【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ဗစ်တိုးရီးယားအတွက် တရားမျှတမှု

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ဗစ်တိုးရီးယားအတွက် တရားမျှတမှု

ယခုရက်သတ္တပတ်အတွင်း သတင်းတွေထဲမှာ ရန်ကုန်မှာ မီးလောင်မှု နှစ်ရက်ဆက်တိုက်ဖြစ်ခဲ့ရာမှာ လူသုံးဦးထိသေဆုံးခဲ့ရတဲ့ မီးသတင်းက သတင်းဖတ်သူတွေအတွက် ပြောစရာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ဒီသတင်းလိုဘဲ ချင်းပြည်နယ် တောင်ပိုင်း ပလက်၀မှာဖြစ်နေတဲ့ တိုက်ပွဲသတင်းတွေ၊ ဖွဲ့ စည်းပုံပြင်ဆင်ရေးသတင်းတွေ၊ နေပြည်တော် ဗစ်တိုးရီးယားအမှုမှာ ကျူးလွန်သူပျောက်ဆုံးသွားတဲ့သတင်း၊ ရေထဲပြုတ်ကျသူကို သင်္ဘောပေါ်ကနေခုန်ချပြီး ကယ်တင်ခဲ့တဲ့ ရေယာဉ်မှူးသတင်းတွေက ယခုရက်သတ္တပတ်ရဲ့ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် နိုင်ငံရေးအကျပ်အတည်း

ယခုရက်သတ္တပတ် သတင်းတွေထဲမှာ ထိပ်တန်းဖြစ်ခဲ့တဲ့သတင်းက ဖွဲစ့ည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးကြမယ့် သတင်းတွေပါဘဲ။မကြာခင်က ၄၅ ဦးပါ ကော်မတီဖြစ်တဲ့ ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီက တင်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းခုနှစ်ခုကို ဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးမယ့်လူစာရင်းကို တင်သွင်းစေခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၁၇ ရက် ညနေပိုင်း နောက်ဆုံးထားပြီး တင်သွင်းခိုင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေကြမ်း ဆွေးနွေးမယ့်လူစာရင်းက ကြောက်ခမန်းလိလိ များခဲ့ပါတယ်။လွှတ်တော်နှစ်ရပ်ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၆၅ ဦးရှိတဲ့အနက် ၂၈၂ ဦးက ဆွေးနွေးဖို့ စာရင်းပေးခဲ့ပါတယ်။ဒါဟာ ဥပဒေကြမ်းတစ်ခုအတွက် စံချိန်တင်ဆွေးနွေးမှုပါဘဲ။မြန်မာပြည်သာမက ကမ္ဘာမှာလည်း ရှိနိုင်ခဲ့ပါတယ်။

လွှတ်တော်နှစ်ရပ်ပေါင်းမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ၁၆၆ ဦးရှိရာမှာ ၁၆၄ ဦး ဝင်ရောက်ဆွေးနွေးမယ် ဆိုတဲ့အတွက် အားလုံးနီးပါး ဝင်ရောက်ဆွေးနွေးကြမှာဖြစ်ပါတယ်။အာဏာရပါတီဘက်က ၆၉ ဦး၊ တခြားပါတီများက ၄၉ ဦးဖြစ်တဲ့အတွက် အခြေခံဥပဒေပြင်ဆင်ရေးကော်မတီ ဖွဲ့ကတည်းက တပ်ဘက်က ကိုယ်စားလှယ်နဲ့ အာဏာရပါတီအကြား အခြေအတင်ဖြစ်လာခဲ့တဲ့အတွက် ယခုဆွေးနွေးမှုမှာလည်း အဓိကအခြေအတင်ဆွေးနွေးကြမှာက ဒီနှစ်ဖွဲ့ဘဲဖြစ်လာပါလိမ့်မယ်။

ထုံးစံအားဖြင့် လွှတ်တော်အတွင်းမှာ အဆိုတစ်ခုကိုဆွေးနွေးဖို့ ကြာချိန်ကို မိနစ်ပိုင်းသာပေးလေ့ရှိတဲ့အတွက် ယခုဆွေးနွေးမှုက သက်တမ်းကုန်တဲ့အထိ ဆွေးနွေးရမယ့်သဘော ဖြစ်လာဖွယ်ရှိနေပါတယ်။ဖေဖေါ်ဝါရီ ၂၅ ရက်မှာ ယခုဆွေးနွေးမယ့် ပြင်ဆင်မယ့် ဥပဒေကြမ်းထဲမှာ တပ်ဘက်ကပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို လွှတ်တော်သက်တမ်းအလိုက် လျှော့ချဖို့နဲ့ ကာလုံမှာပါဝင်တဲ့ အဖွဲ့ဝင်အရေအတွက်ကို ပြောင်းလဲဖို့တွေပါဝင်ပါတယ်။ဖေဖေါ်ဝါရီ ၂၁ ရက်က ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ အဆိုပါဖွဲ့စည်းပုံဥပဒေကို ဒုတိယပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဆွေးနွေးတဲ့အခါ ကိုယ်စားလှယ် ၁၄၉ ဦးသာ ခွင့်ပြုခဲ့ပြီး တစ်ဦးလျှင် ၈ မိနစ် သတ်မှတ်ထားကာ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတစ်ခုခု၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ တိုင်းရင်းသားလူမျိုးစုတစ်ခုခုကို ထိခိုက်စေမယ့် အသုံးအနှုန်းပြောဆိုချက်များမပါရှိအောင် ဂရုပြုဆင်ခြင်ကြဖို့၊ လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာနှင့်လျော်ညီစွာ ဆွေးနွေးကြဖို့နဲ့ အခြားမသက်ဆိုင်သည့် အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးခြင်းမပြုကြဖို့ လွှတ်တော်နာယက က သတိပေးခဲ့ပါတယ်။

ထုံးစံအတိုင်းဆို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမဲရရှိမှ ပြင်ဆင်နိုင်မှာပါ။လက်ရှိမှာ လက်ရှိဖွဲ့စည်းပုံအရ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကို ဝင်ပြိုင်စရာမလိုဘဲ တပ်ဘက်က အချိုးအစားရထားတဲ့အတွက် ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်အနိုင်ရခဲ့တဲ့ပါတီ ရှိခဲ့ရင်တောင် တပ်ဘက်က သဘောမတူရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မယ့်အခြေအနေ မရှိပါဘူး။ဒီအခြေအနေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်း ပြင်မလား၊ နောက်ထပ် ဘယ်နည်းလမ်းနဲ့ ဖြစ်မြောက်အောင်ပြင်ဆင်မလဲ၊ ပြင်ဆင်ဖို့ ကိုယ်စားလှယ် ၁၄၉ ဦး ဆွေးနွေးရင်းနဲ့ လွှတ်တော်သက်တမ်းကုန်သွားမလားဆိုတာ ဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လွှတ်တော်သတင်းဆိုတဲ့အတွက် လွှတ်တော်ထဲမှာ နောက်ထပ်စိတ်ဝင်စားစရာဖြစ်ခဲ့တဲ့ သတင်းတစ်ခုလည်း ရှိပါသေးတယ်။ဒါက ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ ဦးလှဆန်း က "ကျွန်တော်တို့ ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန (၃) ခု အပါအဝင် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများသည် မလုပ်မရှုပ်မပြုတ် လုပ်နေကြမည်ဆိုပါက" လို့ ပြောခဲ့တဲ့အတွက် “မလုပ်မရှုပ်မပြုတ်” ဆိုတဲ့ စကားကို တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက ထကန့်ကွတ်ခဲ့ပြီး မှတ်တမ်းကပယ်ဖျက်ပေးဖို့ တင်ပြခဲ့တာပါ။

ဒါကလည်း အများပြည်သူသတိထားမိစရာ ဖြစ်ခဲ့ပါတယ်။ယခုရက်ပိုင်း ကျင်းပတဲ့ လွှတ်တော်အစည်းအဝေး သတင်းတွေထဲမှာ အာမခံမရတဲ့ နိုင်လွတ်လုံဥပဒေကို အာမခံပေးနိုင်သည့် ဥပဒေအဖြစ် ပြင်ဆင်ရန် ဥပဒေကြမ်း တင်သွင်းခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒီလိုပြင်ဆင်ရာမှာ ထောင်ဒဏ်လျှော့ချပြင်ဆင်ခြင်း၊ တရားစွဲဆိုရာ၌ သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူရန်၊ ဥပဒေပါပြစ်မှုများကို အာမခံပေးနိုင်သည့် ပြစ်မှုများအဖြစ် သတ်မှတ်ရန်၊ ရဲအရေးယူပိုင်ခွင့်ရှိသည့် ပြစ်မှုအဖြစ် သတ်မှတ်ရန် စသည့်အချက်များကို ထည့်သွင်းထားတာကို တွေ့ရပါတယ်။

