【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဘဏ်ဂယက်နဲ့ ခါတော်မီရွှေကုန်သည်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဘဏ်ဂယက်နဲ့ ခါတော်မီရွှေကုန်သည်

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ စိတ်ဝင်စားစရာ သတင်းတွေ ရှိခဲ့ပါတယ်။ဒီထဲမှာ ခြေဥပြင်ဆင်ရေး သတင်းတွေ၊ မြောက်ပိုင်းသုံးဖွဲ့ ကားမီးရှို့ဖျက်ဆီးတဲ့ သတင်းတွေ၊ ဘယ်သူပစ်လို့ သေမှန်းမသိတဲ့ ကွတ်ခိုင်က ကလေးငယ် သတင်းတွေ၊ ကိုရီးယားသမ္မတ မြန်မာပြည်လာတဲ့ သတင်းတွေ၊ ဘဏ်အလှုပ်အခတ်ကြောင့် ရွှေဈေးတက်တဲ့ သတင်းတွေက ယခုတစ်ပတ် သတင်းဖတ်သူတွေ အာရုံကို ဆွဲဆောင်ခဲ့ပါတယ်။

ဒီသတင်းက ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲက ကျောက်ဆည်မှာ ရုပ်ရှင်ဆန်ဆန် ကားလုလာပြီး ရဲတွေပိတ်ထားတဲ့ဂိတ်ကို ဖောက်ထွက်တဲ့ ကားသူခိုးတစ်ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရတဲ့ သတင်း၊ ဗစ်တိုးရီးယားအမှု ကိုင်တွယ်စစ်ဆေးနေတဲ့ ဒက္ခိဏခရိုင် ဒုတိယတရားသူကြီး ဦးညိုဌေး ဦးနှောက်သွေးကြောပေါက် သေဆုံးခဲ့တဲ့သတင်း၊ ဒေးဒရဲမြို့နယ်မှာ ရဲစခန်းမှူးက ဇနီးကို သေနတ်နဲ့ပစ်ပြီး ကိုယ့်ကိုယ်ကို ပစ်သတ်ခဲ့တဲ့သတင်း၊ ထိုင်းနိုင်ငံ၌ သေဒဏ်ကျခံနေရသော မြန်မာလုပ်သားနှစ်ဦးကို အသက်ဘေးမှ ကယ်တင်ပေးရန် ထိုင်းဘုရင်ထံ မေတ္တာရပ်ခံ တောင်းဆိုဆန္ဒပြပွဲ ပြုလုပ်ခဲ့တဲ့သတင်း၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ (၁၇) နှစ်အရွယ် မိန်းကလေးကို ဆယ်ကျော်သက်လေးဦးက အုပ်စုဖွဲ့ အဓမ္မကျူးလွန်ခဲ့တဲ့သတင်း၊ ဂွမြို့နယ် ဆတ်သွားကျေးရွာ ဒေသခံတွေ ဖမ်းဆီးပေးခဲ့တဲ့ သစ်မှောင်ခိုလှေကို အခြားလှေတစ်စီးနဲ့ အစားထိုးပေးခဲ့တဲ့ ရဲအရာရှိနှင့် ရဲတပ်သားတို့ကို ဖမ်းဆီးအရေးယူထားတဲ့ သတင်းတွေထဲ သတိထားဖွယ် ဖြစ်ခဲ့ပါတယ်။

ဘဏ်အလှုပ်အခတ်နဲ့ ကိုရီးယားသမ္မတ ခရီးစဉ်

ယခုနှစ်အတွင်း ပထမဆုံး ပြည်ပခေါင်းဆောင် လာရောက်မှုအဖြစ် ကိုရီးယားသမ္မတဟာ ယခုရက်သတ္တပတ်ထဲ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ဒါဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယား သမ္မတတစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့တာ ဖြစ်ပါတယ်။တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းအတွက် အာရှသုံးနိုင်ငံ ခရီးစဉ်အတွင်း လာရောက်ခဲ့တာ ဖြစ်ပါတယ်။

ယခုခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့သလို စီးပွားရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။အဆိုပါ တွေ့ဆုံမှုအတွင်း နားလည်မှုစာချွန်လွှာ (MoU) ခြောက်ခုကို ရေးထိုးခဲ့သလို ရန်ကုန်ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ဒလမြို့သစ်စီမံကိန်းနှင့် မြေဧက ၅၀ဝ ကျော်ရှိ စက်မှုဇုန်စီမံကိန်းတွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။အဆိုပါခရီးစဉ်အတွင်း သမ္မတ မွန် က တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်တွန်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ ခရီးစဉ်နဲ့အပြိုင် ပြည်တွင်းမှာ လှုပ်ခတ်ခဲ့တာက ဘဏ်ဂယက်ပါဘဲ။အထူးသဖြင့် စက်တင်ဘာလကုန်မှာ ဘဏ်တွေက ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ပြန်ဆပ်ကာလ လွန်နေတဲ့ ချေးငွေတွေကို ပြန်ဆပ်ရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ဒီလိုထွက်လာတဲ့အတွက် ပြည်တွင်းလုပ်ငန်းရှင်ကြီးတွေထဲက အချို့က မျက်ရည်တောက်တောက် ကျခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတယ်ဆိုပြီး ပြောခဲ့တာတွေ ရှိခဲ့ပါတယ်။ဒီနောက် ဩဂုတ် ၂၇ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်း က ပြည်တွင်းဘဏ်ထဲကနေ လုပ်ငန်းရှင်ကြီးတွေ ချေးယူထားတဲ့ အကြွေးတွေကို အချိန်ကာလကြာမြင့်စွာ စောင့်ဆိုင်းပြီးဖြစ်လို့ ဗဟိုဘဏ်အနေနဲ့ အလျှော့ပေးဆောင်ရွက်ရန် မရှိဘူးလို့ ပြောခဲ့ပါတယ်။ဗဟိုဘဏ်၏ အစီရင်ခံစာတွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေက ပုဂ္ဂလိကဘဏ်၊ နိုင်ငံပိုင်ဘဏ်နဲ့ နိုင်ငံခြားဘဏ်ခွဲတွေက ကျပ် ၂၄,၂၂၆ ဘီလျံကျော်ကို ချေးယူထားတယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌရဲ့ လွှတ်တော်မှာပြောတဲ့ ပြောစကားကို စက်တင်ဘာ ၂ ရက်မှာ ဗဟိုဘဏ်က နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ဗဟိုဘဏ်၏ ရပ်တည်ချက်နှင့် ပြည့်ဝစွာကိုက်ညီမှုမရှိဘူးဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင် ဗဟိုဘဏ် သဘောသဘာဝအရ ဘဏ်တွေကနေ လိုအပ်ချက်ရှိခဲ့ရင် အပြည့်အဝကူညီမည်ဖြစ်ပြီး ဘဏ်လုပ်ငန်းများနှင့် လုပ်ငန်းရှင်များအကြား ညှိနှိုင်းတွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ကာ ဆက်လက်ညှိနှိုင်းမယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ဒီနောက်မှာ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်း ရဲ့ ရာထူးကနေ နူတ်ထွက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ဒီလို နူတ်ထွက်မှုသတင်းနဲ့ ပတ်သက်ပြီး  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် က သူ့ရဲ့ facebook ကနေ ဖော်ပြခဲ့သလို နောက်ပိုင်းမှာ  ဒီသတင်းတွေက အတည်ဖြစ်ခဲ့ပြီး ဒီနူတ်ထွက်မှုကို ဗဟိုဘဏ် ဥက္ကဋ္ဌဘက်က လက်မခံဘူးဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

