【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဗုံးတစ်လုံးကပြောတဲ့ ဒီမိုကရေစီနဲ့ လက်ရှိအခြေအနေ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဗုံးတစ်လုံးကပြောတဲ့ ဒီမိုကရေစီနဲ့ လက်ရှိအခြေအနေ

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ သတိထားစရာဖြစ်ခဲ့တာက ဝန်ကြီးတွေ အနားပေးတဲ့ သတင်းတွေနဲ့ ရန်ကုန်တက္ကသိုလ်ကိုလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကျောင်းသားအချို့ ဆန္ဒပြတဲ့သတင်း၊ မြန်မာနိုင်ငံ အထက်ပိုင်း ဧရာဝတီမြစ်တစ်လျှောက်မှာ ရေကြီးတာတွေ ကမ်းပါးပြိုတာတွေ ဖြစ်တဲ့သတင်း၊ နေပြည်တော်မှာ ဗုံးလန့်ပြီး ရန်ကုန် သင်္ယန်းကျွန်းမှာ လက်ပစ်ဗုံးတွေ့တဲ့ သတင်းတွေပါဘဲ။     

ဒီလို စိတ်ဝင်စားစရာ သတင်းတွေအပြင် ယခုတစ်ပတ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းအချို့က နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများနှင့် ပြည်နယ်အချို့ရှိ အကူအညီလိုအပ်နေသူများအတွက် ဥရောပသမဂ္ဂ (အီးယူ) က ယူရိုငွေ ၁ဒသမ ၃၅ သန်း လှူဒါန်းခဲ့တဲ့သတင်း၊ ဆက်သွယ်ရေးကို ကျပ်သန်း ၃၀၀ ဒဏ်ကြေးဆောင်ရတဲ့အပေါ် မိုင်တဲလ်က ပြန်ရှင်းလင်းချက် ထုတ်ပြန်တဲ့သတင်း၊ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသား လုပ်ငန်းရှင်တွေကို ရန်ကုန်တိုင်းအစိုးရက မြေရောင်းချရန် စီစဉ်နေတဲ့သတင်း၊ ရန်ကုန် ဗဟိုစာတိုက်ကြီးမှာ နယ်သာလန်ကနေလာတဲ့ ပါဆယ်ထုပ်ထဲကနေ သိန်း ၁၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတဲ့သတင်း၊ မလေးရှားမှာရှိတဲ့ ဘင်္ဂါလီ ငွေညှစ်ဂိုဏ်း အဖွဲ့တစ်ခုက ARSA အကြမ်းဖက်သမားများထံ ဒေါ်လာထောင်ပေါင်းများစွာ ပံ့ပိုးထောက်ပံ့ပေးခဲ့တဲ့ သတင်း၊ ကရင်ပြည်နယ်လုံးဆိုင်ရာ ပအိုဝ်းအမျိုးသား လူူငယ်ညီလာခံက ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားညီလာခံ ကျင်းပပေးဖို့ တောင်းဆိုလိုက်တဲ့ သတင်းတွေနဲ့အတူ သတိထားစောင့်ကြည့်စရာ ဖြစ်လာခဲ့ပါတယ်။

ဗုံးတစ်လုံးက ဘာပြောသလဲ

ယခုတစ်ပတ် သတင်းများအနက် သတိထားမိသည့် သတင်းက လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်ရာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ဗုံးထောင်မည်ဆိုပြီး ကောလာဟလထွက်လာတဲ့ သတင်းတွေနဲ့ ရန်ကုန် သင်္ယန်းကျွန်းရှိ NLD ပါတီ ရုံးအနီးမှာ လက်ပစ်ဗုံးတွေ့တဲ့ သတင်းပင်ဖြစ်သည်။

ထိုသတင်းအပြင် အများပြည်သူ စိတ်ဝင်စားနေသည့် နေပြည်တော်မှ သက်ငယ် မဖွယ်မရာအပြုခံရသည့်အမှု ဒုတိယရုံးချိန်းတွင် တရားလိုက မူကြိုဆရာမ နှင်းနုအား သတင်းထိန်ချန်မှုဖြင့် ထပ်တိုးတရားခံအဖြစ် ထပ်မံလျှောက်ထားတဲ့ သတင်းပဲ ဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်သည့် စည်ပင်ဧည့်ရိပ်သာအတွင်း ဗုံးထောင်မည်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်လာခဲ့လို့ နေပြည်တော် အာဏာပိုင်တွေ အလှုပ်ရှုပ်ခဲ့ပါတယ်။ဒီလိုသတင်းတွေ ထွက်လာခဲ့တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုနေထိုင်တဲ့ နေရာကို သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးခဲ့သလို လုံခြုံရေးလဲ တိုးချပေးခဲ့ပါတယ်။စစ်ဆေးရာမှာ မတွေ့ရတဲ့အတွက် ဗုံးသတင်း ဘယ်ကနေစသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

မကြာခင်က ဒီစည်ပင်ဧည့်ရိပ်သာ (၂) မှာဘဲ ကျပ်သိန်းတစ်ရာကျော် ရွှေထည်တွေ ခိုးယူခံရတာ ပေါ်ပေါက်ခဲ့ပါသေးတယ်။ဒီတုန်းက စည်ပင်ဧည့်ရိပ်သာ လုံခြုံရေးနည်းပါးမှုက ထောက်ပြစရာဖြစ်ခဲ့တာမှာ ယခုလို ဗုံးထောင်တယ်ဆိုတဲ့ သတင်းထွက်ရာမှာလည်း ဒီလုံခြုံရေးအားနည်းချက်ကြောင့်လားဆိုတဲ့ မေးခွန်းတွေ ထွက်လာခဲ့ပါတယ်။

သတင်းတွေမှာတော့ ဒီလိုဗုံးလန့်တာနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရုံး၌ အရာရှိတစ်ဦးအဖြစ် တာဝန်ယူခဲ့ပြီး ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်းမှာ အဖွဲ့ဝင်ဖြစ်တဲ့ ဦးအောင်ပိုင်မင်း တာဝန်ခံတဲ့ Competitor အမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာက "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်ဆွေ အရက်မူးပြီး ဖုန်းဆက်တိုင်ကြားတာ" လို့ ဖော်ပြခဲ့တဲ့အတွက် သက်ဆိုင်ရာ အမတ်က ၎င်းတို့ကို တရားစွဲဆိုမှုတွေလုပ်ဖို့ ပါတီနဲ့ စီစဉ်နေတယ်ဆိုတာကို ဖော်ပြထားတာ တွေ့ရပါ တယ်။ဖော်ပြချက်တွေမှာတော့ အဆိုပါ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟာ လွှတ်တော်အစည်းအဝေးကို တက်နေတဲ့အချိန် ဖြစ်တယ်ဆိုတာကို ဖော်ပြခဲ့ပါတယ်။

ထိုသို့ဖြစ်ပြီး နောက်တစ်ရက် ဇူလိုင် ၂၄ ရက်မှာ သင်္ဃန်းကျွန်းမြို့နယ် ဒီချုပ်ပါတီရုံးရှေ့ လမ်းမဘေး လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ပါတယ်။ဒီလက်ပစ်ဗုံးကို အမှိုက်သိမ်းတဲ့ စည်ပင်လုပ်သားက တွေ့ခဲ့တာဖြစ်ပြီး ဒီလိုတွေ့ရှိတဲ့အတွက် အများပြည်သူကြား စိတ်ဝင်စားစရာဖြစ်ခဲ့သလို နေပြည်တော်မှာ ဗုံးထောင်ထားတယ်လို့ ကောလာဟလထွက်ပြီး နောက်ရက်မှာ ဗုံးတွေ့တာပါ။

မလိခအိမ်ယာဝင်းအနီး မလိခအိမ်ယာလမ်းပေါ်မှာရှိတဲ့ သင်္ဃန်းကျွန်းမြို့နယ် ဒီချုပ်ပါတီရုံးရှေ့မှာ တွေ့ရတဲ့အတွက် ဘယ်သူချခဲ့သလဲဆိုတာသိဖို့ အနားရှိ CCTV မှတ်တမ်းတွေကို ပြန်စစ်ဆေးဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။သတင်းတွေထဲမှာတော့ အမှိုက်ကောက်တဲ့ ကလေးကတွေ့ပြီး ပြန်ချခဲ့ကာ ကားသမားတစ်ဦးကို မေးရာကနေ လက်ပစ်ဗုံးအစစ် ဖြစ်နေတာကို တွေ့ရတယ် ဆိုပါတယ်။ဒီလိုဖြစ်စဉ်မှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ချက်ချင်းလာရောက် ရှင်းလင်းခဲ့သလို ဗုံးအမျိုးအစားကိုလည်း စစ်ဆေးခဲ့တယ် ဆိုပါတယ်။

ဒီနောက်မှာ ဒီလိုဗုံးတွေ့တာနဲ့ ပတ်သက်ပြီး သတင်းတွေတက်လာခဲ့ပါတယ်။NLD ပါတီဘက်ကလည်း သူ့ရုံးနားမှာ လာချထားတာဖြစ်တဲ့အတွက် သုံးသပ်မှုတွေရှိခဲ့ပါတယ်။NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီမှ အတွင်းရေးမှူးဖြစ်သူ မုံရွာဦးအောင်ရှင် က နေပြည်တော်မှာ ဗုံးလန့်တာ၊ သင်္ကန်းကျွန်း NLD ရုံးအနီးမှာ ဗုံးတွေ့တာတွေက ပြည်သူလူထုကို ခြောက်လှန့်တဲ့ ကိစ္စဖြစ်သလို ပါတီကိုလည်း ခြိမ်းခြောက်လိုခြင်းကြောင့် ပြုလုပ်ဟန်တူတယ်လို့ ပြည်တွင်းအွန်လိုင်းမီဒီယာတစ်ခုကို ပြောခဲ့ပါတယ်။နိုင်ငံရေးပါတီ အချို့ကတော့ နေပြည်တော်နှင့် ရန်ကုန်မြို့မှာ ဗုံးနဲ့ပတ်သက်ပြီး သတင်းတွေ နှစ်ရက်ဆက်တိုက် ထွက်ပေါ်လာတာ နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေဘက်ကတော့ လက်ပစ်ဗုံးအမျိုးအစားနှင့် မည်သူမည်ဝါပြုလုပ်သည် ဆိုသည်ကို CCTV မှတ်တမ်း စစ်ဆေးနေဆဲဆိုတာသာ ဆိုထားပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် ကတော့ စစ်မြေပြင်မှာ ရှိရမယ့် ဗုံးက ရပ်ကွက်ထဲရှိနေတာ မရှိသင့်မရှိထိုက်တဲ့ သဘောလို့ ပြောခဲ့သလို ရွေးကောက်ပွဲ နီးလာတဲ့အတွက် နိုင်ငံရေးနဲ့ ဆက်စပ်တာဖြစ်နိုင်လို့ သတိထားဖို့ ပြောခဲ့ပါတယ်။ခြေဥပြင်ဆင်ရေးအတွက် လွှတ်တော်ထဲမှာ အရှိန်ရလာချိန်နဲ့ ၂၀၂၀ ရွေးကောက်ပွဲ နီးလာချိန်တွေမှာ ဒီလိုဖြစ်လာရတာဟာ အကြောင်းမဲ့ မဟုတ်သလို နောက်ကွယ်မှာ ဒီထက်ပိုတဲ့ အကြောင်းတရားတွေလည်းရှိမှာ သေချာနေပါတယ်။ဒီရက်ပိုင်းအတွင်း ပြည်သူတွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ဘာတွေလုပ်နေသလဲဆိုတာ စောင့်ကြည့်နေသလို လွန်ခဲ့တဲ့ကာလတွေက ဖြစ်ပျက်ခဲ့တာတွေနဲ့ နှိုင်းယှဉ်ပြီး သုံးသပ်မှုတွေလည်းရှိတဲ့အတွက် နောက်ကွယ်က ရည်ရွယ်ချက်ကို မှန်းဆသုံးသပ်မိတာတွေလည်း ရှိပါတယ်။ဘာပဲဖြစ်ဖြစ် သတိဆိုတာ ပိုတယ်မရှိဘဲ စောင့်ကြည့်ဖို့ လိုနေတဲ့အတွက် ဒီသတင်းက အများပြည်သူကို နောက်ဆက်တွဲ ဘာတွေဖြစ်လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ချင်စိတ်ကို နှိုးဆွပေးခဲ့ပါတယ်။

