【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 မာဆပ်လား အတွင်းဝန်ရုံးလားနှင့် ငြင်းခုံရတဲ့ ရက်သတ္တပတ်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 မာဆပ်လား အတွင်းဝန်ရုံးလားနှင့် ငြင်းခုံရတဲ့ ရက်သတ္တပတ်

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ သတင်းဖတ်သူတွေ စောင့်ကြည့်ရတဲ့ စိတ်ဝင်စားစရာ သတင်းတွေရှိခဲ့ပါတယ်။နေပြည်တော်မှာ ကျင်းပခဲ့တဲ့ NCA လေးနှစ်ပြည့်ပွဲ သတင်းတွေက ငြိမ်းချမ်းရေးကို စောင့်မျှော်ရတဲ့ ပြည်သူတွေ စောင့်ကြည့်ခဲ့ရတဲ့ သတင်းတွေဖြစ်ခဲ့သလို ကျန်းမာရေးစင်တာအမည်နဲ့ အတွင်းဝန်ရုံးဟောင်း သတင်းကလည်း ယခုရက်သတ္တပတ်မှာ အလှုပ်ခတ်ဆုံး သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ဒီလိုသတင်းတွေအပြင် ရခိုင်ပြည်နယ် ဘူးသီးတောင်မှာဖြစ်ခဲ့တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA  အဖွဲ့က ရွှေနဒီအမြန်ရေယာဉ်ကို တားဆီးကာ မီးသတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ခရီးသည်တွေကို ပြန်ပေးဆွဲခံရတဲ့ သတင်းရဲ့ နောက်ဆက်တွဲ သတင်းတွေကလည်း အများပြည်သူကို စိတ်ဝင်စားမှု ပိုမိုစေခဲ့ပါတယ်။

အတွင်းဝန်များရုံးက မာဆပ်လား၊ ကျန်းမာရေးစင်တာလား

ယခုရက်သတ္တပတ်သတင်းတွေထဲ လှုပ်လှုပ်ခတ်ခတ်နဲ့ အငြင်းပွားစရာအဖြစ်ဆုံး သတင်းက ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ၉ ဦး ကျဆုံးခဲ့တဲ့ ဝန်ကြီးများရုံးကို စင်ကာပူကုမ္ပဏီတစ်ခုက ကျန်းမာရေးစင်တာ လာဖွင့်တဲ့ပြဿနာပါဘဲ။အဆိုပါ မြန်မာနိုင်ငံရေးဖြစ်စဉ်မှာ အထင်ကရနေရာဖြစ်တဲ့အပြင် ရန်ကုန်မြို့မှာ နေရာကောင်းဖြစ်နေတဲ့ အဆိုပါသမိုင်းဝင်နေရာကို ယခင်အစိုးရသက်တမ်းကုန်ခါနီးမှာ တက်သုတ်ရိုက် အငှားချထားခဲ့တဲ့ နေရာတွေထဲ ပါဝင်ခဲ့ပါတယ်။သတင်းတွေအရ ယခင်စစ်အစိုးရလက်ထက် တာဝန်ယူခဲ့တဲ့ ထိပ်ပိုင်းလူကြီးတစ်ဦးနဲ့ ပတ်သက်တဲ့ အဝန်း၀ိုင်းကနေရခဲ့ပြီး စျေးဦးပေါက်အနေဖြင့် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ညဘက်ဧည့်ခံပွဲလုပ်ခဲ့လို့ တော်တော်လေးဆူညံခဲ့ဖူးတဲ့ နေရာတစ်ခုပါ။

ယခုအစိုးရလက်ထက်မှာ ဒီနေရာကို ပြခန်းတွေ၊ လက်ဖက်ရည်ဆိုင်တွေ ဖွင့်ထားခဲ့ရာကနေ ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးရက်သတ္တပတ်မှာ အဆိုပါရုံးဝင်းထဲက အထင်ကရ အဆောက်အဦးထဲ ကျန်းမာရေးစင်တာလို့ခေါ်တဲ့ အနှိပ်ပြုစုပေးတဲ့ ဝန်ဆောင်မှု Spa တွေပါတဲ့ De Beau Wellness Centre ကို ဖွင့်လှစ်တဲ့ ကြေငြာတွေ လူမှုကွန်ရက်မှာ ပေါ်ထွက်လာခဲ့တာကနေ ဒီပြဿနာဟာ နေ့ချင်းညချင်း အများပြည်သူကြား လက်မခံနိုင်တဲ့ ပြဿနာတစ်ခုဖြစ်လာခဲ့တာပါ။သတင်းတွေအရတော့ ငှားရမ်းလုပ်ကိုင်ခွင့်ရရှိထားသည့် အနော်မာကုမ္ပဏီနှင့် Spa ဖွင့်လှစ်သည့်ကုမ္ပဏီ De Beau Wellness Centre Myanmar တို့ကြား နားလည်မှုနဲ့ဖွင့်ခဲ့တာ ဆိုပါတယ်။

အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့ ဝန်ကြီးများရုံးဟောင်းအတွင်း၌ De Beau Wellness Centre Myanmar အမည်ရှိ အလှအပနှင့် အနှိပ်ဝန်ဆောင်မှုပေးသည့် (SPA) စင်တာကို ဖွင့်လှစ်ခဲ့ရာမှာ  စင်ကာပူနှင့် မြန်မာအနုပညာရှင်များ တက်ရောက်ခဲ့တဲ့အတွက် ဝေဖန်စရာတွေ ဖြစ်ခဲ့ပါတယ်။အဆိုပါ ဖွင့်လှစ်မှုနဲ့ ခွင့်ပြုမှုကို သက်ဆိုင်ရာမြို့နယ်က တာဝန်ရှိသူတွေ မသိခဲ့သလို လွှတ်တော်ကိုယ်စားလှယ်တွေလည်း မသိခဲ့ပါဘူး။

ဒီအတွက် လူမှုကွန်ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် သမိုင်းဝင် ဝန်ကြီးများရုံးဟောင်းအတွင်း အနှိပ်ခန်းများ ပါဝင်သည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ပြုသည့်အပေါ် ပြည်သူလူထုအကြား  ဝေဖန်မှုများထွက်ပေါ်ခဲ့မှ စုံစမ်းမှုတွေ စစ်ဆေးမှုတွေ ပေါ်ထွက်ခဲ့ပြီး သက်ဆိုင်ရာက မူလ အနော်မာကုမ္ပဏီနဲ့ ချုပ်ထားတဲ့ စာချူပ်ကို ပြန်လည်စစ်ဆေးရတဲ့အထိ မဆီမလျှော် ဖြစ်လာခဲ့ပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က အဆိုပါကဏ္ဍ တာဝန်ယူထားတဲ့ ဝန်ကြီးကတော့ ကုမ္ပဏီကို စာချုပ်ပါ အချက်အလက်များ ကျော်လွန်လုပ်ကိုင်ခြင်း ရှိ၊ မရှိ စိစစ်မယ်လို့ဆိုပြီး စာချုပ်ထဲ လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုထားပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း၏ လုပ်ငန်းလိုင်စင် မရယူထားရင် အရေးယူမယ်ပြောခဲ့သလို စာချုပ်က ခွင့်မပြုထားခဲ့ရင် လွှတ်တော်က ဆုံးဖြတ်တဲ့အတိုင်း ဆောင်ရွက်မယ် ပြောခဲ့ပါတယ်။လောလောဆယ်မှာ သက်ဆိုင်ရာက အဆိုပါ Spa ကို ယခုလကုန်မှာဘဲ ပိတ်ခိုင်းခဲ့ပါတယ်။မကြာမီမှာ ဝန်ကြီးများရုံးဝင်းအတွင်း အနှိပ်ခန်းများပါဝင်သည့် စင်တာဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများအားလုံးကို တိုင်းလွှတ်တော်သို့ ခေါ်ယူ၍ ကြားနာပွဲပြုလုပ်မှာဖြစ်ပြီး ဘာတွေဖြစ်လာမလဲ၊ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဘယ်သူက တာဝန်ယူမလဲ ဘယ်လိုအရေးယူမလဲဆိုတာကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဝန်ကြီးများရုံးဆိုသည်မှာ နိုင်ငံ၏ အထွတ်အမြတ်ထားရာ သမိုင်းဝင်နေရာတစ်ခု ဖြစ်သကဲ့သို့ နိုင်ငံစတင်ဖြစ်တည်ရာ ပြယုဂ်တစ်ခုလည်းဖြစ်ပြီး (၁၉၄၈) ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးအခမ်းအနားနှင့် အလံတင်ပွဲပြုလုပ်ခဲ့တဲ့ အဆိုပါနေရာဟာ ကုမ္ပဏီတစ်ခုရဲ့ အကျိုးစီးပွားဖြစ်ဖို့ အသုံးချခံလိုက်ရတဲ့အထိ ဆိုးဆိုးဝါးဝါး သမိုင်းတန်ဖိုးမဲ့သွားတာက လက်မခံစရာပါ။