ဒီလိုသတင်းတွေကြောင့် လုပ်ငန်းရှင်ကြီးတွေကို ချေးတဲ့ငွေတွေ ဆုံးရှုံးနိုင်မှု အခြေအနေကို အများပြည်သူက တွက်ဆမိခဲ့ရာကနေ ဘဏ်တွေကနေ ငွေတွေထုတ်ပြီး ရွှေဝယ်စုခဲ့ကြတဲ့အတွက် ရွှေဈေးက ရက်ပိုင်းအတွင်း ဆောင့်တက်သွားခဲ့ပါတယ်။ဒီအတွက် ရွှေသမားတွေဘက်က အကြောင်းပြရာမှာ ဘဏ်သတင်းတွေကြောင့် ပြည်တွင်းဘဏ်တွေကနေ ငွေထုတ်ပြီး ရွှေဝယ်ယူလာတာ၊ နိုင်ငံတကာရွှေဈေး မြင့်တက်လာတာ၊ တိုက်ပွဲတွေကြောင့် မူဆယ်−မန္တလေး ပြည်ထောင်စုလမ်း ပိတ်နေလို့  တရုတ်ဘက်က တရားမဝင်ရွှေ အဝင်နည်းတာတွေကြောင့်ဆိုပြီး အကြောင်းပြခဲ့ပါတယ်။ဘဏ်တွေကနေ ငွေထုတ်ပြီး ရွှေတွေဝယ်တာတွေ များလာခဲ့သလို တခြားသော အကြောင်းကိစ္စလည်း ရှိတဲ့အတွက် ရွှေလုပ်ငန်းရှင်အသင်းကနေ အရေးပေါ်အစည်းအဝေးခေါ်ပြီး ရွှေဆိုင်ပိုင်ရှင်တွေကို ရွှေထိ၊ ငွေထိမှ အရောင်းအဝယ်လုပ်ဖို့ သတိပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ရွှေဈေးက ၁၃ သိန်းထိ တောက်လျှောက်တက်ခဲ့တဲ့အတွက် သက်ဆိုင်ရာ စသုံးလုံးကနေ ဝင်စောင့်ကြည့် မေးမြန်းမှုတွေ ရှိလာခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်း ယခုလိုဖြစ်ရပ်မျိုး ဖြစ်ခဲ့တဲ့အတွက် အရေးယူမှုတွေ သက်ဆိုင်ရာကနေ လုပ်ခဲ့ပါတယ်။ယခုပြဿနာ နောက်ကွယ်မှာ ယခင်နှစ်လို ရိုးရိုးရွှေလေပတ်ကားတွေ ဈေးအတင်အချလုပ်တာကနေ ဖြစ်လာတာမဟုတ်ဘဲ ဘဏ်တွေအပေါ် ယုံကြည်မှုအားနည်းတာကနေ ဖြစ်ခဲ့တဲ့အတွက် ဒီဖြစ်ရပ်အပေါ် ဝင်ရောက်အမြတ်ထုတ်သူတွေကို သက်ဆိုင်ရာက ဘယ်လိုထိန်းချုပ် အရေးယူမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အဆိုပါသတင်းတွေက ယခုတစ်ပတ်အတွင်းဖြစ်ခဲ့သည့်  ဗုဒ္ဓဂယာဘုရားဖူးတွေကို ရွှေထည်များ ဝတ်ဆင်စေပြီး ရွှေကုန်ကူးလုပ်ငန်း လုပ်ကိုင်နေသည့် ခရီးသွားကုမ္ပဏီတွေကို အရေးယူတော့မယ့် သတင်း၊ သုံးနှစ်ကျော်ကြာ ပိတ်ထားသည့် ရန်ကုန်ကားလိုင်စင် ပြန်ဖွင့်ပေးရန် သက်ဆိုင်ရာသို့ တင်ပြထားတဲ့ သတင်း၊ ကိုးလအတွင်း လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုတွေကနေ နစ်နာကြေးအဖြစ် ကျပ်တစ်ဘီလျံခွဲကျော် တောင်းခံရရှိခဲ့တဲ့ သတင်းတွေထဲ ထူးထူးခြားခြား သတိထားရတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

နားမလည်တဲ့ ဒီမိုကရေစီ

ယခုရက်သတ္တပတ်ထဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး သတင်းတွေက လူထုကို စိတ်ဝင်စားစေခဲ့ပါတယ်။စက်တင်ဘာ ၄ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ  ပြည်ခိုင်ဖြိုးပါတီဝင် အမတ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ပူးပေါင်းတင်သွင်းတဲ့ အခြေခံဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ၄၅ ဦး ပူးပေါင်းကော်မတီထဲ တပေါင်းတည်းဆွေးနွေးဖို့ လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ဒီလိုအတည်မပြုခင် ဆွေးနွေးမှုတွေပြုတဲ့အခါ တပ်ဘက်က လွှတ်တော်ကိုယ်စားလှယ်တွေက ၄၅ ဦး ပူးပေါင်းကော်မတီနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာတွေ ရှိပါတယ်။ထိုစဉ်ကတည်းက အများပြည်သူကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် လွှတ်တော်ကိုယ်စားလှယ်တွေတင်တဲ့ ဥပဒေကြမ်းက ၄၅ ဦး ကော်မတီက လုပ်နေတဲ့ လုပ်ငန်းစဉ်ထဲ ထည့်ပေါင်းခံလိုက်ရတဲ့အတွက် အဆိုတင်တဲ့ဘက်က တုံ့ပြန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ပြည်သူတွေက ရွေးကောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါတဲ့ ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့တဲ့ အခါ ဒီမိုကရေစီထုံးစံအတိုင်း မဲများတဲ့ဘက်ကအတိုင်း အတည်ဖြစ်ခဲ့ပါတယ်။ဒီအတွက် ပြည်ခိုင်ဖြိုးနှင့် တပ်မတော်သားကိုယ်စားလှယ်များက ဝေဖန်သည်။

‘‘ဘယ်လိုပဲ ထောက်ပြဆွေးနွေးသည် ဖြစ်စေပေါ့။နောက်ဆုံးတော့လည်း ထုံးစံအတိုင်းပဲ မဲခွဲပြီးတော့ပဲ အတည်ပြုသွားတာပဲ ဖြစ်ပါတယ်။အဲဒီတော့ ပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီ၊ ဒီမိုကရေစီ ဆိုပြီးတော့ ဒီမိုကရေစီကြီးက နားလည်ရခက်နေတယ်’’ ဆိုတဲ့ ပြောဆိုချက်တွေက ယခုတစ်ပတ်မှာ အများပြည်သူကြား အပြောများဆုံး သတင်းစကားဖြစ်ခဲ့သလို လူမှုကွန်ရက်မှာ ငြင်းခုံဝေဖန်မှု အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။

ဒီလို ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် လွှတ်တော်ကိုယ်စားလှယ်တွေ တင်တဲ့ ဥပဒေကြမ်းက ၄၅ ဦး ကော်မတီ ပြင်ဆင်မှုထဲ ထည့်ရချိန်မှာ ၄၅ ဦး ကော်မတီထဲပါတဲ့ ရခိုင်အမျိုးသားပါတီက နှစ်ဦးနဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဝင် တစ်ဦးတို့ နူတ်ထွက်ခဲ့ပါတယ်။ဒီလိုနူတ်ထွက်တာတွေ ရှိခဲ့တဲ့အတွက် အာဏာရပါတီ ဆောင်ရွက်နေတဲ့ ခြေဥပြင်ဆင်ရေးက အခက်အခဲတွေရှိနေပြီလား၊ ဖြစ်ရောဖြစ်နိုင်ပါ့မလားဆိုတဲ့ ယူဆချက်တွေ အများပြည်သူကြား ရှိလာခဲ့ပါတယ်။အာဏာရပါတီဘက်ကတော့ ဒီလိုထင်မြင်ယူဆချက်တွေကို ငြင်းပယ်ခဲ့ပြီး ၄၅ ဦး ပူးပေါင်းကော်မတီကနေ အဖွဲ့ဝင်သုံးဦး နုတ်ထွက်တာက ကော်မတီဝင် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများကြား ကြီးမားသော ပဋိပက္ခတစ်ရပ်ဟု မယူဆဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။၄၅ ဦး ကော်မတီမှာ အာဏာရပါတီဘက်က ၁၈ ဦး ပါဝင်သလို ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဘက်ကလည်း ပါဝင်တာရှိပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဘက်က ၄၅ ဦးကော်မတီထဲ ပါဝင်တာရှိပေမယ့် ဆွေးနွေးတာတွေ မဲပေးတာတွေ မရှိပေမယ့် လိုအပ်ပါက ထောက်ပြနိုင်ရန် ဆက်လက်ပါဝင် စောင့်ကြည့်မယ်လို့ ပြောထားတာရှိပါတယ်။