ဒီသတင်းလိုဘဲ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ခုက နေပြည်တော်မှာဖြစ်ခဲ့တဲ့ ဗစ်တိုးရီးယားအမှု ဒုတိယရုံးချိန်း သတင်းပါဘဲ။ဒီရုံးချိန်းကို အများသူငှာ စိတ်ဝင်စားသလို လာရောက်ဝန်းရံသူတွေလဲ ရှိခဲ့ပါတယ်။ဒီရုံးချိန်းမှာ ကျူးလွန်ခံရသူ ဗစ်တိုးရီးယားရဲ့ မိခင်ဖြစ်တဲ့သူက Wisdom Hill မူကြိုကျောင်းမှ ဆရာမနှင်းနု ကို  နောက်တိုး သံသယတရားခံအဖြစ် သတ်မှတ်ပေးဖို့နဲ့ အခင်းဖြစ်ပွားတဲ့ နေရာကို သွားရောက်စစ်ဆေးပေးဖို့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးကို လျှောက်ထားခဲ့ပါတယ်။

ဒီအတွက် မီဒီယာတွေကို တရားလိုဘက်က တရားလွှတ်တော်ရှေ့နေအဖြစ်  အမှုကို လိုက်ပါဆောင်ရွက်နေသူက ရှင်းလင်းရာမှာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကလေးငယ် ထွက်ဆိုတဲ့ လေးကြိမ်စလုံးမှာ ဆရာမနှင်းနု သိတယ်၊ ဆရာမနှင်းနု က ကိုကို့ကိုဆူတယ်၊ ဆရာမနှင်းနု က ရေဆေးပေးတယ်ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီး ထိန်ချန်ခဲ့တဲ့အတွက် နောက်တိုးတရားခံအဖြစ် လျှောက်ထားခဲ့တာလို့ ပြောခဲ့တာပါ။ဒီလိုလျှောက်တဲ့အပေါ် သံသယတရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ အောင်ကြီး ရဲ့ ရှေ့နေကလည်း မကန့်ကွက်ခဲ့ပါဘူး။တရားရုံးကတော့  ဒီလို တရားလိုက တိုက်ရိုက်လျှောက်ထားမှုအပေါ် ခရိုင်ဥပဒေအရာရှိထံမှတစ်ဆင့် တင်ပြပြီး လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။ဒီအတွက် ဘယ်လိုဆုံးဖြတ်မလဲ၊ ဒီလိုနောက်တိုးတရားခံအဖြစ် လျှောက်ထားလို့ လူမြင်ကွင်းကနေ ပျောက်နေတဲ့ ဆရာမနှင်းနုဆိုသူ တရားရုံးကိုရောက်လာပြီး ဘာတွေထွက်ဆိုလာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလာခဲ့ပါတယ်။

အဆိုပါသတင်းတွေက ယခုတစ်ပတ် အများသူငှာ စိတ်ဝင်စားခဲ့သည့် သတင်းများဖြစ်တဲ့ ခုနှစ်နှစ်အရွယ် မိန်းကလေးကို (၂၉) နှစ်အရွယ် အမျိုးသားတစ်ဦးက သက်ငယ်မုဒိမ်းမှု ပြုကျင့်ရန် ကြံစည်မှု အထက်မင်းလှမှာ ဖြစ်ပွားခဲ့တဲ့သတင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ကျေးရွာတစ်ရွာမှာ အသက် ၄ နှစ်ကျော် မိန်းကလေးငယ်တစ်ဦးအား အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တဲ့ သတင်း၊ မကွေးမြို့ပေါ် ရပ်ကွက်တစ်ခုတွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်မှ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ သတင်း၊ ရွှေတောင်ကြား နေအိမ်တွင် ဖမ်းမိသည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း ကို ရုံးတင်စစ်ဆေးနေတဲ့ သတင်း၊ ကျောင်းသူများ ကာယိန္ဒြေနှောင့်ယှက်ခံရလို့ သထုံလမ်းတစ်လျှောက် စီစီတီဗီများ တပ်ဆင်တော့မယ့်သတင်း၊ သမ္မတပြင်ဆင်ချက်များ ထပ်မံပြင်ဆင်ကာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ထပ်မံအတည်ပြုလိုက်တဲ့သတင်း မကွေးတိုင်း ကန်သာကျေးရွာနှင့် ဖရဲကျွန်းကျေးရွာကြား မြေနုကျွန်းပိုင်ဆိုင်မှု အငြင်းပွားရာမှ စက်လှေမှောက်ပြီး လူ ၃၀ ကျော် ပျောက်ဆုံးနေတဲ့ သတင်း၊ မလှိုင်မြို့နယ် ဇီးတောဆည်ထဲမှာ ဥပုသ်နေ့ ကုသိုလ်ပြုဖို့သွားတဲ့ စက်လှေမှောက်လို့ ၁၄ ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေတဲ့ သတင်း၊ ရွှေတောင်မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အိမ်ထဲ လူငယ်တစ်ဦးက ဓားနဲ့ဝင်ခုတ်လို့ လွှတ်တော်ကိုယ်စားလှယ်ရဲ့သားဖြစ်သူ ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ မြို့သာစက်မှုဥယျာဉ်မှာ ဆေးခြောက်စိုက်ပျိုးလို့ ဖမ်းဆီးတရားစွဲဆိုထားတဲ့ အမေရိကန်နိုင်ငံသားကို မြင်းခြံခရိုင်တရားရုံးက အာမခံပေးခဲ့တဲ့ သတင်း၊ တက္ကသိုလ်တွေ လုံခြုံရေးအတွက် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကို ငှားရမ်းခွင့်ပြုထားတဲ့ သတင်း စတဲ့ သတင်းတွေလည်း ယခုတစ်ပတ်မှာ ဖြစ်ခဲ့ပါတယ်။

နှစ်စဉ်ကြုံပေမယ့် မရိုးတဲ့ ရေဘေး

ယခုတစ်ပတ်အတွင်း သဘာဝဘေး သတင်းတွေက တောက်လျှောက်တွေ့နေရပါတယ်။ဒီသတင်းတွေထဲမှာ ရေကြီးရေလွှမ်း သတင်းတွေက ယခုတစ်ပတ်ရဲ့ အဓိကသတင်းတွေပါဘဲ။ဇူလိုင် ဒုတိယအပတ်ကစပြီး မြန်မာနိုင်ငံ အထက်ပိုင်းမှာ ရေကြီးတဲ့ သတင်းတွေက ခပ်စိပ်စိပ်ဖြစ်လာခဲ့ပါတယ်။

ယခုရက်သတ္တပတ်ထဲ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရဆိုရင် မွန်၊ ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်၊ ပဲခူး၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးမှာ ရေကြီးခဲ့လို့ ရေဘေးနှင့် မိုးကြိုးဘေးကြောင့် လေးဦးသေ၊ ကိုးဦးဒဏ်ရာရကာ လူ ၄၅,၀၀၀ ကျော် ရေဘေးရှောင်စခန်းများတွင် ပြောင်းရွှေ့နေထိုင်ခဲ့ရတယ် ဆိုပါတယ်။

ယခုရက်တွေမှာ ကချင်ဘက်က ဆင်းလာတဲ့ ဧရာဝတီမြစ်ရေကြောင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တွေမှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ခြောက်လက်မခန့် ရောက်နေပြီး လူနေရပ်ကွက်တွေထဲ ရေဝင်လို့ တားဆီးကာကွယ်မှုတွေ လုပ်နေရတဲ့ သတင်းတွေ တွေ့နေရပါတယ်။ရခိုင်၊ စစ်ကိုင်း၊ မြစ်ကြီးနား၊ ရခိုင်ဘက်မှာ ရေပြန်ကျနေလို့ ကယ်ဆယ်ရေးစခန်းတွေ ပိတ်သိမ်းခဲ့ရပေမယ့် စစ်ကိုင်း၊ မန္တလေးဘက်မှာတော့ စခန်းတွေ ဖွင့်နေရပါတယ်။ဧရာဝတီဘက်မှာလဲ တိုင်းဒေသကြီး အစိုးရကိုယ်တိုင် အထက်ကဆင်းလာတဲ့ ရေတွေကြောင့် ကြုံတွေ့ရနိုင်တဲ့ ရေဘေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေသလို ဧရာဝတီမြစ်ရေတက်လို့  ဇူလိုင် ၂၂ ရက်အထိ စစ်ကိုင်းတိုင်းထဲက ခန္တီး၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦး၊ ရွှေဘိုနဲ့ စစ်ကိုင်းက လူ ၂၇၀၀၀ ခန့်၊ မန္တလေးတိုင်းထဲမှာ သပိတ်ကျင်း၊ စဉ့်ကူး၊ စဉ့်ကိုင်နဲ့ တံတားဦးက လူ၂၁၀၀၀ ခန့်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရပါတယ်။ဇူလိုင် ၂၃ ရက်မှာ မကွေးတိုင်းဒေသကြီး ချောက်၊ ရေနံချောင်း၊ ကံမ၊ မင်းဘူး၊ မကွေးမြို့တို့မှ လူ ၉၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသလို ဧရာဝတီတိုင်းဒေသကြီးဘက်မှာလည်း ဧရာဝတီမြစ်ရေဝင်တဲ့ မမြချောင်းဘေးက အင်္ဂပူမြို့နယ် ကျေးရွာအချို့မှာ ကမ်းပါးတွေပြိုလို့ လူ ၁၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရပါတယ်။ရေကြီးတာက ဧရာဝတီမြစ်တွင်မကပါဘူး။မြန်မာနိုင်ငံထဲက မြစ်တွေဖြစ်တဲ့ မြစ်ငယ်၊ ဒုဋ္ဌဝတီ၊ စစ်တောင်း၊ သံလွင်တွေပါ ရေကတိုးနေသလို ရခိုင်ဘက်မှာလည်း ရေကြီးမှုတွေ ဖြစ်နေပါတယ်။မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များ၌ လူဦးရေ ၉,၆၀၀ ကျော် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရလို့ ဒီဒေသက စစ်ရှောင်တွေအတွက် မြွေပူရာကင်းမှောင့် ဆိုသလိုပါဘဲ။

ရေဘေးကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကိုကြည့်ရင် ဇူလိုင် ၁၉ ရက်က ရခိုင်ဘက်မှာ လေးမြို့မြစ် (ရာမောင်မြစ်) တိုက်စားပြီး ကမ်းပြိုပြီး မင်းပြားမြို့က နေအိမ် ၄၂ လုံး ဖျက်ခဲ့ရပါတယ်။မြန်မာနိုင်ငံ အောက်ပိုင်း ကော့သောင်းဘက်မှာလည်း မိုးကြီးလို့ ဇူလိုင် ၂၀ ရက်မှာ  မိုးရေချိန်စံချိန်သစ်အဖြစ်  ၉ ဒသမ ၁၀ လက်မအထိ ရွာသွန်းခဲ့ပါတယ်။မိုးလေဝသပညာရှင်တွေကတော့ ဒီလထဲ ၂၀ ရက် နောက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်ထဲ ဒုတိယမြောက်မုန်တိုင်း ဖြစ်လာနိုင်တယ်လို့ သတိပေးထားတာရှိပါတယ်။ခန့်မှန်းထားမှုတွေထဲမှာ လေဖိအားနည်းရပ်ဝန်း အားကောင်းလာတဲ့အတွက် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တိ့ုတွင် မိုးဆက်လက်ရွာနိုင်တယ်လို့ ခန့်မှန်းထားတာကို တွေ့ရပါတယ်။

ယခုတစ်ပတ် ရေဘေးသတင်းတွေကို အများစုစိတ်ဝင်စားသလို တစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲက ရေတာရှည်မြို့နယ် ညောင်ပင်သာကျေးရွာအုပ်စုမှာ လေဆင်နှာမောင်း တိုက်ခတ်လို့  နေအိမ်ရှစ်လုံး ပျက်စီးကာ လူသုံးဦးဒဏ်ရာရခဲ့တဲ့ သတင်း၊ ပူပြင်းခြောက်သွေ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဆန်ပြတ်လပ်ပြီး စားသောက်နေထိုင်ရေး ခက်ခဲနေတဲ့ သတင်း၊ ဇူလိုင်လ ၂၃ ရက်နေ့ အထိတစ်နိုင်ငံလုံးမှာ H1N1 ရာသီတုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၇၁ ဦးအထိ ရှိလာတဲ့သတင်း၊ ရသေ့တောင်မြို့အနီးရှိ တပ်မတော် စစ်ရေယာဉ်သုံးစီးကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်တာ ခံရတဲ့သတင်း၊ ရခိုင်ဦးဆောင်ပါတီ (AFP) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းဖို့ ရွေး/ကော်က အကြောင်းပြန်ကြားလိုက်တဲ့ သတင်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနှင့် ၎င်းတို့ဇနီးများ၏ ဘဏ်စာရင်းများကို ယခုလဆန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဗဟိုဘဏ်မှတစ်ဆင့် ဝင်ရောက်စစ်ဆေးခဲ့တဲ့ သတင်း၊  မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ဇူလိုင် ၂၉ ရက်တွင် ကျင်းပရန် အစိုးရထံ အဆိုပြုထားတဲ့ သတင်းတွေကလည်း သတင်းဖတ်သူစိတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။

အဂတိနှင့် အစိုးရ၊ ပါတီသန့်စင်ရေး

ဧပြီ ၂၀ ရက်က ရန်ကုန်တက္ကသိုလ်မှာ ရန်ကုန်ကို ရောက်နေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ခံယူခဲ့ပါတယ်။ဒါဟာ ယခင်က ခေတ်အဆက်ဆက် ကင်းထောက်အဖွဲ့ နာယကနေရာကို ယူခဲ့တဲ့ အစဉ်အလာကို ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြန်လည်အစဖော်ခဲ့ပြီး ယခုအရပ်သားအစိုးရလက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က ကင်းထောက်အဖွဲ့ အကြီးအကဲရာထူးကို ခံယူခဲ့တာ ဖြစ်ပါတယ်။

ကင်းထောက်အဖွဲ့ အကြီးအကဲခံယူဖို့ ရန်ကုန်တက္ကသိုလ်ကိုလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးစီးပြီး ကျောင်းသား ၂၀ ဦးခန့်က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ဒီဆန္ဒထုတ်ဖာ်ပွဲမှာ ကျောင်းသားတွေက "ဆဲဗင်းဇူလိုင် ချီတက်လမ်းလျှောက်မှုကြောင့် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းခံထားရတဲ့ ကျောင်းသားတွေ ချက်ချင်းလွှတ်၊ အောင်သပြေကျေးရွာမှ ကိုးတန်းကျောင်းသား လွတ်မြောက်ရန်၊ ဖိနှိပ်သော အဆောင်စည်းကမ်းများ ချက်ချင်းဖျက်ရန်၊ ကျောင်းသူများ လိင်အကြမ်းဖက်ခံနေရခြင်းကို ဖြေရှင်းပေးရန်၊ တက္ကသိုလ်ရာပြည့်အကြောင်းပြ မဲဆွယ်ဖို့ မစဉ်းစားလေနဲ့" စသည့် ဆိုင်းဘုတ်များကိုင်ကာ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ပါတယ်။

အဆိုပါဆန္ဒပြပွဲကို ဦးဆောင်သူတွေကို ရန်ကုန်ဝန်ကြီးချုပ်ကိုယ်တိုင် တွေ့ဆုံဖြေရှင်းခဲ့ပြီး ဆဲဗင်းဇူလိုင် ချီတက်လမ်းလျှောက်မှုမှာ ခွင့်ပြုချက်အသိမပေးဘဲ လျှောက်သွားတဲ့အပေါ် တရားဥပဒေအတိုင်း ဆောင်ရွက်တာလို့ သက်ဆိုင်ရာ နယ်မြေရဲမှူးက ဆိုပါတယ်။အဆိုပါဆန္ဒပြရာမှာ ကိုင်ဆောင်တဲ့ ဆိုင်းဘုတ်ထဲက "တက္ကသိုလ်ရာပြည့် အကြောင်းပြ မဲဆွယ်ဖို့ မစဉ်းစားလေနဲ့" ဆိုတဲ့ စာသားပါတဲ့ ဆိုင်းဘုတ်ကို လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုမှု မြင့်တက်ခဲ့ပြီး ထိုသို့ ရေးသားဖော်ပြရတာ တက္ကသိုလ်ရာပြည့်ပွဲ အကြောင်းပြပြီး မဲဆွယ်နေတယ်လို့ ယူဆတဲ့အတွက် ထည့်ဆန္ဒပြရတာလို့ ဦးဆောင်ဆန္ဒပြတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဆိုသူက ပြောခဲ့ပါတယ်။    

ဒီဆန္ဒပြပွဲမှာပါတဲ့ ဗကသသမဂ္ဂအဖွဲ့ဝင် မအိသီရိကျော်  ကိုင်ဆောင်တဲ့ ဆိုင်းဘုတ်ဖြစ်တဲ့ "ကျောင်းသူများ လိင်အကြမ်းဖက်ခံနေရခြင်းကို ဖြေရှင်းပေးရန်" ဆိုတဲ့ စာသားနှင့် နှိုင်းယှဉ်ပြီး ကာတွန်းဆရာ ကာဠု (ပြည်) က 'ဟဲ့... နင့်ဆန္ဒမပါဘဲနဲ့  နင့်လိုဟာကို ဘယ်သူကအကြမ်းဖက်မှာလဲ' လို့ ကာတွန်းရေးဆွဲပြီး ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဇူလိုင် ၂၀ ရက်က ဖော်ပြခဲ့ပါတယ်။ဒီလိုဖော်ပြခဲ့တဲ့အတွက် အဆိုပါ ကာတွန်းက လူမှုကွန်ရက်တွင် ပျံ့နှံ့မှုအားကောင်းခဲ့သလို ထောက်ခံသူရော ရှုတ်ချသူပါ များခဲ့ပါတယ်။ဒါဟာ ကာယကံရှင်ကို လိင်အရ စော်ကားမှုနဲ့ ပုဂ္ဂိုလ်ရေးထိုးနှက်သလို ဖြစ်တယ်ဆိုပြီး ကာယကံရှင်ဘက်က မြန်မာနိုင်ငံ ကာတွန်းအဖွဲ့အစည်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပေါ် တိုင်ကြားမယ်ဆိုတဲ့ အသံတွေထွက်လာခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီး ကာတွန်းရေးဆွဲသူက ၎င်းရဲ့စာမျက်နှာကနေ ဇူလိုင် ၂၂ ရက်မှာ မှားယွင်းကြောင်း တောင်းပန်ဖော်ပြခဲ့ပေမယ့် အဆိုပါကျောင်းသူက ကျေနပ်မှုမရှိဘဲ ''ဒီလိုလွယ်လွယ်နဲ့ တောင်းပန်မှုကို လက်မခံပါဘူး။
မကျေအေးပေးနိုင်ပါဘူး" ဟု လူမှုကွန်ရက်မှာ တုံ့ပြန်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဆန္ဒပြတဲ့ အဆိုပါဆန္ဒပြပွဲက အများပြည်သူအများစုက သဘောမကျမှုအများဆုံးနဲ့ ဝေဖန်ခံရမှုအများဆုံးဖြစ်ခဲ့ပြီး နိုင်ငံရေးနောက်ခံရှိသူ အများစုက ထောက်ခံတာကို တွေ့ရကာ လူမှုကွန်ရက်မှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပြောဆိုမှုတွေ သဘောထားကွဲလွဲမှုတွေ တွေ့ခဲ့ရပါတယ်။ဒီထဲမှာ ထူးခြားချက်က ဆန္ဒပြခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်  ဆန္ဒဖော်ထုတ်နေသူတွေနားသွားပြီး ဆိုင်းဘုတ်ပေါ်က စာသားတွေကို စေ့ငှစုံလင်စွာ ဖတ်ရှုနေတဲ့ပုံ လူကြိုက်များခဲ့ပြီး ယခုတစ်ပတ် သတင်းမျက်နှာဖုံးတွေမှာ နေရာယူခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အဆိုပါ ရန်ကုန်တက္ကသိုလ်ထဲ လာရောက်ကာ ကင်းထောက်အကြီးအကဲ ခံယူတဲ့ အခမ်းအနားအပြန်မှာ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ကံ့ကော်ဥယျာဉ်ထဲ အမှတ်တရ ကံ့ကော်ပင် စိုက်ပျိုးခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်ကနေ တွေ့ရတာက ပြည်သူအများစုစိတ်ထဲ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို လက်ခံထားဆဲဖြစ်ပြီး လူထုခေါင်းဆောင်အဖြစ် နေရာပေးထားဆဲဆိုတာကို ကျောင်းသားဆန္ဒပြပွဲတွေ၊ ဒီမိုကရက်တွေ ဆန္ဒပြပွဲတွေမှာ အမျိုးသားအစွန်းရောက်တွေ ဆန္ဒထုတ်ဖော်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ခဲ့တာတွေကိုကြည့်ရင် တွေ့ရမှာပါ။

ဒီသတင်းလိုဘဲ တစ်ပတ်ထဲ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ သတင်းက နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ပြုလုပ်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးသတင်းပါ။ဒီအစည်းအဝေးအပြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် က မီဒီယာတွေကို အောက်ခြေလွတ်နေတဲ့ ဝန်ကြီးနှင့် အမတ်အချို့ကြောင့် အခက်အခဲများစွာရှိနေတယ်လို့ ပြောကြားခဲ့တဲ့အတွက် ဒီသတင်းက ယခုတစ်ပတ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးသတင်း ဖြစ်ခဲ့ပါတယ်။

