【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 မြောက်ဦးပြဿနာ ဘာတွေဖြစ်လာမလဲ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 မြောက်ဦးပြဿနာ ဘာတွေဖြစ်လာမလဲ

ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ သတင်းတွေထဲမှာ စိတ်ဝင်စားစရာ သတင်းအချို့ ရှိခဲ့ပါတယ်။ဒီထဲမှာ ရခိုင်မြောက်ပိုင်းက မြောက်ဦးဒေသမှာ ဖြစ်ခဲ့တဲ့  မြောက်ဦးတိုက်ပွဲ သတင်း၊ ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဒေသခံတွေနဲ့ တွေ့ဖို့ရှိတဲ့ သတင်း၊ ရန်ကုန်မြို့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲ ဖွင့်လှစ်လိုက်တဲ့ သတင်း၊ မပြေလည်သေးတဲ့ ကန္ဒာဟေဝန်ပန်းခြံအတွင်း စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု သတင်း၊ လွှတ်တော်ထဲ တပ်မတော်သားကိုယ်စားလှယ်တွေ လျော့ချဖို့ ဆွေးနွေးကြတဲ့ သတင်းတွေက ထိပ်ဆုံးကပါ။

ဒီသတင်းတွေက စိတ်ဝင်စားစရာ သတင်းဖြစ်တဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဦးဆောင်ပြီး တိုင်းနှင့် ပြည်နယ် အသီးသီးရှိ မြို့ ၂၁ မြို့မှာ ထာဝရငြိမ်းချမ်းရေး တရားပွဲတွေ ကျင်းပမယ့် သတင်း၊ အငြင်းပွားမှုကြောင့် ၂၄ နှစ်ကြာ ရပ်ဆိုင်းထားတဲ့  တရုတ်-မြန်မာကြား နှစ်နိုင်ငံ နယ်စပ်နယ်နိမိတ်ပိုင်ဆိုင်မှု ပြန်တိုင်းဖို့ လက်မှတ်ရေးထိုးကြတဲ့ သတင်းတွေနဲ့အတူ ယခုတစ်ပတ်မှာ သတိထားစောင့်ကြည့်စရာ ဖြစ်ခဲ့ပါတယ်။

ရခိုင်-မြောက်ဦး ဘယ်သူစပစ်သလဲ

ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ မတ် ၁၈ ရက်က ရခိုင်မြောက်ပိုင်းက မြောက်ဦးဒေသမှာ ဖြစ်ခဲ့တဲ့  မြောက်ဦးတိုက်ပွဲ သတင်းက သတင်းစာမျက်နှာတွေ၊ လူမှုကွန်ရက်တွေမှာ ရက်အတော်ကြာ နေရာယူခဲ့သလို ပြည်တွင်း ပြည်ပ သတင်းတွေမှာလည်း  အရေးတယူ ဂရုစိုက်ရမယ့် သတင်းဖြစ်ခဲ့ပါတယ်။

တပ်မတော်နှင့် AA ကြား ၂၀၁၈ နှစ်ကုန်ပိုင်းကစပြီး  တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ရာမှာ  မတ်လအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုဧရိယာ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။တပ်မတော်ဘက်က ထိုးစစ်အရှိန် အားကောင်းလာခဲ့တဲ့အတွက် AA အဖွဲ့က အရပ်သားအသွင်ယူကာ ခြုံခိုတိုက်ခိုက်မှုတွေ ယာဉ်တန်းတွေကို မိုင်းဆွဲဖောက်ခွဲမှုတွေ လုပ်လာခဲ့ပါတယ်။ပြည်နယ်အတွင်း AA အဖွဲ့ လမ်းစဉ်ကို လက်မခံတဲ့သူတွေ၊ အုပ်ချုပ်ရေးပိုင်းကသူတွေကို သတ်ဖြတ်မှုတွေ လုပ်လာခဲ့ရာမှာ မြောက်ဦးမြို့ထဲထိ ဝင်ရောက်လာခဲ့ပါတယ်။

မတ်လ ၁၅ ရက် ညကလည်း မြို့တွင်းပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ မတ်လ ၁၈ ရက်ညတွင် မြောက်ဦးမြို့တွင်း၌ ပစ်ခတ်မှုများဖြစ်ပွားပြီး ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားခုနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မတ် ၁၈ ရက်မှာ မြောက်ဦးရှိ တပ်ရင်းဌာနချုပ်နှင့် လမ်းလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်များကို AA က မြောက်ဦးမြို့ရိုးနှင့် ရွာဟောင်းကုန်းဘက် ရပ်ကွက်ထဲကနေ လာရောက်ပစ်ခတ်ခဲ့ရာမှာ တပ်ဘက်နဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ် ဆိုပါတယ်။ဒီလိုပစ်ခတ်မှုတွေကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သား ခုနှစ်ဦးထက်မနည်း ကျည်ဆန်ထိမှန် ဒဏ်ရာရရှိပြီး လူနေအိမ်နှင့် ဘဏ် အပါအဝင် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ယင်းမြောက်ဦးမြို့တွင်း ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး တပ်မတော်ဘက်ကရော ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကပါ ၎င်းတို့ စမပြုလုပ်ကြောင်း ငြင်းဆိုထားခဲ့ပါတယ်။ဒီပစ်ခတ်မှုများကြောင့် ဒေသခံများ ကြောက်လန့်ပြီး အိမ်တွင်းမှ အိမ်ပြင်သို့ မထွက်ရဲဖြစ်နေလို့ မတ်လ ၁၉/၂၀ ရက်တွေမှာ တစ်မြို့လုံး လမ်းသွားလမ်းလာမရှိဘဲ ခြောက်ကပ်နေခဲ့ပါတယ်။မတ်လ ၁၉ ရက် နံနက်မှာ မင်းပြားမြို့နယ် ပန်းမြောင်းဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) စတဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က ရခိုင်မှာ တပ်မတော်ထိုးစစ်တွေ ရပ်ဆိုင်းပေးဖို့ မတ် ၁၉ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

ပစ်ခတ်မှုတွေကြောင့် မြောက်ဦး ရှေးဟောင်းဘုရားအချို့လည်း ထိခိုက်မှုရှိခဲ့ပါတယ်။ဒီလိုဖြစ်ခဲ့တဲ့အတွက်  မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ မြောက်ဦး ရှေးဟောင်းအမွေအနှစ်ဒေသ ကာကွယ်ရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ပေးဖို့ စာရေးတောင်းဆိုခဲ့ပါတယ်။မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကို စစ်မဲ့ဇုန်အဖြစ် နှစ်ဖက်အဖွဲ့အစည်းက သဘောတူညီပေးဖို့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာရှင်အသင်းက မတ်လ ၁၈ ရက်မှာ မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂကလည်း  ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် သေကြေထိခိုက်မှုများနှင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရမှုများအပေါ် များစွာစိုးရိမ်မိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီထဲမှာ နိုင်ငံတော်ပုန်ကန်မှုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာအေးမောင် နှင့် စာရေးဆရာ ဝေဟင်အောင် တို့၏ အမှုကို စစ်တွေခရိုင် တရားရုံးက မတ် ၁၉ ရက်က ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ်ခဲ့လို့ ပြဿနာတွေက ပိုရှုပ်ထွေးလာခဲ့ပါတယ်။

နောက်ရက်တွေမှာ အစိုးရဘက်က NCA လက်မှတ် မထိုးရသေးတဲ့ AA အပါအဝင် အဖွဲ ၈ ဖွဲ့ကို ဆွေးနွေးဖို့ ဖိတ်ခဲ့ပါတယ်။တပ်မတော်က တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့် ဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ ပါတယ်။  

မတ် ၂၁ ရက်မှာ NCA လက်မှတ်မထိုးရသေးတဲ့ ရှမ်းအဖွဲ့ (SSPP)၊ က ချင်အဖွဲ့(KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA)၊ ‘ဝ’ အဖွဲ့ (UWSA) နှင့် ကရင်နီအဖွဲ့ (KNPP) တွေနဲ့ NRPC တို့ နေပြည်တော်မှာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ဒီပွဲမှာ NRPC ဒုဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း က အဖြူရောင်နယ်မြေဖြစ်သည့် ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့အစည်းများ အခြေချရန် ကြိုးစားခြင်းဟာ ငြိမ်းချမ်းမှုနှင့် လုံခြုံရေးကို ခြိမ်းခြောက်စေတဲ့အတွက် အစိုးရဘက်က ထိုက်သင့်တဲ့ လုံခြုံရေးဆောင်ရွက်ချက်တွေ လုပ်ဆောင်နေတာကို နားလည်သဘောပေါက်ရန် လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ဆွေးနွေးပွဲအပြီးမှာ မကြာခဏတွေ့ဆုံမှု ပြုလုပ်ရန် အပါအဝင် အချက် ၅ ချက်ကို အဖွဲ့ ၈ ဖွဲ့က သဘောတူခဲ့ပါတယ်။

ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် NRPC ကိုယ်စားလှယ် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က “တကယ့် ကမ္ဘာလှည့်ခရီးသည်တွေ လွတ်လွတ်လပ်လပ် သွားလာခဲ့တဲ့နေရာတွေ။ဒီနေရာတွေပါ တိုက်ပွဲတွေက  ကျယ်ပြန့်လာတဲ့သဘော ဖြစ်တယ်။ဒီအပေါ်မှာလည်း အစိုးရက လုပ်သင့်လုပ်ထိုက်တာကို  လုပ်သွားမှာဖြစ်ပါတယ်” လို့ ပြောခဲ့သလို AA ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ ဗိုလ်မှူးကြီးကျော်ဟန် က “ရခိုင်ပြည်မှာ ရခိုင့်တပ်မတော် တည်ရှိရေးဟာ ကျွန်တော်တို့ ULA/AA ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တယ်။ရခိုင်ပြည်သူကို ရခိုင့်တပ်မတော်ကပဲ လုံခြုံအေးချမ်းဖို့၊ ဖွံ့ဖြိုးဖို့အတွက် တာဝန်ယူနိုင်မှာဖြစ်တယ်လို့ ကျွန်တေ်ာတို့ ခံယူထားတဲ့အတွက် ကျွန်တော်တို့ဟာ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို ကျွန်တော်တို့ လုပ်နေတာဖြစ်တယ်။အခုလည်း ကျွန်တော်တို့ ရခိုင်ပြည်မှာ တာဝန်ယူနေပြီ ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