ယခု ၄၅ ဦးကော်မတီရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ထဲ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဘက်က တင်တဲ့ ဥပဒေကြမ်းပါ ပေါင်းထည့်ပါဝင်လာတဲ့အတွက် ရှေ့လျှောက်ဆွေးနွေးပွဲတွေမှာ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဘက်က ဆွေးနွေတာတွေ ရှိလာနိုင်တဲ့အတွက် ဘယ်လိုအခင်းအကျင်းတွေ ပါဝင်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။၄၅ ဦး ကော်မတီထဲမှာလည်း ဆွေးနွေးမှုတွေကို စာရွက်နဲ့ ဆန္ဒပြု လျှို့ဝှက်မဲပေးရန် ပြင်ဆင်ဆုံးဖြတ်ခဲ့တဲ့အတွက် ဘယ်လိုပြောင်းလဲမှုတွေ ထွက်လာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။အဆိုပါ သတင်းတွေက ယခုရက်သတ္တပတ်မှာဖြစ်ခဲ့တဲ့ သတင်းတွေထဲက ပြည်ခိုင်ဖြိုးအမတ် ဦးသိန်းထွန်း က စက်တင် ဘာ ၃ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်မှာ တောင်သူလယ်သမားရေးရာ ပြည်ထောင်စုဝန်ကြီးအဆင့် ဝန်ကြီးဌာနတစ်ရပ် ဖွဲ့စည်းပေးရန် အဆိုတင်ခဲ့တဲ့ သတင်း၊ သေဒဏ်ကျခံနေရသော မြန်မာလုပ်သား နှစ်ဦးကို တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့တဲ့ သတင်းတွေထဲ သတိထားစရာ ဖြစ်ခဲ့ပါတယ်။

တရားခံပျောက်တဲ့ လူသေမှု

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က လာတိုက်နေတဲ့ ရှမ်းမြောက်တိုက်ပွဲတွေက ပြီးဆုံးချင်း မရှိသေးပါဘူး။ဩဂုတ် ၁၅ ရက်က စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနောက် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့တဲ့ နှစ်ဖက်အဖွဲ့အစည်းကြား လက်နက်ကိုင်ပဋိပက္ခတွေဟာ ဒေသခံတွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်လာစေခဲ့ပါတယ်။

ဩဂုတ် ၃၁ ရက် နှစ်ဖက်လက်နက်ကိုင်တို့ကြား ပစ်ခတ်တိုက်ခိုက်ကြရင်း လက်နက်ကြီးကျည် ကျရောက်ခဲ့လို့ အသက်တစ်နှစ်သာ ရှိသေးတဲ့ ကလေးငယ်တစ်ဦး အပါအဝင် လူငါးဦး အသက်ဆုံးရှုံးခဲ့ပါတယ်။သေဆုံးသူငါးဦးထဲမှာ အသက်တစ်နှစ်အရွယ် အမျိုးသမီး ကလေးငယ်တစ်ဦး အပါအဝင် အသက်ရှစ်နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့လည်း ပါဝင်ခဲ့ပါတယ်။

အဲဒီငါးဦး သေဆုံးမှုဖြစ်စဉ်ထဲက အသက်တစ်နှစ်အရွယ် ကလေးငယ်လေး သေဆုံးနေတဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက်ပေါ်ကို ရောက်ရှိပျံ့နှံ့ခဲ့သလို သွေးတွေနဲ့ သေဆုံးနေရတဲ့ အဲဒီကလေးငယ်ရဲ့ အဖြစ်ဟာ စစ်ပွဲတွေရဲ့ အနိဋ္ဌာရုံကိုလည်း ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြနေသလို ဖြစ်စေပါတယ်။ဒါပေမယ့် ဒီပစ်ခတ်မှုနဲ့ ပက်သက်ပြီး ဘယ်သူ့လက်ချက်လဲဆိုတာကို သေသူတွေ မသိရသလို ယခုတိုင် ဘယ်သူ့လက်ချက်လဲဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။

ရှမ်းမြောက်ပိုင်းမှာ အကြမ်းဖက်နေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့ကတော့ ယခုဖြစ်စဉ်ဖြစ်ပွားပြီး နောက်ရက်မှာ ယခုဖြစ်ရပ်အပေါ် တပ်ဘက်ကို ပုံချခဲ့ပါတယ်။နောက်ရက်တွေမှာ တပ်မတော်ဘက် ဖြစ်ဖြစ်ချင်း လူမှုကွန်ရက်မှာတက်လာတဲ့ ပုံတွေနဲ့ နောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ပြင်ဆင်တင်ထားတဲ့ လောင်ချာနောက်ပိုင်းကို ယှဉ်ပြကာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ လက်ချက်ဆိုတာကို ပြခဲ့ပါတယ်။နှစ်ဘက်လုံးက ငြင်းဆန်မှုတွေ ရှိပေမယ့် လူမမယ်အရွယ် ကလေးငယ်ကတော့ လူ့လောကထဲ အဖြူအမည်း ကွဲပြားစွာမသိရသေးခင် သေဆုံးခဲ့ရပြီဖြစ်ပါတယ်။ဒီသေဆုံးရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ယခုထိ ငြင်းခုံမှုတွေရှိနေပေမယ့် ပြည်သူတွေနဲ့ ဒေသခံတွေကတော့ ဘယ်သူလက်ချက်ဆိုတာလဲ သိထားပြီးဖြစ်ပါတယ်။

ပြည်သူတွေ အထိနာတဲ့ မြောက်ပိုင်းသုံးဖွဲ့ ရှမ်းမြောက်ကို ဝင်အကြမ်းဖက်နေတဲ့အဖြစ်က မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းကို လုံးဝရပ်တန့်လုနီးပါး ဖြစ်ခဲ့ပါတယ်။ဒါကြောင့်လည်း တရုတ်ကြားဝင်မှုနဲ့ ယခုရက်သတ္တပတ်ထဲမှာ ကျိုင်းတုံမှာ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ တွေ့ပြီး တိုက်ပွဲများရပ်တန့်ရေး ဆွေးနွေးခဲ့ပါတယ်။ဒီလိုဆွေးနွေးရာမှာ အသိသက်သေအဖြစ် တရုတ်နိုင်ငံ ပါဝင်ရေး တောင်းဆိုချက်တစ်ခုကလွဲပြီး မြောက်ပိုင်းလေးဖွဲ့ တောင်းဆိုချက် ၈ ချက်က ခုနှစ်ချက်ကို သဘောတူခဲ့ပါတယ်။

စက်တင်ဘာ ၂ ရက်မှာ တပ်မတော်၏ ထိုးစစ်တိုက်ခိုက်မှုများကို ခုခံကာကွယ်သောစစ်ဖြင့် ဆက်လက်ခုခံ ကာကွယ်မယ်ဆိုပြီး ခပ်တည်တည် စာထုတ်ခဲ့တဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဟာ အဲဒီနေ့မှာဘဲ နယ်စပ်ကုန်သွယ်ရေးလမ်း အသုံးပြုသွားလာနေသည့် အရပ်ဘက် ယာဉ်ခုနစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သလို နောက်ရက်တွေလည်း ဆက်တိုက်ဖျက်စီးနေခဲ့ပါတယ်။

