【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဗစ်တိုးရီးယားအမှု တရားခံဘယ်သူလဲ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဗစ်တိုးရီးယားအမှု တရားခံဘယ်သူလဲ

ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ စိတ်ဝင်စားစရာသတင်းက ဗစ်တိုးရီးယား ကလေးသူငယ် မဖွယ်မရာပြုကျင့်ခံရမှုကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ သတင်းတွေပါဘဲ။ဒီသတင်းက နိုင်ငံတကာထိ ပေါက်ခဲ့တဲ့အပြင် အများပြည်သူ အာရုံစိုက်စရာဖြစ်ခဲ့လို့ အမှားအယွင်းမခံတဲ့ သတင်းဖြစ်လာခဲ့ပါတယ်။ဒီလိုသတင်းတွေအပြင် ဦးဝီရသူ နေထိုင်ခဲ့ရာ ကျောင်းတိုက်ကို ဝရမ်းကပ်ရာမှာ နာရီပိုင်းအတွင်း ဝရမ်းစာရွက်ကို ဆော့ပင်နဲ့ ကြက်ခြေခတ် အခတ်ခံရတဲ့  သတင်းကလည်း စိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။

ဒီလိုသတင်းက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ ထိပ်တန်းသတင်းတွေဖြစ်တဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) ထိပ်တန်းခေါင်းဆောင်တွေကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားတဲ့ သတင်း၊ စင်ကာပူ ပြည်ထဲရေးဌာန (MHA) က ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို ကူညီထောက်ခံသူ မြန်မာနိုင်ငံသား အုပ်စုတစ်စုကို အရေးယူ ဆောင်ရွက်နေတဲ့ သတင်း၊ စင်ကာပူနိုင်ငံ အခြေစိုက် ရခိုင်အသင်း (စင်ကာပူ) ဥက္ကဋ္ဌနှင့် AA ဦးစီးချုပ်၏ ညီဖြစ်သူ အပါအဝင် ရခိုင်တိုင်းရင်းသား ခြောက်ဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ သတင်း၊ အိန္ဒိယနိုင်ငံက ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး အသင့်ဆောက်လုပ်ပြီး နေအိမ်အလုံး ၂၅၀ ကို မြန်မာအစိုးရထံ လွှဲပြောင်းပေးခဲ့တဲ့ သတင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စခန်းတစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ လာရောက်တိုက်ခိုက်လို့ စစ်သည်နှစ်ဦး ကျဆုံးပြီး ရဲတပ်ဖွဲ့ဝင်နှင့် စစ်သားများ ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ အချုပ်အခြာကို ထိပါးမည့် ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်ထံ လွှဲပြောင်းသင့်သည်ဟူ၍ အမေရိကန် အောက်လွှတ်တော် အမတ်တစ်ဦး၏ ပြောကြားချက် လက်ခံမည်မဟုတ်ဟု အစိုးရက တုံ့ပြန်ခဲ့တဲ့ သတင်း၊ ဧရာဝတီနှင့် ချင်းတွင်းမြစ် အပါအဝင် မြစ်ငါးစင်း ရေတက်လာလို့ မြစ်ကမ်းဘေးဒေသတွေကို ရေဘေးအတွက် သတိပေးထားတဲ့ သတင်း၊ ဘီးလင်းမြစ်ရေတက်လို့ လူ ၇၀၀ ကျော် ကယ်ဆယ်ရေးစခန်း ငါးခုမှာ ခိုလှုံနေရတဲ့ သတင်းတွေထဲ ထူးထူးခြားခြား သတိထားစရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

တရားမျှတမှု ဘယ်သူရှာပေးမလဲ

ယခုရက်သတ္တပတ်အတွင်း နိုင်ငံတော်သမ္မတရုံးစိုက်ရာ နေပြည်တော်တွင် ဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးရှိ မြို့ကြီးများမှာ ပြည်သူလူထုက တရားမျှတမှုရှိရေး၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့တာပါ။ဒါဟာ ဇူလိုင် ၅ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ချုပ်မှ ဒုရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ က ဗစ်တိုးရီးယား မဖွယ်မရာပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး ဖြေရှင်းခဲ့ပြီးနောက် ထိုအဖြေအပေါ် အများပြည်သူက ဘဝင်မကျရာကနေ မူလစီစဉ်ထားတဲ့အတိုင်း ရန်ကုန်ကနေစပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

အရပ်သားအစိုးရလက်ထက်မှာ ယခင်ကထက် ပြည်သူတွေ ဘဝင်မကျစရာ ဖြစ်ရပ်တွေက ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ဒါဟာ တိုက်ဆိုင်မှုလို့ ပြောရအောင်လည်း များလာတဲ့အတွက် အများပြည်သူက သတိထားမိလာခဲ့ပါတယ်။နေပြည်တော်မှာဖြစ်တဲ့ ယခုပြဿနာမှာ အများပြည်သူက အာဏာပိုင်တွေအနေနဲ့ လူမဆန်တဲ့ တရားခံကို လွယ်လွယ်ကူကူ ဖော်ထုတ်နိုင်ခဲ့မယ်လို့ ယူဆခဲ့ပေမယ့် ကလေးငယ်ကို HIV ကာကွယ်ဆေးတွေ တိုက်ရတာ၊ ကလေးငယ်ကို စစ်ရာမှာ ထွက်ချက်တွေအရ ဖော်ထုတ်နိုင်တယ်လို့ ထင်ရတဲ့ အချက်ကို မရောက်သေးတာတွေကြောင့် ဒီသက်ငယ်မုဒိမ်းမှုက အများပြည်သူကြား ဒါဟာ တစ်ခုခုလွဲချော်နေပြီလို့ ယူဆရာကနေ ပြဿနာက အများပြည်သူနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်လာခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သံသယတရားခံအဖြစ် ပထမစစ်ဆေးစဉ်က မခိုင်မာသဖြင့် လွှတ်ပေးခဲ့သည့် ကားမောင်းသူ အောင်ကြီး ကို အချက်အလက်ခိုင်မာလို့ တရားစွဲဆိုခဲ့တာလို့ ထုတ်ပြောခဲ့ပါတယ်။အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းချက်အချို့ဖြစ်တဲ့ အောင်ကြီး လက်ညှိုးမှာ သုတ်သွေးတွေ့တာ၊ ကလေးအဝတ် ရေစိမ်လို့ DNA စစ်လို့ မရတာ၊ အခင်းဖြစ်သည့်နေ့တွင် ကျောင်းကြီးကြပ်ရေးမှူး၏ သားနှစ်ဦး ကျောင်းသို့မလာရောက်ခဲ့ဘဲ စွပ်စွဲခံရသည့်အတွက် ၎င်းတို့နစ်နာသည်ဟုဆိုတာ၊ ကျူးလွန်ခံရသူ ကလေးငယ်က သူငယ်ချင်းကို ဖရန့်ခ်လို့ ခေါ်ပြီး သူ့ဖအေအရွယ်တွေကို ကိုကိုလို့ ခေါ်တယ်ဆိုတာ၊ အဓိကသက်သေဖြစ်ဖွယ်ရှိသည့် ဆရာမနှင်းနု ကို စစ်ဆေးခြင်းနှင့် ပတ်သက်၍ သူဖြေချင်မှ ဖြေမှာလို့ဆိုတာ စတာတွေက အွန်လိုင်းမှာ ဝေဖန်ချက်တွေနဲ့ ပျံ့နှံ့ခဲ့ပါတယ်။  

ဒီလိုသတင်းစာရှင်းလင်းပွဲအပြီး နောက်ရက်တွေမှာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ မူကြိုဆရာမ နှင်းနု ပေါ်ထွက်လာခဲ့ပြီး BBC နှင့် အင်တာဗျူးရာမှာ ‘‘ကိုကိုလုပ်တယ်လို့ ကျွန်မကို လာမတိုင်ဘူးရှင့်။အဲဒီကိုကို ကိုလည်း ကျွန်မ မဆူလိုက်ဘူး” လို့ ပြောခဲ့တာတွေက အများပြည်သူကြား ဝေဖန်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီနောက်မှာ ရန်ကုန်မှာ ဇူလိုင် (၇) ရက်မှာ အများပြည်သူနဲ့ ထင်ရှားကျော်ကြားတဲ့သူတွေ ပါဝင်တဲ့ ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုရရှိရေး စီတန်းလှည့်လည် ဆန္ဒပြလှုပ်ရှားမှု ဖြစ်ခဲ့ပါတယ်။ဒီဆန္ဒပြပွဲကို မူလက လူတစ်ရာကျော် လျှောက်ထားပေမယ့် လူတိုင်းက ကိုယ်ပိုင်အသိစိတ်နဲ့ ပါဝင်ခဲ့လို့ လူသောင်းကျော် ချီတက်ကာ အင်းစိန် စီအိုင်ဒီရုံးရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။အဲဒီရက်မှာ တောင်ကြီးမှာလည်း ဖြစ်ခဲ့ပါတယ်။နောက် ဇူလိုင် ၇ ရက်မှာ တောင်ငူ ဒေသခံအင်အား (၃၅၀) ခန့့်က ဗစ်တိုးရီးယားအတွက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ဇူလိုင် (၈) ရက်မှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေက မန္တလေး ၃၅ လမ်း ရှမ်းတိုင်းရင်းသား သာရေး၊ နာရေး အသင်းကနေ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းအထိ လမ်းလျှောက်ပြီး ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရေးအတွက်  ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ဇူလိုင် (၉) ရက်မှာ လူအင်အား (၃၀၀၀) ကျော်က မုံရွာမှာ ဗစ်တိုးရီးယားအတွက် တရားမျှတမှုအတွက် တောင်းဆိုခဲ့ပါတယ်။

