【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ယူနီကုဒ်နဲ့ ကုလစင်မြင့်မှ မြန်မာ့အရေး

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ယူနီကုဒ်နဲ့ ကုလစင်မြင့်မှ မြန်မာ့အရေး

ယခုရက်သတ္တပတ်ကတော့ မြန်မာနိုင်ငံသားတွေအတွက် မှတ်မှတ်ရရဖြစ်စရာတွေ များစွာဖြစ်ခဲ့ပါတယ်။ဒီလိုဖြစ်ရပ်တွေထဲမှာ လူမှုကွန်ရက် စပေါ်ကတည်းက မြန်မာပြည်မှာ သုံးလာခဲ့တဲ့ ဇော်ဂျီ မြန်မာစာစနစ်ကို ဖျက်ပြီး ယူနီကုဒ်စနစ်ကို စတင်သုံးခဲ့တဲ့အတွက် သုံးစွဲသူတွေကြား အခက်အခဲ ကျယ်လောင်စွာ ထွက်လာတဲ့ သတင်း၊ နေပြည်တော်မှာဖြစ်ခဲ့တဲ့ သုံးနှစ်အရွယ် ကလေးငယ် မဖွယ်မရာအလုပ်ခံရတဲ့ ဗစ်တိုးရီးယားအမှုမှာ တရားစွဲခံရတဲ့သူတွေ များလာတဲ့သတင်း၊ ကုလသမဂ္ဂမှာ ခိုးဝင်အခြေချ ဘင်္ဂါလီတွေကြောင့် ဖြစ်လာတဲ့ ရခိုင်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ချမှတ်မှုတွေကို မြန်မာကိုယ်စားလှယ်အဖွဲ့က တုန့်ပြန်ခဲ့တဲ့ သတင်းတွေနဲ့  ကာလုံအစည်းအဝေးခေါ်ဖို့ တပ်မတော်ဘက်က တောင်းဆိုခဲ့တဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

အဆိုပါသတင်းတွေအပြင် မြန်မာနိုင်ငံသားတွေအတွက် သတိထားရမယ့် သတင်းအချို့လည်း ရှိခဲ့ပါတယ်။ဒီသတင်းတွေက ဟိုတယ်ခရီးလောကအတွက် အရေးကြီးတဲ့ ဆိုက်ရောက်ဗီဇာပေးတဲ့ စာရင်းထဲ အီတလီ၊ စပိန်၊ ဩစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျာမနီနဲ့ ရုရှားနိုင်ငံ ပါလာတဲ့သတင်း၊ လုပ်ရည်ကိုင်ရည်နဲ့  ယုံကြည်မှု ခိုင်မာတဲ့ ဝန်ထမ်းတွေဟာ ကောင်းမွန်တဲ့ ဒီမိုကရေစီကျင့်စဉ်၏ ကျောရိုးမဏ္ဍိုင်တွေလို့ သမ္မတ ဦးဝင်းမြင့် က ပြောခဲ့တဲ့သတင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန်ကုမ္ပဏီကြီးများ လာရောက်ဆွေးနွေးတဲ့သတင်း၊ ရန်ကုန်ဘတ်စ် ငွေပေးချေမှုစနစ် (YPS) ကို အောက်တိုဘာ လလယ်ကစပြီး  YBS ကားတွေမှာ စသုံးတော့မယ့်သတင်း၊ ရင်းနှီးမြှုပ်နှံသူအသစ် ပြောင်းလဲလိုက်လို့ Yangon Airways လေကြောင်းလိုင်းကို Air Than Lwin  လေကြောင်းလိုင်း အမည်ပြောင်းလဲလိုက်တဲ့သတင်း၊ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူမှုညွှန်းကိန်း (Ease of Doing Business-2020) နိုင်ငံ ၂၀ ထဲ မှာ မြန်မာနိုင်ငံ ပါဝင်လာတဲ့ သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

ကုလစင်မြင့်က မြန်မာ့အရေး    

ယခုရက်သတ္တပတ်ထဲ ကျင်းပတဲ့ နိုင်ငံတကာကရော၊ မြန်မာပြည်တွင်းကပါ စိတ်ဝင်စားတဲ့ သတင်းတစ်ပုဒ် ရှိပါတယ်။ဒါဟာ ယခုရက်သတ္တပတ်ထဲမှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံပါဘဲ။ဒီညီလာခံမှာ မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းက ဘင်္ဂါလီတွေအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံထဲ safe zone တည်ထောင်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်မလဲဆိုတာ သိချင်ကြပါတယ်။ဒီလိုတောင်းဆိုမှုဟာ ARSA ရဲ့ ရခိုင်မြောက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်မှုကို တပ်ဘက်က လိုက်လံရှင်းလင်းရာကနေ လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပြီးနောက် မြန်မာအစိုးရက သဘောတူညီခြင်းမရှိဘဲ ဖွဲ့စည်းခဲ့တဲ့  နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ခုဖြစ်တဲ့ ကုလလူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) အစီရင်ခံစာနဲ့ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကနေ ဖြစ်လာတာပါ။

မြန်မာဘက်ကတော့ ဒီအဖွဲ့နေ ထွက်လာတဲ့ အစီရင်ခံစာတွေဟာ လွဲမှားတဲ့ အချက်အလက်တွေကို အခြေခံတယ်ဆိုပြီး အကြိမ်ကြိမ်ပယ်ချခဲ့ပါတယ်။ယခုညီလာခံမှာ နိုင်ငံတကာခေါင်းဆောင်တွေ တက်ရောက်ရတဲ့ ညီလာခံဖြစ်သလို အမေရိကန်-အီရန် ပြဿနာ၊ အမေရိကန်-တရုတ် ကုန်သွယ်ရေး၊ အမေဇုံသစ်တောမီးနဲ့ ဆက်စပ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့အတူ မြန်မာပြဿနာကလည်း ရှေ့တန်းရောက်လာခဲ့ပါတယ်။အထူးသဖြင့် နိုင်ငံတကာမျက်နှာစာမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရဲ့ သံတမန်ရေးရာ လူပ်ရှားမှုပုံဖော်မှုက ယခုညီလာခံမှာ ရုပ်လုံးပေါ်ခဲ့ပါတယ်။အက္ခရာစဉ်အရ နိုင်ငံအလိုက် အထွေထွေရေးရာ မိန့်ခွန်းပြောကြားရသည့် အစီအစဉ်အရ စက်တင်ဘာ ၂၇ ရက်က ပြောကြားခဲ့သည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ အထွေထွေရေးရာ မိန့်ခွန်းတွင် ဘင်္ဂါလီဒုက္ခသည် အကျပ်အတည်းသည် ပိုမိုဆိုးရွားလာပြီး ဒေသတွင်းဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာကြောင်း ပြောဆိုခဲ့ကာ အချက်လေးချက်ကို အဆိုပြုတောင်းဆိုခဲ့ပါတယ်။

အဆိုပါအချက်လေးချက်မှာ မြန်မာအစိုးရက ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို နိုင်ငံရေးဆန္ဒဖြင့် ရှင်းလင်းစွာ၊ ခိုင်မာစွာ လုပ်ဆောင်ရန်၊ ခွဲခြားဆက်ဆံသည့် ဥပဒေများကို ရုပ်သိမ်းခြင်းဖြင့် ဘင်္ဂါလီများနှင့် ယုံကြည်မှုတည်ဆောက်ရန်၊ ပြန်လာသူများကို လုံခြုံမှုအပြည့်အဝပေးရန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းသည် ဘင်္ဂါလီပြဿနာ ဖြစ်ပွားရသည့် အကြောင်းရင်းများကို ဖြေရှင်းရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရန်ဆိုပြီး တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ၏  အထွေထွေရေးရာ မိန့်ခွန်းကို စက်တင်ဘာ ၂၈ ရက်မှာ  နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ က ပြောခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ တောင်းဆိုနေသည့် Safe Zone နဲ့ ပတ်သက်ကာ  ပယ်ချခဲ့ပြီး ယင်းတောင်းဆိုမှုမှာ ကျိုးကြောင်းခိုင်လုံမှုမရှိဘဲ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်ထံ တောင်းဆိုသည့် အချက်တွေကို ပြောကြားရာမှာ ဘင်္ဂလားဒေ့ရှ်ဘက်က မကြာခဏပျက်ကွက်နေသည့် နှစ်နိုင်ငံ သဘောတူညီချက်ကို တိတိကျကျ အကောင်အထည်ဖော်ပေးဖို့ ပြောကြားခဲ့သလို ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်မလွှတ်သည့် ဟိန္ဒူဘာသာဝင် လေးရာကျော် အပါအဝင် နေရပ်ပြန်လာလိုသူများကို အမြန်ဆုံးခွင့်ပြုပေးဖို့ကို တောင်းဆိုခဲ့ပါတယ်။