အစိုးရဘက်က ငြိမ်းချမ်းရေးကိုရှေးရှုပြီး ညှိနိူင်းနေပေမယ့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဘက်က ဖျက်ဆီးတာတွေ ဆက်လုပ်နေတာက ယခုထိမရပ်သေးပါဘူး။အများပြည်သူကတော့ အရပ်သားတွေကို ပစ်မှတ်ထားနေတဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ လုပ်ရပ်အပေါ် မနှစ်မြို့ကြပါဘူး။နောက်တစ်ကြိမ် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ကြား အပစ်ရပ်စဲရေးညှိနှိုင်းမှု ဆွေးနွေးပွဲကို စက်တင်ဘာလလယ်မှာ ကျင်းပဖို့ရှိပြီး မြောက်ပိုင်းလေးဖွဲ့က ‘ဝ’ လက်နက်ကိုင်အဖွဲ့ နယ်မြေ ပန်ဆန်း (သို့မဟုတ်) တရုတ်နိုင်ငံမှာ ကျင်းပလိုပြီး အစိုးရက ကျိုင်းတုံမှာ ကျင်းပဖို့ အဆိုပြုထားပါတယ်။တပ်မတော်ဘက်ကတော့  ကျိုင်းတုံမှာသာ ထပ်ဆွေးနွေးရင် တပ်မတော်ဘက်က ပါဝင်လာဖို့ရှိတဲ့အတွက် ဒီဆွေးနွေးပွဲသာ ကျိုင်းတုံမှာဖြစ်ခဲ့ရင် ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်လာမှာရှိတဲ့အတွက် ငြိမ်းချမ်းရေးအတွက် လမ်းပွင့်လာစရာရှိပါတယ်။ဒီကြားထဲမှာ တပ်မတော်ဘက်က အပစ်ခတ်ရပ်စဲရေးကာလကို ထပ်မံသက်တမ်းတိုးထားတဲ့အတွက် တစ်ဆို့နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလမ်းကြောင်း ပြန်ပွင့်လာမလားဆိုတာ စောင့်ကြည့်ချင်စရာပါ။

ဒီသတင်းတွေက ယခုတစ်ပတ်အတွင်း တိုင်းရင်းသားအရေးနဲ့ သက်ဆိုင်တဲ့ သတင်းတွေဖြစ်တဲ့ ရှမ်းမြောက်ဒေသ တိုက်ပွဲများမှာ အရပ်သားပြည်သူများ လုံခြုံဘေးကင်းရေး အစွမ်းကုန်အလေးထား ကာကွယ်ပေးရန် ကုလသမဂ္ဂက ထုတ်ပြန်တိုက်တွန်းခဲ့တဲ့ သတင်း၊ လွှတ်တော်အစည်းအဝေးမှာ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက စစ်ဘေးရှောင်စကားလုံး ထည့်သွင်းသုံးစွဲမှုကို ကန့်ကွက်ခဲ့တဲ့သတင်း၊ လက်နက်ကိုင်တိုက်ပွဲများမှ ကလေးသူငယ်များအား ကာကွယ်ပေးရန် ယူနီဆက်က ထုတ်ပြန်ခဲ့တဲ့သတင်း၊ တောင်ကြီးမြို့ တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲ ကိုးရက်သာကျင်းပဖို့ စီစဉ်နေတဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို  မီးပုံးပျံအဖွဲ့များက ကန့်ကွက်စာပေးပို့မယ်ဆိုတဲ့ သတင်း၊ မြန်မာနယ်ခြားစောင့် ရဲအရာရှိတစ်ဦးနှင့် တပ်သားသုံးဦးတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်လွှဲပြောင်းခဲ့တဲ့ သတင်း၊ တပ်မတော်ပိုင် Y-8 အမျိုးအစား လေယာဉ်တစ်စီး ပြေးလမ်းချော်သဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ပြေးလမ်း ယာယီပိတ်ခဲ့ရတဲ့ သတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
စက်တင်ဘာ - ၆

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ စိတ္ဝင္စားစရာ သတင္းေတြ ရွိခဲ့ပါတယ္။ဒီထဲမွာ ေျခဥျပင္ဆင္ေရး သတင္းေတြ၊ ေျမာက္ပိုင္းသုံးဖြဲ႕ ကားမီးရႈိ႕ဖ်က္ဆီးတဲ့ သတင္းေတြ၊ ဘယ္သူပစ္လို႔ ေသမွန္းမသိတဲ့ ကြတ္ခိုင္က ကေလးငယ္ သတင္းေတြ၊ ကိုရီးယားသမၼတ ျမန္မာျပည္လာတဲ့ သတင္းေတြ၊ ဘဏ္အလႈပ္အခတ္ေၾကာင့္ ေ႐ႊေဈးတက္တဲ့ သတင္းေတြက ယခုတစ္ပတ္ သတင္းဖတ္သူေတြ အာ႐ုံကို ဆြဲေဆာင္ခဲ့ပါတယ္။

ဒီသတင္းက ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲက ေက်ာက္ဆည္မွာ ႐ုပ္ရွင္ဆန္ဆန္ ကားလုလာၿပီး ရဲေတြပိတ္ထားတဲ့ဂိတ္ကို ေဖာက္ထြက္တဲ့ ကားသူခိုးတစ္ဦးကို ပစ္ခတ္ဖမ္းဆီးခဲ့ရတဲ့ သတင္း၊ ဗစ္တိုးရီးယားအမႈ ကိုင္တြယ္စစ္ေဆးေနတဲ့ ဒကၡိဏခ႐ိုင္ ဒုတိယတရားသူႀကီး ဦးညိဳေဌး ဦးေႏွာက္ေသြးေၾကာေပါက္ ေသဆုံးခဲ့တဲ့သတင္း၊ ေဒးဒရဲၿမိဳ႕နယ္မွာ ရဲစခန္းမႉးက ဇနီးကို ေသနတ္နဲ႔ပစ္ၿပီး ကိုယ့္ကိုယ္ကို ပစ္သတ္ခဲ့တဲ့သတင္း၊ ထိုင္းႏိုင္ငံ၌ ေသဒဏ္က်ခံေနရေသာ ျမန္မာလုပ္သားႏွစ္ဦးကို အသက္ေဘးမွ ကယ္တင္ေပးရန္ ထိုင္းဘုရင္ထံ ေမတၱာရပ္ခံ ေတာင္းဆိုဆႏၵျပပြဲ ျပဳလုပ္ခဲ့တဲ့သတင္း၊ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္မွာ (၁၇) ႏွစ္အ႐ြယ္ မိန္းကေလးကို ဆယ္ေက်ာ္သက္ေလးဦးက အုပ္စုဖြဲ႕ အဓမၼက်ဴးလြန္ခဲ့တဲ့သတင္း၊ ဂြၿမိဳ႕နယ္ ဆတ္သြားေက်း႐ြာ ေဒသခံေတြ ဖမ္းဆီးေပးခဲ့တဲ့ သစ္ေမွာင္ခိုေလွကို အျခားေလွတစ္စီးနဲ႔ အစားထိုးေပးခဲ့တဲ့ ရဲအရာရွိႏွင့္ ရဲတပ္သားတို႔ကို ဖမ္းဆီးအေရးယူထားတဲ့ သတင္းေတြထဲ သတိထားဖြယ္ ျဖစ္ခဲ့ပါတယ္။

