဝန်ကြီးထံ ထပ်မံအကြောင်းကြားလာကြောင်း ဒုဝန်ကြီးက လွှတ်တော်မှာ အသေးစိတ်ရှင်းလင်းခဲ့တာပါ။

အဆိုပါကိစ္စအပေါ် Ever Meter ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာက သတင်းစာရှင်းလင်းပွဲမှာ “ဒုဝန်ကြီး ပြောသွားတဲ့စကားတွေနဲ့ ပတ်သက်ပြီး တာဝန်ယူရမှာဖြစ်တယ်လို့ ယူဆတဲ့အတွက် စားပွဲပေါ်မှာ ကိုယ့်စကားကိုယ် ကိုယ်မျက်နှာချင်းဆိုင် မီတာတင်ဒါတစ်ခုချင်းစီရဲ့ အချက်အလက် အထောက်အထားတွေနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ကျွန်တော်တို့ဘက်ကလည်း ပြောဆိုဖို့ အထောက်အထားတွေ အခိုင်အမာရှိတဲ့အတွက် လုံးဝတာဝန်ယူမှာဖြစ်ပါတယ်။ကျွန်တော်တို့မှားရင် ပြင်းပြင်းထန်ထန် အရေးယူပါ။ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် ဘက်က မှားရင် ဘယ်လိုတာဝန်ယူမလဲ” ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီလို မီတာတင်ဒါတင်သွင်းတဲ့ ကုမ္ပဏီဘက်က သတင်းစာရှင်းလင်းကာ မျက်နှာချင်းဆိုင် ဖိတ်ကြားတဲ့ အပေါ် ဒုဝန်ကြီး ဒေါက်တာထွန်း နိုင်က ပြည်ထောင်စုလွှတ် တော်မှာ အပြည့်အစုံ ရှင်းပြပြီးဖြစ်လို့ ဘာမှ ပြော စရာ မရှိပါ ဘူး လို့ သူပြောကြားချက်အပေါ် အပြည်အ၀ တာဝန်ယူတဲ့ သဘောပြောခဲ့ပါတယ်။
မီတာတင်ဒါမှာ ဒီမိုကရေစီစံနူန်းအတိုင်း ပွင်းလင်းမြင်သာစွာလုပ်ခဲ့ကာ စွက်ဖက်မှုတွေရှိတဲ့အတွက် တင်ဒါကို ပယ်ဖျက်ခဲ့တယ် ဆိုတာ ယခုလို အရပ်သားလက်ထက်မှာမှ  ကြားရတာပါ။ အများပြည်သူအနေနဲ့  ဒီဖြစ်ရပ်ကနေ နောက်ဆက် တွဲ ဘာတွေ ဖြစ်လာနိုင်သလဲဆိုတာ ဆက် စောင့် ကြည့်နေတုန်းပါ။ အထူးသဖြင့် အဂတိလိုက်စားမှုနဲ့ပတ် သက်ပြီး တိုင်ကြားခံရတဲ့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးအပေါ် ကော်မရှင် က စစ်ဆေးချက် ဘယ်လိုထွက်လာမလဲဆိုတာလည်း အများပြည်သူက သိချင်စိတ်ရှိနေပါတယ်။

ဒီသတင်းက ယခုတစ်ပတ်သတင်းတွေထဲမှာ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော နေပြည် တော်စည်ပင်သာယာ ဈေးများဌာ နမှူးကို လုပ်ကြံတိုင်ကြားကြောင်းပေါ်ပေါက်တဲ့အတွက် မန္တလေးတိုင်း တရား လွှတ်တော်က အပြီးသတ်လွှတ်ခဲ့တဲ့ သတင်း၊ ဘားအံအကျဉ်းထောင်ဖောက်မှုနဲ့ ပတ်သက်ပြီး ထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးနှင့် အရာရှိ၊ ဝန်ထမ်း ရှစ်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခုနစ်ရက်စီ ကျခံစေရန် အမိန့်ချခဲ့သတင်း၊ မိုးမိတ်မြို့နယ်မှာ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ် ပွားလို့ ရဲအရာရှိတစ်ဦး အပါအ ဝင် နှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ မြန်မာနိုင်ငံဈေးကွက် မှ တယ်လီနောနှင့် အူရီးဒူးတို့ ပြန်လည် ထွက်ခွာမည်ဆိုတဲ့ သတင်း မမှန်ကန် ကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့ သတင်းတွေထဲ တမျိုးတစ်ဖုံသတိထားမိစေတဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

လူအသက်နှင့် ပေါ့ဆတဲ့ လုပ်ငန်းခွင်

မလတ်တောင် မြေပြိုမှုကြောင့် အများပြည်သူကြား နှလုံးစိတ်ဝမ်းမငြိမ်းချမ်းမှု မသက်သာသေးခင်မှာဘဲ ယခုရက်သတ္တပတ်ထဲမှာဘဲ နောက်ထပ် အဖြစ်ဆိုးသတင်းတွေဖြစ်ခဲ့ပါတယ်။ဒီအဖြစ်က မကွေးတိုင်းထဲမှာ ကျောက် မီးသွေးတွင်း မြေပြိုလို့ နောက်ထပ်လူသေမှုဖြစ်ခဲ့ပါတယ်။

ဩဂုတ် ၂၅ ရက် ညနေက ဖြစ်ပွားခဲ့တဲ့ တွင်းပြိုမှုမှာ ပိတ်မိခဲ့တာ လေးဦးပါ။ အဲဒီနေ့ က အဆိုပါ မင်းလှမြို့နယ် ဆပ်ပြာကျေးရွာဝန်းကျင်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ကျောက်မီးသွေးတွင်းထဲ ရေတွေဝင်ခဲ့ရာ ကနေ မြေသားမခိုင်တော့ဘဲ ပြိုကျခဲ့တာပါ။ အဆိုပါနေရာဒေသတွေမှာ ဒီလိုဖြစ်ရပ်တွေ ဖြစ်လေ့ဖြစ်ထရှိနေ တတ်ပါတယ်။မကြာသေးတဲ့ နှစ်အတွင်း ၂၀၁၇ ခုနှစ်နိုဝင်ဘာ ၂၇ ရက်ကလည်း မင်းဘူးမြို့နယ်ထဲက ကျောက် မီးသွေးတွင်း ပြိုကျလို့ တရုတ်နိုင်ငံသားနှစ်ဦးအပါအဝင် လူရှစ်ဦး သေဆုံးခဲ့သလို ၂၀၁၈ခုနှစ် စက်တင် ဘာ ၆ ရက်လည်း မကွေးတိုင်း ဆောမြို့နယ်ထဲက  ကျောက်မီးသွေးတွင်းပေါက်ကွဲလို့ လုပ်သားရှစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။