ဒီလိုပြောလိုက်တဲ့အတွက် အရပ်သားအစိုးရ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေလဲဆိုတာကို အများပြည်သူက တိတိပပ သိလိုက်ရတာပါပဲ။ဒီရက်ပိုင်း ပါတီနဲ့ အစိုးရအဖွဲ့အတွင်း ဖြုတ်ထုတ်သန့်စင်မှုတွေ လုပ်နေတဲ့သတင်းတွေ ထွက်လာချိန်မှာ ယခုလို ဒေါက်တာဇော်မြင့်မောင် က ပြောလိုက်တဲ့အတွက် သတင်းအချို့ကို အတည်ပြုသလို ဖြစ်ခဲ့ပါတယ်။ဒေါက်တာဇော်မြင့်မောင် က ဒီပြောဆိုမှုမှာဘဲ လွှတ်တော်ကိုယ်စားလှယ်တွေ ဝန်ကြီးတွေအနေနဲ့ အရမ်းမလုပ်ဘဲ ပြည်သူကို မျက်နှာမူဆောင်ရွက်သင့်တယ်လို့ ပြောခဲ့သလို အစိုးရအုပ်ချုပ်ရေးယန္တရား လည်ပတ်ဖို့ ဆောင်ရွက်ရာမှာ ယခင်စနစ်ဟောင်းကလာတဲ့ အသားကျနေသူတွေကြောင့် နောက်ကျောမလုံတဲ့ အခြေအနေကို ကြုံနေရတယ်လို့ ဝန်ခံခဲ့ပါတယ်။ဒါ့အပြင် အမျိုးသားရင်ကြားစေ့ရေးမူနဲ့ ပတ်သက်ပြီး လက်ကမ်းမှုကို ပုတ်ချနေရင် မအောင်မြင်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ဇူလိုင် ၁၇ ရက် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ စာရေးဆရာများ တွေ့ဆုံစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ဟာ ပြည်သူလူထုညီညွတ်ရင် မြဖ် နိုင်စရာမရှိဘူးလို့ ပြောခဲ့ပါတယ်။

အာဏာရပါတီအနေနဲ့ ပါတီတွင်း တည်ဆောက်မှုကို ပြန်လုပ်နေတာတွေ့ရသလို အစိုးရအဖွဲ့အတွင်း အဂတိတရားကင်းရှင်းဖို့ လုပ်ဆောင်နေတာတွေကိုလည်း တွေ့ရပါတယ်။အရပ်သားအစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးတစ်ဦးကို ပထမဆုံးအကြိမ် အနားပေးခဲ့သလို တိုင်းဒေသကြီး ဝန်ကြီးချုပ်တစ်ဦးကိုလည်း အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး အရေးယူခဲ့ပါတယ်။ယခုမကြာခင်က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဝင်စစ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး အပါအဝင် ၎င်းဇနီးတွေရဲ့ ငွေစာရင်းတွေကိုပါ စစ်ဆေးခဲ့ပါတယ်။လက်ရှိတွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဖြစ်တဲ့ ဦးဝင်းခိုင် က ဆေးခွင့်နဲ့ အနားယူနေပြီး ဒု-ဝန်ကြီးကိုလည်း သတင်းအချို့မှာ တာဝန်ထမ်းဆောင်နေဆဲ တွေ့ရတဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဝင်စစ်နေတာ ဘာတွေကြားရသိရဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ပါတီတွင်းမှာလည်း သုတေသနအတွင်းရေးမှူးကို တိုင်စာတစ်ခုကြောင့် ပါတီတာဝန်ကနေ ခေတ္တအနားပေးထားပြီး ပါတီဘက်က စစ်ဆေးနေတာတွေလည်း ရှိပါတယ်။သတင်းတွေအရ အစိုးရအနေနဲ့ အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု ကင်းရှင်းဖို့ ပြတ်ပြတ်သားသား လုပ်ကိုင်မယ့် အခြေ အနေရှိနေသလို ပါတီဘက်ကလည်း လာမယ့် ၂၀၂၀ အတွက် ကြိုပြီးတော့လဲ ပါတီတွင်း ပြန်လည်တည်ဆောက်မှုတွေ လုပ်နေတာကို တွေ့ရပါတယ်။

မကြာမီက လွှတ်တော်အတွင်း ရုပ်သံထုတ်လွှင့်စဉ် ပြတ်တောက်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး ကို နိုင်ငံတော်သမ္မတရုံးက အမိန့်စာနဲ့ ထုတ်ပယ်ခဲ့သလို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ရာထူးကအနားပေးလိုက်တဲ့ သတင်းလဲ ပြန်တမ်းနဲ့ ထွက်လာခဲ့ပါတယ်။နောက်ဆက်တွဲအနေနဲ့ ပါတီနဲ့ အစိုးရဘက်က ဘယ်သူတွေ အနားပေးခံရမလဲ၊ ထုတ်ပယ်ခံရဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

အဆိုပါ သတင်းတွေအပြင် ယခုတစ်ပတ်မှာဖြစ်ခဲ့တဲ့ သတင်းတွေထဲက ပညာရေးဝန်ကြီးဌာနက လွှတ်တော်မှာ လာမည့်ဘဏ္ဍာနှစ်အတွင်း ကျပ် ဘီလျံ ၂၇၀၀၀ ကျော်သုံးဖို့ တင်ပြတဲ့သတင်း၊ ဟင်္သာတမြို့နယ်ထဲက ယုံသလင်းကျေးရွာမှာ အာဇာနည် မန်းဘခိုင် အမှတ်တရ တိုက်နယ်ဆေးရုံ ဆောက်လုပ်သွားမယ့် သတင်း၊ မြန်မာအစိုးရက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးတော့မယ့် သတင်း၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရုံးထုတ်မှာ ဝန်းရံခဲ့သူ ၅ဦးကို ပုဒ်မနှစ်ခုနဲ့ တရားစွဲဆိုလိုက်တဲ့ သတင်း၊ ရန်ကုန်ရှိ အတွင်းဝန်များရုံးမှာ ရှစ်လေးလုံး အထိမ်းအမှတ်ပြခန်း ဖွင့်လှစ်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနေတဲ့ သတင်း၊ မန္တလေးမှာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဇူလိုင် ၂၁ ရက်က အင်အားထောင်ချီ ဆန္ဒထုတ်ဖော်ခဲ့တဲ့ သတင်း၊ သတင်းလွတ်လပ်ခွင့်ကို ထိပါးမယ့် အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်းကို ပြင်ဆင်ပေးဖို့ အစိုးရနှင့် လွှတ်တော်ကို FEM အဖွဲ့က တိုက်တွန်းခဲ့တဲ့ သတင်းတွေက အများပြည်သူ သတိထားစရာ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇူလိုင် - ၂၆

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ သတိထားစရာျဖစ္ခဲ့တာက ဝန္ႀကီးေတြ အနားေပးတဲ့ သတင္းေတြနဲ႔ ရန္ကုန္တကၠသိုလ္ကိုလာတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကို ေက်ာင္းသားအခ်ိဳ႕ ဆႏၵျပတဲ့သတင္း၊ ျမန္မာႏိုင္ငံ အထက္ပိုင္း ဧရာဝတီျမစ္တစ္ေလွ်ာက္မွာ ေရႀကီးတာေတြ ကမ္းပါးၿပိဳတာေတြ ျဖစ္တဲ့သတင္း၊ ေနျပည္ေတာ္မွာ ဗုံးလန႔္ၿပီး ရန္ကုန္ သယၤန္းကြၽန္းမွာ လက္ပစ္ဗုံးေတြ႕တဲ့ သတင္းေတြပါဘဲ။     

ဒီလို စိတ္ဝင္စားစရာ သတင္းေတြအျပင္ ယခုတစ္ပတ္မွာ စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းအခ်ိဳ႕က ေနရပ္စြန႔္ခြာ ထြက္ေျပးေနရသူမ်ားႏွင့္ ျပည္နယ္အခ်ိဳ႕ရွိ အကူအညီလိုအပ္ေနသူမ်ားအတြက္ ဥေရာပသမဂၢ (အီးယူ) က ယူ႐ိုေငြ ၁ဒသမ ၃၅ သန္း လႉဒါန္းခဲ့တဲ့သတင္း၊ ဆက္သြယ္ေရးကို က်ပ္သန္း ၃၀၀ ဒဏ္ေၾကးေဆာင္ရတဲ့အေပၚ မိုင္တဲလ္က ျပန္ရွင္းလင္းခ်က္ ထုတ္ျပန္တဲ့သတင္း၊ ရင္းႏွီးျမႇဳပ္ႏွံမည့္ ႏိုင္ငံျခားသား လုပ္ငန္းရွင္ေတြကို ရန္ကုန္တိုင္းအစိုးရက ေျမေရာင္းခ်ရန္ စီစဥ္ေနတဲ့သတင္း၊ ရန္ကုန္ ဗဟိုစာတိုက္ႀကီးမွာ နယ္သာလန္ကေနလာတဲ့ ပါဆယ္ထုပ္ထဲကေန သိန္း ၁၀၀ ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးေတြ သိမ္းဆည္းရမိတဲ့သတင္း၊ မေလးရွားမွာရွိတဲ့ ဘဂၤါလီ ေငြညႇစ္ဂိုဏ္း အဖြဲ႕တစ္ခုက ARSA အၾကမ္းဖက္သမားမ်ားထံ ေဒၚလာေထာင္ေပါင္းမ်ားစြာ ပံ့ပိုးေထာက္ပံ့ေပးခဲ့တဲ့ သတင္း၊ ကရင္ျပည္နယ္လုံးဆိုင္ရာ ပအိုဝ္းအမ်ိဳးသား လူူငယ္ညီလာခံက ပအိုဝ္းတစ္မ်ိဳးသားလုံးဆိုင္ရာ အမ်ိဳးသားညီလာခံ က်င္းပေပးဖို႔ ေတာင္းဆိုလိုက္တဲ့ သတင္းေတြနဲ႔အတူ သတိထားေစာင့္ၾကည့္စရာ ျဖစ္လာခဲ့ပါတယ္။

ဗုံးတစ္လုံးက ဘာေျပာသလဲ

ယခုတစ္ပတ္ သတင္းမ်ားအနက္ သတိထားမိသည့္ သတင္းက လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေနထိုင္ရာ ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာတြင္ ဗုံးေထာင္မည္ဆိုၿပီး ေကာလာဟလထြက္လာတဲ့ သတင္းေတြနဲ႔ ရန္ကုန္ သယၤန္းကြၽန္းရွိ NLD ပါတီ ႐ုံးအနီးမွာ လက္ပစ္ဗုံးေတြ႕တဲ့ သတင္းပင္ျဖစ္သည္။

ထိုသတင္းအျပင္ အမ်ားျပည္သူ စိတ္ဝင္စားေနသည့္ ေနျပည္ေတာ္မွ သက္ငယ္ မဖြယ္မရာအျပဳခံရသည့္အမႈ ဒုတိယ႐ုံးခ်ိန္းတြင္ တရားလိုက မူႀကိဳဆရာမ ႏွင္းႏုအား သတင္းထိန္ခ်န္မႈျဖင့္ ထပ္တိုးတရားခံအျဖစ္ ထပ္မံေလွ်ာက္ထားတဲ့ သတင္းပဲ ျဖစ္ပါတယ္။

ၿပီးခဲ့သည့္ ဇူလိုင္ ၂၃ ရက္က ေနျပည္ေတာ္ရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေနထိုင္သည့္ စည္ပင္ဧည့္ရိပ္သာအတြင္း ဗုံးေထာင္မည္ဆိုတဲ့ ေကာလာဟလသတင္းေတြ ထြက္လာခဲ့လို႔ ေနျပည္ေတာ္ အာဏာပိုင္ေတြ အလႈပ္ရႈပ္ခဲ့ပါတယ္။ဒီလိုသတင္းေတြ ထြက္လာခဲ့တဲ့အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ တည္းခိုေနထိုင္တဲ့ ေနရာကို သက္ဆိုင္ရာရဲတပ္ဖြဲ႕ဝင္ေတြက စစ္ေဆးခဲ့သလို လုံၿခဳံေရးလဲ တိုးခ်ေပးခဲ့ပါတယ္။စစ္ေဆးရာမွာ မေတြ႕ရတဲ့အတြက္ ဗုံးသတင္း ဘယ္ကေနစသလဲဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။