ထို့ပြင် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွင် ကော့ခ်ဘဇားစခန်းအတွင်း၌ ARSA ၏ အကြမ်းဖက်လှုပ်ရှားမှုများ အပါအဝင် အခက်အခဲများစွာရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် ပြန်လာလိုသူများ ကို ARSA အကြမ်းဖက် အဖွဲ့ဝင်များက အသက်အန္တရာယ်ကို ခြိမ်းခြောက်နေမှုများရှိပြီး ယင်းသို့ အခက်အခဲများကြားကပင် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ပြန်လာသူ လူဦးရေသုံးရာခန့် ရှိပြီဖြစ်ကြောင်း၊ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို အဓိကအဟန့်အတားဖြစ်စေသည့် ARSA အကြမ်းဖက်အဖွဲ့၏  ခြိမ်းခြောက်မှုကို နိုင်ငံတကာက လျစ်လျူရှုနေကြောင်းနှင့် ကော့ခ်ဘဇားစခန်းများရှိ နေရပ်စွန့်ခွာသူများက နေရပ်ပြန်ရန် ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောကြားနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရက ဘေးကင်းလုံခြုံသည့် အခြေအနေကို ဖန်တီးပေးရန် လိုအပ်ကြောင်းကိုပါ ပြောကြားခဲ့ပါတယ်။

ကုလစင်မြင့်မှာ မြန်မာဘက်ကို OIC နောက်ခံနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က လူမျိုးတုန်းသတ်ဖြတ်တဲ့ အခင်းအကျင်းအဖြစ် ဖန်တီးကာ နိုင်ငံတကာ အုပ်ချုပ်မှုရှိတဲ့ safe zone တစ်ခုဖန်တီးဖို့ ကြိုးစားနေတာဟာ အတော်ကို သတိထားရမယ့် ကိစ္စကြီးတစ်ခု ဖြစ်နေပါတယ်။နောက်ထပ် ဘာတွေဖြစ်လာမလဲဆိုတာ သတိကြီးကြီး စောင့်ကြည့်ရမယ့် အနေအထားပါ။

ဒီသတင်းက ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေး တင်ဒါခေါ်ယူမှုကို စစ်ဆေးပေးဖို့ သမ္မတရုံး အပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တင်ဒါဝင်ပြိုင်တဲ့ ကုမ္ပဏီက တိုင်ကြားထားတဲ့သတင်း၊ အင်းစိန် (BPI) ဆေးဝါး စက်ရုံမှူး ဒေါက်တာအောင်ဇော် ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့  တရားစွဲခဲ့တဲ့ သတင်းတွေထဲ သတိထားဆက်စောင့်ကြည့်ရမယ် သတင်းဖြစ်ခဲ့ပါတယ်။

ပြင်းထန်လာတဲ့ ဗစ်တိုးရီးယားအမှု တရားခွင်

ပြည်သူတစ်ရပ်လုံး စိတ်ဝင်စားခဲ့တဲ့ နေပြည်တော်က ဗစ်တိုးရီးယားအမှုက ရုံးချိန်းတွေ များလာတာနဲ့အမျှ ပိုပြီးစိတ်ဝင်စားဖွယ် ကောင်းလာခဲ့ပါတယ်။ယခုရက်သတ္တပတ်ထဲမှာ အမှုဖြစ်ပွားခဲ့တဲ့ WisdomHill ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် က ဗစ်တိုးရီးယားရဲ့ ဖခင်ဖြစ်သူရယ်၊ ဦးလေး၊ အဒေါ်နဲ့ ယင်းအမှုကို လိုက်လံကူညီတဲ့ သက္ကမိုးညို (ခ) ဒေါက်တာဝင်းကိုကိုသိန်း တို့ကို ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ ၁၀၁ (က) (၂) နဲ့ ထပ်မံအမှုစွဲဆိုခဲ့ပါတယ်။တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင် ကို တရားစွဲစဉ်က နိုင်လွှတ်လုံနဲ့ပါ တရားစွဲဆိုခဲ့ပေမယ့် ဒါဟာ မခိုင်လုံတဲ့အတွက် ကလေးသူငယ်ဥပဒေနဲ့သာ အမှုဖွင့်ခွင့်ပေးခဲ့တာပါ။
တစ်ကယ်လို့ နိုင်လွှတ်လုံနဲ့သာ တရားစွဲခွင့်ရရင် ဗစ်တိုးရီးယားအမှုဘက်က လိုက်ပါဆောင်ရွက်နေသူတွေ တစ်ကယ့်ကို အခက်တွေ့စရာ အခြေအနေပါဘဲ။

ယခုတရားစွဲဆိုခြင်းမတိုင်မီ ဗစ်တိုးရီးယားအမှုမှာ တရားလိုဘက်က ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်၊ စွပ်စွဲခံရသူ အောင်ကြီး ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် နဲ့ ဒေါ်စုဒါလီအောင် တို့ကိုလည်း ဒီပုဒ်မနဲ့ဘဲ ကိုကို၊ ညီညီ တို့ရဲ့ မိခင်ဖြစ်တဲ့ ဒေါ်ဥမ္မာလှိုင် က တိုင်ကြားထားတာပါ။ဒီလိုတိုင်ကြားမှုက မြန်မာနိုင်ငံမှာတော့ အထူးအဆန်းပါဘဲ။ဒီလို သက်ငယ်လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်ခံရတဲ့ အမှုမှာ တရားလိုနဲ့ တရားခံဘက်က ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေ၊ ကျူးလွန်ခံရသူဘက်က မိသားစုဝင်တွေကို တရားစွဲဆိုတာတွေက စိတ်ပျက်စရာပါ။

ဒါဟာ သတင်းစာရှင်းလင်းပွဲမှာ တရားခံလို့ စွပ်စွဲခံထားရတဲ့ အောင်ကြီး မှတစ်ပါး ဘယ်သူမှမဖြစ်နိုင်ဘူးဆိုတဲ့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးရဲ့ ရဲဝံ့တဲ့ ကောက်ချက်ချမှုတွေနဲ့ ဒီအမှုမှာ မှားယွင်းရင် တာဝန်ရှိသူတွေ တာဝန်ခံရမယ်လို့ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့က သတိပေးထားတဲ့စကားတွေ ရှိခဲ့တဲ့အတွက် လာမည့်ရုံးချိန်းမှာ အောင်ကြီး အာမခံ ရ/မရ ဆိုတာက ယခုလတ်တလော အမှုဖွင့် တရားစွဲဆိုမှုတွေကြောင့် ဒီအမှုရဲ့ အရေးကြီးတဲ့ အဖြေတစ်ခုဖြစ်လာဖို့ များနေပါတယ်။

သာမန်အမှုတစ်ခုမဟုတ်ဘဲ အင်အားကြီးတဲ့ အဖွဲ့အစည်းနှစ်ခုရဲ့ အားပြိုင်ပွဲ အသွင်ဆောင်လာတဲ့ ယခု ဗစ်တိုးရီးယားအမှုမှာ မြန်မာနိုင်ငံ ရှေ့နေအသင်းများ အဖွဲ့ချုပ်ကတော့ ကျုးလွန်ခံရသူ သုံးနှစ်အရွယ် ကလေးငယ်နဲ့ တရားခံဆိုပြီး အဖမ်းခံထားရတဲ့ အောင်ကြီးအတွက် အမှန်တရားကို ဖော်ထုတ်နေတဲ့ ရှေ့နေ ရှေ့ရပ်တွေဘက်ကနေ ရပ်တည်မယ်ဆိုပြီးတော့ သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

လာမယ့် အောက်တိုဘာ ၉ ရက်မှာ ဗစ်တိုးရီးယားအမှုကို ဆက်လက်စစ်ဆေးမှာပါ။ဒီရုံးချိန်းမှာ အောင်ကြီး ကို အာမခံ ပေး/မပေးကိုပါ ဆုံးဖြတ်မှာဖြစ်တဲ့အတွက် အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံ တရားစီရင်ရေးက ပြည်သူတွေ မျှော်လင့်ထားသလို ဘယ်လောက်ထိ တည့်မတ်မှန်ကန်မှု ရှိ/မရှိ ဆိုတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ဒီအတွက် စောင့်ကြည့်ကြရဦးမယ့် သတင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