အဆိုပါအဆောက်အဦးက (၁၈၈၉) ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး (၁၉၀၅) ခုနှစ်၌ ပြီးစီးခဲ့တာဖြစ်လို့ နှစ်တစ်ရာကျော်နေပါပြီ။သမိုင်းတန်ဖိုးကြီးတဲ့ အဆိုပါအဆောက်အဦးရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာရမလဲ၊ နောက်ဆုံးမှာ ဒီလိုဘဲပြီးသွားမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ယခုရက်ထဲ နောက်ထပ် အများပြည်သူ စိတ်ဝင်စားခဲ့တဲ့ သတင်းကတော့ YBS နဲ့ ဆိုင်တဲ့ သတင်းတစ်ခုပါဘဲ။အရပ်သားအစိုးရသစ်လက်ထက်မှာ သိသာတဲ့အရွေ့ ဖြစ်ခဲ့တဲ့ ရန်ကုန်အများပြည်သူသယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်တဲ့ မထသကို ပယ်ဖျက်ပြီး YBS အဖြစ် ပြေးဆွဲခဲ့ရာမှာ မထသအစား  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကို ဖွဲ့ကာ လေအေးစက် ဘတ်စ်ကားတွေနဲ့ တင်သွင်းပြေးဆွဲခဲ့ပါတယ်။

ဝေဖန်မှုတွေ များစွာထွက်ခဲ့သလို ရန်ကုန်မြို့နေ အများပြည်သူ လက်ခံတဲ့အတွက် အသားကျလာတဲ့ ဒီစနစ်မှာ အဖွဲ့ကိုထိန်းကျောင်းဖို့ လူတွေထည့်ရာမှာ ယခင်လူတွေ နည်းနိုင်သမျှနည်းအောင် ပြန်ဖွဲ့စည်းခဲ့ရာမှာ အားနည်းချက်တွေရှိခဲ့တဲ့အပြင် ဒီမိုကရေစီခေတ်ဆိုတဲ့အတိုင်း ဝေဖန်ထောက်ပြမှုကလည်း အလွန်အကျွံဖြစ်ခဲ့တဲ့အတွက် လုပ်တဲ့ကိုင်တဲ့သူတွေအတွက် ခက်ခဲတဲ့လုပ်ငန်းထဲ ပါခဲ့ပါတယ်။

ယခုရက်သတ္တပတ်ထဲ ကျင်းပတဲ့ YUPT အများပိုင်ဘတ်စ်ကားကုမ္ပဏီ နှစ်ပတ်လည်အစည်းအဝေးမှာ အဆိုပါပြဿနာတွေက ထပေါက်ကွဲခဲ့တဲ့အတွက် အများပြည်သူအတွက် လက်ရှိ YBS ဘတ်စ်ကား အခြေအနေကို လှစ်ဟပြခဲ့ပါတယ်။အဆိုပါအစည်းအဝေးက ပုံမှန်အားဖြင့် ဒါရိုက်တာအဖွဲ့အသစ် ရွေးချယ်သည့်အစီအစဉ် ပါဝင်သော်လည်း ရှယ်ယာရှင်များက ရွေးချယ်ထားမှုအပေါ် လက်မခံဘဲ ၎င်းတို့ဆန္ဒ ပါဝင်သည့် ရွေးချယ်ပွဲ ပြန်လည်ပြုလုပ်ပေးရန် တောင်းဆိုခဲ့ပါတယ်။အဆိုပါ အများပိုင်ကုမ္ပဏီမှာ ရန်ကုန်တိုင်းအစိုးရက ကျပ် ၃၅ ဘီလျံ စိုက်ထည့်ထားပြီး ရှယ်ယာအများဆုံးပါဝင်ကာ ပြင်ပရှယ်ယာရှင်ဦးရေ ၃၀၀ ခန့်က  ရှယ်ယာထည့်ဝင်ငွေ ကျပ်ငါးဘီလျံကျော် ထည့်ဝင်ကာ ပြင်ပမှ ကုမ္ပဏီချေးငွေ လေးဘီလျံ ချေးယူထားခဲ့တယ် ဆိုပါတယ်။

YBS ပြေးဆွဲမှုမှာ ယာဉ်စီးရေ ၁,၀၀၀ ကျော်ဖြင့် ပြေးဆွဲနေတဲ့ ယာဉ်စီးရေအများဆုံး ကုမ္ပဏီဖြစ်ပြီး သက်တမ်း ၃ နှစ်အတွင်း သိန်း ၂၀၀ ထည့်ထားသည့် ရှယ်ယာရှင်အတွက် အမြတ်ငွေအဖြစ်နှစ်ကြိမ် ခြောက်သိန်းသာရခဲ့ကာ ကုမ္ပဏီဘက်ကတော့ ပြင်ပမှချေးငွေ ကျပ်လေးဘီလျံအတွက် ပြန်ဆပ်နေလို့ ယခုအခါမှာ ကျပ်သိန်း ၈၀၀၀ သာ ကျန်တော့တယ် ဆိုပါတယ်။

အစည်းအဝေးမှာ ကုမ္ပဏီရှယ်ယာရှင်များက ဦးဇော်ထွန်း ကို နုတ်ထွက်ပေးရန် ခန်းမအတွင်း အော်ဟစ်၍ တောင်းဆိုခဲ့သလို တရားစွဲဆိုမယ်လို့လည်း ပြောခဲ့ပါတယ်။ဒါ့အပြင် ကုမ္ပဏီ၏ သုံးနှစ်တာကာလအတွင်း အကျိုးအမြတ်မရရှိသေးခြင်းနှင့် ပတ်သက်၍ အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်ပေးရန် (သို့မဟုတ်) ရှယ်ယာများအားလုံးကို  ပြန်လည်ဝယ်ယူပေးရန် ရှယ်ယာရှင် ၁၆၀ ကျော်က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လွှတ်တော်သို့ တင်ပြတောင်းဆိုထားတယ် ဆိုတဲ့အတွက် YBS စနစ်မှာ အဓိကယာဉ်အစီးရေအများဆုံး YUPT ကုမ္ပဏီ ဂယက်ကနေ ဘာတွေဆက်ဖြစ်လာမလဲ၊ ဒီဂယက်ကြောင့် အများသယ်ယူပို့ဆောင်ရေးအပိုင်းမှာ ယာဉ်စီးခ စျေးနှုန်းပြောင်းလဲတာတွေ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

အဆိုပါသတင်းက ယခုရက်သတ္တပတ်ထဲ လှုပ်ခတ်ခဲ့တဲ့ သတင်းတွေထဲက ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းပြီး လမ်းမတော်နှင့် ဗိုလ်တထောင် မြို့နယ်များအတွင်း ထည့်သွင်းရန် စီစဉ်နေမှုကို ဆိပ်ကမ်းမြို့နယ်နေ ပြည်သူအချို့၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေက ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့တဲ့ သတင်း၊ တီကျစ် ကျောက်မီးသွေးစက်ရုံနှင့် ဧဒင်မိုင်းတွင်း ပိတ်သိမ်းပေးရန် ဒေသခံတိုင်းရင်းသားများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တီကျစ်မှာ ဆန္ဒပြခဲ့တဲ့သတင်း၊ တပ်မတော်ကို အကြည်ညိုပျက်စေမှုနဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးကို အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့တဲ့သတင်း၊ ငါးတောင်းထမ်း အလုပ်သမားခြောက်ဦးကို မူလဌာန၌ ပြန်လည်ခန့်အပ်ပေးဖို့ ကြည့်မြင်တိုင်ဈေးရှိ ငါးထမ်းလုပ်သား ၅၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့တဲ့သတင်း၊ ကျောက်မထွက်တဲ့ နေရာတွေမှာ ဒေသခံတွေကို နေရာချပေးမယ်ဆိုလို့ မိုးကုတ်ဒေသခံတွေ ဆန္ဒပြခဲ့တဲ့ သတင်းတွေထဲ ဆက်စောင့်ကြည့်ရဦးမယ့် သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

ကြိုးတုပ်ရိုက်သတ်တဲ့အထိ ဆိုးလာတဲ့ ရခိုင်လက်ရှိအခြေအနေ  

ယခုရက်သတ္တပတ်ထဲ အပြောများခဲ့သလို လူမှုကွန်ရက်ကပါ မဖော်ပြဘဲ တားခဲ့ရတဲ့ ဗီဒီယိုဖိုင်နဲ့ သတင်းတွေရှိခဲ့ပါတယ်။ဒါက ရခိုင်ဘက်မှာဖြစ်တဲ့ ဖြစ်ရပ်တွေပါ။ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်က စစ်တွေမြို့မှ ရသေ့တောင်ဘက်သို့ ထွက်ခွာလာသည့် ရွှေနဒီ အမြန်ရေယာဉ်ကို ရခိုင်လက်နက်ကိုင်တပ် AA က လမ်းတွင် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်မှာ လူ ၁၅ ယောက် ပြန်လွတ်လာခဲ့ပါတယ်။

