【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 မြို့ကြီးတွေကို ခြိမ်းခြောက်လာတဲ့ လက်နက်ကိုင်ဘေး

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 မြို့ကြီးတွေကို ခြိမ်းခြောက်လာတဲ့ လက်နက်ကိုင်ဘေး

ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းမှာဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ ရေကြီးမှုနဲ့ ပြင်ဦးလွင်-ဂုတ်တွင်း နောင်ချိုဘက်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့က ဝင်ပစ်တဲ့အတွက် အရပ်သားတွေ အပါအဝင် သေကြေပျက်စီးရတဲ့ သတင်းတွေက ထိပ်တန်း အရေးတကြီးသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေက ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲက အမေရိကန် ဝင်ခွင့်ဗီဇာမှာ လုပ်ငန်းနဲ့ အလည်အပတ်အတွက် တစ်မျိုးတည်း ပေါင်းလျှောက်ခွင့်ပြုလိုက်တဲ့ သတင်း၊ တရုတ်-ဂျပန်- တောင်ကိုရီးယား ခရီးသွားတွေကို ဗီဇာဖြေလျှော့ပေးထားတာ တစ်နှစ်ထပ်တိုးလိုက်တဲ့ သတင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်ထဲသွားဖို့ စီစဉ်နေတဲ့သတင်း၊ ၁၉၉၀ စင်ပြိုင်အစိုးရ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ သတင်း၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်မယ့်သတင်း၊ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် ရဲ့ မိခင် မြစ်ကြီးနားမှာ ကွယ်လွန်ခဲ့တဲ့ သတင်းတွေထဲ ထူးထူးခြားခြား အများပြည်သူ သတိထားမိခဲ့တဲ့ သတင်းဖြစ်ခဲ့ပါတယ်။

သမိုင်းဝင်မြေပြိုမှုနဲ့ စံချိန်တင်ရေဘေး

ယခုရက်သတ္တပတ်ထဲ အလှုပ်ခတ်ဆုံးနဲ့ နိုင်ငံတကာထိပါ headline သတင်းဖြစ်ခဲ့တာက မွန်ပြည်နယ်ထဲမှာဖြစ်ခဲ့တဲ့ ရေကြီးမှုတွေနဲ့ မလတ်တောင် (သဲဖြူကုန်းရွာ) မြေပြိုမှု သတင်းတွေပါဘဲ။

မလတ်တောင်မှာ မြေပြိုမှု မဖြစ်ခင်ကတည်းက မွန်ပြည်နယ်ထဲမှာ ရေကြီးမှုတွေ စိုးရိမ်စရာကောင်းလောက်အောင် ဖြစ်ပေါ်ခဲ့တာပါ။မိုးရာသီရောက်တိုင်း နာမည်ကြီး ဘီးလင်းချောင်း ရေကြီးမှုက ရန်ကုန်-မော်လမြိုင် လမ်းကို အမြဲလိုလိုရေလျှံခဲ့ရာမှာ ယခုနှစ်မှာလည်း ထုံးစံအတိုင်း ဘီးလင်းမြစ်ရေက ယခင်ကထက်ပိုပြီး မြစ်ရေတိုးခဲ့ပါတယ်။မွန်ပြည်နယ်တွင် မြို့နယ်ခြောက်ခု အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုမှာ ရေကြီးလို့ လူဦးရေခြောက်သောင်းကျော် ရေဘေးသင့်ခဲ့ပါတယ်။မွန်ပြည်နယ်တစ်ခုလုံးတွင် ရေဘေးသင့် လူဦးရေ ၁၄,၀၀၀ ခန့်ရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် ရေဖြူ၊ လောင်းလုံး၊ ပုလော၊ တနင်္သာရီနှင့် မြိတ်မြို့နယ်မှာ ရေဘေးနှင့် မြေပြိုမှုဘေး ကြုံတွေ့နေခဲ့ရကာ လူဦးရေ လေးထောင်ခန့်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။ကရင်ပြည်နယ်မှာ ရေဘေးကြောင့် ဘားအံ အပါအဝင် မြို့နယ်ခြောက်ခုမှာ လူဦးရေ ၁၆,၀၀၀ နီးပါး နေရာရွှေ့ပြောင်းနေရပြီး ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ရေကြီးခဲ့တာ အကြာဆုံးပါဘဲ။ပဲခူးတိုင်းဘက်မှာဆိုရင် ပဲခူး၊ ကျောက်ကြီး၊ မိုးညို၊ ကဝ၊ သနပ်ပင်၊ မဒေါက်၊ ဝေါနှင့် ရွှေကျင်မြို့နယ်တွေမှာ ရေကြီးလို့ လူဦးရေ ၂၂,၀၀၀ ခန့် ရေဘေးကြောင့် ကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းနေထိုင်နေရပါတယ်။ပဲခူးမှာဆို မဒေါက်၊ ကရင်မှာဆို ကြာအင်းဆိပ်ကြီးနဲ့ မွန်မှာဆို ရေးမြို့တွေက ရေဘေးကို ဆိုးဆိုးရွားရွားခံခဲ့ရပါတယ်။

ရေးမြို့မှာဆို ဖြစ်တောင့်ဖြစ်ခဲ ရေကြီးခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ် ကလေးမြို့ ရေအောက်ရောက်ခဲ့သလိုမျိုး ရေကြီးခဲ့တာပါ။ဒီလို စံချိန်တင်ရေကြီးမှုတွေ ဖြစ်ခဲ့သလို သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာပျက်စီးနေမှုတွေကြောင့်လည်း မိုးသည်းထန်စွာ ရွာသွန်းတာနဲ့  မိုးရေက အထိန်းအသိမ်းမရှိဘဲ တောင်ပေါ်၊ မြစ်ကမ်းပါးပေါ်ကနေ မြစ်ထဲကို ထိုးကျခဲ့တဲ့အတွက် မြစ်ရေကြီးမှုကို ပိုဆိုးရွားစေခဲ့ပါတယ်။အဆိုပါရက်ပိုင်းမှာဘဲ မိုး/ဇလ ဦးစီးဌာနက ပဲခူးတိုင်းထဲက  စစ်တောင်း၊ ရွှေကျင်နှင့် ပဲခူးမြစ်၊ ကရင်ပြည်နယ်ထဲက သံလွင်နဲ့ မွန်ပြည်နယ်ထဲက ဘီးလင်းမြစ်၊ ဧရာဝတီတိုင်းထဲက သာပေါင်းမြစ်တွေမှာ စိုးရိမ်ရေမှတ်ကျော်မယ်ဆိုပြီး သတိထားဖို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က သဲဖြူကုန်းမှာ မြေပြိုပြီး လူအသေအပျောက် များခဲ့တာပါ။မြေပြိုတဲ့  ဩဂုတ် ၉ ရက် နံနက်အစောပိုင်းကတည်းက ကုလားမတောင်တန်းလို့ခေါ်တဲ့ မလတ်တောင်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။နံနက် ၇ နာရီခွဲခန့်မှာ  ရန်ကုန်-မော်လမြိုင် ကားလမ်းနဲ့ အပြိုင်ရှိနေတဲ့ ပေါင်မြို့နယ်ထဲက သဲဖြူကုန်းကျေးရွာပေါ်ကို ကားလမ်းတစ်ဖက်ခြမ်းက ပေ ၃၀၀ ခန့် အမြင့်ရှိတဲ့ မလတ်တောင်ကနေ မြေပဲ့ပြီး ပြိုကျခဲ့တာပါ။မြေပြိုကျတဲ့အချိန်မှာ မုတ္တမဘက်မှာ ရေကြီးနေတဲ့အတွက် ကားတွေက တန်းစီကာ ဖြေးဖြေးစောင့်ဆိုင်း မောင်းနေတဲ့အတွက် မြေပြိုတဲ့အထဲ ပါသွားသလို သဲဖြူကုန်းကျေးရွာအုပ်စုက လူ ၁၆၉ ဦး ရှိနေတဲ့ အိမ်၂၇ လုံးပါ မြေပြိုတဲ့အထဲ ပါသွားခဲ့ပါတယ်။တောင်ပြိုကျမှုကြောင့် ကားလမ်းမပေါ် အလျားလိုက် ဧရိယာ တစ်ဖာလုံခန့်နှင့် ကားလမ်းအောက်ဘက် ဧရိယာ နှစ်ဖာလုံခန့် မြေကြီးဖုံးလွှမ်းသွားသလို လူနေအိမ်၊ ဘုန်းကြီးကျောင်း၊ ကုန်တင်ကား၊ ခရီးသည်တင်မှန်လုံကားနဲ့ အိမ်စီးကားတွေအပေါ် မြေကြီးဖုံးလွှမ်းသွားခဲ့ပါတယ်။
အဆိုပါ သြဂုတ် ၉ ရက်မှာဘဲ ပေါင်မြို့နယ်ထဲက မိုးနိုင်း၊ ကျွဲခြံ၊ မုကျိ၊ ဘန့်ဘွေးကုန်းကျေးရွာတို့မှာလည်း မြေပြိုမှုဖြစ်ပွားပြီး လူနေအိမ်များ ပိမိခြင်း၊ ကျောက်တုံးများ ပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီလိုမြေပြိုတဲ့ထဲကနေ အသက်ရှင်တာ ၈၇ ဦးရှိပြီး သေဆုံးသူက ၆၅ ဦးထိ ရှိခဲ့ပါတယ်။မြေပြိုတဲ့အထဲကနေ အလောင်းတွေကို သြဂုတ် ၁၃ ရက်အထိ ရှာဖွေခဲ့ပြီး ဒီလိုရှာဖွေကယ်ဆယ်မှုကို နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့သလို လူကယ်ပြန် ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် အခင်းဖြစ်ပွားတဲ့ရက် ဝန်းကျင်ကတည်းက လာရောက်ကြပ်မတ်ခဲ့တာကို တွေ့ရပါတယ်။