ရခိုင်ပြဿနာဟာ လူမျိုးရေးဘက်ကို အခြေခံပြီး အစွန်းရောက်လူမျိုးစွဲနဲ့ လူမှုကွန်ရက်တွေမှာပါ လှုံ့ဆော်မှုတွေပါ ရှိလာတဲ့အတွက် အာဏာပိုင်တွေအနေနဲ့ သတိထားကိုင်တွယ်ရမယ့် ပြဿနာဖြစ်လာခဲ့ပါတယ်။ရှေးပြီးခဲ့တဲ့ခေတ်က ဖြစ်ခဲ့တာတွေကို ယခုထိယူလာတဲ့ ကျဉ်းမြောင်းတဲ့ အယူအစွဲက အများပြည်သူတွေ သေကြေရတဲ့အထိ ဖြစ်လာတဲ့အခါ  ပြန်ဆင်ခြင်ဖို့ လိုလာမယ် ဖြစ်ပါတယ်။ယခုလို နိုင်ငံတကာရန်တွေ များနေတဲ့အခါမှာ ချိန်ကိုက်ဖြစ်လာတဲ့ ရခိုင်ပြဿနာဟာ ဖန်တီးသူရော၊ မကြီးထွားအောင် ငြှိမ်းသတ်ဖို့ လျစ်လျူခဲ့သူမှာပါ တာဝန်ရှိတဲ့အတွက် ယခုထက်ပိုကြီးထွားလာရင် အမုန်းတရားတွေနဲ့ ဖြေရှင်းရခက်လာဖွယ် ရှိတဲ့အတွက် ဆက်စောင့်ကြည့်နေရဦးမှာ ဖြစ်ပါတယ်။

မြို့သစ်စီမံကိန်း ဘယ်လိုဖြစ်လာမလဲ

ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပက်သက်ပြီး ယခုတစ်ပတ်ထဲမှာ ထူူးခြားမှုတွေ ရှိလာနိုင်ပါတယ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို လာဖို့ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်မှာ ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး စီမံကိန်းတာဝန်ရှိသူတွေ ဒေသခံပြည်သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ ရှိပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး မတ်လ ပထမအပတ်က ကုန်သည်စက်မှုအသင်းချုပ်မှာ စကားဝိုင်းသဘောမျိုး ဆွေးနွေးရာမှာ ပညာရှင်တွေဘက်က ထောက်ပြမေးခွန်းထုတ်တဲ့ အချက်တွေအပေါ် စီမံကိန်းကို ဦးဆောင်လုပ်ကိုင်မယ့်ဘက်က အသေအချာ ရေရေလည်လည် မရှင်းပြနိုင်ခဲ့တာတွေရှိသလို ပညာရှင်တွေဘက်ကလည်း ဒေသခံတွေဘက်က မျှော်လင့်ချက်ကို လျစ်လျှူပြီး ပညာရပ်ရှုထောင့်ဘက်က ချည်းကပ်ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။အဲဒီဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ Sandi Governance Institute ဥက္ကဋ္ဌ ဦးခိုင်ဝင်း က ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက အဆိုပြုထားတဲ့ ခေတ်သစ်ပိုးလမ်းမကြီး (BRI) ရဲ့အစိတ်အပိုင်းတစ်ခုြ ဖြစ်နေတယ်ဆိုရင် နိုင်ငံတော်အဆင့် ဖွဲ့စည်းထားတဲ့ ဦးဆောင်ကော်မတီက ပြည်သူလူထုကို ရှင်းပြသင့်တယ်လို့ အကြံပေးခဲ့တာရှိပါတယ်။

အကျိုးစီးပွားတွေ ရှုပ်ထွေးလာဖွယ်ရှိသလို အာဏာပိုင်တွေဘက်က မြေယာရှင်းလင်း ရောင်းချရုံသက်သက်ဖြစ်လာပြီး နိုင်ငံခြားကုမ္ပဏီတွေဘက်က လုပ်ပိုင်ခွင့်အပြည့်အဝရှိလာမယ့် ဒီစီမံကိန်းကို အတော်များများက လက်မခံပါဘူး။အထူးသဖြင့် မြို့သစ်တွေ ဒင်းကြမ်းပြည့်နေတဲ့ ရန်ကုန်မှာ ဘယ်မြို့သစ်မှ မြို့တစ်မြို့ရဲ့အင်္ဂါ ရပ်နဲ့အညီ မလုပ်နိုင်ခဲ့တဲ့အတွက် နောက်ဖြစ်လာမယ့် မြို့သစ်ဆိုတာလည်းဒီလိုဖြစ်လာမလားဆိုတဲ့ သံသယတွေ ရန်ကုန်မြို့နေ ပြည်သူတွေနဲ့ ပညာရှင်တွေ စိတ်ထဲတွေးနေတဲ့အချက် ဖြစ်တဲ့အတွက် အားလုံးက စောင့်ကြည့်နေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း ကိစ္စမှာ အာဏာပိုင်တွေဘက်က ဘာတွေချပြမလဲ၊ အများပြည်သူ စိုးရိမ်နေတဲ့ အချက်တွေကို ဖြေလျော့ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်။

ဒီသတင်းတွေနဲ့အတူအေးစက်နေတဲ့ မြန်မာ့စီးပွားရေးအတွက် ယခင်ကအစိတ်အပိုင်းတစ်ရပ်အဖြစ် လှုပ်နိူးနိုင်ခဲ့တဲ့ မြန်မာကျောက်မျက်ရတနာပြပွဲကိုမတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ ပြုလုပ်ရောင်း ချခဲ့ရာ မှာ ယူရို၄၇၆ သန်းကျော်ဖိုးရောင်းချခဲ့ရတယ် ဆိုပါတယ်။ဒီပွဲမှာကျောက်စိမ်း ၅၂၆ တွဲရောင်းချခဲ့ရပြီးကျောက်စိမ်းပွဲ ပမာဏဖြစ်ခဲ့ပါတယ်။ ယခင်ကတော့ ကျောက်မျက်ပြပွဲရောင်းချရတဲ့ ငွေတွေက ပြည်တွင်းကလုပ်ငန်းတွေ ဆီ ကို စီးဝင်လေ့ရှိတဲ့အတွက် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတွေ၊အိမ်ခြံမြေလုပ်ငန်းတွေပြန်ကောင်းလာတဲ့ အထိဖြစ်တဲ့ အထိရှိတဲ့အတွက် မြန်မာ့စီးပွားရေးအတွက် ကျောက်မျက်ရောင်းချရေးက ဘယ်လောက်ထိ အထောက်အကူဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီသတင်းကယခုတစ်ပတ်အတွင်းစီးပွားရေးနောက်ခံသတင်းတွေဖြစ်တဲ့ စင်ကာပူအခြေစိုက် Singapore Petroleum Venture Pte.Ltd (SPV) ကုမ္ပဏီနဲ့ ရွှေတောင် စွမ်းအင်ကုမ္ပဏီပူးပေါင်းပြီးစက်သုံးဆီ ဆိုင်သစ်များ ဖွင့်လှစ်မယ့် သတင်း၊ဂျာမနီ၊ သြစတြေးလျ၊ ကနေဒါ၊ ဆွီဒင်၊ နယ်သာလန်နှင့် ဗြိတိန်နိုင်ငံတို့သို့ သွားရောက်လည်ပတ်မယ့်သူတွေ VFS Global ရုံးမှာ ဗီဇာလျှောက်ထားလို့ရတဲ့ သတင်းတွေနဲ့ အတူ စိတ်ဝင် စားဖွယ်ကောင်းခဲ့ပါတယ်။

လက်တံဆန့်ထုတ်လိုက်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး

လတ်တလောမှာအဂတိလိုက်စားမှုနဲ့ တနင်္သာရီဝန်ကြီချုပ်ကို အရေးယူမှုတွေ နဲ့ လူထုရဲ့ အမှတ်ပေး မှုကို ရခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဟာ  သူရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ထပ်မံမြှင့်တင်ဖို့ အတွက် ရန်ကုန်မှာ ရုံးခွဲထပ်ဖွင့်ခဲ့ပါတယ်။ အဲဒီဖွင့်ပွဲမှာ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ရန်ကုန်မြို့မှာ အဂ တိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင် ရုံးခွဲဖွင့်လှစ်လိုက်တဲ့ အတွက် လူထုနှင့်ပိုမိုနီးကပ်စွာထိတွေ့ နိုင်လာ မယ့်လို့ ဆိုပါတယ်။ ကော်မရှင်အနေနဲ့ ပြစ် မှုကျူးလွန်ပြီးမှ အရေးယူဆောင် ရွက်ခြင်းထက် ပြစ်မှုမဖြစ်ပွားမီ ကြိုတင်တားဆီးကာကွယ်သောနည်းလမ်းကိုဦးစားပေးဆောင် ရွက်နေတယ်လို့ ပြောခဲ့သလို နိုင်ငံတစ်ဝန်း လုံးတွင်  အဂတိလိုက်စားမှုကိုတက်ညီလက်ညီတိုက်ဖျက်ဖို့လည်း တိုက်တွန်းခဲ့တာတွေလည်း ရှိပါတယ်။

အထူးသဖြင့် အဂတိလိုက်စားမှုအများဆုံးလို့ပြောနိုင်တဲ့ ရန်ကုန်လိုမြို့မှာ ယခုလိုရုံးခွဲလာဖွင့်တဲ့ အ တွက် ဌာနဆိုင်ရာက လုပ်စားနေသူတွေအတွက် အနေအထိုင် အယူအငင်တွေ သတိထားဆင်ခြင်စရာဖြစ် လာခဲ့ပါတယ်။ လာဘ်လာဘတောင်းယူရာမှာ နာမည်ကြီးလှတဲ့ ဌာနစုံအခြေစိုက်ရာ ရန်ကုန်မှာ ဘယ်သူက စပြီးဈေးဦးပေါက်မလဲ ဆိုတာလည်း စိတ်ဝင်စားစရာပါ။