ပလက်၀တိုက်ပွဲနှင့် ဒေသခံအခြေအနေ

ရခိုင်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ချင်းတောင်ပိုင်း ပလက်၀မှာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို ယခုရက်ပိုင်း ဖေဖော်ဝါရီ ၁၃ ရက်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ခမွေချောင်းကျေးရွာ မူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည် ကျရောက်ခဲ့သည့်အတွက် ကျောင်းသား ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီအတွက် ဖေဖေဝါရီ ၁၉ ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပညာရေး ဒု-ဝန်ကြီးက ကျောင်းဝင်းတွေထဲ လက်နက်ကြီးပစ်ခတ်မှု မလုပ်ဆောင်ဖို့ ပြောခဲ့သလို အဆိုပါဒေသတွေမှာ မတည်ငြိမ်တဲ့အတွက် တက္ကသိုလ်ဝင်တန်းတွေကို ယာယီရွှေ့ပြောင်း စစ်ဆေးရဖို့ရှိနေသလို ကျောင်းတွေကိုလည်း ယာယီပိတ်ထားရတာမျိုးတွေ ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။

ဒါဟာ ဒေသတွင်းဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသရဲ့ အနာဂတ်တွေ ထိခိုက်ပျက်စီးရတဲ့ အဖြစ်ပါဘဲ။ရခိုင်မြောက်ပိုင်း စစ်ရေးနယ်မြေက ပိုကျယ်ပြန့်လာသလို အထိအခိုက်အကျအဆုံး သတင်းတွေလဲ ဆက်တိုက်ဆိုသလို ကြားလာရပါတယ်။ယခုအခါမှာ ရခိုင်မြောက်ပိုင်းကနေ ကျော်လွန်ပြီး ချင်းပြည်နယ် တောင်ပိုင်းအထိ တိုက်ပွဲတွေက ကျယ်ပြန့်လာခဲ့ပါတယ်။ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် ရခိုင်တပ် (AA) တို့ကြား တိုက်ပွဲတွေပြင်းထန်နေတာ ၁၀ ရက်ကြာပြီဖြစ်တဲ့အတွက် ပလက်ဝမြို့နယ်အတွင်း စားနပ်ရိက္ခာပြတ်လပ်မှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ဒေသတွင်း ကုလားတန်မြစ်ကြောင်းကိုသာ အဓိကထားရတဲ့ ဒီဒေသမှာ ရေလမ်းကြောင်းရော၊ ကုန်လမ်းပါ ပိတ်ဆို့နေတဲ့အတွက် အဓိကကုန်စည်တင်ပို့ရာ လမ်းကြောင်းဖြစ်တဲ့ စက်လှေတွေရပ်နားထားရလို့ အခြေအနေက အတော်လေးဆိုးနေပါတယ်။ဒီအတွက် စားနပ်ရိက္ခာပြန်ထောက်ပံ့နိုင်ပေးရေး လမ်းကြောင်းပွင့်ဖို့ လူမှု့အဖွဲ့အစည်းတွေ၊ ဒေသတွင်းအာဏာပိုင်တွေက ကြိုးစားနေတယ် ဆိုပါတယ်။

အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ကအစ ငပိအဆုံး တင်သွင်းနေရတဲ့ ဒီဒေသမှာ လူဦးရေတစ်သိန်းကျော် နေထိုင်တဲ့အတွက် ဒီလိုစားနပ်ရိက္ခာပြတ်လပ်မှုက စိုးရိမ်စရာအခြေအနေပါ။ဒီထက်စိုးရိမ်စရာကောင်းတာက လူမျိုးရေးရှေ့တန်းတင်ပြီး ဒေသတွင်း အားကောင်းလာတဲ့ ရခိုင်နဲ့  ပလက်၀ ဒေသခံ ချင်းတွေအကြား ပြဿနာပါဘဲ။ဒေသခံတွေကို ဖမ်းဆီးတဲ့အပြင် အစိုးရဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ ၎င်းတို့ကို မထောက်ခံတဲ့ ဒေသခံကို သတ်ဖြတ်တာတွေ ဖမ်းဆီးနှိပ်စက် ညှင်းပန်းတာတွေကို လက်ရဲဇက်ရဲလုပ်နေတဲ့ ရခိုင်လက်နက်ကိုင် (အေအေ) အဆင့်က တိုင်းရင်းသားလက်နက်ကိုင်အဆင့်ကနေ လက်နက်ကိုင်သောင်းကျန်းသူအဖြစ်ကို လျော့ကျလာနေခဲ့ပါပြီ။     

လက်ရှိမှာ ဒီပလက်၀တိုက်ပွဲက ဒေသတွင်း အကြောက်တရားနဲ့ကြီးစိုးဖို့ ကြိုးစားနေတဲ့ အေအေရဲ့တည်ရှိမှုကို အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲဖြစ်လာဖို့များနေပါပြီ။သတင်းတွေအရ တပ်မတော်ဘက်က မြေပြင်မှာ တပ်တွေကိုဖြည့်တင်းနေသလို လေကြောင်းကနေလဲ တိုက်နေတဲ့အတွက် ရေရှည်မှာဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ရခိုင်လက်နက်ကိုင် (အေအေ) ဘက်က ဖေဖေါ်ဝါရီ ၁၉ ရက်က ရခိုင်မြောက်ပိုင်းမှာ လက်နက်ကြီးကျည်ထိတဲ့ ကျောင်းကိုလာတဲ့ ခရီးစဉ်ကနေပြန်လာတဲ့ လူကယ်ပြန်ဝန်ကြီးရဲ့ ရဟတ်ယာဉ်ကို အောက်ကနေပစ်ခတ်တာတွေ ရှိခဲ့တဲ့အတွက် ရှေ့ဆက်ဘာတွေဖြစ်လာဦးမလဲဆိုတာ ရင်တမမနဲ့ ဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လူပီသတဲ့ စိတ်

ယခုရက်သတ္တပတ်ထဲမှာ သတင်းတွေထဲမှာ ထူးခြားတဲ့သတင်းနှစ်ပုဒ် ရှိပါတယ်။တစ်ခုက လူ့ဂုဏ်သိက္ခာကို ကိုယ်ချင်းစာစိတ်ကို ပြတဲ့သတင်းဖြစ်ပြီး နောက်တစ်ပွဲက လူစိတ်မရှိတာကို ပြတဲ့သတင်းပါဘဲ။

ယခုရက်ထဲမှာဘဲ ရန်ကုန်-ဒလ မြစ်ကူးသင်္ဘောပေါ်ကနေ သင်္ဘောထွက်ခွာချိန်မှာ လူကျန်လို့ ဆိပ်ခံတံတားပေါ်သို့ ပြန်လည်ခုန်ချရာကနေ မြစ်ထဲပြုတ်ကျခဲ့တဲ့ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။ဒီဖြစ်ရပ်မှာ ထိုအမျိုးသမီးကို ကယ်ဆယ်ဖို့ အဆိုပါ ရန်ကုန်-ဒလ မြစ်ကူး ချယ်ရီသင်္ဘော ရေယာဉ်မှူးက ပေ ၂၀ အမြင့်ကတေ ရေထဲခုန်ချပြီး ကယ်ဆယ်ခဲ့ပါတယ်။အမျိုးသမီးကို ရေယာဉ်မှူးအပါအဝင် လူသုံးဦးက အသက်အန္တရာယ်မကြောက်မရွံ ကယ်ဆယ်တဲ့ပုံက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့သလို  လူသားဆန်မှု၊ စွန့်လွှတ်မှုက လေးစားဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ ပျောက်ကွယ်နေတဲ့ လူသားဆန်မှု၊ အနစ်နာခံစိတ် စတဲ့ ကောင်းမြတ်တဲ့စိတ်ဓာတ်ကို ပြလိုက်တဲ့ ဒီဖြစ်ရပ်က အများပြည်သူကြား ကိုယ်ကျိုးရှာသူတွေ၊ အခွင့်အရေးသမားတွေကြား သတိထားဂရုစိုက်မိစေတဲ့ အရာပါဘဲ။

