【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရခိုင်က တကျော့ပြန်ကူးစက်ရောဂါ ပြည်မထိပျံ့နှံ့လာနေပြီလား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရခိုင်က တကျော့ပြန်ကူးစက်ရောဂါ ပြည်မထိပျံ့နှံ့လာနေပြီလား

ယခုရက်သတ္တပတ်အတွင်း သတင်းတွေထဲမှာ ရခိုင်ပြည်နယ်ထဲမှာဖြစ်နေတဲ့ ကိုဗစ် ၁၉ ကူးစက်ရောဂါသတင်းက ထိပ်တန်းအာရုံစိုက်ရတဲ့ သတင်းဖြစ်ခဲ့ပါတယ်။အထူးသဖြင့် ရခိုင်ပြည်နယ်ထဲကနေ အခြေချသူတွေအလာများပြီး အကူးအသန်းများတဲ့ ရန်ကုန်မှာ ရခိုင်ပြည်နယ်အတွင်း ပိုးတွေ့လူနာများလာခြင်းက ထိတ်လန့်စရာဖြစ်လာခဲ့သလို ကူးစက်ရောဂါကြောင့် ရန်ကုန်အခြေအနေက ယခင်နဲ့မတူဘဲ ပြောင်းလဲလာခဲ့ပါတယ်။ဒီလိုပြောင်းလဲမှုသတင်းတွေနဲ့အတူ သမ္မတကိုယ်တိုင်ဦးစီးပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ဦးဆောင်လုပ်နေချိန်မှာ ရှမ်းအရှေ့မှာ ကျပ် (၃၂) ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးတွေဖမ်းမိတဲ့ သတင်းကလည်း ထိတ်လန့်တုန်လှုပ်စရာဖြစ်ခဲ့ပါတယ်။ဒါ့အပြင် မူဆယ်တစ်ဘက် ကျယ်ဂေါင်မှာ မြန်မာဘက်ကလာရောက်လုပ်ကိုင်တဲ့ ကုန်စည်ပို့ဆောင်ရေးဂိတ်တွေကို တရုတ်ဘက်က ပိတ်သိမ်းဖို့လုပ်နေတဲ့ သတင်းတွေကလည်း မြန်မာနိုင်ငံအတွင်းက အွန်လိုင်းရှော့ပင်းလုပ်နေတဲ့ လုပ်ငန်းတွေအပါအဝင် တရုတ်ကုန်စည်တင်သွင်းတဲ့သူတွေအတွက် စောင့်ကြည့်နေရတဲ့ သတင်းဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် ထူးဆန်းတဲ့သတင်းတွေအဖြစ် သတိထားမိတဲ့သတင်းတွေက မန္တလေးမြို့သာ ဆေးခြောက်စိုက်ခင်းကြောင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရတဲ့ စိုက်ခင်းမန်နေဂျာကို တိုင်းတရားလွှတ်တော်မှ ထောင် ၁၀ နှစ် လျှော့ပေါ့ပြစ်ဒဏ် ပြင်ဆင်ချမှတ်လိုက်တဲ့သတင်း၊ ပုသိမ်ကြီးမြို့နယ်မှာ တရားမဝင်အကွက်ရိုက်လမ်းချဲ့ မြောင်းတူးဖော်မှုတွေကြောင့်  ဓာတ်တိုင် ၁၃၃ တိုင်လဲကျလို့  ဓာတ်အားပြတ်တောက်ကုန်တဲ့သတင်း၊ ကျိုက်မရောမြို့နယ်မှာ မိုးကြိုးပစ်ခံရလို့ ချောင်းနှစ်ခွကျေးရွာရှိ နှစ်ထပ်ကျောင်းဆောင် မီးလောင်ခဲ့တဲ့သတင်း၊ ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့တဲ့ ကရင်အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ဝန်းရံခဲ့တဲ့ မစိန်ထွေး ကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့တဲ့သတင်း၊ နာမည်ကြီး အဆိုပြိုင်ပွဲဝင် အဆိုတော်တစ်ဦး ပုဒ်မ-၃၇၇ ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူခံရတဲ့သတင်း၊ ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို မြန်မာအစိုးရက တရားဥပဒေနှင့်အညီ ဖြေရှင်းနေတဲ့အပေါ် ထောက်ခံအားပေးကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့တဲ့သတင်း၊ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွက် စည်းကြပ်မှုမှကင်းလွတ်နေတဲ့ ဝင်ငွေအခွန်ကို ယခင်နှစ်ထက်ပိုမိုတိုးမြှင့်ကာ ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့သတင်း၊ ပြည်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်ထဲဝင်ရောက်ပြီး အနုကြမ်းစီးခဲ့တဲ့ လူငယ်နှစ်ယောက်ကို ပြည်သူနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့တဲ့သတင်း၊ မြောက်ပိုင်း ၄ ဖွဲ့နှင့် ဆွေးနွေးပွဲမှာ အေအေကို အပါဝင်ခံရင် အပစ်ရပ်ဆွေးနွေးပွဲ လျင်မြန်စွာဖြစ်လာမယ်ဆိုတဲ့ သတင်းတွေကလည်း ဖတ်ရသူတွေကို စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

ရခိုင်နဲ့ ကိုဗစ်၊ ကောလာဟလနဲ့ လူမဆန်သူများ

ယခုရက်သတ္တပတ်ထဲမှာဘဲ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကူးစက်ခံရသူအရေအတွက်က မယုံကြည်နိုင်စရာကောင်းလောက်အောင် ထိုးတက်ခဲ့ပါတယ်။ဩဂုတ်လ ၁၆ ရက်မှာ စစ်တွေက ပုဂ္ဂလိကဘဏ်တစ်ခုက ဝန်ထမ်းတစ်ဦးဆီမှာ စတင်တွေ့ခဲ့ရတဲ့ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကူးစက်မှုဟာ အချိန်တိုကာလအတွင်း များပြားစွာတွေ့ ရှိကူးစက်ခဲ့ပါတယ်။ ၁၅ ရက်ဝန်းကျင်ဖြစ်တဲ့ ဩဂုတ် ၃၀ ရက်အထိ ရခိုင်ပြည်နယ်အတွင်းမှာ ကူးစက်ခံရသူပေါင်း ၃၁၅ ဦးထိ ရှိလာခဲ့ပါတယ်။ဒါဟာ မြန်မာနိုင်ငံတစ်ဝန်လုံး ကိုဗစ်ပထမလှိုင်းလို့ခေါ်တဲ့ ယခုနှစ်အစောပိုင်းကနေ မကြာသေးတဲ့ ဩဂုတ်လ ပထမအပတ်အထိ တစ်နိုင်ငံလုံးကူးစက်ခံရသူ ၄၀၀ ကျော်ကို ၁၅ ရက်တည်းနဲ့မီခဲ့တဲ့ အနေအထားပါ။

အထူးသဖြင့် ရခိုင်နဲ့ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်မှာက ကူးစက်မှုကိုထိန်းမနိုင်သိမ်းမရဖြစ်နေပြီး ဩဂုတ် ၃၀ ရက်နေ့အထိ ကူးစက်ခံရသူ သုံးသိန်းကျော်နဲ့ သေဆုံးသူ ၄၂၀၀ ကျော်ရှိခဲ့ကာ ကမ္ဘာဖြစ်ပွားမှုအများဆုံး အဆင့် ၁၅ နေရာထိ ရောက်နေခဲ့ပါတယ်။ဒီလိုကူးစက်မှုမြင့်မားနေတဲ့နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရခိုင်ပြည်နယ်အတွင်း ဘယ်လိုပဲပိတ်ထားသည့်ဖြစ်စေ ရအောင်ကူးသန်းနေတဲ့ ကုန်သည်တွေနဲ့ အရောင်းအဝယ်သမားတွေကြောင့် ကူးစက်မှုက အနည်းနဲ့အများဆိုသလိုရှိမှာ အမှန်ပါဘဲ။အဓိကအားဖြင့် အသွားအလာများပြီး ကူးစက်ခံရလို့ခံရမှန်းမသိတဲ့ ရောဂါသယ်ဆောင်သူတွေကြောင့် ယခုလိုများလာခဲ့ရတာလည်းဖြစ်ပါတယ်။ဒီလိုကူးစက်ခံရမှုတွေ ရာနဲ့ချီပြီးမဖြစ်ခင်ကတည်းက ဟိုဘက်ကနေဝင်လာတဲ့သူတွေမှာ ကူးစက်ခံထားရတာကို တွေ့ထားသလို တချို့လည်း လွတ်ထွက်သွားနိုင်တာတွေရှိနိုင်တဲ့အတွက် အားလုံးက ဒီလိုဖြစ်လာမှာကို ကြောင့်ကြနေကြတာဖြစ်ပါတယ်။

ကျန်းမာရေးပညာရှင်တွေ စိုးရိမ်နေကြတာက ရောဂါအမှတ်စဉ် ၃၇၅ မပေါ်ခင်ကတည်းက ပြည်သူတွေထဲ ဘယ်လောက်ထိ ဒီဗိုင်းရပ်စ်မျိုးကွဲက ကူးစက်နေပြီလဲဆိုတာပါဘဲ။ယခု စစ်တွေမှာတွေ့နေရတဲ့ ကိုရိုနာ‌ဗိုင်းရပ်စ်မျိုးက ပထမတွေ့ရှိတဲ့ ကူးစက်ခံရသူတွေလိုမဟုတ်ဘဲ အရမ်းကြီးပြင်းထန်မှုမရှိသလို ဆေးရုံမှာကြပ်မတ်ကုသရလောက်အောင် အသက်ရှူလမ်းကြောင်းပြဿနာလဲမရှိပါဘူး။ဒါပေမယ့် ဆေးသုတေသနဦးစီးဌာနကနေ ရခိုင်ပြည်နယ်မှ ဓာတ်ခွဲနမူနာ (၉) ခုလုံးကို ကနဦးစစ်ဆေးရာမှာ COVID -19 ရောဂါပိုး၏ မျိုးဗီဇအစိတ်အပိုင်းတစ်ခုက ပြောင်းလဲနေတာကိုတွေ့ရှိရပြီး ဒီလိုပြောင်းလဲမှုကြောင့် ကူးစက်နူန်းမြန်နေရတယ်လို့ ယူဆကြောင်း ကျန်းမာရေးဝန်ကြီးက သြဂုတ် ၂၉ ရက် နံနက်ပိုင်းမှာ ပြောခဲ့ပါတယ်။ဒီအတွက် ကပ်ရောဂါ၏ သဘော သဘာဝအရ ရက်အနည်းကြာ ဆက်လက်များပြားနိုင်ပြီး ထိန်းချုပ်မှုလုပ်ငန်းများကို အထူးဝါယမစိုက်ထုတ်၍ လုပ်ဆောင်နေလို့ ရောဂါဖြစ်ပွားမှုအရှိန်က မကြာခင်ကာလမှာ နှေးကွေးသွားနိုင်မယ်လို့ယူဆကြောင်း ဝန်ကြီးကပြောခဲ့ပါတယ်။