ဖြစ်သမျှတွေမှာ တွေ့ရလေ့ရှိတာက လုပ်ငန်းခွင်လုံခြုံစိတ်ချရမှု့ မရှိသလောက်ဖြစ်နေသလို အရေး ပေါ်ဖြစ်လာရင် ဘယ်လို ဆောင်ရွတ်မယ်ဆိုတဲ့ အစီအမံအားနည်းနေတာကိုလည်း တွေ့ရပါတယ်။မြန်မာနိုင်ငံ အတွင်း ဒီလိုဖြစ်ရပ်တွေမှာ ဘယ်တော့မှ အသက်ရှင်လျှက်နဲ့ ကယ်ဆယ်နိုင်ခဲ့တာကို မတွေ့ခဲ့ရသလို လူအ သက် တစ်ချောင်းက တန်ဖိုးမရှိသလို ဖြစ်နေတာကို လူ့အခွင့်အရေးကို ရှေ့တန်းတင်တဲ့ယခုအရပ်သား အစိုးရ လက်ထက်အထိ ယခုထိ စိတ်မကောင်းဖွယ်တွေ့ရှိနေရဆဲပါ။

ယခုတစ်ပတ်မကွေးဖြစ်ရပ်မှာ ပိတ်မိတဲ့ သူတွေက အရွယ်ကောင်းလူငယ်တွေဖြစ်ပြီး အငယ်ဆုံးက ၁၆ နှစ်ဖြစ်ကာ အကြီးဆုံးက ၂၈ နှစ်ဖြစ်ပြီး လေးဦးစလုံးသေဆုံးခဲ့ရပါတယ်။ဒီလိုပဲ ရန်ကုန်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်လ့ို သေသူတွေကလည်း အသက် ၃၀ ဝန်းကျင်တွေပါဘဲ။ သြဂုတ် ၂၇ ရက်က ရန်ကုန် မြစ်ကမ်းရှိခနောင် သင်္ဘောကျင်း ဖြစ်တဲ့ ဒီဖြစ်ရပ်မှာ နှစ်ဦးစလုံးက ဆုရတနာသောင်းထွန်းဆီတွဲ  ရေယာဉ် ကြမ်းခင်းသံပြားကို မီးဂေါက် ဖြင့်ဖြတ်တောက်စဉ် အပူလွန်ကဲပြီး ဆီတွဲအတွင်းရှိ 92 ဓာတ်ငွေ့ ပေါက်ကွဲလို့ သံပြားပွင့်ထွက်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တာပါ။ ဒီဖြစ်ရပ်ကလည်း မဖြစ်သင့်တဲ့ ဖြစ်ရပ်ဖြစ်ပြီး အလုပ်သမားခေါင်ေးဆာင်ကို အရေး ယူထားတယ်ဆိုပါတယ်။ ဒါပေမယ့် အဓိကအချက်ဖြစ်တဲ့ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက် သိသင့် သိထိုက်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို အသိပညာပေးမှု အားနည်းတာကနေ ဖြစ်ရတာပါ။ ဒါဟာ ကြေကွဲစရာ ကောင်းတဲ့ မသေသင့်ဘဲ သေရတဲ့ အဖြစ်တွေပါ။ သက်ဆိုင်ရာအနေနဲ့ ဒီလိုအဖြစ်ဆိုးတွေထပ်မကြုံရဖို့ လုပ်ငန်းခွင်စည်းကမ်းတွေ လိုက်နာအောင် ဘယ်လောက်ထိအကောင်အထည်ဖော်နိုင်မလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်သတင်တွေထဲက မြန်မာနိုင်ငံအလယ်ပိုင်း နှင့် အထက်ပိုင်းဒေသအများစု မှာ နေ ရာကွက်မိုးကြီးနေတဲ့ သတင်း၊  ကယား ပြည်နယ်ဖားဆောင်းမြို့မှ မော်ချီး သတ္တုတွင်းဒေသ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခု တွင် မြေပြိုမှုများနေ့စဉ်ဖြစ်ပွားနေ တဲ့ သတင်း၊ မွန်ပြည်နယ်မှာ မိုးသည်း ထန်စွာ ရွာသွန်းနေပြီး ကျိုက်ထီး ရိုးစေတီရှိရာ တောင်နေရာအချို့ ပြိုကျမှုဖြစ်ပွားခဲ့တဲ့ သတင်းတွေထဲ သတိထားမိစေခဲ့တဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ပြန်လမ်းမဲ့ မြန်မာလူငယ်နှစ်ယောက်

ယခုတစ်ပတ်သတင်းတွေထဲ  သတင်းဖတ်သူတွေ စိတ်နှလုံးကို ဆွဲညှစ်သလိုဖြစ်ခဲ့တဲ့ သတင်း တစ် ပုဒ်ကြောင့် ယခုတစ်ပတ်သတင်းအားလုံးစိတ်မသက်မသာဖြစ်ခဲ့ရပါတယ်။ ဒါက လိပ်ကျွန်းလူသတ်မှုဖြင့် သေ ဒဏ်ကျနေသော မြန်မာလုပ် သားနှစ်ဦးရဲ့ နောက်ဆုံးအယူခံ ရှုံးနိမ်ခဲ့တာပါ။ ဒါကြောင့် မြန်မာနိုင်ငံက ပြည်သူ တွေအတွက် ဝင်းနဲ့ဇော်အတွက် နောက်ဆုံးမျှော်လင့်ချက်က  မရှိတော့သလောက်ပါဘဲ။

၂၀၁၄ စက်တင်ဘာ ၁၄ ရက် ညဉ့်သန်းခေါင်မှာ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ အသတ်ခံရတဲ့ ဗြိတိန်စုံတွဲနဲ့ ပတ်သက်ပြီး မြန်မာလုပ်သားနှစ်ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနှင့် ဇော်လင်းကို လူသတ်မှု တရားခံဆိုပြီး ဖမ်းဆီးကာ ၂၀၁၅ ဒီဇင်ဘာမှာ သေဒဏ်ချခဲ့တာပါ။ ဒီအမှုက ကမ္ဘာကပါစိတ်ဝင်စား ခဲ့လို တရား ခံ အပြောင်းအလဲဖြစ်ပေးခဲ့ရင် ထိုင်းနိုင်ငံရဲ့တရားစီရင်ရေးက နိုင်ငံတကာမှာ လက်ညှိုးထိုးစရာဖြစ် လာနိုင်တဲ့ အတွက် အချိန်ကြာမြင့်စွာ တရားစီရင်ခဲ့ပြီး အယူခံခွင့်အဆင့်ဆင့်တက်စေကာ နိုင်ငံတကာသတင်းမျက်နှာ စာ ကနေ သတိမပြုမိစေတဲ့အထိ ဆွဲထားခဲ့တာပါ။ ဒီကြားထဲမှာ လွတ်နိုင်တယ်ဆိုတဲ့ အမြင်တွေမကြာခဏထွက် စေပြီး လွတ်မြောက်ရေးလုပ်ဆောင်နေသူတွေကို အားစိုက်မှုလျော့အောင် လုပ်ခဲ့တာကလည်း ဒီအမှုရဲ့ ထူးခြားမှုပါဘဲ။