အဆိုပါကယ်ဆယ်မှုကို မှတ်တမ်းတင်ရိုက်ကူးခဲ့သူ၏ လက်ရာကြောင့် ယခုကဲ့သို့ မြင့်မြတ်သည့်စိတ်ကို သိခွင့်ရခဲ့ခြင်းဖြစ်ပြီး ရိုက်ကူးခွင့်မကြုံခဲ့သည့် အသက်စွန့်ကယ်ဆယ်မှုများ ဘယ်လောက်တောင်ရှိနေပြီလဲဆိုတာ တွေးစရာပါ။ယခုဖြစ်ရပ်နဲ့ပြောင်းပြန် ယုတ်မာလွန်းတဲ့ ဖြစ်ရပ်တစ်ခု မြန်မာနိုင်ငံ အထက်ဘက်မှာ ဖြစ်ခဲ့ပါတယ်။ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၇ နာရီခန့်က မြစ်ကြီးနားမှ မန္တလေးသို့ မောင်းနှင်လာသော အမှတ် (၄၂) အစုန် အမြန်ရထားဟာ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် မဒေါင်းလှဘူတာနှင့် ခင်ဦးဘူတာကြား ရထားသံလမ်းပေါ်တွင် ထန်းလုံးများနှင့် ကျောက်တုံးများ ပိတ်ဆို့ချထားလို့ ရပ်တန့်ခဲ့ရပါတယ်။သတင်းတွေအရ ရထားစက်ခေါင်းမောင်းကတွေ့ရှိလို့ အချိန်မီဘရိတ်ဆွဲနိုင်ခဲ့တယ် ဆိုပါတယ်။နောက်တစ်နေရာမှာလည်း သံလမ်းပေါ် အဝတ်နဲ့ဖုံးထားတဲ့ ကျောက်တုံးတွေ့လို့ စက်ခေါင်းမောင်းက ဆင်းရှင်းခဲ့ရပါတယ်။

ယခုလို ကိုယ်လဲအကျိုးမရှိ ၊ မြင်သာမမြင်ရင် ရထားပေါ်က ခရီးသည်အမြောက်အမြား သေဆုံးကြမယ့် ယခုလုပ်ရပ်က အရမ်းကိုဆိုးရွားခဲ့ပါတယ်။ဒီအတွက် လူမှုကွန်ရက်မှာလည်း ဝေဖန်မှုတွေညံခဲ့သလို ဆဲဆိုမှုတွေလည်း ပြည့်နှက်ခဲ့ပါတယ်။ရထားရဲတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့က ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာမှာ တရားခံက ကြားရရင် ယုံစရာတောင်မရှိပါဘူး။အဲဒီလို ယုတ်ယုတ်ညံ့ညံ့လုပ်တဲ့သူက မီးရထားသံလမ်းလုပ်သား ဖြစ်နေပါတယ်။တရားခံက ဖြောင့်ချက်ပေးရာမှာ လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုတွေနဲ့ အထက်အရာရှိအပေါ် လစာငွေကြိုမထုတ်ပေးတာကို မကျေနပ်လို့ ဌာနတာဝန်ရှိသူများ ဒုက္ခရောက်စေရန် ရည်ရွယ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

လူအချင်းတူတူ တစ်ချို့က လူတွေကို ကိုယ်ကျိုးစွန့်ပြီး ကယ်တင်နေတာရှိသလို တချို့ကတော့ ဘယ်သူတွေ ဘာဖြစ်ဖြစ် ကိုယ့်လိုဘပြည့်မယ်ဆိုရင် ဘယ်သူပဲသေသေဆိုတဲ့ ယုတ်မာတဲ့စိတ်ဓာတ် ရှိတယ်ဆိုတာကို  ယခုဖြစ်ရပ်က မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားအမှု ဒီလိုနဲ့ပြီးတော့မလား

အများစိတ်ဝင်စားတဲ့ Victoria အမှုကတော့ ဒီလောက်တစ်နိုင်ငံလုံးအုံနဲ့ကျင်းနဲ့ ဆန္ဒပြခဲ့တာတောင် အခုထိ တရားခံက စုပ်စမြုပ်စပျောက်သွားခဲ့ပါတယ်။ကျူးလွန်ခံရသူက ဓာတ်ပုံကို လက်ညှိုးထိုး၊ ဓာတ်ပုံကို နင်းခြေပြခဲ့တာတောင် အဲဒီသူတွေကို အနည်ဆုံးစစ်ဆေးနိုင်ဖို့တောင် မလုပ်နိုင်ခဲ့တဲ့ ယခုအဖြစ်က ရင်နာစရာပါ။ကျူးလွန်ခံရသူ ကလေးငယ်က လူ့လောကထဲ ဝင်လာတာမကြာသေးပါဘူး။ဒီလိုအပြစ်ကင်းတဲ့ ကလေးငယ်တစ်ဦးကို လူမဆန်စွာကျူးလွန်တာကို ကာကွယ်တဲ့ လူ့အဖွဲ့အစည်း မြန်မာပြည်မှာရှိနေတာကို ယခုဖြစ်ရပ်က ထင်ထင်ရှားရှားပြနေခဲ့ပါတယ်။

သေချာတဲ့ CCTV မှတ်တမ်းတွေက သုံးလို့မရအောင်ဖြစ်ခဲ့တာ၊ ထင်ရှားတဲ့ CCTV မှတ်တမ်းတွေ၊ လူသက်သေတွေကထွက်ဆိုလို့ အပြစ်မရှိဘူးလို့ တရားရုံးက တရားရှင်လွှတ်ပေးခဲ့တဲ့ အောင်ကြီး ဆိုသူကိုပဲ ထပ်မံအမှုတင်ဖို့ ပြင်ဆင်နေတာတွေက ကြည့်ရမြင်ရသူတွေအတွက် စိတ်မသက်မသာဖြစ်ရသလို တရားစီရင်ရေးနဲ့ တရားဥပဒေကို စောင့်ရှောက်ကာကွယ်ရတဲ့သူတွေကို ယုံကြည်အားကိုးစိတ် လျော့ကျစေခဲ့ပါတယ်။ယခုရက်ထဲမှာဘဲ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ စွပ်စွဲခံ အောင်ကြီး ကို တရားရှင်လွှတ်ပေးခဲ့မှုအပေါ် ရဲတပ်ဖွဲ့နှင့် ခရိုင်ဥပဒေရုံးတို့က ပြင်ဆင်ချက်တက်ထားခြင်းအပေါ် ပြတ်ပြတ်သားသား ပယ်ချခဲ့ပါတယ်။

ဒါ့အပြင် ဒီအမှုက စုံစမ်းထောက်လှမ်းရမယ့်ကိစ္စဖြစ်တာကြောင့် ဥပဒေချုပ်ရုံးအနေနဲ့ ဆက်လက်ဆောင်ရွက်ရမယ့်အခြေအနေ မရှိတော့ဘူးလို့ ပြောခဲ့သလို ကျူးလွန်သူဟာ အောင်ကြီး မဟုတ်ဘဲ အခြားသံသယရှိလူများ ပေါ်ပေါက်ခဲ့ရင်၊ လုံလောက်သည့် အထောက်အထားတွေရှိခဲ့ရင် သီးခြားအမှုဖွင့်နိုင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။၂၀၁၉ ခုနှစ်၊ မေ (၁၇) ရက်နေ့က လိင်အကြမ်းဖက်ခံခဲ့ရတဲ့အမှုက ယခုအချိန်မှာ ခိုင်လုံတဲ့ သက်သေအထောက်အထားဆိုတာ ကာယကံရှင် ကလေးငယ်ကလွဲပြီး ဘာမှမကျန်လောက်အောင် ဖြစ်နေပါပြီ။ဒီအတွက်လည်း ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဌ ဦးတင်ထွေး က သတင်းမီဒီယာတွေနဲ့တွေ့ရာမှာ အမှုမှန်မဖော်ထုတ်နိုင်ခြင်းသည် ရဲတပ်ဖွဲ့တွင် တာ၀န်ရှိတယ်လို့ ပြောခဲ့ပါတယ်။