ကူးစက်မှုနူန်းက ဝန်ကြီးပြောသလိုပါဘဲ ဒီရက်ပိုင်းမှာ အတော်လေးကို ထိုးတက်နေခဲ့ပါတယ်။ဩဂုတ် ၃၀ ရက်အထိ စာရင်းအရဆိုရင် ရခိုင်မှာ ၃၁၅ ဦး ကူးစက်ခံရပြီး စစ်တွေမှာ (၁၇၄) ဦး၊ ကျောက်ဖြူ မှာ (၅၀) ဦး၊ မောင်တောမှာ (၁၉) ဦး၊ မြောက်ဦးမှာ (၁၈) ဦး၊ ပေါက်တောမှာ (၁၄) ဦး၊ သံတွဲမှာ (၈) ဦး၊ ကျောက်တော်မှာ (၇) ဦး၊ မြေပုံမှာ (၇) ဦး၊ ဘူးသီးတောင်မှာ (၆) ဦး၊ မင်းပြားမှာ (၅) ဦး၊ တောင်ကုတ်မှာ (၂) ဦး၊ အမ်းမှာ (၂) ဦး၊ ပုဏ္ဏားကျွန်းမှာ (၁) ဦး၊ ဂွမှာ (၁) ဦး၊ မာန်အောင်မှာ (၁) ဦး ရှိခဲ့ပါတယ်။ဒီရက်ထဲမှာ တစ်ရက်အတွင်း ကူးစက်ခံရသူ ၉၀ အထိရှိခဲ့သလို ကူးစက်ခံရသူတွေထဲ အသက်အကြီးဆုံး ၉၀ ကနေ အငယ်ဆုံး လသားအထိ ပါဝင်လာခဲ့ပါတယ်။ကူးစက်မှုက ရခိုင်ပြည်နယ် စစ်တွေမှာတင်မကတော့ဘဲ ပြည်နယ်အတွင်း စစ်တွေအပါအဝင် ၁၅ မြို့နယ်အထိ ကူးစက်ပြန့်ပွားခဲ့ပါတယ်။

ဒီလိုကူးစက်မှုကနေ လူဦးရေ ၁၁ သန်းရှိတဲ့ စီးပွားရေးမြို့တော် ရန်ကုန်အထိရောက်လာခဲ့ရင်ဆိုတာ ကျန်းမာရေးအာဏာပိုင်တွေသာမက စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရန်ကုန်မြို့ခံတွေအတွက် မတွေးဝံ့စရာပါ။ရန်ကုန်မှာက ပြည်နယ်ပေါင်းစုံနဲ့ အကူးအသန်းများပြီး ဒီလိုကူးစက်မြန်တဲ့နူန်းနဲ့ဆိုရင် ထိန်းချုပ်ရခက်မယ်ဆိုတာကို အားလုံးကသတိထားမိနေကြပါတယ်။ဒါကြောင့်လည်း ရခိုင်ပြည်နယ်ကို အလျင်အမြန် Stay at Home အစီအစဉ်ချမှတ်ပြီး ထိန်းချုပ်ခဲ့သလို ရခိုင်ကို ပြည်မကနေလာရောက်ခဲ့သူတွေကို ခြေရာခံနိုင်ဖို့ တောက်လျှောက်လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ပိုးရဲ့သဘောသဘာ၀က ယခင်လိုပြင်းထန်ခြင်းမရှိသလို ကူးစက်ခံရမှန်းလည်း မသိနိုင်ဘဲ ရောဂါလက္ခဏာပေါ်မှ ကိုယ့်မှာကူးစက်ခံရမှန်းသိတဲ့အတွက် ကူးစက်ခံရမှန်းမသိခင် ကြားကာလမှာ သာမန်သွားကြလာကြ နေကြစားကြမှာဖြစ်တဲ့အတွက် ပိုးကူးစက်ပြန့်ပွားအောင် သယ်ဆောင်သူဖြစ်မှန်းမသိ ဖြစ်နိုင်တဲ့အတွက် အခြေအနေက အတော်လေးကိုစိုးရိမ်စရာပါ။ပိုးကလည်း Air Bomb သဘောမျိုးလို ဖြစ်နေတဲ့အတွက် ရခိုင်ကိုလာရောက်ခဲ့သူမှန်သမျှကိ စစ်ပြီး စောင့်ကြည့်ရမယ့်အနေအထား ဖြစ်ခဲ့ပါတယ်။  

ဒါကြောင့်လည်း အာဏာပိုင်တွေဘက်က ရခိုင်ကိုလာရောက်ခဲ့တဲ့သူတွေကို တောက်လျှောက်ခြေရာခံတဲ့အနေနဲ့ သက်ဆိုင်ရာပြည်နယ်တိုင်းဒေသတွေမှာ ရခိုင်ကနေပြန်ရောက်လာတဲ့သူတွေကို သတင်းပို့ဖို့နဲ့ ဘေးပတ်ဝန်းကျင်ကလည်း သက်ဆိုင်ရာကိုအကြောင်းကြားဖို့ ဆော်ဩခဲ့သလို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း ဩဂုတ် ၂၈ ရက် ရက်စွဲနဲ့ ရခိုင်ပြည်နယ်ထဲ ဩဂုတ် ၁၀ ရက်နောက်ပိုင်း လာရောက်သူတွေ အုပ်ချုပ်ရေးရုံးနဲ့ နီးစပ်ရာကျန်းမာရေးဌာနတွေကို ချက်ချင်းသတင်းပို့ဖို့ ထုတ်ပြန်သတိပေးခဲ့ပါတယ်။ဒါ့အပြင် ရခိုင်ကနေထွက်လာတဲ့ ခရီးသည်တင်ကားတွေ၊ ကုန်ကားတွေကို ယာယီပိတ်ခဲ့ပြီး စစ်ဆေးမှုတွေ Quarantine စခန်းတွေကို ပို့ဆောင်တာတွေလုပ်ခဲ့ပါတယ်။ဒါ့အပြင် လေကြောင်းကနေ ဩဂုတ်လ (၁၀) ရက်မှ (၂၇) ရက်အတွင်း အခြား တိုင်းဒေသကြီး/ပြည်နယ်များသို့ ရောက်ရှိသွားသူ (၅,၇၀၀) ဦးကျော်ရှိလို့ ဩဂုတ် ၂၉ ရက်မှာ ခရီးသည်စာရင်းကိုထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာကို ဆက်သွယ်ဖို့၊ မဆက်သွယ်ရင် အရေးယူမယ်လို့ သတိပေးထုတ်ပြန်ခဲ့တာလည်းရှိခဲ့ပါတယ်။

ရာနဲ့ချီကူးစက်မှုဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်း ထိန်းချုပ်မှုတွေ ဖိဖိစီစီးမလုပ်နိုင်ရင် ပြည်မနဲ့ တခြားထိစပ်နေတဲ့ နေရာဒေသတွေအထိ ကူးစက်နိုင်တဲ့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဩဂုတ်၂၈ ရက်မှာ လူမှုကွန်ရက်ကနေ ဗီဒီယိုကွန်ဖရန့်စင်းပြုလုပ်ကာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးမှူး၊ စစ်တွေရောက်နေတဲ့  Volunteer တို့နဲ့ ပြုလုပ်တဲ့ အပြန်အလှန်ဆွေးနွေးပွဲမှာ သက်ဆိုင်ရာနယ်ပယ်အလိုက် တင်ပြတာကို ဖြေရှင်းပေးခဲ့တာကိုတွေ့ရပါတယ်။

အထူးသဖြင့် ပြည်နယ်အတွင်း အသွားအလာနဲ့ တခြားဒေသတွေအထိ ပိတ်ခဲ့တဲ့အတွက် ဒေသတွင်း စားနပ်ရိက္ခာပြတ်လပ်သွားမှာကို စိုးရိမ်နေတဲ့ ပြည်သူတွေရှိနေတယ်ဆိုတဲ့ ရခိုင်ဝန်ကြီးချုပ်ရဲ့ တင်ပြမှုအပေါ် ပြည်ထောင်စုအစိုးရကိုယ်စား ရခိုင်ပြည်နယ်မှာ ရိက္ခာမပြတ်စေရပါဘူးလို့ ကတိပေးခဲ့သလို လိုတဲ့ရိက္ခာတွေကို ရတဲ့နည်းနဲ့ ဖြစ်အောင်ပို့ပေးပါမယ်လို့ ပြောခဲ့တာကိုတွေ့ရပါတယ်။ဒီလိုကျန်းမာရေးအာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေက ကူးစက်မှုမရှိအောင်၊ ဒေသခံတွေ စားနပ်ရိက္ခာပြတ်လပ်မှုမရှိအောင် စီမံနေခဲ့ပေမယ်လည်း ဩဂုတ် ၂၉ ရက်မှာ Stay at Home နေထိုင်ဖို့ သတ်မှတ်ထားပြီး ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇၄ ဦးထိရှိနေတဲ့ စစ်တွေမှာ လောပန်းကိုယ်တော်ဆိုတဲ့သူက ဆန်နဲ့ဆီပေးမယ်၊ ပိုက်ဆံပေးမယ်ဆိုပြီး သတင်းမှားတွေကို တစ်ယောက်ကလွှင့်ထုတ်ခဲ့တဲ့အတွက် စစ်တွေ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးမှာ လူစုလူဝေးဖြစ်ခဲ့ပါတယ်။