နောက်ပိုင်းမှာ မလတ်တောင် မြေပြိုမှုအပေါ် သုံးသပ်ကောက်ချက်ချမှုတွေ ထွက်ပေါ်လာခဲ့သလို တောင်တစ်ခုလုံး မြေပြိုမှု ထပ်ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာကို ဆန်းစစ်ရှာဖွေဖို့ ကြိုတင်ကာကွယ်ဖို့အထိ ဖြစ်လာခဲ့ပါတယ်။ကျောက်ထုတ်လုပ်ငန်းတွေ၊ တောင်ကိုဖဲ့ပြီး မြေတူးကာ နေစရာနေရာချဲ့ယူမှုတွေ ဒင်းကြမ်းဖြစ်ခဲ့တဲ့ မွန်ပြည်နယ်အတွင်းမှာ ယခုမြေပြိုမှုကြောင့် သတိပြုမိစရာဖြစ်ခဲ့သလို မွန်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း တောင်ဖြို မြေကြီးတူးဖော်တဲ့ လုပ်ငန်းမှန်သမျှကို ပိတ်သိမ်းသွားမယ်လို့ ပြောခဲ့ပါတယ်။

သြဂုတ် ၉ ရက်မှာ မလတ်တောင် မြေပြိုခဲ့သလို သြဂုတ် ၁၀ ရက်မှာ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲက ရှင်မော်တောင်ပြိုလို့ တောင်ပေါ်မှာရှိတဲ့ ဘုရားပေါ်မှာ ဂေါပကများ အပါအဝင် လူ ၂၁ ဦး ပိတ်မိခဲ့ပါတယ်။ဒီလူတွေကို သြဂုတ် ၁၂ ရက်မှာမှ ကုန်စင်အောင် ကယ်တင်နိုင်ခဲ့ပါတယ်။

အဆိုပါ တနင်္သာရီ၊ မွန်ဘက်မှာရှိတဲ့ တောင်တန်းတွေက သက်နုတောင်တန်းတွေဖြစ်ပြီး မိုးများတဲ့အခါ အချိန်မရွေးပြိုကျနိုင်တဲ့ အနေအထားရှိတယ်လို့ဆိုသလို မလတ်တောင်ကို စစ်ဆေးခဲ့တဲ့ ပညာရှင်တွေကလည်း တောင်ထိပ်မှာ မိုးရေစုနေပြီး ရေထုထည်ကို မခံနိုင်လို့ ဖြစ်ရတာလို့ သုံးသပ်ခဲ့ပါတယ်။ဒါပေမယ့် ယခုလိုမဖြစ်ပွားမီ နှစ်ပိုင်းအတွင်း ဒီဒေသတစ်လျှောက်မှာရှိတဲ့ သဘာဝသံယံဇာတတွေကို ထုတ်ယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ထောက်ပြတဲ့ အစီရင်ခံစာတွေ ထင်ထင်ရှားရှားထွက်ခဲ့ပေမယ့် သတိပြုလိုက်နာတဲ့ ဆောင်ရွက်မှုတွေ မတွေ့ရသလို တားမြစ်မှုတွေကိုလည်း မတွေ့ရပါဘူး။

အထူးသဖြင့် မြစ်ထဲမှာ ရွှေရှာတာ၊ ကျောက်မိုင်းခွဲတာ၊ ပင်လယ်ထဲ သဲစုပ်ခွင့်ပေးတာ၊ လမ်းအကြောင်းပြပြီး သစ်တောတွေ အပြောင်ရှင်းတာ စတာတွေက သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့အတွက် ဒါတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦးတစ်ယောက်ကမှ ဆွဲထုတ်ပြောဆိုတာ မတွေ့ရပါဘူး။ဒါဟာ ယခုဖြစ်ရပ်အတွက် အဓိကတရားခံကို ရှာတဲ့အခါ သဘာဝတရားဖြစ်တဲ့ မိုးသည်းထန်စွာရွာတာကိုသာ ထောက်ပြနေကြပြီး လူလုပ်ဘေးကို ဖေါ့ပြောနေတာ စိတ်ပျက်စရာပါ။

တာဝန်ရှိတဲ့အတိုင်း လုပ်စရာရှိတာကို တာဝန်ယူတဲ့သူတွေက ပြတ်ပြတ်သားသား မလုပ်တဲ့အခါ သဘာဝတရားက ပြတ်ပြတ်သားသား လုပ်သွားတာကို ယခုဖြစ်ရပ်က တွေ့ရမှာပါ။တစ်ခုရှိတာက ဒီလိုကျူးလွန်ခဲ့သူတွေက မခံရဘဲ အပြစ်မဲ့ပြည်သူတွေ ဒေသခံတွေက စတေးခံလိုက်ရသလိုဖြစ်တာက ဆိုးတဲ့ဖြစ်ရပ်ပါ။ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်လာရင် နှာစေးတတ်တဲ့လူတွေ ရှိနေသရွေ့ ဒီလို ကြေကွဲဖွယ်ဖြစ်ရပ်တွေ မြင်နေရဦးမှာဖြစ်ပါတယ်။

ဒီလိုရေကြီးမြေပြိုတာတွေနဲ့ အောက်ဘက်မှာ လူတွေသောကရောက်ချိန်မှာဘဲ အထက်ပိုင်းဒေသ စစ်ကိုင်းတိုင်းထဲမှာ လေပြင်းကျရောက်လို့ နေအိမ် ၃၀ ခန့် ပျက်စီးခဲ့တာလည်း ယခုရက်သတ္တပတ်ထဲမှာ ဖြစ်ခဲ့ပါသေးတယ်။ဒီသတင်းတွေနဲ့ အတူ သဘာဝဘေးနဲ့ဆိုင်တဲ့ သတင်းတွေဖြစ်တဲ့ တနင်္သာရီတိုင်းအတွင်း ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူသုံးဦး သေဆုံးခဲ့တဲ့သတင်း၊ တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် ရေဘေးထောက်ပံ့ငွေ ကျပ်သန်း ၃၄၀ ကျော်ကို အစိုးရက အသုံးပြုခဲ့တဲ့သတင်း၊ နှစ်လအတိုင်း တိုင်းနှင့် ပြည်နယ် ၁၂ ခုရှိ အိမ်ထောင်စု ၃၅,၅၈၁ စုရှိ လူ ၁၆၂,၂၈၄ ဦး ရေဘေးသင့်ခဲ့တဲ့သတင်း၊ ယခုနှစ် မိုးရာသီအတွင်း လေပြင်းဘေး၊ မိုးကြိုးဘေးနှင့် မြေပြိုမှုဘေးတို့ကြောင့် သေဆုံးသူဦးရေ အနည်းဆုံး ၂၀၀ ဦးခန့်ရှိတဲ့သတင်း၊ မြန်မာနိုင်ငံ ရေဘေးအတွက် ကိုရီးယားနဲ့ ဂျပန်က ဆန်တန်ချိန် ၈၀၀ ထောက်ပံ့ခဲ့တဲ့သတင်း၊  မြန်မာနိုင်ငံ တောင်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ မြေပြိုမှုနှင့် ရေကြီးမှုများကြောင့် အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ပျက်စီးမှုအပေါ် များစွာစိတ်မကောင်းဖြစ်မိကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံတကာအသိုင်းအဝိုင်းက သတင်းထုတ်ပြန်ခဲ့တဲ့သတင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး အုတ်တံတိုင်းပြိုကျလို့ လူတစ်ဦး မြေပိသေဆုံးခဲ့တဲ့သတင်း၊ မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေစီးမှုကြောင့် ညောင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် နေအိမ်နှင့် စိုက်ခင်းများ ပျက်စီးပြီး လူတစ်ဦး ရေစီးနှင့် မျောပါပျောက်ဆုံးတဲ့ သတင်း၊ ပုဂံနှင့် တောင်ဇင်းဘူတာအကြားရှိ တံတားအမှတ် ၁၃၅ ရေတိုက်စားခံရလို့ ရန်ကုန်မှ ပုဂံသို့ တစ်ပတ်ခန့် ရထားတိုက်ရိုက် မပြေးဆွဲနိုင်တော့တဲ့ သတင်း၊ ရေဘေးသင့် ပဲခူးတိုင်း၊ မွန်နှင့် ကရင်ပြည်နယ်တို့မှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ထူထောင်ဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စီစဉ်နေတဲ့ သတင်းတွေလည်း ရှိခဲ့ပါတယ်။

ကိုကို ညီညီနှင့် ဗစ်တိုးရီးယားအမှု အဖြေမှန်နီးစပ်ပြီလား

ယခုရက်သတ္တပတ်ထဲ အများပြည်သူ စောင့်ကြည့်ခဲ့ရတဲ့ သတင်းတစ်ခုရှိပါတယ်။ဒီသတင်းကလည်း ယခင်ကတည်းက အများပြည်သူ မျှော်လင့်ထားတဲ့ သတင်းဖြစ်သလို ပေါ်ထွက်လာတာကလည်း အများပြည်သူထင်သလို ဖြစ်နေတဲ့အတွက် စိတ်ဝင်စားမှု မြင့်တက်ခဲ့တာပါ။ဒါက နေပြည်တော် ဗစ်တိုးရီးယားအမှုပါဘဲ။