ဒီအမှုအပေါ် ဦးတင်ထွေး က ပြောခဲ့ရာမှာ “ဖြစ်ရပ်မှန်အပေါ်မှာ ဘာဖြစ်လို့ ဒီလမ်းတွေနဲ့ကွေ့ပတ်ပြီးတော့မှ ဖြစ်ရပ်မှန်ကို မဖော်ထုတ်နိုင်သလဲဆိုတဲ့ဟာက ဒါက ဒီအမှုမှာစစ်ဆေးတဲ့၊ အမှုကိုတာ၀န်ယူပြီးစစ်တဲ့ အဖွဲ့အစည်းအပေါ်မှာ အများကြီးတာ၀န်ရှိတယ်။စစ်ဆေးတဲ့ တရားသူကြီးမှာ တာ၀န်မရှိဘူး၊ ဥပဒေအရာရှိမှာ တာ၀န်မရှိဘူး။သို့သော် ရဲတပ်ဖွဲ့မှာတော့ အများကြီးတာ၀န်ရှိတယ်” လို့ ထောက်ပြခဲ့ပါတယ်။

မကြာခင် ဖေဖေါ်ဝါရီ ၂၂ ရက်မှာ ကလေးငယ် ဗစ်တိုးရီးယားအတွက် မခံမရပ်နိုင်တဲ့ ပြည်သူတွေက နေပြည်တော်မှာ ဆန္ဒပြဖို့ လမ်းပေါ်တက်လာဦးမှာပါ။ဒီကနေ ပြည်သူတွေ ဘယ်လိုဝန်းရံလာမလဲဆိုတာ ခန့်မှန်းလို့မရသေးပါဘူး။ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဌ ဦးတင်ထွေး ပြောခဲ့တဲ့ “ကျူးလွန်ခြင်းခံရတယ်ဆိုတာ လူမမြင်ကွယ်တဲ့နေရာမှာ ရှာလို့ရနိုင်တဲ့ အထောက်အထားလေးတွေ တွေ့ပါလျှက်နဲ့ တရားခံအစစ်ကို မဖော်ထုတ်နိုင်ဘူးဆိုတာက ဖော်ထုတ်တဲ့သူတွေရဲ့ တာ၀န်ပေါ့လျော့မှုပဲ” လို့ ဆိုခဲ့သလို သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံကလဲ စောင့်ကြည့်နေတဲ့အတွက် ဗစ်တိုးရီးယားအမှုအတွက် တရားမျှတမှုရဖို့ အဓိကတာဝန်ယူဖော်ထုတ်ရမယ့် ရဲတပ်ဖွဲ့အနေနဲ့ အမှုကို အစကနေပြန်စမလား၊ တရားခံအစစ် ပြည်ထဲရေးဝန်ကြီးအသစ်လက်ထက်မှာ ထွက်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဒီလိုသတင်းတွေအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြည်သူတွေကို ဆင်းမ်ကတ်တွေကို မှတ်ပုံတင်ဖို့ တိုက်တွန်းခဲ့တာ၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန္တီးနှင့် ဟုမ္မလင်းကို ထည့်ပေးဖို့ တောင်းဆိုမှုကို ရှမ်းနီပါတီနှင့် ရှမ်းနီအရပ်ဖက်အဖွဲ့စည်းတို့က ကန့်ကွက်ခဲ့တာ၊  မြန်မာ့တပ်မတော်တွင် ပထမဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သည့် ဗိုလ်ချုပ် စမစ်ဒွန်းနှင့် ဇနီးဖြစ်သူ၏ အုတ်ဂူသို့ လက်ရှိကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သွားရောက်ဂါရဝပြုခဲ့တာ၊ သင်္ကြန်ကာလအတွင်း သံချပ်ထိုးခဲ့မှုနှင့်ပတ်သက်၍ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ဗိုလ်တထောင်မြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၆ လ ထပ်မံချမှတ်ခဲ့တာ၊ တရုတ်နိုင်ငံတွင် လူကုန်ကူးခံရပြီး တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့ ကွတ်ခိုင်မြို့မှ အသက် (၁၈) နှစ်အရွယ် အမျိုးသမီးနှစ်ဦးကို ကယ်တင်ပေးရန် ကွတ်ခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့များက အကူအညီတောင်းနေတာနဲ့ ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့တဲ့ သတင်းတွေနဲ့ ပြည်သူလူထုအနေဖြင့် ရဲတပ်ဖွဲ့မမှန်မကန်လုပ်ပါက တိုင်ကြားစာပေးပို့နိုင်သော Complaint Centre တည်ထောင်ဖို့ ရှိ၊ မရှိ ရန်ကုန်တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့တဲ့သတင်း၊ စက်သုံးဆီ ဂါလံပေါင်း တစ်သိန်းရှစ်သောင်းကျော် အလွဲသုံးစားပြုလုပ်ထားသည့် မန်းစည်ပင်ဝန်ထမ်းတစ်ဦး ထွက်ပြေးတိမ်းရှောင်နေတဲ့သတင်း၊ ချိန်းတွေ့နေသည့်စုံတွဲကို လုယက်ခဲ့တဲ့သူနှစ်ဦး လုခံရသူက ဓားနဲ့ထိုးလို့ သေဆုံးခဲ့တဲ့သတင်းတွေကလည်း ယခုရက်သတ္တပတ်ရဲ့ စိတ်ဝင်စားစရာသတင်းတွေဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာပဲရပ်နားလိုက်ချင်ပါတယ်။

မာလင်း
ဖေဖော်ဝါရီ - ၂၁
( Zawgyi )
ယခုရက္သတၱပတ္အတြင္း သတင္းေတြထဲမွာ ရန္ကုန္မွာ မီးေလာင္မႈ ႏွစ္ရက္ဆက္တိုက္ျဖစ္ခဲ့ရာမွာ လူသုံးဦးထိေသဆုံးခဲ့ရတဲ့ မီးသတင္းက သတင္းဖတ္သူေတြအတြက္ ေျပာစရာ စိတ္ဝင္စားစရာ ျဖစ္လာခဲ့ပါတယ္။ဒီသတင္းလိုဘဲ ခ်င္းျပည္နယ္ ေတာင္ပိုင္း ပလက္၀မွာျဖစ္ေနတဲ့ တိုက္ပြဲသတင္းေတြ၊ ဖြဲ႕ စည္းပုံျပင္ဆင္ေရးသတင္းေတြ၊ ေနျပည္ေတာ္ ဗစ္တိုးရီးယားအမႈမွာ က်ဴးလြန္သူေပ်ာက္ဆုံးသြားတဲ့သတင္း၊ ေရထဲျပဳတ္က်သူကို သေဘၤာေပၚကေနခုန္ခ်ၿပီး ကယ္တင္ခဲ့တဲ့ ေရယာဥ္မႉးသတင္းေတြက ယခုရက္သတၱပတ္ရဲ႕ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဖြဲ႕စည္းပုံျပင္ဆင္ေရးႏွင့္ ႏိုင္ငံေရးအက်ပ္အတည္း

ယခုရက္သတၱပတ္ သတင္းေတြထဲမွာ ထိပ္တန္းျဖစ္ခဲ့တဲ့သတင္းက ဖြဲစ့ည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ေဆြးေႏြးၾကမယ့္ သတင္းေတြပါဘဲ။မၾကာခင္က ၄၅ ဦးပါ ေကာ္မတီျဖစ္တဲ့ ဖြဲစည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးေကာ္မတီက တင္သြင္းတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းခုႏွစ္ခုကို ေဆြးေႏြးဖို႔ ျပည္ေထာင္စုလႊတ္ေတာ္က ေဆြးေႏြးမယ့္လူစာရင္းကို တင္သြင္းေစခဲ့ပါတယ္။

ေဖေဖၚဝါရီ ၁၇ ရက္ ညေနပိုင္း ေနာက္ဆုံးထားၿပီး တင္သြင္းခိုင္းထားတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးဥပေဒၾကမ္း ေဆြးေႏြးမယ့္လူစာရင္းက ေၾကာက္ခမန္းလိလိ မ်ားခဲ့ပါတယ္။လႊတ္ေတာ္ႏွစ္ရပ္ေပါင္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္း ၆၆၅ ဦးရွိတဲ့အနက္ ၂၈၂ ဦးက ေဆြးေႏြးဖို႔ စာရင္းေပးခဲ့ပါတယ္။ဒါဟာ ဥပေဒၾကမ္းတစ္ခုအတြက္ စံခ်ိန္တင္ေဆြးေႏြးမႈပါဘဲ။ျမန္မာျပည္သာမက ကမာၻမွာလည္း ရွိႏိုင္ခဲ့ပါတယ္။