ဗိုင်းရပ်စ်ကြောင့် လူတစ်ဦးနဲ့တစ်ဦး ထိတွေ့မှုမရှိအောင် တင်းကြပ်နေရချိန်မှာ အခုလိုရည်ရွယ်ချက်ရှိရှိ လူစုလူဝေးဖြစ်အောင်၊ ဗိုင်းရပ်စ်ကူးစက်အောင်လုပ်တဲ့ လှုံ့ဆော်မှုက အတော်လေးကို လူမဆန်တဲ့လုပ်ရပ်ပါ။ဒီအတွက် ကောလာဟလဖြန့်ချီသူများကို အရေးယူမည်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောခဲ့ပေမယ့် ဘယ်သူဘယ်ဝါဆိုတာ ဒီလိုကာလမှာဖော်ထုတ်ဖို့ လွယ်မယ်မထင်ပါဘူး။

ဩဂုတ် ၃၀ ရက် မနက်ပိုင်းမှာတော့ အစောပိုင်းက ရခိုင် wave မှာ ကူးစက်ခံရသူ တစ်ယောက်စ နှစ်ယောက်စသာရှိခဲ့လို့ ရင်တမမရှိခဲ့ရတဲ့ ရန်ကုန်က ၁၁ ယောက်အထိ ရုတ်တရက်တိုးခဲ့လို့ ရန်ကုန်နေသူတွေ ထိတ်ထိတ်ပျာပျာဖြစ်ခဲ့ရပါတယ်။ဒီ ၁၁ ယောက်ထဲမှာ ရခိုင်ကိုသွားလို့ ကူးစက်လာတဲ့ ကမာရွတ်၊ တာမွေ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာပမှ တစ်ဦးစီက နောက်ကြောင်းနဲ့ထိစပ်မှုကို လိုက်လို့ရပေမယ့် ခရီးသွားရာဇဝင်လည်းမရှိ၊ ပိုးကူးစက်သူနဲ့လည်းထိတွေ့မှုမရှိဘဲ ရောဂါလက္ခဏာတူလို့ စောင့်ကြည့်ထားတဲ့ အင်းစိန်မှ ကျား၂ ဦး၊ မ ၁ ဦး၊ ရွှေပြည်သာမှ မ တစ်ဦး၊ မြောက်ဥက္ကလာပမှ မ တစ်ဦး၊ တာမွေနှင့် ဒဂုံဆိပ်ကမ်းမှ ကျား တစ်ဦးစီ စုစုပေါင်း ၇ ဦးကတော့ ဘယ်ကနေ ဘယ်လိုကူးစက်ခံရမှန်းမသိတဲ့ ပြည်တွင်းကူးစက်မှုဖြစ်နေလို့ စိုးရိမ်စရာအခြေအနေပါ။ဒီ ၇ ယောက်နဲ့ဆိုရင် ဘယ်ကနေကူးစက်မှန်းမသိဘဲ ကူးစက်ခံထားရသူက ရန်ကုန်မှာ အတော်များနေပါပြီ။အခုဆိုရင်  ရန်ကုန်နေပြည်သူတွေနဲ့ ရခိုင်ပြည်နယ်ကပြည်သူတွေ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူတွေအားလုံး ညစဉ်ညတိုင်းနဲ့ မနက်တိုင်းမှာ ကျန်းမာရေးဦးစီးဌာနကထုတ်ပြန်တဲ့ ဗိုင်းရပ်ပိုးတွေ့ရှိသူစာရင်းကို ရင်တမမနဲ့ စောင့်ကြည့်နေရတဲ့အခြေအနေကို ရောက်နေခဲ့ပါပြီ။

ရန်ကုန်လိုနေရာမှာ ဒီလိုမျိုးကွဲဗိုင်းရပ်စ်သာ ပြန့်ခဲ့မယ်ဆိုရင် ကူးစက်ပြန့်ပွားမှုကိုထိန်းနိုင်ဖို့ဆိုတာ မလွယ်ကူသလို ထိန်းနိုင်ဖို့ကိုဘဲ  အတော်လေးလုပ်ရမှာဖြစ်ပါတယ်။ဒီလိုသာဖြစ်လာခဲ့ရင် ပြည်တွင်းစီးပွားရေးမှာ ကိုဗစ်ပထမလှိုင်းကြောင့် အထိနာပြီး စီးပွားရေးနဲ့ လုပ်ငန်းတွေပြိုလဲခဲ့ရတဲ့ လုပ်ငန်းရှင်တွေ ပြန်နာလံမထူနိုင်တော့သလို အထွေထွေအကျပ်အတည်းထိ ဖြစ်လာနိုင်တဲ့အနေအထားထိ ရောက်လာနိုင်ပါတယ်။စစ်တွေ အတုလမာရဇိန်မှာ လူစုလူဝေးဖြစ်ခဲ့အောင် လုပ်ခဲ့ကြတဲ့သူတွေရဲ့ရည်ရွယ်ချက်က ဗိုင်းရပ်ကူးစက်မှု ထိန်းမနိုင်သိမ်းမရဖြစ်အောင် ရည်ရွယ်ခဲ့တာဆိုရင် ဒါဟာ သတိထားရတော့မယ့် အခြေအနေပါဘဲ။ဒီအတွက် တချို့သူတွေမှာ ဗိုင်းရပ်စ်ပြန့်ပွားပြီး တိုင်းပြည်မတည်ငြိမ်အောင်လုပ်ဖို့ ယုတ်မာတဲ့အကြံအစည်တွေရှိခဲ့တယ်ဆိုရင် မဖြစ်မြောက်အောင်၊ ကိုယ့်မိသားစုရဲ့ ကျန်းမာရေးကိုလည်း စောင့်ရှောက်ရာရောက်အောင်၊ ပြည်သူကတင်မြှောက်တဲ့အစိုးရကို ကူညီရာလည်းရောက်အောင် တစ်ပိုင်တစ်နိုင်အသိနဲ့ ကျန်းမာရေးဌာနက ညွှန်ကြားချက်တွေကို တသွေမတိုင်းလိုက်နာတာက လုပ်သင့်တဲ့ တိုင်းကြီးပြည်ကြီးသားတွေရဲ့ အလုပ်ပါ။ဒီအတွက် ဆိုးရွားတဲ့ဗိုင်းရပ်စ်ဘေး ပြည်မထိ တကျော့ပြန်ပျံ့နှံ့လာတာကို လူ့အသက် အဖိတ်အစင်မရှိအောင်၊ စီးပွားရေးတွေ မပြိုလဲအောင် ပြည်သူအားနဲ့ ပထမလှိုင်းကလိုဘဲ ဘယ်လိုတက်ညီလက်ညီ ကျော်လွှားနိုင်မလဲဆိုတာ ရှေ့ရက်တွေမှာ စောင်ကြည့်ရတော့မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ၊ မူးယစ်ဆေးဝါးနှင့် သတင်းတု သတင်းယောင်

လာမည့် နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်လှုပ်ရှားရမယ့်ကာလဖြစ်တဲ့ စက်တင်ဘာလအတွင်းမှာ ယခင် ၂၀၁၅ ခုနှစ်ကလို အောက်ခြေအထိဆင်းပြီး မဲဆွယ်ဖို့ဆိုတာ လတ်တလောဖြစ်နေတဲ့ ကိုဗစ် ၁၉ ကူးစက်ရောဂါကြောင့် ဖြစ်နိုင်ခြေအတော်လေးကိုနည်းနေပြီ ဖြစ်ပါတယ်။ဒီအတွက် လူမှုကွန်ရက်ကနေတစ်ဆင့် ထိတွေ့မှုတွေ၊ ပါတီဝင်တွေဆီထိ သွားရောက်ပြီး စည်းရုံးမှုတွေကို ကျန်းမာရေးသတ်မှတ်ချက်နဲ့အညီ စည်းရုံးရေးလုပ်ရမယ့်အခြေအနေပါ။

ဒီရက်ပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရည်ရွယ်တိုက်ခိုက်တဲ့ ရုံးစာအတုတစ်စောင် လူမှုကွန်ရက်မှာ ပြန့်နှံ့လာတဲ့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့က ရုံးစာအတုဖြစ်ကြောင်း ထုတ်ပြန်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ဒီစာကလည်း မကြာခင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပါတီခေါင်းဆောင်အနေနဲ့ ဇမ္ဗူသီရိမြို့နယ်အတွင်း ပါတီဝင်များနှင့်တွေ့ဆုံရာမှာ ဒေသန္တရအမိန့် ဖောက်ဖျက်တယ်ဆိုပြီး နေပြည်တော်ဒေသခံ NLD ပါတီဝင်ဟောင်းက ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မရဲစခန်းမှာ ဩဂုတ် ၂၄ ရက်က အမှုဖွင့်တိုင်တန်းခဲ့ပြီး နောက်တစ်ရက်မှာ လူမှုကွန်ရက်မှာပြန့်နှံခဲ့တာပါ။ဒီလိုတိုင်တန်းစဉ်တုန်းက သက်ဆိုင်ရာရဲစခန်းက ရဲအရေးပိုင်တဲ့ အမှုမဟုတ်လို့ အမှုဖွင့်လှစ်ပေးခဲ့ခြင်းမရှိခဲ့ပါဘူး။ဩဂုတ် ၂၅ ရက်က လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့တဲ့ ရုံးစာအတုမှာ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုလာသောကိစ္စနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိစေရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့များသို့ တိုင်ကြားလာသည်များရှိခဲ့လျှင် အရေးယူဆောင်ရွက်ပေးနိုင်ခြင်း မပြုစေရေးအတွက် အထူးဂရုပြုဆောင်ရွက်သွားရန် ညွှန်ကြားကြောင်း ဖော်ပြထားတဲ့စာပါ။ဒီရုံးစာအတုနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ‘‘အဆိုပါကိစ္စနှင့်စပ်လျဉ်း၍  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ညွှန်ကြားချက်၊ အမိန့်တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်’’ ဆိုပြီး ပြန်လည်ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