အဂတိလိုက်စားမှုနဲ့ အရေးယူထားတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းဒေါက်တာ လဲ့လဲ့ မော် အမှုကတော့ ပထမဆုံးရုံးထုတ်ရက်ကို အများပြည်သူက စိတ်ဝင်တစား နားစွင့်နေကြပါတယ်။လာဘ် စားမှုနဲ့ အရေး ယူထားပေမယ့် အာဏာရပါတီဖက်ကတော့  ပါတီက ထုတ်ပယ်ဖို့ အမှုစီရင်ဆုံးဖြတ်ချက်ကို စောင့်ကြည့်နေပါတယ်။ ဒီတစ်ပတ်ထဲမှာ တနင်္သာရီက တိုင်းဒေသကြီးဝန်ကြီးနှစ်ဦးတစ်ပြိုင်နက် နုတ် ထွက် ခွင့်ပြုခဲ့တဲ့အတွက် တနင်္သာရီတိုင်း ပြဿနာဟာ ဘယ်လောက်ထိ တိုင်းအစိုးရထဲ အပြောင်းအလဲတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်မူခင်းသတင်းတွေ ဖြစ်ခဲ့ရာမှာမိုးညှင်းနည်းပညာကောလိပ်ကအသက် ၂၈ နှစ်အရွယ် ကျူတာဆရာမနေအိမ်မှာအသတ်ခံရတဲ့ သတင်း၊တရုတ်တစ်သျှူးငှက် ပျောသတင်းရေးသားလို့ အသရေဖျက်မှုနဲ့ တရားစွဲခံရတဲ့ မြစ်ကြီနား ဂျာနယ် အမှု ဆောင်အရာရှိချုပ်ဦး ဘရန်မိုင်အပါအဝင်သုံးဦးကို တရားရုံးကအာမခံပေးခဲ့တဲ့ သတင်း၊ ရသေ့တောင်မြို့နယ်ထဲမှာ ဝက်ဝံအကိုက်ခံရလို့ တစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ ကျိုက်ထီးရိုးတောင်ခြေကင်မွန်းစခန်း ကားဝင်းအတွင်းမီးလောင်တဲ့ သတင်း၊ တိုက်ကြီးမြို့နယ် ဧရာဝတီမြစ်အတွင်းစက်လှေတိမ်း မှောက်လို့ အမျိုးသမီးခြောက်ဦးသေဆုံးခဲ့တဲ့ သတင်းတွေထဲ သတိထားမိစရာသတင်းဖြစ်ခဲ့ပါတယ်။

မပြေလည်သေးတဲ့ လွိုင်ကော် ဗိုလ်ချုပ်ရုပ်တု ပြဿနာ

နိုင်ငံတစ်ဝန်း ဗိုလ်ချုပ်ရုပ်တု တည်ရာမှာ ကယားပြည်နယ်ထဲ လူထုဆန္ဒပြပွဲဖြစ်တဲ့အထိ၊ပစ်ကြ ခတ်ကြတဲ့ အထိကန့်ကွက်မှုက ပြင်းထန်ခဲ့ပါတယ်။ လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံအတွင်း စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုကိုမတ်လ ၁၇ ရက် တွင် နောက်ဆုံးထားပြောင်းရွှေ့ ပေးဖို့ ကရင်နီပြည် လူငယ်များအင်အားစုတွေဘက်က တောင်းဆိုခဲ့ရာမှာပြေလည်အောင်ဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးကိုယ်တိုင် ဆင်းပြီးညိုနိူင်းခဲ့ပါတယ်။

ကရင်နီပြည်လူငယ်များအင်အားစုအဖွဲ့ကလွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံအ တွင်းစိုက်ထူထားတဲ့ ဗိုလ်ချုပ် အောင်ဆန်းမြင်းစီးကြေးရုပ်တုကိုမတ်လ ၁၇ ရက်နောက်ဆုံးထားပြီးပြည်နယ်အစိုးရအဖွဲ့က တာဝန် ယူပြောင်းရွှေ့ပေးဖို့နဲ့ မပြောင်းရွှေ့ပေးရင် ဆန္ဒထုတ်ဖော်မှုများ၊ သပိတ်မှောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးစာထုတ်ပြန် ထားခဲ့တာတွေ ရှိခဲ့ပါတယ်။

မတ်လ ၂၀ ရက်မှာလွိုင်ကော်မြို့ ကိန္နရာလွိုင်ကော်ဟိုတယ်မှာ ကယားပြည် နယ်အစိုးရအဖွဲ့၊ အမျိုး သားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်ဖြစ် မြောက် ရေးကော် မတီ၊ ကရင်နီပြည်လူငယ် များအင်အားစုသပိတ်ကော်မတီ နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ကိုယ်စားလှယ်များ တက်ရောက်၍ ငါးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရာမှာကယားပြည်နယ် အစိုးရအဖွဲ့ ကဗိုလ်ချုပ် အောင်ဆန်း၏ ကတိကဝတ်များ၊ ပင်လုံစာချုပ်ပါ အချက်များကို ကမ္ပည်းကျောက်စာထားရှိပြီးဗိုလ်ချုပ် ကြေး ရုပ်တု ကို လက်ရှိအတိုင်းထားရှိကာကရင်နီတိုင်းရင်းသားခေါင်းဆောင်တစ်ဦး၏ ရုပ်တုကိုလည်းထားရှိမယ်လု့ိ အဆိုပြုခဲ့ပါတယ်။

ဒါပေမယ့် ကရင်နီပြည်လူငယ်များ အင်အားစု သပိတ်ကော်မတီက ဗိုလ်ချုပ်ကြေးရုပ်တု ကိုပြည်နယ်ပြင်ပ သို့ ရွှေ့ပြောင်းပေးရန်နှင့် အဆင်မပြေပါကအများနှင့်မသက်ဆိုင်တဲ့ NLD ရုံးလို ပရဟိတရုံးတွေမှာထားရှိဖို့ အဆို ပြုခဲ့ပါတယ်။ ဒီလိုပြေလည်မှုမရရှိလို့ ဧပြီလမကုန်မီထပ်မံဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။ပြည်နယ်တွေမှာ ယခု အရပ်သားအစိုးရတက်လာပြီး နောက်ပိုင်းတိုင်းရင်းသားတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံရိပ်အသုံးချမှုမှာ တင်းမာမှုတွေ ကြီးထွားလာတာကိုတွေ့ရသလိုတိုင်းရင်းသားတွေဘက်ကယခင်ကထက် ပိုမိုတွန်းတိုက်မှုတွေရှိ လာတာကိုတွေ့ရပါတယ်။

ဗိုလ်ချုပ်ရုပ်တုလုပ်ဆောင်စဉ်ကဒီလိုအနေအထားတွေ ဖြစ်လာနိုင်မှု ရှိတဲ့ အခြေအနေတွေကို ထည့် တွက် ထားခြင်းမရှိဘဲလုပ်ဆောင်ခဲ့မှုကယခုအခါမှာနှစ်ဘက်စလုံးနောက်ဆုတ်လို့မရတဲ့ အနေအထားဖြစ် လာ တဲ့ အတွက် တစ်ဘက်ဘက်ကလျော့မှ အဆင်ပြေနိုင်ဖွယ်ရှိတဲ့အတွက် ဘယ်သူဘက်ကလျော့မလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းကတိုင်းရင်းသားနောက်ခံသတင်းတွေ ဖြစ်တဲ့ ခန္တီးအစည်းအဝေးသွားတက်တဲ့ နာဂလက် နက်ကိုင်အဖွဲ့ (NSCN-K) ခေါင်းဆောင်အချို့ မိသားစုနဲ့ အဆက်အသွယ်ပျက်နေတဲ့ သတင်း၊ အပစ်ခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်တွေ ဆွီဒင်နိုင်ငံသို့ ကိုးရက်ကြာလေ့ လာရေး ခရီးသွားရောက်တဲ့သတင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်  ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကရင်နီအမျိုးသားတိုးတက် ရေးပါတီ (KNPP) တို့ အပစ်ခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးဖို့ နေပြည် တော် မှာ ဆွေးနွေးတဲ့ သတင်း၊မတ်လ ၆ ရက်ကနမ့်ခမ်းမြို့ နယ်ထဲ TNLA က ဖမ်းဆီးသွားတဲ့သူတွေ ထဲက ရှစ်ဦးပြန် လွတ်လာတဲ့ သတင်း၊ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို သြင်္ကန် ကာလအပြီးမှာပြုလုပ်ဖို့  တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များထံမေတ္တာရပ်ခံထားတဲ့ သတင်းတွေထဲ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရမယ့် သတင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။

လွှတ်တော်ထဲ တပ်မတော်သားကိုယ်စားလှယ်တွေ လျော့ချဖို့

ယခုတစ်ပတ်သတင်းတွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး သတင်းက အများစု အာရုံစိုက်စရာပါ။ မတ်လ ၁၈ ရက်ကပြုလုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၄)မှာပါတဲ့ ဥပဒေပြုရေး ပုဒ်မတွေကို ဆွေး နွေးခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်များက တပ်မတော်သားကိုယ် စားလှယ်ဦး ရေကို တစ်ဆင့်ချင်းလျှော့ချဖို့ ဆွေးနွေးခဲ့ပြီး ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ လွှတ်တော်မှာ တပ်မတော်သား တွေပါဝင်မှုကို ဖယ်ရှားပေးဖို့ တင်ပြတာရှိခဲ့ပါတယ်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၄)မှာ အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်၊ တိုင်းလွှတ်တော်တို့ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအ ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ဖွဲ့စည်း ရမည် လို့ ပါဝင်ထားပါတယ်။ဒါပေမယ့် ဒီပုဒ်မကိုပြင်ဆင်ဖို့ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ ၇၅ ရာခိုင်နှုန်း ကျော်တဲ့ ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုရရှိဖို့လိုပြီး တပ်မတော်သားကိုယ်စားလှယ်တွေဘက်က သဘောမတူရင်တော့ ပြင်ဖို့ ခက်ခဲမှာပါ။  

ဒီတပ်နဲ့ သက်ဆိုင်တဲ့ ပုဒ်မကို ဆွေးနွေးစဉ်တွင် ကော်မတီဝင်ဖြစ်တဲ့ တပ်မတော်သားလွှတ် တော် ကိုယ်စားလှယ်များနှင့် ပြည် ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တို့ ဝင်ရောက်ဆွေးနွေးခြင်းမရှိခဲပါဘူး။ လွှတ် တော်တွေ ရပ်နားထားပေမယ့်  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးတွေကို ယခုလနောက်ဆုံးပတ်အထိ ဆက်လက်ကျင်းပရန်စီစဉ် ထားတဲ့ အတွက် ဘာတွေ ပြင်ဆင်ချက်တွေ ထွက် လာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။

