【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 မေးခွန်းထုတ်ခံလိုက်ရတဲ့ တရားဥပဒေစိုးမိုးမှု

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 မေးခွန်းထုတ်ခံလိုက်ရတဲ့ တရားဥပဒေစိုးမိုးမှု

ယခုတစ်ပတ်သတင်းတွေထဲမှာ ရန်ကုန်မြို့လယ်ခေါင်မှာ နေ့ခင်းကြောင်တောင် ဖြစ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးဓားထိုးခံရလို့ သေဆုံးခဲ့ရတဲ့သတင်း၊ တပ်တွင်းမဲရုံထားရှိ ခြင်း/မရှိခြင်းက ဥပဒေအရ တပ်မတော်က ဆုံးဖြတ်ခွင့်မရှိဘဲ ကော်မရှင်ကသာ ဆုံးဖြတ်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ပြော ကြားခဲ့တဲ့သတင်း၊ ကုလသမဂ္ဂမှာ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ် ခဲ့တဲ့ သတင်း၊ ပြည်တွင်းငြိမ်း ချမ်းရေးသတင်းစတာတွေက ယခုတစ်ပတ်မှာ အရေးတကြီးစောင့်ဖတ်ရတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေနည်းတူ စောင့်ဖတ်ရတဲ့ တစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေလည်းရှိခဲ့ပြီး ရိုက်ကူးဖို့ ကြာနေတဲ့  အောင်ဆန်း ရုပ်ရှင်ကို ငါးလအတွင်း အပြီးရိုက်ကူးတော့မယ့် သတင်း ၊  မြစ် ကြီးနားမြို့နယ် အတွင်းရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဆိုင်းဘုတ်ကို တရုတ်ကုမ္ပဏီက လာရောက်ဖြုတ်သိမ်းခဲ့တဲ့ သတင်း၊ ရန်ကုန်မြို့မှာ ခိုစာကျွေးခြင်းကို စတင်တားမြစ်တော့မယ်သတင်း၊ မန္တလေးမှာ ပြုလုပ်တဲ့ ၂၀၀၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု (၁၂)နှစ်မြောက်အ ထိမ်းအမှတ်အခမ်းအနားမှာ မန္တလေးတိုင်း ဝန်ကြီးချုပ်က NLD ပါတီနှင့် အစိုးရအဖွဲ့ကို သံဃာတော်တွေထံ အပ်နှံခဲ့တဲ့ သတင်း၊ နေပြည်တော် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲမှာ ကျောက်စိမ်း၊ ကျောက်မျက် ယူရို ၅၀၆ ဒသမ ၉၁၄ သန်း ရောင်းချ နိုင်ခဲ့တဲ့ သတင်း၊ညောင်ရွှေမြို့ အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်တွင် အရက်၊ ဘီယာရောင်းချခွင့် တားမြစ်တဲ့ သတင်း၊ လိပ်ကျွန်း လူသတ်မှုမှာ သက် သေခံအသစ်  ရှာဖွေတင်ပြနိုင်ရင် အမှုကို အစအဆုံးပြန်လည်စစ်ဆေး နိုင်တယ်လို့ ထိုင်းနိုင်ငံ ရှေ့နေ များကောင်စီက ပြောကြားခဲ့တဲ့သတင်း၊ ထွက်ပြေးနေတဲ့ ဦးဝီရသူ၏ မစိုးရိမ်ကျောင်းတိုက်နှင့် မော်တော်ယာဉ် တွေကို ဝရမ်းကပ်၍ မရကြောင်း ရဲတပ်ဖွဲ့က တရားရုံးကိုတင်ပြခဲ့တဲ့ သတင်းတွေကလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

ရန်ကုန်တရားဥပဒေစိုးမိုးမှု

ယခုတစ်ပတ်သတင်းတွေထဲမှာ လူတွေကို အထိတ်တလန့်ဖြစ်စေခဲ့တာက မူခင်းသတင်းတစ်ပုဒ်ပါဘဲ။ ဒီမူခင်းက တောကြိုအုံကြားမှာဖြစ်ခဲ့တာမဟုတ်ဘဲ နေခင်းကြောင်တောင်  ရန်ကုန်မြို့လယ်ခေါင်လို့ ပြောလို့ ရတဲ့ ရန်ကုန်ဘူတာကြီး ပန်းဆိုးတန်းကုန်းအောက်မှာ ဖြစ်ခဲ့တာပါ။

စက်တင်ဘာ ၂၃ ရက်က ရန်ကုန်မြို့လယ်လို့ပြောလို့ရတဲ့ ဗိုလ်ချုပ်ဈေးနောက်ဘက် ရထားလမ်းမှာ လူငယ် နှစ်ယောက်ဆီကနေ လူသုံးဦးက ဖုံးလုရာကနေစတာပါ။ နေ့ခင်းကြောင်တောင် ရထားလမ်းအတိုင်း လျှောက်လာတဲ့ လူငယ်နှစ်ဦးဆီက ဘုရားလမ်းဘူတာ လူကူးတံတားအောက်မှာ ဖုံးလုခဲ့လို့ ရဲကိုတိုင်ခဲ့ပါတယ်။
ရဲကလိုက်ဖမ်းရင်းတစ်ဦးကိုမိပြီး ကျန်နှစ်ဦးကို သိမ်ဖြူမီးရထားရပ်ကွက်ဘက်ပြေးလို့ လိုက်ဖမ်းရာမှာ လိုက်ရှာ ဖမ်းတဲ့ ရဲကို နှစ်ဦးထဲက တစ်ဦးက ဓားနဲ့ထိုးလို့ ရဲတပ်ကြပ်တစ်ဦးသေဆုံးခဲ့ပါတယ်။

နောက်ရက်မှာ လွတ်မြောက်နေတဲ့ တရားခံနှစ်ဦးကို တောင်ဒဂုံမှာ ဖမ်းမိခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာ ရန် ကုန်လို့မြို့ကြီးတစ်ခုရဲ့ လုံခြုံမှုနဲ့ တရားဥပေဒစိုးမိုးမှုအခြေအနေကို ရုပ်ဆိုးစေခဲ့ပါတယ်။ သာမန် လူ တစ် ယောက်မပြောနဲ့ ၊လုံခြုံရေးတာဝန်ယူရတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ကိုတောင် လက်ရဲဇက်ရဲ ရန်ပြုရဲတဲ့ အခြေ အနေက ကြောက်လန့်စရာဖြစ်သလို နေ့ခင်းဘက်တောင် ဒီလောက်ဖြစ်နေရင် ညဘက်ဆိုဒီ လုနေ ရာတွေ ရဲ့အခြေအနေက မပြောရဲလောက်အောင် ထိတ်လန့်စရာပါ။

ဒီမြိ့ထဲ ရထားလမ်းတစ်လျှောက် မကြာခဏ လူသတ်မှုတွေဖြစ်နေတာ ၊ဒုစရိုက်သမားတွေ ကျက်စား ကျင်လည်နေတာကို အသေအချာကိုင်တွယ်ရှင်းလင်းဖို့၊ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ခုခံရန်ပြုလာရင် ဘယ်အတိုင်း အတာထိ ပစ်ခတ်ရှင်းလင်းဖို့အထိ တိတိကျကျသတ်မှတ်ဖို့လိုနေပြီဆိုတာကို ဒီဖြစ်ရပ်က ပြနေခဲ့ပါ တယ်။ သာ မန်ပြည်သူမပြောနဲ့ တာဝန်ရှိတဲ့ လုံခြုံရေးတာဝန်ထမ်းနေတဲ့သူကိုတောင် မကြောက်တော့တဲ့ သတ်ရဲတဲ့ အထိ ဖြစ်လာတဲ့ လက်ရဲဇက်ရဲ ဒုစရိုက်သမားတွေကို အာဏာပိုင်တွေ ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရ မှာဖြစ်ပါတယ်။

ဒီတစ်ပတ်မှာ အများစိတ်ဝင်စားမှုပိုခဲ့တဲ့ ဗစ်တိုးရီးယားအမှုက စိတ်ဝင်စားစရာတွေ ယခုတစ်ပတ် ရုံး ချိန်းမှာ ပေါ်ထွက်လာခဲ့တာကို တွေ့ရပါတယ်။ ယခုတစ်ပတ်ရုံးချိန်းမှာတော့ ပြီးခဲ့တဲ့လသြဂုတ် ၁၄ ရက်ရုံး ချိန်းတုန်းက မီဒီယာတွေကို ပြောခဲ့တဲစကားအတွက် အောင်ကြီးဘက်ကနေ အမှုလိုက်ပေးနေတဲ့ တရား လွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က နိုင်/လွှတ်/ လုံ၊ကလေးသူငယ်အခွင့်အရေးစတဲ့ အမှုနှစ်ခုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဒီလိုပုဒ်မနှစ်ခုနဲ့ တရားစွဲဆိုခဲ့ပေမယ့် တစ်ခုကပြစ်မှုမမြောက်လို့ ကလေးသူငယ်အခွင့်အရေးဥပဒေနဲ့ပဲ တရားစွဲဆိုခွင့်ရခဲ့ပါတယ်။ဒီလိုတရားစွဲဆိုခဲ့မှုကို  ကျပ်သိန်းတစ်ရာနဲ့ ရုံးက အာမခံပေးခဲ့ပါတယ်။ ဒီနောက်မှာ တရားစွဲခံရတဲ့  တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က အဲဒီအာမခံရပြီးနောက်မှာ မီဒီယာတွေကို ဒီဗစ် တိုးရီးယားအမှုကို စတင်စစ်ဆေးချိန်ကစပြီး ရက်ပိုင်းအတွင်း ဒေါ်စုဒါလီအောင်ရဲ့ ကားနောက်ကို ဆိုင်ကယ် နှစ်စီး၊ ကားတစ်စီးနဲ့ နောက်ကနေလိုက်ခံရတာတွေကို မီဒီယာတွေထံ ဖွင့်ချခဲ့ပါတယ်။ပြီးခဲ့တဲ့ အပတ်ကလည်း အောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ဒီအမှုကိုလက်ခံပြီးနောက်ပိုင်း အနှောင်အယှက်ဖိအားပေးခံရတာတွေ ကို ကြုံနေရတာကို တစ်ချိန်မှာ ဖွင့်ချမယ်လို့ ပြောခဲ့ပါသေးတယ်။