ဒီထဲမှာ ပြန်လွတ်လာတဲ့သူတွေထဲက ရဲတပ်ဖွဲ့ဝင်တစ်ဦးက  ပြန်ပြောခဲ့ရာမှာ အမြန်ရေယာဉ် လက်မှတ်ဝယ်စဉ် ရာထူးနာမည်ပြောပြီး လက်မှတ်ဝယ်တဲ့ တပ်ဘက်က အရာရှိတစ်ဦးကို ပြန်ပေးဆွဲတဲ့ ရခိုင်လက်နက်ကိုင်တွေက နာမည်ခေါ်ပြီး ဖမ်းတာကနေ ဖမ်းဆီးထားတဲ့သူတွေကို လက်ပြန်ကြိုးတုပ်ပြီး ပစ်ခတ်ကာ ရေထဲကန်ချတာကနေ လွတ်မြောက်လာခဲ့တာလို့ ပြောခဲ့ပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေကို  ရခိုင်လက်နက်ကိုင်တွေက တခြားမော်တော်နဲ့ ခေါ်ဆောင်ဖို့ကြိုးစားစဉ် တပ်ဘက်က ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဖမ်းဆီးခဲ့တဲ့သူတွေ အများစုနဲ့ ရခိုင်လက်နက်ကိုင်တွေ သေဆုံးခဲ့တယ်ဆိုပြီး ရခိုင်လက်နက်ကိုင်တပ် AA က ထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ချက်မှာ ရဟတ်ယာဉ်သုံးစီးပေါ်မှ စက်သေနတ် ရော့ကတ်များဖြင့် အလှည့်ကျ မရပ်မနား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စက်လှေသုံးစီးတွင် ပါလာသူများအားလုံး (စစ်ဆေးရန်ခေါ်ခဲ့သူများနှင့် မိမိတို့ရဲဘော်အချို့) မှာ သေဆုံးခဲ့ရပြီး စက်လှေနှစ်စီးမှာ အလုံးစုံပျက်စီးခဲ့ရတယ် ဆိုပါတယ်။ပြည်ထဲရေးဘက်က ထုတ်ပြန်ချက်မှာတော့ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦးနှင့် အရပ်သား ၁၃ ဦး စုစုပေါင်း ၅၈ ဦးကို ဖမ်းဆီးခဲ့တယ် ဆိုပါတယ်။

ယခုလို အမြန်ရေယာဉ်ပေါ်ပါ တပ်ဘက် အရပ်ဘက် ဝန်ထမ်းတွေကို ရွေးပြီးဖမ်းဆီးခံရတဲ့အတွက် သတင်းပေါက်ကြားမှုနဲ့ သတင်းပေးမှုအပေါ် သံသယနဲ့ ရွှေနဒီရေယာဉ်ပိုင်ရှင်နဲ့ ဝန်ထမ်းခုနှစ်ဦးကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးကာ ဖမ်းဆီးခဲ့ပါတယ်။ဒီရက်ထဲမှာဘဲ လူမှုကွန်ရက်မှာ လူတစ်ဦးအား လက်ပြန်ကြိုးတုတ်ကာ တုတ်ဖြင့်ရိုက်သတ်တဲ့ ဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့ခဲ့တဲ့အတွက် လူမှုကွန်ရက်မှာ တုန်လှုပ်စရာဖြစ်ခဲ့ပါတယ်။

ဒါဟာ နေရာအထိအကျနဲ့ အချိန်မပါဝင်ပေမယ် တစ်မိနစ်စာ ရုပ်သံဖိုင်မှာ ပါဝင်တဲ့ လူတွေပြောတဲ့ ရခိုင်စကားသံနဲ့ လက်ပြန်ကြိုးတုတ်ခံထားရသူသည် အသတ်မခံရမီ “ကျွန်တော့်အမေနဲ့ အစ်ကိုဆီကို ဝိဉာဉ်ဘဝနဲ့ သွားနိုင်ပါစေ၊ ရခိုင်တပ်မတော်ကြီးလည်း ငြိမ်းချမ်းရေးရပါစေ” ဟု ဆုတောင်းခဲ့သည့် အသံကြောင့် ဒါဟာ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်တယ်လို့ ယူဆရမလို ဒီဖြစ်ရပ်က ရခိုင်လက်နက်ကိုင်အဖွဲ့က သူတို့နဲ့ သဘောထားမတူတဲ့သူ တစ်ဦးကို သတ်ဖြတ်တာလို့ ယူဆစရာရှိပါတယ်။

ရခိုင်လက်နက်ကိုင်တပ် AA စတင်ထကြွခဲ့တဲ့ အချိန်ကတည်းက အရပ်သားပစ်မှတ်တွေပါမချန် သတ်ဖြတ်တာရှိသလို  အရပ်ဘက်ဝန်ထမ်းတွေကိုပါ ဖမ်းဆီးခဲ့တာတွေ ရှိခဲ့ပါတယ်။မကြာခင်က မီးသတ်သင်တန်းက ပြန်လာတဲ့ မီးသတ်ဝန်ထမ်းတွေကို ဖမ်းဆီးခဲ့တာမှာ ပြန်မလွှတ်သေးတာတွေရှိသလို ဒေသတွင်းအုပ်ချုပ်ရေးမှာ အဓိကကျတဲ့ ရဲတပ်ဖွဲဝင်တွေကို သတ်ဖြတ်တာတွေရှိတဲ့အတွက် ဒေသတွင်း အုပ်ချုပ်ရေးယန္တရား ပျက်ပြားအောင် လုပ်ဆောင်နေသလို ဖြစ်တဲ့အတွက် ပြည်နယ်အတွင်း လုံခြုံမှုအခြေအနေက စိုးရိမ်စရာပါ။

မကြာခဏ မိုင်းခွဲတာတွေ၊ ဖမ်းဆီးတာတွေကြောင့် လတ်တလောမှာ ဒေသခံတွေဘဲ အထိနာနေတဲ့အတွက် ရခိုင်အရေးက ဘယ်လိုတွေ ဆက်ပြီးဆိုးဝါးလာဦးမလဲဆိုတာ စိတ်ပျက်စွာနဲ့ စောင့်ကြည့်ရဦးမယ့် အခြေအနေပါဘဲ။

ဒီသတင်းတွေက ယခုရက်သတ္တပတ်မှာဖြစ်ခဲ့တဲ့ သတင်းတွေထဲက ဘုရားဖူး Light Truck ကားတစ်စီး ရွာငံမြို့နယ်မှာ လမ်းဘေးချောက်ထဲ ထိုးကျလို့  ၁၅ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ ပေါင်မြို့နယ်မှာ အသက် (၁၄) နှစ်အရွယ် မိန်းကလေးကို ပထွေးနဲ့ အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်လို့ ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်အရေးယူထားတဲ့ သတင်း၊ ဆရာမများကို ဒေသခံများက ရည်းစားစကားပြောရန် ပြောဆိုခဲ့မှုအတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) အလုပ်အမှုဆောင်များရှေ့တွင် ဆရာ၊ ဆရာမထု တစ်ရပ်လုံးကို တောင်းပန်ခဲ့တဲ့သတင်း၊ နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ်ထဲမှာ ဆိုင်ကယ်ဖြင့် လမ်းကြုံလိုက်လာတဲ့ အသက် (၁၃) နှစ်ရွယ် မိန်းကလေးကို အဓမ္မပြုကျင့်တဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့တဲ့သတင်း၊ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ကင်ပွန်းတောင်ဆည်ထဲ အမျိုးသမီးငယ်တစ်ဦး ဆဲလ်ဖီရိုက်စဉ် ဆည်အတွင်း ပြုတ်ကျသေဆုံးခဲ့တဲ့ သတင်း၊ မီးနီရပ်စောင့်နေတဲ့ ဆိုင်ကယ်ကို နောက်မှ ပြိုင်ကားဖြင့်ဝင်တိုက်လို့ လူငယ်နှစ်ဦး သေဆုံးခဲ့မှုအတွက် ပြိုင်ကားမောင်းနှင်သူကို အလုပ်နှင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့တဲ့သတင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ စိုက်ခင်းလုပ်သားနှစ်ဦးက ဆဲဆိုမောင်းထုတ်တဲ့ အသက် ၆၂ နှစ်အရွယ် ဖရဲစိုက်ခင်းပိုင်ရှင် တရုတ်နိုင်ငံသားကို သတ်ဖြတ်လိုက်တဲ့ သတင်းတွေထဲ စောင့်ကြည့်ရမယ့် သတင်းတွေဖြစ်ခဲ့ပါတယ်။

အငြင်းအခုံနှင့် ပြည်တွင်းငြိမ်းချမ်းရေး

ယခုရက်ထဲ နောက်ထပ်စောင့်ကြည့်ခဲ့ရတဲ့ သတင်းက နေပြည်တော်မှာ ကျင်းပတဲ့ NCA လေးနှစ်မြောက် အခမ်းအနား သတင်းတွေပါ။အခမ်းအနား မစတင်ကတည်းက ဒီအခမ်းအနားကို တက်ရောက်ဖို့ရှိကာ မိန့်ခွန်းပြောဖို့ရှိတဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ် မတက်ရောက်နိုင်ခဲ့တဲ့ ကိစ္စကနေ အများပြည်သူအတွက် သတိထားမိစရာ ဖြစ်ခဲ့ပါတယ်။NCA လေးနှစ်မြောက် အခမ်းအနား လာမယ့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်၏ လွယ်တိုင်းလျန်း-တောင်ကြီး ခရီးစဉ်ကို တပ်မတော်ဘက်က အချိန်နီးကပ်မှ ဟန့်တားတယ်ဆိုပြီး အထင်လွဲမှုတွေကနေ ဒီကိစ္စက အခမ်းအနားကို ဂယက်ရိုက်ခဲ့ပါတယ်။

ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) ဘက်က‌နေ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရာမှာ ခရီးစဉ်ချောမွေ့စေရေး နိုင်ငံတော်သမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား မှာကြားထားသော်လည်း ဟန့်တားခံရခြင်းဖြစ်တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ NCA လေးနှစ်မြောက် အခမ်းအနားအပြီးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြန်လည်ရှင်းလင်းခဲ့ပါတယ်။   

တပ်မတော်ဘက်က ဒီကိစ္စမှာ လာရောက်မယ့်ခရီးစဉ်နဲ့ ပတ်သက်ပြီး နီးကပ်မှ သမ္မတရုံးကနေ အကြောင်းကြားစာရခဲ့သလို မူလစီစဉ်ထားသည့် လမ်းကြောင်းအတိုင်းသွားပါက လုံခြုံရေးဆိုင်ရာ ပြဿနာများ ရှိတဲ့အတွက် လေယာဉ်နဲ့ ခေါ်မယ်ဆိုတာကို လက်မခံခဲ့တာလို့ ပြောခဲ့ပါတယ်။RCSS ၏ မူလစီစဉ်သည့် ခရီးစဉ်ဖြစ်သည့်  လွယ်တိုင်းလျန်း-တောင်ကြီး လမ်းကြောင်းတွင် RCSS အဖွဲ့နှင့် ပဋိပက္ခဖြစ်ခဲ့သည့် ပအိုဝ်းအဖွဲ့ ရှိနေခြင်း၊ မကြာသေးမီက မူးယစ်ဆေးဝါး ဖမ်းဆီးခဲ့သည့် နားပွဲဒေသမှ အဖွဲ့တစ်ခုရှိနေခြင်းကြောင့် လုံခြုံရေးစိတ်ချရခြင်း မရှိတာကြောင့်လို့ ပြောခဲ့သလို RCSS ခရီးစဉ်ကိစ္စကို တပ်မတော်ဘက်က အသေးစိတ်ပြန်လည်ရှင်းလင်းရန် ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီလိုမလာရောက်တဲ့အတွက် နှစ်ပတ်လည်ပွဲအပြီး ကျင်းပရန် ပြင်ဆင်ထားသည့် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် အဖွဲ့ခေါင်းဆောင်များ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။

အောက်တိုဘာ ၂၈ ရက်က ကျင်းပတဲ့ NCA လေးနှစ်မြောက် အခမ်းအနားမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ အသီးသီးစကားပြောခဲ့ပါတယ်။နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဒီအခမ်းအနားမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ဘယ်လိုရှေ့ဆက်သွားမယ်၊ စတုတ္ထအကြိမ် ကျင်းပမယ့် ပင်လုံညီလာခံမှာ နောက်ထပ်သဘောတူညီချက်တွေကို ထပ်မံချုပ်ဆိုဖို့၊ ၂၀၂၀ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘုံသဘောတူညီချက်ယူဖို့ ဆိုတဲ့ အချက်တွေကို ပြောခဲ့သလို အဲဒီဘုံလုပ်ငန်းစဉ် ၃ ရပ်ကို တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်ကြီးတွေက စတင်ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

ကွဲပြားမှုတွေ၊ နားလည်မှုတွေ လွဲခဲ့တာတွေရှိပေမယ့် မကျင်းပဖြစ်ခဲ့တဲ့ အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် အဖွဲ့ခေါင်းဆောင်များ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို အမြန်ဆုံးကျင်းပဖို့ သဘောတူခဲ့ပါတယ်။

နောက်ထပ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မျှော်လင့်နေပေမယ့် တိုက်ပွဲသံတွေ ပြန်ကြားနေရတဲ့အတွက် လာမယ့် ၂၀၂၀ မှာ ပြည်တွင်းငြိမ်းချမ်းရေးက လက်လှမ်းမှီစရာ အခွင့်အလမ်းနည်းနေပါတယ်။ဘာတွေဆက်ဖြစ်လာဦးမလဲ၊ အကောင်းဘက်ကို သူတို့ပြောသလို ရွှေ့လာပြီလားဆိုတာ ဆက်စောင့်ကြည့်ရဦးမှာပါ။

ဒီသတင်းတွေက  မန္တလေးမှာ တစ်ပတ်ကြာပြုလုပ်ခဲ့တဲ့ မြန်မာကျပ်ငွေနဲ့ ကျောက်မျက်ရတနာ ရောင်းချပွဲမှာ ကျပ်သိန်းပေါင်း သုံးသိန်းကျော်ဖိုး ရောင်းချနိုင်ခဲ့တဲ့သတင်း၊ မန္တလေးမြို့ရှိ  မြန်မာ့စီးပွားရေးဘဏ်ခွဲ (၃) နဲ့ ဧရာဝတီဘဏ် မန္တလေးဘဏ်ခွဲ (၁၁) မှာ ဆရာတော် ဦးဝီရသူ အပ်နှံထားတဲ့ ကျပ်သိန်း ၁၇၀ ကျော် တန်ဖိုးရှိ ဘဏ်အပ်ငွေစာရင်းနှစ်ခု စစ်ဆေးပေါ်ပေါက်လာတဲ့ သတင်း၊ ဝိဇ္ဇာ-သိပ္ ပံတက္ကသိုလ်များ၏  သုတေသနစာတမ်းပေါင်း နှစ်သောင်းနီးပါးတွင် စာတမ်းအတုပေါင်း ထောင်နှင့်ချီကာ တွေ့ရှိခဲ့လို့ ရာထူးပြန်လျှော့ရန် ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားတဲ့သတင်း၊ နိုဝင်ဘာ ၇ ရက် ရုံးချိန်းမှာ အင်းစိန်ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော် အမှု ပိတ်သင့်/ မပိတ်သင့် အမိန့်ချမှတ်သွားမယ့် သတင်းတွေထဲ အများပြည်သူ စိတ်ဝင်စားစရာ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
နို၀င်ဘာ - ၁

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ သတင္းဖတ္သူေတြ ေစာင့္ၾကည့္ရတဲ့ စိတ္ဝင္စားစရာ သတင္းေတြရွိခဲ့ပါတယ္။ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ NCA ေလးႏွစ္ျပည့္ပြဲ သတင္းေတြက ၿငိမ္းခ်မ္းေရးကို ေစာင့္ေမွ်ာ္ရတဲ့ ျပည္သူေတြ ေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းေတြျဖစ္ခဲ့သလို က်န္းမာေရးစင္တာအမည္နဲ႔ အတြင္းဝန္႐ုံးေဟာင္း သတင္းကလည္း ယခုရက္သတၱပတ္မွာ အလႈပ္ခတ္ဆုံး သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။ဒီလိုသတင္းေတြအျပင္ ရခိုင္ျပည္နယ္ ဘူးသီးေတာင္မွာျဖစ္ခဲ့တဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA  အဖြဲ႕က ေ႐ႊနဒီအျမန္ေရယာဥ္ကို တားဆီးကာ မီးသတ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ အပါအဝင္ ခရီးသည္ေတြကို ျပန္ေပးဆြဲခံရတဲ့ သတင္းရဲ႕ ေနာက္ဆက္တြဲ သတင္းေတြကလည္း အမ်ားျပည္သူကို စိတ္ဝင္စားမႈ ပိုမိုေစခဲ့ပါတယ္။

အတြင္းဝန္မ်ား႐ုံးက မာဆပ္လား၊ က်န္းမာေရးစင္တာလား

ယခုရက္သတၱပတ္သတင္းေတြထဲ လႈပ္လႈပ္ခတ္ခတ္နဲ႔ အျငင္းပြားစရာအျဖစ္ဆုံး သတင္းက ရန္ကုန္မွာရွိတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အပါအဝင္ အာဇာနည္ ၉ ဦး က်ဆုံးခဲ့တဲ့ ဝန္ႀကီးမ်ား႐ုံးကို စင္ကာပူကုမၸဏီတစ္ခုက က်န္းမာေရးစင္တာ လာဖြင့္တဲ့ျပႆနာပါဘဲ။အဆိုပါ ျမန္မာႏိုင္ငံေရးျဖစ္စဥ္မွာ အထင္ကရေနရာျဖစ္တဲ့အျပင္ ရန္ကုန္ၿမိဳ႕မွာ ေနရာေကာင္းျဖစ္ေနတဲ့ အဆိုပါသမိုင္းဝင္ေနရာကို ယခင္အစိုးရသက္တမ္းကုန္ခါနီးမွာ တက္သုတ္႐ိုက္ အငွားခ်ထားခဲ့တဲ့ ေနရာေတြထဲ ပါဝင္ခဲ့ပါတယ္။သတင္းေတြအရ ယခင္စစ္အစိုးရလက္ထက္ တာဝန္ယူခဲ့တဲ့ ထိပ္ပိုင္းလူႀကီးတစ္ဦးနဲ႔ ပတ္သက္တဲ့ အဝန္း၀ိုင္းကေနရခဲ့ၿပီး ေစ်းဦးေပါက္အေနျဖင့္ ဦးသိန္းစိန္ အစိုးရလက္ထက္မွာ ညဘက္ဧည့္ခံပြဲလုပ္ခဲ့လို႔ ေတာ္ေတာ္ေလးဆူညံခဲ့ဖူးတဲ့ ေနရာတစ္ခုပါ။

