【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဘာသာရေးနဲ့ တရားဥပဒေစိုးမိုးရေး

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဘာသာရေးနဲ့ တရားဥပဒေစိုးမိုးရေး

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ အများပြည်သူကြား သတိထားစောင့်ကြည့်ရတဲ့ သတင်းတွေ ရှိခဲ့ပါတယ်။ဒီသတင်းတွေထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူးနဲ့ အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးတို့ အလဲအလှယ်လုပ် ပြောင်းလဲလိုက်တဲ့ သတင်း၊ ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့ တည်ရှိမှုကို လက်ခံမှာမဟုတ်ဘူးလို့ တပ်မတော်ကပြောခဲ့တဲ့ သတင်း၊ တပ်မတော်အတွင်း အဂတိလိုက်စားမှုကို တပ်မတော်ထဲ အရေးယူတာ အရပ်ဘက် အဂတိတိုက်ဖျက်ရေး ကော်မရှင်ထက် ပိုမိုပြင်းထန်တယ်ဆိုတဲ့ သတင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းကို တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီက တင်ခဲ့တဲ့ သတင်းတွေက စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။

ဒီသတင်းတွေက ယခုရက်သတ္တပတ်မှာ ဖြစ်ခဲ့တဲ့ မစိုးရိမ်ဆရာတော် ဦးဝီရသူကို နိုင်ငံတော် အကြည် ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်းထုတ် ခဲ့ တဲ့ သတင်း၊ စပါးဈေးထိုးကျလို့ အစိုးရက ဝင်ဝယ်ပေးဖို့ တောင်းဆိုတဲ့ သ တင်း၊ မီးသတ်စခန်းရှေ့ကားရပ်လို့ ဖယ်ခိုင်းရာကနေ စခဲ့တဲ့ ဆရာဝန်မနဲ့ မီးသတ်သမားတွေ အပြန်အလှန် တရားစွဲဆိုတဲ့ သတင်း၊မုံရွာဘဏ်က ငွေစုစာအုပ်ကနေ ကျပ်သိန်း ၅၀၀ ပျောက်နေလို့ အမှုဖွင့်ထားတဲ့ သတင်း တွေနည်းတူ အများစုစောင့်ကြည့်စရာ သတင်းဖြစ်ခဲ့ပါတယ်။

ဘာသာရေးအစွန်းရောက်မှု နိဂုံးရောက်ပြီလား

ယခုတစ်ပတ်သတင်းတွေထဲအလှုပ်ခတ်ဆုံးသတင်းတစ်ခုကအမျိုးသားရေးဆရာတော်လို့ လူသိများတဲ့ မစိုးရိမ် ဆရာတော်ဦးဝီရသူကို တရားရုံးက ဖမ်းဝရမ်းထုတ်ပြီးနောက် လူမြင်ကွင်းကနေပျောက်သွား ခဲ့လို ရဲ တပ်ဖွဲ့ ကရှာဖွေနေရသလိုအမျိုးသားရေးအဖွဲ့ဝင်ဖြစ်တဲ့ မိုက်ကယ်ကျော်မြင့်လည်းတောင်ဒဂုံကိစ္စမှာ ဖမ်းဝရမ်း ထုတ် ခံရပြီးနောက် ပဲခူးမှာတင် အစအနပျောက်သွားတဲ့ သတင်းတွေဘဲ ဖြစ်ပါတယ်။

ဆရာတော်ဦးဝီရသူကို တရားစွဲဖို့  ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲက သာသနာရေးဝန်ကြီးက အမှုတည် ဆောက်နေတယ်လို့ ပြောခဲ့တာပါ။ တစ်ကယ်စလုပ်ဖြစ်တာကမေ ၂၇ ရက်နောက်မှာ စခဲ့တာ ပါ။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာမေ ၅ ရက်က ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ အားကာကွယ်စောင့်ရှောက်ရေး နှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ရေး ဆန္ဒပြပွဲမှာစစ်သားတွေကိုဘုရားလို ကိုး ကွယ်သင့်ကြောင်းဟောပြီးကတည်းကဆရာတော် ဦဝီရသူရဲ့ အစိုးရနဲ့ လက်ရှိနိုင်ငံခေါင်းဆောင်တွေ အပေါ် ဝေဖန်မှု ပြင်းထန်ခဲ့ပါတယ်။ အထူးသဖြင့် ယခင်အစိုးရအဆက်ဆက် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ လက်ရှိ နိုင် ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။ဆရာတော် ဝေဖန်တိုက်ခိုက် တဲ့ထဲမှာယခင်ခေတ်က တာဝန်ယူခဲ့တဲ့ တပ်မတော်အကြီးအကဲဟောင်းတွေမပါသလို လက်ရှိ တပ်မတော် အကြီးအကဲတွေကို ဝေဖန်တိုက်ခိုက်တာ မရှိတာ ထူးခြားချက်ပါ။

ယခင်ကလည်း ထိရှလွယ်တဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီးဟောခဲ့ပြောခဲ့လို့ အရပ်သားအစိုးရက  ဆရာ တော် ဦးဝီရသူကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က၂၀၁၇ မတ်လ ၁၀ ရက်မှ ၂၀၁၈ မတ်လ ၉ ရက်ထိ တရားဟောခွင့် တစ်နှစ်ပိတ် ပင်ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ဟောခွင့်မရတဲ့ ကာလမှာ ပါးစပ်တိပ်ပတ်ကာ ယခင်ဟောခဲ့တဲ့ တရားတွေကို ဖွင့်ကာ ဝိနည်းလွတ်တရားပွဲကျင်းပခဲ့ပါတယ်။

မကြာမီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်ထဲအာဏာရပါတီက စတင် လုပ်ဆောင် သည့်အချိန်မှစကာ အမျိုးသားရေးလှုပ်ရှားသူတွေက  နိုင်ငံတော်အတိုင်ပင်ခံနှင့် အစိုးရအကြီး အကဲတွေကို  ဝေဖန်တိုက်ခိုက်မှုတွေများလာခဲ့ပါတယ်။ ပြီးခဲ့သည့် ဧပြီ ၂၉ ရက်ကမြိတ်မှာပြုလုပ်တဲ့ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးထောက်ခံဆန္ဒပြပွဲ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုရည်ညွှန်းပြီး

‘‘ကော်မရှင်ဖွဲ့လည်း ပြည်ပကကောင်တွေပဲ၊ အနားခေါ်ထားလည်းပြည်ပကောင်တွေပဲ၊ အကြံပေး လည်း ပြည်ပကောင်တွေပဲ၊ အတူသွားလည်း ပြည်ပကောင်တွေပဲ၊ အတူအိပ်လည်း... အဲဒါကြီးကိုပဲ ကျုပ်တို့ နိုင်ငံသမ္မတ ဖြစ်မယ်ဆိုရင် အကုန်လုံးခင်ဗျားတို့ ပြည်သူတစ်ရပ်လုံးကုန်းသာပေးလိုက်ကြပေတော့။ သေရော ဗျာ။ လွတ်လပ်ရေးဘာလို့ယူနေသေးလဲ။ လွတ်လပ်ရေးဆုံးရှုံးတာထက်တောင် ပိုဆုံးရှုံးသွားဦးမယ်။ အေး ...ဗိုလ်ချုပ်ခမျာအသက်အသေခံပြီးလွတ်လပ်ရေးယူသွားတယ်။ သူ့သမီးအကြောင်းမသိရှာလို့။ အတိုင်ပင်ခံ နဲ့တင် ကျေနပ်တော့။ ဘုရားလက်ထက်ဆိုရင် ခွေးကတက်မှာပဲနေရမှာ’’လို့ ပြောခဲ့သလို

‘‘မိတ်ကပ်လေးလိမ်းဖို့ လောက်တတ်၊ ဖက်ရှင်လေးဝတ် ဖို့လောက်တတ်၊ ဒေါက်မြင့်လေးနဲ့ ကော့ ကော့လျှောက်သွားဖို့ လောက်တတ်၊ ဒီကြားထဲနိုင်ငံ ခြားသားတွေတွေ့ရင်... ကယမ်း ချင်သေးတယ်။ ဒီ လောက်သရမ်း နေတဲ့ ဟာကြီးကို  သမ္မတတင်ချင် သေးတယ်။ သေရောပေါ့ဗျာ ကျုပ်တို့နိုင်ငံ။ ဗိုလ်ချုပ် ပြောတဲ့  နိုင်ငံသေချာပေါက်’’ ဟု ရုန့်ရင်းကြမ်းတမ်းစွာဟောပြောခဲ့ပါတယ်။ ဒီအကျိုးဆက်တွေက  သာ မန်အများပြည်သူ လက်မခံနိုင်စရာ ဖြစ်လာခဲ့သလို ဝေဖန်ထောက်ပြစရာတွေ ဖြစ် လာခဲ့ပါတယ်။

၂၀၁၀ နောက်ပိုင်းမှာ ဖြစ်လာခဲ့တဲ့ မျိုးချစ်ဆိုတဲ့ သူတွေက ပြည်တွင်းမှာဖြစ်ခဲ့သမျှ ဘာသာ ရေး ပဋိပက္ခတွေ နောက်ကွယ်မှာရှိနေခဲ့သလို ဆရာတော်ဦးဝီရသူနောက်မှာလည်း  မျိုးချစ်ဆိုတဲ့ သူတွေ ရပ်တည် လှုပ်ရှားနေတဲ့ အတွက် ဒါဟာအရပ်သားအစိုးရအတွက် ထိန်းသိမ်းကိုင်တွယ်ရခက်တဲ့ ကိစ္စဖြစ်လာခဲ့ပါတယ်။

ဒါကြောင့်လည်းနိုင်ငံတော်အကြီးအကဲများအပေါ် မဖွယ်မရာစကားလုံးများသုံးနှုန်းပြောဆိုခြင်းနှင့် နိုင်ငံ တော်တရားရေးနှင့် အုပ်ချုပ်ရေးစသည့်ကဏ္ဍများမှ တာဝန်ရှိသူများအပေါ် အကြည်ညိုပျက်အောင် ပြော ဆိုမှု ကြောင့်နဲ့ မေ ၂၈ ရက်မှာရန်ကုန်အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူးကတရားလိုပြုလုပ်ပြီး ဆရာ တော် ဦးဝီရသကို တိုင်တန်းခဲ့ရာမှာ တရားရုံးကပုဒ်မ ၁၂၄ (က)နဲ့ အမှုဖွင့်ပေးကာ ရဲတပ်ဖွဲ့ထံ ဖမ်းဝရမ်း ထုတ်ပေးခဲ့ပါတယ်။