ဒီအမှုက အများပြည်သူအမြင်မှာ ဘယ်သူလက်ချက်လဲဆိုတာ ထင်သာမြင်သာလောက်အောင် ပေါ် လာနေတဲ့အချိန်မှာ ဒီလိုဖြစ်ရပ်တွေ ကြုံရတာဟာ သာမန်ပြဿနာမဟုတ်ဘဲ နောက်ကွယ်မှာ ဘာတွေ ရှိနေ သလဲဆိုတာ ဆန်းစစ်ကြည့်ချင်စရာဖြစ်လာတာမို့ နောက်ပိုင်းမှာ  ထိပ်တိုက်ရင်ဆိုင်မှုတွေ ၊ ဖိအားပေးမှုတွေ ပိုမိုမြင်တွေ့လာရဖို့ များလာပြီဖြစ်ပါတယ်။

လာမယ့်ရုံးချိန်းမှာ တရားခံအဖြစ်စွဲချက်တင်ခံရတဲ့အောင်ကြီးကို အာမခံပေးမပေး ဆုံးဖြတ်မှာဖြစ်သလို ထင်တာထက်နောက်ခံအကြောင်းတရားတွေနက်နဲနေတဲ့ ဗစ်တိုးရီးယားရဲ့ အမှုဘာတွေ ဆက်ကြားရဦးမလဲ ဆိုတာ စောင့်ကြည့်စရာပါ။

ဒီသတင်းတွေက ယခုရက်သတ္တပတ်မှာဖြစ်ခဲ့တဲ့ ကယားပြည်နယ် ဖရူဆိုမှာ  (၁၃) နှစ်အရွယ် မိန်းက လေးငယ်ကို အဓမ္မပြုကျင့်လို့ သည် ဆိုကာ တပ်မတော်သားတစ်ဦးကို အမှုဖွင့်ထားတဲ့ သတင်း၊ မြန်မာနိုင်ငံ သား ခြောက်ဦးကို ကန်ဒေါ်လာ ၄၂ သန်း တန်ဖိုးရှိ ကီတာမင်း တစ်တန်ကျော်ပါ ရေယာဉ်တစ်စင်းနဲ့အတူ အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ မန္တလေးကျူံးလက်ရန်းပေါ်မှာ ထဘီနဲ့ အဝတ်တွေ လှန်းတဲ့သူကို မန္တလေးစည်ပင်က  ခံဝန်ထိုးသတိပေးထားရတဲ့သတင်း၊ သေဒဏ်ကျခံထားရသော လိပ်ကျွန်း အမှုအတွက် ရန်ကုန်မှာသတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ သတင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ထဲက မြစ်ထဲမှာ နာ ရေးမှ ပြန်လာသည့် စက်လှေတစ်စီး တိမ်းမှောက်လို့ ၂ ဦး သေဆုံးပြီး ၃ ဦး ပျောက်ဆုံးခဲ့တဲ့သတင်း၊ သာ ကေ တမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ လေဖြတ်နေသည့် အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့တဲ့ သတင်း၊  မုံရွာမှာ ဘုရားဝင်းထဲ ကစားနေတဲ့ အသက် ၆ နှစ်အရွယ် ကလေးမလေးတစ်ဦးကို ဒုတိယနှစ် ကျောင်းသား တစ်ဦးက ဓားနဲ့ထိုးသတ်ခဲ့တဲ့သတင်းတွေဖြစ်ခဲ့ပြီး အထက်ပါသတင်းနှစ်ပုဒ်ကတော့ အများပြည်သူ ဆက်စောင့် ကြည့်နေတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး အကြောင်းမထူးတော့ပြီလား

မကြာမီရက်သတ္တပတ်တွေတုန်းက ရှမ်းမြောက်မှာ တခြိမ်းခြိမ်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကုန်စည် သွားလာမှုတွေ၊ ဒေသခံတွေ ထွက်ပြေးရတာတွေကြောင့် ဒေသတစ်ခုလုံးနီးပါးမတည်မငြိမ်ဖြစ်ခဲ့ရပါ တယ်။ ဒီနောက်မှာ ကျိုင်းတုံမှာ အစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင်၊တပ်မတော်၊မြောက်ပိုင်းလေးဖွဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး ဒေသတွင်းငြိမ်းချမ်းရေးအတွက် ညှိနိူင်းခဲ့ပေမယ့် မြောက်ပိုင်းအဖွဲ့တွေက တရုတ်ဖိအားကြောင့်သာ လာတက်ခဲ့တဲ့ သဘောသာသာဖြစ်ခဲ့ပြီး ညှိနိုင်းလို့ရရင် အပစ်ရပ်လက်မှတ်ထိုးဖို့ထိ မပြင်ဆင် လာ၊ခွင့်ပြုချက် မပါလာတဲ့အတွက် ဆွေးနွေးပွဲက နောက်တစ်ကြိမ်ပြန်ရွေ့ခဲ့ရပြီး ရလဒ်က မရေမရာဖြစ်ခဲ့ရပါတယ်။ဒီနောက်မှာ မြောက်ပိုင်း ၃ ဖွဲ့ အပစ်ရပ်တယ်ဆိုပြီး ထုတ်ပြန်ချက်ကို ဆွေးနွေးပွဲအပြီးနောက်ရက်တွေမှာ ထုတ်ပြန်ခဲ့ တဲ့ အတွက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မျှော်လင့်လို့ရပြီလားဆိုတဲ့ မျှော်လင့်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ဒီမျှော်လင့်မှုက စက်တင်ဘာ ၂၁ ရက်မှာကုန်ဆုံးမယ့် တပ်မတော်ရဲ့ တစ်ဘက်သတ် အပစ်ရပ်စဲ ရေးကြေညာမှုသက်တမ်းအတွင်းမှာဘဲ ရခိုင်ဘက်မှာ ရှိတဲ့ ဘူးသီးတောင်အခြေစိုက်တပ်ကို အေအေက လာ တိုက်တာရှိတဲ့ အတွက် ထပ်မံသက်တမ်းတိုးဖို့ရှိတဲ့ အပစ်ရပ်သက်တမ်းတိုးမှုက မျှော်လင့်လို့ မရဖြစ် လာပါ တယ်။ တပ်မတော်ဘက်ကတော့ အပစ်ရပ်စဲရေးကြေညာမှု သက်တမ်း ကုန်ဆုံးပြီးနောက် စစ်ဆင်ရေးရှိ/မရှိ ဆိုတာနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ စည်းကမ်းဖောက်ဖျက်မှုရှိ၊ မရှိအပေါ် မူတည် တယ်ဆိုပြီးပြောခဲ့တာရှိပါတယ်။

တပ်မတော်ဘက်က တစ်ဘက်သတ် အပစ်ရပ်စဲ ရေးကြေညာမှုသက်တမ်းကုန်ဆုံးပြီးနောက်တစ်ရက် စက်တင်ဘာ ၂၂ ရက်မှာ ရခိုင်ပြည်နယ် မြေပုံမြို့ နယ်ထဲ တပ်မတော်ရဲ့ ယာယီလက်နက်ကြီးစခန်းကို အေ အေက ဝင်တိုက်ခဲ့ပါတယ်။နှစ်ရက်အကြာ စက်တင်ဘာ ၂၃ ရက်မှာ တပ်မတော်စစ်ကြောင်းနဲ့ NCA  လက်မှတ် ထိုးထားတဲ့  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ မိုင်းကိုင် မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွား ခဲ့ပါ တယ်။နောက်ရက်တွေမှာ တိုက်ပွဲသတင်းတွေ ထွက်လာသေးတဲ့အတွက် ဒီလိုအခြေအနေတွေကြောင့် ပြည် တွင်းငြိမ်းချမ်းရေးအခြေအနေက စိုးရိမ်စရာအခြေအနေ ဖြစ်လာခဲ့ပါတယ်။