မၾကာခင္က ဒီစည္ပင္ဧည့္ရိပ္သာ (၂) မွာဘဲ က်ပ္သိန္းတစ္ရာေက်ာ္ ေ႐ႊထည္ေတြ ခိုးယူခံရတာ ေပၚေပါက္ခဲ့ပါေသးတယ္။ဒီတုန္းက စည္ပင္ဧည့္ရိပ္သာ လုံၿခဳံေရးနည္းပါးမႈက ေထာက္ျပစရာျဖစ္ခဲ့တာမွာ ယခုလို ဗုံးေထာင္တယ္ဆိုတဲ့ သတင္းထြက္ရာမွာလည္း ဒီလုံၿခဳံေရးအားနည္းခ်က္ေၾကာင့္လားဆိုတဲ့ ေမးခြန္းေတြ ထြက္လာခဲ့ပါတယ္။

သတင္းေတြမွာေတာ့ ဒီလိုဗုံးလန႔္တာနဲ႔ ပတ္သက္ၿပီး သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္ သမၼတ႐ုံး၌ အရာရွိတစ္ဦးအျဖစ္ တာဝန္ယူခဲ့ၿပီး ေ႐ႊျပည္ေတာ္သို႔ ဆုံမွတ္ပရဟိတအသင္းမွာ အဖြဲ႕ဝင္ျဖစ္တဲ့ ဦးေအာင္ပိုင္မင္း တာဝန္ခံတဲ့ Competitor အမည္ရွိ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာက "အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေမာင္ေမာင္ေဆြ အရက္မူးၿပီး ဖုန္းဆက္တိုင္ၾကားတာ" လို႔ ေဖာ္ျပခဲ့တဲ့အတြက္ သက္ဆိုင္ရာ အမတ္က ၎တို႔ကို တရားစြဲဆိုမႈေတြလုပ္ဖို႔ ပါတီနဲ႔ စီစဥ္ေနတယ္ဆိုတာကို ေဖာ္ျပထားတာ ေတြ႕ရပါ တယ္။ေဖာ္ျပခ်က္ေတြမွာေတာ့ အဆိုပါ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ဟာ လႊတ္ေတာ္အစည္းအေဝးကို တက္ေနတဲ့အခ်ိန္ ျဖစ္တယ္ဆိုတာကို ေဖာ္ျပခဲ့ပါတယ္။

ထိုသို႔ျဖစ္ၿပီး ေနာက္တစ္ရက္ ဇူလိုင္ ၂၄ ရက္မွာ သဃၤန္းကြၽန္းၿမိဳ႕နယ္ ဒီခ်ဳပ္ပါတီ႐ုံးေရွ႕ လမ္းမေဘး လက္ပစ္ဗုံးတစ္လုံး ေတြ႕ရွိခဲ့ပါတယ္။ဒီလက္ပစ္ဗုံးကို အမႈိက္သိမ္းတဲ့ စည္ပင္လုပ္သားက ေတြ႕ခဲ့တာျဖစ္ၿပီး ဒီလိုေတြ႕ရွိတဲ့အတြက္ အမ်ားျပည္သူၾကား စိတ္ဝင္စားစရာျဖစ္ခဲ့သလို ေနျပည္ေတာ္မွာ ဗုံးေထာင္ထားတယ္လို႔ ေကာလာဟလထြက္ၿပီး ေနာက္ရက္မွာ ဗုံးေတြ႕တာပါ။

မလိခအိမ္ယာဝင္းအနီး မလိခအိမ္ယာလမ္းေပၚမွာရွိတဲ့ သဃၤန္းကြၽန္းၿမိဳ႕နယ္ ဒီခ်ဳပ္ပါတီ႐ုံးေရွ႕မွာ ေတြ႕ရတဲ့အတြက္ ဘယ္သူခ်ခဲ့သလဲဆိုတာသိဖို႔ အနားရွိ CCTV မွတ္တမ္းေတြကို ျပန္စစ္ေဆးဖို႔ ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။သတင္းေတြထဲမွာေတာ့ အမႈိက္ေကာက္တဲ့ ကေလးကေတြ႕ၿပီး ျပန္ခ်ခဲ့ကာ ကားသမားတစ္ဦးကို ေမးရာကေန လက္ပစ္ဗုံးအစစ္ ျဖစ္ေနတာကို ေတြ႕ရတယ္ ဆိုပါတယ္။ဒီလိုျဖစ္စဥ္မွာ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕က ခ်က္ခ်င္းလာေရာက္ ရွင္းလင္းခဲ့သလို ဗုံးအမ်ိဳးအစားကိုလည္း စစ္ေဆးခဲ့တယ္ ဆိုပါတယ္။

ဒီေနာက္မွာ ဒီလိုဗုံးေတြ႕တာနဲ႔ ပတ္သက္ၿပီး သတင္းေတြတက္လာခဲ့ပါတယ္။NLD ပါတီဘက္ကလည္း သူ႔႐ုံးနားမွာ လာခ်ထားတာျဖစ္တဲ့အတြက္ သုံးသပ္မႈေတြရွိခဲ့ပါတယ္။NLD ပါတီရဲ႕ ဗဟိုျပန္ၾကားေရးေကာ္မတီမွ အတြင္းေရးမႉးျဖစ္သူ မုံ႐ြာဦးေအာင္ရွင္ က ေနျပည္ေတာ္မွာ ဗုံးလန႔္တာ၊ သကၤန္းကြၽန္း NLD ႐ုံးအနီးမွာ ဗုံးေတြ႕တာေတြက ျပည္သူလူထုကို ေျခာက္လွန႔္တဲ့ ကိစၥျဖစ္သလို ပါတီကိုလည္း ၿခိမ္းေျခာက္လိုျခင္းေၾကာင့္ ျပဳလုပ္ဟန္တူတယ္လို႔ ျပည္တြင္းအြန္လိုင္းမီဒီယာတစ္ခုကို ေျပာခဲ့ပါတယ္။ႏိုင္ငံေရးပါတီ အခ်ိဳ႕ကေတာ့ ေနျပည္ေတာ္ႏွင့္ ရန္ကုန္ၿမိဳ႕မွာ ဗုံးနဲ႔ပတ္သက္ၿပီး သတင္းေတြ ႏွစ္ရက္ဆက္တိုက္ ထြက္ေပၚလာတာ ႏိုင္ငံအတြက္ ေကာင္းတဲ့လကၡဏာ မဟုတ္ဘူးလို႔ သုံးသပ္ၾကပါတယ္။

သက္ဆိုင္ရာ အာဏာပိုင္ေတြဘက္ကေတာ့ လက္ပစ္ဗုံးအမ်ိဳးအစားႏွင့္ မည္သူမည္ဝါျပဳလုပ္သည္ ဆိုသည္ကို CCTV မွတ္တမ္း စစ္ေဆးေနဆဲဆိုတာသာ ဆိုထားၿပီး ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဘုန္းလတ္ ကေတာ့ စစ္ေျမျပင္မွာ ရွိရမယ့္ ဗုံးက ရပ္ကြက္ထဲရွိေနတာ မရွိသင့္မရွိထိုက္တဲ့ သေဘာလို႔ ေျပာခဲ့သလို ေ႐ြးေကာက္ပြဲ နီးလာတဲ့အတြက္ ႏိုင္ငံေရးနဲ႔ ဆက္စပ္တာျဖစ္ႏိုင္လို႔ သတိထားဖို႔ ေျပာခဲ့ပါတယ္။ေျခဥျပင္ဆင္ေရးအတြက္ လႊတ္ေတာ္ထဲမွာ အရွိန္ရလာခ်ိန္နဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲ နီးလာခ်ိန္ေတြမွာ ဒီလိုျဖစ္လာရတာဟာ အေၾကာင္းမဲ့ မဟုတ္သလို ေနာက္ကြယ္မွာ ဒီထက္ပိုတဲ့ အေၾကာင္းတရားေတြလည္းရွိမွာ ေသခ်ာေနပါတယ္။ဒီရက္ပိုင္းအတြင္း ျပည္သူေတြက သက္ဆိုင္ရာ အဖြဲ႕အစည္းေတြ ဘာေတြလုပ္ေနသလဲဆိုတာ ေစာင့္ၾကည့္ေနသလို လြန္ခဲ့တဲ့ကာလေတြက ျဖစ္ပ်က္ခဲ့တာေတြနဲ႔ ႏႈိင္းယွဥ္ၿပီး သုံးသပ္မႈေတြလည္းရွိတဲ့အတြက္ ေနာက္ကြယ္က ရည္႐ြယ္ခ်က္ကို မွန္းဆသုံးသပ္မိတာေတြလည္း ရွိပါတယ္။ဘာပဲျဖစ္ျဖစ္ သတိဆိုတာ ပိုတယ္မရွိဘဲ ေစာင့္ၾကည့္ဖို႔ လိုေနတဲ့အတြက္ ဒီသတင္းက အမ်ားျပည္သူကို ေနာက္ဆက္တြဲ ဘာေတြျဖစ္လာဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ခ်င္စိတ္ကို ႏႈိးဆြေပးခဲ့ပါတယ္။

ဒီသတင္းလိုဘဲ ေနာက္ထပ္စိတ္ဝင္စားဖို႔ေကာင္းတဲ့ သတင္းတစ္ခုက ေနျပည္ေတာ္မွာျဖစ္ခဲ့တဲ့ ဗစ္တိုးရီးယားအမႈ ဒုတိယ႐ုံးခ်ိန္း သတင္းပါဘဲ။ဒီ႐ုံးခ်ိန္းကို အမ်ားသူငွာ စိတ္ဝင္စားသလို လာေရာက္ဝန္းရံသူေတြလဲ ရွိခဲ့ပါတယ္။ဒီ႐ုံးခ်ိန္းမွာ က်ဴးလြန္ခံရသူ ဗစ္တိုးရီးယားရဲ႕ မိခင္ျဖစ္တဲ့သူက Wisdom Hill မူႀကိဳေက်ာင္းမွ ဆရာမႏွင္းႏု ကို  ေနာက္တိုး သံသယတရားခံအျဖစ္ သတ္မွတ္ေပးဖို႔နဲ႔ အခင္းျဖစ္ပြားတဲ့ ေနရာကို သြားေရာက္စစ္ေဆးေပးဖို႔ ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးကို ေလွ်ာက္ထားခဲ့ပါတယ္။