သြဂုတ် ၂၉ ရက်က နောက်ဆုံးအယူခံရှုံးတဲ့ မြင်ကွင်းကို ပြည်တွင်းသတင်းဌာနတွေက ပြန်လည် ဖော်ပြခဲ့ရာမှာ “ထိုင်းတရားသူကြီးက အမိန့် ချမှတ်အပြီးတွင် ဆေးထိုးသတ် မှာလားဟု ဇော်လင်းက အော် ဟစ်မေးမြန်းခဲ့”ဆိုတဲ့ ဖော်ပြမှုက တိုင်းတပါးမှာ အကာအကွယ်မဲ့နေတဲ့ မြန်မာနိုင်ငံသားအတွက် စိတ်နှလုံး ထိခိုက်စေခဲ့ပါတယ်။

သတင်းဖတ်သူတွေအားလုံးလိုလိုက တစ်ကယ်လို့ သူတို့သာ မသတ်ခဲ့ဘဲ အချောင်ခံရတာဆိုရင်၊ လူစားထိုး တရားခံရှာထည့်ခံရတာဆိုရင် မြန်မာအာဏာပိုင်တွေ ဘာလုပ်ပေးသင့်သလဲဆိုတာ ၊ဘယ်လို တုံပြန်သင့်သလဲဆိုတာကို တွေးမိကြပါတယ်။ကာယကံရှင်တွေကိုယ်တိုင်က တစ်လျှောက်လုံး မသတ်ခဲ့ ကြောင်း စိုက်လိုက်မတ်တပ် ငြင်းဆိုခဲ့ပေမယ် အခြားတရားခံကို မရှာဘဲ မြန်မာအလုပ်သမားနှစ်ယောက်သာ တရားခံအစစ်ဖြစ်ကြောင်း ထင်ရှားပေါ်လွင်အောင် ထိုင်းဘက်က ကြိုးစားအားထုတ်နေခဲ့တာက ဒီအမှုမှာ သတိထားမိရတဲ့ အဖြစ်ပါဘဲ။

မြန်မာစကားပုံမှာ “ တရားကို နတ်စောင့်တယ်” ဆိုပါတယ်။မြန်မာပြည်ကို ဒီဘဝမှာ ပြန်လာဖို့ အခွင့်အရေးမရှိသလောက်နည်းသွားတဲ့ မြန်မာအလုပ်သမားနှစ်ယောက်အတွက် ထိုင်းဘုရင်ဆီမှာ အယူခံ ခွင့်က ဘယ်လောက်ထိ မျှော် လင့်ခွင့်ရမလဲ ဆိုတာ စောင့်ကြည့်ရမှာဖြစ်သလို မြန်မာနိုင်ငံသားနှစ် ယောက် အတွက် မြန်မာအာဏာပိုင်တွေ ဘယ်လောက်ထိ စွမ်းဆောင်ပေးနိုင်မလဲဆိုတာလည်း စောင့်ကြည့် ရမှာဖြစ် ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်သတင်းတွေထဲက နှစ်ရက်သာရှိသေး သည့် မွေးကင်း စကလေးငယ်ကို ကျပ် ၁၀ သိန်းဖြင့် ဝယ်ယူသွားသည့် အင်းစိန်မှအမျိုးသမီး ၁၅ ရက်အကြာမှာ ရဲစခန်းသို့  လာရောက် အဖမ်းခံခဲ့တဲ့သတင်း၊ ရန်ကုန်မြို့ မှာ ဩဂုတ် ၃၁ ရက် ထူးကဲဒီရေ ၂၂ ပေကျော်အထိ မြင့်တက်နိုင်လို့ ပြင်ဆင်နေတဲ့ သတင်း၊ တောင်ကြီးမှ မူဆယ်မြို့သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းအများစု တိုက်ပွဲတွေကြောင့် ရပ်နားထားတဲ့ သတင်း၊ မြန်မာနိုင်ငံဈေးကွက် မှ တယ်လီနောနှင့် အူရီးဒူးတို့ ပြန်လည် ထွက်ခွာမည်ဆိုတဲ့ သတင်း မမှန်ကန်ကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့ သတင်း၊နေပြည်တော်ဗစ်တိုးရီးယားအမှု ငါးကြိမ်မြောက် ရုံးချိန်းမှာ ဗစ်တိုးရီးယားနဲ့ အတူနေ အဘွားဖြစ်သူကို စစ်ဆေးခဲ့တဲ့သတင်း၊ အာဖရိက ဝက်တုပ်ကွေးရောဂါ ကြောင့် မိုင်းလားဒေသမှာ ဝက်ကောင် ရေ ၄,၀၀၀ ကျော် သုတ်သင်ခဲ့တဲ့ သတင်းတွေထဲ စိတ်မောစရာ သတင်းဆိုးတစ်ခုဖြစ်ခဲ့တယ်ဆိုတာတင်ပြရင်း ယခုတစ်ပတ်ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
သြဂုတ် - ၃၀

( Zawgyi )

ယခုတစ္ပတ္သတင္းေတြထဲမွာ အမ်ားစုစိတ္အာ႐ုံကို ဖမ္းစားခဲ့တဲ့ သတင္းေတြလည္း ရွိခဲ့ပါတယ္။ဒီထဲမွာ လႊတ္ေတာ္အတြင္း ၂၀၀၈ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ အေျခအတင္ ေဆြးေႏြးခဲ့ၾကတဲ့အခါ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ သုံးစြဲတဲ့ စကားလုံးေတြ၊ ထိုင္းမွာ လူသတ္မႈနဲ႔ ေသဒဏ္က်ခံေနရတဲ့ ျမန္မာအလုပ္သမားႏွစ္ေယာက္ ေနာက္ဆုံးအယူခံ ရႈံးနိမ့္တဲ့သတင္း၊ ထိုင္းမွာလုပ္မယ့္ အာဆီယံ-အေမရိကန္ စစ္ေရးေလ့က်င့္မႈထဲ ျမန္မာတပ္မေတာ္ ပါဝင္တဲ့ သတင္းကလည္း ထိပ္တန္းသတင္းျဖစ္ခဲ့သလို ၿပီးခဲ့တဲ့ရက္သတၱပတ္က လူစိတ္ဝင္စားမႈမ်ားခဲ့တဲ့ လွ်ပ္စစ္မီတာ တင္ဒါသတင္းကလည္း ယခုတစ္ပတ္မွာ သတင္းစာရွင္းလင္းပြဲေၾကာင့္ လူေတြ စိတ္အာ႐ုံကို ဆြဲေဆာင္ႏိုင္တဲ့အထိ ျဖစ္ခဲ့ရပါတယ္။

