【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရခိုင်မြောက်ပိုင်းနဲ့ ပြည်တွင်းအလုပ်သမားပြဿနာ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရခိုင်မြောက်ပိုင်းနဲ့ ပြည်တွင်းအလုပ်သမားပြဿနာ

ယခုတစ်ပတ် ပြည်တွင်းသတင်းတွေထဲမှာ သတိထားစရာ သတင်းအချို့ ရှိခဲ့ပါတယ်။ဒီသတင်းထဲမှာ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာ ကားပါကင်ကြေး ကောက်မည့်အစီအစဉ် သုံးလအတွင်း ပြန်လုပ်ဖို့ စီစဉ်နေတဲ့ သတင်း၊ ဖားကန့်မှာ မြေစာပုံပြိုကျလို့ အသက် (၃၀) ကျော်အရွယ် ဈေးသည်အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တဲ့ သတင်း၊ UN နဲ့ ICC က တပ်မတော်အရာရှိတွေကို အမြန်ဆုံးအရေးယူရန် ဆန္ဒထုတ်ဖော်သူ MDCF အဖွဲ့ဝင် ဦးသက်ဇင် နှင့် ကိုကျော်ဇင်လတ် တို့ကို ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ ဖြင့် အမှုဖွင့်တဲ့ သတင်း၊ ဒေါ်အောင်ဆန်းစုကြည် ပုံတူရုပ်တု အပါအဝင် လေလံပစ္စည်းများ ရောင်းချတာကနေ ရတဲ့ အလှူငွေ ကန်ဒေါ်လာ တစ်သိန်းကိုးသောင်းကျော်ကို ဆီဒိုးနားဟိုတယ်က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို လွှဲပြောင်းပေးအပ်ခဲ့တဲ့ သတင်း၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေဖြင့် ထပ်မံတရားစွဲခံထားရတဲ့ ကလေးစစ်သားဟောင်း အောင်ကိုထွေး ကို ဗိုလ်တထောင်တရားရုံးက တရားသေလွှတ်ခဲ့တဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေထဲမှာ သတိထားရမယ့် သတင်းတွေလဲ ရှိခဲ့ပါတယ်။နိုဝင်ဘာ ၁၅ ရက်မှာ ဘင်္ဂလားရောက်နေတဲ့ ခိုးဝင်အခြေချ ဘင်္ဂါလီ ၂၀၀၀ ကို မြန်မာနိုင်ငံဘက် ပြန်ပို့မယ့် သတင်းနဲ့ အီးယူက မြန်မာကို GSP အခွင့်အရေး ဆက် ပေး၊ မပေး စိစစ်ဖို့လာနေချိန်မှာ ဖြစ်ခဲ့တဲ့ ဖုယွင် အလုပ်သမား ပြဿနာတွေက ယခုတစ်ပတ် မြန်မာနိုင်ငံရေးနဲ့ ခပ်ယဲ့ယဲ့ မြန်မာ့စီးပွားရေးကို မျက်ခြေမပြတ် လေ့လာနေသူတွေကို ရင်လေးစေတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

အကောင်းဘက်ပြလာသည့် ဘင်္ဂါလီပြဿနာ။
    

ယခုတစ်ပတ်အတွင်း နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ သတင်းတွေထဲ ရခိုင်မြောက်ပိုင်း သတင်းတွေက သတိထားစရာ ဖြစ်ခဲ့ပါတယ်။ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ခိုးဝင်ဘင်္ဂါလီတွေကိစ္စမှာ အစိုးရဘက်က စိတ်ရှည်ရှည် လုပ်ဆောင်ခဲ့မှုကြောင့် ဖိအားတွေအောက်က ရုန်းထွက်နိုင်မယ့် အနေအထားတွေ တွေ့လာရပါတယ်။ဘင်္ဂလားဒေ့ရှ့် ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒါကာမြို့မှာ နှစ်နိုင်ငံပူးတွဲ လုပ်ငန်းအဖွဲ့ အစည်းအဝေးကို တက်ရောက်ဆွေးနွေးခဲ့ပြီး အောက်တိုဘာ ၃၁ ရက်မှာတော့ ကော့ဘဇားရှိ ဒုက္ခသည်တွေကို ကွင်းဆင်းစိစစ်ခဲ့ပါတယ်။
    

ယင်းဆွေးနွေးပွဲ ရလဒ်များအရ လက်ခံမည့် နေရပ်စွန့်ခွာသူ အရေအတွက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ရှစ်ထောင်ပြန်ပို့ဖို့ ရှိနေတယ်လို့ ပြောခဲ့ပေမယ့် မြန်မာအစိုးရကမူ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားသည့် အရေအတွက်ကို အတည်ပြုခြင်းမရှိဘဲ ပြန်လည်လက်ခံရန် စိစစ်ပြီးသူ ငါးထောင်ကျော် စာရင်းကို တစ်ဖက်နိုင်ငံသို့ ပေးပို့ထားကြောင်း အတည်ပြု ပြောကြားထားပါတယ်။ဒါပေမယ့် အတည်ပြုလို့ရတဲ့ ထုတ်ပြန်ချက်တွေအရ  နိုဝင်ဘာ ၁၅ ရက်မှာ ဘင်္ဂလားရောက် ဘင်္ဂါလီ ၂၀၀၀ ကို ပထမဆုံး ပြန်ပို့မယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေကိုလည်း ဒီဘက်နှစ်ပိုင်းမှာ ပိတ်သိမ်းဖို့ အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကြိုးစားနေတာတွေ ရှိပါတယ်။ရခိုင်မှာ ဒုက္ခသည်စခန်း ၁၈ ခုထိ ရှိနေပြီး အများစုက စစ်တွေမှာ ရှိနေတာပါ။ဒီလိုအခြေအနေမှာ ပြည်တွင်းရေး ရှုပ်ထွေးနေတဲ့ ဘင်္ဂလားဒေရှ့်က ဒီပြဿနာကို ကုလလုံခြုံရေးကောင်စီအထိ ဆွဲတင်ကာ မြန်မာဘက်ကို OIC နဲ့ ပေါင်းပြီး ဖိအားတွေ ဆက်တိုက်ပေးနေတဲ့အတွက် လုပ်ရကိုင်ရတာတွေက မလူးသာမလွန့်သာ ဖြစ်နေသလို မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေကို ဘင်္ဂလားရောက် ဘင်္ဂါလီတွေဘက်က တောင်းဆိုတာတွေ ရှိနေခဲ့ပါတယ်။အကောက်အထည်မပြနိုင်တဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်လာခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ဆိုတဲ့ တောင်းဆိုမှုတွေ၊ လက်ရှိ သဘောတူညီမှုရတဲ့အပေါ် UNHCR ဘက်က စိုးရိမ်မှုရှိတာတွေ စတာတွေက နိုင်ငံတစ်ခုရဲ့ အချုပ်အခြာကို ကျော်လွန်တဲ့ စွက်ဖက်မှုတွေဆီကို ဦးတည်နေတာကို တွေ့လာရပါတယ်။

ဘင်္ဂလားရောက် ဒုက္ခသည်ဆိုသူတွေက သူတို့နဲ့ မျိုးနွယ်တူ ဘင်္ဂလားဒေရှ့်အစိုးရရဲ့ မူဝါဒအတိုင်း လိုက်လှုပ်ရှားနေတာကို တွေ့ရသလို မြန်မာဘက်မှ အခြေချခဲ့တယ်ဆိုတဲ့ တချို့ဘင်္ဂါလီတွေရဲ့ မြန်မာဘက်ကို ပြန်ဖို့ ကြိုးစားတဲ့အခါမှာ လုပ်ကြံသတ်ဖြတ်ခံရတာတွေက ဘင်္ဂါလီဒုက္ခသည်တွေ  ပြန်လာရေးအတွက် ဆောင်ရွက်နေတဲ့ မြန်မာဘက်က လုပ်ဆောင်မှုတွေကို အလုပ်မဖြစ်အောင် ခြောက်လှန့်တဲ့ အနေအထားဘဲ ဖြစ်နေပါတယ်။