ဖမ်းဝရမ်းကို မေ ၂၈ ရက်မှာ ထုတ်ပေးခဲ့ပေမယ့် ရဲတပ်ဖွဲ့က မေလ ၂၉ ရက် နေ့လယ်မှသာ လက်ခံရရှိ တယ်ဆိုပါတယ်။ အဲဒီညနေပိုင်းမှာဘဲ ရဲတပ်ဖွဲ့ကမစိုးရိမ်တိုက်သစ်ရှိဦးဝီရသူကျောင်းထိုင်ရာ ဓမ္မသဟာရ ကျောင်းကိုမဟာ အောင်မြေမြို့နယ် သံဃနာယကဆရာတော်နှင့်အတူသွားရောက်ရှာဖွေပေမယ့် ဖမ်းဆီးမရမိ ခဲ့ပါဘူး။ ဒီမတိုင် ခင် ဆရာတော်ဦးဝီရသူနဲ့ တိုင်းသာသနာရေးကတာဝန်ရှိသူတစ်ဦးနဲ့ အပြန်အလှန် စကား ပြောဆိုတာတွေ အွန်လိုင်းနဲ့မီဒီယာတွေမှာပေါ်ထွက်လာခဲ့သလိုရန်ကုန်တိုင်းသံဃနာယကအဖွဲ့ က ဆရာ တော်ဦးဝီရသူကို လူမှုရေးကိစ္စများ၌ ပါဝင်ဆောင်ရွက်မှု မပြုရေးအတွက် ရန်ကုန်မြို့၌ ခေါ်ယူသြဝါဒပေးရန် စီစဉ်ထားမှုကိုလည်း အခြေအနေအရ ဆိုင်းငံ့ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာနကမေ ၂၉ ရက်မှာ ထုတ်ပြန် ခဲ့ပါတယ်။

တချို့မီဒီယာတွေမှာမေ ၂၉ ရက်ကတည်းက ဆရာတော်ဦးဝီရသူ ရန်ကုန်ကိုကြွလာပြီလို့ ပြောခဲ့တာ ဖော်ပြခဲ့ပေမယ့် မေ ၃၀ ရက်မှာ ဆရာတော်ဦးဝီရသူ ဘယ်မှာရှိသလဲ ဆိုတာစုန်းစမြုပ်စပျောက် နေခဲ့ပါ တယ်။ မေ ၃၀ ရက်မှာဆရာတော် ဦးဝီရသူလာနိုင်တဲ့ နေရာနှစ်ခုမှာ ဆရာတော်ကို ဝန်းရံမယ့် မျိုးချစ်ဆိုသူတွေ စောင့် နေပေမယ့် ပေါ်မထွက်လာပဲ ညပိုင်းမှာ ရုရှားလူမှုကွန်ရက် VKကနေသူကိုဆန့်ကျင်တဲ့ သူတွေကိုရည်ရွယ်ပြီး ငှက်စုတ်တွေသိဖို့ ဆိုပြီးဗီဒီယိုဖိုင်လွှင့်ကာပြောခဲ့တာပေါ်ထွက်ခဲ့ပါတယ်။

ဒီပြဿနာဟာဖြေရှင်းရခက်သလိုနောက်ကွယ်မှာလည်းပက်သက်မှုတွေ ကြီးကြီးမားမားရှိနေတဲ့ အတွက် ဖမ်းဆီးဖို့ ထုတ်ထားတဲ့ ဖမ်းဝရမ်းက တစ်ကယ်ဘဲဖမ်းဖို့ အသုံးဝင်နိုင်ပါ့မလားဆိုတာတွေးစရာဖြစ် လာခဲ့ပါတယ်။လက်တွေ့ကျကျ ပြဿနာကိုသုံးသပ်သူတွေကတော့ အာဏာပိုင်တွေအနေနဲ့ ပြည်တွင်းမှာ ပြဿနာလိုက်မွှေးနေတဲ့ မျိုးချစ်ဆိုသူတွေကိုထိန်းသိမ်းဖို့ သူတို့ ခေါင်းဆောင်တင်ထားတဲ့ ဆရာတော် ဦးဝီရ သူကို ဒီလိုထိန်းသိမ်းဖို့ လုပ်တာအခြေခံအကြောင်းအရမှန်ပေမယ့် မဖမ်းဆီးနိုင်ရင်၊ တစ်စုံတစ်ခုသော လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းက ကြားဝင်မေတ္တာရပ်ခံလို့  အလျော့ပေးခဲ့ရရင် မျိုးချစ်ဆိုသူတွေ ယခုထက် ပိုခေါင်းထောင်လာမယ့် အခြေအနေကိုကြိုတင်တွက်ဆမိသလားဆိုတဲ့ ဝေဖန်စောကြောမှုတွေ ှရှိခဲ့ပါတယ်။

လက်ရှိမှာဘာကျောထောက်နောက်ခံမှမရှိတဲ့ မိုက်ကယ်ကျော်မြင့်လို့ လူကိုတောင် မဖမ်းဆီးနိုင်ဘဲ လွတ်မြောက်အောင် နေနိုင်တဲ့ အခြေအနေမှာဆရာတော် ဦးဝီရသူလို နောက်ကွယ်မှာအဖွဲ့အစည်းကြီးကြီး မားမား ရှိတဲ့ ဆရာတော်တစ်ပါးကိုဖမ်းဆီးဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုတာနောက်ရက်တွေမှာ ဆက် စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

စပါးဂယက် ဘယ်သူမြတ်မလဲ

ဒီပြဿနာကတရုတ်ဘက်ကနေ မြန်မာဆန်သယ်ယူမှုလျော့ချတာတွေနဲ့ ပြည်ပကဆန်ထင်သလို မဝယ်တာကနေစတဲ့ ပြဿနာပါ။ပြီးခဲ့တဲ့ နှစ်ကစံချိန်တင် ဆန်တင်ပို့မှုကြောင့် ယခုနှစ်မှာဆန်စိုက်ပျိုးမှုမှာ မြန်မာထုံစံအတိုင်း ပြုံပြီး ဝင်တိုးကြတဲ့ အချိန်မှာ ပြည်ပဆန်ဝယ်လက်လျော့ကျမှုကြောင့် ပြည်ပဈေးကွက်ဖြစ် တဲ့ ဆန်ကြမ်းဈေးကွက်မှာဆန်ပိုလျှံမှုတွေ ဖြစ်ခဲ့တာပါ။တရုတ်ဈေးကွက် ပိတ်ဆို့ ခြင်းခံရပြီးနောက် ရှစ်လ အတွင်း  မြန်မာနိုင်ငံမှာပြည်ပတင်ပို့ တဲ့ ဆန်ကြမ်းအမျိုးအစားလက်ကျန် တန်ချိန်သုံးသန်းခွဲကျော် ကျန်ရှိ ခဲ့ပါတယ်။

မိုးစပါးကိုကုန်စင်အောင် ရောင်းမထုတ်နိုင်ချိန်မှာ နွေစပါးထပ်ဝင်လာတဲ့ အတွက် ကုန်သည် တွေ အတွက် ထပ်စိုက်ထုတ်ဖို့ ခက်ခဲ့ခဲပါတယ်။ အထူးသဖြင့် မိုးစပါးပေါ်ကာစအချိန်မှာတရုတ်ကုန်သည်တွေ မိုးစပါးကိုမကြိတ်ခွဲဘဲစပါးအတိုင်း ပြည်တွင်းထိ ဆင်းဝယ်ခဲ့တာကို တားမြစ်ရာကနေတောင်သူတွေနဲ့ တားမြစ် စေတဲ့ ကုန်သည်စက်ပိုင်တွေကြား ပြဿနာကရှိနေခဲ့ပါတယ်။အများစုယူဆချက်ကတော့ ဒီလိုတားမြစ်တာက ပြည်တွင်းဆန်ကြိတ်ခွဲသူတွေ အကျိုးစီးပွားထက် တောင်သူတွေကိုကုန်သည်တွေ ထင်သလိုဈေးအတင်အချ အကျိုးအမြတ် မထုတ်နိုင်တော့မှာကိုစိုးရိမ်ပြီးုလုပ်ဆောင်တာလို့ ထင်မြင်ချက်တွေလည်းရှိခဲ့ပါတယ်။

အစိုးရဘက်ကတောင်သူတွေ နစ်နာမှာစိုးတဲ့ အတွက် ပြီးခဲ့တဲ့နှစ်ကတည်းကစပါးတင်းတစ်ရာ ကို အခြေခံဈေးကျပ်ငါးသိန်းအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒီအချိန်ကတည်းကအခြေခံဈေးသတ်မှတ်တဲ့အပေါ် ကုန်သည်တွေဘက်က ဘဝင်မကျခဲ့ပါဘူး။ ပြည်တွင်းကျပ်ငွေ မတည်ငြိမ်ဘဲငွေကြေးဖောင်းပွမှုရှိနေတဲ့အချိန် မှာဒီဈေးကသူတို့အတွက် အသာရပေမယ့် အရပ်သားအစိုးရလက်ထက် ငွေကြေးတည်ငြိမ်အောင် လုပ် ဆောင် မှုကြောင့် ငွေကြေးဖောင်းပွမှု ကျဆင်းလာရင် ဒါဟာကုန်သည်တွေအတွက် ယခင်ကထက် အကျိုးအမြတ် နည်း လာစရာအခြေအနေပါ။

ဒီလိုနောက်ခံအခြေအနေတွေကြောင့် ယခုနှစ်စပါးဈေးကရာသီအဖွင့် မှာဘဲကုန်သည်တွေ ဘက်က ယခင်လိုမဟုတ်ဘဲအကြောင်းပြချက်တွေနဲ့ အစိုးရသတ်မှတ်ဈေးနူန်းအောက်ကနေ ဈေးစဖွင့်ခဲ့ပါ တယ်။ဒီလို ဖွင့်တဲ့အတွက် တောင်သူတွေ အခက်တွေ့ခဲ့ပြီးကုန်သည်ကိုမရောင်းဘဲစပါးကိုကိုင်ထားခဲ့လို့ စပါးဈေးက စိုက် ပျိုးစရိတ် နားကပ်လာတဲ့ အထိကျလာခဲ့ပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ စပါးတင်း ၁၀၀ လျှင် ကျပ်လေးသိန်းလေးသောင်းဈေးဖြင့် စပါးတင်းတစ်သိန်းလေးသောင်းခန့်ကိုဒီနှစ်ထဲမှာပဲခူးတိုင်းအရှေ့ခြမ်းမှာ ဝယ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျန် တောင်သူတွေလက်ထဲကစပါးကို ကုန်စင်အောင်ဝယ်ဖို့က ဒီအခြေအနေမှာတောင်သူတွေ ကြုံနေရတဲ့ အခက် အခဲကိုဖြေရှင်းဖို့ သက်ဆိုင်ရာဝန်ကြီးဌာနကစီစဉ်လာရတာဖြစ်လာပါတယ်။ဝန်ကြီးဌာန ဘက်က ဈေးကွက် အတွင်းမှ စပါး များဝယ်ယူနိုင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတင်ပြ ထားတဲ့ ချေးငွေ ၁၅ ဘီလျံကို ၁၉ ဘီလျံထိထုတ်ချေးနိုင်တယ်လို့ ယခုရက်သတ္တပတ်အတွင်းကပြုလုပ်တဲ့ ဝန်ကြီးဌာနတစ်နှစ်တာ ဆောင် ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာမီဒီယာတွေကိုပြောခဲ့တာရှိပါတယ်။

ဒါပေမယ့် အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ပြည်တွင်းကထွက်တဲ့ စပါးကိုဆန်စပါးအသင်းချုပ်၊နောက် သမဝါယမ။ပြီးမှ စီးပွားကူးသန်းက ဝင်ရောက်ဝယ်ယူမယ်လို့ ဆိုပေမယ့် အစိုးရသတ်မှတ်ထားတဲ့ အခြေခံ ဈေး မဟုတ်ဘဲ ပေါက်ဈေးအတိုင်းဝယ်မယ်လို့ ပြောခဲ့ပါတယ်။ တောင်သူတွေဘက်ကအဓိကစိုက်ပျိုးစရိတ်ထက် ကျော်လွန်အောင် ရမှ ဖြစ်တဲ့ အတွက် လက်ရှိပေါက်ဈေးအတိုင်းသာဆိုတောင်သူတွေ အခက်တွေနေဦး မှာဖြစ် ပါတယ်။