တိုက်ပွဲရှောင်ဒုက္ခသည်တွေရဲ့ နေရပ်ပြန်ဖို့အရေးက လက်နက်ကိုင်တွေနဲ့တပ်မတော်ကြား အပစ်ရပ် စဲရေး သဘောတူညီချက်ရရှိမှုအပေါ် မူတည်နေတဲ့အတွက် ယခုအခြေအနေအတိုင်းဆို မလွယ်ကူတဲ့ အနေ အထားဖြစ်ပြီး ကာလကန့်သတ်ချက်မထားဘဲ စောင့်ဆိုင်းနေရဦးမယ့် အခြေအနေရှိနေပါတယ်။ ဒါကြောင့် လည်း ယခုရက်သတ္တပတ်ထဲမှာ ကချင်ဒေသရှိ  စစ်ဘေးရှောင်ပြည်သူများကူညီ စောင့်ရှောက်ရေးကော်မတီ (KHCC)ကထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ပြီး အစိုးရ၊ တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA) အကြား အပစ်ရပ်စဲရေးသဘောတူညီချက်ရရှိပြီးမှသာ  စစ်ရှောင်များနေရပ်ပြန်ရန်ဆိုပြီး အသိပေးခဲ့ပါတယ်။ ဒီအတွက် ယခုအရပ်သားအစိုးရသက်တမ်းအတွင်း တိုက်ပွဲရှောင်တွေ နေရပ်ပြန်နိုင်မလား၊တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ ထပ်တိုးလာဦးမလားဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီရက်ထဲ လူမှုကွန်ရက်မှာအစိုးရ လုံခြုံရေးနဲ့ နိုင်ငံရေးဌာနရဲ့ ညွှန်ကြားချက်ဆိုပြီးနေပြည်တော်၊ ရန် ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ တိုက်ခိုက်မှုတွေဖြစ်လာနိုင်ခြေ သတိပေးထားတဲ့စာတစ်စောင်ပေါ်ထွက် နေသ လို အမေရိကန်၊ ဗြိတိန်စတဲ့နိုင်ငံတွေဘက်ကလည်းသူ့နိုင်ငံသားတွေအပေါ် ခရီးသွား အထူးသတိပေးချက် ထုတ်ပြန်ထားပါတယ်။ အစိုးရဘက်ကလည်း ဒီညွှန်ကြားချက်တွေကို  ငြင်းလည်းမငြင်း အတည်ပြုပြောဆို တာလည်း မရှိပါဘူး။ဒီသတင်းအတွက် ကချင်အဖွဲ့(KIA)၊ ကရင်အဖွဲ့(KNU)၊ ချင်းအဖွဲ့(CNF)နှင့် ရခိုင်အဖွဲ့ (AA) အဖွဲ့ဝင်များက နေပြည်တော်ကောင်စီ နယ်မြေတွင် ဖောက်ခွဲမှုပြုလုပ်ရန်မရှိဘူးဆိုပြီး ပြန်လည်ရှင်းလင်း ခဲ့တာတွေ ရှိခဲ့ပါတယ်။ အခြေအနေက မသေချာသေးလို့ ပြည်တွင်းမှာ ဒီလိုစိုးရိမ်စရာလုံခြုံရေးဆိုင်ရာ ပြဿနာ တွေလည်း ရှိနေပါသေးတယ်။    

ဒီသတင်းတွေက ယခုရက်သတ္တပတ်ထဲ ဖြစ်ခဲ့တဲ့ တိုင်းရင်းသားရေးရာသတင်းတွြေုဖစ်တဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲက ကုန်းဆာကျေးရွာအနီး တောင်ကြောမှာ တပ်မတော်နဲ့ TNLA အဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်း၊လူနေအိမ်များပေါ် ကျောက်စများကျလို့ ဇင်းကျိုက်အကျဉ်းဦးစီးဌာနမှ ကျောက် မိုင်းခွဲခြင်းနည်းစနစ် ပြောင်းလဲသွားမယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ နယ်/လုံဝန်ကြီးက ပြောခဲ့တဲ့သတင်း၊ ကရင် အာဇာနည်နေ့ ဆိုင်းဘုတ်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုလို့ နော်အုံးလှ နှင့် ကရင်လူငယ်နှစ်ဦးကို တရားစွဲဆို တာလို့ ရဲတပ်ဖွဲ့က တရားရုံးမှာထွက်ဆိုခဲ့တဲ့သတင်း၊တရားစွဲခံထားရတဲ့ ကယားလူငယ်ခြောက်ဦး ထောင်တွင်း အော်ဟစ်တောင်းဆိုမှုများ ပြုလုပ်သဖြင့် ထောင်ဝင်စာ ပိတ်ခံထားရတဲ့သတင်းတွေနဲ့အတူ အများပြည်သူ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။

ရခိုင်ပြဿနာနဲ့ ကုလအခန်းကဏ္ဍ

မြန်မာနိုင်ငံမှာဘယ်တော့မှ မပြီးနိုင်မယ့်ပြဿနာထဲရခိုင်မြောက်ပိုင်းက ဘင်္ဂါလီပြဿနာလည်း တစ်ခုအပါအဝင်ပါဘဲ။ ခေတ်အဆက်ဆက် လာဘ်စားပြီး မသိကျိုးကျွန်ပြုခဲ့ကြတဲ့ ကျူးကျော်အခြေချ တရား မဝင်ရွေ့ပြောင်းပြဿနာက ယခုအခါမှာ မြန်မာအစိုးရအတွက် ကြီးမားတဲ့ နိုင်ငံတကာဖိအားကိုဖြစ်စေတဲ့ ပြ ဿနာကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ရဲ့ အကျိုးစီးပွား ပါနေတဲ့ အတွက် ကျူးကျော်အခြေချ ဘင်္ဂါလီ ပြဿနာဟာ မြန်မာနိုင်ငံအတွက် နာတာရှည်ပြဿနာ တစ်ခုဖြစ် သွားဖို့ ဦးတည်နေပါပြီ။ ယခုရက်သတ္တပတ် ထဲမှာပဲ  ကုလသမဂ္ဂအထွေထွေညီလာခံကို ကျင်းပနေတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ဘင်္ဂါလီပြဿနာနဲ့ပက်သက်ပြီး ကုလကို အစီရင်ခံစာတင်ပြဖို့ ပြင်နေသလို ယခု ရက်သတ္တပတ်ထဲမှာဘဲ အမေရိကန် အောက်လွှတ်တော်ကမြန်မာစစ်တပ်အပေါ် စီးပွားရေးအရ ကျယ်ကျယ် ပြန့်ပြန့် အရေးယူဒဏ်ခတ်မယ့် အချက်တွေ ပါဝင်နေတဲ့ BURMA Act ၂၀၁၉ ပြင်ဆင်ချက် ဥပဒေမူ ကြမ်းအပါ အဝင်နှစ်ခုကိုအတည်ပြုခဲ့ပါတယ်။

စက်တင်ဘာ ၂၆ ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာတော့ ဥရောပ သမဂ္ဂနဲ့ OIC တို့ ပူးတွဲတင်သွင်းတဲ့ ဘင်္ဂါလီမွတ်ဆလင်တွေနဲ့ မြန်မာနိုင်ငံတွင်း လူနည်းစုလူမျိုးတွေအပေါ် လူ့ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ အဆိုပြု ဆုံးဖြတ်ချက်ကို မဲခွဲ အတည်ပြုခဲ့ ပါတယ်။ဒီဆုံးဖြတ်ချက် ကို မြန်မာကိုယ်စားလှယ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ ဒီမဲခွဲမှုမှာ တရုတ်ဘက်က ကန့်ကွတ် ခဲ့ပြီး မဲခွဲမှုမတိုင်ခင်မှာ ဒုက္ခသည်တွေနေရပ်ပြန်ရေးအတွက် တရုတ်ပါဝင်တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံ ဆွေးနွေး ခဲ့ပါတယ်။

ကုလမှာ OICနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က အတော်လေးအသာရနေတဲ့အတွက် ဒီပြဿနာက အတော် လေးချိန်ဆပြီး သံတမန်ရေးရာအရ ပါးနပ်မှ ဖြစ်မယ့်အနေအထားပါ။ဒီအတွက် မြန်မာဘက်က ဘာတွေပြင်ဆင် ထားသလဲ ဘာတွေ လုပ်နေသလဲဆိုတာ မသိရသေးပါဘူး။ဘင်္ဂလားဒေ့ရှ်နဲ့ OICလိုချင်နေတဲ့ ဘင်္ဂါလီအား လုံး ကို ခြွင်းချက်မရှိ နိုင်ငံသားပေးဖို့ဆိုတာနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံ၌ ကျင်းပ သည့် Singapore Summit 2019 မှာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ကပြောခဲ့တာရှိပါတယ်။ဒါက ‘‘အာရှတင် မက ကမ္ဘာပေါ်မှာရှိတဲ့ အချုပ်အခြာအာဏာပိုင် ဘယ်နိုင်ငံကမှ စာရွက်စာတမ်း  အထောက်အထားမရှိဘဲ အ လိုအလျောက်နိုင်ငံသားဖြစ်ခွင့်ပေး မှာမဟုတ်ပါဘူး’’ဆိုတာပါဘဲ။ဒီအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာ သူများ တောင်းဆို သည့်အတိုင်း အလိုအလျောက် နိုင်ငံသား ဖြစ်ခွင့်ရှိမည်မဟုတ်ဘဲ နိုင်ငံသား လျှောက် ထားသည့်လုပ် ငန်းစဉ် အတိုင်းဆောင်ရွက်ရမည်ဆိုပြီး ပြောခဲ့တာပါ။ ဒီအတိုင်း မြန်မာနိုင်ငံသားတွေက လက် ခံထားတာပါ။