ယခုအစိုးရလက္ထက္မွာ ဒီေနရာကို ျပခန္းေတြ၊ လက္ဖက္ရည္ဆိုင္ေတြ ဖြင့္ထားခဲ့ရာကေန ၿပီးခဲ့တဲ့ ေအာက္တိုဘာ ေနာက္ဆုံးရက္သတၱပတ္မွာ အဆိုပါ႐ုံးဝင္းထဲက အထင္ကရ အေဆာက္အဦးထဲ က်န္းမာေရးစင္တာလို႔ေခၚတဲ့ အႏွိပ္ျပဳစုေပးတဲ့ ဝန္ေဆာင္မႈ Spa ေတြပါတဲ့ De Beau Wellness Centre ကို ဖြင့္လွစ္တဲ့ ေၾကျငာေတြ လူမႈကြန္ရက္မွာ ေပၚထြက္လာခဲ့တာကေန ဒီျပႆနာဟာ ေန႔ခ်င္းညခ်င္း အမ်ားျပည္သူၾကား လက္မခံႏိုင္တဲ့ ျပႆနာတစ္ခုျဖစ္လာခဲ့တာပါ။သတင္းေတြအရေတာ့ ငွားရမ္းလုပ္ကိုင္ခြင့္ရရွိထားသည့္ အေနာ္မာကုမၸဏီႏွင့္ Spa ဖြင့္လွစ္သည့္ကုမၸဏီ De Beau Wellness Centre Myanmar တို႔ၾကား နားလည္မႈနဲ႔ဖြင့္ခဲ့တာ ဆိုပါတယ္။

ေအာက္တိုဘာ ၂၆ ရက္က ရန္ကုန္ၿမိဳ႕ ဝန္ႀကီးမ်ား႐ုံးေဟာင္းအတြင္း၌ De Beau Wellness Centre Myanmar အမည္ရွိ အလွအပႏွင့္ အႏွိပ္ဝန္ေဆာင္မႈေပးသည့္ (SPA) စင္တာကို ဖြင့္လွစ္ခဲ့ရာမွာ  စင္ကာပူႏွင့္ ျမန္မာအႏုပညာရွင္မ်ား တက္ေရာက္ခဲ့တဲ့အတြက္ ေဝဖန္စရာေတြ ျဖစ္ခဲ့ပါတယ္။အဆိုပါ ဖြင့္လွစ္မႈနဲ႔ ခြင့္ျပဳမႈကို သက္ဆိုင္ရာၿမိဳ႕နယ္က တာဝန္ရွိသူေတြ မသိခဲ့သလို လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း မသိခဲ့ပါဘူး။

ဒီအတြက္ လူမႈကြန္ရက္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ား က်ဆုံးခဲ့သည့္ သမိုင္းဝင္ ဝန္ႀကီးမ်ား႐ုံးေဟာင္းအတြင္း အႏွိပ္ခန္းမ်ား ပါဝင္သည့္ ဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္ခြင့္ျပဳသည့္အေပၚ ျပည္သူလူထုအၾကား  ေဝဖန္မႈမ်ားထြက္ေပၚခဲ့မွ စုံစမ္းမႈေတြ စစ္ေဆးမႈေတြ ေပၚထြက္ခဲ့ၿပီး သက္ဆိုင္ရာက မူလ အေနာ္မာကုမၸဏီနဲ႔ ခ်ဳပ္ထားတဲ့ စာခ်ဴပ္ကို ျပန္လည္စစ္ေဆးရတဲ့အထိ မဆီမေလွ်ာ္ ျဖစ္လာခဲ့ပါတယ္။

ရန္ကုန္တိုင္းအစိုးရအဖြဲ႕က အဆိုပါက႑ တာဝန္ယူထားတဲ့ ဝန္ႀကီးကေတာ့ ကုမၸဏီကို စာခ်ဳပ္ပါ အခ်က္အလက္မ်ား ေက်ာ္လြန္လုပ္ကိုင္ျခင္း ရွိ၊ မရွိ စိစစ္မယ္လို႔ဆိုၿပီး စာခ်ဳပ္ထဲ လုပ္ငန္းလုပ္ကိုင္ရန္ ခြင့္ျပဳထားၿပီး သက္ဆိုင္ရာ အစိုးရအဖြဲ႕အစည္း၏ လုပ္ငန္းလိုင္စင္ မရယူထားရင္ အေရးယူမယ္ေျပာခဲ့သလို စာခ်ဳပ္က ခြင့္မျပဳထားခဲ့ရင္ လႊတ္ေတာ္က ဆုံးျဖတ္တဲ့အတိုင္း ေဆာင္႐ြက္မယ္ ေျပာခဲ့ပါတယ္။ေလာေလာဆယ္မွာ သက္ဆိုင္ရာက အဆိုပါ Spa ကို ယခုလကုန္မွာဘဲ ပိတ္ခိုင္းခဲ့ပါတယ္။မၾကာမီမွာ ဝန္ႀကီးမ်ား႐ုံးဝင္းအတြင္း အႏွိပ္ခန္းမ်ားပါဝင္သည့္ စင္တာဖြင့္လွစ္ျခင္းႏွင့္ ပတ္သက္၍ တာဝန္ရွိသူမ်ားအားလုံးကို တိုင္းလႊတ္ေတာ္သို႔ ေခၚယူ၍ ၾကားနာပြဲျပဳလုပ္မွာျဖစ္ၿပီး ဘာေတြျဖစ္လာမလဲ၊ ဘယ္သူ႔မွာ တာဝန္ရွိသလဲ ဘယ္သူက တာဝန္ယူမလဲ ဘယ္လိုအေရးယူမလဲဆိုတာကို ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဝန္ႀကီးမ်ား႐ုံးဆိုသည္မွာ ႏိုင္ငံ၏ အထြတ္အျမတ္ထားရာ သမိုင္းဝင္ေနရာတစ္ခု ျဖစ္သကဲ့သို႔ ႏိုင္ငံစတင္ျဖစ္တည္ရာ ျပယုဂ္တစ္ခုလည္းျဖစ္ၿပီး (၁၉၄၈) ခုႏွစ္ ျမန္မာႏိုင္ငံ လြတ္လပ္ေရးအခမ္းအနားႏွင့္ အလံတင္ပြဲျပဳလုပ္ခဲ့တဲ့ အဆိုပါေနရာဟာ ကုမၸဏီတစ္ခုရဲ႕ အက်ိဳးစီးပြားျဖစ္ဖို႔ အသုံးခ်ခံလိုက္ရတဲ့အထိ ဆိုးဆိုးဝါးဝါး သမိုင္းတန္ဖိုးမဲ့သြားတာက လက္မခံစရာပါ။

အဆိုပါအေဆာက္အဦးက (၁၈၈၉) ခုႏွစ္တြင္ စတင္ေဆာက္လုပ္ခဲ့ၿပီး (၁၉၀၅) ခုႏွစ္၌ ၿပီးစီးခဲ့တာျဖစ္လို႔ ႏွစ္တစ္ရာေက်ာ္ေနပါၿပီ။သမိုင္းတန္ဖိုးႀကီးတဲ့ အဆိုပါအေဆာက္အဦးရဲ႕ အနာဂတ္က ဘယ္လိုျဖစ္လာရမလဲ၊ ေနာက္ဆုံးမွာ ဒီလိုဘဲၿပီးသြားမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ယခုရက္ထဲ ေနာက္ထပ္ အမ်ားျပည္သူ စိတ္ဝင္စားခဲ့တဲ့ သတင္းကေတာ့ YBS နဲ႔ ဆိုင္တဲ့ သတင္းတစ္ခုပါဘဲ။အရပ္သားအစိုးရသစ္လက္ထက္မွာ သိသာတဲ့အေ႐ြ႕ ျဖစ္ခဲ့တဲ့ ရန္ကုန္အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး လုပ္ငန္းျဖစ္တဲ့ မထသကို ပယ္ဖ်က္ၿပီး YBS အျဖစ္ ေျပးဆြဲခဲ့ရာမွာ မထသအစား  ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) ကို ဖြဲ႕ကာ ေလေအးစက္ ဘတ္စ္ကားေတြနဲ႔ တင္သြင္းေျပးဆြဲခဲ့ပါတယ္။

ေဝဖန္မႈေတြ မ်ားစြာထြက္ခဲ့သလို ရန္ကုန္ၿမိဳ႕ေန အမ်ားျပည္သူ လက္ခံတဲ့အတြက္ အသားက်လာတဲ့ ဒီစနစ္မွာ အဖြဲ႕ကိုထိန္းေက်ာင္းဖို႔ လူေတြထည့္ရာမွာ ယခင္လူေတြ နည္းႏိုင္သမွ်နည္းေအာင္ ျပန္ဖြဲ႕စည္းခဲ့ရာမွာ အားနည္းခ်က္ေတြရွိခဲ့တဲ့အျပင္ ဒီမိုကေရစီေခတ္ဆိုတဲ့အတိုင္း ေဝဖန္ေထာက္ျပမႈကလည္း အလြန္အကြၽံျဖစ္ခဲ့တဲ့အတြက္ လုပ္တဲ့ကိုင္တဲ့သူေတြအတြက္ ခက္ခဲတဲ့လုပ္ငန္းထဲ ပါခဲ့ပါတယ္။