နိုင်ငံတစ်ဝန်းကို လှည့်ပြီး ပြည်သူတွေနဲ့ထိတွေ့နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သတင်းတွေက ယခုတစ်ပတ်မှာ အများပြည်သူကြား စိတ်ဝင်စားမှု ရှိခဲ့ပါတယ်။ ဘားအံမှာ ပြည်သူတွေ နဲ့ ထိတွေ့ခဲ့တဲ့ ပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ပြည်သူတွေ တင်ပြတဲ့ အချက်တွေကို နားထောင်ပြီး တစ်ထိုင် တည်း တချို့ပြဿနာတွေကို ရှင်းလင်းခဲ့ပါတယ်။ ဒီပွဲမှာ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေ မလာတဲ့ အတွက် ခေါင်းရှောင်မရဘူးဟု သတိပေးခဲ့သလို ခန်းမအတွင်း တွေ့ဆုံပွဲလုပ်သည့်အပေါ် ကျေနပ်မှုမရှိဘဲ နောက် တစ်ကြိမ် တွင် ကွင်းထဲ မဏ္ဍပ်ထိုးကာ တွေ့ဆုံမယ်လို့ ပြောခဲ့ပါတယ်။

ယခုတစ်ပတ်ထဲ ဖွင့်လှစ်ခဲ့တဲ့  မြဝတီ-မဲဆောက်ချစ် ကြည်ရေးတံတား အမှတ်(၂) ဖွင့်ပွဲကို လည်း အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သလို  ထိုင်းဘက်က ဝန်ကြီးချုပ် ပရာယွတ်ချန်အို ချာလည်း တက်ရောက်ခဲ့ပါတယ်။ကျောက်ဆည်မှာတော့ ဒေသခံတွေက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် ထောက်ခံပွဲကို ကျင်းပခဲ့ပါတယ်။ ဒီအပတ်ထဲမှာဘဲ တပ်မတော်ဘက်က စစ်ရေ ယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်းကို ကိုကိုးကျွန်းတစ်ဝိုက်ရှိ မြန်မာ့ ပင်လယ်ပြင်ပိုင်နက်အတွင်း ပြု လုပ်ခဲ့ ပါတယ်။ ဒီလေ့ကျင်ခန်းတွေထဲမှာ စစ်ရေယာဉ်နှစ် စီးနဲ့ ရေငုပ်သင်္ဘောရှာဖွေကာ ပစ်ခတ်ချေမှုန်းတဲ့ လေ့ကျင့် ခန်းလည်း ပါဝင်ခဲ့ပါတယ်။ဒီစစ်ရေးလေ့ကျင့်မှုကို တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် တက်ရောက်ကြည့်ရှုခဲ့ပြီး  ဒီစစ်ရေးလေကျင့်ပွဲမှာ ပြောခဲ့တဲ့ နောင်လာမယ့် နှစ်နှစ် သုံးနှစ်အတွင်း မှာ ရေငုပ်သင်္ဘောပိုင်ဆိုင်နိုင်မယ်ဆိုတဲ့ စကားက ယခုတစ်ပတ်သတင်းဖတ်ရှုသူများအကြိုက်တွေ့ခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

အဆိုပါသတင်းတွေနဲ့ အတူ ယခုတစ်ပတ်အတွင်းမှာ သတိထားမိတဲ့ သတင်းတွေက မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းမှာ မန္တလေးဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်ပြီး လူ ခြောက်ထောင်ကျော်ပါဝင်တဲ့ အမှိုက် ကောက်ပွဲ လုပ်ခဲ့တဲ့ သတင်း၊ ရန်ကုန်သြင်္ကန်မဏ္ဍပ်ဆောက်ဖို့ နဲ့ ရေအသုံးပြုဖို့ ဧပြီ ၁၃ ရက် နေက်ဆုံးထား လျှောက်ရမယ့်သတင်း၊ မတ် ၂၃ ရက်မှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားကို နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ့်သတင်း၊ Star Awards ဆုပေးပွဲကနေ နာမည်ကြီးအနုပညာရှင်တွေ နူတ်ထွက်ကြတဲ့သတင်း ၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် လက်ရှိခေတ္တဝန်ကြီး ချုပ်တာဝန်ထမ်းဆောင်နေသော ဦးမြင့်မောင်ကို အတည်ပြုခန့်အပ်ရန် နိုင်ငံတော်သမ္မတက အဆိုပြုခဲ့တဲ့ သတင်း၊အချိန်အခါမဟုတ် မိုးနှင့် လေပြင်းတိုက်ခတ်လို့ အထက်မြန်မာပြည်မှာ လူနေအိမ်ခြေတွေ ပျက်စီးဆုံးရှုံး တဲ့ သတင်းတွေ ဖြစ်ခဲ့ကြောင်း တင်ပြရင်း ယခုတစ်ပတ်သတင်းသုံးသပ်ချက်ကိုဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
မတ် - ၂၂

( Zawgyi )

ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ သတင္းေတြထဲမွာ စိတ္ဝင္စားစရာ သတင္းအခ်ိဳ႕ ရွိခဲ့ပါတယ္။ဒီထဲမွာ ရခိုင္ေျမာက္ပိုင္းက ေျမာက္ဦးေဒသမွာ ျဖစ္ခဲ့တဲ့  ေျမာက္ဦးတိုက္ပြဲ သတင္း၊ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းႏွင့္ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ ေဒသခံေတြနဲ႔ ေတြ႕ဖို႔ရွိတဲ့ သတင္း၊ ရန္ကုန္ၿမိဳ႕မွာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္႐ုံးခြဲ ဖြင့္လွစ္လိုက္တဲ့ သတင္း၊ မေျပလည္ေသးတဲ့ ကႏၵာေဟဝန္ပန္းၿခံအတြင္း စိုက္ထူထားတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ျမင္းစီးေၾကး႐ုပ္တု သတင္း၊ လႊတ္ေတာ္ထဲ တပ္မေတာ္သားကိုယ္စားလွယ္ေတြ ေလ်ာ့ခ်ဖို႔ ေဆြးေႏြးၾကတဲ့ သတင္းေတြက ထိပ္ဆုံးကပါ။

ဒီသတင္းေတြက စိတ္ဝင္စားစရာ သတင္းျဖစ္တဲ့ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနက ဦးေဆာင္ၿပီး တိုင္းႏွင့္ ျပည္နယ္ အသီးသီးရွိ ၿမိဳ႕ ၂၁ ၿမိဳ႕မွာ ထာဝရၿငိမ္းခ်မ္းေရး တရားပြဲေတြ က်င္းပမယ့္ သတင္း၊ အျငင္းပြားမႈေၾကာင့္ ၂၄ ႏွစ္ၾကာ ရပ္ဆိုင္းထားတဲ့  တ႐ုတ္-ျမန္မာၾကား ႏွစ္ႏိုင္ငံ နယ္စပ္နယ္နိမိတ္ပိုင္ဆိုင္မႈ ျပန္တိုင္းဖို႔ လက္မွတ္ေရးထိုးၾကတဲ့ သတင္းေတြနဲ႔အတူ ယခုတစ္ပတ္မွာ သတိထားေစာင့္ၾကည့္စရာ ျဖစ္ခဲ့ပါတယ္။

ရခိုင္-ေျမာက္ဦး ဘယ္သူစပစ္သလဲ

ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ မတ္ ၁၈ ရက္က ရခိုင္ေျမာက္ပိုင္းက ေျမာက္ဦးေဒသမွာ ျဖစ္ခဲ့တဲ့  ေျမာက္ဦးတိုက္ပြဲ သတင္းက သတင္းစာမ်က္ႏွာေတြ၊ လူမႈကြန္ရက္ေတြမွာ ရက္အေတာ္ၾကာ ေနရာယူခဲ့သလို ျပည္တြင္း ျပည္ပ သတင္းေတြမွာလည္း  အေရးတယူ ဂ႐ုစိုက္ရမယ့္ သတင္းျဖစ္ခဲ့ပါတယ္။

တပ္မေတာ္ႏွင့္ AA ၾကား ၂၀၁၈ ႏွစ္ကုန္ပိုင္းကစၿပီး  တိုက္ပြဲမ်ား မၾကာခဏျဖစ္ပြားခဲ့ရာမွာ  မတ္လအတြင္း တိုက္ပြဲမ်ား ပိုမိုျပင္းထန္ခဲ့ၿပီး ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲျဖစ္ပြားမႈဧရိယာ ပိုမိုက်ယ္ျပန႔္လာခဲ့ပါတယ္။တပ္မေတာ္ဘက္က ထိုးစစ္အရွိန္ အားေကာင္းလာခဲ့တဲ့အတြက္ AA အဖြဲ႕က အရပ္သားအသြင္ယူကာ ၿခဳံခိုတိုက္ခိုက္မႈေတြ ယာဥ္တန္းေတြကို မိုင္းဆြဲေဖာက္ခြဲမႈေတြ လုပ္လာခဲ့ပါတယ္။ျပည္နယ္အတြင္း AA အဖြဲ႕ လမ္းစဥ္ကို လက္မခံတဲ့သူေတြ၊ အုပ္ခ်ဳပ္ေရးပိုင္းကသူေတြကို သတ္ျဖတ္မႈေတြ လုပ္လာခဲ့ရာမွာ ေျမာက္ဦးၿမိဳ႕ထဲထိ ဝင္ေရာက္လာခဲ့ပါတယ္။

မတ္လ ၁၅ ရက္ ညကလည္း ၿမိဳ႕တြင္းပစ္ခတ္မႈေၾကာင့္ အရပ္သားႏွစ္ဦး ဒဏ္ရာရရွိခဲ့ကာ မတ္လ ၁၈ ရက္ညတြင္ ေျမာက္ဦးၿမိဳ႕တြင္း၌ ပစ္ခတ္မႈမ်ားျဖစ္ပြားၿပီး ကေလးငယ္ႏွစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးအပါအဝင္ အရပ္သားခုႏွစ္ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