အဆိုပါသတင္းေတြက ယခုရက္သတၱပတ္မွာျဖစ္ခဲ့တဲ့ သတင္းေတြထဲက ‘ဝ’ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ လူမႈကြန္ရက္အသုံးျပဳၿပီး  ေငြလိမ္ေနတဲ့ တ႐ုတ္ႏိုင္ငံသား ၆၉ ဦးကို ယူနန္ျပည္နယ္ရဲတပ္ဖြဲ႕ထံ ျပန္လည္လႊဲေျပာင္းခဲ့တဲ့သတင္း၊ ျမန္မာႏိုင္ငံကို လာေရာက္မယ့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးခရီးစဥ္ ဘဂၤလားေဒ့ရွ္ဘက္က ေ႐ႊ႕ဆိုင္းလိုက္တဲ့သတင္း၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) တြင္ မြန္ႏွင့္ လားဟူအဖြဲ႕တို႔ တင္းျပည့္အဖြဲ႕ဝင္အျဖစ္ ပါဝင္လာတဲ့သတင္း၊ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC) က ဆန္ေထာက္ပံ့မႈ ရပ္ဆိုင္းလိုက္တဲ့သတင္း၊ ရေနာင္းၿမိဳ႕ ရေနာင္းဌာနီစာသင္ေက်ာင္းမွ ဖမ္းဆီးခံရေသာ ျမန္မာ ဆရာ၊ ဆရာမ ၃၂ ဦးကို ထိုင္းရဲတပ္ဖြဲ႕က ေငြဒဏ္႐ိုက္ခဲ့တဲ့ သတင္းေတြထဲ ထူးထူးျခားျခား သတင္းဖတ္သူေတြကို စိတ္ဝင္စားမႈပိုေစခဲ့ပါတယ္။

အေျပာင္းအလဲ ျဖစ္လာႏိုင္သလား

ယခုတစ္ပတ္ အမ်ားျပည္သူစိတ္ဝင္စားတဲ့ သတင္းေတြထဲမွာ ျမန္မာေရတပ္က ဖရီးဂိတ္စစ္သေဘၤာတစ္စင္း အေမရိကန္ ဦးေဆာင္တဲ့ ေရေၾကာင္းေလ့က်င့္မႈထဲမွာ ပါဝင္တဲ့ သတင္းက ထိပ္တန္းသတင္း ျဖစ္ခဲ့ပါတယ္။

ထိုင္းပင္လယ္ေကြ႕မွာ စက္တင္ဘာ ၂ ရက္မွ ၆ ရက္အထိ က်င္းပျပဳလုပ္မယ့္ အာဆီယံ-အေမရိကန္ ပင္လယ္ေရေၾကာင္းဆိုင္ရာ ေလ့က်င့္ခန္း ASEAN-US Maritime Exercise (AUMX) မွာ ျမန္မာဘက္က ပထမဆုံးပါဝင္ခဲ့တာပါ။ဒီေလ့က်င့္မႈမွာ ျမန္မာႏိုင္ငံ အပါအဝင္ ႏိုင္ငံေပါင္းခုႏွစ္ႏိုင္ငံမွ စစ္ေရယာဥ္ႏွင့္ စစ္ေလယာဥ္ေတြ ပါဝင္မွာပါ။

ေတာင္တ႐ုတ္ပက္လယ္နဲ႔ ကပ္ရက္မွာ ျပဳလုပ္မယ့္ ယခုစစ္ေရးေလ့က်င့္မႈ တ႐ုတ္ႏွင့္ အေမရိကန္ၾကား ကုန္သြယ္ေရးစစ္ပြဲ ျပင္းထန္လာခ်ိန္ႏွင့္ တိုက္တိုက္ဆိုင္ဆိုင္ က်င္းပျပဳလုပ္တာျဖစ္တဲ့အတြက္ ႏိုင္ငံတကာႏွင့္ ေဒသတြင္းကပါ သတိထားၾကည့္ရတဲ့ စစ္ေရးေလ့က်င့္မႈပါဘဲ။အထူးသျဖင့္ ေတာင္တ႐ုတ္ပင္လယ္ အေရးေၾကာင့္ တ႐ုတ္ႏွင့္ တင္းမာမႈရွိခဲ့သည့္ အာဆီယံႏိုင္ငံမ်ားထဲမွာ ဗီယက္နမ္ႏွင့္ ဖိလစ္ပိုင္မွာ အေမရိကန္ႏွင့္ ယခုလတ္တေလာ နီးကပ္စြာဆက္ဆံလာတဲ့အတြက္ ဒီစစ္ေရးေလ့က်င့္မႈက တ႐ုတ္အတြက္ သတိထားစရာ ျဖစ္ပါတယ္။မၾကာခင္က ASEAN-China စစ္ေရးေလ့က်င့္မႈကို တ႐ုတ္ျပည္ ကြမ္တုံမွာ ျပဳလုပ္ခဲ့ပါေသးပါတယ္။ယခုစစ္ေရးေလ့က်င့္မႈထဲပါတဲ့ အာဆီယံႏိုင္ငံေတြ အဆိုပါ ကြမ္တုံစစ္ေရးေလ့က်င့္မႈထဲ ပါခဲ့တဲ့အတြက္  တ႐ုတ္နဲ႔ အေမရိကန္ အားၿပိဳင္မႈထဲ အာဆီယံႏိုင္ငံေတြ မပါရေအာင္ ဘယ္လိုလုပ္ၾကမလဲဆိုတာလည္း ျပႆနာတစ္ခုပါ။

အေမရိကန္ဘက္က ျမန္မာတပ္မေတာ္ ထိပ္ပိုင္းေခါင္းေဆာင္ေတြကို ဘဂၤါလီျပႆနာနဲ႔ခ်ိတ္ၿပီး ပိတ္ဆို႔အေရးယူမႈေတြ လုပ္ေနခ်ိန္၊ ေျမာက္ပိုင္းသုံးဖြဲ႕ ဝင္တိုက္လို႔ ရွင္းလင္းေနရခ်ိန္မွာ ယခုစစ္ေရးေလ့က်င့္မႈထဲ ျမန္မာစစ္ေရယာဥ္ ပါဝင္ခဲ့တာဟာ အက်ပ္အတည္းတစ္ခုအတြက္ ထြက္ေပါက္လားဆိုတာ စဥ္းစားဆင္ျခင္စရာပါ။မၾကာခင္က ျမန္မာတပ္မေတာ္ ေခါင္းေဆာင္ျဖစ္တဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္ကိုယ္တိုင္ ပ်ည္းမနားက ခရစ္ယာန္နဲ႔ မြတ္ဆလင္ ဘာသာေရးေက်ာင္းေတြကို ဆန္၊ ဆီ စတဲ့ စားနပ္ရိကၡာ ေထာက္ပံ့မႈေတြ လုပ္ခဲ့ပါတယ္။ဒီလိုလႉဒါန္းေထာက္ပံ့မႈအေပၚ တပ္မေတာ္ဘက္က ျပန္လည္ေျပာရာမွာေတာ့ ႏိုင္ငံအတြင္း လူမႈေရး၊ ဘာသာေရးအရ စည္းလုံးညီၫႊတ္မႈကိုျပဖို႔ အဓိကလိုအပ္ေနခ်ိန္ျဖစ္လို႔” ဆိုၿပီး ေျပာခဲ့ပါတယ္။ဒီလိုလုပ္ေဆာင္ခဲ့တဲ့အတြက္ ႏိုင္ငံတကာက အျမင္မွာ ေျပာင္းလဲမႈကိုျပဖို႔ လုပ္ေဆာင္ေနၿပီလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။အက်ပ္အတည္းေပါင္းစုံ ျမန္မာႏိုင္ငံ ႀကဳံေနရခ်ိန္မွာ အမ်ားျပည္သူ ျမင္ေတြခ်႕င္တဲ့ စည္းလုံးညီၫြတ္တဲ့ အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရးကို မၾကာခင္ျမင္ေတြ႕ရမလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။