ဒီတစ်ပတ်ထဲမှာ နောက်ထပ်စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တင်တဲ့ အဆိုတစ်ခုပါဘဲ။အောက်တိုဘာ ၂ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဆိပ်ကြီးခနောင်တိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ကြက်ဝိုင်းဒိုင်အပြင် နှစ်လုံး၊ သုံးလုံး စသည့် လောင်းကစားမှုတွေမှာ  ရဲဝန်ထမ်းရဲ့ ဇနီးသည်ကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်ဆိုပြီး ပြောခဲ့တာပါ။ဒါ့အပြင် ဒီလို လွှတ်တော်ကိုယ်စားလှယ်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးသို့ ဖုန်းဆက်တိုင်ကြားခဲ့ရာမှာ သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခြင်း မရှိတဲ့အပြင် ကြက်ဝိုင်းဒိုင်ရဲ့ ခြိမ်းခြောက်ပြောဆိုမှု ခံရတယ်လို့ လွှတ်တော်မှာ ပြောခဲ့ပါတယ်။ဒီလို ရဲကို သတင်းပေးပို့တိုင်တဲ့အတွက် ရဲက လောင်းကစားဒိုင်ကို ဘယ်သူကတိုင်တယ်ဆိုပြီး  ပြန်ပြောခြင်းရှိတယ်လို့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ဒါဟာ ထိတ်လန့်စရာ အခြေအနေတစ်ခုပါ။သတင်းပေးတိုင်ကြားတဲ့ လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်တောင် ခြိမ်းခြောက်ခံရတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်နေရာမှာ သာမန်ပြည်သူတစ်ယောက်သာဆိုရင် ဘယ်လောက်ထိ အကျိုးဆက်တွေ ဖြစ်မလဲဆိုတာ မတွေးဝံ့စရာပါ။လက်ရှိ တရားဥပဒေစိုးမိုးမှု အခြေအနေက ယခုမေးမြန်းတင်ပြမှုတွေကြောင့် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ဒီအဆိုအတွက် ပြန်ဖြေရာမှာတော့ ရန်ကုန်တိုင်း နယ်လုံဝန်ကြီးက ရဲဝန်ထမ်းတွေ လောင်းကစားမှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာ တိတိကျကျတိုင်ကြားရင် အရေးယူမည်လို့ ပြန်ဖြေခဲ့ပါတယ်။ဒီလိုအဆိုကြောင့် ရဲတပ်ဖွဲ့ထဲ ဘယ်လိုအရေးယူ ဆောင်ရွက်မှုတွေရှိမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

အဆိုပါသတင်းတွေက ယခုရက်ထဲဖြစ်ခဲ့တဲ့ TNLA ဖမ်းထားတဲ့ ကွတ်ခိုင်မြို့နယ်ရှိ မုံးစီးနယ်မြေရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်လေးဦးကို ပြန်လွှတ်ပေးလိုက်တဲ့သတင်း၊ ဖားကန့်မှာ တောင်ကမ်းပါးယံ ပြိုကျမှုဖြစ်ပြီး အနည်းဆုံး လူလေးဦး ပျောက်ဆုံးခဲ့တဲ့သတင်း၊ Pan Pacific ဟိုတယ်ဝင်းထဲ တက္ကစီယာဉ်မောင်းကို ရန်ပြုတဲ့ ဟိုတယ်လုံခြုံရေးအဖွဲ့ဝင် ငါးဦးကို ပုဒ်မသုံးခုနဲ့ အမှုဖွင့်ခဲ့တဲ့သတင်း၊ သားဖြစ်သူ နာရေးသွားလို့  အလုပ်ထုတ်ခဲ့တဲ့ အလုပ်သမားကို လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Asdet (Myanmar) အထည်ချုပ်စက်ရုံက အလုပ်ပြန်ခန့်ခဲ့တဲ့သတင်း၊ ရဲဆီက သေနတ်ဝင်လုရာမှ သေနတ်ကျည်ဆန်ထွက်ပြီး မူးယစ်ရမ်းကားသူ သေဆုံးခဲ့တဲ့သတင်း၊ ဗိုလ်တထောင်စေတီမှာ အလှူငွေရေတွက်တဲ့ အမျိုးသမီးတစ်ဦးကို အလှူငွေခိုးလို့ အမှုဖွင့်အရေးယူထားတဲ့သတင်း၊ ဧရာဝတီတံတား (ရတနာပုံ) ပေါ်ကနေ သီလရှင်တစ်ဦး ရေထဲခုန်ချခဲ့တဲ့သတင်း၊ တောင်တွင်းကြီးမြို့နယ်ထဲမှာ ပညာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးကို ရည်းစားစကားပြောတာ လက်မခံလို့ ရွာသားက ဓားနဲ့ခုတ်သတ်ခဲ့တဲ့ သတင်းတွေထဲ သတိထားမိတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ယူနီကုဒ် တိုက်ပွဲဂယက်

အွန်လိုင်းသုံး မြန်မာစာလက်ကွက်စနစ်အတွက် ဖြစ်နေတဲ့ ပြဿနာက ယခုရက်သတ္တပတ်မှာ အမြင့်ဆုံးရောက်ရှိခဲ့ပါတယ်။အောက်တိုဘာ ၁ ရက်က စပြီး သုံးရမယ့ဆိုပြီး သတ်မှတ်မှုဟာ ယခုရက်သတ္တပတ်ထဲမှာ ကျခဲ့တဲ့အတွက် ယူနီကုဒ်သုံးရေးနဲ့ အသားမကျတဲ့အတွက် ဖြစ်လာတဲ့ ဂယက်တွေက ထင်တာထက် များခဲ့ပါတယ်။

Facebook လူမှုကွန်ရက် မတွင်ကျယ်စဉ်ကတည်းက သုံးလာခဲ့တဲ့ ဇော်ဂျီစာပုံစံဟာ မြန်မာနိုင်ငံသားတွေနဲ့ နှစ်၂၀ နီးပါး အသားကျနေသလို ဇော်ဂျီလက်ကွက်စနစ်ကို အခြေခံတဲ့ ကီးဘုတ်တွေကအစ မြန်မာပြည်မှာ ထုတ်လုပ်တွင်ကျယ်ခဲ့တဲ့အတွက် စနစ်တစ်ခုကို ပြောင်းဖို့ရာ အခက်တွေ့ခဲ့တာကို တွေ့ခဲ့ရပါတယ်။ဒါကြောင့်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က  လူမှုကွန်ရက်ကနေ ယူနီကုတ်စနစ် ပြောင်းလဲအသုံးပြုရန် တိုက်တွန်းခဲ့သလို နေပြည်တော်မှာ အောက်တိုဘာ ၁ ရက်က ကျင်းပတဲ့ မြန်မာယူနီကုဒ် စံစနစ်သို့ ကူးပြောင်းခြင်း အခမ်းအနားမှာ ယူနီကုဒ်စနစ်နဲ့ အားလုံးသုံးစွဲရေးသားခဲ့ရင် အစိုးရ၊ လုပ်ငန်း၊ ကုမ္ပဏီ၊ ပြည်သူတွေအကြား ဆက်သွယ်ရလွယ်ကူသွားပြီး ဝန်ဆောင်မှုတွေ ပိုကောင်းသွားမယ်လို့ ပြောခဲ့ပါတယ်။

ဒီလို ပြောင်းလဲသုံးစွဲတဲ့နေရာမှာ ယခင်က ကြုံခဲ့ရတဲ့ ပြဿနာအချို့ကို ယခုထိ မဖြေရှင်းနိုင်သေးတာကိုလည်း တွေ့ရပါတယ်။စာရိုက်ပြီး မက်ဆေ့ချ်ကနေ သတင်းစကားပေးပို့တဲ့ အခါ နှစ် ၂၀ ကြာ အသားကျနေတဲ့ လက်ကွက်စနစ်ကြောင့် ရိုက်ရတာခက်သလို ပိုပြီးရှုပ်ထွေးတဲ့ အက္ခရာဆင့်ရိုက်နည်းတွေကြောင့် သာမန်လူတွေအတွက် အတော်လေး အသားကျအောင် လုပ်ကိုင်ရမယ့် အနေအထားပါဘဲ။

ဒါပေမယ့် ကောင်းတဲ့အချက်တစ်ခုက အသံစနစ်နဲ့ စာရိုက်နိုင်တဲ့အတွက် ဒီယာယီအခက်အခဲကို ကျော်နိုင်ဖွယ်ရှိပြီး မကြာခင် အက္ခရာဆင့် ရိုက်နည်းအတွက် ဖြေရှင်းနိုင်မှုတွေ ပေါ်ထွက်လာဖို့ ရှိနေပါတယ်။ဒီလို စံစနစ်တစ်ခုကနေ တစ်ခုကို ပြောင်းရာမှာ ယခင်ပြောင်းလဲမှုတွေအတိုင်း ယခင်အတိုင်းသုံးလိုသူ၊ ပြောင်းသုံးလိုသူနဲ့ အချိန်တစ်ခုထိ စောင့်ကြည့်ပြီးမှ သုံးလိုတဲ့သူတွေဆိုပြီး သုံးမျိုးသုံးစား ကွဲထွက်ခဲ့ပါတယ်။