ယခုတစ်ပတ်ထဲ  ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး နောက်ထပ်စိတ်ဝင်စားစရာ သတင်းက ဂျာမနီအခြေစိုက် DW သတင်းဌာနက စက်တင်ဘာ ၂၄ ရက်မှာ ဖော်ပြခဲ့တဲ့သတင်းပါဘဲ။ဒီသတင်းထဲမှာ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခ သည်စခန်းတွေထဲမှာ ARSA အ ကြမ်းဖက်အဖွဲ့ဝင်၃,၅၀၀ ခန့်က လှုပ်ရှားနေပြီးအမျိုးသမီးများ၊ သတင်းပေး သူများ၊အကူအညီပေးရေး အဂျင်စီက အမျိုးသမီးတွေကို ခြိမ်းခြောက်နေတယ်ဆိုပြီး ဖော်ထုတ်ရေး သားထား တာပါ။ဒီလို လုံခြုံရေးအခြေအနေဆိုးနေတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတွေကို အမေရိကန် အစိုးရ က လူ သားချင်းစာနာမှု အကူအညီအ ဖြစ် ဒေါ်လာ ၁၂၇ သန်းကျော် ထပ်မံပေးအပ်မယ်ဆိုပြီး စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို အခြေအနေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင်နေရတဲ့သူတွေထဲ က မွတ်ဆလင်ရွာသား၂၆ ဦးက စက်တင်ဘာ ၂၅ ရက်မှာ ဆန္ဒအလျှောက် မောင်တောမြို့၊ ငါးခူရလက်ခံကြိုဆို ရေးစခန်းကို ဝင်လာခဲ့ပါတယ်။  

မြန်မာဘက်ကို ပြန်လာဖို့ ဘင်္ဂါလီတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က တားဆီးမှုတွေရှိနေသလို ရခိုင်ဘက် မှာ တိုက်ပွဲတွေကြောင့် ရခိုင်တိုင်းရင်းသားဒေသခံတွေ တိမ်းရှောင်နေရတာတွေ ရှိသလို သေဆုံးသူ ၈၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၁၈၀ ကျော်နှင့် ဒုက္ခသည် ခြောက်သောင်းကျော် ရှိနေပါတယ်။စက်တင်ဘာ ၂၄ ရက် မှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့  ရခိုင်ပြည်နယ် ဌာနေကိုယ်စား လှယ်က ရခိုင်အမျိုးသားပါတီနဲ့လာတွေ့ပြီး ရခိုင်ဒေသ တွင်း စစ်ဘေးရှောင် များ၏ အခြေအနေနှင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာကိစ္စ ရပ်များ မေးမြန်းခဲ့တာ တွေရှိပါတယ်။

နိုင်ငံတကာနဲ့ အဖွဲ့အစည်းတွေ ခြေရှုပ်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ ကုလညီလာခံအပြီး ဘယ်လိုသက် ရောက်မှုတွေရှိလာမလဲ၊ဘာတွေ ဖြစ်ထွန်းလာမလဲ၊ ဘယ်လို အကောင်းဘက်ကဖြစ်ထွန်းမှုတွေ ရှိလာမလဲဆို တာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဒီသတင်းတွေက ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်းအတွင်း အလှူခံနေသူများကို စိစစ်ပြီး လုပ်စားနေတဲ့ အလှူခံတွေကို အရေးယူဆောင် ရွက်မယ်ဆိုတဲ့ သတင်း၊ လှိုင်သာယာ FMI City အိမ်ရာကို FMI Garden Development Ltd. မှ ဆောက်လုပ်ရေးဝန်ကြီး ဌာနကို ပြန်လွှဲပေးတော့မယ့် သတင်း၊မြန်မာ အမျိုးသမီးများအတွက် ရည်ရွယ် ဆောင်ရွက်နေသော ‘အမျိုးသမီးနှင့် မိန်းကလေး များအား ဦးစားပေးရေး’ စီမံ ကိန်းကို ဥရောပသမဂ္ဂ (အီးယူ) ကယူ ရို  ငါးသန်းထောက်ပံ့ခဲ့တဲ့ သတင်း၊ သမိုင်းဘူတာရုံကို ကျပ်သိန်းလေး သောင်းခန့် ကုန်ကျခံ အဆင့်မြှင့်တင်ရန် မြန်မာ့မီးရ ထားထံ ကုမ္ပဏီ တစ်ခုက အဆိုပြုထားတဲ့ သတင်း၊ ကျပ် သိန်းတစ်ထောင်ကျော်လာဘ်စားမှုဖြင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် ညွှန်ကြားရေးမှူးတို့ကို အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားတဲ့ သတင်း၊  ပေါင်မြို့ နယ် ကျားဘိုကျေးရွာရှိ အခြေ ခံပညာအထက်တန်းကျောင်း(ခွဲ) မှာ စာသင်ဆောင် မျက်နှာကြက်ပြိုကျလို့ ကျောင်းသားသုံးဦးထိခိုက်ဒဏ်ရာရခဲ့တဲ့ သတင်း၊ ဒသမတန်းကျောင်းသူ ကို ဆရာတစ်ဦးက မဖွယ်မရာ ပြုလုပ် သည်ဆိုသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ စွပ်စွဲခံရသူဆရာက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြန်လည်ဖြေ ရှင်း ခဲ့တဲ့သတင်း၊တွေထဲ သတိထားစရာပြောစမှတ်ဖြစ်စရာ သတင်းတွေဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
စက်တင်ဘာ - ၂၇

( Zawgyi )

ယခုတစ္ပတ္သတင္းေတြထဲမွာ ရန္ကုန္ၿမိဳ႕လယ္ေခါင္မွာ ေန႔ခင္းေၾကာင္ေတာင္ ျဖစ္ခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္ တစ္ဦးဓားထိုးခံရလို႔ ေသဆုံးခဲ့ရတဲ့သတင္း၊ တပ္တြင္းမဲ႐ုံထားရွိ ျခင္း/မရွိျခင္းက ဥပေဒအရ တပ္မေတာ္က ဆုံးျဖတ္ခြင့္မရွိဘဲ ေကာ္မရွင္ကသာ ဆုံးျဖတ္ခြင့္ရွိေၾကာင္း ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္က ေျပာ ၾကားခဲ့တဲ့သတင္း၊ ကုလသမဂၢမွာ ဘဂၤါလီအေရးနဲ႔ ပတ္သက္ၿပီး မဲခြဲဆုံးျဖတ္ ခဲ့တဲ့ သတင္း၊ ျပည္တြင္းၿငိမ္း ခ်မ္းေရးသတင္းစတာေတြက ယခုတစ္ပတ္မွာ အေရးတႀကီးေစာင့္ဖတ္ရတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြနည္းတူ ေစာင့္ဖတ္ရတဲ့ တစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြလည္းရွိခဲ့ၿပီး ႐ိုက္ကူးဖို႔ ၾကာေနတဲ့  ေအာင္ဆန္း ႐ုပ္ရွင္ကို ငါးလအတြင္း အၿပီး႐ိုက္ကူးေတာ့မယ့္ သတင္း ၊  ျမစ္ ႀကီးနားၿမိဳ႕နယ္ အတြင္းရွိ ျမစ္ဆုံေရအားလွ်ပ္စစ္စီမံကိန္းဆိုင္းဘုတ္ကို တ႐ုတ္ကုမၸဏီက လာေရာက္ျဖဳတ္သိမ္းခဲ့တဲ့ သတင္း၊ ရန္ကုန္ၿမိဳ႕မွာ ခိုစာေကြၽးျခင္းကို စတင္တားျမစ္ေတာ့မယ္သတင္း၊ မႏၲေလးမွာ ျပဳလုပ္တဲ့ ၂၀၀၇ ေ႐ႊဝါေရာင္ သံဃာ့ လႈပ္ရွားမႈ (၁၂)ႏွစ္ေျမာက္အ ထိမ္းအမွတ္အခမ္းအနားမွာ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္က NLD ပါတီႏွင့္ အစိုးရအဖြဲ႕ကို သံဃာေတာ္ေတြထံ အပ္ႏွံခဲ့တဲ့ သတင္း၊ ေနျပည္ေတာ္ ျမန္မာ့ေက်ာက္မ်က္ရတနာ ျပပြဲမွာ ေက်ာက္စိမ္း၊ ေက်ာက္မ်က္ ယူ႐ို ၅၀၆ ဒသမ ၉၁၄ သန္း ေရာင္းခ် ႏိုင္ခဲ့တဲ့ သတင္း၊ေညာင္ေ႐ႊၿမိဳ႕ အင္းေလး ေဖာင္ေတာ္ဦး ဘုရားပြဲေတာ္တြင္ အရက္၊ ဘီယာေရာင္းခ်ခြင့္ တားျမစ္တဲ့ သတင္း၊ လိပ္ကြၽန္း လူသတ္မႈမွာ သက္ ေသခံအသစ္  ရွာေဖြတင္ျပႏိုင္ရင္ အမႈကို အစအဆုံးျပန္လည္စစ္ေဆး ႏိုင္တယ္လို႔ ထိုင္းႏိုင္ငံ ေရွ႕ေန မ်ားေကာင္စီက ေျပာၾကားခဲ့တဲ့သတင္း၊ ထြက္ေျပးေနတဲ့ ဦးဝီရသူ၏ မစိုးရိမ္ေက်ာင္းတိုက္ႏွင့္ ေမာ္ေတာ္ယာဥ္ ေတြကို ဝရမ္းကပ္၍ မရေၾကာင္း ရဲတပ္ဖြဲ႕က တရား႐ုံးကိုတင္ျပခဲ့တဲ့ သတင္းေတြကလည္း စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။