မတ္ ၁၈ ရက္မွာ ေျမာက္ဦးရွိ တပ္ရင္းဌာနခ်ဳပ္ႏွင့္ လမ္းလုံၿခဳံေရး ေဆာင္႐ြက္ေနတဲ့ တပ္ဖြဲ႕ဝင္မ်ားကို AA က ေျမာက္ဦးၿမိဳ႕႐ိုးႏွင့္ ႐ြာေဟာင္းကုန္းဘက္ ရပ္ကြက္ထဲကေန လာေရာက္ပစ္ခတ္ခဲ့ရာမွာ တပ္ဘက္နဲ႔ ပစ္ခတ္မႈေတြ ျဖစ္ခဲ့တယ္ ဆိုပါတယ္။ဒီလိုပစ္ခတ္မႈေတြေၾကာင့္ ကေလးငယ္ႏွစ္ဦး အပါအဝင္ အရပ္သား ခုႏွစ္ဦးထက္မနည္း က်ည္ဆန္ထိမွန္ ဒဏ္ရာရရွိၿပီး လူေနအိမ္ႏွင့္ ဘဏ္ အပါအဝင္ အေဆာက္အအုံအခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့ပါတယ္။

ယင္းေျမာက္ဦးၿမိဳ႕တြင္း ပစ္ခတ္မႈမ်ားႏွင့္ ပတ္သက္ၿပီး တပ္မေတာ္ဘက္ကေရာ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) ကပါ ၎တို႔ စမျပဳလုပ္ေၾကာင္း ျငင္းဆိုထားခဲ့ပါတယ္။ဒီပစ္ခတ္မႈမ်ားေၾကာင့္ ေဒသခံမ်ား ေၾကာက္လန႔္ၿပီး အိမ္တြင္းမွ အိမ္ျပင္သို႔ မထြက္ရဲျဖစ္ေနလို႔ မတ္လ ၁၉/၂၀ ရက္ေတြမွာ တစ္ၿမိဳ႕လုံး လမ္းသြားလမ္းလာမရွိဘဲ ေျခာက္ကပ္ေနခဲ့ပါတယ္။မတ္လ ၁၉ ရက္ နံနက္မွာ မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္းေဒသမွာ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ျပင္းထန္လာတဲ့ တိုက္ပြဲေတြေၾကာင့္ တအာင္းအဖြဲ႕ (TNLA)၊ ကိုးကန႔္အဖြဲ႕ (MNDAA) ႏွင့္ ရခိုင္အဖြဲ႕ (AA) စတဲ့ ေျမာက္ပိုင္းလက္နက္ကိုင္သုံးဖြဲ႕က ရခိုင္မွာ တပ္မေတာ္ထိုးစစ္ေတြ ရပ္ဆိုင္းေပးဖို႔ မတ္ ၁၉ ရက္မွာ ေတာင္းဆိုခဲ့ပါတယ္။

ပစ္ခတ္မႈေတြေၾကာင့္ ေျမာက္ဦး ေရွးေဟာင္းဘုရားအခ်ိဳ႕လည္း ထိခိုက္မႈရွိခဲ့ပါတယ္။ဒီလိုျဖစ္ခဲ့တဲ့အတြက္  ေျမာက္ဦး ယဥ္ေက်းမႈအေမြအႏွစ္ေဒသ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕က ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ထံ ေျမာက္ဦး ေရွးေဟာင္းအေမြအႏွစ္ေဒသ ကာကြယ္ေရးအတြက္ တတ္စြမ္းသမွ် ေဆာင္႐ြက္ေပးဖို႔ စာေရးေတာင္းဆိုခဲ့ပါတယ္။ေျမာက္ဦး ယဥ္ေက်းမႈအေမြအႏွစ္ေဒသကို စစ္မဲ့ဇုန္အျဖစ္ ႏွစ္ဖက္အဖြဲ႕အစည္းက သေဘာတူညီေပးဖို႔ ျမန္မာႏိုင္ငံ ေရွးေဟာင္းသုေတသန ပညာရွင္အသင္းက မတ္လ ၁၈ ရက္မွာ ေမတၱာရပ္ခံစာ ထုတ္ျပန္ခဲ့ပါတယ္။

ကုလသမဂၢကလည္း  ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲေတြေၾကာင့္ ေသေၾကထိခိုက္မႈမ်ားႏွင့္ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရမႈမ်ားအေပၚ မ်ားစြာစိုးရိမ္မိတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဒီထဲမွာ ႏိုင္ငံေတာ္ပုန္ကန္မႈႏွင့္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မတို႔ျဖင့္ တရားစြဲဆိုခံထားရသည့္ ေဒါက္တာေအးေမာင္ ႏွင့္ စာေရးဆရာ ေဝဟင္ေအာင္ တို႔၏ အမႈကို စစ္ေတြခ႐ိုင္ တရား႐ုံးက မတ္ ၁၉ ရက္က ေထာင္ဒဏ္ ၂၂ ႏွစ္စီ ခ်မွတ္ခဲ့လို႔ ျပႆနာေတြက ပိုရႈပ္ေထြးလာခဲ့ပါတယ္။

ေနာက္ရက္ေတြမွာ အစိုးရဘက္က NCA လက္မွတ္ မထိုးရေသးတဲ့ AA အပါအဝင္ အဖြဲ ၈ ဖြဲ႕ကို ေဆြးေႏြးဖို႔ ဖိတ္ခဲ့ပါတယ္။တပ္မေတာ္က တပ္မေတာ္ညႇိႏႈိင္းေရးအဖြဲ႕ႏွင့္ ေဆြးေႏြးႏိုင္ေၾကာင္း ဖိတ္ေခၚခဲ့ ပါတယ္။  

မတ္ ၂၁ ရက္မွာ NCA လက္မွတ္မထိုးရေသးတဲ့ ရွမ္းအဖြဲ႕ (SSPP)၊ က ခ်င္အဖြဲ႕(KIA)၊ မိုင္းလားအဖြဲ႕ (NDAA)၊ တအာင္းအဖြဲ႕ (TNLA)၊ ကိုးကန႔္အဖြဲ႕ (MNDAA)၊ ရခိုင္အဖြဲ႕ (AA)၊ ‘ဝ’ အဖြဲ႕ (UWSA) ႏွင့္ ကရင္နီအဖြဲ႕ (KNPP) ေတြနဲ႔ NRPC တို႔ ေနျပည္ေတာ္မွာ ေဆြးေႏြးပြဲျပဳလုပ္ခဲ့ပါတယ္။ဒီပြဲမွာ NRPC ဒုဥကၠ႒ ေဒါက္တာတင္မ်ိဳးဝင္း က အျဖဴေရာင္နယ္ေျမျဖစ္သည့္ ရခိုင္ျပည္နယ္တြင္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား အေျခခ်ရန္ ႀကိဳးစားျခင္းဟာ ၿငိမ္းခ်မ္းမႈႏွင့္ လုံၿခဳံေရးကို ၿခိမ္းေျခာက္ေစတဲ့အတြက္ အစိုးရဘက္က ထိုက္သင့္တဲ့ လုံၿခဳံေရးေဆာင္႐ြက္ခ်က္ေတြ လုပ္ေဆာင္ေနတာကို နားလည္သေဘာေပါက္ရန္ လိုအပ္တယ္လို႔ ေျပာခဲ့ပါတယ္။ေဆြးေႏြးပြဲအၿပီးမွာ မၾကာခဏေတြ႕ဆုံမႈ ျပဳလုပ္ရန္ အပါအဝင္ အခ်က္ ၅ ခ်က္ကို အဖြဲ႕ ၈ ဖြဲ႕က သေဘာတူခဲ့ပါတယ္။

ေဆြးေႏြးပြဲ တက္ေရာက္ခဲ့သည့္ NRPC ကိုယ္စားလွယ္ အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌး က “တကယ့္ ကမာၻလွည့္ခရီးသည္ေတြ လြတ္လြတ္လပ္လပ္ သြားလာခဲ့တဲ့ေနရာေတြ။ဒီေနရာေတြပါ တိုက္ပြဲေတြက  က်ယ္ျပန႔္လာတဲ့သေဘာ ျဖစ္တယ္။ဒီအေပၚမွာလည္း အစိုးရက လုပ္သင့္လုပ္ထိုက္တာကို  လုပ္သြားမွာျဖစ္ပါတယ္” လို႔ ေျပာခဲ့သလို AA ကိုယ္စားလွယ္အျဖစ္ တက္ေရာက္ခဲ့တဲ့ ဗိုလ္မႉးႀကီးေက်ာ္ဟန္ က “ရခိုင္ျပည္မွာ ရခိုင့္တပ္မေတာ္ တည္ရွိေရးဟာ ကြၽန္ေတာ္တို႔ ULA/AA ရဲ႕ အဓိက ရည္မွန္းခ်က္ျဖစ္တယ္။ရခိုင္ျပည္သူကို ရခိုင့္တပ္မေတာ္ကပဲ လုံၿခဳံေအးခ်မ္းဖို႔၊ ဖြံ႕ၿဖိဳးဖို႔အတြက္ တာဝန္ယူႏိုင္မွာျဖစ္တယ္လို႔ ကြၽန္ေတ္ာတို႔ ခံယူထားတဲ့အတြက္ ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ လုပ္သင့္လုပ္ထိုက္တဲ့ဟာကို ကြၽန္ေတာ္တို႔ လုပ္ေနတာျဖစ္တယ္။အခုလည္း ကြၽန္ေတာ္တို႔ ရခိုင္ျပည္မွာ တာဝန္ယူေနၿပီ ျဖစ္တယ္” လို႔ ေျပာခဲ့ပါတယ္။