ဒီရုံးစာအတုထွက်ပြီး နောက်နှစ်ရက်အကြာ ဩဂုတ် ၂၇ ရက် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုဘဲ မြို့လှမြို့ဒေသခံတစ်ဦးက ထပ်တိုင်ခဲ့ပါတယ်။အဆိုပါတိုင်ကြားချက်ထဲမှာ ဩဂုတ် ၁၉ ရက်က ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ NLD ပါတီဝင်များထံ လိုက်လံတွေ့ဆုံခြင်းကို ခွင့်ပြုကာလမဟုတ်သဖြင့် တရားမဲ့ပြုကျင့်မှု ကျူးလွန်ခြင်းနှင့် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကိုဖောက်ဖျက်ခြင်းလို့ဆိုပြီး ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) ရဲစခန်းကိုဘဲ လာရောက်တိုင်တန်းခဲ့တာပါ။ရဲစခန်းကတော့ ရဲအရေးပိုင်တဲ့ အမှုမဟုတ်လို့ အမှုဖွင့်လှစ်ပေးခဲ့ခြင်းမရှိခဲ့ပါဘူး။ဒီလိုတိုင်တန်းမှုတွေက ရွေးကောက်ပွဲနီးလာလေ မြင်ရများလာနိုင်တဲ့အတွက် ဘယ်ပါတီတွေ ထပ်အတိုင်ခံရဦးမလဲ၊ ဒါမှမဟုတ် သည်းခံလွန်းတဲ့ အာဏာရပါတီဘဲ ထပ်တိုင်ခံနေရဦးမလားဆိုတာ ဆက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ မြန်မာနိုင်ငံကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးလာရောက်ခဲ့ပြီး နိုင်ငံတော်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ဆုံပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါအလွန် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့ရေးအတွက် ဂျပန်အစိုးရက ကူညီမည့်အခြေအနေအပါအဝင် နှစ်နိုင်ငံကိစ္စရပ်များကို ဆွေးနွေးခဲ့သလို  မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဂျပန်က ဆက်လက်ရပ်တည်ထောက်ခံရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ယခုခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ ဆုံခဲ့တာကိုလည်း တွေ့ရပါတယ်။

မြန်မာ့စီးပွားရေးနဲ့ပတ်သက်ပြီး ယခုရက်ထဲမှာ ထူးခြားမှုတွေရှိခဲ့ပါသေးတယ်။မြန်မာနဲ့ အဓိကနယ်စပ်ကုန်သွယ်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံက မြန်မာနယ်စပ် ရွှေလီ၊ ကျယ်ဂေါင်ရှိ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံထားသော ကုန်တင်ကားဂိတ်၊ အမြန်ချောပို့လုပ်ငန်းများနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းတွေကို ယခုရက်ထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်အရဆိုရင်  လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားနဲ့ အစုစပ် ၅၀ ရာခိုင်နှုန်း လုပ်ကိုင်ခြင်း၊ တရုတ်နိုင်ငံသား အမည်ခံမှသာလျှင် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်လို့ မြန်မာနိုင်ငံသား အမည်ခံလုပ်ငန်းတွေ ပိတ်သိမ်းရဖို့များနေပါတယ်။ဒီလိုပိတ်သိမ်းရရင် မြန်မာနိုင်ငံထဲက တရုတ်နဲ့ဆက်နွယ်နေတဲ့ အွန်လိုင်းရှော့ပင်းလို လုပ်ငန်းတွေကအစ ထိခိုက်ဖွယ်ရှိနေပါတယ်။နောက်ထပ်စိတ်ဝင်စားစရာ သတင်းတစ်ခုကတော့ ဩဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန်ရဲ့ နာမည်ပျက်စာရင်းထဲမှာ ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ကိုင်ခွင့်ရထားသည့် တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီ ပါသွားခဲ့တာပါဘဲ။

ကိုဗစ်ကာလမှာ တခြားကဏ္ဍတွေထိခိုက်တာမဆိုနဲ့။ပုံမှန်ဖွင့်နေတဲ့ အစိုးရအောင်ဘာလေထီတောင် ရောင်းချရမှုလျော့ကျတဲ့အတွက် ယခင်လချီးမြှင့်တဲ့ ဆုကြေးထက် ကျပ်သန်း ၁၅၀၀ ခန့် လျော့နည်းမယ်လို့ ထုတ်ပြန်ခဲ့တာကိုတွေ့ရပါတယ်။ယခုရက်ထဲမှာဘဲ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ အခွန်စည်းကြပ်မှုကနေလွတ်ကင်းနေတဲ့ ဝင်ငွေတွေအပေါ် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ အခွန်သက်သာခွင့်ဆက်ပေးဖို့ ဆုံးဖြတ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ဒီရက်ထဲမှာဘဲ တောင်ကိုရီးယားနဲ့ ဂျပန်ကို လုပ်သားတွေပြန်စေလွှတ်ဖို့ သက်ဆိုင်ရာဘက်က လုပ်ဆောင်နေတာတွေကိုလည်းတွေ့ရပါတယ်။မြန်မာလုပ်သားတွေ အများစုသွားရောက်တဲ့ ထိုင်းမှာတော့ မြန်မာဘက်မှာ ဗိုင်းရပ်စ်တွေ့ရှိမှုမြင့်တက်နေတဲ့အတွက် သောင်ရင်းမြစ်ကမ်းတစ်လျှောက် မြန်မာဘက်မှခိုးဝင်လာသူများ မရှိစေရေးအတွက် ထိုင်းဘက်က လုံခြုံရေးတင်းကြပ်ထားသလို ဒုစရိုက်မှုကျူးလွန်ရန် ခိုးဝင်လာပါက ပစ်ခတ်ဖမ်းဆီးရန် ညွှန်ကြားထားတယ်ဆိုပါတယ်။ကိုဗစ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ အခြားသောကဏ္ဍတွေမှာ နိုင်ငံတိုင်းက ကိုယ်ကျိုးစီးပွားကို မိမိရရကာကွယ်နေကြတဲ့အတွက် ရှေ့လျှောက် ပြည်တွင်းကအခွင့်ထူးခံတွေနဲ့ ကိုယ်ကျိုးသမားတွေကြောင့် မညီမညွတ်ဖြစ်နေတဲ့ မြန်မာ့စီးပွားရေးနဲ့ နိုင်ငံရေး၊ လုံခြုံရေးတွေကတော့ စိတ်လေးစရာဘဲဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
သြဂုတ် - ၃၁

( Zawgyi )

ယခုရက္သတၱပတ္အတြင္း သတင္းေတြထဲမွာ ရခိုင္ျပည္နယ္ထဲမွာျဖစ္ေနတဲ့ ကိုဗစ္ ၁၉ ကူးစက္ေရာဂါသတင္းက ထိပ္တန္းအာ႐ုံစိုက္ရတဲ့ သတင္းျဖစ္ခဲ့ပါတယ္။အထူးသျဖင့္ ရခိုင္ျပည္နယ္ထဲကေန အေျခခ်သူေတြအလာမ်ားၿပီး အကူးအသန္းမ်ားတဲ့ ရန္ကုန္မွာ ရခိုင္ျပည္နယ္အတြင္း ပိုးေတြ႕လူနာမ်ားလာျခင္းက ထိတ္လန႔္စရာျဖစ္လာခဲ့သလို ကူးစက္ေရာဂါေၾကာင့္ ရန္ကုန္အေျခအေနက ယခင္နဲ႔မတူဘဲ ေျပာင္းလဲလာခဲ့ပါတယ္။ဒီလိုေျပာင္းလဲမႈသတင္းေတြနဲ႔အတူ သမၼတကိုယ္တိုင္ဦးစီးၿပီး မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးကို ဦးေဆာင္လုပ္ေနခ်ိန္မွာ ရွမ္းအေရွ႕မွာ က်ပ္ (၃၂) ဘီလ်ံတန္ဖိုးရွိ မူးယစ္ေဆးေတြဖမ္းမိတဲ့ သတင္းကလည္း ထိတ္လန႔္တုန္လႈပ္စရာျဖစ္ခဲ့ပါတယ္။ဒါ့အျပင္ မူဆယ္တစ္ဘက္ က်ယ္ေဂါင္မွာ ျမန္မာဘက္ကလာေရာက္လုပ္ကိုင္တဲ့ ကုန္စည္ပို႔ေဆာင္ေရးဂိတ္ေတြကို တ႐ုတ္ဘက္က ပိတ္သိမ္းဖို႔လုပ္ေနတဲ့ သတင္းေတြကလည္း ျမန္မာႏိုင္ငံအတြင္းက အြန္လိုင္းေရွာ့ပင္းလုပ္ေနတဲ့ လုပ္ငန္းေတြအပါအဝင္ တ႐ုတ္ကုန္စည္တင္သြင္းတဲ့သူေတြအတြက္ ေစာင့္ၾကည့္ေနရတဲ့ သတင္းျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ ထူးဆန္းတဲ့သတင္းေတြအျဖစ္ သတိထားမိတဲ့သတင္းေတြက မႏၲေလးၿမိဳ႕သာ ေဆးေျခာက္စိုက္ခင္းေၾကာင့္ ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္ခံထားရတဲ့ စိုက္ခင္းမန္ေနဂ်ာကို တိုင္းတရားလႊတ္ေတာ္မွ ေထာင္ ၁၀ ႏွစ္ ေလွ်ာ့ေပါ့ျပစ္ဒဏ္ ျပင္ဆင္ခ်မွတ္လိုက္တဲ့သတင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္မွာ တရားမဝင္အကြက္႐ိုက္လမ္းခ်ဲ႕ ေျမာင္းတူးေဖာ္မႈေတြေၾကာင့္  ဓာတ္တိုင္ ၁၃၃ တိုင္လဲက်လို႔  ဓာတ္အားျပတ္ေတာက္ကုန္တဲ့သတင္း၊ က်ိဳက္မေရာၿမိဳ႕နယ္မွာ မိုးႀကိဳးပစ္ခံရလို႔ ေခ်ာင္းႏွစ္ခြေက်း႐ြာရွိ ႏွစ္ထပ္ေက်ာင္းေဆာင္ မီးေလာင္ခဲ့တဲ့သတင္း၊ ၿပီးခဲ့သည့္ႏွစ္က ျပဳလုပ္ခဲ့တဲ့ ကရင္အာဇာနည္ေန႔ အခမ္းအနားကို တက္ေရာက္ဝန္းရံခဲ့တဲ့ မစိန္ေထြး ကို ၿငိမ္းစုစီပုဒ္မ ၁၉ ျဖင့္ ေထာင္ဒဏ္ ၁၅ ရက္ ခ်မွတ္ခဲ့တဲ့သတင္း၊ နာမည္ႀကီး အဆိုၿပိဳင္ပြဲဝင္ အဆိုေတာ္တစ္ဦး ပုဒ္မ-၃၇၇ ျဖင့္ အမႈဖြင့္ဖမ္းဆီးအေရးယူခံရတဲ့သတင္း၊ ေ႐ႊကုကၠိဳၿမိဳ႕သစ္စီမံကိန္းကို ျမန္မာအစိုးရက တရားဥပေဒႏွင့္အညီ ေျဖရွင္းေနတဲ့အေပၚ ေထာက္ခံအားေပးေၾကာင္း တ႐ုတ္သံ႐ုံးက ထုတ္ျပန္ခဲ့တဲ့သတင္း၊ ၂၀၂၀ -၂၀၂၁ ဘ႑ာႏွစ္အတြက္ စည္းၾကပ္မႈမွကင္းလြတ္ေနတဲ့ ဝင္ေငြအခြန္ကို ယခင္ႏွစ္ထက္ပိုမိုတိုးျမႇင့္ကာ ေကာက္ခံရန္ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳခဲ့တဲ့သတင္း၊ ျပည္ၿမိဳ႕ရွိ ေ႐ႊဆိုင္တစ္ဆိုင္ထဲဝင္ေရာက္ၿပီး အႏုၾကမ္းစီးခဲ့တဲ့ လူငယ္ႏွစ္ေယာက္ကို ျပည္သူနဲ႔ ရဲတပ္ဖြဲ႕တို႔ ပူးေပါင္းဖမ္းဆီးခဲ့တဲ့သတင္း၊ ေျမာက္ပိုင္း ၄ ဖြဲ႕ႏွင့္ ေဆြးေႏြးပြဲမွာ ေအေအကို အပါဝင္ခံရင္ အပစ္ရပ္ေဆြးေႏြးပြဲ လ်င္ျမန္စြာျဖစ္လာမယ္ဆိုတဲ့ သတင္းေတြကလည္း ဖတ္ရသူေတြကို စိတ္ဝင္စားစရာျဖစ္ခဲ့ပါတယ္။