ယခုနှစ် ဇန်နဝါရီ ၂၃ ရက်က မြန်မာအစိုးရကနေ ရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံနိုင်ရေး တောင်ပြိုလက်ဝဲ၊ ငါးခူရနှင့် လှဖိုးခေါင်ကြားစခန်း စသည့် စခန်းသုံးခု ဖွင့်လှစ်၍ အဆင်သင့်ဖြစ်ပြီလို့ မြန်မာဘက်ကနေ နိုင်ငံတကာထိ သိအောင် ကြေညာထားပေမယ့် ပြန်လည်ဝင်ရောက်လာသူ အနည်းငယ်သာရှိတဲ့ ကိစ္စမှာ ဒုက္ခသည်တွေကနေရတဲ့ အကျိုးစီးပွားကို မှီခိုနေရတဲ့ အဖွဲှ့အစည်းတွေ၊ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေကြောင့်လည်း ပါပါတယ်။

ဒါပေမယ့် လက်ရှိအချိန်လို့ နိုင်ငံတကာက ဖိအားပေးမှု ပြင်းထန်နေတဲ့အချိန်မှာ ဒုက္ခသည်ဆိုတဲ့ ဘင်္ဂါလီ ၂၀၀၀ ကို ပြန်လက်ခံမှုဟာ အထိုက်အလျောက်တော့ နိုင်ငံတကာ ဖိအားကို လျော့စေမှာ သေချာပါတယ်။

ဘင်္ဂလားဒေရှ့်ရောက် ဘင်္ဂါလီဒုက္ခသည် ၂၀၀၀ ပြန်ဝင်လာမယ့် သတင်းက ဒီတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ ခိုးဝင်အခြေချ ဘင်္ဂါလီနဲ့ သက်ဆုင်တဲ့ သတင်းတွေဖြစ်တဲ့ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုမှ ကမန်လူမျိုး မဟုတ်သူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှု ရှိ/မရှိ ပြန်စစ်ဆေးနေတဲ့ သတင်း၊ အောက်တိုဘာလ (၃၀) ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံအနေနဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုတွေ၊ ဒီအတွက် ပြစ်မှုကျူးလွန်မှုတွေကို လက်သင့်မခံကြောင်း မြန်မာအစိုးရ ကိုယ်စားလှယ်က တုံ့ပြန်တဲ့ သတင်း၊ ကျူးလွန်သူတွေ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ခံမှုရှိစေရေး ဆက်လက်တောင်းဆိုသွားမယ်လို့ နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရ Robert Palladino က ပြောဆိုခဲ့တဲ့ သတင်းတွေထဲ သတိထားစောင့်ကြည့်ရမယ့် သတင်းဖြစ်ခဲ့ပါတယ်။

အီးယူ ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) အလှုပ်နဲ့ ဖုယွင် ဆန္ဒပြမှု။

ယခုတစ်ပတ် ပြည်တွင်းစီးပွားရေး သတင်းတွေထဲမှာ အများစုစောင့်ကြည့်ခဲ့ရတဲ့ သတင်းတစ်ပုဒ်က အီးယူကနေ ပေးထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) နဲ့ ပတ်သက်ပြီး ရုပ်သိမ်းမှု ရှိ/မရှိ သတင်းပါ။

မကြာမီက ရခိုင်မြောက်ပိုင်း ကိစ္စကြောင့် ဥရောပသမဂ္ဂကတော့  မြန်မာနိုင်ငံကို ၂၀၁၂ ခုနှစ်ကတည်းက ပေးထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ကို ပြန်ရုပ်သိမ်းမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာ ရှိပါတယ်။ဒါပေမယ့် အီးယူဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး နူတ်ဆိတ်နေခဲ့ပေမယ့် မြန်မာနည်းတူ GSP အထူးအခွင့်အရေးပေးထားတဲ့ ကမ္ဘောဒီးယားကို ပြည်တွင်း နိုင်ငံရေးအခြေအနေတွေကြောင့် ရုတ်တရက် ရပ်ဆိုင်းလိုက်ပါတယ်။ဒီလိုဖြစ်လာခဲ့တဲ့အတွက် အောက်တိုဘာ ၂၈ ရက် လာရောက်တဲ့ အီးယူကုန်သွယ်မှု အခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့ ခရီးစဉ်က အရေးပါလာပါတယ်။

ဒီအဖွဲ့က သူတို့ အထူးအခွင့်အရေး ပေးထားတဲ့ နိုင်ငံတွေရဲ့ လူ့အခွင့်အရေး၊ အလုပ်ရှင် အလုပ်သမား လုပ်ငန်းခွင်ပြဿနာ၊ လုပ်ငန်းခွင် အခြေအနေတွေကို လာရောက်သုံးသပ် စိစစ်တဲ့ အဖွဲ့ဖြစ်လို့ ပြည်တွင်းနိုင်ငံရေး အခြေအနေနဲ့ စီးပွားရေးကျဆင်းနေချိန်မှာ GSP ရုပ်သိမ်းခံရရင် အလုပ်သမားများစွာကို အလုပ်ပေးထားတဲ့ အထည်ချုပ်လုပ်ငန်းတွေအတွက် ရင်ထိတ်စရာ အခြေအနေပါ။

အထည်ချုပ်လုပ်ငန်းတွေဘက်ကလည်း ဒီမတိုင်ခင်ကတည်းက အထည်ချုပ်လုပ်ငန်းတွေကနေ အလုပ်အကိုင်ပေးမှုနဲ့ ပြည်တွင်းကို စီးဝင်တဲ့ လုပ်ခလစာက တစ်လကို အမေရိကန် ဒေါ်လာ ၃၂ သန်းကျော် ရှိလို့ ဒီလုပ်ငန်းတွေ ရပ်ခဲ့ရင် ဖြစ်လာမယ့် အကျိုးဆက်ကို ထောက်ပြပြီး အီးယူဘက်က ဒါကို ထည့်သွင်းစဉ်းစားဖို့ အကြံပေးမှုတွေရှိသလို နိုင်ငံတကာ အဖွဲ့အစည်း အချို့ကလည်း ဒီလိုပိတ်သိမ်းရင် ရည်ရွယ်တဲ့သူတွေကို မထိဘဲ အခြေခံလူတန်းစားနဲ့ အလုပ်သမားတွေဘဲ ထိမှာဖြစ်လို့ ဒါဟာ နည်းလမ်းကောင်းမဟုတ်ဘူးလို့  ထောက်ပြပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ဒီလို အီးယူရဲ့ GSP အခွင့်အရေးအတွက် မသေချာမရေရာဖြစ်နေတဲ့ အချိန်မှာ သြဂုတ် ၂၁ ရက်ကတည်းက အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ၃၀ အလုပ်ထုတ်ပယ်ခံရလို့ စက်ရုံဂိတ်ပေါက်ဝမှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒထုတ်ဖော်နေတဲ့ ဖုယွင်စက်ရုံအလုပ်သမားဆန္ဒပြမှု့က အီးယူကုန်သွယ်မှု အခွင့်အရေးစိစစ် လေ့လာရေး အဖွဲ့နဲ့ အစိုးရဝန်ကြီးဌာနများ၊ အထည်ချုပ်အလုပ်သမားတွေ ၊ အလုပ်သမားသမဂ္ဂများ ၊ လုပ်ငန်းကဏ္ဍ ကိုယ် စားလှယ်များ၊ လူမှုအဖွဲ့အစည်းများနဲ့ တွေ့ဆုံမယ့် အောက်တိုဘာ ၂၉ ရက်မှာ ဒဂုံဆိပ်ကမ်းကနေ ရန်ကုန် မြို့ တော်ခန်းမရှေ့ထိ ရောက်လာခဲ့ပါတယ်။ဆန္ဒပြတဲ့သူတွေက   ရန်ကနု်ဝန်ကြီးချုပ်နဲ့ တွေ့ခွင့်မရမချင်းမပြန် ဘူးဆိုကာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရှိရာ လွှတ်တော်ဝင်းအပေါက်၀ ထိပိတ်ဆို့ထားတဲ့အထိဖြစ်လာခဲ့ပြီး ညပိုင်း မှာ ရန်ကုန်ဝန်ကြီးချုပ်က ဒီပြဿနာကို ညတွင်းချင်းကိုင်တွယ်ဖြေရှင်းခဲ့သလို့ အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာအခြေခံဖြစ်တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀ ပြန်ခန့်ဖို့အထိ ညှိနှိုင်းပေးခဲ့လို့ EU အဖွဲ့ မပြန်ခင်မှာပဲ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးခဲ့နိုင်ပါတယ်။