ရခိုင္ျပႆနာဟာ လူမ်ိဳးေရးဘက္ကို အေျခခံၿပီး အစြန္းေရာက္လူမ်ိဳးစြဲနဲ႔ လူမႈကြန္ရက္ေတြမွာပါ လႈံ႕ေဆာ္မႈေတြပါ ရွိလာတဲ့အတြက္ အာဏာပိုင္ေတြအေနနဲ႔ သတိထားကိုင္တြယ္ရမယ့္ ျပႆနာျဖစ္လာခဲ့ပါတယ္။ေရွးၿပီးခဲ့တဲ့ေခတ္က ျဖစ္ခဲ့တာေတြကို ယခုထိယူလာတဲ့ က်ဥ္းေျမာင္းတဲ့ အယူအစြဲက အမ်ားျပည္သူေတြ ေသေၾကရတဲ့အထိ ျဖစ္လာတဲ့အခါ  ျပန္ဆင္ျခင္ဖို႔ လိုလာမယ္ ျဖစ္ပါတယ္။ယခုလို ႏိုင္ငံတကာရန္ေတြ မ်ားေနတဲ့အခါမွာ ခ်ိန္ကိုက္ျဖစ္လာတဲ့ ရခိုင္ျပႆနာဟာ ဖန္တီးသူေရာ၊ မႀကီးထြားေအာင္ ျငႇိမ္းသတ္ဖို႔ လ်စ္လ်ဴခဲ့သူမွာပါ တာဝန္ရွိတဲ့အတြက္ ယခုထက္ပိုႀကီးထြားလာရင္ အမုန္းတရားေတြနဲ႔ ေျဖရွင္းရခက္လာဖြယ္ ရွိတဲ့အတြက္ ဆက္ေစာင့္ၾကည့္ေနရဦးမွာ ျဖစ္ပါတယ္။

ၿမိဳ႕သစ္စီမံကိန္း ဘယ္လိုျဖစ္လာမလဲ

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းနဲ႔ ပက္သက္ၿပီး ယခုတစ္ပတ္ထဲမွာ ထူူးျခားမႈေတြ ရွိလာႏိုင္ပါတယ္ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုေပးပြဲကို လာဖို႔ရွိတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ခရီးစဥ္မွာ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းႏွင့္ ပတ္သက္ၿပီး စီမံကိန္းတာဝန္ရွိသူေတြ ေဒသခံျပည္သူေတြနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ေတြ႕ဆုံဖို႔ ရွိပါတယ္။

ဒီစီမံကိန္းနဲ႔ ပတ္သက္ၿပီး မတ္လ ပထမအပတ္က ကုန္သည္စက္မႈအသင္းခ်ဳပ္မွာ စကားဝိုင္းသေဘာမ်ိဳး ေဆြးေႏြးရာမွာ ပညာရွင္ေတြဘက္က ေထာက္ျပေမးခြန္းထုတ္တဲ့ အခ်က္ေတြအေပၚ စီမံကိန္းကို ဦးေဆာင္လုပ္ကိုင္မယ့္ဘက္က အေသအခ်ာ ေရေရလည္လည္ မရွင္းျပႏိုင္ခဲ့တာေတြရွိသလို ပညာရွင္ေတြဘက္ကလည္း ေဒသခံေတြဘက္က ေမွ်ာ္လင့္ခ်က္ကို လ်စ္လွ်ဴၿပီး ပညာရပ္ရႈေထာင့္ဘက္က ခ်ည္းကပ္ေဆြးေႏြးခဲ့တာေတြ ရွိပါတယ္။အဲဒီေဆြးေႏြးပြဲမွာ ပါဝင္ေဆြးေႏြးသူတစ္ဦးျဖစ္တဲ့ Sandi Governance Institute ဥကၠ႒ ဦးခိုင္ဝင္း က ဒီစီမံကိန္းနဲ႔ ပတ္သက္ၿပီး တ႐ုတ္အစိုးရက အဆိုျပဳထားတဲ့ ေခတ္သစ္ပိုးလမ္းမႀကီး (BRI) ရဲ႕အစိတ္အပိုင္းတစ္ခုျ ျဖစ္ေနတယ္ဆိုရင္ ႏိုင္ငံေတာ္အဆင့္ ဖြဲ႕စည္းထားတဲ့ ဦးေဆာင္ေကာ္မတီက ျပည္သူလူထုကို ရွင္းျပသင့္တယ္လို႔ အႀကံေပးခဲ့တာရွိပါတယ္။

အက်ိဳးစီးပြားေတြ ရႈပ္ေထြးလာဖြယ္ရွိသလို အာဏာပိုင္ေတြဘက္က ေျမယာရွင္းလင္း ေရာင္းခ်႐ုံသက္သက္ျဖစ္လာၿပီး ႏိုင္ငံျခားကုမၸဏီေတြဘက္က လုပ္ပိုင္ခြင့္အျပည့္အဝရွိလာမယ့္ ဒီစီမံကိန္းကို အေတာ္မ်ားမ်ားက လက္မခံပါဘူး။အထူးသျဖင့္ ၿမိဳ႕သစ္ေတြ ဒင္းၾကမ္းျပည့္ေနတဲ့ ရန္ကုန္မွာ ဘယ္ၿမိဳ႕သစ္မွ ၿမိဳ႕တစ္ၿမိဳ႕ရဲ႕အဂၤါ ရပ္နဲ႔အညီ မလုပ္ႏိုင္ခဲ့တဲ့အတြက္ ေနာက္ျဖစ္လာမယ့္ ၿမိဳ႕သစ္ဆိုတာလည္းဒီလိုျဖစ္လာမလားဆိုတဲ့ သံသယေတြ ရန္ကုန္ၿမိဳ႕ေန ျပည္သူေတြနဲ႔ ပညာရွင္ေတြ စိတ္ထဲေတြးေနတဲ့အခ်က္ ျဖစ္တဲ့အတြက္ အားလုံးက ေစာင့္ၾကည့္ေနတဲ့ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း ကိစၥမွာ အာဏာပိုင္ေတြဘက္က ဘာေတြခ်ျပမလဲ၊ အမ်ားျပည္သူ စိုးရိမ္ေနတဲ့ အခ်က္ေတြကို ေျဖေလ်ာ့ေပးႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာဘဲ ျဖစ္ပါတယ္။

ဒီသတင္းေတြနဲ႔အတူေအးစက္ေနတဲ့ ျမန္မာ့စီးပြားေရးအတြက္ ယခင္ကအစိတ္အပိုင္းတစ္ရပ္အျဖစ္ လႈပ္ႏိူးႏိုင္ခဲ့တဲ့ ျမန္မာေက်ာက္မ်က္ရတနာျပပြဲကိုမတ္လ ၁၁ ရက္မွ ၂၀ ရက္အထိ ျပဳလုပ္ေရာင္း ခ်ခဲ့ရာ မွာ ယူ႐ို၄၇၆ သန္းေက်ာ္ဖိုးေရာင္းခ်ခဲ့ရတယ္ ဆိုပါတယ္။ဒီပြဲမွာေက်ာက္စိမ္း ၅၂၆ တြဲေရာင္းခ်ခဲ့ရၿပီးေက်ာက္စိမ္းပြဲ ပမာဏျဖစ္ခဲ့ပါတယ္။ ယခင္ကေတာ့ ေက်ာက္မ်က္ျပပြဲေရာင္းခ်ရတဲ့ ေငြေတြက ျပည္တြင္းကလုပ္ငန္းေတြ ဆီ ကို စီးဝင္ေလ့ရွိတဲ့အတြက္ ျပည္တြင္းေဆာက္လုပ္ေရးလုပ္ငန္းေတြ၊အိမ္ၿခံေျမလုပ္ငန္းေတြျပန္ေကာင္းလာတဲ့ အထိျဖစ္တဲ့ အထိရွိတဲ့အတြက္ ျမန္မာ့စီးပြားေရးအတြက္ ေက်ာက္မ်က္ေရာင္းခ်ေရးက ဘယ္ေလာက္ထိ အေထာက္အကူျဖစ္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဒီသတင္းကယခုတစ္ပတ္အတြင္းစီးပြားေရးေနာက္ခံသတင္းေတြျဖစ္တဲ့ စင္ကာပူအေျခစိုက္ Singapore Petroleum Venture Pte.Ltd (SPV) ကုမၸဏီနဲ႔ ေ႐ႊေတာင္ စြမ္းအင္ကုမၸဏီပူးေပါင္းၿပီးစက္သုံးဆီ ဆိုင္သစ္မ်ား ဖြင့္လွစ္မယ့္ သတင္း၊ဂ်ာမနီ၊ ၾသစေၾတးလ်၊ ကေနဒါ၊ ဆြီဒင္၊ နယ္သာလန္ႏွင့္ ၿဗိတိန္ႏိုင္ငံတို႔သို႔ သြားေရာက္လည္ပတ္မယ့္သူေတြ VFS Global ႐ုံးမွာ ဗီဇာေလွ်ာက္ထားလို႔ရတဲ့ သတင္းေတြနဲ႔ အတူ စိတ္ဝင္ စားဖြယ္ေကာင္းခဲ့ပါတယ္။

လက္တံဆန႔္ထုတ္လိုက္တဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး

လတ္တေလာမွာအဂတိလိုက္စားမႈနဲ႔ တနသၤာရီဝန္ႀကီခ်ဳပ္ကို အေရးယူမႈေတြ နဲ႔ လူထုရဲ႕ အမွတ္ေပး မႈကို ရခဲ့တဲ့ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ ဟာ  သူရဲ႕ လုပ္ငန္းေဆာင္႐ြက္မႈေတြ ထပ္မံျမႇင့္တင္ဖို႔ အတြက္ ရန္ကုန္မွာ ႐ုံးခြဲထပ္ဖြင့္ခဲ့ပါတယ္။ အဲဒီဖြင့္ပြဲမွာ ေကာ္မရွင္ဥကၠ႒ ဦးေအာင္ၾကည္က ရန္ကုန္ၿမိဳ႕မွာ အဂ တိလိုက္ စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ ႐ုံးခြဲဖြင့္လွစ္လိုက္တဲ့ အတြက္ လူထုႏွင့္ပိုမိုနီးကပ္စြာထိေတြ႕ ႏိုင္လာ မယ့္လို႔ ဆိုပါတယ္။ ေကာ္မရွင္အေနနဲ႔ ျပစ္ မႈက်ဴးလြန္ၿပီးမွ အေရးယူေဆာင္ ႐ြက္ျခင္းထက္ ျပစ္မႈမျဖစ္ပြားမီ ႀကိဳတင္တားဆီးကာကြယ္ေသာနည္းလမ္းကိုဦးစားေပးေဆာင္ ႐ြက္ေနတယ္လို႔ ေျပာခဲ့သလို ႏိုင္ငံတစ္ဝန္း လုံးတြင္  အဂတိလိုက္စားမႈကိုတက္ညီလက္ညီတိုက္ဖ်က္ဖို႔လည္း တိုက္တြန္းခဲ့တာေတြလည္း ရွိပါတယ္။