အထူးသဖြင့် facebook ကုမ္ပဏီဘက် ဘာနဲ့စနစ်ဘဲသုံးသုံး ဇော်ဂျီစနစ်ကို ဆက်ထောက်ပံ့ပေးမယ်လို့ ပြောထားတဲ့အတွက် သုံးစွဲသူအများစုဖြစ်တဲ့ သာမန်သုံးစွဲသူတွေက ဇော်ဂျီစနစ်မှာသာ ဆက်ပြီးသုံးနေတာကို တွေ့ရပါတယ်။ဒီလိုအခြေအနေတွေကြောင့်လည်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းဘာသာတွေပါ သုံးစွဲနိုင်တဲ့ ယူနီကုဒ်စံစနစ်ကို စိတ်မပျက်ဘဲ သုံးနိုင်အောင် နိုင်ငံတော်အတိုင်ပင်ခံက အဆိုပါ မြန်မာယူနီကုဒ် စံစနစ်သို့ ကူးပြောင်းခြင်း အခမ်းအနားမှာ သက်ဆိုင်ရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ မိုဘိုင်းဖုန်း ထုတ်လုပ်တင်သွင်း ရောင်းချသူတွေအားလုံးက ဝိုင်းဝန်းကူညီနေတယ် ဆိုပြီးပြောခဲ့တာပါ။

အဆိုပါအခမ်းအနားမှာဘဲ ပို့/ဆက် ပြည်ထောင်စုဝန်ကြီးက E-Government ၊ E-Passport နဲ့ Mobile စနစ်တွေအတွက် ဒီစနစ်ကိုပြောင်းဖို့လိုတဲ့အတွက် ယူနီကုဒ်စံစနစ်ကို မတွက်ကပ်ဘဲ ပြောင်းပေးဖို့ တိုက်တွန်းခဲ့တာ တွေ့ရပါတယ်။လက်ရှိမှာ လူမှုကွန်ရက်တွေမှာ ထင်ရှားတဲ့သတင်းတွေ တင်တဲ့သူတွေ၊ ဖြစ်ရပ်ကို ဖော်ပြတဲ့သူတွေက ယူနီကုဒ်စနစ်ကို ပြောင်းလဲလာတာကို တွေ့ရသလို လွယ်တာကြိုက်တဲ့ မြန်မာလူမျိုးတွေအတွက် လက်ကွက်စနစ်မှာ ခက်ခဲပေမယ့် အသံစနစ်နဲ့ စာရိုက်ပေးတဲ့ စနစ်အပြင် အခြားသော အားသာချက်တွေလည်းရှိတဲ့အတွက် ယူနီကုဒ်စနစ်ကို တဖြေးဖြေး သုံးလာသူများလာဖို့ရှိပေမယ့် ချက်ချင်းကြီး ပြောင်းလဲသုံးဖို့ လွယ်သေးမှာတော့ မဟုတ်သေးပါဘူး။ဒီအတွက် အစိုးရပိုင်းနဲ့ နည်းပညာကုမ္ပဏီတွေဘက်က အခက်အခဲတွေကို ဘယ်လောက်ထိ ဖြေရှင်းပေးမလဲ၊ ပြောသလိုကော ယူနီကုဒ်ပြောင်းသုံးလာတာနဲ့ ဖြစ်လာမလား၊ တခြားသော ဘာအားသာချက်တွေ ထွက်ပေါ်လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာပါ။

ဒီသတင်းတွေက ယခုရက်သတ္တပတ်ဖြစ်ခဲ့တဲ့ သတင်းတွေထဲက မရမ်းကုန်းမြို့နယ်တရားရုံးက ပုဒ် မ ၅၀၅ (က) ဖြင့် စွဲချက်တင်ထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ဗိုလ်တထောင်မြို့နယ် တရားရုံးက ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင်လိုက်တဲ့သတင်း၊ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ  ရန်ကုန် - ထားဝယ် ခရီးစဉ် လေယာဉ်တစ်စီး စက်ချွတ်ယွင်းလို့ ပြန်လည်ဆင်းသက်ခဲ့ရတဲ့ သတင်း၊ မြဝတီမှာ လူစုလူဝေးဖြစ်တဲ့အထိ မူးယစ်ရမ်းကားခဲ့တဲ့ တရုတ်နိုင်ငံသားငါးဦးကို ထောင်ဒဏ်တစ်လနှင့် ငွေဒဏ် ကျပ်တစ်သိန်းစီ ချမှတ်ခဲ့တဲ့သတင်း၊ တိုက်ကြီးမြို့နယ်ထဲမှာ စပါးအုံးမြွေ သတ်ခဲ့တဲ့ လူရှစ်ဦးကို သစ်တောဦးစီးဌာနက အမှုဖွင့်စစ်ဆေးနေတဲ့သတင်း၊ စိတ်ကြွဆေးပြား သုံးသန်းနှင့် မူးယစ်ဂိုဏ်းတစ်ခုကို UWSA  ‘ဝ’ လက်နက်ကိုင်အဖွဲ့က ဖမ်းမိခဲ့တဲ့ သတင်းတွေ ယခုရက်သတ္တပတ်ထဲမှာ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
အောက်တိုဘာ - ၄

( Zawgyi )

ယခုရက္သတၱပတ္ကေတာ့ ျမန္မာႏိုင္ငံသားေတြအတြက္ မွတ္မွတ္ရရျဖစ္စရာေတြ မ်ားစြာျဖစ္ခဲ့ပါတယ္။ဒီလိုျဖစ္ရပ္ေတြထဲမွာ လူမႈကြန္ရက္ စေပၚကတည္းက ျမန္မာျပည္မွာ သုံးလာခဲ့တဲ့ ေဇာ္ဂ်ီ ျမန္မာစာစနစ္ကို ဖ်က္ၿပီး ယူနီကုဒ္စနစ္ကို စတင္သုံးခဲ့တဲ့အတြက္ သုံးစြဲသူေတြၾကား အခက္အခဲ က်ယ္ေလာင္စြာ ထြက္လာတဲ့ သတင္း၊ ေနျပည္ေတာ္မွာျဖစ္ခဲ့တဲ့ သုံးႏွစ္အ႐ြယ္ ကေလးငယ္ မဖြယ္မရာအလုပ္ခံရတဲ့ ဗစ္တိုးရီးယားအမႈမွာ တရားစြဲခံရတဲ့သူေတြ မ်ားလာတဲ့သတင္း၊ ကုလသမဂၢမွာ ခိုးဝင္အေျခခ် ဘဂၤါလီေတြေၾကာင့္ ျဖစ္လာတဲ့ ရခိုင္ေျမာက္ပိုင္းအေရးနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံအေပၚ ခ်မွတ္မႈေတြကို ျမန္မာကိုယ္စားလွယ္အဖြဲ႕က တုန႔္ျပန္ခဲ့တဲ့ သတင္းေတြနဲ႔  ကာလုံအစည္းအေဝးေခၚဖို႔ တပ္မေတာ္ဘက္က ေတာင္းဆိုခဲ့တဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

အဆိုပါသတင္းေတြအျပင္ ျမန္မာႏိုင္ငံသားေတြအတြက္ သတိထားရမယ့္ သတင္းအခ်ိဳ႕လည္း ရွိခဲ့ပါတယ္။ဒီသတင္းေတြက ဟိုတယ္ခရီးေလာကအတြက္ အေရးႀကီးတဲ့ ဆိုက္ေရာက္ဗီဇာေပးတဲ့ စာရင္းထဲ အီတလီ၊ စပိန္၊ ဩစေၾတးလ်၊ ဆြစ္ဇာလန္၊ ဂ်ာမနီနဲ႔ ႐ုရွားႏိုင္ငံ ပါလာတဲ့သတင္း၊ လုပ္ရည္ကိုင္ရည္နဲ႔  ယုံၾကည္မႈ ခိုင္မာတဲ့ ဝန္ထမ္းေတြဟာ ေကာင္းမြန္တဲ့ ဒီမိုကေရစီက်င့္စဥ္၏ ေက်ာ႐ိုးမ႑ိဳင္ေတြလို႔ သမၼတ ဦးဝင္းျမင့္ က ေျပာခဲ့တဲ့သတင္း၊ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ အေမရိကန္ကုမၸဏီႀကီးမ်ား လာေရာက္ေဆြးေႏြးတဲ့သတင္း၊ ရန္ကုန္ဘတ္စ္ ေငြေပးေခ်မႈစနစ္ (YPS) ကို ေအာက္တိုဘာ လလယ္ကစၿပီး  YBS ကားေတြမွာ စသုံးေတာ့မယ့္သတင္း၊ ရင္းႏွီးျမႇဳပ္ႏွံသူအသစ္ ေျပာင္းလဲလိုက္လို႔ Yangon Airways ေလေၾကာင္းလိုင္းကို Air Than Lwin  ေလေၾကာင္းလိုင္း အမည္ေျပာင္းလဲလိုက္တဲ့သတင္း၊ ကမာၻ႔ဘဏ္က ထုတ္ျပန္တဲ့ စီးပြားေရးလုပ္ကိုင္ရန္ လြယ္ကူမႈၫႊန္းကိန္း (Ease of Doing Business-2020) ႏိုင္ငံ ၂၀ ထဲ မွာ ျမန္မာႏိုင္ငံ ပါဝင္လာတဲ့ သတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