ရန္ကုန္တရားဥပေဒစိုးမိုးမႈ

ယခုတစ္ပတ္သတင္းေတြထဲမွာ လူေတြကို အထိတ္တလန႔္ျဖစ္ေစခဲ့တာက မူခင္းသတင္းတစ္ပုဒ္ပါဘဲ။ ဒီမူခင္းက ေတာႀကိဳအုံၾကားမွာျဖစ္ခဲ့တာမဟုတ္ဘဲ ေနခင္းေၾကာင္ေတာင္  ရန္ကုန္ၿမိဳ႕လယ္ေခါင္လို႔ ေျပာလို႔ ရတဲ့ ရန္ကုန္ဘူတာႀကီး ပန္းဆိုးတန္းကုန္းေအာက္မွာ ျဖစ္ခဲ့တာပါ။

စက္တင္ဘာ ၂၃ ရက္က ရန္ကုန္ၿမိဳ႕လယ္လို႔ေျပာလို႔ရတဲ့ ဗိုလ္ခ်ဳပ္ေဈးေနာက္ဘက္ ရထားလမ္းမွာ လူငယ္ ႏွစ္ေယာက္ဆီကေန လူသုံးဦးက ဖုံးလုရာကေနစတာပါ။ ေန႔ခင္းေၾကာင္ေတာင္ ရထားလမ္းအတိုင္း ေလွ်ာက္လာတဲ့ လူငယ္ႏွစ္ဦးဆီက ဘုရားလမ္းဘူတာ လူကူးတံတားေအာက္မွာ ဖုံးလုခဲ့လို႔ ရဲကိုတိုင္ခဲ့ပါတယ္။
ရဲကလိုက္ဖမ္းရင္းတစ္ဦးကိုမိၿပီး က်န္ႏွစ္ဦးကို သိမ္ျဖဴမီးရထားရပ္ကြက္ဘက္ေျပးလို႔ လိုက္ဖမ္းရာမွာ လိုက္ရွာ ဖမ္းတဲ့ ရဲကို ႏွစ္ဦးထဲက တစ္ဦးက ဓားနဲ႔ထိုးလို႔ ရဲတပ္ၾကပ္တစ္ဦးေသဆုံးခဲ့ပါတယ္။

ေနာက္ရက္မွာ လြတ္ေျမာက္ေနတဲ့ တရားခံႏွစ္ဦးကို ေတာင္ဒဂုံမွာ ဖမ္းမိခဲ့ပါတယ္။ဒီျဖစ္စဥ္ဟာ ရန္ ကုန္လို႔ၿမိဳ႕ႀကီးတစ္ခုရဲ႕ လုံၿခဳံမႈနဲ႔ တရားဥေပဒစိုးမိုးမႈအေျခအေနကို ႐ုပ္ဆိုးေစခဲ့ပါတယ္။ သာမန္ လူ တစ္ ေယာက္မေျပာနဲ႔ ၊လုံၿခဳံေရးတာဝန္ယူရတဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ေယာက္ကိုေတာင္ လက္ရဲဇက္ရဲ ရန္ျပဳရဲတဲ့ အေျခ အေနက ေၾကာက္လန႔္စရာျဖစ္သလို ေန႔ခင္းဘက္ေတာင္ ဒီေလာက္ျဖစ္ေနရင္ ညဘက္ဆိုဒီ လုေန ရာေတြ ရဲ႕အေျခအေနက မေျပာရဲေလာက္ေအာင္ ထိတ္လန႔္စရာပါ။

ဒီၿမိ့ထဲ ရထားလမ္းတစ္ေလွ်ာက္ မၾကာခဏ လူသတ္မႈေတြျဖစ္ေနတာ ၊ဒုစ႐ိုက္သမားေတြ က်က္စား က်င္လည္ေနတာကို အေသအခ်ာကိုင္တြယ္ရွင္းလင္းဖို႔၊ရဲတပ္ဖြဲ႕ဝင္ေတြကို ျပန္ခုခံရန္ျပဳလာရင္ ဘယ္အတိုင္း အတာထိ ပစ္ခတ္ရွင္းလင္းဖို႔အထိ တိတိက်က်သတ္မွတ္ဖို႔လိုေနၿပီဆိုတာကို ဒီျဖစ္ရပ္က ျပေနခဲ့ပါ တယ္။ သာ မန္ျပည္သူမေျပာနဲ႔ တာဝန္ရွိတဲ့ လုံၿခဳံေရးတာဝန္ထမ္းေနတဲ့သူကိုေတာင္ မေၾကာက္ေတာ့တဲ့ သတ္ရဲတဲ့ အထိ ျဖစ္လာတဲ့ လက္ရဲဇက္ရဲ ဒုစ႐ိုက္သမားေတြကို အာဏာပိုင္ေတြ ဘယ္လိုကိုင္တြယ္မလဲဆိုတာ ေစာင့္ၾကည့္ရ မွာျဖစ္ပါတယ္။

ဒီတစ္ပတ္မွာ အမ်ားစိတ္ဝင္စားမႈပိုခဲ့တဲ့ ဗစ္တိုးရီးယားအမႈက စိတ္ဝင္စားစရာေတြ ယခုတစ္ပတ္ ႐ုံး ခ်ိန္းမွာ ေပၚထြက္လာခဲ့တာကို ေတြ႕ရပါတယ္။ ယခုတစ္ပတ္႐ုံးခ်ိန္းမွာေတာ့ ၿပီးခဲ့တဲ့လၾသဂုတ္ ၁၄ ရက္႐ုံး ခ်ိန္းတုန္းက မီဒီယာေတြကို ေျပာခဲ့တဲစကားအတြက္ ေအာင္ႀကီးဘက္ကေန အမႈလိုက္ေပးေနတဲ့ တရား လႊတ္ေတာ္ေရွ႕ေန ေဒၚစုဒါလီေအာင္ကို Wisdom Hill မူႀကိဳေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္က ႏိုင္/လႊတ္/ လုံ၊ကေလးသူငယ္အခြင့္အေရးစတဲ့ အမႈႏွစ္ခုနဲ႔ တရားစြဲဆိုခဲ့ပါတယ္။

ဒီလိုပုဒ္မႏွစ္ခုနဲ႔ တရားစြဲဆိုခဲ့ေပမယ့္ တစ္ခုကျပစ္မႈမေျမာက္လို႔ ကေလးသူငယ္အခြင့္အေရးဥပေဒနဲ႔ပဲ တရားစြဲဆိုခြင့္ရခဲ့ပါတယ္။ဒီလိုတရားစြဲဆိုခဲ့မႈကို  က်ပ္သိန္းတစ္ရာနဲ႔ ႐ုံးက အာမခံေပးခဲ့ပါတယ္။ ဒီေနာက္မွာ တရားစြဲခံရတဲ့  တရားလႊတ္ေတာ္ေရွ႕ေန ေဒၚစုဒါလီေအာင္က အဲဒီအာမခံရၿပီးေနာက္မွာ မီဒီယာေတြကို ဒီဗစ္ တိုးရီးယားအမႈကို စတင္စစ္ေဆးခ်ိန္ကစၿပီး ရက္ပိုင္းအတြင္း ေဒၚစုဒါလီေအာင္ရဲ႕ ကားေနာက္ကို ဆိုင္ကယ္ ႏွစ္စီး၊ ကားတစ္စီးနဲ႔ ေနာက္ကေနလိုက္ခံရတာေတြကို မီဒီယာေတြထံ ဖြင့္ခ်ခဲ့ပါတယ္။ၿပီးခဲ့တဲ့ အပတ္ကလည္း ေအာင္ႀကီးရဲ႕ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ဒီအမႈကိုလက္ခံၿပီးေနာက္ပိုင္း အေႏွာင္အယွက္ဖိအားေပးခံရတာေတြ ကို ႀကဳံေနရတာကို တစ္ခ်ိန္မွာ ဖြင့္ခ်မယ္လို႔ ေျပာခဲ့ပါေသးတယ္။

ဒီအမႈက အမ်ားျပည္သူအျမင္မွာ ဘယ္သူလက္ခ်က္လဲဆိုတာ ထင္သာျမင္သာေလာက္ေအာင္ ေပၚ လာေနတဲ့အခ်ိန္မွာ ဒီလိုျဖစ္ရပ္ေတြ ႀကဳံရတာဟာ သာမန္ျပႆနာမဟုတ္ဘဲ ေနာက္ကြယ္မွာ ဘာေတြ ရွိေန သလဲဆိုတာ ဆန္းစစ္ၾကည့္ခ်င္စရာျဖစ္လာတာမို႔ ေနာက္ပိုင္းမွာ  ထိပ္တိုက္ရင္ဆိုင္မႈေတြ ၊ ဖိအားေပးမႈေတြ ပိုမိုျမင္ေတြ႕လာရဖို႔ မ်ားလာၿပီျဖစ္ပါတယ္။