ယခုရက်သတ္တပတ်ထဲမှာ ပြုလုပ်ခဲ့တဲ့ နေပြည်တော်က ဗစ်တိုးရီးယား ကလေးငယ် မှုခင်းပါဘဲ။မူလကတည်းက ကိုကို ညီညီ ဆိုတာကို ဘယ်သူဘယ်ဝါဆိုတာ သိထားပေမယ့် ကလေးငယ်က ဖအေအရွယ်ကိုလဲ ကိုကိုခေါ်တယ်ဆိုပြီး ပြောခဲ့ရှင်းခဲ့တဲ့ကိစ္စနဲ့ ဒီနေ့မှ အလုပ်ဝင်၊ ဒီနေ့ဘဲ ကလေးငယ်ကို မုဒိမ်းကျင့်ဆိုတဲ့ ဖြစ်နိုင်ဖို့ခဲယဉ်းတဲ့ concept ကို ချခင်းရှင်းလင်းခဲ့တဲ့ ကိစ္စက အများပြည်သူကြား လှောင်ပြောင်စရာ ရယ်သွမ်းစရာ ဖြစ်ခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ယာဉ်မောင်း အောင်ကြီး ဆိုသူကတော့ အဖမ်းခံလိုက်ရပြီဖြစ်သလို စစ်ဆေးနေစဉ်မှာလည်း ထွက်လာတဲ့ သတင်းတွေအရ အချုပ်ထဲထောင်ထဲမှာ ထိုးကြိတ်ခံရတယ်ဆိုတာတွေက အများပြည်သူကြား လက်မခံနိုင်စရာတွေ ဖြစ်ခဲ့ပါတယ်။

အများပြည်သူကြား ထိုးကြွေးခံရသလားဆိုတဲ့ သံသယထင်မြင်ချက်က ခိုင်မာခဲ့တဲ့အတွက် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဖြစ်ခဲ့သလို နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံကိုယ်တိုင် အောင်ကြီး ကို တရားခံအဖြစ် ဖော်ထုတ်ခဲ့တဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေကို တာဝန်ခံမှု၊ တာဝန်ယူမှုှ ရှိရမယ်လို့ သတိပေးရတဲ့အထိ ဒီပြဿနာက ကြီးထွားခဲ့ပါတယ်။

ဒီတစ်ပတ် ရုံးချိန်းမှာ ဒီပြဿနာက အဖြေတစ်ခုထွက်ဖို့ နီးစပ်လာသလို တရားလိုဘက်က တင်ပြတဲ့ ဗီဒီယိုဖိုင်မှာ ဗစ်တိုးရီးယားလို့ နာမည်ဝှက်ပေးထားတဲ့ ကလေးငယ်က သူမကို ဘယ်သူလုပ်တာလဲဆိုတာ ဆွဲထုတ်ပြခဲ့သလို လက်ရှိမှာ ကျူးလွန်သူဆိုပြီး ရဲတပ်ဖွဲ့က ဖမ်းထားတဲ့ အောင်ကြီး ဆိုသူကို မသိဘူးလို့ ငြင်းခဲ့တဲ့အတွက် ဒါဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ တရားဥပဒေစောင့်ရှောက်ရေးမှာ ဘာတွေဖြစ်နေပြီလဲဆိုတာ မီးမောင်းထိုးပြခဲ့သလို ပြည်သူထင်မြင်ယူဆထားသလို တရားခံ အစားထိုးထားသလားဆိုတဲ့ တွေးထင်ယူဆချက်ကလည်း ယခုထွက်ဆိုချက်ကြောင့် ပိုမိုခိုင်မာလာပါတယ်။

စတုတ္ထအကြိမ် ရုံးချိန်းတွင် အမှုစစ်ရာမှာ ၇ နာရီထိ ကြာမြင့်ခဲ့သလို တရားလိုဘက်က တင်သွင်းသည့် ဗီဒီယိုဖိုင်ကို ဥပဒေအရာရှိက ကန့်ကွက်ခဲ့သည့်ကိစ္စနှင့် ရဲတပ်ဖွဲ့က သက်သေခံ တင်သွင်းထားသည့် ဗီဒီယိုဖိုင်မှာ ၎င်းပေးထားသည့်အတိုင်း မဟုတ်ဘဲ လိုအပ်သည့် မိနစ်ပိုင်းကိုသာ ဖြတ်တောက်ထားခြင်းဖြစ်ကြောင်း တရားလိုဖခင်က တရားရုံးတွင် ထွက်ဆိုခဲ့သည်တွေက ယခုအမှုအပေါ် အမျာပြည်သူအတွက် ပိုမိုအာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။

တရားရုံးက ဒီဗီဒီယိုဖိုင်တွေကို လက်ခံခဲ့တဲ့အတွက် လာမယ့် ရုံးချိန်းတွေမှာ အပြန်အလှန်မေးမြန်းမှုတွေက ပိုပြီးသက်ဝင်လာစရာလိုသလို ဘယ်သူက ဘယ်သူတွေကို လှည့်စားခဲ့သလဲ၊ တရားဥပဒေကို ဘယ်သူက စောင့်ရှောက်ပြီး ဘယ်သူက လက်တလုံးခြား လှည့်ဖျားခဲ့သလဲဆိုတာ ပေါ်ပေါက်လာဖို့ ရှိပါတယ်။

ဒီသတင်းက ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့  ရန်ကုန်မှာ သြစတြေးလျနိုင်ငံကို ပို့မယ့် ကျပ်ငါးဘီလျံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တဲ့သတင်း၊ မန္တလေးခရိုင် NLD ပါတီ အလုပ်အမှုဆောင်တစ်ဦး လက်ဖက်ရည်ဆိုင်  ထိုင်နေစဉ် လူငါးဦးက ဓားနဲ့ဝင်ခုတ်ခဲ့တဲ့ သတင်း၊ တစ်ရက်အတွင်း အငှားယာဉ်မောင်းကို ဓားထောက်လုယက်မှုနှစ်ခု ရန်ကုန်မှာ ဖြစ်ပွားခဲ့တဲ့သတင်း၊ ရွှေပြည်သာမြို့နယ် ခရီးသွားလာရေး ပစ္စည်းစက်ရုံက တရုတ်နိုင်ငံသားတစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ သတင်း၊ လပတ်စာမေးပွဲကျသည့် ကျောင်းသား၊ ကျောင်းသူများ၏ ပါးစပ်နှင့် နှာခေါင်းတွင် မစင်သုတ်ပြီး ပြစ်ဒဏ်ပေးသည်ဆိုသော မူဆယ်မှ ကျောင်းဆရာမကို စုံခုံဖွဲ့စစ်ဆေးခဲ့တဲ့ သတင်း၊ သီပေါမြို့နယ် ပြည်ထောင်စုလမ်းမပေါ်မှာ နွားတင်လာတဲ့ ကုန်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရလို့ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တဲ့ သတင်း၊ လှိုင်သာယာ စက်မှုဇုန် (၅) မှာ လူသုံးဦးက ထိုးကြိတ်ရိုက်နှက်လို့ အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့သတင်း၊ နေပြည်တော်မှာ ဆိုင်ကယ်စီးလာတဲ့ အရပ်သားတစ်ဦးကို လည်ပင်းပြတ်ရှ၊ ထိုးသွင်းဒဏ်ရာများရတဲ့အထိ ရန်ပြုခဲ့တဲ့ တပ်မတော်သား လေးဦးကို ဖမ်းဆီးထားတဲ့သတင်း၊ ဆိုင်ကယ်ကယ်ရီသမားကို ငှားစီးတဲ့ ခရီးသည်က ဓားနဲ့ထိုးမှု အင်းစိန်မှာဖြစ်ပွားခဲ့တဲ့ သတင်းတွေ စတဲ့ သတင်းတွေထဲ ဗစ်တိုးရီးယားသတင်းက ဆက်စောင့်ကြည့်ရမယ့် သတင်းဖြစ်ခဲ့ပါတယ်။

မြို့တွေထိ ရောက်လာပြီလား

ယခုရက်သတ္တပတ်ထဲ အများပြည်သူ အထိတ်တလန့်ဖြစ်ကာ သတိထားမိခဲ့ရတဲ့ သတင်းက မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ထဲက တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (AA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) အဖွဲ့တွေက သြဂုတ် ၁၅ ရက် နံနက်အစောပိုင်းမှာ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချိုမြို့သို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲစခန်း၊ ကျောက်မဲမြို့သို့အထွက် နောင်ချိုတိုးလ် မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်တစ်ခုကို အလစ်အငိုက်တိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုမှာ ပြင်ဦးလွင်လို့ တပ်မြို့လို့ သိထားကြတဲ့ မြို့ကို အလစ်အငိုက်တိုက်ခဲ့တဲ့အတွက် အများပြည်သူကြား ထိတ်လန့်စရာဖြစ်ခဲ့သလို  မြို့ကြီးတွေရဲ့ လုံခြုံမှုကရော စိတ်ချရသလားဆိုတဲ့ မေးခွန်းတွေ အများပြည်သူကြား ထွက်ပေါ်လာခဲ့ပါတယ်။ TNLA လို့ ခေါ်တဲ့ တအာင်းအဖွဲ့က ရှမ်းပြည်နယ်ထဲမှာ လက်ရဲဇက်ရဲတွေလို့ သိထားကြသလို AA ကတော့ မကြာခင်ကပေါ်လာပြီး ဘင်္ဂါလီအရေး ရှုပ်ထွေးနေချိန်မှာ ရခိုင်ဘက်ကို အခြေစိုက်ဖို့ လိုင်ဇာကနေ အလုံးအရင်းနဲ့ ဆင်းချလာတဲ့ အဖွဲ့ဖြစ်ကာ MNDAA ကတော့ တပ်မတော်ကြောင့် အခြေစိုက်ရာပျောက်ပြီး တရုတ်-မြန်မာ နယ်စပ်မှာ ဟိုဘက်ဒီဘက် ခွနေတဲ့ အဖွဲ့ပါ။