ဘဏ္အလႈပ္အခတ္နဲ႔ ကိုရီးယားသမၼတ ခရီးစဥ္

ယခုႏွစ္အတြင္း ပထမဆုံး ျပည္ပေခါင္းေဆာင္ လာေရာက္မႈအျဖစ္ ကိုရီးယားသမၼတဟာ ယခုရက္သတၱပတ္ထဲ ျမန္မာႏိုင္ငံကို လာေရာက္ခဲ့ပါတယ္။ဒါဟာ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္း ေတာင္ကိုရီးယား သမၼတတစ္ဦးအေနျဖင့္ ျမန္မာႏိုင္ငံသို႔ ပထမဆုံးအႀကိမ္ လာေရာက္ခဲ့တာ ျဖစ္ပါတယ္။ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္းအတြက္ အာရွသုံးႏိုင္ငံ ခရီးစဥ္အတြင္း လာေရာက္ခဲ့တာ ျဖစ္ပါတယ္။

ယခုခရီးစဥ္အတြင္း ေတာင္ကိုရီးယားသမၼတက ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္တို႔နဲ႔ သီးျခားစီေတြ႕ဆုံခဲ့သလို စီးပြားေရးဆိုင္ရာ ကိစၥေတြ ေဆြးေႏြးခဲ့ပါတယ္။အဆိုပါ ေတြ႕ဆုံမႈအတြင္း နားလည္မႈစာခြၽန္လႊာ (MoU) ေျခာက္ခုကို ေရးထိုးခဲ့သလို ရန္ကုန္ကို လာေရာက္ခဲ့တဲ့ ခရီးစဥ္အတြင္း ဒလၿမိဳ႕သစ္စီမံကိန္းႏွင့္ ေျမဧက ၅၀ဝ ေက်ာ္ရွိ စက္မႈဇုန္စီမံကိန္းေတြကို လက္မွတ္ေရးထိုးခဲ့ပါတယ္။အဆိုပါခရီးစဥ္အတြင္း သမၼတ မြန္ က ေတာင္ကိုရီးယား စီးပြားေရးလုပ္ငန္းရွင္ေတြကို တိုက္တြန္းေပးမယ္လို႔ ကတိေပးခဲ့ပါတယ္။

ေတာင္ကိုရီးယားသမၼတ ခရီးစဥ္နဲ႔အၿပိဳင္ ျပည္တြင္းမွာ လႈပ္ခတ္ခဲ့တာက ဘဏ္ဂယက္ပါဘဲ။အထူးသျဖင့္ စက္တင္ဘာလကုန္မွာ ဘဏ္ေတြက ျပည္တြင္းစီးပြားေရးလုပ္ငန္းရွင္ႀကီးေတြကို ျပန္ဆပ္ကာလ လြန္ေနတဲ့ ေခ်းေငြေတြကို ျပန္ဆပ္ရမယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ဒီလိုထြက္လာတဲ့အတြက္ ျပည္တြင္းလုပ္ငန္းရွင္ႀကီးေတြထဲက အခ်ိဳ႕က မ်က္ရည္ေတာက္ေတာက္ က်ခဲ့ရတဲ့အထိ ျဖစ္ခဲ့ရတယ္ဆိုၿပီး ေျပာခဲ့တာေတြ ရွိခဲ့ပါတယ္။ဒီေနာက္ ဩဂုတ္ ၂၇ ရက္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ဗဟိုဘဏ္ ဒုဥကၠ႒ ဦးစိုးသိန္း က ျပည္တြင္းဘဏ္ထဲကေန လုပ္ငန္းရွင္ႀကီးေတြ ေခ်းယူထားတဲ့ အေႂကြးေတြကို အခ်ိန္ကာလၾကာျမင့္စြာ ေစာင့္ဆိုင္းၿပီးျဖစ္လို႔ ဗဟိုဘဏ္အေနနဲ႔ အေလွ်ာ့ေပးေဆာင္႐ြက္ရန္ မရွိဘူးလို႔ ေျပာခဲ့ပါတယ္။ဗဟိုဘဏ္၏ အစီရင္ခံစာေတြမွာ စီးပြားေရးလုပ္ငန္းရွင္ေတြက ပုဂၢလိကဘဏ္၊ ႏိုင္ငံပိုင္ဘဏ္နဲ႔ ႏိုင္ငံျခားဘဏ္ခြဲေတြက က်ပ္ ၂၄,၂၂၆ ဘီလ်ံေက်ာ္ကို ေခ်းယူထားတယ္လို႔ ဆိုပါတယ္။

ဗဟိုဘဏ္ ဒု-ဥကၠ႒ရဲ႕ လႊတ္ေတာ္မွာေျပာတဲ့ ေျပာစကားကို စက္တင္ဘာ ၂ ရက္မွာ ဗဟိုဘဏ္က ႏိုင္ငံပိုင္မီဒီယာမွတစ္ဆင့္ ဗဟိုဘဏ္၏ ရပ္တည္ခ်က္ႏွင့္ ျပည့္ဝစြာကိုက္ညီမႈမရွိဘူးဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။ဒါ့အျပင္ ဗဟိုဘဏ္ သေဘာသဘာဝအရ ဘဏ္ေတြကေန လိုအပ္ခ်က္ရွိခဲ့ရင္ အျပည့္အဝကူညီမည္ျဖစ္ၿပီး ဘဏ္လုပ္ငန္းမ်ားႏွင့္ လုပ္ငန္းရွင္မ်ားအၾကား ညႇိႏႈိင္းေတြ႕ဆုံ ေဆြးေႏြးမႈေတြနဲ႔ ပတ္သက္ကာ ဆက္လက္ညႇိႏႈိင္းမယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။ဒီေနာက္မွာ ဗဟိုဘဏ္ ဒုဥကၠ႒ ဦးစိုးသိန္း ရဲ႕ ရာထူးကေန ႏူတ္ထြက္တယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ဒီလို ႏူတ္ထြက္မႈသတင္းနဲ႔ ပတ္သက္ၿပီး  ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးၿဖိဳးေဇယ်ာေသာ္ က သူ႔ရဲ႕ facebook ကေန ေဖာ္ျပခဲ့သလို ေနာက္ပိုင္းမွာ  ဒီသတင္းေတြက အတည္ျဖစ္ခဲ့ၿပီး ဒီႏူတ္ထြက္မႈကို ဗဟိုဘဏ္ ဥကၠ႒ဘက္က လက္မခံဘူးဆိုတဲ့ သတင္းေတြ ထြက္လာခဲ့ပါတယ္။