ကုလစင္ျမင့္က ျမန္မာ့အေရး    

ယခုရက္သတၱပတ္ထဲ က်င္းပတဲ့ ႏိုင္ငံတကာကေရာ၊ ျမန္မာျပည္တြင္းကပါ စိတ္ဝင္စားတဲ့ သတင္းတစ္ပုဒ္ ရွိပါတယ္။ဒါဟာ ယခုရက္သတၱပတ္ထဲမွာ က်င္းပတဲ့ ကုလသမဂၢ အေထြေထြညီလာခံပါဘဲ။ဒီညီလာခံမွာ ျမန္မာႏိုင္ငံ ရခိုင္ေျမာက္ပိုင္းက ဘဂၤါလီေတြအေရးနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံထဲ safe zone တည္ေထာင္ဖို႔ ဘဂၤလားေဒ့ရွ္ဘက္က ေတာင္းဆိုတာေတြနဲ႔ ပတ္သက္ၿပီး ဘယ္လိုဆုံးျဖတ္မလဲဆိုတာ သိခ်င္ၾကပါတယ္။ဒီလိုေတာင္းဆိုမႈဟာ ARSA ရဲ႕ ရခိုင္ေျမာက္ပိုင္းမွာ ဝင္ေရာက္တိုက္ခိုက္မႈကို တပ္ဘက္က လိုက္လံရွင္းလင္းရာကေန လူမ်ိဳးတုန္းသတ္ျဖတ္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ ျမန္မာအစိုးရက သေဘာတူညီျခင္းမရွိဘဲ ဖြဲ႕စည္းခဲ့တဲ့  ႏိုင္ငံတကာ အခ်က္အလက္ရွာေဖြေရး အဖြဲ႕တစ္ခုျဖစ္တဲ့ ကုလလူ႔အခြင့္အေရးေကာင္စီ၏ အခ်က္အလက္ရွာေဖြေရးအဖြဲ႕ (FFM) အစီရင္ခံစာနဲ႔ လြတ္လပ္သည့္ စုံစမ္းစစ္ေဆးမႈယႏၲရား (IIMM) ကေန ျဖစ္လာတာပါ။

ျမန္မာဘက္ကေတာ့ ဒီအဖြဲ႕ေန ထြက္လာတဲ့ အစီရင္ခံစာေတြဟာ လြဲမွားတဲ့ အခ်က္အလက္ေတြကို အေျခခံတယ္ဆိုၿပီး အႀကိမ္ႀကိမ္ပယ္ခ်ခဲ့ပါတယ္။ယခုညီလာခံမွာ ႏိုင္ငံတကာေခါင္းေဆာင္ေတြ တက္ေရာက္ရတဲ့ ညီလာခံျဖစ္သလို အေမရိကန္-အီရန္ ျပႆနာ၊ အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရး၊ အေမဇုံသစ္ေတာမီးနဲ႔ ဆက္စပ္တဲ့ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ျပႆနာေတြနဲ႔အတူ ျမန္မာျပႆနာကလည္း ေရွ႕တန္းေရာက္လာခဲ့ပါတယ္။အထူးသျဖင့္ ႏိုင္ငံတကာမ်က္ႏွာစာမွာ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ ရဲ႕ သံတမန္ေရးရာ လူပ္ရွားမႈပုံေဖာ္မႈက ယခုညီလာခံမွာ ႐ုပ္လုံးေပၚခဲ့ပါတယ္။အကၡရာစဥ္အရ ႏိုင္ငံအလိုက္ အေထြေထြေရးရာ မိန႔္ခြန္းေျပာၾကားရသည့္ အစီအစဥ္အရ စက္တင္ဘာ ၂၇ ရက္က ေျပာၾကားခဲ့သည့္ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ၏ အေထြေထြေရးရာ မိန႔္ခြန္းတြင္ ဘဂၤါလီဒုကၡသည္ အက်ပ္အတည္းသည္ ပိုမိုဆိုး႐ြားလာၿပီး ေဒသတြင္းဆိုင္ရာ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္လာေၾကာင္း ေျပာဆိုခဲ့ကာ အခ်က္ေလးခ်က္ကို အဆိုျပဳေတာင္းဆိုခဲ့ပါတယ္။

အဆိုပါအခ်က္ေလးခ်က္မွာ ျမန္မာအစိုးရက ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္ကို ႏိုင္ငံေရးဆႏၵျဖင့္ ရွင္းလင္းစြာ၊ ခိုင္မာစြာ လုပ္ေဆာင္ရန္၊ ခြဲျခားဆက္ဆံသည့္ ဥပေဒမ်ားကို ႐ုပ္သိမ္းျခင္းျဖင့္ ဘဂၤါလီမ်ားႏွင့္ ယုံၾကည္မႈတည္ေဆာက္ရန္၊ ျပန္လာသူမ်ားကို လုံၿခဳံမႈအျပည့္အဝေပးရန္ႏွင့္ ႏိုင္ငံတကာအသိုင္းအဝိုင္းသည္ ဘဂၤါလီျပႆနာ ျဖစ္ပြားရသည့္ အေၾကာင္းရင္းမ်ားကို ေျဖရွင္းရန္ႏွင့္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္က်ဴးလြန္သူမ်ားကို တာဝန္ခံမႈရွိေစရန္ဆိုၿပီး ေတာင္းဆိုခဲ့ပါတယ္။

ျမန္မာႏိုင္ငံ၏  အေထြေထြေရးရာ မိန႔္ခြန္းကို စက္တင္ဘာ ၂၈ ရက္မွာ  ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ဝန္ႀကီး ဦးေက်ာ္တင့္ေဆြ က ေျပာခဲ့ရာမွာ ဘဂၤလားေဒ့ရွ္အစိုးရ ေတာင္းဆိုေနသည့္ Safe Zone နဲ႔ ပတ္သက္ကာ  ပယ္ခ်ခဲ့ၿပီး ယင္းေတာင္းဆိုမႈမွာ က်ိဳးေၾကာင္းခိုင္လုံမႈမရွိဘဲ အလုပ္ျဖစ္မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ျမန္မာအစိုးရက ဘဂၤလားေဒ့ရွ္ထံ ေတာင္းဆိုသည့္ အခ်က္ေတြကို ေျပာၾကားရာမွာ ဘဂၤလားေဒ့ရွ္ဘက္က မၾကာခဏပ်က္ကြက္ေနသည့္ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ကို တိတိက်က် အေကာင္အထည္ေဖာ္ေပးဖို႔ ေျပာၾကားခဲ့သလို ဘဂၤလားေဒ့ရွ္ဘက္က ျပန္မလႊတ္သည့္ ဟိႏၵဴဘာသာဝင္ ေလးရာေက်ာ္ အပါအဝင္ ေနရပ္ျပန္လာလိုသူမ်ားကို အျမန္ဆုံးခြင့္ျပဳေပးဖို႔ကို ေတာင္းဆိုခဲ့ပါတယ္။