ဒီလိုစိတ္ဝင္စားဖြယ္ရာ တပ္ပိုင္းသတင္းေတြ ရွိခဲ့သလို အေမရိကန္သမၼတနဲ႔ေတြ႕ၿပီး ျမန္မာႏိုင္ငံဆိုင္ရာ ကိစၥေတြ တင္ျပခဲ့တဲ့ ကခ်င္ KBC ဥကၠ႒ကို တပ္မေတာ္ဘက္က ျမစ္ႀကီးနားတရား႐ုံးမွာ တရားစြဲဆိုခဲ့တဲ့သတင္း၊ ကေလးငယ္သုံးဦး ေသဆုံးၿပီး ေလးဦးဒဏ္ရာရရွိခဲ့တဲ့ မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္းေက်း႐ြာ ျဖစ္စဥ္နဲ႔ ပက္သက္ၿပီး က်ဴးလြန္သူေတြကို ထိထိေရာက္ေရာက္ အေရးယူေပးဖို႔ မိသားစုဝင္မ်ားက ေတာင္းဆိုခဲ့တဲ့သတင္း၊ တပ္မေတာ္နည္းပညာတကၠသိုလ္ (DSTA) တိုက္ခိုက္မႈနဲ႔ ဖမ္းဆီးစစ္ေဆးခံေနရတဲ့ ရွမ္းပရဟိတေက်ာင္း ဆရာညီအစ္ကိုႏွစ္ဦးကို အျမန္ဆုံးျပန္လႊတ္ေပးရန္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ရွမ္းလူငယ္ကြန္ရက္က ေတာင္းဆိုခဲ့တဲ့သတင္း၊ အိႏၵိယတပ္မေတာ္က ျမန္မာတပ္မေတာ္ကို TATA SAF-ARI STORME GS-800 (RHD) အမ်ိဳးအစား  ေမာ္ေတာ္ယာဥ္ ၁၀ စီး  လက္ေဆာင္ေပးအပ္ခဲ့တဲ့ သတင္းေတြကလည္း ယခုရက္သတၱပတ္မွာ ျဖစ္ခဲ့ပါတယ္။

စိတ္ဝင္စားဖြယ္ရာ မီတာတင္ဒါျပႆနာ

ၿပီးခဲ့တဲ့ ရက္သတၱပတ္ကျဖစ္ခဲ့တဲ့ မီတာတင္ဒါကိစၥ သတင္းက ယခုတစ္ပတ္မွာ ေလလံတင္ဒါရႈံးခဲ့တဲ့ ကုမၸဏီဘက္က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲေၾကာင့္ အမ်ားျပည္သူၾကား ျပႆနာရဲ႕ အေျဖကို ထင္ထင္ရွားရွား သိခြင့္ရခဲ့ပါတယ္။

ၾသဂုတ္ ၂၅ ရက္က Park Royal ဟိုတယ္မွာ Ever Meter ကုမၸဏီက တင္ဒါကိစၥနဲ႔ ပတ္သက္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္မွာ ရွင္းလင္းခဲ့တဲ့ ဒုဝန္ႀကီးကို ေျပာခဲ့တဲ့စကားအတြက္ တာဝန္ယူရမည္ျဖစ္ၿပီး မ်က္ႏွာခ်င္းဆိုင္ ရွင္းလင္းဖို႔ ဖိတ္ေခၚခဲ့ပါတယ္။ဒီျပႆနာရဲ႕ အစက လွ်ပ္စစ္ဒုဝန္ႀကီး ေဒါက္တာထြန္းႏိုင္ က ၾသဂုတ္ ၂၁ ရက္က ျပည္ေထာင္စုလႊတ္ေတာ္မွာ မီတာတင္ဒါကိစၥနဲ႔ ပတ္သက္ၿပီး ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္က တင္ဒါယွဥ္ၿပိဳင္ဘက္ထက္ က်ပ္သန္း ၅,၀၀၀ ေက်ာ္ ပိုမ်ားေနျခင္း၊ တင္ဒါကို ကန႔္ကြက္မႈ အပါအဝင္ ၎တို႔ကို ေ႐ြးခ်ယ္ေပးရန္ ျပည္ေထာင္စုဝန္ႀကီးထံ တင္ျပခဲ့ေၾကာင္း ေျပာၾကားခဲ့မႈပါ။

ၾသဂုတ္ ၂၁ ရက္က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ ဒုဝန္ႀကီးက ရွင္းလင္းခဲ့တာမွာ မီတာတင္ဒါ တစ္ခုကို နည္းပညာပိုင္းဆိုင္ရာ ေအာင္ျမင္တဲ့ ကုမၸဏီႏွစ္ခုရဲ႕ ေဈးႏႈန္းကို ယွဥ္ၿပိဳင္သူအားလုံးေရွ႕၌ ဖြင့္ေဖာက္ရာမွာ အယ္ဖာပါဝါအမည္ရွိ ကုမၸဏီက က်ပ္ ၈ ဒသမ ၁ ဘီလ်ံခန႔္ျဖစ္ၿပီး ျမန္မာ့စီးပြားေရးဦးပိုင္ရဲ႕ ေဈးႏႈန္းက ၁၃ ဒသမ ၄ ဘီလ်ံခန႔္ ျစ္လို႔ တင္ဒါရႈံးသည္ကို ျမန္မာစီးပြားေရးဦးပိုင္က သေဘာေပါက္သြားၿပီး ျပည္ေထာင္စုဝန္ႀကီးထံ ကုမၸဏီတစ္ခု၏ အမည္ျဖင့္ ထိုတင္ဒါကို ျပန္လည္စိစစ္ေပးရန္ ကန႔္ကြက္စာေပးပို႔ခဲ့ေၾကာင္း၊ ယင္းသို႔ ကန႔္ကြက္စာေပးပို႔မႈအေပၚ အယ္ဖာပါဝါကုမၸဏီကလည္း ျပည္ေထာင္စုဝန္ႀကီးထံကို ယွဥ္ၿပိဳင္မႈရလဒ္အတိုင္း အတည္ျပဳေပးရန္ ေပးပို႔ခဲ့ေၾကာင္း၊ ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္က ၎တို႔၏ မီတာမ်ားကို ဦးစားေပးေ႐ြးခ်ယ္ေပးရန္ ျပည္ေထာင္စုဝန္ႀကီးထံ ထပ္မံအေၾကာင္းၾကားလာေၾကာင္း ဒုဝန္ႀကီးက လႊတ္ေတာ္မွာ အေသးစိတ္ရွင္းလင္းခဲ့တာပါ။