ဒီလိုသတင္းေတြေၾကာင့္ လုပ္ငန္းရွင္ႀကီးေတြကို ေခ်းတဲ့ေငြေတြ ဆုံးရႈံးႏိုင္မႈ အေျခအေနကို အမ်ားျပည္သူက တြက္ဆမိခဲ့ရာကေန ဘဏ္ေတြကေန ေငြေတြထုတ္ၿပီး ေ႐ႊဝယ္စုခဲ့ၾကတဲ့အတြက္ ေ႐ႊေဈးက ရက္ပိုင္းအတြင္း ေဆာင့္တက္သြားခဲ့ပါတယ္။ဒီအတြက္ ေ႐ႊသမားေတြဘက္က အေၾကာင္းျပရာမွာ ဘဏ္သတင္းေတြေၾကာင့္ ျပည္တြင္းဘဏ္ေတြကေန ေငြထုတ္ၿပီး ေ႐ႊဝယ္ယူလာတာ၊ ႏိုင္ငံတကာေ႐ႊေဈး ျမင့္တက္လာတာ၊ တိုက္ပြဲေတြေၾကာင့္ မူဆယ္−မႏၲေလး ျပည္ေထာင္စုလမ္း ပိတ္ေနလို႔  တ႐ုတ္ဘက္က တရားမဝင္ေ႐ႊ အဝင္နည္းတာေတြေၾကာင့္ဆိုၿပီး အေၾကာင္းျပခဲ့ပါတယ္။ဘဏ္ေတြကေန ေငြထုတ္ၿပီး ေ႐ႊေတြဝယ္တာေတြ မ်ားလာခဲ့သလို တျခားေသာ အေၾကာင္းကိစၥလည္း ရွိတဲ့အတြက္ ေ႐ႊလုပ္ငန္းရွင္အသင္းကေန အေရးေပၚအစည္းအေဝးေခၚၿပီး ေ႐ႊဆိုင္ပိုင္ရွင္ေတြကို ေ႐ႊထိ၊ ေငြထိမွ အေရာင္းအဝယ္လုပ္ဖို႔ သတိေပးခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။ဒါေပမယ့္ ေ႐ႊေဈးက ၁၃ သိန္းထိ ေတာက္ေလွ်ာက္တက္ခဲ့တဲ့အတြက္ သက္ဆိုင္ရာ စသုံးလုံးကေန ဝင္ေစာင့္ၾကည့္ ေမးျမန္းမႈေတြ ရွိလာခဲ့တဲ့အထိ ျဖစ္ခဲ့ပါတယ္။ၿပီးခဲ့တဲ့ႏွစ္ကလည္း ယခုလိုျဖစ္ရပ္မ်ိဳး ျဖစ္ခဲ့တဲ့အတြက္ အေရးယူမႈေတြ သက္ဆိုင္ရာကေန လုပ္ခဲ့ပါတယ္။ယခုျပႆနာ ေနာက္ကြယ္မွာ ယခင္ႏွစ္လို ႐ိုး႐ိုးေ႐ႊေလပတ္ကားေတြ ေဈးအတင္အခ်လုပ္တာကေန ျဖစ္လာတာမဟုတ္ဘဲ ဘဏ္ေတြအေပၚ ယုံၾကည္မႈအားနည္းတာကေန ျဖစ္ခဲ့တဲ့အတြက္ ဒီျဖစ္ရပ္အေပၚ ဝင္ေရာက္အျမတ္ထုတ္သူေတြကို သက္ဆိုင္ရာက ဘယ္လိုထိန္းခ်ဳပ္ အေရးယူမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

အဆိုပါသတင္းေတြက ယခုတစ္ပတ္အတြင္းျဖစ္ခဲ့သည့္  ဗုဒၶဂယာဘုရားဖူးေတြကို ေ႐ႊထည္မ်ား ဝတ္ဆင္ေစၿပီး ေ႐ႊကုန္ကူးလုပ္ငန္း လုပ္ကိုင္ေနသည့္ ခရီးသြားကုမၸဏီေတြကို အေရးယူေတာ့မယ့္ သတင္း၊ သုံးႏွစ္ေက်ာ္ၾကာ ပိတ္ထားသည့္ ရန္ကုန္ကားလိုင္စင္ ျပန္ဖြင့္ေပးရန္ သက္ဆိုင္ရာသို႔ တင္ျပထားတဲ့ သတင္း၊ ကိုးလအတြင္း လွ်ပ္စစ္ဓာတ္အား ခိုးယူသုံးစြဲမႈေတြကေန နစ္နာေၾကးအျဖစ္ က်ပ္တစ္ဘီလ်ံခြဲေက်ာ္ ေတာင္းခံရရွိခဲ့တဲ့ သတင္းေတြထဲ ထူးထူးျခားျခား သတိထားရတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

နားမလည္တဲ့ ဒီမိုကေရစီ

ယခုရက္သတၱပတ္ထဲမွာ အေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး သတင္းေတြက လူထုကို စိတ္ဝင္စားေစခဲ့ပါတယ္။စက္တင္ဘာ ၄ ရက္က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ  ျပည္ခိုင္ၿဖိဳးပါတီဝင္ အမတ္ေတြနဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္ေတြ ပူးေပါင္းတင္သြင္းတဲ့ အေျခခံဥပေဒ ျပင္ဆင္တဲ့ ဥပေဒၾကမ္းကို ၄၅ ဦး ပူးေပါင္းေကာ္မတီထဲ တေပါင္းတည္းေဆြးေႏြးဖို႔ လႊတ္ေတာ္က အတည္ျပဳခဲ့ပါတယ္။

ဒီလိုအတည္မျပဳခင္ ေဆြးေႏြးမႈေတြျပဳတဲ့အခါ တပ္ဘက္က လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ၄၅ ဦး ပူးေပါင္းေကာ္မတီနဲ႔ ပတ္သက္ၿပီး ေျပာဆိုခဲ့တာေတြ ရွိပါတယ္။ထိုစဥ္ကတည္းက အမ်ားျပည္သူၾကား စိတ္ဝင္စားမႈျမင့္တက္ခဲ့တဲ့ ျပည္ခိုင္ၿဖိဳးနဲ႔ တပ္မေတာ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြတင္တဲ့ ဥပေဒၾကမ္းက ၄၅ ဦး ေကာ္မတီက လုပ္ေနတဲ့ လုပ္ငန္းစဥ္ထဲ ထည့္ေပါင္းခံလိုက္ရတဲ့အတြက္ အဆိုတင္တဲ့ဘက္က တုံ႔ျပန္ေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။

ျပည္သူေတြက ေ႐ြးေကာက္ခဲ့တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြပါတဲ့ ျပည္ေထာင္စုလႊတ္ေတာ္က မဲခြဲဆုံးျဖတ္ခဲ့တဲ့ အခါ ဒီမိုကေရစီထုံးစံအတိုင္း မဲမ်ားတဲ့ဘက္ကအတိုင္း အတည္ျဖစ္ခဲ့ပါတယ္။ဒီအတြက္ ျပည္ခိုင္ၿဖိဳးႏွင့္ တပ္မေတာ္သားကိုယ္စားလွယ္မ်ားက ေဝဖန္သည္။

‘‘ဘယ္လိုပဲ ေထာက္ျပေဆြးေႏြးသည္ ျဖစ္ေစေပါ့။ေနာက္ဆုံးေတာ့လည္း ထုံးစံအတိုင္းပဲ မဲခြဲၿပီးေတာ့ပဲ အတည္ျပဳသြားတာပဲ ျဖစ္ပါတယ္။အဲဒီေတာ့ ေျပာရမယ္ဆိုရင္ေတာ့ ဒီမိုကေရစီ၊ ဒီမိုကေရစီ ဆိုၿပီးေတာ့ ဒီမိုကေရစီႀကီးက နားလည္ရခက္ေနတယ္’’ ဆိုတဲ့ ေျပာဆိုခ်က္ေတြက ယခုတစ္ပတ္မွာ အမ်ားျပည္သူၾကား အေျပာမ်ားဆုံး သတင္းစကားျဖစ္ခဲ့သလို လူမႈကြန္ရက္မွာ ျငင္းခုံေဝဖန္မႈ အမ်ားဆုံးလည္း ျဖစ္ခဲ့ပါတယ္။