လာမယ့္႐ုံးခ်ိန္းမွာ တရားခံအျဖစ္စြဲခ်က္တင္ခံရတဲ့ေအာင္ႀကီးကို အာမခံေပးမေပး ဆုံးျဖတ္မွာျဖစ္သလို ထင္တာထက္ေနာက္ခံအေၾကာင္းတရားေတြနက္နဲေနတဲ့ ဗစ္တိုးရီးယားရဲ႕ အမႈဘာေတြ ဆက္ၾကားရဦးမလဲ ဆိုတာ ေစာင့္ၾကည့္စရာပါ။

ဒီသတင္းေတြက ယခုရက္သတၱပတ္မွာျဖစ္ခဲ့တဲ့ ကယားျပည္နယ္ ဖ႐ူဆိုမွာ  (၁၃) ႏွစ္အ႐ြယ္ မိန္းက ေလးငယ္ကို အဓမၼျပဳက်င့္လို႔ သည္ ဆိုကာ တပ္မေတာ္သားတစ္ဦးကို အမႈဖြင့္ထားတဲ့ သတင္း၊ ျမန္မာႏိုင္ငံ သား ေျခာက္ဦးကို ကန္ေဒၚလာ ၄၂ သန္း တန္ဖိုးရွိ ကီတာမင္း တစ္တန္ေက်ာ္ပါ ေရယာဥ္တစ္စင္းနဲ႔အတူ အိႏၵိယ ကမ္းေျခေစာင့္တပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ မႏၲေလးက်ဴံးလက္ရန္းေပၚမွာ ထဘီနဲ႔ အဝတ္ေတြ လွန္းတဲ့သူကို မႏၲေလးစည္ပင္က  ခံဝန္ထိုးသတိေပးထားရတဲ့သတင္း၊ ေသဒဏ္က်ခံထားရေသာ လိပ္ကြၽန္း အမႈအတြက္ ရန္ကုန္မွာသတင္းစာရွင္းလင္းပြဲလုပ္ခဲ့တဲ့ သတင္း၊ ၿမိတ္ခ႐ိုင္၊ ကြၽန္းစုၿမိဳ႕နယ္ထဲက ျမစ္ထဲမွာ နာ ေရးမွ ျပန္လာသည့္ စက္ေလွတစ္စီး တိမ္းေမွာက္လို႔ ၂ ဦး ေသဆုံးၿပီး ၃ ဦး ေပ်ာက္ဆုံးခဲ့တဲ့သတင္း၊ သာ ေက တၿမိဳ႕နယ္မွာျဖစ္ပြားခဲ့တဲ့ မီးေလာင္မႈမွာ ေလျဖတ္ေနသည့္ အမ်ိဳးသားတစ္ဦး မီးေလာင္ေသဆုံးခဲ့တဲ့ သတင္း၊  မုံ႐ြာမွာ ဘုရားဝင္းထဲ ကစားေနတဲ့ အသက္ ၆ ႏွစ္အ႐ြယ္ ကေလးမေလးတစ္ဦးကို ဒုတိယႏွစ္ ေက်ာင္းသား တစ္ဦးက ဓားနဲ႔ထိုးသတ္ခဲ့တဲ့သတင္းေတြျဖစ္ခဲ့ၿပီး အထက္ပါသတင္းႏွစ္ပုဒ္ကေတာ့ အမ်ားျပည္သူ ဆက္ေစာင့္ ၾကည့္ေနတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ျပည္တြင္း ၿငိမ္းခ်မ္းေရး အေၾကာင္းမထူးေတာ့ၿပီလား

မၾကာမီရက္သတၱပတ္ေတြတုန္းက ရွမ္းေျမာက္မွာ တၿခိမ္းၿခိမ္းျဖစ္ခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ကုန္စည္ သြားလာမႈေတြ၊ ေဒသခံေတြ ထြက္ေျပးရတာေတြေၾကာင့္ ေဒသတစ္ခုလုံးနီးပါးမတည္မၿငိမ္ျဖစ္ခဲ့ရပါ တယ္။ ဒီေနာက္မွာ က်ိဳင္းတုံမွာ အစိုးရရဲ႕ၿငိမ္းခ်မ္းေရးေကာ္မရွင္၊တပ္မေတာ္၊ေျမာက္ပိုင္းေလးဖြဲ႕ ကိုယ္စားလွယ္ေတြ ေတြ႕ဆုံၿပီး ေဒသတြင္းၿငိမ္းခ်မ္းေရးအတြက္ ညႇိႏိူင္းခဲ့ေပမယ့္ ေျမာက္ပိုင္းအဖြဲ႕ေတြက တ႐ုတ္ဖိအားေၾကာင့္သာ လာတက္ခဲ့တဲ့ သေဘာသာသာျဖစ္ခဲ့ၿပီး ညႇိႏိုင္းလို႔ရရင္ အပစ္ရပ္လက္မွတ္ထိုးဖို႔ထိ မျပင္ဆင္ လာ၊ခြင့္ျပဳခ်က္ မပါလာတဲ့အတြက္ ေဆြးေႏြးပြဲက ေနာက္တစ္ႀကိမ္ျပန္ေ႐ြ႕ခဲ့ရၿပီး ရလဒ္က မေရမရာျဖစ္ခဲ့ရပါတယ္။ဒီေနာက္မွာ ေျမာက္ပိုင္း ၃ ဖြဲ႕ အပစ္ရပ္တယ္ဆိုၿပီး ထုတ္ျပန္ခ်က္ကို ေဆြးေႏြးပြဲအၿပီးေနာက္ရက္ေတြမွာ ထုတ္ျပန္ခဲ့ တဲ့ အတြက္ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ေမွ်ာ္လင့္လို႔ရၿပီလားဆိုတဲ့ ေမွ်ာ္လင့္မႈေတြ ေပၚထြက္လာခဲ့ပါတယ္။

ဒီေမွ်ာ္လင့္မႈက စက္တင္ဘာ ၂၁ ရက္မွာကုန္ဆုံးမယ့္ တပ္မေတာ္ရဲ႕ တစ္ဘက္သတ္ အပစ္ရပ္စဲ ေရးေၾကညာမႈသက္တမ္းအတြင္းမွာဘဲ ရခိုင္ဘက္မွာ ရွိတဲ့ ဘူးသီးေတာင္အေျခစိုက္တပ္ကို ေအေအက လာ တိုက္တာရွိတဲ့ အတြက္ ထပ္မံသက္တမ္းတိုးဖို႔ရွိတဲ့ အပစ္ရပ္သက္တမ္းတိုးမႈက ေမွ်ာ္လင့္လို႔ မရျဖစ္ လာပါ တယ္။ တပ္မေတာ္ဘက္ကေတာ့ အပစ္ရပ္စဲေရးေၾကညာမႈ သက္တမ္း ကုန္ဆုံးၿပီးေနာက္ စစ္ဆင္ေရးရွိ/မရွိ ဆိုတာနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၏ စည္းကမ္းေဖာက္ဖ်က္မႈရွိ၊ မရွိအေပၚ မူတည္ တယ္ဆိုၿပီးေျပာခဲ့တာရွိပါတယ္။

တပ္မေတာ္ဘက္က တစ္ဘက္သတ္ အပစ္ရပ္စဲ ေရးေၾကညာမႈသက္တမ္းကုန္ဆုံးၿပီးေနာက္တစ္ရက္ စက္တင္ဘာ ၂၂ ရက္မွာ ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕ နယ္ထဲ တပ္မေတာ္ရဲ႕ ယာယီလက္နက္ႀကီးစခန္းကို ေအ ေအက ဝင္တိုက္ခဲ့ပါတယ္။ႏွစ္ရက္အၾကာ စက္တင္ဘာ ၂၃ ရက္မွာ တပ္မေတာ္စစ္ေၾကာင္းနဲ႔ NCA  လက္မွတ္ ထိုးထားတဲ့  ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS) တို႔ မိုင္းကိုင္ ၿမိဳ႕နယ္ထဲမွာ တိုက္ပြဲျဖစ္ပြား ခဲ့ပါ တယ္။ေနာက္ရက္ေတြမွာ တိုက္ပြဲသတင္းေတြ ထြက္လာေသးတဲ့အတြက္ ဒီလိုအေျခအေနေတြေၾကာင့္ ျပည္ တြင္းၿငိမ္းခ်မ္းေရးအေျခအေနက စိုးရိမ္စရာအေျခအေန ျဖစ္လာခဲ့ပါတယ္။