အထူးသျဖင့္ အဂတိလိုက္စားမႈအမ်ားဆုံးလို႔ေျပာႏိုင္တဲ့ ရန္ကုန္လိုၿမိဳ႕မွာ ယခုလို႐ုံးခြဲလာဖြင့္တဲ့ အ တြက္ ဌာနဆိုင္ရာက လုပ္စားေနသူေတြအတြက္ အေနအထိုင္ အယူအငင္ေတြ သတိထားဆင္ျခင္စရာျဖစ္ လာခဲ့ပါတယ္။ လာဘ္လာဘေတာင္းယူရာမွာ နာမည္ႀကီးလွတဲ့ ဌာနစုံအေျခစိုက္ရာ ရန္ကုန္မွာ ဘယ္သူက စၿပီးေဈးဦးေပါက္မလဲ ဆိုတာလည္း စိတ္ဝင္စားစရာပါ။

အဂတိလိုက္စားမႈနဲ႔ အေရးယူထားတဲ့ တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္းေဒါက္တာ လဲ့လဲ့ ေမာ္ အမႈကေတာ့ ပထမဆုံး႐ုံးထုတ္ရက္ကို အမ်ားျပည္သူက စိတ္ဝင္တစား နားစြင့္ေနၾကပါတယ္။လာဘ္ စားမႈနဲ႔ အေရး ယူထားေပမယ့္ အာဏာရပါတီဖက္ကေတာ့  ပါတီက ထုတ္ပယ္ဖို႔ အမႈစီရင္ဆုံးျဖတ္ခ်က္ကို ေစာင့္ၾကည့္ေနပါတယ္။ ဒီတစ္ပတ္ထဲမွာ တနသၤာရီက တိုင္းေဒသႀကီးဝန္ႀကီးႏွစ္ဦးတစ္ၿပိဳင္နက္ ႏုတ္ ထြက္ ခြင့္ျပဳခဲ့တဲ့အတြက္ တနသၤာရီတိုင္း ျပႆနာဟာ ဘယ္ေလာက္ထိ တိုင္းအစိုးရထဲ အေျပာင္းအလဲေတြ ျဖစ္လာမလဲ ဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္မူခင္းသတင္းေတြ ျဖစ္ခဲ့ရာမွာမိုးညႇင္းနည္းပညာေကာလိပ္ကအသက္ ၂၈ ႏွစ္အ႐ြယ္ က်ဴတာဆရာမေနအိမ္မွာအသတ္ခံရတဲ့ သတင္း၊တ႐ုတ္တစ္သွ်ဴးငွက္ ေပ်ာသတင္းေရးသားလို႔ အသေရဖ်က္မႈနဲ႔ တရားစြဲခံရတဲ့ ျမစ္ႀကီနား ဂ်ာနယ္ အမႈ ေဆာင္အရာရွိခ်ဳပ္ဦး ဘရန္မိုင္အပါအဝင္သုံးဦးကို တရား႐ုံးကအာမခံေပးခဲ့တဲ့ သတင္း၊ ရေသ့ေတာင္ၿမိဳ႕နယ္ထဲမွာ ဝက္ဝံအကိုက္ခံရလို႔ တစ္ဦးေသဆုံးကာ တစ္ဦးျပင္းထန္စြာဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ က်ိဳက္ထီး႐ိုးေတာင္ေျခကင္မြန္းစခန္း ကားဝင္းအတြင္းမီးေလာင္တဲ့ သတင္း၊ တိုက္ႀကီးၿမိဳ႕နယ္ ဧရာဝတီျမစ္အတြင္းစက္ေလွတိမ္း ေမွာက္လို႔ အမ်ိဳးသမီးေျခာက္ဦးေသဆုံးခဲ့တဲ့ သတင္းေတြထဲ သတိထားမိစရာသတင္းျဖစ္ခဲ့ပါတယ္။

မေျပလည္ေသးတဲ့ လြိဳင္ေကာ္ ဗိုလ္ခ်ဳပ္႐ုပ္တု ျပႆနာ

ႏိုင္ငံတစ္ဝန္း ဗိုလ္ခ်ဳပ္႐ုပ္တု တည္ရာမွာ ကယားျပည္နယ္ထဲ လူထုဆႏၵျပပြဲျဖစ္တဲ့အထိ၊ပစ္ၾက ခတ္ၾကတဲ့ အထိကန႔္ကြက္မႈက ျပင္းထန္ခဲ့ပါတယ္။ လြိဳင္ေကာ္ၿမိဳ႕ ကႏၵာေဟဝန္ပန္းၿခံအတြင္း စိုက္ထူထားတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီးေၾကး႐ုပ္တုကိုမတ္လ ၁၇ ရက္ တြင္ ေနာက္ဆုံးထားေျပာင္းေ႐ႊ႕ ေပးဖို႔ ကရင္နီျပည္ လူငယ္မ်ားအင္အားစုေတြဘက္က ေတာင္းဆိုခဲ့ရာမွာေျပလည္ေအာင္ေဆာင္႐ြက္ဖို႔ ႏိုင္ငံေတာ္သမၼတ႐ုံးက ၫႊန္ၾကား ေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးကိုယ္တိုင္ ဆင္းၿပီးညိဳႏိူင္းခဲ့ပါတယ္။

ကရင္နီျပည္လူငယ္မ်ားအင္အားစုအဖြဲ႕ကလြိဳင္ေကာ္ၿမိဳ႕ ကႏၵာေဟဝန္ပန္းၿခံအ တြင္းစိုက္ထူထားတဲ့ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းျမင္းစီးေၾကး႐ုပ္တုကိုမတ္လ ၁၇ ရက္ေနာက္ဆုံးထားၿပီးျပည္နယ္အစိုးရအဖြဲ႕က တာဝန္ ယူေျပာင္းေ႐ႊ႕ေပးဖို႔နဲ႔ မေျပာင္းေ႐ႊ႕ေပးရင္ ဆႏၵထုတ္ေဖာ္မႈမ်ား၊ သပိတ္ေမွာက္မႈေတြ ျဖစ္လာႏိုင္တယ္လို႔ သတိေပးစာထုတ္ျပန္ ထားခဲ့တာေတြ ရွိခဲ့ပါတယ္။

မတ္လ ၂၀ ရက္မွာလြိဳင္ေကာ္ၿမိဳ႕ ကိႏၷရာလြိဳင္ေကာ္ဟိုတယ္မွာ ကယားျပည္ နယ္အစိုးရအဖြဲ႕၊ အမ်ိဳး သားျပန္ လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC)၊ ဗိုလ္ခ်ဳပ္ ျမင္းစီးေၾကး႐ုပ္ျဖစ္ ေျမာက္ ေရးေကာ္ မတီ၊ ကရင္နီျပည္လူငယ္ မ်ားအင္အားစုသပိတ္ေကာ္မတီ ႏွင့္ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP) မွ ကိုယ္စားလွယ္မ်ား တက္ေရာက္၍ ငါးပြင့္ဆိုင္ေတြ႕ ဆုံေဆြးေႏြးရာမွာကယားျပည္နယ္ အစိုးရအဖြဲ႕ ကဗိုလ္ခ်ဳပ္ ေအာင္ဆန္း၏ ကတိကဝတ္မ်ား၊ ပင္လုံစာခ်ဳပ္ပါ အခ်က္မ်ားကို ကမၸည္းေက်ာက္စာထားရွိၿပီးဗိုလ္ခ်ဳပ္ ေၾကး ႐ုပ္တု ကို လက္ရွိအတိုင္းထားရွိကာကရင္နီတိုင္းရင္းသားေခါင္းေဆာင္တစ္ဦး၏ ႐ုပ္တုကိုလည္းထားရွိမယ္လု႔ိ အဆိုျပဳခဲ့ပါတယ္။

ဒါေပမယ့္ ကရင္နီျပည္လူငယ္မ်ား အင္အားစု သပိတ္ေကာ္မတီက ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တု ကိုျပည္နယ္ျပင္ပ သို႔ ေ႐ႊ႕ေျပာင္းေပးရန္ႏွင့္ အဆင္မေျပပါကအမ်ားႏွင့္မသက္ဆိုင္တဲ့ NLD ႐ုံးလို ပရဟိတ႐ုံးေတြမွာထားရွိဖို႔ အဆို ျပဳခဲ့ပါတယ္။ ဒီလိုေျပလည္မႈမရရွိလို႔ ဧၿပီလမကုန္မီထပ္မံေဆြးေႏြးဖို႔ သေဘာတူခဲ့ပါတယ္။ျပည္နယ္ေတြမွာ ယခု အရပ္သားအစိုးရတက္လာၿပီး ေနာက္ပိုင္းတိုင္းရင္းသားေတြနဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံရိပ္အသုံးခ်မႈမွာ တင္းမာမႈေတြ ႀကီးထြားလာတာကိုေတြ႕ရသလိုတိုင္းရင္းသားေတြဘက္ကယခင္ကထက္ ပိုမိုတြန္းတိုက္မႈေတြရွိ လာတာကိုေတြ႕ရပါတယ္။

ဗိုလ္ခ်ဳပ္႐ုပ္တုလုပ္ေဆာင္စဥ္ကဒီလိုအေနအထားေတြ ျဖစ္လာႏိုင္မႈ ရွိတဲ့ အေျခအေနေတြကို ထည့္ တြက္ ထားျခင္းမရွိဘဲလုပ္ေဆာင္ခဲ့မႈကယခုအခါမွာႏွစ္ဘက္စလုံးေနာက္ဆုတ္လို႔မရတဲ့ အေနအထားျဖစ္ လာ တဲ့ အတြက္ တစ္ဘက္ဘက္ကေလ်ာ့မွ အဆင္ေျပႏိုင္ဖြယ္ရွိတဲ့အတြက္ ဘယ္သူဘက္ကေလ်ာ့မလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းကတိုင္းရင္းသားေနာက္ခံသတင္းေတြ ျဖစ္တဲ့ ခႏၲီးအစည္းအေဝးသြားတက္တဲ့ နာဂလက္ နက္ကိုင္အဖြဲ႕ (NSCN-K) ေခါင္းေဆာင္အခ်ိဳ႕ မိသားစုနဲ႔ အဆက္အသြယ္ပ်က္ေနတဲ့ သတင္း၊ အပစ္ခတ္ရပ္စဲ ေရးလက္မွတ္ေရးထိုးထားတဲ့ လက္နက္ကိုင္ ၁၀ ဖြဲ႕မွ ကိုယ္စားလွယ္ေတြ ဆြီဒင္ႏိုင္ငံသို႔ ကိုးရက္ၾကာေလ့ လာေရး ခရီးသြားေရာက္တဲ့သတင္း၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္  ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) ႏွင့္ ကရင္နီအမ်ိဳးသားတိုးတက္ ေရးပါတီ (KNPP) တို႔ အပစ္ခတ္ရပ္စဲေရးစာခ်ဳပ္လက္မွတ္ေရးထိုးဖို႔ ေနျပည္ ေတာ္ မွာ ေဆြးေႏြးတဲ့ သတင္း၊မတ္လ ၆ ရက္ကနမ့္ခမ္းၿမိဳ႕ နယ္ထဲ TNLA က ဖမ္းဆီးသြားတဲ့သူေတြ ထဲက ရွစ္ဦးျပန္ လြတ္လာတဲ့ သတင္း၊ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ (UPDJC) အစည္းအေဝးကို ၾသကၤန္ ကာလအၿပီးမွာျပဳလုပ္ဖို႔  တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕မ်ားထံေမတၱာရပ္ခံထားတဲ့ သတင္းေတြထဲ ဘာေတြဆက္ျဖစ္လာဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရမယ့္ သတင္းတစ္ပုဒ္ျဖစ္လာခဲ့ပါတယ္။