ယခုရက္သတၱပတ္ထဲ က်င္းပတဲ့ YUPT အမ်ားပိုင္ဘတ္စ္ကားကုမၸဏီ ႏွစ္ပတ္လည္အစည္းအေဝးမွာ အဆိုပါျပႆနာေတြက ထေပါက္ကြဲခဲ့တဲ့အတြက္ အမ်ားျပည္သူအတြက္ လက္ရွိ YBS ဘတ္စ္ကား အေျခအေနကို လွစ္ဟျပခဲ့ပါတယ္။အဆိုပါအစည္းအေဝးက ပုံမွန္အားျဖင့္ ဒါ႐ိုက္တာအဖြဲ႕အသစ္ ေ႐ြးခ်ယ္သည့္အစီအစဥ္ ပါဝင္ေသာ္လည္း ရွယ္ယာရွင္မ်ားက ေ႐ြးခ်ယ္ထားမႈအေပၚ လက္မခံဘဲ ၎တို႔ဆႏၵ ပါဝင္သည့္ ေ႐ြးခ်ယ္ပြဲ ျပန္လည္ျပဳလုပ္ေပးရန္ ေတာင္းဆိုခဲ့ပါတယ္။အဆိုပါ အမ်ားပိုင္ကုမၸဏီမွာ ရန္ကုန္တိုင္းအစိုးရက က်ပ္ ၃၅ ဘီလ်ံ စိုက္ထည့္ထားၿပီး ရွယ္ယာအမ်ားဆုံးပါဝင္ကာ ျပင္ပရွယ္ယာရွင္ဦးေရ ၃၀၀ ခန႔္က  ရွယ္ယာထည့္ဝင္ေငြ က်ပ္ငါးဘီလ်ံေက်ာ္ ထည့္ဝင္ကာ ျပင္ပမွ ကုမၸဏီေခ်းေငြ ေလးဘီလ်ံ ေခ်းယူထားခဲ့တယ္ ဆိုပါတယ္။

YBS ေျပးဆြဲမႈမွာ ယာဥ္စီးေရ ၁,၀၀၀ ေက်ာ္ျဖင့္ ေျပးဆြဲေနတဲ့ ယာဥ္စီးေရအမ်ားဆုံး ကုမၸဏီျဖစ္ၿပီး သက္တမ္း ၃ ႏွစ္အတြင္း သိန္း ၂၀၀ ထည့္ထားသည့္ ရွယ္ယာရွင္အတြက္ အျမတ္ေငြအျဖစ္ႏွစ္ႀကိမ္ ေျခာက္သိန္းသာရခဲ့ကာ ကုမၸဏီဘက္ကေတာ့ ျပင္ပမွေခ်းေငြ က်ပ္ေလးဘီလ်ံအတြက္ ျပန္ဆပ္ေနလို႔ ယခုအခါမွာ က်ပ္သိန္း ၈၀၀၀ သာ က်န္ေတာ့တယ္ ဆိုပါတယ္။

အစည္းအေဝးမွာ ကုမၸဏီရွယ္ယာရွင္မ်ားက ဦးေဇာ္ထြန္း ကို ႏုတ္ထြက္ေပးရန္ ခန္းမအတြင္း ေအာ္ဟစ္၍ ေတာင္းဆိုခဲ့သလို တရားစြဲဆိုမယ္လို႔လည္း ေျပာခဲ့ပါတယ္။ဒါ့အျပင္ ကုမၸဏီ၏ သုံးႏွစ္တာကာလအတြင္း အက်ိဳးအျမတ္မရရွိေသးျခင္းႏွင့္ ပတ္သက္၍ အက်ိဳးအျမတ္ရရွိေအာင္ ေဆာင္႐ြက္ေပးရန္ (သို႔မဟုတ္) ရွယ္ယာမ်ားအားလုံးကို  ျပန္လည္ဝယ္ယူေပးရန္ ရွယ္ယာရွင္ ၁၆၀ ေက်ာ္က ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ လႊတ္ေတာ္သို႔ တင္ျပေတာင္းဆိုထားတယ္ ဆိုတဲ့အတြက္ YBS စနစ္မွာ အဓိကယာဥ္အစီးေရအမ်ားဆုံး YUPT ကုမၸဏီ ဂယက္ကေန ဘာေတြဆက္ျဖစ္လာမလဲ၊ ဒီဂယက္ေၾကာင့္ အမ်ားသယ္ယူပို႔ေဆာင္ေရးအပိုင္းမွာ ယာဥ္စီးခ ေစ်းႏႈန္းေျပာင္းလဲတာေတြ ျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

အဆိုပါသတင္းက ယခုရက္သတၱပတ္ထဲ လႈပ္ခတ္ခဲ့တဲ့ သတင္းေတြထဲက ဆိပ္ကမ္းၿမိဳ႕နယ္ကို ဖ်က္သိမ္းၿပီး လမ္းမေတာ္ႏွင့္ ဗိုလ္တေထာင္ ၿမိဳ႕နယ္မ်ားအတြင္း ထည့္သြင္းရန္ စီစဥ္ေနမႈကို ဆိပ္ကမ္းၿမိဳ႕နယ္ေန ျပည္သူအခ်ိဳ႕၊ ျပည္ခိုင္ၿဖိဳးပါတီဝင္ေတြက ကန႔္ကြက္ဆႏၵထုတ္ေဖာ္ခဲ့တဲ့ သတင္း၊ တီက်စ္ ေက်ာက္မီးေသြးစက္႐ုံႏွင့္ ဧဒင္မိုင္းတြင္း ပိတ္သိမ္းေပးရန္ ေဒသခံတိုင္းရင္းသားမ်ားႏွင့္ အရပ္ဘက္အဖြဲ႕အစည္းမ်ားက တီက်စ္မွာ ဆႏၵျပခဲ့တဲ့သတင္း၊ တပ္မေတာ္ကို အၾကည္ညိဳပ်က္ေစမႈနဲ႔ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ ငါးဦးကို အလုပ္ႏွင့္ ေထာင္ဒဏ္ တစ္ႏွစ္စီက်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့တဲ့သတင္း၊ ငါးေတာင္းထမ္း အလုပ္သမားေျခာက္ဦးကို မူလဌာန၌ ျပန္လည္ခန႔္အပ္ေပးဖို႔ ၾကည့္ျမင္တိုင္ေဈးရွိ ငါးထမ္းလုပ္သား ၅၀ ခန႔္ ဆႏၵထုတ္ေဖာ္ခဲ့တဲ့သတင္း၊ ေက်ာက္မထြက္တဲ့ ေနရာေတြမွာ ေဒသခံေတြကို ေနရာခ်ေပးမယ္ဆိုလို႔ မိုးကုတ္ေဒသခံေတြ ဆႏၵျပခဲ့တဲ့ သတင္းေတြထဲ ဆက္ေစာင့္ၾကည့္ရဦးမယ့္ သတင္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။

ႀကိဳးတုပ္႐ိုက္သတ္တဲ့အထိ ဆိုးလာတဲ့ ရခိုင္လက္ရွိအေျခအေန  

ယခုရက္သတၱပတ္ထဲ အေျပာမ်ားခဲ့သလို လူမႈကြန္ရက္ကပါ မေဖာ္ျပဘဲ တားခဲ့ရတဲ့ ဗီဒီယိုဖိုင္နဲ႔ သတင္းေတြရွိခဲ့ပါတယ္။ဒါက ရခိုင္ဘက္မွာျဖစ္တဲ့ ျဖစ္ရပ္ေတြပါ။ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၆ ရက္ေန႔ နံနက္ ၁၀ နာရီေက်ာ္ခန႔္က စစ္ေတြၿမိဳ႕မွ ရေသ့ေတာင္ဘက္သို႔ ထြက္ခြာလာသည့္ ေ႐ႊနဒီ အျမန္ေရယာဥ္ကို ရခိုင္လက္နက္ကိုင္တပ္ AA က လမ္းတြင္ ဖမ္းဆီးေခၚေဆာင္သြားတဲ့ ျဖစ္ရပ္မွာ လူ ၁၅ ေယာက္ ျပန္လြတ္လာခဲ့ပါတယ္။

ဒီထဲမွာ ျပန္လြတ္လာတဲ့သူေတြထဲက ရဲတပ္ဖြဲ႕ဝင္တစ္ဦးက  ျပန္ေျပာခဲ့ရာမွာ အျမန္ေရယာဥ္ လက္မွတ္ဝယ္စဥ္ ရာထူးနာမည္ေျပာၿပီး လက္မွတ္ဝယ္တဲ့ တပ္ဘက္က အရာရွိတစ္ဦးကို ျပန္ေပးဆြဲတဲ့ ရခိုင္လက္နက္ကိုင္ေတြက နာမည္ေခၚၿပီး ဖမ္းတာကေန ဖမ္းဆီးထားတဲ့သူေတြကို လက္ျပန္ႀကိဳးတုပ္ၿပီး ပစ္ခတ္ကာ ေရထဲကန္ခ်တာကေန လြတ္ေျမာက္လာခဲ့တာလို႔ ေျပာခဲ့ပါတယ္။