အဆိုပါရက်ထဲ ဖြစ်တဲ့ ဇူလိုင် ၈ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် ရှင်းလင်းပွဲအခမ်းအနားမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တရားစီရင်ရေးမဏ္ဍိုင်အပေါ် ပြည်သူများ ယုံကြည်မှုရရန် ကြိုးပမ်းသင့်တယ်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ယခုအမှုမှာ ကျူးလွန်သူလို့ တရားစွဲဆိုခဲ့တဲ့ အောင်ကြီး ဆိုသူဘက်ကနေ နာမည်ကြီးရှေ့နေတစ်ဦးက အမှုသွား အမှုလာကို ကြည့်ပြီး စွပ်စွဲခံရသူ ကျူးလွန်ဖွယ်မရှိနိုင်ဘူးလို့ ယူဆပြီး အမှုလိုက်ပါဖို့ လက်ခံခဲ့ပါတယ်။တရားလိုဘက်ကလည်း ရှေ့နေမတစ်ဦးက လိုက်ပါဆောင်ရွက်ဖို့ တာဝန်ယူခဲ့ပါတယ် နှစ်ဘက်စလုံးက သက်ဆိုင်ရာနယ်ပယ်မှာ စေ့စပ်သူတွေဖြစ်လို့ အများပြည်သူကြား ဗစ်တိုးရီးယားအမှု ရုံးထုတ်ကို စောင့်ကြည့်ဖို့ စိတ်အားသန်မှုတွေ စောင့်ကြည့်မှုတွေ ရှိခဲ့ပါတယ်။ဒက္ခိဏခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး သတင်းမှန်ပြန်ကြားရေးအရာရှိကလည်း ဒီအမှုကို အများပြည်သူရှေ့မှောက်မှာ စစ်ဆေးမှာမို့ အမှန်တရားဖြစ်စေရမယ်လို့ မီဒီယာတွေကို အာမခံခဲ့သလို အများပြည်သူကို လာရောက်စောင့်ကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အဆိုပါရက်တွေထဲမှာ ဗစ်တိုးရီးယားကိစ္စနဲ့ ပတ်သက်ပြီး မဖွယ်မရာပြုကျင့်ခံရမှုတွင် စွပ်စွဲခံရတဲ့ ကလေးနှစ်ဦးဘက်ကနေ ရပ်တည်ပေးဖို့ ညွှန်ကြားလွှာအတုတွေ ပြည်ခိုင်ဖြိုးနဲ့ အာဏာရပါတီ နာမည်တွေနဲ့ ထွက်ရှိလာခဲ့ပါတယ်။ပြည်ခိုင်ဖြိုးပါတီဘက်က ဒီကိစ္စကို စုံစမ်းဖော်ထုတ်ဖို့ လုပ်မယ်လို့ ဆိုခဲ့ပါတယ်။အများပြည်သူအကြားမှာ ဗစ်တိုးရီးယားအတွက် တရားမျှတမှု ဆောင်ရွက်ဖို့နဲ့ နောင်ရေးအတွက် ရန်ပုံငွေထူထောင်ခဲ့ရာမှာ တစ်ပတ်အတွင်း အလွှာအသီးသီးမှ ပြည်သူများလှူဒါန်းငွေ ကျပ်သိန်း ၁၆၀ ကျော် လက်ခံရရှိတာအထိ ဖြစ်ခဲ့ပါတယ်။အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး လုပ်ငန်းကော်မတီဘက်ကလည်း လိုအပ်သမျှကူညီဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဗစ်တိုးရီးယား ကမ်းပိန်း အားကောင်းလာချိန် ဇူလိုင် ၉ ရက်မှာ ပြည်ပအခြေစိုက် BBC သတင်းဌာနကနေ ဗစ်တိုးရီးယား အမှုအတွက် အောင်ကြီး နေထိုင်သွားလာတဲ့ ၂၈ မိနစ်အချိန်နဲ့ သက်ဆိုင်တဲ့ CCTV မှတ်တမ်း ပေါ်ထွက်လာခဲ့ပါတယ်။ဒီမှတ်တမ်းဗီဒီယိုဖိုင်မှာ အများပြည်သူ ယူဆထားတာကို အထောက်အကူဖြစ်နိုင်တဲ့ စွပ်စွဲခံရသူ အောင်ကြီး သွားလာနေထိုင်ပုံတွေ ပါဝင်လာခဲ့တဲ့အတွက် ဗစ်တိုးရီးယား ကလေးငယ် မဖွယ်မရာပြုကျင့်ခံရမှုမှာ ဖမ်းဆီးခံထားရသူ အောင်ကြီးရဲ့ အနေအထားက အများကြီးပြောင်းလဲသွားခဲ့ပါတယ်။

အဆိုပါနေ့မှာဘဲ ဗစ်တိုးရီးယား အမှုအတွက် တက်ကြွစွာ လိုက်ပါဆောင်ရွက်နေတဲ့ သက္ကမိုးညို (ခေါ်) ဒေါက်တာဝင်းကိုကိုသိန်း ကို Victoria အမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ရေးသားရာတွင် ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ ရေးသားချက်တွေ ပါလို့ဆိုပြီး အီလက်ထရောနစ် ဥပဒေပုဒ်မ ပုဒ်မ ၃၄ (ဃ) နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပါတယ်။ဒေါက်တာဝင်းကိုကိုသိန်း ဟာ ဆိုရှယ်မီဒီယာမှာ ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် သက္ကမိုးညို အမည်နဲ့ ဦးဆောင်ဆော်သြခဲ့တဲ့သူပါ။သူ့ကို ရဲတပ်ဖွဲ့က ငွေဒဏ် သိန်းငါးဆယ် (သို့မဟုတ်) ထောင်ဒဏ် တစ်နှစ်ကနေ သုံးနှစ်အထိ ချနိုင်တဲ့ ပုဒ်မနဲ့ ဖမ်းဆီးခဲ့ပေမယ့် ကျပ်သိန်းတစ်ရာနဲ့  အာမခံပေးခဲ့ပါတယ်။

အဆိုပါနေ့မှာဘဲ ရဲဇာနည် ဖေ့စ်ဘွတ်ကနေ BBC ကနေ ဇူလိုင် ၉ ရက် အများပြည်သူကို ချပြခဲ့သည့် CCTV မှတ်တမ်းမှာ ရဲတပ်ဖွဲ့လည်း ရရှိထားပြီးဖြစ်ပြီး BBC မှ မဖော်ပြခင် တရားရုံးကို သက်သေခံတင်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သလို “အချို့က မိမိစိတ်အထင်ဖြင့် ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူဆန္ဒပြစေရန် လှုံ့ဆော်မှု အရေးအသားများ၊ Victoria အတွက် အလှူခံသည်ဟု အကြောင်းပြ၍ Bank Account ဖွင့် တရားမဝင် အလှူခံနေမှုများ၏ ပထမအဆင့်အနေဖြင့် သက္ကမိုးညို အကောင့်ပိုင်ရှင်အား ကြိုတင်လျို့ဝှက်စုံစမ်း ဖော်ထုတ်ခဲ့ပြီး မည်သူမည်ဝါသိရသည်နှင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဆက်စပ်ပတ်သက်မှုများကိုလည်း ဆက်လက်စိစစ်ဖော်ထုတ် အရေးယူသွားမည် ဖြစ်ပါကြောင်း။Victoria ကိစ္စ အကြောင်းပြုပြီး ငွေအလှူခံမှုသည် ရိုးသားမှုရှိလျင်တော့ မပြောလိုပါ။ရိုးသားမှုမရှိလျင် လက်မခံဘဲ စိစစ်အရေးယူပါမည်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