ဒီပြဿနာကိုဆန်စပါးအသင်းချုပ်ဘက်က ဖြစ်လာနိုင်လို့ ဝန်ကြီးဌာနဘက်ကို ကြိုတင်ပြထားပေမယ့် ကြိုတင်ပြင်ဆင်မှုအားနည်းသလိုတုံပြန်မှုလည်းနည်းတာယ်လို့ ပြောခဲ့တာတွေရှိပါတယ်။ လက်ရှိမှာတောင် သူ တွေလက်ထဲကစပါးကို မဝယ်ရင်နှောင်နှစ် စပါးစိုက်ပျိုးမှု ကျဆင်းပြီးယခုပြောင်းပြန်အကျိုးသက်ရောက်နိုင်တဲ့ အခြေအနေလည်းဖြစ်လာနိုင်တဲ့ အတွက်  သက်ဆိုင်ရာကဘယ်လို ဝင်ရောက်ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

ဒီသတင်းကယခုတစ်ပတ်ဖြစ်ခဲ့တဲ့ ခိုးလုပ်နေတဲ့ ဆင့်ပွားဖြန့်ချိရေးစနစ် (Multi Level Market-ing) လုပ်ငန်းအချို့ကိုအသွင်ယူဖမ်းဆီးနေတဲ့သတင်း၊ကချင်ပြည်နယ်မှာတစ်သျှူးငှက်ပျောစိုက်ပျိုးမှုကို ပြည်နယ် အစိုးရကတားမြစ်ထားတဲ့သတင်း၊ ကျောင်းခေါ်ကြိမ်မပြည့်သူ တတ်မြောက်မှုအားနည်းသူ အခြေခံပညာ ကျောင်းသား၊ကျောင်း သူတွေကို ဖြည့်ဆည်းသင်ကြားပေးဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထား တဲ့ သတင်း၊ တရားသူကြီး များ ကိုယ်တိုင် တရားခွင်မှာ ကျမ်းသစ္စာဆိုရမည့် ပြည်ထောင်စု တရားစီရင်ရေးဥပဒေ စတုတ္ထ အကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့တဲ့ သတင်း၊ ကျောင်းမအပ်တဲ့ ကလေးတွေကို အိမ်တိုင်ရာရောက်လိုက်ခေါ်ယူမယ့်သတင်း၊ ကျပ်တစ်ထောင်တန်ထီ ဒုတိယအမြင့်ဆုံးဆု အဖြစ် ကျပ်သိန်း တစ်သောင်း ဆုတိုးမြှင့်သတ်မှတ်လိုက်တဲ့ သတင်းတွေထဲ သတိထားစရာဖြစ်ခဲ့ပါတယ်။

ဘင်္ဂလီအထုပ် မြန်မာဖြည်လာတဲ့ အခါ

မေလ ၂၃ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာProtection of Civilians in Armed Conflicts' ခေါင်းစဉ်ဖြင့် တံခါးဖွင့်ဆွေးနွေးပွဲတစ်ခုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာဘက်ကကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ် ကြီးဦးဟောက်ဒိုဆွမ်းတက်ရောက်ပြီးဘင်္ဂလားဒေ့ရှ်က အဆိုပြုတဲ့ နှစ်နိုင်ငံနယ်စပ်မှာSafe Zone ထူထောင်ရန် ကိစ္စကို ပြတ်ပြတ်သားသားထပ်မံငြင်းဆိုကန့်ကွက်ခဲ့ကာဘင်္ဂလားဒေ့ရှ့်နိုင်ငံဟာရခိုင် ပြည်နယ် အရေးမှာဖျက်လိုဖျက်ဆီးတရစပ် အားထုတ်နေတဲ့အတွက် ပြဿနာကိုဖြေရှင်းရာမရောက်ဘူး လို့ပြောခဲ့ ပါတယ်။

ဒါဟာ မြန်မာဘက်က အစဉ်အဆက်ထိန်းနေခဲ့ရာကနေ သံတမန်လောကမှာ  ပြန်လည်တိုက်ခိုက်ခဲ့ တာပဲ ဖြစ်ပါတယ်။ အထက်ပါ တံခါးဖွင့်ဆွေး နွေးပွဲမှာ မြန်မာသံအမတ်ကြီးက ပဋိပက္ခအတွင်း ပြည်သူများကို ကာကွယ်ရန် သက်ဆိုင်ရာ နိုင်ငံအစိုးရ၌ တာဝန်ရှိပြီးအချုပ်အခြာအာဏာ၊ နယ်နိမိတ် အပိုင်းအခြားနှင့် နိုင်ငံ ရေးလွတ် လပ်ခွင့်ဆိုင်ရာ မူဝါဒများကိုလိုက်နာ၍ နိုင်ငံတကာအသိုင်းအဝိုင်း က အစိုးရကိုထိရောက်အကျိုးရှိမည့် နည်းလမ်းများဖြင့် ကူညီရန် အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။

မေ ၂၄ က နေပြည်တော်မှာလုပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ရခိုင်ပြည်နယ်အခြေအနေများ သတင်းစာရှင်းလင်းပွဲမှာသံတမန်များ နှင့် ကုလသမဂ္ဂအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေ ကိုပြောခဲ့ရာမှာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်ရန် မြန်မာဘက်ကနှစ်ကြိမ် ကြိုးစားခဲ့ပေမယ့်  ဘင်္ဂလားဒေ့ရှ်က နှစ်နိုင်ငံသဘောတူညီချက်များကို လိုက်နာမှုအားနည်းလို့ မအောင်မြင်ခဲ့ရတာလို့ရှင်းလင်း ခဲ့ပါတယ်။ အဆိုပါ ပွဲမှာဘဲ အတိုင်ပင်ခံရုံးညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြည်တွင်းပြည်ပသတင်း မီဒီယာတွေကို ‘‘အဓိကက ဘယ်သူကဘယ်သူ့ကြောင့် ဘယ်နေရာမှာဘယ် လိုတွေ ဖြစ်နေလဲ။ ဆိုလိုတာက မြန်မာနိုင်ငံက Bilateral Agreement အရလုပ်တဲ့ဟာတွေ ကျွန် တော်တို့ဘက်ကမပျက်ကွက်ဘူး။ အဲဒါဆိုရင် Bilateral Agreement မှာပျက်ကွက်တာဘယ်သူတွေလဲ”လို့ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒုက္ခသည်တွေနဲ့ လုပ်စားလာတာ နှစ်ကာလကြာရှည်နေပြီဖြစ်တဲ့အတွက် ယခု လိုသိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာပြပြီးနယ်မြေချဲ့ဖို့နဲ့ အထောက်အပံ့ရဖို့အတွက် မြန်မာဘက်ကို ဒုက္ခသည်တွေ လွယ်လွယ်နဲ့ ပြန်လွှတ်ဖို့ မရှိပါဘူး။ဒါကိုရခိုင်ပြဿနာသွေးအေးလာချိန်မှာ နိုင်ငံတကာလည်း ရိပ်မိလာသလိုဒီပြဿနာအပေါ် အာရုံစိုက်မှုလည်းလျော့ကျလာခဲ့ပါတယ်။ဂျပန်ကလည်း ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာအစိုးရအပေါ် ဖိအားပေးအရေးယူမှုများ ပြုလုပ်လာရင် သဘောမတူဘူးလို့ ဆိုသလို တရုတ်နဲ့ ရုှရှားကလည်း မြန်မာဘက်ကရပ်တည်တာတွေ ရှိခဲ့ပါတယ်။

လက်ရှိနိုင်ငံတကာအရေးတွေမှာဘင်္ဂလားဒေ့ရှ်ဘက်ကအစဉ်အဆက်ထောက်ပံ့ရပ်တည်တဲ့ OIC လို အဖွဲ့လည်း အမေရိကန်က အရှေ့အလယ်ပိုင်းကဆော်ဒီ၊အီရန်၊အစ္စရေး၊တူရကီနဲ့  ရုရှားတွေကို စစ်ရေးနဲ့ နိုင်ငံ ရေး၊စီးပွားရေးပတ်မွှေနေတဲ့ အတွက် ပတ်ချာလည် တင်းမာမှုထဲမျောနေတဲ့ အတွက် အရင်လိုဘင်္ဂလားဒေ့ရှ် က စွာနိုင်ပါဦးမလားဆိုတာသတိထားစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဗရုတ်ဗရက် ရက်သတ္တပတ်

ဒီတစ်ပတ်ကအတော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ မူခင်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ မုံရွာမှာငွေစု စာအုပ် ထဲကငွေ သိန်းငါးရာကိုပိုင်ရှင်မထုတ်ဘဲတခြားသူက မန္တလေးဘဏ်ကနေထုတ်သွားတဲ့ သတင်းက ဘဏ်မှာငွေသိမ်းထားတဲ့ သူတွေ ၊ဘဏ်နဲ့ ငွေရေးကြေးရေးပက်သက်လုပ်ကိုင်သူတွေကြား အတော်လေးလှုပ် ခတ်ခဲ့ပါတယ်။

မေလ၂၇ ရက်တွင် မုံရွာမြို့  ချင်းတွင်းအင်စတီကျုဒ်ရုံးမှာပိုင်ရှင်မသိဘဲသိန်းငါးရာထုတ်ယူခံလိုက်ရတဲ့ ငွေစုစာအုပ်ပိုင်ရှင် ဦးကိုဦးကသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီးမီဒီယာတွေကိုရှင်းလင်းခဲ့ပါတယ်။ ဒီလိုရှင်းလင်း ရာမှာ တောင်သူလုပ်ငန်းနှင့် ဆန်စက်လုပ်ငန်းလုပ်ကိုင်သူဦးကိုဦးက၂၀၁၇ စက်တင်ဘာ ၂၇ ရက်ကကျပ်သိန်း နှစ်ရာနဲ့ မုံရွာမြို့ ကမ္ဘောဇဘဏ်(၁) ငွေစုစာအုပ်နဲ့ စစုခဲ့ကြောင်း၊ငွေစုစာအုပ် ထဲငွေများထပ်မံသွင်းပြီးအတိုးနှုန်း အပါအဝင် စုစုပေါင်း သိန်း၉၀၀ ကျော်ရှိကြောင်း သို့သေည် ၎င်းမှ ငွေမထုတ်ဘဲငွေစုစာအုပ်မှ သိန်းငါးရာကျော် လျော့နည်းသွားတဲ့ အတွက် မုံရွာမြို့ ကမ္ဘောဇဘဏ်(၁) မန်နေဂျာကိုအရေးယူပေးရန်တိုင်ကြားထား ကြောင်း ရှင်းလင်းခဲ့ပါတယ်။