အဆိုပါကိစၥအေပၚ Ever Meter ကုမၸဏီ မန္ေနဂ်င္းဒါ႐ိုက္တာက သတင္းစာရွင္းလင္းပြဲမွာ “ဒုဝန္ႀကီး ေျပာသြားတဲ့စကားေတြနဲ႔ ပတ္သက္ၿပီး တာဝန္ယူရမွာျဖစ္တယ္လို႔ ယူဆတဲ့အတြက္ စားပြဲေပၚမွာ ကိုယ့္စကားကိုယ္ ကိုယ္မ်က္ႏွာခ်င္းဆိုင္ မီတာတင္ဒါတစ္ခုခ်င္းစီရဲ႕ အခ်က္အလက္ အေထာက္အထားေတြနဲ႔ ေဆြးေႏြးဖို႔ ဖိတ္ေခၚပါတယ္။ကြၽန္ေတာ္တို႔ဘက္ကလည္း ေျပာဆိုဖို႔ အေထာက္အထားေတြ အခိုင္အမာရွိတဲ့အတြက္ လုံးဝတာဝန္ယူမွာျဖစ္ပါတယ္။ကြၽန္ေတာ္တို႔မွားရင္ ျပင္းျပင္းထန္ထန္ အေရးယူပါ။ဒုဝန္ႀကီး ေဒါက္တာထြန္းႏိုင္ ဘက္က မွားရင္ ဘယ္လိုတာဝန္ယူမလဲ” ဆိုၿပီး ေမးခြန္းထုတ္ခဲ့ပါတယ္။

ဒီလို မီတာတင္ဒါတင္သြင္းတဲ့ ကုမၸဏီဘက္က သတင္းစာရွင္းလင္းကာ မ်က္ႏွာခ်င္းဆိုင္ ဖိတ္ၾကားတဲ့ အေပၚ ဒုဝန္ႀကီး ေဒါက္တာထြန္း ႏိုင္က ျပည္ေထာင္စုလႊတ္ ေတာ္မွာ အျပည့္အစုံ ရွင္းျပၿပီးျဖစ္လို႔ ဘာမွ ေျပာ စရာ မရွိပါ ဘူး လို႔ သူေျပာၾကားခ်က္အေပၚ အျပည္အ၀ တာဝန္ယူတဲ့ သေဘာေျပာခဲ့ပါတယ္။
မီတာတင္ဒါမွာ ဒီမိုကေရစီစံႏူန္းအတိုင္း ပြင္းလင္းျမင္သာစြာလုပ္ခဲ့ကာ စြက္ဖက္မႈေတြရွိတဲ့အတြက္ တင္ဒါကို ပယ္ဖ်က္ခဲ့တယ္ ဆိုတာ ယခုလို အရပ္သားလက္ထက္မွာမွ  ၾကားရတာပါ။ အမ်ားျပည္သူအေနနဲ႔  ဒီျဖစ္ရပ္ကေန ေနာက္ဆက္ တြဲ ဘာေတြ ျဖစ္လာႏိုင္သလဲဆိုတာ ဆက္ ေစာင့္ ၾကည့္ေနတုန္းပါ။ အထူးသျဖင့္ အဂတိလိုက္စားမႈနဲ႔ပတ္ သက္ၿပီး တိုင္ၾကားခံရတဲ့ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီးနဲ႔ ဒုဝန္ႀကီးအေပၚ ေကာ္မရွင္ က စစ္ေဆးခ်က္ ဘယ္လိုထြက္လာမလဲဆိုတာလည္း အမ်ားျပည္သူက သိခ်င္စိတ္ရွိေနပါတယ္။

ဒီသတင္းက ယခုတစ္ပတ္သတင္းေတြထဲမွာ အဂတိလိုက္စားမႈျဖင့္ တရားစြဲဆိုခံထားရေသာ ေနျပည္ ေတာ္စည္ပင္သာယာ ေဈးမ်ားဌာ နမႉးကို လုပ္ႀကံတိုင္ၾကားေၾကာင္းေပၚေပါက္တဲ့အတြက္ မႏၲေလးတိုင္း တရား လႊတ္ေတာ္က အၿပီးသတ္လႊတ္ခဲ့တဲ့ သတင္း၊ ဘားအံအက်ဥ္းေထာင္ေဖာက္မႈနဲ႔ ပတ္သက္ၿပီး ေထာင္တာဝန္ခံအရာရွိ လက္ေထာက္ၫႊန္ၾကားေရးမႉးတစ္ဦးႏွင့္ အရာရွိ၊ ဝန္ထမ္း ရွစ္ဦးကို အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ခုနစ္ရက္စီ က်ခံေစရန္ အမိန႔္ခ်ခဲ့သတင္း၊ မိုးမိတ္ၿမိဳ႕နယ္မွာ မူးယစ္ ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္ အခ်င္းခ်င္း ပစ္ခတ္မႈျဖစ္ ပြားလို႔ ရဲအရာရွိတစ္ဦး အပါအ ဝင္ ႏွစ္ဦးေသဆုံးကာ တစ္ဦး ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ ျမန္မာႏိုင္ငံေဈးကြက္ မွ တယ္လီေနာႏွင့္ အူရီးဒူးတို႔ ျပန္လည္ ထြက္ခြာမည္ဆိုတဲ့ သတင္း မမွန္ကန္ ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့တဲ့ သတင္းေတြထဲ တမ်ိဳးတစ္ဖုံသတိထားမိေစတဲ့ သတင္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။

လူအသက္ႏွင့္ ေပါ့ဆတဲ့ လုပ္ငန္းခြင္

မလတ္ေတာင္ ေျမၿပိဳမႈေၾကာင့္ အမ်ားျပည္သူၾကား ႏွလုံးစိတ္ဝမ္းမၿငိမ္းခ်မ္းမႈ မသက္သာေသးခင္မွာဘဲ ယခုရက္သတၱပတ္ထဲမွာဘဲ ေနာက္ထပ္ အျဖစ္ဆိုးသတင္းေတြျဖစ္ခဲ့ပါတယ္။ဒီအျဖစ္က မေကြးတိုင္းထဲမွာ ေက်ာက္ မီးေသြးတြင္း ေျမၿပိဳလို႔ ေနာက္ထပ္လူေသမႈျဖစ္ခဲ့ပါတယ္။

ဩဂုတ္ ၂၅ ရက္ ညေနက ျဖစ္ပြားခဲ့တဲ့ တြင္းၿပိဳမႈမွာ ပိတ္မိခဲ့တာ ေလးဦးပါ။ အဲဒီေန႔ က အဆိုပါ မင္းလွၿမိဳ႕နယ္ ဆပ္ျပာေက်း႐ြာဝန္းက်င္မွာ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေက်ာက္မီးေသြးတြင္းထဲ ေရေတြဝင္ခဲ့ရာ ကေန ေျမသားမခိုင္ေတာ့ဘဲ ၿပိဳက်ခဲ့တာပါ။ အဆိုပါေနရာေဒသေတြမွာ ဒီလိုျဖစ္ရပ္ေတြ ျဖစ္ေလ့ျဖစ္ထရွိေန တတ္ပါတယ္။မၾကာေသးတဲ့ ႏွစ္အတြင္း ၂၀၁၇ ခုႏွစ္ႏိုဝင္ဘာ ၂၇ ရက္ကလည္း မင္းဘူးၿမိဳ႕နယ္ထဲက ေက်ာက္ မီးေသြးတြင္း ၿပိဳက်လို႔ တ႐ုတ္ႏိုင္ငံသားႏွစ္ဦးအပါအဝင္ လူရွစ္ဦး ေသဆုံးခဲ့သလို ၂၀၁၈ခုႏွစ္ စက္တင္ ဘာ ၆ ရက္လည္း မေကြးတိုင္း ေဆာၿမိဳ႕နယ္ထဲက  ေက်ာက္မီးေသြးတြင္းေပါက္ကြဲလို႔ လုပ္သားရွစ္ဦး ေသဆုံးၿပီး တစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့တာေတြ ျဖစ္ခဲ့ပါတယ္။