တပ်မတော်ဘက်က ပြည်တွင်းငြိမ်းချမ်းရေးအတွက် တစ်ဖက်သတ် အပစ်ရပ်ထားတဲ့အချိန်မှာ ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။ဒီလို အကြမ်းဖက် သတ်ဖြတ်တိုက်ခိုက်မှုမှာ ဦးဆောင်တဲ့အဖွဲ့လို့ ထင်ရတဲ့ TNLA ဘက်က  ၎င်းတို့လှုပ်ရှားနေတဲ့နယ်ထဲ ထိုးစစ်ဝင်လို့ တိုက်စစ်ဆင်တာလို့ TNLA ဘက်က ပြောခဲ့ပါ တယ်။ဒီလို အလစ်ငိုက်တိုက်မှုကြောင့် တပ်မတော်သား၊ ရဲနှင့် အရပ်သား စုစုပေါင်း ၁၅ ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကာ တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ အဓိကကျတဲ့ ပြည်ထောင်စုလမ်းမကြီးက ဂုတ်တွင်းတံတား ပျက်စီးခဲ့တဲ့အတွက် ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ခဲ့ပါတယ်။

ထုတ်ပြန်ချက်တွေမှာ ရှင်းလင်းဖြေကြားမှုတွေမှာ မကြာသေးခင်က TNLA နဲ့ AA အဖွဲ့ အမာခံတွေဆီကနေ မူးယစ်ဆေးဝါးစခန်းတွေ၊ စိတ်ကြွဆေးတွေ ဘီလျံနဲ့ချီပြီး မိခဲ့တဲ့အတွက် အထိနာပြီး ပြန်တိုက်တာလို့ သုံးသပ်တာတွေရှိခဲ့ပါတယ်။ဒါပေမယ့် မြောက်ပိုင်းသုံးဖွဲ့က ငြင်းခဲ့ပါတယ်။ဒါပေမယ့် AA လက်နက်ကိုင်တွေ တိုက်ပွဲတွေမှာ ဒီနောက်ပိုင်း အရေးနိမ့်နေတာတွေ ရှိလာသလို ထောက်ပံ့လမ်းကြောင်းတွေကို ဖြတ်တောက်တာတွေကြောင့် အထိနာနေတာတွေ၊ စင်ကာပူဖြစ်ရပ်မှာ AA လက်နက်ကိုင် ခေါင်းဆောင်ရဲ့ ညီဖြစ်သူနဲ့ AA အတွက် လူနဲ့ ရန်ပုံငွေ စုဆောင်းကောက်ပေးတဲ့ အဖွဲ့ကို ဖမ်းမိခဲ့တာတွေက လက်နက်ကိုင်တွေကို အတိုင်းအတာတစ်ခုထိ ထိခိုက်စေခဲ့တာကလည်း သတိပြုစရာတွေပါ။

ဒီလိုမတိုက်ခင်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကနေ  ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး သဘောထားထုတ်ပြန်ချက်များ၊ သတိပေးချက်များ ထုတ်ပြန်ပြီး တပ်မတော်ကလည်း အသိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ဒီနောက်မှာ တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့တာပါ။ဒီတိုက်ခိုက်မှုက ပြည်တွင်းလုံခြုံရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စိမ့်ဝင်မှု၊ ဒေသခံပြည်သူနဲ့ တသားတည်းမကျမှု ဘယ်လောက်ထိဖြစ်နေပြီလဲဆိုတာကို ဒီဖြစ်ရပ်က ရုတ်ခြည်းဆွဲထုတ်ပြလိုက်ပါတယ်။

ဒီဖြစ်ရပ်က တိုင်းပြည်လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်ခဲ့သလို့ ငြိမ်းချမ်းရေးအတွက် အားထည့်လုပ်ဆောင်နေတဲ့ အစိုးရအတွက်လည်း ခက်ခဲစေခဲ့တဲ့ အဖြစ်ပါဘဲ။ဒီလို လုံခြုံရေးကျိုးပေါက်မှုအတွက် သက်ဆိုင်ရာ တပ်ဘက် အရပ်ဘက်မှာ ဘယ်လိုအရေးယူမှုတွေ အပြောင်းအလဲတွေ ဖြစ်လာမလဲ၊ နှိမ်နှင်းမှုတွေ ဘယ်လောက်ထိ ဖြစ်လာမလဲ၊ ဒီနောက်ကွယ်မှာ ဘာတွေရှိမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ် အခြားသတင်းတွေထဲက ဦးဝီရသူ ပိုင်ဆိုင်တဲ့ ပစ္စည်းမရှိလို့ ဝရမ်းမကပ်ခဲ့ရတဲ့ သတင်း၊ ရန်ကုန်မှာ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ဦးဆောင်ပြီး လူ ၂၀၀ ကျော်နဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်၏ အစီရင်ခံစာကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ သတင်း၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်ခံရတဲ့ ဦးလှဆွေ ဂန့်ဂေါမှာ နေထိုင်ခြင်းမရှိလို့ ဖမ်းဝရမ်းကို ပြန်လည်ပေးပို့ထားတဲ့ သတင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ (NCA) လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဖို့ ရှိတယ်ဆိုတဲ့ သတင်း၊ ရခိုင်မှာ  စစ်ရေးပဋိပက္ခနဲ့ ဆက်စပ်ပြီး သံသယဖြင့် တရားရင်ဆိုင်နေရသူ ၁၀၀ ကျော် ရှိနေတဲ့သတင်း၊ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို မိုင်းလားမှာ ကျင်းပဖို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်၏ အဆိုပြုချက် AA အပါအဝင် မြောက်ပိုင်းသုံးဖွဲ့ အကြောင်းမပြန်သေးတဲ့ သတင်း၊ ခွင့်ပြုချက်မရှိဘဲ အာဇာနည်ဟူသည့် စာသားများ အသုံးပြုသဖြင့် ရန်ကုန်မြို့၌ ကရင်အာဇာနည်နေ့ ဦးဆောင်ပြုလုပ်သူ ဒေါ်နော်အုံးလှ ကို ငြိမ်းစုစီဥပဒေပုဒ်မ၂၀ ဖြင့် အမှုဖွင့်အရေးယူထားတဲ့ သတင်းတွေထဲ  ထူးထူးခြားခြား ထိတ်လန့်စရာ သတိထားစရာ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်နားလိုက်ချင်ပါတယ်။

မာလင်း
သြဂုတ် - ၁၆

( Zawgyi )

ယခုရက္သတၱပတ္အတြင္း ျပည္တြင္းမွာျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ ေရႀကီးမႈနဲ႔ ျပင္ဦးလြင္-ဂုတ္တြင္း ေနာင္ခ်ိဳဘက္ကို ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ သုံးဖြဲ႕က ဝင္ပစ္တဲ့အတြက္ အရပ္သားေတြ အပါအဝင္ ေသေၾကပ်က္စီးရတဲ့ သတင္းေတြက ထိပ္တန္း အေရးတႀကီးသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြက ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲက အေမရိကန္ ဝင္ခြင့္ဗီဇာမွာ လုပ္ငန္းနဲ႔ အလည္အပတ္အတြက္ တစ္မ်ိဳးတည္း ေပါင္းေလွ်ာက္ခြင့္ျပဳလိုက္တဲ့ သတင္း၊ တ႐ုတ္-ဂ်ပန္- ေတာင္ကိုရီးယား ခရီးသြားေတြကို ဗီဇာေျဖေလွ်ာ့ေပးထားတာ တစ္ႏွစ္ထပ္တိုးလိုက္တဲ့ သတင္း၊ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ (ICOE) အဖြဲ႕ဝင္မ်ားသည္ ဘဂၤလားေဒ့ရွ္ထဲသြားဖို႔ စီစဥ္ေနတဲ့သတင္း၊ ၁၉၉၀ စင္ၿပိဳင္အစိုးရ NCGUB ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာစိန္ဝင္း ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိလာတဲ့ သတင္း၊ အေမရိကန္ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး ျမန္မာႏိုင္ငံကို လာေရာက္မယ့္သတင္း၊ KIA ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဂြန္ေမာ္ ရဲ႕ မိခင္ ျမစ္ႀကီးနားမွာ ကြယ္လြန္ခဲ့တဲ့ သတင္းေတြထဲ ထူးထူးျခားျခား အမ်ားျပည္သူ သတိထားမိခဲ့တဲ့ သတင္းျဖစ္ခဲ့ပါတယ္။

သမိုင္းဝင္ေျမၿပိဳမႈနဲ႔ စံခ်ိန္တင္ေရေဘး

ယခုရက္သတၱပတ္ထဲ အလႈပ္ခတ္ဆုံးနဲ႔ ႏိုင္ငံတကာထိပါ headline သတင္းျဖစ္ခဲ့တာက မြန္ျပည္နယ္ထဲမွာျဖစ္ခဲ့တဲ့ ေရႀကီးမႈေတြနဲ႔ မလတ္ေတာင္ (သဲျဖဴကုန္း႐ြာ) ေျမၿပိဳမႈ သတင္းေတြပါဘဲ။