လႊတ္ေတာ္ႏွစ္ရပ္ေပါင္းမွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္က ၁၆၆ ဦးရွိရာမွာ ၁၆၄ ဦး ဝင္ေရာက္ေဆြးေႏြးမယ္ ဆိုတဲ့အတြက္ အားလုံးနီးပါး ဝင္ေရာက္ေဆြးေႏြးၾကမွာျဖစ္ပါတယ္။အာဏာရပါတီဘက္က ၆၉ ဦး၊ တျခားပါတီမ်ားက ၄၉ ဦးျဖစ္တဲ့အတြက္ အေျခခံဥပေဒျပင္ဆင္ေရးေကာ္မတီ ဖြဲ႕ကတည္းက တပ္ဘက္က ကိုယ္စားလွယ္နဲ႔ အာဏာရပါတီအၾကား အေျခအတင္ျဖစ္လာခဲ့တဲ့အတြက္ ယခုေဆြးေႏြးမႈမွာလည္း အဓိကအေျခအတင္ေဆြးေႏြးၾကမွာက ဒီႏွစ္ဖြဲ႕ဘဲျဖစ္လာပါလိမ့္မယ္။

ထုံးစံအားျဖင့္ လႊတ္ေတာ္အတြင္းမွာ အဆိုတစ္ခုကိုေဆြးေႏြးဖို႔ ၾကာခ်ိန္ကို မိနစ္ပိုင္းသာေပးေလ့ရွိတဲ့အတြက္ ယခုေဆြးေႏြးမႈက သက္တမ္းကုန္တဲ့အထိ ေဆြးေႏြးရမယ့္သေဘာ ျဖစ္လာဖြယ္ရွိေနပါတယ္။ေဖေဖၚဝါရီ ၂၅ ရက္မွာ ယခုေဆြးေႏြးမယ့္ ျပင္ဆင္မယ့္ ဥပေဒၾကမ္းထဲမွာ တပ္ဘက္ကပါဝင္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ အေရအတြက္ကို လႊတ္ေတာ္သက္တမ္းအလိုက္ ေလွ်ာ့ခ်ဖို႔နဲ႔ ကာလုံမွာပါဝင္တဲ့ အဖြဲ႕ဝင္အေရအတြက္ကို ေျပာင္းလဲဖို႔ေတြပါဝင္ပါတယ္။ေဖေဖၚဝါရီ ၂၁ ရက္က ျပဳလုပ္တဲ့ လႊတ္ေတာ္အစည္းအေဝးမွာ အဆိုပါဖြဲ႕စည္းပုံဥပေဒကို ဒုတိယျပင္ဆင္တဲ့ ဥပေဒမူၾကမ္းကို ေဆြးေႏြးတဲ့အခါ ကိုယ္စားလွယ္ ၁၄၉ ဦးသာ ခြင့္ျပဳခဲ့ၿပီး တစ္ဦးလွ်င္ ၈ မိနစ္ သတ္မွတ္ထားကာ ႏိုင္ငံေရးပါတီ၊ အဖြဲ႕အစည္းတစ္ခုခု၊ လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္၊ တိုင္းရင္းသားလူမ်ိဳးစုတစ္ခုခုကို ထိခိုက္ေစမယ့္ အသုံးအႏႈန္းေျပာဆိုခ်က္မ်ားမပါရွိေအာင္ ဂ႐ုျပဳဆင္ျခင္ၾကဖို႔၊ လႊတ္ေတာ္နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕ ဂုဏ္သိကၡာႏွင့္ေလ်ာ္ညီစြာ ေဆြးေႏြးၾကဖို႔နဲ႔ အျခားမသက္ဆိုင္သည့္ အေၾကာင္းအရာမ်ားကို ထည့္သြင္းေဆြးေႏြးျခင္းမျပဳၾကဖို႔ လႊတ္ေတာ္နာယက က သတိေပးခဲ့ပါတယ္။

ထုံးစံအတိုင္းဆို ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ရဲ႕ ေထာက္ခံမဲရရွိမွ ျပင္ဆင္ႏိုင္မွာပါ။လက္ရွိမွာ လက္ရွိဖြဲ႕စည္းပုံအရ လႊတ္ေတာ္ကိုယ္စားလွယ္စုစုေပါင္းရဲ႕ ၂၅ ရာခိုင္ႏႈန္းကို ဝင္ၿပိဳင္စရာမလိုဘဲ တပ္ဘက္က အခ်ိဳးအစားရထားတဲ့အတြက္ ေ႐ြးေကာက္ပြဲမွာ ရာႏႈန္းျပည့္အႏိုင္ရခဲ့တဲ့ပါတီ ရွိခဲ့ရင္ေတာင္ တပ္ဘက္က သေဘာမတူရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ႏိုင္မယ့္အေျခအေန မရွိပါဘူး။ဒီအေျခအေနမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒက ျပ႒ာန္းထားတဲ့အတိုင္း ျပင္မလား၊ ေနာက္ထပ္ ဘယ္နည္းလမ္းနဲ႔ ျဖစ္ေျမာက္ေအာင္ျပင္ဆင္မလဲ၊ ျပင္ဆင္ဖို႔ ကိုယ္စားလွယ္ ၁၄၉ ဦး ေဆြးေႏြးရင္းနဲ႔ လႊတ္ေတာ္သက္တမ္းကုန္သြားမလားဆိုတာ ဆက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

လႊတ္ေတာ္သတင္းဆိုတဲ့အတြက္ လႊတ္ေတာ္ထဲမွာ ေနာက္ထပ္စိတ္ဝင္စားစရာျဖစ္ခဲ့တဲ့ သတင္းတစ္ခုလည္း ရွိပါေသးတယ္။ဒါက ေဖေဖာ္ဝါရီ ၁၇ ရက္က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ မေကြးတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္ (၁) မွ ဦးလွဆန္း က "ကြၽန္ေတာ္တို႔ ျပည္ေထာင္စုအစိုးရဝန္ႀကီးဌာနမ်ားျဖစ္ေသာ ကာကြယ္ေရးဝန္ႀကီးဌာန၊ နယ္စပ္ေရးရာဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာန (၃) ခု အပါအဝင္ ျပည္ေထာင္စုအစိုးရ ဝန္ႀကီးဌာနမ်ားသည္ မလုပ္မရႈပ္မျပဳတ္ လုပ္ေနၾကမည္ဆိုပါက" လို႔ ေျပာခဲ့တဲ့အတြက္ “မလုပ္မရႈပ္မျပဳတ္” ဆိုတဲ့ စကားကို တပ္မေတာ္သား ကိုယ္စားလွယ္တစ္ဦးက ထကန႔္ကြတ္ခဲ့ၿပီး မွတ္တမ္းကပယ္ဖ်က္ေပးဖို႔ တင္ျပခဲ့တာပါ။

ဒါကလည္း အမ်ားျပည္သူသတိထားမိစရာ ျဖစ္ခဲ့ပါတယ္။ယခုရက္ပိုင္း က်င္းပတဲ့ လႊတ္ေတာ္အစည္းအေဝး သတင္းေတြထဲမွာ အာမခံမရတဲ့ ႏိုင္လြတ္လုံဥပေဒကို အာမခံေပးႏိုင္သည့္ ဥပေဒအျဖစ္ ျပင္ဆင္ရန္ ဥပေဒၾကမ္း တင္သြင္းခဲ့တာကိုလည္း ေတြ႕ရပါတယ္။
ဒီလိုျပင္ဆင္ရာမွာ ေထာင္ဒဏ္ေလွ်ာ့ခ်ျပင္ဆင္ျခင္း၊ တရားစြဲဆိုရာ၌ သက္ဆိုင္ရာဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္ရယူရန္၊ ဥပေဒပါျပစ္မႈမ်ားကို အာမခံေပးႏိုင္သည့္ ျပစ္မႈမ်ားအျဖစ္ သတ္မွတ္ရန္၊ ရဲအေရးယူပိုင္ခြင့္ရွိသည့္ ျပစ္မႈအျဖစ္ သတ္မွတ္ရန္ စသည့္အခ်က္မ်ားကို ထည့္သြင္းထားတာကို ေတြ႕ရပါတယ္။