ရခိုင္နဲ႔ ကိုဗစ္၊ ေကာလာဟလနဲ႔ လူမဆန္သူမ်ား

ယခုရက္သတၱပတ္ထဲမွာဘဲ ရခိုင္ျပည္နယ္အတြင္း ကိုဗစ္ ၁၉ ကူးစက္ခံရသူအေရအတြက္က မယုံၾကည္ႏိုင္စရာေကာင္းေလာက္ေအာင္ ထိုးတက္ခဲ့ပါတယ္။ဩဂုတ္လ ၁၆ ရက္မွာ စစ္ေတြက ပုဂၢလိကဘဏ္တစ္ခုက ဝန္ထမ္းတစ္ဦးဆီမွာ စတင္ေတြ႕ခဲ့ရတဲ့ ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ကူးစက္မႈဟာ အခ်ိန္တိုကာလအတြင္း မ်ားျပားစြာေတြ႕ ရွိကူးစက္ခဲ့ပါတယ္။ ၁၅ ရက္ဝန္းက်င္ျဖစ္တဲ့ ဩဂုတ္ ၃၀ ရက္အထိ ရခိုင္ျပည္နယ္အတြင္းမွာ ကူးစက္ခံရသူေပါင္း ၃၁၅ ဦးထိ ရွိလာခဲ့ပါတယ္။ဒါဟာ ျမန္မာႏိုင္ငံတစ္ဝန္လုံး ကိုဗစ္ပထမလႈိင္းလို႔ေခၚတဲ့ ယခုႏွစ္အေစာပိုင္းကေန မၾကာေသးတဲ့ ဩဂုတ္လ ပထမအပတ္အထိ တစ္ႏိုင္ငံလုံးကူးစက္ခံရသူ ၄၀၀ ေက်ာ္ကို ၁၅ ရက္တည္းနဲ႔မီခဲ့တဲ့ အေနအထားပါ။

အထူးသျဖင့္ ရခိုင္နဲ႔ထိစပ္ေနတဲ့ ဘဂၤလားေဒ့ရွ္မွာက ကူးစက္မႈကိုထိန္းမႏိုင္သိမ္းမရျဖစ္ေနၿပီး ဩဂုတ္ ၃၀ ရက္ေန႔အထိ ကူးစက္ခံရသူ သုံးသိန္းေက်ာ္နဲ႔ ေသဆုံးသူ ၄၂၀၀ ေက်ာ္ရွိခဲ့ကာ ကမာၻျဖစ္ပြားမႈအမ်ားဆုံး အဆင့္ ၁၅ ေနရာထိ ေရာက္ေနခဲ့ပါတယ္။ဒီလိုကူးစက္မႈျမင့္မားေနတဲ့ႏိုင္ငံနဲ႔ နယ္နိမိတ္ထိစပ္ေနတဲ့ ရခိုင္ျပည္နယ္အတြင္း ဘယ္လိုပဲပိတ္ထားသည့္ျဖစ္ေစ ရေအာင္ကူးသန္းေနတဲ့ ကုန္သည္ေတြနဲ႔ အေရာင္းအဝယ္သမားေတြေၾကာင့္ ကူးစက္မႈက အနည္းနဲ႔အမ်ားဆိုသလိုရွိမွာ အမွန္ပါဘဲ။အဓိကအားျဖင့္ အသြားအလာမ်ားၿပီး ကူးစက္ခံရလို႔ခံရမွန္းမသိတဲ့ ေရာဂါသယ္ေဆာင္သူေတြေၾကာင့္ ယခုလိုမ်ားလာခဲ့ရတာလည္းျဖစ္ပါတယ္။ဒီလိုကူးစက္ခံရမႈေတြ ရာနဲ႔ခ်ီၿပီးမျဖစ္ခင္ကတည္းက ဟိုဘက္ကေနဝင္လာတဲ့သူေတြမွာ ကူးစက္ခံထားရတာကို ေတြ႕ထားသလို တခ်ိဳ႕လည္း လြတ္ထြက္သြားႏိုင္တာေတြရွိႏိုင္တဲ့အတြက္ အားလုံးက ဒီလိုျဖစ္လာမွာကို ေၾကာင့္ၾကေနၾကတာျဖစ္ပါတယ္။

က်န္းမာေရးပညာရွင္ေတြ စိုးရိမ္ေနၾကတာက ေရာဂါအမွတ္စဥ္ ၃၇၅ မေပၚခင္ကတည္းက ျပည္သူေတြထဲ ဘယ္ေလာက္ထိ ဒီဗိုင္းရပ္စ္မ်ိဳးကြဲက ကူးစက္ေနၿပီလဲဆိုတာပါဘဲ။ယခု စစ္ေတြမွာေတြ႕ေနရတဲ့ ကို႐ိုနာ‌ဗိုင္းရပ္စ္မ်ိဳးက ပထမေတြ႕ရွိတဲ့ ကူးစက္ခံရသူေတြလိုမဟုတ္ဘဲ အရမ္းႀကီးျပင္းထန္မႈမရွိသလို ေဆး႐ုံမွာၾကပ္မတ္ကုသရေလာက္ေအာင္ အသက္ရႉလမ္းေၾကာင္းျပႆနာလဲမရွိပါဘူး။ဒါေပမယ့္ ေဆးသုေတသနဦးစီးဌာနကေန ရခိုင္ျပည္နယ္မွ ဓာတ္ခြဲနမူနာ (၉) ခုလုံးကို ကနဦးစစ္ေဆးရာမွာ COVID -19 ေရာဂါပိုး၏ မ်ိဳးဗီဇအစိတ္အပိုင္းတစ္ခုက ေျပာင္းလဲေနတာကိုေတြ႕ရွိရၿပီး ဒီလိုေျပာင္းလဲမႈေၾကာင့္ ကူးစက္ႏူန္းျမန္ေနရတယ္လို႔ ယူဆေၾကာင္း က်န္းမာေရးဝန္ႀကီးက ၾသဂုတ္ ၂၉ ရက္ နံနက္ပိုင္းမွာ ေျပာခဲ့ပါတယ္။ဒီအတြက္ ကပ္ေရာဂါ၏ သေဘာ သဘာဝအရ ရက္အနည္းၾကာ ဆက္လက္မ်ားျပားႏိုင္ၿပီး ထိန္းခ်ဳပ္မႈလုပ္ငန္းမ်ားကို အထူးဝါယမစိုက္ထုတ္၍ လုပ္ေဆာင္ေနလို႔ ေရာဂါျဖစ္ပြားမႈအရွိန္က မၾကာခင္ကာလမွာ ေႏွးေကြးသြားႏိုင္မယ္လို႔ယူဆေၾကာင္း ဝန္ႀကီးကေျပာခဲ့ပါတယ္။