ဒီအတြက္ မီဒီယာေတြကို တရားလိုဘက္က တရားလႊတ္ေတာ္ေရွ႕ေနအျဖစ္  အမႈကို လိုက္ပါေဆာင္႐ြက္ေနသူက ရွင္းလင္းရာမွာ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ကေလးငယ္ ထြက္ဆိုတဲ့ ေလးႀကိမ္စလုံးမွာ ဆရာမႏွင္းႏု သိတယ္၊ ဆရာမႏွင္းႏု က ကိုကို႔ကိုဆူတယ္၊ ဆရာမႏွင္းႏု က ေရေဆးေပးတယ္ဆိုတဲ့ဟာနဲ႔ ပတ္သက္ၿပီး ထိန္ခ်န္ခဲ့တဲ့အတြက္ ေနာက္တိုးတရားခံအျဖစ္ ေလွ်ာက္ထားခဲ့တာလို႔ ေျပာခဲ့တာပါ။ဒီလိုေလွ်ာက္တဲ့အေပၚ သံသယတရားခံအျဖစ္ စြပ္စြဲဖမ္းဆီးခံထားရတဲ့ ေအာင္ႀကီး ရဲ႕ ေရွ႕ေနကလည္း မကန႔္ကြက္ခဲ့ပါဘူး။တရား႐ုံးကေတာ့  ဒီလို တရားလိုက တိုက္႐ိုက္ေလွ်ာက္ထားမႈအေပၚ ခ႐ိုင္ဥပေဒအရာရွိထံမွတစ္ဆင့္ တင္ျပၿပီး လုပ္ထုံးလုပ္နည္းအတိုင္း လုပ္ေဆာင္ဖို႔ ၫႊန္ၾကားခဲ့ပါတယ္။ဒီအတြက္ ဘယ္လိုဆုံးျဖတ္မလဲ၊ ဒီလိုေနာက္တိုးတရားခံအျဖစ္ ေလွ်ာက္ထားလို႔ လူျမင္ကြင္းကေန ေပ်ာက္ေနတဲ့ ဆရာမႏွင္းႏုဆိုသူ တရား႐ုံးကိုေရာက္လာၿပီး ဘာေတြထြက္ဆိုလာမလဲဆိုတာ စိတ္ဝင္စားစရာ ေကာင္းလာခဲ့ပါတယ္။

အဆိုပါသတင္းေတြက ယခုတစ္ပတ္ အမ်ားသူငွာ စိတ္ဝင္စားခဲ့သည့္ သတင္းမ်ားျဖစ္တဲ့ ခုႏွစ္ႏွစ္အ႐ြယ္ မိန္းကေလးကို (၂၉) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးက သက္ငယ္မုဒိမ္းမႈ ျပဳက်င့္ရန္ ႀကံစည္မႈ အထက္မင္းလွမွာ ျဖစ္ပြားခဲ့တဲ့သတင္း၊ ၿမိတ္ခ႐ိုင္၊ တနသၤာရီၿမိဳ႕နယ္အတြင္း ေက်း႐ြာတစ္႐ြာမွာ အသက္ ၄ ႏွစ္ေက်ာ္ မိန္းကေလးငယ္တစ္ဦးအား အသက္ ၁၇ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးက အဓမၼျပဳက်င့္ခဲ့တဲ့ သတင္း၊ မေကြးၿမိဳ႕ေပၚ ရပ္ကြက္တစ္ခုတြင္ အသက္ ၁၁ ႏွစ္အ႐ြယ္ ကေလးငယ္မွ အသက္ ၄ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ကို အဓမၼျပဳက်င့္ခဲ့တဲ့ သတင္း၊ ေ႐ႊေတာင္ၾကား ေနအိမ္တြင္ ဖမ္းမိသည့္ မူးယစ္ေဆးဝါးမ်ားႏွင့္ ပတ္သက္ၿပီး ဟိုတယ္ ACE ပိုင္ရွင္ ၿဖိဳးကိုကိုတင့္ဆန္း ကို ႐ုံးတင္စစ္ေဆးေနတဲ့ သတင္း၊ ေက်ာင္းသူမ်ား ကာယိေျႏၵေႏွာင့္ယွက္ခံရလို႔ သထုံလမ္းတစ္ေလွ်ာက္ စီစီတီဗီမ်ား တပ္ဆင္ေတာ့မယ့္သတင္း၊ သမၼတျပင္ဆင္ခ်က္မ်ား ထပ္မံျပင္ဆင္ကာ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒၾကမ္းကို ျပည္ေထာင္စုလႊတ္ေတာ္က ထပ္မံအတည္ျပဳလိုက္တဲ့သတင္း မေကြးတိုင္း ကန္သာေက်း႐ြာႏွင့္ ဖရဲကြၽန္းေက်း႐ြာၾကား ေျမႏုကြၽန္းပိုင္ဆိုင္မႈ အျငင္းပြားရာမွ စက္ေလွေမွာက္ၿပီး လူ ၃၀ ေက်ာ္ ေပ်ာက္ဆုံးေနတဲ့ သတင္း၊ မလႈိင္ၿမိဳ႕နယ္ ဇီးေတာဆည္ထဲမွာ ဥပုသ္ေန႔ ကုသိုလ္ျပဳဖို႔သြားတဲ့ စက္ေလွေမွာက္လို႔ ၁၄ ဦး ေသဆုံးၿပီး တစ္ဦးေပ်ာက္ဆုံးေနတဲ့ သတင္း၊ ေ႐ႊေတာင္မွာ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ အိမ္ထဲ လူငယ္တစ္ဦးက ဓားနဲ႔ဝင္ခုတ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕သားျဖစ္သူ ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ ၿမိဳ႕သာစက္မႈဥယ်ာဥ္မွာ ေဆးေျခာက္စိုက္ပ်ိဳးလို႔ ဖမ္းဆီးတရားစြဲဆိုထားတဲ့ အေမရိကန္ႏိုင္ငံသားကို ျမင္းၿခံခ႐ိုင္တရား႐ုံးက အာမခံေပးခဲ့တဲ့ သတင္း၊ တကၠသိုလ္ေတြ လုံၿခဳံေရးအတြက္ ပုဂၢလိကလုံၿခဳံေရးကုမၸဏီေတြကို ငွားရမ္းခြင့္ျပဳထားတဲ့ သတင္း စတဲ့ သတင္းေတြလည္း ယခုတစ္ပတ္မွာ ျဖစ္ခဲ့ပါတယ္။

ႏွစ္စဥ္ႀကဳံေပမယ့္ မ႐ိုးတဲ့ ေရေဘး

ယခုတစ္ပတ္အတြင္း သဘာဝေဘး သတင္းေတြက ေတာက္ေလွ်ာက္ေတြ႕ေနရပါတယ္။ဒီသတင္းေတြထဲမွာ ေရႀကီးေရလႊမ္း သတင္းေတြက ယခုတစ္ပတ္ရဲ႕ အဓိကသတင္းေတြပါဘဲ။ဇူလိုင္ ဒုတိယအပတ္ကစၿပီး ျမန္မာႏိုင္ငံ အထက္ပိုင္းမွာ ေရႀကီးတဲ့ သတင္းေတြက ခပ္စိပ္စိပ္ျဖစ္လာခဲ့ပါတယ္။

ယခုရက္သတၱပတ္ထဲ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခ်က္အရဆိုရင္ မြန္၊ ကခ်င္၊ ခ်င္း၊ ရခိုင္ျပည္နယ္၊ ပဲခူး၊ စစ္ကိုင္း၊ မႏၲေလးႏွင့္ မေကြးတိုင္းေဒသႀကီးမွာ ေရႀကီးခဲ့လို႔ ေရေဘးႏွင့္ မိုးႀကိဳးေဘးေၾကာင့္ ေလးဦးေသ၊ ကိုးဦးဒဏ္ရာရကာ လူ ၄၅,၀၀၀ ေက်ာ္ ေရေဘးေရွာင္စခန္းမ်ားတြင္ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ရတယ္ ဆိုပါတယ္။

ယခုရက္ေတြမွာ ကခ်င္ဘက္က ဆင္းလာတဲ့ ဧရာဝတီျမစ္ေရေၾကာင့္ မႏၲေလးၿမိဳ႕ႏွင့္ စစ္ကိုင္းၿမိဳ႕ေတြမွာ ဧရာဝတီျမစ္ေရဟာ စိုးရိမ္ေရမွတ္အထက္ ေျခာက္လက္မခန႔္ ေရာက္ေနၿပီး လူေနရပ္ကြက္ေတြထဲ ေရဝင္လို႔ တားဆီးကာကြယ္မႈေတြ လုပ္ေနရတဲ့ သတင္းေတြ ေတြ႕ေနရပါတယ္။ရခိုင္၊ စစ္ကိုင္း၊ ျမစ္ႀကီးနား၊ ရခိုင္ဘက္မွာ ေရျပန္က်ေနလို႔ ကယ္ဆယ္ေရးစခန္းေတြ ပိတ္သိမ္းခဲ့ရေပမယ့္ စစ္ကိုင္း၊ မႏၲေလးဘက္မွာေတာ့ စခန္းေတြ ဖြင့္ေနရပါတယ္။ဧရာဝတီဘက္မွာလဲ တိုင္းေဒသႀကီး အစိုးရကိုယ္တိုင္ အထက္ကဆင္းလာတဲ့ ေရေတြေၾကာင့္ ႀကဳံေတြ႕ရႏိုင္တဲ့ ေရေဘးအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေနသလို ဧရာဝတီျမစ္ေရတက္လို႔  ဇူလိုင္ ၂၂ ရက္အထိ စစ္ကိုင္းတိုင္းထဲက ခႏၲီး၊ ကသာ၊ ထီးခ်ိဳင့္၊ ကန႔္ဘလူ၊ ခင္ဦး၊ ေရဦး၊ ေ႐ႊဘိုနဲ႔ စစ္ကိုင္းက လူ ၂၇၀၀၀ ခန႔္၊ မႏၲေလးတိုင္းထဲမွာ သပိတ္က်င္း၊ စဥ့္ကူး၊ စဥ့္ကိုင္နဲ႔ တံတားဦးက လူ၂၁၀၀၀ ခန႔္ကို ေဘးလြတ္ရာ ေျပာင္းေ႐ႊ႕ေပးထားရပါတယ္။ဇူလိုင္ ၂၃ ရက္မွာ မေကြးတိုင္းေဒသႀကီး ေခ်ာက္၊ ေရနံေခ်ာင္း၊ ကံမ၊ မင္းဘူး၊ မေကြးၿမိဳ႕တို႔မွ လူ ၉၀၀ ခန႔္ကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းခဲ့ရသလို ဧရာဝတီတိုင္းေဒသႀကီးဘက္မွာလည္း ဧရာဝတီျမစ္ေရဝင္တဲ့ မျမေခ်ာင္းေဘးက အဂၤပူၿမိဳ႕နယ္ ေက်း႐ြာအခ်ိဳ႕မွာ ကမ္းပါးေတြၿပိဳလို႔ လူ ၁၀၀ ေက်ာ္ကို ေဘးလြတ္ရာ ေျပာင္းေ႐ႊ႕ေပးထားရပါတယ္။ေရႀကီးတာက ဧရာဝတီျမစ္တြင္မကပါဘူး။ျမန္မာႏိုင္ငံထဲက ျမစ္ေတြျဖစ္တဲ့ ျမစ္ငယ္၊ ဒု႒ဝတီ၊ စစ္ေတာင္း၊ သံလြင္ေတြပါ ေရကတိုးေနသလို ရခိုင္ဘက္မွာလည္း ေရႀကီးမႈေတြ ျဖစ္ေနပါတယ္။မင္းျပား၊ ေျမာက္ဦးႏွင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္မ်ား၌ လူဦးေရ ၉,၆၀၀ ေက်ာ္ ေရေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းခဲ့ရလို႔ ဒီေဒသက စစ္ေရွာင္ေတြအတြက္ ေႁမြပူရာကင္းေမွာင့္ ဆိုသလိုပါဘဲ။