ထိုပို့စ်ကို အများပြည်သူက react ၆၈၀၀၀ ပေးခဲ့ရာမှာ haha react ၅၃၀၀၀ ထိ ပေးခဲ့တာလည်း မှတ်မှတ်ရရဖြစ်စရာ ဖြစ်ခဲ့ပြီး မှတ်ချက်ပြုသူမှာလည်း ၂၇၀၀၀ ထိ ရှိခဲ့ပြီး အများစုမှာ ထောက်ပြဝေဖန်သည့် မှတ်ချက်များ ဖြစ်နေခဲ့ပါတယ်။ထုတ်ပြန်ချက်အရ တရားမဝင်ဟု အသုံးခံရသည့် ဗစ်တိုးရီးယားအတွက် ဘဏ်ငွေစာရင်းဖွင့်ကာ အလှူငွေ ကောက်ခံသည့် Victoria’s Finance Team က ဝင်ငွေ၊ ထွက်ငွေ စာရင်းကို နေ့စဉ် ထုတ်ပြန်ပေးရန် စီစဉ်မည်ဖြစ်ပြီး သုံးစွဲမှုမှန်သမျှ ပြေစာ (သို့မဟုတ်) သုံးစွဲသည့် အကြောင်းအရာကို ရှင်းလင်းစွာဖော်ပြချက်နှင့်တကွ လက်မှတ်နှင့် ခံဝန်ချက်တို့ ရယူနိုင်မည့် စည်းမျဉ်းချမှတ်ထားတယ်လို့ ပြောခဲ့ပါတယ်။

ထိုအမှုက ရပ်ကျော်ရွာကျော် ကမ္ဘာကျော်ဖြစ်လာလို့ ဘယ်သူပဲမှားယွင်းယွင်း မှားယွင်းသူအတွက် ပေးဆပ်မှုကြီးမားမည့် ပွဲလည်းဖြစ်ပါတယ်။လာမည့် ရက်သတ္တပတ်များအတွင်း ဗစ်တိုးရီးယားအတွက် ရဲတပ်ဖွဲ့နှင့် တက်ကြွသူတို့ အပြိုင်ရှာကြသည့် တရားခံအစစ်အမှန်ှရှာပွဲမှာ လက်ရှိ ရဲတပ်ဖွဲ့က တရားစွဲဆိုထားတဲ့ အောင်ကြီး က တရားခံဆိုတာကို သက်သေပြနိုင်မည်လား၊ ဒါမှမဟုတ် တခြားသောအဖြေဘဲ ထွက်ပေါ်လာမလားဆိုတာ အများပြည်သူအနေနဲ့  စောင့်ကြည့်ရတော့မည် ဖြစ်ပါတယ်။

ဒီအတွက် များမကြာမီ အဓိကတရားခံ “ကိုကို” အစစ်အမှန်ဆိုတာ ဘယ်သူဘယ်ဝါလည်းဆိုတာ တွေ့မြင်ရဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့အတူ အများပြည်သူ နောက်ထပ်အာရုံစိုက်ခဲ့သည့် သတင်းတွေလည်းရှိခဲ့ကာ (၂) နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့  အသက် (၃၉) နှစ်အရွယ် သင်္ကန်းဝတ် ကိုရင်ကြီးဆိုသူရဲ့ သက်ငယ်မုဒိမ်းမှုကို ဥပဒေအကြံပြုချက် မရသေးလို့ တစ်လကြာတဲ့အထိ တရားမစွဲရသေးတဲ့ သတင်း၊ လှည်းကူးမြို့နယ်ထဲက ကေတီဗီဆိုင်တစ်ဆိုင်ကို မိုက်ကြေးခွဲ ဆက်ကြေးတောင်းလို့ အမျိုးသားခြောက်ဦးကို ဖမ်းဆီးအရေးယူထားတဲ့ သတင်း၊ အသက် (၁၄) နှစ် အရွယ် မိန်းကလေးတစ်ဦးကို အရွယ်တူ မိန်းကလေးခုနစ်ဦးက လမ်းမပေါ်တွင် အုပ်စုဖွဲ့ရိုက်နှက်လို့ တန့်ယန်းမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားတဲ့ သတင်း၊ လူကုန်ကူးဂိုဏ်းကို နှိမ်နင်းမှုအတွင်း မြန်မာနိုင်ငံသား ရှစ်ဦးနှင့် ထိုင်းနိုင်ငံသား နှစ်ဦးကို တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တဲ့ သတင်း၊ မြန်မာလုပ်သား ကိုးဦးကို  ကမ္ဘောဒီးယားပို့မယ့် တရုတ်နိုင်ငံသားတစ်ဦးကို ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခဲ့တဲ့ သတင်း၊ တာချီလိတ် ဗိုလ်ချုပ်လမ်းမပေါ်ရှိ ရှင်းဒါးရွှေဆိုင်ကို သေနတ်ကိုင်ထားတဲ့ အမျိုးသားနှစ်ဦး အနုကြမ်းစီးကာ ရွှေထည်သိန်း ၄၀၀ ကျော် လုယက်သွားတဲ့ သတင်း၊ အမြန်လမ်းတွင် ရဟန်းတစ်ပါး မောင်းနှင်လာသည့် ယာဉ်တစ်စီး ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ချောင်းထဲထိုးကျတဲ့ သတင်း၊ လယ်ဝေးမှာ အမျိုးသားတစ်ဦးကို ဓားနဲ့ထိုးသူကို သွားဖမ်းဆီးစဉ် ဓားလှံကိုင်ပြီး ပြန်ရန်ပြုတိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိတဲ့ သတင်းတွေလို ရာဇဝတ်မှုဆိုင်ရာ သတင်းတွေကလည်း ယခုတစ်ပတ်ရဲ့ ထိပ်တန်းစိတ်ဝင်စားစရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