EU က မြန်မာနိုင်ငံကို ၂၀၁၂ ကစ၍ လက်နက်ခဲယမ်းမှအပ မည်သည့်ကုန်ပစ္စည်းမဆို အခွန်ကင်းလွတ်ခွင့် (EBA) ဖြင့် တင်ပို့နိုင်ရန် ကုန်သွယ်မှု အထူးအခွင့်အရေး ပေးထားပါတယ်။လက်ရှိမှာ EUက မြန်မာနိုင်ငံကို ရခိုင်မြောက်ပိုင်း ပြဿနာကြောင့် ထိုအခွင့်အရေးကို ပြန်လည်ရုပ်သိမ်းဖို့ စဉ်းစားနေတဲ့အချိန်မှာ အချိန်ကိုက်ဖြစ်လာတဲ့ ဖုယွင် အလုပ်သမားပြဿနာကို ရန်ကုန်ဝန်ကြီးချုပ် ဖြေရှင်းနိုင်ပေမယ့် ရန်ကုန်ကို ရောက်နေတဲ့ အီးယူ ကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေး အဖွဲ့အပေါ်မှာတော့ အနည်းနဲ့အများ ဂယက်ရိုက်ဖွယ် ရှိနေပါတယ်။ခုချိန်ထိ ဘာမှထုတ်ပြန်မှုမရှိသေးပေမယ့်  လက်ရှိ မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာစီးပွားရေးအတွက် အီးယူရဲ့ GSP အခွင့်အရေး ဆက် ရ/မရက အရေးကြီးနေတဲ့အတွက် အီးယူရဲ့ ဆုံးဖြတ်မှုကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။    

ဒီသတင်းက ယခုတစ်ပတ် စီးပွားရေးဆိုင်ရာ သတင်းတွေဖြစ်တဲ့  ဟံသာဝတီလေဆိပ် တည်ဆောက်ရေးအတွက် ချေးငွေပေးမည့် ဂျပန်ကုမ္ပဏီက လာမည့်မတ်လမှာ လာစစ်ဆေးမယ့်သတင်း၊ ယူနန်ပြည်နယ် အစိုးရကို မြန်မာဘက်က တရားဝင် ဆန်ဝယ်ယူမည့် ခွဲတမ်းပမာဏ တိုးမြှင့်ပေးဖို့ တောင်းဆိုထားတဲ့ သတင်း၊   ဇေကမ္ဘာကုမ္ပဏီအုပ်စုက လုပ်ကိုင်ခွင့်ရထားတဲ့ တွံတေး၊ ဒလ၊ ကော့မှူး၊ လှိုင်သာယာနှင့် ကွမ်းခြံကုန်းမြို့နယ်တွေရှိ BOT စနစ်နဲ့ လမ်းအသုံးပြုခ ကောက်ခံခြင်းကို အောက်တိုဘာ ၃၁ ရက် ည ၁၂ နာရီမှာ ရပ်ဆိုင်းဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ထုတ်ပြန်လိုက်တဲ့ သတင်းတွေထဲ သတိထားစရာ သတင်းဖြစ်ခဲ့ပါတယ်။

သတ်မှုဖြတ်မှုနဲ့ ယဉ်ပါးခဲ့တဲ့ ယခုရက်သတ္တပတ်။    

    
တစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ မူခင်းသတင်းတွေထဲမှာ နေပြည်တော်မှာ ဖြစ်ခဲ့တဲ့ ကုမ္ပဏီပိုင်ရှင် အသတ်ခံရပြီး မီးရှို့အလောင်းဖျောက်ခံရတဲ့ သတင်းရဲ့ နောက်ဆက်တွဲ သတင်းတွေ သတင်းဖတ်သူတွေကို ယခုတစ်ပတ်မှာ စွဲဆောင်ထားခဲ့ပါတယ်။
    

အောက်တိုဘာ ၂၈ ရက် ည ၈ နာရီခန့်က ဥတ္တရသီရိမြို့နယ် ရာဇသင်္ဂ အိမ်ရာ (၂) ရတနာသိဒ္ဓိရပ်ကွက်က အောင်မြင်ချမ်းသာ ဆောက်လုပ်ရေးနဲ့ WE & WE အိမ်တွင်းအလှဆင်လုပ်ငန်း ကုမ္ပဏီလီမိတက် ပိုင်ရှင် အမျိုးသမီး သတ်ဖြတ်မီးရှို့ခံခဲ့ရပါတယ်။အဲ့ဒီညက အဆိုပါကုမ္ပဏီရဲ့ ဝန်ထမ်း ဇနီးမောင်နှံက အသတ်ခံရသူရဲ့ အဝတ်တွေပေးဖို့ လာရာကနေ ခြံတံခါးပွင့်ပြီး အိပ်ခန်းထဲက မီးခိုးတွေ ထွက်နေတာတွေ့လို့ ရေ၊ မီး တာဝန်ခံခေါ်ပြီး နေအိမ်အတွင်း စစ်ဆေးကြည့်ရှုရာ သေဆုံးသူ အမျိုးသမီးကို ၎င်းအိပ်ခန်း၏ ရေချိုးခန်းအတွင်း ပက်လက်အနေအထားဖြင့် ဒူးအထက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံး မီးကျွမ်းလျက် သေဆုံးနေတာကို တွေ့ရတာပါ။
    

အဆိုပါ အမျိုးသမီး သတ်သူကို  ရဲတပ်ဖွဲ့က  အောက်တိုဘာ ၃၀ ရက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။စီစီတီဗီ မှတ်တမ်းမှတစ်ဆင့် ခြေရာခံဖမ်းမိခဲ့တဲ့ လူသတ်သမားက သတ်ခဲ့တဲ့ အမျိုးသမီးကားကို ယူမောင်းသွားခဲ့တဲ့အတွက် လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေကို စုံစမ်းခဲ့ရာမှာ လူငယ်တစ်ဦး မောင်းနှင်သွားတာ သိရသလို ကားကို ကားလမ်းမဘေးမှာ စွန့်ပစ်ခဲ့တဲ့အတွက် ကားကိုပြန်သိမ်းရခဲ့ပါတယ်။အဆိုပါလူငယ်မှာ စစ်ဆေးချက်အရ အဆိုပါအမျိုးသမီးရဲ့ ကုမ္ပဏီမှာ သုံးလခန့် ဒရိုင်ဘာ လုပ်ကိုင်ဖူးတဲ့ အသက် (၂၅) နှစ်အရွယ် အမျိုးသားဖြစ်ပြီး အခင်းဖြစ်တဲ့နေ့က အရက်သောက်လာပြီး အလုပ်လာပြန်တောင်းရာကနေ စကားများရာက ဓားဖြင့်ထိုး၊ တုတ်ဖြင့်ရိုက်ကာ သေဆုံးပြီးမှ မီးရှို့ခဲ့တဲ့အထိ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ဒီအမှုက တစ်ဦးတည်းနေလေ့ရှိတဲ့ အမျိုးသမီးတွေအတွက် သတိထားဆင်ခြင်ဖွယ်ဖြစ်သလို  ယခုနောက်ပိုင်း အရက်သေစာနဲ့နွယ်တဲ့ မူခင်းတွေက အမျိုးသမီးနဲ့ ကလေးငယ်တွေကို ကျူးလွန်နေတာ ဖြစ်တဲ့အတွက် အရက်သေစာ ရောင်းချထုတ်လုပ်မှုကို ထိန်းချုပ်ဖို့ လိုလာနေပြီ ဖြစ်ပါတယ်။
    