ျဖစ္သမွ်ေတြမွာ ေတြ႕ရေလ့ရွိတာက လုပ္ငန္းခြင္လုံၿခဳံစိတ္ခ်ရမႈ႕ မရွိသေလာက္ျဖစ္ေနသလို အေရး ေပၚျဖစ္လာရင္ ဘယ္လို ေဆာင္႐ြတ္မယ္ဆိုတဲ့ အစီအမံအားနည္းေနတာကိုလည္း ေတြ႕ရပါတယ္။ျမန္မာႏိုင္ငံ အတြင္း ဒီလိုျဖစ္ရပ္ေတြမွာ ဘယ္ေတာ့မွ အသက္ရွင္လွ်က္နဲ႔ ကယ္ဆယ္ႏိုင္ခဲ့တာကို မေတြ႕ခဲ့ရသလို လူအ သက္ တစ္ေခ်ာင္းက တန္ဖိုးမရွိသလို ျဖစ္ေနတာကို လူ႔အခြင့္အေရးကို ေရွ႕တန္းတင္တဲ့ယခုအရပ္သား အစိုးရ လက္ထက္အထိ ယခုထိ စိတ္မေကာင္းဖြယ္ေတြ႕ရွိေနရဆဲပါ။

ယခုတစ္ပတ္မေကြးျဖစ္ရပ္မွာ ပိတ္မိတဲ့ သူေတြက အ႐ြယ္ေကာင္းလူငယ္ေတြျဖစ္ၿပီး အငယ္ဆုံးက ၁၆ ႏွစ္ျဖစ္ကာ အႀကီးဆုံးက ၂၈ ႏွစ္ျဖစ္ၿပီး ေလးဦးစလုံးေသဆုံးခဲ့ရပါတယ္။ဒီလိုပဲ ရန္ကုန္မွာ ေပါက္ကြဲမႈတစ္ခု ျဖစ္လ့ို ေသသူေတြကလည္း အသက္ ၃၀ ဝန္းက်င္ေတြပါဘဲ။ ၾသဂုတ္ ၂၇ ရက္က ရန္ကုန္ ျမစ္ကမ္းရွိခေနာင္ သေဘၤာက်င္း ျဖစ္တဲ့ ဒီျဖစ္ရပ္မွာ ႏွစ္ဦးစလုံးက ဆုရတနာေသာင္းထြန္းဆီတြဲ  ေရယာဥ္ ၾကမ္းခင္းသံျပားကို မီးေဂါက္ ျဖင့္ျဖတ္ေတာက္စဥ္ အပူလြန္ကဲၿပီး ဆီတြဲအတြင္းရွိ 92 ဓာတ္ေငြ႕ ေပါက္ကြဲလို႔ သံျပားပြင့္ထြက္ၿပီး ပြဲခ်င္းၿပီးေသဆုံးခဲ့တာပါ။ ဒီျဖစ္ရပ္ကလည္း မျဖစ္သင့္တဲ့ ျဖစ္ရပ္ျဖစ္ၿပီး အလုပ္သမားေခါင္ေးဆာင္ကို အေရး ယူထားတယ္ဆိုပါတယ္။ ဒါေပမယ့္ အဓိကအခ်က္ျဖစ္တဲ့ လုပ္ငန္းခြင္အႏၲရာယ္ကင္းရွင္းေရးအတြက္ သိသင့္ သိထိုက္တဲ့ ေဆာင္ရန္ေရွာင္ရန္ေတြကို အသိပညာေပးမႈ အားနည္းတာကေန ျဖစ္ရတာပါ။ ဒါဟာ ေၾကကြဲစရာ ေကာင္းတဲ့ မေသသင့္ဘဲ ေသရတဲ့ အျဖစ္ေတြပါ။ သက္ဆိုင္ရာအေနနဲ႔ ဒီလိုအျဖစ္ဆိုးေတြထပ္မႀကဳံရဖို႔ လုပ္ငန္းခြင္စည္းကမ္းေတြ လိုက္နာေအာင္ ဘယ္ေလာက္ထိအေကာင္အထည္ေဖာ္ႏိုင္မလဲဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္သတင္ေတြထဲက ျမန္မာႏိုင္ငံအလယ္ပိုင္း ႏွင့္ အထက္ပိုင္းေဒသအမ်ားစု မွာ ေန ရာကြက္မိုးႀကီးေနတဲ့ သတင္း၊  ကယား ျပည္နယ္ဖားေဆာင္းၿမိဳ႕မွ ေမာ္ခ်ီး သတၱဳတြင္းေဒသ အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ငါးခု တြင္ ေျမၿပိဳမႈမ်ားေန႔စဥ္ျဖစ္ပြားေန တဲ့ သတင္း၊ မြန္ျပည္နယ္မွာ မိုးသည္း ထန္စြာ ႐ြာသြန္းေနၿပီး က်ိဳက္ထီး ႐ိုးေစတီရွိရာ ေတာင္ေနရာအခ်ိဳ႕ ၿပိဳက်မႈျဖစ္ပြားခဲ့တဲ့ သတင္းေတြထဲ သတိထားမိေစခဲ့တဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ျပန္လမ္းမဲ့ ျမန္မာလူငယ္ႏွစ္ေယာက္

ယခုတစ္ပတ္သတင္းေတြထဲ  သတင္းဖတ္သူေတြ စိတ္ႏွလုံးကို ဆြဲညႇစ္သလိုျဖစ္ခဲ့တဲ့ သတင္း တစ္ ပုဒ္ေၾကာင့္ ယခုတစ္ပတ္သတင္းအားလုံးစိတ္မသက္မသာျဖစ္ခဲ့ရပါတယ္။ ဒါက လိပ္ကြၽန္းလူသတ္မႈျဖင့္ ေသ ဒဏ္က်ေနေသာ ျမန္မာလုပ္ သားႏွစ္ဦးရဲ႕ ေနာက္ဆုံးအယူခံ ရႈံးနိမ္ခဲ့တာပါ။ ဒါေၾကာင့္ ျမန္မာႏိုင္ငံက ျပည္သူ ေတြအတြက္ ဝင္းနဲ႔ေဇာ္အတြက္ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္က  မရွိေတာ့သေလာက္ပါဘဲ။