ယခုဖြစ်စဉ်အတွက် ဘဏ်ဘက်ကစစ်ဆေးနေတယ်ဆိုပေမယ့် ရှင်းလင်းချက်တွေအရ ဘဏ်စာအုပ် တစ်ခုသာရှိ ပြီးအွန်လိုင်း ATM ကတ်လည်းမရှိဘဲငွေစုစာအုပ်ထဲငွေအထုက်မပြထားဘဲ စာရင်းထဲငွေလျော့ နေသည့် ကိစ္စကစဉ်းစားစရာပင်ဖြစ်ပါတယ်။ မုံရွာကဘဏ်ငွေစုစာအုပ်ကို မန္တလေးဘဏ်ခွဲမှာ ယာဉ်မောင်း ကလိုင်စင်နဲ့ လာထုတ်သွားတဲ့ ကိစ္စကဘဏ်ဖောက်သည်များရဲ့ငွေကြေးလုံခြုံစိတ်ချရမှုအပေါ် မေးခွန်းထုတ် စရာဖြစ်လာလို့ ဘဏ်ဘက်ကဘယ်လိုဖြေရှင်းမလဲ ၊ ပိုင်ရှင်ရဲ့ ငွေ သိန်းငါးရာ ပြန်ရ/မရဆိုတာတွေက  စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

ဘဏ်ကိစ္စလိုဘဲ နောက်ထပ်စိတ်ဝင်စားစရာကိစ္စတစ်ခုက ရွှေပြည်သာစက်မှုဇုန်(၁) မီးသတ်ရုံးရှေ့ ရပ် ထားတဲ့ ကားကိုဖယ်ခိုင်းလို့ ကားပိုင်ရှင်အမျိုးသမီးနဲ့ မီးသတ်က အရာထမ်းဝန်ထမ်းတွေ အချင်းများကြတဲ့ ပြဿနာပါ။ အဆိုပါ ကားပိုင်ရှင်အမျိုးသမီးဆိုသူက မီးသတ်ရုံးရှေ့ မီးသတ်ယာဉ်အဝင်၊ အထွက် မလွတ်တဲ့ နေရာမှာမေ ၆ ရက်၊ ၁၉ ရက်နှင့် ၂၅ ရက်တွေကလာရောက်ရပ်တန့်လို့ အဆိုပါ ကားကို မီး သတ်ဝန်ထမ်း တွေက ဖယ်ခိုင်းခဲ့ရပြီးမေ ၂၅ရက်မှာဖြစ်တဲ့ ဖြစ်စဉ်မှာ အဆိုပါအမျိုးသမီးက လူမှုကွန်ရက်မှာ တိုက်ရိုက်Live တင်ခဲ့ပါတယ်။မေ ၂၅ ရက်ဖြစ်စဉ်အတွက်  အဆိုပါဆရာဝန် အမျိုးသမီးကရွှေပြည်သာမြို့နယ် မီးသတ် ဦးစီးမှူး အပါအဝင် မီးသတ်ဝန် ထမ်း ၁၀ ဦးကိုရာဇသတ်ကြီးပုဒ် မ ၃၅၄(ကိုယ်ထိလက်ရောက် ကျူးလွန်မှု)၊ ပုဒ်မ ၅၀၆ (ခြိမ်းခြောက်မှု)၊ ပုဒ်မ ၅၀၉(ကာယိန္ဒြေ စော်ကားရန် ကြံရွယ်ပြောဆိုမှု)၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူး လွန်ခြင်းကိုအား ပေးကူညီမှု)ဖြင့် ရွှေပြည်သာမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ပါတယ်။

လူမှုကွန်ရက်မှာတော့ အဆိုပါ မီးသတ်နဲ့ စကားများတဲ့ ဗီဒီယိုဖိုင်ကအတော်လေးပျံနှံခဲ့သလိုtrollတဲ့ ပုံ တွေ၊ စာတွေ ရုပ်ပြောင်တွေ။ဖိုတိုကွန်မန့်တွေ၊ဆဲဆိုမှုတွေနဲ့ ပလူပျံခဲ့ပါတယ်။ မီးသတ်ရုံးရှေ့လာရပ်လို့ ဖယ် ခိုင်းရာကနေ မီးသတ်ကို အမှုဖွင့်ခဲ့တဲ့အတွက် မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့ကလည်း အဆိုပါအမျိုးသမီး ကိုမေလ ၂၈ ရက်မှာပုဒ်မ ၃၅၃(တာဝန်ဝတ္တရားဆောင်ရွက် နေသောပြည်သူ့ဝန်ထမ်းအားဟန့်တားရန် နိုင်ထက်စီးနင်းပြု ကျင့်မှု)၊ ပုဒ်မ ၂၉၄(မမှန်မကန် သော၊ ညစ်ညမ်းသောသီချင်း၊ စာသား၊ အပြောအဆိုများအသုံးပြု မှု)၊ ပုဒ်မ ၁၈၂(ပြည်သူ့ဝန်ထမ်းနစ်နာစေရန် ရည်ရွယ်ချက်ဖြင့် ပြည်သူ့ဝန်ထမ်းအားဥပဒေအရအာဏာကိုအသုံးပြုစေရန် ရည် ရွယ်၍ မမှန်မကန် သတင်းပေး ခြင်း)၊ ပုဒ်မ ၂၁၁(နစ်နာစေရန် ရည်ရွယ်၍ ပြစ်မှုကျူးလွန်သည် ဟုမမှန် မကန် စွပ်စွဲခြင်း)၊ ပုဒ်မ ၅၀၀ (အသရေဖျက်မှု) တို့နဲ့ ပြန်အမှုဖွင့်ခဲ့ပါတယ်။

ယခုဖြစ်ရပ်ကြောင့် လက်တလောလူမှုကွန်ရက်မှာကျော်ကြားခဲ့တဲ့ အဆိုပါအမျိုးသမီးနဲ့ မီးသတ်နဲ့ အမှု မှာအတွက် ဒီအမှုကဘယ်လို ဖြစ်လာဦးမလဲဆိုတာဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းကယခုတစ်ပတ်မှာဖြစ်ခဲ့တဲ့ တရားခံနှစ် ဦးကိုအချုပ်မှ လွှတ်ပေးမည်ဆိုပြီးငွေတောင်းတဲ့ တောင်ငူခရိုင် ဥပဒေအရာရှိနဲ့ ဆွာနယ်မြေစခန်းမှူး ကိုအဂတိလိုက်စားမှု ဥပဒေနဲ့ အမှုဖွင့် အရေးယူထားတဲ့ သတင်း၊ ရှမ်းနှင့် ရခိုင်အသင်းပွဲစဉ်မှာအစီအစဉ်ကြေညာသူရဲ့ လူမျိုးရေးပါတဲ့ အာမေဍိတ်သံကြောင့် မြဝတီ ရုပ်သံက တောင်းပန်ခဲ့ရတဲ့ သတင်း၊ လမ်းမလွတ်လိုရေလှူသွားတဲ့ ကားကိုဆဲဆိုခြင်း၊ ကားမှန်ရိုက်ခွဲခဲ့တဲ့ တပ်မတော်မှ ဗိုလ်ကြီးတစ်ဦး ပြန်လည်တောင်းပန်တဲ့ သတင်း၊ အုန်းချောကျေးရွာဂျပန် လျှိုကျောက်လုပ် ကွက်မှာကျောက်တောင်ပြိုကျလို့  နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိတဲ့ သတင်း၊ထိုင်းနိုင်ငံဖူးခက်မြို့ ပါ သောင်ကမ်းခြေမှာမြန်မာလုပ်သား ၁၀၀ ခန့်ပါဝင်သောရန်ပွဲဖြစ်ပွားတဲ့ သတင်းတွေထဲသတိထား စောင့် ကြည့်စရာသတင်းဖြစ်ခဲ့တယ်ဆိုတာတင်ပြရင်းယခုတစ်ပတ်ပြည်တွင်းသတင်းသုံးသပ်ချက်ကိုဒီမှာဘဲရပ်လိုက် ချင်ပါတယ်။

မာလင်း
မေ - ၃၁

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ အမ်ားျပည္သူၾကား သတိထားေစာင့္ၾကည့္ရတဲ့ သတင္းေတြ ရွိခဲ့ပါတယ္။ဒီသတင္းေတြထဲမွာ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ (နပခ) တိုင္းမႉးနဲ႔ အေနာက္ ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ (နမခ) တိုင္းမႉးတို႔ အလဲအလွယ္လုပ္ ေျပာင္းလဲလိုက္တဲ့ သတင္း၊ ရခိုင္ျပည္နယ္အတြင္း AA အဖြဲ႕ တည္ရွိမႈကို လက္ခံမွာမဟုတ္ဘူးလို႔ တပ္မေတာ္ကေျပာခဲ့တဲ့ သတင္း၊ တပ္မေတာ္အတြင္း အဂတိလိုက္စားမႈကို တပ္မေတာ္ထဲ အေရးယူတာ အရပ္ဘက္ အဂတိတိုက္ဖ်က္ေရး ေကာ္မရွင္ထက္ ပိုမိုျပင္းထန္တယ္ဆိုတဲ့ သတင္း၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ဒုတိယအႀကိမ္ ျပင္ဆင္သည့္ ဥပေဒမူၾကမ္းကို တပ္မေတာ္နဲ႔ ျပည္ခိုင္ၿဖိဳးပါတီက တင္ခဲ့တဲ့ သတင္းေတြက စိတ္ဝင္စားစရာ ေကာင္းခဲ့ပါတယ္။

ဒီသတင္းေတြက ယခုရက္သတၱပတ္မွာ ျဖစ္ခဲ့တဲ့ မစိုးရိမ္ဆရာေတာ္ ဦးဝီရသူကို ႏိုင္ငံေတာ္ အၾကည္ ညိဳပ်က္ေစမႈနဲ႔ ဖမ္းဝရမ္းထုတ္ ခဲ့ တဲ့ သတင္း၊ စပါးေဈးထိုးက်လို႔ အစိုးရက ဝင္ဝယ္ေပးဖို႔ ေတာင္းဆိုတဲ့ သ တင္း၊ မီးသတ္စခန္းေရွ႕ကားရပ္လို႔ ဖယ္ခိုင္းရာကေန စခဲ့တဲ့ ဆရာဝန္မနဲ႔ မီးသတ္သမားေတြ အျပန္အလွန္ တရားစြဲဆိုတဲ့ သတင္း၊မုံ႐ြာဘဏ္က ေငြစုစာအုပ္ကေန က်ပ္သိန္း ၅၀၀ ေပ်ာက္ေနလို႔ အမႈဖြင့္ထားတဲ့ သတင္း ေတြနည္းတူ အမ်ားစုေစာင့္ၾကည့္စရာ သတင္းျဖစ္ခဲ့ပါတယ္။

ဘာသာေရးအစြန္းေရာက္မႈ နိဂုံးေရာက္ၿပီလား

ယခုတစ္ပတ္သတင္းေတြထဲအလႈပ္ခတ္ဆုံးသတင္းတစ္ခုကအမ်ိဳးသားေရးဆရာေတာ္လို႔ လူသိမ်ားတဲ့ မစိုးရိမ္ ဆရာေတာ္ဦးဝီရသူကို တရား႐ုံးက ဖမ္းဝရမ္းထုတ္ၿပီးေနာက္ လူျမင္ကြင္းကေနေပ်ာက္သြား ခဲ့လို ရဲ တပ္ဖြဲ႕ ကရွာေဖြေနရသလိုအမ်ိဳးသားေရးအဖြဲ႕ဝင္ျဖစ္တဲ့ မိုက္ကယ္ေက်ာ္ျမင့္လည္းေတာင္ဒဂုံကိစၥမွာ ဖမ္းဝရမ္း ထုတ္ ခံရၿပီးေနာက္ ပဲခူးမွာတင္ အစအနေပ်ာက္သြားတဲ့ သတင္းေတြဘဲ ျဖစ္ပါတယ္။