ဒီလို ျပည္ခိုင္ၿဖိဳးနဲ႔ တပ္မေတာ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ တင္တဲ့ ဥပေဒၾကမ္းက ၄၅ ဦး ေကာ္မတီ ျပင္ဆင္မႈထဲ ထည့္ရခ်ိန္မွာ ၄၅ ဦး ေကာ္မတီထဲပါတဲ့ ရခိုင္အမ်ိဳးသားပါတီက ႏွစ္ဦးနဲ႔ အမ်ိဳးသားညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီဝင္ တစ္ဦးတို႔ ႏူတ္ထြက္ခဲ့ပါတယ္။ဒီလိုႏူတ္ထြက္တာေတြ ရွိခဲ့တဲ့အတြက္ အာဏာရပါတီ ေဆာင္႐ြက္ေနတဲ့ ေျခဥျပင္ဆင္ေရးက အခက္အခဲေတြရွိေနၿပီလား၊ ျဖစ္ေရာျဖစ္ႏိုင္ပါ့မလားဆိုတဲ့ ယူဆခ်က္ေတြ အမ်ားျပည္သူၾကား ရွိလာခဲ့ပါတယ္။အာဏာရပါတီဘက္ကေတာ့ ဒီလိုထင္ျမင္ယူဆခ်က္ေတြကို ျငင္းပယ္ခဲ့ၿပီး ၄၅ ဦး ပူးေပါင္းေကာ္မတီကေန အဖြဲ႕ဝင္သုံးဦး ႏုတ္ထြက္တာက ေကာ္မတီဝင္ ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံေရးပါတီမ်ားၾကား ႀကီးမားေသာ ပဋိပကၡတစ္ရပ္ဟု မယူဆဘူးလို႔ တုံ႔ျပန္ခဲ့ပါတယ္။၄၅ ဦး ေကာ္မတီမွာ အာဏာရပါတီဘက္က ၁၈ ဦး ပါဝင္သလို ျပည္ခိုင္ၿဖိဳးနဲ႔ တပ္မေတာ္ဘက္ကလည္း ပါဝင္တာရွိပါတယ္။ ျပည္ခိုင္ၿဖိဳးနဲ႔ တပ္မေတာ္ဘက္က ၄၅ ဦးေကာ္မတီထဲ ပါဝင္တာရွိေပမယ့္ ေဆြးေႏြးတာေတြ မဲေပးတာေတြ မရွိေပမယ့္ လိုအပ္ပါက ေထာက္ျပႏိုင္ရန္ ဆက္လက္ပါဝင္ ေစာင့္ၾကည့္မယ္လို႔ ေျပာထားတာရွိပါတယ္။

ယခု ၄၅ ဦးေကာ္မတီရဲ႕ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး လုပ္ငန္းစဥ္ထဲ ျပည္ခိုင္ၿဖိဳးနဲ႔ တပ္မေတာ္ဘက္က တင္တဲ့ ဥပေဒၾကမ္းပါ ေပါင္းထည့္ပါဝင္လာတဲ့အတြက္ ေရွ႕ေလွ်ာက္ေဆြးေႏြးပြဲေတြမွာ ျပည္ခိုင္ၿဖိဳးနဲ႔ တပ္မေတာ္ဘက္က ေဆြးေႏြတာေတြ ရွိလာႏိုင္တဲ့အတြက္ ဘယ္လိုအခင္းအက်င္းေတြ ပါဝင္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။၄၅ ဦး ေကာ္မတီထဲမွာလည္း ေဆြးေႏြးမႈေတြကို စာ႐ြက္နဲ႔ ဆႏၵျပဳ လွ်ိဳ႕ဝွက္မဲေပးရန္ ျပင္ဆင္ဆုံးျဖတ္ခဲ့တဲ့အတြက္ ဘယ္လိုေျပာင္းလဲမႈေတြ ထြက္လာဦးမလဲဆိုတာ စိတ္ဝင္စားစရာပါ။အဆိုပါ သတင္းေတြက ယခုရက္သတၱပတ္မွာျဖစ္ခဲ့တဲ့ သတင္းေတြထဲက ျပည္ခိုင္ၿဖိဳးအမတ္ ဦးသိန္းထြန္း က စက္တင္ ဘာ ၃ ရက္တြင္ က်င္းပသည့္ ျပည္သူ႔လႊတ္ေတာ္မွာ ေတာင္သူလယ္သမားေရးရာ ျပည္ေထာင္စုဝန္ႀကီးအဆင့္ ဝန္ႀကီးဌာနတစ္ရပ္ ဖြဲ႕စည္းေပးရန္ အဆိုတင္ခဲ့တဲ့ သတင္း၊ ေသဒဏ္က်ခံေနရေသာ ျမန္မာလုပ္သား ႏွစ္ဦးကို တပ္မေတာ္မွ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး ေထာင္ဝင္စာ သြားေရာက္ေတြ႕ဆုံခဲ့တဲ့ သတင္းေတြထဲ သတိထားစရာ ျဖစ္ခဲ့ပါတယ္။

တရားခံေပ်ာက္တဲ့ လူေသမႈ

ေျမာက္ပိုင္းလက္နက္ကိုင္သုံးဖြဲ႕က လာတိုက္ေနတဲ့ ရွမ္းေျမာက္တိုက္ပြဲေတြက ၿပီးဆုံးခ်င္း မရွိေသးပါဘူး။ဩဂုတ္ ၁၅ ရက္က စတင္ခဲ့တဲ့ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြေနာက္ ဆက္တိုက္ဆိုသလို ျဖစ္ေပၚလာခဲ့တဲ့ ႏွစ္ဖက္အဖြဲ႕အစည္းၾကား လက္နက္ကိုင္ပဋိပကၡေတြဟာ ေဒသခံေတြအေပၚ ဆိုးဆိုး႐ြား႐ြား သက္ေရာက္လာေစခဲ့ပါတယ္။

ဩဂုတ္ ၃၁ ရက္ ႏွစ္ဖက္လက္နက္ကိုင္တို႔ၾကား ပစ္ခတ္တိုက္ခိုက္ၾကရင္း လက္နက္ႀကီးက်ည္ က်ေရာက္ခဲ့လို႔ အသက္တစ္ႏွစ္သာ ရွိေသးတဲ့ ကေလးငယ္တစ္ဦး အပါအဝင္ လူငါးဦး အသက္ဆုံးရႈံးခဲ့ပါတယ္။ေသဆုံးသူငါးဦးထဲမွာ အသက္တစ္ႏွစ္အ႐ြယ္ အမ်ိဳးသမီး ကေလးငယ္တစ္ဦး အပါအဝင္ အသက္ရွစ္ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၊ အသက္ ၁၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၊ အသက္ ၁၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးနဲ႔ အသက္ ၃၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးတို႔လည္း ပါဝင္ခဲ့ပါတယ္။

အဲဒီငါးဦး ေသဆုံးမႈျဖစ္စဥ္ထဲက အသက္တစ္ႏွစ္အ႐ြယ္ ကေလးငယ္ေလး ေသဆုံးေနတဲ့ ဓာတ္ပုံဟာ လူမႈကြန္ရက္ေပၚကို ေရာက္ရွိပ်ံ႕ႏွံ႔ခဲ့သလို ေသြးေတြနဲ႔ ေသဆုံးေနရတဲ့ အဲဒီကေလးငယ္ရဲ႕ အျဖစ္ဟာ စစ္ပြဲေတြရဲ႕ အနိ႒ာ႐ုံကိုလည္း ကြက္ကြက္ကြင္းကြင္း မီးေမာင္းထိုးျပေနသလို ျဖစ္ေစပါတယ္။ဒါေပမယ့္ ဒီပစ္ခတ္မႈနဲ႔ ပက္သက္ၿပီး ဘယ္သူ႔လက္ခ်က္လဲဆိုတာကို ေသသူေတြ မသိရသလို ယခုတိုင္ ဘယ္သူ႔လက္ခ်က္လဲဆိုတာကို ကြဲကြဲျပားျပား မသိရေသးပါဘူး။

ရွမ္းေျမာက္ပိုင္းမွာ အၾကမ္းဖက္ေနတဲ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ သုံးဖြဲ႕ကေတာ့ ယခုျဖစ္စဥ္ျဖစ္ပြားၿပီး ေနာက္ရက္မွာ ယခုျဖစ္ရပ္အေပၚ တပ္ဘက္ကို ပုံခ်ခဲ့ပါတယ္။ေနာက္ရက္ေတြမွာ တပ္မေတာ္ဘက္ ျဖစ္ျဖစ္ခ်င္း လူမႈကြန္ရက္မွာတက္လာတဲ့ ပုံေတြနဲ႔ ေနာက္ပိုင္းမွာ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ ျပင္ဆင္တင္ထားတဲ့ ေလာင္ခ်ာေနာက္ပိုင္းကို ယွဥ္ျပကာ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ လက္ခ်က္ဆိုတာကို ျပခဲ့ပါတယ္။ႏွစ္ဘက္လုံးက ျငင္းဆန္မႈေတြ ရွိေပမယ့္ လူမမယ္အ႐ြယ္ ကေလးငယ္ကေတာ့ လူ႔ေလာကထဲ အျဖဴအမည္း ကြဲျပားစြာမသိရေသးခင္ ေသဆုံးခဲ့ရၿပီျဖစ္ပါတယ္။ဒီေသဆုံးရတဲ့ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ယခုထိ ျငင္းခုံမႈေတြရွိေနေပမယ့္ ျပည္သူေတြနဲ႔ ေဒသခံေတြကေတာ့ ဘယ္သူလက္ခ်က္ဆိုတာလဲ သိထားၿပီးျဖစ္ပါတယ္။