မလတ္ေတာင္မွာ ေျမၿပိဳမႈ မျဖစ္ခင္ကတည္းက မြန္ျပည္နယ္ထဲမွာ ေရႀကီးမႈေတြ စိုးရိမ္စရာေကာင္းေလာက္ေအာင္ ျဖစ္ေပၚခဲ့တာပါ။မိုးရာသီေရာက္တိုင္း နာမည္ႀကီး ဘီးလင္းေခ်ာင္း ေရႀကီးမႈက ရန္ကုန္-ေမာ္လၿမိဳင္ လမ္းကို အၿမဲလိုလိုေရလွ်ံခဲ့ရာမွာ ယခုႏွစ္မွာလည္း ထုံးစံအတိုင္း ဘီးလင္းျမစ္ေရက ယခင္ကထက္ပိုၿပီး ျမစ္ေရတိုးခဲ့ပါတယ္။မြန္ျပည္နယ္တြင္ ၿမိဳ႕နယ္ေျခာက္ခု အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ေလးခုမွာ ေရႀကီးလို႔ လူဦးေရေျခာက္ေသာင္းေက်ာ္ ေရေဘးသင့္ခဲ့ပါတယ္။မြန္ျပည္နယ္တစ္ခုလုံးတြင္ ေရေဘးသင့္ လူဦးေရ ၁၄,၀၀၀ ခန႔္ရွိခဲ့ၿပီး တနသၤာရီတိုင္းေဒသႀကီးတြင္ ေရျဖဴ၊ ေလာင္းလုံး၊ ပုေလာ၊ တနသၤာရီႏွင့္ ၿမိတ္ၿမိဳ႕နယ္မွာ ေရေဘးႏွင့္ ေျမၿပိဳမႈေဘး ႀကဳံေတြ႕ေနခဲ့ရကာ လူဦးေရ ေလးေထာင္ခန႔္ကို ေဘးလြတ္ရာကို ေျပာင္းေ႐ႊ႕ခဲ့ရပါတယ္။ကရင္ျပည္နယ္မွာ ေရေဘးေၾကာင့္ ဘားအံ အပါအဝင္ ၿမိဳ႕နယ္ေျခာက္ခုမွာ လူဦးေရ ၁၆,၀၀၀ နီးပါး ေနရာေ႐ႊ႕ေျပာင္းေနရၿပီး ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္မွာ ေရႀကီးခဲ့တာ အၾကာဆုံးပါဘဲ။ပဲခူးတိုင္းဘက္မွာဆိုရင္ ပဲခူး၊ ေက်ာက္ႀကီး၊ မိုးညိဳ၊ ကဝ၊ သနပ္ပင္၊ မေဒါက္၊ ေဝါႏွင့္ ေ႐ႊက်င္ၿမိဳ႕နယ္ေတြမွာ ေရႀကီးလို႔ လူဦးေရ ၂၂,၀၀၀ ခန႔္ ေရေဘးေၾကာင့္ ကယ္ဆယ္ေရးစခန္းေတြကို ေ႐ႊ႕ေျပာင္းေနထိုင္ေနရပါတယ္။ပဲခူးမွာဆို မေဒါက္၊ ကရင္မွာဆို ၾကာအင္းဆိပ္ႀကီးနဲ႔ မြန္မွာဆို ေရးၿမိဳ႕ေတြက ေရေဘးကို ဆိုးဆိုး႐ြား႐ြားခံခဲ့ရပါတယ္။

ေရးၿမိဳ႕မွာဆို ျဖစ္ေတာင့္ျဖစ္ခဲ ေရႀကီးခဲ့တာျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ ကေလးၿမိဳ႕ ေရေအာက္ေရာက္ခဲ့သလိုမ်ိဳး ေရႀကီးခဲ့တာပါ။ဒီလို စံခ်ိန္တင္ေရႀကီးမႈေတြ ျဖစ္ခဲ့သလို သဘာဝပတ္ဝန္းက်င္ ဆိုး႐ြားစြာပ်က္စီးေနမႈေတြေၾကာင့္လည္း မိုးသည္းထန္စြာ ႐ြာသြန္းတာနဲ႔  မိုးေရက အထိန္းအသိမ္းမရွိဘဲ ေတာင္ေပၚ၊ ျမစ္ကမ္းပါးေပၚကေန ျမစ္ထဲကို ထိုးက်ခဲ့တဲ့အတြက္ ျမစ္ေရႀကီးမႈကို ပိုဆိုး႐ြားေစခဲ့ပါတယ္။အဆိုပါရက္ပိုင္းမွာဘဲ မိုး/ဇလ ဦးစီးဌာနက ပဲခူးတိုင္းထဲက  စစ္ေတာင္း၊ ေ႐ႊက်င္ႏွင့္ ပဲခူးျမစ္၊ ကရင္ျပည္နယ္ထဲက သံလြင္နဲ႔ မြန္ျပည္နယ္ထဲက ဘီးလင္းျမစ္၊ ဧရာဝတီတိုင္းထဲက သာေပါင္းျမစ္ေတြမွာ စိုးရိမ္ေရမွတ္ေက်ာ္မယ္ဆိုၿပီး သတိထားဖို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဒီလိုအေျခအေနမွာ ရန္ကုန္-ေမာ္လၿမိဳင္ ကားလမ္းေပၚက သဲျဖဴကုန္းမွာ ေျမၿပိဳၿပီး လူအေသအေပ်ာက္ မ်ားခဲ့တာပါ။ေျမၿပိဳတဲ့  ဩဂုတ္ ၉ ရက္ နံနက္အေစာပိုင္းကတည္းက ကုလားမေတာင္တန္းလို႔ေခၚတဲ့ မလတ္ေတာင္မွာ မိုးသည္းထန္စြာ ႐ြာသြန္းခဲ့ပါတယ္။နံနက္ ၇ နာရီခြဲခန႔္မွာ  ရန္ကုန္-ေမာ္လၿမိဳင္ ကားလမ္းနဲ႔ အၿပိဳင္ရွိေနတဲ့ ေပါင္ၿမိဳ႕နယ္ထဲက သဲျဖဴကုန္းေက်း႐ြာေပၚကို ကားလမ္းတစ္ဖက္ျခမ္းက ေပ ၃၀၀ ခန႔္ အျမင့္ရွိတဲ့ မလတ္ေတာင္ကေန ေျမပဲ့ၿပီး ၿပိဳက်ခဲ့တာပါ။ေျမၿပိဳက်တဲ့အခ်ိန္မွာ မုတၱမဘက္မွာ ေရႀကီးေနတဲ့အတြက္ ကားေတြက တန္းစီကာ ေျဖးေျဖးေစာင့္ဆိုင္း ေမာင္းေနတဲ့အတြက္ ေျမၿပိဳတဲ့အထဲ ပါသြားသလို သဲျဖဴကုန္းေက်း႐ြာအုပ္စုက လူ ၁၆၉ ဦး ရွိေနတဲ့ အိမ္၂၇ လုံးပါ ေျမၿပိဳတဲ့အထဲ ပါသြားခဲ့ပါတယ္။ေတာင္ၿပိဳက်မႈေၾကာင့္ ကားလမ္းမေပၚ အလ်ားလိုက္ ဧရိယာ တစ္ဖာလုံခန႔္ႏွင့္ ကားလမ္းေအာက္ဘက္ ဧရိယာ ႏွစ္ဖာလုံခန႔္ ေျမႀကီးဖုံးလႊမ္းသြားသလို လူေနအိမ္၊ ဘုန္းႀကီးေက်ာင္း၊ ကုန္တင္ကား၊ ခရီးသည္တင္မွန္လုံကားနဲ႔ အိမ္စီးကားေတြအေပၚ ေျမႀကီးဖုံးလႊမ္းသြားခဲ့ပါတယ္။
အဆိုပါ ၾသဂုတ္ ၉ ရက္မွာဘဲ ေပါင္ၿမိဳ႕နယ္ထဲက မိုးႏိုင္း၊ ကြၽဲၿခံ၊ မုက်ိ၊ ဘန႔္ေဘြးကုန္းေက်း႐ြာတို႔မွာလည္း ေျမၿပိဳမႈျဖစ္ပြားၿပီး လူေနအိမ္မ်ား ပိမိျခင္း၊ ေက်ာက္တုံးမ်ား ၿပိဳက်ျခင္းမ်ား ျဖစ္ေပၚခဲ့ပါတယ္။

ဒီလိုေျမၿပိဳတဲ့ထဲကေန အသက္ရွင္တာ ၈၇ ဦးရွိၿပီး ေသဆုံးသူက ၆၅ ဦးထိ ရွိခဲ့ပါတယ္။ေျမၿပိဳတဲ့အထဲကေန အေလာင္းေတြကို ၾသဂုတ္ ၁၃ ရက္အထိ ရွာေဖြခဲ့ၿပီး ဒီလိုရွာေဖြကယ္ဆယ္မႈကို ႏိုင္ငံေတာ္ဒုသမၼတ ဦးဟင္နရီဗန္ထီးယူ ကိုယ္တိုင္ လာေရာက္ၾကည့္ရႈခဲ့သလို လူကယ္ျပန္ ျပည္ေထာင္စုဝန္ႀကီးကိုယ္တိုင္ အခင္းျဖစ္ပြားတဲ့ရက္ ဝန္းက်င္ကတည္းက လာေရာက္ၾကပ္မတ္ခဲ့တာကို ေတြ႕ရပါတယ္။

ေနာက္ပိုင္းမွာ မလတ္ေတာင္ ေျမၿပိဳမႈအေပၚ သုံးသပ္ေကာက္ခ်က္ခ်မႈေတြ ထြက္ေပၚလာခဲ့သလို ေတာင္တစ္ခုလုံး ေျမၿပိဳမႈ ထပ္ျဖစ္ႏိုင္၊ မျဖစ္ႏိုင္ ဆိုတာကို ဆန္းစစ္ရွာေဖြဖို႔ ႀကိဳတင္ကာကြယ္ဖို႔အထိ ျဖစ္လာခဲ့ပါတယ္။ေက်ာက္ထုတ္လုပ္ငန္းေတြ၊ ေတာင္ကိုဖဲ့ၿပီး ေျမတူးကာ ေနစရာေနရာခ်ဲ႕ယူမႈေတြ ဒင္းၾကမ္းျဖစ္ခဲ့တဲ့ မြန္ျပည္နယ္အတြင္းမွာ ယခုေျမၿပိဳမႈေၾကာင့္ သတိျပဳမိစရာျဖစ္ခဲ့သလို မြန္ဝန္ႀကီးခ်ဳပ္က ျပည္နယ္အတြင္း ေတာင္ၿဖိဳ ေျမႀကီးတူးေဖာ္တဲ့ လုပ္ငန္းမွန္သမွ်ကို ပိတ္သိမ္းသြားမယ္လို႔ ေျပာခဲ့ပါတယ္။