ဖမ္းဆီးေခၚေဆာင္သြားတဲ့သူေတြကို  ရခိုင္လက္နက္ကိုင္ေတြက တျခားေမာ္ေတာ္နဲ႔ ေခၚေဆာင္ဖို႔ႀကိဳးစားစဥ္ တပ္ဘက္က ရဟတ္ယာဥ္ေပၚမွ ပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ ဖမ္းဆီးခဲ့တဲ့သူေတြ အမ်ားစုနဲ႔ ရခိုင္လက္နက္ကိုင္ေတြ ေသဆုံးခဲ့တယ္ဆိုၿပီး ရခိုင္လက္နက္ကိုင္တပ္ AA က ထုတ္ျပန္ခဲ့ပါတယ္။ထုတ္ျပန္ခ်က္မွာ ရဟတ္ယာဥ္သုံးစီးေပၚမွ စက္ေသနတ္ ေရာ့ကတ္မ်ားျဖင့္ အလွည့္က် မရပ္မနား လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့လို႔ စက္ေလွသုံးစီးတြင္ ပါလာသူမ်ားအားလုံး (စစ္ေဆးရန္ေခၚခဲ့သူမ်ားႏွင့္ မိမိတို႔ရဲေဘာ္အခ်ိဳ႕) မွာ ေသဆုံးခဲ့ရၿပီး စက္ေလွႏွစ္စီးမွာ အလုံးစုံပ်က္စီးခဲ့ရတယ္ ဆိုပါတယ္။ျပည္ထဲေရးဘက္က ထုတ္ျပန္ခ်က္မွာေတာ့ တပ္မေတာ္သား ၁၄ ဦး၊ ရဲတပ္ဖြဲ႕ဝင္ ၂၉ ဦး၊ အက်ဥ္းဦးစီးဌာနမွ ဝန္ထမ္းႏွစ္ဦးႏွင့္ အရပ္သား ၁၃ ဦး စုစုေပါင္း ၅၈ ဦးကို ဖမ္းဆီးခဲ့တယ္ ဆိုပါတယ္။

ယခုလို အျမန္ေရယာဥ္ေပၚပါ တပ္ဘက္ အရပ္ဘက္ ဝန္ထမ္းေတြကို ေ႐ြးၿပီးဖမ္းဆီးခံရတဲ့အတြက္ သတင္းေပါက္ၾကားမႈနဲ႔ သတင္းေပးမႈအေပၚ သံသယနဲ႔ ေ႐ႊနဒီေရယာဥ္ပိုင္ရွင္နဲ႔ ဝန္ထမ္းခုႏွစ္ဦးကို ရဲတပ္ဖြဲ႕က ေခၚယူစစ္ေဆးကာ ဖမ္းဆီးခဲ့ပါတယ္။ဒီရက္ထဲမွာဘဲ လူမႈကြန္ရက္မွာ လူတစ္ဦးအား လက္ျပန္ႀကိဳးတုတ္ကာ တုတ္ျဖင့္႐ိုက္သတ္တဲ့ ဗီဒီယိုဖိုင္တစ္ခု ပ်ံ႕ႏွံ႔ခဲ့တဲ့အတြက္ လူမႈကြန္ရက္မွာ တုန္လႈပ္စရာျဖစ္ခဲ့ပါတယ္။

ဒါဟာ ေနရာအထိအက်နဲ႔ အခ်ိန္မပါဝင္ေပမယ္ တစ္မိနစ္စာ ႐ုပ္သံဖိုင္မွာ ပါဝင္တဲ့ လူေတြေျပာတဲ့ ရခိုင္စကားသံနဲ႔ လက္ျပန္ႀကိဳးတုတ္ခံထားရသူသည္ အသတ္မခံရမီ “ကြၽန္ေတာ့္အေမနဲ႔ အစ္ကိုဆီကို ဝိဉာဥ္ဘဝနဲ႔ သြားႏိုင္ပါေစ၊ ရခိုင္တပ္မေတာ္ႀကီးလည္း ၿငိမ္းခ်မ္းေရးရပါေစ” ဟု ဆုေတာင္းခဲ့သည့္ အသံေၾကာင့္ ဒါဟာ ရခိုင္ျပည္နယ္ထဲမွာ ျဖစ္ပ်က္ခဲ့တာ ျဖစ္တယ္လို႔ ယူဆရမလို ဒီျဖစ္ရပ္က ရခိုင္လက္နက္ကိုင္အဖြဲ႕က သူတို႔နဲ႔ သေဘာထားမတူတဲ့သူ တစ္ဦးကို သတ္ျဖတ္တာလို႔ ယူဆစရာရွိပါတယ္။

ရခိုင္လက္နက္ကိုင္တပ္ AA စတင္ထႂကြခဲ့တဲ့ အခ်ိန္ကတည္းက အရပ္သားပစ္မွတ္ေတြပါမခ်န္ သတ္ျဖတ္တာရွိသလို  အရပ္ဘက္ဝန္ထမ္းေတြကိုပါ ဖမ္းဆီးခဲ့တာေတြ ရွိခဲ့ပါတယ္။မၾကာခင္က မီးသတ္သင္တန္းက ျပန္လာတဲ့ မီးသတ္ဝန္ထမ္းေတြကို ဖမ္းဆီးခဲ့တာမွာ ျပန္မလႊတ္ေသးတာေတြရွိသလို ေဒသတြင္းအုပ္ခ်ဳပ္ေရးမွာ အဓိကက်တဲ့ ရဲတပ္ဖြဲဝင္ေတြကို သတ္ျဖတ္တာေတြရွိတဲ့အတြက္ ေဒသတြင္း အုပ္ခ်ဳပ္ေရးယႏၲရား ပ်က္ျပားေအာင္ လုပ္ေဆာင္ေနသလို ျဖစ္တဲ့အတြက္ ျပည္နယ္အတြင္း လုံၿခဳံမႈအေျခအေနက စိုးရိမ္စရာပါ။

မၾကာခဏ မိုင္းခြဲတာေတြ၊ ဖမ္းဆီးတာေတြေၾကာင့္ လတ္တေလာမွာ ေဒသခံေတြဘဲ အထိနာေနတဲ့အတြက္ ရခိုင္အေရးက ဘယ္လိုေတြ ဆက္ၿပီးဆိုးဝါးလာဦးမလဲဆိုတာ စိတ္ပ်က္စြာနဲ႔ ေစာင့္ၾကည့္ရဦးမယ့္ အေျခအေနပါဘဲ။

ဒီသတင္းေတြက ယခုရက္သတၱပတ္မွာျဖစ္ခဲ့တဲ့ သတင္းေတြထဲက ဘုရားဖူး Light Truck ကားတစ္စီး ႐ြာငံၿမိဳ႕နယ္မွာ လမ္းေဘးေခ်ာက္ထဲ ထိုးက်လို႔  ၁၅ ဦး ေသဆုံးကာ ၁၀ ဦး ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ ေပါင္ၿမိဳ႕နယ္မွာ အသက္ (၁၄) ႏွစ္အ႐ြယ္ မိန္းကေလးကို ပေထြးနဲ႔ အမ်ိဳးသားႏွစ္ဦးက အဓမၼျပဳက်င့္လို႔ ပုဒ္မႏွစ္ခုနဲ႔ အမႈဖြင့္အေရးယူထားတဲ့ သတင္း၊ ဆရာမမ်ားကို ေဒသခံမ်ားက ရည္းစားစကားေျပာရန္ ေျပာဆိုခဲ့မႈအတြက္ ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ား အဖြဲ႕ခ်ဳပ္ (MTF) အလုပ္အမႈေဆာင္မ်ားေရွ႕တြင္ ဆရာ၊ ဆရာမထု တစ္ရပ္လုံးကို ေတာင္းပန္ခဲ့တဲ့သတင္း၊ ေနျပည္ေတာ္ ဒဏၡိဏသီရိၿမိဳ႕နယ္ထဲမွာ ဆိုင္ကယ္ျဖင့္ လမ္းႀကဳံလိုက္လာတဲ့ အသက္ (၁၃) ႏွစ္႐ြယ္ မိန္းကေလးကို အဓမၼျပဳက်င့္တဲ့ အမ်ိဳးသားကို ဖမ္းဆီးရမိခဲ့တဲ့သတင္း၊ မေကြးတိုင္း ေတာင္တြင္းႀကီးၿမိဳ႕နယ္ ကင္ပြန္းေတာင္ဆည္ထဲ အမ်ိဳးသမီးငယ္တစ္ဦး ဆဲလ္ဖီ႐ိုက္စဥ္ ဆည္အတြင္း ျပဳတ္က်ေသဆုံးခဲ့တဲ့ သတင္း၊ မီးနီရပ္ေစာင့္ေနတဲ့ ဆိုင္ကယ္ကို ေနာက္မွ ၿပိဳင္ကားျဖင့္ဝင္တိုက္လို႔ လူငယ္ႏွစ္ဦး ေသဆုံးခဲ့မႈအတြက္ ၿပိဳင္ကားေမာင္းႏွင္သူကို အလုပ္ႏွင့္ ေထာင္ဒဏ္ ၉ ႏွစ္ ခ်မွတ္ခဲ့တဲ့သတင္း၊ ယင္းမာပင္ၿမိဳ႕နယ္ထဲမွာ စိုက္ခင္းလုပ္သားႏွစ္ဦးက ဆဲဆိုေမာင္းထုတ္တဲ့ အသက္ ၆၂ ႏွစ္အ႐ြယ္ ဖရဲစိုက္ခင္းပိုင္ရွင္ တ႐ုတ္ႏိုင္ငံသားကို သတ္ျဖတ္လိုက္တဲ့ သတင္းေတြထဲ ေစာင့္ၾကည့္ရမယ့္ သတင္းေတြျဖစ္ခဲ့ပါတယ္။