ဆရာေတာ္ဦးဝီရသူကို တရားစြဲဖို႔  ၿပီးခဲ့တဲ့ ရက္သတၱပတ္ထဲက သာသနာေရးဝန္ႀကီးက အမႈတည္ ေဆာက္ေနတယ္လို႔ ေျပာခဲ့တာပါ။ တစ္ကယ္စလုပ္ျဖစ္တာကေမ ၂၇ ရက္ေနာက္မွာ စခဲ့တာ ပါ။

ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံေရွ႕မွာေမ ၅ ရက္က ျပဳလုပ္တဲ့ ၂၀၀၈ ဖြဲ႕ စည္းပုံအေျခခံဥပေဒပါ ပုဒ္မ ၅၉ အားကာကြယ္ေစာင့္ေရွာက္ေရး ႏွင့္ ပုဒ္မ ၂၆၁ အား ျပင္ဆင္ေရး ဆႏၵျပပြဲမွာစစ္သားေတြကိုဘုရားလို ကိုး ကြယ္သင့္ေၾကာင္းေဟာၿပီးကတည္းကဆရာေတာ္ ဦဝီရသူရဲ႕ အစိုးရနဲ႔ လက္ရွိႏိုင္ငံေခါင္းေဆာင္ေတြ အေပၚ ေဝဖန္မႈ ျပင္းထန္ခဲ့ပါတယ္။ အထူးသျဖင့္ ယခင္အစိုးရအဆက္ဆက္ ပစ္မွတ္ထားတိုက္ခိုက္ခဲ့တဲ့ လက္ရွိ ႏိုင္ ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္အေပၚ ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာကိုေတြ႕ရပါတယ္။ဆရာေတာ္ ေဝဖန္တိုက္ခိုက္ တဲ့ထဲမွာယခင္ေခတ္က တာဝန္ယူခဲ့တဲ့ တပ္မေတာ္အႀကီးအကဲေဟာင္းေတြမပါသလို လက္ရွိ တပ္မေတာ္ အႀကီးအကဲေတြကို ေဝဖန္တိုက္ခိုက္တာ မရွိတာ ထူးျခားခ်က္ပါ။

ယခင္ကလည္း ထိရွလြယ္တဲ့ ဘာသာေရးနဲ႔ ပတ္သက္ၿပီးေဟာခဲ့ေျပာခဲ့လို႔ အရပ္သားအစိုးရက  ဆရာ ေတာ္ ဦးဝီရသူကို ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕က၂၀၁၇ မတ္လ ၁၀ ရက္မွ ၂၀၁၈ မတ္လ ၉ ရက္ထိ တရားေဟာခြင့္ တစ္ႏွစ္ပိတ္ ပင္ခဲ့ဖူးပါေသးတယ္။ ဒါေပမယ့္ ေဟာခြင့္မရတဲ့ ကာလမွာ ပါးစပ္တိပ္ပတ္ကာ ယခင္ေဟာခဲ့တဲ့ တရားေတြကို ဖြင့္ကာ ဝိနည္းလြတ္တရားပြဲက်င္းပခဲ့ပါတယ္။

မၾကာမီက ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးအတြက္ လႊတ္ေတာ္ထဲအာဏာရပါတီက စတင္ လုပ္ေဆာင္ သည့္အခ်ိန္မွစကာ အမ်ိဳးသားေရးလႈပ္ရွားသူေတြက  ႏိုင္ငံေတာ္အတိုင္ပင္ခံႏွင့္ အစိုးရအႀကီး အကဲေတြကို  ေဝဖန္တိုက္ခိုက္မႈေတြမ်ားလာခဲ့ပါတယ္။ ၿပီးခဲ့သည့္ ဧၿပီ ၂၉ ရက္ကၿမိတ္မွာျပဳလုပ္တဲ့ ပုဒ္မ ၅၉ (စ) မျပင္ဆင္ေရးေထာက္ခံဆႏၵျပပြဲ မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုရည္ၫႊန္းၿပီး

‘‘ေကာ္မရွင္ဖြဲ႕လည္း ျပည္ပကေကာင္ေတြပဲ၊ အနားေခၚထားလည္းျပည္ပေကာင္ေတြပဲ၊ အႀကံေပး လည္း ျပည္ပေကာင္ေတြပဲ၊ အတူသြားလည္း ျပည္ပေကာင္ေတြပဲ၊ အတူအိပ္လည္း... အဲဒါႀကီးကိုပဲ က်ဳပ္တို႔ ႏိုင္ငံသမၼတ ျဖစ္မယ္ဆိုရင္ အကုန္လုံးခင္ဗ်ားတို႔ ျပည္သူတစ္ရပ္လုံးကုန္းသာေပးလိုက္ၾကေပေတာ့။ ေသေရာ ဗ်ာ။ လြတ္လပ္ေရးဘာလို႔ယူေနေသးလဲ။ လြတ္လပ္ေရးဆုံးရႈံးတာထက္ေတာင္ ပိုဆုံးရႈံးသြားဦးမယ္။ ေအး ...ဗိုလ္ခ်ဳပ္ခမ်ာအသက္အေသခံၿပီးလြတ္လပ္ေရးယူသြားတယ္။ သူ႔သမီးအေၾကာင္းမသိရွာလို႔။ အတိုင္ပင္ခံ နဲ႔တင္ ေက်နပ္ေတာ့။ ဘုရားလက္ထက္ဆိုရင္ ေခြးကတက္မွာပဲေနရမွာ’’လို႔ ေျပာခဲ့သလို

‘‘မိတ္ကပ္ေလးလိမ္းဖို႔ ေလာက္တတ္၊ ဖက္ရွင္ေလးဝတ္ ဖို႔ေလာက္တတ္၊ ေဒါက္ျမင့္ေလးနဲ႔ ေကာ့ ေကာ့ေလွ်ာက္သြားဖို႔ ေလာက္တတ္၊ ဒီၾကားထဲႏိုင္ငံ ျခားသားေတြေတြ႕ရင္... ကယမ္း ခ်င္ေသးတယ္။ ဒီ ေလာက္သရမ္း ေနတဲ့ ဟာႀကီးကို  သမၼတတင္ခ်င္ ေသးတယ္။ ေသေရာေပါ့ဗ်ာ က်ဳပ္တို႔ႏိုင္ငံ။ ဗိုလ္ခ်ဳပ္ ေျပာတဲ့  ႏိုင္ငံေသခ်ာေပါက္’’ ဟု ႐ုန႔္ရင္းၾကမ္းတမ္းစြာေဟာေျပာခဲ့ပါတယ္။ ဒီအက်ိဳးဆက္ေတြက  သာ မန္အမ်ားျပည္သူ လက္မခံႏိုင္စရာ ျဖစ္လာခဲ့သလို ေဝဖန္ေထာက္ျပစရာေတြ ျဖစ္ လာခဲ့ပါတယ္။

၂၀၁၀ ေနာက္ပိုင္းမွာ ျဖစ္လာခဲ့တဲ့ မ်ိဳးခ်စ္ဆိုတဲ့ သူေတြက ျပည္တြင္းမွာျဖစ္ခဲ့သမွ် ဘာသာ ေရး ပဋိပကၡေတြ ေနာက္ကြယ္မွာရွိေနခဲ့သလို ဆရာေတာ္ဦးဝီရသူေနာက္မွာလည္း  မ်ိဳးခ်စ္ဆိုတဲ့ သူေတြ ရပ္တည္ လႈပ္ရွားေနတဲ့ အတြက္ ဒါဟာအရပ္သားအစိုးရအတြက္ ထိန္းသိမ္းကိုင္တြယ္ရခက္တဲ့ ကိစၥျဖစ္လာခဲ့ပါတယ္။

ဒါေၾကာင့္လည္းႏိုင္ငံေတာ္အႀကီးအကဲမ်ားအေပၚ မဖြယ္မရာစကားလုံးမ်ားသုံးႏႈန္းေျပာဆိုျခင္းႏွင့္ ႏိုင္ငံ ေတာ္တရားေရးႏွင့္ အုပ္ခ်ဳပ္ေရးစသည့္က႑မ်ားမွ တာဝန္ရွိသူမ်ားအေပၚ အၾကည္ညိဳပ်က္ေအာင္ ေျပာ ဆိုမႈ ေၾကာင့္နဲ႔ ေမ ၂၈ ရက္မွာရန္ကုန္အေနာက္ပိုင္းခ႐ိုင္ ဒုအေထြေထြအုပ္ခ်ဳပ္ေရးမႉးကတရားလိုျပဳလုပ္ၿပီး ဆရာ ေတာ္ ဦးဝီရသကို တိုင္တန္းခဲ့ရာမွာ တရား႐ုံးကပုဒ္မ ၁၂၄ (က)နဲ႔ အမႈဖြင့္ေပးကာ ရဲတပ္ဖြဲ႕ထံ ဖမ္းဝရမ္း ထုတ္ေပးခဲ့ပါတယ္။

ဖမ္းဝရမ္းကို ေမ ၂၈ ရက္မွာ ထုတ္ေပးခဲ့ေပမယ့္ ရဲတပ္ဖြဲ႕က ေမလ ၂၉ ရက္ ေန႔လယ္မွသာ လက္ခံရရွိ တယ္ဆိုပါတယ္။ အဲဒီညေနပိုင္းမွာဘဲ ရဲတပ္ဖြဲ႕ကမစိုးရိမ္တိုက္သစ္ရွိဦးဝီရသူေက်ာင္းထိုင္ရာ ဓမၼသဟာရ ေက်ာင္းကိုမဟာ ေအာင္ေျမၿမိဳ႕နယ္ သံဃနာယကဆရာေတာ္ႏွင့္အတူသြားေရာက္ရွာေဖြေပမယ့္ ဖမ္းဆီးမရမိ ခဲ့ပါဘူး။ ဒီမတိုင္ ခင္ ဆရာေတာ္ဦးဝီရသူနဲ႔ တိုင္းသာသနာေရးကတာဝန္ရွိသူတစ္ဦးနဲ႔ အျပန္အလွန္ စကား ေျပာဆိုတာေတြ အြန္လိုင္းနဲ႔မီဒီယာေတြမွာေပၚထြက္လာခဲ့သလိုရန္ကုန္တိုင္းသံဃနာယကအဖြဲ႕ က ဆရာ ေတာ္ဦးဝီရသူကို လူမႈေရးကိစၥမ်ား၌ ပါဝင္ေဆာင္႐ြက္မႈ မျပဳေရးအတြက္ ရန္ကုန္ၿမိဳ႕၌ ေခၚယူၾသဝါဒေပးရန္ စီစဥ္ထားမႈကိုလည္း အေျခအေနအရ ဆိုင္းငံ့ထားေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ ႀကီးဌာနကေမ ၂၉ ရက္မွာ ထုတ္ျပန္ ခဲ့ပါတယ္။