တရားဥပဒေစိုးမိုးမှု ယုတ်လျော့ချိန်ရောက်နေပြီလား

ယခုတစ်ပတ် သတင်းတွေထဲမှာ သတိထားစရာဖြစ်ခဲ့တဲ့ သတင်းက ဦးဝီရသူ နဲ့ ပတ်သက်တဲ့ သတင်းပါဘဲ။ရှောင်တိမ်းနေတဲ့ မစိုးရိမ်တိုက်မှ ဦးဝီရသူ ကို မျက်ကွယ်မှာ တရားစွဲဆိုစစ်ဆေးနေတဲ့ အနောက်ပိုင်းခရိုင်တရားရုံးက တရားလိုပြ သက်သေသုံးဦးကို စစ်ဆေးပြီးနောက်မှာ အားလုံးစစ်ဆေးပြီးလို့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇ အရ ဝရမ်းကပ်ကြေညာရန် တရားသူကြီးက ကြေညာချက် ထုတ်ခဲ့ပါတယ်။ဒါ့အပြင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၈ အရ ဦးဝီရသူ သီတင်းသုံးခဲ့တဲ့ ကျောင်းတိုက်ကိုလည်း ဝရမ်းကပ်ဖို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဟောပြောပွဲမှာ နိုင်ငံတော်အကြီးအကဲတွေအပေါ် မဖွယ်မရာစကားလုံးတွေ သုံးနှုန်းပြောဆိုတာနဲ့ တာဝန်ရှိသူများအပေါ် အကြည်ညိုပျက်အောင် ပြောဆိုမှုတွေကြောင့် အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်း က တရားလိုပြုလုပ်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က နဲ့ မေ ၂၈ ရက်က တိုင်တန်းတရားစွဲဆိုခဲ့တာပါ။တရားစစွဲဆိုကတည်းက လာရောက်ရင်ဆိုင်မယ်ဆိုပြီး တစ်လကျော်ကြာသည့်အထိ ဦးဝီရသူမှာ ထွက်ပြေးတိမ်းရှောင်နေလို့ ဖမ်းဝရမ်းထုတ်တဲ့အထိ ဖြစ်ခဲ့ရပြီး ရင်မဆိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေလို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က တစ်သက်လုံး ဝရမ်းပြေးအဖြစ် ခံယူမည်လားလို့တောင် မေးခွန်းထုတ်ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ဇူလိုင် ၁၂ ရက်က မန္တလေး မစိုးရိမ်ကျောင်းဝင်းထဲက ဦးဝီရသူ နေထိုင်ခဲ့ရာ ကျောင်းတိုက်ကို မြို့နယ် သာသနာရေးဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့ ပေါင်းပြီးသွားရောက် ဝရမ်းကပ် ကြေညာစာကပ်ခဲ့ပါတယ်။ဒါပေမယ့် အဆိုပါ ဝရမ်းကို ဆော့ပင်နဲ့ ကြက်ခြေခတ်ပြီး စာကိုလည်း ဖယ်ပစ်ခဲ့တယ် ဆိုပါတယ်။ဒီလိုဖြစ်ရပ်အတွက် အများစုက ပေးတဲ့မှတ်ချက်တွေမှာ တရားဥပဒေထက်မှာ နေထိုင်ပုံနဲ့ လုပ်ချင်ရာလုပ်မယ် ဘာတရားဥပဒေနဲ့မှ အရေးယူလို့ မရဘူးဆိုတဲ့ ယခင်စစ်အစိုးရခေတ် တစ်လျှောက်လုံး အာဏာပိုင်တွေယူခဲ့တဲ့ အထူးအခွင့်အရေးကို ရနေပြီလားဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ဇူလိုင် ၈ ရက်က ပြုလုပ်တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးမှာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ထိန်းသိမ်းကြပ်မတ်မှုကို မလိုလားဘဲ ရဟန်းများနှင့် မအပ်စပ်သော လူမှုရေး၊ ပါတီနိုင်ငံရေး ကိစ္စတွေ ဝင်ပါနေတဲ့ ရဟန်းများကြောင့် သံဃာညီညွတ်ရေးနှင့် သာသနာကို ထိခိုက်ပျက်စီးနိုင်တယ်လို့ မဟန ဆရာတော်များထံ လျှောက်ထားခဲ့ရပါတယ်။တခြားဘာသာတွေ အားကောင်းလာချိန်မှာ ဗုဒ္ဓဘာသာထဲ ဘာသာတရားကို အကာအကွယ်ပြုကာ ဝင်နေတဲ့ သံဃာတု သံဃာယောင်တွေကို ဖယ်ရှားရှင်းလင်းပြီး သာသနာကို ချီးမြှောက်ဖို့ လိုလာနေပြီ ဖြစ်ပါတယ်။
ဒီအတွက် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အကျိုးစီးပွားအတွက် ဘုရားသားတော် သံဃာတွေနဲ့ သာသနာကို အသုံးချတဲ့ ဘယ်သူမဆို အချိန်တန်ရင် အများပြည်သူက ကွဲပြားစွာမြင်ပြီး ဖယ်ကျဉ်ခဲ့တဲ့ အစဉ်အလာလည်း ရှိခဲ့တဲ့အတွက် ပြည်သူက ဓမ္မနဲ့ အဓမ္မကို ခွဲခြားတဲ့အခါ  ဘယ်သူတွေ ဘယ်အဖွဲ့တွေ ဘယ်လောက်ခံနိုင်ရည်ရှိမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီလို သာသနာအတွက် ရတက်မအေးစရာ သတင်းတွေအပြင် ယခုတစ်ပတ်ထဲ သတင်းတွေထဲမှာ တရုတ်နိုင်ငံသားများ ဗီဇာကင်းလွတ်ခွင့် ရရှိရေးအတွက် ဆောင်ရွက်ပေးဖို့  မြန်မာအစိုးရကို တရုတ်သံအမတ် တောင်းဆိုတဲ့ သတင်း၊ ၂၅ နှစ်အတွင်း ချထားပေးတဲ့ စိုက်ပျိုးမြေဧက ၅ ဒသမ ၁ သန်းခန့်အနက် ထက်ဝက်နီးပါးကို တပ်မတော်အရာရှိကြီးများနဲ့  ယခင်အစိုးရလက်ထက် ဖွဲ့စည်းခဲ့တဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှု ဗဟိုကော်မတီတို့က ရယူထားတယ်လို့ (MRLG) က ထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြခဲ့တဲ့ သတင်း၊ ရာသီတုပ်ကွေး (H1N1) ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၃၇ ဦး ရှိလာတဲ့ သတင်း၊ ရွှေတိဂုံစေတီတော်မှာ ဒရုန်း (Drone) လွှင့်တင်ခဲ့တဲ့ တရုတ်နိုင်ငံသား Wu Ru ကို သတိပေး၍ ပြန်လွှတ်ခဲ့တဲ့ သတင်း၊ တရုတ်နိုင်ငံသားများ ပြည်တွင်းဝင်ရောက်နေထိုင်ကာ မြန်မာအမျိုးသမီးများကို တောင်းရမ်းလက်ထပ်ကာ လူကုန်ကူးမှု ကျူးလွန်နေတယ်လို့ လူကယ်ပြန် ညွှန်/ချုပ် ပြောကြားခဲ့တဲ့ သတင်း၊ မုံရွာမြို့နယ် ကျောက္ကာမြောက်ကျေးရွာ ရေနံချက်ဖိုရှိ ရေနံစိမ်းထည့်တဲ့ကန်ထဲ လူတစ်ဦး ပြုတ်ကျသေဆုံးခဲ့တဲ့ သတင်း၊ ချင်းတွင်းမြစ်ရေများချိန် မုံရွာ-ဟုမ္မလင်း သင်္ဘောခရီးစဉ်ကို တစ်ပတ်ကို နှစ်စီးပြေးဆွဲရန် စီစဉ်နေတဲ့ သတင်းတွေကလည်း သတင်းဖတ်သူတွေကို စိတ်ဝင်စားမှုပိုစေခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇူလိုင် - ၁၂

( Zawgyi )

ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ စိတ္ဝင္စားစရာသတင္းက ဗစ္တိုးရီးယား ကေလးသူငယ္ မဖြယ္မရာျပဳက်င့္ခံရမႈေၾကာင့္ ေနာက္ဆက္တြဲျဖစ္လာတဲ့ သတင္းေတြပါဘဲ။ဒီသတင္းက ႏိုင္ငံတကာထိ ေပါက္ခဲ့တဲ့အျပင္ အမ်ားျပည္သူ အာ႐ုံစိုက္စရာျဖစ္ခဲ့လို႔ အမွားအယြင္းမခံတဲ့ သတင္းျဖစ္လာခဲ့ပါတယ္။ဒီလိုသတင္းေတြအျပင္ ဦးဝီရသူ ေနထိုင္ခဲ့ရာ ေက်ာင္းတိုက္ကို ဝရမ္းကပ္ရာမွာ နာရီပိုင္းအတြင္း ဝရမ္းစာ႐ြက္ကို ေဆာ့ပင္နဲ႔ ၾကက္ေျခခတ္ အခတ္ခံရတဲ့  သတင္းကလည္း စိတ္ဝင္စားဖို႔ ေကာင္းခဲ့ပါတယ္။

ဒီလိုသတင္းက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ ထိပ္တန္းသတင္းေတြျဖစ္တဲ့ ရခိုင္လက္နက္ကိုင္တပ္ဖြဲ႕ (AA) ထိပ္တန္းေခါင္းေဆာင္ေတြကို အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒပုဒ္မနဲ႔ အမႈဖြင့္ထားတဲ့ သတင္း၊ စင္ကာပူ ျပည္ထဲေရးဌာန (MHA) က ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) ကို ကူညီေထာက္ခံသူ ျမန္မာႏိုင္ငံသား အုပ္စုတစ္စုကို အေရးယူ ေဆာင္႐ြက္ေနတဲ့ သတင္း၊ စင္ကာပူႏိုင္ငံ အေျခစိုက္ ရခိုင္အသင္း (စင္ကာပူ) ဥကၠ႒ႏွင့္ AA ဦးစီးခ်ဳပ္၏ ညီျဖစ္သူ အပါအဝင္ ရခိုင္တိုင္းရင္းသား ေျခာက္ဦးကို စင္ကာပူရဲတပ္ဖြဲ႕က ဖမ္းဆီးထားတဲ့ သတင္း၊ အိႏၵိယႏိုင္ငံက ရခိုင္ျပည္နယ္ဖြံ႕ၿဖိဳးေရး အသင့္ေဆာက္လုပ္ၿပီး ေနအိမ္အလုံး ၂၅၀ ကို ျမန္မာအစိုးရထံ လႊဲေျပာင္းေပးခဲ့တဲ့ သတင္း၊ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ရွိ စခန္းတစ္ခုကို လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က ဘဂၤလားေဒ့ရွ္ဘက္ျခမ္းမွ လာေရာက္တိုက္ခိုက္လို႔ စစ္သည္ႏွစ္ဦး က်ဆုံးၿပီး ရဲတပ္ဖြဲ႕ဝင္ႏွင့္ စစ္သားမ်ား ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ အခ်ဳပ္အျခာကို ထိပါးမည့္ ရခိုင္ျပည္နယ္ကို ဘဂၤလားေဒ့ရွ္ထံ လႊဲေျပာင္းသင့္သည္ဟူ၍ အေမရိကန္ ေအာက္လႊတ္ေတာ္ အမတ္တစ္ဦး၏ ေျပာၾကားခ်က္ လက္ခံမည္မဟုတ္ဟု အစိုးရက တုံ႔ျပန္ခဲ့တဲ့ သတင္း၊ ဧရာဝတီႏွင့္ ခ်င္းတြင္းျမစ္ အပါအဝင္ ျမစ္ငါးစင္း ေရတက္လာလို႔ ျမစ္ကမ္းေဘးေဒသေတြကို ေရေဘးအတြက္ သတိေပးထားတဲ့ သတင္း၊ ဘီးလင္းျမစ္ေရတက္လို႔ လူ ၇၀၀ ေက်ာ္ ကယ္ဆယ္ေရးစခန္း ငါးခုမွာ ခိုလႈံေနရတဲ့ သတင္းေတြထဲ ထူးထူးျခားျခား သတိထားစရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