လႊတ္ေတာ္ထဲ တပ္မေတာ္သားကိုယ္စားလွယ္ေတြ ေလ်ာ့ခ်ဖို႔

ယခုတစ္ပတ္သတင္းေတြထဲမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ အစည္းအေဝး သတင္းက အမ်ားစု အာ႐ုံစိုက္စရာပါ။ မတ္လ ၁၈ ရက္ကျပဳလုပ္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ အစည္းအေဝးမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒအခန္း(၄)မွာပါတဲ့ ဥပေဒျပဳေရး ပုဒ္မေတြကို ေဆြး ေႏြးခဲ့ရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ ကိုယ္စားလွယ္မ်ားက တပ္မေတာ္သားကိုယ္ စားလွယ္ဦး ေရကို တစ္ဆင့္ခ်င္းေလွ်ာ့ခ်ဖို႔ ေဆြးေႏြးခဲ့ၿပီး ရခိုင္အမ်ိဳးသားပါတီ ANP အေနနဲ႔ လႊတ္ေတာ္မွာ တပ္မေတာ္သား ေတြပါဝင္မႈကို ဖယ္ရွားေပးဖို႔ တင္ျပတာရွိခဲ့ပါတယ္။

အဆိုပါ ဖြဲ႕စည္းပုံအေျခခံဥပေဒအခန္း(၄)မွာ အမ်ိဳးသားလႊတ္ေတာ္၊ျပည္သူ႔လႊတ္ေတာ္ႏွင့္ ျပည္နယ္၊ တိုင္းလႊတ္ေတာ္တို႔ကို ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအ ျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က အမည္စာရင္းတင္သြင္းေသာ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္းပါဝင္ဖြဲ႕စည္း ရမည္ လို႔ ပါဝင္ထားပါတယ္။ဒါေပမယ့္ ဒီပုဒ္မကိုျပင္ဆင္ဖို႔ဆိုရင္ ျပည္ေထာင္စုလႊတ္ေတာ္မွာရွိတဲ့ ၇၅ ရာခိုင္ႏႈန္း ေက်ာ္တဲ့ ကိုယ္စားလွယ္ေတြရဲ႕ ေထာက္ခံမႈရရွိဖို႔လိုၿပီး တပ္မေတာ္သားကိုယ္စားလွယ္ေတြဘက္က သေဘာမတူရင္ေတာ့ ျပင္ဖို႔ ခက္ခဲမွာပါ။  

ဒီတပ္နဲ႔ သက္ဆိုင္တဲ့ ပုဒ္မကို ေဆြးေႏြးစဥ္တြင္ ေကာ္မတီဝင္ျဖစ္တဲ့ တပ္မေတာ္သားလႊတ္ ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ ျပည္ ခိုင္ၿဖိဳးလႊတ္ေတာ္ကိုယ္စားလွယ္တို႔ ဝင္ေရာက္ေဆြးေႏြးျခင္းမရွိခဲပါဘူး။ လႊတ္ ေတာ္ေတြ ရပ္နားထားေပမယ့္  ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ အစည္းအေဝးေတြကို ယခုလေနာက္ဆုံးပတ္အထိ ဆက္လက္က်င္းပရန္စီစဥ္ ထားတဲ့ အတြက္ ဘာေတြ ျပင္ဆင္ခ်က္ေတြ ထြက္ လာဦးမလဲဆိုတာ စိတ္ဝင္စားစရာပါ။

ႏိုင္ငံတစ္ဝန္းကို လွည့္ၿပီး ျပည္သူေတြနဲ႔ထိေတြ႕ေနတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္သတင္းေတြက ယခုတစ္ပတ္မွာ အမ်ားျပည္သူၾကား စိတ္ဝင္စားမႈ ရွိခဲ့ပါတယ္။ ဘားအံမွာ ျပည္သူေတြ နဲ႔ ထိေတြ႕ခဲ့တဲ့ ပြဲမွာ ေဒၚေအာင္ဆန္း စုၾကည္က ျပည္သူေတြ တင္ျပတဲ့ အခ်က္ေတြကို နားေထာင္ၿပီး တစ္ထိုင္ တည္း တခ်ိဳ႕ျပႆနာေတြကို ရွင္းလင္းခဲ့ပါတယ္။ ဒီပြဲမွာ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးမႉးေတြ မလာတဲ့ အတြက္ ေခါင္းေရွာင္မရဘူးဟု သတိေပးခဲ့သလို ခန္းမအတြင္း ေတြ႕ဆုံပြဲလုပ္သည့္အေပၚ ေက်နပ္မႈမရွိဘဲ ေနာက္ တစ္ႀကိမ္ တြင္ ကြင္းထဲ မ႑ပ္ထိုးကာ ေတြ႕ဆုံမယ္လို႔ ေျပာခဲ့ပါတယ္။

ယခုတစ္ပတ္ထဲ ဖြင့္လွစ္ခဲ့တဲ့  ျမဝတီ-မဲေဆာက္ခ်စ္ ၾကည္ေရးတံတား အမွတ္(၂) ဖြင့္ပြဲကို လည္း အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ခဲ့သလို  ထိုင္းဘက္က ဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အို ခ်ာလည္း တက္ေရာက္ခဲ့ပါတယ္။ေက်ာက္ဆည္မွာေတာ့ ေဒသခံေတြက ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး အတြက္ ေထာက္ခံပြဲကို က်င္းပခဲ့ပါတယ္။ ဒီအပတ္ထဲမွာဘဲ တပ္မေတာ္ဘက္က စစ္ေရ ယာဥ္တပ္ေပါင္းစု ပင္လယ္ျပင္ စစ္ဆင္မႈေလ့က်င့္ခန္းကို ကိုကိုးကြၽန္းတစ္ဝိုက္ရွိ ျမန္မာ့ ပင္လယ္ျပင္ပိုင္နက္အတြင္း ျပဳ လုပ္ခဲ့ ပါတယ္။ ဒီေလ့က်င္ခန္းေတြထဲမွာ စစ္ေရယာဥ္ႏွစ္ စီးနဲ႔ ေရငုပ္သေဘၤာရွာေဖြကာ ပစ္ခတ္ေခ်မႈန္းတဲ့ ေလ့က်င့္ ခန္းလည္း ပါဝင္ခဲ့ပါတယ္။ဒီစစ္ေရးေလ့က်င့္မႈကို တပ္မ ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္း ေအာင္လႈိင္ တက္ေရာက္ၾကည့္ရႈခဲ့ၿပီး  ဒီစစ္ေရးေလက်င့္ပြဲမွာ ေျပာခဲ့တဲ့ ေနာင္လာမယ့္ ႏွစ္ႏွစ္ သုံးႏွစ္အတြင္း မွာ ေရငုပ္သေဘၤာပိုင္ဆိုင္ႏိုင္မယ္ဆိုတဲ့ စကားက ယခုတစ္ပတ္သတင္းဖတ္ရႈသူမ်ားအႀကိဳက္ေတြ႕ခဲ့တဲ့ သတင္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။

အဆိုပါသတင္းေတြနဲ႔ အတူ ယခုတစ္ပတ္အတြင္းမွာ သတိထားမိတဲ့ သတင္းေတြက မႏၲေလး-ျပင္ဦးလြင္လမ္းပိုင္းမွာ မႏၲေလးဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ဦးေဆာင္ၿပီး လူ ေျခာက္ေထာင္ေက်ာ္ပါဝင္တဲ့ အမႈိက္ ေကာက္ပြဲ လုပ္ခဲ့တဲ့ သတင္း၊ ရန္ကုန္ၾသကၤန္မ႑ပ္ေဆာက္ဖို႔ နဲ႔ ေရအသုံးျပဳဖို႔ ဧၿပီ ၁၃ ရက္ ေနက္ဆုံးထား ေလွ်ာက္ရမယ့္သတင္း၊ မတ္ ၂၃ ရက္မွာ က်င္းပမယ့္ ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုေပးပြဲအခမ္းအနားကို ႏိုင္ငံ ေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္မယ့္သတင္း၊ Star Awards ဆုေပးပြဲကေန နာမည္ႀကီးအႏုပညာရွင္ေတြ ႏူတ္ထြက္ၾကတဲ့သတင္း ၊ တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ လက္ရွိေခတၱဝန္ႀကီး ခ်ဳပ္တာဝန္ထမ္းေဆာင္ေနေသာ ဦးျမင့္ေမာင္ကို အတည္ျပဳခန႔္အပ္ရန္ ႏိုင္ငံေတာ္သမၼတက အဆိုျပဳခဲ့တဲ့ သတင္း၊အခ်ိန္အခါမဟုတ္ မိုးႏွင့္ ေလျပင္းတိုက္ခတ္လို႔ အထက္ျမန္မာျပည္မွာ လူေနအိမ္ေျခေတြ ပ်က္စီးဆုံးရႈံး တဲ့ သတင္းေတြ ျဖစ္ခဲ့ေၾကာင္း တင္ျပရင္း ယခုတစ္ပတ္သတင္းသုံးသပ္ခ်က္ကိုဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
မတ္ - ၂၂