တခ်ိဳ႕မီဒီယာေတြမွာေမ ၂၉ ရက္ကတည္းက ဆရာေတာ္ဦးဝီရသူ ရန္ကုန္ကိုႂကြလာၿပီလို႔ ေျပာခဲ့တာ ေဖာ္ျပခဲ့ေပမယ့္ ေမ ၃၀ ရက္မွာ ဆရာေတာ္ဦးဝီရသူ ဘယ္မွာရွိသလဲ ဆိုတာစုန္းစျမဳပ္စေပ်ာက္ ေနခဲ့ပါ တယ္။ ေမ ၃၀ ရက္မွာဆရာေတာ္ ဦးဝီရသူလာႏိုင္တဲ့ ေနရာႏွစ္ခုမွာ ဆရာေတာ္ကို ဝန္းရံမယ့္ မ်ိဳးခ်စ္ဆိုသူေတြ ေစာင့္ ေနေပမယ့္ ေပၚမထြက္လာပဲ ညပိုင္းမွာ ႐ုရွားလူမႈကြန္ရက္ VKကေနသူကိုဆန႔္က်င္တဲ့ သူေတြကိုရည္႐ြယ္ၿပီး ငွက္စုတ္ေတြသိဖို႔ ဆိုၿပီးဗီဒီယိုဖိုင္လႊင့္ကာေျပာခဲ့တာေပၚထြက္ခဲ့ပါတယ္။

ဒီျပႆနာဟာေျဖရွင္းရခက္သလိုေနာက္ကြယ္မွာလည္းပက္သက္မႈေတြ ႀကီးႀကီးမားမားရွိေနတဲ့ အတြက္ ဖမ္းဆီးဖို႔ ထုတ္ထားတဲ့ ဖမ္းဝရမ္းက တစ္ကယ္ဘဲဖမ္းဖို႔ အသုံးဝင္ႏိုင္ပါ့မလားဆိုတာေတြးစရာျဖစ္ လာခဲ့ပါတယ္။လက္ေတြ႕က်က် ျပႆနာကိုသုံးသပ္သူေတြကေတာ့ အာဏာပိုင္ေတြအေနနဲ႔ ျပည္တြင္းမွာ ျပႆနာလိုက္ေမႊးေနတဲ့ မ်ိဳးခ်စ္ဆိုသူေတြကိုထိန္းသိမ္းဖို႔ သူတို႔ ေခါင္းေဆာင္တင္ထားတဲ့ ဆရာေတာ္ ဦးဝီရ သူကို ဒီလိုထိန္းသိမ္းဖို႔ လုပ္တာအေျခခံအေၾကာင္းအရမွန္ေပမယ့္ မဖမ္းဆီးႏိုင္ရင္၊ တစ္စုံတစ္ခုေသာ လူပုဂၢိဳလ္နဲ႔ အဖြဲ႕အစည္းက ၾကားဝင္ေမတၱာရပ္ခံလို႔  အေလ်ာ့ေပးခဲ့ရရင္ မ်ိဳးခ်စ္ဆိုသူေတြ ယခုထက္ ပိုေခါင္းေထာင္လာမယ့္ အေျခအေနကိုႀကိဳတင္တြက္ဆမိသလားဆိုတဲ့ ေဝဖန္ေစာေၾကာမႈေတြ ွရွိခဲ့ပါတယ္။

လက္ရွိမွာဘာေက်ာေထာက္ေနာက္ခံမွမရွိတဲ့ မိုက္ကယ္ေက်ာ္ျမင့္လို႔ လူကိုေတာင္ မဖမ္းဆီးႏိုင္ဘဲ လြတ္ေျမာက္ေအာင္ ေနႏိုင္တဲ့ အေျခအေနမွာဆရာေတာ္ ဦးဝီရသူလို ေနာက္ကြယ္မွာအဖြဲ႕အစည္းႀကီးႀကီး မားမား ရွိတဲ့ ဆရာေတာ္တစ္ပါးကိုဖမ္းဆီးဖို႔ ဆိုတာ ျဖစ္ႏိုင္ပါ့မလားဆိုတာေနာက္ရက္ေတြမွာ ဆက္ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

စပါးဂယက္ ဘယ္သူျမတ္မလဲ

ဒီျပႆနာကတ႐ုတ္ဘက္ကေန ျမန္မာဆန္သယ္ယူမႈေလ်ာ့ခ်တာေတြနဲ႔ ျပည္ပကဆန္ထင္သလို မဝယ္တာကေနစတဲ့ ျပႆနာပါ။ၿပီးခဲ့တဲ့ ႏွစ္ကစံခ်ိန္တင္ ဆန္တင္ပို႔မႈေၾကာင့္ ယခုႏွစ္မွာဆန္စိုက္ပ်ိဳးမႈမွာ ျမန္မာထုံစံအတိုင္း ၿပဳံၿပီး ဝင္တိုးၾကတဲ့ အခ်ိန္မွာ ျပည္ပဆန္ဝယ္လက္ေလ်ာ့က်မႈေၾကာင့္ ျပည္ပေဈးကြက္ျဖစ္ တဲ့ ဆန္ၾကမ္းေဈးကြက္မွာဆန္ပိုလွ်ံမႈေတြ ျဖစ္ခဲ့တာပါ။တ႐ုတ္ေဈးကြက္ ပိတ္ဆို႔ ျခင္းခံရၿပီးေနာက္ ရွစ္လ အတြင္း  ျမန္မာႏိုင္ငံမွာျပည္ပတင္ပို႔ တဲ့ ဆန္ၾကမ္းအမ်ိဳးအစားလက္က်န္ တန္ခ်ိန္သုံးသန္းခြဲေက်ာ္ က်န္ရွိ ခဲ့ပါတယ္။

မိုးစပါးကိုကုန္စင္ေအာင္ ေရာင္းမထုတ္ႏိုင္ခ်ိန္မွာ ေႏြစပါးထပ္ဝင္လာတဲ့ အတြက္ ကုန္သည္ ေတြ အတြက္ ထပ္စိုက္ထုတ္ဖို႔ ခက္ခဲ့ခဲပါတယ္။ အထူးသျဖင့္ မိုးစပါးေပၚကာစအခ်ိန္မွာတ႐ုတ္ကုန္သည္ေတြ မိုးစပါးကိုမႀကိတ္ခြဲဘဲစပါးအတိုင္း ျပည္တြင္းထိ ဆင္းဝယ္ခဲ့တာကို တားျမစ္ရာကေနေတာင္သူေတြနဲ႔ တားျမစ္ ေစတဲ့ ကုန္သည္စက္ပိုင္ေတြၾကား ျပႆနာကရွိေနခဲ့ပါတယ္။အမ်ားစုယူဆခ်က္ကေတာ့ ဒီလိုတားျမစ္တာက ျပည္တြင္းဆန္ႀကိတ္ခြဲသူေတြ အက်ိဳးစီးပြားထက္ ေတာင္သူေတြကိုကုန္သည္ေတြ ထင္သလိုေဈးအတင္အခ် အက်ိဳးအျမတ္ မထုတ္ႏိုင္ေတာ့မွာကိုစိုးရိမ္ၿပီးုလုပ္ေဆာင္တာလို႔ ထင္ျမင္ခ်က္ေတြလည္းရွိခဲ့ပါတယ္။

အစိုးရဘက္ကေတာင္သူေတြ နစ္နာမွာစိုးတဲ့ အတြက္ ၿပီးခဲ့တဲ့ႏွစ္ကတည္းကစပါးတင္းတစ္ရာ ကို အေျခခံေဈးက်ပ္ငါးသိန္းအျဖစ္ သတ္မွတ္ေပးခဲ့ပါတယ္။ ဒီအခ်ိန္ကတည္းကအေျခခံေဈးသတ္မွတ္တဲ့အေပၚ ကုန္သည္ေတြဘက္က ဘဝင္မက်ခဲ့ပါဘူး။ ျပည္တြင္းက်ပ္ေငြ မတည္ၿငိမ္ဘဲေငြေၾကးေဖာင္းပြမႈရွိေနတဲ့အခ်ိန္ မွာဒီေဈးကသူတို႔အတြက္ အသာရေပမယ့္ အရပ္သားအစိုးရလက္ထက္ ေငြေၾကးတည္ၿငိမ္ေအာင္ လုပ္ ေဆာင္ မႈေၾကာင့္ ေငြေၾကးေဖာင္းပြမႈ က်ဆင္းလာရင္ ဒါဟာကုန္သည္ေတြအတြက္ ယခင္ကထက္ အက်ိဳးအျမတ္ နည္း လာစရာအေျခအေနပါ။

ဒီလိုေနာက္ခံအေျခအေနေတြေၾကာင့္ ယခုႏွစ္စပါးေဈးကရာသီအဖြင့္ မွာဘဲကုန္သည္ေတြ ဘက္က ယခင္လိုမဟုတ္ဘဲအေၾကာင္းျပခ်က္ေတြနဲ႔ အစိုးရသတ္မွတ္ေဈးႏူန္းေအာက္ကေန ေဈးစဖြင့္ခဲ့ပါ တယ္။ဒီလို ဖြင့္တဲ့အတြက္ ေတာင္သူေတြ အခက္ေတြ႕ခဲ့ၿပီးကုန္သည္ကိုမေရာင္းဘဲစပါးကိုကိုင္ထားခဲ့လို႔ စပါးေဈးက စိုက္ ပ်ိဳးစရိတ္ နားကပ္လာတဲ့ အထိက်လာခဲ့ပါတယ္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ကေတာ့ စပါးတင္း ၁၀၀ လွ်င္ က်ပ္ေလးသိန္းေလးေသာင္းေဈးျဖင့္ စပါးတင္းတစ္သိန္းေလးေသာင္းခန႔္ကိုဒီႏွစ္ထဲမွာပဲခူးတိုင္းအေရွ႕ျခမ္းမွာ ဝယ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ က်န္ ေတာင္သူေတြလက္ထဲကစပါးကို ကုန္စင္ေအာင္ဝယ္ဖို႔က ဒီအေျခအေနမွာေတာင္သူေတြ ႀကဳံေနရတဲ့ အခက္ အခဲကိုေျဖရွင္းဖို႔ သက္ဆိုင္ရာဝန္ႀကီးဌာနကစီစဥ္လာရတာျဖစ္လာပါတယ္။ဝန္ႀကီးဌာန ဘက္က ေဈးကြက္ အတြင္းမွ စပါး မ်ားဝယ္ယူႏိုင္ရန္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ကတင္ျပ ထားတဲ့ ေခ်းေငြ ၁၅ ဘီလ်ံကို ၁၉ ဘီလ်ံထိထုတ္ေခ်းႏိုင္တယ္လို႔ ယခုရက္သတၱပတ္အတြင္းကျပဳလုပ္တဲ့ ဝန္ႀကီးဌာနတစ္ႏွစ္တာ ေဆာင္ ႐ြက္ခ်က္ သတင္းစာရွင္းလင္းပြဲမွာမီဒီယာေတြကိုေျပာခဲ့တာရွိပါတယ္။