တရားမွ်တမႈ ဘယ္သူရွာေပးမလဲ

ယခုရက္သတၱပတ္အတြင္း ႏိုင္ငံေတာ္သမၼတ႐ုံးစိုက္ရာ ေနျပည္ေတာ္တြင္ ျဖစ္ပြားခဲ့တဲ့ ဗစ္တိုးရီးယား အမႈႏွင့္ ပတ္သက္ၿပီး ရန္ကုန္၊ မႏၲေလး အပါအဝင္ တစ္ႏိုင္ငံလုံးရွိ ၿမိဳ႕ႀကီးမ်ားမွာ ျပည္သူလူထုက တရားမွ်တမႈရွိေရး၊ အမႈမွန္ေပၚေပါက္ေရးအတြက္ ဆႏၵထုတ္ေဖာ္မႈေတြ ျပဳလုပ္ခဲ့တာပါ။ဒါဟာ ဇူလိုင္ ၅ ရက္က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ခ်ဳပ္မွ ဒုရဲခ်ဳပ္ ရဲဗိုလ္ခ်ဳပ္ ေအာင္ႏိုင္သူ က ဗစ္တိုးရီးယား မဖြယ္မရာျပဳက်င့္ခံရမႈနဲ႔ ပတ္သက္ၿပီး ေျဖရွင္းခဲ့ၿပီးေနာက္ ထိုအေျဖအေပၚ အမ်ားျပည္သူက ဘဝင္မက်ရာကေန မူလစီစဥ္ထားတဲ့အတိုင္း ရန္ကုန္ကေနစၿပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကတာပါ။

အရပ္သားအစိုးရလက္ထက္မွာ ယခင္ကထက္ ျပည္သူေတြ ဘဝင္မက်စရာ ျဖစ္ရပ္ေတြက ဆက္တိုက္ျဖစ္လာခဲ့ပါတယ္။ဒါဟာ တိုက္ဆိုင္မႈလို႔ ေျပာရေအာင္လည္း မ်ားလာတဲ့အတြက္ အမ်ားျပည္သူက သတိထားမိလာခဲ့ပါတယ္။ေနျပည္ေတာ္မွာျဖစ္တဲ့ ယခုျပႆနာမွာ အမ်ားျပည္သူက အာဏာပိုင္ေတြအေနနဲ႔ လူမဆန္တဲ့ တရားခံကို လြယ္လြယ္ကူကူ ေဖာ္ထုတ္ႏိုင္ခဲ့မယ္လို႔ ယူဆခဲ့ေပမယ့္ ကေလးငယ္ကို HIV ကာကြယ္ေဆးေတြ တိုက္ရတာ၊ ကေလးငယ္ကို စစ္ရာမွာ ထြက္ခ်က္ေတြအရ ေဖာ္ထုတ္ႏိုင္တယ္လို႔ ထင္ရတဲ့ အခ်က္ကို မေရာက္ေသးတာေတြေၾကာင့္ ဒီသက္ငယ္မုဒိမ္းမႈက အမ်ားျပည္သူၾကား ဒါဟာ တစ္ခုခုလြဲေခ်ာ္ေနၿပီလို႔ ယူဆရာကေန ျပႆနာက အမ်ားျပည္သူနဲ႔ ဆိုင္တဲ့ကိစၥ ျဖစ္လာခဲ့ပါတယ္။

သတင္းစာရွင္းလင္းပြဲမွာ သံသယတရားခံအျဖစ္ ပထမစစ္ေဆးစဥ္က မခိုင္မာသျဖင့္ လႊတ္ေပးခဲ့သည့္ ကားေမာင္းသူ ေအာင္ႀကီး ကို အခ်က္အလက္ခိုင္မာလို႔ တရားစြဲဆိုခဲ့တာလို႔ ထုတ္ေျပာခဲ့ပါတယ္။အဆိုပါ သတင္းစာရွင္းလင္းပြဲမွာ ရွင္းလင္းခ်က္အခ်ိဳ႕ျဖစ္တဲ့ ေအာင္ႀကီး လက္ညႇိဳးမွာ သုတ္ေသြးေတြ႕တာ၊ ကေလးအဝတ္ ေရစိမ္လို႔ DNA စစ္လို႔ မရတာ၊ အခင္းျဖစ္သည့္ေန႔တြင္ ေက်ာင္းႀကီးၾကပ္ေရးမႉး၏ သားႏွစ္ဦး ေက်ာင္းသို႔မလာေရာက္ခဲ့ဘဲ စြပ္စြဲခံရသည့္အတြက္ ၎တို႔နစ္နာသည္ဟုဆိုတာ၊ က်ဴးလြန္ခံရသူ ကေလးငယ္က သူငယ္ခ်င္းကို ဖရန႔္ခ္လို႔ ေခၚၿပီး သူ႔ဖေအအ႐ြယ္ေတြကို ကိုကိုလို႔ ေခၚတယ္ဆိုတာ၊ အဓိကသက္ေသျဖစ္ဖြယ္ရွိသည့္ ဆရာမႏွင္းႏု ကို စစ္ေဆးျခင္းႏွင့္ ပတ္သက္၍ သူေျဖခ်င္မွ ေျဖမွာလို႔ဆိုတာ စတာေတြက အြန္လိုင္းမွာ ေဝဖန္ခ်က္ေတြနဲ႔ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။  

ဒီလိုသတင္းစာရွင္းလင္းပြဲအၿပီး ေနာက္ရက္ေတြမွာ လူျမင္ကြင္းကေန ေပ်ာက္ကြယ္ေနတဲ့ မူႀကိဳဆရာမ ႏွင္းႏု ေပၚထြက္လာခဲ့ၿပီး BBC ႏွင့္ အင္တာဗ်ဴးရာမွာ ‘‘ကိုကိုလုပ္တယ္လို႔ ကြၽန္မကို လာမတိုင္ဘူးရွင့္။အဲဒီကိုကို ကိုလည္း ကြၽန္မ မဆူလိုက္ဘူး” လို႔ ေျပာခဲ့တာေတြက အမ်ားျပည္သူၾကား ေဝဖန္မႈေတြ ျဖစ္ခဲ့ပါတယ္။

ဒီေနာက္မွာ ရန္ကုန္မွာ ဇူလိုင္ (၇) ရက္မွာ အမ်ားျပည္သူနဲ႔ ထင္ရွားေက်ာ္ၾကားတဲ့သူေတြ ပါဝင္တဲ့ ဗစ္တိုးရီးယားေလးအတြက္ တရားမွ်တမႈရရွိေရး စီတန္းလွည့္လည္ ဆႏၵျပလႈပ္ရွားမႈ ျဖစ္ခဲ့ပါတယ္။ဒီဆႏၵျပပြဲကို မူလက လူတစ္ရာေက်ာ္ ေလွ်ာက္ထားေပမယ့္ လူတိုင္းက ကိုယ္ပိုင္အသိစိတ္နဲ႔ ပါဝင္ခဲ့လို႔ လူေသာင္းေက်ာ္ ခ်ီတက္ကာ အင္းစိန္ စီအိုင္ဒီ႐ုံးေရွ႕မွာ သြားေရာက္ဆႏၵျပခဲ့ပါတယ္။အဲဒီရက္မွာ ေတာင္ႀကီးမွာလည္း ျဖစ္ခဲ့ပါတယ္။ေနာက္ ဇူလိုင္ ၇ ရက္မွာ ေတာင္ငူ ေဒသခံအင္အား (၃၅၀) ခန႔့္က ဗစ္တိုးရီးယားအတြက္ ဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။ဇူလိုင္ (၈) ရက္မွာ ေထာင္နဲ႔ခ်ီတဲ့ ျပည္သူေတြက မႏၲေလး ၃၅ လမ္း ရွမ္းတိုင္းရင္းသား သာေရး၊ နာေရး အသင္းကေန မေနာ္ရမၼံ လူထုဟစ္တိုင္ကြင္းအထိ လမ္းေလွ်ာက္ၿပီး ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈရေရးအတြက္  ဆႏၵေဖာ္ထုတ္ခဲ့ပါတယ္။ဇူလိုင္ (၉) ရက္မွာ လူအင္အား (၃၀၀၀) ေက်ာ္က မုံ႐ြာမွာ ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈအတြက္ ေတာင္းဆိုခဲ့ပါတယ္။