ဝန်ထမ်းခန့်ရာမှာ စာရိတ္တမကောင်းသူနဲ့ အရက်သေစာ သောက်စားသူကို မခန့်မိဖို့ ဘယ်လောက်အရေးကြီးနေပြီ ဆိုတာကို ဒီလို စက်ဆုပ်စရာ လူသတ်မှုကနေ မြင်နိုင်သလို နောက်တစ်မှုဖြစ်တဲ့ ယာဉ်မောင်း ဝန်ထမ်းက ကျပ်သိန်း ၆,၀၀၀ ကျော် တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာနဲ့ ရွှေထည်ပစ္စည်းတွေ ခိုးယူပြေးတဲ့ အမှုကိုကြည့်ရင် သိနိုင်ပါတယ်။
    

အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီက ဖြစ်ခဲ့တဲ့ ဒီခိုးယူတဲ့ဖြစ်စဉ်မှာ ပိုင်ရှင်အမျိုးသမီးက နိုဗိုတယ် ဟိုတယ်မှာရှိတဲ့ သူငယ်ချင်းနဲ့ သွားတွေ့ရာမှာ ရတနာပစ္စည်းတွေပြဖို့  လမ်းမတော်က သူမအိမ်ကို အိမ်အကူနဲ့အတူ သွားယူခိုင်းပြီး ပစ္စည်းပြပြီနောက် ကားပေါ်ပြန်ထားခိုင်းရာကနေ ကျောက်မျက်ရတနာအိတ်နှင့်အတူ ယာဉ်မောင်း ဝန်ထမ်းပါ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ပါ။ခိုးခံရတဲ့ ကျောက်မျက်အိတ်ထဲမှာ နီလာတစ်တန်းပါ ရွှေဆွဲကြိုး သုံးကုံး၊ ပတ္တမြားတစ်တန်းပါ ရွှေဆွဲကြိုး တစ်ကုံး၊ ပတ္တမြားနှင့် စိန်ကြိုးနှစ်တန်းသွား တစ်ကုံး၊ နားဆွဲတစ်ရန်အပြင် ပတ္တမြား၊ Spinel ကျောက်၊ စိန်အကြွေနှင့် စိန်လက်ကောက်တို့ပါရှိပြီး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၆,၃၀၀ ကျော် ရှိတယ်ဆိုပြီး ရဲတပ်ဖွဲ့က ယာဉ်မောင်းဝန်ထမ်းနေတဲ့ စမ်းချောင်းမြို့နယ် စမ်း/မြောက် ရပ်ကွက်ထဲ ရှာပေမယ့် ပြောင်းသွားပြီလို့ဆိုကာ ဆက်စုံစမ်းမှုတွေကနေ ကမာရွတ်မြို့နယ်အတွင်း ဖမ်းမိခဲ့တာပါ။ယာဉ်မောင်း ဝန်ထမ်းနဲ့အတူ ရတနာအထည် ဖျက်ပေးတဲ့ ပန်းထိမ်ဆရာကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ၂ လနီးပါး ခိုးယူပေါင်းသင်းခဲ့သူ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၂၃ နှစ် ချလိုက်တဲ့ သတင်း ဘားအံ-ကော့ကရိတ် လမ်းပိုင်း နောင်လုံတံတားအနီး လမ်းလုံခြုံရေး တာဝန်ယူထားတဲ့ ရဲဒုတပ်ကြပ်တစ်ဦးကို သေနတ်သမားက ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ သတင်း၊ အဆိုပါသေနတ်သမားကို အဖွဲ့စုံဖြင့် စစ်ဆေးစဉ် ရုတ်တရက် နှလုံးရပ်ကာ သေဆုံးခဲ့တဲ့ သတင်း၊ ဖမ်းမိခဲ့သည့် မြောက်ဥက္ကလာမှ ထွက်ပြေး မူးယစ်တရားခံပြေးကို နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချခဲ့တဲ့ သတင်း၊ ကန့်ဘလူမှာ သစ်တင်လာသည့် သုံးဘီးဆိုင်ကယ်အား ဖမ်းဆီးစဉ် ရဲအချင်းချင်း စကားများခိုက်ရန်ဖြစ်ပွားခဲ့တဲ့ သတင်း ၊ စဉ့်ကူးမြို့နယ်၊ မြစိမ်းအနောက်ကုန်းရွာမှာ ဆဲရေးတိုင်းထွာပြီး တစ်ရွာလုံးအား မီးရှို့သတ်ပစ်မည်ဟု ကြိမ်းဝါးခဲ့သူကို ရွာသား ၁၄ ဦးက ဝိုင်းဝန်းရိုက်နှက်လို့ သေဆုံးခဲ့တဲ့ သတင်းတွေထဲ သတိထားရတဲ့ သတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
နိုဝင်ဘာ - ၂

( Zawgyi )

ယခုတစ္ပတ္ ျပည္တြင္းသတင္းေတြထဲမွာ သတိထားစရာ သတင္းအခ်ိဳ႕ ရွိခဲ့ပါတယ္။ဒီသတင္းထဲမွာ ရန္ကုန္ၿမိဳ႕တြင္း ေျခာက္ၿမိဳ႕နယ္မွာ ကားပါကင္ေၾကး ေကာက္မည့္အစီအစဥ္ သုံးလအတြင္း ျပန္လုပ္ဖို႔ စီစဥ္ေနတဲ့ သတင္း၊ ဖားကန႔္မွာ ေျမစာပုံၿပိဳက်လို႔ အသက္ (၃၀) ေက်ာ္အ႐ြယ္ ေဈးသည္အမ်ိဳးသမီးႏွစ္ဦး ေသဆုံးခဲ့တဲ့ သတင္း၊ UN နဲ႔ ICC က တပ္မေတာ္အရာရွိေတြကို အျမန္ဆုံးအေရးယူရန္ ဆႏၵထုတ္ေဖာ္သူ MDCF အဖြဲ႕ဝင္ ဦးသက္ဇင္ ႏွင့္ ကိုေက်ာ္ဇင္လတ္ တို႔ကို ၿငိမ္းစုစီဥပေဒပုဒ္မ ၂၀ ျဖင့္ အမႈဖြင့္တဲ့ သတင္း၊ ေဒၚေအာင္ဆန္းစုၾကည္ ပုံတူ႐ုပ္တု အပါအဝင္ ေလလံပစၥည္းမ်ား ေရာင္းခ်တာကေန ရတဲ့ အလႉေငြ ကန္ေဒၚလာ တစ္သိန္းကိုးေသာင္းေက်ာ္ကို ဆီဒိုးနားဟိုတယ္က ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းကို လႊဲေျပာင္းေပးအပ္ခဲ့တဲ့ သတင္း၊ ႏိုင္ငံေတာ္အထိမ္းအမွတ္တံဆိပ္ ဥပေဒျဖင့္ ထပ္မံတရားစြဲခံထားရတဲ့ ကေလးစစ္သားေဟာင္း ေအာင္ကိုေထြး ကို ဗိုလ္တေထာင္တရား႐ုံးက တရားေသလႊတ္ခဲ့တဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြထဲမွာ သတိထားရမယ့္ သတင္းေတြလဲ ရွိခဲ့ပါတယ္။ႏိုဝင္ဘာ ၁၅ ရက္မွာ ဘဂၤလားေရာက္ေနတဲ့ ခိုးဝင္အေျခခ် ဘဂၤါလီ ၂၀၀၀ ကို ျမန္မာႏိုင္ငံဘက္ ျပန္ပို႔မယ့္ သတင္းနဲ႔ အီးယူက ျမန္မာကို GSP အခြင့္အေရး ဆက္ ေပး၊ မေပး စိစစ္ဖို႔လာေနခ်ိန္မွာ ျဖစ္ခဲ့တဲ့ ဖုယြင္ အလုပ္သမား ျပႆနာေတြက ယခုတစ္ပတ္ ျမန္မာႏိုင္ငံေရးနဲ႔ ခပ္ယဲ့ယဲ့ ျမန္မာ့စီးပြားေရးကို မ်က္ေျခမျပတ္ ေလ့လာေနသူေတြကို ရင္ေလးေစတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