ေရေဘးေၾကာင့္ ထိခိုက္ပ်က္စီးမႈ သတင္းေတြကိုၾကည့္ရင္ ဇူလိုင္ ၁၉ ရက္က ရခိုင္ဘက္မွာ ေလးၿမိဳ႕ျမစ္ (ရာေမာင္ျမစ္) တိုက္စားၿပီး ကမ္းၿပိဳၿပီး မင္းျပားၿမိဳ႕က ေနအိမ္ ၄၂ လုံး ဖ်က္ခဲ့ရပါတယ္။ျမန္မာႏိုင္ငံ ေအာက္ပိုင္း ေကာ့ေသာင္းဘက္မွာလည္း မိုးႀကီးလို႔ ဇူလိုင္ ၂၀ ရက္မွာ  မိုးေရခ်ိန္စံခ်ိန္သစ္အျဖစ္  ၉ ဒသမ ၁၀ လက္မအထိ ႐ြာသြန္းခဲ့ပါတယ္။မိုးေလဝသပညာရွင္ေတြကေတာ့ ဒီလထဲ ၂၀ ရက္ ေနာက္ပိုင္းမွာ ဘဂၤလားပင္လယ္ေအာ္ထဲ ဒုတိယေျမာက္မုန္တိုင္း ျဖစ္လာႏိုင္တယ္လို႔ သတိေပးထားတာရွိပါတယ္။ခန႔္မွန္းထားမႈေတြထဲမွာ ေလဖိအားနည္းရပ္ဝန္း အားေကာင္းလာတဲ့အတြက္ ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္း၊ ဧရာဝတီ၊ ရန္ကုန္ႏွင့္ တနသၤာရီတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္တိ့ုတြင္ မိုးဆက္လက္႐ြာႏိုင္တယ္လို႔ ခန႔္မွန္းထားတာကို ေတြ႕ရပါတယ္။

ယခုတစ္ပတ္ ေရေဘးသတင္းေတြကို အမ်ားစုစိတ္ဝင္စားသလို တစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲက ေရတာရွည္ၿမိဳ႕နယ္ ေညာင္ပင္သာေက်း႐ြာအုပ္စုမွာ ေလဆင္ႏွာေမာင္း တိုက္ခတ္လို႔  ေနအိမ္ရွစ္လုံး ပ်က္စီးကာ လူသုံးဦးဒဏ္ရာရခဲ့တဲ့ သတင္း၊ ပူျပင္းေျခာက္ေသြ႕မႈေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီး နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ ဆန္ျပတ္လပ္ၿပီး စားေသာက္ေနထိုင္ေရး ခက္ခဲေနတဲ့ သတင္း၊ ဇူလိုင္လ ၂၃ ရက္ေန႔ အထိတစ္ႏိုင္ငံလုံးမွာ H1N1 ရာသီတုပ္ေကြး ေရာဂါေၾကာင့္ ေသဆုံးသူ ၇၁ ဦးအထိ ရွိလာတဲ့သတင္း၊ ရေသ့ေတာင္ၿမိဳ႕အနီးရွိ တပ္မေတာ္ စစ္ေရယာဥ္သုံးစီးကို ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) က ေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္တိုက္ခိုက္တာ ခံရတဲ့သတင္း၊ ရခိုင္ဦးေဆာင္ပါတီ (AFP) ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ ျပန္လည္ဖြဲ႕စည္းဖို႔ ေ႐ြး/ေကာ္က အေၾကာင္းျပန္ၾကားလိုက္တဲ့ သတင္း၊ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ ဒုဝန္ႀကီးႏွင့္ ၎တို႔ဇနီးမ်ား၏ ဘဏ္စာရင္းမ်ားကို ယခုလဆန္းတြင္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က ဗဟိုဘဏ္မွတစ္ဆင့္ ဝင္ေရာက္စစ္ေဆးခဲ့တဲ့ သတင္း၊  ေျမာက္ပိုင္းလက္နက္ကိုင္ ေလးဖြဲ႕က အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးပြဲကို ဇူလိုင္ ၂၉ ရက္တြင္ က်င္းပရန္ အစိုးရထံ အဆိုျပဳထားတဲ့ သတင္းေတြကလည္း သတင္းဖတ္သူစိတ္ကို ဖမ္းစားႏိုင္ခဲ့ပါတယ္။

အဂတိႏွင့္ အစိုးရ၊ ပါတီသန႔္စင္ေရး

ဧၿပီ ၂၀ ရက္က ရန္ကုန္တကၠသိုလ္မွာ ရန္ကုန္ကို ေရာက္ေနတဲ့ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ျမန္မာႏိုင္ငံ ကင္းေထာက္အဖြဲ႕ခ်ဳပ္ အႀကီးအကဲအျဖစ္ ခံယူခဲ့ပါတယ္။ဒါဟာ ယခင္က ေခတ္အဆက္ဆက္ ကင္းေထာက္အဖြဲ႕ နာယကေနရာကို ယူခဲ့တဲ့ အစဥ္အလာကို ဦးသိန္းစိန္ အစိုးရလက္ထက္မွာ ျပန္လည္အစေဖာ္ခဲ့ၿပီး ယခုအရပ္သားအစိုးရလက္ထက္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ က ကင္းေထာက္အဖြဲ႕ အႀကီးအကဲရာထူးကို ခံယူခဲ့တာ ျဖစ္ပါတယ္။

ကင္းေထာက္အဖြဲ႕ အႀကီးအကဲခံယူဖို႔ ရန္ကုန္တကၠသိုလ္ကိုလာတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ (ဗကသမ်ားအဖြဲ႕ခ်ဳပ္) က ဦးစီးၿပီး ေက်ာင္းသား ၂၀ ဦးခန႔္က ဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။ဒီဆႏၵထုတ္ဖာ္ပြဲမွာ ေက်ာင္းသားေတြက "ဆဲဗင္းဇူလိုင္ ခ်ီတက္လမ္းေလွ်ာက္မႈေၾကာင့္ ၿငိမ္းစုစီ ပုဒ္မ ၁၉ ျဖင့္ တရားစြဲဆိုျခင္းခံထားရတဲ့ ေက်ာင္းသားေတြ ခ်က္ခ်င္းလႊတ္၊ ေအာင္သေျပေက်း႐ြာမွ ကိုးတန္းေက်ာင္းသား လြတ္ေျမာက္ရန္၊ ဖိႏွိပ္ေသာ အေဆာင္စည္းကမ္းမ်ား ခ်က္ခ်င္းဖ်က္ရန္၊ ေက်ာင္းသူမ်ား လိင္အၾကမ္းဖက္ခံေနရျခင္းကို ေျဖရွင္းေပးရန္၊ တကၠသိုလ္ရာျပည့္အေၾကာင္းျပ မဲဆြယ္ဖို႔ မစဥ္းစားေလနဲ႔" စသည့္ ဆိုင္းဘုတ္မ်ားကိုင္ကာ ဆႏၵေဖာ္ထုတ္ ေတာင္းဆိုခဲ့ပါတယ္။

အဆိုပါဆႏၵျပပြဲကို ဦးေဆာင္သူေတြကို ရန္ကုန္ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ေတြ႕ဆုံေျဖရွင္းခဲ့ၿပီး ဆဲဗင္းဇူလိုင္ ခ်ီတက္လမ္းေလွ်ာက္မႈမွာ ခြင့္ျပဳခ်က္အသိမေပးဘဲ ေလွ်ာက္သြားတဲ့အေပၚ တရားဥပေဒအတိုင္း ေဆာင္႐ြက္တာလို႔ သက္ဆိုင္ရာ နယ္ေျမရဲမႉးက ဆိုပါတယ္။အဆိုပါဆႏၵျပရာမွာ ကိုင္ေဆာင္တဲ့ ဆိုင္းဘုတ္ထဲက "တကၠသိုလ္ရာျပည့္ အေၾကာင္းျပ မဲဆြယ္ဖို႔ မစဥ္းစားေလနဲ႔" ဆိုတဲ့ စာသားပါတဲ့ ဆိုင္းဘုတ္ကို လူမႈကြန္ရက္မွာ ေဝဖန္ေျပာဆိုမႈ ျမင့္တက္ခဲ့ၿပီး ထိုသို႔ ေရးသားေဖာ္ျပရတာ တကၠသိုလ္ရာျပည့္ပြဲ အေၾကာင္းျပၿပီး မဲဆြယ္ေနတယ္လို႔ ယူဆတဲ့အတြက္ ထည့္ဆႏၵျပရတာလို႔ ဦးေဆာင္ဆႏၵျပတဲ့ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ (ဗကသမ်ားအဖြဲ႕ခ်ဳပ္) ဥကၠ႒ဆိုသူက ေျပာခဲ့ပါတယ္။    

ဒီဆႏၵျပပြဲမွာပါတဲ့ ဗကသသမဂၢအဖြဲ႕ဝင္ မအိသီရိေက်ာ္  ကိုင္ေဆာင္တဲ့ ဆိုင္းဘုတ္ျဖစ္တဲ့ "ေက်ာင္းသူမ်ား လိင္အၾကမ္းဖက္ခံေနရျခင္းကို ေျဖရွင္းေပးရန္" ဆိုတဲ့ စာသားႏွင့္ ႏႈိင္းယွဥ္ၿပီး ကာတြန္းဆရာ ကာဠဳ (ျပည္) က 'ဟဲ့... နင့္ဆႏၵမပါဘဲနဲ႔  နင့္လိုဟာကို ဘယ္သူကအၾကမ္းဖက္မွာလဲ' လို႔ ကာတြန္းေရးဆြဲၿပီး ၎ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ဇူလိုင္ ၂၀ ရက္က ေဖာ္ျပခဲ့ပါတယ္။ဒီလိုေဖာ္ျပခဲ့တဲ့အတြက္ အဆိုပါ ကာတြန္းက လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔မႈအားေကာင္းခဲ့သလို ေထာက္ခံသူေရာ ရႈတ္ခ်သူပါ မ်ားခဲ့ပါတယ္။ဒါဟာ ကာယကံရွင္ကို လိင္အရ ေစာ္ကားမႈနဲ႔ ပုဂၢိဳလ္ေရးထိုးႏွက္သလို ျဖစ္တယ္ဆိုၿပီး ကာယကံရွင္ဘက္က ျမန္မာႏိုင္ငံ ကာတြန္းအဖြဲ႕အစည္းႏွင့္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားေပၚ တိုင္ၾကားမယ္ဆိုတဲ့ အသံေတြထြက္လာခဲ့ပါတယ္။ဒါနဲ႔ပတ္သက္ၿပီး ကာတြန္းေရးဆြဲသူက ၎ရဲ႕စာမ်က္ႏွာကေန ဇူလိုင္ ၂၂ ရက္မွာ မွားယြင္းေၾကာင္း ေတာင္းပန္ေဖာ္ျပခဲ့ေပမယ့္ အဆိုပါေက်ာင္းသူက ေက်နပ္မႈမရွိဘဲ ''ဒီလိုလြယ္လြယ္နဲ႔ ေတာင္းပန္မႈကို လက္မခံပါဘူး။
မေက်ေအးေပးႏိုင္ပါဘူး" ဟု လူမႈကြန္ရက္မွာ တုံ႔ျပန္ခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို ဆႏၵျပတဲ့ အဆိုပါဆႏၵျပပြဲက အမ်ားျပည္သူအမ်ားစုက သေဘာမက်မႈအမ်ားဆုံးနဲ႔ ေဝဖန္ခံရမႈအမ်ားဆုံးျဖစ္ခဲ့ၿပီး ႏိုင္ငံေရးေနာက္ခံရွိသူ အမ်ားစုက ေထာက္ခံတာကို ေတြ႕ရကာ လူမႈကြန္ရက္မွာ အျပန္အလွန္ တိုက္ခိုက္မႈေတြ ေျပာဆိုမႈေတြ သေဘာထားကြဲလြဲမႈေတြ ေတြ႕ခဲ့ရပါတယ္။ဒီထဲမွာ ထူးျခားခ်က္က ဆႏၵျပခံရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္  ဆႏၵေဖာ္ထုတ္ေနသူေတြနားသြားၿပီး ဆိုင္းဘုတ္ေပၚက စာသားေတြကို ေစ့ငွစုံလင္စြာ ဖတ္ရႈေနတဲ့ပုံ လူႀကိဳက္မ်ားခဲ့ၿပီး ယခုတစ္ပတ္ သတင္းမ်က္ႏွာဖုံးေတြမွာ ေနရာယူခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ဟာ အဆိုပါ ရန္ကုန္တကၠသိုလ္ထဲ လာေရာက္ကာ ကင္းေထာက္အႀကီးအကဲ ခံယူတဲ့ အခမ္းအနားအျပန္မွာ ရန္ကုန္တကၠသိုလ္ ရာျပည့္အထိမ္းအမွတ္ ကံ့ေကာ္ဥယ်ာဥ္ထဲ အမွတ္တရ ကံ့ေကာ္ပင္ စိုက္ပ်ိဳးခဲ့ပါတယ္။