ဒါေပမယ့္ အဆိုပါသတင္းစာရွင္းလင္းပြဲမွာ ျပည္တြင္းကထြက္တဲ့ စပါးကိုဆန္စပါးအသင္းခ်ဳပ္၊ေနာက္ သမဝါယမ။ၿပီးမွ စီးပြားကူးသန္းက ဝင္ေရာက္ဝယ္ယူမယ္လို႔ ဆိုေပမယ့္ အစိုးရသတ္မွတ္ထားတဲ့ အေျခခံ ေဈး မဟုတ္ဘဲ ေပါက္ေဈးအတိုင္းဝယ္မယ္လို႔ ေျပာခဲ့ပါတယ္။ ေတာင္သူေတြဘက္ကအဓိကစိုက္ပ်ိဳးစရိတ္ထက္ ေက်ာ္လြန္ေအာင္ ရမွ ျဖစ္တဲ့ အတြက္ လက္ရွိေပါက္ေဈးအတိုင္းသာဆိုေတာင္သူေတြ အခက္ေတြေနဦး မွာျဖစ္ ပါတယ္။

ဒီျပႆနာကိုဆန္စပါးအသင္းခ်ဳပ္ဘက္က ျဖစ္လာႏိုင္လို႔ ဝန္ႀကီးဌာနဘက္ကို ႀကိဳတင္ျပထားေပမယ့္ ႀကိဳတင္ျပင္ဆင္မႈအားနည္းသလိုတုံျပန္မႈလည္းနည္းတာယ္လို႔ ေျပာခဲ့တာေတြရွိပါတယ္။ လက္ရွိမွာေတာင္ သူ ေတြလက္ထဲကစပါးကို မဝယ္ရင္ေႏွာင္ႏွစ္ စပါးစိုက္ပ်ိဳးမႈ က်ဆင္းၿပီးယခုေျပာင္းျပန္အက်ိဳးသက္ေရာက္ႏိုင္တဲ့ အေျခအေနလည္းျဖစ္လာႏိုင္တဲ့ အတြက္  သက္ဆိုင္ရာကဘယ္လို ဝင္ေရာက္ကိုင္တြယ္ေျဖရွင္းမလဲ ဆိုတာ စိတ္ဝင္စားစရာပါ။

ဒီသတင္းကယခုတစ္ပတ္ျဖစ္ခဲ့တဲ့ ခိုးလုပ္ေနတဲ့ ဆင့္ပြားျဖန႔္ခ်ိေရးစနစ္ (Multi Level Market-ing) လုပ္ငန္းအခ်ိဳ႕ကိုအသြင္ယူဖမ္းဆီးေနတဲ့သတင္း၊ကခ်င္ျပည္နယ္မွာတစ္သွ်ဴးငွက္ေပ်ာစိုက္ပ်ိဳးမႈကို ျပည္နယ္ အစိုးရကတားျမစ္ထားတဲ့သတင္း၊ ေက်ာင္းေခၚႀကိမ္မျပည့္သူ တတ္ေျမာက္မႈအားနည္းသူ အေျခခံပညာ ေက်ာင္းသား၊ေက်ာင္း သူေတြကို ျဖည့္ဆည္းသင္ၾကားေပးဖို႔ ပညာေရးဝန္ႀကီးဌာနက ၫႊန္ၾကားထား တဲ့ သတင္း၊ တရားသူႀကီး မ်ား ကိုယ္တိုင္ တရားခြင္မွာ က်မ္းသစၥာဆိုရမည့္ ျပည္ေထာင္စု တရားစီရင္ေရးဥပေဒ စတုတၳ အႀကိမ္ ျပင္ဆင္တဲ့ ဥပေဒၾကမ္းကို အမ်ိဳးသားလႊတ္ေတာ္က အတည္ျပဳခဲ့တဲ့ သတင္း၊ ေက်ာင္းမအပ္တဲ့ ကေလးေတြကို အိမ္တိုင္ရာေရာက္လိုက္ေခၚယူမယ့္သတင္း၊ က်ပ္တစ္ေထာင္တန္ထီ ဒုတိယအျမင့္ဆုံးဆု အျဖစ္ က်ပ္သိန္း တစ္ေသာင္း ဆုတိုးျမႇင့္သတ္မွတ္လိုက္တဲ့ သတင္းေတြထဲ သတိထားစရာျဖစ္ခဲ့ပါတယ္။

ဘဂၤလီအထုပ္ ျမန္မာျဖည္လာတဲ့ အခါ

ေမလ ၂၃ ရက္တြင္ ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာProtection of Civilians in Armed Conflicts' ေခါင္းစဥ္ျဖင့္ တံခါးဖြင့္ေဆြးေႏြးပြဲတစ္ခုလုပ္ခဲ့ပါတယ္။ ဒီေဆြးေႏြးပြဲမွာ ျမန္မာဘက္ကကုလသမဂၢဆိုင္ရာ ျမန္မာ သံအမတ္ ႀကီးဦးေဟာက္ဒိုဆြမ္းတက္ေရာက္ၿပီးဘဂၤလားေဒ့ရွ္က အဆိုျပဳတဲ့ ႏွစ္ႏိုင္ငံနယ္စပ္မွာSafe Zone ထူေထာင္ရန္ ကိစၥကို ျပတ္ျပတ္သားသားထပ္မံျငင္းဆိုကန႔္ကြက္ခဲ့ကာဘဂၤလားေဒ့ရွ႕္ႏိုင္ငံဟာရခိုင္ ျပည္နယ္ အေရးမွာဖ်က္လိုဖ်က္ဆီးတရစပ္ အားထုတ္ေနတဲ့အတြက္ ျပႆနာကိုေျဖရွင္းရာမေရာက္ဘူး လို႔ေျပာခဲ့ ပါတယ္။

ဒါဟာ ျမန္မာဘက္က အစဥ္အဆက္ထိန္းေနခဲ့ရာကေန သံတမန္ေလာကမွာ  ျပန္လည္တိုက္ခိုက္ခဲ့ တာပဲ ျဖစ္ပါတယ္။ အထက္ပါ တံခါးဖြင့္ေဆြး ေႏြးပြဲမွာ ျမန္မာသံအမတ္ႀကီးက ပဋိပကၡအတြင္း ျပည္သူမ်ားကို ကာကြယ္ရန္ သက္ဆိုင္ရာ ႏိုင္ငံအစိုးရ၌ တာဝန္ရွိၿပီးအခ်ဳပ္အျခာအာဏာ၊ နယ္နိမိတ္ အပိုင္းအျခားႏွင့္ ႏိုင္ငံ ေရးလြတ္ လပ္ခြင့္ဆိုင္ရာ မူဝါဒမ်ားကိုလိုက္နာ၍ ႏိုင္ငံတကာအသိုင္းအဝိုင္း က အစိုးရကိုထိေရာက္အက်ိဳးရွိမည့္ နည္းလမ္းမ်ားျဖင့္ ကူညီရန္ အေရးႀကီးတယ္လို႔ ေျပာခဲ့ပါတယ္။

ေမ ၂၄ က ေနျပည္ေတာ္မွာလုပ္တဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးျဖစ္စဥ္ႏွင့္ ရခိုင္ျပည္နယ္အေျခအေနမ်ား သတင္းစာရွင္းလင္းပြဲမွာသံတမန္မ်ား ႏွင့္ ကုလသမဂၢအဖြဲ႕အစည္းေတြကကိုယ္စားလွယ္ေတြ ကိုေျပာခဲ့ရာမွာ ေနရပ္စြန႔္ခြာသူမ်ား ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္ စတင္ရန္ ျမန္မာဘက္ကႏွစ္ႀကိမ္ ႀကိဳးစားခဲ့ေပမယ့္  ဘဂၤလားေဒ့ရွ္က ႏွစ္ႏိုင္ငံသေဘာတူညီခ်က္မ်ားကို လိုက္နာမႈအားနည္းလို႔ မေအာင္ျမင္ခဲ့ရတာလို႔ရွင္းလင္း ခဲ့ပါတယ္။ အဆိုပါ ပြဲမွာဘဲ အတိုင္ပင္ခံ႐ုံးၫႊန္ ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ျပည္တြင္းျပည္ပသတင္း မီဒီယာေတြကို ‘‘အဓိကက ဘယ္သူကဘယ္သူ႔ေၾကာင့္ ဘယ္ေနရာမွာဘယ္ လိုေတြ ျဖစ္ေနလဲ။ ဆိုလိုတာက ျမန္မာႏိုင္ငံက Bilateral Agreement အရလုပ္တဲ့ဟာေတြ ကြၽန္ ေတာ္တို႔ဘက္ကမပ်က္ကြက္ဘူး။ အဲဒါဆိုရင္ Bilateral Agreement မွာပ်က္ကြက္တာဘယ္သူေတြလဲ”လို႔ေျပာခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္အေနနဲ႔ ဒုကၡသည္ေတြနဲ႔ လုပ္စားလာတာ ႏွစ္ကာလၾကာရွည္ေနၿပီျဖစ္တဲ့အတြက္ ယခု လိုသိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြကို ႏိုင္ငံတကာျပၿပီးနယ္ေျမခ်ဲ႕ဖို႔နဲ႔ အေထာက္အပံ့ရဖို႔အတြက္ ျမန္မာဘက္ကို ဒုကၡသည္ေတြ လြယ္လြယ္နဲ႔ ျပန္လႊတ္ဖို႔ မရွိပါဘူး။ဒါကိုရခိုင္ျပႆနာေသြးေအးလာခ်ိန္မွာ ႏိုင္ငံတကာလည္း ရိပ္မိလာသလိုဒီျပႆနာအေပၚ အာ႐ုံစိုက္မႈလည္းေလ်ာ့က်လာခဲ့ပါတယ္။ဂ်ပန္ကလည္း ရခိုင္အေရးကိစၥႏွင့္ ပတ္သက္ၿပီး ျမန္မာအစိုးရအေပၚ ဖိအားေပးအေရးယူမႈမ်ား ျပဳလုပ္လာရင္ သေဘာမတူဘူးလို႔ ဆိုသလို တ႐ုတ္နဲ႔ ႐ုွရွားကလည္း ျမန္မာဘက္ကရပ္တည္တာေတြ ရွိခဲ့ပါတယ္။

လက္ရွိႏိုင္ငံတကာအေရးေတြမွာဘဂၤလားေဒ့ရွ္ဘက္ကအစဥ္အဆက္ေထာက္ပံ့ရပ္တည္တဲ့ OIC လို အဖြဲ႕လည္း အေမရိကန္က အေရွ႕အလယ္ပိုင္းကေဆာ္ဒီ၊အီရန္၊အစၥေရး၊တူရကီနဲ႔  ႐ုရွားေတြကို စစ္ေရးနဲ႔ ႏိုင္ငံ ေရး၊စီးပြားေရးပတ္ေမႊေနတဲ့ အတြက္ ပတ္ခ်ာလည္ တင္းမာမႈထဲေမ်ာေနတဲ့ အတြက္ အရင္လိုဘဂၤလားေဒ့ရွ္ က စြာႏိုင္ပါဦးမလားဆိုတာသတိထားေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဗ႐ုတ္ဗရက္ ရက္သတၱပတ္

ဒီတစ္ပတ္ကအေတာ္ေလးကို စိတ္ဝင္စားဖို႔ေကာင္းတဲ့ မူခင္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။ မုံ႐ြာမွာေငြစု စာအုပ္ ထဲကေငြ သိန္းငါးရာကိုပိုင္ရွင္မထုတ္ဘဲတျခားသူက မႏၲေလးဘဏ္ကေနထုတ္သြားတဲ့ သတင္းက ဘဏ္မွာေငြသိမ္းထားတဲ့ သူေတြ ၊ဘဏ္နဲ႔ ေငြေရးေၾကးေရးပက္သက္လုပ္ကိုင္သူေတြၾကား အေတာ္ေလးလႈပ္ ခတ္ခဲ့ပါတယ္။