ထို႔ျပင္ ေနရပ္ျပန္ပို႔ေရး လုပ္ငန္းစဥ္တြင္ ေကာ့ခ္ဘဇားစခန္းအတြင္း၌ ARSA ၏ အၾကမ္းဖက္လႈပ္ရွားမႈမ်ား အပါအဝင္ အခက္အခဲမ်ားစြာရွိေၾကာင္း၊ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းမ်ားတြင္ ျပန္လာလိုသူမ်ား ကို ARSA အၾကမ္းဖက္ အဖြဲ႕ဝင္မ်ားက အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ေနမႈမ်ားရွိၿပီး ယင္းသို႔ အခက္အခဲမ်ားၾကားကပင္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းသို႔ ျပန္လာသူ လူဦးေရသုံးရာခန႔္ ရွိၿပီျဖစ္ေၾကာင္း၊ ေနရပ္ျပန္ပို႔ေရး လုပ္ငန္းစဥ္ကို အဓိကအဟန႔္အတားျဖစ္ေစသည့္ ARSA အၾကမ္းဖက္အဖြဲ႕၏  ၿခိမ္းေျခာက္မႈကို ႏိုင္ငံတကာက လ်စ္လ်ဴရႈေနေၾကာင္းႏွင့္ ေကာ့ခ္ဘဇားစခန္းမ်ားရွိ ေနရပ္စြန႔္ခြာသူမ်ားက ေနရပ္ျပန္ရန္ ဆႏၵကို လြတ္လပ္စြာ ထုတ္ေဖာ္ေျပာၾကားႏိုင္ေရး ဘဂၤလားေဒ့ရွ္အစိုးရက ေဘးကင္းလုံၿခဳံသည့္ အေျခအေနကို ဖန္တီးေပးရန္ လိုအပ္ေၾကာင္းကိုပါ ေျပာၾကားခဲ့ပါတယ္။

ကုလစင္ျမင့္မွာ ျမန္မာဘက္ကို OIC ေနာက္ခံနဲ႔ ဘဂၤလားေဒ့ရွ္ဘက္က လူမ်ိဳးတုန္းသတ္ျဖတ္တဲ့ အခင္းအက်င္းအျဖစ္ ဖန္တီးကာ ႏိုင္ငံတကာ အုပ္ခ်ဳပ္မႈရွိတဲ့ safe zone တစ္ခုဖန္တီးဖို႔ ႀကိဳးစားေနတာဟာ အေတာ္ကို သတိထားရမယ့္ ကိစၥႀကီးတစ္ခု ျဖစ္ေနပါတယ္။ေနာက္ထပ္ ဘာေတြျဖစ္လာမလဲဆိုတာ သတိႀကီးႀကီး ေစာင့္ၾကည့္ရမယ့္ အေနအထားပါ။

ဒီသတင္းက ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ ထားဝယ္ခ႐ိုင္ လွ်ပ္စစ္ျဖန႔္ျဖဴးေရး တင္ဒါေခၚယူမႈကို စစ္ေဆးေပးဖို႔ သမၼတ႐ုံး အပါအဝင္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ထံ တင္ဒါဝင္ၿပိဳင္တဲ့ ကုမၸဏီက တိုင္ၾကားထားတဲ့သတင္း၊ အင္းစိန္ (BPI) ေဆးဝါး စက္႐ုံမႉး ေဒါက္တာေအာင္ေဇာ္ ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၆ နဲ႔  တရားစြဲခဲ့တဲ့ သတင္းေတြထဲ သတိထားဆက္ေစာင့္ၾကည့္ရမယ္ သတင္းျဖစ္ခဲ့ပါတယ္။

ျပင္းထန္လာတဲ့ ဗစ္တိုးရီးယားအမႈ တရားခြင္

ျပည္သူတစ္ရပ္လုံး စိတ္ဝင္စားခဲ့တဲ့ ေနျပည္ေတာ္က ဗစ္တိုးရီးယားအမႈက ႐ုံးခ်ိန္းေတြ မ်ားလာတာနဲ႔အမွ် ပိုၿပီးစိတ္ဝင္စားဖြယ္ ေကာင္းလာခဲ့ပါတယ္။ယခုရက္သတၱပတ္ထဲမွာ အမႈျဖစ္ပြားခဲ့တဲ့ WisdomHill ပုဂၢလိကေက်ာင္း ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ က ဗစ္တိုးရီးယားရဲ႕ ဖခင္ျဖစ္သူရယ္၊ ဦးေလး၊ အေဒၚနဲ႔ ယင္းအမႈကို လိုက္လံကူညီတဲ့ သကၠမိုးညိဳ (ခ) ေဒါက္တာဝင္းကိုကိုသိန္း တို႔ကို ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ဥပေဒ ၁၀၁ (က) (၂) နဲ႔ ထပ္မံအမႈစြဲဆိုခဲ့ပါတယ္။တရားလႊတ္ေတာ္ေရွ႕ေန ေဒၚစုဒါလီေအာင္ ကို တရားစြဲစဥ္က ႏိုင္လႊတ္လုံနဲ႔ပါ တရားစြဲဆိုခဲ့ေပမယ့္ ဒါဟာ မခိုင္လုံတဲ့အတြက္ ကေလးသူငယ္ဥပေဒနဲ႔သာ အမႈဖြင့္ခြင့္ေပးခဲ့တာပါ။
တစ္ကယ္လို႔ ႏိုင္လႊတ္လုံနဲ႔သာ တရားစြဲခြင့္ရရင္ ဗစ္တိုးရီးယားအမႈဘက္က လိုက္ပါေဆာင္႐ြက္ေနသူေတြ တစ္ကယ့္ကို အခက္ေတြ႕စရာ အေျခအေနပါဘဲ။

ယခုတရားစြဲဆိုျခင္းမတိုင္မီ ဗစ္တိုးရီးယားအမႈမွာ တရားလိုဘက္က ေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္၊ စြပ္စြဲခံရသူ ေအာင္ႀကီး ဘက္က လိုက္ပါေဆာင္႐ြက္ေပးတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္ နဲ႔ ေဒၚစုဒါလီေအာင္ တို႔ကိုလည္း ဒီပုဒ္မနဲ႔ဘဲ ကိုကို၊ ညီညီ တို႔ရဲ႕ မိခင္ျဖစ္တဲ့ ေဒၚဥမၼာလႈိင္ က တိုင္ၾကားထားတာပါ။ဒီလိုတိုင္ၾကားမႈက ျမန္မာႏိုင္ငံမွာေတာ့ အထူးအဆန္းပါဘဲ။ဒီလို သက္ငယ္လိင္ပိုင္းဆိုင္ရာ မဖြယ္မရာျပဳက်င့္ခံရတဲ့ အမႈမွာ တရားလိုနဲ႔ တရားခံဘက္က ေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေနေတြ၊ က်ဴးလြန္ခံရသူဘက္က မိသားစုဝင္ေတြကို တရားစြဲဆိုတာေတြက စိတ္ပ်က္စရာပါ။

ဒါဟာ သတင္းစာရွင္းလင္းပြဲမွာ တရားခံလို႔ စြပ္စြဲခံထားရတဲ့ ေအာင္ႀကီး မွတစ္ပါး ဘယ္သူမွမျဖစ္ႏိုင္ဘူးဆိုတဲ့ တာဝန္ရွိပုဂၢိဳလ္တစ္ဦးရဲ႕ ရဲဝံ့တဲ့ ေကာက္ခ်က္ခ်မႈေတြနဲ႔ ဒီအမႈမွာ မွားယြင္းရင္ တာဝန္ရွိသူေတြ တာဝန္ခံရမယ္လို႔ သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ တို႔က သတိေပးထားတဲ့စကားေတြ ရွိခဲ့တဲ့အတြက္ လာမည့္႐ုံးခ်ိန္းမွာ ေအာင္ႀကီး အာမခံ ရ/မရ ဆိုတာက ယခုလတ္တေလာ အမႈဖြင့္ တရားစြဲဆိုမႈေတြေၾကာင့္ ဒီအမႈရဲ႕ အေရးႀကီးတဲ့ အေျဖတစ္ခုျဖစ္လာဖို႔ မ်ားေနပါတယ္။

သာမန္အမႈတစ္ခုမဟုတ္ဘဲ အင္အားႀကီးတဲ့ အဖြဲ႕အစည္းႏွစ္ခုရဲ႕ အားၿပိဳင္ပြဲ အသြင္ေဆာင္လာတဲ့ ယခု ဗစ္တိုးရီးယားအမႈမွာ ျမန္မာႏိုင္ငံ ေရွ႕ေနအသင္းမ်ား အဖြဲ႕ခ်ဳပ္ကေတာ့ က်ဳးလြန္ခံရသူ သုံးႏွစ္အ႐ြယ္ ကေလးငယ္နဲ႔ တရားခံဆိုၿပီး အဖမ္းခံထားရတဲ့ ေအာင္ႀကီးအတြက္ အမွန္တရားကို ေဖာ္ထုတ္ေနတဲ့ ေရွ႕ေန ေရွ႕ရပ္ေတြဘက္ကေန ရပ္တည္မယ္ဆိုၿပီးေတာ့ သတင္းထုတ္ျပန္ထားခဲ့ပါတယ္။