ျပည္သူေတြ အထိနာတဲ့ ေျမာက္ပိုင္းသုံးဖြဲ႕ ရွမ္းေျမာက္ကို ဝင္အၾကမ္းဖက္ေနတဲ့အျဖစ္က ျမန္မာ-တ႐ုတ္ ကုန္သြယ္ေရးလမ္းေၾကာင္းကို လုံးဝရပ္တန႔္လုနီးပါး ျဖစ္ခဲ့ပါတယ္။ဒါေၾကာင့္လည္း တ႐ုတ္ၾကားဝင္မႈနဲ႔ ယခုရက္သတၱပတ္ထဲမွာ က်ိဳင္းတုံမွာ အစိုးရႏွင့္ ေျမာက္ပိုင္းလက္နက္ကိုင္ေလးဖြဲ႕ ေတြ႕ၿပီး တိုက္ပြဲမ်ားရပ္တန႔္ေရး ေဆြးေႏြးခဲ့ပါတယ္။ဒီလိုေဆြးေႏြးရာမွာ အသိသက္ေသအျဖစ္ တ႐ုတ္ႏိုင္ငံ ပါဝင္ေရး ေတာင္းဆိုခ်က္တစ္ခုကလြဲၿပီး ေျမာက္ပိုင္းေလးဖြဲ႕ ေတာင္းဆိုခ်က္ ၈ ခ်က္က ခုႏွစ္ခ်က္ကို သေဘာတူခဲ့ပါတယ္။

စက္တင္ဘာ ၂ ရက္မွာ တပ္မေတာ္၏ ထိုးစစ္တိုက္ခိုက္မႈမ်ားကို ခုခံကာကြယ္ေသာစစ္ျဖင့္ ဆက္လက္ခုခံ ကာကြယ္မယ္ဆိုၿပီး ခပ္တည္တည္ စာထုတ္ခဲ့တဲ့ ေျမာက္ပိုင္းလက္နက္ကိုင္သုံးဖြဲ႕ဟာ အဲဒီေန႔မွာဘဲ နယ္စပ္ကုန္သြယ္ေရးလမ္း အသုံးျပဳသြားလာေနသည့္ အရပ္ဘက္ ယာဥ္ခုနစ္စီးကို မီးရႈိ႕ဖ်က္ဆီးခဲ့သလို ေနာက္ရက္ေတြလည္း ဆက္တိုက္ဖ်က္စီးေနခဲ့ပါတယ္။

အစိုးရဘက္က ၿငိမ္းခ်မ္းေရးကိုေရွးရႈၿပီး ညႇိႏိူင္းေနေပမယ့္ ေျမာက္ပိုင္းလက္နက္ကိုင္သုံးဖြဲ႕ဘက္က ဖ်က္ဆီးတာေတြ ဆက္လုပ္ေနတာက ယခုထိမရပ္ေသးပါဘူး။အမ်ားျပည္သူကေတာ့ အရပ္သားေတြကို ပစ္မွတ္ထားေနတဲ့ ေျမာက္ပိုင္းလက္နက္ကိုင္သုံးဖြဲ႕ရဲ႕ လုပ္ရပ္အေပၚ မႏွစ္ၿမိဳ႕ၾကပါဘူး။ေနာက္တစ္ႀကိမ္ အစိုးရၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖြဲ႕ႏွင့္ ေျမာက္ပိုင္းလက္နက္ကိုင္ေလးဖြဲ႕ၾကား အပစ္ရပ္စဲေရးညႇိႏႈိင္းမႈ ေဆြးေႏြးပြဲကို စက္တင္ဘာလလယ္မွာ က်င္းပဖို႔ရွိၿပီး ေျမာက္ပိုင္းေလးဖြဲ႕က ‘ဝ’ လက္နက္ကိုင္အဖြဲ႕ နယ္ေျမ ပန္ဆန္း (သို႔မဟုတ္) တ႐ုတ္ႏိုင္ငံမွာ က်င္းပလိုၿပီး အစိုးရက က်ိဳင္းတုံမွာ က်င္းပဖို႔ အဆိုျပဳထားပါတယ္။တပ္မေတာ္ဘက္ကေတာ့  က်ိဳင္းတုံမွာသာ ထပ္ေဆြးေႏြးရင္ တပ္မေတာ္ဘက္က ပါဝင္လာဖို႔ရွိတဲ့အတြက္ ဒီေဆြးေႏြးပြဲသာ က်ိဳင္းတုံမွာျဖစ္ခဲ့ရင္ ထိပ္ပိုင္းေခါင္းေဆာင္ေတြ ပါဝင္လာမွာရွိတဲ့အတြက္ ၿငိမ္းခ်မ္းေရးအတြက္ လမ္းပြင့္လာစရာရွိပါတယ္။ဒီၾကားထဲမွာ တပ္မေတာ္ဘက္က အပစ္ခတ္ရပ္စဲေရးကာလကို ထပ္မံသက္တမ္းတိုးထားတဲ့အတြက္ တစ္ဆို႔ေနတဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးလမ္းေၾကာင္း ျပန္ပြင့္လာမလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။

ဒီသတင္းေတြက ယခုတစ္ပတ္အတြင္း တိုင္းရင္းသားအေရးနဲ႔ သက္ဆိုင္တဲ့ သတင္းေတြျဖစ္တဲ့ ရွမ္းေျမာက္ေဒသ တိုက္ပြဲမ်ားမွာ အရပ္သားျပည္သူမ်ား လုံၿခဳံေဘးကင္းေရး အစြမ္းကုန္အေလးထား ကာကြယ္ေပးရန္ ကုလသမဂၢက ထုတ္ျပန္တိုက္တြန္းခဲ့တဲ့ သတင္း၊ လႊတ္ေတာ္အစည္းအေဝးမွာ တပ္မေတာ္သား ကိုယ္စားလွယ္တစ္ဦးက စစ္ေဘးေရွာင္စကားလုံး ထည့္သြင္းသုံးစြဲမႈကို ကန႔္ကြက္ခဲ့တဲ့သတင္း၊ လက္နက္ကိုင္တိုက္ပြဲမ်ားမွ ကေလးသူငယ္မ်ားအား ကာကြယ္ေပးရန္ ယူနီဆက္က ထုတ္ျပန္ခဲ့တဲ့သတင္း၊ ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ ႐ိုးရာမီးပုံးပ်ံၿပိဳင္ပြဲ ကိုးရက္သာက်င္းပဖို႔ စီစဥ္ေနတဲ့ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကို  မီးပုံးပ်ံအဖြဲ႕မ်ားက ကန႔္ကြက္စာေပးပို႔မယ္ဆိုတဲ့ သတင္း၊ ျမန္မာနယ္ျခားေစာင့္ ရဲအရာရွိတစ္ဦးႏွင့္ တပ္သားသုံးဦးတို႔ကို ဘဂၤလားေဒ့ရွ္ႏိုင္ငံက ျပန္လည္လႊဲေျပာင္းခဲ့တဲ့ သတင္း၊ တပ္မေတာ္ပိုင္ Y-8 အမ်ိဳးအစား ေလယာဥ္တစ္စီး ေျပးလမ္းေခ်ာ္သျဖင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ေလယာဥ္ေျပးလမ္း ယာယီပိတ္ခဲ့ရတဲ့ သတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
စက္တင္ဘာ - ၆