ၾသဂုတ္ ၉ ရက္မွာ မလတ္ေတာင္ ေျမၿပိဳခဲ့သလို ၾသဂုတ္ ၁၀ ရက္မွာ တနသၤာရီတိုင္း ေလာင္းလုံးၿမိဳ႕နယ္ထဲက ရွင္ေမာ္ေတာင္ၿပိဳလို႔ ေတာင္ေပၚမွာရွိတဲ့ ဘုရားေပၚမွာ ေဂါပကမ်ား အပါအဝင္ လူ ၂၁ ဦး ပိတ္မိခဲ့ပါတယ္။ဒီလူေတြကို ၾသဂုတ္ ၁၂ ရက္မွာမွ ကုန္စင္ေအာင္ ကယ္တင္ႏိုင္ခဲ့ပါတယ္။

အဆိုပါ တနသၤာရီ၊ မြန္ဘက္မွာရွိတဲ့ ေတာင္တန္းေတြက သက္ႏုေတာင္တန္းေတြျဖစ္ၿပီး မိုးမ်ားတဲ့အခါ အခ်ိန္မေ႐ြးၿပိဳက်ႏိုင္တဲ့ အေနအထားရွိတယ္လို႔ဆိုသလို မလတ္ေတာင္ကို စစ္ေဆးခဲ့တဲ့ ပညာရွင္ေတြကလည္း ေတာင္ထိပ္မွာ မိုးေရစုေနၿပီး ေရထုထည္ကို မခံႏိုင္လို႔ ျဖစ္ရတာလို႔ သုံးသပ္ခဲ့ပါတယ္။ဒါေပမယ့္ ယခုလိုမျဖစ္ပြားမီ ႏွစ္ပိုင္းအတြင္း ဒီေဒသတစ္ေလွ်ာက္မွာရွိတဲ့ သဘာဝသံယံဇာတေတြကို ထုတ္ယူတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ျဖစ္လာႏိုင္တဲ့ အႏၲရာယ္ကို ေထာက္ျပတဲ့ အစီရင္ခံစာေတြ ထင္ထင္ရွားရွားထြက္ခဲ့ေပမယ့္ သတိျပဳလိုက္နာတဲ့ ေဆာင္႐ြက္မႈေတြ မေတြ႕ရသလို တားျမစ္မႈေတြကိုလည္း မေတြ႕ရပါဘူး။

အထူးသျဖင့္ ျမစ္ထဲမွာ ေ႐ႊရွာတာ၊ ေက်ာက္မိုင္းခြဲတာ၊ ပင္လယ္ထဲ သဲစုပ္ခြင့္ေပးတာ၊ လမ္းအေၾကာင္းျပၿပီး သစ္ေတာေတြ အေျပာင္ရွင္းတာ စတာေတြက သဘာဝပတ္ဝန္းက်င္ကို ဆိုးဆိုး႐ြား႐ြား ထိခိုက္ေစတဲ့အတြက္ ဒါေတြနဲ႔ပတ္သက္ၿပီး တာဝန္ရွိသူ တစ္ဦးတစ္ေယာက္ကမွ ဆြဲထုတ္ေျပာဆိုတာ မေတြ႕ရပါဘူး။ဒါဟာ ယခုျဖစ္ရပ္အတြက္ အဓိကတရားခံကို ရွာတဲ့အခါ သဘာဝတရားျဖစ္တဲ့ မိုးသည္းထန္စြာ႐ြာတာကိုသာ ေထာက္ျပေနၾကၿပီး လူလုပ္ေဘးကို ေဖါ့ေျပာေနတာ စိတ္ပ်က္စရာပါ။

တာဝန္ရွိတဲ့အတိုင္း လုပ္စရာရွိတာကို တာဝန္ယူတဲ့သူေတြက ျပတ္ျပတ္သားသား မလုပ္တဲ့အခါ သဘာဝတရားက ျပတ္ျပတ္သားသား လုပ္သြားတာကို ယခုျဖစ္ရပ္က ေတြ႕ရမွာပါ။တစ္ခုရွိတာက ဒီလိုက်ဴးလြန္ခဲ့သူေတြက မခံရဘဲ အျပစ္မဲ့ျပည္သူေတြ ေဒသခံေတြက စေတးခံလိုက္ရသလိုျဖစ္တာက ဆိုးတဲ့ျဖစ္ရပ္ပါ။ကိုယ္က်ိဳးစီးပြားနဲ႔ ပတ္သက္လာရင္ ႏွာေစးတတ္တဲ့လူေတြ ရွိေနသေ႐ြ႕ ဒီလို ေၾကကြဲဖြယ္ျဖစ္ရပ္ေတြ ျမင္ေနရဦးမွာျဖစ္ပါတယ္။

ဒီလိုေရႀကီးေျမၿပိဳတာေတြနဲ႔ ေအာက္ဘက္မွာ လူေတြေသာကေရာက္ခ်ိန္မွာဘဲ အထက္ပိုင္းေဒသ စစ္ကိုင္းတိုင္းထဲမွာ ေလျပင္းက်ေရာက္လို႔ ေနအိမ္ ၃၀ ခန႔္ ပ်က္စီးခဲ့တာလည္း ယခုရက္သတၱပတ္ထဲမွာ ျဖစ္ခဲ့ပါေသးတယ္။ဒီသတင္းေတြနဲ႔ အတူ သဘာဝေဘးနဲ႔ဆိုင္တဲ့ သတင္းေတြျဖစ္တဲ့ တနသၤာရီတိုင္းအတြင္း ေရႀကီးမႈႏွင့္ ေျမၿပိဳမႈမ်ားေၾကာင့္ လူသုံးဦး ေသဆုံးခဲ့တဲ့သတင္း၊ တိုင္းႏွင့္ ျပည္နယ္ ၁၂ ခုတြင္ ေရေဘးေထာက္ပံ့ေငြ က်ပ္သန္း ၃၄၀ ေက်ာ္ကို အစိုးရက အသုံးျပဳခဲ့တဲ့သတင္း၊ ႏွစ္လအတိုင္း တိုင္းႏွင့္ ျပည္နယ္ ၁၂ ခုရွိ အိမ္ေထာင္စု ၃၅,၅၈၁ စုရွိ လူ ၁၆၂,၂၈၄ ဦး ေရေဘးသင့္ခဲ့တဲ့သတင္း၊ ယခုႏွစ္ မိုးရာသီအတြင္း ေလျပင္းေဘး၊ မိုးႀကိဳးေဘးႏွင့္ ေျမၿပိဳမႈေဘးတို႔ေၾကာင့္ ေသဆုံးသူဦးေရ အနည္းဆုံး ၂၀၀ ဦးခန႔္ရွိတဲ့သတင္း၊ ျမန္မာႏိုင္ငံ ေရေဘးအတြက္ ကိုရီးယားနဲ႔ ဂ်ပန္က ဆန္တန္ခ်ိန္ ၈၀၀ ေထာက္ပံ့ခဲ့တဲ့သတင္း၊  ျမန္မာႏိုင္ငံ ေတာင္ပိုင္းမွာျဖစ္ပြားခဲ့တဲ့ ေျမၿပိဳမႈႏွင့္ ေရႀကီးမႈမ်ားေၾကာင့္ အသက္ဆုံးရႈံးမႈႏွင့္ ထိခိုက္ပ်က္စီးမႈအေပၚ မ်ားစြာစိတ္မေကာင္းျဖစ္မိေၾကာင္း ရန္ကုန္ၿမိဳ႕ရွိ ႏိုင္ငံတကာအသိုင္းအဝိုင္းက သတင္းထုတ္ျပန္ခဲ့တဲ့သတင္း၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္မွာ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး အုတ္တံတိုင္းၿပိဳက်လို႔ လူတစ္ဦး ေျမပိေသဆုံးခဲ့တဲ့သတင္း၊ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေခ်ာင္းေရစီးမႈေၾကာင့္ ေညာင္ဦးၿမိဳ႕နယ္ရွိ ေက်း႐ြာမ်ားတြင္ ေနအိမ္ႏွင့္ စိုက္ခင္းမ်ား ပ်က္စီးၿပီး လူတစ္ဦး ေရစီးႏွင့္ ေမ်ာပါေပ်ာက္ဆုံးတဲ့ သတင္း၊ ပုဂံႏွင့္ ေတာင္ဇင္းဘူတာအၾကားရွိ တံတားအမွတ္ ၁၃၅ ေရတိုက္စားခံရလို႔ ရန္ကုန္မွ ပုဂံသို႔ တစ္ပတ္ခန႔္ ရထားတိုက္႐ိုက္ မေျပးဆြဲႏိုင္ေတာ့တဲ့ သတင္း၊ ေရေဘးသင့္ ပဲခူးတိုင္း၊ မြန္ႏွင့္ ကရင္ျပည္နယ္တို႔မွာ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ျပန္လည္ထူေထာင္ဖို႔ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က စီစဥ္ေနတဲ့ သတင္းေတြလည္း ရွိခဲ့ပါတယ္။

ကိုကို ညီညီႏွင့္ ဗစ္တိုးရီးယားအမႈ အေျဖမွန္နီးစပ္ၿပီလား

ယခုရက္သတၱပတ္ထဲ အမ်ားျပည္သူ ေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းတစ္ခုရွိပါတယ္။ဒီသတင္းကလည္း ယခင္ကတည္းက အမ်ားျပည္သူ ေမွ်ာ္လင့္ထားတဲ့ သတင္းျဖစ္သလို ေပၚထြက္လာတာကလည္း အမ်ားျပည္သူထင္သလို ျဖစ္ေနတဲ့အတြက္ စိတ္ဝင္စားမႈ ျမင့္တက္ခဲ့တာပါ။ဒါက ေနျပည္ေတာ္ ဗစ္တိုးရီးယားအမႈပါဘဲ။