လာမယ့္ ေအာက္တိုဘာ ၉ ရက္မွာ ဗစ္တိုးရီးယားအမႈကို ဆက္လက္စစ္ေဆးမွာပါ။ဒီ႐ုံးခ်ိန္းမွာ ေအာင္ႀကီး ကို အာမခံ ေပး/မေပးကိုပါ ဆုံးျဖတ္မွာျဖစ္တဲ့အတြက္ အရပ္သားအစိုးရလက္ထက္ ျမန္မာႏိုင္ငံ တရားစီရင္ေရးက ျပည္သူေတြ ေမွ်ာ္လင့္ထားသလို ဘယ္ေလာက္ထိ တည့္မတ္မွန္ကန္မႈ ရွိ/မရွိ ဆိုတာ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ဒီအတြက္ ေစာင့္ၾကည့္ၾကရဦးမယ့္ သတင္းတစ္ပုဒ္လည္း ျဖစ္ပါတယ္။

ဒီတစ္ပတ္ထဲမွာ ေနာက္ထပ္စိတ္ဝင္စားစရာ သတင္းတစ္ပုဒ္က ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာ တင္တဲ့ အဆိုတစ္ခုပါဘဲ။ေအာက္တိုဘာ ၂ ရက္က က်င္းပတဲ့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာ ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္က ၾကက္ဝိုင္းဒိုင္အျပင္ ႏွစ္လုံး၊ သုံးလုံး စသည့္ ေလာင္းကစားမႈေတြမွာ  ရဲဝန္ထမ္းရဲ႕ ဇနီးသည္ကိုယ္တိုင္ ပါဝင္ပတ္သက္ေနတယ္ဆိုၿပီး ေျပာခဲ့တာပါ။ဒါ့အျပင္ ဒီလို လႊတ္ေတာ္ကိုယ္စားလွယ္က ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕မႉး႐ုံးသို႔ ဖုန္းဆက္တိုင္ၾကားခဲ့ရာမွာ သက္ဆိုင္ရာက ဖမ္းဆီးအေရးယူျခင္း မရွိတဲ့အျပင္ ၾကက္ဝိုင္းဒိုင္ရဲ႕ ၿခိမ္းေျခာက္ေျပာဆိုမႈ ခံရတယ္လို႔ လႊတ္ေတာ္မွာ ေျပာခဲ့ပါတယ္။ဒီလို ရဲကို သတင္းေပးပို႔တိုင္တဲ့အတြက္ ရဲက ေလာင္းကစားဒိုင္ကို ဘယ္သူကတိုင္တယ္ဆိုၿပီး  ျပန္ေျပာျခင္းရွိတယ္လို႔ လႊတ္ေတာ္မွာ တင္ျပခဲ့ပါတယ္။

ဒါဟာ ထိတ္လန႔္စရာ အေျခအေနတစ္ခုပါ။သတင္းေပးတိုင္ၾကားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ကိုယ္တိုင္ေတာင္ ၿခိမ္းေျခာက္ခံရတဲ့အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာမွာ သာမန္ျပည္သူတစ္ေယာက္သာဆိုရင္ ဘယ္ေလာက္ထိ အက်ိဳးဆက္ေတြ ျဖစ္မလဲဆိုတာ မေတြးဝံ့စရာပါ။လက္ရွိ တရားဥပေဒစိုးမိုးမႈ အေျခအေနက ယခုေမးျမန္းတင္ျပမႈေတြေၾကာင့္ ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။

ဒီအဆိုအတြက္ ျပန္ေျဖရာမွာေတာ့ ရန္ကုန္တိုင္း နယ္လုံဝန္ႀကီးက ရဲဝန္ထမ္းေတြ ေလာင္းကစားမႈေတြမွာ ပါဝင္ပတ္သက္ေနတယ္ဆိုတာ တိတိက်က်တိုင္ၾကားရင္ အေရးယူမည္လို႔ ျပန္ေျဖခဲ့ပါတယ္။ဒီလိုအဆိုေၾကာင့္ ရဲတပ္ဖြဲ႕ထဲ ဘယ္လိုအေရးယူ ေဆာင္႐ြက္မႈေတြရွိမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

အဆိုပါသတင္းေတြက ယခုရက္ထဲျဖစ္ခဲ့တဲ့ TNLA ဖမ္းထားတဲ့ ကြတ္ခိုင္ၿမိဳ႕နယ္ရွိ မုံးစီးနယ္ေျမရဲစခန္းမွ စခန္းမႉး အပါအဝင္ ရဲတပ္ဖြဲ႕ဝင္ေလးဦးကို ျပန္လႊတ္ေပးလိုက္တဲ့သတင္း၊ ဖားကန႔္မွာ ေတာင္ကမ္းပါးယံ ၿပိဳက်မႈျဖစ္ၿပီး အနည္းဆုံး လူေလးဦး ေပ်ာက္ဆုံးခဲ့တဲ့သတင္း၊ Pan Pacific ဟိုတယ္ဝင္းထဲ တကၠစီယာဥ္ေမာင္းကို ရန္ျပဳတဲ့ ဟိုတယ္လုံၿခဳံေရးအဖြဲ႕ဝင္ ငါးဦးကို ပုဒ္မသုံးခုနဲ႔ အမႈဖြင့္ခဲ့တဲ့သတင္း၊ သားျဖစ္သူ နာေရးသြားလို႔  အလုပ္ထုတ္ခဲ့တဲ့ အလုပ္သမားကို လႈိင္သာယာ ေ႐ႊလင္ဗန္းစက္မႈဇုန္ရွိ Asdet (Myanmar) အထည္ခ်ဳပ္စက္႐ုံက အလုပ္ျပန္ခန႔္ခဲ့တဲ့သတင္း၊ ရဲဆီက ေသနတ္ဝင္လုရာမွ ေသနတ္က်ည္ဆန္ထြက္ၿပီး မူးယစ္ရမ္းကားသူ ေသဆုံးခဲ့တဲ့သတင္း၊ ဗိုလ္တေထာင္ေစတီမွာ အလႉေငြေရတြက္တဲ့ အမ်ိဳးသမီးတစ္ဦးကို အလႉေငြခိုးလို႔ အမႈဖြင့္အေရးယူထားတဲ့သတင္း၊ ဧရာဝတီတံတား (ရတနာပုံ) ေပၚကေန သီလရွင္တစ္ဦး ေရထဲခုန္ခ်ခဲ့တဲ့သတင္း၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္ထဲမွာ ပညာေရးဝန္ထမ္း အမ်ိဳးသမီးတစ္ဦးကို ရည္းစားစကားေျပာတာ လက္မခံလို႔ ႐ြာသားက ဓားနဲ႔ခုတ္သတ္ခဲ့တဲ့ သတင္းေတြထဲ သတိထားမိတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ယူနီကုဒ္ တိုက္ပြဲဂယက္

အြန္လိုင္းသုံး ျမန္မာစာလက္ကြက္စနစ္အတြက္ ျဖစ္ေနတဲ့ ျပႆနာက ယခုရက္သတၱပတ္မွာ အျမင့္ဆုံးေရာက္ရွိခဲ့ပါတယ္။ေအာက္တိုဘာ ၁ ရက္က စၿပီး သုံးရမယ့ဆိုၿပီး သတ္မွတ္မႈဟာ ယခုရက္သတၱပတ္ထဲမွာ က်ခဲ့တဲ့အတြက္ ယူနီကုဒ္သုံးေရးနဲ႔ အသားမက်တဲ့အတြက္ ျဖစ္လာတဲ့ ဂယက္ေတြက ထင္တာထက္ မ်ားခဲ့ပါတယ္။

Facebook လူမႈကြန္ရက္ မတြင္က်ယ္စဥ္ကတည္းက သုံးလာခဲ့တဲ့ ေဇာ္ဂ်ီစာပုံစံဟာ ျမန္မာႏိုင္ငံသားေတြနဲ႔ ႏွစ္၂၀ နီးပါး အသားက်ေနသလို ေဇာ္ဂ်ီလက္ကြက္စနစ္ကို အေျခခံတဲ့ ကီးဘုတ္ေတြကအစ ျမန္မာျပည္မွာ ထုတ္လုပ္တြင္က်ယ္ခဲ့တဲ့အတြက္ စနစ္တစ္ခုကို ေျပာင္းဖို႔ရာ အခက္ေတြ႕ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ဒါေၾကာင့္လည္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္က  လူမႈကြန္ရက္ကေန ယူနီကုတ္စနစ္ ေျပာင္းလဲအသုံးျပဳရန္ တိုက္တြန္းခဲ့သလို ေနျပည္ေတာ္မွာ ေအာက္တိုဘာ ၁ ရက္က က်င္းပတဲ့ ျမန္မာယူနီကုဒ္ စံစနစ္သို႔ ကူးေျပာင္းျခင္း အခမ္းအနားမွာ ယူနီကုဒ္စနစ္နဲ႔ အားလုံးသုံးစြဲေရးသားခဲ့ရင္ အစိုးရ၊ လုပ္ငန္း၊ ကုမၸဏီ၊ ျပည္သူေတြအၾကား ဆက္သြယ္ရလြယ္ကူသြားၿပီး ဝန္ေဆာင္မႈေတြ ပိုေကာင္းသြားမယ္လို႔ ေျပာခဲ့ပါတယ္။