ပလက္၀တိုက္ပြဲႏွင့္ ေဒသခံအေျခအေန

ရခိုင္ေျမာက္ပိုင္းနဲ႔ ဆက္စပ္ေနတဲ့ ခ်င္းေတာင္ပိုင္း ပလက္၀မွာ ယခုရက္ပိုင္းအတြင္း တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ေနသလို ယခုရက္ပိုင္း ေဖေဖာ္ဝါရီ ၁၃ ရက္က ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ခေမြေခ်ာင္းေက်း႐ြာ မူလတန္းလြန္ေက်ာင္းကို လက္နက္ႀကီးက်ည္ က်ေရာက္ခဲ့သည့္အတြက္ ေက်ာင္းသား ၂၁ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ဒီအတြက္ ေဖေဖဝါရီ ၁၉ ရက္မွာ ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ပညာေရး ဒု-ဝန္ႀကီးက ေက်ာင္းဝင္းေတြထဲ လက္နက္ႀကီးပစ္ခတ္မႈ မလုပ္ေဆာင္ဖို႔ ေျပာခဲ့သလို အဆိုပါေဒသေတြမွာ မတည္ၿငိမ္တဲ့အတြက္ တကၠသိုလ္ဝင္တန္းေတြကို ယာယီေ႐ႊ႕ေျပာင္း စစ္ေဆးရဖို႔ရွိေနသလို ေက်ာင္းေတြကိုလည္း ယာယီပိတ္ထားရတာမ်ိဳးေတြ ျဖစ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။

ဒါဟာ ေဒသတြင္းျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ ေဒသရဲ႕ အနာဂတ္ေတြ ထိခိုက္ပ်က္စီးရတဲ့ အျဖစ္ပါဘဲ။ရခိုင္ေျမာက္ပိုင္း စစ္ေရးနယ္ေျမက ပိုက်ယ္ျပန႔္လာသလို အထိအခိုက္အက်အဆုံး သတင္းေတြလဲ ဆက္တိုက္ဆိုသလို ၾကားလာရပါတယ္။ယခုအခါမွာ ရခိုင္ေျမာက္ပိုင္းကေန ေက်ာ္လြန္ၿပီး ခ်င္းျပည္နယ္ ေတာင္ပိုင္းအထိ တိုက္ပြဲေတြက က်ယ္ျပန႔္လာခဲ့ပါတယ္။ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္း တပ္မေတာ္ႏွင့္ ရခိုင္တပ္ (AA) တို႔ၾကား တိုက္ပြဲေတြျပင္းထန္ေနတာ ၁၀ ရက္ၾကာၿပီျဖစ္တဲ့အတြက္ ပလက္ဝၿမိဳ႕နယ္အတြင္း စားနပ္ရိကၡာျပတ္လပ္မႈေတြ ျဖစ္ေပၚေနခဲ့ပါတယ္။ေဒသတြင္း ကုလားတန္ျမစ္ေၾကာင္းကိုသာ အဓိကထားရတဲ့ ဒီေဒသမွာ ေရလမ္းေၾကာင္းေရာ၊ ကုန္လမ္းပါ ပိတ္ဆို႔ေနတဲ့အတြက္ အဓိကကုန္စည္တင္ပို႔ရာ လမ္းေၾကာင္းျဖစ္တဲ့ စက္ေလွေတြရပ္နားထားရလို႔ အေျခအေနက အေတာ္ေလးဆိုးေနပါတယ္။ဒီအတြက္ စားနပ္ရိကၡာျပန္ေထာက္ပံ့ႏိုင္ေပးေရး လမ္းေၾကာင္းပြင့္ဖို႔ လူမႈ႕အဖြဲ႕အစည္းေတြ၊ ေဒသတြင္းအာဏာပိုင္ေတြက ႀကိဳးစားေနတယ္ ဆိုပါတယ္။

အေျခခံစားေသာက္ကုန္ျဖစ္တဲ့ ဆန္ကအစ ငပိအဆုံး တင္သြင္းေနရတဲ့ ဒီေဒသမွာ လူဦးေရတစ္သိန္းေက်ာ္ ေနထိုင္တဲ့အတြက္ ဒီလိုစားနပ္ရိကၡာျပတ္လပ္မႈက စိုးရိမ္စရာအေျခအေနပါ။ဒီထက္စိုးရိမ္စရာေကာင္းတာက လူမ်ိဳးေရးေရွ႕တန္းတင္ၿပီး ေဒသတြင္း အားေကာင္းလာတဲ့ ရခိုင္နဲ႔  ပလက္၀ ေဒသခံ ခ်င္းေတြအၾကား ျပႆနာပါဘဲ။ေဒသခံေတြကို ဖမ္းဆီးတဲ့အျပင္ အစိုးရဝန္ထမ္းေတြ၊ ပညာေရးဝန္ထမ္းေတြ၊ ၎တို႔ကို မေထာက္ခံတဲ့ ေဒသခံကို သတ္ျဖတ္တာေတြ ဖမ္းဆီးႏွိပ္စက္ ညႇင္းပန္းတာေတြကို လက္ရဲဇက္ရဲလုပ္ေနတဲ့ ရခိုင္လက္နက္ကိုင္ (ေအေအ) အဆင့္က တိုင္းရင္းသားလက္နက္ကိုင္အဆင့္ကေန လက္နက္ကိုင္ေသာင္းက်န္းသူအျဖစ္ကို ေလ်ာ့က်လာေနခဲ့ပါၿပီ။     

လက္ရွိမွာ ဒီပလက္၀တိုက္ပြဲက ေဒသတြင္း အေၾကာက္တရားနဲ႔ႀကီးစိုးဖို႔ ႀကိဳးစားေနတဲ့ ေအေအရဲ႕တည္ရွိမႈကို အဆုံးအျဖတ္ေပးမယ့္ တိုက္ပြဲျဖစ္လာဖို႔မ်ားေနပါၿပီ။သတင္းေတြအရ တပ္မေတာ္ဘက္က ေျမျပင္မွာ တပ္ေတြကိုျဖည့္တင္းေနသလို ေလေၾကာင္းကေနလဲ တိုက္ေနတဲ့အတြက္ ေရရွည္မွာဘာေတြျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။ရခိုင္လက္နက္ကိုင္ (ေအေအ) ဘက္က ေဖေဖၚဝါရီ ၁၉ ရက္က ရခိုင္ေျမာက္ပိုင္းမွာ လက္နက္ႀကီးက်ည္ထိတဲ့ ေက်ာင္းကိုလာတဲ့ ခရီးစဥ္ကေနျပန္လာတဲ့ လူကယ္ျပန္ဝန္ႀကီးရဲ႕ ရဟတ္ယာဥ္ကို ေအာက္ကေနပစ္ခတ္တာေတြ ရွိခဲ့တဲ့အတြက္ ေရွ႕ဆက္ဘာေတြျဖစ္လာဦးမလဲဆိုတာ ရင္တမမနဲ႔ ဆက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

လူပီသတဲ့ စိတ္

ယခုရက္သတၱပတ္ထဲမွာ သတင္းေတြထဲမွာ ထူးျခားတဲ့သတင္းႏွစ္ပုဒ္ ရွိပါတယ္။တစ္ခုက လူ႔ဂုဏ္သိကၡာကို ကိုယ္ခ်င္းစာစိတ္ကို ျပတဲ့သတင္းျဖစ္ၿပီး ေနာက္တစ္ပြဲက လူစိတ္မရွိတာကို ျပတဲ့သတင္းပါဘဲ။

ယခုရက္ထဲမွာဘဲ ရန္ကုန္-ဒလ ျမစ္ကူးသေဘၤာေပၚကေန သေဘၤာထြက္ခြာခ်ိန္မွာ လူက်န္လို႔ ဆိပ္ခံတံတားေပၚသို႔ ျပန္လည္ခုန္ခ်ရာကေန ျမစ္ထဲျပဳတ္က်ခဲ့တဲ့ျဖစ္ရပ္ ျဖစ္ခဲ့ပါတယ္။ဒီျဖစ္ရပ္မွာ ထိုအမ်ိဳးသမီးကို ကယ္ဆယ္ဖို႔ အဆိုပါ ရန္ကုန္-ဒလ ျမစ္ကူး ခ်ယ္ရီသေဘၤာ ေရယာဥ္မႉးက ေပ ၂၀ အျမင့္ကေတ ေရထဲခုန္ခ်ၿပီး ကယ္ဆယ္ခဲ့ပါတယ္။အမ်ိဳးသမီးကို ေရယာဥ္မႉးအပါအဝင္ လူသုံးဦးက အသက္အႏၲရာယ္မေၾကာက္မ႐ြံ ကယ္ဆယ္တဲ့ပုံက လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့သလို  လူသားဆန္မႈ၊ စြန႔္လႊတ္မႈက ေလးစားဂုဏ္ယူစရာ ျဖစ္ခဲ့ပါတယ္။ျမန္မာႏိုင္ငံမွာ ေပ်ာက္ကြယ္ေနတဲ့ လူသားဆန္မႈ၊ အနစ္နာခံစိတ္ စတဲ့ ေကာင္းျမတ္တဲ့စိတ္ဓာတ္ကို ျပလိုက္တဲ့ ဒီျဖစ္ရပ္က အမ်ားျပည္သူၾကား ကိုယ္က်ိဳးရွာသူေတြ၊ အခြင့္အေရးသမားေတြၾကား သတိထားဂ႐ုစိုက္မိေစတဲ့ အရာပါဘဲ။