အဆိုပါရက္ထဲ ျဖစ္တဲ့ ဇူလိုင္ ၈ ရက္က ျပဳလုပ္တဲ့ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္ ႏိုင္ငံတစ္ဝန္း မႈခင္းစီမံခန႔္ခြဲမႈ အစီအစဥ္ ရွင္းလင္းပြဲအခမ္းအနားမွာ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က တရားစီရင္ေရးမ႑ိဳင္အေပၚ ျပည္သူမ်ား ယုံၾကည္မႈရရန္ ႀကိဳးပမ္းသင့္တယ္လို႔ တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

ယခုအမႈမွာ က်ဴးလြန္သူလို႔ တရားစြဲဆိုခဲ့တဲ့ ေအာင္ႀကီး ဆိုသူဘက္ကေန နာမည္ႀကီးေရွ႕ေနတစ္ဦးက အမႈသြား အမႈလာကို ၾကည့္ၿပီး စြပ္စြဲခံရသူ က်ဴးလြန္ဖြယ္မရွိႏိုင္ဘူးလို႔ ယူဆၿပီး အမႈလိုက္ပါဖို႔ လက္ခံခဲ့ပါတယ္။တရားလိုဘက္ကလည္း ေရွ႕ေနမတစ္ဦးက လိုက္ပါေဆာင္႐ြက္ဖို႔ တာဝန္ယူခဲ့ပါတယ္ ႏွစ္ဘက္စလုံးက သက္ဆိုင္ရာနယ္ပယ္မွာ ေစ့စပ္သူေတြျဖစ္လို႔ အမ်ားျပည္သူၾကား ဗစ္တိုးရီးယားအမႈ ႐ုံးထုတ္ကို ေစာင့္ၾကည့္ဖို႔ စိတ္အားသန္မႈေတြ ေစာင့္ၾကည့္မႈေတြ ရွိခဲ့ပါတယ္။ဒကၡိဏခ႐ိုင္တရား႐ုံးမွ ဒုတိယခ႐ိုင္တရားသူႀကီး သတင္းမွန္ျပန္ၾကားေရးအရာရွိကလည္း ဒီအမႈကို အမ်ားျပည္သူေရွ႕ေမွာက္မွာ စစ္ေဆးမွာမို႔ အမွန္တရားျဖစ္ေစရမယ္လို႔ မီဒီယာေတြကို အာမခံခဲ့သလို အမ်ားျပည္သူကို လာေရာက္ေစာင့္ၾကည့္ဖို႔ ဖိတ္ေခၚခဲ့ပါတယ္။

အဆိုပါရက္ေတြထဲမွာ ဗစ္တိုးရီးယားကိစၥနဲ႔ ပတ္သက္ၿပီး မဖြယ္မရာျပဳက်င့္ခံရမႈတြင္ စြပ္စြဲခံရတဲ့ ကေလးႏွစ္ဦးဘက္ကေန ရပ္တည္ေပးဖို႔ ၫႊန္ၾကားလႊာအတုေတြ ျပည္ခိုင္ၿဖိဳးနဲ႔ အာဏာရပါတီ နာမည္ေတြနဲ႔ ထြက္ရွိလာခဲ့ပါတယ္။ျပည္ခိုင္ၿဖိဳးပါတီဘက္က ဒီကိစၥကို စုံစမ္းေဖာ္ထုတ္ဖို႔ လုပ္မယ္လို႔ ဆိုခဲ့ပါတယ္။အမ်ားျပည္သူအၾကားမွာ ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈ ေဆာင္႐ြက္ဖို႔နဲ႔ ေနာင္ေရးအတြက္ ရန္ပုံေငြထူေထာင္ခဲ့ရာမွာ တစ္ပတ္အတြင္း အလႊာအသီးသီးမွ ျပည္သူမ်ားလႉဒါန္းေငြ က်ပ္သိန္း ၁၆၀ ေက်ာ္ လက္ခံရရွိတာအထိ ျဖစ္ခဲ့ပါတယ္။အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအမ်ိဳးသမီး လုပ္ငန္းေကာ္မတီဘက္ကလည္း လိုအပ္သမွ်ကူညီဖို႔ အသင့္ရွိတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဗစ္တိုးရီးယား ကမ္းပိန္း အားေကာင္းလာခ်ိန္ ဇူလိုင္ ၉ ရက္မွာ ျပည္ပအေျခစိုက္ BBC သတင္းဌာနကေန ဗစ္တိုးရီးယား အမႈအတြက္ ေအာင္ႀကီး ေနထိုင္သြားလာတဲ့ ၂၈ မိနစ္အခ်ိန္နဲ႔ သက္ဆိုင္တဲ့ CCTV မွတ္တမ္း ေပၚထြက္လာခဲ့ပါတယ္။ဒီမွတ္တမ္းဗီဒီယိုဖိုင္မွာ အမ်ားျပည္သူ ယူဆထားတာကို အေထာက္အကူျဖစ္ႏိုင္တဲ့ စြပ္စြဲခံရသူ ေအာင္ႀကီး သြားလာေနထိုင္ပုံေတြ ပါဝင္လာခဲ့တဲ့အတြက္ ဗစ္တိုးရီးယား ကေလးငယ္ မဖြယ္မရာျပဳက်င့္ခံရမႈမွာ ဖမ္းဆီးခံထားရသူ ေအာင္ႀကီးရဲ႕ အေနအထားက အမ်ားႀကီးေျပာင္းလဲသြားခဲ့ပါတယ္။

အဆိုပါေန႔မွာဘဲ ဗစ္တိုးရီးယား အမႈအတြက္ တက္ႂကြစြာ လိုက္ပါေဆာင္႐ြက္ေနတဲ့ သကၠမိုးညိဳ (ေခၚ) ေဒါက္တာဝင္းကိုကိုသိန္း ကို Victoria အမႈႏွင့္ ပတ္သက္၍ လူမႈကြန္ရက္ေပၚတြင္ ေရးသားရာတြင္ ရဲတပ္ဖြဲ႕ရဲ႕ ဂုဏ္သိကၡာကို က်ဆင္းေစတဲ့ ေရးသားခ်က္ေတြ ပါလို႔ဆိုၿပီး အီလက္ထေရာနစ္ ဥပေဒပုဒ္မ ပုဒ္မ ၃၄ (ဃ) နဲ႔ ရဲတပ္ဖြဲ႕က အမႈဖြင့္ခဲ့ပါတယ္။ေဒါက္တာဝင္းကိုကိုသိန္း ဟာ ဆိုရွယ္မီဒီယာမွာ ဗစ္တိုးရီးယားအမႈ အမႈမွန္ေပၚေပါက္ေရးအတြက္ သကၠမိုးညိဳ အမည္နဲ႔ ဦးေဆာင္ေဆာ္ၾသခဲ့တဲ့သူပါ။သူ႔ကို ရဲတပ္ဖြဲ႕က ေငြဒဏ္ သိန္းငါးဆယ္ (သို႔မဟုတ္) ေထာင္ဒဏ္ တစ္ႏွစ္ကေန သုံးႏွစ္အထိ ခ်ႏိုင္တဲ့ ပုဒ္မနဲ႔ ဖမ္းဆီးခဲ့ေပမယ့္ က်ပ္သိန္းတစ္ရာနဲ႔  အာမခံေပးခဲ့ပါတယ္။