တိုက္ပြဲေရွာင္ဒုကၡသည္ေတြရဲ႕ ေနရပ္ျပန္ဖို႔အေရးက လက္နက္ကိုင္ေတြနဲ႔တပ္မေတာ္ၾကား အပစ္ရပ္ စဲေရး သေဘာတူညီခ်က္ရရွိမႈအေပၚ မူတည္ေနတဲ့အတြက္ ယခုအေျခအေနအတိုင္းဆို မလြယ္ကူတဲ့ အေန အထားျဖစ္ၿပီး ကာလကန႔္သတ္ခ်က္မထားဘဲ ေစာင့္ဆိုင္းေနရဦးမယ့္ အေျခအေနရွိေနပါတယ္။ ဒါေၾကာင့္ လည္း ယခုရက္သတၱပတ္ထဲမွာ ကခ်င္ေဒသရွိ  စစ္ေဘးေရွာင္ျပည္သူမ်ားကူညီ ေစာင့္ေရွာက္ေရးေကာ္မတီ (KHCC)ကထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္ျပန္ၿပီး အစိုးရ၊ တပ္မေတာ္ႏွင့္ ကခ်င္လက္နက္ကိုင္အဖြဲ႕(KIO/KIA) အၾကား အပစ္ရပ္စဲေရးသေဘာတူညီခ်က္ရရွိၿပီးမွသာ  စစ္ေရွာင္မ်ားေနရပ္ျပန္ရန္ဆိုၿပီး အသိေပးခဲ့ပါတယ္။ ဒီအတြက္ ယခုအရပ္သားအစိုးရသက္တမ္းအတြင္း တိုက္ပြဲေရွာင္ေတြ ေနရပ္ျပန္ႏိုင္မလား၊တိုက္ပြဲေတြေၾကာင့္ ဒုကၡသည္ေတြ ထပ္တိုးလာဦးမလားဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီရက္ထဲ လူမႈကြန္ရက္မွာအစိုးရ လုံၿခဳံေရးနဲ႔ ႏိုင္ငံေရးဌာနရဲ႕ ၫႊန္ၾကားခ်က္ဆိုၿပီးေနျပည္ေတာ္၊ ရန္ ကုန္နဲ႔ မႏၲေလးၿမိဳ႕ႀကီးေတြမွာ တိုက္ခိုက္မႈေတြျဖစ္လာႏိုင္ေျခ သတိေပးထားတဲ့စာတစ္ေစာင္ေပၚထြက္ ေနသ လို အေမရိကန္၊ ၿဗိတိန္စတဲ့ႏိုင္ငံေတြဘက္ကလည္းသူ႔ႏိုင္ငံသားေတြအေပၚ ခရီးသြား အထူးသတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။ အစိုးရဘက္ကလည္း ဒီၫႊန္ၾကားခ်က္ေတြကို  ျငင္းလည္းမျငင္း အတည္ျပဳေျပာဆို တာလည္း မရွိပါဘူး။ဒီသတင္းအတြက္ ကခ်င္အဖြဲ႕(KIA)၊ ကရင္အဖြဲ႕(KNU)၊ ခ်င္းအဖြဲ႕(CNF)ႏွင့္ ရခိုင္အဖြဲ႕ (AA) အဖြဲ႕ဝင္မ်ားက ေနျပည္ေတာ္ေကာင္စီ နယ္ေျမတြင္ ေဖာက္ခြဲမႈျပဳလုပ္ရန္မရွိဘူးဆိုၿပီး ျပန္လည္ရွင္းလင္း ခဲ့တာေတြ ရွိခဲ့ပါတယ္။ အေျခအေနက မေသခ်ာေသးလို႔ ျပည္တြင္းမွာ ဒီလိုစိုးရိမ္စရာလုံၿခဳံေရးဆိုင္ရာ ျပႆနာ ေတြလည္း ရွိေနပါေသးတယ္။    

ဒီသတင္းေတြက ယခုရက္သတၱပတ္ထဲ ျဖစ္ခဲ့တဲ့ တိုင္းရင္းသားေရးရာသတင္းေတြျုဖစ္တဲ့ ရွမ္းျပည္ နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္ထဲက ကုန္းဆာေက်း႐ြာအနီး ေတာင္ေၾကာမွာ တပ္မေတာ္နဲ႔ TNLA အဖြဲ႕ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ သတင္း၊လူေနအိမ္မ်ားေပၚ ေက်ာက္စမ်ားက်လို႔ ဇင္းက်ိဳက္အက်ဥ္းဦးစီးဌာနမွ ေက်ာက္ မိုင္းခြဲျခင္းနည္းစနစ္ ေျပာင္းလဲသြားမယ္လို႔ မြန္ျပည္နယ္အစိုးရအဖြဲ႕ နယ္/လုံဝန္ႀကီးက ေျပာခဲ့တဲ့သတင္း၊ ကရင္ အာဇာနည္ေန႔ ဆိုင္းဘုတ္ကို ခြင့္ျပဳခ်က္မရွိဘဲ အသုံးျပဳလို႔ ေနာ္အုံးလွ ႏွင့္ ကရင္လူငယ္ႏွစ္ဦးကို တရားစြဲဆို တာလို႔ ရဲတပ္ဖြဲ႕က တရား႐ုံးမွာထြက္ဆိုခဲ့တဲ့သတင္း၊တရားစြဲခံထားရတဲ့ ကယားလူငယ္ေျခာက္ဦး ေထာင္တြင္း ေအာ္ဟစ္ေတာင္းဆိုမႈမ်ား ျပဳလုပ္သျဖင့္ ေထာင္ဝင္စာ ပိတ္ခံထားရတဲ့သတင္းေတြနဲ႔အတူ အမ်ားျပည္သူ စိတ္ဝင္စားမႈကို ခံခဲ့ရပါတယ္။

ရခိုင္ျပႆနာနဲ႔ ကုလအခန္းက႑

ျမန္မာႏိုင္ငံမွာဘယ္ေတာ့မွ မၿပီးႏိုင္မယ့္ျပႆနာထဲရခိုင္ေျမာက္ပိုင္းက ဘဂၤါလီျပႆနာလည္း တစ္ခုအပါအဝင္ပါဘဲ။ ေခတ္အဆက္ဆက္ လာဘ္စားၿပီး မသိက်ိဳးကြၽန္ျပဳခဲ့ၾကတဲ့ က်ဴးေက်ာ္အေျခခ် တရား မဝင္ေ႐ြ႕ေျပာင္းျပႆနာက ယခုအခါမွာ ျမန္မာအစိုးရအတြက္ ႀကီးမားတဲ့ ႏိုင္ငံတကာဖိအားကိုျဖစ္ေစတဲ့ ျပ ႆနာႀကီးတစ္ခုျဖစ္လာခဲ့ပါတယ္။ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြနဲ႔ အိမ္နီးခ်င္းဘဂၤလားေဒ့ရွ္ရဲ႕ အက်ိဳးစီးပြား ပါေနတဲ့ အတြက္ က်ဴးေက်ာ္အေျခခ် ဘဂၤါလီ ျပႆနာဟာ ျမန္မာႏိုင္ငံအတြက္ နာတာရွည္ျပႆနာ တစ္ခုျဖစ္ သြားဖို႔ ဦးတည္ေနပါၿပီ။ ယခုရက္သတၱပတ္ ထဲမွာပဲ  ကုလသမဂၢအေထြေထြညီလာခံကို က်င္းပေနတဲ့ အတြက္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္က ဘဂၤါလီျပႆနာနဲ႔ပက္သက္ၿပီး ကုလကို အစီရင္ခံစာတင္ျပဖို႔ ျပင္ေနသလို ယခု ရက္သတၱပတ္ထဲမွာဘဲ အေမရိကန္ ေအာက္လႊတ္ေတာ္ကျမန္မာစစ္တပ္အေပၚ စီးပြားေရးအရ က်ယ္က်ယ္ ျပန႔္ျပန႔္ အေရးယူဒဏ္ခတ္မယ့္ အခ်က္ေတြ ပါဝင္ေနတဲ့ BURMA Act ၂၀၁၉ ျပင္ဆင္ခ်က္ ဥပေဒမူ ၾကမ္းအပါ အဝင္ႏွစ္ခုကိုအတည္ျပဳခဲ့ပါတယ္။

စက္တင္ဘာ ၂၆ ရက္မွာ က်င္းပတဲ့ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ ညီလာခံမွာေတာ့ ဥေရာပ သမဂၢနဲ႔ OIC တို႔ ပူးတြဲတင္သြင္းတဲ့ ဘဂၤါလီမြတ္ဆလင္ေတြနဲ႔ ျမန္မာႏိုင္ငံတြင္း လူနည္းစုလူမ်ိဳးေတြအေပၚ လူ႔ အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ပတ္သက္တဲ့ အဆိုျပဳ ဆုံးျဖတ္ခ်က္ကို မဲခြဲ အတည္ျပဳခဲ့ ပါတယ္။ဒီဆုံးျဖတ္ခ်က္ ကို ျမန္မာကိုယ္စားလွယ္က ျပင္းျပင္းထန္ထန္ ကန႔္ကြက္ခဲ့ပါတယ္။ ဒီမဲခြဲမႈမွာ တ႐ုတ္ဘက္က ကန႔္ကြတ္ ခဲ့ၿပီး မဲခြဲမႈမတိုင္ခင္မွာ ဒုကၡသည္ေတြေနရပ္ျပန္ေရးအတြက္ တ႐ုတ္ပါဝင္တဲ့ ျမန္မာ-ဘဂၤလားေဒ့ရွ္သုံးႏိုင္ငံ ေဆြးေႏြး ခဲ့ပါတယ္။