၂၀၁၄ စက္တင္ဘာ ၁၄ ရက္ ညဥ့္သန္းေခါင္မွာ ထိုင္းႏိုင္ငံ ေတာင္ပိုင္း ဆူရတ္ဌာနီခ႐ိုင္ လိပ္ကြၽန္းမွာ အသတ္ခံရတဲ့ ၿဗိတိန္စုံတြဲနဲ႔ ပတ္သက္ၿပီး ျမန္မာလုပ္သားႏွစ္ဦးျဖစ္တဲ့ ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းကို လူသတ္မႈ တရားခံဆိုၿပီး ဖမ္းဆီးကာ ၂၀၁၅ ဒီဇင္ဘာမွာ ေသဒဏ္ခ်ခဲ့တာပါ။ ဒီအမႈက ကမာၻကပါစိတ္ဝင္စား ခဲ့လို တရား ခံ အေျပာင္းအလဲျဖစ္ေပးခဲ့ရင္ ထိုင္းႏိုင္ငံရဲ႕တရားစီရင္ေရးက ႏိုင္ငံတကာမွာ လက္ညႇိဳးထိုးစရာျဖစ္ လာႏိုင္တဲ့ အတြက္ အခ်ိန္ၾကာျမင့္စြာ တရားစီရင္ခဲ့ၿပီး အယူခံခြင့္အဆင့္ဆင့္တက္ေစကာ ႏိုင္ငံတကာသတင္းမ်က္ႏွာ စာ ကေန သတိမျပဳမိေစတဲ့အထိ ဆြဲထားခဲ့တာပါ။ ဒီၾကားထဲမွာ လြတ္ႏိုင္တယ္ဆိုတဲ့ အျမင္ေတြမၾကာခဏထြက္ ေစၿပီး လြတ္ေျမာက္ေရးလုပ္ေဆာင္ေနသူေတြကို အားစိုက္မႈေလ်ာ့ေအာင္ လုပ္ခဲ့တာကလည္း ဒီအမႈရဲ႕ ထူးျခားမႈပါဘဲ။

ၾသဂုတ္ ၂၉ ရက္က ေနာက္ဆုံးအယူခံရႈံးတဲ့ ျမင္ကြင္းကို ျပည္တြင္းသတင္းဌာနေတြက ျပန္လည္ ေဖာ္ျပခဲ့ရာမွာ “ထိုင္းတရားသူႀကီးက အမိန႔္ ခ်မွတ္အၿပီးတြင္ ေဆးထိုးသတ္ မွာလားဟု ေဇာ္လင္းက ေအာ္ ဟစ္ေမးျမန္းခဲ့”ဆိုတဲ့ ေဖာ္ျပမႈက တိုင္းတပါးမွာ အကာအကြယ္မဲ့ေနတဲ့ ျမန္မာႏိုင္ငံသားအတြက္ စိတ္ႏွလုံး ထိခိုက္ေစခဲ့ပါတယ္။

သတင္းဖတ္သူေတြအားလုံးလိုလိုက တစ္ကယ္လို႔ သူတို႔သာ မသတ္ခဲ့ဘဲ အေခ်ာင္ခံရတာဆိုရင္၊ လူစားထိုး တရားခံရွာထည့္ခံရတာဆိုရင္ ျမန္မာအာဏာပိုင္ေတြ ဘာလုပ္ေပးသင့္သလဲဆိုတာ ၊ဘယ္လို တုံျပန္သင့္သလဲဆိုတာကို ေတြးမိၾကပါတယ္။ကာယကံရွင္ေတြကိုယ္တိုင္က တစ္ေလွ်ာက္လုံး မသတ္ခဲ့ ေၾကာင္း စိုက္လိုက္မတ္တပ္ ျငင္းဆိုခဲ့ေပမယ္ အျခားတရားခံကို မရွာဘဲ ျမန္မာအလုပ္သမားႏွစ္ေယာက္သာ တရားခံအစစ္ျဖစ္ေၾကာင္း ထင္ရွားေပၚလြင္ေအာင္ ထိုင္းဘက္က ႀကိဳးစားအားထုတ္ေနခဲ့တာက ဒီအမႈမွာ သတိထားမိရတဲ့ အျဖစ္ပါဘဲ။

ျမန္မာစကားပုံမွာ “ တရားကို နတ္ေစာင့္တယ္” ဆိုပါတယ္။ျမန္မာျပည္ကို ဒီဘဝမွာ ျပန္လာဖို႔ အခြင့္အေရးမရွိသေလာက္နည္းသြားတဲ့ ျမန္မာအလုပ္သမားႏွစ္ေယာက္အတြက္ ထိုင္းဘုရင္ဆီမွာ အယူခံ ခြင့္က ဘယ္ေလာက္ထိ ေမွ်ာ္ လင့္ခြင့္ရမလဲ ဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္သလို ျမန္မာႏိုင္ငံသားႏွစ္ ေယာက္ အတြက္ ျမန္မာအာဏာပိုင္ေတြ ဘယ္ေလာက္ထိ စြမ္းေဆာင္ေပးႏိုင္မလဲဆိုတာလည္း ေစာင့္ၾကည့္ ရမွာျဖစ္ ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္သတင္းေတြထဲက ႏွစ္ရက္သာရွိေသး သည့္ ေမြးကင္း စကေလးငယ္ကို က်ပ္ ၁၀ သိန္းျဖင့္ ဝယ္ယူသြားသည့္ အင္းစိန္မွအမ်ိဳးသမီး ၁၅ ရက္အၾကာမွာ ရဲစခန္းသို႔  လာေရာက္ အဖမ္းခံခဲ့တဲ့သတင္း၊ ရန္ကုန္ၿမိဳ႕ မွာ ဩဂုတ္ ၃၁ ရက္ ထူးကဲဒီေရ ၂၂ ေပေက်ာ္အထိ ျမင့္တက္ႏိုင္လို႔ ျပင္ဆင္ေနတဲ့ သတင္း၊ ေတာင္ႀကီးမွ မူဆယ္ၿမိဳ႕သို႔ ေျပးဆြဲေနသည့္ ယာဥ္လိုင္းအမ်ားစု တိုက္ပြဲေတြေၾကာင့္ ရပ္နားထားတဲ့ သတင္း၊ ျမန္မာႏိုင္ငံေဈးကြက္ မွ တယ္လီေနာႏွင့္ အူရီးဒူးတို႔ ျပန္လည္ ထြက္ခြာမည္ဆိုတဲ့ သတင္း မမွန္ကန္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့တဲ့ သတင္း၊ေနျပည္ေတာ္ဗစ္တိုးရီးယားအမႈ ငါးႀကိမ္ေျမာက္ ႐ုံးခ်ိန္းမွာ ဗစ္တိုးရီးယားနဲ႔ အတူေန အဘြားျဖစ္သူကို စစ္ေဆးခဲ့တဲ့သတင္း၊ အာဖရိက ဝက္တုပ္ေကြးေရာဂါ ေၾကာင့္ မိုင္းလားေဒသမွာ ဝက္ေကာင္ ေရ ၄,၀၀၀ ေက်ာ္ သုတ္သင္ခဲ့တဲ့ သတင္းေတြထဲ စိတ္ေမာစရာ သတင္းဆိုးတစ္ခုျဖစ္ခဲ့တယ္ဆိုတာတင္ျပရင္း ယခုတစ္ပတ္ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ၾသဂုတ္ - ၃၀