အဆိုပါေန႔မွာဘဲ ရဲဇာနည္ ေဖ့စ္ဘြတ္ကေန BBC ကေန ဇူလိုင္ ၉ ရက္ အမ်ားျပည္သူကို ခ်ျပခဲ့သည့္ CCTV မွတ္တမ္းမွာ ရဲတပ္ဖြဲ႕လည္း ရရွိထားၿပီးျဖစ္ၿပီး BBC မွ မေဖာ္ျပခင္ တရား႐ုံးကို သက္ေသခံတင္ထားၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့သလို “အခ်ိဳ႕က မိမိစိတ္အထင္ျဖင့္ ရဲတပ္ဖြဲ႕ ဂုဏ္သိကၡာက်ဆင္းေစရန္ စြပ္စြဲခ်က္မ်ား၊ ဆူပူဆႏၵျပေစရန္ လႈံ႕ေဆာ္မႈ အေရးအသားမ်ား၊ Victoria အတြက္ အလႉခံသည္ဟု အေၾကာင္းျပ၍ Bank Account ဖြင့္ တရားမဝင္ အလႉခံေနမႈမ်ား၏ ပထမအဆင့္အေနျဖင့္ သကၠမိုးညိဳ အေကာင့္ပိုင္ရွင္အား ႀကိဳတင္လ်ိဳ႕ဝွက္စုံစမ္း ေဖာ္ထုတ္ခဲ့ၿပီး မည္သူမည္ဝါသိရသည္ႏွင့္ ဥပေဒႏွင့္အညီသာ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ကာ ဆက္စပ္ပတ္သက္မႈမ်ားကိုလည္း ဆက္လက္စိစစ္ေဖာ္ထုတ္ အေရးယူသြားမည္ ျဖစ္ပါေၾကာင္း။Victoria ကိစၥ အေၾကာင္းျပဳၿပီး ေငြအလႉခံမႈသည္ ႐ိုးသားမႈရွိလ်င္ေတာ့ မေျပာလိုပါ။႐ိုးသားမႈမရွိလ်င္ လက္မခံဘဲ စိစစ္အေရးယူပါမည္” လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ထိုပို႔စ္ကို အမ်ားျပည္သူက react ၆၈၀၀၀ ေပးခဲ့ရာမွာ haha react ၅၃၀၀၀ ထိ ေပးခဲ့တာလည္း မွတ္မွတ္ရရျဖစ္စရာ ျဖစ္ခဲ့ၿပီး မွတ္ခ်က္ျပဳသူမွာလည္း ၂၇၀၀၀ ထိ ရွိခဲ့ၿပီး အမ်ားစုမွာ ေထာက္ျပေဝဖန္သည့္ မွတ္ခ်က္မ်ား ျဖစ္ေနခဲ့ပါတယ္။ထုတ္ျပန္ခ်က္အရ တရားမဝင္ဟု အသုံးခံရသည့္ ဗစ္တိုးရီးယားအတြက္ ဘဏ္ေငြစာရင္းဖြင့္ကာ အလႉေငြ ေကာက္ခံသည့္ Victoria’s Finance Team က ဝင္ေငြ၊ ထြက္ေငြ စာရင္းကို ေန႔စဥ္ ထုတ္ျပန္ေပးရန္ စီစဥ္မည္ျဖစ္ၿပီး သုံးစြဲမႈမွန္သမွ် ေျပစာ (သို႔မဟုတ္) သုံးစြဲသည့္ အေၾကာင္းအရာကို ရွင္းလင္းစြာေဖာ္ျပခ်က္ႏွင့္တကြ လက္မွတ္ႏွင့္ ခံဝန္ခ်က္တို႔ ရယူႏိုင္မည့္ စည္းမ်ဥ္းခ်မွတ္ထားတယ္လို႔ ေျပာခဲ့ပါတယ္။

ထိုအမႈက ရပ္ေက်ာ္႐ြာေက်ာ္ ကမာၻေက်ာ္ျဖစ္လာလို႔ ဘယ္သူပဲမွားယြင္းယြင္း မွားယြင္းသူအတြက္ ေပးဆပ္မႈႀကီးမားမည့္ ပြဲလည္းျဖစ္ပါတယ္။လာမည့္ ရက္သတၱပတ္မ်ားအတြင္း ဗစ္တိုးရီးယားအတြက္ ရဲတပ္ဖြဲ႕ႏွင့္ တက္ႂကြသူတို႔ အၿပိဳင္ရွာၾကသည့္ တရားခံအစစ္အမွန္ွရွာပြဲမွာ လက္ရွိ ရဲတပ္ဖြဲ႕က တရားစြဲဆိုထားတဲ့ ေအာင္ႀကီး က တရားခံဆိုတာကို သက္ေသျပႏိုင္မည္လား၊ ဒါမွမဟုတ္ တျခားေသာအေျဖဘဲ ထြက္ေပၚလာမလားဆိုတာ အမ်ားျပည္သူအေနနဲ႔  ေစာင့္ၾကည့္ရေတာ့မည္ ျဖစ္ပါတယ္။

ဒီအတြက္ မ်ားမၾကာမီ အဓိကတရားခံ “ကိုကို” အစစ္အမွန္ဆိုတာ ဘယ္သူဘယ္ဝါလည္းဆိုတာ ေတြ႕ျမင္ရဖို႔ ရွိေနပါတယ္။

ဒီသတင္းနဲ႔အတူ အမ်ားျပည္သူ ေနာက္ထပ္အာ႐ုံစိုက္ခဲ့သည့္ သတင္းေတြလည္းရွိခဲ့ကာ (၂) ႏွစ္အ႐ြယ္ မိန္းကေလးငယ္ကို အဓမၼျပဳက်င့္ခဲ့တဲ့  အသက္ (၃၉) ႏွစ္အ႐ြယ္ သကၤန္းဝတ္ ကိုရင္ႀကီးဆိုသူရဲ႕ သက္ငယ္မုဒိမ္းမႈကို ဥပေဒအႀကံျပဳခ်က္ မရေသးလို႔ တစ္လၾကာတဲ့အထိ တရားမစြဲရေသးတဲ့ သတင္း၊ လွည္းကူးၿမိဳ႕နယ္ထဲက ေကတီဗီဆိုင္တစ္ဆိုင္ကို မိုက္ေၾကးခြဲ ဆက္ေၾကးေတာင္းလို႔ အမ်ိဳးသားေျခာက္ဦးကို ဖမ္းဆီးအေရးယူထားတဲ့ သတင္း၊ အသက္ (၁၄) ႏွစ္ အ႐ြယ္ မိန္းကေလးတစ္ဦးကို အ႐ြယ္တူ မိန္းကေလးခုနစ္ဦးက လမ္းမေပၚတြင္ အုပ္စုဖြဲ႕႐ိုက္ႏွက္လို႔ တန႔္ယန္းၿမိဳ႕ ရဲတပ္ဖြဲ႕က ဖမ္းဆီးအေရးယူထားတဲ့ သတင္း၊ လူကုန္ကူးဂိုဏ္းကို ႏွိမ္နင္းမႈအတြင္း ျမန္မာႏိုင္ငံသား ရွစ္ဦးႏွင့္ ထိုင္းႏိုင္ငံသား ႏွစ္ဦးကို တိုင္းရဲတပ္ဖြဲ႕က ဖမ္းဆီးမိခဲ့တဲ့ သတင္း၊ ျမန္မာလုပ္သား ကိုးဦးကို  ကေမာၻဒီးယားပို႔မယ့္ တ႐ုတ္ႏိုင္ငံသားတစ္ဦးကို ရန္ကုန္ေလဆိပ္မွာ ဖမ္းဆီးခဲ့တဲ့ သတင္း၊ တာခ်ီလိတ္ ဗိုလ္ခ်ဳပ္လမ္းမေပၚရွိ ရွင္းဒါးေ႐ႊဆိုင္ကို ေသနတ္ကိုင္ထားတဲ့ အမ်ိဳးသားႏွစ္ဦး အႏုၾကမ္းစီးကာ ေ႐ႊထည္သိန္း ၄၀၀ ေက်ာ္ လုယက္သြားတဲ့ သတင္း၊ အျမန္လမ္းတြင္ ရဟန္းတစ္ပါး ေမာင္းႏွင္လာသည့္ ယာဥ္တစ္စီး ရန္ကုန္-မႏၲေလး အျမန္လမ္းမွာ ေခ်ာင္းထဲထိုးက်တဲ့ သတင္း၊ လယ္ေဝးမွာ အမ်ိဳးသားတစ္ဦးကို ဓားနဲ႔ထိုးသူကို သြားဖမ္းဆီးစဥ္ ဓားလွံကိုင္ၿပီး ျပန္ရန္ျပဳတိုက္ခိုက္လို႔ ရဲတပ္ဖြဲ႕ဝင္သုံးဦး ထိခိုက္ဒဏ္ရာရရွိတဲ့ သတင္းေတြလို ရာဇဝတ္မႈဆိုင္ရာ သတင္းေတြကလည္း ယခုတစ္ပတ္ရဲ႕ ထိပ္တန္းစိတ္ဝင္စားစရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

တရားဥပေဒစိုးမိုးမႈ ယုတ္ေလ်ာ့ခ်ိန္ေရာက္ေနၿပီလား

ယခုတစ္ပတ္ သတင္းေတြထဲမွာ သတိထားစရာျဖစ္ခဲ့တဲ့ သတင္းက ဦးဝီရသူ နဲ႔ ပတ္သက္တဲ့ သတင္းပါဘဲ။ေရွာင္တိမ္းေနတဲ့ မစိုးရိမ္တိုက္မွ ဦးဝီရသူ ကို မ်က္ကြယ္မွာ တရားစြဲဆိုစစ္ေဆးေနတဲ့ အေနာက္ပိုင္းခ႐ိုင္တရား႐ုံးက တရားလိုျပ သက္ေသသုံးဦးကို စစ္ေဆးၿပီးေနာက္မွာ အားလုံးစစ္ေဆးၿပီးလို႔ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၈၇ အရ ဝရမ္းကပ္ေၾကညာရန္ တရားသူႀကီးက ေၾကညာခ်က္ ထုတ္ခဲ့ပါတယ္။ဒါ့အျပင္ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၈၈ အရ ဦးဝီရသူ သီတင္းသုံးခဲ့တဲ့ ေက်ာင္းတိုက္ကိုလည္း ဝရမ္းကပ္ဖို႔ ေၾကညာခ်က္ ထုတ္ခဲ့ပါတယ္။