အေကာင္းဘက္ျပလာသည့္ ဘဂၤါလီျပႆနာ။
    

ယခုတစ္ပတ္အတြင္း ႏိုင္ငံတကာနဲ႔ ဆက္စပ္ေနတဲ့ သတင္းေတြထဲ ရခိုင္ေျမာက္ပိုင္း သတင္းေတြက သတိထားစရာ ျဖစ္ခဲ့ပါတယ္။ရခိုင္ေျမာက္ပိုင္းမွာျဖစ္ခဲ့တဲ့ ခိုးဝင္ဘဂၤါလီေတြကိစၥမွာ အစိုးရဘက္က စိတ္ရွည္ရွည္ လုပ္ေဆာင္ခဲ့မႈေၾကာင့္ ဖိအားေတြေအာက္က ႐ုန္းထြက္ႏိုင္မယ့္ အေနအထားေတြ ေတြ႕လာရပါတယ္။ဘဂၤလားေဒ့ရွ႕္ ေရာက္ေနတဲ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေဆာင္တဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႕ဟာ ဒါကာၿမိဳ႕မွာ ႏွစ္ႏိုင္ငံပူးတြဲ လုပ္ငန္းအဖြဲ႕ အစည္းအေဝးကို တက္ေရာက္ေဆြးေႏြးခဲ့ၿပီး ေအာက္တိုဘာ ၃၁ ရက္မွာေတာ့ ေကာ့ဘဇားရွိ ဒုကၡသည္ေတြကို ကြင္းဆင္းစိစစ္ခဲ့ပါတယ္။
    

ယင္းေဆြးေႏြးပြဲ ရလဒ္မ်ားအရ လက္ခံမည့္ ေနရပ္စြန႔္ခြာသူ အေရအတြက္ကို ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေပမယ့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးက ရွစ္ေထာင္ျပန္ပို႔ဖို႔ ရွိေနတယ္လို႔ ေျပာခဲ့ေပမယ့္ ျမန္မာအစိုးရကမူ ဘဂၤလားေဒ့ရွ္ အစိုးရက ေျပာၾကားသည့္ အေရအတြက္ကို အတည္ျပဳျခင္းမရွိဘဲ ျပန္လည္လက္ခံရန္ စိစစ္ၿပီးသူ ငါးေထာင္ေက်ာ္ စာရင္းကို တစ္ဖက္ႏိုင္ငံသို႔ ေပးပို႔ထားေၾကာင္း အတည္ျပဳ ေျပာၾကားထားပါတယ္။ဒါေပမယ့္ အတည္ျပဳလို႔ရတဲ့ ထုတ္ျပန္ခ်က္ေတြအရ  ႏိုဝင္ဘာ ၁၅ ရက္မွာ ဘဂၤလားေရာက္ ဘဂၤါလီ ၂၀၀၀ ကို ပထမဆုံး ျပန္ပို႔မယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္ထဲက ဒုကၡသည္စခန္းေတြကိုလည္း ဒီဘက္ႏွစ္ပိုင္းမွာ ပိတ္သိမ္းဖို႔ အစိုးရနဲ႔ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြ ႀကိဳးစားေနတာေတြ ရွိပါတယ္။ရခိုင္မွာ ဒုကၡသည္စခန္း ၁၈ ခုထိ ရွိေနၿပီး အမ်ားစုက စစ္ေတြမွာ ရွိေနတာပါ။ဒီလိုအေျခအေနမွာ ျပည္တြင္းေရး ရႈပ္ေထြးေနတဲ့ ဘဂၤလားေဒရွ႕္က ဒီျပႆနာကို ကုလလုံၿခဳံေရးေကာင္စီအထိ ဆြဲတင္ကာ ျမန္မာဘက္ကို OIC နဲ႔ ေပါင္းၿပီး ဖိအားေတြ ဆက္တိုက္ေပးေနတဲ့အတြက္ လုပ္ရကိုင္ရတာေတြက မလူးသာမလြန႔္သာ ျဖစ္ေနသလို မျဖစ္ႏိုင္တဲ့ ေတာင္းဆိုမႈေတြကို ဘဂၤလားေရာက္ ဘဂၤါလီေတြဘက္က ေတာင္းဆိုတာေတြ ရွိေနခဲ့ပါတယ္။အေကာက္အထည္မျပႏိုင္တဲ့ ဂုဏ္သိကၡာရွိရွိ ျပန္လာခြင့္နဲ႔ ႏိုင္ငံသားျဖစ္ခြင့္ေပးဖို႔ဆိုတဲ့ ေတာင္းဆိုမႈေတြ၊ လက္ရွိ သေဘာတူညီမႈရတဲ့အေပၚ UNHCR ဘက္က စိုးရိမ္မႈရွိတာေတြ စတာေတြက ႏိုင္ငံတစ္ခုရဲ႕ အခ်ဳပ္အျခာကို ေက်ာ္လြန္တဲ့ စြက္ဖက္မႈေတြဆီကို ဦးတည္ေနတာကို ေတြ႕လာရပါတယ္။

ဘဂၤလားေရာက္ ဒုကၡသည္ဆိုသူေတြက သူတို႔နဲ႔ မ်ိဳးႏြယ္တူ ဘဂၤလားေဒရွ႕္အစိုးရရဲ႕ မူဝါဒအတိုင္း လိုက္လႈပ္ရွားေနတာကို ေတြ႕ရသလို ျမန္မာဘက္မွ အေျခခ်ခဲ့တယ္ဆိုတဲ့ တခ်ိဳ႕ဘဂၤါလီေတြရဲ႕ ျမန္မာဘက္ကို ျပန္ဖို႔ ႀကိဳးစားတဲ့အခါမွာ လုပ္ႀကံသတ္ျဖတ္ခံရတာေတြက ဘဂၤါလီဒုကၡသည္ေတြ  ျပန္လာေရးအတြက္ ေဆာင္႐ြက္ေနတဲ့ ျမန္မာဘက္က လုပ္ေဆာင္မႈေတြကို အလုပ္မျဖစ္ေအာင္ ေျခာက္လွန႔္တဲ့ အေနအထားဘဲ ျဖစ္ေနပါတယ္။

ယခုႏွစ္ ဇန္နဝါရီ ၂၃ ရက္က ျမန္မာအစိုးရကေန ရပ္စြန႔္ခြာသူမ်ားကို ျပန္လည္လက္ခံႏိုင္ေရး ေတာင္ၿပိဳလက္ဝဲ၊ ငါးခူရႏွင့္ လွဖိုးေခါင္ၾကားစခန္း စသည့္ စခန္းသုံးခု ဖြင့္လွစ္၍ အဆင္သင့္ျဖစ္ၿပီလို႔ ျမန္မာဘက္ကေန ႏိုင္ငံတကာထိ သိေအာင္ ေၾကညာထားေပမယ့္ ျပန္လည္ဝင္ေရာက္လာသူ အနည္းငယ္သာရွိတဲ့ ကိစၥမွာ ဒုကၡသည္ေတြကေနရတဲ့ အက်ိဳးစီးပြားကို မွီခိုေနရတဲ့ အဖြဲွ႔အစည္းေတြ၊ ဘဂၤလားေဒရွ႕္ အာဏာပိုင္ေတြရဲ႕ လုပ္ရပ္ေတြေၾကာင့္လည္း ပါပါတယ္။