ကူးစက္မႈႏူန္းက ဝန္ႀကီးေျပာသလိုပါဘဲ ဒီရက္ပိုင္းမွာ အေတာ္ေလးကို ထိုးတက္ေနခဲ့ပါတယ္။ဩဂုတ္ ၃၀ ရက္အထိ စာရင္းအရဆိုရင္ ရခိုင္မွာ ၃၁၅ ဦး ကူးစက္ခံရၿပီး စစ္ေတြမွာ (၁၇၄) ဦး၊ ေက်ာက္ျဖဴ မွာ (၅၀) ဦး၊ ေမာင္ေတာမွာ (၁၉) ဦး၊ ေျမာက္ဦးမွာ (၁၈) ဦး၊ ေပါက္ေတာမွာ (၁၄) ဦး၊ သံတြဲမွာ (၈) ဦး၊ ေက်ာက္ေတာ္မွာ (၇) ဦး၊ ေျမပုံမွာ (၇) ဦး၊ ဘူးသီးေတာင္မွာ (၆) ဦး၊ မင္းျပားမွာ (၅) ဦး၊ ေတာင္ကုတ္မွာ (၂) ဦး၊ အမ္းမွာ (၂) ဦး၊ ပုဏၰားကြၽန္းမွာ (၁) ဦး၊ ဂြမွာ (၁) ဦး၊ မာန္ေအာင္မွာ (၁) ဦး ရွိခဲ့ပါတယ္။ဒီရက္ထဲမွာ တစ္ရက္အတြင္း ကူးစက္ခံရသူ ၉၀ အထိရွိခဲ့သလို ကူးစက္ခံရသူေတြထဲ အသက္အႀကီးဆုံး ၉၀ ကေန အငယ္ဆုံး လသားအထိ ပါဝင္လာခဲ့ပါတယ္။ကူးစက္မႈက ရခိုင္ျပည္နယ္ စစ္ေတြမွာတင္မကေတာ့ဘဲ ျပည္နယ္အတြင္း စစ္ေတြအပါအဝင္ ၁၅ ၿမိဳ႕နယ္အထိ ကူးစက္ျပန႔္ပြားခဲ့ပါတယ္။

ဒီလိုကူးစက္မႈကေန လူဦးေရ ၁၁ သန္းရွိတဲ့ စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္အထိေရာက္လာခဲ့ရင္ဆိုတာ က်န္းမာေရးအာဏာပိုင္ေတြသာမက စီးပြားေရးလုပ္ငန္းရွင္ေတြ၊ ရန္ကုန္ၿမိဳ႕ခံေတြအတြက္ မေတြးဝံ့စရာပါ။ရန္ကုန္မွာက ျပည္နယ္ေပါင္းစုံနဲ႔ အကူးအသန္းမ်ားၿပီး ဒီလိုကူးစက္ျမန္တဲ့ႏူန္းနဲ႔ဆိုရင္ ထိန္းခ်ဳပ္ရခက္မယ္ဆိုတာကို အားလုံးကသတိထားမိေနၾကပါတယ္။ဒါေၾကာင့္လည္း ရခိုင္ျပည္နယ္ကို အလ်င္အျမန္ Stay at Home အစီအစဥ္ခ်မွတ္ၿပီး ထိန္းခ်ဳပ္ခဲ့သလို ရခိုင္ကို ျပည္မကေနလာေရာက္ခဲ့သူေတြကို ေျခရာခံႏိုင္ဖို႔ ေတာက္ေလွ်ာက္လုပ္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။ပိုးရဲ႕သေဘာသဘာ၀က ယခင္လိုျပင္းထန္ျခင္းမရွိသလို ကူးစက္ခံရမွန္းလည္း မသိႏိုင္ဘဲ ေရာဂါလကၡဏာေပၚမွ ကိုယ့္မွာကူးစက္ခံရမွန္းသိတဲ့အတြက္ ကူးစက္ခံရမွန္းမသိခင္ ၾကားကာလမွာ သာမန္သြားၾကလာၾက ေနၾကစားၾကမွာျဖစ္တဲ့အတြက္ ပိုးကူးစက္ျပန႔္ပြားေအာင္ သယ္ေဆာင္သူျဖစ္မွန္းမသိ ျဖစ္ႏိုင္တဲ့အတြက္ အေျခအေနက အေတာ္ေလးကိုစိုးရိမ္စရာပါ။ပိုးကလည္း Air Bomb သေဘာမ်ိဳးလို ျဖစ္ေနတဲ့အတြက္ ရခိုင္ကိုလာေရာက္ခဲ့သူမွန္သမွ်ကိ စစ္ၿပီး ေစာင့္ၾကည့္ရမယ့္အေနအထား ျဖစ္ခဲ့ပါတယ္။  

ဒါေၾကာင့္လည္း အာဏာပိုင္ေတြဘက္က ရခိုင္ကိုလာေရာက္ခဲ့တဲ့သူေတြကို ေတာက္ေလွ်ာက္ေျခရာခံတဲ့အေနနဲ႔ သက္ဆိုင္ရာျပည္နယ္တိုင္းေဒသေတြမွာ ရခိုင္ကေနျပန္ေရာက္လာတဲ့သူေတြကို သတင္းပို႔ဖို႔နဲ႔ ေဘးပတ္ဝန္းက်င္ကလည္း သက္ဆိုင္ရာကိုအေၾကာင္းၾကားဖို႔ ေဆာ္ဩခဲ့သလို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနကလည္း ဩဂုတ္ ၂၈ ရက္ ရက္စြဲနဲ႔ ရခိုင္ျပည္နယ္ထဲ ဩဂုတ္ ၁၀ ရက္ေနာက္ပိုင္း လာေရာက္သူေတြ အုပ္ခ်ဳပ္ေရး႐ုံးနဲ႔ နီးစပ္ရာက်န္းမာေရးဌာနေတြကို ခ်က္ခ်င္းသတင္းပို႔ဖို႔ ထုတ္ျပန္သတိေပးခဲ့ပါတယ္။ဒါ့အျပင္ ရခိုင္ကေနထြက္လာတဲ့ ခရီးသည္တင္ကားေတြ၊ ကုန္ကားေတြကို ယာယီပိတ္ခဲ့ၿပီး စစ္ေဆးမႈေတြ Quarantine စခန္းေတြကို ပို႔ေဆာင္တာေတြလုပ္ခဲ့ပါတယ္။ဒါ့အျပင္ ေလေၾကာင္းကေန ဩဂုတ္လ (၁၀) ရက္မွ (၂၇) ရက္အတြင္း အျခား တိုင္းေဒသႀကီး/ျပည္နယ္မ်ားသို႔ ေရာက္ရွိသြားသူ (၅,၇၀၀) ဦးေက်ာ္ရွိလို႔ ဩဂုတ္ ၂၉ ရက္မွာ ခရီးသည္စာရင္းကိုထုတ္ျပန္ခဲ့ၿပီး သက္ဆိုင္ရာကို ဆက္သြယ္ဖို႔၊ မဆက္သြယ္ရင္ အေရးယူမယ္လို႔ သတိေပးထုတ္ျပန္ခဲ့တာလည္းရွိခဲ့ပါတယ္။

ရာနဲ႔ခ်ီကူးစက္မႈျဖစ္ေနတဲ့ ရခိုင္ျပည္နယ္အတြင္း ထိန္းခ်ဳပ္မႈေတြ ဖိဖိစီစီးမလုပ္ႏိုင္ရင္ ျပည္မနဲ႔ တျခားထိစပ္ေနတဲ့ ေနရာေဒသေတြအထိ ကူးစက္ႏိုင္တဲ့အတြက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ ဩဂုတ္၂၈ ရက္မွာ လူမႈကြန္ရက္ကေန ဗီဒီယိုကြန္ဖရန႔္စင္းျပဳလုပ္ကာ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ရခိုင္ျပည္နယ္က်န္းမာေရးဦးစီးမႉး၊ စစ္ေတြေရာက္ေနတဲ့  Volunteer တို႔နဲ႔ ျပဳလုပ္တဲ့ အျပန္အလွန္ေဆြးေႏြးပြဲမွာ သက္ဆိုင္ရာနယ္ပယ္အလိုက္ တင္ျပတာကို ေျဖရွင္းေပးခဲ့တာကိုေတြ႕ရပါတယ္။

အထူးသျဖင့္ ျပည္နယ္အတြင္း အသြားအလာနဲ႔ တျခားေဒသေတြအထိ ပိတ္ခဲ့တဲ့အတြက္ ေဒသတြင္း စားနပ္ရိကၡာျပတ္လပ္သြားမွာကို စိုးရိမ္ေနတဲ့ ျပည္သူေတြရွိေနတယ္ဆိုတဲ့ ရခိုင္ဝန္ႀကီးခ်ဳပ္ရဲ႕ တင္ျပမႈအေပၚ ျပည္ေထာင္စုအစိုးရကိုယ္စား ရခိုင္ျပည္နယ္မွာ ရိကၡာမျပတ္ေစရပါဘူးလို႔ ကတိေပးခဲ့သလို လိုတဲ့ရိကၡာေတြကို ရတဲ့နည္းနဲ႔ ျဖစ္ေအာင္ပို႔ေပးပါမယ္လို႔ ေျပာခဲ့တာကိုေတြ႕ရပါတယ္။ဒီလိုက်န္းမာေရးအာဏာပိုင္ေတြနဲ႔ တာဝန္ရွိသူေတြက ကူးစက္မႈမရွိေအာင္၊ ေဒသခံေတြ စားနပ္ရိကၡာျပတ္လပ္မႈမရွိေအာင္ စီမံေနခဲ့ေပမယ္လည္း ဩဂုတ္ ၂၉ ရက္မွာ Stay at Home ေနထိုင္ဖို႔ သတ္မွတ္ထားၿပီး ကူးစက္ျမန္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၇၄ ဦးထိရွိေနတဲ့ စစ္ေတြမွာ ေလာပန္းကိုယ္ေတာ္ဆိုတဲ့သူက ဆန္နဲ႔ဆီေပးမယ္၊ ပိုက္ဆံေပးမယ္ဆိုၿပီး သတင္းမွားေတြကို တစ္ေယာက္ကလႊင့္ထုတ္ခဲ့တဲ့အတြက္ စစ္ေတြ အတုလမာရဇိန္ ျပည္လုံးခ်မ္းသာဘုရားႀကီးမွာ လူစုလူေဝးျဖစ္ခဲ့ပါတယ္။