ေဟာေျပာပြဲမွာ ႏိုင္ငံေတာ္အႀကီးအကဲေတြအေပၚ မဖြယ္မရာစကားလုံးေတြ သုံးႏႈန္းေျပာဆိုတာနဲ႔ တာဝန္ရွိသူမ်ားအေပၚ အၾကည္ညိဳပ်က္ေအာင္ ေျပာဆိုမႈေတြေၾကာင့္ အေနာက္ပိုင္းခ႐ိုင္ ဒုအေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးစန္းမင္း က တရားလိုျပဳလုပ္၍ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄-က နဲ႔ ေမ ၂၈ ရက္က တိုင္တန္းတရားစြဲဆိုခဲ့တာပါ။တရားစစြဲဆိုကတည္းက လာေရာက္ရင္ဆိုင္မယ္ဆိုၿပီး တစ္လေက်ာ္ၾကာသည့္အထိ ဦးဝီရသူမွာ ထြက္ေျပးတိမ္းေရွာင္ေနလို႔ ဖမ္းဝရမ္းထုတ္တဲ့အထိ ျဖစ္ခဲ့ရၿပီး ရင္မဆိုင္ဘဲ ထြက္ေျပးတိမ္းေရွာင္ေနလို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကို က တစ္သက္လုံး ဝရမ္းေျပးအျဖစ္ ခံယူမည္လားလို႔ေတာင္ ေမးခြန္းထုတ္ရတဲ့အထိ ျဖစ္ခဲ့ရပါတယ္။

ဇူလိုင္ ၁၂ ရက္က မႏၲေလး မစိုးရိမ္ေက်ာင္းဝင္းထဲက ဦးဝီရသူ ေနထိုင္ခဲ့ရာ ေက်ာင္းတိုက္ကို ၿမိဳ႕နယ္ သာသနာေရးဦးစီးဌာနနဲ႔ ရဲတပ္ဖြဲ႕ ေပါင္းၿပီးသြားေရာက္ ဝရမ္းကပ္ ေၾကညာစာကပ္ခဲ့ပါတယ္။ဒါေပမယ့္ အဆိုပါ ဝရမ္းကို ေဆာ့ပင္နဲ႔ ၾကက္ေျခခတ္ၿပီး စာကိုလည္း ဖယ္ပစ္ခဲ့တယ္ ဆိုပါတယ္။ဒီလိုျဖစ္ရပ္အတြက္ အမ်ားစုက ေပးတဲ့မွတ္ခ်က္ေတြမွာ တရားဥပေဒထက္မွာ ေနထိုင္ပုံနဲ႔ လုပ္ခ်င္ရာလုပ္မယ္ ဘာတရားဥပေဒနဲ႔မွ အေရးယူလို႔ မရဘူးဆိုတဲ့ ယခင္စစ္အစိုးရေခတ္ တစ္ေလွ်ာက္လုံး အာဏာပိုင္ေတြယူခဲ့တဲ့ အထူးအခြင့္အေရးကို ရေနၿပီလားဆိုတဲ့ ေမးခြန္းေတြ ေပၚထြက္လာခဲ့ပါတယ္။

ဇူလိုင္ ၈ ရက္က ျပဳလုပ္တဲ့ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ၄၇ ပါး စုံညီအစည္းအေဝးမွာ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက သံဃာ့အဖြဲ႕အစည္း အဆင့္ဆင့္ရဲ႕ ထိန္းသိမ္းၾကပ္မတ္မႈကို မလိုလားဘဲ ရဟန္းမ်ားႏွင့္ မအပ္စပ္ေသာ လူမႈေရး၊ ပါတီႏိုင္ငံေရး ကိစၥေတြ ဝင္ပါေနတဲ့ ရဟန္းမ်ားေၾကာင့္ သံဃာညီၫြတ္ေရးႏွင့္ သာသနာကို ထိခိုက္ပ်က္စီးႏိုင္တယ္လို႔ မဟန ဆရာေတာ္မ်ားထံ ေလွ်ာက္ထားခဲ့ရပါတယ္။တျခားဘာသာေတြ အားေကာင္းလာခ်ိန္မွာ ဗုဒၶဘာသာထဲ ဘာသာတရားကို အကာအကြယ္ျပဳကာ ဝင္ေနတဲ့ သံဃာတု သံဃာေယာင္ေတြကို ဖယ္ရွားရွင္းလင္းၿပီး သာသနာကို ခ်ီးေျမႇာက္ဖို႔ လိုလာေနၿပီ ျဖစ္ပါတယ္။
ဒီအတြက္ အဖြဲ႕အစည္း၊ လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္ အက်ိဳးစီးပြားအတြက္ ဘုရားသားေတာ္ သံဃာေတြနဲ႔ သာသနာကို အသုံးခ်တဲ့ ဘယ္သူမဆို အခ်ိန္တန္ရင္ အမ်ားျပည္သူက ကြဲျပားစြာျမင္ၿပီး ဖယ္က်ဥ္ခဲ့တဲ့ အစဥ္အလာလည္း ရွိခဲ့တဲ့အတြက္ ျပည္သူက ဓမၼနဲ႔ အဓမၼကို ခြဲျခားတဲ့အခါ  ဘယ္သူေတြ ဘယ္အဖြဲ႕ေတြ ဘယ္ေလာက္ခံႏိုင္ရည္ရွိမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီလို သာသနာအတြက္ ရတက္မေအးစရာ သတင္းေတြအျပင္ ယခုတစ္ပတ္ထဲ သတင္းေတြထဲမွာ တ႐ုတ္ႏိုင္ငံသားမ်ား ဗီဇာကင္းလြတ္ခြင့္ ရရွိေရးအတြက္ ေဆာင္႐ြက္ေပးဖို႔  ျမန္မာအစိုးရကို တ႐ုတ္သံအမတ္ ေတာင္းဆိုတဲ့ သတင္း၊ ၂၅ ႏွစ္အတြင္း ခ်ထားေပးတဲ့ စိုက္ပ်ိဳးေျမဧက ၅ ဒသမ ၁ သန္းခန႔္အနက္ ထက္ဝက္နီးပါးကို တပ္မေတာ္အရာရွိႀကီးမ်ားနဲ႔  ယခင္အစိုးရလက္ထက္ ဖြဲ႕စည္းခဲ့တဲ့ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္း စီမံခန႔္ခြဲမႈ ဗဟိုေကာ္မတီတို႔က ရယူထားတယ္လို႔ (MRLG) က ထုတ္ျပန္တဲ့ စစ္တမ္းမွာ ေဖာ္ျပခဲ့တဲ့ သတင္း၊ ရာသီတုပ္ေကြး (H1N1) ေၾကာင့္ တစ္ႏိုင္ငံလုံးမွာ ေသဆုံးသူ ၃၇ ဦး ရွိလာတဲ့ သတင္း၊ ေ႐ႊတိဂုံေစတီေတာ္မွာ ဒ႐ုန္း (Drone) လႊင့္တင္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံသား Wu Ru ကို သတိေပး၍ ျပန္လႊတ္ခဲ့တဲ့ သတင္း၊ တ႐ုတ္ႏိုင္ငံသားမ်ား ျပည္တြင္းဝင္ေရာက္ေနထိုင္ကာ ျမန္မာအမ်ိဳးသမီးမ်ားကို ေတာင္းရမ္းလက္ထပ္ကာ လူကုန္ကူးမႈ က်ဴးလြန္ေနတယ္လို႔ လူကယ္ျပန္ ၫႊန္/ခ်ဳပ္ ေျပာၾကားခဲ့တဲ့ သတင္း၊ မုံ႐ြာၿမိဳ႕နယ္ ေက်ာကၠာေျမာက္ေက်း႐ြာ ေရနံခ်က္ဖိုရွိ ေရနံစိမ္းထည့္တဲ့ကန္ထဲ လူတစ္ဦး ျပဳတ္က်ေသဆုံးခဲ့တဲ့ သတင္း၊ ခ်င္းတြင္းျမစ္ေရမ်ားခ်ိန္ မုံ႐ြာ-ဟုမၼလင္း သေဘၤာခရီးစဥ္ကို တစ္ပတ္ကို ႏွစ္စီးေျပးဆြဲရန္ စီစဥ္ေနတဲ့ သတင္းေတြကလည္း သတင္းဖတ္သူေတြကို စိတ္ဝင္စားမႈပိုေစခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇူလိုင္ - ၁၂