ဒါေပမယ့္ လက္ရွိအခ်ိန္လို႔ ႏိုင္ငံတကာက ဖိအားေပးမႈ ျပင္းထန္ေနတဲ့အခ်ိန္မွာ ဒုကၡသည္ဆိုတဲ့ ဘဂၤါလီ ၂၀၀၀ ကို ျပန္လက္ခံမႈဟာ အထိုက္အေလ်ာက္ေတာ့ ႏိုင္ငံတကာ ဖိအားကို ေလ်ာ့ေစမွာ ေသခ်ာပါတယ္။

ဘဂၤလားေဒရွ႕္ေရာက္ ဘဂၤါလီဒုကၡသည္ ၂၀၀၀ ျပန္ဝင္လာမယ့္ သတင္းက ဒီတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ ခိုးဝင္အေျခခ် ဘဂၤါလီနဲ႔ သက္ဆုင္တဲ့ သတင္းေတြျဖစ္တဲ့ ရမ္းၿဗဲၿမိဳ႕နယ္ ေက်ာက္နီေမာ္ေက်း႐ြာအုပ္စုမွ ကမန္လူမ်ိဳး မဟုတ္သူေတြကို ႏိုင္ငံသားစိစစ္ေရးကတ္ျပား ထုတ္ေပးမႈ ရွိ/မရွိ ျပန္စစ္ေဆးေနတဲ့ သတင္း၊ ေအာက္တိုဘာလ (၃၀) ရက္က က်င္းပတဲ့ ကုလသမဂၢ အေထြေထြညီလာခံရဲ႕ တတိယေကာ္မတီ ေဆြးေႏြးပြဲအတြင္း ျမန္မာႏိုင္ငံအေနနဲ႔ လူမ်ိဳးေရး၊ ဘာသာေရး ခြဲျခားမႈေတြ၊ ဒီအတြက္ ျပစ္မႈက်ဴးလြန္မႈေတြကို လက္သင့္မခံေၾကာင္း ျမန္မာအစိုးရ ကိုယ္စားလွယ္က တုံ႔ျပန္တဲ့ သတင္း၊ က်ဴးလြန္သူေတြ ကိုယ့္လုပ္ရပ္ကိုယ္ တာဝန္ခံမႈရွိေစေရး ဆက္လက္ေတာင္းဆိုသြားမယ္လို႔ ႏိုင္ငံျခားေရးဌာန ဒုတိယေျပာခြင့္ရ Robert Palladino က ေျပာဆိုခဲ့တဲ့ သတင္းေတြထဲ သတိထားေစာင့္ၾကည့္ရမယ့္ သတင္းျဖစ္ခဲ့ပါတယ္။

အီးယူ ကုန္သြယ္မႈ အထူးအခြင့္အေရး (GSP) အလႈပ္နဲ႔ ဖုယြင္ ဆႏၵျပမႈ။

ယခုတစ္ပတ္ ျပည္တြင္းစီးပြားေရး သတင္းေတြထဲမွာ အမ်ားစုေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းတစ္ပုဒ္က အီးယူကေန ေပးထားတဲ့ ကုန္သြယ္မႈ အထူးအခြင့္အေရး (GSP) နဲ႔ ပတ္သက္ၿပီး ႐ုပ္သိမ္းမႈ ရွိ/မရွိ သတင္းပါ။

မၾကာမီက ရခိုင္ေျမာက္ပိုင္း ကိစၥေၾကာင့္ ဥေရာပသမဂၢကေတာ့  ျမန္မာႏိုင္ငံကို ၂၀၁၂ ခုႏွစ္ကတည္းက ေပးထားတဲ့ ကုန္သြယ္မႈ အထူးအခြင့္အေရး (GSP) ကို ျပန္႐ုပ္သိမ္းမယ္ဆိုတဲ့ သတင္းေတြ ထြက္လာတာ ရွိပါတယ္။ဒါေပမယ့္ အီးယူဘက္ကေတာ့ ဒါနဲ႔ပတ္သက္ၿပီး ႏူတ္ဆိတ္ေနခဲ့ေပမယ့္ ျမန္မာနည္းတူ GSP အထူးအခြင့္အေရးေပးထားတဲ့ ကေမာၻဒီးယားကို ျပည္တြင္း ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ ႐ုတ္တရက္ ရပ္ဆိုင္းလိုက္ပါတယ္။ဒီလိုျဖစ္လာခဲ့တဲ့အတြက္ ေအာက္တိုဘာ ၂၈ ရက္ လာေရာက္တဲ့ အီးယူကုန္သြယ္မႈ အခြင့္အေရး စိစစ္ေလ့လာေရးအဖြဲ႕ ခရီးစဥ္က အေရးပါလာပါတယ္။

ဒီအဖြဲ႕က သူတို႔ အထူးအခြင့္အေရး ေပးထားတဲ့ ႏိုင္ငံေတြရဲ႕ လူ႔အခြင့္အေရး၊ အလုပ္ရွင္ အလုပ္သမား လုပ္ငန္းခြင္ျပႆနာ၊ လုပ္ငန္းခြင္ အေျခအေနေတြကို လာေရာက္သုံးသပ္ စိစစ္တဲ့ အဖြဲ႕ျဖစ္လို႔ ျပည္တြင္းႏိုင္ငံေရး အေျခအေနနဲ႔ စီးပြားေရးက်ဆင္းေနခ်ိန္မွာ GSP ႐ုပ္သိမ္းခံရရင္ အလုပ္သမားမ်ားစြာကို အလုပ္ေပးထားတဲ့ အထည္ခ်ဳပ္လုပ္ငန္းေတြအတြက္ ရင္ထိတ္စရာ အေျခအေနပါ။

အထည္ခ်ဳပ္လုပ္ငန္းေတြဘက္ကလည္း ဒီမတိုင္ခင္ကတည္းက အထည္ခ်ဳပ္လုပ္ငန္းေတြကေန အလုပ္အကိုင္ေပးမႈနဲ႔ ျပည္တြင္းကို စီးဝင္တဲ့ လုပ္ခလစာက တစ္လကို အေမရိကန္ ေဒၚလာ ၃၂ သန္းေက်ာ္ ရွိလို႔ ဒီလုပ္ငန္းေတြ ရပ္ခဲ့ရင္ ျဖစ္လာမယ့္ အက်ိဳးဆက္ကို ေထာက္ျပၿပီး အီးယူဘက္က ဒါကို ထည့္သြင္းစဥ္းစားဖို႔ အႀကံေပးမႈေတြရွိသလို ႏိုင္ငံတကာ အဖြဲ႕အစည္း အခ်ိဳ႕ကလည္း ဒီလိုပိတ္သိမ္းရင္ ရည္႐ြယ္တဲ့သူေတြကို မထိဘဲ အေျခခံလူတန္းစားနဲ႔ အလုပ္သမားေတြဘဲ ထိမွာျဖစ္လို႔ ဒါဟာ နည္းလမ္းေကာင္းမဟုတ္ဘူးလို႔  ေထာက္ျပေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။