ေမလ၂၇ ရက္တြင္ မုံ႐ြာၿမိဳ႕  ခ်င္းတြင္းအင္စတီက်ဳဒ္႐ုံးမွာပိုင္ရွင္မသိဘဲသိန္းငါးရာထုတ္ယူခံလိုက္ရတဲ့ ေငြစုစာအုပ္ပိုင္ရွင္ ဦးကိုဦးကသတင္းစာရွင္းလင္းပြဲလုပ္ခဲ့ၿပီးမီဒီယာေတြကိုရွင္းလင္းခဲ့ပါတယ္။ ဒီလိုရွင္းလင္း ရာမွာ ေတာင္သူလုပ္ငန္းႏွင့္ ဆန္စက္လုပ္ငန္းလုပ္ကိုင္သူဦးကိုဦးက၂၀၁၇ စက္တင္ဘာ ၂၇ ရက္ကက်ပ္သိန္း ႏွစ္ရာနဲ႔ မုံ႐ြာၿမိဳ႕ ကေမာၻဇဘဏ္(၁) ေငြစုစာအုပ္နဲ႔ စစုခဲ့ေၾကာင္း၊ေငြစုစာအုပ္ ထဲေငြမ်ားထပ္မံသြင္းၿပီးအတိုးႏႈန္း အပါအဝင္ စုစုေပါင္း သိန္း၉၀၀ ေက်ာ္ရွိေၾကာင္း သို႔ေသည္ ၎မွ ေငြမထုတ္ဘဲေငြစုစာအုပ္မွ သိန္းငါးရာေက်ာ္ ေလ်ာ့နည္းသြားတဲ့ အတြက္ မုံ႐ြာၿမိဳ႕ ကေမာၻဇဘဏ္(၁) မန္ေနဂ်ာကိုအေရးယူေပးရန္တိုင္ၾကားထား ေၾကာင္း ရွင္းလင္းခဲ့ပါတယ္။

ယခုျဖစ္စဥ္အတြက္ ဘဏ္ဘက္ကစစ္ေဆးေနတယ္ဆိုေပမယ့္ ရွင္းလင္းခ်က္ေတြအရ ဘဏ္စာအုပ္ တစ္ခုသာရွိ ၿပီးအြန္လိုင္း ATM ကတ္လည္းမရွိဘဲေငြစုစာအုပ္ထဲေငြအထုက္မျပထားဘဲ စာရင္းထဲေငြေလ်ာ့ ေနသည့္ ကိစၥကစဥ္းစားစရာပင္ျဖစ္ပါတယ္။ မုံ႐ြာကဘဏ္ေငြစုစာအုပ္ကို မႏၲေလးဘဏ္ခြဲမွာ ယာဥ္ေမာင္း ကလိုင္စင္နဲ႔ လာထုတ္သြားတဲ့ ကိစၥကဘဏ္ေဖာက္သည္မ်ားရဲ႕ေငြေၾကးလုံၿခဳံစိတ္ခ်ရမႈအေပၚ ေမးခြန္းထုတ္ စရာျဖစ္လာလို႔ ဘဏ္ဘက္ကဘယ္လိုေျဖရွင္းမလဲ ၊ ပိုင္ရွင္ရဲ႕ ေငြ သိန္းငါးရာ ျပန္ရ/မရဆိုတာေတြက  စိတ္ဝင္စားစရာျဖစ္လာခဲ့ပါတယ္။

ဘဏ္ကိစၥလိုဘဲ ေနာက္ထပ္စိတ္ဝင္စားစရာကိစၥတစ္ခုက ေ႐ႊျပည္သာစက္မႈဇုန္(၁) မီးသတ္႐ုံးေရွ႕ ရပ္ ထားတဲ့ ကားကိုဖယ္ခိုင္းလို႔ ကားပိုင္ရွင္အမ်ိဳးသမီးနဲ႔ မီးသတ္က အရာထမ္းဝန္ထမ္းေတြ အခ်င္းမ်ားၾကတဲ့ ျပႆနာပါ။ အဆိုပါ ကားပိုင္ရွင္အမ်ိဳးသမီးဆိုသူက မီးသတ္႐ုံးေရွ႕ မီးသတ္ယာဥ္အဝင္၊ အထြက္ မလြတ္တဲ့ ေနရာမွာေမ ၆ ရက္၊ ၁၉ ရက္ႏွင့္ ၂၅ ရက္ေတြကလာေရာက္ရပ္တန႔္လို႔ အဆိုပါ ကားကို မီး သတ္ဝန္ထမ္း ေတြက ဖယ္ခိုင္းခဲ့ရၿပီးေမ ၂၅ရက္မွာျဖစ္တဲ့ ျဖစ္စဥ္မွာ အဆိုပါအမ်ိဳးသမီးက လူမႈကြန္ရက္မွာ တိုက္႐ိုက္Live တင္ခဲ့ပါတယ္။ေမ ၂၅ ရက္ျဖစ္စဥ္အတြက္  အဆိုပါဆရာဝန္ အမ်ိဳးသမီးကေ႐ႊျပည္သာၿမိဳ႕နယ္ မီးသတ္ ဦးစီးမႉး အပါအဝင္ မီးသတ္ဝန္ ထမ္း ၁၀ ဦးကိုရာဇသတ္ႀကီးပုဒ္ မ ၃၅၄(ကိုယ္ထိလက္ေရာက္ က်ဴးလြန္မႈ)၊ ပုဒ္မ ၅၀၆ (ၿခိမ္းေျခာက္မႈ)၊ ပုဒ္မ ၅၀၉(ကာယိေျႏၵ ေစာ္ကားရန္ ႀကံ႐ြယ္ေျပာဆိုမႈ)၊ ပုဒ္မ ၁၁၄ (ျပစ္မႈက်ဴး လြန္ျခင္းကိုအား ေပးကူညီမႈ)ျဖင့္ ေ႐ႊျပည္သာၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ခဲ့ပါတယ္။

လူမႈကြန္ရက္မွာေတာ့ အဆိုပါ မီးသတ္နဲ႔ စကားမ်ားတဲ့ ဗီဒီယိုဖိုင္ကအေတာ္ေလးပ်ံႏွံခဲ့သလိုtrollတဲ့ ပုံ ေတြ၊ စာေတြ ႐ုပ္ေျပာင္ေတြ။ဖိုတိုကြန္မန႔္ေတြ၊ဆဲဆိုမႈေတြနဲ႔ ပလူပ်ံခဲ့ပါတယ္။ မီးသတ္႐ုံးေရွ႕လာရပ္လို႔ ဖယ္ ခိုင္းရာကေန မီးသတ္ကို အမႈဖြင့္ခဲ့တဲ့အတြက္ ျမန္မာႏိုင္ငံမီးသတ္တပ္ ဖြဲ႕ကလည္း အဆိုပါအမ်ိဳးသမီး ကိုေမလ ၂၈ ရက္မွာပုဒ္မ ၃၅၃(တာဝန္ဝတၱရားေဆာင္႐ြက္ ေနေသာျပည္သူ႔ဝန္ထမ္းအားဟန႔္တားရန္ ႏိုင္ထက္စီးနင္းျပဳ က်င့္မႈ)၊ ပုဒ္မ ၂၉၄(မမွန္မကန္ ေသာ၊ ညစ္ညမ္းေသာသီခ်င္း၊ စာသား၊ အေျပာအဆိုမ်ားအသုံးျပဳ မႈ)၊ ပုဒ္မ ၁၈၂(ျပည္သူ႔ဝန္ထမ္းနစ္နာေစရန္ ရည္႐ြယ္ခ်က္ျဖင့္ ျပည္သူ႔ဝန္ထမ္းအားဥပေဒအရအာဏာကိုအသုံးျပဳေစရန္ ရည္ ႐ြယ္၍ မမွန္မကန္ သတင္းေပး ျခင္း)၊ ပုဒ္မ ၂၁၁(နစ္နာေစရန္ ရည္႐ြယ္၍ ျပစ္မႈက်ဴးလြန္သည္ ဟုမမွန္ မကန္ စြပ္စြဲျခင္း)၊ ပုဒ္မ ၅၀၀ (အသေရဖ်က္မႈ) တို႔နဲ႔ ျပန္အမႈဖြင့္ခဲ့ပါတယ္။

ယခုျဖစ္ရပ္ေၾကာင့္ လက္တေလာလူမႈကြန္ရက္မွာေက်ာ္ၾကားခဲ့တဲ့ အဆိုပါအမ်ိဳးသမီးနဲ႔ မီးသတ္နဲ႔ အမႈ မွာအတြက္ ဒီအမႈကဘယ္လို ျဖစ္လာဦးမလဲဆိုတာဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းကယခုတစ္ပတ္မွာျဖစ္ခဲ့တဲ့ တရားခံႏွစ္ ဦးကိုအခ်ဳပ္မွ လႊတ္ေပးမည္ဆိုၿပီးေငြေတာင္းတဲ့ ေတာင္ငူခ႐ိုင္ ဥပေဒအရာရွိနဲ႔ ဆြာနယ္ေျမစခန္းမႉး ကိုအဂတိလိုက္စားမႈ ဥပေဒနဲ႔ အမႈဖြင့္ အေရးယူထားတဲ့ သတင္း၊ ရွမ္းႏွင့္ ရခိုင္အသင္းပြဲစဥ္မွာအစီအစဥ္ေၾကညာသူရဲ႕ လူမ်ိဳးေရးပါတဲ့ အာေမဍိတ္သံေၾကာင့္ ျမဝတီ ႐ုပ္သံက ေတာင္းပန္ခဲ့ရတဲ့ သတင္း၊ လမ္းမလြတ္လိုေရလႉသြားတဲ့ ကားကိုဆဲဆိုျခင္း၊ ကားမွန္႐ိုက္ခြဲခဲ့တဲ့ တပ္မေတာ္မွ ဗိုလ္ႀကီးတစ္ဦး ျပန္လည္ေတာင္းပန္တဲ့ သတင္း၊ အုန္းေခ်ာေက်း႐ြာဂ်ပန္ လွ်ိဳေက်ာက္လုပ္ ကြက္မွာေက်ာက္ေတာင္ၿပိဳက်လို႔  ႏွစ္ဦးေသဆုံးကာ ႏွစ္ဦးဒဏ္ရာရရွိတဲ့ သတင္း၊ထိုင္းႏိုင္ငံဖူးခက္ၿမိဳ႕ ပါ ေသာင္ကမ္းေျခမွာျမန္မာလုပ္သား ၁၀၀ ခန႔္ပါဝင္ေသာရန္ပြဲျဖစ္ပြားတဲ့ သတင္းေတြထဲသတိထား ေစာင့္ ၾကည့္စရာသတင္းျဖစ္ခဲ့တယ္ဆိုတာတင္ျပရင္းယခုတစ္ပတ္ျပည္တြင္းသတင္းသုံးသပ္ခ်က္ကိုဒီမွာဘဲရပ္လိုက္ ခ်င္ပါတယ္။

မာလင္း
ေမ - ၃၁