ကုလမွာ OICနဲ႔ ဘဂၤလားေဒ့ရွ္ဘက္က အေတာ္ေလးအသာရေနတဲ့အတြက္ ဒီျပႆနာက အေတာ္ ေလးခ်ိန္ဆၿပီး သံတမန္ေရးရာအရ ပါးနပ္မွ ျဖစ္မယ့္အေနအထားပါ။ဒီအတြက္ ျမန္မာဘက္က ဘာေတြျပင္ဆင္ ထားသလဲ ဘာေတြ လုပ္ေနသလဲဆိုတာ မသိရေသးပါဘူး။ဘဂၤလားေဒ့ရွ္နဲ႔ OICလိုခ်င္ေနတဲ့ ဘဂၤါလီအား လုံး ကို ႁခြင္းခ်က္မရွိ ႏိုင္ငံသားေပးဖို႔ဆိုတာနဲ႔ ပတ္သက္ၿပီး စင္ကာပူႏိုင္ငံ၌ က်င္းပ သည့္ Singapore Summit 2019 မွာ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ ဦးေသာင္းထြန္း ကေျပာခဲ့တာရွိပါတယ္။ဒါက ‘‘အာရွတင္ မက ကမာၻေပၚမွာရွိတဲ့ အခ်ဳပ္အျခာအာဏာပိုင္ ဘယ္ႏိုင္ငံကမွ စာ႐ြက္စာတမ္း  အေထာက္အထားမရွိဘဲ အ လိုအေလ်ာက္ႏိုင္ငံသားျဖစ္ခြင့္ေပး မွာမဟုတ္ပါဘူး’’ဆိုတာပါဘဲ။ဒီအတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ ေနရပ္စြန႔္ခြာ သူမ်ား ေတာင္းဆို သည့္အတိုင္း အလိုအေလ်ာက္ ႏိုင္ငံသား ျဖစ္ခြင့္ရွိမည္မဟုတ္ဘဲ ႏိုင္ငံသား ေလွ်ာက္ ထားသည့္လုပ္ ငန္းစဥ္ အတိုင္းေဆာင္႐ြက္ရမည္ဆိုၿပီး ေျပာခဲ့တာပါ။ ဒီအတိုင္း ျမန္မာႏိုင္ငံသားေတြက လက္ ခံထားတာပါ။

ယခုတစ္ပတ္ထဲ  ဘဂၤါလီေတြနဲ႔ ပတ္သက္ၿပီး ေနာက္ထပ္စိတ္ဝင္စားစရာ သတင္းက ဂ်ာမနီအေျခစိုက္ DW သတင္းဌာနက စက္တင္ဘာ ၂၄ ရက္မွာ ေဖာ္ျပခဲ့တဲ့သတင္းပါဘဲ။ဒီသတင္းထဲမွာ ဘဂၤလားေဒ့ရွ္ရွိ ဒုကၡ သည္စခန္းေတြထဲမွာ ARSA အ ၾကမ္းဖက္အဖြဲ႕ဝင္၃,၅၀၀ ခန႔္က လႈပ္ရွားေနၿပီးအမ်ိဳးသမီးမ်ား၊ သတင္းေပး သူမ်ား၊အကူအညီေပးေရး အဂ်င္စီက အမ်ိဳးသမီးေတြကို ၿခိမ္းေျခာက္ေနတယ္ဆိုၿပီး ေဖာ္ထုတ္ေရး သားထား တာပါ။ဒီလို လုံၿခဳံေရးအေျခအေနဆိုးေနတဲ့ ဘဂၤလားေဒ့ရွ္ဘက္က ဒုကၡသည္စခန္းေတြကို အေမရိကန္ အစိုးရ က လူ သားခ်င္းစာနာမႈ အကူအညီအ ျဖစ္ ေဒၚလာ ၁၂၇ သန္းေက်ာ္ ထပ္မံေပးအပ္မယ္ဆိုၿပီး စက္တင္ဘာ ၂၄ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။ ဒီလို အေျခအေနမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို တိမ္းေရွာင္ေနရတဲ့သူေတြထဲ က မြတ္ဆလင္႐ြာသား၂၆ ဦးက စက္တင္ဘာ ၂၅ ရက္မွာ ဆႏၵအေလွ်ာက္ ေမာင္ေတာၿမိဳ႕၊ ငါးခူရလက္ခံႀကိဳဆို ေရးစခန္းကို ဝင္လာခဲ့ပါတယ္။  

ျမန္မာဘက္ကို ျပန္လာဖို႔ ဘဂၤါလီေတြကို ဘဂၤလားေဒ့ရွ္ဘက္က တားဆီးမႈေတြရွိေနသလို ရခိုင္ဘက္ မွာ တိုက္ပြဲေတြေၾကာင့္ ရခိုင္တိုင္းရင္းသားေဒသခံေတြ တိမ္းေရွာင္ေနရတာေတြ ရွိသလို ေသဆုံးသူ ၈၀ ေက်ာ္၊ ထိခိုက္ဒဏ္ရာရသူ ၁၈၀ ေက်ာ္ႏွင့္ ဒုကၡသည္ ေျခာက္ေသာင္းေက်ာ္ ရွိေနပါတယ္။စက္တင္ဘာ ၂၄ ရက္ မွာ ကမာၻ႔ကုလသမဂၢအဖြဲ႕  ရခိုင္ျပည္နယ္ ဌာေနကိုယ္စား လွယ္က ရခိုင္အမ်ိဳးသားပါတီနဲ႔လာေတြ႕ၿပီး ရခိုင္ေဒသ တြင္း စစ္ေဘးေရွာင္ မ်ား၏ အေျခအေနႏွင့္ လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲဆိုင္ရာကိစၥ ရပ္မ်ား ေမးျမန္းခဲ့တာ ေတြရွိပါတယ္။

ႏိုင္ငံတကာနဲ႔ အဖြဲ႕အစည္းေတြ ေျခရႈပ္ေနတဲ့ ရခိုင္ေျမာက္ပိုင္းမွာ ကုလညီလာခံအၿပီး ဘယ္လိုသက္ ေရာက္မႈေတြရွိလာမလဲ၊ဘာေတြ ျဖစ္ထြန္းလာမလဲ၊ ဘယ္လို အေကာင္းဘက္ကျဖစ္ထြန္းမႈေတြ ရွိလာမလဲဆို တာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဒီသတင္းေတြက ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ ရန္ကုန္တိုင္းအတြင္း အလႉခံေနသူမ်ားကို စိစစ္ၿပီး လုပ္စားေနတဲ့ အလႉခံေတြကို အေရးယူေဆာင္ ႐ြက္မယ္ဆိုတဲ့ သတင္း၊ လႈိင္သာယာ FMI City အိမ္ရာကို FMI Garden Development Ltd. မွ ေဆာက္လုပ္ေရးဝန္ႀကီး ဌာနကို ျပန္လႊဲေပးေတာ့မယ့္ သတင္း၊ျမန္မာ အမ်ိဳးသမီးမ်ားအတြက္ ရည္႐ြယ္ ေဆာင္႐ြက္ေနေသာ ‘အမ်ိဳးသမီးႏွင့္ မိန္းကေလး မ်ားအား ဦးစားေပးေရး’ စီမံ ကိန္းကို ဥေရာပသမဂၢ (အီးယူ) ကယူ ႐ို  ငါးသန္းေထာက္ပံ့ခဲ့တဲ့ သတင္း၊ သမိုင္းဘူတာ႐ုံကို က်ပ္သိန္းေလး ေသာင္းခန႔္ ကုန္က်ခံ အဆင့္ျမႇင့္တင္ရန္ ျမန္မာ့မီးရ ထားထံ ကုမၸဏီ တစ္ခုက အဆိုျပဳထားတဲ့ သတင္း၊ က်ပ္ သိန္းတစ္ေထာင္ေက်ာ္လာဘ္စားမႈျဖင့္ ေရအားလွ်ပ္စစ္အေကာင္အထည္ေဖာ္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး ခ်ဳပ္ႏွင့္ ၫႊန္ၾကားေရးမႉးတို႔ကို အဂတိတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္အေရးယူထားတဲ့ သတင္း၊  ေပါင္ၿမိဳ႕ နယ္ က်ားဘိုေက်း႐ြာရွိ အေျခ ခံပညာအထက္တန္းေက်ာင္း(ခြဲ) မွာ စာသင္ေဆာင္ မ်က္ႏွာၾကက္ၿပိဳက်လို႔ ေက်ာင္းသားသုံးဦးထိခိုက္ဒဏ္ရာရခဲ့တဲ့ သတင္း၊ ဒသမတန္းေက်ာင္းသူ ကို ဆရာတစ္ဦးက မဖြယ္မရာ ျပဳလုပ္ သည္ဆိုသည့္ျဖစ္စဥ္ႏွင့္ ပတ္သက္၍ စြပ္စြဲခံရသူဆရာက သတင္းစာရွင္းလင္းပြဲျပဳလုပ္ကာ ျပန္လည္ေျဖ ရွင္း ခဲ့တဲ့သတင္း၊ေတြထဲ သတိထားစရာေျပာစမွတ္ျဖစ္စရာ သတင္းေတြျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
စက္တင္ဘာ - ၂၇