ဒီလို အီးယူရဲ႕ GSP အခြင့္အေရးအတြက္ မေသခ်ာမေရရာျဖစ္ေနတဲ့ အခ်ိန္မွာ ၾသဂုတ္ ၂၁ ရက္ကတည္းက အလုပ္သမားသမဂၢ အဖြဲ႕ဝင္ ၃၀ အလုပ္ထုတ္ပယ္ခံရလို႔ စက္႐ုံဂိတ္ေပါက္ဝမွာ သပိတ္စခန္းဖြင့္ၿပီး ဆႏၵထုတ္ေဖာ္ေနတဲ့ ဖုယြင္စက္႐ုံအလုပ္သမားဆႏၵျပမႈ႕က အီးယူကုန္သြယ္မႈ အခြင့္အေရးစိစစ္ ေလ့လာေရး အဖြဲ႕နဲ႔ အစိုးရဝန္ႀကီးဌာနမ်ား၊ အထည္ခ်ဳပ္အလုပ္သမားေတြ ၊ အလုပ္သမားသမဂၢမ်ား ၊ လုပ္ငန္းက႑ ကိုယ္ စားလွယ္မ်ား၊ လူမႈအဖြဲ႕အစည္းမ်ားနဲ႔ ေတြ႕ဆုံမယ့္ ေအာက္တိုဘာ ၂၉ ရက္မွာ ဒဂုံဆိပ္ကမ္းကေန ရန္ကုန္ ၿမိဳ႕ ေတာ္ခန္းမေရွ႕ထိ ေရာက္လာခဲ့ပါတယ္။ဆႏၵျပတဲ့သူေတြက   ရန္ကႏု္ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕ခြင့္မရမခ်င္းမျပန္ ဘူးဆိုကာ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ရွိရာ လႊတ္ေတာ္ဝင္းအေပါက္၀ ထိပိတ္ဆို႔ထားတဲ့အထိျဖစ္လာခဲ့ၿပီး ညပိုင္း မွာ ရန္ကုန္ဝန္ႀကီးခ်ဳပ္က ဒီျပႆနာကို ညတြင္းခ်င္းကိုင္တြယ္ေျဖရွင္းခဲ့သလို႔ အလုပ္ရွင္နဲ႔ အလုပ္သမား ျပႆနာအေျခခံျဖစ္တဲ့ အလုပ္သမားသမဂၢအဖြဲ႕ဝင္ ၃၀ ျပန္ခန႔္ဖို႔အထိ ညႇိႏႈိင္းေပးခဲ့လို႔ EU အဖြဲ႕ မျပန္ခင္မွာပဲ ဒီျပႆနာကို ေျပလည္ေအာင္ ေျဖရွင္းေပးခဲ့ႏိုင္ပါတယ္။

EU က ျမန္မာႏိုင္ငံကို ၂၀၁၂ ကစ၍ လက္နက္ခဲယမ္းမွအပ မည္သည့္ကုန္ပစၥည္းမဆို အခြန္ကင္းလြတ္ခြင့္ (EBA) ျဖင့္ တင္ပို႔ႏိုင္ရန္ ကုန္သြယ္မႈ အထူးအခြင့္အေရး ေပးထားပါတယ္။လက္ရွိမွာ EUက ျမန္မာႏိုင္ငံကို ရခိုင္ေျမာက္ပိုင္း ျပႆနာေၾကာင့္ ထိုအခြင့္အေရးကို ျပန္လည္႐ုပ္သိမ္းဖို႔ စဥ္းစားေနတဲ့အခ်ိန္မွာ အခ်ိန္ကိုက္ျဖစ္လာတဲ့ ဖုယြင္ အလုပ္သမားျပႆနာကို ရန္ကုန္ဝန္ႀကီးခ်ဳပ္ ေျဖရွင္းႏိုင္ေပမယ့္ ရန္ကုန္ကို ေရာက္ေနတဲ့ အီးယူ ကုန္သြယ္မႈအခြင့္အေရး စိစစ္ေလ့လာေရး အဖြဲ႕အေပၚမွာေတာ့ အနည္းနဲ႔အမ်ား ဂယက္႐ိုက္ဖြယ္ ရွိေနပါတယ္။ခုခ်ိန္ထိ ဘာမွထုတ္ျပန္မႈမရွိေသးေပမယ့္  လက္ရွိ မတည္မၿငိမ္ျဖစ္ေနတဲ့ ျမန္မာစီးပြားေရးအတြက္ အီးယူရဲ႕ GSP အခြင့္အေရး ဆက္ ရ/မရက အေရးႀကီးေနတဲ့အတြက္ အီးယူရဲ႕ ဆုံးျဖတ္မႈကို ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။    

ဒီသတင္းက ယခုတစ္ပတ္ စီးပြားေရးဆိုင္ရာ သတင္းေတြျဖစ္တဲ့  ဟံသာဝတီေလဆိပ္ တည္ေဆာက္ေရးအတြက္ ေခ်းေငြေပးမည့္ ဂ်ပန္ကုမၸဏီက လာမည့္မတ္လမွာ လာစစ္ေဆးမယ့္သတင္း၊ ယူနန္ျပည္နယ္ အစိုးရကို ျမန္မာဘက္က တရားဝင္ ဆန္ဝယ္ယူမည့္ ခြဲတမ္းပမာဏ တိုးျမႇင့္ေပးဖို႔ ေတာင္းဆိုထားတဲ့ သတင္း၊   ေဇကမာၻကုမၸဏီအုပ္စုက လုပ္ကိုင္ခြင့္ရထားတဲ့ တြံေတး၊ ဒလ၊ ေကာ့မႉး၊ လႈိင္သာယာႏွင့္ ကြမ္းၿခံကုန္းၿမိဳ႕နယ္ေတြရွိ BOT စနစ္နဲ႔ လမ္းအသုံးျပဳခ ေကာက္ခံျခင္းကို ေအာက္တိုဘာ ၃၁ ရက္ ည ၁၂ နာရီမွာ ရပ္ဆိုင္းဖို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ထုတ္ျပန္လိုက္တဲ့ သတင္းေတြထဲ သတိထားစရာ သတင္းျဖစ္ခဲ့ပါတယ္။

သတ္မႈျဖတ္မႈနဲ႔ ယဥ္ပါးခဲ့တဲ့ ယခုရက္သတၱပတ္။    

    
တစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ မူခင္းသတင္းေတြထဲမွာ ေနျပည္ေတာ္မွာ ျဖစ္ခဲ့တဲ့ ကုမၸဏီပိုင္ရွင္ အသတ္ခံရၿပီး မီးရႈိ႕အေလာင္းေဖ်ာက္ခံရတဲ့ သတင္းရဲ႕ ေနာက္ဆက္တြဲ သတင္းေတြ သတင္းဖတ္သူေတြကို ယခုတစ္ပတ္မွာ စြဲေဆာင္ထားခဲ့ပါတယ္။
    

ေအာက္တိုဘာ ၂၈ ရက္ ည ၈ နာရီခန႔္က ဥတၱရသီရိၿမိဳ႕နယ္ ရာဇသဂၤ အိမ္ရာ (၂) ရတနာသိဒၶိရပ္ကြက္က ေအာင္ျမင္ခ်မ္းသာ ေဆာက္လုပ္ေရးနဲ႔ WE & WE အိမ္တြင္းအလွဆင္လုပ္ငန္း ကုမၸဏီလီမိတက္ ပိုင္ရွင္ အမ်ိဳးသမီး သတ္ျဖတ္မီးရႈိ႕ခံခဲ့ရပါတယ္။အဲ့ဒီညက အဆိုပါကုမၸဏီရဲ႕ ဝန္ထမ္း ဇနီးေမာင္ႏွံက အသတ္ခံရသူရဲ႕ အဝတ္ေတြေပးဖို႔ လာရာကေန ၿခံတံခါးပြင့္ၿပီး အိပ္ခန္းထဲက မီးခိုးေတြ ထြက္ေနတာေတြ႕လို႔ ေရ၊ မီး တာဝန္ခံေခၚၿပီး ေနအိမ္အတြင္း စစ္ေဆးၾကည့္ရႈရာ ေသဆုံးသူ အမ်ိဳးသမီးကို ၎အိပ္ခန္း၏ ေရခ်ိဳးခန္းအတြင္း ပက္လက္အေနအထားျဖင့္ ဒူးအထက္ပိုင္း ခႏၶာကိုယ္တစ္ခုလုံး မီးကြၽမ္းလ်က္ ေသဆုံးေနတာကို ေတြ႕ရတာပါ။
    