ဒီလို ေျပာင္းလဲသုံးစြဲတဲ့ေနရာမွာ ယခင္က ႀကဳံခဲ့ရတဲ့ ျပႆနာအခ်ိဳ႕ကို ယခုထိ မေျဖရွင္းႏိုင္ေသးတာကိုလည္း ေတြ႕ရပါတယ္။စာ႐ိုက္ၿပီး မက္ေဆ့ခ်္ကေန သတင္းစကားေပးပို႔တဲ့ အခါ ႏွစ္ ၂၀ ၾကာ အသားက်ေနတဲ့ လက္ကြက္စနစ္ေၾကာင့္ ႐ိုက္ရတာခက္သလို ပိုၿပီးရႈပ္ေထြးတဲ့ အကၡရာဆင့္႐ိုက္နည္းေတြေၾကာင့္ သာမန္လူေတြအတြက္ အေတာ္ေလး အသားက်ေအာင္ လုပ္ကိုင္ရမယ့္ အေနအထားပါဘဲ။

ဒါေပမယ့္ ေကာင္းတဲ့အခ်က္တစ္ခုက အသံစနစ္နဲ႔ စာ႐ိုက္ႏိုင္တဲ့အတြက္ ဒီယာယီအခက္အခဲကို ေက်ာ္ႏိုင္ဖြယ္ရွိၿပီး မၾကာခင္ အကၡရာဆင့္ ႐ိုက္နည္းအတြက္ ေျဖရွင္းႏိုင္မႈေတြ ေပၚထြက္လာဖို႔ ရွိေနပါတယ္။ဒီလို စံစနစ္တစ္ခုကေန တစ္ခုကို ေျပာင္းရာမွာ ယခင္ေျပာင္းလဲမႈေတြအတိုင္း ယခင္အတိုင္းသုံးလိုသူ၊ ေျပာင္းသုံးလိုသူနဲ႔ အခ်ိန္တစ္ခုထိ ေစာင့္ၾကည့္ၿပီးမွ သုံးလိုတဲ့သူေတြဆိုၿပီး သုံးမ်ိဳးသုံးစား ကြဲထြက္ခဲ့ပါတယ္။

အထူးသျဖင့္ facebook ကုမၸဏီဘက္ ဘာနဲ႔စနစ္ဘဲသုံးသုံး ေဇာ္ဂ်ီစနစ္ကို ဆက္ေထာက္ပံ့ေပးမယ္လို႔ ေျပာထားတဲ့အတြက္ သုံးစြဲသူအမ်ားစုျဖစ္တဲ့ သာမန္သုံးစြဲသူေတြက ေဇာ္ဂ်ီစနစ္မွာသာ ဆက္ၿပီးသုံးေနတာကို ေတြ႕ရပါတယ္။ဒီလိုအေျခအေနေတြေၾကာင့္လည္း ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ မြန္၊ ရခိုင္၊ ရွမ္းဘာသာေတြပါ သုံးစြဲႏိုင္တဲ့ ယူနီကုဒ္စံစနစ္ကို စိတ္မပ်က္ဘဲ သုံးႏိုင္ေအာင္ ႏိုင္ငံေတာ္အတိုင္ပင္ခံက အဆိုပါ ျမန္မာယူနီကုဒ္ စံစနစ္သို႔ ကူးေျပာင္းျခင္း အခမ္းအနားမွာ သက္ဆိုင္ရာဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံ ကြန္ပ်ဴတာအသင္းခ်ဳပ္၊ ဆက္သြယ္ေရး ကုမၸဏီေတြနဲ႔ မိုဘိုင္းဖုန္း ထုတ္လုပ္တင္သြင္း ေရာင္းခ်သူေတြအားလုံးက ဝိုင္းဝန္းကူညီေနတယ္ ဆိုၿပီးေျပာခဲ့တာပါ။

အဆိုပါအခမ္းအနားမွာဘဲ ပို႔/ဆက္ ျပည္ေထာင္စုဝန္ႀကီးက E-Government ၊ E-Passport နဲ႔ Mobile စနစ္ေတြအတြက္ ဒီစနစ္ကိုေျပာင္းဖို႔လိုတဲ့အတြက္ ယူနီကုဒ္စံစနစ္ကို မတြက္ကပ္ဘဲ ေျပာင္းေပးဖို႔ တိုက္တြန္းခဲ့တာ ေတြ႕ရပါတယ္။လက္ရွိမွာ လူမႈကြန္ရက္ေတြမွာ ထင္ရွားတဲ့သတင္းေတြ တင္တဲ့သူေတြ၊ ျဖစ္ရပ္ကို ေဖာ္ျပတဲ့သူေတြက ယူနီကုဒ္စနစ္ကို ေျပာင္းလဲလာတာကို ေတြ႕ရသလို လြယ္တာႀကိဳက္တဲ့ ျမန္မာလူမ်ိဳးေတြအတြက္ လက္ကြက္စနစ္မွာ ခက္ခဲေပမယ့္ အသံစနစ္နဲ႔ စာ႐ိုက္ေပးတဲ့ စနစ္အျပင္ အျခားေသာ အားသာခ်က္ေတြလည္းရွိတဲ့အတြက္ ယူနီကုဒ္စနစ္ကို တေျဖးေျဖး သုံးလာသူမ်ားလာဖို႔ရွိေပမယ့္ ခ်က္ခ်င္းႀကီး ေျပာင္းလဲသုံးဖို႔ လြယ္ေသးမွာေတာ့ မဟုတ္ေသးပါဘူး။ဒီအတြက္ အစိုးရပိုင္းနဲ႔ နည္းပညာကုမၸဏီေတြဘက္က အခက္အခဲေတြကို ဘယ္ေလာက္ထိ ေျဖရွင္းေပးမလဲ၊ ေျပာသလိုေကာ ယူနီကုဒ္ေျပာင္းသုံးလာတာနဲ႔ ျဖစ္လာမလား၊ တျခားေသာ ဘာအားသာခ်က္ေတြ ထြက္ေပၚလာဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာပါ။

ဒီသတင္းေတြက ယခုရက္သတၱပတ္ျဖစ္ခဲ့တဲ့ သတင္းေတြထဲက မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးက ပုဒ္ မ ၅၀၅ (က) ျဖင့္ စြဲခ်က္တင္ထားတဲ့ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ေတြကို ဗိုလ္တေထာင္ၿမိဳ႕နယ္ တရား႐ုံးက ပုဒ္မ ၅၀၅ (က) ျဖင့္ စြဲခ်က္တင္လိုက္တဲ့သတင္း၊ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA) မွ  ရန္ကုန္ - ထားဝယ္ ခရီးစဥ္ ေလယာဥ္တစ္စီး စက္ခြၽတ္ယြင္းလို႔ ျပန္လည္ဆင္းသက္ခဲ့ရတဲ့ သတင္း၊ ျမဝတီမွာ လူစုလူေဝးျဖစ္တဲ့အထိ မူးယစ္ရမ္းကားခဲ့တဲ့ တ႐ုတ္ႏိုင္ငံသားငါးဦးကို ေထာင္ဒဏ္တစ္လႏွင့္ ေငြဒဏ္ က်ပ္တစ္သိန္းစီ ခ်မွတ္ခဲ့တဲ့သတင္း၊ တိုက္ႀကီးၿမိဳ႕နယ္ထဲမွာ စပါးအုံးေႁမြ သတ္ခဲ့တဲ့ လူရွစ္ဦးကို သစ္ေတာဦးစီးဌာနက အမႈဖြင့္စစ္ေဆးေနတဲ့သတင္း၊ စိတ္ႂကြေဆးျပား သုံးသန္းႏွင့္ မူးယစ္ဂိုဏ္းတစ္ခုကို UWSA  ‘ဝ’ လက္နက္ကိုင္အဖြဲ႕က ဖမ္းမိခဲ့တဲ့ သတင္းေတြ ယခုရက္သတၱပတ္ထဲမွာ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ေအာက္တိုဘာ - ၄