အျငင္းအခုံႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး

ယခုရက္ထဲ ေနာက္ထပ္ေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းက ေနျပည္ေတာ္မွာ က်င္းပတဲ့ NCA ေလးႏွစ္ေျမာက္ အခမ္းအနား သတင္းေတြပါ။အခမ္းအနား မစတင္ကတည္းက ဒီအခမ္းအနားကို တက္ေရာက္ဖို႔ရွိကာ မိန႔္ခြန္းေျပာဖို႔ရွိတဲ့ ရွမ္းလက္နက္ကိုင္အဖြဲ႕ (RCSS) ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္ဆစ္ မတက္ေရာက္ႏိုင္ခဲ့တဲ့ ကိစၥကေန အမ်ားျပည္သူအတြက္ သတိထားမိစရာ ျဖစ္ခဲ့ပါတယ္။NCA ေလးႏွစ္ေျမာက္ အခမ္းအနား လာမယ့္ RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္ဆစ္၏ လြယ္တိုင္းလ်န္း-ေတာင္ႀကီး ခရီးစဥ္ကို တပ္မေတာ္ဘက္က အခ်ိန္နီးကပ္မွ ဟန႔္တားတယ္ဆိုၿပီး အထင္လြဲမႈေတြကေန ဒီကိစၥက အခမ္းအနားကို ဂယက္႐ိုက္ခဲ့ပါတယ္။

ရွမ္းလက္နက္ကိုင္အဖြဲ႕ (RCSS) ဘက္က‌ေန သတင္းစာရွင္းလင္းပြဲ လုပ္ခဲ့ရာမွာ ခရီးစဥ္ေခ်ာေမြ႕ေစေရး ႏိုင္ငံေတာ္သမၼတက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား မွာၾကားထားေသာ္လည္း ဟန႔္တားခံရျခင္းျဖစ္တယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။

ဒါနဲ႔ပတ္သက္ၿပီးေတာ့ NCA ေလးႏွစ္ေျမာက္ အခမ္းအနားအၿပီးမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က NCA လက္မွတ္ထိုး တိုင္းရင္းသားလက္နက္ကိုင္ရွစ္ဖြဲ႕ ေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံစဥ္ ျပန္လည္ရွင္းလင္းခဲ့ပါတယ္။   

တပ္မေတာ္ဘက္က ဒီကိစၥမွာ လာေရာက္မယ့္ခရီးစဥ္နဲ႔ ပတ္သက္ၿပီး နီးကပ္မွ သမၼတ႐ုံးကေန အေၾကာင္းၾကားစာရခဲ့သလို မူလစီစဥ္ထားသည့္ လမ္းေၾကာင္းအတိုင္းသြားပါက လုံၿခဳံေရးဆိုင္ရာ ျပႆနာမ်ား ရွိတဲ့အတြက္ ေလယာဥ္နဲ႔ ေခၚမယ္ဆိုတာကို လက္မခံခဲ့တာလို႔ ေျပာခဲ့ပါတယ္။RCSS ၏ မူလစီစဥ္သည့္ ခရီးစဥ္ျဖစ္သည့္  လြယ္တိုင္းလ်န္း-ေတာင္ႀကီး လမ္းေၾကာင္းတြင္ RCSS အဖြဲ႕ႏွင့္ ပဋိပကၡျဖစ္ခဲ့သည့္ ပအိုဝ္းအဖြဲ႕ ရွိေနျခင္း၊ မၾကာေသးမီက မူးယစ္ေဆးဝါး ဖမ္းဆီးခဲ့သည့္ နားပြဲေဒသမွ အဖြဲ႕တစ္ခုရွိေနျခင္းေၾကာင့္ လုံၿခဳံေရးစိတ္ခ်ရျခင္း မရွိတာေၾကာင့္လို႔ ေျပာခဲ့သလို RCSS ခရီးစဥ္ကိစၥကို တပ္မေတာ္ဘက္က အေသးစိတ္ျပန္လည္ရွင္းလင္းရန္ ရွိတယ္လို႔လည္း ဆိုပါတယ္။
ဒီလိုမလာေရာက္တဲ့အတြက္ ႏွစ္ပတ္လည္ပြဲအၿပီး က်င္းပရန္ ျပင္ဆင္ထားသည့္ အစိုးရ၊ တပ္မေတာ္ႏွင့္ အပစ္ရပ္ အဖြဲ႕ေခါင္းေဆာင္မ်ား၏ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး (JICM) ကို က်င္းပႏိုင္ျခင္း မရွိခဲ့ပါဘူး။

ေအာက္တိုဘာ ၂၈ ရက္က က်င္းပတဲ့ NCA ေလးႏွစ္ေျမာက္ အခမ္းအနားမွာ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ နဲ႔ KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုးတို႔ အသီးသီးစကားေျပာခဲ့ပါတယ္။ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ဒီအခမ္းအနားမွာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစု ပင္လုံကို ဘယ္လိုေရွ႕ဆက္သြားမယ္၊ စတုတၳအႀကိမ္ က်င္းပမယ့္ ပင္လုံညီလာခံမွာ ေနာက္ထပ္သေဘာတူညီခ်က္ေတြကို ထပ္မံခ်ဳပ္ဆိုဖို႔၊ ၂၀၂၀ ေ႐ြးေကာက္ပြဲအလြန္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ဘုံသေဘာတူညီခ်က္ယူဖို႔ ဆိုတဲ့ အခ်က္ေတြကို ေျပာခဲ့သလို အဲဒီဘုံလုပ္ငန္းစဥ္ ၃ ရပ္ကို တိုင္းရင္းသားလက္နက္ကိုင္ ေခါင္းေဆာင္ႀကီးေတြက စတင္ကမ္းလွမ္းခဲ့တာ ျဖစ္တယ္လို႔လည္း ေျပာခဲ့ပါတယ္။

ကြဲျပားမႈေတြ၊ နားလည္မႈေတြ လြဲခဲ့တာေတြရွိေပမယ့္ မက်င္းပျဖစ္ခဲ့တဲ့ အစိုးရ၊ တပ္မေတာ္ႏွင့္ အပစ္ရပ္ အဖြဲ႕ေခါင္းေဆာင္မ်ား၏ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး (JICM) ကို အျမန္ဆုံးက်င္းပဖို႔ သေဘာတူခဲ့ပါတယ္။

ေနာက္ထပ္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ေမွ်ာ္လင့္ေနေပမယ့္ တိုက္ပြဲသံေတြ ျပန္ၾကားေနရတဲ့အတြက္ လာမယ့္ ၂၀၂၀ မွာ ျပည္တြင္းၿငိမ္းခ်မ္းေရးက လက္လွမ္းမွီစရာ အခြင့္အလမ္းနည္းေနပါတယ္။ဘာေတြဆက္ျဖစ္လာဦးမလဲ၊ အေကာင္းဘက္ကို သူတို႔ေျပာသလို ေ႐ႊ႕လာၿပီလားဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာပါ။

ဒီသတင္းေတြက  မႏၲေလးမွာ တစ္ပတ္ၾကာျပဳလုပ္ခဲ့တဲ့ ျမန္မာက်ပ္ေငြနဲ႔ ေက်ာက္မ်က္ရတနာ ေရာင္းခ်ပြဲမွာ က်ပ္သိန္းေပါင္း သုံးသိန္းေက်ာ္ဖိုး ေရာင္းခ်ႏိုင္ခဲ့တဲ့သတင္း၊ မႏၲေလးၿမိဳ႕ရွိ  ျမန္မာ့စီးပြားေရးဘဏ္ခြဲ (၃) နဲ႔ ဧရာဝတီဘဏ္ မႏၲေလးဘဏ္ခြဲ (၁၁) မွာ ဆရာေတာ္ ဦးဝီရသူ အပ္ႏွံထားတဲ့ က်ပ္သိန္း ၁၇၀ ေက်ာ္ တန္ဖိုးရွိ ဘဏ္အပ္ေငြစာရင္းႏွစ္ခု စစ္ေဆးေပၚေပါက္လာတဲ့ သတင္း၊ ဝိဇၨာ-သိပ္ ပံတကၠသိုလ္မ်ား၏  သုေတသနစာတမ္းေပါင္း ႏွစ္ေသာင္းနီးပါးတြင္ စာတမ္းအတုေပါင္း ေထာင္ႏွင့္ခ်ီကာ ေတြ႕ရွိခဲ့လို႔ ရာထူးျပန္ေလွ်ာ့ရန္ ပညာေရးဝန္ႀကီးဌာနသို႔ တင္ျပထားတဲ့သတင္း၊ ႏိုဝင္ဘာ ၇ ရက္ ႐ုံးခ်ိန္းမွာ အင္းစိန္ေဆးဝါးစက္႐ုံမႉး ေဒါက္တာေအာင္ေဇာ္ အမႈ ပိတ္သင့္/ မပိတ္သင့္ အမိန႔္ခ်မွတ္သြားမယ့္ သတင္းေတြထဲ အမ်ားျပည္သူ စိတ္ဝင္စားစရာ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ႏို၀င္ဘာ - ၁