ဒီလိုျဖစ္ရပ္ကေန ေတြ႕ရတာက ျပည္သူအမ်ားစုစိတ္ထဲ  ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဦးေဆာင္မႈကို လက္ခံထားဆဲျဖစ္ၿပီး လူထုေခါင္းေဆာင္အျဖစ္ ေနရာေပးထားဆဲဆိုတာကို ေက်ာင္းသားဆႏၵျပပြဲေတြ၊ ဒီမိုကရက္ေတြ ဆႏၵျပပြဲေတြမွာ အမ်ိဳးသားအစြန္းေရာက္ေတြ ဆႏၵထုတ္ေဖာ္ပြဲေတြမွာ ေဒၚေအာင္ဆန္းစုၾကည္ဘက္က ရပ္တည္ခဲ့တာေတြကိုၾကည့္ရင္ ေတြ႕ရမွာပါ။

ဒီသတင္းလိုဘဲ တစ္ပတ္ထဲ ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းက ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာမွာ ျပဳလုပ္ခဲ့တဲ့ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝးသတင္းပါ။ဒီအစည္းအေဝးအၿပီးမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဒုတိယဥကၠ႒ (၂) ေဒါက္တာေဇာ္ျမင့္ေမာင္ က မီဒီယာေတြကို ေအာက္ေျခလြတ္ေနတဲ့ ဝန္ႀကီးႏွင့္ အမတ္အခ်ိဳ႕ေၾကာင့္ အခက္အခဲမ်ားစြာရွိေနတယ္လို႔ ေျပာၾကားခဲ့တဲ့အတြက္ ဒီသတင္းက ယခုတစ္ပတ္ရဲ႕ စိတ္ဝင္စားစရာ အေကာင္းဆုံးသတင္း ျဖစ္ခဲ့ပါတယ္။

ဒီလိုေျပာလိုက္တဲ့အတြက္ အရပ္သားအစိုးရ ဘယ္လိုအခက္အခဲေတြ ႀကဳံေတြ႕ေနလဲဆိုတာကို အမ်ားျပည္သူက တိတိပပ သိလိုက္ရတာပါပဲ။ဒီရက္ပိုင္း ပါတီနဲ႔ အစိုးရအဖြဲ႕အတြင္း ျဖဳတ္ထုတ္သန႔္စင္မႈေတြ လုပ္ေနတဲ့သတင္းေတြ ထြက္လာခ်ိန္မွာ ယခုလို ေဒါက္တာေဇာ္ျမင့္ေမာင္ က ေျပာလိုက္တဲ့အတြက္ သတင္းအခ်ိဳ႕ကို အတည္ျပဳသလို ျဖစ္ခဲ့ပါတယ္။ေဒါက္တာေဇာ္ျမင့္ေမာင္ က ဒီေျပာဆိုမႈမွာဘဲ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဝန္ႀကီးေတြအေနနဲ႔ အရမ္းမလုပ္ဘဲ ျပည္သူကို မ်က္ႏွာမူေဆာင္႐ြက္သင့္တယ္လို႔ ေျပာခဲ့သလို အစိုးရအုပ္ခ်ဳပ္ေရးယႏၲရား လည္ပတ္ဖို႔ ေဆာင္႐ြက္ရာမွာ ယခင္စနစ္ေဟာင္းကလာတဲ့ အသားက်ေနသူေတြေၾကာင့္ ေနာက္ေက်ာမလုံတဲ့ အေျခအေနကို ႀကဳံေနရတယ္လို႔ ဝန္ခံခဲ့ပါတယ္။ဒါ့အျပင္ အမ်ိဳးသားရင္ၾကားေစ့ေရးမူနဲ႔ ပတ္သက္ၿပီး လက္ကမ္းမႈကို ပုတ္ခ်ေနရင္ မေအာင္ျမင္ႏိုင္ဘူးလို႔ ေျပာခဲ့ပါတယ္။ဇူလိုင္ ၁၇ ရက္ ရန္ကုန္ၿမိဳ႕ရွိ ႏိုဗိုတယ္ဟိုတယ္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ စာေရးဆရာမ်ား ေတြ႕ဆုံစဥ္မွာလည္း ေဒၚေအာင္ဆန္းစုၾကည္ က ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး လုပ္ငန္းစဥ္ဟာ ျပည္သူလူထုညီၫြတ္ရင္ ျမဖ္ ႏိုင္စရာမရွိဘူးလို႔ ေျပာခဲ့ပါတယ္။

အာဏာရပါတီအေနနဲ႔ ပါတီတြင္း တည္ေဆာက္မႈကို ျပန္လုပ္ေနတာေတြ႕ရသလို အစိုးရအဖြဲ႕အတြင္း အဂတိတရားကင္းရွင္းဖို႔ လုပ္ေဆာင္ေနတာေတြကိုလည္း ေတြ႕ရပါတယ္။အရပ္သားအစိုးရလက္ထက္ ျပည္ေထာင္စုဝန္ႀကီးတစ္ဦးကို ပထမဆုံးအႀကိမ္ အနားေပးခဲ့သလို တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္တစ္ဦးကိုလည္း အဂတိလိုက္စားမႈနဲ႔ ပတ္သက္ၿပီး အေရးယူခဲ့ပါတယ္။ယခုမၾကာခင္က ေနျပည္ေတာ္ရွိ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာနကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က ဝင္စစ္ခဲ့ၿပီး ျပည္ေထာင္စုဝန္ႀကီး၊ ဒုတိယဝန္ႀကီး အပါအဝင္ ၎ဇနီးေတြရဲ႕ ေငြစာရင္းေတြကိုပါ စစ္ေဆးခဲ့ပါတယ္။လက္ရွိတြင္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးျဖစ္တဲ့ ဦးဝင္းခိုင္ က ေဆးခြင့္နဲ႔ အနားယူေနၿပီး ဒု-ဝန္ႀကီးကိုလည္း သတင္းအခ်ိဳ႕မွာ တာဝန္ထမ္းေဆာင္ေနဆဲ ေတြ႕ရတဲ့အတြက္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က ဝင္စစ္ေနတာ ဘာေတြၾကားရသိရဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။ပါတီတြင္းမွာလည္း သုေတသနအတြင္းေရးမႉးကို တိုင္စာတစ္ခုေၾကာင့္ ပါတီတာဝန္ကေန ေခတၱအနားေပးထားၿပီး ပါတီဘက္က စစ္ေဆးေနတာေတြလည္း ရွိပါတယ္။သတင္းေတြအရ အစိုးရအေနနဲ႔ အစိုးရအဖြဲ႕အတြင္း အဂတိလိုက္စားမႈ ကင္းရွင္းဖို႔ ျပတ္ျပတ္သားသား လုပ္ကိုင္မယ့္ အေျခ အေနရွိေနသလို ပါတီဘက္ကလည္း လာမယ့္ ၂၀၂၀ အတြက္ ႀကိဳၿပီးေတာ့လဲ ပါတီတြင္း ျပန္လည္တည္ေဆာက္မႈေတြ လုပ္ေနတာကို ေတြ႕ရပါတယ္။

မၾကာမီက လႊတ္ေတာ္အတြင္း ႐ုပ္သံထုတ္လႊင့္စဥ္ ျပတ္ေတာက္ခဲ့တာနဲ႔ ပတ္သက္ၿပီး တာဝန္ရွိတဲ့ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမင့္ေထြး ကို ႏိုင္ငံေတာ္သမၼတ႐ုံးက အမိန႔္စာနဲ႔ ထုတ္ပယ္ခဲ့သလို စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးကို ရာထူးကအနားေပးလိုက္တဲ့ သတင္းလဲ ျပန္တမ္းနဲ႔ ထြက္လာခဲ့ပါတယ္။ေနာက္ဆက္တြဲအေနနဲ႔ ပါတီနဲ႔ အစိုးရဘက္က ဘယ္သူေတြ အနားေပးခံရမလဲ၊ ထုတ္ပယ္ခံရဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

အဆိုပါ သတင္းေတြအျပင္ ယခုတစ္ပတ္မွာျဖစ္ခဲ့တဲ့ သတင္းေတြထဲက ပညာေရးဝန္ႀကီးဌာနက လႊတ္ေတာ္မွာ လာမည့္ဘ႑ာႏွစ္အတြင္း က်ပ္ ဘီလ်ံ ၂၇၀၀၀ ေက်ာ္သုံးဖို႔ တင္ျပတဲ့သတင္း၊ ဟသၤာတၿမိဳ႕နယ္ထဲက ယုံသလင္းေက်း႐ြာမွာ အာဇာနည္ မန္းဘခိုင္ အမွတ္တရ တိုက္နယ္ေဆး႐ုံ ေဆာက္လုပ္သြားမယ့္ သတင္း၊ ျမန္မာအစိုးရက အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဆိုင္ရာ ႏိုင္ငံတကာသေဘာတူစာခ်ဳပ္မွာ လက္မွတ္ေရးထိုးေတာ့မယ့္ သတင္း၊ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ ႐ုံးထုတ္မွာ ဝန္းရံခဲ့သူ ၅ဦးကို ပုဒ္မႏွစ္ခုနဲ႔ တရားစြဲဆိုလိုက္တဲ့ သတင္း၊ ရန္ကုန္ရွိ အတြင္းဝန္မ်ား႐ုံးမွာ ရွစ္ေလးလုံး အထိမ္းအမွတ္ျပခန္း ဖြင့္လွစ္ႏိုင္ဖို႔ ေဆြးေႏြးညႇိႏႈိင္းေနတဲ့ သတင္း၊ မႏၲေလးမွာ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ဇူလိုင္ ၂၁ ရက္က အင္အားေထာင္ခ်ီ ဆႏၵထုတ္ေဖာ္ခဲ့တဲ့ သတင္း၊ သတင္းလြတ္လပ္ခြင့္ကို ထိပါးမယ့္ အမ်ိဳးသားမွတ္တမ္းႏွင့္ ေမာ္ကြန္းဥပေဒၾကမ္းကို ျပင္ဆင္ေပးဖို႔ အစိုးရႏွင့္ လႊတ္ေတာ္ကို FEM အဖြဲ႕က တိုက္တြန္းခဲ့တဲ့ သတင္းေတြက အမ်ားျပည္သူ သတိထားစရာ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇူလိုင္ - ၂၆