ယခုရက္သတၱပတ္ထဲမွာ ျပဳလုပ္ခဲ့တဲ့ ေနျပည္ေတာ္က ဗစ္တိုးရီးယား ကေလးငယ္ မႈခင္းပါဘဲ။မူလကတည္းက ကိုကို ညီညီ ဆိုတာကို ဘယ္သူဘယ္ဝါဆိုတာ သိထားေပမယ့္ ကေလးငယ္က ဖေအအ႐ြယ္ကိုလဲ ကိုကိုေခၚတယ္ဆိုၿပီး ေျပာခဲ့ရွင္းခဲ့တဲ့ကိစၥနဲ႔ ဒီေန႔မွ အလုပ္ဝင္၊ ဒီေန႔ဘဲ ကေလးငယ္ကို မုဒိမ္းက်င့္ဆိုတဲ့ ျဖစ္ႏိုင္ဖို႔ခဲယဥ္းတဲ့ concept ကို ခ်ခင္းရွင္းလင္းခဲ့တဲ့ ကိစၥက အမ်ားျပည္သူၾကား ေလွာင္ေျပာင္စရာ ရယ္သြမ္းစရာ ျဖစ္ခဲ့ပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ ယာဥ္ေမာင္း ေအာင္ႀကီး ဆိုသူကေတာ့ အဖမ္းခံလိုက္ရၿပီျဖစ္သလို စစ္ေဆးေနစဥ္မွာလည္း ထြက္လာတဲ့ သတင္းေတြအရ အခ်ဳပ္ထဲေထာင္ထဲမွာ ထိုးႀကိတ္ခံရတယ္ဆိုတာေတြက အမ်ားျပည္သူၾကား လက္မခံႏိုင္စရာေတြ ျဖစ္ခဲ့ပါတယ္။

အမ်ားျပည္သူၾကား ထိုးေႂကြးခံရသလားဆိုတဲ့ သံသယထင္ျမင္ခ်က္က ခိုင္မာခဲ့တဲ့အတြက္ ႏိုင္ငံတဝန္း ဆႏၵျပပြဲေတြ ျဖစ္ခဲ့သလို ႏိုင္ငံေတာ္သမၼတနဲ႔ အတိုင္ပင္ခံကိုယ္တိုင္ ေအာင္ႀကီး ကို တရားခံအျဖစ္ ေဖာ္ထုတ္ခဲ့တဲ့ ထိပ္ပိုင္းတာဝန္ရွိသူေတြကို တာဝန္ခံမႈ၊ တာဝန္ယူမႈွ ရွိရမယ္လို႔ သတိေပးရတဲ့အထိ ဒီျပႆနာက ႀကီးထြားခဲ့ပါတယ္။

ဒီတစ္ပတ္ ႐ုံးခ်ိန္းမွာ ဒီျပႆနာက အေျဖတစ္ခုထြက္ဖို႔ နီးစပ္လာသလို တရားလိုဘက္က တင္ျပတဲ့ ဗီဒီယိုဖိုင္မွာ ဗစ္တိုးရီးယားလို႔ နာမည္ဝွက္ေပးထားတဲ့ ကေလးငယ္က သူမကို ဘယ္သူလုပ္တာလဲဆိုတာ ဆြဲထုတ္ျပခဲ့သလို လက္ရွိမွာ က်ဴးလြန္သူဆိုၿပီး ရဲတပ္ဖြဲ႕က ဖမ္းထားတဲ့ ေအာင္ႀကီး ဆိုသူကို မသိဘူးလို႔ ျငင္းခဲ့တဲ့အတြက္ ဒါဟာ ျမန္မာႏိုင္ငံရဲ႕ တရားစီရင္ေရးနဲ႔ တရားဥပေဒေစာင့္ေရွာက္ေရးမွာ ဘာေတြျဖစ္ေနၿပီလဲဆိုတာ မီးေမာင္းထိုးျပခဲ့သလို ျပည္သူထင္ျမင္ယူဆထားသလို တရားခံ အစားထိုးထားသလားဆိုတဲ့ ေတြးထင္ယူဆခ်က္ကလည္း ယခုထြက္ဆိုခ်က္ေၾကာင့္ ပိုမိုခိုင္မာလာပါတယ္။

စတုတၳအႀကိမ္ ႐ုံးခ်ိန္းတြင္ အမႈစစ္ရာမွာ ၇ နာရီထိ ၾကာျမင့္ခဲ့သလို တရားလိုဘက္က တင္သြင္းသည့္ ဗီဒီယိုဖိုင္ကို ဥပေဒအရာရွိက ကန႔္ကြက္ခဲ့သည့္ကိစၥႏွင့္ ရဲတပ္ဖြဲ႕က သက္ေသခံ တင္သြင္းထားသည့္ ဗီဒီယိုဖိုင္မွာ ၎ေပးထားသည့္အတိုင္း မဟုတ္ဘဲ လိုအပ္သည့္ မိနစ္ပိုင္းကိုသာ ျဖတ္ေတာက္ထားျခင္းျဖစ္ေၾကာင္း တရားလိုဖခင္က တရား႐ုံးတြင္ ထြက္ဆိုခဲ့သည္ေတြက ယခုအမႈအေပၚ အမ်ာျပည္သူအတြက္ ပိုမိုအာ႐ုံစိုက္စရာ ျဖစ္လာခဲ့ပါတယ္။

တရား႐ုံးက ဒီဗီဒီယိုဖိုင္ေတြကို လက္ခံခဲ့တဲ့အတြက္ လာမယ့္ ႐ုံးခ်ိန္းေတြမွာ အျပန္အလွန္ေမးျမန္းမႈေတြက ပိုၿပီးသက္ဝင္လာစရာလိုသလို ဘယ္သူက ဘယ္သူေတြကို လွည့္စားခဲ့သလဲ၊ တရားဥပေဒကို ဘယ္သူက ေစာင့္ေရွာက္ၿပီး ဘယ္သူက လက္တလုံးျခား လွည့္ဖ်ားခဲ့သလဲဆိုတာ ေပၚေပါက္လာဖို႔ ရွိပါတယ္။

ဒီသတင္းက ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့  ရန္ကုန္မွာ ၾသစေၾတးလ်ႏိုင္ငံကို ပို႔မယ့္ က်ပ္ငါးဘီလ်ံေက်ာ္ တန္ဖိုးရွိတဲ့ မူးယစ္ေဆးဝါးေတြ ဖမ္းမိခဲ့တဲ့သတင္း၊ မႏၲေလးခ႐ိုင္ NLD ပါတီ အလုပ္အမႈေဆာင္တစ္ဦး လက္ဖက္ရည္ဆိုင္  ထိုင္ေနစဥ္ လူငါးဦးက ဓားနဲ႔ဝင္ခုတ္ခဲ့တဲ့ သတင္း၊ တစ္ရက္အတြင္း အငွားယာဥ္ေမာင္းကို ဓားေထာက္လုယက္မႈႏွစ္ခု ရန္ကုန္မွာ ျဖစ္ပြားခဲ့တဲ့သတင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္ ခရီးသြားလာေရး ပစၥည္းစက္႐ုံက တ႐ုတ္ႏိုင္ငံသားတစ္ဦး မိမိကိုယ္ကိုယ္ အဆုံးစီရင္ခဲ့တဲ့ သတင္း၊ လပတ္စာေမးပြဲက်သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ပါးစပ္ႏွင့္ ႏွာေခါင္းတြင္ မစင္သုတ္ၿပီး ျပစ္ဒဏ္ေပးသည္ဆိုေသာ မူဆယ္မွ ေက်ာင္းဆရာမကို စုံခုံဖြဲ႕စစ္ေဆးခဲ့တဲ့ သတင္း၊ သီေပါၿမိဳ႕နယ္ ျပည္ေထာင္စုလမ္းမေပၚမွာ ႏြားတင္လာတဲ့ ကုန္တင္ယာဥ္တစ္စီး ပစ္ခတ္ခံရလို႔ တစ္ဦးေသဆုံးၿပီး ႏွစ္ဦးဒဏ္ရာရခဲ့တဲ့ သတင္း၊ လႈိင္သာယာ စက္မႈဇုန္ (၅) မွာ လူသုံးဦးက ထိုးႀကိတ္႐ိုက္ႏွက္လို႔ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့တဲ့သတင္း၊ ေနျပည္ေတာ္မွာ ဆိုင္ကယ္စီးလာတဲ့ အရပ္သားတစ္ဦးကို လည္ပင္းျပတ္ရွ၊ ထိုးသြင္းဒဏ္ရာမ်ားရတဲ့အထိ ရန္ျပဳခဲ့တဲ့ တပ္မေတာ္သား ေလးဦးကို ဖမ္းဆီးထားတဲ့သတင္း၊ ဆိုင္ကယ္ကယ္ရီသမားကို ငွားစီးတဲ့ ခရီးသည္က ဓားနဲ႔ထိုးမႈ အင္းစိန္မွာျဖစ္ပြားခဲ့တဲ့ သတင္းေတြ စတဲ့ သတင္းေတြထဲ ဗစ္တိုးရီးယားသတင္းက ဆက္ေစာင့္ၾကည့္ရမယ့္ သတင္းျဖစ္ခဲ့ပါတယ္။

ၿမိဳ႕ေတြထိ ေရာက္လာၿပီလား

ယခုရက္သတၱပတ္ထဲ အမ်ားျပည္သူ အထိတ္တလန႔္ျဖစ္ကာ သတိထားမိခဲ့ရတဲ့ သတင္းက ေျမာက္ပိုင္းမဟာမိတ္ ေလးဖြဲ႕ထဲက တအာင္းအဖြဲ႕ (TNLA)၊ ရခိုင္အဖြဲ႕ (AA) ႏွင့္ ကိုးကန႔္အဖြဲ႕ (MNDAA) အဖြဲ႕ေတြက ၾသဂုတ္ ၁၅ ရက္ နံနက္အေစာပိုင္းမွာ ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္နည္းပညာတကၠသိုလ္၊ ေနာင္ခ်ိဳၿမိဳ႕သို႔အထြက္ ျပင္ဦးလြင္တိုးဂိတ္၊ ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ဂုတ္တြင္းရဲစခန္း၊ ေက်ာက္မဲၿမိဳ႕သို႔အထြက္ ေနာင္ခ်ိဳတိုးလ္ မူးယစ္ေဆးဝါးစစ္ေဆးေရးဂိတ္ႏွင့္ နယ္ေျမခံတပ္ရင္းဌာနခ်ဳပ္တစ္ခုကို အလစ္အငိုက္တိုက္ခဲ့တာပါ။