အဆိုပါ အမ်ိဳးသမီး သတ္သူကို  ရဲတပ္ဖြဲ႕က  ေအာက္တိုဘာ ၃၀ ရက္မွာ ဖမ္းဆီးရမိခဲ့ပါတယ္။စီစီတီဗီ မွတ္တမ္းမွတစ္ဆင့္ ေျခရာခံဖမ္းမိခဲ့တဲ့ လူသတ္သမားက သတ္ခဲ့တဲ့ အမ်ိဳးသမီးကားကို ယူေမာင္းသြားခဲ့တဲ့အတြက္ လမ္းတစ္ေလွ်ာက္ စစ္ေဆးေရးဂိတ္ေတြကို စုံစမ္းခဲ့ရာမွာ လူငယ္တစ္ဦး ေမာင္းႏွင္သြားတာ သိရသလို ကားကို ကားလမ္းမေဘးမွာ စြန႔္ပစ္ခဲ့တဲ့အတြက္ ကားကိုျပန္သိမ္းရခဲ့ပါတယ္။အဆိုပါလူငယ္မွာ စစ္ေဆးခ်က္အရ အဆိုပါအမ်ိဳးသမီးရဲ႕ ကုမၸဏီမွာ သုံးလခန႔္ ဒ႐ိုင္ဘာ လုပ္ကိုင္ဖူးတဲ့ အသက္ (၂၅) ႏွစ္အ႐ြယ္ အမ်ိဳးသားျဖစ္ၿပီး အခင္းျဖစ္တဲ့ေန႔က အရက္ေသာက္လာၿပီး အလုပ္လာျပန္ေတာင္းရာကေန စကားမ်ားရာက ဓားျဖင့္ထိုး၊ တုတ္ျဖင့္႐ိုက္ကာ ေသဆုံးၿပီးမွ မီးရႈိ႕ခဲ့တဲ့အထိ ျဖစ္ခဲ့တာလို႔ ဆိုပါတယ္။ဒီအမႈက တစ္ဦးတည္းေနေလ့ရွိတဲ့ အမ်ိဳးသမီးေတြအတြက္ သတိထားဆင္ျခင္ဖြယ္ျဖစ္သလို  ယခုေနာက္ပိုင္း အရက္ေသစာနဲ႔ႏြယ္တဲ့ မူခင္းေတြက အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြကို က်ဴးလြန္ေနတာ ျဖစ္တဲ့အတြက္ အရက္ေသစာ ေရာင္းခ်ထုတ္လုပ္မႈကို ထိန္းခ်ဳပ္ဖို႔ လိုလာေနၿပီ ျဖစ္ပါတယ္။
    

ဝန္ထမ္းခန႔္ရာမွာ စာရိတၱမေကာင္းသူနဲ႔ အရက္ေသစာ ေသာက္စားသူကို မခန႔္မိဖို႔ ဘယ္ေလာက္အေရးႀကီးေနၿပီ ဆိုတာကို ဒီလို စက္ဆုပ္စရာ လူသတ္မႈကေန ျမင္ႏိုင္သလို ေနာက္တစ္မႈျဖစ္တဲ့ ယာဥ္ေမာင္း ဝန္ထမ္းက က်ပ္သိန္း ၆,၀၀၀ ေက်ာ္ တန္ဖိုးရွိတဲ့ ေက်ာက္မ်က္ရတနာနဲ႔ ေ႐ႊထည္ပစၥည္းေတြ ခိုးယူေျပးတဲ့ အမႈကိုၾကည့္ရင္ သိႏိုင္ပါတယ္။
    

ေအာက္တိုဘာ ၂၆ ရက္ မြန္းလြဲ ၂ နာရီက ျဖစ္ခဲ့တဲ့ ဒီခိုးယူတဲ့ျဖစ္စဥ္မွာ ပိုင္ရွင္အမ်ိဳးသမီးက ႏိုဗိုတယ္ ဟိုတယ္မွာရွိတဲ့ သူငယ္ခ်င္းနဲ႔ သြားေတြ႕ရာမွာ ရတနာပစၥည္းေတြျပဖို႔  လမ္းမေတာ္က သူမအိမ္ကို အိမ္အကူနဲ႔အတူ သြားယူခိုင္းၿပီး ပစၥည္းျပၿပီေနာက္ ကားေပၚျပန္ထားခိုင္းရာကေန ေက်ာက္မ်က္ရတနာအိတ္ႏွင့္အတူ ယာဥ္ေမာင္း ဝန္ထမ္းပါ ေပ်ာက္ဆုံးခဲ့တဲ့ ျဖစ္စဥ္ပါ။ခိုးခံရတဲ့ ေက်ာက္မ်က္အိတ္ထဲမွာ နီလာတစ္တန္းပါ ေ႐ႊဆြဲႀကိဳး သုံးကုံး၊ ပတၱျမားတစ္တန္းပါ ေ႐ႊဆြဲႀကိဳး တစ္ကုံး၊ ပတၱျမားႏွင့္ စိန္ႀကိဳးႏွစ္တန္းသြား တစ္ကုံး၊ နားဆြဲတစ္ရန္အျပင္ ပတၱျမား၊ Spinel ေက်ာက္၊ စိန္အေႂကြႏွင့္ စိန္လက္ေကာက္တို႔ပါရွိၿပီး စုစုေပါင္းတန္ဖိုး က်ပ္သိန္း ၆,၃၀၀ ေက်ာ္ ရွိတယ္ဆိုၿပီး ရဲတပ္ဖြဲ႕က ယာဥ္ေမာင္းဝန္ထမ္းေနတဲ့ စမ္းေခ်ာင္းၿမိဳ႕နယ္ စမ္း/ေျမာက္ ရပ္ကြက္ထဲ ရွာေပမယ့္ ေျပာင္းသြားၿပီလို႔ဆိုကာ ဆက္စုံစမ္းမႈေတြကေန ကမာ႐ြတ္ၿမိဳ႕နယ္အတြင္း ဖမ္းမိခဲ့တာပါ။ယာဥ္ေမာင္း ဝန္ထမ္းနဲ႔အတူ ရတနာအထည္ ဖ်က္ေပးတဲ့ ပန္းထိမ္ဆရာကိုပါ ဖမ္းဆီးရမိခဲ့ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့တဲ့ အသက္ ၁၅ ႏွစ္အ႐ြယ္ မိန္းကေလးကို ၂ လနီးပါး ခိုးယူေပါင္းသင္းခဲ့သူ အသက္ ၂၂ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ေထာင္ဒဏ္ ၂၃ ႏွစ္ ခ်လိုက္တဲ့ သတင္း ဘားအံ-ေကာ့ကရိတ္ လမ္းပိုင္း ေနာင္လုံတံတားအနီး လမ္းလုံၿခဳံေရး တာဝန္ယူထားတဲ့ ရဲဒုတပ္ၾကပ္တစ္ဦးကို ေသနတ္သမားက ပစ္ခတ္လို႔ ေသဆုံးခဲ့တဲ့ သတင္း၊ အဆိုပါေသနတ္သမားကို အဖြဲ႕စုံျဖင့္ စစ္ေဆးစဥ္ ႐ုတ္တရက္ ႏွလုံးရပ္ကာ ေသဆုံးခဲ့တဲ့ သတင္း၊ ဖမ္းမိခဲ့သည့္ ေျမာက္ဥကၠလာမွ ထြက္ေျပး မူးယစ္တရားခံေျပးကို ႏွစ္အကန႔္အသတ္မရွိ ေထာင္ဒဏ္ခ်ခဲ့တဲ့ သတင္း၊ ကန႔္ဘလူမွာ သစ္တင္လာသည့္ သုံးဘီးဆိုင္ကယ္အား ဖမ္းဆီးစဥ္ ရဲအခ်င္းခ်င္း စကားမ်ားခိုက္ရန္ျဖစ္ပြားခဲ့တဲ့ သတင္း ၊ စဥ့္ကူးၿမိဳ႕နယ္၊ ျမစိမ္းအေနာက္ကုန္း႐ြာမွာ ဆဲေရးတိုင္းထြာၿပီး တစ္႐ြာလုံးအား မီးရႈိ႕သတ္ပစ္မည္ဟု ႀကိမ္းဝါးခဲ့သူကို ႐ြာသား ၁၄ ဦးက ဝိုင္းဝန္း႐ိုက္ႏွက္လို႔ ေသဆုံးခဲ့တဲ့ သတင္းေတြထဲ သတိထားရတဲ့ သတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ႏိုဝင္ဘာ - ၂