အဆိုပါကယ္ဆယ္မႈကို မွတ္တမ္းတင္႐ိုက္ကူးခဲ့သူ၏ လက္ရာေၾကာင့္ ယခုကဲ့သို႔ ျမင့္ျမတ္သည့္စိတ္ကို သိခြင့္ရခဲ့ျခင္းျဖစ္ၿပီး ႐ိုက္ကူးခြင့္မႀကဳံခဲ့သည့္ အသက္စြန႔္ကယ္ဆယ္မႈမ်ား ဘယ္ေလာက္ေတာင္ရွိေနၿပီလဲဆိုတာ ေတြးစရာပါ။ယခုျဖစ္ရပ္နဲ႔ေျပာင္းျပန္ ယုတ္မာလြန္းတဲ့ ျဖစ္ရပ္တစ္ခု ျမန္မာႏိုင္ငံ အထက္ဘက္မွာ ျဖစ္ခဲ့ပါတယ္။ေဖေဖာ္ဝါရီ ၁၈ ရက္ နံနက္ ၇ နာရီခန႔္က ျမစ္ႀကီးနားမွ မႏၲေလးသို႔ ေမာင္းႏွင္လာေသာ အမွတ္ (၄၂) အစုန္ အျမန္ရထားဟာ စစ္ကိုင္းတိုင္းေဒသႀကီး ခင္ဦးၿမိဳ႕နယ္ မေဒါင္းလွဘူတာႏွင့္ ခင္ဦးဘူတာၾကား ရထားသံလမ္းေပၚတြင္ ထန္းလုံးမ်ားႏွင့္ ေက်ာက္တုံးမ်ား ပိတ္ဆို႔ခ်ထားလို႔ ရပ္တန႔္ခဲ့ရပါတယ္။သတင္းေတြအရ ရထားစက္ေခါင္းေမာင္းကေတြ႕ရွိလို႔ အခ်ိန္မီဘရိတ္ဆြဲႏိုင္ခဲ့တယ္ ဆိုပါတယ္။ေနာက္တစ္ေနရာမွာလည္း သံလမ္းေပၚ အဝတ္နဲ႔ဖုံးထားတဲ့ ေက်ာက္တုံးေတြ႕လို႔ စက္ေခါင္းေမာင္းက ဆင္းရွင္းခဲ့ရပါတယ္။

ယခုလို ကိုယ္လဲအက်ိဳးမရွိ ၊ ျမင္သာမျမင္ရင္ ရထားေပၚက ခရီးသည္အေျမာက္အျမား ေသဆုံးၾကမယ့္ ယခုလုပ္ရပ္က အရမ္းကိုဆိုး႐ြားခဲ့ပါတယ္။ဒီအတြက္ လူမႈကြန္ရက္မွာလည္း ေဝဖန္မႈေတြညံခဲ့သလို ဆဲဆိုမႈေတြလည္း ျပည့္ႏွက္ခဲ့ပါတယ္။ရထားရဲတပ္ဖြဲ႕ႏွင့္ ရဲတပ္ဖြဲ႕က ပူးေပါင္းစုံစမ္းေဖာ္ထုတ္ခဲ့ရာမွာ တရားခံက ၾကားရရင္ ယုံစရာေတာင္မရွိပါဘူး။အဲဒီလို ယုတ္ယုတ္ညံ့ညံ့လုပ္တဲ့သူက မီးရထားသံလမ္းလုပ္သား ျဖစ္ေနပါတယ္။တရားခံက ေျဖာင့္ခ်က္ေပးရာမွာ လုပ္ငန္းခြင္အတြင္း အဆင္မေျပမႈေတြနဲ႔ အထက္အရာရွိအေပၚ လစာေငြႀကိဳမထုတ္ေပးတာကို မေက်နပ္လို႔ ဌာနတာဝန္ရွိသူမ်ား ဒုကၡေရာက္ေစရန္ ရည္႐ြယ္ၿပီး ျပစ္မႈက်ဴးလြန္ခဲ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

လူအခ်င္းတူတူ တစ္ခ်ိဳ႕က လူေတြကို ကိုယ္က်ိဳးစြန႔္ၿပီး ကယ္တင္ေနတာရွိသလို တခ်ိဳ႕ကေတာ့ ဘယ္သူေတြ ဘာျဖစ္ျဖစ္ ကိုယ့္လိုဘျပည့္မယ္ဆိုရင္ ဘယ္သူပဲေသေသဆိုတဲ့ ယုတ္မာတဲ့စိတ္ဓာတ္ ရွိတယ္ဆိုတာကို  ယခုျဖစ္ရပ္က မီးေမာင္းထိုးျပလိုက္တာပဲ ျဖစ္ပါတယ္။

ဗစ္တိုးရီးယားအမႈ ဒီလိုနဲ႔ၿပီးေတာ့မလား

အမ်ားစိတ္ဝင္စားတဲ့ Victoria အမႈကေတာ့ ဒီေလာက္တစ္ႏိုင္ငံလုံးအုံနဲ႔က်င္းနဲ႔ ဆႏၵျပခဲ့တာေတာင္ အခုထိ တရားခံက စုပ္စျမဳပ္စေပ်ာက္သြားခဲ့ပါတယ္။က်ဴးလြန္ခံရသူက ဓာတ္ပုံကို လက္ညႇိဳးထိုး၊ ဓာတ္ပုံကို နင္းေျချပခဲ့တာေတာင္ အဲဒီသူေတြကို အနည္ဆုံးစစ္ေဆးႏိုင္ဖို႔ေတာင္ မလုပ္ႏိုင္ခဲ့တဲ့ ယခုအျဖစ္က ရင္နာစရာပါ။က်ဴးလြန္ခံရသူ ကေလးငယ္က လူ႔ေလာကထဲ ဝင္လာတာမၾကာေသးပါဘူး။ဒီလိုအျပစ္ကင္းတဲ့ ကေလးငယ္တစ္ဦးကို လူမဆန္စြာက်ဴးလြန္တာကို ကာကြယ္တဲ့ လူ႔အဖြဲ႕အစည္း ျမန္မာျပည္မွာရွိေနတာကို ယခုျဖစ္ရပ္က ထင္ထင္ရွားရွားျပေနခဲ့ပါတယ္။

ေသခ်ာတဲ့ CCTV မွတ္တမ္းေတြက သုံးလို႔မရေအာင္ျဖစ္ခဲ့တာ၊ ထင္ရွားတဲ့ CCTV မွတ္တမ္းေတြ၊ လူသက္ေသေတြကထြက္ဆိုလို႔ အျပစ္မရွိဘူးလို႔ တရား႐ုံးက တရားရွင္လႊတ္ေပးခဲ့တဲ့ ေအာင္ႀကီး ဆိုသူကိုပဲ ထပ္မံအမႈတင္ဖို႔ ျပင္ဆင္ေနတာေတြက ၾကည့္ရျမင္ရသူေတြအတြက္ စိတ္မသက္မသာျဖစ္ရသလို တရားစီရင္ေရးနဲ႔ တရားဥပေဒကို ေစာင့္ေရွာက္ကာကြယ္ရတဲ့သူေတြကို ယုံၾကည္အားကိုးစိတ္ ေလ်ာ့က်ေစခဲ့ပါတယ္။ယခုရက္ထဲမွာဘဲ မႏၲေလးတိုင္းေဒသႀကီး ဥပေဒခ်ဳပ္႐ုံးက ဗစ္တိုးရီးယားအမႈႏွင့္ ပတ္သက္၍ စြပ္စြဲခံ ေအာင္ႀကီး ကို တရားရွင္လႊတ္ေပးခဲ့မႈအေပၚ ရဲတပ္ဖြဲ႕ႏွင့္ ခ႐ိုင္ဥပေဒ႐ုံးတို႔က ျပင္ဆင္ခ်က္တက္ထားျခင္းအေပၚ ျပတ္ျပတ္သားသား ပယ္ခ်ခဲ့ပါတယ္။