ဗိုင္းရပ္စ္ေၾကာင့္ လူတစ္ဦးနဲ႔တစ္ဦး ထိေတြ႕မႈမရွိေအာင္ တင္းၾကပ္ေနရခ်ိန္မွာ အခုလိုရည္႐ြယ္ခ်က္ရွိရွိ လူစုလူေဝးျဖစ္ေအာင္၊ ဗိုင္းရပ္စ္ကူးစက္ေအာင္လုပ္တဲ့ လႈံ႕ေဆာ္မႈက အေတာ္ေလးကို လူမဆန္တဲ့လုပ္ရပ္ပါ။ဒီအတြက္ ေကာလာဟလျဖန႔္ခ်ီသူမ်ားကို အေရးယူမည္လို႔ ရခိုင္ျပည္နယ္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးက ေျပာခဲ့ေပမယ့္ ဘယ္သူဘယ္ဝါဆိုတာ ဒီလိုကာလမွာေဖာ္ထုတ္ဖို႔ လြယ္မယ္မထင္ပါဘူး။

ဩဂုတ္ ၃၀ ရက္ မနက္ပိုင္းမွာေတာ့ အေစာပိုင္းက ရခိုင္ wave မွာ ကူးစက္ခံရသူ တစ္ေယာက္စ ႏွစ္ေယာက္စသာရွိခဲ့လို႔ ရင္တမမရွိခဲ့ရတဲ့ ရန္ကုန္က ၁၁ ေယာက္အထိ ႐ုတ္တရက္တိုးခဲ့လို႔ ရန္ကုန္ေနသူေတြ ထိတ္ထိတ္ပ်ာပ်ာျဖစ္ခဲ့ရပါတယ္။ဒီ ၁၁ ေယာက္ထဲမွာ ရခိုင္ကိုသြားလို႔ ကူးစက္လာတဲ့ ကမာ႐ြတ္၊ တာေမြ၊ ေတာင္ဒဂုံ၊ ေျမာက္ဥကၠလာပမွ တစ္ဦးစီက ေနာက္ေၾကာင္းနဲ႔ထိစပ္မႈကို လိုက္လို႔ရေပမယ့္ ခရီးသြားရာဇဝင္လည္းမရွိ၊ ပိုးကူးစက္သူနဲ႔လည္းထိေတြ႕မႈမရွိဘဲ ေရာဂါလကၡဏာတူလို႔ ေစာင့္ၾကည့္ထားတဲ့ အင္းစိန္မွ က်ား၂ ဦး၊ မ ၁ ဦး၊ ေ႐ႊျပည္သာမွ မ တစ္ဦး၊ ေျမာက္ဥကၠလာပမွ မ တစ္ဦး၊ တာေမြႏွင့္ ဒဂုံဆိပ္ကမ္းမွ က်ား တစ္ဦးစီ စုစုေပါင္း ၇ ဦးကေတာ့ ဘယ္ကေန ဘယ္လိုကူးစက္ခံရမွန္းမသိတဲ့ ျပည္တြင္းကူးစက္မႈျဖစ္ေနလို႔ စိုးရိမ္စရာအေျခအေနပါ။ဒီ ၇ ေယာက္နဲ႔ဆိုရင္ ဘယ္ကေနကူးစက္မွန္းမသိဘဲ ကူးစက္ခံထားရသူက ရန္ကုန္မွာ အေတာ္မ်ားေနပါၿပီ။အခုဆိုရင္  ရန္ကုန္ေနျပည္သူေတြနဲ႔ ရခိုင္ျပည္နယ္ကျပည္သူေတြ အပါအဝင္ ျမန္မာႏိုင္ငံတစ္ဝန္းက ျပည္သူေတြအားလုံး ညစဥ္ညတိုင္းနဲ႔ မနက္တိုင္းမွာ က်န္းမာေရးဦးစီးဌာနကထုတ္ျပန္တဲ့ ဗိုင္းရပ္ပိုးေတြ႕ရွိသူစာရင္းကို ရင္တမမနဲ႔ ေစာင့္ၾကည့္ေနရတဲ့အေျခအေနကို ေရာက္ေနခဲ့ပါၿပီ။

ရန္ကုန္လိုေနရာမွာ ဒီလိုမ်ိဳးကြဲဗိုင္းရပ္စ္သာ ျပန္႔ခဲ့မယ္ဆိုရင္ ကူးစက္ျပန႔္ပြားမႈကိုထိန္းႏိုင္ဖို႔ဆိုတာ မလြယ္ကူသလို ထိန္းႏိုင္ဖို႔ကိုဘဲ  အေတာ္ေလးလုပ္ရမွာျဖစ္ပါတယ္။ဒီလိုသာျဖစ္လာခဲ့ရင္ ျပည္တြင္းစီးပြားေရးမွာ ကိုဗစ္ပထမလႈိင္းေၾကာင့္ အထိနာၿပီး စီးပြားေရးနဲ႔ လုပ္ငန္းေတြၿပိဳလဲခဲ့ရတဲ့ လုပ္ငန္းရွင္ေတြ ျပန္နာလံမထူႏိုင္ေတာ့သလို အေထြေထြအက်ပ္အတည္းထိ ျဖစ္လာႏိုင္တဲ့အေနအထားထိ ေရာက္လာႏိုင္ပါတယ္။စစ္ေတြ အတုလမာရဇိန္မွာ လူစုလူေဝးျဖစ္ခဲ့ေအာင္ လုပ္ခဲ့ၾကတဲ့သူေတြရဲ႕ရည္႐ြယ္ခ်က္က ဗိုင္းရပ္ကူးစက္မႈ ထိန္းမႏိုင္သိမ္းမရျဖစ္ေအာင္ ရည္႐ြယ္ခဲ့တာဆိုရင္ ဒါဟာ သတိထားရေတာ့မယ့္ အေျခအေနပါဘဲ။ဒီအတြက္ တခ်ိဳ႕သူေတြမွာ ဗိုင္းရပ္စ္ျပန႔္ပြားၿပီး တိုင္းျပည္မတည္ၿငိမ္ေအာင္လုပ္ဖို႔ ယုတ္မာတဲ့အႀကံအစည္ေတြရွိခဲ့တယ္ဆိုရင္ မျဖစ္ေျမာက္ေအာင္၊ ကိုယ့္မိသားစုရဲ႕ က်န္းမာေရးကိုလည္း ေစာင့္ေရွာက္ရာေရာက္ေအာင္၊ ျပည္သူကတင္ေျမႇာက္တဲ့အစိုးရကို ကူညီရာလည္းေရာက္ေအာင္ တစ္ပိုင္တစ္ႏိုင္အသိနဲ႔ က်န္းမာေရးဌာနက ၫႊန္ၾကားခ်က္ေတြကို တေသြမတိုင္းလိုက္နာတာက လုပ္သင့္တဲ့ တိုင္းႀကီးျပည္ႀကီးသားေတြရဲ႕ အလုပ္ပါ။ဒီအတြက္ ဆိုး႐ြားတဲ့ဗိုင္းရပ္စ္ေဘး ျပည္မထိ တေက်ာ့ျပန္ပ်ံ႕ႏွံ႔လာတာကို လူ႔အသက္ အဖိတ္အစင္မရွိေအာင္၊ စီးပြားေရးေတြ မၿပိဳလဲေအာင္ ျပည္သူအားနဲ႔ ပထမလႈိင္းကလိုဘဲ ဘယ္လိုတက္ညီလက္ညီ ေက်ာ္လႊားႏိုင္မလဲဆိုတာ ေရွ႕ရက္ေတြမွာ ေစာင္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲ၊ မူးယစ္ေဆးဝါးႏွင့္ သတင္းတု သတင္းေယာင္

လာမည့္ ႏိုဝင္ဘာ ၈ ရက္မွာ ျပဳလုပ္မည့္ အေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္လႈပ္ရွားရမယ့္ကာလျဖစ္တဲ့ စက္တင္ဘာလအတြင္းမွာ ယခင္ ၂၀၁၅ ခုႏွစ္ကလို ေအာက္ေျခအထိဆင္းၿပီး မဲဆြယ္ဖို႔ဆိုတာ လတ္တေလာျဖစ္ေနတဲ့ ကိုဗစ္ ၁၉ ကူးစက္ေရာဂါေၾကာင့္ ျဖစ္ႏိုင္ေျခအေတာ္ေလးကိုနည္းေနၿပီ ျဖစ္ပါတယ္။ဒီအတြက္ လူမႈကြန္ရက္ကေနတစ္ဆင့္ ထိေတြ႕မႈေတြ၊ ပါတီဝင္ေတြဆီထိ သြားေရာက္ၿပီး စည္း႐ုံးမႈေတြကို က်န္းမာေရးသတ္မွတ္ခ်က္နဲ႔အညီ စည္း႐ုံးေရးလုပ္ရမယ့္အေျခအေနပါ။

ဒီရက္ပိုင္းမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကို ရည္႐ြယ္တိုက္ခိုက္တဲ့ ႐ုံးစာအတုတစ္ေစာင္ လူမႈကြန္ရက္မွာ ျပန္႔ႏွံ႔လာတဲ့အတြက္ သက္ဆိုင္ရာ ျပည္ေထာင္စုအစိုးရအဖြဲ႕က ႐ုံးစာအတုျဖစ္ေၾကာင္း ထုတ္ျပန္ရတဲ့အထိျဖစ္ခဲ့ပါတယ္။ဒီစာကလည္း မၾကာခင္က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ပါတီေခါင္းေဆာင္အေနနဲ႔ ဇမၺဴသီရိၿမိဳ႕နယ္အတြင္း ပါတီဝင္မ်ားႏွင့္ေတြ႕ဆုံရာမွာ ေဒသႏၲရအမိန႔္ ေဖာက္ဖ်က္တယ္ဆိုၿပီး ေနျပည္ေတာ္ေဒသခံ NLD ပါတီဝင္ေဟာင္းက ဇမၺဴသီရိၿမိဳ႕နယ္ အမွတ္ (၁) ၿမိဳ႕မရဲစခန္းမွာ ဩဂုတ္ ၂၄ ရက္က အမႈဖြင့္တိုင္တန္းခဲ့ၿပီး ေနာက္တစ္ရက္မွာ လူမႈကြန္ရက္မွာျပန႔္ႏွံခဲ့တာပါ။ဒီလိုတိုင္တန္းစဥ္တုန္းက သက္ဆိုင္ရာရဲစခန္းက ရဲအေရးပိုင္တဲ့ အမႈမဟုတ္လို႔ အမႈဖြင့္လွစ္ေပးခဲ့ျခင္းမရွိခဲ့ပါဘူး။ဩဂုတ္ ၂၅ ရက္က လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနခဲ့တဲ့ ႐ုံးစာအတုမွာ ႏိုင္ငံေတာ္သမၼတ႐ုံး၏ ၫႊန္ၾကားခ်က္အရ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အား တရားစြဲဆိုလာေသာကိစၥႏွင့္ပတ္သက္၍ အေရးယူေဆာင္႐ြက္ႏိုင္ျခင္းမရွိေစေရး၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမ်ားႏွင့္ ျမန္မာႏိုင္ငံျပည္သူ႔ရဲတပ္ဖြဲ႕မ်ားသို႔ တိုင္ၾကားလာသည္မ်ားရွိခဲ့လွ်င္ အေရးယူေဆာင္႐ြက္ေပးႏိုင္ျခင္း မျပဳေစေရးအတြက္ အထူးဂ႐ုျပဳေဆာင္႐ြက္သြားရန္ ၫႊန္ၾကားေၾကာင္း ေဖာ္ျပထားတဲ့စာပါ။ဒီ႐ုံးစာအတုနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာနက ‘‘အဆိုပါကိစၥႏွင့္စပ္လ်ဥ္း၍  အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနအေနျဖင့္ ၫႊန္ၾကားခ်က္၊ အမိန႔္တစ္စုံတစ္ရာထုတ္ျပန္ထားျခင္း မရွိပါေၾကာင္း အသိေပးေၾကညာအပ္ပါသည္’’ ဆိုၿပီး ျပန္လည္ထုတ္ျပန္ခဲ့တာကို ေတြ႕ရပါတယ္။