ဒီတိုက္ခိုက္မႈမွာ ျပင္ဦးလြင္လို႔ တပ္ၿမိဳ႕လို႔ သိထားၾကတဲ့ ၿမိဳ႕ကို အလစ္အငိုက္တိုက္ခဲ့တဲ့အတြက္ အမ်ားျပည္သူၾကား ထိတ္လန႔္စရာျဖစ္ခဲ့သလို  ၿမိဳ႕ႀကီးေတြရဲ႕ လုံၿခဳံမႈကေရာ စိတ္ခ်ရသလားဆိုတဲ့ ေမးခြန္းေတြ အမ်ားျပည္သူၾကား ထြက္ေပၚလာခဲ့ပါတယ္။ TNLA လို႔ ေခၚတဲ့ တအာင္းအဖြဲ႕က ရွမ္းျပည္နယ္ထဲမွာ လက္ရဲဇက္ရဲေတြလို႔ သိထားၾကသလို AA ကေတာ့ မၾကာခင္ကေပၚလာၿပီး ဘဂၤါလီအေရး ရႈပ္ေထြးေနခ်ိန္မွာ ရခိုင္ဘက္ကို အေျခစိုက္ဖို႔ လိုင္ဇာကေန အလုံးအရင္းနဲ႔ ဆင္းခ်လာတဲ့ အဖြဲ႕ျဖစ္ကာ MNDAA ကေတာ့ တပ္မေတာ္ေၾကာင့္ အေျခစိုက္ရာေပ်ာက္ၿပီး တ႐ုတ္-ျမန္မာ နယ္စပ္မွာ ဟိုဘက္ဒီဘက္ ခြေနတဲ့ အဖြဲ႕ပါ။

တပ္မေတာ္ဘက္က ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ တစ္ဖက္သတ္ အပစ္ရပ္ထားတဲ့အခ်ိန္မွာ ဒီလိုတိုက္ခိုက္မႈေတြ ျဖစ္ခဲ့တာပါ။ဒီလို အၾကမ္းဖက္ သတ္ျဖတ္တိုက္ခိုက္မႈမွာ ဦးေဆာင္တဲ့အဖြဲ႕လို႔ ထင္ရတဲ့ TNLA ဘက္က  ၎တို႔လႈပ္ရွားေနတဲ့နယ္ထဲ ထိုးစစ္ဝင္လို႔ တိုက္စစ္ဆင္တာလို႔ TNLA ဘက္က ေျပာခဲ့ပါ တယ္။ဒီလို အလစ္ငိုက္တိုက္မႈေၾကာင့္ တပ္မေတာ္သား၊ ရဲႏွင့္ အရပ္သား စုစုေပါင္း ၁၅ ဦးေသဆုံးၿပီး ရွစ္ဦးဒဏ္ရာရရွိခဲ့ကာ တ႐ုတ္-ျမန္မာ ကုန္သြယ္ေရးမွာ အဓိကက်တဲ့ ျပည္ေထာင္စုလမ္းမႀကီးက ဂုတ္တြင္းတံတား ပ်က္စီးခဲ့တဲ့အတြက္ ကုန္သြယ္ေရးလမ္းေၾကာင္း ျပတ္ေတာက္ခဲ့ပါတယ္။

ထုတ္ျပန္ခ်က္ေတြမွာ ရွင္းလင္းေျဖၾကားမႈေတြမွာ မၾကာေသးခင္က TNLA နဲ႔ AA အဖြဲ႕ အမာခံေတြဆီကေန မူးယစ္ေဆးဝါးစခန္းေတြ၊ စိတ္ႂကြေဆးေတြ ဘီလ်ံနဲ႔ခ်ီၿပီး မိခဲ့တဲ့အတြက္ အထိနာၿပီး ျပန္တိုက္တာလို႔ သုံးသပ္တာေတြရွိခဲ့ပါတယ္။ဒါေပမယ့္ ေျမာက္ပိုင္းသုံးဖြဲ႕က ျငင္းခဲ့ပါတယ္။ဒါေပမယ့္ AA လက္နက္ကိုင္ေတြ တိုက္ပြဲေတြမွာ ဒီေနာက္ပိုင္း အေရးနိမ့္ေနတာေတြ ရွိလာသလို ေထာက္ပံ့လမ္းေၾကာင္းေတြကို ျဖတ္ေတာက္တာေတြေၾကာင့္ အထိနာေနတာေတြ၊ စင္ကာပူျဖစ္ရပ္မွာ AA လက္နက္ကိုင္ ေခါင္းေဆာင္ရဲ႕ ညီျဖစ္သူနဲ႔ AA အတြက္ လူနဲ႔ ရန္ပုံေငြ စုေဆာင္းေကာက္ေပးတဲ့ အဖြဲ႕ကို ဖမ္းမိခဲ့တာေတြက လက္နက္ကိုင္ေတြကို အတိုင္းအတာတစ္ခုထိ ထိခိုက္ေစခဲ့တာကလည္း သတိျပဳစရာေတြပါ။

ဒီလိုမတိုက္ခင္မွာ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ကေန  ထုတ္ျပန္ခ်က္တစ္ရပ္ကို ထုတ္ျပန္ခဲ့ၿပီး သေဘာထားထုတ္ျပန္ခ်က္မ်ား၊ သတိေပးခ်က္မ်ား ထုတ္ျပန္ၿပီး တပ္မေတာ္ကလည္း အသိေပးခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့ပါတယ္။ဒီေနာက္မွာ တိုက္ခိုက္မႈေတြ ျဖစ္လာခဲ့တာပါ။ဒီတိုက္ခိုက္မႈက ျပည္တြင္းလုံၿခဳံေရးနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြ စိမ့္ဝင္မႈ၊ ေဒသခံျပည္သူနဲ႔ တသားတည္းမက်မႈ ဘယ္ေလာက္ထိျဖစ္ေနၿပီလဲဆိုတာကို ဒီျဖစ္ရပ္က ႐ုတ္ျခည္းဆြဲထုတ္ျပလိုက္ပါတယ္။

ဒီျဖစ္ရပ္က တိုင္းျပည္လုံၿခဳံေရးအတြက္ စိုးရိမ္စရာျဖစ္ခဲ့သလို႔ ၿငိမ္းခ်မ္းေရးအတြက္ အားထည့္လုပ္ေဆာင္ေနတဲ့ အစိုးရအတြက္လည္း ခက္ခဲေစခဲ့တဲ့ အျဖစ္ပါဘဲ။ဒီလို လုံၿခဳံေရးက်ိဳးေပါက္မႈအတြက္ သက္ဆိုင္ရာ တပ္ဘက္ အရပ္ဘက္မွာ ဘယ္လိုအေရးယူမႈေတြ အေျပာင္းအလဲေတြ ျဖစ္လာမလဲ၊ ႏွိမ္ႏွင္းမႈေတြ ဘယ္ေလာက္ထိ ျဖစ္လာမလဲ၊ ဒီေနာက္ကြယ္မွာ ဘာေတြရွိမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္ အျခားသတင္းေတြထဲက ဦးဝီရသူ ပိုင္ဆိုင္တဲ့ ပစၥည္းမရွိလို႔ ဝရမ္းမကပ္ခဲ့ရတဲ့ သတင္း၊ ရန္ကုန္မွာ မေကြးေက်ာင္းတိုက္ ဆရာေတာ္ ဦးပါေမာကၡ ဦးေဆာင္ၿပီး လူ ၂၀၀ ေက်ာ္နဲ႔ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရး မစ္ရွင္၏ အစီရင္ခံစာကို ကန႔္ကြက္ဆႏၵျပခဲ့တဲ့ သတင္း၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မနဲ႔ ဖမ္းဝရမ္းထုတ္ခံရတဲ့ ဦးလွေဆြ ဂန႔္ေဂါမွာ ေနထိုင္ျခင္းမရွိလို႔ ဖမ္းဝရမ္းကို ျပန္လည္ေပးပို႔ထားတဲ့ သတင္း၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ (NCA) လက္မွတ္ထိုး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ထိပ္သီးေခါင္းေဆာင္မ်ား ေတြ႕ဆုံဖို႔ ရွိတယ္ဆိုတဲ့ သတင္း၊ ရခိုင္မွာ  စစ္ေရးပဋိပကၡနဲ႔ ဆက္စပ္ၿပီး သံသယျဖင့္ တရားရင္ဆိုင္ေနရသူ ၁၀၀ ေက်ာ္ ရွိေနတဲ့သတင္း၊ အစိုးရႏွင့္ ေျမာက္ပိုင္းလက္နက္ကိုင္ေလးဖြဲ႕အၾကား အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးပြဲကို မိုင္းလားမွာ က်င္းပဖို႔ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္၏ အဆိုျပဳခ်က္ AA အပါအဝင္ ေျမာက္ပိုင္းသုံးဖြဲ႕ အေၾကာင္းမျပန္ေသးတဲ့ သတင္း၊ ခြင့္ျပဳခ်က္မရွိဘဲ အာဇာနည္ဟူသည့္ စာသားမ်ား အသုံးျပဳသျဖင့္ ရန္ကုန္ၿမိဳ႕၌ ကရင္အာဇာနည္ေန႔ ဦးေဆာင္ျပဳလုပ္သူ ေဒၚေနာ္အုံးလွ ကို ၿငိမ္းစုစီဥပေဒပုဒ္မ၂၀ ျဖင့္ အမႈဖြင့္အေရးယူထားတဲ့ သတင္းေတြထဲ  ထူးထူးျခားျခား ထိတ္လန႔္စရာ သတိထားစရာ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္နားလိုက္ခ်င္ပါတယ္။

မာလင္း
ၾသဂုတ္ - ၁၆