ဒါ့အျပင္ ဒီအမႈက စုံစမ္းေထာက္လွမ္းရမယ့္ကိစၥျဖစ္တာေၾကာင့္ ဥပေဒခ်ဳပ္႐ုံးအေနနဲ႔ ဆက္လက္ေဆာင္႐ြက္ရမယ့္အေျခအေန မရွိေတာ့ဘူးလို႔ ေျပာခဲ့သလို က်ဴးလြန္သူဟာ ေအာင္ႀကီး မဟုတ္ဘဲ အျခားသံသယရွိလူမ်ား ေပၚေပါက္ခဲ့ရင္၊ လုံေလာက္သည့္ အေထာက္အထားေတြရွိခဲ့ရင္ သီးျခားအမႈဖြင့္ႏိုင္တယ္ဆိုၿပီး ေျပာခဲ့ပါတယ္။၂၀၁၉ ခုႏွစ္၊ ေမ (၁၇) ရက္ေန႔က လိင္အၾကမ္းဖက္ခံခဲ့ရတဲ့အမႈက ယခုအခ်ိန္မွာ ခိုင္လုံတဲ့ သက္ေသအေထာက္အထားဆိုတာ ကာယကံရွင္ ကေလးငယ္ကလြဲၿပီး ဘာမွမက်န္ေလာက္ေအာင္ ျဖစ္ေနပါၿပီ။ဒီအတြက္လည္း ျပည္သူ႔လႊတ္ေတာ္၊ တရားစီရင္ေရးႏွင့္ ဥပေဒေရးရာေကာ္မတီ ဥကၠဌ ဦးတင္ေထြး က သတင္းမီဒီယာေတြနဲ႔ေတြ႕ရာမွာ အမႈမွန္မေဖာ္ထုတ္ႏိုင္ျခင္းသည္ ရဲတပ္ဖြဲ႕တြင္ တာ၀န္ရွိတယ္လို႔ ေျပာခဲ့ပါတယ္။

ဒီအမႈအေပၚ ဦးတင္ေထြး က ေျပာခဲ့ရာမွာ “ျဖစ္ရပ္မွန္အေပၚမွာ ဘာျဖစ္လို႔ ဒီလမ္းေတြနဲ႔ေကြ႕ပတ္ၿပီးေတာ့မွ ျဖစ္ရပ္မွန္ကို မေဖာ္ထုတ္ႏိုင္သလဲဆိုတဲ့ဟာက ဒါက ဒီအမႈမွာစစ္ေဆးတဲ့၊ အမႈကိုတာ၀န္ယူၿပီးစစ္တဲ့ အဖြဲ႕အစည္းအေပၚမွာ အမ်ားႀကီးတာ၀န္ရွိတယ္။စစ္ေဆးတဲ့ တရားသူႀကီးမွာ တာ၀န္မရွိဘူး၊ ဥပေဒအရာရွိမွာ တာ၀န္မရွိဘူး။သို႔ေသာ္ ရဲတပ္ဖြဲ႕မွာေတာ့ အမ်ားႀကီးတာ၀န္ရွိတယ္” လို႔ ေထာက္ျပခဲ့ပါတယ္။

မၾကာခင္ ေဖေဖၚဝါရီ ၂၂ ရက္မွာ ကေလးငယ္ ဗစ္တိုးရီးယားအတြက္ မခံမရပ္ႏိုင္တဲ့ ျပည္သူေတြက ေနျပည္ေတာ္မွာ ဆႏၵျပဖို႔ လမ္းေပၚတက္လာဦးမွာပါ။ဒီကေန ျပည္သူေတြ ဘယ္လိုဝန္းရံလာမလဲဆိုတာ ခန႔္မွန္းလို႔မရေသးပါဘူး။ျပည္သူ႔လႊတ္ေတာ္၊ တရားစီရင္ေရးႏွင့္ ဥပေဒေရးရာေကာ္မတီ ဥကၠဌ ဦးတင္ေထြး ေျပာခဲ့တဲ့ “က်ဴးလြန္ျခင္းခံရတယ္ဆိုတာ လူမျမင္ကြယ္တဲ့ေနရာမွာ ရွာလို႔ရႏိုင္တဲ့ အေထာက္အထားေလးေတြ ေတြ႕ပါလွ်က္နဲ႔ တရားခံအစစ္ကို မေဖာ္ထုတ္ႏိုင္ဘူးဆိုတာက ေဖာ္ထုတ္တဲ့သူေတြရဲ႕ တာ၀န္ေပါ့ေလ်ာ့မႈပဲ” လို႔ ဆိုခဲ့သလို သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံကလဲ ေစာင့္ၾကည့္ေနတဲ့အတြက္ ဗစ္တိုးရီးယားအမႈအတြက္ တရားမွ်တမႈရဖို႔ အဓိကတာဝန္ယူေဖာ္ထုတ္ရမယ့္ ရဲတပ္ဖြဲ႕အေနနဲ႔ အမႈကို အစကေနျပန္စမလား၊ တရားခံအစစ္ ျပည္ထဲေရးဝန္ႀကီးအသစ္လက္ထက္မွာ ထြက္လာမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ဒီလိုသတင္းေတြအျပင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ျပည္သူေတြကို ဆင္းမ္ကတ္ေတြကို မွတ္ပုံတင္ဖို႔ တိုက္တြန္းခဲ့တာ၊ နာဂ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ခႏၲီးႏွင့္ ဟုမၼလင္းကို ထည့္ေပးဖို႔ ေတာင္းဆိုမႈကို ရွမ္းနီပါတီႏွင့္ ရွမ္းနီအရပ္ဖက္အဖြဲ႕စည္းတို႔က ကန႔္ကြက္ခဲ့တာ၊  ျမန္မာ့တပ္မေတာ္တြင္ ပထမဆုံး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္ခဲ့သည့္ ဗိုလ္ခ်ဳပ္ စမစ္ဒြန္းႏွင့္ ဇနီးျဖစ္သူ၏ အုတ္ဂူသို႔ လက္ရွိကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က သြားေရာက္ဂါရဝျပဳခဲ့တာ၊ သၾကၤန္ကာလအတြင္း သံခ်ပ္ထိုးခဲ့မႈႏွင့္ပတ္သက္၍ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ကို ဗိုလ္တေထာင္ၿမိဳ႕နယ္တရား႐ုံးက အလုပ္ႏွင့္ ေထာင္ဒဏ္ ၆ လ ထပ္မံခ်မွတ္ခဲ့တာ၊ တ႐ုတ္ႏိုင္ငံတြင္ လူကုန္ကူးခံရၿပီး တ႐ုတ္မယားအျဖစ္ ေရာင္းစားခံရတဲ့ ကြတ္ခိုင္ၿမိဳ႕မွ အသက္ (၁၈) ႏွစ္အ႐ြယ္ အမ်ိဳးသမီးႏွစ္ဦးကို ကယ္တင္ေပးရန္ ကြတ္ခိုင္အေျခစိုက္ အရပ္ဘက္အဖြဲ႕မ်ားက အကူအညီေတာင္းေနတာနဲ႔ ေကာ့ေသာင္းခ႐ိုင္ ရဲတပ္ဖြဲ႕မႉး႐ုံးမွ ဒုရဲမႉးတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးခဲ့တဲ့ သတင္းေတြနဲ႔ ျပည္သူလူထုအေနျဖင့္ ရဲတပ္ဖြဲ႕မမွန္မကန္လုပ္ပါက တိုင္ၾကားစာေပးပို႔ႏိုင္ေသာ Complaint Centre တည္ေထာင္ဖို႔ ရွိ၊ မရွိ ရန္ကုန္တိုင္းလႊတ္ေတာ္မွာ ေမးျမန္းခဲ့တဲ့သတင္း၊ စက္သုံးဆီ ဂါလံေပါင္း တစ္သိန္းရွစ္ေသာင္းေက်ာ္ အလြဲသုံးစားျပဳလုပ္ထားသည့္ မန္းစည္ပင္ဝန္ထမ္းတစ္ဦး ထြက္ေျပးတိမ္းေရွာင္ေနတဲ့သတင္း၊ ခ်ိန္းေတြ႕ေနသည့္စုံတြဲကို လုယက္ခဲ့တဲ့သူႏွစ္ဦး လုခံရသူက ဓားနဲ႔ထိုးလို႔ ေသဆုံးခဲ့တဲ့သတင္းေတြကလည္း ယခုရက္သတၱပတ္ရဲ႕ စိတ္ဝင္စားစရာသတင္းေတြျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာပဲရပ္နားလိုက္ခ်င္ပါတယ္။

မာလင္း
ေဖေဖာ္ဝါရီ - ၂၁