ဒီ႐ုံးစာအတုထြက္ၿပီး ေနာက္ႏွစ္ရက္အၾကာ ဩဂုတ္ ၂၇ ရက္ မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ကိုဘဲ ၿမိဳ႕လွၿမိဳ႕ေဒသခံတစ္ဦးက ထပ္တိုင္ခဲ့ပါတယ္။အဆိုပါတိုင္ၾကားခ်က္ထဲမွာ ဩဂုတ္ ၁၉ ရက္က ဇမၺဴသီရိၿမိဳ႕နယ္ ေ႐ႊၾကာပင္ရပ္ကြက္ရွိ NLD ပါတီဝင္မ်ားထံ လိုက္လံေတြ႕ဆုံျခင္းကို ခြင့္ျပဳကာလမဟုတ္သျဖင့္ တရားမဲ့ျပဳက်င့္မႈ က်ဴးလြန္ျခင္းႏွင့္ က်န္းမာေရးဌာန၏ ၫႊန္ၾကားခ်က္မ်ားကိုေဖာက္ဖ်က္ျခင္းလို႔ဆိုၿပီး ဇမၺဴသီရိၿမိဳ႕နယ္ အမွတ္ (၁) ရဲစခန္းကိုဘဲ လာေရာက္တိုင္တန္းခဲ့တာပါ။ရဲစခန္းကေတာ့ ရဲအေရးပိုင္တဲ့ အမႈမဟုတ္လို႔ အမႈဖြင့္လွစ္ေပးခဲ့ျခင္းမရွိခဲ့ပါဘူး။ဒီလိုတိုင္တန္းမႈေတြက ေ႐ြးေကာက္ပြဲနီးလာေလ ျမင္ရမ်ားလာႏိုင္တဲ့အတြက္ ဘယ္ပါတီေတြ ထပ္အတိုင္ခံရဦးမလဲ၊ ဒါမွမဟုတ္ သည္းခံလြန္းတဲ့ အာဏာရပါတီဘဲ ထပ္တိုင္ခံေနရဦးမလားဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဒီရက္ပိုင္းမွာ ျမန္မာႏိုင္ငံကို ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးလာေရာက္ခဲ့ၿပီး ႏိုင္ငံေတာ္ထိပ္ပိုင္းေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ ေတြ႕ဆုံပြဲမွာ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးက ကိုဗစ္-၁၉ ကပ္ေရာဂါအလြန္ ျမန္မာ့စီးပြားေရး ျပန္လည္ဦးေမာ့ေရးအတြက္ ဂ်ပန္အစိုးရက ကူညီမည့္အေျခအေနအပါအဝင္ ႏွစ္ႏိုင္ငံကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့သလို  ျမန္မာ့ဒီမိုကေရစီအသြင္ကူးေျပာင္းေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ ဂ်ပန္က ဆက္လက္ရပ္တည္ေထာက္ခံေရးတို႔ကို ထည့္သြင္းေဆြးေႏြးခဲ့တာကို ေတြ႕ရပါတယ္။ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ယခုခရီးစဥ္အတြင္း ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ေတြ႕ ဆုံခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ျမန္မာ့စီးပြားေရးနဲ႔ပတ္သက္ၿပီး ယခုရက္ထဲမွာ ထူးျခားမႈေတြရွိခဲ့ပါေသးတယ္။ျမန္မာနဲ႔ အဓိကနယ္စပ္ကုန္သြယ္ဘက္ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံက ျမန္မာနယ္စပ္ ေ႐ႊလီ၊ က်ယ္ေဂါင္ရွိ ျမန္မာႏိုင္ငံသားမ်ား ရင္းႏွီးျမႇဳပ္ႏွံထားေသာ ကုန္တင္ကားဂိတ္၊ အျမန္ေခ်ာပို႔လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ စည္းမ်ဥ္းစည္းကမ္းေတြကို ယခုရက္ထဲမွာ ထုတ္ျပန္ခဲ့ပါတယ္။
ထုတ္ျပန္ခ်က္အရဆိုရင္  လုပ္ငန္းေတြမွာ တ႐ုတ္ႏိုင္ငံသားနဲ႔ အစုစပ္ ၅၀ ရာခိုင္ႏႈန္း လုပ္ကိုင္ျခင္း၊ တ႐ုတ္ႏိုင္ငံသား အမည္ခံမွသာလွ်င္ လုပ္ကိုင္ခြင့္ျပဳမည္ျဖစ္လို႔ ျမန္မာႏိုင္ငံသား အမည္ခံလုပ္ငန္းေတြ ပိတ္သိမ္းရဖို႔မ်ားေနပါတယ္။ဒီလိုပိတ္သိမ္းရရင္ ျမန္မာႏိုင္ငံထဲက တ႐ုတ္နဲ႔ဆက္ႏြယ္ေနတဲ့ အြန္လိုင္းေရွာ့ပင္းလို လုပ္ငန္းေတြကအစ ထိခိုက္ဖြယ္ရွိေနပါတယ္။ေနာက္ထပ္စိတ္ဝင္စားစရာ သတင္းတစ္ခုကေတာ့ ဩဂုတ္ ၂၆ ရက္မွာ ထုတ္ျပန္ခဲ့တဲ့ အေမရိကန္ရဲ႕ နာမည္ပ်က္စာရင္းထဲမွာ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း လုပ္ကိုင္ခြင့္ရထားသည့္ တ႐ုတ္အစိုးရပိုင္ CCCC ကုမၸဏီ ပါသြားခဲ့တာပါဘဲ။

ကိုဗစ္ကာလမွာ တျခားက႑ေတြထိခိုက္တာမဆိုနဲ႔။ပုံမွန္ဖြင့္ေနတဲ့ အစိုးရေအာင္ဘာေလထီေတာင္ ေရာင္းခ်ရမႈေလ်ာ့က်တဲ့အတြက္ ယခင္လခ်ီးျမႇင့္တဲ့ ဆုေၾကးထက္ က်ပ္သန္း ၁၅၀၀ ခန႔္ ေလ်ာ့နည္းမယ္လို႔ ထုတ္ျပန္ခဲ့တာကိုေတြ႕ရပါတယ္။ယခုရက္ထဲမွာဘဲ က်င္းပျပဳလုပ္ခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ အခြန္စည္းၾကပ္မႈကေနလြတ္ကင္းေနတဲ့ ဝင္ေငြေတြအေပၚ လာမည့္ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္မွာ အခြန္သက္သာခြင့္ဆက္ေပးဖို႔ ဆုံးျဖတ္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။ဒီရက္ထဲမွာဘဲ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ကို လုပ္သားေတြျပန္ေစလႊတ္ဖို႔ သက္ဆိုင္ရာဘက္က လုပ္ေဆာင္ေနတာေတြကိုလည္းေတြ႕ရပါတယ္။ျမန္မာလုပ္သားေတြ အမ်ားစုသြားေရာက္တဲ့ ထိုင္းမွာေတာ့ ျမန္မာဘက္မွာ ဗိုင္းရပ္စ္ေတြ႕ရွိမႈျမင့္တက္ေနတဲ့အတြက္ ေသာင္ရင္းျမစ္ကမ္းတစ္ေလွ်ာက္ ျမန္မာဘက္မွခိုးဝင္လာသူမ်ား မရွိေစေရးအတြက္ ထိုင္းဘက္က လုံၿခဳံေရးတင္းၾကပ္ထားသလို ဒုစ႐ိုက္မႈက်ဴးလြန္ရန္ ခိုးဝင္လာပါက ပစ္ခတ္ဖမ္းဆီးရန္ ၫႊန္ၾကားထားတယ္ဆိုပါတယ္။ကိုဗစ္နဲ႔ ဆက္ႏြယ္ေနတဲ့ စီးပြားေရး၊ ႏိုင္ငံေရးနဲ႔ အျခားေသာက႑ေတြမွာ ႏိုင္ငံတိုင္းက ကိုယ္က်ိဳးစီးပြားကို မိမိရရကာကြယ္ေနၾကတဲ့အတြက္ ေရွ႕ေလွ်ာက္ ျပည္တြင္းကအခြင့္ထူးခံေတြနဲ႔ ကိုယ္က်ိဳးသမားေတြေၾကာင့္ မညီမၫြတ္ျဖစ္ေနတဲ့ ျမန္မာ့စီးပြားေရးနဲ႔ ႏိုင္ငံေရး၊ လုံၿခဳံေရးေတြကေတာ့ စိတ္ေလးစရာဘဲဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ၾသဂုတ္ - ၃၁